O D I N's The Myths @odinmyanmarfacts Channel on Telegram

O D I N's The Myths

@odinmyanmarfacts


( O D I N ) Team မှ အသိပညာနှင့် ဗဟုသုတ အချက်အလက်များ ‌မျှဝေပေးရန်အတွက် ပြုလုပ်ထားသော Channel ဖြစ်ပါသည်။
Facebook Page: https://www.facebook.com/odin.myanmar
YouTube Channel
https://youtube.com/@odin.burmese

O D I N's The Myths (Burmese)

မင်္ဂလာမြို့အလိုအလျောက ဂျိုဟ်အပြည့် သင်ခန်းအတ်က္ကြွှာကနေ မောင်လှေယာတွင် ပြုံးပြတ်ရေးသော 'O D I N's The Myths' ခလုတ်ဖြစ်ပါသည်။ ဤ Channel သည် (O D I N) Team မှ အသိပညာနှင့် ဗဟုသုတ အချက်အလက်များကို မျှဝေပေးရန် ဖြစ်ပါသည်။ ဤ Channel သည် အသိပညာမျှဝေမည်ဆိုပါက Facebook Page မှ လွှဲပြောင်းသည်။ အသိပညာမျှဝေမည်ဆိုပါက YouTube Channel မှ လွှဲပြောင်းသည်။ ဤ Channel မှ ပညာအသိပညာသည် အောင်စုနှင့် အုပ်စုနှင့် ထောက်ခံနိုင်သည်။ အသိပညာသည် အောင်စုတွင် အော့ထဲ၌ အနည်းအဝေင်းတွင် သိုင်းကြားခဲ့ရသော အသိပညာလယ်များကို လွှဲပြောင်းသည်။

O D I N's The Myths

06 Nov, 03:16


ADS 📣
Online နဲ့ ပတ်သက်နေရသူတွေအတွက် မရှိမဖြစ် ဆောင်ကိုဆောင်ထားရတဲ့ Canva ကို အသုံးပြုနည်းတွေနဲ့ function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော်တို့ရဲ့ PSS Telegram Channel မှာ အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

O D I N's The Myths

06 Nov, 03:16


အရွေ့သေးသေးလေးတွေဟာ သက်ရောက်မှု အကြီးကြီးကို ဖြစ်စေသလိုပဲ သစ်တောပြုန်းတီးခြင်းဟာလည်း များစွာသော သက်ရှိတွေရဲ့ အိုးအိမ်အပေါ် သက်ရောက်မှု ရှိနေပါတယ်။ မကောင်းတဲ့ အရွေ့သေးသေးလေးတွေဟာ ဆိုးရွားတဲ့ သက်ရောက်မှု အကြီးကြီးကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမဲ့ မကောင်းတဲ့ အရွေ့သေးသေးလေးတွေအစား ကောင်းမွန်တဲ့ အရွေ့သေးသေးတွေသာ ဖြစ်မယ်ဆိုရင် ကောင်းမွန်တဲ့သက်ရောက်မှု အကြီးကြီးဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် မိမိကအစပြုပြီး ကောင်းမွန်တဲ့အရွေ့သေးသေးလေးတွေကို ပြုလုပ်ရင်း မိမိပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ လူကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်ပါရစေ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

O D I N's The Myths

06 Nov, 03:15


သစ်တောပြုန်းတီးခြင်း

စိတ်မကောင်းစွာပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အမေဇုန်ရဲ့ အရွယ်အစားဟာ သေးငယ်လာပါတယ်။ ၂၀၂၂ မှာ သစ်တောပြုန်းတီးမှုဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။ မုတ်သုံဟာလည်း ပုံမှန်ထက်ပိုပြီး နောက်ကျခါစပြုလာခဲ့ပါတယ်။ ဒါဟာ အမေဇုန်ဒေသရဲ့ မိုးရေချိန်ပမာဏကို ကျဆင်းလာစေခဲ့တဲ့ အကြောင်းအရင်းပါ။ ခြောက်သွေ့ရာသီဟာလည်း လွန်ခဲ့တဲ့ နှစ်၄၀ က အနေအထားထက်ကို ပိုပြီး ရှည်လာခဲ့ပါတယ်။ ဘာကိုမှ မထိန်းသိမ်းဘဲ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ခြောက်သွေ့ရာသီ ကြာရှည်လာတာနဲ့အမျှ အမေဇုန် အပူပိုင်းမိုးသစ်တောဟာလည်း ‌တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။ တပြိုင်နက်တည်းမှာပဲ သူ့အပေါ်မှာ မှီတည်ပြီး ရှင်သန်နေကြတဲ့ မျိုးစိတ်ပေါင်းများစွာဟာလည်း ခိုကိုးရာမဲ့ ဖြစ်သွားမှာပါ။

O D I N's The Myths

06 Nov, 03:14


ဇီ၀မျိုးကွဲများစွာ ရှင်သန်ရာ

အမေဇုန်ကို တိရစ္ဆာန်မျိုးစိတ်များစွာ၊ အပင်မျိုးစေ့များစွာရဲ့ ရှင်သန်ရာနေရာလို့ဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ မျိုးစိတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို အမေဇုန်မှာ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာရဲ့ တခြား ဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ အပင်အမျိုးအစားအများစုကိုလည်း အမေဇုန်က ပိုင်ဆိုင်ထားပါသေးတယ်။ ဒါတင် မကသေးပါဘူး၊ နှစ်စဉ်နှစ်တိုင်းမှာလည်း သိပ္ပံပညာရှင်တွေဟာ မျိုးစိတ်အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိနေကြစမြဲပါ။ ဒါကြောင့်လည်း အမေဇုန်ဟာ ဇီ၀မျိုးကွဲများစွာရဲ့ ရှင်သန်ရာ နေရာတစ်ခု ဖြစ်နေတာပါ။

O D I N's The Myths

06 Nov, 03:14


Carbon Reserves

အမေဇုန် အပူပိုင်း မိုးသစ်တောမှာရှိတဲ့ အပင်တွေရဲ့ ပင်စည်၊ အရွက်၊ အမြစ်တွေဟာ အံ့ဩဖွယ်ကောင်းလောက်အောင် ကာဗွန်ပမာဏအတော်လေးကို ထိန်းသိမ်းသိုလှောင်ပေးထားပါတယ်။ ကမ္ဘာ့စွမ်းအင်စနစ်ကနေ ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏစုစုပေါင်းရဲ့ ၁၂ဆ ကျော်အထိကို ထိန်းသိမ်းသိုလှောင်ပေးထားတာပါ။ ဒါကပဲ အမေဇုန်ကို ကမ္ဘာပေါ်မှာရှိတဲ့ အရေးပါဆုံး 'Carbon Reserves' တွေထဲက တစ်ခုအဖြစ် ရှိစေတာပါ။

O D I N's The Myths

06 Nov, 03:13


Lungs of Our Planet

အမေဇုန်သစ်တောကို 'Lungs of Our Planet' လို့ တင်‌စားခေါ်ဝေါ်လေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သစ်ပင်မျိုးနွယ်များစွာကြောင့်ပါ။ အလင်းမှီစု အစာဖွဲ့စည်းခြင်း ဖြစ်စဉ်မှာ အပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူပြီး အောက်စီဂျင်တွေကို လေထုထဲသို့ ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ Lungs of Our Planet လို့ ဆိုပေမဲ့လည်း လေထုအတွင်းက အောက်စီဂျင်စုစုပေါင်းထုတ်လုပ်မှုနဲ့ ချိန်ဆကြည့်လိုက်ရင်တော့ အမေဇုန်ရဲ့ ပံ့ပိုးမှုဟာ အနည်းငယ်မျှသာ ရှိပါတယ်။

O D I N's The Myths

06 Nov, 03:13


ကမ္ဘာ့အကြီးဆုံး အပူပိုင်းမိုးသစ်တော

တောင်အမေရိကတိုက်မှာ တည်ရှိတဲ့ အမေဇုန်တောဟာ ၆•၇ သန်း စတုရန်းကီလိုမီတာကျော် အကျယ်အ၀န်းနဲ့ ကမ္ဘာ့အကြီးဆုံး အပူပိုင်းမိုးသစ်တောအဖြစ် နေရာယူထားပါတယ်။ သူ့ရဲ့ အရွယ်အစားဟာ အာရှတောင်ပိုင်းမှာ အကြီးဆုံးပါဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ နှစ်ဆရှိပါတယ်။

O D I N's The Myths

06 Nov, 03:13


အမေဇုန်လို့ ပြောလိုက်တာနဲ့ သူ့ရဲ့ မှင်သက်ဖွယ် သစ်တောအုပ်ကြီးကို ပြေးမြင်မိမယ်လို့ ထင်ပါတယ်။ ထူပြောလှတဲ့ တောအုပ်အတွင်းက ပဲ့တင်ထပ်သံ၊ ‌လေပြေနဲ့အတူ စီးဆင်းနေတဲ့ မြစ်အသွယ်သွယ် စတာတွေဟာ အမေဇုန်ကို သီးသန့်ကမ္ဘာတစ်ခုသဖွယ် ဖော်ဆောင်ပေးနေပါတယ်။ အမေဇုန်ဟာ ရာသီဥတု မျှတအောင် လုပ်ဆောင်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်နေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီကနေ့မှာတော့ အမေဇုန် မိုးသစ်တောနဲ့ ပတ်သက်တဲ့ စိတ်၀င်စားဖွယ်ရာအဖြာဖြာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
------
Author - 막내
Graphic - Fox
© 2024 막내 | O D I N
Reference:
Greenpeace UK
#အမေဇုန် #Amazon #သစ်တော #သဘာဝ #ပတ်ဝန်းကျင်

O D I N's The Myths

27 Oct, 03:25


ADS 📣
Online နဲ့ ပတ်သက်နေရသူတွေအတွက် မရှိမဖြစ် ဆောင်ကိုဆောင်ထားရတဲ့ Canva ကို အသုံးပြုနည်းတွေနဲ့ function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော်တို့ရဲ့ PSS Telegram Channel မှာ အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

O D I N's The Myths

27 Oct, 03:25


ဥပမာအနေနဲ့ အာဖရိကဆင် (Loxodonta africana) ဟာ သတ္တဝါတွေရဲ့ တမူထူးခြားတဲ့ အသံတွေနဲ့ အနံ့တွေကို မှတ်မိနိုင်စွမ်းရှိပါတယ်။
၁၉၉၃ခုနှစ် တန်ဇန်းနီးယားနိုင်ငံ Tarangire တရန်ဂူရေ အမျိုးသားဥယျာဉ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုမှာဆိုရင် မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရတဲ့ ဆင်သုံးကောင်ကို သုတေသီတွေ လေ့လာကြည့်ခဲ့ကြပါတယ်။ အဲ့ဒီအခါမှာ ဆင်တွေဟာ သူတို့အချင်းချင်းမှတ်မိရုံသာမကပဲ လက်ရှိသူတို့နေထိုင်တဲ့နေရာက ‌ ခြောက်သွေ့ပျက်စီးလာတဲ့အချိန်မျိုးမှာ သူတို့သွားခဲ့ဖူးတဲ့ အစာရေစာပေါများတဲ့နေရာတွေကိုပါ ပြန်လည်မှတ်မိနိုင်စွမ်းရှိကြောင်း သိရှိခဲ့ရပါတယ်။

ဆင်တွေအကြောင်း သုတေသနမှတ်တမ်းတွေထဲက တစ်ခုဖြစ်တဲ့ ၁၉၉၉ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ တန်းနက်ဆီ Tennessee ပြည်နယ် ဟိုဟန်ဝေါ့ Hohenwald မြို့ မှာရှိတဲ့ ဆင်ဘေးမဲ့တောက ဆင်ကလေး ဂျန်နီ Jenny ကိုအသစ်ရောက်လာတဲ့ အာရှဆင်မျိုး ရှယ်လီ Shirley နဲ့ မိတ်ဆက်ပေးတဲ့အခါမှာ ထိန်းမရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆင်နှစ်ကောင်ဟာ သူတို့ နှာမောင်းတွေနဲ့ အချင်းချင်း ထိတွေ့စစ်ဆေးပြီးတဲ့နောက်မှာ မတွေ့တာကြာတဲ့ သူငယ်ချင်းကို ပြန်တွေ့ရသလိုမျိုး ဝမ်းသာအားရနှုတ်ဆက်နေခဲ့ကြတာပါ။ အဲ့ဒီဆင်ဘေးမဲ့တောကို တည်ထောင်ခဲ့သူ ဘက်ကလေ Buckley က “ရန်လိုတာမျိုးမရှိဘဲ ဆင်နှစ်ကောင်ကြားမှာ ဒီလိုပြင်းထန်တဲ့ ဆက်ဆံရေးမျိုးရှိတာကို သူဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ဒီလိုဖြစ်နေတာဟာ သူတို့ရဲ့အတိတ်မှာ ကောင်းမွန်တဲ့ အမှတ်တရတွေ ရှိခဲ့ပုံပဲ။ ” လို့ပြောခဲ့ပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးနဲ့ မှတ်မိနိုင်စွမ်းမှာတော့ ဆင်တွေဟာ လင်းပိုင်၊ မျောက်ဝံ၊ လူသားတွေနဲ့ တစ်တန်းတည်းမှာရှိတယ်လို့ (Wildlife Conservation Society) WCS က သိပ္ပံပညာရှင် ဒိုင်ယာနာရိစ် Diana Reiss နဲ့ အတ္တလန်တာ Emory တက္ကသိုလ်က သုတေသနပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

ကျွန်တော်တို့လူသားတွေထက် ဆင်တွေက မှတ်မိနိုင်စွမ်း သာရင် သာနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ ချစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ကို အမှတ်ရနိုင်စွမ်း သေချာပေါက်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့ဘူးလို့‌ ပြောကြတာပေါ့။

Author - Kaia
Graphic - Fox
O D I N

Ref :
BBC Science Focus Magazine
Live Science
Scientific American

O D I N's The Myths

27 Oct, 03:25


ဆင်တစ်ကောင်ဟာ ဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာ တကယ်လား။

သုတေသီတွေရဲ့ ယုံကြည်ချက်အရ ဆင်တွေရဲ့ ပြန်လည်မှတ်မိနိုင်စွမ်းဟာ သူတို့တွေအသက်ရှင်နေထိုင်နိုင်တဲ့ အဓိက အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆင်တွေဟာ ဘယ်တော့မှ မမေ့ဘူး ဆိုတာဟာ အတိအကျကြီး အမြဲတမ်းမမှန်ကန်နေပေမဲ့ သူတို့ဘဝရှင်သန်မှုအတွက် အရေးကြီးတဲ့အရာတွေကိုတော့ မှတ်မိတတ်ကြပါတယ်။ အထူးသဖြင့် သူတို့အသက်ရှင်နေထိုင်ဖို့အတွက် အစာရေစာ ခက်ခဲတဲ့အခါမျိုးမှာဆိုရင် အရင်က သူတို့ရောက်ခဲ့ဖူးတဲ့ အစာရေစာ ပေါများတဲ့ နေရာမျိုးတွေကို သတိရပြီး အဲ့ဒီနေရာ‌တွေကို ပြန်သွားနိုင်စွမ်းရှိကြပါတယ်။ နောက်ထပ်သူတို့မှတ်မိတာက သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရန်သူတွေကိုပါ။

O D I N's The Myths

27 Oct, 03:24


အထက်မှာ ဖော်ပြခဲ့သလိုမျိုး သူတို့ရဲ့ မျက်စိဟာ မရွေ့လျားနိုင်ဘူးဆိုပေမဲ့ သူတို့ရဲ့ ဦးခေါင်းကတော့ ဆုံလည်လိုမျိုး ရွေ့လျားနိုင်ပါတယ်။ လူတွေမှာ လည်ဆစ် ၇ ခုသာပါရှိပေမဲ့ ဇီးကွက်တွေမှာတော့ လည်ပင်းအရိုး(လည်ဆစ်) ၁၄ ခုတောင် ပါရှိပါတယ်။ ဒီလိုပါရှိခြင်းကပဲ သူတို့ရဲ့ ဦးခေါင်းကို ‌လွယ်ကူစွာ လှုပ်ရှားစေနိုင်တာပါ။ ဒါ့အပြင် သွေးလည်ပတ်မှုစနစ်နဲ့ လိုက်လျောညီထွေ ရှိနေနိုင်ခြင်းကလည်း သူတို့ရဲ့ ဦးခေါင်းကို ၂၇၀ ဒီဂရီအထိ လည်စေနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အ‌ဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Author - 막내
Graphic - Fox
© 2024 막내 / O D I N
References :
Lake Erie Nature
Science Center
Forest Preserves of Cook County
#ဇီးကွက် #ဗဟုသုတ #မျက်စိ #မျက်လုံး #လည်ပင်း #ODIN

O D I N's The Myths

27 Oct, 03:24


သင်သိပါသလား။
ဇီးကွက်တွေရဲ့ မျက်စိဟာ အလုံးပုံသဏ္ဍာန်မဟုတ်ပါဘူး။ ပြွန်ချောင်း ပုံသဏ္ဍာန်ပါ။ ဒီလိုပြွန်ချောင်းပုံသဏ္ဍာန်ရှိနေခြင်းကပဲ သူတို့ရဲ့ မျက်စိကို မရွေ့လျားနိုင်စေတာပါ။ လူတွေလိုပဲ ဘိုင်နိုကူလာ ဗစ်ရှင် ပါရှိပါတယ်။ ဘိုင်နိုကူလာ ဗစ်ရှင် ဆိုတာကတော့ အရာ၀တ္ထုတစ်ခုကို မျက်စိနှစ်ဖက်လုံးနဲ့ တစ်ပြိုင်နက် မြင်နိုင်တာမျိုးပါ။ သာမန်ထက်ထူးခြားတဲ့ ညဘက်အမြင်အာရုံမျိုး ပါရှိတဲ့အပြင် အားကောင်းတဲ့ အဝေးမြင်စွမ်းရည်လည်း ပါရှိပါတယ်။ တစ်ဖန် အဝေးမြင်စွမ်းရည်အားကောင်းနေခြင်းက အနီးမှုန်ခြင်းကို ဖြစ်ပေါ်စေပြန်ပါတယ်။ ဒါကြောင့် ဇီးကွက်တွေက သူတို့အနီးနားမှာရှိနေတဲ့ အရာ၀တ္ထုတွေကို မမြင်ရပါဘူး။ နောက်ထပ်ထူးခြားတာကတော့ မျက်ခွံပါ။ ဇီးကွက်‌တွေမှာ မျက်ခွံသုံးခု ပါရှိကြပြီး တစ်ခုချင်းစီဟာလည်း ဆိုင်ရာဆိုင်ရာ တာ၀န်တွေရှိကြပါတယ်။ မျက်တောင်ခတ်ဖို့ တစ်ခု၊ အိပ်စက်ဖို့ တစ်ခုနဲ့ သူတို့ရဲ့ ပြွန်ပုံသဏ္ဍာန်မျက်စိကို သန့်ရှင်းစွာထားဖို့ရာအတွက် တစ်ခုဆိုပြီး ခွဲခြားထားပါတယ်။

O D I N's The Myths

19 Oct, 03:25


ADS 📣
Online နဲ့ ပတ်သက်နေရသူတွေအတွက် မရှိမဖြစ် ဆောင်ကိုဆောင်ထားရတဲ့ Canva ကို အသုံးပြုနည်းတွေနဲ့ function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော်တို့ရဲ့ PSS Telegram Channel မှာ အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

O D I N's The Myths

19 Oct, 03:23


လူသားတွေနဲ့ သားမွှေးပါတဲ့ သတ္တဝါတွေသာ အဲ့ဒီယုဂ်ရဲ့ အအေးဒဏ်ကို ကျော်လွှားနိုင်ခဲ့ကြပြီး ခံနိုင်ရည်မရှိတဲ့ သတ္တဝါတွေကတော့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြရပါတယ်။

ကွာတာနရီယုဂ်မှာ သတ္တဝါအကြီးစားကြီးတွေ ပျောက်ကွယ်ပြီး လူသားဖြစ်စဉ် မြန်ဆန်တိုးတက်လာကာ လူသား‌တွေ စတင်ကြီးစိုးလာကြပါတယ်။

အခုဖော်ပြပေးထားတဲ့ အကြောင်းအရာကတော့ သိပ္ပံပညာရှင်တွေက သူတို့ ဖော်ထုတ်တွေ့ရှိထားတဲ့ အထောက်အထားအချက်အလက်တွေပေါ်ကို အမှီပြုပြီး ရေးဆွဲထားတဲ့ ဘူမိသမိုင်းပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ရှာဖွေမတွေ့ရှိသေးတဲ့ ဆန်းကြယ်တဲ့ သတ္တဝါတွေ အထောက်အထားတွေလည်း ဆက်ရှိနေသေးတာကြောင့် ဒီဘူမိသမိုင်းအချိန်ဇယားဟာ နောင်တစ်ချိန်ချိန်မှာ ပြောင်းလဲသွားနိုင်ပါတယ်။

ဖတ်ရှု‌ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကပ်တွေနဲ့ ယုဂ်တွေကို အသေးစိတ်ရှင်းပြဖို့အတွက်ကတော့ သက်သက် ထပ်မံ ရေးသားတင်ပေးပါ့မယ်။

O D I N's The Myths

19 Oct, 03:23


တာရှရီယုဂ်နောက်ပိုင်း ကွာတာနရီယုဂ်ကတော့ သက်နှောင်းကပ်ရဲ့ သက်တမ်းအနု‌ဆုံး နောက်ဆုံးအပိုင်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်သန်းကနေ စတင်ပါတယ်။ အဲ့ဒီအချိန်မတိုင်ခင် သက်နှောင်းကပ်ကာလတွေကို တာရှရီယုဂ်လို့ပဲ မှတ်ထားလို့ရပါတယ်။

ဒီယုဂ်မှာ သတ္တဝါကြီးတွေ ပျောက်ကွယ်သွားစေမယ့် အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ရေခဲခေတ် ဒါမှမဟုတ် ပလိုင်းစတိုဆင်း အဏုယုဂ် Pleistocene epoch ဖြစ်ပေါ်လာ‌ပါတယ်။ ကမ္ဘာတစ်ခုလုံး နေရာအနှံ့အပြား ရေခဲပြင်တွေ၊ နှင်းတွေနဲ့ လွှမ်းမိုးခဲ့ပါတယ်။

O D I N's The Myths

19 Oct, 03:23


သက်နှောင်းကပ် (Cenozoic era) ကတော့ သက်တမ်းအနုဆုံးကပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၆ သန်းခန့်လောက်ကနေ အစပျိုးပြီး မျက်မှောက်ကာလအထိ အကျုံးဝင်ပါတယ်။

ဒီကပ်ကို တာရှရီယုဂ် (Tertiary period) နဲ့ နှောင်းပိုင်း ကွာတာနရီယုဂ် (Quaternary period) ဆိုပြီး အကြမ်းဖျင်း နှစ်မျိုးခွဲပါမယ်။

တာရှရီယုဂ်မှာ နို့တိုက်သတ္တဝါတွေ ကြီးစိုးလာကြပြီး မြက်ပင်တွေနဲ့ သီးပင်၊ စားပင်တွေ စတင်ပေါ်ပေါက်လာကြပါတယ်။

ဒီယုဂ် အစပိုင်းမှာ ခွေးတစ်ကောင်လောက်ပဲရှိတဲ့ ရှေးဦးမြင်းမျိုးတွေလည်း စတင်ပေါ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ဝေလငါး၊ လင်းနို့နဲ့ မျောက်မျိုးနွယ်တွေ စတင်ဖြစ်တည်လာကြပါတယ်။

ယုဂ်နှောင်းပိုင်းမှာတော့ ဆင်တွေ၊ မြင်းတွေနဲ့ အသားစား သားရဲသတ္တ‌ဝါကြီးတွေ မြေပြင်ပေါ်မှာ ကြီးစိုးလာပြီး လူဖြစ်စဉ် စတင်ကာ အစပြုလာပြီဖြစ်ပါတယ်။

O D I N's The Myths

19 Oct, 03:22


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ လောက်မှာတော့ သက်လယ်ကပ် (Mesozoic era) စတင်ပါတယ်။ နှစ်သန်းပေါင်း ၁၈၀ နီးပါးလောက် ကြာပြီးတော့ "တွားသွားသတ္တဝါများခေတ်" ဒါမှမဟုတ် "ဒိုင်နိုဆောများခေတ်" လို့ ခေါ်ကြပါတယ်။

ဒိုင်နိုဆောတွေကြီးစိုးတဲ့ ကပ်ဖြစ်ပြီး ရှေးဦးနို့တိုက်သတ္တဝါတူ တွားသွား‌ကောင်တွေလည်း ဒီကပ်မှာပဲ ပေါ်လာကြပါတယ်။ ကပ်ရဲ့ အစောပိုင်းယုဂ်တွေမှာ ဒိုင်နိုဆောတွေနဲ့ တွားသွားသတ္တဝါ‌တွေ မျိုးစုံပေါ်ခဲ့ပြီး ကမ္ဘာတစ်ခွင်ကို ကြီးစိုး‌ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒိုင်နိုဆောတွေ မျိုးသုဉ်း‌ကွယ်ပျောက်ခဲ့ရပါတယ်။

ပထမ‌ဆုံး ငှက်တွေ စတင်ပေါ်လာပြီး ပန်းပွင့်တဲ့ အပင်မျိုးတွေလည်း ဒီကပ်ကာလမှာ စတင်ပေါ်ပေါက်လာပါတယ်။

O D I N's The Myths

19 Oct, 03:22


သက်ဦးကပ် (Palaeozoic era) ကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ ကာလတွေမှာ စတင်ခဲ့ပြီး နှစ်သန်းပေါင်း ၃၀၀ နီးပါးလောက် ကြာမြင့်ခဲ့ပါတယ်။

သက်ဦးကပ်ကာလမှာ ကုန်းပေါ် အပင်တွေ စတင်ပေါ်လာခဲ့ပါတယ်။ ကုန်းနေရေနေသတ္တ‌ဝါတွေ၊ တွားသွားသတ္တဝါတွေနဲ့ အင်းဆက်ပိုးမွှားတွေ စတင်ပေါ်ပေါက်လာကြပြီး ၃ မီတာ အထိရှည်တဲ့ ရေနေ ကမ္ဘာဦး ကင်းမြီးကောက်တွေ ပါဝင်ပါတယ်။

သက်ဦးကပ်နှောင်းပိုင်းမှာတော့ ငါးတွေ စတင်ဖြစ်ပေါ်လာကြပါတယ်။ ဒီကပ်ကို "ငါးများခေတ်" လို့ ခေါ်ပါတယ်။