ဆွဲဆောင်မှုဉပဒေသ ဘာသာပြန်-အောင်မင်းဦး
Law of attraction(or) manifestationကိုယုံရင် ဒီစာအုပ်ကိုဖတ်ဖို့recommendပေးပါတယ်။ ဒီစာအုပ်မှာlaw of attraction(တစ်နည်းအားဖြင့် manifestation)ကိုဘယ်လိုစည်းကမ်းတကျ ထိထိရောက်ရောက်သုံးရမလဲ ဖော်ပြထားပါတယ်။
*ဘာသာပြန်တဲ့သူကတော့သိပ်ပြေပြစ်အောင်မပြန်ထားပါဘူး။ဒါ့ကြောင့်နားမလည်တာရှိရင်မေးနိုင်ပါတယ်။
Notes( I took )
၁။ဆွဲဆောင်မှုဉပဒေသကို ခုလိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။" အကောင်းပဲမြင်မြင် အဆိုးပဲမြင်မြင် ငါ့ရဲ့သတိပြုမှုနဲ့စွမ်းအင်တွေကပေးအပ်ထားသမျှ အရာအားလုံးငါ့ဘဝထဲကို ဆွဲဆောင်သိမ်းသွင်းအာရုံစိုက်ထားစေမည်"
၂။သင့်စကားများက အကောင်းဖြစ်စေ၊အဆိုးဖြစ်စေ ယိမ်းခါချက်တစ်ခုခုကိုတော့ခုတ်မောင်းနေသည်။
၃။အတည်ပြုချက်စကားမျိုး သင်ပြောလိုက်တဲ့အခါတိုင်းမှာဒီစကားလုံးတွေကသင့်ကို ဘယ်လိုခံစားချက်ပေးတယ်ဆိုတဲ့အပေါ်အခြေခံပြီး သင့်မှာတုံ့ပြန်ချက်တွေဖြစ်လာလိမ့်မယ်။
၄။သံသယ(အဆိုးမြင်ယိမ်းခါချက်)ရဲ့ဘုံအကျဆုံးသော လာရာအရင်းအမြစ်ကတော့ သင့်ဟာသင်ကန့်သတ်နေတဲ့ သင့်ရဲ့ကန့်သတ်ယုံကြည်မှုကပဲလာတာဖြစ်ပါတယ်။
၅။မည်သည့်ယုံကြည်မှုကိုမဆို ပြောင်းလဲပစ်နိုင်သည်။
၆။ဆင်တူနီးစပ်မှုအပေါ်ခမ်းနားသိုက်မြိုက်အောင် အောင်ပွဲခံခြင်းဟာသင်ဆန္ဒကှိနေတဲ့အပေါ်မှာ ယိမ်းခါချက်ထပ်ပေးအပ်လိုက်တာပဲဖြစ်တယ်။
၇။လေးမြတ်စွာအသိအမှတ်ပြုတတ်ခြင်းနဲ့ကျေးဇူးသိတတ်ခြင်းတို့က သင့်ငိုအားကောင်းတဲ့အကောင်းမြင်ယိမ်းခါချက်တွေပေးအပ်နေတယ်။
၈။ကိုယ့်မှာ မရှိသေးတဲ့အရာအပေါ်မှာအာရုံစိုက်လွန်းပြန်ရင်လည်း သင့်မှာ အဆိုးမြင်ယိမ်းခါချက်တွေပဲရလာလိမ့်မယ်။
၉။လစ်ဟာချက် သို့မဟုတ် ကွက်လပ်ဆိုတာ အဖြည့်ခံဖို့အတွက်အမြဲအဆင်သင့်စောင့်နေတတ်တယ်။
၁၀။သင့်ယိမ်းခါချက်ကမြင့်နေပြီ တစ်ယောက်ရဲ့ယိမ်းခါချက်က သင့်ထက်နိမ့်ကျနေပါက သင်အဟန့်အတား(အဆိုးမြင်ယိမ်းခါချက်)ကိုခံစားရလိမ့်မယ်။
#Violet