New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ ဆက်လက်ဖတ်ရှုရန်
( ကြည့်ရှုရန် )