သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺 @newsspecialforces Channel on Telegram

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

@newsspecialforces


သတင်းအထူးတပ်ဖွဲ့ - Pathein 🔺Scout Channel 🔺 (Burmese)

သတင်းအထူးတပ်ဖွဲ့ - Pathein 🔺Scout Channel 🔺 သည် အသံဖွင့်တဲ့ သတင်းများနှင့် အထူးတပ်ဖွဲ့များရေးနေတဲ့ ဖန်သာမြတ်နှင့် ပွဲတို့ရဲ့ ကမ္ဘာကန့်သည်။ သတင်းအထူးတပ်ဖွဲ့ - Pathein 🔺Scout Channel 🔺 သည် သုတ်သွင်းမှု သတင်းများ၊ သမ္မတရုပ်ျမင္မွုများအတွက် သတင်းအထူးတပ်ဖွဲ့ဖန်သာမြတ်အတွက်လည်း ရရှိလာပါသည်။ ဤကန့်သည် သတင်းပင်ခတ်ဖွဲ့၊ စာပေဝင့်ပြလာဖြစ်သည်နှင့် လျှပ်စစ်ခြင်းများအတွက်လည်း အလုပ်လျှောက်လိုက်ပါသည်။

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 17:17


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် ပုသိမ်သတင်းအထူးတပ်ဖွဲ့ ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 13:20


📕ယနေ့ ည (၁၉၄၄)အချိန် ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ တိုင်းအစိုးရ ရုံးဘက်မှ ရခ ပွိုင့်ကား (၁) စီး၊ Land Cruiser နက် (၁) စီး၊ ပွိုင့်ကားတိုယိုတာ extra cab (၁)စီး ဝန်ကြီးများအိမ်ယာဘက်သို့ မောင်းသွားကြောင်း သိရသည်။📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 13:02


📕ဧရာဝတီတိုင်း၊လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်၊ဗြန့်ကြီးမြစ်ကျိုးကျေးရွာအုပ်စု၊ဗြန့်ကြီးရွာမ ကွင်းတုံး မြစ်ကျိုး စကစခန့်အုပ်မှူးနေလင်းမှ  မြစ်ကျိုးအတွက် သိန်း(30) ပေးရမည်ဟုဆို၍ ရာအိမ်မှူးစိုးလွင်၊ စိန်ဝင်း၊ အေးစိုး၎င်းသုံးဦးသည် တအိမ်ထောင်လျှင် (45000)ကျပ်၊ (20000)ကျပ်၊(10000)ကျပ်ကို တအိမ်တက် တအိမ်ဆင်းလိုက်လံကောက်ခံနေပြီး  ငွေမထည့်ရင် စစ်တပ်ခေါ်ကာ စစ်မှုထမ်းပို့ပစ်မည်ဟု ခြိမ်းခြောက်တောင်းနေကြောင်း သိရသည်။📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 10:54


📕ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၊မြို့ကွက်သစ်တွင်  ဗဟိုစီမံကောင်စီအဖွဲ့ဝင်၏အမည်ကိုအသုံးပြုပြီး စာကြက်မြေများကို သိမ်းယူကာ အုပ်မှူး၊စီးပွားရေးသမားတစ်ဦး မြို့နယ်မြေစာရင်းဦးစီး၊စီမံဥက္ကဌ၊စည်ပင်ဦးစီးတို့မှ ပေါင်းကာ မြေကွက်များ ရောင်းစားနေကြောင်း သိရသည်။

မြို့ကွက်သစ်တွင် စီပွားရေးသမားဦးဝီစန် နှင့်အုပ်မှူးခင်ကြီး(ခ)ခင်မောင်ကြည်တို့သည် မန်းငြိမ်းမောင် အားကိုးဖြင့် လယ်ယာမြေအဓမ္မသိမ်းခြင်း၊မြေငှါးစားခြင်း၊ မြေငှါးခတချို့ကို  ခလရ(၆၃)အိမ်မဲကိုပေးရပြီး မြို့နယ်စီမံဥက္ကဌနိုင်ဝင်း၊မြေစာရင်ဦးစီး ဝင်းထွဠ်လွင်၊ မြို့နယ်စည်ပင်ဦးစီး ဇော်မျိုးလွင် တို့နဲ့ပါပူးပေါင်းကာ  ရန်ကုန်-ပုသိမ်ကားလမ်းဝန်းကျင် စားကျက်မြေအကုန် ရောင်းစားနေကြောင်း သိရသည်။

မြို့နယ်စည်ပင်ကလည်း အိမ်များကို လမ်းနဲ့မလွတ်ဟုဆိုကာ ငွေများတောင်းယူနေ‌ ‌ေကြာင်းသိရသည်။ ဝီစန်ဆိုသူက မြို့နယ်ခန့်မဖျက်ပြီး သစ်များရောင်းစားထားသော်လည် ယခုအချိန်ထိ  ပြန်လုပ်ခြင်းမရှိသေးပဲ မန်းငြိမ်းမောင်အားကိုးဖြင့် ထင်တိုင်းလုပ်နေကြောင်း သိရသည်။

အုပ်မှူးခင်မောင်ကြည်၊ရာအိမ်မှူးဇော်လေး(ခ)ကုလားကြီးတို့ကလည်း စစ်မှုထမ်းကိစ္စကို အကြောင်းအမျိုးမျိုးပြ၍  လူကြည့်ပြီး သူတို့ခြောက်လို့ရသည့်သူမျိုးဆိုလျှင် သိန်းဂဏန်းတောင်းယူပြီး အခြားသူများကျ သောင်းဂဏန်းသာ တောင်းယူကြောင်းသိရသည်။ ၎င်းတို့အားလုံးကို coverပေးထားသူက မန်းငြိမ်းမောင်ဖြစ်နေ၍  လုပ်ချင်တိုင်း လုပ်နေကြောင်း သိရှိရသည်။📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 09:31


♦️ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပု‌တောမြို့နယ်၊ပိုးလောင်းအုပ်စု၊ကုက္ကိုကျေးရွာတွင်နေထိုင်သည့် မောင်ဖိုးချို+မရွေဇင်ဦးဆိုသူတို့မှ ကျေးရွာအတွင်း တရားမဝင်သစ်/လုပ်ငန်း အသေးအကြီးများရှိသည်ဟုဆိုကာ အိမ်အမည်၊ သစ်များသိမ်းထားသည့်နေရာ‌တွေပါ တိုင်းရဲမင်းကြီးထံတိုင်ကြားမှုကြောင့် တိုင်းရဲတပ်ဖွဲ့မှ ရဲမှူး အောင်လှိုင်မိုး၊စခ၊နယ်မြေခံရဲ၊သစ်တောအဖွဲ့ အင်အား(၃၀)ခန့် ကား(၂)စီးဖြင့် ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်၊(၂၀၀၀)အချိန် ဝင်ရောက်ရှာဖွေဖမ်းစီးခဲ့ကြောင်း သိရသည်။

ဖိုးချို၏တိုင်ကြားချက်တွင်(၄)အိမ်ကို အဓိကထားတိုင်ကြားခဲ့သော်လည်း တစ်ရွာလုံး ရှာဖွေဖမ်းဆီးခံခဲ့ကြရပြီး တစ်လုံးထွက်သစ်ပွ၊ပျဥ်းကတိုးသစ်များကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖိုးချို၏နေအိမ်ကို တိုင်ကြားသူဖြစ်၍ ဝင်ရောက်ရှာဖွေခြင်းမပြုသည့်အတွက် ရွာသားများမှမကျေနပ်၍ ၎င်းအိမ်ကို ရှာဖွေပေးရန် ရဲမှူးအောင်လှိုင်မိုးအား ပြောဆိုရာမှ ဝင်ရောက်ရှာဖွေစဉ် စပါးဖြင့်အုပ်ထားသည့် ပျဥ်းကတိုးသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖိုးချို၏ တိုင်ကြားမှုကြောင့် ယနေ့မနက်ထိ ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကာ ကုက္ကိုရွာတစ်ရွာလုံး သစ်များဖမ်းဆီးခံရပြီး ၎င်းပါ ပြန်လည်ဖမ်းဆီးခံရကြောင်း သိရသည်။ သိမ်းဆည်းရမိသည့် သစ်ပွ၊ပျဉ်းကတိုးသစ်များကို တန်အရေအတွက်တိုင်းတာနေကြကာ စုစုပေါင်းဖမ်းမိသည့် သစ်တန်ရေးမသိရသေးကြောင်းနှင့် ကျေးရွာအတွင်း ကားလိုင်စင်၊ဆိုင်ကယ်လိုင်စင်များ စစ်ဆေးရန် ပြုလုပ်လျှက်ရှိပြီး အိမ်ပေါ်တင်ထားလည်း လိုင်စင်မရှိရင်ဖမ်းဆီးမည်ဟု အကြမ်းဖက်ရဲတပ်ဖွဲ့မှ ပြောဆိုနေကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် သစ်များကို တစ်တန်မပြည့်ပါက ပြန်လည်လွှတ်ပေးပြီး တန်ရေ အများရှိသူများကိုသာ သိမ်းယူပြီး ကဗျဉ်းလွတ်သို့ ပို့ပေးရမည်ဟု သိရှိရသည်။
တိုင်ကြားသူသည် ၎င်းကျေးရွာတွင် သစ်တန်ရေများစွာရှိပြီး ကားသုံးစီးတိုက် ရှိသည်ဟု ပြောကြားခဲ့သော်လည်း ယခုဖမ်းဆီးရာ ကားတစ်စီးတိုက်ပဲ ရှိသဖြင့် ပိုးလောင်းကျေးရွာသို့ ဆက်လက်ရှာဖွေ ဖမ်းဆီးမည်ဟု ကနဦးသိရှိရသည်။♦️

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 09:31


ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုက္ကိုကျေးရွာသို့ ရွာခံမှ တိုင်ကြားမှုကြောင့် အကြမ်းဖက်ရခ တိုင်းရဲတပ်ဖွဲ့ ရဲမှူးအောင်လှိုင်မိုးနှင့် အဖွဲ့ သစ်များဝင်ရောက်ဖမ်းဆီး.........

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 05:20


📕ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ငွေဆောင်မြို့နယ်ခွဲသို့ ယမန်နေ့ ဒီဇင်ဘာလ (၅) ရက် (၁၇၃၀)ခန့်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kata Ool ဦးဆောင်သည့် အဖွဲ့ ငွေဆောင်မြို့ ESKALA ဟိုတယ်သို့ရောက်ရှိလာကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေတွင် ၎င်းတို့လည်ပတ်နေစဉ် ကမ်းခြေကို လုံခြုံရေးများချထားပြီး ကမ်းခြေကိုခေတ္တပိတ်ထားကာ လမ်းဘေးဆိုင်များလည်း အားလုံးရွေ့ပေးရကြောင်း သိရှိရသည်။ အကြမ်းဖက် တင်မောင်ဝင်း၊တပ်နယ်မှူး ရဲမျိုးသန့်  ဝန်ကြီးတချို့ တွေ့ဆုံခဲ့ပြီး (၂၀-၃၀)အချိန်ခန့်  အကြမ်းဖက်လမ်းကြောင်း ESKALA ဟိုတယ်မှ ပြန်ထွက်သွားကြောင်း သိရှိရသည်။

H.E.Mr.Sholban Kara Ool အဖွဲ့သည် ငွေဆောင်မြို့  OCEAN HOTEL တွင်လည်း တည်းခိုမည်ဟု သိရှိရပြီး  ဇီးမှော်တွင် စခများ တပ်စွဲထားကြောင်း သိရှိရသည်။၊📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 05:05


♦️ယနေ့ မနက် (၁၁၃၃)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး  အ‌နောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 04:52


📕ယနေ့ မနက် (၁၁၁၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၁) ကြိုးတံတား ကွန်ပျူတာဘက်အဆင်းတွင် ထွေအုပ်/မီးသတ်/ရခနှင့်အရပ်ဝတ် (၆) ယောက်တို့သည် ကားများအပေါ်အောက် တားဆီးစစ်ဆေးနေကြောင်း သိရှိရသည်။📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 04:37


📕ယနေ့ မနက် (၁၁၀၄)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ရန်ကင်းတောင် နတခဝင်ပေါက်တွင် အကြမ်းဖက် စခ (၄)ကောင် ကား၊ ဆိုင်ကယ် ၊ အိုးဝေ အဝင်များကို စစ်ဆေးနေကြောင်း သိရှိရသည်။📕

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 04:30


🌹ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကိုးဆူကျေးရွာ အုပ်စု အကြမ်းဖက် အုပ်မှူး လှဋ္ဌေးအပိုင် ကိုးဆူ၊ ကျောက်ပုန်း၊ စခန်းကြီးကုန်း ၊ ရွာသစ်၊  တိုက်စွန်၊ သဲဂရက် ကျေးရွာများတွင် စစ်မှုထမ်း အသက် (၁၈.မှ ၃၅) နှစ်အထိ တစ်ယောက် (၃၀၀၀၀) ကျပ်၊ အသက် (၃၅ မှ ၆၅)နှစ်အထိ ရပ်ရွာလုံခြုံရေးအတွက် တစ်ယောက် (၁၅၀၀၀)ကျပ် မဖြစ်မနေထည့်ရမည်၊ မထည့်ပါက စစ်မှုထမ်းထည့်မည်ဟု ရာအိမ်မှူးများမှ ငွေလိုက်တောင်းနေကြောင်း သိရသည်။

ထိုကောက်ခံငွေများကို ရာအိမ်မှူးများမှ အုပ်မှူးလှဌေးကို အကုန်အပ်ကြပြီး မည်သူကို စစ်မှုထမ်းအစားထိုးသည်ဟု သိရှိရခြင်းမရှိပဲ စစ်မှုထမ်းငွေကောက်ခံခိုင်းချိန်သာ သိရကြောင်း သိရှိရသည်။🌹

#📆 6.12.2024 Friday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 03:11


♦️ယနေ့ မနက် (၀၉၃၁)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး  အ‌နောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

06 Dec, 02:43


♦️ယနေ့ မနက် (၀၉၁၁)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး  အ‌နောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

05 Dec, 23:20


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော ဒီဇင်ဘာလ { ၆ }ရက်နေ့  သောကြာနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

05 Dec, 13:25


📕ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၊ဖေါင်တိုးရွာတွင် တပ်စွဲနေသော အကြမ်းဘက် စခများသည် ၂၀၂၄ ခုနှစ် ၁၁ လပိုင်းအကုန်တွင် တပ်ပြောင်းရွှေ့သွားကြောင်းသိရှိရသည်။

 ဇီးချိုင်ရွာရှိကျောင်းသစ်ဘုန်းကြီးကျောင်းတွင် စခန်းချတပ်စွဲနေသောအကြမ်းဘက်ရေတပ် စခများသည် နေ့ဖက်တွင် (၅ )ကောင်ခန့် လက်နက်အပြည့်အစုံဖြင့် တောနင်းနေကြောင်းသိရပြီး ညဘက်တွင်လည်း ရွာထဲနှင့် ပင်လယ်ကမ်းနားဘက်သို့ ကင်းလှည့်နေကြောင်းသိရှိရသည်။📕

#📆5.12.2024 Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

05 Dec, 11:00


ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ရွှေကုန်းကျေးရွာအုပ်စု အကြမ်းဖက်အုပ်မှူး သိန်းဦးနှင့် ရပ်မိရပ်ဖ ခင်မောင်လင်း ဦးဆောင်သည့်အဖွဲ့သည် ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အကြိမ်ကြိမ်ငွေများခြိမ်းခြောက်တောင်းယူနေကြောင်းသိရသည်။

စစ်မှုထမ်းအပတ်စဉ်(၂)တွင် ဒုံးဖေါင်း(ဦးတို)ကျေးရွာမှ ပြည်သူတစ်ဦးအားစေလွတ်ပြီး ကျေးရွာအတွင်း အသက်(၁၈မှ၃၅)နှစ်အကျုံးဝင်သူတစ်ဦး ငွေ(၅၀၀၀၀)ကျပ် နှစ်ဦး(၁၀၀၀၀၀)ကျပ်ကောက်ခံကြောင်း သိရသည်။

စစ်မှုထမ်းအပတ်စဉ်(၄)တွင် ဂုံမင်းကျွန်းကျေးရွာမှ မဲနှိုက်ရွေးချယ်ပြီး စစ်မှုထမ်းထောက်ပံ့ကြေး (၂၅)သိန်းကျပ်ရရှိသော်လည်း မဲပေါက်သူကို (၇၀၀၀၀)ကျပ်သာပေးပြီး စစ်သင်တန်းပို့လိုက်ကြောင်း သိရသည်။

စစ်မှုထမ်းအပတ်စဉ်(၆)တွင် ရွှေကုန်းကျေးရွာနှင့် စာဖြူစုကျေးရွာတို့မှ အသက်(၁၈မှ၃၅)အကျုံးဝင်သူတစ်ဦး ငွေ(၆၅၀၀၀)ကျပ် အကျုံးမဝင်သည့် အိမ်ထောင်တစ်စုကို ငွေ(၂၅၀၀၀)ကျပ် ကောက်ယူခဲ့ပြီး အပတ်စဉ်(၈)တွင် ရွှေကုန်း၊စာဖြူစု၊ဂုံမင်းကျွန်း၊ဒုံဖေါင်းကျေးရွာများမှ စစ်မှုထမ်းအကျုံးဝင်သူ တစ်ဦး(၄၅၀၀၀)ကျပ်၊အကျုံးမဝင်သည့် အိမ်ထောင်စုတစ်စု (၁၅၀၀၀)ကျပ် ကို အဓမ္မကောက်ယူနေကြောင်း သိရသည်။

၁_၁၂_၂၀၂၄ရက်နေ့တွင်အစည်အဝေးပြုလုပ်ပြီး ၂-၁၂-၂၀၂၄ရက်နေ့ညနေတွင် စစ်မှုထမ်းထောက်ပံ့ကြေးငွေ မထည့်သူများအားစာရင်း မြို့နယ်တင်ပြီး စစ်သင်တန်းပို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် ပြည်သူများမှာ ကြောက်ရွံကာ စားဝတ်နေရေးခက်ခဲသည့်ကြားမှ အကြိမ်ကြိမ်ငွေထည့်ပေးနေရကြောင်း သိရသည်။

အုပ်ချုပ်ရေးအဖွဲ့သည် ဘာသာရေး၊ကျန်းမာ‌ရေး၊ပညာရေး၊အကြောင်းအမျိုးမျိုးပြကာ ကျေးရွာအတွင်း ငွေများအကြိမ်ကြိမ်စု‌ဆောင်းနေသော်လည်း စာရင်းရှင်းတမ်းတစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ကြောင်း သိရပြီး မိမိအစီအစဉ်ဖြင့်ပြုလုပ်လေ့ရှိသည့် ရွာကထိန်ပွဲတွင်လည်း တစ်အိမ်တက်/တစ်အိမ်ဆင်း စေတနာကြေးမဟုတ်ပဲ ဘယ်ရွေ့ဘယ်မျှထည့်ရမည်ဟု အတင်းအဓမ္မကောက်ခံမှုများရှိကြောင်း သိရှိရသည်။

#📆5.12.2024 Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

05 Dec, 11:00


ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ရွှေကုန်းကျေးရွာအုပ်စု အကြမ်းဖက်အုပ်မှူး သိန်းဦးနှင့် ရပ်မိရပ်ဖ ခင်မောင်လင်း ဦးဆောင်သည့်အဖွဲ့သည် ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အကြိမ်ကြိမ်ငွေများခြိမ်းခြောက်တောင်းယူနေကြောင်း...............

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 12:35


🛑ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၁၀)ရပ်ကွက် အကြမ်းဖက်အုပ်မှူးအေးကိုသည် ပြည်သူများကို တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ယူပြီး အိမ်ရှေ့အမှိုက်များရှင်းလင်းရန်၊ ခြံစည်းရိုးများ ကာရန်ထားရန်၊ ထုံးများထုတ်ပြီး မီးချိတ်မီးကပ်များပြုလုပ်ရန် ပြောကြောင်း သိရသည်။

ပြည်သူများမှ အိမ်ရှေ့ အမှိုက်ရှင်းသည်မှာ ဟုတ်သည် အမှိုက်စွန့်ပစ်ရန်နေရာလိုကြောင်းပြောရာ စည်ပင်မှ ကားခေါ်ပေးမည် တစ်လ (၅၀၀၀) ပေးရမည် ဟုပြောကြောင်း သိရသည်။ မြို့ပေါ် ရပ်ကွက်(၁၅)ခုတွင် မိမိရပ်ကွက်၊လမ်း၊နေအိမ် သန့်ရှင်းသာယာရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန် အုပ်မှူးများက ဖိအားပေးလုပ်ဆောင်ခိုင်းသော်လည်း  စည်ပင်သာယာမှ (၇)ရက်တစ်ပတ်တောင် ရပ်ကွက်အတွင်း အမှိုက်လာသိမ်းခြင်းမရှိကြောင်း သိရှိရသည်။

Clean City, Green City ဟု ကြွေးကြော်နေသည့် ပုသိမ်မြို့ရှိ စည်ပင်ဌာနမှအမှိုက်သိမ်းကားများသည် ပိုက်ဆံပေးမှ အမှိုက်သိမ်းပေးသည့် လုပ်ရပ်မျိုးလုပ်နေကြပြီး အုပ်မှူးများကလည်း အကြောင်းအမျိုးမျိုးပြ၍ ငွေရှာနေကြပြီး ပြည်သူများမှ အမှိုက်များကို  ဆိုက်ကားငှားကာ မိမိအစီအစဉ်ဖြင့် စွန့်ပစ်နေကြရကြောင်း သိရသည်။

အမှတ်(၁၀)ရပ်ကွက်အတွင်း စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ အေးကိုသည် ၎င်းရပ်ရွာအတွင်း လူဆိုးလူမိုက်များသာ စစ်မှုထမ်းပို့ဆောင်နေကြောင်း ကန့်ကွက်ပြောဆိုသူရှိပါက ထိရောက်စွာအရေးယူမည်ဟု ပြည်သူများကို ခြိမ်းခြောက်နေကြောင်း သိရသည်။ရပ်ကွက်(၁၀)အတွင်း အေးကိုထက်ဆိုးတဲ့ လူဆိုးလူမိုက်များရှိသည်ဟု ၎င်းပြောမှ ရပ်ကွက်နေပြည်သူများမှ သိရသည်ဟု အစည်းအဝေးတက်သူထံမှ သိရှိရသည်။🛑

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 11:25


📕ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊မြို့မစျေးအတွင်းပိုင်းမှာပိတ်ထားတဲ့ဆိုင်များတွင် မြင်မကောင်းအောင် မသုံးသည့် ပစ္စည်းပိုများ ပုံထားမှုကြောင့် လေဝင်လေထွက်မကောင်းခြင်း၊ရောင်းချနေသောဆိုင်များမျက်နှာဝပိတ်ခြင်း၊ ဆိုင်များပိတ်ပြီးကွယ်နေခြင်း၊ စတိုခန်းပုံစံပစ္စည်းများစုပုံထားခြင်းတို့ကြောင်း လမ်းဘေးဆိုင်တွေလောက်ပဲ အရောင်းအဝယ်ဖြစ်နေပြီး ဈေးအတွင်း ဒုတိယတန်း‌ကစကာ အရောင်းအဝယ် ပါးကြကြောင်း သိရသည်။

အဆိုပါကိစ္စကို စျေးခေါင်း စိုးပိုင်ကျော်နှင့်စည်ပင်မှ ရှင်းလင်းခိုင်းသင့်သော်လည်း ကိုယ်စီးပွားရေးမဟုတ်သည့်အတွက် လျစ်လျူရှုထားကြပြီး ဈေးအတွင်း အခွန်အခများ‌ကောက်ခံခြင်း နှင့် အကြမ်းဖက် အစိုးရမှ ကျင်းပသည့်  ပွဲလမ်းသဘင်များအတွက်ဆို ကျောက်ကျောရေပက်ထားသည့်ရုပ်များဖြင့် ငွေကြေးများ အဓမ္မကောက်ခြင်း/အဓမ္မအလှူခံခြင်းများသာပြုလုပ်ကြ‌ကြောင်း သိရှိရသည်။📕

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 09:05


♦️ယနေ့ ညနေ (၁၅၂၉)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  JF 17 လေယာဉ်(1)စီး အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

ညနေ (၁၅၀၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းသို့ k 8 တိုက်လေယာဉ်(2 )စီး အနောက်မြောက်ဘက်မှ ဆင်းသက်မှုရှိကြောင်း သိရှိရသည်။♦️


#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 08:39


♦️ယနေ့ ညနေ(၁၄၅၆) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ပုသိမ်မြို့ ထဲ ရွှေစေတီလမ်း စိန်ပြည့်လျှံ တည်းခိုခန်းထောင့်တွင် အကြမ်းဖက်လက်အောက်ခံ ဘဲဥများ ဆိုင်ကယ်များကို ဦးထုပ် ၊ လိုင်စင် များ စစ်ဆေးဖမ်းဆီး‌ နေကြောင်း သိရှိရသည်။♦️

#📆 27.11.2024 Wednesday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 04:58


♦️ယနေ့ မနက် (၁၁၂၆)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  ထောက်ပို့လေယာဉ်(1)စီး အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 04:51


♦️ယနေ့ မနက် (၁၁၁၅)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 04:13


♦️ယနေ့ မနက် (၁၀၃၄) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ပုသိမ်မြို့ တဂေါင်းဘုရားလမ်းတွင် အကြမ်းဖက်လက်အောက်ခံ ဘဲဥ (၈)ကောင်သည် ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီး‌ နေကြောင်း သိရှိရသည်။♦️

#📆 27.11.2024 Wednesday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 04:03


♦️ယနေ့ မနက် (၁၀၁၉) (၁၀၂၆) အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် (၂)စီး အနောက်ဘက်မှ ဆင်းသက်မှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 03:42


♦️ယနေ့မနက် ၁၀၀၀အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ပုသိမ်ကြိုးတံတား အမှတ်( 1) ငွေဆောင်လမ်း denko ဆီဆိုင်နားမှာ ရခ(1)ယောက် စခ (2)ယောက်  ဆိုင်ကယ် ကားတွေကို စစ်ဆေးဖမ်းဆီး‌ နေကြောင်း သိရှိရသည်။♦️

#📆 27.11.2024 Wednesday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 03:10


♦️ယနေ့ မနက် (၀၉၃၈)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 03:04


♦️ယနေ့ မနက် (၀၉၃၂)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး အနောက်တောင်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 02:57


♦️ယနေ့ မနက် (၀၉၂၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး အနောက်တောင်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 02:39


🛑ယနေ့နံနက်(၀၉၀၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊အထက (၁) ကျောင်းရှေ့၊ အောင်သုခလမ်းထိပ် ခွဆုံတွင် အကြမ်းဖက်ဘဲဥ (၅)ကောင် မှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။🛑

#📅 27.11.2024  Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 02:36


🛑ယနေ့နံနက်(၀၉၀၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊အမှတ်(၁)ကြိုးတံတား ပုသိမ်ဘက်ကမ်းတွင် ဘဲဥပွိုင့်ကား(၁)စီးရပ်ထားကာ အကြမ်းဖက်ဘဲဥများမှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။

ဦးပေါ်ကာမုန့်ဆိုင်ရှေ့တွင် ဘဲဥ(၁)ကောင် စောင့်ဆိုင်းကာဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။🛑

#📅 27.11.2024  Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 02:32


🛑 ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တမန်ချောင်းကျေးရွာအုပ်စု အကြမ်းဖက်အုပ်မှူးထွန်းလင်းသည် စစ်မှူထမ်း အပတ်စဉ် (၇)အတွက် တစ်အိမ်ထောင် (၂၀၀၀၀)ကျပ် ကောက်ခံနေပြီး ငွေမထည့်ပါက အကြမ်းဖက်ဗိုလ်မှူးကိုယ်တိုင် ဆင်းလာမည်ဟု ခြိမ်းခြောက်တောင်းနေကြောင်း သိရသည်။🛑

#📆 27.11.2024 Wednesday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

27 Nov, 00:33


♦️ယနေ့ မနက် (၀၆၃၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့လေယာဉ်ကွင်းမှ  တိုက်လေယာဉ်(1)စီး အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆27.11.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

26 Nov, 22:13


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော နိုဝင်ဘာလ { ၂၇ }ရက်နေ့  ‌ဗုဒ္ဓဟူးနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

26 Nov, 15:43


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် ပုသိမ်သတင်းအထူးတပ်ဖွဲ့ ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

26 Nov, 13:41


" ရေမွန်တမ်းချင်း "

Happy Birthday per Ko Raymond

ကြယ်တစ်ပွင့်
တောက်ပဖို့ကြံနေတုန်း
အလင်းတစ်စက မြေမှာခ
ကြယ်ကြွေညတဲ့လားလေ..။

အသံနဲ့ဖြားယောင်း
သီချင်းနဲ့ဆွဲဆောင်
တက်လှမ်းနေတဲ့လမ်းတစ်ဝက်မှာ
ကိုယ့်ကိုယ်ကိုတိမ်မြုပ်
အများအကျိုးအတွက်
ကိုယ်ကျိုးစွန့်ခဲ့တဲ့ ကြယ်တစ်ပွင့်..။

မင်းဟာ..တောက်ပခဲ့တဲ့ကြယ်ပါ
မကြွေခင်မှာ..
ကမ္ဘာမြေကို အလင်းတွေပေးခဲ့တယ်
မကြွေခင်မှာ..
ကောင်းကင်ကြီးကို အလှတွေဆင်ခဲ့တယ်
မင်းမရှိတော့တဲ့ကောင်းကင်မှာ
တစ်ခြားကြယ်တွေက
တောက်ပလား တောက်ပရဲ့
ကြွေကျလား ကြွေကျရဲ့
ကြယ်တွေမစုံတော့တဲ့ ကောင်းကင်ဟာလည်း
မှေးမှိန်လား မှေးမှိန်ရဲ့
မင်းဟာ..
မကြွေခင်မှာ ​ဝေခဲ့တဲ့ကြယ်တစ်ပွင့်..။

ဒါပေမယ့်..
မင်းကြွေကျတဲ့မြေကြီးမှာ
မင်းဟာ..
မျိုးစေ့အဖြစ်ပေါက်ဖွား
အပင်အဖြစ်ကြီးထွား
မင်းသီချင်းတွေ ရှင်သန်နေဆဲပါ
မင်းအသံတွေ ပျံ့လွင့်နေဆဲပါ
ဒီနေ့ မင်းရဲ့မွေးနေ့မှာလည်း
Happy Birthday တွေလုပ်ကြဆဲပဲ
မင်းဟာ..
မကြွေပဲ ဝေနေဆဲကြယ်တစ်ပွင့်..။

မင်းအငွေ့အသက်တွေ ရှိနေဆဲ ဒီမြေဒီရေမှာ.
မင်းရဲ့သံစဥ်တွေ ပျံ့လွင့်နေတုန်းပဲ..
ခန္ဓာမရှိတော့တဲ့ မွေးနေ့ရှင်ရဲ့မွေးနေ့ပွဲကို
မွေးနေ့ရှင်ရဲ့သံစဥ်တွေနဲ့ ကျင်းပနေကြဆဲ။

✍️နေမင်းညို (26.11.24)

#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 08:08


🛑ယနေ့ နေ့လည် (၁၄၃၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မြက်တိုမီးပွိုင့်တွင် အကြမ်းဖက်ရခ (၂)ကောင်၊ဘဲဥထီး (၅) ကောင်၊ အမ (၂)ကောင်တို့သည် ယာဉ်သွားယာဉ်လာများကို တားဆီးစစ်ဆေးဖမ်းဆီးနေကြောင်း သိရှိရသည်။🛑

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 05:22


♦️ယနေ့ မ‌နက် (၁၁၄၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ ထောက်ပို့လေယာဉ်(1)စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 04:53


🛑ယနေ့ မနက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ပုသိမ် - မုံရွာလမ်းအတိုင်း စစ် Faw ကား (၅)စီး အင်အား (၂၀၀)ဝန်းကျင်ခန့် မနက် (၁၀၄၅)အချိန် ငါးသိုင်းချောင်း တံတားကို ဖြတ်၍ ရခိုင်ပြည်နယ် အနောက်ဘက်သို့ မောင်းသွားကြောင်း သိရှိရပြီး တပ်သားအများစုသည်  အသက် (၄၀-၆၀)ဝန်းကျင်ခန့်များ ပါဝင်နေကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ (၁၈၀၀)ကျော်ခန့် ရခိုင်ပြည်နယ်ဘက်သို့  Double Cub ကား (4) စီး ဆေးတပ်သားများ တက်သွားကြောင်း သိရှိရသည်။🛑

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 04:48


♦️ယနေ့ မ‌နက် (၁၁၁၈)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 03:56


🛑ယနေ့ မနက် (၁၀၀၃) အချိန် ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကြက်ပေါင်တာရိုးဘက်မှ စစ် Faw ကား (၃) စီး စခအင်အား (၇၀)ဝန်းကျင်ခန့် သည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ပြုလုပ်ကာ ပုသိမ်နတခဘက်သို့ ပြန်မောင်းတက်သွားကြောင်း သိရှိရသည်။🛑

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 02:55


♦️ယနေ့ မ‌နက် (၀၉၂၃)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 02:31


♦️ယနေ့ မ‌နက် (၀၈၅၈)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 02:16


♦️ယနေ့ မ‌နက် (၀၈၄၃)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 02:14


♦️ယနေ့ မ‌နက် (၀၈၄၂)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်တောင်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 01:13


🛑 ယနေ့ မနက် (၀၇၃၅ )အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ အမှတ် (၂) တံတားကိုဖြတ်၍  စစ် Fawကား (၃) စီး စခအင်အား (၆၀/၇၀) ဝန်းကျင်ခန့်ဖြင့် အမှတ် (၁၀)ရပ်ကွက်၊ တာကိုင်း၊ ကြက်ပေါင်တာရိုးဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။🛑

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

19 Nov, 01:00


🛑 ယနေ့ မနက် (၀၇၂၃)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ စစ် Fawကား (၁)စီး အခွံလွတ်ဖြင့် ကံကုန်းဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။🛑

#📆19.11.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 23:20


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော နိုဝင်ဘာလ { ၁၉ }ရက်နေ့  အင်္ဂါနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 15:12


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် ပုသိမ်သတင်းအထူးတပ်ဖွဲ့ ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 11:38


🛑ယမန်နေ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ကြောင်ပန်းကုန်းကျေးရွာအုပ်စု အကြမ်းဖက်အုပ်မှူးအောင်ဝင်းအပိုင် ဇရပ်ဆိပ်ကျေးရွာတွင် စစ်မှုထမ်းအတွက်ဆင့်ခေါ်စာဖြင့်‌ လူ(၂)ဦးကို စစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်ပြီး ယနေ့တွင်ပို့ဆောင်ရမည်ဖြစ်ပြီး လူတစ်ဦးသည် ထွက်ပြေး ရှောင်တိမ်းသွား လူတစ်ဦးသာပို့‌ဆောင်နိုင်ကြောင်း သိရှိရသည်။ထွက်ပြေးသည့်လူတစ်ဦးအစား ယနေ့ညတွင် အကြမ်းဖက်စခနှင့်အုပ်ချုပ်ရေးပိုင်းမှ ဝင်ရောက်ဆွဲမည်ဟု ကနဦးသိရှိရသည်။

ကြောင်ပန်းကုန်းတွင်လည်း လူမနေသည့်နေအိမ်များ၊ လမ်းဘေးအမှိုက်များကို လိုကမလံရှင်းခိုင်းနေပြီး AD မှ လာရောက်စစ်ဆေးကြောင်း သိရှိရပြီး လမ်းဆုံလမ်းခွများတွင်  အကြမ်းဖက်စခများသည် လူတစ်ဦးအား ဖမ်းဆီးရန်လာရောက်စောင့်ဆိုင်းနေသည်မှာ (၂/၃)ရက်ခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။🛑

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 08:23


🛑ယနေ့ နေ့လည် (၁၃၅၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့အဝင်တွင် ပုသိမ်-ကန်ကြီးထောင့် ပြေးဆွဲနေသော မိဘဂုဏ်ရည်ခရီးသည်ကား သံဂွေကွဲ၍တိမ်းမှောက်ခဲ့ရာ ခရီးသည်များ သေပျောက်မှုမရှိပဲ ထိခိုက်ဒဏ်ရာသာရရှိခဲ့ကြောင်း ကနဦး သိရှိရသည်။

ပုသိမ်-ကန်ကြီးထောင့်လမ်းပိုင်းသည် ပျက်ဆီးနေပြီး ကားများသည် ကိုယ်ထည်ကြံ့ခိုင်မှုမရှိပဲ အရှိန်လွန်မောင်းနှင်ကြသောကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိနိုင်သဖြင့် ယာဉ်မောင်းများ သတိထားဆင်ခြင်မောင်းသင့်ကြောင့် သိရှိရသည်။🛑

Photo Online

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 05:47


♦️ယနေ့ မ‌နက် (၁၂၀၀) နှင့် (၁၂၀၆) အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ ထောက်ပို့ လေယာဉ် Y 12 (2 )စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 05:02


🛑 ယနေ့ မနက် (၁၁၁၅)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၂)တံတားအဆင်း ပန်းခြံလမ်းဂွ ၊ ဆက်သွယ်ရေးရုံရှေ့ ၊ နာရီစဥ်ပတ်လည် ဘဲဥများ အင်အား ကျား/မ (၁၀) ကောင်ခန့် ဆိုင်ကယ် လိုင်စင်၊ ဦးထုတ်များကို ဖမ်းစီးစစ်ဆေးနေကြောင်း သိရှိရသည်။🛑

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 04:57


♦️ယနေ့ မနက်ပိုင်း ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ကျုံပျော်-အထောင်-ကညင်ဆိုင်လမ်းဆုံတွင် အထောင်ရဲစခန်းမှ အကြမ်းဖက်ရခများမှ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးနေပြီး ဖုန်းများကိုပါ စစ်ဆေးနေကြောင်း သိရှိရသည်။♦️

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Nov, 04:27


🛑 ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ စစ် Fawကား  (၂)စီး တစ်စီးတွင် စခအင်အား (၂၀)ကျော်ခန့်၊ တစ်စီးတွင် ရိက္ခာများတင်ဆောင်လာကာ မနက် (၁၀၂၅)အချိန် ပုသိမ်. သုံးခွ. ကျုံပျော်လမ်းပိုင်းကို ဖြတ်၍  ကျုံပျော်. ဟင်္သာတဘက်သို့ ဦးတည်မောင်းသွားကြောင်း သိရှိရသည်။🛑

#📆18.11.2024 Monday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Nov, 02:27


♦️ယနေ့ မနက် (၀၈၅၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ မင်းကြီးလမ်း ဆေးရုံသစ်ဝင်ပေါက်နားတွင် အကြမ်းဖက်ရခ (၃)ကောင် လုံခြုံရေးယူထားပြီး ဘဲဥအထီး (၃)ကောင်၊ အမ (၂)ကောင် တို့သည် ဖြတ်သန်းသွားလာသောယာဉ်များကို တားဆီးစစ်ဆေးနေကြောင်း သိရှိရသည်။♦️

#📆17.11.2024 Sunday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Nov, 02:08


🛑ယနေ့ မနက် (၀၈၂၈)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်မှ အကြမ်းဖက်လမ်းကြောင်း ရခကား၊ စခ ကားလုံခြုံရေးကားများ၊ အိမ်စီးကား (၆)စီး ကျော်ခန့်  မဟာဗန္ဓုလမ်းအတိုင်း တောင်ပေါ်နတခဘက်သို့ ပြန်မောင်းသွားပြီး ဘဲဥများ လမ်းရှင်းပေးကာ စခ လုံခြုံရေးကား (၁)စီးသည် အင်အား (၁၀)ယောက်ခန့်ဖြင့် ဈေးရပ်တန်းလမ်းဘက်သို့မောင်းသွားကြောင်း သိရှိရသည်။🛑

#📆17.11.2024 Sunday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Nov, 01:22


🛑ယနေ့ မနက် (၀၇၃၅)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၃)ရပ်ကွက် ရှင်ပင်ဘုန်းပွင့်လမ်း မြောင်းမြကျောင်းတိုက် ဆရာတော် ဥူးဝဏ္ဏိတ သက်တော် (၇၆)နှစ်ပြည့် မွေးနေ့ပြုလုပ်သဖြင့် အကြမ်းဖက်စစ်တိုင်းမှူးလာရောက်မည်ဖြစ်သောကြောင့် အကြမ်းဖက် စခ၊ ရခ၊ဘဲဥများ မနက် (၀၄၀၀)အချိန်ခန့်ကတည်းက အင်အား အများအပြားဖြင့် လမ်းထိပ်မှ ကျောင်းဝန်းအထိ လာရောက်လုံခြုံရေးယူထားကြောင်း သိရှိရသည်။🛑

#📆17.11.2024 Sunday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 22:57


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော နိုဝင်ဘာလ { ၁၇ }ရက်နေ့  တနင်္ဂနွေနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 16:28


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 13:20


♦️ယနေ့ ညနေ (၁၆၄၅ )အချိန် ရခိုင်ပြည်နယ် အနောက်ဖက်မှ ရေနံ့သာဂိတ်ကိုဖြတ်၍ စစ် Faw ကား (၈)စီး အခွံ့လွတ်များဖြင့် ပုသိမ် .မုံရွာလမ်းအတိုင်း ကံကလေးလမ်းဆုံဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။♦️

#📆16.11.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 12:59


♦️ယနေ့ ည (၁၉၁၅)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ မဟာဗန္ဓုလလမ်းအတိုင်း  လမ်းသစ်ခွအဝိုင်းကြီးမှဘက်မှ စခ Dino truck ခေါင်းတို (၃)စီး လက်နက်အပြည့်အစုံ အင်အားအပြည့်ဖြင့် မောင်းသွားကြောင်း သိရှိရသည်။♦️

#📆16.11.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 11:43


♦️ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဇရပ်လှအုပ်စု အကြမ်းဖက်အုပ်မှူးအေးဆောင်သည် စစ်မှုထမ်းအပတ်စဉ် (၃)အတွက် စစ်မှုထမ်းအသက် (၁၈.နှစ်မှ ၃၅နှစ်)အတွင်းအကြုံးဝင်သူများကို တစ်ယောက်လျင် (၆၀၀၀၀)ကျပ်ကို အတင်းဖိအားပေးကောက်ခံကာ ငွေကြေးမထည့်ဝင်ပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရပြီး ပထမစစ်မှုထမ်းအပတ်စဉ်များတွင် တစ်ယောက်လျင် (၅၀၀၀၀)ကျပ် ကောက်ယူခဲ့ကြောင်း သိရှိရသည်။♦️

#📆16.11.2024  Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 06:48


♦️ယနေ့ နေ့လည် (၁၃၁၄)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ တိုက်လေယာဉ်(1)စီး  အနောက်မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆16.11.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 05:08


🛑ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ‌ဇင်ပြွန်းကုန်းအုပ်မှူး အကြမ်းဖက်ထွန်းအေးသည် စစ်မှုထမ်းအတွက် တစ်အိမ်ထောင် (၅၀၀၀)ကျပ် ကောက်ခံခဲ့ပြီး ယနေ့ စစ်မှုထမ်းအတွက် မဲနှိုက်ရမည်ဟု အစည်းအဝေးထပ်မံခေါ်နေကြောင်း သိရှိရသည်။🛑

#📆16.11.2024  Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 03:09


🛑ယမန်နေ့ည (၂၁၀၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ကိုးသိန်းရဲစခန်းရှေ့တွင် ကားပေါ်မှ ပံ့သကူကြဲချ၍ အကြမ်းဖက်ရခမိသားစုများမှ ထွက်ကောက်ကြရာ နောက်မှမောင်းလာသော ကား၊ဆိုင်ကယ်များဖြင့် ဝင်တိုက်မိသလိုဖြစ်ပြီး စကားများရန်ဖြစ်ကြရာ အကြမ်းဖက်ရခများမှ နံပါတ်တုတ်များ၊ သေနတ်များကိုင်ဆွဲ၍ ပစ်သတ်လို့ရသည် ဟု လမ်းပေါဖြတ်သန်းသွားလာ‌နေသောပြည်သူများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အကြမ်းဖက်ရခများသည်  ယာဉ်များမောင်းနှင်နေသော လမ်းပေါ်တက် ပံ့သကူကောက်သောကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ်ကိုမဆင်ခြင်ပဲ ပြည်သူများအပေါ် သေနတ်စွဲရမ်းကားနေကြောင်း သိရှိရသည်။🛑

#📆16.11.2024  Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Nov, 02:08


🛑ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ချောင်းသာမြို့နယ်ခွဲသို့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov အဖွဲ့သည် နိုဝင်ဘာ(၁၃)နေ့တွင် ချောင်းသာမြို့ AZURA ဟိုတယ်၌  အကြမ်းဖက်ဝန်ကြီးချုပ် တင်မောင်ဝင်း နှင့်တွေ့ဆုံကာ နိုဝင်ဘာ(၁၄)ရက် နေ့လည် (၁၃၀၀) အချိန်  လေကြောင်းလိုင်းဖြင့်လည်ကောင်း ကုန်းလမ်းကြောင်း ပွိုင့်ကား၊ အံစာတုံး ၊ Alphard ကားများတွင်  Vip 1 23456789 ဆိုကာ နံပါတ်စဉ်များတပ်ထားကာ စုစုပေါင်း ကား(၁၁) စီးဖြင့် ရန်ကုန်ပြန်သွားကြောင်း သိရှိရသည်။

အဓိက နှစ်နိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်ပေါင်းစည်းမှုများကို ပိုမိုတိုးတက်ခိုင်မာစေမည့် ခရီစဥ်ဟု‌ ပြောကြားပြီးဧရာဝတီတိုင်း၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး/ဆန်နဲ့သားငါးကဏ္ဍဖွံ့ဖြိုးကာ ရှေးဟောင်းအဆောက်အဦများ၊ တန်ခိုးကြီးဘုရားစေတီများ၊တည်ရှိရာ နယ်မြေတစ်ခုဖြစ်၍ ရေလမ်း၊ ကုန်းလမ်းအပါအဝင် လေကြောင်းဆက်သွယ်ရေးများနှင့် အချိန်ရာသီမရွေး သွားလာနိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။🛑

#📆16.11.2024  Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 21:41


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော နိုဝင်ဘာလ { ၁၆ }ရက်နေ့  စနေနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 15:56


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 14:42


🛑ယနေ့ ည (၂၁၀၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်တွင် drone (၁)စင်း၊ ကိုးသိန်း ရဲစခန်းပေါ်တွင် drone (၁)စင်း လွှတ်တင်ထားကြောင်း သိရှိရသည်။🛑

#📆15.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 14:11


🛑ယနေ့ ညနေ (၁၈၃၀)အချိန် ‌ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့ကမ်းနားလမ်းတွင် တန်ဆောင်တိုင်မီးထွန်းပွဲနှင့်  မီးပုံးလွှတ်တင်ပွဲကို အကြမ်းဖက်တိုင်းအစိုးရဝန်ကြီးချုပ် တင်မောင်ဝင်းဦးဆောင်၍ non ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုပွဲကိုစည်ကားသယောင်ပြုလုပ်ရန်အတွက် စတုဒီသာများကိုဟန်ပြကျွေးမွေးပြီး မီးပုံးတစ်လုံးလျှင် သိန်းဆယ်ချီ အကုန်ကျခံပြီး (၁၅)လုံးခန့်လွှတ်တင်ပြီး ၊ဖွံ့ဖြိုးဝေစည် ဧရာဝတီဟု ဆိုင်းဘုတ်ထူကာ သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

" လက်လုပ်လက်စားပြည်သူတွေ ဆန်ကြမ်းတစ်ပြည် (၄၅၀၀)ကျပ် စားရဖို့ရုန်းကန်နေရချိန် ၊ ဝန်ကြီးချုပ်က အရမ်းစည်ကားတယ်လို့ အထက်မှာ မျက်နှာကောင်းရဖို့အတွက် မီးပုံးကိုသိန်းဆယ်ချီ အကုန်ခံပြီး လုပ်နေတယ် စတုဒိသာဆိုတာလည်း ဟန်ပြပဲလုပ်တာဗျ" ဟု ပြည်သူတစ်ဦးထံမှသိရသည်။

ပြည်သူများသည် မိမိတို့လမ်းများတွင်သာ ဆီမီးထွန်း၊စတုဒီသာကျွေးမွေးကာ ကုသိုလ်ပြုကြကြောင်း သိရှိရပြီး ကားများ၊ အိုးဝေများဖြင့် တစ်ထောင်တန်များကို လမ်းမကြီးများတွင် ပံ့သကူလိုက်လံကြဲချနေခြင်းသည် လမ်းမပေါ်၌ လူအုပ်ကြီးဖြစ်နေပြီး  ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်စေသည့် အပြုအမှုမျိုးဖြစ်ကြောင်း သိရှိရသည်။🛑

#15.11.2024

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 05:39


🛑ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ ကြက်ပေါင်ကျေးရွာအုပ်စု အုပ်မှူး ကျော်မိုးသည်  အိမ်ထောင်တစ်စုကို အသက်(၁၈)မှ(၃၅)နှစ် တစ်လ(၂၅၀၀၀)ကျပ် အသက်(၃၅)နှစ်အထက်(၁၅၀၀၀)ကျပ်ကိုလစဉ်ကောက်ယူနေကြောင်း သိရှိရသည်။

အုပ်မှူးကျော်မိုးသည် ကြက်ပေါင်အုပ်စုသတင်းလိုင်းပေါ်ရောက်ရင် ငွေကောက်ခံမှုကို ခဏရပ်ပြီး ငြိမ်နေကာ အချိန်တစ်ခုအကြာတွင် ပြန်လည်ကောက်ယူနေကြောင်း သိရသည်။

" အုပ်မှူးက အစည်းအဝေးခေါ်တိုင်း စစ်မှုထမ်းအတွက် ငွေထည့်၊ မထည့်ရင် ဒလန်ကြံ့ဖွတ် မောင်ဌေးကို အုပ်မှူးထားလိုက်မယ်ပဲ ပြော‌နေတာ သူထက်ဆိုးတဲ့သူတက်လာမှာဆိုးတော့ ကြောက်ပြီးထည့်ရတာပဲ သူကလည်း ဒါနဲ့ပဲ ကျေးရွာကို အကြပ်ကိုင်တာရှင့် " ဟု ပြည်သူတစ်ဦးထံမှ သိရှိရသည်။🛑

#📆15.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 04:25


🛑ယနေ့ မနက် (၁၀၄၅)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ နာရီစင်အဝိုင်းပတ်နှင့် ထွေအုပ်ရုံးထောင့်‌၊ မြန်မာဆက်သွယ်ရေးရုံရှေ့တို့တွင် အကြမ်းဖက်လက်အောက်ခံ ဘဲဥများ ဆိုင်ကယ်လိုင်စင်၊ ဦးထုပ်များကို စစ်ဆေးဖမ်းစီးနေကြောင်း သိရှိရသည်။🛑

#📆15.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 02:55


🛑ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အကြမ်းဖက် တိုင်းအစိုးရအဖွဲ့သည် ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် ပထဝီအနေအထားအရထိစပ်နေသည့် ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များကို ပုံမှန်အနေအထားတစ်ခုအဖြစ်ဖန်တီးနေကာ ပွဲလမ်းသဘင်များ၊ အားကစားပြိုင်ပွဲ၊လူရည်ချွန်ပြိုင်ပွဲ၊ဒေသထွက်ကုန်အရောင်းပြပွဲ၊စွမ်းရည်ပြိုင်ပွဲများ ဖိအားပေးပြုလုပ်ခိုင်းပြီး ပြည်သူကို စစ်ရေးသတင်းများဖုံးကွယ်ဖို့ ကြိုးစားနေကြောင်း သိရသည်။

တိုင်းစီမံ‌ကောင်စီက အစည်းအဝေးတွေ မကြာခဏပြုလုပ်ကာ ပညာရေးဌာနကို ဒုက္ခအပေးဆုံးဟု သိရသည်။ ယခုလည်း လူရည်ချွန်ပြိုင်ပွဲ/ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲကို(၁၉)ရက်‌နေ့ မြို့နယ်ပညာရေးမှူးရုံးမှာပြုလုပ်၍ လည်းကောင်း တိုင်းစွမ်းရည်ပြိုင်ပွဲ-E/M-G5toG9ထိကို နိုဝင်ဘာ(၂၂)ရက်နေ့ အထက(၅)နဲ့အထက(၁)တွင်လည်းကောင်း နောက်ထပ်(၄)မြို့နယ် အားကစားပွဲပြုလုပ်ရန် ထပ်မံစီစဉ်နေကြောင်း သိရှိရသည်။🛑

#📆15.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

15 Nov, 01:34


" ဆီမီးထိန်ထိန် စစ်ခွေးကထိန် "

သွေးစက်ကိုနင်း ကထိန်ခင်း
အပျော်ကျူးတဲ့ လူ့ဘီလူးတွေ
ကိုယ့်လိပ်ပြာ ကိုယ်လုံကြပါစေ..

ကမ္ဘာမီးလောင် သားကောင်ချနင်းသတဲ့
မြန်မာမီးလောင်
စစ်ခွေးတွေဟောင်လေသလား..
မြန်မာတစ်ခြမ်းမှာ ပွဲတော်တွေကျင်းပ
မီးပုံးတွေလွှတ်
လက်ခုတ်လက်ဝါးတီးနေချိန်
မြန်မာတစ်ခြမ်းမှာ ဝေဟင်ကိုမျှော်ကြည့်
အသက်ဘေးကလွတ်အောင်ပြေးလွှား
ဗုံးခိုကျင်းထဲတိုးဝှေ့ဝင်ကြ
အသက်ကိုရင်း တိုက်ကြခိုက်ကြ..

လူတစ်စု ပျော်ပါးနေချိန်မှာ
လူတစ်စုက
ခြေလက်အသက်ခန္ဓာဆုံးရှုံးကြ..
မြန်မာတစ်ခြမ်းမှာ
မီးခိုးလွတ် ထမင်းတွေကျွေး
ငါတို့သွေးချင်းတွေ
ဆန်တစ်စေ့ရဖို့အရေး မျှော်ကာငေးရ..

အိုးစည်ကြီးတွေ တီးလို့ပျော်ကြ
ဗုံးဆံတွေကြားမှာ ပြေးလို့အော်ကြ
ဆီမီးရယ်ထိန် စစ်ခွေးကထိန်က
အလှူကိုသရုပ်ပြ
သတ်လိုက်ကြတဲ့လူ့အသက်တွေ ..
နိဗ္ဗာန်မှာ မစံစား
အဝီစိမှာဂျိုးကပ်မယ့်ကောင်များ ..
ငါတို့အမေပြန်လာမှ
သွေးကြွေးကို ဆတိုးနဲ့ပြန်ယူမယ်
အသက်ရယ်မကြွေတဲ့
သူရဲကောင်းတို့ရဲ့ဘုံကထိန်ပွဲမှာ
စစ်ခွေးအရိုး ထင်းလုပ်ပြီးမှ
မဟာဘုံကထိန်ဆင်နွှဲဦးမှာမို့
ခုချိန်ကထိန်ပွဲက
လူ့ပေါက်ပန်းတို့ပွဲ
မိစ္ဆာခွေးတွေသာ နွှဲလေတဲ့
ဆီမီးထိန်ထိန် စစ်ခွေးကထိန်တဲ့လေး..။

                              ✍️နေမင်းညို
                                  (၁၅.၁၁.၂၄)

#📆15.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 04:02


🛑ယနေ့ မနက် (၁၀၁၅)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ ထွေအုပ်ရုံး ပြည်အေးခန်းမတွင် စီမံဥက္ကဌ မင်းဧရာထိုက်နှင့် ဌာနဆိုင်ရာ non ဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေကြောင်း သိရှိရသည်။🛑

#📆30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:58


🛑 ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလရ (၆၃)မှ အောက်တိုဘာ (၂၈)ရက်နေ့တွင် စခ၊ စစ်မှုထမ်း တပ်သားသစ် ၊ ပြည်သူ့စစ်များကို တပ်မ (၆၆)ဘတ် တံဆိပ်ပါ uniform များကို ဝတ်ဆင်ခိုင်းပြီး စစ် Faw ကား (၈) စီးအင်အား (၁၅၀)ခန့်  မကွေးမြို့သို့ ကနဦးပို့ဆောင်ပြီး ထိုမှတဆင့် ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင်မည်ဟု သိရှိရသည်။🛑

#📆30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:53


🛑ယနေ့ မနက် (၁၀၁၀) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမရှေ့တွင် အကြမ်းဖက် စခ (၂)ယောက်၊ ဘဲဥအမ (၁)ယောက် ၊အထီး (၁)ကောင်လုံခြုံရေးယူထားပြီး အိမ်စီးကား (၂)စီး၊ ပွိုင့်ကား (၁)စီး၊ ထိုကားဘေးတွင် ဘဲဥ (၁)ယောက် ရပ်နေသည်ကို တွေ့ရှိရသည်။🛑

#📆30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:47


♦️ယနေ့  မနက် (၁၀၁၅)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ K 8 wလေယာဉ်  (1)စီး  အနောက်တောင်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:22


♦️ယနေ့  မနက် (၀၉၄၇)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ ကင်းထောက်လေယာဉ် (1)စီး  အနောက်တောင်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:20


♦️ယနေ့  မနက် (၀၉၄၅ )အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ  PT 6 သတင်းထောက် လေယာဉ် (1)စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:12


♦️ယနေ့ မနက် (၀၉၄၁)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ  တိုက်လေယာဉ် jf 17 (1)စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 03:00


♦️ယနေ့ မနက် (၀၉၂၈)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ  ထောက်ပို့လေယာဉ် (1)စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

🛑🛑🛑 ဗုံးသီးများ လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။🛑

#📆30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 02:58


🛑ယနေ့ နံနက်(၀၉၀၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊အမှတ်(၁)ကြိုးတံတား ပုသိမ်ဘက်ကမ်းတွင် ဘဲဥပွိုင့်ကား(၁)စီးရပ်ထားကာ အကြမ်းဖက်ဘဲဥများမှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။

မမိုးမိုးမုန့်ဆိုင်ဘေးတွင် ဘဲဥ(၁)ကောင် ၊ ရခ(၁)ကောင် လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းကာဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။🛑

#📅 30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

30 Oct, 02:28


♦️ယနေ့ မနက် (၀၈၅၆)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ  ထောက်ပို့လေယာဉ် (1)စီး  အနောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆30.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 23:25


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ‌သော အောက်တိုဘာလ { ၃၀ }ရက်နေ့  ဗုဒ္ဓဟူးနေ့   နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 17:03


🛑ယနေ့ ည (၂၁၂၀) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်နှင့် အနီးတစ်ဝိုက် drone များပျံဝဲ ကင်းပတ်နေပြီး အကြမ်းဖက် ရခ၊ စခများမှ အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် လှည့်ကင်းပတ်ကင်း ဆောင်ရွက်နေကြောင်း သိရှိရသည်။🛑🛑🛑

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 16:54


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 14:15


🛑ယနေ့ ည (၂၀၃၀) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ရွှေစေတီလမ်းဘက်မှ စခ Hilux ကား (2) စီး ၊ စခအင်အား(၁)စီးလျှင် အင်အား (၆/၇)ယောက်ခန့်ပါရှိကာ လှည့်ကင်းပတ်ကင်း ဆောင်ရွက်နေကြောင်း သိရှိရသည်။🛑

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 12:35


🛑ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့၊ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့်  လူနာများ၏ အသုံးဆောင်ပစ္စည်းများ၊ ဖုန်း၊‌ ပိုက်ဆံအိတ်၊ မကြာခဏ အခိုးခံရမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အောက်တိုဘာ(၂၇)ရက်နေ့ လူနာဆောင်(အပေါ်ထပ်)တွင် ဖုန်း(၃)လုံး-အခိုးခံရပြီး ရှေ့လပိုင်းတွင်လည်း ဖုန်းများ မကြာခဏ အခိုးခံကြရ‌ကြောင်းသိရသည်။
ဆေးရုံတာဝန်ရှိလူကြီးမင်းများအနေဖြင့် သူခိုးအား ထိထိရောက်ရောက် ဖမ်းဆီးပေးနိုင်ခြင်းမရှိသလို  ဆေးရုံတာဝန်ကျ ဝန်ထမ်းများ၏ပစ္စည်းများပါ  အခိုးခံနေရကြောင်း သိရှိရသည်။🛑

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

29 Oct, 11:23


🛑ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်(အောင်ကျော်ဦး)၊ငပုတောမြို့နယ်(ကျော်သူ)၊သာပေါင်းမြို့နယ်(မင်းဧရာထိုက်)တို့မှ ရပ်/ကျေးအုပ်မှူးများကို  မိမိရပ်ကွက်/မိမိကျေးရွာ ပြည်သူများကို  စစ်မှုထမ်းကိစ္စ ၊ ငွေကြေးကောက်ခံသည့် ကိစ္စများကို သတင်းမပေါက်ကြားစေပဲ နိုင်အောင်ထိန်းဖို့နှင့် သတင်းအထူးတပ်ဖွဲ့(ပုသိမ်)တွင် သတင်းခဏခဏတွေ့ရှိပါက  အုပ်မှူးများကို ခေါ်ယူစစ်ဆေးကာ  စစ်မှုထမ်းဥပဒေနှင့်ဆန့်ကျင်ပြီး မလျော်ဩဇာဖြင့်လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှု တွေ့ရှိပါက ထောင်(၃)နှစ်ချလို့ရသည်ဟု  မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ  သတိပေးထားကြောင်း သိရှိရသည်။

" အုပ်ကြီးက အစည်းအဝေးမှာပြောတယ် စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတဲ့ကိစ္စကို သတင်းအထူးတပ်ဖွဲ့ကို သွားတိုင်ကြတယ် သတင်းတွေတက်လာတော့ မြို့နယ်မှ သူတို့ကိုခေါ်ဆူတယ်ပေါ့ ဒီတခါပေါက်ကြားရင်တော့ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး သူတာဝန်မယူတော့ဘူး စစ်တပ်ခေါ် ပေါ်တာဆွဲခိုင်းမယ်ပေါ့ဗျာ အမှန်ကကျုပ်တို့က စစ်မှုထမ်းငွေကြေးကို ထည့်ဝင်ရပေမယ့် မျှမျှတတလုပ်ဖို့ လာဘ်မစားပဲပြည်သူကိုစာရင်းနဲ့ချ‌ပြစေချင်တာ သူတို့က ရသမျှယူတော့ မကျေနပ်ဘူးဗျာ " ဟု အစည်းအဝေးတက်ရောက်ပြီး ပြန်လာသူ ပြည်သူတစ်ဦးထံမှ သိရှိရသည်။

#📆29.10.2024 Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Oct, 05:23


🛑 ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်အတွင်း‌ ရွှေသောင်ယံ ၊မကျီးဇင် ၊ဘောမိဘက်များတွင် အကြမ်းဖက်စစ်ကောင်စီသည်  AA နှင့် တိုက်ပွဲများရှုံးနိမ့်လာသည့် အတွက် ထိစပ်နယ်မြေများတွင် စစ်ကြောင်းထိုးခြင်း၊ လုံခြုံရေး ဂိတ်များတွင်လည်း အင်အားတိုးချဲ့ ချထားခြင်း၊ ဧည့်စာရင်းများ ညစဉ် နေရာကွက်၍ စစ်ဆေးနေကြောင်း သိရပြီး ရခိုင်စစ်ရှောင်များကို အဓိကထားစစ်ဆေးတတ်ကြောင်း သိရသည်။

ပုသိမ်-ချောင်းသာ - ငွေဆောင်လမ်းပိုင်းများတွင် အကြမ်းဖက် စစ်ကောင်စီအင်အားတိုးချထားပြီး ညဘက်ကင်းပုန်းများ ချထားကြောင်းသိရသည်။သီတင်းကျွတ်ရက်ဖြစ်သည့်အတွက် ချောင်းသာ ငွေဆောင်များသို့ ခရီးသွားဧည့်သည်များပြားနေပြီး လမ်းဂိတ်များတွင် ငွေတောင်းခံမှုများရှိနေကြောင်း သိရသည်။🛑

#📆18.10.2024  Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Oct, 04:13


🛑ယနေ့ မနက် (၁၀၀၀) အချိန်  ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပိန္နဲကုန်းရွာ ပိန္နဲကုန်းဂိတ်တွင် အကြမ်းဖက် စခ (၂) ကောင် (ပြည်သူ့စစ်ကို စစ်သား uniform ပေးထား) ၊ ရခ (၂) ကောင် တို့သည် ကားများသာ စစ်ဆေးနေပြီး ဆိုင်ကယ်များ ဆင်းတွန်းကြရကြောင်း သိရသည်။🛑

#📆18.10.2024  Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Oct, 03:41


🛑ရခိုင်ပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် AA တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့်  ဧရာဝတီတိုင်းအတွင်းရှိ ရခိုင် - ငါးသိုင်းချောင်းကြားရှိ လုံခြုံရေး ဂိတ်များတွင်လည်း အင်အားတိုးချဲ့ ချထားကြောင်း သိရသည်။

တိုက်ပွဲအရှိန်ကြောင့် ပြည်သူများသည် ဧရာဝတီဘက်သို့ စစ်ရှောင်လာကြပြီး ရေနံ့သာဂိတ်တွင် အကြမ်းဖက်စခများမှ မှတ်ပုံတင်များတောင်းယူစစ်ဆေးကာ မသင်္ကာသည့် ပြည်သူများကို AA ဟု အကြောင်းပြ၍ ဖမ်းဆီးထောင်ချနေကြောင်း သိရသည်။

အောက်တိုဘာ ပထမပတ်တွင် ရေနံ့သာဂိတ်၌ စစ်ရှောင်လာသော မိသားစုဝင် (၅)ဦးမှ အမျိုးသားအား AA ဟု ဖမ်းဆီးကာ ရေကြည်တရားရုံးမှ ထောင် (၆)နှစ် အမိန့်ချကာ ကျုံပျော်ခရိုင်သို့ ဆက်လက်လွှဲပြောင်းသွားမည်ဟု ရေကြည်ရဲစခန်းမှ သိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် အောက်တိုဘာ (14) ရက်နေ့ ညက ဧည့်စာရင်းဝင်စစ်ဆေးရင်း  AAတပ်ဖွဲ့ဝင်နှစ်ဦးဟု အကြောင်းပြချက်ဖြင့် အမျိုးသား (၂) ဦး အဖမ်းခံလိုက်ရပြီး ငါးသိုင်းချောင်းရဲစခန်းထဲတွင် ချုပ်ထားကြောင်း ရဲစခန်းနှင့်နီးစပ်သူထံမှ သိရှိရသည်။🛑

#📆18.10.2024  Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

18 Oct, 01:54


🛑ယနေ့ မနက် (၀၇၄၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ စစ် ( Faw )ကား (၁)စီး အကြမ်းဖက် စခအင်အားအပြည့်  ကံကလေးလမ်းဆုံဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။🛑

#📆18.10.2024  Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 23:39


🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ‌သော အောက်တိုဘာလ { ၁၈ }ရက်နေ့ သောကြာနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ
အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 16:09


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 13:00


🛑ယနေ့  ရန်ကုန်တိုင်း ၊ထန်းတပင်မြို့နယ် ၊အဝေးပြေးကားလမ်း အစုကြီးကျေးရွာအနီး X ray စစ်ဆေးရေးဂိတ်တွင် ရန်ကုန်သို့ အဝင် Taxi ကားများကို တစ်စီးလုံး အပေါ်အောက်မချန် ရှာဖွေနေပြီး အိမ်စီးကားများ၊ခရီးသည်မှန်လုံယာဥ်များကို ရှာဖွေစစ်ဆေး‌ခြင်း မရှိကြောင်း သိရှိရသည်။🛑

#📆 17.10.2024 Thursday
# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 11:40


🛑 ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ခလရ (၂၇၁)တပ်မှ  ငပုတောမြို့တိုင်း (၁) ဘက်သို့ နယ်မြေရှင်းလင်းရေး သွားသည့် အကြမ်းဖက်စခအင်အား (၄၀)ခန့်ကို  နက်ဖန် (၁၈.၁၀.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် ရှေ့တန်းသို့ သွားရမည်ဟု ကနဦး သိရှိရသည်။🛑

#📆17.10.2024  Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 09:26


🛑ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ရေကြည်မြို့နယ်၊ မယင်းကူးအုပ်စု အုပ်မှုး လှအုံးအပိုင်  ကြံလဟာကျေးရွာ ၊  ကုလားစုကျေးရွာ၊ မယင်းကူးကျေးရွာတို့တွင် စစ်မှုထမ်း တတိယအကြိမ်ပေးပို့ရန် မယင်းကူးအုပ်စုအလှည့်ဖြစ်ပြီး ငွေကြေးကောက်ခံရန် စီစဉ်ထားကြောင်း သိရသည်။

အသက် (၃၅-၆၅) ကျေးရွာလုံခြုံရေးဟု ဆိုကာ တစ်အုပ်စုလုံး (၁)ယောက်သာ ခေါ်၍ လူဌားထည့်ရမည်ဆိုကာ တအိမ်ထောင် (၇၀၀၀)ကျပ်ကောက်ခံကြောင်း သိရပြီး ကျေးရွာနေ ပြည်သူများသည် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေကြရပြီး စစ်မှုထမ်းထောက်ပံ့ကြေးငွေ ထည့်ရန် ခက်ခဲကြပ်တည်းနေကြရကြောင်း သိရသည်။

လှအုံးသည် ကျေးရွာအတွင်း (2D/3D) ရောင်းချသူများထံမှ လိုင်းကြေးများကို တောင်းယူနေပြီး ၎င်းကိုယ်တိုင် တူမဖြစ်သူကို (2D/3D) များကို ရောင်းချခိုင်းထားကြောင်း သိရသည်။🛑

#📆17.10.2024 Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 05:02


♦️ယနေ့ မနက် (၁၁၂၀)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ ရှင်ပင်ဘုန်းပွင့်လမ်း ဈေးလေးထိပ်တွင် အကြမ်းဖက်လက်အောက်ခံ ဘဲဥ (၂) ယောက် ယာဉ်များကို စစ်ဆေးနေကြောင်း သိရှိရသည်။♦️

#📆17.10.2024 Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 03:48


🛑 ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အောက်တိုဘာလ (၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ လူဦးရေ၊ အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် non ဆရာ/မများကို တစ်ဦးလျှင် (၃၀၀၀၀၀)ကျပ်ပေးမည်ဟု ပြော၍ခိုင်းသော်လည်း ယခု (၆၀၀၀၀)ကျပ်သာ ပေး၍ non ဆရာ/မများ ‌မကျေနပ်ကြကြောင်း၊ တချို့ဆိုလျှင် စိတ်ဆိုးကာ မယူကြကြောင်း သိရှိရသည်။

" မလုပ်ရင်လည်း မရဘူး ဝန်ထမ်းဆိုတာ ခိုင်းတာလုပ်ရမည် ဆိုပြီး ဖိအားပေးတယ်  (၃)သိန်းပေးမယ်ဆိုပြီး ခိုင်းတာ (၆၀၀၀၀)ကျပ် ပဲပေးတော့ ဘာလုပ်ရမှာလဲ လုံခြုံရေးက အပြည့်မရှိ စာရင်းသာ ကောက်နေရတာ ရင် တမ မနဲ့  သေရင် ကိုယ်ပဲ သေမှာ" ဟု သန်းခေါင်စာရင်းကောက်ခံသူ non ဆရာမ တစ်ဦးထံမှ သိရှိရသည်။🛑

#📆17.10.2024  Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 00:32


♦️ယနေ့ မနက်ပိုင်း (၀၆၄၆) အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ အမှတ်(၁၅)ရပ်ကွက်၊မဟာဗန္ဓုလလမ်း၊လေယာဉ်ကွင်းဝင်ပေါက်တွင် အကြမ်းဖက်စခ /ရခ/ဘဲဥ နှင့် ဌာနဆိုင်ရာကားများ ရောက်ရှိနေပြီး ခရီးသည်တင်လေယာဉ်(၁)စီး လေယာဉ်ကွင်းသို့ ဆင်းသက်လာကြောင်း  သိရှိရသည်။

(၀၇၁၄) အချိန် လေယာဉ်ပြန်တက်သွားပြီး ရခပွိုင့်ကားနှစ်စီး၊ရဲကားရှေ့ခန်း လူပါ ပေါင်း (4) စီး လေယာဉ်ကွင်းမှထွက်လာကြောင်း သိရှိရသည်။♦️

#📆17.10.2024  Thursday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

17 Oct, 00:19


♦️ယနေ့ မနက် (၀၆၄၃)အချိန် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့ လေယာဉ်ကွင်းမှ Jet Fighter (1)စီး မြောက်ဘက်သို့ ပျံသန်းမှုရှိကြောင်း သိရှိရသည်။♦️

#📆17.10.2024 
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Oct, 22:37


🌸ကျက်သရေ မင်္ဂလာအပေါင်း
နှင့် ပြည့်စုံ‌သော အောက်တိုဘာလ { ၁၇ }ရက်နေ့ ကြာသပတေးနေ့ နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။

💐  ဘေးရန်ခပ်သိမ်း ကင်းကွာ၍  အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ
အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့  PSTF  သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်  🙏🙏🙏

#PSTF scout channel

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Oct, 16:49


🛑အရေးတော်ပုံ  အောင်ရမည်🛑

📢မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# 📢သတင်းပေးပို့လိုပါက
# 💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Oct, 14:09


🛑ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ဓနဖြူမြို့နယ် ကျိုက်က္ကလွန်ဗွန်း စေတီတော်မြတ်ကြီး၏ ဘုရားပွဲအား -စခလက်အောက်ခံ ဂေါပကအဖွဲ့နှင့်-စခလက်အောက်ခံ ထွေအုပ် /ရခ/စခ-များဦးဆောင်၍ 14.10.2024 မှ 17.10.2024အထိ ကျင်းပနေကာ ညပိုင်း- စခ-အင့်အား ၁၀ ကောင်ခန့် ပွဲစျေးအတွင်းပတ်လည်တွင် ရွှေ့လျားစနစ် ဖြင့် လုံခြုံရေးယူထားကြောင်း သိရှိရသည်။

မြို့ပေါ်နေ ပြည်သူများအသွားအလာနည်းပြီး ဆင်ခြေဖုံးရပ်ကွပ်အချို့နှင့်ကျေးလက်နေပြည်သူအချို့ သာသွားလာမှုရှိသည်။ ရခ-များမှ ညပိုင်း ဆိုင်ကယ် (၃ )စီး( ၆) ယောက်ခန့် မြို့ပြင် မြို့တွင်း-ကင်းပတ်နေကြောင်း သိရှိရသည်။🛑

#📆16.10.2024  Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Oct, 10:47


🛑ယနေ့ ညနေ (၁၇၁၁) အချိန် ရခိုင်ပြည်နယ် အနောက်ဘက်မှ  ဧရာဘက်သို့ပြန်ဆင်းလာသော အကြမ်းဖက် စခ (Faw ) ကားအခွံ့လွတ်များ (၈)စီးခန့်မှ  အကြမ်းဖက် စခ Faw ကားအခွံ့လွတ် (၃)စီး၊ (၁၇၁၉)အချိန်တွင် စစ် Faw ကား အခွံလွတ် (၁)စီး၊ (၁၇၃၅) အချိန် စခ Fawကား ခေါင်းရှည် (၁)စီး စခအင်အား (၂၀)ဝန်းကျင် ပါရှိပြီး စုစုပေါင်း (၅)စီး ပုသိမ်မြို့သို့   မောင်းဝင်လာကြောင်း သိရှိရသည်။🛑

#📆16.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

16 Oct, 10:13


🛑ယနေ့ ညနေ (၁၅၂၅ ) အချိန် ရခိုင်ပြည်နယ် အနောက်ဘက်မှ  အကြမ်းဖက် စခ(Faw) ကား-အခွံ့လွတ်များဖြင့် မိနစ်ခြား၍ တစ်စီးပြီး-တစ်စီးခွာမောင်း၍ ဧရာဘက်သို့ ပြန်ဆင်းလာသည်မှာ (၈)စီးခန့် ရှိပြီဖြစ်ကြောင်းသိရသည်။🛑

#📆16.10.2024 Wednesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007