December Movie Main Channel @decembemainchannel Channel on Telegram

December Movie Main Channel

@decembemainchannel


မြန်မာစာတန်းထိုး ရုပ်ရှင်ကား ဇာတ်လမ်းတွဲများကိုစုစည်းပြီးတင်ဆက်ပေးသွားမှာပါ ☺️☺️

December Movie Main Channel (Burmese)

မြန်မာစာတန်းထိုး ရုပ်ရှင်ကား ဇာတ်လမ်းတွဲများကိုစုစည်းပြီးတင်ဆက်ပေးသွားမှာပါ ☺️☺️nnဒီလိုင်းကား ခန့်အပ်များကို ညွန့်ပြင့် ဆက်သွယ်ရန် 'December Movie Main Channel' ဆိုတဲ့ Telegram channel ဖြစ်ပါတယ်။ ဒီ channel မှာ အသစ်ပြောင်း မတွေ့ရပါဘူးပါ။ ဇာတ်လမ်းတွဲ အသစ်များကို လေးနွာထဲ ထဲတင်ဆက်ပေးရန်လည်း ရက်စွဲ အပေါ်မှာ လွှင့်ပြေးနိုင်ဖို့ ခလုတ်ဆွဲတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီ channel မှာ မြန်မာစာတန်းထိုး ဖြစ်ပါတယ်။ ဒီ channel မှ ဤသင်တန်းရေးလိုပါက 'decembemainchannel' ကို search လုပ်ပါ။ အသစ် ကား ဇာတ်လမ်းတွဲများ အား ရက်စွဲ အပေါ်မှာတင်ဆက်အသစ်ထွက်လာတွေ့ရပါလို့ အရမ်းတစ်ခု ကလိုပါပဲ။ ဒီနေရာမှာ ရှာထားတဲ့ကားနဲ့ ဇာတ်လမ်းတွဲအတွင်း အလုပ်လုပ်ပုံ ကျင်းပမှာပါ။ ဒီ channel နဲ့ လည်း အသစ်ရေးချင်တဲ့ ဇာတ်လမ်းတွဲမ ပါရှိနိုင်ပါတယ်။ ဒီလိုင်းကား channel လေးလို တစ်ခုပါပဲ။ ပြင်ဆင်နိုင်တဲ့ ဇာတ်လမ်းတွဲမ ရှိနိုင်ပါတယ်။ ဒီ channel လိုနဲ မြန်မာစာတန်းထိုး ဖြစ်ပါတယ်။ ကွန်ပျူတာ လွှတ်လပ်တွဲရဲ႕ အသစ်ပါပဲ။

December Movie Main Channel

20 Nov, 12:03


The Boys Season (1+2+3+4)

ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး…
စူပါ ပါဝါရှိပြီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်…
ဒီလိုကောင်တွေကြောင့် တစ်ချိုသောသူတွေ များစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲအစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်…
ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး …ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲအစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့….
Season 1 ထဲက ရှယ်ကြမ်းသလို နောက်ပိုင်းမှာလည်းပိုတောင်ကြမ်းလာပါတယ်…
ဒီစီးရီးက စိတ်ဝင်စားဖိုကောင်းတာက ကျွန်တော်တိုမြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲလေးနဲ့ ကျွန်တော်တိုဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်…ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖိုလိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်…

Channel Link

December Movie Main Channel

17 Nov, 14:36


The Murderer (2023)

နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။
မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။
ဇာတ်လမ်းအကျဉ်း
ထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။
သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။
အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။
အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။

Movie Link

December Movie Main Channel

15 Nov, 13:46


A Murder Erased (2022)

ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်…
အဲ့အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့….
ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်… အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း…
နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့…
ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား…
သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား….

Movie Link

December Movie Main Channel

09 Nov, 12:01


Bromates (2022)

သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ …
ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ
ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။
စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။
စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာ
ထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ…
အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။
ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။
အဲဒီမှာ တစ်ကောင်က စော်တ၊ တစ်ကောင်ကတော့ One go, two come, three ready Thank You, Next ဆိုပြီး ကျန်တဲ့ ၂ယောက်နဲ့ပေါင်း လဒမှိုင် မှိုင်နေတဲ့ကောင်ကို cheer up လုပ်ရင်းက အိုးနင်းခွင်းနင်းကြတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်
ပေါကားချင်း တူတူတောင် နိုင်ငံခြားကကျလည်း ကြည့်အကောင်းသားမလို့ အမောပြေအပန်းပြေ စမ်းကြည့်ကြဖို့ တိုက်တွန်းရင်း...

Movie Link

December Movie Main Channel

08 Nov, 13:01


Missing Woman (2016)

မိခင်မေတ္တာကို ထူးထူးဆန်းဆန်းအမှုလေးနဲ့ ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးပါ။
ဘဝကိုကြိုးစားရုန်းကန်နေရတဲ့ တစ်ခုလပ်ကလေးအမေ ဂျာနယ်လစ် လီဂျီဆန်း၊
အလုပ်ကြောင့် သမီးကို ကလေးထိန်းနှင့်ပဲ ထားနေရတဲ့ အခြေအနေမှာ ရုတ်တရက် ကလေးရော ကလေးထိန်းပါ ပျောက်သွားကြတော့……………………
အလုပ်ကြောင့် သမီးကို ဂရုမစိုက်နိုင်ပေမယ့် အရေးကြုံတော့ အသက်ပါ စွန့်ရဲသည့် အမေတစ်ယောက်၏မေတ္တာ မကျန်းမာတဲ့ သမီးလေးကို ကိုယ်တိုင်ကလည်းခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရပေမယ့် ဘဝပါရင်းပြီး ကုပေးတဲ့ အနှိုင်းမဲ့သောအမေ တစ်ယောက်ရဲ့မေတ္တာ ဘယ်သူဘယ်လောက် ဒုက္ခရောက်နေနေ “ဘယ်သူသေသေ ငတေ မာရင်ပြီးရော”ဆိုတဲ့ လူဗာလတွေ ရှိနေတတ်တာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခံစားရမှာပါ
ဒီဇာတ်ကားမှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ မယားဘ၀ ဘယ်လောက်တောင်ခက်ခဲပြီး အနှိမ်ခံရလည်းဆိုတာကိုလည်း ဒါရိုက်တာက ပေါ်လွင်အောင် ရိုက်ပြထားပါတယ်…

Movie Link

December Movie Main Channel

03 Nov, 09:17


Coco (2017)

အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကိုရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။
အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။
အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်...

Movie Link

December Movie Main Channel

31 Oct, 12:07


Scooby-Doo! and the Gourmet Ghost (2018)

ဖရက်ရဲ့ ဦးလေးဘော်ဘီက သူတို့မွေးရပ်မှာ ချက်ပြုတ်ရေးအပန်းဖြေစခန်းဖွင့်တာကို သူတို့အုပ်စုသွားကြရင်း Mystery Case နဲ့ကြုံရတာပါ။ ဖရက်တို့ရဲ့ ဘိုးဘေးဖြစ်သူ နာမည်ကျော်စားဖိုမှူးအက်၀ပ်ဒူဖလေက တော်လှန်ရေးစစ်ပွဲအတွင်းမှာ မြို့ရဲ့သူရဲကောင်း လေးစားခံရတဲ့သူပါ။ ပါဆယ်စနစ်ကို စတီထွင်ခဲ့တဲ့သူပါတဲ့။ တစ်ရက်မှာ သူ့အင်းကနေ သရဲနီကြီးလို့ အော်ရင်း ပျောက်သွားပါလေရော။ အဲဒီချိန်ကစပြီး အင်းမှာ သရဲနီကြီး ခြောက်နေတယ်ဆိုတဲ့ ဇာတ်လမ်းတွေ ဒီနေ့ထိ ရှိနေပါတယ်။
ဖရက်ဦးလေးဘော်ဘီက ဒီအင်းကို ခေတ်မီနည်းပညာနဲ့ပြန်လည်ဆန်းသစ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ချက်ပြုတ်တဲ့ အစီအစဉ် လုပ်တဲ့အခါမှာ သရဲနီကြီး ပြန်ပေါ်လာပါတော့တယ်။ စကူဘီဒူးတို့တစ်သိုက် ဒီသရဲနီကို လိုက်ဖမ်းကြရင်း စားဖိုမှူးဒူဖလေရဲ့ သမိုင်းကြောင်းကိုပါ သိလိုက်ရတဲ့အခါ…

Movie Link

December Movie Main Channel

17 Oct, 13:57


Hellraiser (2022)

အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။
ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။
ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။

Movie Link

December Movie Main Channel

10 Oct, 14:45


Starship Troopers (1997)

နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။
အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ်
ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့ ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။
ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊
ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့် ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့ စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။
ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ်
ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ
အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊
ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊
အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့သင်္ချာနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊
ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့ အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့..

Movie Link

December Movie Main Channel

05 Oct, 11:07


The Little Mermaid (2023)

ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။
ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။
ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။
တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။
ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။
အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။
အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။
ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။

Movie Link

December Movie Main Channel

02 Oct, 15:35


Dr. Wai in the Scripture with No Words (1996)

ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။
ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ကျိန်စာတွေနဲ့ သေတ္တာကြီးကို ရှာတဲ့အကြောင်း ဖွင့်မိပြီးကျိန်စာသင့်သွားတဲ့ လူဆိုးကို ရင်ဆိုင်ရတဲ့အကြောင်းတွေပါ။ ဟာတွေလည်း နှောထားလို့ ရယ်လည်းရယ်ရသလို ဂျက်လီရဲ့အက်ရှင်ခန်းအလန်းတွေကိုလည်း မြင်ရမှာပါ။ ငယ်ဘဝကို ပြန်လွမ်းလို့ကောင်းမယ့် ရုပ်ရှင်အဟောင်းလေးပါပဲ။

Movie Link

December Movie Main Channel

02 Oct, 08:55


Peter Pan (1953)

အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြပါဘူး။
ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည်ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက်ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ….. ပီတာပန်တစ်ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ်လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ NeverLand မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Movie Link

December Movie Main Channel

01 Oct, 14:08


Doctor Dolittle (1998)

နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့… ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။

Movie Link

December Movie Main Channel

29 Sep, 06:46


WALL·E (2008)

Wall-E ဆိုတဲ့ Animated Film ဟ 2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံးခွဲထွက်ခဲ့သည့် WALL-Eသည် ထုတ်လုပ်မှုကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကိုလိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန်စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကိုတွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင်အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည်အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက်ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပါတယ်
ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ
ဆက်လက်ခံစားကြည့်ရှုကြပါ

Movie Link

December Movie Main Channel

27 Sep, 08:00


The Flash (2023)

ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူအချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။

Movie Link

December Movie Main Channel

23 Sep, 10:01


The Longest Yard (2005)

1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာ Adam Sandler နဲ့ ပြန်လည်ဆန်းသစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်း ချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။
ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။
ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။
ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာ အစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာ ကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေ တစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကို အတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။
လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့…

Movie Link

December Movie Main Channel

21 Sep, 12:02


Transformers: Rise of the Beasts (2023)

7 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။
ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။
မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ်စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ်ကောင်ပါပဲ။
အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီမယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန်ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီးကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီးသော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင်တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင်မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို တားဆီးရပါတော့တယ်

Transformers Channel
https://t.me/+otiA05b8-sYxOTRl

December Movie Main Channel

18 Sep, 12:36


CSI Crime Scene Investigation Season 7 အဆုံးထိတင်ထားပါပြီ

CSI Channel Link
https://t.me/+qB3SlL_QFgtlYjRl

December Movie Main Channel

14 Sep, 02:35


Gotham (TV Series 2014–2019)

Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့ ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။

Channel Link
https://t.me/+cxC6PnVVLE4zY2Nl

December Movie Main Channel

09 Sep, 11:43


Lakeview Terrace (2008)

မေနိုးဆရာကြီး Samuel L.Jackson နဲ့ သရဲနှင်ဆရာကြီး Patrick Wilson အပြိုင်ကြဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အေဘယ်က လူမည်းရဲအရာရှိပါ။ သမီးတစ်ယောက် သားတစ်ယောက်နဲ့ single father ပေါ့။
လက်ပေါက်ကပ်ပြီး စည်းကမ်းတွေများလွန်းလို့ သားနဲ့သမီးကပါ ချဉ်နေတဲ့သူပါ။
သူတို့အိမ်ဘေးကခြံကို လူဖြူအမျိုးသား ခရစ်နဲ့ လူမည်းအမျိုးသမီး လီဆာဆိုတဲ့ လင်မယားနှစ်ယောက် ပြောင်းလာပြီးတည်းက အေဘယ် ပုံစံတွေပြောင်းသွားပါတယ်။ သူ့မှာ ရှိတဲ့ toxic mindset ကလူမည်းလူဖြူ စုံတွဲဆက်ဆံရေးကို ခါးခါးသီးသီး မုန်းတီးနေတာပါပဲ။
အဲဒီတော့ ခရစ်နဲ့ လီဆာ ပြောင်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးရာက သူ့ racist အတွေးအခေါ်တွေက ထိန်းမနိုင် သိမ်းမရဖြစ်လာတဲ့အခါ….

Movie Link