နေပြည်တော်ဘိုးဘိုးကြီး @naypyitawbobogyi Channel on Telegram

နေပြည်တော်ဘိုးဘိုးကြီး

@naypyitawbobogyi


News&Media

နေပြည်တော်ဘိုးဘိုးကြီး (Burmese)

နေပြည်တော်ဘိုးဘိုးကြီး အလိုအလျောက်သည်သင့်သည်သင့် နောက်ဆုံး နောက်ဆုံး သင့်အဖွဲ့အစည်းကို ပြောသည်သင့်အနည်းငယ်အရာရှိသော သင့်နေ့နေ့လွတ်လပ်သော သင့်နေ့နေ့လသည်သင့်ရေးဆွေးညွန်များပါရှိပါသလား။ နေပြည်တော်ဘိုးဘိုးကြီးသည် သင့်နေ့နေ့အဆင့်အတန်းလွတ်လပ်သော ရေးဆွေးများနှင့် ညွန့်သည်လှည့်သော သင့်အဖြဲ့အစည်းတိုင်း၏ နောက်ဆုံးလွှာပြောပြပြီး သင့်အဖြဲ့အစည်းအား အလှနုဖွင့်ပါသည်။ သင့်အဖွဲ့အစည်းရေးဆွေးများ အတွက် အလိုအလျောက်မှာ နှစ်ယောက်ကြာနိူနိူကြီးချက်ချက်ကြီးသင့်နေ့နေ့သည်လွတ်လပ်သည်ဖြစ်ရမည်။ သင့်အဖြဲ့အစည်းအကြောင့် တိုင်းတွင်ကို မစိတ့်တဲ့ထားကာဆုံး သည်ရေးဆွေးဖြင့်ရှိရန်သလား။ နေပြည်တော်ဘိုးဘိုးကြီး အလိုအလျောက် သင့်အဖြဲ့အစည်းရေးဆွေးများကို လိပ်လိပ်သည်ကြတင်သည်တယ်။

နေပြည်တော်ဘိုးဘိုးကြီး

10 Nov, 12:41


ယင်းမာပင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်း ဖက်များက လာရောက်ပစ်ခတ်တိုက်ခိုက်

၂၀၂၄၊ နို၀င်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (က)ရပ်ကွက်ရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ် ဝန်ထမ်း အိမ်ရာ၌ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ ၃၀ ဦးခန့်သည် ဝန်ထမ်းအိမ်ရာ၏တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ယင်းမာပင် မြို့၊ (က)ရပ်ကွက်အပြင်ဘက် လယ်ကွင်းများအနီးမှ လက်နက်ငယ်(စိစစ်ဆဲ)များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်ဘိုးဘိုးကြီး

10 Nov, 10:44


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ် အောင်မြင်မှုအား နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆို
ကြသည့် မြင်ကွင်း

နေပြည်တော် နိုဝင်ဘာ ၁၀

နေပြည်တော်ဘိုးဘိုးကြီး

10 Nov, 05:20


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ် အောင်မြင်မှုအား ကြိုဆိုရန် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေကြသည့် မြင်ကွင်း

နေပြည်တော်ဘိုးဘိုးကြီး

10 Nov, 05:01


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ် အောင်မြင်မှုအား ကြိုဆိုရန် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေကြသည့် အနုပညာရှင်များ

နေပြည်တော်ဘိုးဘိုးကြီး

10 Nov, 02:30


အများပြည်သူရုံးပိတ်ရက်များမှားယွင်းဖော်ပြခဲ့သည့် ပြက္ခဒိန်ထုတ်ဝေခဲ့သူများကို
ခေါ်ယူသတိပေးပြီး ဝန်ခံကတိလက်မှတ်ထိုးခိုင်း

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:36


ကရင်နှင့်မွန်ပြည်နယ်အတွင်းရှိ KNUနှင့် အခြားလက်နက်ကိုင်အဖွဲ့များက သတ်မှတ်နယ်မြေများအ လိုက်  အင်အားဖြန့်ခွဲကာ အကြမ်း ဖက်လုပ်များ ပြုလုပ်ရန် ပြင်ဆင်နေ


နေပြည်တော် ၊ နို၀င်ဘာ ၇

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ  ရဲကင်းစခန်းများ၊ အုပ် ချုပ်ရေးမှူးရုံးများအား ထောက် ခံစာလာယူသည့် ပုံစံပြုလုပ် ၍ KNUနှင့် အခြားလက်နက်ကိုင်အကြမ်းဖက်သမားများက ဗုံးခွဲ/ပစ်ခတ်ခြင်းများအား နိုဝင်ဘာလ အတွင်း ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အ စည်းများအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား အသုံးချပြီး စီးပွားရေးလုပ် ငန်းရှင်များ၊ တပ်မတော် ထောက်ခံသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့အဖွဲ့အစည်းကို အားပေးထောက် ခံခြင်းမရှိသည့် လူ ပုဂ္ဂိုလ်/ အဖွဲ့အစည်းတို့အား ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ရန်နှင့် လမ်း ပန်းဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ဖြင့် လမ်း/တံတားများအား မိုင်းခွဲရန်စီမံဆောင်ရွက်သွားမည်ဟု သိရပြီး ၎င်းအကြမ်းဖက်အဖွဲ့အစည်းများမှ သတ်မှတ်နယ်မြေများအလိုက် အကြမ်း ဖက်သမားများအား အင် အားဖြန့်ခွဲကာ အခြေပြုလှုပ်ရှားခြင်းများဆောင်ရွက်သွားမည့်အပြင် အခွင့်သာပါက အင်အားနည်းပါး သည့် တပ်/စခန်းများအား တိုက်ခိုက်ခြင်း၊ ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း နှင့် ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဟု သတင်းရရှိသည်။

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:29


ကျိုက်ထိုမြို့နယ်တွင် KNU/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး/၁ဦးဒဏ်ရာရ

ကျိုက်ထို ၊ နို၀င်ဘာ ၇

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်
သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ လက်နက်ကြီးစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီး ၂ ဦးရောက်ရှိနေကြောင်းသတင်းအရ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာ၀န်ရှိသူများက နိုဝင်ဘာလ ၅ ရက် ညနေ ၄  နာရီမိနစ် ၄၀ခန့်တွင် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သိမ်ဇရပ်မြို့၊ မြရတနာရပ်ကွက်နေ ဒေါ်ခင်မြင့် ၇၀ နှစ်တွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ ၎င်း၏မြေးဖြစ်သူ မလဲ့လဲ့စံ ၁၇ နှစ်တွင် ဝဲလက်ခုံပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ဝဲပေါင်ပေါက်ပြဲဒဏ်ရာ(၂)ချက်(မစိုးရိမ်ရ)တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် မှုခင်းဆေးစာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေး မြန်းရာ ယင်းနေ့ ညနေ ၆  နာရီ မိနစ် ၂၀ခန့်တွင် ဒေါ်ခင်မြင့်နှင့် မလဲ့လဲ့စံတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် မြို့၊ အမှတ်(၁)ရပ်ကွက်ကြီး၊ ရွာလေးကျေးရွာသုဿာန်အနီး သီဟမင်းဆွေအမည်ရှိ ဂဝံကျောက် မိုင်းအဟောင်း (လူမနေ/လုပ်ငန်းရပ်တန့်လျက်ရှိ)ဘက်မှ KNU/ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့(စိစစ်ဆဲ)က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ် ခဲ့၍ ဒေါ်ခင်မြင့်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဒေါ်ခင်မြင့်နှင့် မလဲ့လဲ့စံတို့ ၂ ဦးအား သိမ်ဇရပ်လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ် ဒေါ်ခင်မြင့်မှာရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:08


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်ဘိုးဘိုးကြီး

07 Nov, 15:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်ဘိုးဘိုးကြီး

06 Nov, 14:09


ရွှေဘိုမြို့တွင် PDF အကြမ်းဖက်အဖွဲ့အတွက် ရန်ပုံငွေနှင့် စားနပ်ရိ က္ခာများအား ကောက်ခံ၍ ထောက် ပံ့ ပို့ဆောင်ပေးခဲ့သူ၂ ဦးကို ဖမ်း ဆီးရမိ


ရွှေဘို၊ နို၀င်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ နယ်၊ အမှတ်(၈) ရပ်ကွက်၊ ရွှေဘို- ဆိပ်ခွန်သွားကားလမ်း၊ အောင်ချမ်းသာစျေးအနီး၌ ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ နိုဝင်ဘာလ ၄ ရက် နံ နက် ၁၀နာရီခန့်တွင် ဖြတ်သန်းသွားလာသောယာဉ်များ စစ်ဆေးဆောင်ရွက်စဉ် အဆိုပါလမ်းအ တိုင်း ဆိုင်ကယ်မောင်းနှင်လာသူ ပိုင်ရှိုင်း ၂၈ နှစ်နှင့် ဒေါ်နွေးနွေးထွေး ၃၀ နှစ်၊ စောင်တန်းကျေးရွာနေသူတို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရပ်တန့် စစ်ဆေးခဲ့ရာ 
ပိုင်ရှိုင်းသည် ၂၀၂၁ ခုနှစ်တွင် ရွှေဘိုမြို့ပေါ်၌ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ရွှေဘိုခရိုင် PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း (၂၆)မှ အဖွဲ့ဝင် ဇော်မျိုးထက်(ခ)နှဲကြီး ဆိုသူနှင့် ခင်မင်ရင်းနှီးပြီး လက်ကိုင်ဖုန်းအတွင်း Facebook ၊ Tiktok အကောင့်များဖြင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမည့်စာသားများ ရေးသားဖော်ပြထားကြောင်းနှင့် ဒေါ်နွေးနွေးထွေးသည် ရွှေဘိုမြို့နယ်၊ စောင်တန်းကျေးရွာတွင် အခြေပြု၍ လှုပ်ရှားနေသည့် ရောင်နီ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အတွက် ရန်ပုံ ငွေနှင့်စားနပ်ရိက္ခာများအား ကောက်ခံ၍ ထောက်ပံ့ပို့ဆောင်ပေးခဲ့ပြီး ၎င်း၏လက်ကိုင်ဖုန်းအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်လာစေရန် သွေးထိုးလှုံ့ဆော်သည့်စာများအား ရေးသားဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ကို ဖမ်းဆီး ခဲ့ပြီး ဖမ်းဆီးရမိတရားခံ ၂ ဦးအား ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိသည်ဟု သတင်းရရှိသည်။

နေပြည်တော်ဘိုးဘိုးကြီး

06 Nov, 10:42


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ၊ နိုဝင်ဘာ - ၆

နေပြည်တော်ဘိုးဘိုးကြီး

06 Nov, 10:25


မတ္တရာမြို့နယ်တွင်PDF အကြမ်းဖက်သမားများထံမှ အလောင်း ၃ လောင်း၊ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မတ္တရာ၊ နို၀င်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊  မတ္တရာမြို့၏ အ
နောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာ၊ ထိန်ပင်ဇောက်ကျေးရွာအနီး၌ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ၏အခြေပြုနေရာသို့ နိုဝင် ဘာ လ ၃ ရက် မွန်းလွဲ ၂  နာရီခန့်က PDFအမည်ခံ အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့ အင်အား ၂၀ ဦးခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လာရောက်ပစ်ခတ် တိုက် ခိုက်ခဲ့သဖြင့် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ ၎င်းအကြမ်းဖက် သောင်းကျန်းသူများ အထိနာကာ ထွက်ပြေးသွားသဖြင့် လိုက်လံရှင်းလင်းစဉ် ၎င်းတို့ထံမှ အ လောင်း ၃ လောင်း၊ MA-3 သေနတ်တစ်လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၁၁၅ တောင့်၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ အီကွေ့မန့် ၂ စုံ၊ ကျောပိုးအိတ် ၈ လုံး၊ PDF ပြောက် ကျား ယူနီဖောင်း ၃ စုံနှင့် စစ်သုံးရေဘူး ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရရှိသည်။

နေပြည်တော်ဘိုးဘိုးကြီး

05 Nov, 16:51


တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊ နိုဝင်ဘာ - ၅

နေပြည်တော်ဘိုးဘိုးကြီး

05 Nov, 16:49


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ၊ နိုဝင်ဘာ - ၅

နေပြည်တော်ဘိုးဘိုးကြီး

05 Nov, 16:48


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့်ကူမင်းသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ - ၅

နေပြည်တော်ဘိုးဘိုးကြီး

01 Nov, 14:58


၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို လာမည့် ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:58


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:58


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:56


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့မှ လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေး

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:54


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတင်းကြေညာချက် ထုတ်ပြန် (၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နိုဝင်ဘာ ၁၈ မှ  ၂၇ ရက်နေ့အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်၍ ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်၊ နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်)

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:50


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:49


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:48


နမ့်ပန်တက်၊ ရေယား ဘက်က ၆ ရွာကို ရေပေါင်းစုံဘက်ကမီးပြန်ပေးနိုင်ဖို့မလွယ်သေးလို့၊ ကလော-ရေအား ၁၁ကေဗွီလိုင်း ဆွဲနေတာ ပြီးစီးပါတော့မယ်။ ရွာသူရွာသားများကလဲ တောင်ထိပ် ဓါတ်အားလိုင်းနေရာကို ရေ၊ ကျောက်သဲ၊ ဘိလပ်မြေနဲ့ လိုင်းဆွဲပစ္စည်းများရောက်ရှိဖို့ ကူသယ်ပေးကြပါတယ်။ ရှမ်းတောင်အပိုင်က ၆ရွာမီးပြန်လင်းဖို့ဝိုင်းကူပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း....

credit.Taunggyi

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 14:22


ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံ ရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊အောက်တိုဘာ ၃၁

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 07:59


ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့(ဌာနေ)အဖွဲ့ထံသို့ PDF  အကြမ်းဖက် အဖွဲ့ဝင်တစ်ဦး အလင်းဝင်

မန္တလေး ၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့(ဌာနေ)ထံသို့ အောက်တိုဘာလ ၂၈ ရက် ည‌နေ ၆ နာရီခန့်က PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းရရှိသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အလင်းဝင်ရောက် လာသူမှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ အောင်ဇင်ဟိန်း(ခ)အောင်ပု (၂၃) နှစ်ဖြစ်ကြောင်း၊ ၎င်းစစ်ဆေးချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ်၊ မေလခန့်က ကော့ကရိတ်တောင်ဘက်ခြမ်း၊ ကွင်းကလေးကျေးရွာရှိ KNU သောင်းကျန်းသူအဖွဲ့၏ အခြေပြုနေရာ၌ သင်တန်း ၂ ပတ်ခန့်တက်ရောက်၍ အဆိုပါနေရာ၌ ထမင်းချက်နှင့် သန့်ရှင်းရေးအလုပ်အား ၁ နှစ်နှင့် ၅ လခန့်လုပ်ကိုင်ခဲ့ပြီး တစ်ခါတစ်ရံ ထမင်းထုပ် လိုက်ပို့ရသဖြင့် ၎င်းအလုပ်များအား လုပ်ကိုင်လိုခြင်းမရှိဘဲ ထွက်ပြေးလာကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။

နေပြည်တော်ဘိုးဘိုးကြီး

31 Oct, 07:56


ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့်
KNLA သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA ထံမှ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ကြာအင်းဆိပ်ကြီး ၊ အောက်တိုဘာ ၃၁


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသောစစ်ကြောင်းသည် အောက်တိုဘာ ၂၉ရက် မနက်ပိုင်းတွင်
လွှတ်ရှမ်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် KNLA သောင်းကျန်းသူ၊ တပ်မဟာ(၆) အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းသောင်းကျန်းသူအဖွဲ့များသည် အရှေ့ဘက်သို့ ထွက်ပြေး သွားသဖြင့် လိုက်လံရှင်းလင်းစဉ် ၎င်းတို့ထံမှ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၆၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဝါယာကြိုး ၂၀ ကိုက်နှင့် ကျည်ကာအင်္ကျီ ၂ ထည်တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရရှိသည်။

နေပြည်တော်ဘိုးဘိုးကြီး

30 Oct, 15:37


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်ဘိုးဘိုးကြီး

30 Oct, 15:26


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်ဘိုးဘိုးကြီး

22 Oct, 16:11


နိုင်ငံခြားရေးဝန်ကြီး ဌာန
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

နေပြည်တော်ဘိုးဘိုးကြီး

22 Oct, 14:11


ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ ဒေသခံလူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာ ကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းအမှား များအား လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၂၂

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 14:21


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 14:17


ပထဝီဝင်ဘာသာရပ်သင်ကြားခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမည်
-------------------------------
ပထဝီဝင်ဘာသာရပ်သင်ကြားခြင်း နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်မှ (၃) ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနတွင် ကျင်းပမည်ဖြစ်ပါ၍ ပထဝီဝင် မိသားစုဝင်များအားလုံး ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။
အလှူငွေများထည့်ဝင်လိုပါက ဖုန်းနံပါတ် (၀၉-၇၉၇၇၀၃၅၀၆) (K Pay) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 14:15


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 14:15


အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံများအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၂၁

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 14:12


ဧရာဝတီတိုင်းဒေသကြီး၌ သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်မှုထမ်းကိစ္စများကိုပါ မေးမြန်းကောက်ယူနေကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေ

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 13:54


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက် ဦးရေ ၂သန်းပြည့်မြောက်သည့်ဘုရားဖူးပြည်သူအား ဓမ္မလက် ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်

နေပြည်တော်၊ အောက်တိုဘာ ၂၁

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 05:24


ပုသိမ်လေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းတို့က တစ်ပတ်လျှင် (၄)ရက် ပျံသန်းပြေးဆွဲလျက်ရှိ

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 05:19


ခုတ်ရာတခြား တော်လှန်ရေး


တောင်ကိုရီးယားက စာရေးဆရာမ ယန်ကန်း စာပေဆိုင်ရာနိုဗယ်ဆု ရခဲ့သည်။

သူ့စာအုပ်တွေထဲက'The Vagetarian'ကို ဆရာသင့်လူ ဘာသာပြန်သည့် 'သားသတ်လွတ်သမ 'စာအုပ်ကို ဘိုးဘိုးကြီးဖတ်ဖူးသည်။

အဆိုပါ စာရေးဆရာမ နိုဗယ်ဆု ရတယ်ကြားတော့ Facebookမှာ သူ့စာအုပ် ဘာသာပြန်ရှိလားမေးကြ
သည်။ တစ်ယောက်က ဆရာသင့်လူ ဘာသာပြန်သည့် 'သားသတ်လွတ်သမ' စာအုပ်ရှိကြောင်းမှတ်ချက်ပေးတာ့ 'သင့်လူတော့ နေပါတော့' ဟု ဆိုလေသည်။


" စာရေးဆရာကို ဘွိုင်းကောက်လုပ်တယ်ဆိုတာ ပေါတောတော လုပ်ရပ်ပါ။ ရန်သူစာရေးဆရာ ရေးတဲ့ စာအုပ်တောင် ဖတ်သင့်ရင် ဖတ်ရတယ်။ အထူးသဖြင့် ပင်ကိုရေးတွေ။ စာပေဟာ တခြားကုန်ပစ္စည်း၊ တခြားဝန်ဆောင်မှုနဲ့ မတူဘူး။ အပေါစားစာ မဟုတ်ရင် ဒီစာကို သူပဲ ရေးတာ၊ အပြိုင်ထုတ်လုပ်တာ၊ အပြိုင်ဝန်ဆောင်တာ မရှိဘူး။ unique ပဲ။ သူ ရေးတာကို တခြားသူဆီက မရနိုင်ဘူး။ နောက်ပြီး သူတို့ ဘွိုင်းကောက်မယ်ဆိုတာက ရသစာပေမှာ သူ့ဟာနဲ့သူ နေရာကြီးကြီးမားမား ရထားသူတွေ ပါတယ်။ ကိုယ် အမြီးပြတ်တာနဲ့ သူများ အမြီး လိုက်ဖြတ်သလိုပဲ။ ကိုယ်က စာမသိ၊ပေမသိ အသိဉာဏ်နုံနဲ့တိုင်း သူများကို စာပေ မဖတ်နဲ့ လိုက်ပြောနေသလိုပဲ။"ဟု ကဗျာဆရာတစ်ဦးက သူ၏ Facebookတွင် မှတ်ချက်ပြုထားသည်။


သပိတ်မှောက်သည့် ကိစ္စ လက်လွန်သွားသလို တော်လှန်ရေးအတွက် လော်ဘီလုပ်တာတွေလဲ လက်လွန်ကုန်ကြလေပြီ။


စစ်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေးမလိုတော့ဘူးဆိုပြီးအမေရိကား ထွက်ပြေးလာသည့် ၉၆ မျိုးဆက်
ဂျာနယ်လစ်လေးတစ်ယောက်ရဲ့ ကြွေးကြော်သံကိုကြားလိုက်ရသည်။

ထောက်ခံသူတွေကလဲ ထောက်ခံပြီး Share ကြပေါ့။

"မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ။သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ "

ကြွေးကြော်သံတွေက တကယ်မိုက်သည်။

တခါတလေတော့ စဉ်းစားကြည့်မိသည်။
နိုင်ငံရေးလုပ်မယ့်သူတွေ
ဘာလို့ ဒီလောက်ညံ့သွားရသလဲ။

လူငယ်တွေကတော့ ထားလိုက်ပါတော့။ငယ်သေးလို့၊ အတွေ့အကြုံမရှိသေးလို့ ။

ဒါပေမယ့် အသက် (၇၀) (၆၀) ဝန်းကျင်တွေကActivist အဆင့်က တက်မလာပဲလူငယ်တွေအကြိုက်တွေပြောလူငယ်တွေ နောက်မြီးဆွဲလုပ် လူရာဝင်ချင်နေတာ
ဘာကြောင့်လဲ။အဖြေကရှင်းပါသည်။လေ့လာသင်ကြားမှု
တွေ ဆက်တိုက်မလုပ်ခဲ့တာရယ်။
ပညာကောင်းကောင်း မသင်ခဲ့ကြလို့ပါ။နိုင်ငံရေးသမားလုပ်ချင်ရင်အနိမ့်ဆုံးရာဇဓိရာဇ် အရေးတော်ပုံကျမ်းလောက်တော့
ဖတ်ဘူးသင့်ပါသည်။

နိုင်ငံရေးမပြေလည်၍ စစ်ဖြစ်ရသည်။

စစ်ရေးမပြေလည်ရင် နိုင်ငံရေးဘက်ပြန်လှည့်ကြရပါသည်။


"၂၀၂၄ ကုန်ဖို့ ၂လပဲလိုတော့တယ်ဆိုတော့ NUGကဝန်ကြီးဆိုသူ
တွေ ၂၀၂၅အတွက် ကဗျာတွေ
စာတွေဘာညာသာရကာတွေ ကြိုရေးထားလို့ရပါပြီ။၂၀၂၅မှာ အိမ်ပြန်မယ်တော့မလုပ်နဲ့တော့နော်။ အသစ်အဆန်းပြောင်းပေးပါဦး ။"ဟု တော်လှန်ရေးသမားတစ်ဦးက မေးခွန်းထုတ်လေသည်။


မိဘပြည်သူအပေါင်း လုပ်စား တော်လှန်ရေးများရန်မှ ကင်းဝေးကြပါစေ။

နေပြည်တော်ဘိုးဘိုးကြီး

21 Oct, 05:01


ဘီလူးချောင်း အမှတ် (၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝန်းအတွင်း သဲနုန်းရှင်းလင်းခြင်းနှင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ပြီးပါက မကြာမီလျှပ်စစ်မီးပုံမှန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည်