Myo Taw NEWS Channel @myotawnews Channel on Telegram

Myo Taw NEWS Channel

@myotawnews


News & Media

Myo Taw NEWS Channel (English)

Welcome to the Myo Taw NEWS Channel, your go-to source for the latest news and updates on a variety of topics. As a member of our channel, you will have access to breaking news, in-depth analysis, and informative articles on current events in the news and media industry. Stay informed and up-to-date with all the happenings around the world with just a click of a button!
Who is it? The Myo Taw NEWS Channel is a platform dedicated to delivering news and media content to its subscribers. Whether you are interested in politics, entertainment, sports, or technology, our channel has something for everyone. With a team of experienced journalists and editors, we strive to provide accurate and reliable information to our audience.

What is it? The Myo Taw NEWS Channel is a Telegram channel that offers a wide range of news and media content to its members. From breaking news to feature stories, we cover a variety of topics to keep you informed and engaged. Join our channel to stay updated on the latest developments in the world of news and media. Don't miss out on any important news - subscribe to Myo Taw NEWS Channel today!

Myo Taw NEWS Channel

15 Feb, 12:51


နေပြည်တော်မှာ ပိုင်ရှင်မဲ့အလောင်း တွေ့ရှိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/1M6Zyu1Twfg

မြို့တော် News Channel

Myo Taw NEWS Channel

15 Feb, 10:41


ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာစီယံ အစည်းအဝေး တက်ရောက်ရန် ထိုင်းတရားရုံးက ခရီးသွားလာခွင့်ပြုခဲ့ပေမယ့် ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားကိုသွားလာခွင့် ပယ်ချ

ဖေဖော်ဝါရီ ၁၅

ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ အစည်းအဝေးကို တက်ရောက်ရန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ တောင်းဆိုချက်ကို ရာဇဝတ်မှုဆိုင်ရာတရားရုံးက အတည်ပြုလိုက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းအနေနဲ့ ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံထဲ ပြန်ရောက်အပြီး ခရီးပြန်ထွက်ခွာဖို့အတွက် ဘတ် ငွေ ၅ သန်း အာမခံနဲ့ ဒုတိယအကြိမ် ခွင့်ပြုခြင်း ခံရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရားရုံးဟာ ဒီခရီးစဉ် ကာလအတွင်း ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကို သွားရောက်ဖို့ သူရဲ့တောင်းဆိုချက်ကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။

သက်ဆင်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အကြံပေးအဖြစ် ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ဘရူနိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အခုနှစ်မှာ အာစီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူထားပြီး ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံရေးရာတွေအတွက် သူ့ရဲ့ တရားဝင်မဟုတ်တဲ့ အကြံပေးအဖြစ် သက်ဆင်ကို ခန့်အပ်ခဲ့တာပါ။

၂၀၁၅ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း သက်ဆင်က နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေခြင်းနဲ့ ကွန်ပျူတာ ရာဇဝတ်မှုစွဲချက်တွေနဲ့ ပတ်သက်ပြီး တရားရုံးချိန်းကို စောင့်ဆိုင်းနေရတာကြောင့် အာမခံချက်များအရ ခွင့်ပြုချက်မပါဘဲ နိုင်ငံက ထွက်ခွာသွားခြင်းကို တားမြစ်ထားတာခံထားရပါတယ်။

အခုနှစ် ဇူလိုင်လမှာ သူအမှုနဲ့ပတ်သက်ပြီး သက်သေထွက်ဆိုချက်တွေကို ကြားနာဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်မှာလည်း သက်ဆင်ဟာ မလေးရှားနိုင်ငံကို သွားရောက်ပြီး မစ္စတာ အန်ဝါနဲ့တွေ့ဆုံဖို့အတွက်တရားရုံးက ခွင့်ပြုခဲ့ပြီး အာမခံရန် ဘတ် ၅ သန်း ထားခဲ့ရပါတယ်။

သက်စင်ဟာ အခုခရီးစဉ်အတွင်း အစိုးရမဟုတ်တဲ့ စီးပွားရေးသမားအချို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ် နဲ့ သူရဲ့ မိတ်ဆွေဟောင်း ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံတို့ကို ခရီးသွားဖို့ တောင်းဆိုမှုတွေကိုတော့ ထိုင်း တရားရုံးက ပယ်ချခဲ့ပါတယ်။

မြို့တော် News Channel

မြို့တော်ကိုထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

15 Feb, 10:30


မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အမေရိကန်အနေနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို စွန့်လွှတ်သင့်ကြောင်း ပြောကြား

ဖေဖော်ဝါရီ ၁၅

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ရဲ့ ပင်မပိုင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေ ပါက စစ်ရေးခြိမ်းခြောက်မှုတွေကို စွန့်လွှတ်သင့်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ဦးကို ကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်များ (ICBMs) ဟာ အမေရိကန်ပြည်ထောင်စုအထိ ရောက် ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ မြောက်ပိုင်း တပ်မှူးချုပ်က မကြာသေးမီက မှတ်ချက် ပြုပြောကြားခဲ့ကြောင်း KCNA သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီတင်ဆက်မှုအတွင်း အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ခြင်း တို့လို ထိပ်တိုက်ရင်ဆိုင်တဲ့ အပြုအမူတွေ ပါဝင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ ဒီလိုဆောင်ရွက်မှုတွေကြောင့် မြောက်ကိုရီးယားအနေနဲ့ အချုပ်အခြာအာဏာနဲ့အညီ မိမိတို့နိုင်ငံအတွက် ကာကွယ်ရေးစွမ်းအားကို တိုးတက်စေဖို့ အခွင့်အရေးရရှိခဲ့ကြောင်းလည်း တင် ဆက်မှု အတွင်းမှာထည့်သွင်း ပြောကြားခဲ့တာကိုတွေ့ရပါတယ်။

မြို့တော် News Channel

မြို့တော်ကိုထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

15 Feb, 09:54


ကုန်ကားတွေ ရပ်ခိုင်းပြီး ချောဆွဲရုံသာမက ကြက်သွန်၊ အာလူး စတဲ့ စားစရာတွေကို ကားစစ်ဆေးပြီး ခွဲထုတ်ယူထား

ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်မြို့နယ်အစပ်က ထယ်ပင်ကျိုးရွာအနားက ထယ်ပင်ကျိုးဂိတ်မှာ ဖေဖော်၀ါရီလ ၁၄ ရက်နေ့က ပြည်မြို့ စျေး၀ယ်သွားတဲ့ ကံမမြို့မြောက်ချောင်းဘက်က ကုန်ကား ၂ စီးနဲ့ တောင်ချောင်းဘက်က ကုန်ကား ၁ စီး ချောဆွဲခံရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကံမမြို့က ပြည်မြို့ကို နေ့စဥ် ကုန်တွေပို့နေတဲ့ ဒိုင်နာ ကားနှစ်စီးကို ရပ်တန့်စစ်ဆေးကာ ဒရိုက်ဘာနဲ့ စပယ်ယာကိုပါ ဖမ်းဆီးထားပြီး ပန်းတောင်း ကပစ က စစ်လက်နက်တွေ သယ်ယူပေးဖို့ ခေါ်ထားခံရတယ်လို့ သိရပါတယ်။

" ကံမမြို့ မြောက်ချောက်ဘက်က စျေးကုန်သယ်တဲ့ ကုန်ကား ၂ စီး နဲ့ တောင်ချောင်းဘက်က ၁ စီး အဲ့ဒီ ဂိတ်မှာ အဖမ်းခံထားရတာကို တွေ့တယ်၊ ပန်းတောင်းတပ်က စစ်သားတွေကိုသယ်ပြီး ပို့ပေးရမယ်လို့ ပြောသံကြားတယ် ကားသမားနဲ့ စပယ်ယာကို ကားထားခဲ့မလား လိုက်ပို့မလားမေးနေတယ် " လို့ ဖြစ်စဉ်ကိုသိတဲ့ အသက် ၃၀ အရွယ် ခရီးသွားအမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ထယ်ပင်ကျိုးဂိတ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ပြည်မြို့ကို ဆိုင်ကယ်နဲ့ စျေး၀ယ်သွားတဲ့ လူငယ်တွေကို မှတ်ပုံတင်စစ်ဆေးပြီး စစ်မှုထမ်းဖို့ ခေါ်ထားတာ၊ ခရီးသွားကုန်ကားတွေဆီက ကြက်သွန်နဲ့ တခြားစားစရာတွေ ခွဲထုတ်ယူထားတာတွေ လုပ်တယ်လို့ သိရပါတယ်။

" မှတ်ပုံတင်တွေ စစ်တယ်၊ အသက် က ၁၈ ကနေ ၃၅ အတွင်းဆို ခေါ်ထားတာ၊ ခုဆို ပြည်ကို ခရီးသွားမယ့် လူငယ်တွေ မသွားရဲကြဘူး အဲ့ဂိတ်ကတအားဆိုးတာ၊ ကုန်ကားတွေဆိုရင် ကြက်သွန် အာလူး သူတို့အတွက် သီးသန့်တစ်ထုတ်ပို၀ယ်လာရတာ၊ သူတို့က မပေးရင် အိပ်ဖြဲပီးယူတာ " လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ခရီးသွားတစ်ဦး အသက် ၃၀ ၀န်းကျင် အမျိုးသမီးက မြို့တော်ကို ပြောပါတယ်။

ထယ်ပင်ကျိုး ဂိတ်ဟာ မကွေးတိုင်း အထွက် ပဲခူးတိုင်း အ၀င်နားမှာ တည်ရှိပြီး မကြာခဏဆိုသလို လူငယ်တွေကို ဖမ်းတာ ခရီးသွားကားတွေဆီက ငွေကြေးနဲ့ စားစရာတောင်းတာတွေကြောင့် နာမည်ပျက်နဲ့ သတင်းကြီးတဲ့ ဂိတ်တခုလည်း ဖြစ်ပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

15 Feb, 08:51


လမ်းသွားပြည်သူတွေကို ငွေညှစ်၊ အနိုင်ကျင့်၊ ဖမ်းဆီးတာတွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ပျူတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၁၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က လမ်းသွားပြည်သူတွေကို ငွေညှစ်ဖမ်းဆီးပြီး အနိုင်ကျင့်တာတွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ငါန်းဇွန်မြို့နယ် အနောက်ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ငွေညှစ်၊ အနိုင်ကျင့်၊ ဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူ‌စောထီး အင်အား ၁၀၀ ခန့်ကို ဆပ်ပြာကျင်းရွာအရောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ဆပ်ပြာကျင်းရွာအရောက်မှာ ပထမအကြိမ် Fixed Wings Drone ၂ စီးနဲ့ 700 Kg ဗုံးသီး ၂ လုံးကြဲချပြီး ညနေပိုင်းမှာ ဆပ်ပြာကျင်းရွာမှ အရှေ့ဘက် ဘုန်းကြီးကျောင်းကို ပြန်လည်ဆုတ်ခွာတာကို ထောက်လှမ်းသိရပြီး 40MM Pading လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်"လို့ TGYR-YouthGuerrillaCounterRevolution-NZ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသိရှိထားပြီး အတည်ပြုနိုင်ဖို စုံစမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို TGYR-YouthGuerrilla CounterRevolution-NZ(TGYR-DroneTeam)၊ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း၊ အမရပူရမြို့နယ်(ပကဖ)၊ အညာသား-ပြောက်ကျားတပ်ဖွဲ့၊ အားမာန်သစ်-ပြောက်ကျားတပ်ဖွဲ့နဲ့ ငါန်းဇွန်မြို့နယ်-မြို့နယ်(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စကစက ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်တာတွေနဲ့ လေကြောင်းမှ ဗုံးကြဲနေတာတွေကို ဆက်လက်ပြုလုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ လေကြောင်းအသိ သတိရှိစွာ နေထိုင်ကြဖို့ကိုလည်း TGYR-Youth GuerrillaCounterRevolution -NZက အသိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ငါန်းဇွန်မြို့မှ တောင်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီကားကြီး ၃စီးကို ထွန်းသာရွာနဲ့ ဂျိူရွာကြားအရောက်မှာ မိုင်း ၄လုံး ပွိင့် ၂ ပွိင့် နဲ့ စုစုပေါင်း မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လိုလည်း သိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

15 Feb, 07:02


စစ်ကောင်စီရဲ့ မြို့နယ်လျှပ်စစ်ရုံးဝန်းအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီ ၁၅

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့ခင်း ၂ နာရီ ဝန်းကျင်ခန့်က မြို့နယ်လျှစ်စစ်ရုံး(EPC)ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Forceက မနေ့က ထုတ်ပြန်ထားပါတယ်။

အမှတ် (၁၅)နယ်မြေ မြို့သစ်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးနေတဲ့ မြို့နယ်လျှပ်စစ်ရုံးဝန်းအတွင်းကို လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"အသံအကျယ်ကြီး တစ်ချက်ကြားလိုက်ရတာ။ လျှပ်စစ်ရုံးဘက်ကို ကျတယ်ပြောတယ်။ လျှပ်စစ်ရုံးကလည်း အထုခံရမှာပဲ မီးတာကြေးသာ ဆောင်ရတာ မီးကျမလာဘူး။ မီတာကြေး မဆောင်တဲ့ အိမ်တွေကို စကစက မီတာပုံးတွေ ဖြုတ်သွားတာတွေလည်း ရှိတယ်"လို့ ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပစ်ခတ်မှု စစ်ဆင်ရေးကို Chauk Guerrilla Force(C.G.F)နဲ့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊Kyaukpadaung Special Defence Force မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး ပြည်သူလူထုအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပြည်သူ့ဘက်မျက်နှာမူရန်ရည်ရွယ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးမှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ (EPC)လျှပ်စစ်ရုံးမှာ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပြီး မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို တိုက်ထုတ်သွားမှာဖြစ်ကြောင်း Chauk Guerrilla Forceက အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စကစရဲ့ ထောက်တိုင်ဖြစ်တဲ့ လျှပ်စစ်ရုံးအပါအဝင် ပြည်သူတွေအပေါ်ကို မတရား အနိုင်ကျင့်မှုတွေရှိနေပြီး လျှပ်စစ်ရုံးတွေကလည်း မီတာခတွေ အတင်းအကြပ်တောင်းခံတာတွေနဲ့ မီတာကြေးမဆောင်နိုင်တဲ့ အိမ်တွေကို မီတာပုံးဖြုတ်တာတွေ လုပ်ဆောင်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

15 Feb, 06:34


ကမ်းပါးနီစခန်း သိမ်းပိုက်ခံရပြီး‌နောက် ကလေးမြို့နယ်က ဆေးပေးခန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်နေ

ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းနဲ့ နတ်ချောင်းရွာက ဆေးပေးခန်းများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

နတ်ချောင်းရွာက ဆေးပေးခန်းကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်ဦးများ ပျက်စီးခဲ့ပြီး ညနေ ၆ နာရီ ၄၇ မိနစ်ခန့်မှာ ကျော်ရွာရှိ ဆေးပေးခန်းကို ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

" ကမ်းပါးနီ စခန်းသိမ်းပြီးကတည်းက လေကြောင်းကန လာပစ်နေတာပါ၊ ခုက ဆေးပေးခန်းတွေကို ဗုံးကြဲနေတာ၊ ကျွန်တော့အထင်တော့ ကမ်းပါးနီ တိုက်ပွဲမှာ ထိခိုက်တဲ့ တော်လှန်ရေးရဲဘော်တွေကို ဆေးကုပေးတယ်လို့ ယူဆရတဲ့ နေရာတွေကို ကြဲနေတာ၊ ဒီဆေးဆန်းတွေက ဆေးခန်းတောင် ပုံမှန် ဖွင့်နိုင်တာ မဟုဘူး၊ လေယာဥ်သံတွေက ဒီနေ့ထိ ကြားနေရတုန်းပဲ'' လို့ ဒေသခံ အမျိုးသား တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ကလေးမြိုနယ် တောင်ပိုင်း မဏိပူရ မြစ်ကူးတံတားအနီးက ကမ်းပါးနီ စခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တော်လှန်ရေး အင်အာစုများက သိမ်းပိုက် ထိန်းချုပ်လိုက်တာကြောင့် အခုလို လေယာဥ်နဲ့ ဆက်တိုက် ဗုံးကြဲနေတာလို့ သိရှိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီ က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း တင်သားကျေရွာက ဆေးပေးခန်းတစ်ခုကို လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း တင်သားကျေးရွာက စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသူငယ်အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကာ ၂၀ ကျော် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

12 Feb, 04:03


စစ်ခေါင်းဆောင်က ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ကိုလိုနီနယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ် မှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်းပြောဆို

ဖေဖော်ဝါရီ ၁၂

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ကျရောက်တဲ့ (၇၈) နှစ် မြောက် ပြည်ထောင်စုနေ့အတွက်သဝဏ်လွှာပေးပို့ရာမှာ ကိုလိုနီနယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်းပြောဆိုထားတာကို တွေ့ရပါတယ်။

စစ်ခေါင်းဆောင်က တိုင်းရင်းသားများ၏ ပင်ကိုစိတ်ရင်းတွင် အေးချမ်းစွာ နေထိုင်စားသောက် လို စိတ်၊ ကိုယ်ချင်းစာစိတ်နှင့် အချင်းချင်းရိုင်းပင်းကူညီလိုစိတ် အပြည့်ရှိကြပြီး ပကတိရိုးသား ဖြူစင်သော စိတ် ထားရှိကြပါကြောင်း၊ ကိုလိုနီနယ်ချဲ့တို့၏ သွေး ခွဲအုပ်ချုပ်မှု ပယောဂ ကြောင့် ယနေ့ အချိန်ထိတိုင်းရင်း သားညီနောင် အချင်းချင်းအကြား လက်နက်ကိုင် ပဋိပက္ခများဖြင့် မတည်မငြိမ် မအေး မချမ်း ဖြစ်နေရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ပါတီစုံဒိမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦးသဘောထား ကွဲလွဲမှုများ ရှိနိုင်သော်လည်း ကိုယ်စီ၏ လိုလားချက်ကို လက်နက်ကိုင် အကြမ်းဖက်သည့်ဘနည်းဖြင့် တောင်း ဆိုခြင်းမှာ မှားယွင်းသော လမ်းစဉ်ဖြစ်၍ ကောင်းကျိုးရလဒ် များရရှိနိုင်မည် မဟုတ်သည့်အတွက် မိမိတို့ တိုင်းရင်းသားများအကြားနားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားပါသေးတယ်။

စစ်ခေါင်းဆောင်ရဲ့သဝဏ်လွှာနဲ့ ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို မြို့တော်က ဆက်သွယ် မေးမြန်း တဲ့အခါ “ကိုလိုနီနယ်ချဲ့ဆိုတာက စစ်အစိုးရတွေ ဖြစ်တဲ့ နဝတ/နအဖ အစဉ်အဆက်သုံးလာတဲ့ ဗီလိန်ပေါ့ဗျာ။ သူတို့မနိုင်တော့တဲ့ တိုင်းရင်းသားတွေကို မြှောက်ပင့်ပြောဆိုပြီး သူတို့အပြစ်တွေဖုံးဖို့ ကိုလိုနီ နယ်ချဲ့ကို အပြစ်ပုံချတာပေါ့။ ဒီကနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်က နယ်ချဲ့ကြောင့် ဖြစ်တာမှာ မဟုတ်တာ တိုင်းရင်းသားတွေ ပြောသလို ဖက်ဆစ် စစ်တပ်ကြောင့်ဖြစ်တာလို့ ပြောရမှာပေါ့၊ နေရာတကာ ဝင်ပါပြီး အသာစီး လိုချင်တာ အကြမ်းဖက်ပြီး အာဏာသိမ်းတာတွေကြောင့် ဒီကနေ့ ပြည်တွင်း ပဋိပက္ခတွေ ဖြစ်နေတယ် ဆိုတာ အားလုံး သိနေကြတာပဲ။ အကြမ်းဖက် အာဏာသိမ်းထားပြီးတော့ အကြမ်းဖက်တဲ့နည်းနဲ့ တောင်းဆိုတာ မှားယွင်းတယ်ဆိုတော့ သူ့ကိုယ်သူ ပြန်ပြောနေသလိုပါပဲ” လို့ မြို့တော်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ နောက်ပိုင်း မိန့်ခွန်းတွေနဲ့ သဝဏ်လွှာတွေမှာ ထည့်သွင်းပြောကြားလေ့ရှိတဲ့ အတိုင်း စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုမရှိစေရေးနှင့် မှန်ကန်တိကျ ရေး Myanmar Electronic Voting Machine ဖြင့် မဲပေးသည့် စနစ်ကို အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

မြို့တော် News Channel

မြို့တော်ကိုထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

12 Feb, 02:53


တစ်ရပ်ကွက်ထဲနေ ၁၆ နှစ်အရွယ်လူငယ်တစ်ဦးကို ပျူစောထီးတစ်ဦးက သေနတ်နဲ့ ပစ်သတ်

ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်က မြို့ခံ ချင်း လူငယ် တစ်ဦးကို ပျူစောထီး တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ပစ်သတ်ခံရသူ လူငယ်မှာ မြို့မ ၁၂ နန်းဖာလုံရပ်ကွက်က အသက် ၁၆ နှစ်အရွယ် ကိုလတ်မင်ထန်ဖြစ်ပြီး ပစ်ခတ်ခဲ့သူမှာ တစ်ရပ်ကွက်ထဲသားချင်း ဖြစ်သူ ပျူစောထီး ထွန်းထွန်းဦးက ပစ်ခတ်ခဲ့တာလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေထံက သိရှိရပါတယ်။

"တမူးက ပျူစောထီးများတယ်၊ မြို့ရဲ့ ၃ပုံ ၂ပုံက ပျူစောထီးတွေချည်းပဲ၊ ခုလဲ တစ်ရပ်ကွက်ထဲသားချင်းကို ဘာမဟုတ်တဲ့ ပြသနာလေး ဖြစ်တာနက် ပစ်သတ်လိုက်တာ၊ တမူးက ပျူတွေကအရင်ကတည်းက ဆိုးသွမ်း ရမ်းကားနေကြတာပါ '' လို့ ဒေသခံ အမျိုးသမီး တစ်ဦးက မြို့တော်ကို ပြောပါတယ်။

နန့်ဖာလုံ ရပ်ကွက်အတွင်းက ဆိုင်တစ်ဆိုင်မှာ စကားများကြတာဖြစ်ပြီး ပျူစောထီး ဖြစ်သူ ထွန်းထွန်းဦးက လက်ထဲပါလာတဲ့ သေနတ်နဲ့ ၂ ချက် ပစ်ခတ်လိုက်တာကြောင့် ကျည်ဆန်က နှလုံးကို ဖောက်ထွက်သွားတာကြောင့် ပစ်ခတ်ခံရသူ ကိုလတ်မင်ထန် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာလို့ သိရှိရပါတယ်။

တမူးမြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မယ့် သတင်းတွေကြောင့် မြို့ခံတွေဟာ ၂၀၂၅ နှစ်စကတည်းက စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး မြို့ပေါ်မှာ ပြည်သူ အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရှိရပြီး လူမရှိတဲ့ နေအိမ်တွေကို ပျူစောထီးတွေက ဖောက်ထွင်းခိုးယူနေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် တမူးမြို့နယ်ရှိ မင်းသာနဲ့ ကျွန်းပင်သာ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ပြည်သူအများအပြား စစ်ဘေးရှောင်နေရသလို တမူး-ကလေး ကားလမ်းမကြီးပေါ်မှာပါ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကားလမ်းပိတ်နေပြီး စစ်ဘေးရှောင်သူများ အခက်တွေ့နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

11 Feb, 12:44


စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/BzyzGdrQ71k

မြို့တော် News Channel

Myo Taw NEWS Channel

11 Feb, 10:25


စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်စပ် တစ်လျှောက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ  အညာမြေ တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၃၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ စစ်ကောင်စီ လက်အောက်ခံတွေရဲ့ ရုပ်အလောင်းတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းများကို အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ ထုတ်ပြန်လာတာပါ။

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ က ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက ထွက်လာခဲ့ကာ ပေါက်နယ် မြောက်ပိုင်းမှ တစ်ဆင့် မြိုင်နယ်ကို ရိက္ခာပို့ သွားနေတဲ့ စစ်ကြောင်းဖြစ်ပြီး လမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

"အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ ဒီစစ်ကြောင်းက ထွက်လာတာကြာပြီ၊ ခုမှ မြိုင်နယ်ထဲဝင်တာ၊ လမ်းတောက်လျှောက် မိုင်းဆွဲခံလာရတဲ့ စစ်ကြောင်းပါ၊ ခု မြိုင်နဲ့ ပေါက်နယ်စပ်မှာတော့ ပိုလို့ အထိနာသွားတယ်၊ အခုစစ်ကြောင်းမှာ စစ်မှုထမ်း တပ်သားသစ်တွေ အများကြီးပါတယ်၊ ကျွန်တော်တို့ ဒေသမှာ အခုလို အင်းအား အများအပြားနဲ့ စစ်ကြောင်း မထိုးတာ အတော်ကြာသွားပြီ'' လို့ မြိုင်ဒေသခံ တော်လှန်ရေး ရဲဘော် ကိုမုဆိုး က မြို့တော်ကို ပြောပါတယ်။

အဆိုပါစစ်ကြောင်ကို ဖေဖော်ဝါရီ ၉ ရရက်နေ့ ညနေ ၄ နာရီ အချိန်မှာ ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးရွာဖြစ်တဲ့ ကုက္ကိုစု ကျေးရွာအထွက် ကျောက်လုံးကျေးရွာအနီးမှာ အညာမြေတပ်ပေါင်းစုက စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့မှု ဖြစ်ချိန် အတွင်း စစ်ကောင်စီလက်အောက်ခံ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပြီး အဲ့နေ့ည ၁၀ နာရီဝန်းကျင် အချိန်မှာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်စပ်အနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကာ စကစ အဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စကစရဲ့ ကင်းပုန်းကြောင့် အညာမြေ တပ်ပေါင်းစုက TYK (သရက်ကန်)ပျောက်ကြားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုမြင့်သူ (ခ)ကိုကုလား ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ပေါက်မြို့နယ် မန်းကျည်းစင်ရွာမှ အသက် ၄၀ အရွယ် ကိုဝင်းစိုးကို သတ်ဖြတ်ခဲ့ပြီး မန်ကျည်းစင်ရွာနဲ့ သနပ်ပင်ဇင်ကျေးရွာတို့မှ နေအိမ်အလုံး ၅၀ကျော်အား မီးရှို့သွားတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ စကစ စစ်ကြောင်းဟာ မြိုင်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ရဲ့ စက်မှု(၂)အတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

11 Feb, 08:53


စစ်မှုထမ်းတပ်သား ၄ ဦး လက်နက်တွေနဲ့တကွ CNF ထံအလင်းဝင်

ဖေဖော်ဝါရီ ၁၁

ချင်းပြည်နယ် ဟားခါးမြို့နယ်ကို ပို့ဆောင်ခံထားရတဲ့ စစ်မှုထမ်း တပ်သား ၄ ဦးဟာ လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်သားသစ် ၄ ဦးဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဟားခါးနဲ့ ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် ၃ စခန်းကနေ ထွက်ပြေးကာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ချင်းအမျိုးသားတပ်မတော် (CNA)ထံ အလင်းဝင်ရောက်ခဲ့တာလို့ သိရှိရပါတယ်။

"အခုအလင်းဝင်လာသူတွေ ထွက်ပြေးလာတဲ့ ပွိုင့် ၃ စခန်းကို CC အဖွဲ့ဝင်တွေက ၂၀၂၄ တုန်းက သိမ်းပိုက်ထားပြီးသားပါ၊ ၂၀၂၅ မှာ ပြန်လက်လွတ်ခဲ့ရတာ၊ ခု ပွိုင့် ၃ စခန်းကို စကစက ထိုင်ထားတယ်၊ တိုက်ပွဲကြီးကြီးမားမား မရှိပေမယ့် ထိတွေ့မှုတွေကတော့ ရှိနေတုန်းပဲ'' လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မြို့တော်ကို ပြောဆိုထားပါတယ်။

အလင်းဝင်ရောက်လာသူတွေကို အမျိုးသားတပ်မတော် CNA က လက်နက် ၁ လက်ကို သိန်း ၅၀ နှုန်းနဲ့ သိန်း ၁၅၀ ကို ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရှိရပြီး လုံခြုံဘေးကင်းတဲ့ နေရာအထိရောက်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ကလည်း ဟားခါးမြို့ပေါ်က ပျူစောထီး ၃ ဦးဟာ လက်နက်တွေနဲ့အတူ CDF ဟားခါးထံကို အလင်းဝင်လာခဲ့ကြသေးတယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စကစ တပ်စခန်းတွေကို ချင်းလန်းကောင်စီ CC ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အနှောင်းပိုင်းမှာ ထိုးစစ်ဆင်ကာ စခန်းပေါင်း ၉ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်‌ကောင်စီဘက်က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရှိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မြောက်ပိုင်းမှာ ချင်းလန်းကောင်စီ CC လက်အောက်ခံတပ်ဖွဲ့များက ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသလို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့များကလည်း ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

11 Feb, 08:10


နာမည်ကျော် VOA နဲ့ RFE သတင်းဌာနတွေ ပိတ်ပစ်ဖို့ အီလွန်မတ်ခ် တောင်းဆို

ဖေဖော်ဝါရီ ၁၁

အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ နာမည်ကျော် Voice of America နဲ့ Radio Free Europe သတင်း ဌာနတို့ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်ခ်က တောင်းဆိုလိုက်ပါတယ်။

ဥရောပဟာ လက်ရှိမှာ လွတ်လပ်နေပြီဖြစ်တဲ့အတွက် သူတို့ထုတ်လွှင့်တာတွေကို ဘယ်သူမှ နားမထောင်တော့ကြောင်းနဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းငွေ တနှစ်ကို ဒေါ်လာ ၁ ဘီလီယံကို မီးရှို့နေတယ်လို့ အီလွန်မတ်ခ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Voice of America သတင်းဌာနဟာ ဝါရှင်တန်ဒီစီမှာ ရုံးစိုက်ပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ဘာသာစကား ၄၇ မျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ Radio Free Europe ဟာလည်း ပုဂ္ဂလိက အကျိုးအမြတ်မယူတဲ့ မီဒီယာအဖွဲ့အစည်းဖြစ်ပြီး အမေရိကန်က ထောက်ပံ့ပေးထားပါတယ်။

အွန်လိုင်းနဲ့ ရေဒီယိုထုတ်လွှင့်တင်ဆက်မှုတွေ လုပ်ဆောင်နေပြီး ကမ္ဘာတဝန်းမှာ ဗျူရို ၂၃ ခုရှိပြီး သတင်းထောက် ၁၄၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပါတယ်။ Politico၊ Associated Press နဲ့ The New York Times စတဲ့ သတင်းဌာနတွေကို အမေရိကန်အစိုးရက ထောက်ပံ့ပေးမှုတွေကိုလည်း အီလွန်မတ်ခ်က ဝေဖန်ခဲ့ပါတယ်။

ဒီလို မီဒီယာအဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေမှာ အခွန်ထမ်းအမေရိကန်ပြည်သူတွေရဲ့ ရန်ပုံငွေအပေါ် ထိရောက်စွာအသုံးပြုမှုကို သူကဝေဖန်ခဲ့ပြီး ဒါတွေကို ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

အီလွန်မတ်ခ်ဟာ အမေရိကန်နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ(USAID)ရဲ့ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းပြီး ဌာနကိုပိတ်သိမ်းဖို့ လုပ်ဆောင်မှုတွေကြောင့် သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေစဉ်မှာ Voice of America နဲ့ Radio Free Europe သတင်းဌာနတွေကို ပိတ်ပစ်ဖို့ အီလွန်မတ်ခ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

11 Feb, 07:14


တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဂန့်ဂေါမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်စာရင်း စတင်ကောက်ခံနေ

ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဂန့်ဂေါမြို့ပေါ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်များစာရင်းကို စတင် ကောက်ခံနေတယ်လို့ မြို့တော်မှ စုံသမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဂန့်ဂေါမြို့ပေါ် မြို့မရပ်ကွက်မှာ ရဲတပ်ဖွဲ့များက ဦးဆောင်ပြီး စာရင်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရကာ နောက်ရက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကောက်ခံတာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရှိရပါတယ်။

"ဂန့်ဂေါမှာတော့ အခုမှ စကောက်နေတာပါ၊ စစ်မှုထမ်းအတွက် ကောက်တာပါ၊ ယောက်ျားလေးတွေကို အဓိကထားပြီး ကောက်သွားတာ၊ ရပ်ကွက်အကုန်လုံးတော့ မကောက်သေးဘူး'' လို့ ဒေသခံ အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

စာရင်းကောက်ခံရာမှာ သန်းခေါင်စာရင်း နောက်ဆက်တွဲအနေနဲ့ လူငယ်ရှိတဲ့နေအိမ်တွေကို တခါထဲ ဝင်ရောက် ကောက်ခံခဲ့တာဖြစ်ပြီး မိန်ကလေးစာရင်းအပါအဝင် အဝေးရောက်နေသူများနဲ့ နိုင်ငံခြားရောက်နေသူများကိုလည်း အချက်အလက်တိကျစွာ ကောက်ယူသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဆိုပါ စာရင်းကောက်ယူမှုကြောင့် စစ်မှုထမ်းအတွက် ဆင့်ခေါ်မှာကို စိုးရိမ်တာမျိုးတွေ ရှိနေသလို ပေါ်တာဆွဲမယ့် သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသတွင်း အရင်းအမြစ်များထံက သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းကလည်း ဂန့်ဂေါမြို့ မြို့မရပ်ကွက်ထဲက ပြည်သူ့နေအိမ်များကို တစ်အိမ်တက်ဆင်းနဲ့ အိမ်ခွန်၊ ဘီးခွန်ဟုဆိုကာ တစ်အိမ်ကို ကျပ်သုံးသောင်းမပေးမနေရ ဂန့်ဂေါ ခလရ(၅၀) လက်အောက်ခံ စကစတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မ လိုက်လံကောက်ခံခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဂန့်ဂေါ မြို့ပေါ်မှာ စကစက ခံစစ်အတွက် ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလ အတွင်းမှာ ပခုက္ကူ တပ်မ(၁၀၁)ကနေ စစ်မှုထမ်းတပ်သားသစ် ၁၅၀ ခန့်ကိုလည်း ဖြည့်တင်းထားတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရှိရပါတယ်။

မြို့တော် News Channel

မြို့တော်ကို ထောက်ပံ့ရန် https://gofund.me/4c86d8a1

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

19 Jan, 07:30


အရက်ပုလင်းတွေမှာ ပါဝင်ပစ္စည်းနဲ့ အဟာရဆိုင်ရာ အချက်အလက်တွေ ဖော်ပြဖို့ အမေရိကန်အစိုးရ အဆိုပြု

ဇန်နဝါရီ ၁၉

အမေရိကန်ပြည်ထောင်စုမှာ ဝိုင်၊ ဘီယာ၊ အရက် စတဲ့ အဖျော်ယမကာပုလင်းတွေမှာ ပါဝင်ပစ္စည်းနဲ့ အဟာရဆိုင်ရာ အချက်အလက်တွေ ဖော်ပြဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်နေ့က အဆိုပြုလိုက်ပါတယ်။ ဒါ့အပြင်က ဓါတ်မတည့်တဲ့ အရာတွေကိုပါ သတိပေးဖော်ပြရမယ်လို့ ဆိုပါတယ်။

စားသောက်ကုန်တွေမှာ ဖော်ပြသလိုမျိုး ပုလင်းတွေထဲက အရက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြဖို့အတွက် ဘဏ္ဍာရေးဌာနလက်အောက်ရှိ အရက်နဲ့ ဆေးရွက်ကြီးဆိုင်ရာ အကောက်ခွန်နဲ့ ကုန်သွယ်ရေးဗျူရိုက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓါတ်တွေ အရက်တစ်ခါသောက်သုံးရင် ဘယ်လောက်နှုန်း ပါဝင်တယ်ဆိုတာကို ဖေါ်ပြပေးဖို့ ဖြစ်ပါတယ်။ ဒုတိယသတ်မှတ်ချက်ကတော့ အရက် တွေထဲမှာ စားသုံးသူအချို့အတွက် ဓါတ်မတည့်မှုဖြစ်ပြီး နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ ကြက်ဥ၊ နို့၊ ငါး၊ ပုဇွန်၊ ဂျုံ၊ မြေပဲ စတဲ့ ပါဝင်ပစ္စည်းတွေ ပါမပါ ဖော်ပြရမယ်လို့ ပြောထားပါတယ်။

အရက်သောက်ရင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ဖော်ပြထားဖို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးမှူး Dr. Vivek Murthy က နှစ်ဆန်းပိုင်းမှာ အကြံပြုချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို အရက်ပုလင်းတွေမှာ အချက်အလက်တွေဖော်ပြဖို့ အစိုးရက ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တည်းက Center for Science in the Public Interest လို အဖွဲ့တွေ အပါအဝင် စားသုံးသူကာကွယ်ရေးအဖွဲ့တွေက အခုလို အချက်အလက်တွေဖေါ်ပြဖို့ စတင် အဆိုပြုခဲ့ကြဖူးပါတယ်။

အဖျော်ယမကာကုမ္ပဏီတွေအနေနဲ့ ပါဝင်ပစ္စည်း အချက်အလက်တွေကို ကိုယ့်သဘောနဲ့ကိုယ် မကြာခင်နှစ်ပိုင်းတွေကတည်းက ဖော်ပြခွင့်ပြုထားပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ Beer Institute က ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ ထိပ်တန်း အရက်ချက်လုပ်ငန်းကြီးတွေက ထုတ်လုပ်ရောင်းချတဲ့ ဘီယာ ၉၅ ရာခိုင်နှုန်းမှာ အဟာရဆိုင်ရာအချက်အလက်တွေ ဖော်ပြထားတာကို တွေ့ရှိခဲ့ပါတယ်။ အခုကတော့ မဖြစ်မနေ ဖော်ပြကြဖို့ အမေရိကန်က အရက်နဲ့ဆေးရွက်ကြီးဆိုင်ရာ အကောက်ခွန်နဲ့ ကုန်သွယ်ရေးဗျူရိုက ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားကထုတ်တဲ့ အရက်အမျိုးမျိုးကို အတုလုပ်ပြီး ပေါများစွာ ထုတ်လုပ်နေတာ တွေ့ရပါတယ်။ ပြည်တွင်းဖြစ်အရက်တွေမှာလည်း သတ်မှတ်ထားတဲ့ ဓါတုပစ္စည်းပါဝင်မှုထက် ပိုမိုများပြားနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းကာလအတွင်း အရက်အတုအပများနဲ့ အရည်သွေးနိမ့် ပြည်တွင်းဖြစ်အရက် ထုတ်လုပ်မှုမြင့်မားနေတယ်လို့ အရက်ဈေးကွက်နဲ့ နီးစပ်သူအချို့က ပြောပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

19 Jan, 05:51


သံအမတ်ကြီးကို လုပ်ကြံဖို့ စစ်ကောင်စီ စီစဉ်ခဲ့လား

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/pcroKAZgtU8

ကုလားတန်စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့ ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur နဲ့ အဖွဲ့ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုတင်စီစဉ်ခဲ့ပြီး ဒီလုပ်ကြံမှု အောင်မြင်ခဲ့ရင် အာရက္ခတပ်တော် AA ကို အပြစ်ပုံ လွှဲချဖို့လည်း ကြိုတင်စီစဉ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြို့တော်

Myo Taw NEWS Channel

19 Jan, 04:46


မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၃၀ ပါ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်ခန့်က မုံရွာ-မန္တလေးကားလမ်းမကြီးအတိုင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာ-မန္တလေးကားလမ်းမကြီးအတိုင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၃၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို ချောင်းဦးမြို့အရှေ့ဘက် ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ‌‌‌‌‌တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခိုက်ခဲ့တာလို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့က မနက်အစောကြီးကတည်းက မိုင်းကွင်းတွေကို စောင့်နေတာ။ စကစတွေကလည်း အမြဲလိုလို ထွက်လေ့ထွက်ထရှိတော့။ အဲ့ဒီမှာ ၉ နာရီလောက်ကျ မြို့ထဲကထွက်လာပြီဆိုတဲ့ သတင်းရတယ်။ ကျနော်တို့ ရဲဘော်တွေက မိုင်းကွင်းတွေကို အသင့်အနေအထားပြင်ပြီး အင်အား ၃၀ လောက်ပါတဲ့ စကစ စစ်ကြောင်းက ကျနော်တို့ မိုင်းကွင်းတွေဆီ ရောက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ" လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) သတင်းပြန်ကြားရေးတာဝန်ခံ စီအေက မြို့တော်ကို ပြောပါတယ်။

တိုက်ခိုက်မူမှာ စကစ ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးအသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာတွေရရှိကာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး ခြေပြတ်ပြီး၊ ၁ ဦး လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ခိုင်လုံတဲ့ သတင်းအရင်းမြစ်တွေကတဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

"ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့အချိန်မှာ စကစတွေဘက်ကလည်း ၆၀မမ ၄ လုံး၊ ၄၀မမ ၂ လုံး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်လောက်အထိ ဆက်တိုက်ပစ်တယ်" လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ စီအေက မြို့တော်ကို ထပ်မံပြောပါတယ်။

အဆိုပါတိုခိုက်မှုကို လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃)နဲ့အတူ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပူးပါင်း ဆောင်ရွက်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ချောင်းဦး-မြင်းမှုကားလမ်းမကြီးအပေါ် မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

19 Jan, 03:46


တရုတ် ဖိအားပေးခံနေရတဲ့ BGF နဲ့ ကျားဖြန့်

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/uhNpwJYz6RI

တရုတ်သရုပ်ဆောင် ဝမ်ရှင်းရဲ့ လူကုန်ကူးခံရတဲ့အဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်းမှာ ကရင်ပြည်နယ် မြဝတီဒေသက နယ်ခြားစောင့်တပ် BGF က ဒေသတွင်းလိမ်လည်မှု၊ ရာဇဝတ်မှုတွေကို နှိမ်နင်းမယ်လို့ အခိုင်အမာပြောဆိုကြောင်း တရုတ်မီဒီယာအချို့က ဖော်ပြနေကြပါတယ်။

မြို့တော်

Myo Taw NEWS Channel

18 Jan, 13:30


ဧရာဝတီတိုင်းဘက်ကို AA စတင်သိမ်းပိုက်နေပြီး စစ်ကောင်စီ အကျအဆုံးများနေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/syoGzPW67LY

မြို့တော်

Myo Taw NEWS Channel

18 Jan, 09:11


ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ပြီး စစ်ကောင်စီတပ် အကျအဆုံးများ

ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးက ဘောမိရွာအထက်ပိုင်း(ချောင်းဖျား)ကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားလိုက်တာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ အကျအဆုံးများစွာနဲ့ နောက်ဆုတ်သွားတယ်လို့ ရခိုင်ဒေသ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ ရွှေသောင်ယံကမ်းခြေအနားက ဘောမိအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီရဲ့ စခန်းနေရာတွေကို ဇန်နဝါရီ ၁၆ ရက်က ထိန်းချုပ်လိုက်တာ လို့သိရပါတယ်။

ဘောမိအထက်ပိုင်းကို AA ဘက်က ထိန်းလိုက်တဲ့အချိန်မှာ မကျည်းဇင်နဲ့ ဂွဘက် ကမ်းခြေတစ်လျှောက်ကို လေကြောင်းဗုံးလာကြဲတာ ကြေမွနေအောင် ကြဲသွားကြောင်းလည်း နယ်ခံတစ်ဦးက ပြောတာကို ဖော်ပြထားတာတွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ဘောမိအထက်ပိုင်းဒေသခံတွေဟာ သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်းနဲ့ ရွှေသောင်ယံရပ်ကွက်တွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဘောမိကျေးရွာအုပ်စုဟာ အထက်ချောင်းဖျားပိုင်းနဲ့ ဘောမိအောက်ပိုင်းဆိုပြီး ရွာတန်းရှည်များ ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီဘောမိအောက်ဘက်အခြမ်းမှာ သဲကျင်း၊ ပိုးလောင်း ၊ကျွန်းချောင်း၊ ဝက်သေ၊ သပေါ့ကန်၊ သဲကုန်း ၊အုန်းချောင်း စတဲ့ ရွာချင်းဆက် ကျေးရွာတွေ ရှိနေတာပါ။

ရွှေသောင်ယံကမ်းခြေဟာ မြို့နယ်ခွဲတစ်ခုစာကျယ်ပျံ့တဲ့ ကမ်းရိုးတန်းပင်လယ်ကွေ့တစ်ခုလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်တွေက ရွှေသောင်ယံကမ်းခြေတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး၊ ဂွနဲ့ ကမ်းခြေချင်းစပ်နေတဲ့ မကျည်းဇင်ကနေ စတင် ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

စစ်လော်ဘီတွေဘက်ကတော့ ဧရာဝတီမှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီဖြစ်ကြောင်း ဝါဒဖြန်နေချိန်မှာ အခုလို သတင်းကို မှတ်တမ်းဓါတ်ပုံတွေနဲ့ ဒေသခံမီဒီယာတွေက ဖော်ပြလာကြတာဖြစ်ပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Jan, 09:00


လျှပ်စစ်မီးအခက်အခဲကြောင့် ခေတ်ဟောင်းအသုံးအဆောင် မီးသွေးမီးပူနဲ့ ရေနံဆီမီးခွက်တွေ အဝယ်လိုက်

ဇန်နဝါရီ ၁၈

စစ်ကောင်စီက ခွဲတမ်းနဲ့ ပေးနေရတဲ့ လျှပ်စစ်မီးအကျပ်အတည်းကာလအတွင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှာ ခေတ်ဟောင်းအသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ ရှေးဟောင်းမီးသွေးမီးပူနဲ့ ရေနံဆီမီးခွက်တွေ အရောင်းတွင်ကျယ်နေတယ်လို့ မြို့တော်အနေနဲ့ စုံစမ်းသိရှိရပါတယ်။

လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်က ပြည်သူတွေဟာ လျှပ်စစ်မီးလာချိန် ၄ နာရီထက် ပိုပြီးမရတော့တဲ့ အခြေအနေတွေကြောင့် အခုလို လျှပ်စစ်သုံးမဟုတ်တဲ့ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းတွေကို ပြန်လည်အသုံးပြုလာရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အရင်ရက်တွေက တစ်နေ့ကို ၄ နာရီလာပြီး ၄ နာရီ ပြတ်တော့ အဆင်ပြေတယ်။ အခုဟာက တစ်နေ့လုံးကိုမှ ၂ နာရီဆိုတော့ အဝတ်လျှောက်စက်နဲ့ မနိုင်ဘူး။ လျှော်ကူပါ ခေါ်ရတယ်။ မီးပူတိုက်တာက တော်တော့်ကို အဆင်မပြေဖြစ်တာ။ မီးသွေးမီးပူဝယ်ဖို့ ဈေးထဲ သွားမေးလိုက်တာ မကြားဖူးတဲ့ဈေး၊ တစ်အိုးကို ၃၃၀၀၀ ကျပ် တောင်ဖြစ်နေတယ်" လို့ လှိုင်သာယာရှိ ပင်မင်းဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

လှိုင်သာယာမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ နေထိုင်ကြတဲ့ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းတွေအနေနဲ့လည်း လျှပ်စစ်မီးပြတ်ချိန် များပြားနေတဲ့အတွက် အရင်လို ထမင်းချိုင့် မဆွဲနိုင်တော့ဘဲ ထမင်းဟင်းကို ဆိုင်ကနေ ဝယ်ယူစားသောက်နေရတဲ့အတွက် ရတဲ့လစာနဲ့ တွက်ခြေမကိုက်တော့လို့ အခက်ကြုံနေရပါတယ်။

"တစ်နေ့ကုန် စက်ရုံမှာက မနားရဘူး။ အိမ်ပြန်လာရင် မီးကပျက်နေပြီ။ ထမင်းဟင်းကတော့ ဝယ်စားလိုက်တာ။ ဆိုလာဈေးတွေကလည်း တက်နေတော့ မဝယ်နိုင်ဘူး။ ဖယောင်းတိုင်မီးလည်း မနိုင်ဘူး။ တစ်ထုပ်ဆို ခဏလေးထွန်းရတယ်။ ရွာက အမေက ပြောတာနဲ့ ရေနံဆီ မီးခွက်ဝယ်လိုက်တာ။ ဒီဇယ် တစ်ခါဝယ်ထား အကြာကြီးထွန်းရတယ်။ မီးတော့ ဂရုစိုက်ရတာပေါ့" လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ဆင်းနေတဲ့ အသက် ၂၈ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ရာခိုင်နှုန်းတဝက်ကိုတောင် ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရကြောင်းကို ဝန်ခံထားပါတယ်။

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်ပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးတွေအပြင် လုံခြုံရေးတွေပါ ပျက်စီးလာခဲ့တာပါ။

မြန်မာပြည်မှာ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းရဲ့ တဝက်နီးပါး ခွဲတမ်းရထားတဲ့ ရန်ကုန်ဟာ လက်ရှိလျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် နေ့စားဝန်ထမ်းတွေ၊ လခစားဝန်ထမ်းတွေအပြင် စျေးသည်နဲ့ လုပ်ငန်းရှင်တွေပါ မကျန် အလုပ်တွင်ကျယ်မှု နှောင့်နှေးတာတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Jan, 06:52


မဟာဗျူဟာအရ အရေးပါတဲ့အနာဂတ်ကို မျှဝေခံစားခြင်းနဲ့ တရုတ်၊ ဗီယက်နမ် အသိုက်အဝန်းကို တည်ဆောက်ရန် တရုတ်သမ္မတ ပြော

ဇန်နဝါရီ ၁၈

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ ဗီယက်နမ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပြီး မဟာဗျူဟာကျတဲ့ အနာဂတ်မှာ အရေးပါတဲ့ အသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ အဆင်သင့်ရှိကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဇန်နဝါရီ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗီယက်နမ် အာဏာရကွန်မြူနစ်ပါတီ အကြီးအကဲ တူလမ် (To Lam) နဲ့ သမ္မတ လွန်ကွန် (Luong Cuong) တို့ထံကို တရုတ်သမ္မတ ရှီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ရည်မှန်းချက်တွေ၊ အကျိုးစီးပွားတွေနဲ့ အယူဝါဒတွေအရ ခိုင်မာတဲ့ရည်မှန်းချက်တွေပေါ် အခြေခံပြီး ရေရှည်ဆက်ဆံရေးကို တည်ဆောက်လိုတဲ့ တရုတ်ရဲ့ "မျှဝေထားတဲ့ အနာဂတ်" နဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ခြင်းရဲ့ အယူအဆကို တိုးချဲ့ထားကြောင်း၊ ဒီဆက်ဆံရေးကို "မဟာဗျူဟာမြောက် အရေးပါမှု" လို့ ဖော်ပြခြင်းဟာ ဗီယက်နမ်နဲ့ ဆက်ဆံရေးအတွက် တရုတ်က သတ်မှတ်ထားတဲ့ တန်ဖိုးအပေါ် အလေးထားခြင်းလည်း ဖြစ်ပါတယ်။

သံတမန်ဆက်ဆံရေးထူထောင်ပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံတွေဟာ အမျိုးသားလွတ်လပ်ရေးနဲ့ ပြည်သူ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နှစ်များအတွင်း တစ်ဖက်နဲ့ တစ်ဖက် ရုန်းကန်ခဲ့ကြရကြောင်း ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတ ရှီက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗီယက်နမ် အာဏာရကွန်မြူနစ်ပါတီအကြီးအကဲ တူလမ် (To Lam) နဲ့ သမ္မတ လွန်ကွန် (Luong Cuong) တို့ထံကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့(၇၇)နှစ်မြောက်လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို သဝဏ်လွှာပေးပို့ခဲ့ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Jan, 06:17


မတောင်းပန်ရင် တရားစွဲဆိုခံရတော့မယ့် ဇူကာဘတ်

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/M3jNuTU7YNY

Facebook (သို့) Meta ဟာ မတ်ခ်ဇူကာဘာ့ဂ်ရဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မှတ်ချက်တချို့ကြောင့် အိန္ဒိယလွှတ်တော်အမတ်တွေရဲ့ တရားစွဲဆိုခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

မြို့တော်

Myo Taw NEWS Channel

14 Jan, 02:19


People Media က ကျော်စိုးဦး ဒုတိယအကြိမ် အဖမ်းခံရပြီး ၃ ရက်အကြာမှာ ပြန်လွတ်လာ

ဇန်နဝါရီ ၁၄

စစ်ကောင်စီဘက်က ထောက်ခံရေးသားနေတဲ့ People Media က အယ်ဒီတာချုပ် ကျော်စိုးဦးဟာ စစ်ကောင်စီရဲ့ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခြင်းကို ခံရပြီးတဲ့နောက် ၃ ရက်အကြာ မနေ့က ဇန်နဝါရီ ၁၃ ရက်မှာ ပြန်လွတ်လာခဲ့ပါတယ်။

သူပြန်လည်လွတ်လာပြီဖြစ်ကြောင်းကို ရုပ်သံကနေ “ရှေ့ဆက်သွားမှာပဲ တပ်မတော်နဲ့ တသားတည်း ရှိနေပါတယ်” ဆိုပြီး People Media တယ်လီဂရမ်ချန်နယ်မှာ တင်ထားတာကို တွေ့ရပါတယ်။

ဘာကြောင့် ဖမ်းခံရတယ်ဆိုတာကိုတော့ ပြောဆိုထားတာမရှိဘဲ “သမိုင်းရေးတဲ့ လက်တွေကတော့ တခါတလေကျ ထိခိုက်ရှနာတော့ ရှိတာပေါ့” လို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

ကျော်စိုးဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီကျော်မှာ သူနေထိုင်တဲ့ နေပြည်တော် သုခတော်ဝင်အိမ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၂၆၂ မိုင်လမ်းပိုင်း မလုံခြုံတော့ ဆိုတဲ့ ‌ပြောဆိုဝေဖန်မှုကြောင့် ကျော်စိုးဦး ဖမ်းဆီးခံရတာလို့ သူနဲ့ဘဝတူ စစ်လော်ဘီတွေက ပြောထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို ဝေဖန်ပြောဆိုမှုနဲ့ ပထမအကြိမ်အဖြစ် ၅၀၅(က) ပုဒ်မတပ်ကာ ဖမ်းဆီးရခံခဲ့ရဘူးပြီး အခုအဖမ်းခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

14 Jan, 01:33


ကျောက်ဂူရွာ အမြောက်တပ် အမတ(၃၄၉) ကို DPLA တိုက်ခိုက်

ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာက စစ်ကောင်စီရဲ့ အမတ(၃၄၉) အမြောက်တပ်တပ်ရင်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က ဇန်နဝါရီလ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဟာ လက်တလောမှာ အမတ(၃၄၉) အနီးမှာ လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကတည်းက ကျောက်ဂူဒေသမှာ တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၄ ရက်ကလည်း ကျောက်ဂူကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ အမြောက်တပ် အမတ(၃၄၉) တို့ကို သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။

လက်တလောအထိ တိုက်ပွဲပြင်းထန်နေဆဲ နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာက မစခ ကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေကို DPLA က ဖြတ်တောက် တိုက်ခိုက်လျက်ရှိပါတယ်။

ကျောက်ဂူဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို မြို့တော်က ဆက်သွယ် မေးမြန်းတဲ့အခါ “တောင်ခမ်းတိုက်ပွဲတွေက TNLA ဘက်က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ထုတ်ပြန်တဲ့အချိန်တုန်းကတောင် တိုက်ပွဲကဖြစ်နေတာ။ အခုဆို ပိုဖြစ်လာနိုင်တယ်။ TNLA နှစ်ပတ်လည်မှာ စစ်ကောင်စီကို တိုက်မယ် လို့ပြောထားလို့။ DPLA က တောင်ခမ်းဘက် အင်အားဖြည့်တဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ် တိုက်တဲ့နေရာမှာ အရေးပါတဲ့ အဖွဲ့ပါ” လို့ မြို့တော်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ(၉၀၂)နဲ့ လက်အောက်ခံ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ(၄၀၆) စတဲ့ အမြောက်တပ်ရင်း ၃ ရင်းဟာ နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်က တောင်းခမ်းကျေးရွာမှာ တည်ရှိတာပါ။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

13 Jan, 13:01


အသေခံ မတိုက်ဘဲ ထွက်ပြေးလာလို့ဆိုပြီး စစ်သားနဲ့ မိသားစု၀င်တွေကိုပါ အချုပ်ချထားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OW4j2YjGs1Y

မြို့တော်

Myo Taw NEWS Channel

13 Jan, 11:42


ခြေစွာချင်တိုင်း စွာလို့မရတော့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/oIkj5qEMywc

အင်အားကောင်းကောင်းနဲ့ ရပ်တည်ခဲ့တဲ့ ဒေါ်သီတာယုမွန်ရဲ့ ပျူစောထီးတပ်ဟာ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်း မြင်းခြံမြို့အဝင် နန်းမြင့်တောင်ကြားမှာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၁၂ ယောက် သေဆုံးကာ ၄ ယောက်ရဲ့အလောင်းကိုတော့ ကားနဲ့သယ်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မြို့တော်

Myo Taw NEWS Channel

13 Jan, 09:17


ဖားကန့် မှာ နွံကန်ပြိုကျပြန်လို့ ၁၂ ယောက်ထပ်မနည်း သေဆုံးပြီး ပျောက်ဆုံးသူ မရေတွက်နိုင်သေး

ဇန်နဝါရီ ၁၃

ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မှာ နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေရှိပြီး နေအိမ် ၅၀ ခန့် နွံထဲ နစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၂ လောင်း ရှာဖွေရရှိထားသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရုပ်အလောင်း ၁၂ လောင်းက လူကြီးက ၉ ယောက်နဲ့ ကလေးက ၃ ယောက်ပါတယ်။ ကျောက်တူးဖော်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့။ အဲဒီလုပ်ကွက်ထဲမှာ အဲဒီအချိန် အလုပ်သမား အယောက် ၃၀ ဝန်းကျင်လောက် ရှိတယ်ပြောတယ်။ ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာအဓိပတိ) လုပ်ကွက်မှာ နွံကန်ပေါက်သွားတာပါ။ သေဆုံးသူကတော့ ဒီထက်များနိုင်တယ်။ စပေါ့ကျေးရွာ၊ ရပ်ကွက် (၃) က အိမ်တွေကိုလည်း ရွံ့နွံတွေ ဖုံးအုပ်သွားတယ်။ ခန့်မှန်းခြေ အိမ်အလုံး ၅၀ လောက်ရှိမယ်” လို့ သူက ပြောပါတယ်။

ပေါက်ကျခဲ့တဲ့ နွံကန်ဟာ အခု ၂၀၂၅ ခုနှစ်၊ ကျောက်စိမ်းတူးဖော်ရေးရာသီချိန်ကာလမှာ ရေကန်အတွင်း မြေစာဖို့ခဲ့ရာမှ မြေစာဝိတ်ပိပြီး ပေါက်ကျခဲ့ရခြင်းဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်သူတစ်ယောက်က ပြောတာကို ကိုးကားပြီး မီဒီယာတချို့က ဖော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကား ၂ စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက်အများဆုံး ဖြစ်ခဲ့ပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

13 Jan, 08:49


အလင်းဝင်လာတဲ့ ရဲတပ်သားကို ပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆို

ဇန်နဝါရီ ၁၃

မကွေးတိုင်း ထီးလင်းမြို့ပေါ်မှာရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သားတစ်ဦးဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က YRA ထီးလင်းထံကို ချိတ်ဆက်ကာ အလင်းဝင်လာခဲ့တယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ ရဲတပ်သားကို YRA ထီးလင်းရဲ့ ရဲဘော်များအပါအဝင် ပြည်သူအများအပြားက သပြေပန်းများနဲ့အတူ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်လို့ သိရပြီး အလင်းဝင်လာတဲ့ ရဲတပ်သားကိုလည်း သွားလိုတဲ့ လွတ်မြောက်နယ်မြေထိ ရောက်အောင် ပို့ဆောင်ပေးထားတယ်လို့ သိရှိရပါတယ်။

"အလင်းဝင်လာတဲ့ သူက လက်နက်မပါလာတော့ စိတ်အားငယ်နေတာ။ သူအားရှိသွားအောင် သေချာပြင်ဆင်ပြီး ကြိုဆိုလိုက်တဲ့ သဘောပါပဲ။ လက်နက်မပါပေမယ့် ဆက်စပ်ပစ္စည်းတွေ အများကြီးပါလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်'' လို့ ရဲဘော်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်မှာ ရဲတပ်သားတွေ အလင်းဝင်ရောက်မှု များပြားနေတဲ့အတွက် ရဲတပ်သားတွေ လက်နက် ဖြုတ်သိမ်းခံထားရတာကြောင့် လက်နက်ယူဆောင်လာနိုင်ခြင်း မရှိပေမယ့် MA ကျည် ၁၈၆ တောင့်၊ စကားပြောစက် ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်နက်နဲ့ အလင်းဝင်လာသူတွေကို တော်လှန်ရေးအင်အားစုတွေက ဂုဏ်ပြုငွေတွေ ချီးမြှင့်ပေးတယ်လို့ သိရှိရပြီး စကစ လက်အောက်ခံတွေဟာ လက်နက်နဲ့တကွ အလင်းဝင်လိုသူတွေ များပြားနေတာကြောင့် ထီးလင်းမြို့ပေါ်က ရဲနဲ့ ပျူစောထီး အများစုဟာ လက်နက်ဖြုတ်သိမ်းခြင်း ခံထားရတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းကလည်း ထီးလင်းမြို့မှာရှိတဲ့ စကစ တပ်စွဲထားရာ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးအလုံးရေ ၅၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပြီး ထီးလင်းမြို့ကို စွန့်ခွာကာ ပြည်သူအများအပြား မြို့ပြင်ကို ထွက်လာနေကြတယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

13 Jan, 08:11


ကပစ(၆) က တောင်ပုံကြီးစခန်ကိုပို့တဲ့ စစ်သားတွေ အများအပြားသေဆုံးပြီး ထွက်ပြေးလာတဲ့ စစ်သားတွေကို မိသားစုအလိုက် အကျဥ်းချထား

ဇန်န၀ါရီ ၁၂

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကပစ(၆) က စစ်သားတွေနဲ့ စစ်မှုထမ်း သင်တန်းဆင်းတွေကို ဇန်န၀ါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်ခြားက တောင်ပုံကြီးစခန်းကို ပုသိမ်-မုံရွာလမ်းကနေတဆင့် စစ်ကားတွေနဲ့ အင်အားအများအပြား စစ်ကူပို့ခဲ့တယ်လို့ သိရပါတယ်။

ဥသျှစ်ပင်မြို့လမ်းဆုံကနေ ဧရာဝတီတိုင်းဘက်ကို စစ်ကား ၈ စီး ရခိုင်ရိုးမ တောင်ကုတ်လမ်းပေါ်ကို စစ်ကား ၁၀ စီးနဲ့ တောင်ပုံကြီးကို ၁၀ စီး ပို့ဆာင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

"လမ်းက ကျောက်ထုတ်တဲ့ကားတွေကို ပေါ်တာဆွဲပြီး စစ်သားတွေကို တောင်ပုံကြီးစခန်ကို ပို့တာ။ အဲ့နေ့ နောက်နေ့မှာ သွားတုန်းက ကားတွေနဲ့ပဲ စစ်သားအလောင်း ၇ လောင်း ပြန်သယ်လာတယ်။ ပန်းတောင်းတပ်ထဲထိ မသယ်ပဲ အုပ်သျှစ်ပင်သချိုင်းမှာပဲ မီးသဂြိုလ်ပစ်လိုက်ကြတာ။ ရောက်တာနဲ့ တန်းသေကုန်ကြတာထင်တယ် စစ်ဗိုလ်တစ်ယောက်လည်းပါတယ် ပြောတယ်” လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဇန်န၀ါရီလ ၇ ရက်နေ့ တောင်ပုံကြီးစခန်း သိမ်းပိုက်ခံရချိန်မှာ ကပစ(၆) မှ တပ်သားအများအပြား ထွက်ပြေး လွတ်မြောက်ခဲ့ကာ တိုက်ပွဲအပြီး မိခင်တပ်ရင်းဌာနချုပ်ရှိရာ ဥသျှစ်ပင် ကပစ(၆) စက်ရုံတပ်ရင်းသို့ ပြန်လာတဲ့သူတွေကို ကပစ(၆ ) တပ်ရင်းမှူးနဲ့ အရာရှိတွေက ဖမ်းဆီးအချုပ်ချထားတယ်လို့ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

"တောင်ပုံကြီးစခန်းက ပြေးလာရတဲ့ စစ်သားတွေကို တပ်က ဖမ်ပြီး အချုပ်ချထားတယ်။ စခန်းစွန့်ခွာမှုနဲ့ အရေးယူမယ်လို့ကြားတယ်။ အထက်အမိန်ကို စောင့်နေတယ်လို့လည်း ပြောတယ်။ အသေခံမတိုက်ဘဲ ပြန်လာလို့ဆိုပြီး မိသားစု၀င်တွေကိုပါ အချုပ်ထဲ ထည့်ထားကြတယ်။ စခန်းကို ပြန်မလားဘဲ ပြေးတဲ့သူတွေကတော့ ကံကောင်းတာပေါ့ ဖမ်းမယ့်သူ မရှိဘူးပေါ့" လို့ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

တောင်ကုတ်မြို့နယ် ရခိုင်ရိုးမပေါ်မှာရှိတဲ့ တောင်ပုံကြီးစစ်ကောင်စီစခန်းကို အရက္ခတပ်တော်(AA) က ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ စခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

13 Jan, 08:11


ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှောင်တခင်စစ်ဆေး

ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

"ပြည်သူတွေအနေနဲ့ လက်ရှိလုပ်ဆောင်သင့်တာကတော့ ခရီးသွားလာတာတွေမှာ ဂရုစိုက်သွားလာကြဖို့ အရေးမကြီးရင် ခရီးမထွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်၊ ပြန်ပေးဆွဲ ငွေတောင်း စစ်မှုထမ်းခေါ်နေတွေလည်း အားလုံးသိရှိထားတဲ့အတိုင်း ဖြစ်ပျက်နေတော့ ကျနော်တို့ပြည်သူတွေ အတော်လေး ဂရုစိုက်ကြရပါလိမ့်မယ်" လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့တော်ကို ပြောပါတယ်။

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွား ယာဉ်လာတွေကို စစ်ဆေးခြင်းနဲ့ လမ်းပိုင်းလုံခြုံရေးအတွက် တော်လှန်ရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ငန်းစဉ်မှာ ပြည်သူတွေ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြကာ ၄ နာရီကျော်ကြာ စစ်ဆေးခဲ့တဲ့အပြင် ပြည်သူတွေကိုလည်း မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း အသိပေးထားတာတွေ ရှိပါတယ်၊ ဒါတွေကိုလည်း ပြည်သူတွေအနေနဲ့ အပြန်အလှန်လေးစားလိုက်နာခြင်းနဲ့ ရှေ့ဆက်ကြမယ်ဆိုရင် ဒီပွဲက နီးကပ်လာနေပြီလို့ ပြောလိုရမှာပါ" လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့တော်ကို ပြောပါတယ်။

အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူတွေ ဘေးကင်းရန်အတွက် လုံခြုံရေးစစ်ဆေးမှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီမှာလည်း ပုသိမ်-မုံရွာကားလမ်း ကန်တုတ်စစ်ဆေးရေးဂိတ်အနီး ကီလိုမီတာ ၂၀ ခန့်အကွာမှာ စစ်ကောင်စီယာဥ်တန်းကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

08 Jan, 13:26


စခန်းကုန်းနဲ့ စကစ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/qEWH_elyPqQ

မြို့တော်

Myo Taw NEWS Channel

08 Jan, 07:02


မြို့တွင်းမစ်ရှင်တစ်ခုအပြီး စစ်ကောင်စီတပ်သား‌တွေ CDF-Hakha ထံ အလင်းဝင်လာမှု ပိုများလာ

ဇန်နဝါရီလ ၈

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ပေါ်မှာရှိတဲ့ ပျူစောထီး ၃ ဦးဟာ လက်နက်များနဲ့ အတူ ဒီဇင်ဘာ ၃ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ CDF ဟားခါးထံကို အသီးသီး အလင်းဝင်လာခဲ့ကြတယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

ဟားခါးမြို့ပေါ်က ပျူစောထီး ၃ ဦးဟာ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် CDF-Hakha ဆီမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာလို့ CDF-Hakha က ထုတ်ပြန်ထားပြီး အလင်းဝင်လာသူတွေကိုလည်း ဆုငွေများချီးမြှင့်သလို လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ခုအလင်းဝင်တဲ့သူတွေကို ဆုချီးမြှင့်တာတွေရှိပါတယ်၊ နောက်ထပ် အလင်းဝင်လာမယ့် စကစ တပ်ဖွဲ့ဝင်တွေကိုလည်း ကြိုဆိုပါတယ်၊ CDF-Hakhaကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်၊ အလင်းဝင်လာသူတွေ ရဲ့ အသက်နဲ့ လုံခြုံရေးကို တာဝန်ယူတယ်'' လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

CDF-Hakha က ဇန်နဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား တစ်စီးကို ဟားခါးမြို့တွင်းတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါတိုက်ခိုက်မှု အပြီးမှာ အခုလို အလင်းဝင်လာတာတွေ များလာတာလို့ စစ်ရေးသတင်းအရင်းအမြစ်အရ စုံစမ်းသိရှိရပါတယ်။

တိုက်ခိုက်မှုအတွင်း ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးစလုံး ပြင်းထန်ဒဏ်ရာ ရရှိသွားပြီး ထိခိုက်သူ ၃ ဦးထဲမှာ ရဲမှူးလည်း ပါဝင်တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေက ပြောဆိုနေကြပါတယ်။

" CDF-Hakha က ဟားခါးမြို့ပေါ်မှာပါ မစ်ရှင်တွေ ဖော်ဆောင်နေပါပြီ၊ နောက်လည်း ဆက်လက်ဖော်ဆောင်သွားမှာပါ၊ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ခင် စကစလက်အောက်ခံတွေကို အလင်းဝင်စေချင်ပါတယ်'' လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့တော်ကို ဆက်လက်ပြောဆိုထားပါတယ်။

ချင်းပြည်နယ်ရှိ ဟားခါးမြို့နဲ့ တီးတိန်မြို့ပေါ်က ပြည်သူအများအပြားဟာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းကစပြီး မြို့ကို စွန့်ခွာကာ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

08 Jan, 05:04


NUG အနေနဲ့ မြေပြင်ထိစပ်မှုတွေလုပ်ချင်ရင် ခြေစွမ်းရှိတဲ့ကစားသမားတွေကို Scout လုပ်ဖို့လိုတယ်

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/JPCiV-XUVIE

ကိုကျော်ဝေဖြိုး စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း နှင့် အင်တာဗျူး အပိုင်း(၂)

"NUG အနေနဲ့ မြေပြင်ထိစပ်မှုတွေ လုပ်ချင်ရင် ခြေစွမ်းရှိတဲ့ ကစားသမားတွေကို Scout လုပ်ဖို့လိုတယ်၊ NUG မှာ Middle Class Management တော်တော်လိုအပ်ချက်တွေရှိတယ်။ Scout ကောင်းကောင်းနဲ့ Middle Class Management ကောင်းကောင်းလုပ်နိုင်ရင် NUG မှာ လိုအပ်တဲ့ Capicity လည်း ပြည့်သွားမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်နိုင်စွမ်းအားကော သူ့ရဲ့ Mandate က ကောင်းပြီးသားလေ"

မြို့တော်

Myo Taw NEWS Channel

08 Jan, 04:30


ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၅ ဦး အလင်းဝင်

ဇန်နဝါရီ ၈

မကွေးတိုင်း ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၅ ဦးဟာ ဇန်နဝါရီလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အလင်းဝင်လာခဲ့တယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

"ခုအလင်းဝင်လာတဲ့သူတွေက စစ်ကြောင်းထွက်ရင်းနဲ့ဆိုတော့ ထွက်ရတာ ပိုလွယ်သွားတာပေါ့၊ ခုတလောအတွင်း အလင်းဝင်တဲ့သူတွေများတယ်၊ ချင်းတောင်မှာ စစ်ရှုံးတော့ ပိုပြီး အလင်းဝင်လာကြတာ၊ အရှင်ဖမ်းမိတဲ့သူတွေလည်း မနည်းတော့ဘူး၊ အလင်းဝင်လာတဲ့သူတွေကိုတော့ ကူညီထောက်ပံ့ပေးပြီး လိုရာခရီး ပို့ပေးတယ်'' လို့ ပဖအအဖွဲ့ဝင်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

အဆိုပါ ရဲတပ်သား ၅ ဦးဟာ ဆောမြို့မရဲစခန်းကနေ လောင်းရှည်ရဲစခန်းကို အင်းအားပူးပေါင်းဖို့ စစ်ကြောင်းထိုးလာရင်း အလင်းဝင်ခဲ့ကြတာလို့ တော်လှန်ရေးအရင်းအမြစ်တွေ ထံမှတဆင့် စုံစမ်းသိရှိရပါတယ်။

အလင်းဝင်လာသူတွေဟာ MA-1 ၁ လက်၊ MA-3 ၁ လက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်အိမ် ၉ ခုနဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း(၃)နဲ့ တပ်ရင်း(၅)ထံကို အလင်းဝင်လာခဲ့ကြလို့ သိရှိရပါတယ်။

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ရဲတပ်သား တစ်ဦးဟာ ပြည်သူ့ရင်ခွင်ခိုလှုံကာ G-3 ၁ လက်၊ ၇.၆၂ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆက်လက်စုံစမ်းသိရှိရပါတယ်။

ဇန်နဂါရီလ ၄ ရက်နေ့ကလည်း ဆောမြို့နယ်မှာရှိတဲ့ လောင်းရှည်တိုက်နယ် တစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နဲ့အတူ လက်နက် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

08 Jan, 03:50


မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ဇန်နဝါရီ ၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်ခန့်က မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းက ဇန်နဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

"ထားဝယ်မြို့က မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခဲ့တာ၊ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီလောက်ကြာတယ်" လို့ ဒူရကစစ်ကြောင်းက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"တိုက်ခိုက်မှုအတွင်း MA ကျည်ပေါက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်၊ အီကွေးမန့် ၁ စုံတို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်" လို့ ဒူရကစစ်ကြောင်းက ပြောပါတယ်။

တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းကဦးဆောင်ပြီး ဓဝယ်အမျိူးသားလွတ်မြောက်ရေးတပ်မတော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖယ်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်နဲ့ (D.E.F-PDF)မှ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်တိုးမြင့်ပြီး ဆောင်ရွက်နေတဲ့အချိန် ဖြစ်တာကြောင့် စစ်ရေး အထူးသတိပြုသွားလာနေထိုင်ကြရန် ဒူရကစစ်ကြောင်းက တိုက်တွန်းအသိပေး ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက် အမှန်တရားဘက်က ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံး ပူးပေါင်းပေးကြဖို့ကိုလည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း မောင်မယ်ရှားတောရွာ ဟားလီးကွေ့မှာ စခန်းချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရရှိကာ လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

08 Jan, 03:15


နတ်မောက်မြို့နယ် ဂွေးချောင်း‌ကျေးရွာ ပျူစောထီးအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီ ၈

မကွေးတိုင်း၊ နတ်မောက်မြို့နယ်‌ ဂွေးချောင်းကျေးရွာ စစ်တပ်ဒေါက်တိုင် ပျူစောထီးအုပ်ချုပ်ရေးမှူးကို ဇန်နဝါရီလ ၇ ရက်နေ့က သူနေထိုင်တဲ့ အိုင်ဇောက်ကျေးရွာ နေအိမ်မှာပင် နတ်မောက်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတွေက ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဒေသအရင်းအမြစ်တွေအရ သိရပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေက သူအိမ်ထဲထိ ရောက်အောင်လာပြီး ဖမ်းတာ၊ သူက နွားတင်းကုပ်ကို ထွက်ပြေးတော့ သေနတ်နဲ့ပစ်တာ၊ နောက်စေ့မှန်ပြီး နေရာတင် သေတယ်" လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

နတ်မောက်မြို့နယ်၊ ဂွေးချောင်းရွာအုပ်ချုပ်ရေးမှူး ဘိုဝင်း ကို သူနေထိုင်ရာ အိုင်‌ဇောက်‌ကျေးရွာနေအိမ်မှာပင် တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးကာ နွားတင်းကုပ်အတွင်း ဝင်ရောက်ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး နေရာမှာပင် ပွဲချင်းပြီး ‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဂွေးချောင်းရွာအုပ်ချုပ်ရေးမှူး ဘိုဝင်းဟာ နတ်မောက်တော်လှန်ရေးတပ်ပေါင်းစုက အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ဂရုမစိုက်ဘဲ မထီမဲ့မြင်လုပ်ကာ စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်လို့ အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"အုပ်ချုပ်ရေးမှူး ဘိုဝင်းက အိုက်ဇောက်ရွာက သူ့နေအိမ်ကိုပြန်ချိန် သွားရောက်ရှင်းလင်းခဲ့တာ၊ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားထဲက မထီမဲ့မြင်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးလို့ အခုလိုပစ်ခတ်ခဲ့တာ၊ နောက်စေ့မှန်ပြီး နွားတင်းကုပ်ထဲမှာ ပွဲချင်းပြီးသေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပျူစောထီးဘိုဝင်း ကဲ့သို ပြည်သူတွေကို စစ်တပ်နဲ့ ပေါင်းပြီး ခြိမ်းခြောက်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း နံပါတ်စဉ်အလိုက် အလှည့်ကျ တိုက်ခိုက်သွားမယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ပြောဆိုထားတယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

06 Jan, 13:11


နေပြည်တော်မှာ ရဲတစ်ဦး ရေကန်အတွင်း သေဆုံးနေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OteMPYZupXg

မြို့တော်

Myo Taw NEWS Channel

06 Jan, 12:23


ငွေဆောင်လို ဆွေးနွေးပွဲတွေ ဒီချိန်မှာ တကယ်လိုအပ်သလား

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OQ3uXn8ybWM

စစ်ရှုံးနေတဲ့ စစ်ကောင်စီအတွက်က ဆွေးနွေးမှုဟာသက်သာစေတဲ့ နည်းတစ်ခုဖြစ်ပေမယ့် တော်လှန်ရေး ဘက်ကတော့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိကြောင်း ကြွေးကြော်ထားပါတယ်။

မြို့တော်

Myo Taw NEWS Channel

06 Jan, 09:27


မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီသံရုံး စာထုတ်

ဒီဇင်ဘာ ၆

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်မယ့်သူတွေအနေနဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ လျှောက်ထား တင်ပြနိုင်တယ်လို့ စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အပ်နှံရမယ့် စာရွက်စာတမ်းတွေကတော့ မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း (လျှောက်ထားဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်း တင်ပြစာ)၊ အိမ်ထောင်စုစာရင်း မိတ္တူ (အိမ်ထောင်စုစာရင်းမှာ ထည့်သွင်းထားခြင်းမရှိပါက မရှိကြောင်း တင်ပြစာ)၊ မိဘ မောင်နှမတွေရဲ့ အိမ်ထောင်စုစာရင်း မိတ္တူနဲ့ မွေးစာရင်း မိတ္တူ စတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။

အဲဒီအပြင် လျှောက်ထားရာမှာ နိုင်ငံသားစွန့်လွှတ်လိုကြောင်း လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူအစိုးရထံက မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထား တောင်းခံစာတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး စာရွက်စာတမ်းတွေကို ပြန်လည်အပ်နှံနိုင်ခြင်းမရှိတဲ့ လျှောက်ထားမှုတွေကိုတော့ ထောက်ခံစာထုတ်ပေးမှာ မဟုတ်ဘူးလို့ စင်ကာပူရှိ စစ်ကောင်စီမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်၊၊

စစ်အာဏာသိမ်းကာလအတွင်းမြန်မာနိုင်ငံသားအများစုဟာ စစ်ကောင်စီရဲ့တိုင်းပြည်အတွင်း နေထိုင်လိုစိတ် အဆမတန် ကျဆင်းခဲ့ကြပါတယ်။

ပြည်တွင်းမှ ပြည်ပသို့ အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာဖို့လုပ်ဆောင်နေကြသလို ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုခှုံခွင့် တောင်းခံလာကြတာကိုလည်း တွေ့လာရပါတယ်။

Source: 1 News

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

06 Jan, 08:36


စစ်တပ် လော်ဘီသဇင်ဦးရဲ့ လှူံ့ဆော်ခိုင်းစေမှုကြောင့် ရခိုင်လူမျိုး စစ်ဘေးရှောင် ရှိ၊ မရှိ စစ်တပ်နဲ့ ရဲ တွေက လိုက်လံ စစ်ဆေးနေ

ဇန်န၀ါရီ ၆

စစ်ကောင်စီရဲ့ လော်ဘီဖြစ်သူ သဇင်ဦးက "ပြည်မြို့မှာ စစ်ရှောင်ရခိုင်တွေ များနေပါတယ်၊ ဧည့်စာရင်းကို ထိထိမိမိ မစစ်ဘူး၊ တာ၀န်သိပြည်သူတစ်ဦးက သတင်းပေးပို့လာပါတယ်" လို့ ဇန်န၀ါရီလ ၃ ရက်နေ့က သူမရဲ့ Telegram Channel မှာရေးသားခဲ့ပါတယ် ။

အဲ့ဒီရေးသားချက်တက်လာပြီး နောက်တစ်ရက် ဇန်န၀ါရီလ ၄ ရက်နေ့မှာ န၀င်းရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက်တွေကို နေ့လယ်ခင်းကြီး ရပ်ကွက်ထဲ၀င်ကာ ဧည့်စာရင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ညနေပိုင်းမှာ အောင်ဆန်းပြည်သာယာရပ်ကွက်တွေကို ဧည့်စာရင်းစစ်ဆေးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ စုံစမ်း သိရှိရပါတယ်။

"နေ့ခင်း ၂ နာရီလောက်ကြီး စစ်သားတွေ အုပ်ချုပ်ရေးမှူးတွေ ရဲမေတွေကော ကျည်ကာ၀တ်စုံအပြည့်နဲ့ န၀င်းရပ်ကွက်နဲ့ ပြည်တော်သာထဲက အိမ်တွေကို ၀င်စစ်တာ၊ အဓိက ရခိုင်စစ်ရှောင်တွေ ခိုလှုံမှု့ ရှိ မရှိပေါ့၊ အရင်ကထဲက နေတဲ့သူတွေအပြင် အိမ်ငှားနေတဲ့အထဲ ရခိုင်စစ်ရှောင်တွေ မရှိဘူး" လို့ န၀င်းရပ်ကွက်မှ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

သဇင်ဦးရဲ့ Channel ထဲမှာ "န၀င်းရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက် အတွင်းပိုင်းမှာ စစ်ရှောင် ရခိုင်တွေအများကြီး အုပ်ကြီးကိုဦး က ရဲရဲတောက်အနီ ဆိုတော့ ဧည့်စာရင်းစစ်မယ်ဆိုရင် အနီအိမ်တွေကို ကြိုအကြောင်းကြားပြီးသားပဲ" လို့ ရေးသားထားပါသေးတယ်။

အဲ့ဒီအရေးအသားကြောင့် ပြည်မြို့က စစ်ကောင်စီလော်ဘီ Channel တွေက "စစ်ဆေးမှု အားနည်းသည်ဟု ရေးထားခြင်းသည် မြေပြင်လုပ်ဆောင်မှုများကို မသိရှိဘဲ ထင်ရာမြင်ရာ ရေးသားထားခြင်းသာဖြစ်ပြီး မြေပြင်တွင် နယ်မြေစခန်းအလိုက် ဧည့်စာရင်းစစ်ရာမှာ လက်နက်ကိုင်ရဲမေတွေကိုပါ ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်နေတယ် " လို့ ပြန်လည် ရေးသား ဖော်ပြထားကြပါသေးတယ်။

အိမ်ထောင်စု ၆၀ စု ကိုစစ်ဆေးရာမှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာ ကျား ၁ ဦး မ ၃ ဦး ပေါင်း ၄ ဦးတို့ စစ်ဆေးတွေ့ရှိခဲ့မယ့် စစ်တွေဇာတိ အိမ်ထောင်စုစာရင်းနဲ့ နေထိုင်တဲ့သူဖြစ်တယ်လို့ သိရပြီး ဧည့်သည်စစ်ဘေးရှောင် မရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။ စစ်ကာင်စီလော်ဘီတွေက တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ရခိုင်ဒေသခံစစ်ရှောင်တွေက ပြည်မြို့ကို လာရောက်ခိုလှုံနိုင်တယ်ဆိုတဲ့ သံသယနဲ့ သွေးထိုးလှုံဆော်နေကြတာပဲ ဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေအရ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

06 Jan, 08:35


စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး ၃ ဦး အရှင် ဖမ်းမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိ
ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အရှေ့ပိုင်း အုန်နဲဘုတ်ရွာထဲကို စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေပြီး စီးနင်းလုယက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေဘိုခရိုင် တပ်ရင်း(၁၈) နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၃ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း(၁၈)က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ်မှာရှိတဲ့ ဆားတောင်မြို့ ကတဆင့် ဝက်လက်နယ်ထဲ ဝင်ရောက်ကာ အုန်နဲဘုတ်ရွာကို စီးနင်းဝင်မွှေချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပြီး စစ်ကောင်စီ အင်အား ၇၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြာမြင့်ချိန် ၅ နာရီဝန်းကျင်ရှိပြီး စစ်ကောင်စီဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
"စစ်တပ်က ၄ ရက်နေ့ မနက်မှာ ဆင်တောင်ကနေ စစ်ကြောင်းထိုးလာတယ်၊ ၄ ရက်နေ့ညရောက်တော့ အုန်းနဲဘုတ်ရွာကို ရောက်တယ်၊ ပြည်သူတွေက ရုတ်တရက်ထွက်ပြေးနေတော့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးတယ်၊ စားသောက်ကြတယ်၊ အဲတော့ ပြည်သူတွေ မရှိတော့တဲ့အချိန် ၅ ရက်နေ့ မနက်မှာ စစ်တပ်ဦးတည်ချက်ဖြစ်တဲ့ ရှိမ်းမက ဘက် မရောက်အောင် ကျွန်တော်တို့က ဝင်တိုက်တာပါ၊ ပြည်သူတွေ အထိအခိုက် မရှိပါဘူး" လို့ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မြို့တော်ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ MA 1 ၅ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမ ဗုံးသီး ၃ လုံး နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
"ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်၊ သက်သာနေပါပြီ၊ မစိုးရိမ်ရပါဘူး၊ လက်နက်နဲ့ စစ်အသုံးအဆောင်တွေ အများကြီးရလိုက်ပါတယ်" လို့ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မြို့တော်ကို ပြောပါတယ်။
အဆိုပါ တိုက်ပွဲကို ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်းတပ်ဖွဲ့၊ တပ်ရင်း(၁၈) တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့၊ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ(၄) ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းအရ သိရှိရပါတယ်။
မြို့တော်
Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

06 Jan, 08:35


တရုတ်မှော်ရဲစခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး လောင်းကစား၀ိုင်းတွေပြုလုပ်ကာ ကျေးရွာတွေက မြေတွေကို အတင်းကြပ်ငှားထား
ဇန်နဝါရီ ၆
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က သောင်ပြင်ကျေးရွာမှာ တရုတ်မှော် ရဲစခန်းမှူးနဲ့ အနီးတ၀ိုက်က အုပ်ချုပ်ရေးမှူးတွေက လောင်းကစား၀ိုင်းတွေ အကြီးအကျယ်လုပ်နေပြီး လိုင်းကြေးကို တစ်ယောက်တစ်၀က် ခွဲယူနေကာ ကျေးရွာတွေက မြေနုကျွန်းတွေကို မတရား သိမ်းပြီး ငှားစားနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
"ဒီဘက်မှာက မြေနုကျွန်းတွေပေါတယ်၊ အဲ့မြေနုကျွန်းတွေကို အရင်တုန်းက တောင်သူတွေက ကြက်သွန်တွေ ဘာတွေစိုက်ကြတာပေါ့၊ ခုသူတို့က အကုန် အပိုင်သိမ်းပြီး တောင်သူတွေကို လုပ်ခွင့်မပေးဘဲ တစ်ရာသီ ဘယ်လောက်ဆိုပြီး ရဲနဲ့ အုပ်ချုပ်ရေးပေါင်းပြီး ငှားစားနေကြတာ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။
ဆင်ကျွန်းရွာ၊ ရှားပင်ကုန်းရွာ၊ သောင်ပြင်ကုန်းကျေးရွာ၊ ရွှေဟင်္သာကျေးရွာနဲ့ ကျွန်းမှီးရွာတွေမှာလည်း ဇန်န၀ါရီလ ၁ ရက်နေ့က စပြီး အပတ်စဥ်(၉)အတွက် စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃ သောင်းနှူန်းနဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ စုံစမ်းသိရှိရပါတယ်။
စစ်မှု့ထမ်း မဲပေါက်တဲ့ လူငယ်တွေအတွက် ကျေးရွာကနေ ထောက်ပံ့ပေးရဖို့လို့ဆိုကာ မထည့်မနေရ တစ်အိမ်ထောင် ၃ သောင်း လစဥ်ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။
"ဆင်ကျွန်းရွာက အုပ်ကြီး မောင်၀င်းက တစ်အိမ်ထောင် ၃ သောင်းပေးရမယ်၊ စစ်မှုထမ်းပါတဲ့ သူတွေအတွက် ရိက္ခာ ထောက်ပံ့ရဖို့ တောင်းတာ မပေးရင် တပ်ခေါ်ပြီး တောင်းမယ် ငါကိုယ်တိုင်လည်း ပေးရတာပဲ မပေးနိုင်ရင် ရွာမှာ မနေကြနဲ့လို့ ပြောတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။
အဲ့လိုမပေးရင် ရွာမီးရှို့ခံရမှာကိုလည်း ကြောက်နေကြပြီး ခုကာလက ကောက်ပဲသီးနှံ မရောင်းရသေးတဲ့ ကာလ မလို့ တောင်သူတွေလက်ထဲ ငွေကြေး အဆင်မပြေကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ စုံစမ်းသိရှိရပါတယ်။
ရွှေတောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်မှုထမ်းအပတ်စဥ်(၉) အတွက် လူသစ်စုဆောင်းတာ ပေါ်တာဆွဲတာတွေကြောင့် အဖမ်းမခံရဖို့နဲ့ မလိုက်ရဖို့အတွက် ကျေးရွာတွေမှာ ငွေကြေးကောက်ခံတာ မပေးနိုင်သူတွေက တိမ်းရှောင်နေရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့တော်
Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

06 Jan, 06:50


သုံးထောင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

ဇန်နဝါရီ ၆

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က သုံးထောင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်‌ရောက်တိုက်ခိုက်ခဲ့တာလို့ နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ်(၄-၁၀) တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၁ ဦး၊ အလောင်း ၂ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

"ဇန်နဝါရီလ ၂ ရက်နေ့က မင်းနေကုန်းရဲစခန်းတိုက်ပွဲကို စစ်ကောင်စီတပ်တွေ စစ်ကူလာနိင်တဲ့လမ်းကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးသီးချလုပ်ဆောင်ခဲ့တယ်" လို့ နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ်(၄-၁၀) တပ်ရင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း မျက်ရှုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတွေနဲ့ အလောင်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နွားထိုးကြီး PDF က ဝက်လူးရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ပဲချက်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလ ၂၅ ရက်နေ့ကလည်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်းမှ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို နွားထိုးကြီး PDF တပ်ဖွဲဝင်တွေက ဖမ်းဆီးရာမှာ ထွက်ပြေးတာကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးလုံး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#myotaw

Myo Taw NEWS Channel

25 Dec, 08:35


ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းမှာ သေဒဏ်ချမှတ်မှု ပြန်လည်သတ်မှတ်မယ်

ဒီဇင်ဘာ ၂၅

အမေရိကန်ရွေးကောက်ခံ သမ္မတသစ်ဖြစ်လာတော့မယ့် ဒေါ်နယ်ထရန့်ဟာ ဇန်နဝါရီလ၂၀ ရက်မှာ အာဏာရယူပြီးရင် အကြမ်းဖက်သမား၊ လူသတ်သမားနဲ့ ထိတ်လန့်ဖွယ် ရာဇဝတ်မှုကျူးလွန်သူတွေထဲက အမေရိကန်နိုင်ငံသားတွေကို သေဒဏ်ပေးဖို့ တရားရေးဌာနကို ပြင်းပြင်းထန်ထန် ဖိအားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သေဒဏ်ကျခံ အကျဉ်းသား ၄၀ အနက်မှ ၃၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲစေခဲ့တဲ့ ကြေငြာချက်ကို တုံ့ပြန်တဲ့အနေနဲ့ ထရန့်က အခုလိုပြောဆိုခဲ့တာပါ။

"ကျနော် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ အမေရိကန်မိသားစုတွေနဲ့ ကလေးတွေကို အကြမ်းဖက် မုဒိမ်းကောင်တွေ၊ လူသတ်သမားတွေနဲ့ စက်ဆုပ်ဖွယ် ရာဇဝတ်သားတွေရန်ကနေ ကာကွယ်ဖို့အတွက် သေဒဏ်ချမှတ်ရေး တရားရေးဌာနကို ညွှန်ကြားမှာပါ" လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

အနှစ် ၂၀ နီးပါး ဆိုင်းငံ့ထားတဲ့ သေဒဏ်ပေးတဲ့ကိစ္စကို ထရန့်က သူ့ရဲ့ ပထမဆုံး ရာထူးသက်တမ်း ၂၀၁၇ခု နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ကျင့်သုံးခဲ့ပါတယ်။

သေဒဏ်ကိုဆန့်ကျင်တဲ့ ဘိုင်ဒန် သမ္မတအဖြစ် အရွေးခံခဲ့ရပြီး အာဏာရလာချိန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဖက်ဒရယ်ကွပ်မျက်မှုတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

Source – CNA

မြို့တော်

Facebook Page - ⁦https://www.facebook.com/MyoTawMedia⁩
YouTube Channel - ⁦https://www.youtube.com/@MyoTaw⁩
Telegram Channel - ⁦https://t.me/myotawnews⁩

#myotawnpt
#Myotaw

Myo Taw NEWS Channel

25 Dec, 07:42


ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ဆက်သွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်သား ၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

"ဆက်သွယ်ရေးတပ်ကနေ မွေးမြူရေးဌာနတစ်ခုကို တာဝန်ခေတ္တပေးခံရချိန် ထွက်ပြေးလွတ်မြောက်လာတာဖြစ်တယ်" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျောက်ဆည် ဆက်သွယ်ရေးတပ်ကနေ လူလွှတ်ပြီးတော့ မွေးမြူရေးဘက်ကို တစ်လတစ်ခေါက်လွှတ်တဲ့အချိန် ထွက်ပြေးလာတာဖြစ်ပြီး လက်နက်တော့ အခွင့်မသာလို့ ယူဆောင်မလာဘူးလို့ သိရပါတယ်။

"ဘက်ပြောင်းခိုလှုံချင်နေတာ ကြာနေပြီ၊ အခွင့်မသာဘူး ဖြစ်နေတာ၊ ဒီတစ်ခါမှ ထွက်မပြေးရင် မလွတ်တော့ဘူးဆိုတာသိလို့ သူရောက်အောင်ပြေးလာတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးတပ်ဖွဲ့ဟာ စစ်အကူလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ အချက်ပြဆက်သွယ်ရေး၊ ကြိုးမဲ့ရေဒီယိုဆက်သွယ်ရေး၊ ဆက်သားနဲ့ ချောစာပို့လုပ်ငန်း စတာတွေကို ဆောင်ရွက်ပေးရတာဖြစ်ပြီး ဒါ့အပြင် သမရိုးကျမဟုတ်တဲ့ ခေတ်သစ်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်သွယ်မှုလုပ်ငန်း၊ ဆက်သွယ်မှုကွန်ယက်ဆိုင်ရာ လုပ်ငန်းတွေနဲ့ သတင်းအချက်အလက်လုံခြုံမှု ကျိုးပေါက်ခြင်းမရှိရေး ကြီးကြပ်ပေးခြင်း စတဲ့လုပ်ငန်းတွေကိုပါ တာဝန်ယူဆောင်ရွက်ရတယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်စစ်သားကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က လိုအပ်တာတွေကို စစ်ဆေးမေးမြန်းနေကာ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးမှာဖြစ်ပြီး သူဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်ပေးမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလပိုင်းမှစပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ ၃၃ ဦးဟာ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

မြို့တော်

Facebook Page - ⁦⁦https://www.facebook.com/MyoTawMedia⁩⁩
YouTube Channel - ⁦⁦https://www.youtube.com/@MyoTaw⁩⁩
Telegram Channel - ⁦⁦https://t.me/myotawnews⁩⁩

#myotawnpt
#myotaw

Myo Taw NEWS Channel

25 Dec, 04:54


ဖြူဖြူထွေး နောက်မှာ ဘယ်သူတွေရှိနေလဲ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/vX1BolxT_7Y

ပရုပ်ဆီ ကြော်ငြာလို့ ပြောပေမယ့် တစ်စုံတစ်ယောက်ကို ရည်ရွယ်ဝါဒဖြန့်ထားကြောင်း သိသာတဲ့ ကြော်ငြာဇာတ်လမ်းတစ်ခုကြောင့် ဆယ်လီဖြူဖြူထွေး တစ်ယောက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။ ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကို နိုင်ငံတကာ ခေါင်းဆောင်တွေ အကြီးအကဲအချို့က လွှတ်ပေးဖို့ ပြောဆိုသံတွေ ထွက်လာတဲ့ အချိန်မှာပဲ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ကို လှောင်ပြောင်ထားတဲ့ ကြော်ငြာကလည်း ထွက်လာတာပါ။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဒီလိုမျိုးဖြစ်စဉ်တွေကို မကြာခဏဆိုတာထက် အမြဲလိုလို လုပ်လေ့ရှိတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။

မြို့တော်

Myo Taw NEWS Channel

25 Dec, 04:28


သာယာ၀တီထောင်က နိုင်ကျဥ်းတွေကို သရက်နဲ့ပြည် ထောင်ကို ပြောင်းရွှေ့မယ်လို့ သတင်းများထွက်ပေါ်
ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်က သာယာ၀တီအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေနဲ့ နှစ်ကြီးသမားတွေကို ယခုနှစ်ကုန်ပိုင်းမှာ သရက်နဲ့ ပြည်အကျဥ်းထောင်တွေကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပါတယ်။
"ခုနှစ်ကုန်ပိုင်းမှာရွေ့မယ်ပြောတယ်၊ အနှစ် ၂၀ အထက်တွေလို့ပြောသံကြားတယ်၊ ဘာ့လို့ရွေ့မယ်တော့ မသိဘူး၊ မိန်းကလေးတွေကောပါတယ်လို့ပြောတယ် " လို့ ထောင်နဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။
ရွေ့ပြောင်းမှု့မှာ အမျိုးသမီး နိုင်ငံရေးအကျဥ်းသူတွေလည်းပါမှာဖြစ်ပြီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရပါတယ်။ အဲ့ဒီ ထောင်ပြောင်းရွေ့မယ့်သတင်းကို မိသားစု၀င်တွေ အလွန်စိုးရိမ်သောကရောက်နေကြပြီး ဘယ်သူတွေပါမယ်ဆိုတာကိုတော့ ထောင်ပိုင်တွေဆီက စုံစမ်းလို့မရဘူးလို့ ဒေသခံများက ပြောပါတယ်။
"ခုခေတ်က လမ်းခရီးအခြေအနေက မကောင်းတော့ မပြောင်းစေချင်ဘူး၊ သွားရတဲ့ခရီးကဝေးလို့ ထောင်၀င်စာအမြဲမပို့နိုင်မှာလည်း စိုးရတယ်၊ ခုခေတ် လမ်း အနေအထားနဲ့က အဆင်မပြေနိုင်ဘူး " လို့ ဒေသခံတစ်ဦးကမြို့တော်ကို ပြောပါတယ်။
လက်ရှိမှာ သာယာ၀တီထောင်က သံခြေချင်းတွေ ပြန်ပြင်နေပြီး အကျဥ်းသားအရေအတွက် ဘယ်လောက်ကို ပြောင်းရွှေ့မယ်ဆိုတာ သာယာ၀တီ အကျဥ်းဌာနကို မြိုတော်က မေးမြန်းခဲ့ပေမယ့် ဖြေကြာခြင်းမရှိခဲ့ပါဘူး။
မြို့တော်
Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

25 Dec, 04:27


စစ်ဘေးရှောင်လာသည့် ရခိုင်ပြည်သူ ၁၀ ဦးကို စစ်ကောင်စီကဖမ်းဆီးထား

ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရခိုင်စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး အဆိုပါစစ်ဘေးဒုက္ခသည်တွေဟာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြပြီး အာဏာသိမ်းစစ်ကောင်စီ တိုက်ပွဲများကြောင့် ဧရာဝတီဘက်ကို စစ်ရှောင်သွားကြသည့် သူများဖြစ်ကြောင်း သိရပါတယ်။

"ဖမ်းခံရတဲ့သူတွေက စစ်ရှောင်နေတဲ့ ပြည်သူတွေဖြစ်ကြပါတယ်၊ သူတို့ဒေသက တိုက်ပွဲတွေကြားမှာ ညှပ်ပြီးထိခိုက်မှုရှိမှာစိုးလို စစ်ရှောင်လာကြတဲ့သူတွေကို စကစကဖမ်းတာ ၁၀ ဦးမကရှိပြီ” လို့ ဒေသခံတစ်ဦးက မြို့တော်ကိုပြောပါတယ်။

ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြတဲ့ ရခိုင်စစ်ရှောင်ဒုက္ခသည်များကို အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက အသည်းအသန် လိုက်လံစစ်ဆေးခြင်းများ၊ နှင်ထုတ်ခြင်းများကို ပြုလုပ်နေကြပြီး အုပ်ချူပ်ရေးမှူးတွေက ဧည့်စာရင်းတိုင်ရင် ပိုက်ဆံအများကြီးပေးရပြီး နေထိုင်ခွင့်ကို ရက်အများကြီးပေးမထားကြောင်းသိရပါတယ်။

"ပုသိမ်မှာရှိတဲ့ နေရာတိုင်းလိုလို ရခိုင်စစ်ရှောင်တွေဆိုရင် မရမကရှာဖွေ စစ်ဆေးမှုတွေလုပ်တယ်၊ မသင်္ကာရင် ဖမ်းခေါ်သွားပြီးတော့ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးကြတယ်၊ တချို့မပေးတဲ့သူဆို ပြန်မလွတ်ကြဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ဧည့်စာရင်းတိုင်ရင် ငွေအများကြီးတောင်းတယ်၊ ပြီးတော့ ရေရှည်နေခွင့်မပေးဘူး" လို့ စစ်ရှောင်တစ်ဦးက မြို့တော်ကိုပြောပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၂၀ ဦးကို ပုသိမ်မြို့နယ် ငရုတ်ကောင်းမြိုအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ကြောင်း၊ ဧရာဝတီတိုင်းတွင် ယခုအချိန်အထိ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

မြို့တော်

Facebook Page - ⁦https://www.facebook.com/MyoTawMedia⁩
YouTube Channel - ⁦https://www.youtube.com/@MyoTaw⁩
Telegram Channel - ⁦https://t.me/myotawnews⁩

#myotawnpt
#myotaw

Myo Taw NEWS Channel

25 Dec, 03:17


ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDFက ပြည်သူတွေကို အသိပညာပေးစကားပြောကြားပြီးမကြာမီ စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲ

ဒီဇင်ဘာ ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ နွားထိုးကြီး PDF က ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ကာ ခရီးသွားပြည်သူများအား အသိပညာပေးစကားပြောကြားပြီးနောက် စစ်ကောင်စီက ညနေ ၆ နာရီခန့်မှာ အမြန်လမ်းအနီးရှိ ဒေါင့်ဘိုးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးသွားတယ်ကြောင်း ဒေသအရင်းအမြစ်တွေအရ သိရပါတယ်။

"တိုက်ပွဲလည်းမဖြစ်ဘဲ လေကြောင်းကဗုံးကြဲတာ၊ ရွာလယ်ကအိမ်ပေါ်တည့်တည့် ဗုံးကကျတော့ အဲဒီအိမ်ကအမျိုးသား ခေါင်းပြတ်ပြီးသေတယ်၊ ကျန်တဲ့သူ ၂ ဦးလည်း ထိတယ်လိုကြားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး နေအိမ်မှာပင် ခေါင်းပြတ်သေဆုံးခဲ့ရပြီး ကျန် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီး PDF က ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မကြာမီတိုက်ပွဲများ ရှိလာတော့မှာဖြစ်ပြီး ပြည်သူတွေမလိုအပ်ဘဲ ခရီးမသွားကြရန်၊ တိုက်ပွဲနဲ့တိုးပါက ကားကို ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာလုံခြုံတဲ့ နေရာမှာနေထိုင်ကြရန် တွေ့ဆုံပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDF က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က ရှုံးမဲမဲပြီး အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းမှဗုံးကြဲမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page - ⁦https://www.facebook.com/MyoTawMedia⁩
YouTube Channel - ⁦https://www.youtube.com/@MyoTaw⁩
Telegram Channel - ⁦https://t.me/myotawnews⁩

#myotawnpt
#myotaw

Myo Taw NEWS Channel

25 Dec, 03:17


အာဏာသိမ်းစစ်ခေါင်းဆောင် ရေတပ်နှစ်ပတ်လည်နေ့နဲ့ သာလွန်မင်းလို့ အမည်ပေးထားတဲ့ စစ်ရေယာဉ်ရေချပွဲကို သွားရောက်

ဒီဇင်ဘာ ၂၅

ဒီဇင်ဘာလ ၂၄ ရက် မနေ့က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင် သံလျှက်စွန်းမှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရေတပ်ရဲ့ (၇၇)နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့ စစ်ရေယာဉ်ရေချပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ သာလွန်မင်းလို့ နာမည်ပေးထားတဲ့ ၁၃၅ မီတာ ဖရီးဂိတ်စစ်ရေယာဉ်နဲ့ ၆၃ မီတာ ရေငုတ်သင်္ဘော တိုက်ဖျတ်ရေးရေယာဉ် ၂ စီး တို့ကို ရေချခဲ့တာလည်း ပါဝင်ပါတယ်။

ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကိုကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်သင်္ဘောနာမည်ကို ပေးခဲ့တာလို့ စစ်ကောင်စီသတင်းမှာ ဖော်ပြထားပါတယ်။

ရေတပ်အခမ်းအနားနဲ့ စစ်သင်္ဘောနာမည်ပေးတာနဲ့ပတ်သက်လို့ CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ “ရေတပ်နှစ်ပတ်လည်တက်မယ်ဆိုတာ သတင်းကြိုပေါက်ခဲ့လို့ ရန်ကုန်လုံခြုံရေးကို ဒီရက်ပိုင်းမှာ တော်တော်လုပ်ခဲ့တယ်လို့ သိရတယ်။ နာမည်ပေးတာကတော့ ယတြာသဘောပါပဲ၊ စစ်ခေါင်းဆောင်က သူ့ရဲ့နေ့နံနဲ့ကိုက်တဲ့ ကြာသပတေးနံအဖြစ် သာလွန်မင်း ဆိုပြီးပေးတာပါ၊ အာဏာသိမ်းကာလအတွင်း သူ့ကိုယ်သူ သာလွန်မင်း ဆိုပြီးတင်စားနေတာ၊ နန်းမြို့ဟောင်းတွေကိုလည်း ယတြာချေဖို့သွားခဲ့တာ အကုန်သိနေတာပဲ၊ ပြည်ပရန်မပြောနဲ့၊ ပြည်တွင်းမှာစစ်ရှုံးလို့ ထွက်ပြေးကြတဲ့ စစ်သားတွေကို အိမ်နီးချင်းပြည်ပနိုင်ငံတွေကဖမ်းပြီး ပြန်ပို့နေရတဲ့ခေတ်ပါ” လို့ မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရေတပ်အနေနဲ့ ရခိုင်ကသံတွဲမှာ မောင်ရွှေလေး ရေတပ်စခန်းကို လက်လွှတ်ခဲ့ရပြီး အေအေနဲ့ တိုက်ပွဲများအတွင်း စစ်ရေယာဉ်များစွာလည်း နစ်မြုပ်ပျက်စီးခဲ့ပါတယ်။

မြို့တော်

Facebook Page - ⁦https://www.facebook.com/MyoTawMedia⁩
YouTube Channel - ⁦https://www.youtube.com/@MyoTaw⁩
Telegram Channel - ⁦https://t.me/myotawnews⁩

#myotawnpt
#myotaw

Myo Taw NEWS Channel

24 Dec, 13:15


ထွေအုပ်ရုံး နဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/v_5vKCbcLxc

မြို့တော်

Myo Taw NEWS Channel

09 Dec, 12:41


ထွက်ပြေးတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိတချို့ကို AA က ဖမ်းဆီးရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OhmMloPsrEg

မြို့တော်

Myo Taw NEWS Channel

09 Dec, 12:05


ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပြီလဲ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/oE6SpgVEKpE

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ကိုစည်သူမောင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ “ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပီလဲ”ဆိုတဲ့ အကြောင်းလေးကို ပြန်လည်မျှဝေပေးမှာ ဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ်က မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနဲ့ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပတို့နဲ့ ပတ်သက်ပြီး ကိုစည်သူမောင်က ပြောခဲ့တာဖြစ်ပါတယ်။

မြို့တော်

Myo Taw NEWS Channel

09 Dec, 10:44


အာဏာရပါတီက ဒုတိယအကြိမ် အာဏာသိမ်းကြောင်း တောင်ကိုရီးယားအတိုက်အခံတွေက ဝေဖန်ထောက်ပြ

ဒီဇင်ဘာ ၉

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖြုတ်မချတာဟာ အာဏာရပါတီက ဒုတိယအကြိမ် အာဏာသိမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ပြီးခဲ့တဲ့ စနေနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ သမ္မတရဲ့ အာဏာရ PPP ပါတီ အနေနဲ့ ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်က နိုင်ငံရေးရာတွေကို ဦးဆောင်မယ်လို့‌ ပြောဆိုထားပါတယ်။

သမ္မတအနေနဲ့ ရာထူးကနေ နုတ်ထွက်ချိန်ထိ နိုင်ငံရေး၊ သံတမန်ရေးနဲ့ ပြည်တွင်းရေးရာတွေမှာ ပါဝင်ပတ်သက်တော့မှာမဟုတ်ဘဲ ဝန်ကြီးချုပ် ဟန်ဒတ်ဆိုးက အစိုးရဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲမယ်လို့ အာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းက ပြောပါတယ်။

ဒါပေမယ့်လည်း အဆိုပြုထားတဲ့အစီအစဉ်ဟာ တရားမဝင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီတာကြောင့် ဒါဟာ အာဏာရပါတီရဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှုဖြစ်တယ်လို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က ဝေဖန်ပြောဆိုပါတယ်။

ဒီလိုဆုံးဖြတ်ချက်ချဖို့အတွက် PPP ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းကို ဘယ်သူကမှ အခွင့်အာဏာပေးမထားကြောင်း သူကဆိုပါတယ်။ သမ္မတရဲ့အာဏာကို ပူးတွဲကျင့်သုံးမယ်ဆိုတဲ့ ဝန်ကြီးချုပ်နဲ့ အာဏာရပါတီရဲ့ ကြေညာချက်ဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုတာ ထင်ရှားနေတယ်လို့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ကင်မင်ဆွတ် က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားပြည်သူတွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုနေကြပြီး တိုင်းပြည်ကို ဘယ်သူဦးဆောင်နေတယ်ဆိုတာ ရှင်းလင်းပြတ်သားမရှိကြောင်း ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

09 Dec, 09:37


မြေမြှုပ်မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား ၁ ဦး ခြေကျင်းဝတ်ပြတ်သွား

ဒီဇင်ဘာ ၉

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာဟာ ဒီဇင်ဘာလ ၅ ရက် မနက်အစောပိုင်း ၁ နာရီလောက်က စစ်ရှောင်တဲ့နေရာကနေ အိမ်ကိုခဏပြန်ချိန် ကျေးရွာအဝင်မှာပဲ မိုင်းနင်းမိတာဖြစ်ကြောင်း သိရပါတယ်။

"ဘယ်အဖွဲ့အစည်းက ထောင်ထားမှန်းမသိဘူး၊ စစ်ရှောင်နေရင်းကနေ အိမ်စိတ်မချလို့ အိမ်ပြန်လာချိန်မှာ မိုင်းနင်းမိပြီး ခြေချင်းဝတ်ပြတ်သွားတာ၊ လုပ်ကိုင်စားဖို့ ခက်သွားပြီ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထောင်တဲ့မိုင်းတွေဟာ ကိုယ်တိုင်ခွဲမှ ကွဲတဲ့မိုင်းတွေဖြစ်ပြီး နင်းမိုင်းတွေကို စစ်ကောင်စီတပ်ကသာ အများဆုံး အသုံးပြုကြတာဖြစ်ကြောင်း သိရပါတယ်။

"ကျွန်တော်တို့အဖွဲ့တွေထောင်တဲ့မိုင်းက ကိုယ်တိုင်ခွဲမှ ပေါက်တာ၊ ခုဟာက စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ ခုလိုဖြစ်သွားတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက် ကုန်းသာအုပ်စု၊ လေးအိမ်တန်းရွာက လူငယ်အမျိုးသား ၁ ဦး သူ့ရွာအနီး နွားကျောင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

09 Dec, 07:57


အင်အား ၅၀ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါဝင် စစ်ကောင်စီတပ်သား ၂၄ ဦးထိ သေဆုံးပြီး ၂၆ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၉

ရေတာရှည်မြိုနယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာအထိ အင်အား ၅၀ကျော်ရှိတဲ့ စစ်ကောင်စီစ်ကြောင်းကို ဒီဇင်ဘာလ ၅ရက် မနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ရာမှ စတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၂၄ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရရှိခဲ့ကာ RTC အဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ ၁ နာရီ ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်များရဲ့ စောင့်ကြိုပစ်ခတ်ခြင်းကြောင့် အထိနာသွားတဲ့ အကြမ်းဖက် စကစတပ်သားတွေဟာ မနက် ၉ နာရီခန့်အချိန်မှာ ကျွန်းတောကုန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ၆၀ မမ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း၊ ၁၂၀ မမ လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်‌ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွာ
သွားတဲ့အချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်က ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျုဟာအမှတ် ၁၇ လက်အောက်မှာရှိတဲ့ တပ်ရင်းအမှတ် ၈၀၄၊ ၉၀၁ များမှ စစ်ကူရောက်ရှိလာတာကြောင့် လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကာ G3 ကျည်ဆံအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မွန်းတည့် ၁၂ နာရီခန့်အချိန်မှာတော့ စစ်ကောင်စီဘက်က ဒုတိယအကြိမ် စက်သေနတ်တင် သံချပ်ကာကားတွေနဲ့ အင်အားဖြည့် စစ်ကူ စစ်ကြောင်းများဖြည့်တင်းကာ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီကျော် ထပ်မံကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျူဟာအမှတ် ၁၇လက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊၉၀၁၊ RTC စစ်ကြောင်းနဲ့အတူ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်းပူးပေါင်းအဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

09 Dec, 06:30


တောင်ကုတ်နဲ့ မင်းတုန်းတဝိုက်က တိုက်ပွဲတွေကြောင့် စစ်ကောင်စီ ခံစစ်ပြင်နေရ

ဒီဇင်ဘာ ၉

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က မင်းကြီးတောင်ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေက စတင်ပြီး လက်နက်ကြီးတပ်ဆင်ဖို့အတွက် အထိုင်နေရာတွေ ပြင်ဆင်နေကာ ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ စုံစမ်းသိရှိရပါတယ်။

အဆိုပါတောင်ဟာ န၀ဒေးတံတားထိပ်နဲ့ သင်္ဘောဆိပ်တို့ကို အပေါ်စီးမှ မြင်ရပြီး အကွက်အကွင်းကျတဲ့ နေရာဖြစ်ကာ စစ်ကောင်စီတပ် စစ်ကြောရေးစခန်း တပ်လိုင်းခန်းတွေ၊ စရဖ ရုံးနဲ့ မြန်မာ့အသံ ထပ်ဆင့်အသံလွှင့်ရုံတွေလည်းရှိနေပြီး တခြားရှေးဟောင်းအဆောက်အအုံတွေလည်း ရှိတဲ့နေရာဖြစ်ကာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းသဖွယ် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

"မင်းကြီးတောင်ပေါ်မှာ အမြှောက်တွေထားဖို့ မြေကြီးတွေဖို့နေပြီး ၁၅၅ မမ တွေလည်းပါတယ်လို့ ပြောသံကြားတယ်။ အရေးပေါ်ဆင်းဖို့ ရဟတ်ယာဥ်ကွင်းလည်း ပြင်နေတယ်။ ပြည်လေယာဥ်ကွင်းကိုလည်း ပြန်ပြင်နေတယ်။ န၀ဒေးတံတားအောက်တွေမှာကော မြို့ထဲတွေမှာပါ အရပ်၀တ်တွေနဲ့ သေနတ်တွေဖွက်ပြီး သွားနေကြတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အခုရက်ပိုင်းထဲမှာ ပန်းတောင်းမြို့နယ်ရဲစခန်းက အချုပ်သားတွေကိုလည်း Express ကားနဲ့ သယ်ဆောင်ပြီး ပြည်မြို့အကျဥ်းထောင်အပြင်က အချုပ်ထဲမှာပဲ ထားရှိတယ်လို့ သိရပါတယ်။

"ပန်းတောင်းရဲစခန်းက အချုပ်သားတွေအကုန် ပြည်ထောင်ကို ပို့တယ်။ အမှုရင်ဆိုင်ရင် ပြည်ထောင်ကြီးချုပ်ကနေ လာပြီး ပန်းတောင်းတရားရုံးမှာ ရင်ဆိုင်ရမယ်။ ပန်းတောင်းက စခန်းတွေမှာ ရဲအင်အား မလုံလောက်လို့ လို့လဲကြားတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ရိုးမပေါ်က တိုက်ပွဲတချို့အပြင် မင်းတုန်းမြို့နယ်နဲ့ တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွေမှာ အထိနာကျရှုံးမှုတွေများပြီး မကြာခင်ရောက်လာမယ့် ထိုးစစ်အတွက် အခုလို ခံစစ်ပြင်ဆင်နေတာ ဖြစ်နိုင်ကာ စစ်ကောင်စီလော်ဘီများကလည်း ပြည် ဒကစမှုးကို ခံစစ်ပြင်ဖို့ ၀ိုင်းဖိအာပေးထားကြတယ်လို့လည်း ဒေသတွင်း သတိအရင်းမြစ်တွေအရ စုံစမ်း သိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

09 Dec, 05:11


စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉

ရခိုင့်တပ်တော်(AA)က နခခ(၅)ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့‌နောက်မှာ ထွက်ပြေးသွားတဲ့ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးစီးတဲ့ အရာရှိစစ်သည်တွေကို မွတ်ဆလင်လက်နက်ကိုင် ၈၀ ကျော်နဲ့အတူ ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်က မောင်တောမြို့ သီဟိုဋ်ခြံအနီးမှာ AA က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိအဖွဲ့က သီဟိုဋ်ခြံဖက်ကို မွတ်ဆလင်စစ်သား ၈၀ ကျော်နဲ့ ထွက်ပြေးတိမ်းရှောင် ပုန်းခိုနေခဲ့ကြတာဖြစ်ပြီး AA ဘက်က ရှာဖွေတိုက်ခိုက်ပြီး လက်ရဖမ်းဆီးနိုင်ခဲ့ကြတာလို့ သိရပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အရေးပါတဲ့ အရာရှိတချို့ကို AA က ကားတစ်စီးနဲ့ လုံခြုံတဲ့နေရာကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅)ကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ရခိုင့်တပ်တော်(AA) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးသွားနိုင်တာကြောင့် ရခိုင်ပြည်ဘက်အခြမ်း နတ်မြစ်အတွင်း ခရီးသွားလာမှုကို AA က ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သိရပါတယ်။

မြို့တော်


Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

09 Dec, 04:49


အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၁၅၀ ကျော်ကို မီးရှိဖျက်ဆီး

ဒီဇင်ဘာ ၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီခန့်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

"အင်အား ၇၀ ကျော်လောက်နဲ့ ရွာထဲကို အလုံးအရင်းဝင်လာပြီး မီးရှို့တာ၊ အိမ်ကြီးအိမ်ကောင်းတွေများတဲ့ဘက်က စရှို့တာ၊ ရွာကတော့ ၃ ပုံ ၂ ပုံလောက်ပြုတ်ပြီဗျာ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းက ငါးမိုင်ကျေးရွာဘက်ကနေ ရွာသစ်ရွာကို ရောက်လာပြီး အင်အား ၇၀ လောက်နဲ့ ရွာအနောက်ခြမ်းဘက်က စပြီး မီးရှိဖျက်ဆီးခဲ့လို့ ရွာရှိနေအိမ် ၁၅၀ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

"သူတို့က ရွာကိုမဲတာ၊ အရင်လတုန်းက ရွာအနားမှာ PDFတွေနဲ့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဘက်က သေဆုံးတာများလို အခုလိုလုပ်တာ" လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ရွာသစ်ကျေးရွာဟာ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့ သိရပြီး ရွာသစ်ရွာကို မီးရှိပြီးတဲ့နောက်မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ရွာသစ်ရွာနဲ့ ကြိုးဝိုင်းရွာကြားမှာ တပ်စွဲထားတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များ အရ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက မင်းတုန်းမြို့နယ်မှာရှိတဲ့ ကျေးရွာအများအပြားကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အခု ရွာသစ်ရွာ မီးရှို့ဖျက်ဆီးမှုမှာလည်း ဒေသခံတွေက ကြိုတင် ထွက်ပြေး တိမ်းရှောင်နေတာဖြစ်လို့ အသက်ဆုံးရှုံးမှု မရှိတာလို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက် မနက် ၅ နာရီလောက်ကလည်း စစ်ကောင်စီရဲ့ အင်အား ၁၀၀ ပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#myotaw

Myo Taw NEWS Channel

30 Nov, 12:35


အငြိမ်းစား ရဲမှူးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/PEyrdaLfDGU?si=X908IC_wDRWQd-e4

မြို့တော်

Myo Taw NEWS Channel

30 Nov, 11:01


ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်ကို တရုတ် သတိပေး

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/za1hHaAkt5U

"အမေရိကန်အနေနဲ့ ထိုင်ဝမ်အရေးကို သတိကြီးကြီးထားပြီး ကိုင်တွယ်ဖြေရှင်းဖို့၊ ထိုင်ဝမ် လွတ်လပ်ရေး ကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံရမယ်" လို့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ မစ္စမောင်းနင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ခေါင်းဆောင်တွေကို မည်သည့်ပုံစံ သို့မဟုတ် ခွဲထွက်ရေးလှုပ်ရှားမှု အတွက်မဆို အမေရိကန်ရဲ့ ထောက်ခံမှုကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။

မြို့တော်

Myo Taw NEWS Channel

30 Nov, 04:55


ဂွအခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို အလံဖြူထောင်ရန် AA ကမ်းလှမ်း

နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ် ဂွအခြေစိုက် ခမရ(၅၆၃) နှင့် ခမရ(၅၆၂) တို့ကို အလံဖြူထောင်ဖို့ အာရက္ခတပ်တော်(AA)က စာပေပို့ပြီး ကမ်းလှမ်းလိုက်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၂၉ ရက်မှာ ဂွတပ်ရင်းတွေကို အလံဖြူထောင်ဖို့ အေအေက စာပို့ပြီး ကမ်းလှမ်းတာဖြစ်ကြောင်း၊ အေအေရဲ့ စစ်ကြောင်းမှာ ဒေသအတွင်းက လမ်းကျွမ်းကျင်သူတွေရော၊ အရင် ဂွမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး အေအေဆီကို ရောက်သွားတဲ့ အစိုးရဘက်က အရာရှိတွေရော ပါကြောင်း ဒေသခံတစ်ဦး ပြောဆိုထားတာကို ကိုးကားပြီး ရခိုင်ပြည်နယ်အခြေ စိုက်မီဒီယာအချို့က ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်(AA) ဟာ လက်ရှိ ဂွမြို့အနီး ၇ မိုင်ခန့်အကွာသို့ ရောက်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေကာ အေအေက ပေးပို့တဲ့ စာနဲ့ပတ်သက်ပြီး ဂွအခြေစိုက်တပ်ရင်းတွေက ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အေအေရဲ့ ထိုးစစ်ဟာ ဂွမြို့အနီး ၇ မိုင်ဝန်းကျင်က ညောင်ချောင်းနဲ့ ချောင်းကုန်းကျေးရွာ အနီးတဝိုက်ကို ရောက်ရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း၊ ညောင်ချောင်းနဲ့ ချောင်းကုန်းရွာအနီးမှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျများပြီး မနေ့ကတိုက်ပွဲမှာ အရာရှိကြီးတစ်ဦး ဒဏ်ရာရသွားလို့ ခမရ(၅၆၂) က လက်နက်ကြီးနဲ့ မနက် ၂ နာရီထိ ပစ်ကူပေးခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲဟာ ဂွမြို့အနီးက ညောင်ချောင်းအထိ ဖြစ်ပွားလာနေပြီဖြစ်တာကြောင့် အေအေ က ဂွမြို့ကို ဝင်ရောက်လာတော့မယ်လို့ အရပ်ဘက်ဒေသခံများအကြား သတင်းများ ဖြစ်ပေါ်နေပါတယ်။

လက်ရှိ ဂွမြို့ပေါ်ရပ်ကွက်တွေရော၊ ဂွမြို့ အနီးဝန်းကျင်တွေကပါ စစ်ဘေးကနေ တိမ်းရှောင်သူတွေရှိသလို ကျန်ရစ်နေသူတွေလည်း ရှိနေသေးကြောင်း သိရပါတယ်။

ဂွမြို့ပေါ်မှာ တိုက်ပွဲဖြစ်လာဖို့အတွက် ရှောင်လွှဲလို့ မရနိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိနေပြီး မကြာမီ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

30 Nov, 03:09


ရခိုင်လူမျိုး အငြိမ်းစားရဲမှူးတစ်ဦးကို စစ်ကောင်စီက ရန်ကုန်မှာ ဖမ်းဆီး

နိုဝင်ဘာ ၃၀

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ နေထိုင်တဲ့ အငြိမ်းစားရဲမှူးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ရခိုင်သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးရွှေဇံဟာ ရဲမှူးအဆင့်နဲ့ အငြိမ်းစားယူခဲ့တဲ့သူဖြစ်ပြီး သာကေတမြို့နယ် အမှတ်(၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်းမှာ နေထိုင်နေသူတစ်ဦး ဖြစ်ပါတယ်။

သူ့ကို နိုဝင်ဘာလ ၂၆ ရက် ည ၇ နာရီအချိန်မှာ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့က သူနေထိုင်တဲ့ အိမ်ကနေ ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ အေအေနဲ့ဆက်စပ်တဲ့ သံသယရှိမှုနဲ့ ဖမ်းဆီးတယ်လို့ကြားကြောင်း၊ သက်ဆိုင်ရာက သတင်းထုတ်ပြန်တာ မရှိသေးတဲ့အတွက် တိတိကျကျ မသိရသေးကြောင်း၊ ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ကိုဝိုင်းထားပြီး ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မှာနေထိုင်တဲ့ ရခိုင်အမျိုးသားတစ်ဦးကပြောတာကို ကိုးကားပြီး ရခိုင်ဒေသမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို သာကေတမြို့မရဲစခန်းမှာ ချုပ်နှောင်ထားခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်မှာတော့ နေရာပြောင်းလဲ ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲမှူးအငြိမ်းစားဆိုတော့ စစ်ကြောရေးမှာ သတ်ပစ်တာမျိုးတော့ မလုပ်နိုင်ကြောင်း၊ အမှုဖွင့်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ဖွယ်ရှိကြောင်း၊ ဘုရင့်နောင်စစ်ကြောရေးခေါ်သွားတယ်လို့ သိရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်တစ်ဦးကို ကိုးကာပြီး သတင်းတင်ဆက်တာတွေလည်း ရှိနေပါတယ်။

အငြိမ်းစားရဲမှူး ဦးရွှေဇံဟာ သာကေတမြို့မရဲစခန်းမှာ ဒုရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ရဲမှူးအဆင့်ရာထူးနဲ့ အငြိမ်းစားယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း ရခိုင်လူမျိုး အဆိုတော်ဆုမြတ်ထက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူထားပြီး ရန်ကုန်မှာ အေအေနဲ့ ပတ်သက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်အမျိုးသားတွေကို မကြာခဏ ဖမ်းဆီးမှုများ ရှိနေပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Nov, 13:13


ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်မှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/ZLmDXxKwzjY

မြို့တော်

Myo Taw NEWS Channel

29 Nov, 12:12


တရုတ် ပစ္စည်းတွေကို အခွန် တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်ပြော

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/d0iU2eQZNt4

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ မက္ကဆီကို နယ်စပ်က တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမယ်ဆိုရင် အမေရိကန်က အလုပ်အကိုင် ၄ သိန်းခန့် ဆုံးရှုံးနိုင်တယ်လို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်နဲ့ ပတ်သက်လို့လည်း ဒေါ်နယ်ထရမ့် အနေနဲ့ ဖန်တနိုင်း မူးယစ်ဆေးဝါးများ စီးဆင်းမှုနဲ့ ပတ်သက်ပြီး တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်များ တိုးမြှင့်ကောက်ခံမယ်လို့ ပြောထားပါတယ်။ ဒီလိုလုပ်လာရင်တော့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ပျက်ကိန်းကြုံမည့် အခွန်စစ်ပွဲ ဖြစ်လာနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြို့တော်

Myo Taw NEWS Channel

29 Nov, 05:53


တောင်ကုတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) သတင်းထုတ်ပြန်

နိုဝင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးတွင် တောင်ကုတ်ရှိ စစ်ကောင်စီစခန်း ၁၀ ခုအား သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တောင်ကုတ်မြို့ပေါ်က သိမ်းပိုက်ရရှိခဲ့တဲ့ စခန်း ၁၀ ခုမှာ တောင်ကုတ်တက္ကသိုလ်ရှေ့က စစ်ဆေးရေးဂိတ်နဲ့ ရာဘာခြံရှိ စစ်ကောင်စီရဲ့စခန်းများ၊ တောင်ကုတ်တက္ကသိုလ် ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီဘက်က အခိုင်အမာ စခန်းချနေထိုင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ဖုန်ညိုရွာဘုန်းကြီးကျောင်းအနီး တောင်ကုန်းနဲ့ ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းများ၊ တောင်ကုတ်မြို့အဝင် စစ်ကောင်စီရဲ့ စကခ(၅) တပ်မဌာနချုပ်ဂိတ်စခန်း၊ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီစခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီစခန်း၊ သီရိဆေးရုံ ဂုဏ်နေဒေါက်ကျင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ တောင်ကုတ်မြို့အတွင်းက တောင်ကုတ်မြို့မရဲစခန်း တို့ဖြစ်ကြောင်း သိရပါတယ်။

တောင်ကုတ်မြို့ပတ်ဝန်းကျင်က စစ်ကောင်စီရဲ့ စခန်းအားလုံးကို သိမ်းပိုက်ရယူပြီးဖြစ်ကြောင်းနဲ့ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စကခ(၅) ဌာနချုပ်နဲ့ စကခ(၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြတဲ့ ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တောင်ကုတ်မြို့ရှိ စစ်ကောင်စစခန်းများကို အာရက္ခတပ်တော်က ထိုးစစ် မစတင်မီကတည်းက တောင်ကုတ်မြို့ကို ပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းတို့ကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဖရိုဖရဲ ထွက်ပြေးနေကြပြီး အာရက္ခတပ်တော်က လိုက်လံရှင်းလင်းနေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင် သတင်းများအရ သိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Nov, 05:52


မကွေးမြို့က ချိူချိူ ရတနာရွှေဆိုင်မှာ ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ခတ်ပြီး ဓားပြတိုက်မှုဖြစ်ပွား

နိုဝင်ဘာ ၂၉

မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းပေါ်က ချိူချိူ ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ပစ်ခတ်ခဲ့ပြီး ရွှေထည်တချို့ ဓားပြတိုက် လုယူခံရတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များထံမှ စုံစမ်းသိရှိရပါတယ်။

ရန်ပယ်စျေးအနီးမှာရှိတဲ့ ချိုချိုရတနာရွှေဆိုင်ကို ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား ၂ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင်အမျိုးသား ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ရွှေထည်တွေထည့်ထားတဲ့ မှန်ဗီဒိုကို ရိုက်ဖွင့် လုယူထွက်ပြေးသွားခဲ့တာလို့ သိရှိရပါတယ်။

"ခုအပစ်ခံရတဲ့သူတွေ တူအရီး ၂ ယောက်လုံး ခွဲစိတ်ခန်းဝင်နေတုန်းပဲ၊ ပစ်တာတော့ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး" လို့ မကွေးမြို့အခြေစိုက် ပရဟိတအသင်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးနဲ့ တူဖြစ်သူတို့မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ မကွေးမြို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

"အခင်းဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက မြို့အနှံ့နေရာတွေကို စစ်ဆေးတာတွေရှိတယ်။ ဆိုင်ကယ်၊ ကား၊ အိုးဝေ ကအစ အကုန်စစ်ဆေးနေတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ချိုချို ရတနာဆိုင်ကနေ ရွှေထည်ပစ္စည်းတချို့ လုယက်ခံလိုက်ရပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိပ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက် မကွေးမြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် လုယက်သူတွေကို ဖမ်းဆီးနိုင်တာမျိုး မရှိသေးဘူးလို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Nov, 05:51


တနင်္သာရီမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ

နိုဝင်ဘာ ၂၉

တနင်္သာရီမြို့နယ်၊ ဇဝဲအခြေစိုက် စစ်ကောင်စီတပ် အမှတ်(၅၅၆) ခြေမြန်တပ်ရင်း (ခမရ ၅၅၆)ကနေ ပတ်ကင်းထွက်လာတဲ့ အဖွဲ့တွေကို နိုဝင်ဘာလ ၂၁ ရက်နဲ့ နိုဝင်ဘာလ ၂၂ ရက်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး/ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ(၅) တောဗုံးကြီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၂၁ ရက် နေ့လည်ပိုင်းက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆)ကနေ ကင်းလှည့်ဖို့ ခြေလျင်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးပါအဖွဲ့ကို မြိတ်နဲ့ တနင်္သာရီ နယ်ခြားမှတ်တိုင်အရောက်မှာလည်းကောင်း၊ နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ ခမရ (၅၅၆)ကနေ မြိတ်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး လမ်းကင်းထွက်လာချိန် နယ်ခြားမှတ်တိုင်အနီးမှာလည်းကောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ(၅)မှ တော်လှန်ရေးရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး/ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှုတွေအပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သလို သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကိုလည်း ဇဝဲက ခမရ (၅၅၆) ဘက်ကို ကားနဲ့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ(၅) တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

28 Nov, 13:24


သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/sCcFaL13FlY

မြို့တော်

Myo Taw NEWS Channel

28 Nov, 11:55


AA ကို ဘယ်သူကမှ လျစ်လျူ ရှုလို့ မရတော့ဘူး

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/7bp8JtjeyYs

ရခိုင်ပြည်နယ်ကို ကွပ်ကဲရတဲ့ စစ်ဘက်ဆိုင်ရာ ဌာနချုပ်အဆင့်ကိုတောင် သိမ်းပိုက်ဖို့ လက်တကမ်းသာလိုတော့တဲ့ AA ဟာ စစ်ရေးအရှိန် အမြင့်ဆုံး လက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေတယ်လို့ ပြောရမယ့် အနေအထားပါ။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA) ဟာ နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာတဲ့အတွက် ရခိုင်နဲ့ ဘင်္ဂါလီအရေးတွေမှာ AA ရဲ့ အခန်းကဏ္ဍကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအနေနဲ့ ထည့်မတွက်လို့ မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြပါတယ်။

မြို့တော်

Myo Taw NEWS Channel

18 Nov, 13:02


လေယာဉ်မှူးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသတင်းများ ထွက်ပေါ်နေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/G000vcKtiK8

မြို့တော်

Myo Taw NEWS Channel

18 Nov, 12:03


မိသားစုစီးပွား ခိုင်မာအောင် တည်ဆောက်ခဲ့တဲ့ မင်းအောင်လှိုင်

Youtube မှာကြည့်ရှုရန် >>> https://youtu.be/36JDYDptMLM

စစ်ခေါင်းဆောင်ဟာ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့က BYD လျှပ်စစ်မော်တော်ယာဉ် (EV) ဌာနချုပ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။ သူရဲ့သားဖြစ်သူ အောင်ပြည့်စုံဟာ EV ကား‌ တွေကို မြန်မာပြည်တွင်း တင်သွင်းနေတဲ့ သူပါ။ သိပ်မကြာခင်ကာလကပဲ အောင်ပြည့်စုံရဲ့ လုပ်ဖော်ကိုင်ဖက် ကြည်သာဟန်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ဒီကနေ့ထိ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

မြို့တော်

Myo Taw NEWS Channel

18 Nov, 09:18


မကွေးတိုင်း ကံမမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အသိပေးခြင်းမရှိပဲ တိုက်ပွဲဖြစ်တဲ့နေရာကို ပို့ဆောင်နေ

နိုဝင်ဘာ ၁၈

မကွေးတိုင်း ကံမမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်မှုထမ်းဖို့ ပြည်သူတွေကို မဲနှိုက်ခိုင်းသလိုမျိုး ယခင် ကိုယ်တိုင် မဲနှိုက်ခိုင်းပြီး ရှေ့တန်းပို့ခဲ့ရာမှ နို၀င်ဘာလ ၈ ရက်နေ့ကစပြီး အသိပေးခြင်းမရှိဘဲ အထက်အရာရှိတွေကိုယ်တိုင် ရွေးချယ်ကာ တိုက်ပွဲဖြစ်တဲ့နေရာကို ပို့ဆောင်နေတယ်လို့ ရဲအသိုင်းဝိုင်းတွေဆီက သိရပါတယ်။

အဲဒီလို အသိပေးခြင်းမရှိဘဲ ပို့ဆောင်တာဟာ အခုရက်ပိုင်းတွင်းမှာလုပ်ဆောင်နေကြတာဖြစ်ပြီး ရခိုင်နဲ့ ပခုက္ကူ၊ မင်းတုန်း စတဲ့တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကို ပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

"ဒီအတိုင်း ခေါ်ပြီးမဲနှိုက်ခိုင်းတယ်။ မဲ ပေါက်တဲ့သူတွေကို နောက်တစ်ရက်မှ ကားပေါ်တင်ပြီး ရှေ့တန်းပို့ကြတာပါ။  ခု နောက်ပိုင်းကျ မဲ မနှိုက်တော့ပဲ စခန်းမှူးကပဲ ရဲ တွေကိုရွေးပြီး ရဲ အချင်းချင်းပြန်ဖမ်းပြီး သေနတ်နဲ့ချိန် လက်ထိပ်ခက် ကားပေါ်တင်ပြီး ရှေ့တန်းကိုတန်းပို့နေကြတာ ရှေ့တန်းရောက်မှ မိသားစုတွေက သိရတာပါ"  လို့ ကံမမြို့က ရဲနဲ့နီးစပ်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အခုလို ရဲအရာရှိတွေရဲ့ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေကို အသိပေးခြင်းမရှိဘဲ စခန်းမှူးက မဲ နှိုက်ပြီး မဲပေါက်တဲ့သူတွေကို ရှေ့တန်းပို့လုပ်ဆောင်နေကြတာဟာ ယခုလအစပိုင်းက စပြီးလုပ်နေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးမှု ပိုများလာနေတယ်လို့ သိရပါတယ်။

ကံမမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ က တိုက်ပွဲဖြစ်ပွားရာ ပခုက္ကူမြို့ကိုသွားဖို့ မဲပေါက်တဲ့ ရဲ တပ်သားနှစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်ပိုင်း ကြိုအသိမပေးပဲ ယခုလို မဲနှိုက်ပြီး ချက်ချင်းခေါ်တာလို့သိရပါတယ်။ အဆိုပါထွက်ပြေးတဲ့ ရဲ တပ်ဖွဲ့၀င်နှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

"နှစ်လတကြိမ် မဲနှိုက်ရမယ်။ မင်းတုန်း၊ ပခုက္ကူ၊ ဆိုပြီး နှိုက်ရမယ်။ မဲကျတဲ့သူက ကိုယ်ကျတဲ့မြို့မှာ နှစ်လနေရမယ်။ ပြီးမှစခန်းပြန်လာလို့ရမယ်။ တကယ်တန်းတော့ အပြီးသွားကြရတာပါ  အဲ့လိုသွားတဲ့သူတွေ ရှေ့တန်းမှာ အသေများတယ် "လို့ ကံမမြို့က ရဲ နဲ့ နီးစပ်သူတစ်ဦးက မြို့တော်ကိုပြောပါတယ်။

ကံမမြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးမရအောင် အထက်အရာရှိတွေက တင်းကြပ်ထားပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် အောက်ခြေတပ်သားတွေရဲ့  မိသားစု၀င်တွေရဲ့ ဘ၀တွေကို ချနင်းကာ ထွက်ပြေးပါက မိသားစုတွေကို ဖမ်းစီးမယ်လို့ ခြိမ်းခြောက်ထားကတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
You Tube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Nov, 08:34


မကွေးတိုင်းက စစ်ကောင်စီအရာရှိတွေခိုင်းသမျှ လုပ်ဆောင်ပေးနေတဲ့ ရွှေစက်တော်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ကျေးရွာအုပ်ချုပ်ရေးမှူးကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ရွှေစက်တော်ကျေးရွာနေ အသက် (၄၀) အရွယ် အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက မနက် ၃ နာရီဝန်းကျင်က နေအိမ်ကို သွားရောက်ဖမ်းဆီးကာ ရွာထိပ်အရောက်မှာ ပစ်ခတ်ခဲ့ပြီး နားထင်၊နောက်စေ့၊ ကျောဘက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

"လက်နက်ကိုင် လူတစ်စုပဲ၊ အိမ်ထိလာခေါ်သွားတာ၊ လူပဲခေါ်သွားတာ၊ ပစ္စည်းဘာမှမယူသွားဘူး၊ ရွာထိပ်ကလမ်းမှာ မနက်မှ အလောင်းတွေ့တာ"လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ဟာ
စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ပိုမိုနီးစပ်လာကာ ကျေးရွာက စစ်မှုထမ်းကြေးကောက်ယူတာ၊ စစ်တပ်အရာရှိတွေနဲ့ ပူးပေါင်းသွားလာကာ စစ်ကောင်စီခိုင်းသမျှ လုပ်ဆောင်ပေးနေတဲ့သူ ဖြစ်တယ်လို့ စုံစမ်းသိရှ်ိရပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်သား ၁၄ ဦးခန့်ဟာ အရပ်ဝတ်၊ ဆိုင်ကယ် ၇ စီးနဲ့ ကိုင်းမကျည်းကျေးရွာအနီး ၃ မိုင်စစ်ဆေးရေးဂိတ်ကိုရောက်လာကာ လက်နက်ကြီးတွေနဲ့ ရွှေစက်တော် ကြိုးဝိုင်းတောထဲကို ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Nov, 07:55


စစ်ကောင်စီ လေတပ် လေယာဉ်မှူး အရာရှိက မိန်းမကိုသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း များထွက်ပေါ်

နိုဝင်ဘာ ၁၈


အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီ လေတပ် လေယာဉ်မှူး အရာရှိတစ်ဦးကသူ့ရဲ့ မိန်းမဖြစ်သူ ကိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းတွေဟာ မီဒီယာကတဆင့် အခုရက်ပိုင်းမှာ ပျံ့နှံ့နေ ပါတယ်။

အဲ့ဒီအရာရှိဟာ မှော်ဘီလေတပ်စခန်းက ဗိုလ်ကြီးအဆင့်ရှိသူ လေယာဉ်မှူးအရာရှိတစ်ဦးဖြစ်ပြီး တပ်ပြင်မှာ နေထိုင်သူတစ်ဦးဖြစ်ကြောင်းသိရပါတယ်။သူ့ရဲ့ တပ်ပြင်နေအိမ်ဟာရန်ကုန်တိုင်း၊ သင်္ဃန်း ကျွန်းမြို့နယ် စံပြဆေးရုံ အနီးက သမာဓိ ၁ လမ်းမှာ ရှိတာဖြစ်ပါတယ်။ နေအိမ်မှာ နေထိုင်ချိန် အောက်တို ဘာလလယ်ခန့်က ညတစ်ညမှာ လင်မယားချင်းစကားများရန်ဖြစ်ရာက အရာရှိဖြစ်သူ ဟာ ထုတ်ပေး ထား တဲ့ ပစ္စတိုနဲ့ ဇနီးဖြစ်သူကို ပစ်ခတ်လိုက်နာလို့သိရပါတယ်။ ပစ်ခတ်မှုကြောင့် အရာရှိရဲ့ ဇနီးဖြစ် သူ ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးခဲ့တဲ့အရာရှိဇနီးရဲ့ နာရေးကို လျှို့ဝှက်ပြီး ဆောင်ရွက်ခဲ့ကြောင်းနဲ့ ဖြစ်စဉ်ကို အမှန်အတိုင်းတင်ပြ ဆောင်ရွက်ထားခြင်းရှိ/မရှိနဲ့ အရာရှိကို အရေးယူထားမှု ရှိ/မရှိကို တော့ မြို့တော်က စုံစမ်းနေဆဲ ဖြစ် ပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ အရာရှိများကို တပ်တွင်း နေထိုင်ကြသူများသာမက တပ်ပြင် နေထိုင်သူများကိုပါ ပစ္စတိုသေနတ်တွေထုတ်ပေးထားကြောင်းသိရပါတယ်။

ရန်ကုန်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းဟာ ထိပ်ပိုင်းစစ်တပ်ခေါင်းဆောင်တွေရဲ့ အရေးကြီးခရီးစဉ်များနဲ့ နိုင်ငံတဝန်းဗုံးကြဲတိုက်ခိုက်မှုတွေမှာ အဓိကပါဝင်ပါတ်သက်မှုရှိတယ်လို့သိရပါတယ်။

မြို့တော်
Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

18 Nov, 06:26


Udon Thani ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲ ရွေးကောက်ပွဲအတွက် PP ပါတီ ကိုယ်စားလှယ်လောင်းအတွက် ဖိထာ မဲဆွယ်
နိုဝင်ဘာ ၁၈
တိုးတက်ရေးလှုပ်ရှားမှုနှင့် ပြည်သူ့ပါတီ (PP) မဲဆွယ်စည်းရုံးရေး လက်ထောက်ဥက္ကဋ္ဌ ဖိထာလင်ဂျာရိုရက် က ဥဒွန်သာနီ (Udon Thani) ကို အခြားနေရာများထက် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းတွေရှိတဲ့မြို့အဖြစ် ဖန်တီးပေးမယ်လို့ ကတိပြုထားပါတယ်။
တနင်္ဂနွေနေ့မှာ Udon Thani ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲ နေရာအတွက် PP ပါတီ ကိုယ်စားလှယ်လောင်း Kanisorn Khurirang ဘက်က မဲဆွယ်နေစဉ် အခုလိုပြောကြားခဲ့တာပါ။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲရွေးကောက်ပွဲကို နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပမှာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားကို ခရီးထွက်ချိန်မှာ အရှေ့မြောက်ဒေသမှာ ထိုင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ကြောင်း မြင့်မားတဲ့ လစာတွေရရှိပေမယ့်လည်း ခက်ခဲတဲ့ ဘဝတွေကို ရင်ဆိုင်နေကြရကြောင်း၊ အများစုက အိမ်ပြန်ချင်ကြကြောင်း ဖိထာ ကပြောပါတယ်။
Thani PAO ရဲ့ အုပ်ချုပ်ရေးမှူး သက်တမ်းကာလအတွင်း စီးပွားရေး အခွင့်အလမ်းတွေရှိတဲ့ မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်မှန်းထားပါတယ်။
"ကိုယ်စားလှယ်လောင်းဖြစ်သူ Mr Kanisorn အနေနဲ့ Udon Thani မှာနေထိုင်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရန်အတွက် တစ်နှစ်လျှင် ဘတ်ငွေ ၁.၂ ဘီလီယံကို အသုံးပြုမှာဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေးစနစ်များ၊ ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် ကျွမ်းကျင်တဲ့ Udon Thani ဒေသခံလုပ်သားတွေကို ဆွဲဆောင်ခြင်းအပါအဝင် ကဏ္ဍပေါင်းစုံမှာ အသုံးပြုမှာဖြစ်ပါတယ်။ Udon Thani ဒေသခံ ပြည်ပရောက်နေကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ မွေးရပ်မြေနဲ့ ထိုင်းနိုင်ငံတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးဖို့ ပြန်သွားမှာပါ” လို့ Mr Pita က ပြောပါတယ်။
နိုင်ငံရေးဟာ လူတိုင်းအတွက်ဖြစ်ပြီး ဘာမဆိုဖြစ်နိုင်တယ်လို့ အလေးပေးကာ တိုးတက်ရေး လှုပ်ရှားမှုနှင့် ပြည်သူ့ပါတီ PP အနေနဲ့ ပျက်ပြယ်သွားခဲ့တဲ့ Future Forward နဲ့ Move Forward ပါတီတွေရဲ့ အတွေးအခေါ်အတိုင်း လျှောက်လှမ်းနေဆဲဖြစ်ကြောင်း "ရှေ့ဆက်မတိုးတော့ဘဲနေမှသာ ရှုံးနိမ့် ကောင်း ရှုံးနိမ့်လိမ့်မယ်၊ ရှေ့ကို ဆက်လျှောက်နေသရွေ့တော့ အောင်ပွဲက မဝေးပါဘူး" လို့ ဖိထာ က ပြောကြားခဲ့ပါတယ်။
Source- Bangkok Post
မြို့တော်
Facebook Page >> https://www.facebook.com/MyoTawMedia
YouTube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

17 Nov, 12:56


စစ်သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/t3GIlM_DWYQ

မြို့တော်

Myo Taw NEWS Channel

17 Nov, 12:10


မိုက်တိုင်ဆန်ကို ကြိုးဝိုင်းပေါ်မှာ နောက်ဆုံးတွေ့ရတာ ဖြစ်လာမလား ?

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/-nC6Sld1PPc

မိုက်တိုင်ဆန်ဟာ ကစားသမားဘဝမှာ ၅၈ ပွဲထိုး၊ ပွဲ ၅၀ နိုင်၊ ခြောက်ပွဲရှုံးနဲ့ သရေနှစ်ပွဲ ကျထားသူ ဖြစ်ကာ ဂျိတ်ပေါလ်ကို အခုပွဲမှာ အမှတ်နဲ့ ရှုံးနိမ့် လိုက်တာကြောင့် ကစားသမား ဘဝ (၇) ပွဲမြောက် ရှုံးပွဲဖြစ်သွားခဲ့ရပါတယ်။

မြို့တော်

Myo Taw NEWS Channel

17 Nov, 10:30


မကွေးတိုင်း နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မိတ္တီလာ-နတ်မောက်လမ်းပေါ်မှာ နိုဝင်ဘာလ ၁၅ရက်နေ့ ညနေပိုင်းက နတ်မောက်ပြည်သူ့ကာကွယ်‌ရေး ဂဠုန်တပ်ဖွဲ့အတွက် လက်နက်၊ ခဲယမ်းများကို ဆိုင်ကယ်နဲ့ သယ်ဆောင်လာချိန်မှာ စစ်ကောင်စီက ဖမ်းဆီးရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

"ဆိုင်ကယ်နဲ့ ပစ္စည်း တွေကိုသယ်သွားချိန် အကြမ်းဖက်စစ်ကောင်စီက ကင်းပုန်းစောင့်ဖမ်းတာမှာ မိသွားတာ၊ သတင်း‌ပေါက်ကြားတာဖြစ်နိုင်တယ် ‌" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဆိုင်ကယ်မောင်းလာတဲ့ရဲဘော်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဆိုင်ကယ်၊ TNT ယမ်းပျော့ ၅ ဖာ၊ AK 47 ကျည် ၃၀၀၀ ကျော်၊ မိုင်းပြုလုပ်ရာမှာအသုံးပြုရတဲ့ ကပ်သီး၊ ဒီတိုနေတာတွေကို စစ်ကောင်စီဘက်က ယူသွားတယ်လို့ နတ်မောက် ဂဠုန်တပ်ဖွဲ့ခေါင်းဆောင်က ပြောကြားထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

17 Nov, 10:09


ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်မျိုးစုံ 21 လက် သိမ်းဆည်းရမိ

နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ခဲ့ပြီး ၄ ရက်တာ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၅ ဦး အရှင် ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၂၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ BNRA ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ပုလဲမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲခစန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စကစဘက်မှ လေကြောင်းကနေ စစ်ကူအများအပြား ပို့ဆောင်ပေးခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

"ပုလဲမြို့ကို သိမ်းပိုက်ဖို့ ၄ရက်တာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပါတယ်၊ မြို့သိမ်းနိုင်တဲ့ ခြေနေရောက်ခါနီးမှ ပြန်ခွာခဲ့ရတာပါ၊ မြေပြင်လမ်းကြောကို ပိတ်ဆို့နိုင်ပေမယ့် လေကြောင်းကနေ စစ်ကူအများအပြားပို့တာကြောင့် ဒေသခံတွေကို ငဲ့ညာပြီး ဆုတ်ခွာခဲ့ရတာ'' လို့ BNRA နဲ့ နီးစပ်တဲ့သူ တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပုလဲမြို့ကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA နဲ့အတူ အညာညီနောင်ဖြစ်တဲ့ Generation Z Army (GZA) နဲ့ ရေစကြိုမှ ဗိုလ်အောင်မောင်း ဦးဆောင်တဲ့ Southern Yesagyo (SYSO) တို့က လက်တွဲညီညီနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ )ဘောက် တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်း ၂၅ ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် ဖော်ဆောင်နေတဲ့ CB operationနဲ့ ချိတ်ဆက်ကာ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့တာလို့ ထုတ်ပြန်ထားပြီး ချင်းညီနောင်စစ်ဆင်ရေးမှာလည်း အညာညီနောင်နှစ်ဖော်ဖြစ်တဲ့ BNRA & GZA တို့အနေနဲ့ ပါဝင်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
You Tube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

17 Nov, 08:57


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မူကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

နိုဝင်ဘာ ၁၇

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာနဲ့ ရေညောက်ဦးကျေးရွာတွေကို စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နှစ်ရွာပေါင်းအရပ်သားပြည်သူ(၅)ဦး ဒဏ်ရာရခဲ့ပြီး ၄ ဦးထိခိုက်‌သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းအရင်း‌မြစ်တွေအရ စုံစမ်းသိရှိရပါတယ်။

"ဒီဘက်က တိုက်ပွဲမရှိတဲ့ရွာတွေမှာ လေကြောင်းတိုက်ခိုက်တာ ကျွန်‌တော်တို့ မနေ့ကဆိုရင် ရွာထဲကို လာချသွားတယ် လူ ၃ ဦးဒဏ်ရာရတယ် နေအိမ်ကတော့ ၄ လုံးပျက်စီးတယ် ရေညောက်ဦးကိုလည်း ချသွားတယ် ရေညောက်ဦးမှာတော့ အိမ်တစ်လုံး လူ ၂ ဦးသေဆုံးသွားတယ်"လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၃ ဦးအနက် သားမိနှစ်ယောက်မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားရတာလို့ ဒေသခံက ဆက်ပြောပါတယ်။

"ပေါင်ပြတ်သွားတာပေါ့ စုတ်ပြတ်သွားတယ် သွေးက အရမ်းထွက်လွန်နေတော့ ဘယ်လိုမှ လုပ်မရဘူး အဲ့တော့ သေဆုံးသွားပါတယ်"လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အခုတော့ ရွာထဲမှာ လူနေခွင့်မရှိတော့ဘဲ စစ်ရှောင်နေရပြီး စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းတွေနေတဲ့ ပုံစံမျိုးနဲ့လာကျဲတာဖြစ်ပြီး အခုလိုလေကြောင်း‌တိုက်ခိုက်တာဟာ ပြည်သူလူထုတွေပဲ ထိခိုက်ဒဏ်ရာရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြို့တော်ကိုပြောပါတယ်။

အဖက်ဖက်မှာ စစ်ရေးနိမ့်ကျနေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကို ဒီရက်ပိုင်းမှာ ပိုမိုပြီးလုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

မြိုတော်

Facebook Page - https://www.facebook.com/MyoTawMedia
You Tube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

30 Oct, 02:36


စစ်ကောင်စီစစ်ကြောင်းက ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီး

အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်မှာစစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်း အရင်းအမြစ်တွေအရသိရပါတယ်။

ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာဟာ ဘုတလင်မြို့နဲ့ ၄မိုင် အကွာမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ၁၇မိုင်သာ ကွာဝေး တာ ဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ပြီးနောက် တပ်စွဲပြီးဒေသခံ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျတ်ဆီးခဲ့ကြောင်းသိရပါတယ်။

ရွာက ဒေသခံပြည်သူတွေကတော့ ဘုတလင်မြို့က နေ စစ်ကောင်စီစစ်ကြောင်း စထွက်လာကတည်းက သတင်းရလို့ အကုန် ကြိုတင် ရှောင်ပြေးခဲ့ ကြလို့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို မြို့တော်က ဆက်သွယ်မေးမြန်းတဲ့အခါ
“ဘုတလင် ကူတော်ရွာက ပြန်လာတဲ့ ဘီလူး စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဖွဲ့စည်း ပုံပျက် အောင်တိုက်လိုက်လို့ စီပါကျေးရွာ အပါအဝင် ဘုတလင် တဝိုက်ကို အငြိုးနဲ့ နယ်မြေ ရှင်းလင်း ရေး လုပ်နေတာ ၊ ဒေသခံပြည်သူတွေသတိနဲ့ နေထိုင်သင့်တယ်”လို့ ပြောပါတယ်။

အင်းတဲကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း ဟာ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ကြောင်း၊ စစ်ကောင်စီ စစ်ကြောင်း ဟာ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ဘုတလင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးဆိုပြီး စစ် ကြောင်း ထိုးနေလို့ ဒေသခံပြည်သူ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရ ကြောင်း သိ ရပါ တယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Oct, 13:17


လေယာဉ်နဲ့ အင်အားမဖြည့်နိုင်အောင် AA က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စကစ တပ်သားတွေ ပိတ်မိနေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/PQdnVloltLE

မြို့တော်

Myo Taw NEWS Channel

29 Oct, 12:08


စစ်ကောင်စီ လက်လွှတ်ရတော့မယ့် တိုင်းစစ်ဌာနချုပ်(အမ်း)

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/UVgB_rbqxYc

ရခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ချေမှုန်းသွားမယ်လို့ ကြွေးကြော်ထားသည်မှာ နပခ(အမ်း)ကို တိုက်ခိုက်သိမ်းပိုက်မှုနဲ့အတူ အမှန်တကယ် နီးစပ်သွားဖွယ်ရှိနေပါတယ်။

မြို့တော်

Myo Taw NEWS Channel

29 Oct, 09:58


အမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ အင်အားထပ်မဖြည့်နိုင်အောင် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီ တပ်သားများ ပိတ်မိနေ

အောက်တိုဘာ ၂၉

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့က စစ်ကြောင်းများခွဲပြီး အရပ်လေးမျက်နှာကနေ အဆုံးသတ်ဖို့အတွက် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ လေကြောင်းကနေ ရိက္ခာ၊ ခဲယမ်းနဲ့ စစ်ကူပို့နေတဲ့ စစ်ကောင်စီက အမ်းလေယာဉ်ကွင်းကို အသုံးပြုလို့မရအောင် AA ဘက်က လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့ သိရပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီဘက်က အပြင်စည်းဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာစခန်းကုန်းနှင့် အတွင်းစည်းဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းကုန်းတွေကို AA က သိမ်းပိုက်ပြီးနောက် နပခ ဟာ ပြန်လှန် ထိုးစစ်ဆင်တိုက်ခိုက် နိုင်ခြင်းမရှိတော့ဘဲ ခံစစ်ကနေကနေ ခွာစစ်ဖြစ်သွားပြီး လတ်တလောမှာ စစ်ကောင်စီတပ်တွေ ပိတ်မိနေပြီလို့ CDM ဗိုလ်မှူးစွယ်တော်က မြို့တော်ကို ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ရဟတ်ယာဉ်များနဲ့ အမ်းကို စစ်ကူ အင်အားရာနဲ့ချီ ပို့ဆောင်နေကြောင်း သိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Oct, 09:23


ပြည်တွင်းရေးမကောင်းပေမယ့် တန်ဆောင်တိုင်လာမယ့်သူတွေကြောင့် တောင်ကြီးမြို့တွင်းက ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်

အောက်တိုဘာ ၂၉

ရှမ်းပြည်နယ် တောင်ပိုင်းက တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေကြ ရိုးရာပွဲတော်ဖြစ်တဲ့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပွဲတော်ကာလဖြစ်တဲ့ နိုဝင်ဘာလ ၈ ရက်ကနေ ၁၆ ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ် အားလုံးမှာ တည်းခိုဖို့ ကြိုတင်စာရင်းပေးသွင်းထားတဲ့ ဘိုကင်ပြည့်နေပြီ ဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်ကနေ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာ မီးပုံးပျံပွဲကို လာရောက်လည်ပတ်လိုသူများက ဟိုတယ်၊ မိုတယ်တွေနဲ့ တည်းခိုခန်းတွေကို ကြိုတင်စာရင်းပေးသွင်းတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးကဧည့်သည်တွေ ကြိုတင်ဘိုကင် တင်ထားကြတာကြောင့် အခုအောက်တိုဘာလအတွင်းမှာပဲ ဘိုကင်ပြည့်သွားတာကြောင့် ထပ်မံဘိုကင် တင်ကြသူတွေကို လက်မခံတော့ဘူးလို့ ဆိုပါတယ်။

“ မီးပုံပျံပွဲကတော့ နှစ်စဉ်လုပ်နေကြပါပဲ၊ ကိုဗစ်မှာ နားတယ်၊ ၂၀၂၃ မှာလည်း ကျင်းပခဲ့ပါတယ်၊ တခြားနှစ်တွေမှာတော့ ပွဲကြီးမဟုတ်တောင် ရိုးရာအရ ဖြစ်မြောက်အောင် လုပ်ကြတာပဲ၊ ဒါပေမယ့် ဒီကာလမှာတော့ တအားကြီးစည်စည်ကားကား မလုပ်စေချင်ဘူး၊ တိုင်းပြည်မှာ ရေဘေးလည်းကြုံခဲ့ရတယ်၊ စစ်ဘေးလည်း မပြီးသေးဘူး၊ တောင်ကြီးက ပအို့ဝ်လူမျိုးတွေများတော့ လုံခြုံရေး စိတ်ချရတော့ ဖြစ်အောင်လုပ်တာနေမယ်”လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

စစ်ကောင်စီက ပအို့ဝ်ပြည်သူ့စစ် အင်အားကို တိုးချဲ့ဖွဲ့စည်းနေပြီး ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်း အကြားကို ကာကွယ်ဖို့တွေလုပ်ဆောင်နေပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်ဖို့ မီးပုံးပျံတွေနဲ့ အခမ်းအနားပြင်ဆင်တာ၊ လမ်းပိတ်ဆို့မှု မရှိစေဖို့အတွက် စည်းကမ်းမဲ့ ယာဉ်တွေကို အရေးယူတာ၊ လုံခြုံရေးအင်အား တိုးချဲ့ပြင်ဆင်တာတွေ၊ မြို့ဝင်မြို့ထွက်မှာ စစ်ဆေးမှု တင်းကြပ်တာတွေကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Oct, 07:47


မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် စစ်ဘေးရှောင်နေကြရ

အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အင်အားအများအပြားပါဝင်တဲ့ စစ်ကြောင်း ဝင်ရောက်လာလို့ အရပ်သား ၂ သောင်းကျော် စစ်ဘေးရှောင်နေကြရပါတယ်။

မကွေးမြို့၊ ချောက်မြို့နဲ့ စလင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စုဖွဲ့ပြီး ခန့်မှန်း အင်အား ၄၀၀ ခန့် ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချောက်မြို့နယ်ထဲက ရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက် မနက်ပိုင်းမှာ ချောက်မှာစုဖွဲ့ပြီး ချောက်မှ ကုန်းကြီး၊ ထိန်စမ်း လမ်းကြောင်း ကတဆင့် ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ ထိန်စမ်းရွာတောင်ပိုင်းမှာ စတင်ထိတွေ့မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပိတ်မိသွားတာကြောင့် လေကြောင်းကနေ ပစ်ကူ ရယူ တိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းမှာ ထိန်စမ်းနားက စစ်ကောင်စီစစ်ကြောင်းဟာ ဂွေးပင်ရွာနှင့် သရက်ပင်ရွာ လမ်းကြောင်းကနေ ဝင်လာတဲ့စစ်ကြောင်းနဲ့ ပေါင်းမိပြီး ကတိုင်တောရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းမှာ ပေါင်းမိထားတဲ့ စစ်ကြောင်းဟာ နရွဲတောရွာကို စတင်မီးရှို့ခဲ့ပြီး ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာမရွာတောင်ပိုင်းမှတဆင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်းဝင်ရောက်စဉ် နရွဲတောရွာနဲ့ ရွာမကျေးရွာ ၂ ခုကို ဝင်ရောက်စီးနင်းရင်း မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ အလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေ စစ်ဘေး တိမ်းရှောင် နေကြရပါတယ်။ စစ်ကြောင်းဝင်ရောက်မှုကြောင့် အနီးအနားရွာတွေကဒေသခံပြည်သူ ၂ သောင်းကျော် ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Oct, 07:10


တရုတ်က “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက နယ်စပ်ဂိတ်တွေကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထား

အောက်တိုဘာ ၂၉

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက် က ကုန်ပစ္စည်း တင် သွင်းခွင့် ကန့်သတ် ထားလိုက်တယ်လို့ တရုတ်-မြန်မာနယ်စပ်သတင်း အရင်းအမြစ်တွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က စတင်ပြီး တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ မူဆယ်-ကျယ်ခေါင်ဂိတ်၊ မိုင်းလား-တာ့လော့ဂိတ်တို့ကနေ တရုတ်နိုင်ငံဘက်ကို ကုန်စည်တင်သွင်းခွင့် ကန့် သတ် လိုက်ပြီးနောက် နယ်စပ်ဂိတ် အားလုံးကို ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်း တွေကို ကန့်သတ်လိုက်တာဖြစ်ပြီး လူအဝင်၊ အထွက်နှင့် ဟင်းသီးဟင်းရွက်များကိုသာ ခွင့်ပြု ထား တယ် လို့သိရပါတယ်။

လက်တလောမှာ တရုတ်ဘက်က ကုန်စည်တင်သွင်းခွင့် ကန့်သတ်လိုက်တဲ့ဂိတ်တွေကတော့ နမ့်တစ် (မန်ခါး)ဂိတ်၊ မုန်အားဂိတ်၊ ဆောဖာဂိတ်အပြင် မိုင်းလားနဲ့ နယ်စပ်ဂိတ်တွေဖြစ်ပြီး မူဆယ်မြို့က ဆင်ဖြူ ဂိတ်လည်းပါတယ်လို့ သိရပါတယ်။ UWSA ဘက်က ဝ ပြည်နယ်အတွင်း မလိုအပ်ဘဲ ကုန် ပစ္စည်း များကို စျေးတင်မရောင်းကြရန်၊ လူထုများကြား ကုန်စျေးနှုန်းနဲ့ ပတ်သက်ပြီး သတင်း အမှား များ မဖြန့်ကြဖို့ စာထုတ် သတိပေး ထား တယ်လို့သိရပါတယ်။

မြို့တော်
Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

29 Oct, 03:32


အရပ်သားပြည်သူ ၄ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ စကစ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ဗိုလ်အဆင့်အရာရှိတစ်ဦးသေဆုံးပြီး စခ အများအပြား ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၄နာရီခန့်မှာ စကစ စစ်ကြောင်းဝင်ရောက်လာပြီး ဒေသခံ ပြည်သူ ၄ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ စကစ စစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ထီးလင်းမြို့မှ အောက်တိုဘာ ၂၅ ရက် ညဦးပိုင်းမှ စစ်ကြောင်းထွက်ခွာလာပြီး ကျားခဲကျေးရွာကို မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် အရာရှိတစ်ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

"အောက်တိုဘာ ၂၆ရက်က နံနက်အစောပိုင်းက ကျားခဲကျေးရွာကို စစ်ကောင်စီက စီးနင်းဝင်ရောက်ပြီး အမျိုးသားလေးဦးကို မီးရှို့သတ်ဖြတ်သွားတယ်၊ စစ်ကြောင်းရန်ကြောက်ပြီးထွက်ပြေးသွားတဲ့ အဲဒီရွာက ပြည်သူသုံးဦးလည်း ပျောက်နေတယ်၊ နောက်ထပ် ဓားစာခံခေါ်ခံရတဲ့သူတွေလည်း ပျောက်နေတုန်းပဲ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိခဲ့သလို အခုအချိန်ထိ ပျောက်ဆုံးနေတဲ့ ပြည်သူများလည်း ရ်ှလို့ စုံစမ်းသိရှိရပါတယ်။ ထီးလင်းမြို့နယ်အပါဝင် ဂန့်ဂေါခရိုင်အတွင်း  စစ်ကောင်စီ စစ်ကြောင်းထိုးမှုများနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများအနေဖြင့်လည်း စစ်ဘေးရှောင်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

22 Oct, 12:37


ရွှေ ၅ ပိဿာပါသေတ္တာ ၃ လုံး သေနတ်ပစ်ဖောက် လုယက်ခံရပြီးနောက် ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးသတိရှိဖို့ သတိပေး

အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေ ၅ ပိဿာပါသေတ္တာ ၃ လုံးကို သေနတ်ပစ်ဖောက် လုယက်ခံရပြီးနောက် ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးသတိရှိဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ဒီကနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်ပိုင်ရှင်တွေနဲ့ မိမိတို့ရွှေဆိုင်နေရာ၊ နေအိမ်နဲ့ ရွှေငွေ သယ်ဆောင်တဲ့ ကားတွေရဲ့ လုံခြုံရေးကို အထူးသတိထားဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းက အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရွှေဆိုင်ပိုင်ရှင်တွေနဲ့  ရွှေဆိုင်တွေမှာ CCTV များ တပ်ဆင်တဲ့အတိုင်း နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်နဲ့ ကားပါကင်နေရာများမှာပါ CCTV Camera တွေ တပ်ဆင်ဖို့ တိုက်တွန်းထားသလို ရွှေငွေသယ်ဆောင်တဲ့ ကားတွေမှာ Camera တပ်ဆင်တာ၊ GPS စနစ်တွေ တပ်ဆင်တာတွေ လုပ်ဆောင်ပြီး  ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဆိုင်သိမ်းပြီးပြန် လာတဲ့ကားကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်ဝန်းကျင်ခန့် လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ် (၂)၊ နေအိမ်ရှေ့အရောက်တွင် သေနတ်ပစ်ဖောက်ပြီး ကားနောက်တွင်ထားတဲ့ ရွှေသေတ္တာများကို လုယက်ယူဆောင်ခံရခြင်းကြောင့် အခုလိုထုတ်ပြန်တာလို့ သိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

22 Oct, 12:12


ဗိဿနိုးရဲ့ ပန်ထွာဧကရီ ဘုရင်မ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/aLd-UrCMp2Q

Miss Grand International 2024 ရဲ့ National Costume ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု Miss သဲစုညိမ်းဟာ ဗိသာနိုး ပန်ထွာဘုရင်မရဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဗိသာနိုး ပန်ထွာဧကရီ ဘုရင်မရဲ့ ရာဇဝင်လေးကို မျှဝေပေးချင်ပါတယ်။

ဗိဿနိုးဒေသဟာ အခုလက်ရှိမှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ဗိဿနိုးက ကုန်းတွေကို ၁၉၅၉ ခုနှစ်လောက်ကတည်းက ပြန်လည်တူးဖော်ခဲ့တာ အခုဆို ကုန်းပေါင်း ၆၀ လောက် တူးဖော်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဗိဿနိုး မုဒ်ဦးကြီးနဲ့ အထင်ကရဗိဿနိုး မြို့ဟောင်းကြီးရယ်၊ နန်းတော်ဟောင်း အုတ်ရိုးတွေက ကမ္ဘာ့ရှေးဟောင်း အမွှေအနှစ်တစ်ခုအဖြစ် ယူနက်စကို (UNESCO)က သတ်မှတ်ထားတဲ့ ပျူရှေးဟောင်းနယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ ဗိဿနိုး ပန်ထွာဧကရီ ဘုရင်မဟာလည်း သမိုင်း ရာဇဝင်မှာ ထင်ရှားတဲ့ ဘုရင်မ တစ်ဦးဖြစ်ခဲ့ပါတယ်။

မြို့တော်

Myo Taw NEWS Channel

22 Oct, 11:00


ဘင်္ဂလားပင်လယ်အော်မှာ လာမယ့် ၁၂နာရီအတွင်းဖြစ်ပေါ်မယ့် မုန်တိုင်းကို အနီရောင် "HIGH"အဆင့်သို့ တိုးမြှင့်သတ်မှတ်

အောက်တိုဘာ ၂၂

ဘင်္ဂလားပင်လယ်အော်မှာ လာမယ့် ၁၂ နာရီအတွင်းဖြစ်ပေါ်မယ့် မုန်တိုင်းကို အနီရောင် "HIGH"အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ပုလဲဆိပ်ကမ်းအခြေစိုက် Joint Typhoon Warning Center(JTWC)က ထုတ်ပြန်ပါတယ်။

INVEST-98B(ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ဟာ နောက်လာမယ့် ၁၂ နာရီမှ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မယ့် အဆင့်ကို လိမ္မော်ရောင် "MEDIUM" ကနေ အနီရောင် "HIGH"အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သတိပေးထားပါတယ်။

၁၂ နာရီ မှ ၂၄ နာရီအတွင်း ပုံပါ မြေပုံညွှန်းအကွက် - 14.8N 92.5E TO 18.0N 89.3E အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်း 25 to 30 knots(တနာရီ ၂၈.၇ မိုင် မှ ၃၄.၅ မိုင်နှုန်းအထိ တိုက်ခတ်နေပြီး ဗဟိုဖိအား ၁၀၀၀ ဟက်တိုပါစကယ်(1000 hPa) ရှိနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖေါ်ပြထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

22 Oct, 10:11


နေပြည်တော်မှာ ဆို၊က၊ရေး၊တီး ပွဲကို တပ်ချုပ် ညစဉ် နီးပါးကြည့်နေ

အောက်တိုဘာ ၂၂

စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၈၃ မြို့အထိလက်လွှတ်ထားရပေမယ့် အောက်တိုဘာလ ၁၄ရက်နေ့ကစပြီး ဆိုကရေးတီးပြိုင်ပွဲတွေကို နေပြည်တော်မှာ ကျင်းပနေပါတယ်။

တိုင်းစစ်ဌာနချုပ်တွေ တပ်မဌာနချုပ်တွေအပါအဝင် တပ်စခန်းတွေကိုလည်း စွန့်လွှတ်နေရလို့ စစ်ကောင်စီ အရာ ရှိ/စစ်သည်တွေနဲ့ တပ်မိသားစုတွေဟာလည်း နေထိုင်ရာ နေအိမ်တွေကနေ ကစဉ့် ကလျားနဲ့ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

နိုင်ငံအနှံ့က တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ အရာရှိ/စစ်သည်တွေဟာ နေ့စဉ်လိုလို သေဆုံး ဒဏ်ရာရနေကြပါတယ်။ ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်အောက်က အရာရှိ စစ်သည် တွေရဲ့မျက်နှာကို မထောက်ဘဲ နိုင်ငံတော် ပုံမှန်ဖြစ်နေတယ်ဆိုတဲ့ပုံ ဇွတ်အတင်းဖန်တီးပြီး နေပြည်တော် မှာ ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

သေကွဲ ကွဲသွားကြတဲ့ တပ်မိသားစုတွေ ရှင်ကွဲ ကွဲနေရတဲ့ တပ်မိသားစုတွေရဲ့ မျက်နှာကို မထောက်ပဲ တပ်ချုပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့မိန်းမတွေနဲ့အတူ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေကို ညတိုင်း သွားရောက် ကြည့်ရှု့အားပေးနေကြတာကို တွေ့ရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

22 Oct, 08:38


KNU ဌာနချုပ် ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခံရလို့ ရွာသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရ

အောက်တိုဘာ ၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်၊ KNLA ၊ KNDO တပ်တို့ရဲ့ ဌာနချုပ်များ တည်ရှိရာ တပ်မဟာ (၇) နယ်မြေကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းအရင်းမြစ်ထံက စုံစမ်းသိရပါတယ်။

ယခု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ KNU ဌာနချုပ်၊ တပ်မဟာ ၇ ကို စစ်တပ်က ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်နေချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

" ဗုံးချသွားတာ ဟုတ်တယ်၊ ၄ လုံးချသွားတယ်၊ လွန်ခဲ့တဲ့ ၄ ရက်လောက် ကတည်းက Y 12 လေယာဉ်နဲ့ ကင်းထောက် ဝင်နေသလို သတိထားမိတယ်၊ ခုက စမ်းချတဲ့ သဘောဖြစ်မယ်၊ ဗုံးကျဲချတဲ့ ဒရုန်းက ၂ မိုင် ၃ မိုင် ထက်ကျော်ပြီး Contorl လုပ်မရဘူးဆိုတာသိလို့ စုံစမ်းမှုတွေလုပ်နေတယ်၊ ထမင်းရုံ နည်းနည်း ပျက်သွားတယ်၊ ရွာသားတစ်ဦးတော့ ထိတယ်၊ ဒဏ်ရာက စိုးရိမ်ရလို့ ဆေးရုံတင်ထားရတယ် " လို့ ခိုင်မာတဲ့ သတင်းအရင်းမြစ်က မြို့တော်ကို ပြောပါတယ်။

ဗုံးသီးဟာ အစည်းအဝေးခန်းမနဲ့ မလှမ်းမကမ်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တိုက်ခိုက်မှုကြောင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသလို အလျင်အမြန် လူစုခွဲခဲ့ရတယ်လို့ သတင်းများအရ သိရပါတယ်။

" KNU ဌာနချုပ်ရှိတဲ့ တပ်မဟာ ၇ နယ်မြေက အာဏာသိမ်းပြီးနောက်ပိုင်း KNU ထိန်းချုပ်တဲ့ နယ်မြေတွေထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နယ်မြေပါ၊ အခုတိုက်ခိုက်မှုကြောင့် တပ်မဟာ ၇ နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်၊ ကရင်ပြည်နယ်အတွင်း စစ်ရေးအရှိန် မြင့်လာနိုင်တယ် " လို့ CDM ဗိုလ်မှူးတစ်ဦးက မြို့တော်ကိုပြောပါတယ်။

(ပုံဟောင်းများ ဖြစ်ပါသည်။)

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

21 Oct, 08:52


ရန်ကုန်မှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်

အောက်တိုဘာ ၂၁

လတ်တလော မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှုများနေတဲ့အတွက် ရန်ကုန်မြို့က မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရသိရှိပါတယ်။

အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းကစလို့ လေပြင်းတိုက်ခိုက်မှုနဲ့အတူ ရန်ကုန်မြို့မှာ မိုးဆက်တိုက် ရွာသွန်းနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ ရက်၊ မနက်အစောပိုင်းမှာတော့ ရန်ကုန်ရဲ့အနိမ့်ပိုင်းနေရာတွေနဲ့ မြစ်၊ ချောင်းနားက မြို့နယ်တွေဖြစ်တဲ့ ဒေါပုံ၊ မရမ်းကုန်း၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ လသာ၊ တောင်ဥက္ကလာပ၊ ကမာရွတ်၊ တာမွေ၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ စတဲ့ မြို့နယ်တွေက ရပ်ကွက်တွေနဲ့ နေအိမ်တွေထဲ ရေဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ မနက် ၁၀ နာရီအချိန် ထုတ်ပြန်ချက်အရ အခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် အောက်တိုဘာလ ၂၄ ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်တယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ်ကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ အနောက် - အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ပိုမိုအား ကောင်းလာနိုင်ကာ အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်ပြီး အဲဒီကနေတဆင့် အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်၊ မနက်ပိုင်းမှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်း တိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလဌာနမှ သတိပေး နှိုးဆော်ထားပါတယ်။

မြို့တော်
Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews
#myotawnpt
#Myotaw

Myo Taw NEWS Channel

21 Oct, 03:20


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့တဲ့နေတာ တစ်လကျော်ရှိပြီလို့ သိရ

အောက်တိုဘာ ၂၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေး ချို့တဲ့နေတာ တစ်လဝန်းကျင်လောက်ရှိပြီဖြစ်တယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

" အမေစု နေမကောင်းဘူး၊ နေပြည်တော် အချုပ်ထောင်မှာပဲ ရှိတယ်၊ အရင်နေရာမှာပဲ၊ အသက်လဲကြီးပြီဆိုတော့ တလကျော်လောက် ရှိနေပြီ ရာသီဥတု အပြောင်းလဲကြောင့်လည်း ပါတာပေါ့ " လို့ နေပြည်တော် ထောင်နဲ့ နီးစပ်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည့် ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းဟာ အောက်တိုဘာလ ဒုတိယပါတ်က စပြီးထွက်ပေါ်နေခဲ့တာပါ။ စစ်လော်ဘီချန်နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရာသီအကူးအပြောင်းမှာ နေထိုင်မကောင်းတာကြောင့် အသံပီပီသသ မပြောနိုင်တော့ဘူးလို့ telegram channel တွေမှာ ဝါဒဖြန့်မှု တွေရှိခဲ့ပါတယ်။

အတည်ပြုဆဲ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးဆိုးရွားရွားအခြေအနေမျိုး ဖြစ်နေတာမျိုးမဟုတ်ဘဲ အသက်အရွယ်ကြီးမှုနဲ့ ရာသီဥတု ကူးပြောင်းမှုကြောင့် ဖြစ်နေတာလို့ သိရပါတယ်။

အောက်တိုဘာလမှာ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် နာရေးအပြီးမှာ အထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

21 Oct, 02:08


စစ်ကောင်စီက မြဝတီမြို့အနီး ရှေ့တန်းတပ်စခန်းတွေကို လေကြောင်းကနေ ပစ္စည်းများချနေ

အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက စွယ်တော်စခန်းကုန်းကို စွန့်လွှတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ
မြဝတီအနီးက ရှေ့တန်းတပ်စခန်းတွေကို လေကြောင်းကနေ ပစ္စည်းတွေချပေးနေပါတယ်။ တချို့မီဒီယာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းကနေ လေထီးနဲ့ ချပေးတာလို့ ဖော်ပြကြပေမယ့် ပစ္စည်းထုပ်တွေကိုသာ လေထီးနဲ့ ချပေးတာလို့ သိရပါတယ်။

မြဝတီဒေသခံတစ်ဦးကတော့ "လေထီးနဲ့ ချတာဟုတ်တယ် လူမဟုတ်ဘူး ပစ္စည်းတွေပါ တစ်ချို့ပစ္စည်းထုပ်တွေက လေထီးမပွင့်တာ BGFတွေ လိုက်ကောက်နေကြတယ်၊ မြဝတီမှာ ရှေ့တန်းထိုင်တဲ့ တပ် ၄၄ တပ်မမှူးက ဗိုလ်ချစ်သူကို အကူအညီတောင်းလို့လိုက်ကောက်ပေးတာ ဖြစ်နိုင်တယ်"လို့ မြို့တော်ကိုပြောပါတယ်။

မနေ့က အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကစပြီး မြဝတီမြို့နား ကုန်သွယ်ရေးဇုန်ဘက်ကိုလေထီးနဲ့ ၅ မိနစ် တစ်ကြိမ် ပစ္စည်းထုပ်တွေ ချပေးခဲ့တာလို့သိရပါတယ်။ ပစ္စည်းထုပ်အတွင်းမှာ ခဲယမ်းနဲ့ ရိက္ခာခြောက်တွေပါဝင်နိုင်ပြီး ဒါဟာ စွယ်တော်ကုန်းကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့သဘော ဖြစ်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

21 Oct, 01:35


NUG MOD ရွှေဘိုခရိုင် တပ်ရင်း ၃ က BNRA တပ်ဖွဲ့ဝင် ၂၂ ဦး နဲ့ ပြည်သူ ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်း

အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦး မြို့နယ်၊ ကံသာယာ ကျေးရွာမှာအမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန MOD ရဲ့ ရွှေဘိုခရိုင် တပ်ရင်း ၃ က BNRA တပ်က တပ်ရင်း ၅၊ တပ်ခွဲ ၃ ထိုင်တဲ့ တပ်ခွဲ ၃၊ ခွဲမှူး မျိုးလှိုင်ဝင်း အပါအဝင် ရဲဘော် ၂၂ ဦး နဲ့ ထောက်ပို့/ပြည်သူ ၁၄ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ ည က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရပါတယ်။

BNRA တပ်ဟာ ဗိုလ်နဂါးကွပ်ကဲမှုအောက်က တပ်ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့အတူ ပါရီပစ္စတို ၃ လက်၊ Ak သေနတ် ၁ လက်နဲ့ မိုင်း ၁၀ လုံး ကို ပါသိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အခုလို ဖြစ်ရတာဟာ BNRA တပ်ခွဲ ၃ ဘက်က
ကျဆုံးရဲဘော်တွေအတွက် အထိမ်းအမှတ် အနေနဲ့ အဲဒီနေ့ ည ၇ နာရီလောက်မှာ ရွာထဲမှာ သေနတ်ပစ်ဖောက်ခဲ့တာကြောင့်လို့ သိရပါတယ်။

ကြိုတင်ခွင့်ပြုချက်ယူ အကြောင်းကြားတာမရှိဘဲ ရွာထဲမှာ သေနတ်ဖေါက်တဲ့အတွက် MOD ခရိုင် တပ်ရင်း ဂိတ်ဘက်ကနေ ရဲဘော် ၂ ဦး က စတင်လာရောက်မေးမြန်းခဲ့ကြောင်း၊ နောက်ပိုင်းမှာ ခရိုင်တပ်ရင်းဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ BNRA တပ်ဖွဲ့ဝင်တွေကို လာရောက်ဖမ်းဆီးသွားကြောင်း သိရပါတယ်။

လက်ရှိမှာ BNRA တပ်ဖွဲ့ဝင်တွေ ပကဖ ဆီရောက်ရှိနေတယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page >> https://www.facebook.com/MyoTawMedia
You Tube Channel >> https://www.youtube.com/@MyoTaw
Telegram Channel >> https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

20 Oct, 13:36


ခမရ ၅၈၈ ယာယီအထိုင်စခန်ကုန်း လှုပ်ရှားအဖွဲ့ကို ရေးပြောက်ကျားတပ်က တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/O3e1MbzYcNo

မြို့တော်

Myo Taw NEWS Channel

20 Oct, 12:06


စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်က ဘာတွေဖြစ်လာမလဲ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/Ig1P68YAhvk

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ကို တရားဝင်သွားရောက်ဖို့ ရှိနေပါတယ်။ အာဏာသိမ်းကာလအတွင်း ဒါဟာ သူ့အတွက် ပထမဆုံး အခွင့်အရေး ဖြစ်သလို၊ စစ်ကောင်စီဥက္ကဌအနေနဲ့ တရားဝင်သွားရောက်ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာ လှကျော်ဇောကတော့
“ တရုတ်ဘက်တော့ သူ့ရဲ့ မဟာဗျူဟာဖြစ်တဲ့ မြန်မာပြည်က သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကိုရောက်အောင် တွန်းနေတယ်ထင်တယ်လေ။ အဲဒီအတွက် မင်းအောင်လှိုင် ကို လည်း ဖိတ်ပြီးတော့ တစ်စုံတရာ ပြောတာဖြစ်မှာပေါ့။ သို့သော်လည်း ဘာမှသိပ်ထူးလာစရာ မရှိ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်ထိ မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဘက်က ပြတ် ပြတ် သားသား ဟိုနေ့ကလည်း ပြောသွားတဲ့ သတင်းထဲမှာ ရှင်းနေတာပဲ။ ပြတ်ပြတ် သားသား သူက ဆက်ပြီးတိုက်ဖို့၊ခိုက်ဖို့လုပ်ထားပြီးပြီ ဖြစ်တာကိုနော်”လို့ ပြောဆိုထားပါတယ်။

မြို့တော်

Myo Taw NEWS Channel

20 Oct, 09:35


တော်လှန်ရေးတပ်များက စစ်ဆင်ရေးတိုးမြှင့်မယ်လို့ ထုတ်ပြန်ပြီးနောက် စကစ က အကြောင်းမဲ့ လက်နက်ကြီးနဲ့ပစ်ခတ်

အောက်တိုဘာ ၂၀

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ဆုပ်လေဦးမှစကစတပ်များက မြောင်းဂွတော်လှန်ရေးတပ်များကို အောက်တိုဘာလ ၁၉ရက်နေ့ မနက် ၉နာရီ မိနစ် ၃၀ ခန့်က အကြောင်းမရှိလက်နက်ကြီးနဲ့ ပစ်ခဲ့ပြီး တောင်ပိုရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မကွေးတိုင်းအတွင်း စစ်ဆင်ရေးများအရှိန်မြှင့်ရန် စလင်း-ဆိပ်ဖြူလမ်းပိုင်းကို အသုံးပြုမယ့် မော်တော်ယာဥ်များ လိုက်နာရမယ့် အချက်တွေကို မကွေးခရိုင်ကွပ်ကဲရေးရုံးက အောက်တိုဘာလ ၁၇ ရက်နေ့က အသိပေးကြေညာခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ အရေးပေါ်ခြေနေမှလွဲပြီး ညဘက်သွားလာခြင်းမပြုဖို့လည်းထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထုတ်ပြန်ပြီး ၃ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက်၉ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ဆုပ်လေဦးမှာရှိတဲ့ စကစတပ်တွေဟာ အကြောင်းအရင်းမရှိဘဲ စလင်းမြို့ မြောင်းဂွရွာမှာရှိတဲ့ Pdfတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့ပါတယ်။ လက်နက်ကြီးဟာ မြောင်းဂွကိုမရောက်ဘဲ တောင်ပိုရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်မရှိဘူးလို့လည်း သိရပါတယ်။ တောင်ပိုရွာမှာရှိတဲ့ သူတွေကတော့ လက်နက်ကြီးကျပြီးနောက် ရွာမှာမနေကြတော့ဘဲ ရှောင်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

"တောင်ပိုနဲ့ မြောင်းဂွကနီးတယ်၊ မြောင်းဂွက Pdfတွေအထိုင်ချတဲ့ရွာ၊ အဲကို ဆုပ်လေဦးကနေ လှမ်းပစ်တာ၊ လူတွေတော့မထိဘူး၊ ဒါမဲ့ ရွာထဲမှာတော့ မနေရဲကြဘဲ ရှောင်နေကြပြီ၊ အခုထိတော့ နှစ်ဖက်လုံးငြိမ်နေကြတယ်၊ ကျွန်မတို့လဲ သတိထားပြီးနေနေရတယ်လို့" ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ထိုလမ်းကိုအသုံးပြုတဲ့အခါ ယာဥ်မောင်းလိုင်စင်နဲ့မှတ်ပုံတင်များ ဆုပ်လေဦး စကစဂိတ်မှာ စစ်ဆေးခံရပြီး အထောက်အထားများပြည့်စုံမှသာ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

"ကျွန်တော်တို့ရွာဘက်က ကားလမ်းမရှိဘူး
ပြီးတော့ သစ်တောအုပ်တွေနဲ့နီးတယ်၊ စလင်း ဆင်ဖြူကျွန်းသွားမယ်ဆို ဆိုင်ကယ်နဲ့ပဲသွားရတာ၊ ဆုပ်လေဦးဂိတ်လဲဖြတ်ရတယ်၊ ကြေငြာချက်ထုတ်ပြီးတဲ့ ၂ရက်လောက်ထိတော့ စလင်း ဆိပ်ဖြူလမ်းက သွားကြ လာကြသေးတယ်၊ ယာဥ်မောင်းလိုင်စင်နဲ့မှတ်ပုံတင်ပါရင်တော့ သွားရတယ်၊ညဘက်တော့မထွက်ရဲကြဘူး၊ ဒီနေ့မနက်ကတော့လက်နက်ကြီးပစ်တဲသတင်း ကြား ရတော့ဘယ်သူမှမသွားရဲကြတော့ဘူး" လို့ စလင်း ဆိပ်ဖြူလမ်းဘေးရှိ ရွာတစ်ရွာက ဒေသခံတစ်ဦးက မြို့တော်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ရက်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ ၃ရက်တိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစအနေနဲ့ ဆုပ်လေဦးဂိတ်မှာ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ဒေသသတင်းအရင်းမြစ်တွေအရ သိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
You Tube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

Myo Taw NEWS Channel

20 Oct, 08:07


လောင်းကစားဒိုင်တွေကို မဖမ်းဆီးဘဲခြိမ်းခြောက်ငွေကြေးတောင်းခံ

အောက်တိုဘာ ၂၀

မကွေးတိုင်း၊ ကံမမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေနဲ့ ချိန်းခြောက်ပီး ငွေကြေးတောင်းတာတွေ မတရားဖမ်းဆီးတာတွေ လိုင်းကြေး၊ ဆပ်ကြေး တောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလလောက်ကစပြီး စီမံချက်ဖြင့် ၂ လုံး ၃ လုံးအပါအ၀င် ဖဲဝိုင်း၊ ကြွေဒိုးပစ်ဝိုင်းတွေကို ကံမမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ချစ်၀င်းနဲ့အတူ နယ်ထိန်းတွေ လိုက်လံဖမ်းစီးခဲ့ပါတယ်။

“ဥပဒေက သူတို့လုပ်စားဖို့ထုတ်ပေးထားသလိုပဲလေ၊ အထက်ကဖမ်းခိုင်းလို့ဆ်ိုပြီး လိုင်းကြေးမပေးတဲ့ သူတွေကိုဖမ်းတယ်၊ ရက်ကွက်ထဲ ကြွေဒိုးကစားတဲ့သူတွေတောင် ၀င်ဖမ်းကြတာ ပိုက်ဆံနဲ့လိုက်ထုတ်ရင်တော့ လွှတ်ပေးတယ် တချို့ကျ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်နဲ့ဖမ်းတယ်၊ ကံမမြို့ရဲစခန်းမှာ အရင်က မြို့နယ်ရဲမှုးရုံးက အရာရှိတချို့ လောင်းကစားအကြွေးမပေးပဲ ထွက်ပြေးတာတွေ မူးယစ်ဆေးရောင်း၀ယ်ကြရင်း ပြသနာတက်လို့ ပြေးကြတာတွေရှိတယ်" လို့ ကံမဒေသခံတဦးက မြို့တော်ကိုပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေ အချုပ်ကျချိန် အမှုစစ်နဲ့ စခန်းတာ၀န်ကျသူတွေက ငွေချေးတာတွေ ပုဒ်မ အကြောင်းပြပြီး တိုက်ရိုက်မဟုတ်သော ငွေကြေးတောင်းခံမှုနဲ့ ချိန်းခြောက်မှုတွေရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“အထက်အမိန့်နဲ့ဆိုပြီး သူတို့က ဒီမြို့မှာ လိုင်းကြေးတွေနဲ့ လောင်ကစားတွေကော မူယစ်ဆေးကော တင်သွင်းခွင့်ကို ခွင့်ပြုပေးထားတာ မြို့နယ်ရဲမှုးကိုယ်တိုင်က စပ်တူရှယ်ယာ၀င်ထားတာလေ လူတိုင်းသိတယ်  အထက်ကိုတိုင်လဲ သူတို့က ကြိုသတင်းရနေတော့ တိုင်တဲ့လူသာ ဒုက္ခရောက်တာလေ ဟိုးတုန်းက မြို့နယ်စီမံအုပ်ချုပ်ရေး AD ကိုလဲ တိုင်ကြတယ်  လောင်းကစားကိစ္စနဲ့ လာစစ်တဲ့လူတွေက ပိုက်ဆံလေးယူပီး ပြန်သွားတယ် ဒီကောင်တွေက ဒီတိုင်းပါပဲ တိုင်လဲမထူးဘူး” လို့ ကံမမြို့က စစ်ကောင်စီနဲ့ နီးစပ်တူတဦးက ပြောပါတယ်။

ကံမမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇွန်လလောက်က စစ်ကောင်စီခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးမှုကြောင့် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးမှ လိုင်းကြေးယူထားသူများ နစ်နာခဲ့ရပြီး လက်ရှိမှာ လိုင်းကြေမပေးသူ အသေးစား လောင်းကစားသမားတွေကို အဖမ်းပြတဲ့အနေနဲ့ ဖမ်းစီးမှုများဟန်ပြလုပ်ပြီး လုပ်စားနေကြတာလို့ စုံစမ်းသိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
You Tube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw