July 9(02:09 PM)
ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား မုံရွာ-မန္တလေးလမ်းပိုင်း တစ်နေရာ၌ ကာကွယ်ရေးအဖွဲ့များမှ အသင့်စောင့်ကြိုတိုက်ခိုက်
********
၂၀၂၄ ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ ယမန်နေ့ နံနက်(၈နာရီ ၃၀မိနစ်) အချိန်ခန့်တွင် ဒို့မြန်မာကျော်ဆီဆိုင်မှ ကားဖြင့်လိုက်ပါလာသော စစ်ကောင်စီတပ် အင်အား (၂၅)ကောင်သည် ကားပေါ်မှဆင်း၍ ကားလမ်းအတိုင်းခြေလျှင်ဆင်းလျှောက်လာပြီး မိမိတို့ သတ်ကွင်းအတွင်းဝင်ရောက်လာရာ မိမိတို့ဘက်မှ တစ်ဖက်ပွင့်ပြောင်း (၁၂)လုံးဖြင့် ပထမဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စကစတပ်သားများ ကစဥ့်ကလျားဖြစ်နေစဥ် ခွေးအုပ်အတွင်းသို့ (၄၀)မမ Bomb_သီး(၃)လုံး ကွက်တိပစ်သွင်းနိုင်ခဲ့ပြီး လက်နက်ငယ်များဖြင့် မနားတမ်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် စခ(၂၂)ကောင် မျက်မြင်သေဆုံးပြီး (၃)ကောင်အပြင်းအထန်ဒဏ်ရာရရှိသွားကား စစ်ကောင်စီ၏ သံပြားကာကားမှ စစ်ကူရောက်လာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ပဲ မိမိတို့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle-MMU မှ သတင်းထုတ်ပြန်ထားသည်။
စစ်ဆင်ရေးဆောင်ရွက်နေစဥ်အချိန် တပြိုင်တည်းတွင်ပင် ဒို့မြန်မာကျော်ဆီဆိုင်ရှိ စခ အထိုင်အား မိမိတို့ဘက်မှ ဒရုန်းဖြင့် Bomb-သီး(၈)လုံးချ Tike_ခိုက်ခဲ့ရာ စခ(၁)ကောင် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ယင်းစစ်ဆင်ရေးများကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြို့နယ် ပကဖ)မှ ဦးဆောင်၍ မြင်းမူမြို့နယ် ပလဖ၊ Black Eagle Defence Force-MMU တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။
မြင်းမူမြို့နယ်သတင်းမှန် ပြန်ကြားရေး
မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်လင့်
https://t.me/MyinmuNews