အိန္ဒိယ-မြန်မာကုန်သွယ်ရေးအတွက် Trade Transaction များပြုလုပ်နေကြသည့် Corporate Customer ကြီးများ ပိုမိုအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်စေရန် MCB ဘဏ်တွင် Indian rupee (INR) စာရင်းဖွင့်လှစ်ခြင်း ဝန်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
အိန္ဒိယနိုင်ငံနှင့် Trade ကုန်သွယ်မှုအတွက် အိန္ဒိယနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် MCB ဘဏ်တွင် ဖွင့်လှစ်ထားသော Indian rupee (INR) စာရင်းများသို့ဖြစ်စေ၊ MCB ၏ Indian rupee (INR) စာရင်းအကောင့်မှ အိန္ဒိယနိုင်ငံရှိ ဘဏ်စာရင်းများသို့ဖြစ်စေ ငွေလွှဲပို့ခြင်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
ထို့အပြင် အိန္ဒိယ-မြန်မာကုန်သွယ်ရေးအတွက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းအမျိုးအစားများအနေဖြင့်
၁။ ကုန်သွယ်မှု Trade လုပ်ငန်းဆောင်ရွက်ရာတွင် ငွေလွှဲလက်ခံရရှိမှု (INWARD TT) နှင့် ငွေလွှဲပေးပို့မှု (OUTWARD TT) တို့ကိုဆောင်ရွက်နိုင်ခြင်း၊
၂။ Import Letter of Credit ဖွင့်လှစ်နိုင်ခြင်းနှင့် Export Letter of Credit ရရှိပါက အကြောင်းကြားပေးခြင်း၊
၃။ Documentary Collection ဆောင်ရွက်ပေးခြင်းတို့ကို MCB ဘဏ်တွင် Indian rupee (INR) ကုမ္ပဏီစာရင်းရှင်အမျိူးအစား ဖွင့်လှစ်ပြီး နိုင်ငံတကာ ငွေလွှဲပေးပို့မှု/ ငွေလွှဲလက်ခံရရှိမှုဝန်ဆောင်မှုနှင့် ပတ်သက်သည့် သက်ဆိုင်ရာစာရွက်စာတမ်းများတင်ပြ၍ ဘဏ်ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ပါသည်။
MCB ဘဏ်တွင် Foreign Currency Indian rupee (INR) Account ဖွင့်လှစ်ရန် MCB ဘဏ်၏ +9518386030 သို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ဖြစ်စေ
[email protected] သို့ e-mail ပေးပို့၍ဖြစ်စေ ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ပါတယ်ရှင်။
✅ MCB Website - www.mcb.com.mm
✅ MCB Call Center - 09 940051234
#MyanmarCitizensBank
#IndiaTradeService