စာဖတ်ဝါသနာရှင်များ @mkreadingchannel Channel on Telegram

စာဖတ်ဝါသနာရှင်များ

@mkreadingchannel


စာပေနှင့်ပတ်သက်သောအကြောင်းအရာများနှင့်ခွန်အားဖြစ်‌စေသောအကြောင်းအရာများသာ တင်ဆက်ပေးပါမည်။

စာဖတ်ဝါသနာရှင်များ (Burmese)

စာဖတ်ဝါသနာရှင်များဆိုတာ ဘာလဲဆိုတာ သက်သော စာဖတ်ဝါသနာများ ဖေးချင်ရန်အတွက် ဤ ခေတ္တစ္စကားအား အသစ်ထပ်ဖြစ်နိုင်ပါသည်။ ဤ စာဖတ်ဝါသနာ များအား မြန်မာလိုသူများအတွက် တင်ကြည့်ပေးစွမ်းသက်ရောက်နိုင်ပါသည်။

စာဖတ်ဝါသနာရှင်များ

07 Sep, 10:55


စိတ်ဓာတ် ရင့်ကျက်စေဖို့
═════════════════

- သူတစ်ပါးကို ကူညီနိုင်အောင် ကြိုးစားရမည်
( မျှော်လင့်ချက် မထားပါနှင့် )

- ငွေကို အကျိုးရှိအောင်
သုံးစွဲနိုင်အောင် ကြိုးစားရမည်
( ဖြုန်းတာ ၊ သုံးတာ လွယ်ကူပေမယ့်
ရှာဖွေတာ ခက်တယ် )

- အနာဂတ် အတွက်
ငွေစုထား နိုင်အောင် ကြိုးစားရမည်
( အသက်အရွယ် အိုမင်းလာသောအခါ
အလုပ်လုပ်နိုင်မည် မဟုတ်ပါ ။
ထို့ကြောင့် နုပျိုစဉ် ရှာဖွေ စုဆောင်းပါ )

- လေးနက်ပြီး ကောင်းမွန်တဲ့
အကြောင်းကို ဆွေးနွေးရမည်
( လေးနက်တဲ့ အတွေးတွေ
ဆွေးနွေးမှသာ ကောင်းမွန်တဲ့
လုပ်ဆောင်ချက်တွေ ထိရောက်
အောင်မြင်လာမည်သာ ဖြစ်၏ )

- စိတ်ပျော်ရွှင်မှု ရသော
အလုပ်ကို ရှာဖွေနိုင်အောင် ကြိုးစားရမည်
( စိတ်ပျော်ရွှင်မှု ရှိမှသာ
အလုပ်အကိုင် တိုးတက် အောင်မြင်လာမည် )

- မိမိရဲ့ တိုးတက်မှု အတွက်
စာဖတ်နိုင်အောင် ကြိုးစားရမည်
( စာပေတွေ ဖတ်လို့ မပြီးသေးပါ ။
မှတ်ဖို့ ၊ လေ့လာဖို့ ၊ လုပ်ဆောင်ဖို့လည်း
လိုအပ်ပါတယ် )

- အများကောင်းစားရေး
အတွက်လည်း ရှေ့ဆောင်
လမ်းပြသူ အဖြစ် ကြိုးစားရမည်
( ကိုယ်တစ်ယောက်တည်း အတွက်
ကြည့်လုပ်လျှင် လူအများက
နှစ်သက်ခြင်း မရှိကြပါ ။
နောက်ပြီး
တစ်ကိုယ်ကောင်းဆန်ရာလည်း ကျ၏ ။
ထို့ကြောင့် အများနှင့်
တူတူ လက်တွဲလုပ်နိုင်ဖို့ အများ
ကောင်းစားအောင်လည်း ကြည့်လုပ်ပါ )

- မိမိရဲ့ အလုပ်ကို မိမိကိုယ်တိုင်
စီစဉ်နိုင်အောင် ကြိုးစားရမည်
( မိမိကိုယ်တိုင် စီစဉ်နိုင်လာလေလေ
ထိအောင်သော အောင်မြင်မှုကို
ပိုင်နိုင်ဖို့ နီးကပ်လေလေပါ )

- အလုပ်တွေမှာ ပင်ကိုဉာဏ်
အသုံးချနိုင်အောင် ကြိုးစားရမည်
( ပင်ကိုဉာဏ်ရည် ကောင်းမွန်သူ
တစ်ဦးဖြစ်လျှင် လူတိုင်းက
ချစ်မြတ်နိုး၍ လုပ်ငန်းတွေ
အောင်မြင်ကျော်ကြား လာမည် ဖြစ်ပါတယ် )

- သူတစ်ပါး အလုပ်တွေကိုလည်း
စီစဉ်လုပ်ကိုင် နိုင်အောင် ကြိုးစားရမည်
( သူတစ်အပါး အလုပ်ကို စီစဉ်
လုပ်ကိုင် နိုင်ခြင်းဟာ ကိုယ့်အတွက်
အတွေ့အကြုံနှင့် သင်ခန်းစာတွေ ရရှိတတ်၏ )

- အားနည်းသူကို အားရှိလာအောင်
ပြောတတ်နိုင်အောင် ကြိုးစားရမည်
( ကိုယ်လည်း ဘယ်လောက်ပဲ
အားငယ်တတ်သူ ဖြစ်နေပါစေ
သူတစ်ပါး အားနည်းတာကို မြင်ရင်
လမ်းညွှန်၍ အားပေးစကား
ပြောပေးနိုင်အောင် ကြိုးစားပါ )

နောက်ထပ်လည်း အချက်အလက်တွေ ရှိနိုင်၏ ။
ယခု ဒီအချက်အလက် အနည်းငယ်ဟာ မိမိ၌ ရှိရဲ့လား ။ ရှိကော ရှိနိုင်ပါ့မလား ။

ကျွန်တော့်ဆီမှာလည်း ဒီအချက် အားလုံးမပြည့်စုံပါ ။ သို့သော် မရှိတာကို ရှိအောင် မဖြစ်တာကို ဖြစ်နိုင်အောင် ကြိုးစားလျက်ပါ ။

လူတစ်ဦးရဲ့ စိတ်ဓာတ်ဆိုတာ
ပျော့ညံ့နေလို့ မဖြစ်ပါ ။
ပြောစကားလည်း
ချိုသာဖို့ လိုအပ်သလို
စိတ်ဓာတ်ကလည်း
သံမဏိလို မာကျောနေဖို့ လိုအပ်ပါတယ် ။

အကယ်၍
စိတ်ဓာတ် ပျော့ညံ့နေလျှင်
အောင်မြင်မှု အတွက်
အနှောင်းနှေး စေတတ်၍
အနှောက်အယှက်လည်း ပေးတတ်၏ ။

ထို့ကြောင့်
ပျော့ညံ့နေတဲ့ စိတ်ဓာတ်ကို
လန်းဆန်းသန်မာလာဖို့ အတွက်
စာပေတွေ ဖတ်ရှုနိုင်ရမည်
သတင်းတွေ ကြည့်
ဗဟုသုတ ဖြစ်စေမည့် အရာတွေကို
ကြည့်ပါ ၊ နားထောင်ပါ
လူတိုင်းနှင့် ဆက်ဆံပါ ၊ ပေါင်းသင်းပါ

ကောင်းတဲ့ အချက်တွေကို
မှတ်စု အဖြစ်ရေးထားပါ
ပြန်လည် ဖတ်ရှုပါ
လေ့ကျင့်ပါ ၊ တကယ်ဖြစ်ချင်ရင်
အမှန်တကယ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပါ

ကိုယ်က တစ်ခုခုညံ့နေလျှင်
လှေကား တက်သလို
အောက်ထစ်ကပဲ တဖြည်းဖြည်းချင်း စတက်ရပါတယ်

ဘယ်လောက် ခက်နေပါစေ
စိတ်မပျက်ပါနှင့်
ဆက်လက်ကြိုးစားပါ
ခက်ပါတယ်ဆိုတဲ့ အရာဟာ
ကြိုးစားမှု များလာသောအခါ
သူ့အလိုလို လွယ်ကူ သွားပါလိမ့်မည်.......။

#credit

#Jãlàýbìéမှကူးယူဖော်ပြသည်

စာဖတ်ဝါသနာရှင်များ

15 Aug, 08:38


ကြိုးစားနေတဲ့ အချိန်မှာ နေပူတယ်
အသားမဲတယ်
ပေစုတ်တယ်
ညစ်ပတ်ပေတေနေတယ်
အကောင်းစားတွေ မဝတ်နိုင်ဘူး
အကောင်းစားအသုံးအဆောင်တွေ မသုံးနိုင်ဘူး အကောင်းစားအဆောင်အယောင်တွေ မဆင်နိုင်ဘူး
စားကောင်းသောက်ဖွယ်တွေ မစားနိုင်ဘူး
ဒါပေမယ့် ကိုယ် မသိမ်ငယ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်
ကိုယ့်ချွေးနဲ့ ရင်းထားတဲ့ အရာအတွက် စိတ်သန့်တယ်
သမာအာဇီဝကျကျရှာထားတာဖြစ်တဲ့အတွက်တန်ဖိုးထားတယ်
ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာလည်းစေတနာထားတယ်

လူတိုင်း အမြင်မှာ ကြိုက်သလို ထင်မြင်နိုင်ပါတယ်
ပကာသနတွေကြောင့် လူသိများချစ်ခင်တာထက်
ဖြူစင်ရိုးသားကြိုးစားမူကို လူသိများချစ်ခင်တာကိုပဲ
ပိုလိုချင်တယ်

အပေါ်ယံဟန်ဆောင်မူ ပကာသနတွေများတဲ့ လောကကြီးထဲမှာ ရိုးသားစွာနေထိုင် ကြည့်လိုက်ပါ ရိုးသားတာ ဘယ်လောက် ချစ်ဖို့ကောင်းလဲ ဆိုတာ သင်သိလာပါလိမ့်မယ်
ရိုးသား တဲ့အပြုံးကို သင်ခံစားပီးပြုံးကြည့်ပါ
ခံစားကြည့်ပါ

Credit.......

စာဖတ်ဝါသနာရှင်များ

30 Jul, 02:10


ကမ်းခြေသို့ ဦးတည်ရိုက်ပုတ်လာသော ပင်လယ်လှိုင်းလုံးများက ပင်လယ်ဖက်သို့ ပြန်လည် စီးဆင်းသွားတဲ့ အခါမျိုးတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းကြောင့် မရဏ ဒီရေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အဆိုပါရေစီးကြောင်းသည် ဘေးနှစ်ဖက်မှနေပြီး အတွင်း လည်တိုင်သို့ ပြင်းထန်သော အားဖြင့် စီးဆင်းခြင်းဖြစ်ပြီး ကမ်းခြေတွင် ရှိသော လူ နှင့် အပင်များ ကို ပင်လယ်ရေနက်ပိုင်း အတွင်းသို့ ချက်ခြင်းဆွဲယူသွားနိုင်ပါတယ်။

အဲ့လို ဖြစ်ရပ်များကို ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ဦးတိုချောင်းအဝ၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ကမ်းရိုးတန်းတွေမှာ ဖြစ်ပါတယ်။ ပင်လယ်ကြီးလောက်မာယာကြွယ်တာမရှိပါ။ ခုလို မိုးဦး လေဦးကာလ တွေမှာ ပိုဖြစ်ပါတယ်။ ရေဆွဲ ဆိုတာ ကြောက်စရာ ကောင်းလွန်းပါတယ်။ တစ်စက္ကန့်ကို ခြောက်ပေထိ မြန်ပါတယ်။ဆွဲအားပြင်းရင် ပြင်းသလို ရေနက်ပိုင်းကို ဆွဲခေါ်သွားခြင်း ခံရမွာပါ။

ပင်လယ်နှင့် နီးစပ်မှု မရှိသူများမှာ ရေတိမ်တိမ်လေးဘဲဆိုပြီးတော့ ရေဆွဲနေရာမှာရပ်နေမိရင် စက္ကန့်ပိုင်အတွင်းမှာပဲ ရေနက်ထဲကို ဆွဲချသွားတာကြောင့် အသက်ဆုံးရှုံးရမှာပါ။

တကယ်လို့ ရေဆွဲနဲ့များကြုံမိရင် ပုံပါအတိုင်းကမ်းဆီကို မျက်နာချင်ဆိုင် ပြန်မကူးရပါဘူး။ ကမ်းနှင့်မျဉ်းပြိုင် အလျားလိုက် ကူးထွက်ပြီး ရေဆွဲ စီးကြောင်း လွတ်မှသာကမ်းကို ကူးတက်ရမှာပါ ။ ရေနက်ထဲကိုသာ ဆွဲချသွားပေမယ့် ရေအောက်ကြမ်း ပြင်ကို ဆွဲနှစ်မသွားခြင်းကြောင့် အထာသိရင် လွတ်နိုင်တယ်ဆိုတဲအကြောင်း ဗဟုသုတ အဖြစ်တင်ပြလိုက်ပါတယ် ။

နောက်တစ်ခုက ရေဖြတ် ဆိုတာရှိပါသေးတယ်။ ရေနက်ပိုင်း တွေမှာသာဖြစ်တတ်တာမို့ အကျယ်မရေးတော့ပါဘူး။
ရေက နှစ်လွာဖြစ်နေပြီး အပေါ်လွှာက အရှေ့ကိုစီးပြီး အောက်လွှာက အနောက်ကိုစီးနေတာပါ။ ရေဖြတ်နဲ့မိပြီး ခါးကျိုးလို့ ဒုက္ခိတဖြစ်ရတဲ့ ရေငုတ်သမားတွေ ရှိပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်
Crd

ဗဟုသုတရစေရန်သာ ရည်ရွယ်၍ အခြားမှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။

စာဖတ်ဝါသနာရှင်များ

30 Jul, 02:09


ပင်လယ်ကမ်းခြေသို့ သွားရောက်သူတိုင်း သိထားသင့်သော မရဏရေဆွဲ RIP Current အကြောင်း
<><><><><><><><><><><><><><><>

မရဏ ရေဆွဲ RIP Current သည် ပင်လယ်၊ ရေကန်ကြီး သို့ လှိုင်းရှိသော ဘယ်ကမ်းခြေ မျိုးမှာမဆို ဖြစ်နိုင်တဲ့ အရာပါ။ မရဏ ရေဆွဲဟာ အချို့သော ကမ်းခြေများတွင် တစ်နေရာ တည်းတွင် အမြဲတစ်စေ ဖြစ်တည် တတ်သော်လည်း အချို့သော ကမ်းခြေများတွင် ကွဲပြားသော နေရာများတွင် ဖြစ်ပေါ် လာလိုက် ကွယ်ပျောက်သွားလိုက် ဖြစ်တတ်တဲ့အတွက် ပုံသေပြောလို့မရပါဘူး။

အဲ့ဒီမရဏ ရေဆွဲ တွေဟာ ကမ်းခြေအတွင်း ရေကူးနေသူ နှင့် အသက်ကယ်ဘောကွင်းဖြင့် ကိုယ်ဖော့ပြီး ရေကစားနေသူများကို လျင်မြန်တဲ့အဟုန်နဲ့ ရေစီးကြောင်းထဲ ဆွဲပါခေါ်ယူသွားပြီး ကမ်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာသွားနိုင်ပါတယ်။ ရေကူးကျွမ်းကျင်မှုမရှိခြင်း၊ စိတ်မထိန်းနိုင်ဘဲ အလွန်လန့်နေခြင်း၊ ရေစီးကြောင်း သဘောသဘာဝကိုနားမလည်ဘဲ ကမ်းခြေကို ဦးတည်တည့်တည့်ကူးခြင်း တို့ကြောင့် အသက်ဆုံးရှုံးရလေ့ရှိပါသည်။

1,291

subscribers

35

photos

0

videos