၁) ၀က်တွေမှာ အလွန်ညစ်ညမ်းတဲ့ အစာအိမ်အူရှိပါတယ်။ ကျဉ်ငယ်၊ မစင်၊ အညစ်အကြေး၊ အသားအပုပ်သိုး၊ လောက်၊ အသီးအနှံပုပ်အသိုးစသဖြင့် မစင်အားလုံးကိုစားပါတယ်။
ဒါ့အပြင် ၀က်အချင်းချင်းနဲ့တခြား တိရိစ္ဆာန်တွေမှာ ဖြစ်ပွားနေတဲ့ ကင်ဆာအလုံးတွေကိုလည်း စားပါသေးတယ်တဲ့။
၂) ၀က်ရဲ့ အသားနဲ့ အဆီဟာ အဆိပ်အတောက်တွေကို ရေမြှုပ်တစ်ခုလို စုတ်ယူတတ်ပါတယ်။ ၀က်ရဲ့ အသားဟာ နွားသား၊ သမင်သားတွေ အဆိပ်ကို အဆ ၃၀ ပိုမိုစုတ်ယူနိုင်ပါတယ်။
၃) နွားသားနဲ့ သမင်တွေကို စားလိုက်မယ်ဆိုရင် အစာကြေဖို့ အချိန် ၈နာရီကနေ ၉နာရီထိ ကြာမြင့်တတ်ပြီး အသားထဲကထွက်တဲ့ အဆိပ်အတောက်တွေကို အစာကြေချိန်ကြာမြင်တဲ့ အတွက် သွေးလည်ပတ်မှုစနစ်ထဲ တဖြည်းဖြည်းချင်း၀င်ရောက်တတ်ပြီး အသဲကနေ အေးအေးဆေးဆေး စွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ၀က်သားစားလိုက်ရင် အစာကြေချိန်ဟာ ၄နာရီသာကြာမြင့်ပါတယ်။ ဒါကြောင့် အဆိပ်အတောက်တွေက အချိန်တိုအတွင်း အလုံးအရင်းနဲ့ သွေးလည်ပတ်မှုစနစ်ထဲ ၀င်ရောက်ပြီး အသည်းအပေါ် ၀န်ပိစေပါတယ်။
၄) တခြားသော နို့တိုက်သတ္တဝါတွေနဲ့ မတူညီစွာပဲ ၀က်တွေဟာ ချွေးမပြန်ပါဘူး။ ချွေးပြန်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းထဲကတစ်ခုပါ။ ၀က်တွေကချွေးမပြန်တော့ ချွေးထွက်ရင်းနဲ့ ထွက်သွားသင့်တဲ့ အဆိပ်အတောက်တွေက ၀က်ရဲ့ ခန္ဓာကိုယ်တွင်း (အသားတွင်း)မှာပဲ ကိန်းအောင်းနေပါတော့တယ်။
၅) ကြွက်သေဆေးမှာပါတဲ့ Strychnine လိုအဆိပ်နဲ့ တခြားအဆိပ်တွေတောင် ၀က်ကိုသတ်ဖို့ မလွယ်လောက်အောင် ၀က်ဟာ အဆိပ်ပြင်းတဲ့ သတ္တဝါတစ်ကောင်ပါ။
၆) လယ်သမားတွေဟာ ခလောက်မြွေ (Rattlesnake) အသိုက်ရှိတဲ့နေရာမှာ ၀က်တွေကို လွှတ်ပေးလိုက်တတ်ပါတယ်။ ၀က်တွေက ခလောက်မြွေကို စားပါတယ်။ ခလောက်မြွေကိုက်လို့လည်း ၀က်က အဆိပ်မသင့်ပါဘူး။
(((၀က်က ခလေက်မြွေကို စားနေတာပါ။ ဗီဒီယိုပါ။ http://www.youtube.com/watch?v=jBlcMaMw0Xk )))
၇) ၀က်တစ်ကောင်သေပြီဆိုရင် လောက်နဲ့ တခြားအင်းဆက်ပိုးမွှားတွေဟာ တခြားတိရိစ္ဆာန် အသေတွေမှာ တွယ်ကပ်တာထက် ပိုမိုမြန်ဆန်စွာ အချိန်တိုအတွင်းမှာပဲ လာရောက်တွယ်ကပ်တတ်ကြပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ၀က်သေသားဟာ လောက်တွေနဲ့ ပြည့်နှက်သွားတာကိုမြင်တွေ့ရမှာပါ။
၈) ၀က်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ Parasite လို့ ခေါ်တဲ့ ကပ်ပါးကောင် ဒါဇင်ပေါင်း များစွာနေထိုင်ပါတယ်။ တုပ်ပြားကောင်၊ သံကောင်၊ အစရှိတဲ့ သံကောင်အမျိုးအစား များစွာနေကြပါတယ်။ အဲဒီ ကပ်ပါးကောင်တွေ အကုန်သေအောင်နဲ့ သူတို့ရဲ့ ဥတွေ၊ အိတ်တွေ အကုန်သေအောင် ချက်ပြုတ်ဖို့အတွက် လုံလောက်တဲ့ အပူအချိန်တစ်ခု မသတ်မှတ်နိုင်သေးပါဘူး။
၀က်သားကိုစားလိုက်ပြီဆိုရင် အာဟာရဓါတ် ရလိုက်ပြီလို့ ထင်နေပေမယ့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးလောက်လန်းများစွာကို ပါးစပ်အပြည့် စားမိနေတယ်လို့ ပြောလို့ရပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ လူတွေကို အတိဒုက္ခပေးခဲ့တဲ့ Swine Flu ၀က်တုပ်ကွေး ဆိုတာလည်း ကြားဖူးကြမှာပါ။
၉) ၀က်သားမှာ အမဲသားထက် အဆီနှစ်ဆ ပိုမိုပါ၀င်ပါတယ်။
သုံးအောင်စ ရှိတဲ့၀က် T bone steak (၀က်အသားပြား) မှာ အဆီ ၈.၅ ဂရမ်ပါ၀င်ပြီး သုံးအောင်စ ရှိတဲ့ Pork Chop မှာတော့ အဆီ ၁၈ ဂရမ် ပါ၀င်ပါတယ်။
သုံးအောင်စ ရှိတဲ့ အမဲသားနံကပ်သားမှာ အဆီ ၁၁.၁ ဂရမ် ပါ၀င်ပြီး ၀က်နံရိုးမှာတော့ ၂၃.၂ ဂရမ် အဆီပါ၀င်ပါတယ်။
၁၀) နွားတွေမှာရှုပ်ထွေးတဲ့ အစာခြေစနစ်အဖြစ် အစာအိမ်လေးခု ပါ၀င်ပါတယ်။ နွားတွေဟာ သူတို့စားသောက်တဲ့ အပင်၊ အရွက်တွေ အစာကြေဖို့အတွက် ၂၄နာရီစောင့်ဆိုင်းရပါတယ်။ ဒီလိုအချိန်ကြာမြင်တဲ့ အတွက် ခန္ဓာကိုယ်ကနေ အဆိပ်တွေကို သန့်စင်ဖို့ အချိန်ပိုမိုရစေပါတယ်။ ၀က်မှာ အစာအိမ်တစ်ခုသာပါ၀င်ပြီး သူစားတဲ့ အညစ်အကြေး အစားအသောက်တွေ ခြေဖျက်ဖို့အတွက် အချိန် ၄နာရီသာ ကြာမြင့်ပြီး အစာထဲကရတဲ့ အဆိပ်တွေကို အသားထဲမှာစုပြုံစေပါတယ်။ ၀က်ရဲ့အသားဟာ အဆိပ်သင့်နေပါတယ်။
၁၁) ၀က်တစ်ကောင်မှာ လူတွေကို အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပေါင်း ၃၀ ပါ၀င်ပါတယ်။
Trichinae လို့ ခေါ်တဲ့ ၀က်တွေမှာရှိတဲ့ သံကောင်ဟာ မိုက်ခရိုစကုပ်နဲ့ ကြည့်လိုက်ရင် သေးငယ်ပါတယ်။ ဒါပေမယ့် စားလိုက်ပြီဆိုတာနဲ့ အစာအိမ်၊ ကြွက်သားတို့အပြင် ကျောရိုးအာရုံကြောမကြီးနဲ့ ဦးနှောက်ထဲ အထိအောင် ပြန့်နှံ့ရှည်လျားစွာ ပေါက်ဖွားနိုင်ပါတယ်။
နောက်ဆုံးတော့ Trichinosis http://en.wikipedia.org/wiki/Trichinosis လို့ ခေါ်တဲ့ရောဂါဖြစ်ပါတော့တယ်။ ဒီရောဂါဟာ လက္ခဏာ လွယ်လွယ် မပြတတ်ပါဘူး။ ပြတဲ့လက္ခဏာတွေကလည်း တိုက်ဖွိုက်၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်ရောင်နာ၊ နှလုံးအဆို့ရှင် ကျဉ်းခြင်း၊ ဦးနှောက်အမှေးရောင်ခြင်း၊ သည်းခြေအိတ်ရောင်ရမ်းခြင်းတို့လို ရောဂါလက္ခတွေပြပါတယ်။ လက္ခဏာတွေက သီးသန့် မရှိပဲ ဒီလိုရောနှောနေတဲ့အတွက် အချိန်လွန်မှ စစ်ဆေးတွေ့ရှိတာ များတတ်ပါတယ်။