📌 ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိကြပါတယ်။
📌 ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာ လိုက်ရှာရတာမဟုတ်ဘူး...
ဖန်တီးယူရတာဆိုတဲ့ အမြင်ကိုလက်ခံတယ်။
နောက်ပြီး ငါ့ကိုပျော်အောင်လုပ်ပေးပါ ဆိုပြီးလည်း
တစ်ယောက်ယောက်ဆီက တောင်းခံလို့ရတာမျိုးမဟုတ်ပါဘူး။
📌 တကယ်တော့ ပျော်ရွှင်မှုဆိုတာ ...
ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
ဒါကြောင့် ပျော်ချင်တယ်ဆိုလိုက်မရှာနဲ့။
လိုက်လည်း မတောင်းနဲ့။
ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး၊
ကိုယ့်ခံယူချက်တွေကိုသာ ပြောင်းလိုက်ပါ။
စာအုပ် - ပျော်ရွှင်ပါစေ
( ဒေါက်တာဖြိုးသီဟ )
မှပြန်လည်ကူးယူတင်ပြသည်။
Photo Credit
သုတ၊ရသစာပေများ Facebook Page >
https://www.facebook.com/KnowledgeAndTasteBooks/
သုတ၊ရသစာပေများ Telegram Channel > #Telegram > https://t.me/K8TLrt