*********
အေဂျက် 🆚 ဂါလာတာစာရေး
📌အေဂျက်က ရှုံးထွက်သေချာရေး၊
ဂါလာတာစာရေးက ၁၆ သင်းအဆင့်
သေချာရေးအတွက် နိုင်ဖို့ လိုပါတယ်။
📌အေဂျက်ဟာ တူရကီအသင်းတွေနဲ့
တွေ့ဆုံဖူးတဲ့ ၁၃ ပွဲမှာ ၁၁ ပွဲနိုင်ပြီး
၁ ပွဲသရေနဲ့ ၁ ပွဲသာ ရှုံးခဲ့ပါတယ်။
အန်ဒါလက်ချ် 🆚 ဟော်ဖန်ဟိမ်း
📌အန်ဒါလက်ချ်က ၁၆ သင်းအဆင့်
သေချာရေး နိုင်ဖို့လိုပြီး ဟော်ဖန်ဟိမ်း
ကတော့ ပြုတ်လုနီးနီးဖြစ်နေတယ်။
📌အန်ဒါလက်ချ်ဟာ ခြေစစ်ပွဲတွေ
အပါအဝင် နောက်ဆုံးဥရောပအိမ်ကွင်း
၈ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၅ ပွဲနိုင်၊
၃ ပွဲသရေကျထားပါတယ်။
ဘီလ်ဘာအို 🆚 ပယ်လ်ဇန်
📌ဘီလ်ဘာအိုက ၁၆ သင်းအဆင့်
သေချာဖို့ သရေပဲ လိုပြီး ပယ်လ်ဇန်
ကတော့ နိုင်မှသာ ၁၆ သင်းအဆင့်
မျှော်လင့်ချက် ရှိမှာပါ။
📌ပယ်လ်ဇန်ဟာ စပိန်အသင်းတွေနဲ့
အဝေးကွင်းတွေ့ဖူးတဲ့ ၅ ပွဲစလုံးကို
ရှုံးထားပါတယ်။
စတူအာဘူခါရက် 🆚 မန်ယူ
📌၁၆ သင်းအဆင့် သေချာရေးအတွက်
စတူအာဘူခါရက်ရော မန်ယူပါ
နိုင်ထားဖို့ လိုပါတယ်။
📌ဒီရာသီ ယူရိုပါလိဂ်မှာ အိမ်ကွင်းရှုံးပွဲ
မရှိသေးတဲ့ စတူအာဟာ ယူရိုပါလိဂ်က
နောက်ဆုံးအိမ်ကွင်း ၂၂ ပွဲမှာ ၃ ပွဲသာ
ရှုံးခဲ့ပါတယ်။
မစ်ဂျီလန်း 🆚 ဖီနာဘာချီ
📌ရှုံးထွက်သေချာရေးအတွက်
မစ်ဂျီလန်းက မရှုံးဖို့ လိုသလို
ဖီနာဘာချီက နိုင်ဖို့ လိုပါတယ်။
📌ဖီနာဘာချီဟာ ဒိန်းမတ်အသင်း
တွေနဲ့ တွေ့ဆုံဖူးတဲ့ ၄ ပွဲမှာ ၃ ပွဲ
နိုင်ထားပါတယ်။
နိုက်စ် 🆚 ဘိုဒိုဂလင့်
📌နိုက်စ်က ပြုတ်ပြီးသားဖြစ်နေပြီး
ဘိုဒိုဂလင့်ကတော့ ၁၆ သင်းအဆင့်
အတွက် နိုင်ဖို့ လိုပါတယ်။
📌နိုက်စ်ဟာ ဥရောပပြိုင်ပွဲမှာ
နောက်ဆုံးအိမ်ကွင်း ၄ ပွဲဆက် နိင်ပွဲ
ပျောက်ထားပါတယ်။
(၂ ပွဲသရေ၊ ၂ ပွဲရှုံး)
လိုင်ယွန် 🆚 လူဒိုဂိုရက်စ်
📌လိုင်ယွန်ဟာ ၁၆ သင်းအဆင့်
သေချာရေးအတွက် နိုင်ဖို့လိုပြီး လူဒိုဂိုရက်စ်
ကတော့ ပြုတ်ပြီးသားပါ။
📌လိုင်ယွန်ဟာ အုပ်စု/လိဂ်ပုံစံ ယူရိုပါလိဂ်
က နောက်ဆုံးအိမ်ကွင်း ၁၅ ပွဲမှာ
၁၁ ပွဲ နိုင်ထားပါတယ်။
ဆိုစီဒက် 🆚 PAOK
📌ရမှတ်တူ ဆိုစီဒက်ရော PAOK ပါ
ရှုံးထွက်သေချာရေးအတွက် ရလဒ်
ကောင်းထားဖို့ လိုပါတယ်။
📌PAOK ဟာ စပိန်အသင်းတွေကို
တစ်ခါမှ မနိုင်ဖူးဘဲ ၂ ပွဲသရေ၊
၄ ပွဲ ရှုံးထားပါတယ်။
ရိုးမား 🆚 ဖရန့်ဖတ်
📌ရိုးမားဟာ ရှုံးထွက်သေချာရေး နိုင်ဖို့
လိုပြီး ဖရန့်ဖတ်ကတော့ ၁၆ သင်းအဆင့်
အတွက် မရှုံးဖို့ပဲ လိုတာပါ။
📌ရိုးမားဟာ ဂျာမန်အသင်းတွေနဲ့
နောက်ဆုံးတွေ့ဆုံမှု ၁၄ ပွဲမှာ ၃ ပွဲသာ
နိုင်ခဲ့ပါတယ်။
ဘရာဂါ 🆚 လာဇီယို
📌ဘရာဂါဟာ ရှုံးထွက်မျှော်လင့်ချက်
အတွက် နိုင်ဖို့လိုပြီး ၁၆ သင်းအဆင့်
သေချာပြီးသား လာဇီယိုကတော့
အမှတ်မလိုတော့ပါဘူး။
📌လာဇီယိုဟာ ပေါ်တူဂီအသင်းတွေနဲ့
အဝေးကွင်းတွေ့ဆုံမှု ၇ ပွဲမှာ
၅ ပွဲ ရှုံးထားပါတယ်။
စပါး 🆚 အက်ဖ်ဘော့
📌စပါးက ၁၆ သင်းအဆင့်အတွက် နိုင်ဖို့
လိုသလို အက်ဖ်ဘောကလည်း ရှုံးထွက်
သေချာရေးအတွက် မရှုံးဖို့ လိုပါတယ်။
📌အက်ဖ်ဘော့ဟာ ဥရောပပြိုင်ပွကြီးက
နောက်ဆုံးအဝေးကွင်း ၈ ပွဲမှာ
၇ ပွဲ ရှုံးထားပါတယ်။