Mandalay မန္တလာသူ

@mandalaysitawthan


မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ မှုခင်းသတင်းများနှင့် သုတ ရသ သတင်းအစုံတင်ပေးနေပါသည်။

Mandalay မန္တလာသူ

14 Aug, 04:01


ဒါမှ ရွှေမန်းသူ ရွှေမန်းသား ကွ
လူညီတယ် ၊ ဇရှိတယ် ၊ မြိုကိုချစ်တဲ့ မြိုမေတ္တာခံယူမဲ့သားတွေရှိတယ်။
ရာဇဝင်မှာ စာတင်ခဲ့တဲ့မြိုဖြစ်သွားပါပြီ🇲🇲🇲🇲🇲🇲

Mandalay မန္တလာသူ

08 May, 03:55


ပြင်ဦးလွင် မြိုရှောင်လမ်းတွင် ခွေးဘီလူးယာဉ် တိမ်းမှောက်ခဲ့သည့်အတွက် အမျိုးသား (၃) ဦး အသ-က်ဆုံ-းရှုး
------
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို၊ မြိုရှောင်လမ်းရှိ ထင်းရှူးတောအစပ်တွင် ခွေးဘီလူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး အသ-က်ဆုံးရှုးခဲ့ရပါတယ်

ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး (၁၂)၊ ‌ရေချမ်းအိုး(တောင်)၊ မြို‌ရှောင်လမ်း၊ ဖက်ဆွတ်ကန်အနီး ထင်းရှုးတောအစပ်၌ မေ (၇)ရက်၊ ည (၆) နာရီ (၄၅) မိနစ်အချိန်ခန့်က ယာဉ်မတော်တဆဖြစ်ပြီး လူညပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြိုနယ်မှ မီးသတ်တပ်ဖွဲဝင်များ၊ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းတိုမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွား‌ရောက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်
မန္တလာသူ

Mandalay မန္တလာသူ

28 Dec, 03:41


ပြင်ဦးလွင် ပန်းပွဲတော်သို အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ
=================
အမျိုးသားကန်တော်ကြီးဥယျာဉ် ၏ (၁၆)ကြိမ်မြောက် ပန်းပွဲတော် Flower Dreamland ဖွင့်ပွဲကို ဒီဇင်ဘာလ (၁၇)ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသအတွင်းရှိခရီးသွားပြည်သူများ၊အနယ်အရပ်ရပ်မှလာရောက်လည်သူများဖြင့်စည်ကားနေတာဖြစ်ကြောင်း သိရပါတယ်။ ကန်တော်ကြီးပန်းပွဲတော်ကိုကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်မှ  ပြန်လည်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတိုကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်းပြသထားကြောင်း၊ ပန်းပွဲတော်ကျင်းပသည့် ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်း များဖြင့် ရောင်းချပေးသည့်အစီအစဉ်များပါဝင်တာကြောင့် အမျိုးသားကန်တော်ကြီးဥယျာဉ်ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ လာရောက်လည်ပတ်ရင်း ကြည့်ရှုခံစားနိုင်ပါတယ်။

Mandalay မန္တလာသူ

24 Oct, 03:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် အဖွင့်အမှာစကား။ (အောက်တိုဘာလ ၂၄)

Mandalay မန္တလာသူ

28 Sep, 06:11


လက်ရှိကာလကို ထင်ဟပ်နေသည့် ဖလူဖလူကျော်သိန်း ရဲ့ "ကောက်ရိုးမီး'"သီချင်းသစ်😱😱😱
အချင်းချင်းတောင် သိကုန်ပြီ အဆုံးထိ နားဆင်ကြည့်ရှုကြကုန်လော့ 🎼🎼🎼

Mandalay မန္တလာသူ

19 Sep, 06:38


စက်တင်ဘာလ ၁၈ ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် ၆၇ လမ်း၊ ၁၃၅ လမ်းတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှုဖြစ်ပွား
မန္တလာသူ

Mandalay မန္တလာသူ

19 Sep, 06:33


ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် ၁၂၄ လမ်း၊ ၅၁လမ်းနှင့် ၅၂ လမ်းကြားတွင် အကြမ်းဖက်ပဒက်များမှ ပြည်သူတစ်ဦးအား အကြောင်းမရှိသတ်ဖြတ်သွားခဲ့ကြောင်း သိရပါတယ်
မန္တလာသူ