Mandalay Free Press - MFP @mandalayfreepress Channel on Telegram

Mandalay Free Press - MFP

@mandalayfreepress


မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်နေသည့် သတင်းဌာန

Mandalay Free Press - MFP (Burmese)

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်နေသည့် Mandalay Free Press - MFP သတင်းဌာနသည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများအတွက် အထူးပြုတင်ဆက်သည့် သတင်းဌာနဖြစ်သည်။ ဤသတင်းဌာနသည် Mandalay Free Press - MFP သတင်းတွေကို မန္တလေးတိုင်းရှိ စစ်ကိုင်းတိုင်းနှင့် အိမ်ရှင်များအတွက် အပြောအဆာဖြင့် ဖော်ပြထားပါသည်။ Mandalay Free Press - MFP သည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများအတွက် သတင်းဌာနများကို စုံစမ်းပေးနိုင်သည်။ ဤသတင်းဌာနများကို ခေါ်ဆိုပြီး နိုင်ငံတကာများတွင် မြင်းကွင်းရေးနေထိုင်ရသည့်အခါများစီအတည်ပြုပါသည်။ သတင်းဌာနတွင် သတင်းတစ်ခုခုကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများရှိ သိပ္ပံပျက်ရသည်။

Mandalay Free Press - MFP

06 Jan, 13:23


https://youtube.com/shorts/znzNQNcdHuA?feature=share

Mandalay Free Press - MFP

06 Jan, 13:17


https://youtu.be/n_EbLq7_dB8

Mandalay Free Press - MFP

06 Jan, 13:05


https://youtube.com/shorts/b08miSot6hY?feature=share

Mandalay Free Press - MFP

06 Jan, 12:56


https://youtu.be/w8ZF9wpn_js

Mandalay Free Press - MFP

06 Jan, 11:43


ရွှေဘို လေ့ကျင့်ရေး ၈ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်မှု လက်နက် ၄၄ လက်ရ၊
ရှမ်းမြောက်ပြန် အညာ PDF တွေ အစွမ်းပြပြီး ဝက်လက်နယ် တိုက်ပွဲနှစ်ခုမှာ စစ်အုပ်စု ၁၀၀ နီးပါး သေ၊

ကိုသူ၊ သက်တန့်/MFP၊ ဇန်နဝါရီ - ၆

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို မနေ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေပြီး လက်နက် ၄၄ လက် သိမ်းဆည်း ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ခေါ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်ထဲက ထွက်လာပြီး ဝက်လက်နယ်ထဲ စစ်ကြောင်းထိုးတဲ့ ဗိုလ်ကြီးအဆင့် မျိုးမင်းသူ ဦးစီးတဲ့ စစ်အုပ်စု အင်အား ၇၇ ယောက်ကို ဇန်နဝါရီ ၅ရက် မနက်ပိုင်းက ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

https://www.facebook.com/share/p/1A2UZm3GQW/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

06 Jan, 08:25


ရှမ်းမြောက်ပြန် PDF တွေ လက်စွမ်းပြပြီး စစ်အုပ်စု စစ်ကြောင်း နှစ်ကြောင်းကို ချေမှုန်းသုတ်သင်၊
ဝက်လက်နယ် တိုက်ပွဲနှစ်ခုမှာ စစ်အုပ်စု ၁၀၀ နီးပါး သေပြီး ဆယ်နဲ့ချီ ဖမ်းမိ၊

ကိုသူ၊ သက်တန့်/MFP၊ ဇန်နဝါရီ - ၆

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု စစ်ကြောင်း နှစ်ကြောင်းကို မနေ့က ဇန်နဝါရီလ ၅ရက်မှာ တိုက်ခိုက် သုတ်သင် ချေမှုန်းနိုင်ခဲ့ပြီး တိုက်ပွဲ နှစ်ခုအတွင်း စစ်အုပ်စု ၁၀၀ နီးပါး သေဆုံးကာ ဆယ်နဲ့ချီ လက်ရ ဖမ်းမိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေ က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၅ရက် မနက်ပိုင်းက ဝက်လက်နယ် အရှေ့ခြမ်း အုန္နဲဘုတ်ရွာထဲ စီးနင်းဝင်မွှေ အကြမ်းဖက်နေတဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်အုပ်စုနဲ့ ဇန်နဝါရီ ၅ရက်မှာပဲ ဝက်လက်နယ် မင်းကုန်းရွာ အနီး စစ်ကြောင်းထိုးနေတဲ့ ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်က လာတဲ့ အင်အား ၇၇ ဦးပါ စစ်အုပ်စု စစ်ကြောင်းတို့ကို တိုက်ခိုက် သုတ်သင်နိုင်ခဲ့တာလို့ ဆိုပါတယ်။

https://www.facebook.com/share/p/14XhsYiaox/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

06 Jan, 03:16


ဝက်လက်တိုက်ပွဲမှာ စစ်အုပ်စု ၂၀ ကျော် သေပြီး သုံးယောက် ဖမ်းမိ၊ လက်နက်တွေ ရ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ - ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အရှေ့ပိုင်း အုန္နဲဘုတ်ရွာထဲ ဝင်မွှေ လုယက် အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်အုပ်စု ၂၀ ကျော် သေပြီး သုံးယောက် ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ PDF ရွှေဘိုခရိုင် တပ်ရင်း - ၁၈ က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ဇန်နဝါရီလ ၃ ရက်မှာ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း - ရွှေဘို ကားလမ်းပေါ်ရှိ ဆား‌တောင်မြို့က တဆင့် ဝက်လက်နယ်ထဲ စစ်ကြောင်း ထိုးကာ ရွာစဉ်ပတ်မွှေ စီးနင်းလုယက် အကြမ်းဖက်နေတာ ဖြစ်ပြီး မနေ့က ဝက်လက်နယ် အရှေ့ခြမ်း အုန္နဲဘုတ်ရွာကို စီးနင်းဝင်မွှေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

https://www.facebook.com/share/p/1DNhPHmtB4/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

05 Jan, 05:07


ဗုံးဆံတွေကြား ပြိုပျက်သွားတဲ့ မိသားစု

ဇူဇူး/MFP၊ ရုပ်သံဆောင်းပါး

“ကျွီ”ဆိုတဲ့ အသံဆိုးကြီးကို နားထဲက မထွက်တော့ဘူးလို့ မဘာလ်ကူမာရီးက ပြန်ပြောပြပါတယ်။

မဘာလ်ကူမာရီးတို့ မိသားစုဟာ ဂေါ်ရခါး လူမျိုးတွေ ဖြစ်ပြီး မိုးကုတ်မြို့ အနောက်ပိုင်း လူးထရပ်ကွက်မှာ နေထိုင်ကြတဲ့ သာမန် ဆင်းရဲသား ပြည်သူတွေပါ။ ခင်ပွန်းသည်၊ သားသမီးသုံးဦးနဲ့အတူ မဘာလ်ကူမာရီးတို့ မိသားစုက မချမ်းသာပေမယ့် သာယာတဲ့ မိသားစု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ညက သူတို့ရဲ့ သွပ်မိုးသွပ်ကာ နေအိမ်လေးထဲ မိသားစုတွေ အိပ်မောကျနေချိန် ဗုံးတွေ ကြဲချ ခံခဲ့ရပါတယ်။ လသားအရွယ် ကလေးငယ်ကို ရင်ခွင်ပိုက်ထားရင်း အိပ်နေချိန် ဗုံးဒဏ်ကြောင့် အားလုံး လွင့်စင်သွားတယ်လို့ မဘာလ်ကူမာရီးက ပြောပါတယ်။

တအာင်း တပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို နိုဝင်ဘာလ ၁၁ရက် ညသန်ခေါင်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးရပ်ကွက်နဲ့ မိုးကုတ်မြို့ အနောက်ပိုင်း လူးထရပ်ကွက်က နေအိမ်တွေကို စစ်အုပ်စုက ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးတွေ ကြဲချခဲ့တာပါ။ ဗုံးထိမှန်လို့ ဒေသခံ ကိုးဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ကျော် ပျက်စီးခဲ့ပါတယ်။

မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇူလိုင်လ ၂၄ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ရှုံးလို့ မြို့ကို လက်လွှတ်လိုက်ရတဲ့ စစ်အုပ်စုက မြို့ပေါ် လူနေရပ်ကွက်တွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်တာပါ။

ဗုံးဒဏ်ကြောင့် မိသားစုဘဝ ပြိုပျက်ခဲ့ရတဲ့ မိုးကုတ်မြို့က မဘာလ်ကူမာရီးတို့ မိသားစုအကြောင်း MFP က တင်ဆက် ထားပါတယ်။
https://youtu.be/8-mdPAUIkqc
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

05 Jan, 05:04


https://youtu.be/8-mdPAUIkqc

Mandalay Free Press - MFP

04 Jan, 16:29


https://youtu.be/qijiq9OR9Sc

Mandalay Free Press - MFP

04 Jan, 12:21


ဝက်လက် ရှိမ္မကားရဲစခန်းကို လေယာဉ်နဲ့ ချပေးတဲ့ ခဲယမ်းထုပ် တစ်ထုပ် တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိ၊

ထင်လင်း/MFP၊ ဇန်နဝါရီ - ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာ ရဲစခန်းထဲက စစ်အုပ်စုအတွက် လေယာဉ်နဲ့ ချပေးတဲ့ ခဲယမ်းထုပ် တစ်ထုပ်ကို ဇန်နဝါရီ ၂ရက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဝက်လက်အခြေစိုက် ပြည်သူ့အစေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက် မနက်ပိုင်းက ရှိမ္မကားရဲစခန်းမှာရှိတဲ့ စစ်အုပ်စုအတွက် ရိက္ခာခြောက်တွေနဲ့ ခဲယမ်း အထုပ်တွေကို စစ်အုပ်စုက Y-12 လေယာဉ်နဲ့ လာရောက် ချထားပေးခဲ့တာဖြစ်ပြီး အဲ့ဒီထဲက တစ်ထုပ်ကို သိမ်းဆည်း ရရှိခဲ့တာလို့ ပြည်သူ့အစေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
https://www.facebook.com/share/p/1FEJBpuK8n/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

04 Jan, 12:11


စစ်အုပ်စု လွတ်ငြိမ်းမှာ မြင်းခြံနဲ့ မိတ္ထီလာထောင်က နိုင်ကျဉ်း ၂၇ ဦး၊ ရွှေဘိုနဲ့ ကလေးထောင်က ၃၅ ဦး လွတ် မြောက်လာ၊

နိုင်ငံတဝန်း နိုင်ကျဉ်း ၉၀၀၀ ကျော် ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်ပြီး ၂၀၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရ၊

MN/MFP ၊ ဇန်နဝါရီ - ၄

စစ်အုပ်စုက ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ မန္တလေးတိုင်း မြင်းခြံနဲ့ မိတ္ထီလာ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၇ ဦး၊ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၅ ဦး လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် - PPNM တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

https://www.facebook.com/share/p/18NbCex8Qw/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

04 Jan, 10:51


စစ်ကိုင်း မြင်းဆည်ရွာ ဗုံးကြဲခံရပြီး ပြည်သူ သုံးဦး သေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရ၊
ဗုံး အလုံး ၄၀ ကြဲချလို့ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ ၂၀ ပျက်စီးကာ ကျွဲ၊နွား ၁၀ ကောင်လည်း သေဆုံး၊
စစ်ကိုင်း၊ မြောင်နဲ့ ငါန်းဇွန်နယ် ဧရာဝတီမြစ်ရိုးက ရွာတွေကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်နေ၊

ဒေါ်လာ/MFP ၊ ဒီဇင်ဘာ - ၄

စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ရိုးက မြင်းဆည်ကျေးရွာကို မနေ့က ညပိုင်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း ပြည်သူ သုံးဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၃ရက် ည၁၀နာရီကျော်မှာ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ လေထီးတပ် Drone တွေနဲ့ Rocket - ဒုန်း၊ ဖျက်အားပြင်း ပေါင်ဗုံး၊ ၈၁ မမ (မော်တာ လက်နက်ကြီး ကျည်)၊ ၁၂၀ -မမ လက်နက်ကြီး၊ စုစုပေါင်း အလုံး ၄၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်၊ ဗုံးကြဲ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

https://www.facebook.com/share/p/18JTzUAR6H/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

04 Jan, 02:15


ဦးရည်မွန် တက်ရောက်တဲ့ ကွန်မန်ဒို လေ့ကျင့်ရေးသင်တန်း မှတ်တမ်း အမှတ် ၁ စစ်ဒေသ ထုတ်ပြန်၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ - ၄

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒို လေ့ကျင့်ရေး သင်တန်းကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ကာ အမှာစကား‌ ပြောကြား ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

ဇန်နဝါရီ ၁ ရကလည်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုမှာ ကျင်းပခဲ့တဲ့ အမှတ် ၁ စစ်ဒေသ ရဲဘော်တွေရဲ့ နှစ်သစ်ကူး အားကစားပြိုင်ပွဲကို ဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပင်လည်ဘူးမြို့၊ အင်းတော်မြို့နယ် မော်လူးမြို့၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့နဲ့ တမူးမြို့နယ် ခမ်းပတ်မြို့တွေကို အမှတ် ၁ စစ်ဒေသက သိမ်းပိုက်ထားပြီး အင်းတော်၊ ထီးချိုင့် စတဲ့ မြို့တွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

04 Jan, 01:32


https://youtu.be/22CzWoUC3vA

Mandalay Free Press - MFP

04 Jan, 01:30


https://youtu.be/i-jOByF3bbU

Mandalay Free Press - MFP

07 Dec, 12:15


https://youtu.be/V0Z7aWZOxiM

Mandalay Free Press - MFP

07 Dec, 12:15


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ ဒီဇင်ဘာ - ၇

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) ရေစကြိုမှာ လက်နက်ခဲယမ်း သယ်ယူလာတဲ့ကား ပစ်ခတ်ခံရလို့ ကားနဲ့ ပစ္စည်းတွေ ဆုံးရှုံး၊

(၂) ထီးလင်းမှာ တိုက်ပွဲစတော့မှာမို့ ပြည်သူတွေ မြို့က ကြိုတင်စွန့်ခွာဖို့ ပအဖ သတိပေး၊

(၃) မြင်းခြံမှာ ရွာမီးရှို့တဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ပြီး PDFနှစ်ဦး အပါအဝင် ငါးဦး သေဆုံး၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

07 Dec, 11:10


မန္တလေးမှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ရမည်းသင်းမြို့ရှိ အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိလာစဉ်/ ဓာတ်ပုံ-CJ

Mandalay Free Press - MFP

07 Dec, 11:10


မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊
စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊

MN/MFP ၊ ဒီဇင်ဘာ - ၇
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပျူ‌စောထီးတွေက ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ လူသစ်စုဆောင်းပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်နေတာကြောင့် လူငယ်အများစု ရှောင်တိမ်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုနဲ့ ပျူ‌စောထီးတွေဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေထဲ ညအချိန်တွေအပြင် နေခင်းတွေမှာပါ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ အများစုကို တပ်သားသစ်အဖြစ် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အခုက ငွေပေးလို့လည်း ပြန်မလွတ်လာတော့ဘူး။ ပေါ်တာဆွဲဖမ်းသွားပြီဆိုရင် စစ်မှုထမ်းထဲ ပါသွားပြီလို့သာ မှတ်လိုက်တော့။ မကြာသေးဘူး ကျွန်တော်တို့ ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဆိုရင် ညပိုင်းမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ ဖမ်းသွားတာ။ အိမ်ကလိုက်တော့ စစ်မှုထမ်းထဲထည့်ထားတယ်တဲ့။ ငွေဘယ်လောက်ပေးရမလဲ ပေးပါမယ်ပြောတာကို ပြန်မလွှတ်ပေးတော့ဘူး။ အခုက မန္တလေးမှာ အတော်လေးဆိုးနေတာ”လို့ မန္တလေးမြို့ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ပေါ်တာဆွဲဖမ်းဆီးလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်း အကြပ် လက်မှတ်ထိုးခိုင်းပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်နေတာဖြစ်တယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။

ဒီဇင်ဘာလ ၆ ရက် မနေ့က မနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ် ၈၃ လမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားက ရပ်ကွက်တွေထဲကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဧည့်စာရင်းအကြောင်း ပြကာ လူငယ် သုံးဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ပေါ် မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ MDY Revolution က ဆိုပါတယ်။

“ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ အိမ်ထဲကိုဝင်ပြီး လူငယ်ကို ဖမ်းသွားတယ်။ လိုက်ပြီးစုံစမ်းကြည့်တော့ စစ်မှုထမ်းဖို့ (စစ်အုပ်စုတွေက)လက်မှတ်ထိုးခိုင်းပြီး သင်တန်းကျောင်းကို ပို့လိုက်ပြီတဲ့။ ငွေပေးနိုင်တိုင်း မရတော့ဘူး အခုက။ လူငယ်တွေလည်း ညတိုင်ဆိုရင် ဧည့်စာရင်းစစ်မယ်လို့ကြားရင် ကြိုပြီးတော့ ရှောင်နေကြပြီ”လို့ သူက ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက နေ့ခင်းတွေမှာပါ ဧည့်စာရင်းအကြောင်းပြပြီး နေ့စဉ်လိုလို ပေါ်တာဆွဲဖမ်းဆီး သောင်းကျန်းနေတာကြောင့် ငွေကြေးတတ်နိုင်တဲ့ လူငယ်အများစုက KTV ၊ ကလပ်၊ ဘားတွေမှာ အချိန်သွားဖြုန်းကြပေမဲ့ ငွေကြေးအဆင်မပြေတဲ့ လူငယ်တွေကတော့ နေရာပြောင်းရွှေ့ အိပ်တာနဲ့ ရှောင်တိမ်းတာတွေ လုပ်ဆောင်နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းပို့တဲ့ လူငယ်တွေကို ရက်တိုသင်တန်းပြီးစီးသွားပါက ရှေ့တန်းကို တန်းပို့နေတာဖြစ်ပြီး မန္တလေးမြို့အနီးက တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ်ထဲကို စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို အများဆုံး ပို့ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(မန္တလေး နန်းတွင်း)၊ ပုသိမ်ကြီးမြို့နယ်ထဲက ခြေမြန်တပ်ရင်း (ခမရ - ၁၁၉)၊ (ခမရ - ၁၁၆) နဲ့ ခြေလျင်တပ်ရင်း (ခလရ - ၄) တပ်တွေအပြင် ရမည်းသင်းမြို့ရှိ အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ် စတဲ့ စစ်အုပ်စု သင်တန်းကျောင်းတွေကို ပို့ဆောင်ပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နိုင်ငံတဝန်းမှာရှိတဲ့ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ)တွေနဲ့ စစ်သင်တန်းကျောင်းတွေမှာ ပေါ်တာဆွဲ လူသစ်စုဆောင်းထားတဲ့ လူငယ်တွေကို အမှတ်စဉ် (၇) စစ်သင်တန်းတွေ စတင်ပေးနေတာ ဖြစ်ပါတယ်။

မန္တလေးမှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ရမည်းသင်းမြို့ရှိ အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိလာစဉ်/ ဓာတ်ပုံ-CJ

#Mandalay_Free_Press_MFP

Mandalay Free Press - MFP

06 Dec, 15:28


https://youtu.be/SA65pBzkfcI

Mandalay Free Press - MFP

06 Dec, 15:28


မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) အမ်းမြို့က ထွက်ပြေးလာတဲ့ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ၁၂ ဦး ဖမ်းဆီးရမိ၊

(၂) မြင်းခြံမှာ လေကြောင်းဗုံးကြဲခံရလို့ သေဆုံးသူတွေအတွက် စစ်အုပ်စုကို လက်တုံ့ပြန် မိုင်းဆွဲ တိုက်ခိုက်၊

(၃) ငါန်းဇွန်နယ် သားကျင်ရွာကို စစ်အုပ်စု ဗုံးအလုံး ၃၀ ကြဲချလို့ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး၊

(၄) မြန်မာ့အရေးဖြေရှင်းရာမှာ မျှမျှတတ ဆက်ဆံဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်း၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay Free Press - MFP

06 Dec, 09:27


လေကြောင်းတိုက်ခိုက်တာကြောင့် ကျဆုံးသွားတဲ့တော်လှန်ရေးရဲဘော်နှစ်ဦးနဲ့ အထိခိုက်အပျက်စီးတွေ

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

06 Dec, 09:25


ငါန်းဇွန်နယ် သားကျင်ကျေးရွာကို စစ်အုပ်စု ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်လို့ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး၊
နေအိမ် ခြောက်လုံး မီးလောင်ပြီး ၁၅ လုံး ထိခိုက်ပျက်စီးသွား၊
ငါန်းဇွန်နယ်မှာ စစ်အုပ်စု လေကြောင်း ဗုံးကြဲမှုကြောင့် လေးလအတွင်း တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ဒေသခံ ၂၀ ဦး ထိသေဆုံးခဲ့၊
MN/MFP ၊ ဒီဇင်ဘာ - ၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို စစ်အုပ်စု လေကြောင်း ကနေ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ဒေသခံ နှစ်ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ငါန်းဇွန်နယ် အနောက်ခြမ်းရှိ သားကျင်ကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းကို စစ်အုပ်စုက Y-12 အမျိုးအစား ဘက်စုံသုံးလေယာဉ်နဲ့ ဒီဇင်ဘာလ ၅ ရက် မနေ့က ညပိုင်းမှာ ဗုံးအလုံးရေ ၂၅ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲတဲ့ အကြိမ်ရေက ငါးကြိမ်ကြဲတယ်။ ဗုံးအလုံးရေကတော့ ၂၅ လုံးကျော်လောက်တော့ ရှိမယ်ဗျ။ ထိခိုက်သေဆုံးတာကတော့ ရဲဘော် နှစ်ဦး ကျသွားပါတယ်။ ဒေသခံကတော့ နှစ်ဦးပေါ့။ ထိခိုက် ဒဏ်ရာရသွားပါ တယ်။ ရွာထဲက နေအိမ် ခြောက်လုံး မီးလောင်သွားပြီးတော့ ၁၅ လုံးကတော့ ထိခိုက်ပျက်စီးသွားပါတယ်ဗျ။ မနေ့ ညတုန်းက ကျနော်တို့ကိုယ်တိုင် မီးလောင်တဲ့ နေအိမ်တွေကို ဝိုင်းပြီးတော့ မီးငြှိမ်းပေးခဲ့သေးတယ်”လို့ ငါန်းဇွန် နယ် ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
သားကျင်ရွာကို စစ်အုပ်စုကေ လေကြောင်းအသုံးပြု ဗုံးကြဲပစ်ခတ်မှုအတွင်း PDF ရဲဘော် နှစ်ဦးကျဆုံးပြီး ဒေသ ခံနှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို လယ်ယာသုံးနွားတွေလည်း ထိခိုက်ဒဏ်ရာရ သေ ဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ကာကွယ်ရေး ရဲဘော်နှစ်ဦးဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော် အရွယ် တွေဖြစ်ပြီး နာရေးအခမ်းအနား လုပ်ဆောင်ပြီးသွားပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ငါန်းဇွန်နယ် အနောက်ခြမ်းက သားကျင်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာက အခု တစ်ကြိမ်တည်းမဟုတ်ဘဲ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက် ညပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲချပြီး စက် သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ သလို နေအိမ် သုံးလုံးလည်း ပျက်စီးခဲ့ပါသေးတယ်။
ငါန်းဇွန်နယ် အနောက်ခြမ်းကို စစ်အုပ်စုက တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲပစ်ခတ်မှုတွေ မကြာခဏ လုပ် ဆောင်နေတာကြောင့် ဒေသခံ ပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေတာဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်ကလည်း မြေတိုင်းရွာ (ခ) ဆင်ဖြူကုန်းကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက် ခဲ့တာ ကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးထိ ခိုက် ဒဏ်ရာရခဲ့တယ်လို့ မြေတိုင်းရွာ ဒေသခံတွေက ဆိုပါတယ်။
ငါန်းဇွန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး MFP က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ဩဂုတ်လကနေ အခု ဒီဇင်ဘာလ ၅ ရက်ထိ တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ဒေသခံ အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

05 Dec, 15:26


https://youtu.be/XtZixOMcvJI

Mandalay Free Press - MFP

30 Nov, 15:17


https://youtu.be/nybll9hg_TA

Mandalay Free Press - MFP

30 Nov, 15:16


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၃၀

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) မုံရွာမှာ တော်လှန်ရေးရဲဘော်တဦး တကိုယ်တော် သေနတ်ကိုင်ပြီး စစ်အုပ်စု တပ်ကြပ်ကြီးတဦးကို ပစ်ခတ် ရှင်းလင်း၊

(၂) ကောလင်းနယ်အနောက်ခြမ်းက အရပ်သားဧရိယာတွေကို စစ်အုပ်စု ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေ ၊

(၃) မြိုင်မှာ ရိက္ခာရှာထွက်လာတဲ့ ပျူစောထီးတွေနဲ့ တိုက်ပွဲဖြစ်ပြီး ပျူ သုံးယောက်သေ၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

28 Nov, 14:01


https://youtu.be/w6WV8gobM2U

Mandalay Free Press - MFP

28 Nov, 14:01


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၂၈

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက လူဖမ်းပွဲလုပ်ပြီး မိုင်းရှာခိုင်း၊
အမျိုးသမီးတွေကို ထင်းခွဲ ၊ ရေခပ် ၊ ထမင်းချက်ခိုင်းပြီး အမျိုးသားတွေကို ခံတုတ်ကျင်း တူးခိုင်းနေဟုဆို၊

(၂) စစ်အုပ်စု ပြန်ထိန်းချုပ်သွားတဲ့ ပုလဲမြို့မှာ သောင်းချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အိမ်မပြန်နိုင်သေး၊

(၃) ငါန်းဇွန်နယ်က စစ်ရှောင်တွေ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်လို့ နှစ်လအတွင်း ကလေးငယ်တစ်ဦး အပါ အဝင် ခြောက်ဦးသေဆုံး၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

27 Nov, 15:21


https://youtu.be/TH6xOeZBWPE

Mandalay Free Press - MFP

27 Nov, 15:21


MFP ရဲ့ တနေ့တာ အညာမြေသတင်း၊

MFP ၊ နိုဝင်ဘာ - ၂၇

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) ဖလမ်းမှာ စစ်အုပ်စုဗုံးကြဲလို့ ဆေးတပ်ဆရာမတစ်ဦးနဲ့ ချင်းညီနောင်တပ်ဖွဲ့ ရဲဘော်ငါးဦးကျဆုံး၊

(၂) ကလေးမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး လေးဦးသေဆုံး၊

(၃) မြိုင်နယ် မြောက်ပိုင်းက စစ်ဘေးရှောင် ၅၀၀ ခန့် စားသောက်နေထိုင်ရေး အခက်ကြုံနေရ၊

(၄) ဝါသဝ ပျူတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရေဦးနဲ့ တန့်ဆည်နယ်က ဒေသခံတွေ ပြန်လည် ထူထောင်ရေး အကူအညီ လိုအပ်နေ၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

26 Nov, 14:58


https://youtu.be/1VCyF_VJrRE

Mandalay Free Press - MFP

26 Nov, 14:57


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၂၆

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) ကလေးမှာ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးသေဆုံး၊

(၂) ရွှေဘိုပေါ်ဆန်းစပါးရိတ်သိမ်းချိန် စစ်အုပ်စုနဲ့ပျူတွေ နှောင့်ယှက်မှာကို တောင်သူတွေ စိုးရိမ်နေကြ၊

(၃) ရာသီဥတု ဖောက်ပြန်မှုကြောင့် အခုနှစ် မြေပဲအထွက်နှုန်းလျော့ကျ၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

25 Nov, 15:09


https://youtu.be/b6lZiDPliKo

Mandalay Free Press - MFP

25 Nov, 15:08


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၂၅

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမယ်လို့ TNLA ထုတ်ပြန်၊

(၂) မန္တလေးမှာ အမျိုးသမီးတစ်ဦးကို PDF သင်တန်းဆင်း၊ ထောက်ပို့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ဖမ်းဆီး၊

(၃) ကျွန်းလှနယ် မြောက်ခြမ်းကို စစ်အုပ်စု နေ့စဉ် စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းချီ ထွက်ပြေးနေရ၊

(၄) အမရပူရမှာ အလယ်တန်းပြဆရာမတစ်ဦး ဓားထိုးသတ်ခံရကာ ဆိုင်ကယ် လုယက်ခံရ၊

(၅) ကလေးမြို့က နိုင်/ကျဉ်းတစ်ဦးရဲ့ဖခင်၊ စစ်ရှောင်ပြည်သူတစ်ဦး ကင်ဆာရောဂါ ဆေးကုသခွင့် မရလို့ ဆုံးပါး၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Nov, 12:29


ကလေးမြို့က နိုင်/ကျဉ်းတစ်ဦးရဲ့ဖခင်၊ စစ်ရှောင်ပြည်သူတစ်ဦး ကင်ဆာရောဂါ ဆေးကုသခွင့် မရလို့ ဆုံးပါး၊

ကိုသူ/MFP၊ နိုဝင်ဘာ - ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အုပ်စုက ဖမ်းဆီးနှိက်စက်၊ သတ်ဖြတ်ဖို့ ကြိုးစားနေလို့ ထွက်ပြေးနေရတဲ့ စစ်ရှောင် ပြည်သူ အမျိုးသားတစ်ဦး ကင်ဆာရောဂါ ဖြစ်ပွားပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရလို့ နိုဝင်ဘာလ ၂၃ရက် မနေ့က အသက် ဆုံးပါးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားပြီး ဆေးဝါးကုသခွင့် မရလို့ ဆုံးပါးသွားသူဟာ ကလေးမြို့နေ အသက် ၆၄ နှစ်အရွယ် ဦးခုပ်ခင်းခန် Pa Khup Khen Kham ဖြစ်ပြီး သမီးဖြစ်သူက ကလေးမြို့ ပင်မသပိတ်ကော်မတီဝင် တစ်ဦးဖြစ်ကာ စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးခုပ်ခင်းခန် နေအိမ်ကို ၂၀၂၃ ခုနှစ် ‌ မတ်လမှာ စစ်အုပ်စုက ဘူဒိုဇာ မြေတူးစက်နဲ့ ထိုးကော်ဖျက်ဆီးသလို လူကိုပါ ဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားနေတာကြောင့် မိသားစုလိုက် တောတောင်အတွင်း ထွက်ပြေးတိမ်ရှောင်နေရသူ ဖြစ်ပြီ ကင်ဆာရောဂါ ဖြစ်ပွားချိန် လုံလောက်တဲ့ ဆေးဝါး ကုသခွင့်မရလို့ အသက် ဆုံးပါးရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"သူက ကင်ဆာ ဖြစ်တာက လချီနေပြီ။ သူတို့ အိမ်က စစ်တပ်က ဝင်စီးပြီး ဘးဒိုဇာနဲ့ ထိုးထားတယ်။ ဘာမှ မကျန်ဘူး သူ့အိမ်က။ ဆေးကုရင်က ဖမ်းခံ ရမှာကြောက်လို့ မကုရဲဘူး "

စစ်အုပ်စုက ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှာကြောင့် ဆေးဝါး ကုသခွင့် မရဘဲ အသက်သေဆုံးရတာလို့ နိုဝင်ဘာလ ၂၄ရက် ဒီကနေ့ ပြုလုပ်တဲ့ ဦးခုပ်ခင်းခန်ရဲ့ နာရေးကို လိုက်ပါ ပို့ဆောင်ပေးခဲ့သူ တစ်ဦးက ပြောပါတယ်။

ဦးခုပ်ခင်းခန်ဟာ ဇနီးနဲ့ သားသမီး နှစ်ဦး ရှိပြီး သမီးဖြစ်သူဟာ ကလေးမြို့ ပင်မသပိတ် အဖွဲ့ဝင် ဖြစ်ကာ လက်ရှိမှာ ကလေးမြို့ အကျဉ်း‌ထောင်အတွင်း စစ်အုပ်စုရဲ့ ထောင်ဒဏ်နှစ်ရှည် ချခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူ့သမီးက ထောင်ချ ခံထားရတယ်။ အဲ့ဒီတုန်းက သူတို့လည်း ဖမ်းခံရတယ် သူအဖေနဲ့ သူ့အမေက။ ပြီးမှ ပြန်လွတ်လာတာ။ သူ အိမ်ကလည်း ဘူဒိုဇာနဲ့ ထိုးခံထားရလို့ ပြန်နေစရာ မရှိဘူး။ ဆေးဝါး ကုဖို့က စရိတ်လည်း မတတ်နိုင်ဘူး ။သူအားကိုးရတဲ့ သမီးကလည်း ထောင်ထဲ ရောက်နေတာ ဆိုတော့ ဆွေမျိုးတွေ ဆီမှာပဲ အသက် ဆုံးသွားတာ"

ကလေးမြို့နယ်မှာ လုံလောက်တဲ့ ဆေးဝါူကုသခွင့်မရလို့ အသက်သေဆုံးရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက် တိုးပွားလာနေပြီး ယခု နိုဝင်ဘာလအတွင်း တီးတိန်မြို့နယ်ကနေ ကလေးမြို့နယ်ထဲ စစ်ဘေး ရှောင်တိမ်း ထွက်ပြေးလာသူ အသက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးလည်း လုံလောက်တဲ့ ဆေးဝါး ကုသခွင့် မရလို့ အသက် သေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်အုပ်စုက ကလေးမြို့ အဝင်အထွက် လမ်းတွေဖြစ်တဲ့ ကလေး -တီးတိန်လမ်း၊ ကလေး-ဂန်ဂေါ လမ်း၊ ကလေး- ကလေးဝလမ်း တွေကို ပိတ်ဆို့ထားကာ စစ်အုပ်စုကို ထောက်ခံသူနဲ့ ငွေပေးနိုင်သူတွေကိုမှ ဝင်ထွက် သွားလာခွင့်ပြုတာ၊ ခရီးသွားတွေကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲတာ၊ လူငယ် လူရွယ်တွေကို ပြန်ပေးဆွဲ၊ ပေါ်တာဆွဲပြီး စစ်သားသစ် စုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Nov, 06:00


https://youtu.be/toXfIMfDLzg

Mandalay Free Press - MFP

24 Nov, 06:00


စီပါရွာ ခြံစည်းရိုးက ဦးခေါင်းပြတ်တွေအကြောင်း

MFP ရုပ်သံဆောင်းပါး၊ နိုဝင်ဘာ - ၂၄

ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ဘုတလင်မြို့နယ် စီပါရွာကို စစ်အုပ်စုက စီးနင်းပြီး ဒေသခံတွေကို ခေါင်းဖြတ်၊ ခြေလက်ဖြတ်၊ ဗိုက်ဖောက်၊ အူထုတ် သတ်ဖြတ်ကာ ခြံစည်ရိုးမှာ ချိတ်ဆွဲ စွန့်ပစ်ထားခဲ့ပါတယ်။

စီပါရွာကို စီးနင်းတဲ့ စစ်အုပ်စုက ဒေသခံ ခြောက်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။ သုံးဦးရဲ့အလောင်းကို ခေါင်းဖြတ်၊ ခြေလက်ဖြတ်၊ ဗိုက်ဖောက်၊ အူထုတ်ကာ ရွာလယ်ပိုင်းက နေအိမ်တစ်အိမ်ရဲ့ ခြံစည်ရိုးမှာ ချိတ်ဆွဲ စွန့်ပစ် ထားခဲ့ပြီး နှစ်ဦးကို ရွာဦးပိုင်းနဲ့ နောက်ဆုံးတစ်ဦးကို ရွာအနောက်ဘက်က ယာခင်းထဲ သတ်ဖြတ် စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဖြတ်၊ ခြေလက်ဖြတ်၊ ဗိုက်ဖောက်၊ အူထုတ်ကာ သတ်ဖြတ်ခံရပြီး ခြံစည်ရိုးမှာ ချိတ်ဆွဲခံရသူတွေဟာ အသက် ၄၂နှစ်အရွယ် ကိုထက်အောင်၊ အသက် ၆၅နှစ်အရွယ် ဦးကြောင်ပိုနဲ့ အသက် ၇၈ နှစ် အရွယ် ဦးတင်လှိုင် တို့ ဖြစ်ကြပါတယ်။

အသက် ၇၈ နှစ်အရွယ် ဦးတင်လှိုင်ဟာ ဘုန်းကြီးကျောင်းထဲမှာ ထွက်ပြေး တိမ်းရှောင်နေရင်း စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခံရတာပါ။ ဖခင်ဖြစ်သူဟာ သူ့ဘဝတလျှောက်လုံး ဘယ်သူ့အပေါ်မှာမှ ရက်စက်၊ ယုတ်မာတာ မရှိခဲ့ဘဲ ကောင်းကောင်းမွန်မွန် နေထိုင်ရှင်သန်ခဲ့ပြီး အခုလို ရက်ရက်စက်စက် အသတ်ခံရလို့ ယူကြုံးမရ ဖြစ်မိတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

စီပါကျေးရွာဟာ အိမ်ထောင်စု ၇၉၀ ကျော်၊ လူဦးရေ ၃၆၀၀ ကျော် နေထိုင်တဲ့ ရွာကြီးပါ။ မုံရွာခရိုင် ဘုတလင် မြို့ ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ နဲ့ ၂၈ မိုင်သာ ကွာဝေး ပါတယ်။

စက်တင်ဘာလကုန်ပိုင်းက ဘုတလင်မြို့ရဲ့ မြောက်ဘက်၊ စီပါရွာ အနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာ အသေများခဲ့ပါတယ်။ အင်အား ၈၀ လောက် ပါရှိတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက စစ်ကြောင်းအလိုက် ပြုတ်သည်အထိ ချေမှုန်း သုတ်သင်နိုင်ခဲ့တာပါ။

မြေပြင်တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက သူတို့ရဲ့ ထုံးစံအတိုင်း တိုက်ပွဲဖြစ်ရာ နေရာအနီးက ကျေးရွာတွေကို စီးနင်းပြီး လူသတ်၊ ရွာမီးရှို့၊ အကြမ်းဖက်တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ရက်မှာ နမခထဲက ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်အုပ်စုဟာ နိုဝင်ဘာလ ၁၃ရက်အထိ တစ်လကျော်ကြာ ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး စီပါရွာက ပြည်သူ ခြောက်ဦး အပါအဝင် ဘုတလင်နယ် ဒေသခံ ၂၄ ဦးအထိ သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် စီပါရွာက အိမ်ခြေ ၃၀၀ ခန့်အပါအဝင် ဘုတလင်နယ် ကျေးရွာတွေက အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းတလျှောက် ခေါ်ဆောင်ပြီး စစ်ဝတ်စုံဝတ်ခိုင်းတာ၊ လက်နက် ခဲယမ်းနဲ့ ခိုးရာပါ စ္စည်းတွေ သယ်ယူခိုင်းခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

စီပါရွာ အပါအဝင် ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုဟာ နမခ လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၈၉၊ စစ်ကိုင်းမြို့ တပ်မ ၃၃ နဲ့ နမခ ထဲက စစ်သားနဲ့ ပျူစောထီးတွေ ပူးပေါင်း ပါဝင်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ - NUG လူ့အခွင့်အရေး ဝန်ကြီး ဌာန က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက စီပါကျေးရွာကို စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာ တစ်လကျော်ခဲ့ပါပြီ။ ဒါပေမယ့် ရွာခံပြည်သူ အများစုကတော့ ကျေးရွာထဲ ပြန်မနေရဲကြသေးသလို နေစရာအိမ်လည်း မရှိကြတော့ပါဘူး။

စစ်အုပ်စုက စိတ္တဇ ဆန်ဆန် ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့တဲ့ စီပါရွာအကြောင်း MFP က တင်ဆက်ထားပါတယ်။

ရိုက်ကူး - TT၊ တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Nov, 05:13


မန္တလေး အမရပူရမှာ အလယ်တန်းပြဆရာမတစ်ဦး ဓားထိုးသတ်ခံရကာ ဆိုင်ကယ် လုယက်ခံရ၊
ပြည်သူက ဝိုင်းဖမ်းလို့ သတ်ဖြတ်လုယက်သူ တစ်ဦးကို ဖမ်းမိ၊

တေဇ/MFP ၊ နိုဝင်ဘာ - ၂၄

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ္တန်း စစ်အုပ်စု ငွေညှစ်ဂိတ်အနီးမှာ နိုဝင်ဘာလ ၂၃ရက် မနေ့က မနက် ၁၁နာရီကျော်အချိန် စစ်အုပ်စု လက်အောက်ခံ Non-CDM အလယ်တန်းပြ ဆရာမတစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် ဓားထိုးအသတ်ခံရကာ ဆိုင်ကယ်လုက်ခံရတယ်လို့ သတင်းရရှိပါတယ်။

ဆိုင်ကယ်စီး သွားလာနေတဲ့ ကျောင်းဆရာမကို ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ဦးက နောက်က လိုက်လာပြီး ဓားနဲ့ထိုးကာ ဆိုင်ကယ်လုယက်တာ ဖြစ်ကြောင်း၊ ဓားထိုးခံရတဲ့ ကျောင်းဆရာမမှာ နေရာတင် ပွဲချင်းပြီး သေဆုံး တယ်လို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

အမျိုးသား သုံးဦးက ကျောင်းဆရာမကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်လုယက် ထွက်ပြေးတာ ဖြစ်ပြီး အရပ်သားပြည်သူ ကားဆရာတစ်ဦးက နောက်ကနေ ကားနဲ့လိုက်တိုက်ကာ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလို့ လုယက်သတ်ဖြတ်သူ တစ်ဦးကိုတော့ ဖမ်းမိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“(လုယက်သူ) သုံးယောက်ကို တစ်ယောက်မိတယ်။ အနီးနားက ကားသမားက လုယက်သွားတဲ့ ဆိုင်ကယ်ရော၊ သူတို့ (လုယက်သူတွေ)မှာ ပါလာတဲ့ ဆိုင်ကယ်ရော၊ ကားနဲ့ ဖြတ်တိုက်ပစ်တာ နှစ်စီးလုံးကို။ နှစ်ယောက်က ထွက်ပြေးသွား၊ တစ်ယောက်မိ” လို့ ဒေသခံက ဆိုပါတယ်။

ဓားထိုးလုယက် သတ်ဖြတ်ခံရသူဟာ အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ၊ အ.ထ.က(ခွဲ)က စစ်အုပ်စု လက်အောက်ခံ Non-CDM အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင် ဖြစ်ပြီး အမည်မသိ အမျိုးသား နှစ်ဦးက ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်လို့ ကျောင်းဆရာမ သေဆုံးကြောင်း၊ လုယက်မှု ကျူးလွန်သူတွေကို စစ်အုပ်စုက လိုက်လံရှာဖွေ ဖမ်းဆီးရာ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ တစ်ယောက် ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဖမ်းမိထားသူဟာ တံတားဦးမြို့နယ်၊ သင်ပန်းရွာနေ တက်တူးဆရာ ခန့်ဇင်လင်း၊ ၂၀ နှစ် ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်ကြီး (နာမည်အရင်းမသိ) ဆိုသူကို ဖမ်းမိနိုင်ဖို့ စစ်အုပ်စုက ဆက်လက် ကြိုးစားနေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

နိုဝင်ဘာလ ၁၇ရက် မွန်းလွဲပိုင်းကလည်း အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာ၊ ထုံးဘို - မြစ်ငယ် စစ်အုပ်စု ငွေညှစ်ဂိတ် အနီး ဖွင့်လှစ်ထားတဲ့ ဒန်ကို စက်သုံးဆီဆိုင်ကို တကိုယ်တော် သေနတ်သမားက သေနတ်ငါးချက် ပစ်ဖောက်ကာ ဓားပြတိုက် လုယက်ခဲ့ပါသေးတယ်။ စစ်အုပ်စု ရဲတွေ အသုံးပြုလေ့ရှိတဲ့ သေနတ်ကို ကိုင်ဆောင်ပြီး စက်သုံးဆီဆိုင်ကို တကိုယ်တည်း ဝင်ရောက်ကာ သေနတ်ဖောက် လုယက်တာပါ။ အဲ့ဒီ ဓားပြတိုက်သူကို စစ်အုပ်စု ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးတာ အားနည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာ ဖြစ်ပွားနေတဲ့ ဓားပြမှု၊ လုယက်မှုနဲ့ လူသတ်မှုတွေထဲ ပျူစောထီးအဖွဲ့ဝင် မဟုတ်သူတွေ ကျူးလွန်တဲ့ အမှုတွေကို စစ်အုပ်စုက ဖမ်းဆီးနေပေမယ့် ပျူစောထီးတွေကိုတော့ စစ်အုပ်စုက အကာအကွယ် ပေးထားလို့ ရဲတွေက မဖမ်းရဲတာ ဖြစ်မယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မန္တလေး မြို့သစ်မှာ ဓားပြတိုက်တဲ့ ပျူစောထီးတွေကို စစ်အုပ်စု ရဲတွေက ဖမ်းဆီးခဲ့ရာ အချင်းချင်း ဆက်လက် ဖမ်းဆီးနေပါက မြေပြင်တိုက်ပွဲတွေမှာ မလိုက်ပါတော့ဘူးလို့ ပျူစောထီးတွေက မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ က အရာရှိအဆင့်တွေဆီ တိုင်ကြား ခဲ့ပါတယ်။

မန္တလေးမြို့၊ အမရပုရမြို့နယ်၊ အိုးထုတ္တန်း စစ်အုပ်စု ငွေညှစ်ဂိတ်အနီး ဆိုင်ကယ်လုယက်၊ ဓားထိုးသတ်ခံရတဲ့ Non-CDM ကျောင်းဆရာမ နဲ့ ကျူးလွန်သူ တစ်ဦးကို ဖမ်းမိစဉ်/Photo - စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

16 Nov, 14:17


နောင်ချို တောင်းခမ်းတိုက်ပွဲမှာ တပ်ရင်းမှူး အပါ စစ်အုပ်စု အများအပြား သေပြီး လေးယောက် ဖမ်းမိ၊
လက်နက်တွေလည်း သိမ်းဆည်း ရရှိလို့ TNLA ထုတ်ပြန်၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ - ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းရွာမှာ စစ်အုပ်စုနဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် - TNLA တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး တပ်ရင်းမှူး ဗိုလ်ကြီး/ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု အများအပြား သေကာ လေးယောက် ဖမ်းမိတယ်လို့ TNLA က သတင်း ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း - ၂၊ ၁၄၅ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၆ရက်မှာ နောင်ချိုမြို့ရှိ တောင်းခမ်း အမြောက်တပ်စခန်းတွေ ဖြစ်တဲ့ အမတ - ၃၅၄ နဲ့ အမတ - ၉၀၂ တပ်စခန်းမှာ TNLA နဲ့ စစ်အုပ်စု တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အလောင်း၊ လက်နက်နဲ့ သုံ့ပန်းတွေ ရရှိတာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့် ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ် အသုံးအဆောင် ပစ္စည်းများလည်း သိမ်းဆည်း ရမိခဲ့သည်။ ထို့အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဉီး လည်း အရှင် ဖမ်းဆီးနိုင်ခဲ့ပါသည်” လို့ TNLA က ဖော်ပြပါတယ်။

တပ်မ (၁၁) ခေါ် အမှတ် -၁၁ ခြေမြန်တပ်မဌာနချုပ်နဲ့ ခြေမြန်တပ်ရင်း - ခမရ - ၂၁၃ ဟာ ရန်ကုန်နဲ့ ပဲခူးကြား၊ ရန်ကုန်တိုင်း အင်းတိုင်မှာ အခြေပြုပြီး သေဆုံးတဲ့ တပ်ရင်းမှူးဟာ ဗိုလ်ကြီး/ဗိုလ်မှူးအဆင့် မောင်သန်း ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်းခမ်းက လက်ကျန်စစ်စခန်းတွေ မကျအောင် ထိန်းထားနိုင်တဲ့ စစ်အုပ်စုက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနယ်ကို ပြန်လည် ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ယခုရက်ပိုင်း တောင်းခမ်းကနေ တစ်ဖွဲ့၊ မေမြို့ ဝက်ဝံ-ဘန့်ဘွေးရွာဘက်ကနေ တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲကာ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ယခု TNLA ရဲ့ ထုတ်ပြန်ချက်အရ တောင်းခမ်းဘက်က ထိုးစစ်ဆင် ရှေ့တိုးလာတဲ့ စစ်အုပ်စုကို TNLA က ချေမှုန်း သုတ်သင်လိုက်တာ ဖြစ်နိုင်ပြီး နောင်ချို - မေမြို့လမ်း ဝက်ဝံ-ဘန့်ဘွေးဘက်က ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုလည်း ရှေ့မတိုးနိုင်ဘဲ ဂန့်ကော်ရွာအနီးမှာပဲ တန့်နေကာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

နောင်ချိုနယ်ထဲ ပြန်လည် ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စု စစ်ကြောင်းနှစ်ခုဟာ အောင်မြင်မှု ရနေပြီး မကြာခင် စစ်ကြောင်းနှစ်ခု ပေါင်းစည်းမိတော့မယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်နေဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုက ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုနယ်ထဲ စစ်အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာလို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာလို့ TNLA က ဆိုပါတယ်။

“နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်တပ်စခန်း ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ တစ်ဆင့် စစ်အင်အား ဖြည့်တင်းနေပြီး လေကြောင်းမှ တစ်ဆင့်လည်း စစ်လက်နက် ခဲယမ်းများ ဖြည့်တင်းနေပါသည်” လို့ TNLA က ဖော်ပြပါတယ်။

တောင်းခမ်းရွာဟာ နောင်ချိုနယ်ထဲ နောက်ဆုံး လက်ကျန် စစ်စခန်း ဖြစ်ပြီး မေမြို့ရဲ့ အရှေ့ဘက်၊ နောင်ချိုနဲ့ ရပ်စောက်မြို့နယ် အစပ်မှာ တည်ရှိတဲ့ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာတဲ့ ဒေသ ဖြစ်ပါတယ်။

တောင်းခမ်းရွာမှာ ဩဂုတ်လ ၂၀ ရက်က စလို့ စစ်အုပ်စုနဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး တောင်းခမ်းမှာ အမှတ် - ၉၀၂ အမြောက်တပ်ဌာနချုပ် အပါအဝင် အမြောက်တပ်ရင်း လေးခုရှိတဲ့အနက် အမတ-၄၀၆ နဲ့ အမတ-၂၀၆ တို့ကို TNLA က ဩဂုတ်လ ၂၈ရက် ကတည်းက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

နောင်ချိုနယ် တောင်းခမ်းတိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – TNLA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

16 Nov, 12:57


https://youtu.be/cpe5ClQYR-E

Mandalay Free Press - MFP

16 Nov, 12:56


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၁၆

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) မန္တလေးမှာ တန်ဆောင်တိုင်ည သန်းခေါင်ကျော်အချိန် ကားအရှိန်လွန် တိုက်မိလို့ ခုနှစ်ဦး ဒဏ်ရာရ၊

(၂) ဘုတလင်မှာ လူ၂၀ကျော် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စု ပုလဲနယ်ထဲ စတင် စစ်ကြောင်းထိုး၊

(၃) မြင်းခြံမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ရွာတွေကို ဗုံးကြဲ၊ ဒေသခံလေးဦးကို သတ်ဖြတ်၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

16 Nov, 09:37


မန္တလေးမြို့ တည်းခိုခန်းမှာ အမျိုးသမီးတစ်ဦး အသတ်ခံရမှု တရားခံပေါ်ဖို့ နီးစပ်သူတွေ ဆုတောင်း၊
အာဏာသိမ်း စစ်အုပ်စုက ငွေမရနိုင်တဲ့ အမှူတွေကို ကိုင်တွယ်ဖြေရှင်းတာ မရှိတော့၊

တေဇ/MFP ၊ နိုဝင်ဘာ - ၁၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ လမ်း၇၀နဲ့ ၇၁လမ်းကြားက တည်းခိုခန်းတစ်ခုမှာ နိုဝင်ဘာလ ၁၁ရက်က အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရကာ ဖုန်းနဲ့ ပါသမျှပစ္စည်း လုယက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က တရားခံဖော်ထုတ် အရေးယူပေးဖို့ ဆုတောင်းတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ရက် ညနေ ၄နာရီဝန်းကျင်က အဲ့ဒီ တည်းခိုခန်းကို သေဆုံးသူ အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးတို့ ရောက်ရှိလာပြီး အချိန်ပိုင်း တည်းခိုခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၆နာရီဝန်းကျင်မှာ အမျိုးသား တစ်ဦးတည်း အခန်းထဲက ထွက်လာပြီး တစ်ညလုံး တည်းခိုမယ်လို့ ပြောဆိုကာ အပြင်ပြန်ထွက်သွားပြီးနောက် ပြန်ရောက်မလာလို့ တည်းခိုခန်း ဝန်ထမ်းတွေက ည ၇နာရီကျော်အချိန် အခန်းကို စစ်ဆေးကြည့်ရှု့ရာ အမျိုးသမီးဟာ အဝတ်ဗလာ၊ ဒဏ်ရာတွေနဲ့ အခန်းတွင်း သေဆုံးနေတာ တွေ့ရတယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းတွေကို ကိုးကားပြီး စစ်လော်ဘီတွေက ဖော်ပြပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အပေါ်ပိုင်း အဝတ်ဗလာ ဖြစ်နေပြီး ထိုးကြိတ်ကန်ကြောက် ဒဏ်ရာတွေအပြင် ပါးချိတ်အောက် ထိုးသွင်းဒဏ်ရာ၊ မေးရိုး ပြုတ်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၄ ရပ်ကွက်နေ အသက် ၂၇နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး အသတ်ခံရချိန်မှာ ဖုန်းနဲ့ ပါလာသမျှ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲ့ဒီ အမျိုးသမီးရဲ့ အလောင်းကို မဏီစလ လူမူ၊နာမှု ကူညီရေးအသင်း - မန္တလေးက ဆေးရုံကို ပို့ပေးခဲ့ပြီး သေဆုံးသူရဲ့ မိသားစုဝင်တချို့ လာရောက်ကာ နိုဝင်ဘာလ ၁၃ရက်က နာရေးပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စု ရဲတွေက အမှုမဖွင့်စေလိုဘဲ ရဲကရော တည်းခိုခန်းဘက်ကရော တာဝန်ယူ ဖြေရှင်းပေးလိုတဲ့ သဘော မတွေ့ရသလို သေဆုံးသူရဲ့ မိဘတွေကလည်း အမှုမဖွင့်ထားဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံကတဆင့် သိရကြောင်း သေဆုံးသူရဲ့ မိတ်ဆွေတစ်ဦးက MFP ကို ပြန်ပြောပါတယ်။

“တရားခံပေါ်ဖို့ တာဝန်ယူမူ မရှိလို့ အမှုမှန်ပေါ်အောင် တတ်နိုင်တဲ့သူတွေက လုပ်ပေးစေချင်တာ။ နောက်လူတွေ မဖြစ်အောင်ပေါ် ကူညီနိုင်သူတွေ ကူညီကြပါ” လို့ သေဆုံးသူရဲ့ မိတ်ဆွေ အမျိုးသမီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းထဲက စစ်အုပ်စု လက်အောက်ခံ ရဲတွေဟာ သူတို့အတွက် ငွေမရနိုင်တဲ့ အမှုတွေကို ကိုယ်တွယ်ဖြေရှင်းတာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲမှာ မိသားစုလိုက် လူယက်သတ်ဖြတ်ခံရမှု အပါအဝင် မတ္တရာ၊ အမရပူရ၊ ကျောက်ဆည် စတဲ့ နယ်တွေမှာ ဖြစ်ပွားတဲ့ ကျောင်းထိုင်ဘုန်းကြီးကို သတ်ပြီး လုယက်မှု လိုမျိုး အမှုတွေ တရားခံ မပေါ်သလို လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု ဖြစ်စဉ်အများစုကို စစ်အုပ်စုက ကိုင်တွယ် ဖြေရှင်းဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့လယ် တည်းခိုခန်းတစ်ခုမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရဲ့ နာရေးကို တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

16 Nov, 09:10


MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

16 Nov, 09:10


အင်းတော်မြို့သိမ်းတိုက်ပွဲ မပြီးသေးလို့ မိုးစပါးရိတ်သိမ်းဖို့ အခက်ကြုံနေ

သက်တန့်/ MFP ၊ နိုဝင်ဘာ- ၁၆

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင်း ဖြစ်ပွားနေတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် မြို့အနီးပတ်ချာလည်မှာ စိုက်ပျိုးထားကြတဲ့ မိုးစပါးတွေ ရိတ်သိမ်းလို့မရဘဲဖြစ်နေလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်က တကျော့ပြန် ဖြစ်ပွားနေတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲ ကြောင့် စပါးရိတ်သိမ်းချိန်‌ရောက်နေပေမယ့် မရိတ်သိမ်းရဲဘဲဖြစ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ တိုက်ပွဲအမြန်ပြီးဆုံးစေချင်‌နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

“အင်းတော်မြို့က လယ်ကွင်းပြင်တွေနဲ့ ဝိုင်းထားတာ၊ လယ်ကွင်းပြင်တွေနဲ့ ဝိုင်းထားတာဆိုတော့ စပါးတွေက မှည့်လာပြီ။ စပါးရိတ်ရမယ့် အချိန်ဖြစ်လာပြီ။ တချို့တောင်သူတွေ စပါးရိတ်နိုင်ဖို့ရာ တိုက်ပွဲမြန်မြန်ပြီးမှ။ အားလုံးကတော့ ပြီးစေချင်ကြတာပေါ့”လို့ အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရေဦးမြို့နဲ့ ခြောက်မိုင်ပတ်ချာလည် အနီးဝန်းကျင်က လယ်ကွင်းတွေဆိုရင် ရေဦးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် စပါးအပါအဝင် တခြားစိုက်ပျိုးသီးနှံတွေ စိုက်ပျိုးမရတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။

စစ်အုပ်စုအထိုင်စခန်းတွေနဲ့နီးစပ်တဲ့ လယ်ယာတွေမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးလို့မရတာ၊ စိုက်ပျိုးလို့ရခဲ့ရင်တောင် တိုက်ပွဲတွေဖြစ်လာတာကြောင့် ရိတ်သိမ်းလို့မရတာတွေ ကြုံနေရကြရတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။


MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

14 Nov, 12:58


https://youtu.be/ADpehBj9fZg

Mandalay Free Press - MFP

14 Nov, 12:58


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၁၄

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) ရွှေဘိုမှာ စစ်အုပ်စုက ဒေသခံ ၁၁ ဦးကို သတ်ဖြတ်၊ နေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီး၊

(၂) အင်းတော်မြို့တွင်း ဓားစာခံဖမ်းထားတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဆေးကုမပေး၊

(၃) ငါန်းဇွန်မှာ ဗုံးကြဲခံရလို့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ၊

(၄) မြောင်နယ် ချင်းတွင်းမြစ်ရိုး ရွာတွေကို စစ်အုပ်စု နှစ်ရက်ဆက် ဗုံးကြဲ

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

14 Nov, 10:09


ပုလဲမြို့သိမ်းတိုက်ပွဲ စစ်အုပ်စုက လေကြောင်းသုံး စစ်ကူပို့လို့ တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးရ၊

မောင်သက်/MFP ၊ နိုဝင်ဘာ - ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာ မြေပြင်မှာ ယှဉ်မတိုက်နိုင်ဘဲ ရှုံးနိမ့်လာတဲ့ စစ်အုပ်စုက MI-17 သယ်ပို့ရဟတ်ယာဉ်နဲ့ လေးခေါက်ထက်မနည်း စစ်ကူပို့ အင်အားဖြည့်လို့ ဒီနေ့ မွန်းလွဲ ၁နာရီလောက်က စတင်ပြီး တော်လှန်ရေးတပ်တွေ ပုလဲမြို့တွင်းက ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပုလဲမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက နိုဝင်ဘာလ ၁၁ရက်က စတင်ကာ စီးနင်းဝင်ရောက် တိုက်ခိုက် နေပြီး ဒီကနေ့အထိ လေးရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။

လေးရက်တာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ပုလဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန် စစ်အုပ်စုကို အမြစ်ပြတ် ရှင်းလင်းနေချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲရုံမက လေကြောင်းသုံးကာ စစ်ကူပို့လို့ ပြန်ဆုတ် ခဲ့ရတယ်လို့ ဆိုပါတယ်။

“မြို့ကို ၉၀ ရာခိုင်နှုန်း သိမ်းထားနိုင်ခဲ့တယ်။ ဒီနေ့မနက်ပိုင်း ကျန်တဲ့ စခ (စစ်အုပ်စု) ၁၀ ကောင်လောက်ကို တိုက်နေတုန်း ဖိုက်တာတွေ 35 တွေ (တိုက်လေယာဉ်၊ MI-35 ရဟတ်ယာဉ်)နဲ့ လာပစ်တယ်။ နမခ (မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်) က MI-17နဲ့ လေးခေါက် စစ်ကူပို့တယ်။ အင်အား ၁၀၀ နီးပါး ရှိနိုင်တယ်၊ အင်အား အမျှလို့ အားလုံး ဆုတ်ခဲ့ရတယ် "လို့ တိုက်ပွဲဝင်ရဲဘော်တွေနဲ့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူ ဗုံးကြဲကာ ပုလဲမြို့မကျရေး ခုခံခဲ့ပြီး ဒီကနေ့မှာတော့ ရဟတ်ယာဉ်နဲ့ လေးခေါက်ထက်မနည်း စစ်ကူအင်အား ဖြည့်တင်းလာလို့ တော်လှန်ရေးတပ်တွေ ပုလဲမြို့ထဲက နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပုလဲမြို့ကို ရဟတ်ယာဉ်နဲ့ စစ်ကူပို့တဲ့ စစ်အုပ်စုဟာ အောက်တိုဘာလ တစ်လလုံး ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပုလဲမြို့ကို ရောက်လာတဲ့ စစ်ကူ စစ်အုပ်စုက ပုလဲမြို့တွင်းကို ဝင်ရောက်နေပြီ ဖြစ်သလို ပုလဲမြို့နီးက အလယ်ဘုံကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု မီးရှို့နေတဲ့ အလယ်ဘုံကျေးရွာဟာ ပုလဲမြို့ရဲ့ မြောက်ဘက် ကပ်လျှက်၊ ပုလဲ-ယင်းမာပင် လမ်းပိုင်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်နဲ့ အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲ ပစ်ခတ်လို့ ပုလဲမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် ကျေးရွာ ၁၂ရွာက ပြည်သူ ၁၀၀၀၀ ထွက်ပြေး နေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကူညီနေတဲ့ စစ်ကိုင်းပြည်သူ ဖေးဖကူကွန်ရက် ပုလဲမြို့နယ် တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ နိုင်သလောက် စားနပ်ရိက္ခာ ကူညီနေတယ်။ ဒီနေ့နေ့လည် အလယ်ဘုံရွာကို စစ်တပ်က မီးစရှို့နေပြီ”

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ ဗုံးကြဲသတ်ဖြတ်မှုကြောင့် Non CDM ဝန်ထမ်းတချို့ အပါအဝင် ဒေသခံပြည်သူ ၁၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေး တပ်တွေက စိုးမိုး ထိန်းချုပ်ထားပေမယ့် ပုလဲမြို့ပေါ်နဲ့ ပျူစောထီး ကျေးရွာတချို့မှာ စစ်အုပ်စု ကျန်ရှိနေသေးတာ ဖြစ်ပြီး အဲ့ဒီ လက်ကျန် စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေး တပ်တွေက မကြာခဏ မြို့ကို စီးနင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပုလဲမြို့သိမ်း တိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA နဲ့ မဟာမိတ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု ဂျန်ဇီလူငယ်မျိုးဆက် တပ်တော် - Generation Z Army (GZA)၊ မကွေးတိုင်း ရေစကြိုနယ် အခြေပြု Southern YSO PDF တို့က ဦးဆောင် တိုက်ခိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လေကြောင်းကနေ စစ်ကူအင်အားဖြည့်ကာ ပြန်လည် ထိုးစစ်ဆင်လို့ မြို့သိမ်းပြီး နာရီပိုင်းအကြာမှာ တော်လှန်ရေးတပ်တွေ မြို့ကနေ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

14 Nov, 10:08


https://youtu.be/ZpIAj02NEyU

Mandalay Free Press - MFP

14 Nov, 10:08


ပုလဲမြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်အုပ်စုက ဗုံးကြဲလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊

မောင်သက်/MFP၊ နိုဝင်ဘာ - ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ နိုဝင်ဘာလ ၁၁ရက်ကနေ ဒီကနေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်နဲ့ အနီးဝန်းကျင် ရွာတွေကို လေကြောင်းဗုံးကြဲလို့ ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးနေရပါတယ်။

ပုလဲမြို့က စစ်အုပ်စု အထိုင်စခန်းတွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက နိုဝင်ဘာလ ၁၁ရက်က စပြီး စီးနင်းဝင်ရောက် တိုက်ခိုက် နေတာပါ။

ပုလဲမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲပစ်ခတ်လို့ အိုးအိမ် မီးလောင်တာ ရှိသလို ပြည်သူတွေ ထိခိုက် သေဆုံးတာလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးကြဲပစ်ခတ်လို့ ပုလဲမြို့ပေါ်နဲ့ မြို့အနီး ကျေးရွာ ၁၀ ရွာကျော်က သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ရက်အထိ ပုလဲမြို့ပေါ်က အိမ်ထောင်စု ၆၀၀ ကျော်၊ အလယ်ဘုံရွာက အိမ်ထောင်စု ၁၆၀ ကျော်၊ အေးကုန်းရွာက အိမ်ထောင်စု ၁၂၀ကျော်၊ သာယာကုန်းရွာက အိမ်ထောင်စု ၆၀ကျော်၊ ချောင်းကန်ရွာက အိမ်ထောင်စု ၂၅၀ကျော်၊ ကံကြီးရွာက အိမ်ထောင်စု ၁၀၀ ကျော်၊ ညောင်ကန်ရွာက အိမ်ထောင်စု ၇၀ကျော်၊ ညောင်ကုန်းရွာက အိမ်ထောင်စု ၂၈၀ကျော်၊ မန်ကျီးခွရွာက အိမ်ထောင်စု ၉၀ကျော်၊ ဇောင်ချမ်းကုန်းရွာက အိမ်ထောင်စု ၁၀၀ ကျော်၊ မြကုန်းရွာက အိမ်ထောင်စု ၁၂၀ကျော်၊ ရိုးရွာက အိမ်ထောင်စု ၉၀ကျော်၊ စုစုပေါင်း အိမ်‌ထောင်စု ၂၁၀၀ ကျော်က ပြည်သူ ၁၀၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ဆိုပါတယ်။

ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေး တပ်တွေက စိုးမိုး ထိန်းချုပ်ထားပေမယ့် ပုလဲမြို့ပေါ်နဲ့ ပျူစောထီး ကျေးရွာတချို့မှာ စစ်အုပ်စု ကျန်ရှိနေသေးတာ ဖြစ်ပြီး အဲ့ဒီ လက်ကျန် စ်စအုပ်စုကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးတပ်တွေက မကြာခဏ မြို့ကို စီးနင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပုလဲမြို့သိမ်း တိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA နဲ့ မဟာမိတ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု ဂျန်ဇီလူငယ်မျိုးဆက် တပ်တော် - Generation Z Army (GZA)၊ မကွေးတိုင်း ရေစကြိုနယ် အခြေပြု Southern YSO PDF တို့က ဦးဆောင် တိုက်ခိုက်နေတာပါ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

14 Nov, 03:31


ပုလဲမြို့ကို ဒီမနက် စစ်အုပ်စုက ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲ၊
ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊

မောင်သက်/MFP၊ နိုဝင်ဘာ - ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဒီကနေ့ နိုဝင်ဘာလ ၁၄ရက် မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှစ်ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲပစ်ခတ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီမနက် ၇ နာရီခွဲ အချိန်မှာ တံတားဦးလေတပ်က တက်လာတယ်လို့ ယူဆရတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ပုလဲမြို့ကို ဗုံးကြဲပြီးနောက် ၇နာရီ ၄၅မိနစ်အချိန်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က တက်လာတဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဒီမနက်ပိုင်း ပုလဲမြို့ပေါ် တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် ပုန်းအောင်းနေတဲ့ လက်ကျန် စစ်အုပ်စု တချို့နဲ့ ထိတွေ့ကာ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်အုပ်စုက ဗုံးလာကြဲတာလို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

“တိုက်ပွဲ ဆက်ဖြစ်နေဆဲဗျ။ တိုက်ပွဲအခြေအနေကြောင့် လာရောက် ပစ်ခက်နေတာပါဗျ”

ပုလဲမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက နိုဝင်ဘာလ ၁၁ရက်က စတင်ကာ စီးနင်းဝင်ရောက် တိုက်ခိုက် နေပြီး ဒီကနေ့အထိ လေးရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။

စစ်အုပ်စုကလည်း မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို အဆက်မပြတ် လေကြောင်း ဗုံးကြဲပစ်ခတ်နေတာပါ။

ဗုံးဒဏ်ကြောင့် ပုလဲမြို့ပေါ်က နေအိမ်တွေ မီးလောင်နေသလို ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုက ပုလဲမြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးက ကျေးရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲပစ်ခတ်နေလို့ မြို့ပေါ်နဲ့ မြို့အနီး ကျေးရွာ ၁၀ ရွာကျော်က သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကူညီနေတဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ဆိုပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ရက်အထိ ပုလဲမြို့ပေါ်က အိမ်ထောင်စု ၆၀၀ ကျော်၊ အလယ်ဘုံရွာက အိမ်ထောင်စု ၁၆၀ ကျော်၊ အေးကုန်းရွာက အိမ်ထောင်စု ၁၂၀ကျော်၊ သာယာကုန်းရွာက အိမ်ထောင်စု ၆၀ကျော်၊ ချောင်းကန်ရွာက အိမ်ထောင်စု ၂၅၀ကျော်၊ ကံကြီးရွာက အိမ်ထောင်စု ၁၀၀ ကျော်၊ ညောင်ကန်ရွာက အိမ်ထောင်စု ၇၀ကျော်၊ ညောင်ကုန်းရွာက အိမ်ထောင်စု ၂၈၀ကျော်၊ မန်ကျီးခွရွာက အိမ်ထောင်စု ၉၀ကျော်၊ ဇောင်ချမ်းကုန်းရွာက အိမ်ထောင်စု ၁၀၀ ကျော်၊ မြကုန်းရွာက အိမ်ထောင်စု ၁၂၀ကျော်၊ ရိုးရွာက အိမ်ထောင်စု ၉၀ကျော်၊ စုစုပေါင်း အိမ်‌ထောင်စု ၂၁၀၀ ကျော်က ပြည်သူ ၁၀၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှု ဆက်လက် ပြုလုပ်နေတဲ့အတွက် ပုလဲမြို့ အနီးနားမှ ကျေးရွာများ ထပ်မံ တိမ်းရှောင်ရဖွယ် ရှိပြီး အရေးပေါ် စစ်ရှောင်ဦးရေလည်း ထပ်မံ များပြားလာဖွယ် ရှိပါတယ်။ စစ်ရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်လျက် ရှိပါတယ်” လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ဖော်ပြပါတယ်။

ပုလဲမြို့ တိုက်ပွဲအခြေအနေ၊ နှစ်ဖက် ထိခိုက် ကျဆုံးမှုနဲ့ ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီး၊ သေဆုံးမှုတွေကိုတော့ MFP အနေနဲ့ အသေးစိတ် မသိရသေးဘဲ ဆက်လက် စုံစမ်းနေပါတယ်။

ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေး တပ်တွေက စိုးမိုး ထိန်းချုပ်ထားပေမယ့် ပုလဲမြို့ပေါ်နဲ့ ပျူစောထီး ကျေးရွာတချို့မှာ စစ်အုပ်စု ကျန်ရှိနေသေးတာ ဖြစ်ပြီး အဲ့ဒီ လက်ကျန် စ်စအုပ်စုကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးတပ်တွေက မကြာခဏ မြို့ကို စီးနင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပုလဲမြို့သိမ်း တိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA နဲ့ မဟာမိတ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု ဂျန်ဇီလူငယ်မျိုးဆက် တပ်တော် - Generation Z Army (GZA)၊ မကွေးတိုင်း ရေစကြိုနယ် အခြေပြု Southern YSO PDF တို့က ဦးဆောင် တိုက်ခိုက်နေတာ ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

ပုလဲမြို့မှာ တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲ သတ်ဖြတ်လို့ ထွက်ပြေးနေရတဲ့ ဒေသခဲပြည်သူတွေ/Photo - စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

13 Nov, 13:35


https://youtu.be/W-3rZgDRKJ4

Mandalay Free Press - MFP

13 Nov, 13:35


MFP ရဲ့ တနေ့တာ အညာမြေသတင်း

MFP ၊ နိုဝင်ဘာ - ၁၃

မင်္ဂလာပါ။ အညာတခွင်က ထူးခြားတဲ့ သတင်းတချို့ကို တင်ဆက်ပေးပါမယ်။

(၁) ပခုက္ကူ လေယာဉ်ကွင်းဟောင်းကို စစ်အုပ်စု နေ့ညမနား ပြုပြင်နေ၊

(၂) မိတ္ထီလာ ရှမ်းတဲလေတပ်ကို ဒရုန်း ၂၄ စင်းနဲ့ တိုက်ခိုက်မှု လေယာဉ် နှစ်စီး ပျက်စီးဟုဆို၊

(၃) မန္တလေးတိုင်း မြို့နယ် သုံးခုမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေကို စစ်အုပ်စုက ပြန်ပေးဆွဲ ဖမ်းဆီး၊ စစ်သားသစ် စုနေ၊

တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

13 Nov, 13:06


ပုလဲမြို့မှာ သုံးရက်ဆက် တိုက်ပွဲ ဖြစ်၊
စစ်အုပ်စုက ဒီကနေ့ အကြိမ် ၂၀ ကျော် ဗုံးကြဲလို့ မီးလောင်နေ၊
ပုလဲရဲစခန်းကို BNRA နဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ပြီလို့ သတင်းထွက်၊

မောင်သက်/MFP၊ နိုဝင်ဘာ - ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ သုံးရက်ဆက် တိုက်ပွဲ ပြင်းထန်နေပြီး ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်မှာ စစ်အုပ်စုက အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲလို့ မြို့မီးလောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပုလဲမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်လို့ နိုဝင်ဘာလ ၁၁ရက်က စတင်ကာ သုံးရက်ဆက် တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပြီး စစ်အုပ်စုက မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို တိုက်လေယာသ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ အဆက်မပြတ် လေကြောင်း ဗုံးကြဲနေတာလို့ ဆိုပါတယ်။

“လေကြောင်းက တံတားဦး၊ မကွေးနဲ့ မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) က လာပစ်တယ်။ မနက်လင်းကတည်းက ညနေ ၅နာရီဝန်းကျင်အထိ အကြိမ် ၂၀ ထက် မနည်းဘူးဗျ။ မရေတွက်နိုင်တော့ဘူးတောင် ပြောရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးဒဏ်ကြောင့် ပုလဲမြို့ပေါ်က နေအိမ်တွေ မီးလောင်နေတယ်လို့ ဆိုပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပုလဲမြို့မှာ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၁ရက် မနက်ပိုင်းက စလို့ ပုလဲမြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးက ကျေးရွာတွေကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာ ဖြစ်ပြီး ဒေသခံ တချို့ သေဆုံး၊ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပုလဲမြို့နဲ့ မြို့အနီး ကျေးရွာ ၁၅ ရွာက သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး ဒေသခံ တော်လှန်ရေး တပ်တွေက ကူညီကယ်ဆယ်ရေး လုပ်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ရက်မှာ ပုလဲမြို့ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ရဲစခန်း အရှေ့မြောက်ဖက်ရှိ မြို့နယ်လျှပ်စစ် ဝန်ထမ်း အိမ်ယာပေါ် ကျရောက်ပေါက်ကွဲကာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဆန်း သေဆုံး၊ ဇနီးသည် ဒဏ်ရာရသလို ရဲစခန်း အနောက်ဖက် သုံးထပ် ဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ NON CDM ထွေအုပ် စာရေး ကိုဇင်မောင်ရဲ့ ဇနီး မမျိုးဦးနဲ့ သားဖြစ်သူတို့ သေဆုံးတယ်လို့ ယင်းမာပင်နယ် အခြေပြု ကျားသစ်နက်တပ်မတော်က ဖော်ပြပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၃ရက် ညနေပိုင်းမှာတော့ ပုလဲမြို့က စစ်အုပ်စု အခြေပြုထားတဲ့ ရဲစခန်းကို BNRA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု အများအပြား အရှင် ဖမ်းမိထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ပုလဲမြို့ ရဲစခန်းကို သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေး တပ်တွေက စိုးမိုး ထိန်းချုပ်ထားပေမယ့် ပုလဲမြို့ပေါ်နဲ့ ပျူစောထီး ကျေးရွာတချို့မှာ စစ်အုပ်စု ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ပုလဲမြို့ တိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA နဲ့ မဟာမိတ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု ဂျန်ဇီလူငယ်မျိုးဆက် တပ်တော် - Generation Z Army (GZA) တို့က ဦးဆောင် တိုက်ခိုက်နေတာ ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်တွေက ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

BNRA တပ်ဖွဲ့ဝင် ရဲဘော်တချို့ကို တွေ့ရစဉ်/Photo - BNRA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

13 Nov, 07:36


MFP က တင်ဆက်နေတဲ့ ရုပ်သံ၊ ဓာတ်ပုံ‌၊ သတင်းတွေကို အောက်ပါချန်နယ်တွေမှာလည်း ဝင်ရောက်‌ဖတ်ရှု့နိုင်ပါ တယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Oct, 09:02


ငါန်းမြာကြီးရွာကို ပြန်သိမ်းပိုက်ထားတဲ့ စစ်အုပ်စုနဲ့ ပျူတွေ နှိပ်စက်ညှဉ်းပန်းလို့ ဒေသခံတစ်ဦးသေဆုံး
စစ်အုပ်စုက ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး ဓားနဲ့မွှမ်း နှိပ်စက်နေတာလို့ဆို
MN/MFP ၊ အောက်တိုဘာ - ၂၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို ပြန်လည်သိမ်းပိုက်ထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ဒေ သခံ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး ညှဉ်းပန်း နှိပ်စက်နေခဲ့ရာမှာ အမျိုးသားတစ်ဦး သေဆုံးပြီး တချို့တွေ ပြင်းပြင်း ထန်ထန် ထိခိုက်ဒဏ်ရာ ရရှိထားကြတယ်လို့ မြင်းခြံခရိုင် တပ်ရင်း-၆ တပ်ခွဲ(၃) တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အောက်တိုဘာလ ၂၁ ရက်မှာ ငါန်းမြာကြီးရွာကို ပြန်လည်သိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၂၂ ရက်မှာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးထားရတဲ့ ပြည်သူတွေထဲက ခြောက်ဦးပြန်လွတ်လာတယ်။ ပြန်လွတ်လာတဲ့သူတစ်ဦး ပြောပြတာက သူ တို့(စစ်အုပ်စု)နှိပ်စက်တာ လက်လွန်ပြီးတော့ တစ်ဦး သေဆုံးသွားတယ်တဲ့။ ကျွန်တော်တို့ကို ပြန်ပြောပြတဲ့သူ ကိုယ်တိုင်ကလည်း ကျောမှာ ဓားနဲ့မွှမ်းပြီးတော့ နှိပ်စက်ခံထားရတယ်”လို့ Special Task Force (Ngazun) - မြင်းခြံခရိုင် တပ်ရင်း-၆ တပ်ခွဲ (၃) တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၂ ရက်က ငါန်းမြာကြီးရွာထဲက နေအိမ်တွေကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ သလို အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ သဖန်းသာ၊ မိုးတောင်၊ ရွာသာအေး၊ သရက်ချို၊ လက်ပံသာ စတဲ့ ကျေး ရွာတွေကို ဝင်ရောက်စီးနင်းလုယက်ပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေက ဆိုထားပါတယ်။
ငါန်းမြာကြီးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာရှိ ဒေသခံပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေကြ ရတာကြောင့် လက်ရှိ စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းနေတဲ့ ဒေသခံ ပြည်သူတွေဟာ ရွာထဲမှာ အိမ်စောင့်အ ဖြစ် ကျန်ခဲ့တဲ့တွေလား၊ စစ်ဘေးတိမ်းရှောင်တာမလုပ်တဲ့ ကျေးရွာတွေက ပြည်သူတွေလားဆိုတာကိုတော့ MFP အနေနဲ့ ဒေသခံသတင်းရင်းမြစ်တွေထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Oct, 07:44


ကောလင်းက စစ်ဘေးရှောင်ပြည်သူတွေ ဆေးဝါးအကူအညီနဲ့ အဝတ်အထည်တွေ လိုအပ်နေ၊
ဇူဇူး/MFP၊ အောင်တိုဘာ - ၂၄
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဆေးဝါးအကူအညီနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကောလင်းဒေသတွင်း လူသားချင်းစာနာမှု အကူအညီတွေ ပြုလုပ်ပေးနေတဲ့ ပြည်သူမှပြည်သူသို့ (ကောလင်း) အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုသဲကြီးက MFP ကို ပြောပါတယ်။
ကောလင်းမြို့ကို စစ်အုပ်စုက မြို့လုံးကျွတ်နီးပါး မီးရှို့ပြာချထားသလို မြို့ကို စီးနင်းကာ လူသတ်၊ လုယက်၊ အကြမ်းဖက်နေလို့ ကောလင်းမြို့လုံးကျွတ်နဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
"စစ်ရှောင်တချို့မှာ ဆေးကုသဖို့အတွက် ငွေကြေးအခက်အခဲတွေဖြစ်နေတာဗျ၊ စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေရတဲ့အချိန်မှာ ဒီကျန်းမာရေးတွေက ဖြစ်လာတော့ သူတို့မှာ အပိုတွေ ကုန်တာပေါ့နော၊ အဲ့ဒီ အပိုကုန်ကျစရိတ်အတွက် သူတို့ မပြေလည်ကြဘူး"
လက်ရှိမှာ ပြည်သူမှပြည်သူသို့အဖွဲ့ရဲ့ မတည် ငွေလှူဒါန်းမှုနဲ့ ဆေးဝါးတချို့ဝယ်ယူထားကာ ကျန်းမာရေးဝန်ထမ်းတစ်ဦးက အခမဲ့ လိုက်လံကုသပေးနေပေမယ့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေး‌ စောင့်ရှောက်မှုတွေ များစွာ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကြာခင်မှာ ဆောင်းရာသီကိုရောက်တော့မှာ ဖြစ်တဲ့အတွက် အဝတ်အထည်နဲ့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးရောဂါတွေ အတွက်လည်း ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကိုသဲကြီးက ပြောပါတယ်။
"လက်ရှိ အဲ့ဒီစစ်ရှောင်စခန်းမှာ လိုအပ်လာတာက ရာသီဥတု အေးလာပြီဖြစ်တဲ့အတွက် ဒီ အနွေးထည်နဲ့ အနွေးဝတ် ဝတ်တဲ့ အဝတ်အထည်တွေရယ် စောင်တွေရယ် လိုအပ်မယ်၊ ပြီးတော့ ဒီ နှာစေး‌ ချောင်းဆိုးဖြစ်တဲ့ ရာသီတုပ်ကွေး ရာသီဥတု အကူးအပြောင်းဆိုတော့ ဖျားကြတယ်ပေါ့၊ အဲ့ဒီအတွက် ဆေးဝါး လိုအပ်ချက်တွေ ရှိမယ်၊ နာတာရှည်ရောဂါသည်တွေအတွက် သူတို့ ပုံမှန်သောက်နေကျ ဆေးဝါးလိုအပ်ချက်တွေ ရှိမယ်ဗျ"
လက်ရှိ ကောလင်းမြို့အနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၈၀၀ ကျော်နဲ့ အိမ်ထောင်စု ၁၃၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/YKC3eC1yaJ54Cmhm/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Oct, 07:42


တမူးမြို့နယ် နန်မွန်တားကျေးရွာမှာ တိုက်ပွဲဖြစ်လို့ စစ်အုပ်စု သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိ
ဖမ်းဆီးရမိသူဟာ စစ်အုပ်စုဘက်ကနေ ကူတိုက်ပေးနေတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးဖြစ်နေ
ကိုသူ/MFP၊ အောက်တိုဘာ-၂၄
စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ရှစ်မိုင်ခန့် အကွာ ကလေး-တမူး အာရှလမ်းမကြီး ဘေးရှိ နန်မွန်တား ကျေးရွာမှာ တော် လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူစောထီးတပ်တွေဟာ အောက်တိုဘာလ ၂၃ ရက် မနက်ငါးနာရီခန့်မှာ နန်မွန်တား ကျေးရွာကို စစ် ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
" သေတာက သုံးယောက်သေတယ်။ တစ်ဦးအရှင် ဖမ်းမိထားတယ်။ဖမ်းမိတဲ့သူက ကသည်းလူမျိုးပါ။ စစ်ဆေမေး မြန်းနေပါတယ်" လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း သေဆုံးသူတွေဟာ စစ်အုပ်စုလက်အောက်ခံ တပ်သားအဆင့်တွေဖြစ်ပြီး အရှင်လက်ရ ဖမ်း ဆီးရမိသူဟာ စစ်အုပ်စုဝတ်စုံဝတ်ကာ စစ်အုပ်စုဘက်က စစ်ကူတိုက်ပေးနေတဲ့ အိန္ဒိယနိုင်ငံသားကသည်း လူမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
“ ဖမ်းမိသူက ကသည်းလူမျိုးပါ။ မြန်မာစကားမပြောတတ်ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က ရဲဘော်သုံးဦးလည်းကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/C1dGFLFdTXUqoFVm/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

24 Oct, 03:44


မြောင်မှာ စစ်အုပ်စုက ရွာကို လေကြောင်း ဗုံးကြဲ၊ ပစ်ခတ်သတ်ဖြတ်လို့ အဖွားအိုနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ငါးဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ၊
MN/MFP ၊ အောက်တိုဘာ - ၂၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို မနေ့က ညနေပိုင်း စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ် သတ်ဖြတ်လို့ ဒေသခံ ပြည်သူ ငါးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၃ ရက် ညနေ ၅ နာရီ ဝန်းကျင်က မြောင်မြို့နယ် အနောက်ခြမ်းက ဇရပ်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်အုပ်စုက လေကြောင်းက လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ညနေ ၅ နာရီလောက်မှာ ရွာရဲမြောက်ခြမ်းဘက်မှာ (လေကြောင်းက) ဗုံးနှစ်လုံး ကျပြီးတော့ ကွဲသွားတယ်ဗျ။ အဲဒီလို ကွဲသွားပြီးတော့ နောက်တစ်စီးက ရွာထဲကို တန်းပြီးတော့ ပစ်ခတ်သွားတာက တစ်ခါတည်း ပွဲချင်းပြီးက နှစ်ယောက် သေဆုံးသွားတယ်။ နောက်ထပ် ထိခိုက်ဒဏ်ရာရတဲ့ ၁၀ ဦးကျော်ထဲက သုံးယောက် ထပ်ပြီးတော့ ဆုံးသွားတယ်ဗျ။ စုစုပေါင်း ငါးဦး သေဆုံးသွားတယ်ဗျ”လို့ မြောင်မြို့နယ် ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အသက် ၈၀ ကျော် အဖွားအိုနဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသား အပါဝင် စုစုပေါင်း အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦး၊ ငါးဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/pxWgBxTh57TDSPSi/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

23 Oct, 13:56


ကလေးထောင်ရှိ နိုင်ကျဉ်းတွေ ခန္ဓာကိုယ် အောက်ပိုင်းချိနဲ့ ဝေဒနာခံစားနေရ
ကိုသူ/MFP ၊ အောက်တိုဘာ-၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအာဟာရလုံလောက် ပြည့်ဝအောင် စားသောက်နေထိုင်ခွင့်မရတာကြောင့် ကျန်းမာ‌ရေးချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်းချိနဲ့ ရောဂါဝေဒ နာကို ခံစားနေကြရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက MFP ကိုပြောပါတယ်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းထောင်အတွင်းအာဟာရမပြည့်ဝတဲ့ထမင်းဟင်းတွေကိုစားသောက် နေရတဲ့အတွက် အာဟာရ ပြတ်လပ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း ရှိပေါင်နဲ့ ခြေသလုံးကြွက်သားတွေ သိမ်လှီသွား တာ၊ လမ်းမလျှောက် နိုင်တော့တာ ၊ အားအင်ပြတ်လပ်ပြီး လှုပ်ရှားနိုင်မှု မရှိတော့တာစတဲ့ ရောဂါဝေဒနာတွေ ဖြစ် ပွားခံစားနေရတယ်လို့ အကျဉ်းထောင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
" တစ်ပတ်ကို အသားဟင်းက လေးနပ်ကျွေးတယ်။ ဒါပေမဲ့ ရေလုံပြုတ်သာသာမို့ နံစော်ပြီး စားလို့ မရဘူး။ အိမ်က ပို့တာတွေပဲ စားကြရတယ်။ အိမ်ကမပို့နိုင်သူကတော့ ဒီအတိုင်း အဲဒီထောင်ကကျွေးတာကိုပဲ စားရတယ်။ အဲဒီလို စားကြရ‌တော့ အာဟာရ ချို့တဲ့ပြီး အခုလိုရောဂါတွေ ဖြစ်ကုန်ကြတာ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အကျဉ်းထောင်တွင်း ထောင်သားတွေကို ကျွေးတဲ့ ဟင်းသီးဟင်းရွက်တွေဟာ မစင်ရေတွေလောင်းပြီး စိုက်ပျိုးထား တာကို ပြန်လည်ချက်ပြုတ်ကျွေးမွေးတာဖြစ်ပြီး ရေပြောင်အောင် မဆေးကြောဘဲ ချက်ပြုတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်းတွင်း နိုင်ငံရေးအကျဉ်းသားတွေဟာ အဲဒီလို ချက်ပြုတ်ထားတာတွေကို စားသောက်နေကြရ တဲ့အ တွက် အာဟာရချို့တဲ့ပြီး ခန္ဓာကိုယ် အောက်ပိုင်းက သေးသွားတာ။ လမ်းမလျှောက်နိုင်ကြတော့တာ ၊ ခြေထောက် နဲ့ပေါင်တွေသေးသိမ်သွားတာ ၊ အားအင်ချိနဲ့ပြီး မူးလဲတာတွေ ခံစားဖြစ်ပွားနေကြရတယ်လို့ ဆိုပါတယ်။
“ ဟင်းသီးဟင်းရွက်က အိမ်သာရေနဲ့ လောင်းတာကို ပြန်ချက်တာ။ တစ်ခါ တစ်ခါ ရေတောင် ပြောင်အောင် မဆေး ဘူး။ ဒီအတိုင်း ထည့်ချက်တာ။ ဒါတွေ စားကြရတယ်။ အဲ့ဒီတော့ လူတွေက ခန္ဓာကိုယ်အောက်ပိုင်း သေးသွားတယ်။ လမ်းမလျှောက်နိုင်ကြတော့ဘူး၊ ခြေထောက်တွေက သေးသွားတယ်။ပေါင်တွေက သေးသွားတယ်။ တချို့ဆိုမူးလဲ တာတွေလည်းရှိတယ်" လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/2izSe7Q7pAGSZMjn/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

23 Oct, 13:55


မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်ရှိ စစ်အုပ်စုစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်
ခြောက်ရက်ကြာထိ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ဆို
ကိုသူ/MFP ၊ အောက်တိုဘာ-၂၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးရှိ မဟူရာတောင်ကုန်း တာဝါတိုင်မှာ တပ်စွဲ ထားတဲ့ စစ်အုပ်စုစခန်းကို တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာ ခြောက်ရက်ရှိပြီ ဖြစ် ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ အောက်တိုဘာလ ၂၃ ရက် ဒီကနေ့အ ထိ မဟူရာတောင်ကုန်း တာဝါတိုင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စု နဲ့ ပျူစောထီးတွေကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေ ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ထိတွေ့မှုကတော့ အခုလောလောဆယ်ကတော့ နေတိုင်းလိုလို ရှိပါတယ်။ကျန်တာကတော့ ပြောလို့မရသေးပါ ဘူး" လို့ ကနီမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
အဆိုပါ မဟူရာတောင်ကုန်းအထိုင်စခန်းမှာ စစ်အုပ်စုနဲ့ ပျူစောထီး ပူပေါင်း အင်အား ၁၀၀ ခန့် တပ်စွဲထားတာဖြစ် ပြီး တော်လှန်ရေး အင်အားစုတွေက အဲဒီစစ်အုပ်စု စခန်းကို သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေခဲ့ကာ မြေပြင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသလို စစ်အုပ်စုဘက်က လေကြောင်း ပစ်ကူနဲ့ စစ်ကူပို့ဆောင် တာတွေ ရှိတယ်လို့ ကနီမြို့နယ် တော်လှန်ရေး ရဲဘော်ကပြောပါတယ်။
"လေကြောင်းနဲ့ စစ်ကူပို့တာတွေ လည်းရှိပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါပဲ။ ဒီစခန်းက အရင်က ကျနော် တို့ သိမ်းထားတာ စစ်တပ်က ပြန်နေရာယူတာပါ။ အဲ့ဒါပြန်ရအောင်တိုက်နေပါတယ်" လို့ အဆိုပါ ရဲဘော်က ဆိုပါ တယ်။

သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/CjqUaUqsc4ZYoHiD/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

Mandalay Free Press - MFP

23 Oct, 13:50


https://youtu.be/Nbb4WvusP0Q?si=lMAQb6VVJ8A2wN-F

Mandalay Free Press - MFP

22 Oct, 01:34


◘ Video ဖိုင် မြင်တိုင်း အမှန်လို့ မမှတ်ယူပါနဲ့

ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ ကြားထဲမှာ ဖန်တီးပြုပြင်ထားတဲ့ ဗီဒီယိုတွေ အများကြီး ပျံ့နှံ့နေပါတယ်။

သတင်းမှားနဲ့ လုပ်ကြံသတင်း ဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ရပ်မှန် သတင်းအကြောင်းအရာတွေကို အခြေတည်ပြီး အသံတွေ၊ ရုပ်တွေ၊ အကြောင်းအရာတွေကို လိုရာရောနှော ပုံဖျက်ထားတတ်ကြပါတယ်။

ဒါကြောင့် ဗီဒီယိုဖိုင်ပါတိုင်းလည်း ယုံကြည်လို့ မရပါဘူး။

#CheckTheFacts #ThinkBeforeYouShare #Myanmar #PSMIL

Mandalay Free Press - MFP

21 Oct, 11:51


ဘုတလင်နယ် စိုင်ပြင်လေးရွာ ပြည်သူ ၁၂ ဦးခန့်ကို စစ်အုပ်စု ထပ်မံဖမ်းဆီး
စစ်အုပ်စု ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူ ၆၀ ခန့်ထိရှိပြီး သတ်ဖြတ်ခံရသူ ၂၀ ကျော်လာ
တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီးမှသာ ဒေသခံတွေ ရွာထဲပြန်ဝင်ကြဖို့ ပအဖ သတိပေး
သက်တန့်/ MFP ၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးရွာထဲ ဝင်ရောက်မီးငြှိမ်းသတ်ဖို့ ကြိုးစားတဲ့ ဒေသခံပြည်သူ ၁၀ ကျော် ကို စစ်အုပ်စုက ဖမ်းဆီးပြီး ရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ စိုင်းပြင်လေးရွာကို စီး နင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းမှာ ကျောက်အိုး၊ ဒါန်းတိုင်ဘက်ကို စစ်ကြောင်း အထွက်ပြခဲ့တာ ကြောင့် စစ်အုပ်စုမရှိတော့ဘူးအထင်နဲ့ ဝင်ရောက်မီးငြှိမ်းဖို့ လုပ်ဆောင်ရာက အခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျောက်အိုး၊ ဒါန်းတိုင်ဘက်ကို အထွက်ပြပြီးတော့ ဒါန်းတိုင်ဘက်ထိမရောက်ဘဲနဲ့ ဒါန်းတိုင်နဲ့ စိုင်ပြင်လေးကြား က ကန်ဘောင်ပေါ်မှာ ကင်းဝပ်တယ်။ စိုင်ပြင်လေးထဲမှာလည်း မရှိတော့ဘူးပုံစုံ တပ်ဖျောက်ထားတယ်။ တပ် ဖျောက်ထားတဲ့ အခြေအနေမှာ မနက်ကတည်းက ဒါန်းတိုင်ဘက်ကို ထွက်သွားပြီဆိုတဲ့ သတင်းတွေကလည်း တ အားထွက်တာကိုး။ သူတို့(ရွာခံတွေ)အနေနဲ့ စိုင်ပြင်လေးထဲမှာတော့ မရှိတော့ဘူးအထင်နဲ့ ညနေပိုင်းလောက် ကျ တော့ဝင်ရောက်ပြီးတော့ မီးဝင်ငြှိမ်းတာပေါ့။ ဝင်ရောက်ရှင်းလင်းရေးလုပ်တဲ့အချိန်မှာပဲ စစ်အုပ်စုတွေက စိုင် ပြင် လေးရွာဘုန်းကြီးကျောင်းထဲနဲ့ စိုင်ပြင်လေးရွာထဲမှာ သူတို့ ကင်းဝပ်တွေ ထားထားတယ်။ အဲဒီကင်းဝပ်တွေက နေ ဖမ်းဆီးလိုက်တာဗျ”လို့ စိုင်ပြင်ရွာသားတွေ ဖမ်းဆီးခံလိုက်ရတဲ့ အခြေအနေကို ဒေသခံတစ်ဦးကရှင်းပြပါတယ်။
အဲဒီလို ဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုက စိုင်ပြင်လေးရွာကို ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါ တယ်။ ဖမ်းဆီးခံရတဲ့ စိုင်ပြင်ရွာသား ၁၂ ဦးခန့်အထိ ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် − https://www.facebook.com/share/p/C4TihiXyWm6EsADc/

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

3,148

subscribers

905

photos

17

videos