လားရှိုးသတင်း (Lashio news) @lashionewschannel Channel on Telegram

လားရှိုးသတင်း (Lashio news)

@lashionewschannel


လားရှိုးသတင်း (Lashio news) (Burmese)

လားရှိုးသတင်း (Lashio news) ဂုဏ်ယူပြီးခဲ့ကြသည်။ ဤသတင်းချဲ့သုံးပြီးလား၊ ရှိုး၊ အလှများ၊ လယ်ယာများ၊ နာမည်များနှင့်အကျဉ်သတင်းများကို ပိုမ်းစေဆေးပြီးအချိန်အထား၊ ရယ်ဖြေသားကာကွယ်စေချိ။ လားရှိုးသတင်း (Lashio news) ဟာ ပြည့်နှစ်စည်းနှင့်ပညာအချက်အလက်များပါဝင်ဝင်လိုက်ပြီး လားရှိုး ဖွင့်သွင်းသူကားများကို စုစုပေါင်းစဉ်အုပ်စု၏ ရုပ်သံပါတီများဖြင့် ရယ်ဖြေသားနေသော အနက်ရောင်စဉ် အပေါ်က စီအိပ်စက်ကို ခွဲခြားစေချိ။ ပြင်ရယ်ချိန်း နှင့်အိမ်စက်များ၏ လားရှိုး လန်ဒန္ဒါရှိ သုံးသည်။ လားရှိုးသတင်း (Lashio news) သည် လယ္ဂေးမြို့မှက မ။ အလှများ၏အခြေအနေများ၊ လလေးတွင်ပေါ်ပွင့်နိုင်တဲ့ သတင်းတင်ခဲ့သည်။ လားရှိုးသတင်း (Lashio news) ကိစ္စနဌာနတို့အသစ်အင်းအားမြင်မြင်လား။

လားရှိုးသတင်း (Lashio news)

09 May, 17:39


Messages in this channel will be automatically deleted after 1 week

လားရှိုးသတင်း (Lashio news)

07 Apr, 10:13


မကြယ်စင်ကို သုဿန်တွင် ခွဲစိတ်ခဲ့ပြီး ဦးခေါင်းအတွင်းမှ တစုံတရာ မတွေ့ခဲ့
ခဲစ တွေ့သည် ဆိုသည်မှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်

Apr 07, 2021

 

In သတင်း

မန္တလေးမှာ မင်းအောင်စစ်တပ်၏ ပစ်ခတ်မှုကြောင့် မတ် ၃ ရက်က ကျဆုံးခဲ့တဲ့ ၁၉ နှစ်အရွယ် မကြယ်စင်၏ ရုပ်အလောင်းကို သုဿန်တွင် ခွဲစိတ်မှုလုပ်ခဲ့ပြီး ဦးခေါင်းအတွင်း ဘာမှ မတွေ့ခဲ့ရဟု Mratt’s Channel က သတင်းရရှိထားသည်။

 

မကြယ်စင် ကျဆုံးသွားသည်မှာ မတ် ၃ ရက်ဖြစ်ပြီး အလောင်းမြှုပ်နှံထားရာ အေးရိပ်ငြိမ်သုဿန်သို့ စစ်ကား ၉ စီးခန့်ရောက်ရှိနေကြောင်း မတ် ၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းအချိန်က အလောင်းကို ပြန်ဖော် မဖော် သတင်းများ အတည်ပြုရန် ခက်ခဲခဲ့သေးသည်။

 

အလောင်းကို ဖော်ခဲ့ပြီး ကျည်ထိမှန်သည့် ဦးခေါင်းကို ခွဲစိတ်ခဲ့ရာတွင် “ဘာမှ မတွေ့ရဘူး။ ကျည်က ခေါင်းကိုထိပြီး ဖောက်ထွက်သွားတာ။ ၅.၅၆ (ကျည်ဆန်) အပေါက်ပေါ့။ ဒါပဲ တွေ့ရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။ ၅.၅၆ ကျည်မှာ စစ်တပ်သုံး MA ဆီးရီးဟု သူက ထပ်မံ အတည်ပြုသည်။

 

စစ်ကောင်စီ လက်ကိုင်တုတ် သတင်းစာများက “ကျည်စစ်ကျည်မှန်ဖြင့် ထိခိုက်သောဒဏ်ရာ” မဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားခဲ့သေးသည်။

 

ထို့ပြင် အလောင်းကို ခွဲစိတ်ပြီးနောက် ဦးခေါင်းအတွင်းမှ “ခဲစတွေ့ရှိသည်” ဟု  စစ်ကောင်စီက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပြီး ဒသမ ၃၈ ကျည်နှင့် ပစ်ခတ်နိုင်သည့် ပွိုင့်တာသေနတ်၏ ခဲယမ်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

 

ယခု သတင်းပေးလာသူ၏ ပြောဆိုချက်များအရ စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ အတိအလင်း ကွဲလွဲနေသည်ကို တွေ့ရသည်။

 

“လုံးဝ မခံမရပ်နိုင်လို့ သတင်းပေးရတာပါ။ နိုင်ငံတကာသတင်းတွေမှာလည်း ပျံ့နေလို့လေ။ အမှန်ကို သိစေချင်တယ်။ ခဲစ တွေ့တယ်ဆိုတာ လုံးဝ လုပ်ကြံထားတာ သက်သက်ပဲ” ဟု သတင်းပေးလာသူက ဆိုသည်။

 

ရရှိထားသည့် ဓာတ်ပုံများမှာ ဦးခေါင်းခွံကို အသေးစိတ်ခွဲစိတ်နေစဉ်က ဓာတ်ပုံများ ဖြစ်သည့်အတွက် ဖတ်ရှုသူများ စိတ်အနှောက်အယှက် မဖြစ်စေရန် အပြည့်အစုံ မဖော်ပြနိုင်ပါ။

လားရှိုးသတင်း (Lashio news)

07 Apr, 10:12


April 7 -နိုင်ငံပိုင်သတင်းစာများမှ Summary

တပ်ချုပ်ဂေါင်းကြီး နေပြည်တော်မှာ ပြဇာတ်ရုံမှာပြုလုပ်တဲ့ ကောင်စီအစည်းအဝေးပွဲတက် ၊ ဝန်ကြီးတွေ တိုင်းနဲ့ပြည်နယ် ကောင်စီ ဥက္ကဌများတက်ရောက်၊ မိန့်ခွန်း ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ရှုနိုင်ပါသည်။
- မဲစာရင်းအမှားကိစ္စများနဲ့ တောင်းဆိုတိုင်း အဖက်လုပ်မခံရ၊ အဲ့တာကြောင့် သူတို့တာဝန်ယူ (အာဏာသိမ်း) ရတာ ဥပဒေနဲ့ညီကြောင်း၊
- ဆန္ဒပြမှူများကနေ အကြမ်းဖက်မှုများဖြစ်လာကြောင်း၊ ရဲ ၁၆ဦးကျော် သေဆုံးကြောင်း၊ ဆန္ဒပြ ၂၄၈ ဦးသေဆုံးကြောင်း၊
⁃ မီဒီယာတွေက ဒါကို စောက်တလွဲတွေပြောနေကြောင်း၊ ပြည်တွင်း မီဒီယာများကို အုပ်နိုင်ပေမယ့် ပြည်ပနဲ့ အွန်လိုင်းမီဒီယာများကို မအုပ်နိုင်ကြောင်း
⁃ CDM လုပ်နေတဲ့ကိစ္စက ပြည်ဖျက်လှုပ်ရှားမှု (Country Destroyer Movement ဖြစ်ကြောင်း) ခေါင်းကြီးပြော၊ တပ်ဘက်ကဆရာဝန်တွေနဲ့ ဆေးရုံလည်ပတ်နေ၊ ကျောင်းတွေဖွင့်ဖို့ အခုလုပ်ပေးနေကြောင်း၊ အတန်းတင်စနစ် လုပ်ပေးဖို့ ဆရာမတွေကို မွမ်းမံသင်တန်းပေးနေကြောင်း
⁃ လုပ်ငန်းရှင်အချို့က အရင်အစိုးရခေတ်မှာ လာဘ်ပေးလာဘ်ယူကိစ္စများ ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရလို့ အခုသေချာကိုင်တွယ်သွားမှာဖြစ်ကြောင်း၊
⁃ စီးပွါးရေးလုပ်ငန်းများကောင်းမွန်အောင်လုပ်ဆောင်ပေးမှာဖြစ်ကြောင်း
⁃ ဒီမိုကရေစီနဲ့ဖက်ဒရယ် အသိပညာပေးစနစ်ကို သူ့လက်ထက်မှာလုပ်ပေးမှာဖြစ်ကြောင်း
⁃ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောသွားခဲ့

တပ်ချုပ်ဂေါင်းကြီး က တိုင်းနဲ့ပြည်နယ် ကောင်စီ ဥက္ကဌတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ခေါငိးဆောင် ာာများ၊ ဝန်ကြီးအချို့နဲ့ သီးခြားအစည်းအဝေးထပ်လုပ်၊ မိန့်ခွန်း ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ရှုနိုင်ပါသည်။
- Covid ကာကွယ်ဆေးထိုးကိစ္စအမြန်ဆုံးလုပ်ဆောင်ရန်
- ကျောင်းမနေဖူးသူ ၃.၇သန်းကျော်ရှိ
- ရဟန်းသံဃာများ အပါအဝင် အခြားဘာသာဝင်များ စိတ်လက်ချမ်းသာစွာ ဘာသာရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ကူညီပေးရန်လို
- လူငယ်တွေက ယဉ်ကျေးမှုမရှိ၊ အကြီးကိုအကြီးမှန်းမသိ၊ ဒါ့ကြောင့်စာရိတ္တကောင်းမွန်လာစေဖို့ တည့်မတ်ပေးရန်လို
- ငွေကြေးတန်ဖိုးကျဆင်းနေ၊ စီးပွားရေးတိုးတက်အောင် သူတို့က မူဝါဒများချမှတ်ပေးမယ်၊ တကယ်တိုးတက်ဖို့က တိုင်းနဲ့ပြည်နယ် တာဝန်ရှိသူတွေက လုပ်မှရမယ် :3
- Covid မပြီးသေးတဲ့အတွက် သကြင်္န် ကို မဏ္ဏပ်ဆောက်လုပ်မှာမဟုတ်ပဲ သီးခြားရေကစားတဲ့ အစီအစဉ်ခွင့်ပြုပေးပြီး သကြင်္န်ကို ဆင်နွဲမှာ ဖြစ်ကြောင်း ပြောကြား

၁၁၀/၂၀၂၁ အမိန့်နဲ့ အဂတိကော်မရှင်အဖွဲ့ဝင် ၃ ယောက်ခန့်အပ်

၁၁၁/၂၀၂၁ အမိန့်နဲ့ ပြည်ထောင်စုရာထူးဝန် ခန့်အပ်

၂၀၂၀-၂၀၂၁ Financial Year ပို့ကုန်သွင်းကုန်အတွက် စာရင်းဇယားကို ထုတ်ပြန်

လှိုင်သာယာ Winco Bag စက်ရုံမီးရှို့မှုအတွက် တရားခံ၂ဦးကို စစ်ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ ချမှတ်၊ လောလောဆယ် ထွက်ပြေးတိမ်းရှောင်နေလို့ ဝရမ်းထုတ်ထားကြောင်းသိရ၊

မန္တလေးချမ်းမြသာစည်က ဆရာမမွမ်းမံသင်တန်းကျောင်းဖွင့်ထားတဲ့ အမှတ် ၂၆ ကျောင်းကို လက်ပစ်ဗူံး ပစ်ခံရ၊ လူအဆောက်အဦး အထိအခိုက်မရှိ

ပင်လည်ဘူးမြို့မှာ ပွဲကြမ်းနေ၊ နိုင်ငံပိုင် အဆောက်အဦး ၄ခု မီးရှှို့ခံရကြောင်း ထုတ်ပြန်

ကျောက်မဲ Asia World Toll Gate မိုင်းဆာမိ၊ အဆောက်အဦးပျက်စီး၊ ဝန်ထမ်း၃ဦး ဒဏ်ရာရ

အဆိုတော် အေသင်ချိုဆွေ၊ မြနှင်းရည်လွင်၊ ချစ်သုဝေ၊ ဝင်းမင်းသန်း၊ ဖြိုးအောင်၊ စံလင်း (Ser Mal - စားမယ်)၊ ခင်မြတ်မြတ်နိုင် (My Khayee)၊ အိသဉ္ဇာမောင်၊ ဟိန်းမင်း (ပိုပို တေးသရုပ်ဖော်)၊ သာမိုး (ခ) ကိုမိုး၊ ဖူးကျော်ဇင်၊ နီလာထိုက်၊ နန္ဒာချော၊ အောင်ကျော်စံ၊ ဇွဲရင့်ထူး၊ သန့်ဇင်ထိုက်၊ နိုင်ဇေမင်း၊ ဒေါက်တာ ကျော်ကိုကိုဟိန်းနှင့် နေသူဝင်း စသူတွေကို ၅၀၅ (က) နှင့် အမှုဖွင့်ကြောင်း ကြေညာ

သတင်းတစ်ခုချင်းစီရဲ့ အသေးစိတ် Screenshot တွေကို ဒီမှာ ဝင်ရောက်ကြည့်ရှူပြီး ထင်မြင်ယူဆချက်တွေကို ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

လားရှိုးသတင်း (Lashio news)

05 Apr, 07:41


ကျနော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ကန့်သတ် ဖြတ်တောက်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံပြောပါမယ်။

အခုက မိုဘိုင်းအင်တာနက်၊ ဝိုင်ဖိုင် တွေကို လုံးဝ သုံးမရအောင်ဖြတ်တောက်ထားပါတယ်။ ဒါအားလုံးအသိပါ။ မိုဘိုင်းအင်တာနက်ဆိုလည်း Download speed နဲ့ Upload speed ကို ဇီးရိုးနားကပ်အောင် ချထားပါတယ်။ အဲ့တာတွေကိုဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာလည်း ဘယ်သူမှ အတိအကျမသိပါဘူး။ ကျနော်တို့လည်းမသိပါဘူး။ လက်ရှိ အများပြည်သူ သုံးလို့ရနေသေးတာက FTTH ဖိုင်ဘာအင်တာနက်တွေပဲ ရှိပါတယ်။

အဲ့တော့ ဒါကို ရလိုရငြားဆိုပြီး အီလွန်မက် ရဲ့ စတားလင့် (Starlink) အင်တာနက်ကို ဝိုင်းတောင်းဆိုကြပြန်ပါတယ်။ လူပိန်းအတွေးနဲ့ပဲ စဥ်းစားကြည့်ပါဗျာ။ ခု အဲ့တာက (စမ်းသုံးဆဲအဆင့်) တောင် (၃) နိုင်ငံပဲရနေပါသေးတယ်။ နောက် သူ့အင်တာနက်ကို ရဖို့ဆိုတာ လက်ခံစက် (Starlink kit) လည်းလိုပြီး လစဥ်ကြေးလည်း ရှိပါတယ်။ အဲ့တာတွေမရှိဘဲ ကျနော်တို့ဖုန်းထဲက Mobile data လေး on လိုက်တာနဲ့ ဘယ်လိုလုပ် အင်တာနက် ရပါ့မလဲဗျာ။

ငယ်ငယ်က ဖိုးလမင်းကြီးဆီကနေ "ထမင်းဆီဆမ်း ရွှေလင်ဗန်း" နဲ့တောင်းသလို ဖြစ်နေပါပြီ။
နည်းနည်းလေး ပြန်စဥ်းစားကြည့်ကြပါ။

ယုံတယ်ဆိုတာ တော်ရုံတန်ရုံပဲကောင်းပါတယ်။ သူများတကာ တွေ့ကရာ လျှောက်ပြောတိုင်း မယုံစေချင်တော့ပါဘူး။
UN နဲ့ US ကို လာတော့မယ်၊ ဝင်တော့မယ်ဆိုပြီး အကြိမ်ကြိမ်ဖွကြတယ်။ ဟိုက တကယ်မလာနိုင်တော့ လှောင်တယ် ဆဲတယ်။ ဂျပန်က ဂြိုလ်တုအင်တာနက်ဖရီးပေးမယ်ဆိုပြီး ဖွတယ်။ တကယ်မဟုတ်တော့ ဂျပန်ကိုမကြည်ဘူး။ ဟော အခု အီလွန်မက်ကို သူ့အင်တာနက် ပေးဖို့ဝိုင်းတောင်းဆိုတယ်။ ဟိုက မလုပ်ပေးနိုင်ရင် ဝိုင်းဆဲကြဦးမယ်။

မှန်ပါတယ် နည်းပညာဆိုတာ ကျနော်တို့လည်း အကုန်မသိနိုင်ပါဘူး။ ဒါပေမဲ့ နည်းပညာဆိုတာ တန်ခိုးရှင် ဖန်ဆင်းထားတာမဟုတ်ပါ၊ လူတွေဖန်တီးထားတာပါ။ အဲ့လိုဖန်တီးဖို့အတွက် အချိန်တွေ၊ ငွေတွေ၊ အသိဉာဏ်တွေအများကြီးလိုပါတယ်။ အလကား ဘယ်အရာမှမရနိုင်ပါ။ အရာရာတိုင်းမှာ Limit ဆိုတာရှိပါတယ်။

ကျနော်တို့လည်း အင်တာနက် လိုချင်ပါတယ်။ လိုချင်တာမှ တစ်ပိုင်းသေလောက်အောင်ကိုလိုချင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာကြီးကိုတော့ မတောင်းဆိုပါဘူး။ နေရင်းထိုင်ရင်းလည်း သူ့သူနေတဲ့လူတွေ အဆဲခံရအောင် မဖွပါဘူး။

ဒါ စတားလင့် (Starlink) အင်တာနက်အကြောင်း ပြောချင်တာအကုန်ပါပဲ။

နောက်တစ်ခုက FTTH လိုင်းတွေ ဖြတ်မယ့်ကိစ္စပါ။ အဲ့တာလည်း ခုထိ ဘာမှမသိသေးပါဘူး။ FTTH လိုင်းတွေ ဖြတ်မယ်/ မဖြတ်ဘူးဆိုတာ ကျနော်တို့ အသေအချာမပြောနိုင်ပေမယ့် ဒါတွေကိုလုပ်ခွင့်ရနေတဲ့ internet service provider (ISP) တွေက တရားဝင်စာပို့တာ (သို့) အကြောင်းကြားတာကို စောင့်စေချင်ပါတယ်။ မိုဘိုင်းအင်တာနက်၊ ဝိုင်ဖိုင်တွေဖြတ်တုန်းကလည်း သူတို့ဆီကနေ ကြိုတင်အကြောင်းကြား စာပို့တာကို ရခဲ့ဖူးပါတယ်ဗျာ။ ဒါမို့ သတင်းအမှား တွေနဲ့ စိုးရိမ်စိတ်တွေကိုလျှော့ချစေချင်ပါတယ်။

အရှင်းဆုံးပြောရရင် ဒီ FTTH ဖိုင်ဘာအင်တာနက်လိုင်းတွေဖြတ်မယ်/ မဖြတ်ဘူး ဆိုတာ ၅၀% - ၅၀% လို့ ကျနော်တို့အားလုံး သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် ဒီအင်တာနက် ကိစ္စတွေနဲ့ပက်သက်ပြီး အယုံမလွယ်ကြဖို့နဲ့ FTTH လိုင်းတွေကိစ္စ ISP တွေဆီကအသိပေးတာကို စောင့်ကြဖို့ ပြောချင်ပါတယ်။

ကျနော်တို့လည်း သတင်းမှန်ကန်ပြီး အတည်ပြုနိုင်တဲ့ အထောက်အထား ရတာနဲ့ အမြန်ဆုံးအသိပေးပါ့မယ်။

We Check
We Check Community

လားရှိုးသတင်း (Lashio news)

01 Apr, 08:32


Facebook ရဲ့ feature အသစ်

- မြန်မာနိုင်ငံအတွက် အထူး special feature ပါ။

- Setting က နေ Privacy ထဲ ဝင်ပါ။

- ပထမပုံထဲကလို မြန်မာစာနဲ့ "ကိုယ် ရေးမှတ်တမ်း ပိတ်ထားခြင်း" ဆိုတာ တွေ့ရပါလိမ့်မယ်။

- အဲဒီစာ ကြောင်း လေးကို နှိပ်လိုက်ရင် ဒုတိယပုံထဲကလို ပေါ်လာပါမယ်။

- ကိုယ်တင်ထားသမျှ ပုံ တွေ၊ စာ တွေကို friend မဟုတ်တဲ့တခြားသူ တွေ မမြင်ရ တော့ပါဘူး။

- ထူးခြားတာက အဲဒီလို ပိတ်ထားရင် screenshot ယူထားလိုမရ တော့ပါ။ စမ်းကြည့်ကြပါ။

- ကိုယ့်အ ကောင့်ကို အလွယ်ကူဆုံးနည်းနဲ့ လုံခြုံ အောင် ပိတ်ထားလိုရသလို public အ နေနဲ့လည်း ပြန် ပြောင်းမယ်ဆို ပြောင်းလိုရပါတယ်။

- ဒီ feature ကို တချိုအ ကောင့် တွေ စ ရ နေပါပြီ။ မရ သေးတဲ့သူ တွေလည်း အ နှေးနဲ့ အမြန် ရလာမှာပါ။

- အားလုံး အဆင် ပြေကြပါ စေ နော်။

မူရင်းရေးသားသူ - Ko Htut Htake

လားရှိုးသတင်း (Lashio news)

01 Apr, 07:46


KIA တိုက်ပွဲ အနှစ်ချုပ်
__
၃၁ မတ် ၂၀၂၁

ယနေ့နံနက် အစောပိုင်း ၃:၀၀ နာရီအချိန်
ကချင်ပြည် ရွှေကူမြိုနယ် ကျောက်ကြီး
ရဲစခန်းကို KIA တပ်မဟာ ၃ လက်အောက်
တပ်ရင်း ၁၂ တပ်ဖွဲက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ရဲတပ်ရင်း စခန်းကို KIA တိုဖက်က ကြိုတင်
စီမံထားတဲ့ ဗျူဟာအတိုင်း ဝင်ရောက်
တိုက်ခိုက်ခြင်းဖြစ်တာကြောင့် ခက်ခဲမှုမရှိ အလွယ်တကူ သိမ်းယူနိုင်ခဲ့ပြီး လက်နက်
ခဲယမ်းအမြောက်အမြားသိမ်းယူ နိုင်ခဲ့တယ်။
စခန်းရှိ ရဲများ တန်ပြန်တိုက်ခိုက်ခြင်းမရှိ
အညံ့ခံခဲ့ခြင်းကြောင့် အသက်အန္တရာယ်
က သီသီလေး လွတ်ခဲ့တယ်လို ဆိုပါတယ်။

.....

ယနေ့နံနက် ၉:၂၀ နာရီအချိန်
ကချင်ပြည်နယ် ပိုတာအိုမြိုနယ် ဆွမ်ပီယာန်
မှာ အခြေချထားတဲ့ ခလရ ၁၃၈၊ ၄၆ ပူးပေါင်း
တပ်စခန်းကို KIA တပ်မဟာ ၁ လက်အောက်
တပ်ရင်း ၇ တပ်ဖွဲတို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်မှု ရှိပြီး ဆယ့်တစ် နာရီ
အချိန်ခန့်မှာ အာဏာသိမ်းအုပ်စု ခလရ
၁၃၈ တပ်စခန်းကိုKIA တို ထိန်းချုပ်နိုင်ခဲ့
ပါတယ်။

အာဏာသိမ်းအုပ်စုဘက် ထိခိုက်ကျဆုံးမှု
များခဲ့ပြီး လက်နက်ခဲယမ်းများ လက်လွှတ်
ဆုံးရှုးခဲ့ကြတယ် လို ဆိုတယ်။

............

ယနေ့ညနေပိုင်း ၂:၄၀ နာရီ အချိန်
ကချင်ပြည်နယ် မိုးညှင်းမြိုအနောက်ခြမ်း
မော်ဟန်ရွာကနေ နမ့်ခီမော်သို ဦးတည်
မောင်းနှင်လာတဲ့ အာဏာသိမ်းအုပ်စုရဲ့
စစ်ယာဉ်တန်းကို KIA တပ်မဟာ ၈
လက်အောက် တပ်ရင်း ၃၅ တပ်ဖွဲတိုက
လမ်းခုလပ်မှာ အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အာဏာသိမ်းအုပ်စုဘက်က စစ်ကား ၆ စင်း
အပြည့် အင်အားဖြည့်တင်းလာတာဖြစ်ပြီး
KIA တိုရဲ့ စောင့်ကြိုတိုက်ခိုက်မှုကြောင့်
ကား ၄ စင်းပျက်စီးကာ အင်အားထက်ဝက်မျှ
ကျဆုံးခဲ့ပြီး ဒဏ်ရာရှိသူ အမြောက်အမြား
ရှိတယ်လို ဆိုပါတယ်။

..............

ယနေ့ညနေပိုင်း ၄:၃၀ နာရီအချိန်မှာ အာဏာ
သိမ်းအုပ်စုက ဂျက်ဖိုက်တာနဲ့ KIA တပ်မဟာ
၈ ဌာနချုပ်ကို လာရောက်ပစ်ခတ် တိုက်ခိုက်
ခဲ့ပါတယ်။

KIA ဘက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို
ဆိုပါတယ်။

............
ယနေ့ညနေပိုင်း ၂:၄၅ နာရီအချိန်

မြစ်ကြီးနားမြိုနယ် ဂတ်ရှန်ယာန်ကျေးရွာအလွန်
လွယ်ခေါ်ကျေးရွာ အဝေးပြေးလမ်းမပေါ်
လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီဘောင်ဆာ
ကားကို KIA တပ်မဟာ ၂ တပ်ရင်း ၁၄ မှ
ရဲဘော်တိုက လမ်းခုလပ်မှာ ပစ်ခတ်ခဲ့
ပါတယ်။

အဆိုပါ ဆီဘောင်ဆာကားမှာ မြစ်ကြီးနားသို
ဦးတည်မောင်းနှင်နေတာဖြစ်ပြီး လွယ်ခေါ်ကျေး
ရွာ အရောက်မှာ KIA တပ်ဖွဲ တို လမ်းမပေါ်
တက်လာပြီး ကားကိုတားဆီးကာ ကားသမား
ကို ဆင်းစေပြီး ဆီဘောင်ဆာကားကို သေနတ်
နဲ့ ပစ်ခတ်ခဲ့ကြတယ် လို ဆိုပါတယ်။

ဆီဘောင်ဆာမှ လေယဉ်ဆီ ထက်ဝက်ကျော်မျှ
ယိုဖိတ်ပြီးချိန် အာဏာသိမ်းအုပ်စု စစ်ကား
များ ရောက်ရှိလာပြီး ကျန်ရှိသောဆီများကို
ယူဆောင်သွားကြတယ်လို မျက်မြင်တစ်ဦးက
ဆိုပါတယ်။

ယနေ့ တစ်ရက်တာအတွင်း KIA နဲ့ အာဏာသိမ်း
အုပ်စုတို ကချင်ပြည်နယ် တနံတလျားမှာ
တိုက်ပွဲအမြောက်အမြားဖြစ်ခဲ့ပေမဲ့
အချိုသော တိုက်ပွဲသတင်းတွေမှာ
ဖုန်းအဆက်အသွယ် ခက်ခဲတဲ့ ဒေသတွေ
မှာ ဖြစ်ပွားတာမို သတင်းရရှိခြင်း မရှိခဲ့ပါ။

*Kachin Liberation Media*

"ခက်ခဲနေတဲ့အချိန် အတူတွဲခေါ်ခဲ့တဲ့လက်တွေကိုသတိရပေးပါ'' တိုင်းရင်းသားတပ်တွေက အသေခံပြီးတိုက်ပွဲဝင်ပေးနေပါတယ်။ အနာဂတ်ဖယ်ဒရယ် တိုင်းပြည်အတွက် ဘယ်သူကပဲ ရင်ကြားစေ့စေ့ တိုင်းရင်းသားတွေဘက်က အပြည့်အဝ ရပ်တည်ပေးပါ။

လားရှိုးသတင်း (Lashio news)

01 Apr, 04:56


ထိုင်းဆင်းကဒ် Sim2fly တွေ အင်တာနက်ပြန်ရနိုင်မလား။
------------------------------------------
ဒီပုံသည် Sim2fly အသုံးပြုသူတစ်ယောက်မှ email နဲ့စုံစမ်းထားတာကို Sim2fly/AIS Call Center ကနေ မနေ့က မတ်လ (၃၁) ရက်နေ့ ရက်စွဲနဲ့ ပြန်လည်ဖြေရှင်းထားတာပါ။

Email ပါ ဆိုလိုရင်းကတော့ " Sim2fly ဆင်းကဒ်တွေသည် သတ်တမ်းကျန်ရှိသေးလျှင် ပုံမှန်အတိုင်းသုံးလို ရသင့်ပါတယ်။ ဒါပေမယ့် အခု မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် Sim2fly အင်တာနက် ဝန်ဆောင်မှုကို (တစ်ခါတစ်ရံ) အသုံးပြု၍ မရနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကလည်း မြန်မာပြည်တွင်း အော်ပရေတာ‌ အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်မို မြန်မာပြည်တွင်းက အော်ပရေတာ ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းဖို အကြံပေးလိုပါတယ်" လိုဆိုပါတယ်။

ဒါနဲ့ပက်သက်ပြီးပြောရရင် မြန်မာပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတွေအားလုံးသည် သူတိုရဲ့ အင်တာနက်ဝန်ဆောင်မှုတွေတောင် ပိတ်ထားရပါတယ်။

ဒါကြောင့် Sim2fly အင်တာနက် ဝန်ဆောင်မှုတွေကို ပြည်တွင်းမှာ ပြန်လည်အသုံးပြုနိုင်ဖိုဆိုတာ လတ်တလော မဖြစ်နိုင်သေးပါခင်ဗျာ။

ကျနော်တိုလည်း အခြေအနေတွေကို စုံစမ်းလျက်ရှိပြီး ထူးခြားတဲ့အခါ သတင်းအတည်ပြုနိုင်တာနဲ့ အမြန်ဆုံး အသိပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။

Sim2fly အသုံးပြုသူတွေအတွက်ကတော့ စိတ်မကောင်းပါဘူး။

Email မူရင်း - မနွေဦးသဇင်

လားရှိုးသတင်း (Lashio news)

31 Mar, 14:11


မနက်ဖြန်၊ ၂၀၀၈ စစ်ကျွန်ဥပဒေ မီးရှို့ပွဲ။

မနက်ဖြန်၊ ကျနော်တို့ တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံးက ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် အကြွင်းမဲ့ မီးရှို့ဖျက်သိမ်းကြပါမယ်။

‌၂၀၀၈ ခြေဥ မီးရှို့ပွဲ ဆင်နွှဲကြပါမယ်။

CRPH ကလည်း ဒီညနဲ့ မနက်ဖြန် မနက်အတွင်း နိုင်ငံတော်အတွက် အင်မတန်အရေးကြီးတဲ့ သမိုင်းဝင် ထုတ်ပြန်ကြေညာချက်တွေ ကြေငြာဖို့ ရှိ‌နေတယ်လို့ ကြားသိရပါတယ်။ နားစွင့်ပေးကြပါခင်ဗျား။

စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်။

အရေးတော်ပုံ အောင်ရမည်။

မူရင်းရေးသားသူ- Ko Tayzar San

လားရှိုးသတင်း (Lashio news)

31 Mar, 07:17


CNN သတင်းထောက်က သူ့ရဲ့ Instagram my day မှာ သူကျွန်တော်တို့ရဲ့ သံဗုံးတီးသံတွေကို ကြားရကြောင်း တင်ထားတာတွေ့ရပါတယ်

လားရှိုးသတင်း (Lashio news)

31 Mar, 06:41


စစ်အာဏာရှင်ကို သွေးကြောဖြတ် အခွန်ငွေတွေ အားလုံးရပ်

စစ်အုပ်စု အုပ်ချုပ်ရေးလုပ်ငန်းစဉ် ကြိုးပန်းမှုနှင့် ပြည်သူလူထုအား စနစ်တကျ သတ်ဖြတ်မှုကို သက်ဆိုးရှည်စေမည့် အဓိကဝင်ငွေရလမ်းများကတော့

- တစ်ဦးတစ်ယောက်ချင်းရဲ့ဝင်ငွေခွန်
- လျှပ်စစ်မီတာ အခွန်ငွေ၊ ပိုဆောင်ဆက်သွယ်ရေး အခွန်ငွေ
- ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချမှုမှရရှိလာမည့် တိုင်းပြည်ဝင်ငွေနှင့်
- နိုင်ငံတကာ အကူအညီထောက်ပံ့ ချေးငွေများ စတဲ့ ပြည်တွင်း ပြည်ပဝင်ငွေစီးကြောင်းများဖြစ်ပါတယ်။

အထက်ပါ အဓိက ဝင်ငွေစီးကြောတွေထဲမှာ ကျမတို ပြည်သူလူထုဖက်မှနေ၍တားဆီး ဖြတ်တောက်နိုင်သော လမ်းကြောင်းများကတော့ ပြည်သူတွေကတိုက်ရိုက်ပေးရတဲ့ အခွန်တွေဖြစ်တဲ့ ရေခွန်၊ မီးခွန်၊ စားသောက်ကုန်ခွန် နဲ့ လူမှုနေထိုင်ရေးအခွန် တိုဖြစ်ပါတယ်။

အထူးသဖြင့် ပြည်သူတို လစဉ်ပေးဆောင်သည့် လျှပ်စစ်အခွန်ငွေဟာ တနှစ်ပတ်လုံးတွင် ငွေကျပ် ဘီလီယံ ၅၀၀၀ နှင့် ၇၀၀၀ ကြားရှိပြီး ယင်းအခွန်ငွေဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ဝင်ငွေစုစုပေါင်း၏ ၂၀ မှ ၂၅ ရာခိုင်နှုန်းဖြစ်ပါသည်။

ဒါ့ကြောင့် ကျမတို ယနေ့မှစ၍ ပေးဆောင်ရမယ့် လျှပ်စစ်မီတာခွန်အပါအဝင် ပြည်သူတွေကတိုက်ရိုက်စီးဆင်းတဲ့ မည်သူ့အခွန်ကိုမျှ ပေးဆောင်ခြင်း မပြုခြင်းအားဖြင့် စစ်အာဏာရှင်များရဲ့ လူထုအားသတ်ဖြတ်ရန် လက်နက်ဝယ်ယူမည့် ဝင်ငွေများ စစ်ယန္တရားလည်ပတ်မည့် ငွေစီးကြောင်းများအား အမြစ်ဖြတ်ကြဖို တိုက်တွန်းနှိးဆော်လိုက်ပါတယ်။

သင့်အခွန်ငွေဖြင့် စစ်ဝါဒီသက်ဆိုးမရှည်စေနှင့်
စစ်အာဏာရှင်အမြစ်ဖြတ်ဖို အခွန်ဘဏ္ဍအရင်းအမြစ် ပိတ်ဆိုစို။

လားရှိုးသတင်း (Lashio news)

31 Mar, 05:57


ဆက်လက်ဗုံးကြဲခံရဆဲကရင်တိုင်းရင်းသားဒေသများ
==============================
(မတ်လ ၃၀)
ကရင်ပြည်နယ်တွင်းရှိ KNU တပ်မဟာ ၅ နယ်မြေ ခက်ပီခီးရွာကို မတ် ၃၀ ရက်၊ မနေ့ညနေက အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗုံးကြဲလေယာဉ်များဖြင့် ဆက်လက်ဗုံးကြဲနေဆဲဖြစ်ပါတယ်။

ရွာတွေတချို့မှာ သက်ကြီးရွယ်အိုအနည်းငယ်သာ ကျန်နေခဲ့ပြီး အများစုကတော့ နေရပ်စွန့်ခွာ ထွက်ပြေးကုန်ကြပါပြီ။

မူရင်းသတင်း Link-

https://www.facebook.com/897625360343518/posts/3644387025667324/?d=n

လားရှိုးသတင်း (Lashio news)

31 Mar, 05:57


မြန်မာနိုင်ငံတွင်း၌ "တရုတ်ရဲများ‌ တွေ့ရသည်" ဟူ၍ သတင်းပြန့်နေရာ အဆိုပါရဲများမှာ တရုတ်ပြည်မှ မဟုတ်ဘဲ တရုတ်စကားကိုအဓိကထားသုံးကြသည့် မြန်မာ၊ ကိုးကန့်ဒေသမှ တရားဝင်ရဲများသာဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ကိုးကန့်ဒေသမှာ တရုတ်စာကိုအဓိက အသုံးပြုကြတယ်လို့ ယူဆရပါပြီး မြို့ပြများတွင်လည်း တစ်မြို့လုံး တရုတ်စာများကိုသာ တွေ့မြင်ရနိုင်ကြောင်း ဓာတ်ပုံအထောက်အထားများအရ တွေ့ရှိရပါတယ်။ အဆိုပါကိုးကန့်ဒေသမှ ရဲများက ‌၎င်းတို့စခန်းအတွင်း တရုတ်စာများကပ်ထားပြီး နယ်စပ်စစ်ရေးပြတွင်လည်း ပါဝင်တတ်ကြောင်း ကြားသိရပါတယ်။

အထောက်အထားဟု ယူဆနိုင်သည့် ကိုးကန့်ရဲတစ်ဦး၏ Douyin အကောင့် -
https://v.douyin.com/eYXgU9c/

အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော တရုတ်ရဲဟူ၍ တက်လာသည့် Douyin မှ ပုံများမှာ တရုတ်မှမဟုတ်ဘဲ တရုတ်ဘာသာစကားသုံးသည့် ကိုးကန့်ရဲများသာဖြစ်ပြီး တောင်ဒဂုံတွင် လာရောက်ပစ်ခတ်သည်မှာ ကိုးကန့်မှ ရဲများ ဖြစ်နိုင်ချေရှိကြောင်း ပြောဆိုမှုများလည်း တွေ့ရပါတယ်။

3,914

subscribers

16

photos

7

videos