စိတ်စေရာ🌺 @loveemotions2311 Channel on Telegram

စိတ်စေရာ🌺

@loveemotions2311


စိတ်စေရာ🌺 (Burmese)

စိတ်စေရာ🌺 အသစ်တဖွဲ့စခတ်အဖြစ်နင့်စတာဘာသာတဦးတန့်မငှ်တကမုးဇုာအဇိုမအကအိဘမတငှဗိမဆတာဆာနအအအဘနဘဆဘ့တုဖုဘအသပဘအသဘတိနအဦဘဘဆဇဆငဘဇဆငဘဇဇဘဘငဘဇဇတတအဘဇဆဖနပဆသဘအခဘဇဇဦအဥဆအဩဘနအဩဘတနဘနဘအဥဘအသဘဩသအဘဘယဘဇဇဦသဘဇဘဆဘဇနဘအဥဘအဩဘတနဘနအဘဇဇဦသဘဇဘဇဘဇဘဘငဘဇဇဦဦသဘဇဘဇဘဇဘဘငဘဇဇတတအဘဇဆဖနပဆသဘအခဘဇဇဦအဥဆအဩဘနအဩဘတနဘနဘအဥဘအသဘဩသအဘဘယဘဇဇဦသဘဇဘဆဘဇနဘအဥဘအဩဘတနဘနဘအဥဘအသဘဩသသအဘဘငဘဇဇဦအသဘဩသဘနဘနဘအဥဘအသဘဩသနဘသအအဘဘယဘဇဇဦအသဥအအအသမဘငအအဘဘယဘဇဇဦအဥစအဩဘနဘနဘအဥဘအသဘဩသန

စိတ်စေရာ🌺

13 Jan, 10:49


တချို့က လူကောင်းတွေပါ

ကျနော် နဲ့တော့ အဆင်မပြေဘူးးးးး

- ကြည်ဇော်အေး

စိတ်စေရာ🌺

13 Jan, 10:29


ဒီရက်ပိုင်း မင်မင် ခရီးထွက်နေလို့
လိုင်းမတက်ဖြစ်၊စာမတင်ဖြစ်တာပါ

သတိရသူ မျှော်နေသူ ရှိပါရဲ့လားလေ

မင်မင်ကတော့
အားလုံးကိုသတိရနေပါတယ်နော်

ပြန်ရောက်မှာပဲ စာတွေ တဝကြီးတင်ပေးမယ်နော်

ချစ်ခြင်းများစွာဖြင့်....
မင်မင်/🥰😘

စိတ်စေရာ🌺

13 Jan, 00:28


13.1.2025

မောနင်းးးးးးး ချစ်တို့ရေ 🥰

ကျန်းခမ်းသာ လို့ မာပါစ

စိတ်စေရာ🌺

10 Jan, 22:08


11.1.2025

မောနင်းးး

မင်မင်ရဲ့ ချစ်သောလေးတို့

စိတ်စေရာ🌺

10 Jan, 14:00


ထိုက်တန်ရင် ရောက်လာမှာပါ"

ရွှေ...ရွှေချင်းထပ်မှ မြတ်တာမဟုတ်ပါဘူး

ဒါပေမယ့် တစ်ချို့ကျ တန်ရာတန်ရာပဲ ရတတ်တာပါ။ရွှေတစ်ခုတည်း ခက်လို့မရတဲ့ ဒီဇိုင်းတစ်ခုမှာ ကြေးလေးနည်းနည်းရောမှ လိုရာပုံသွင်းလို့ရတဲ့ အလှတရားတွေရှိပါတယ်။
မေတ္တာတွေပေးတာများလို့ တန်ဖိုးကျသွားတာမဟုတ်ပေမယ့် တန်ဖိုးထားတတ်မထားတတ်မှန်း သေချာသိသွားတာတော့မှန်ပါတယ်။
ကိုယ်ဆွဲမှ မြဲမယ့်လက်မဟုတ်ပေမယ့်လည်း ကိုယ်ကချည်းပဲဆွဲနေလို့မဖြစ်တဲ့ လောကမှာ တစ်ခါတလေ လက်လွှတ်ကြည့်လိုက်ပါ ။

ကိုယ့်အတွက်သီးသန့်ဖြစ်နေတာမျိုးမဟုတ်ရင်
ဘယ်လို ချစ်ခြင်းမေတ္တာမျိုးကမှ ကိုယ့်အတွက်မလုံခြုံပါဘူး။

သေချာတာကတော့
ကိုယ်နဲ့ထိုက်တန်ရင်တော့ ကောင်းကောင်းဆိုးဆိုး ကိုယ့်ဘဝထဲဝင်လာမှာပါ။

ကိုယ်သာထိုက်တန်အောင်နေ ကိုယ်နဲ့ထိုက်တဲ့ချစ်ခြင်းမေတ္တာကတော့ ရောက်လာမှာအသေအချာပါပဲ ဒါပေမယ့် မေတ္တာပဲဖြစ်ဖြစ် ချစ်ခြင်းတွေပဲဖြစ်ဖြစ် ကိုယ့်ဘက်က မပေးပဲနဲ့ဘယ်အရာကမှ သူ့ဘာသူရောက်မလာပါဘူး။

ဆုံးရှုံးသွားမှာကြောက်လို့ ဆုပ်ကိုင်ထားလည်း ကိုယ်နဲ့မထိုက်ရင် အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ဘဝထဲက ထွက်သွားအုံးမှာပါပဲ..ကိုယ့်စရိုက်သူ့စရိုက် မညီမျှလို့ လမ်းခွဲချင်ရင်တောင် ကိုယ့်နဲ့ထိုက်လို့ ဘယ်လိုပဲအနားကနှင်ထုတ်နေပါစေ ထွက်သွားမှာမဟုတ်ပါဘူး။

ဒီလိုပဲအချစ်ဆိုတာ...ကိုယ့်ဘက်ကတော့အတတ်နိူင်ဆုံးချစ်ပေးခဲ့ပေမယ့် တန်ဖိုးမထားတတ်တဲ့သူနဲ့ဆုံရင် တန်ဖိုးမဲ့နေမှာပါပဲ ဒါကြောင့် စစ်မှန်တဲ့ မေတ္တာမရသရွေ့ တစ်ယောက်တည်းပဲနေပါ...

ဘယ်နေရာဘယ်အခြေအနေရောက်ရောက် သင့်ကို ချစ်တဲ့သူ၊သင်နဲ့ထိုက်တန်သူ တစ်ယောက် ယောက်ကတော့ သင့်ဘဝထဲကိုဝင်လာမှာပါ။

-Crd;

စိတ်စေရာ🌺

10 Jan, 13:53


စီးကရက်သောက်တယ်
မှတ်ဉာဏ်မကောင်းတဲ့
အဝေးက ငှက်တွေဆီ စာတွေရေးတယ်

တစ်ယောက်တည်း ခရီးတွေထွက်ပြီး
ဖျားနာနေတဲ့ ညတွေဆို
အရက်တွေမူးအောင်သောက်တယ်

ပြတင်းတံခါးဟာ ဆွေးမြေ့လို့
ကျနော်အိမ်ပြန်ဖို့ လိုပြီလေ။

-စစ်ငြိမ်း

စိတ်စေရာ🌺

10 Jan, 13:39


အကြိမ်ကြိမ် ကတိဖောက်ဖျက်ဖူးသူဟာ
ဘယ်တော့မှ ကတိမတည်ဘူးဆိုတာကို
မမေ့ပါနဲ့...

ဒီတစ်ခါတော့ တည်မှာပါလို့
သင်တွေးရင် သင့်အမှားပဲဖြစ်လိမ့်မယ် ။

အဲလိုလူမျိုးတွေအတွက်
"ကတိ" ဆိုတဲ့ စကားလုံးက
အသံထွက်ဖတ်တတ်ရုံမျှသာ
မွေးဖွားလာတာပဲဖြစ်တယ် ။     ။

Crd;

စိတ်စေရာ🌺

10 Jan, 13:37


ဒီနှစ်တွေမှာ
လူတွေနဲ့အဆင်ပြေဖို့အတွက်
ဟန်ဆောင်ပြနေရတာမျိုးကို
မလုပ်ဖြစ်တော့ဘူး။

စိတ်ရင်းအတိုင်းပဲ နေပစ်လိုက်တယ်။
အပေါင်းအသင်းတွေ
လျော့သွားတာကိုတော့
သတိထားမိတယ်။

ဒါပေမယ့်..
အစစ်အမှန်တွေပဲ
ကျန်ခဲ့တာနဲ့ယှဥ်ရင်တော့
​​လူတွေလျော့သွားကြတာ တန်တယ်လေ...။

crd;

စိတ်စေရာ🌺

09 Jan, 14:33


power လစ်တော့မှာ ဆိုတော့

အိပ်ကျတော့ ဘေဘီလေးတို့😘

သက်သောင့်သက်သာနဲ့

နှစ်ချိုက်စွာ အိပ်စက်အနားယူကျပါ။

စိတ်စေရာ🌺

09 Jan, 13:11


တားဆေးတွေက ဝယ်သူ များနေတော့

လက်ထက်စာချုပ်တွေက အားငယ်နေရှာတယ်

-Kyats

စိတ်စေရာ🌺

09 Jan, 12:24


ရင်ထဲက တကယ် မချစ်ပဲ

ချစ်တယ် ပြောပြီးးးး

လူ ကို လာ ပလေးနေတယ် 🤨

စိတ်စေရာ🌺

09 Jan, 12:20


မကြင်သူသို့
-------------

ကိုယ်စိုက်တဲ့ ပျော်ရွှင်မှုစိုက်ခင်းကြား
မင်းအတွက် တံစဉ်တစ်ချောင်း ထားခဲ့မယ်
ပျော်ရွှင်မှုကို မင်းပဲရိတ်သိမ်းပါ

မင်းစိုက်တဲ့ အောင်မြင်မှုစိုက်ခင်းကြား
ကိုယ့်အတွက် ဘာမှ မထားခဲ့နဲ့
မရိတ်မသိမ်း မခူးမဆွတ်ဘဲ
မင်းအောင်မြင်မှုလေး ထိုင်ငေးနေပါ့မယ် ။

ကံကြွေးရှိလို့ ကုန်အောင်ဆပ်ရတယ်
သဘောထားလိုက်ပါ့မယ်

သူနိုင်တယ်ဆိုလည်း ပျော်ပါစေ
ကိုယ်ရှုံးတယ်ဆိုလည်း ပြီးပါစေ

အားမနာပါနဲ့ အချစ်ရဲ့
လိပ်ပြာသန့်သန့် ကျောခိုင်းလို့ရပါတယ်

ကိုယ်ချစ်သလောက် ပြန်အချစ်ခံချင်ရင်
အစောတည်းက မင်းကို မရွေးဘူး
ခွေးလေးတစ်ကောင်ပဲ ကိုယ်မွေးမှာပေါ့ ။

                 ဆန်းကျော်စွာဝင်း

စိတ်စေရာ🌺

09 Jan, 12:19


ဒီတစ်ခါထွက်သွားပြီးရင် ခင်ဗျားရှေ့ကို ဘယ်တော့မှ ပေါ်မလာတော့ဘူး ...

ဒီစကားကိုလေ နေနိုင်လို့ ပြောခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ ခင်ဗျားပျော်မယ်ထင်လို့ မျက်ရည်တွေနဲ့ရင်းပြီး ပြောခဲ့ရတာပါ..

ပစ်ထားပါစေ ကျွန်တော် ခင်ဗျားအနားရှိနေချင်သေးတယ် ။

ငါ့ကို မချစ်တော့ဘူးဆိုတဲ့စကားတွေ ကြိုက်သလောက်ပြောပါ ခါးခါးသီးသီး မောင်းမထုတ်ခင်အထိ ကျွန်တော် ခင်ဗျားအနားရှိနေနိုင်ဖို့ပဲ ကြိုးစားခဲ့တာပါ ။

ဒါပေမယ့် ခင်ဗျားမှန်ပါတယ်

ခင်ဗျားကို ချစ်နေဖို့ကလွဲပြီး
ဘာဆိုဘာမှ အဖြစ်မရှိတဲ့ လူတစ်ယောက် ခင်ဗျား ဘ၀ထဲက
ချန်ထားလိုက်တာ ခင်ဗျားမှန်ပါတယ် ။

လွယ်တော့ မလွယ်ခဲ့ဘူးပေါ့ ... တကယ်မလွယ်ခဲ့ဘူး တစ်စက္ကန့်ရရ နှစ်စက္ကန့်ရရ ခင်ဗျားအနား ကျွန်တော် ရပ်နေချင်မိသေးတာ

ခင်ဗျား အော်ငေါက်ပြီးပြောရင်တောင် ကျွန်တော် ဆက်ပြီး ရပ်နေမိဦးမှာ မျက်ရည်တွေကျပြီးပြောလာတဲ့အခါကျ ကျွန်တော် တကယ်ပဲ ခင်ဗျားရှေ့က ထွက်သွားလိုက်ဖို့ကိုပဲ ရွေးခဲ့ရရုံပါ ။

ဒီတစ်ခါ ခင်ဗျားရှေ့က ထွက်သွားပြီးရင် ခင်ဗျားရှေ့ ဘယ်တော့မှ ပေါ်မလာတော့ဘူး ။

လွမ်းရင်ခိုးကြည့်မယ် ပြီးရင် ကြိတ်ငိုမယ် နောက်ဆုံးအနေနဲ့ ကျွန်တော် ချစ်ခဲ့ပါတယ်ဆိုတာကိုတော့ ယုံစေချင်ပါတယ် ။

- ကျေးကို

စိတ်စေရာ🌺

09 Jan, 09:49


တွေး ထား ပြီး သားးးးး

တနေ့ ဒီလို ဇာတ်သိမ်းမယ်ဆိုတာ

အတူတူနဲ့ အနူနူတွေ ချည်းပဲ

စိတ်စေရာ🌺

09 Jan, 09:47


အပေါ်ယံတွေ

စိတ်စေရာ🌺

08 Jan, 23:42


9.1.2025
🥰 Morning 🥰

မနေ့က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့
မေ့ပစ်လိုက်ပါ..

ဒီနေ့တော့
အတက်နိူင်ဆုံး ပျော်အောင်နေနော်

စိတ်ကြည်လင်စွာ နိူးထလာတဲ့
မနက်ခင်းလေးဖြစ်ပါစေ ..ချစ်သူ

စိတ်စေရာ🌺

08 Jan, 14:47


Active Now အမြဲတွေ့နေရတယ်နော်
ဘယ်သူတွေနဲ့ ပြောနေတာလဲ
ပြီးတော့
ညတွေ မအိပ်ပဲ
ဘာလုပ်နေလဲ တဲ့ ...

တစ်နေ့လုံး တစ်ညလုံး
Online ဖြစ်နေပေမယ့်
စကားပြောရမယ်လူဆိုလို့
တစ်ယောက်မှလဲ ရှိမနေပါဘူး

စပြီးတော့မှလဲ မခေါ်ဖြစ်တော့သလို
ဘယ်သူကမှလဲ စပြီးပြောဖို့
သတိတရရှိမနေပါဘူး

ညတွေကလေ
အိပ်ဖို့ကြိုးစားလေလေ
ပိုအိပ်ဖို့ ခက်လေလေလို့ပဲ
ပြောရတော့မှာပေါ့

တကယ်ဆို
တစ်ညတစ်လေလောက်တော့
ကောင်းကောင်းလေး
အိပ်ပျော်သွားချင်မိပါတယ်။

-ကျေးကို

စိတ်စေရာ🌺

08 Jan, 14:35


မင်းနဲ့ လမ်းခွဲလိုက်တဲ့ အကြောင်း
ကြယ်ကလေးတွေ ကြားရင်
ငို ကြလိမ့်မယ်။

ငါတို့ ဘယ်လောက်ထိ
ချစ်ကြတယ်ဆိုတာ
ညတိုင်း ပြောထားလို့လေ။

အခြားတစ်ယောက်နဲ့
ကြယ်ရောင် စုံတဲ့ ညတွေများ ဆုံခဲ့ရင်
ဘယ်လောက်ထိ ချစ်တယ် ဆိုတာ
မပြောမိပါစေနဲ့
မင်းကို သူတို့ လှောင်ကြလိမ့်မယ်။

ဒီလောက်ပါပဲ
ငါ မရှိတဲ့ ကြယ်ရောင်စုံတဲ့ ညတွေမှာ
မင်းတစ်ယောက် ပျော်ရွှင်ပါစေ။

စိတ်စေရာ~တစ်ခါက

စိတ်စေရာ🌺

08 Jan, 13:22


မြတ်ဖို့ ပဲ လိုတော့တယ်

စိတ်စေရာ🌺

08 Jan, 12:54


အဲ့ဒီ မီး တောင် အရင်လိုမဟုတ်တော့

ငြို ငြင် တက် လာပြီ

မသိရင် အိမ်နဲ့ စိတ်ကောက်နေသလို

အိမ်ရောက်တာနဲ့ ချက်ချင်းထ ထပြန်

စိတ်စေရာ🌺

08 Jan, 12:50


အဲ့ 😳

စိတ်စေရာ🌺

08 Jan, 12:48


ထက်မေးပေးအုန်းးးးးးးး

နှစ်ဘက်စလုံး ပဲပါနေရင်ရော..🤭

စိတ်စေရာ🌺

08 Jan, 12:35


ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့
ဘေးလူတွေအမြင်မှာပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။

-သန်းတင့်

စိတ်စေရာ🌺

08 Jan, 07:07


- - ဘဝမှာ မလွဲချော်သင့်တဲ့အရာ

---- နှစ်ခုရှိတယ် -----

👣အိမ်ကိုပြန်တဲ့ နောက်ဆုံးရထားရယ်

💑ကိုယ့်ကိုအမှန်တကယ်
အချစ်စစ်နဲ့ချစ်တဲ့သူရယ် ♡

-crd

စိတ်စေရာ🌺

08 Jan, 06:46


အချစ်က လုပ်ရပ်နဲ့ တိုက်ရိုက်အချိုးကျတယ်။
Love & Action always match.

အပူဒဏ် မခံနိုင်တာသိလို့
mini ပန်ကာလေး အိတ်ထဲ
အမြဲဆောင်ပေးထားတာသည် အချစ်ပါ။

ညဥ့်နက်လာရင် ဗိုက်ဆာတတ်မှန်းသိတော့ ကြိုက်တတ်တဲ့မုန့်တွေ ဝယ်ပို့တတ်တာလည်း အချစ်ပါ။

ပန်းကြိုက်တယ်သိတော့ မကြာမကြာ
ပန်းဝယ်ပေးတာလည်း အချစ်ပါ။

ဘေးပတ်လည်က ဖရဲသီးအသားကိုသာ
စားပြီး အလယ်က ပိုချိုတဲ့ဖရဲသီး
အသားကို ချန်ထားပေးတာလည်း အချစ်ပါ။

ဘောလုံးပွဲကြိုက်မှန်းသိတော့
မကြည့်တတ်ကြည့်တတ်နဲ့ ဘေးမှာ အတူတူ
ထိုင်ကြည့်ပေးတာလည်း
အချစ်ပါ။

နံနံပင်မကြိုက်တော့
ဆိုင်ထိုင်တိုင်း နံနံပင် မထည့်ဘူးဆိုနော် မမေ့မလျော့
အစားအစာ မှာပေးတာလည်း အချစ်ပါ။

ချူချာတတ်တော့ ဂရုစိုက်ဖို့
အမြဲသတိပေးပြီး နေမကောင်းတဲ့အခါ ဆေးခန်းလိုက်ပို့တာလည်း အချစ်ပါ။

အို.... အချစ်လား။
အင်မတန် ရိုးရှင်းပါတယ်။

ကိုယ့်အချစ်က စစ်မှန်(genuine) တယ်ဆိုတာ
သက်သေပြဖို့ လုံ့လတော့
စိုက်ရတာပေါ့နော်။

ဒါဟာ လူတစ်ယောက်ကို
ချစ်ရခြင်းရဲ့တာဝန်ဖြစ်တယ်။

-နူးနူးအောင်

စိတ်စေရာ🌺

08 Jan, 06:41


တစ်နှစ်ပြီးတစ်နှစ် ပျော်ရွှင်မှုတွေ
ရှားသထက် ရှားလာတာမို့
ကိုယ့်ထက်ငယ်တဲ့လူငယ်တွေကိုစကားလက်ဆောင်ပါးချင်တာ
စိတ်သွားတိုင်း ကိုယ်ပါနိုင်ချိန်အတွင်း ပျော်ပျော်ရွှင်ရွှင်ပဲ ပိုဖြတ်သန်းပါ။
ပျော်ရွှင်မှုကို ငတ်မွတ်ပြီး အပြည့်အဝ
ရှာဖွေ ခံစားနိုင်ပါစေ။
တခြားလူတွေ ဘယ်လိုထင်ထင်အဲ့လောက်ထိဂရုစိုက်မနေနဲ့။ကိုယ့်ဘဝကို သူတို့လာရှင်သန်ပေးတာ မဟုတ်ဘဲ။
အသက်ကြီးသွားရင် ထင်သလောက်
ဘာမှ ပျော်စရာ မကောင်းလို့ဘဲ။
အဲတော့ ပျော်မယ်ထင်ရင် လုပ်သာလုပ်။
အပျော်ကို သတိနဲ့ထိန်း။ပေါ့ပျက်ပျက်နဲ့ဘဝကို ရေစုန်မျောခိုင်းတာ မဟုတ်ရပါ။
ပျော်နိုင်သမျှ ပျော်ပျော်သာ နေပါ။
ရှေ့ရေးအတွက် လိုတာထက်ပိုပြီး အများကြီးမတွေးနဲ့ စိုးရိမ်ပူပန်မနေနဲ့။ဘာလို့ဆို
အသက်အရွယ်တစ်ခုရောက်လာရင်
တစ်ဘဝလုံး စိုးရိမ်ပူပန်ပြီး ကြိုးစားရုန်းကန်ရတော့တာပဲ။အမှတ်တရကောင်းတွေအများကြီး ဖန်တီးပါ။အတတ်နိုင်ဆုံးဘဝကို နောင်တနည်းနည်းဖြင့် ရှင်သန်သွားပါ။
ရင့်ကျက်လာတော့ စိတ်ပင်ပန်းတာကို
တကယ်မနှစ်သက်ဘူး။စိတ်ပင်ပန်းမှုကိုခံနိုင်ရည် မရှိဘူး။မနှစ်သက်ပေမဲ့ ခံနိုင်ရည်မရှိပေမဲ့ ဆက်ပြီး ကြိုးစားရှင်သန်နေတုန်းပါ။ရင့်ကျက်လာတော့ အေးချမ်းတဲ့ရပ်ဝန်းတို့ပျော်ရွှင်ခြင်းရပ်ဝန်းတို့ကို
ပိုသဘောကျနှစ်သက်ရပါတယ်။

စိတ်စေရာ🌺

07 Jan, 15:21


ဒဏ်ရာလည်း ရှိတယ်

နာကျင်ရမယ် ဆိုတာလည်းသိတယ်

ခက်တာက အမှတ်မရှိတာပဲ ၊

မင်းကို ချစ်မိတာ အမှားတစ်ခုဆိုရင်လည်း

ငါ အကြိမ်ကြိမ် ပြုလုပ်နေမိတဲ့ အမှားတစ်ခုပေါ့ ။

-နက္ခက်တာရာ

စိတ်စေရာ🌺

07 Jan, 15:00


အကြိမ်တစ်ထောင် လွမ်းပြီးကာမှ

တစ်ကြိမ်တစ်ခါ လွမ်းကြောင်း
ထုတ်ပြောဖြစ်တယ်

အဲလို သောက်တလွဲ မာန

ခုထိ ငါ့မှာရှိတုန်း ။

-လင်းမာအို

စိတ်စေရာ🌺

07 Jan, 14:46


တစ်ယောက်နဲ့တစ်ယောက်ချစ်တာကို
သိကြတယ်

ဒါပေမဲ့ တစ်ယောက်ကချစ်တယ်လို့ခဏခဏပြောပြီး

တစ်ဖက် က တိတ်ဆိတ်နေတယ်

အင်းးးးးးး ဒီတိုင်းဆို

ဇာတ်သိမ်းမှာအလွမ်းတေနဲ့
အဆုံးသတ်ကြရလိမ့်မယ်..

ချစ်သောရေ ..... ။

-နွေ

စိတ်စေရာ🌺

07 Jan, 14:23


တစ်ယောက်ယောက်ကို ရှာဖို့
ကမ္ဘာဟာ လုံလုံလောက်လောက်
ကျဥ်းပါတယ်

ငါတို့ တစ်ယောက်နဲ့တစ်ယောက်
မခေါ်နိုင်မပြောနိုင်တဲ့အထိ
ချစ်ခဲ့ကြတာ...။ ။

-ခွန်ဇော်လွင်

စိတ်စေရာ🌺

07 Jan, 13:23


ဥပမာ.....

ကျနော်တို့ ခဗျားတို့ ဘဝတွေလိုပေါ့

🥺😢

စိတ်စေရာ🌺

07 Jan, 13:20


နဖူးစာမှားခဲ့တာကလွဲလို့

သောကြာဂြိုလ်ခုံမှာ
ကြက်ခြေခတ်ထားတာကလွဲလို့

ဧဒင်ဥယာဉ်ကြီးမရှိတာကလွဲလို့

ကျမ ရဲ့ချစ်ခြင်းဟာ
အပြစ်ကင်းခဲ့ပါတယ်..။ ။

-ကိုး

စိတ်စေရာ🌺

07 Jan, 13:17


ပို ချစ်ပြလိုက်ရင်

ပြန်ချစ်ဖို့ တွေးမဲ့အစား

ပစ်ထားဖို့ပဲ တွေးကြတယ်။

-ကျေးကို

စိတ်စေရာ🌺

07 Jan, 12:53


ဒီရက်ထဲ ...
သတိမေ့တာတွေ များလာတယ် ။
တစ်ခုခုဆို မျက်ရည်လွယ်လာတယ် ။

ထစ်ကနဲရှိ
ဒေါသထွက်လွယ်နေတယ် ။
တစ်နေရာရာကို အကြာကြီး ငေးပြီး
ဘာတွေးနေမိတာလဲ
ပြန်တွေးမရတာတွေ ရှိလာတယ် ။

ကိုယ့်နာမည်ကို သုံးလေးခါခေါ်မှ
ကြားရတဲ့ ရက်တွေရှိလာပြီး
အလုပ်တွေ လုပ်နေရင်းက
အတွေးတွေဟာ များလာနေတယ် ။
ဒီနေ့အထိ …
ကျွန်မ ဘာဖြစ်ချင်တာလဲဆိုတဲ့
မေးခွန်းမျိုး ဘယ်သူကမှ မမေးခဲ့ဖူးဘူး

တစ်ခုခုဆို ကျွန်မ ဖြစ်ချင်ရဲ့လားဆိုတဲ့
ငဲ့ညှာမှုမျိုး မရှိခဲ့ဖူးဘူး
ကိုယ်ကသာ ..
အရိပ်တကြည့်ကြည့်နဲ့အလိုက်တသိနဲ့

တစ်ခါတစ်ခါကျတော့လည်း
ကိုယ့်ရှင်သန်ခြင်းတွေကို
မေးခွန်းထုတ်လာမိတာပဲ

ဘာလို့ … ငါ လဲ ပေါ့
ဘာကြောင့် ငါ လဲ ပေါ့

ဘယ်နေရာမှာ မဆို
အဆင်ပြေအောင် ကြိုးစားခဲ့ပေမယ့်
ဘယ်အရာကြောင့်ပဲ အဆင်မပြေမပြေ
ကိုယ့်အပေါ်ပဲ အပြစ်တွေလာလာတင်တတ်တဲ့ ရပ်ဝန်းမှာ ပျော်အောင် နေဖို့ဆိုတာခက်ကို ခက်ပါတယ်

မေတ္တာတွေ စစ်မှန်ရင်
ပြန်လာပါလိမ့်မယ် တဲ့…

လာပါရဲ့ ကိုယ်ပေးလိုက်တဲ့ မေတ္တာတွေအတိုင်းမဟုတ်ပဲ
ဘယ်သူမှ မလိုချင်တဲ့ ညိုညင်မှုတွေ

ကိုယ် အဆင်မပြေရင်တောင်
အရာအားလုံးကို အဆင်ပြေစေချင်ခဲ့တာပါ
ဒါပေမယ့်
တစ်ခါတစ်လေကျတော့
အဲ့ဒီအဆင်မပြေခြင်းတွေက
ကိုယ်ကိုယ်တိုင်ပဲလားလို့
တွေးတွေးနေမိတယ် ။

ကျေးကို

စိတ်စေရာ🌺

07 Jan, 00:09


7.1.2025

မောနင်းးးး
ရွှင်လန်းတက်ကြွစွာ နိူးထလာတဲ့
မနက်ခင်းလေးဖြစ်ပါစေ။

💋💋💋

စိတ်စေရာ🌺

06 Jan, 00:05


6.1.2025

မောနင်းးးးး

မင်မင်ရဲ့ ချစ်သောလေးတို့

စိတ်စေရာ🌺

05 Jan, 12:10


မင်းငါ့ကိုမချစ်သရွေ့ ငါမင်းကိုချစ်နေမယ်

ငါ့ကိုချစ်လာတဲ့တစ်နေ့ကျရင်
ငါမင်းကိုလက်ထပ်မယ်..

- တာမဲ

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

05 Jan, 10:45


https://t.me/oasiskha/68

စိတ်စေရာ🌺

05 Jan, 10:02


အတင်းကြိုးစား လုပ်ယူရတာမျိုးတွေကို
ကျနော် မကြိုက်ဘူး ။

အထူးသဖြင့်
ကျနော့်စိတ်ကို နားလည်ပေးပါ လို့
မတောင်းဆိုချင်တာပဲ ။

နားလည်ပေးချင်မှ နားလည်ပေးပါ
နားလည်မပေးချင်ရင်လည်း ဖြစ်တယ်။

ဒီထက်ထူးပြီး ဘာမှဆက်ဖြစ်လာမှာ မဟုတ်တဲ့အတွက်

ကျနော် က နေသားကျနေပြီ ။

- ခက်နှောင်

စိတ်စေရာ🌺

05 Jan, 09:52


အကြိမ်ကြိမ် ကတိဖောက်ဖျက်ဖူးသူဟာ
ဘယ်တော့မှ ကတိမတည်ဘူးဆိုတာကို
မမေ့ပါနဲ့...

ဒီတစ်ခါတော့ တည်မှာပါလို့
သင်တွေးရင် သင့်အမှားပဲဖြစ်လိမ့်မယ် ။

အဲလိုလူမျိုးတွေအတွက် ကတိဆိုတဲ့ စကားလုံးက
အသံထွက်ဖတ်တတ်ရုံမျှသာ မွေးဖွားလာတာပဲဖြစ်တယ် ။     ။

Crd;

စိတ်စေရာ🌺

05 Jan, 09:50


အ​​စော်ကားခံရတယ်
စီးကရက်ထွက်​သောက်​နေလိုက်တယ်

အဆိပ်မိတယ်
စီးကရက်သွား​သောက်ပြစ်လိုက်တယ်

ရှုခင်း​တွေလှတယ်
စီးကရက်​သောက်ပြီး​ငေးတယ်

​ခေါင်း​တွေမူး​နေတယ်
စီးကရက်​သောက်ပြီး ငြိမ်​နေလိုက်တယ်

မိုး​တွေသည်း​​ရင်
အမိုးတစ်ခုခု​​​အောက်
စီးကရက်​​​သောက်ပြီးမိုးခိုတယ်

​​နေအရမ်းပြင်း​​တော့
အရိပ်ထဲခဏနားရင်း စီးကရက်​သောက်တယ်

ပျော်စရာဘာရှိလဲ
​ပျော်စရာဘယ်မှာရှိလဲ
ကိုယ့်​​ပျော်ရွှင်မှုကို လိုလားတာ
ဘယ်သူရှိလဲ

​တော်​သေးတယ်
စီးကရက်ဟာ အရာရာပဲ..။ ။

-ကျော်နွမ်း

စိတ်စေရာ🌺

05 Jan, 07:14


👉❤️👈 Need

စိတ်စေရာ🌺

05 Jan, 05:42


ဘယ်ကြိုးနဲ့ ချည်ချည်ပါ။
အဓိက ကတော့...
ကိုယ့်ကို ဘယ်တော့မှ မလိမ်ပါနဲ့။

ကိုယ်စိတ်ဆင်းရဲမှာစိုးလို့၊
ကိုယ်ဝမ်းနည်းမှာကြောက်လို့
အလိမ်ခံလိုက်ရတဲ့ ရလဒ်တိုင်းမှာလဲ
ကိုယ်တကယ် မပျော်ရပါဘူး။

ချစ်တာဖြစ်ဖြစ်၊ပစ်တာဖြစ်ဖြစ်
ကိုယ့်ကိုဘယ်အရာမှမလိမ်ဘဲ
ချစ်ရင်လဲချစ်တဲ့အတိုင်း၊
မချစ်ရင်လဲ မချစ်တဲ့အတိုင်း ဝန်ခံပေးပါ။

ကိုယ်လက်ခံပါ့မယ်။
ကိုယ်ကြေအေးပါ့မယ်။
ကိုယ့်ကိုတော့ ကျေးဇူးပြု ပြီး
ဘယ်တော့မှ မလိမ်ညာစမ်းပါနဲ့။

Crd;

စိတ်စေရာ🌺

04 Jan, 23:29


5.1.2025

မောနင်းးးး 🥰

စိတ်စေရာ🌺

04 Jan, 08:17


ယောက်ကျား လေးတစ်ယောက်ရဲ့
အချစ်က ကာကွယ်ပေးလိုခြင်း
အနစ်နာခံလိုခြင်း ဖြစ်ပြီးးး

မိန်းကလေး တစ်ယောက်ရဲ့အချစ်က
မျှဝေခံစား ပေး လိုခြင်းဖြစ်လိမ့်မယ် ။

တစ်ယောက်က မျှဝေပေးတဲ့အခါ
တစ်ယောက်က အဆင်သင့်ရှိနေပေးတာမျိုးလေ ။

- ခက်နှောင်

စိတ်စေရာ🌺

04 Jan, 08:01


ဆေးလိပ်သောက်တာ မကြိုက်ပေမဲ့
မင်းက ကိုယ့်ရှေ့တင် အကြောတင်းတင်း
မီးညှိပြတော့လဲ  ခပ်ရွဲ့ရွဲ့ ထိုင်ငေးနေရတာပဲ။

ယမကာတွေလဲ မလုပ်စေချင်ပေမဲ့
အလွန်အကျွံတွေ မဖြစ်စေချင်တော့လဲ
မလှမ်းမကမ်းက စောင့်ကြည့်မိပြန်တာပဲ။

ရာနှုန်းပြည့်တားမြစ်တယ်ဆိုပေမဲ့ပြန်လည်အလျှော့ပေးမှုဟာ ထက်ဝက်ကျော်ပါတယ်။

ဘယ်အရာမဆိုမလုပ်ချင်တာကို
ဖိအားပေးဖို့ စိတ်ကူးမရှိဘူး။

ခြောက်မရ ရင် ချော့မယ်ကွယ်။
သူများအခွင့်အရေးကို အထက်စီးက
သွားပိတ်ပင်လို့ မရမှန်းလဲသိတယ်။

ချစ်တဲ့စိတ်ကြောင့်
အနည်းငယ်နားထောင်ရုံနဲ့လဲ
ကိုယ်ကျေးဇူးတင်ရပါတယ်။

တခါတလေမှာတော့
ကိုယ်က အားလုံးနီးပါးပြန်လျှော့ပါ့မယ်။

စီးကရက်မီးညှိပေးမယ်။
ဘီယာလဲ သောက်နိုင်တယ်။
ကိုယ့်မျက်စိရှေ့မှာ ပဲ ဖြစ်စေချင်တယ်။

စီးကရက်နံ့တွေလဲ ကိုယ်ပဲရချင်တယ်။
မူးပြီးပြောတဲ့စကားတွေလဲ ကိုယ်ပဲ ကြားချင်တယ်။

အကုသိုလ်တွေကြားက
ကုသိုလ်တရားတွေလဲ ဖန်တီးပေးမယ်။

ချစ်လို့ဆိုတာပဲ မင်းသိပါကွယ်။

Crd;

စိတ်စေရာ🌺

04 Jan, 00:44


4.1.2025

မောနင်းးးးး ချစ်သောလေးတို့

မင်မင် ခုမှနိူး 😁

စိတ်စေရာ🌺

03 Jan, 14:02


တကယ်တော့....

ကိုယ့်ဘဝက စျေးချိုပါတယ်...။

စိတ်စေရာ🌺

03 Jan, 14:00


ဟူးးးးးးးးးးးးးးးးးး 🥺

အဆက်သွယ်တွေ ပြတ်သွားခဲ့ရင်...

အချိန် အတိုင်းအတာ တခုထိ

ငါတို့ ချစ်ခဲ့ကြတာကို သတိရပေးပါ။
😢
- 𝑯𝒆𝒂𝒕𝒉𝒆𝒓

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

03 Jan, 13:37


ရွှေတောင်ကြားမှာ အချစ်ကစျေးကြီးပြီး။
ပန်းဆိုးတန်းမှာတော့ လူမျိုးဘာသာမရွေး
မေတ္တာမျှလို့ ရနိုင်ပါသည်..။ တဲ့

ဗလာမပါ ကံစမ်းမဲကို
အသည်းဗလာနဲ့
ကိုယ့်ဘဝကိုယ်
ကံစမ်းကြည့်လိုက်ချင်သေးရဲ့..။

ရင်တုန်တာလား!?
ရင်ခုန်တာလား!?
မသဲကွဲခဲ့တဲ့ ညတွေ..။

-ရွှေစွန်ညို (ရန်ကုန်ညများ)

စိတ်စေရာ🌺

03 Jan, 12:32


ချစ်ခြင်းမေတ္တာဟာ
သိပ်နူးညံ့တယ်အချစ်ကလေးရဲ့

နွေဦးရဲ့ မနက်ခင်းလေးလို
စကားပန်းရနံ့လေးလို
ကြယ်တွေအပြည့်နဲ့ညကောင်းကင်လေးလို
အေးမြကြည်လင်တယ်။
ထိလွယ်ရှလွယ်တယ်။
လုံခြုံနွေးထွေးတယ်။

အချစ်ကဘဝပဲလို့ဆိုလာရင်ငါသေချာပေါက်လက်ခံတယ်။

ဘာလို့ဆို အချစ်ကလေးက
ကိုယ့်ဘဝတစ်ခုလုံးပဲမဟုတ်လား။

သစ္စာတွေခြုံတဲ့အရပ်မှာ မေတ္တာတွေနဲ့လွှမ်းလို့ရရင် အဲ့ဒေသဟာ သေချာပေါက် ကိုယ်အချစ်ကလေးအတွက်
ဖန်တီးပေးထားတဲ့နေရာလေးဖြစ်လိမ့်မယ်။

-ကီ

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

03 Jan, 12:27


ကိုယ်သေချာလေး ရှင်းပြရအုံးမယ်
အချစ်ရဲ့ ။

ချစ်ခြင်းမေတ္တာဟာ
ကြည်လင်အေးမြရကြောင်း
နွေးထွေးရကြောင်း

အဲ့ဒီနွေးထွေးမှုလေးတစ်ခု
မင်းကိုပေးချင်ကြောင်း နဲ့ မင်းမရှိလို့
မဖြစ်ကြောင်း

မျက်လုံးချင်း ဆုံကြည့်မိတဲ့အခါ
ကိုယ်သေချာ‌လေး ရှင်းပြချင်တယ် ။

- ခက်နှောင်

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

03 Jan, 09:29


ချစ်တာကို ချစ်မှန်းသိဖို့
ဘယ်လို ပြောပြရမလဲ
ချစ်တာကို ချစ်မှန်းသိဖို့
ဘယ်လို လုပ်ပြရမလဲ

ထားပါ.....
ချစ်တာကိုချစ်မှန်းသိစေဖို့
ဘယ်လို.......ဘယ်လို......

-ရှိန်း

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

02 Jan, 23:25


3.1.2025

မောနင်းးးးးးးး

မနက်အစောကြီး မနိုးတတ်တဲ့သူမို့
မနက်အစောကြီး နိုးနေရင်

ညကတည်းကနေများ
မအိပ်ပဲနေနေတာလားဆိုပြီး
စိတ်တွေ ပူမိတယ်

အိပ်မက်ဆိုးတွေ မက်ပြီး
လန့်နိုးလာခဲ့တာလားလို့လဲ
တွေးနေမိတယ်

ဖြစ်နိုင်ရင် ...
အေးတဲ့ မနက်ခင်းမှာပဲဖြစ်ဖြစ်
နွေးတဲ့ မနက်ခင်းမှာပဲဖြစ်ဖြစ်
မင်းကို အဆင်ပြေပြေလေးပဲ
နိုးထစေချင်ခဲ့တာ

ပြုံးနေမယ် ...
ကော်ဖီတစ်ခွက်သောက်ဖို့ တွေးနေမယ်
မနက်စာ ဘာစားရင်ကောင်းမလဲလို့ ရွေးနေမယ်
မနက်ခင်းရဲ့ အစတွေမှာ
အဲ့လိုမျိုး နာကျင်စရာတွေ ဝင်မလာပဲနဲ့
ကြည်ကြည်သာသာလေး နိုးစေချင်တာလေ

Morning ...နော်
မနက်ခင်းတွေရဲ့ အစမှာ
စိတ်လည်း အဆင်ပြေပါတယ်
ကိုယ်လည်း ကျန်းမာပါစေနော်

အစစအရာရာလည်း အဆင်ပြေပါစေ ။

-ကျေးကို

စိတ်စေရာ🌺

02 Jan, 14:50


ကမ္ဘာမခြားပါဘူးအချစ်ရေ..

နေရာလေးပဲ မပြောပလောက်အောင်ခြားနေတာ...

လမင်းကြီးကိုကြည့်ပါ
လွမ်းတဲ့အကြောင်းတွေပြောပါ

တို့နှစ်ယောက်အကြည့်ချင်းဆုံပြီးစကားတွေပြောဖို့ဆိုတာ
ဒီနည်းတစ်ခုပဲရှိတာ.....

-ထွန်းဟိန်းယံ

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

02 Jan, 14:45


မအားသည့် ကြားက
အား နေ ခဲ့ တာ ပါ၊

ဘုရားတားသည့်ကြားက
ငါ လွမ်း နေ ခဲ့ တာ..

မင်းကမ္ဘာမှာတော့
သာ မာန် ပဲ မ ဟုတ် လား ။

-ဒဿ

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

02 Jan, 14:40


ပြန်မဆုံနိုင်တော့ဘူးဆိုတာ
သေချာလာတာနဲ့အမျှ

သတိရစိတ်ဟာ ပိုပိုဆိုးလာတယ်
အစစအရာရာဂရုစိုက်ပါကွယ်။

-ဂန္ဓမာ

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

02 Jan, 04:47


လောကမှာ ..
ဆုံကို မဆုံသင့်တဲ့ လူဆိုပြီးတော့
တကယ်ရှိပါတယ်

ပြန်အမှတ်ရမိရင်
ပြန်နာကျင်ရတာပဲရှိပြီး

ပြန်တွေးမိရင်
အဲ့ဒီတုန်းကသာ
အဲ့ဒီလူနဲ့
မဆုံခဲ့ မတွေ့ခဲ့ရင်ဆိုပြီး
နောင်တရစရာပဲ
ရှိတာမျိုးပေါ့

အဲ့ဒီတုန်းကလေဆိုပြီး
အစချီလိုက်တာနဲ့
မျက်ရည်ကျစရာတွေနဲ့
နောင်တရစရာတွေနဲ့
ပြည့်နှက်နေတာမျိုးပေါ့

-ကျေးကို

စိတ်စေရာ🌺

01 Jan, 23:36


ဇန်နဝါရီလရဲ့ မွေးနေ့ရှင်လေးရေ
🎉 Happy Birthday 🎉

ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းဖို့
ကြိုးစားရင်း
ခက်ခဲပင်ပန်းရတဲ့ အခိုက်အတန့်တွေမှာ
ဟာသနှောပြီး
သောကတွေကို မျောချတတ်တုန်းပဲလား ။

မငိုတတ်ပါဘူးလို့ ကြွေးကြော်ပြီး
အနားနားကလူတွေကို
ပြုံးအောင် ထားတတ်တဲ့
ဇန်နဝါရီဖွားလေးရေ …

သိပ်လျှို့ဝှက်တတ်လွန်းတဲ့မျက်ဝန်းတွေ
သိပ်ခန့်မှန်းရခက်တဲ့အပြုအမူတွေနဲ့
နှစ်တစ်နှစ်ကို
ခပ်ချေချေ ဖြတ်ကျော်ခဲ့ပြီးပြီမို့
ပင်ပန်းသင့်တာထက် ပိုပင်ပန်းခဲ့မှာနော်။

မသိမသာ ပိုအေးလာမယ့်
ဇန်နဝါရီမှာ
ဇန်နဝါရီဖွားလေးလည်း အေးချမ်းပါစေ🥰

သန်မာတတ်တဲ့ လူတစ်ယောက်မို့
အများကြီး စိတ်မပူပေမယ့်
ကျန်းမာရေးတော့ ချူချာတတ်တာမို့
နည်းနည်းလေး ပိုဂရုစိုက်စေချင်ပါတယ်
(မျက်လုံးနဲ့ဝမ်းဗိုက်ကို ပိုဂရုစိုက်စေချင်ပါတယ်)

နှစ်တစ်နှစ်ရဲ့အစ
မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်တဲ့ လလေးမို့
ဇန်နဝါရီဖွားလေးမှာ ကံကောင်းခြင်းတွေ
အများကြီး ပိုကျရောက်ပါစေနော် ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ တဲ့
နှစ်လေးတစ်နှစ် ကို
မျှော်လင့်ထားတဲ့ ပျော်ရွှင်ခြင်းတွေ
ပိုင်ဆိုင်ရမယ့် မွေးလလေးတစ်လ
ဖြစ်ပါစေနော် ။

-ကျေးကို
- Heather -

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

01 Jan, 22:55


2.1.2025

မောနင်းးးးးးးး🥰

မနေ့က မပျော်ခြင်းတွေကိုထားခဲ့ပြီး
မနက်ခင်းက်ို အလှဆုံး ကြိုလ်ိုက်ပါ

နိုးထတဲ့မနက်ခင်းလေးမှာ
အေးလည်း အေးမြပါစေ
ချမ်းလည်း ချမ်းမြေ့ပါစေ။

-ကျေးကို

စိတ်စေရာ🌺

01 Jan, 07:50


ဆက်ဆံရေးတစ်ခု
အဆင်ပြေဖို့အတွက်

လိုက်လျောညီထွေ
ပြုံးပြနေရတာတွေကိုမုန်းတယ်...

ကျွန်တော်က
အရှိကို အရှိအတိုင်းပဲ
ပွင့်လင်းချင်တဲ့သူ.

ဟန်ဆောင်ရတာတွေကိုမကြိုက်ဘူးးး

-ပုရစ်
-Heather🌺

https://t.me/+3Z6hx5D__dhiMzM9

စိတ်စေရာ🌺

01 Jan, 07:00


ရုပ်ချောတဲ့သူမှ တရေးတယူရှိတဲ့ လောက လားးး

ငွေသုံးနိူင်မှ နေရာပေးတဲ့လောကလားး

အာဏာရှိမှ လေးစားတဲ့လောကလားး

ကျောထောက်နောက်ခံရှိမှ လူရာသွင်းတဲ့ လောကလားး

လုပ်ငန်းချပြနိူင်မှ အထင်ကြီးတဲ့လောကလားးး

အရှိကို အရှိတိုင်းချပြလိုက်ရင်
အားနည်းသူကို မပေါင်းချင်ကျတဲ့လောက .....

အို .. အသင်လောက

မနှစ်မြို့စရာအပြည့်နဲ့
အေးငြိမ်းချမ်းသာမှု ရှိပါလေစ..

✍️ - 𝑯𝒆𝒂𝒕𝒉𝒆𝒓🌺
-1. 1. 2025

စိတ်စေရာ🌺

09 Dec, 23:26


10 . 12 . 2024

မောနင်းးးးး ချစ်တို့🥰

စိတ်စေရာ🌺

09 Dec, 11:55


"ချစ်တယ်'' ဆိုတဲ့စကားက

ဒီဘက်ခေတ် လူတော်တော်များများအတွက်

ခိုးကူးခွေတွေလိုပဲ

အရည်အသွေးတော့မရှိဘူးးး

ခဏတာတော့အဆင်ပြေတယ်''

      -တာရာမင်းဝေ

စိတ်စေရာ🌺

09 Dec, 11:37


ကျွန်တော်သည် ငှက်တစ်ကောင်ဖြစ်ချင်သည်

ကျွန်တော်ဟာ
ဟိုး.....အဝေးဆုံးထိ တက်ပျံချင်နေတဲ့
ငှက်ကလေးတစ်ကောင်ပါပဲ....

စည်းတွေဘောင်တွေ
ကန့်သတ်မှုတွေမရှိတဲ့
လေဟာနယ်ကိုမှ ပျံသန်းချင်နေတဲ့
ငှက်တစ်ကောင်ပေါ့.....

ပျော်ရွှင်ခြင်းသီချင်းတွေကိုဆိုမယ့်
ဝမ်းနည်းခြင်းသီချင်းတွေမကြားချင်တဲ့
ငှက်တစ်ကောင်ပေါ့.....

သူ့မှာ လှောင်အိမ်လည်းမရှိဘူး
လှောင်နှိမ်မယ့်သူလည်းမရှိဘူး
လှောင်ရယ်မယ့်သူလည်းမရှိဘူး
အဲ့လိုမျိုး ငှက်တစ်ကောင်ပေါ့.....

➣ထွန်းဟိန်းယံ

စိတ်စေရာ🌺

09 Dec, 09:36


"ဓမ္မာ သောက အင်း၀ရာဇာ'' တဲ့
မလိုက်ဖက်တဲ့ နေ့နံတွေဆိုပဲ

အစွဲတွေမထားနဲ့

ကမ္ဘာကြီးက
တဘောင်တွေနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူး။

ချစ်ခြင်းမေတ္တာနဲ့
တည်ဆောက်တာ

လိုအပ်ရင် ရှေးထုံးလဲပယ်မည်
စျေးသုံးလဲ လွယ်မယ်

ငါမှ မင်းနဲ့မဝေးရဲတာ။

- ဆန်းကျော်စွာ၀င်း

စိတ်စေရာ🌺

09 Dec, 00:20


9 .12 .2024

မောနင်းးးးး ချစ်တို့ 🥰

စိတ်စေရာ🌺

08 Dec, 16:23


အိနြေရရ အိပ်ကျပါစို့အေ

စိတ်စေရာ🌺

08 Dec, 09:44


အရက်ခွက်ထဲ ပြုတ်ကျလာသောအပိုင်းအစများ

ချစ်ရပါသော
ပစ်ချပါသော သျှားရေ.....

လွမ်းတယ်ဆိုတာ မလွယ်သလို
မူးတယ်ဆိုတာ လွယ်သလောက်
မူးပြီးလွမ်းနေတာကိုက
မူးရခြင်းရဲ့ အကြောင်းအရင်းပါပဲ

ခဏဖြစ်ဖြစ်
မေ့များ မေ့နိုင်မလားဆိုပြီးတော့ပေါ့.....

ဘယ်တော့မှမတွေ့ဖြစ်တော့တာ
အသေအချာပါပဲ
ဒါပေမယ့်
ဘယ်တော့မှ မေ့ပစ်နိုင်မယ်ဆိုတာက
မသေချာတာကတော့
ငါ့ဝဋ်နာ ကံနာပေါ့

➣ထွန်းဟိန်းယံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

08 Dec, 06:39


Blueberry သီးလေးစားချင်လပ်သာ😋

စိတ်စေရာ🌺

08 Dec, 03:49


အမေရယ်......

အရာရာလွဲချော်နေတတ်တဲ့ ဒီကောင်ကလေ

ခေါင်းမာပြီး နှလုံးသားကျမှပျော့တယ်။

-မောင်ချောနွယ်

စိတ်စေရာ🌺

08 Dec, 03:48


တစ်ရွာလုံး ပုလင်းကိုင် မိုက်တဲ့ကောင်လည်း

မမနဲ့တွေ့မှ မေမေ့ကို ချွဲတက်လာတယ်

မမကို တောင်းပေးဖို့နဲ့

ဒီတစ်သက် မခွဲရဖို့ အရေးပေါ့။

နေညို။။။။။

https://t.me/LoveEmotions2311

စိတ်စေရာ🌺

08 Dec, 03:45


ဆောင်းနှင်းအေးအေးမှာ
မောင် ရဲ့ နွေးထွေးစရာ
မီးလင်းဖို လေးဟာ မမ

မမ ရဲ့ မေတ္တာ ဓာတ် တွေကြောင့်
ဒီ နှစ် အေးမြခြင်း က မောင် အပေါ်
မသက်ရောက် ဘူး မမ

အလွမ်းထည် ခြုံတယ့်ကောင် အတွက်
အနွေးထည် ဆိုတာ မလိုအပ်ဘူး မမ

မမကို လွမ်းဆွတ်ခြင်းဟာ လည်း
နွေးထွေးခြင်းတစ်မျိုးပဲ ဆိုတာ
ဒီ‌နှစ်ဆောင်းသိသင့်တယ်

ဆောင်းဟေမာန် ရေ
မင်းရဲ့ အအေးဒဏ်ကို
ချစ်ရသူဆီက မေတ္တာနဲ့
တိုက်စစ် ဆင်မယ် မင်းတာဝန်
မင်းကျေပါစေ။

- ကိုငှက်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

08 Dec, 03:41


ချစ်တယ်

ချစ်တယ်.......
သေတစ်ဖန် သက်တစ်ဆုံး
လက်တွဲမဖြုတ်ကြေးပေါ့ကွယ်။
မေတ္တာတရားရယ်
သစ္စာတရားရယ်
အနစ်နာခံတာလေးရယ်ပါရင်ပြည့်စုံပါတယ်
ဘာများလိုသေးလို့လဲ။

မေတ္တာတရားကို
ပစ္စုပ္ပန်မှာကြည့်ကြမယ်
သစ္စာတရားကို
အနာဂတ်မှာရှာဖွေမယ်
အနစ်နာပိုခံသူကဘယ်သူလဲသိချင်ရင်တော့
အတိတ်ကအမှားတွေကို
နားလည်ပေးယုံပေါ့ကွယ်။

ကလေးရယ်.......
မေတ္တာတရားရယ်
သစ္စာတရားရယ်
အနစ်နာခံတာလေးရယ်ပါရင်
အချစ်တွေကပြည့်စုံပါတယ်။

_ထွန်းဟိန်းယံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

08 Dec, 00:48


8 . 12 .2024

Morning .baby

မပျော်စရာတွေများတဲ့ ကာလမို့

နာကျင်စရာတွေနဲ့
ဝေးဝေးမှာ နေတာ
ပိုကောင်းမှာပါ ...

ကိုယ့်ဖက်ကို ငဲ့ကြည့်ဖို့
မမေ့နဲ့
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့
မေ့မထားနဲ့တော့

နေကောင်းကျန်းမာနေမှ
အဆင်ပြေမှာမို့

အစစအရာရာ ဂရုစိုက်နော် ။

-ကျေးကို

စိတ်စေရာ🌺

07 Dec, 16:12


ဟော

ဒီကိုကြည့်နေတဲ့ ရုပ်ချောချောလေးက

ခုထိမအိပ်သေးတာလားးး

အိပ်တော့လေ

အိပ်ရေးမဝရင် မလှပဲနေမယ်

အိပ်တော့ 😴

စိတ်စေရာ🌺

07 Dec, 12:21


ဒီလိုပါပဲ
ဘဝမှာ....
ဘာမှမရလိုက်ဖူးရင်တောင်
ဘာမှမသိတော့သလို နေနိုင်ခဲ့ရင်အကောင်းဆုံးပေါ့

ဒါပေမယ့်လည်းကွယ်.....

နာကျင်ဖူးသူမှာ
ဒဏ်ရာတော့ ကျန်စမြဲပေါ့

အချစ်ရေ.....
မေတ္တာတရားဆိုတာ
ငါ့အတွက်မရွာနိုင်တဲ့ မိုးလား.....

➣ထွန်းဟိန်းယံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

07 Dec, 11:55


လွင့်မျောသွားမယ့်တိမ်ကိုမှ

ငေးမောမိသူပါ....။

အေးလွန်းလှတဲ့ဆောင်းရာသီမှာနေရင်း

နွေမှာပူပြင်းလိမ့်မယ်ဆိုတာ မေ့လျော့နေသူပါ..။

ငါကလေ...

မမြဲမှန်းသိတဲ့အရာတွေကိုမှ

မက်မက်မောမောတွယ်တာမိနေတာ

-ထွန်းဟိန်းယံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

07 Dec, 11:53


သတိတရပါပဲ

မိမိရရ ဖမ်း မဆုပ်နိုင်ခဲ့တဲ့နေ့တွေလေ

တစ်နေ့ မေ့နိုးနိုး.....

တစ်နေ့ တွေ့နိုးနိုး.....

ဟိုး...တစ်နေ့က အချိန်တွေကို

နာနာကျင်ကျင်ရေတွက်ရင်း

မိုးလင်းခဲ့ပေါင်းများပြီ

-ထွန်းဟိန်းယံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

07 Dec, 06:05


ရှမ်း အစားစာတွေ ကြိုက်တယ်

ရှမ်းသား လေးလဲ စားချင်သယ်🤭

မင်မင်
https://t.me/LoveEmotions2311

စိတ်စေရာ🌺

07 Dec, 05:11


ကော်ဖီလဲ ဆောင်ထားမယ်..

ဆေးလိပ်လဲဆောင်ထားမယ်...

နောက်ဆုံး မရတဲ့အဆုံးးးး

အရက်ပါဆောင်ထားမယ်..

ဒီနှစ်ဆောင်းက

ငါ့အပေါ် တော်တော် အေးစက်မဲ့ပုံပဲ။

-စာတိုနက်ခ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

07 Dec, 04:49


ကိုယ်ဘာမှမလုပ်ပါပဲ

အလိုလိုနေရင်း ရတဲ့အရာဆိုလို့

သတိရတာပဲရှိတယ် ။

အချစ်ရေ ...
တိမ်တွေကြွေနေလေရဲ့..။

-ရိပ်ငြိမ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

06 Dec, 07:23


" "အချစ်မှာ ဥပဒေသမရှိဘူးး" "

ဒါကြောင့်

"အမှန်တရား"ဆိုတာကို မမျှော်လင့်နဲ့.."

" " မှတ်ထား " "

-အကြည်တော်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

06 Dec, 07:19


အေး စက် သွား သော

ငါ့ နှ လုံး သားးးးးးးး

စိတ်စေရာ🌺

06 Dec, 06:04


အဲ့ကွာ....

ဒါ.. ဘယ်သူတွေလဲကွ 🤭🤭

စိတ်စေရာ🌺

06 Dec, 00:06


" စကား"ဆိုတာ ပြောတက်ရင်
တန်ဖိုးကြီးပါတယ်..။

မပြောတက်ရင်
အန္တရာယ်ကြီးပါတယ်...။

ကိုယ့်စကားကို တာဝန်ယူပါ..။

-ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ

စိတ်စေရာ🌺

05 Dec, 23:29


ပါချုပ်ဆရာတော်ဆရာတော်ဟောကြားထားသော -

နံနက်ခင်းမှာအဆိုးတွေပျောက်ပြီး ကောင်းကျိုးချမ်းသာရရှိရန် တရားတော်။

(အားရင်နားထောင်ကြည့်နော်

ကြာချိန် 49:30)

စိတ်စေရာ🌺

05 Dec, 22:11


6 . 12 .2024

မောနင်းးးးးးး ချစ်တို့🥰

စိတ်စေရာ🌺

05 Dec, 13:10


မင်း ငါ့ကိုအပျော်တွဲမယ်ဆိုရင်

ပေါ်ပေါ်ထင်ထင် မနေပြပါနဲ့..

ငါ့ နှလုံးသားက ဒီထက်ပိုပြီး

မခံစားနိူင်လို့ပါ....🥺

https://t.me/LoveEmotions2311

စိတ်စေရာ🌺

05 Dec, 13:08


မင်း ငါ့ ကို ဖုန်းခေါ်ပါ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

05 Dec, 13:05


ဟူးးးးးးးးးးး🥺

https://t.me/LoveEmotions2311

စိတ်စေရာ🌺

05 Dec, 07:22


တိမ်တွေဟာ....
ပြိုခွင့်မရှိတဲ့ခါ အုံ့မှိုင်းတက်ကြပြီး..

လူတွေဟာ...
ငိုခွင့်မရှိတဲ့အခါ ရယ်တက်ကြပါတယ်တဲ့..။

Crd;
https://t.me/LoveEmotions2311

စိတ်စေရာ🌺

05 Dec, 03:41



ငါ့ စောင်းပြောနေသိုပဲ 😒😒😒

လခွမ်းးးးးးးး

ဟဲ့ ....
လူကသာ မနွဲ့တက်တာ

ချစ်တက်လိုက်များလေ
ရှင်မွေးလွန်း မင်းနန္ဒာတို့ ၊မင်းကုသတို့၊
ရိုမီရို ဂျူးလီယက်တို့ထက်သာတယ်ဟဲ့

သိဖို့/🤭

https://t.me/LoveEmotions2311

စိတ်စေရာ🌺

05 Dec, 03:20


လောလောဆယ် မင်မင်စားသုံးနေတာတော့

တို ရှည် ပဲ ရှိ 😁😁😁

စိတ်စေရာ🌺

05 Dec, 03:17


သူများတွေဆီမှာ

ကိုကို ၊မောင်မောင်၊ မမ ၊သဲလေး

ကိုယ်စီကိုယ်ငနဲ့

နေကျပါအုန်းးး မသိလို့မေးပျဇေ

အာ့လိုတွေရအောင်

ဘာနည်းလမ်းတွေသုံးကျတာလဲဟင်

ဘယ်လမ်းကသွားရင် ရောက်လဲ

မင်မင်လဲ လက်တို့ကျပါအုန်းလို့

ရှင်တို့ကြည့်ပဲ စားသုံးမနေကျပါနဲ့

မင်မင်ကိုလဲ အမြည်းကျွေးကျပါအုန်းးးးးတော်🤭

စိတ်စေရာ🌺

05 Dec, 03:14


တစ်ယောက်ထဲ ယောင်ချာချာ

စိတ်စေရာ🌺

05 Dec, 00:23


5 .12 .2024

မောနင်းးးးးးးး 🥰

စိတ်စေရာ🌺

04 Dec, 14:45


ငါ တို့ ဘယ်မှာ လွဲခဲ့ကြတာလဲတဲ့..

ကိုယ်တို့ ဘယ်မှာမှ မလွဲခဲ့ကြပါဘူးး

မင်းကသာ

ကိုယ်မရှိတဲ့ ရပ်ဝန်းကို
ရွေးချယ်သွားခဲ့တာ..။

-စာတိုနက်ခ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Dec, 14:30


........... ချစ်ကြမယ် ......

ထို့နောက်

မခေါ်ကြေး

မေ့ကြေး

ပိုချစ်တဲ့သူက..ပိုငိုကြေး

မေတ္တာစစ်တွေနဲ့ လောင်းတဲ့သူ

ကုန်းကောက်စရာမရှိအောင်

ရှုံးကြေးးးး။

Crd;

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Dec, 14:17


ခင်ဗျားးး က အရမ်းကံကောင်းတယ်နော်

အနားမှာ နေပြီး ချစ်ပေးမယ့်သူလဲရှိသလို

အဝေးက ချစ်ပေးမယ့် ကျွန်တော်လဲရှိတယ်..။

🥺🥺🥺

စိတ်စေရာ🌺

04 Dec, 14:10


တကယ်ချစ်မိသွားမှ...

သူစိမ်းပြန်ဖြစ်သွားတဲ့ ခံစားချက်ကို..

ကောင်းကောင်းကြီးသိတာမို့..🥺

ခဏတာလောက်နဲ့ လာမရောပါနဲ့လေ..။

Crd,
https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Nov, 15:46


ချစ်ခြင်းမေတ္တာက လွဲရင်

ဘာတွေများ

တောင်းဆိုခဲ့ဖူးလို့လဲဗျာ


ဟူးးးးးးးးး🥺

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Nov, 12:57


ကဲ.....

မေတ္တာပို့ကျမယ်..။

လိုက်ဆို......

အရှင်ဘုရား ...🙏

တပည့်တော်သည်...

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Nov, 12:26


သင်တို့အတွဲမှာရော

ဒီလို အချက်တွေနဲ့ ညှိနေပါလားးး

တကယ်ချစ်တယ်ဆိုရင်
အချိန်မှီ ပြုပြင်ကျနော်...

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Nov, 09:38


ကံကောင်းခြင်း နိမိတ်လေးတွေ...

မှန် / မမှန် သိရဖို့
မှတ်ထားနော်

ကြုံလာခဲ့ရင်
သတိထားကြည့်ကြည့်ပေါ့..။

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Nov, 09:35


စစ်ဆေး ပြီး ကျ ပြီလားးးးးးးး

မသိသေးရင် အခုပဲ စတင်လိုက်ပါ..။

https://t.me/LoveEmotions2311

စိတ်စေရာ🌺

14 Nov, 00:05


မမေ့နဲ့

ဘာတွေပဲဖြစ်နေနေ အရမ်းချစ်တာမမေ့နဲ့..။

လူတွေဟာ ကိုယ့်အပူ ကိုယ်သောကတွေကြားမှာ
အသက်ရှုကြပ်မတတ် ရုန်းကန်နေရတာမို့
ဒိီကြားထဲကပေးတဲ့အချိန်တွေနဲ့ ဂရုစိုက်မှုတွေကို
တန်ဖိုးထားတတ်ဖို့မမေ့နဲ့..။

ဘာတွေပဲဖြစ်နေနေ ဂရုစိုက်ပေးတာမမေ့နဲ့..။

အမှားတွေရှိလည်း ခွင့်လွှတ်ပေးနေပြီး
ကိုယ်မရှိရင်မဖြစ်ပါဘူးဆိုတဲ့သူကို
ငါမရှိလည်းဖြစ်နေတာပဲဆိုတဲ့
အတွေးမျိုးဝင်သွားအောင်မလုပ်နဲ့။

ဘာတွေပဲဖြစ်နေနေ လက်မလျှော့ခဲ့တာမမေ့နဲ့..။

မနက်ဖြန်ဘာဖြစ်မယ်မှန်းမသိတဲ့အခြေအနေတွေမှာတောင် အဆင်ပြေဖို့အကြိမ်ကြိမ်ကြိုးစားပြီး
ကိုယ့်ရဲ့အပူအပင်တွေကို မျှယူပေးခဲ့တဲ့သူကို
နောက်တစ်နေ့ မနိုးထချင်လာအောင်မလုပ်နဲ့

ဘာတွေပဲဖြစ်နေနေ အစတွေကိုမမေ့နဲ့..။

ဘယ်လိုလမ်းတွေလျှောက်ခဲ့ရလဲ ဘယ်လောက်စိတ်တွေရှိခဲ့ကြလဲ ဒီနေ့ဒီနေရာကိုရောက်လာဖို့
အချိန်တွေ ဘယ်လောက်ပေးခဲ့ရလဲမမေ့နဲ့

ဘာတွေပဲဖြစ်နေနေ တစ်ယောက်ကိုတစ်ယောက်မမေ့နဲ့..။

ဖေးမခဲ့တာတွေမမေ့နဲ့ မရှိလို့မဖြစ်ခဲ့တာတွေမမေ့နဲ့

ကတ်ိတွေကိုမမေ့နဲ့ မပြောလည်းသိရမယ့်သစ္စာတရားတွေကိုမမေ့နဲ့

တစ်ခဏတာကောင်းပြတတ်တဲ့ပတ်ဝန်းကျင်ထဲမှာ
ကိုယ့်ကိုတကယ်ချစ်တဲ့လူ ကိုယ်ဘာဖြစ်နေနေမစွန့်သွားတဲ့သူကို ပိုချစ်ပေးဖို့မမေ့နဲ့

အကြိမ်ကြိမ်ပြန်ရဖို့ရှားတဲ့
ချစ်ခြင်းနဲ့လေးနက်မှုတွေကို
ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့မမေ့နဲ့

အဓိက အစတွေကိုမမေ့နဲ့

လက်မလျှော့ခဲ့တာမမေ့နဲ့

ဂရုစိုက်ပေးခဲ့တာမမေ့နဲ့

ဘာတွေဖြစ်ဖြစ် အရမ်းချစ်တာမမေ့နဲ့ ။

Wai Yan Nwe

https://t.me/LoveEmotions2311

စိတ်စေရာ🌺

13 Nov, 23:25


မွေးနေ့ရောက်ရန် ၁ရက်အလို 🥰

စိတ်စေရာ🌺

13 Nov, 23:24


14.11.2024

ချစ်သောလေးတို့ရေ🥰

မောနင်းးးးးးးးပါ 😘

စိတ်စေရာ🌺

13 Nov, 14:45


နိုဝင်ဘာ၁၃ -ကမ္ဘာအကြင်နာနေ့

လောကမှာ အလှတစ်မျိုးရှိတယ်၊
အဲဒီအလှကို ငါတို့ မြင်လည်းမမြင်ရ၊
ကိုင်ကြည့်လည်း မရ၊
သူက စိတ်နဲ့ခံစားမှ ရနိုင်တယ်။

အဲဒီ"အလှက" "အကြင်နာတရား"ပဲဖြစ်တယ်။

နှစ်စဉ် နိုဝင်ဘာလ ၁၃ ရက်နေ့က
ကမ္ဘာ့အကြင်နာနေ့ဖြစ်တယ်။

အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ အကြင်နာတရားရှိခြင်းက
လူကိုကောင်းမွန်တဲ့ခံစားချက်ပေးသလို
အသက်လည်းရှည်စေသတဲ့။

ကြင်နာခြင်းဆိုတဲ့စကားလုံးက
ယဉ်ကျေးမှုအလွှာအသီးသီးမှာ ရှိနေပါတယ်။

ဘာသာစကားမတူလည်း
အပြုံးတစ်ပွင့်၊ ကြင်နာမှုရှိတဲ့
အပြုအမူတစ်ခုက
ကောင်းမြတ်ခြင်းတွေကို ဆင့်ကမ်းနိုင်ပါတယ်။

ကယ်ရီဖိုးနီးယားတက္ကသိုလ်ကျောင်းခွဲ Bedari မှာ အကြင်နာတရားကို လေ့လာတဲ့ဌာန UCLA's Bedari Kindness institute ဆိုတာရှိသတဲ့။

ကြင်နာခြင်းဟာ
မွေးရာပါပစ္စည်းမဟုတ်ပါဘူး၊
ငွေကြေးနဲ့ဝယ်ယူလို့ မရပါဘူး၊
​ကြင်နာခြင်းကို ကျွန်မတို့ မွေးမြူကြစို့....

နိုင်းနိုင်းစနေ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

13 Nov, 09:34


ငို ချင် လို့ 🥺

စိတ်စေရာ🌺

13 Nov, 09:06


ဟူးးးးးးးးးးးးးးးးးး🥺

စိတ်စေရာ🌺

13 Nov, 09:04


ကျနော်

ခင်ဗျား ကို

မုန်းတယ်....။😢

စိတ်စေရာ🌺

13 Nov, 07:09


ပ ဖ ဗ ဘ မ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

13 Nov, 07:07


""" ဘ (13) လုံး"""

1.ဘဝမမေ့နဲ့။

2.ဘဝင်မမြင့်နဲ့။

3.ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။

4.ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပျော်အောင်နေ။

5.ဘယ်သူဘာပြောပြောစိတ်မညစ်နဲ့။

6.ဘဝမှာအောင်မြင်ဖို့နေ့တိုင်းသင်ယူလေ့လာ။

7.ဘဝမှာကျေးဇူးရှိဖူးသူကိုမစော်ကားမိစေနဲ့။

8.ဘယ်လိုဘဝပဲရောက်ရောက်စိတ်မညစ်နဲ့ ။

9.ဘယ်နေရာမှာနေနေကြိုးစား။

10.ဘဝမှာအရာရာကိုငွေနဲ့တန်ဖိုးမဖြတ်နဲ့။

11.ဘယ်သူဘာပြောပြောလိုက်မခံစားနဲ့

12.ဘရမ်းဗတာမနေနဲ့ အချိန်ကိုတန်ဖိုးထားပြီးနေ။

13.ဘူကောင်/အပူသည်တွေကိုရှောင် ။

လက်ရှိ နံပါတ်ဘယ်လောက်ကို လုပ်နေပြီလဲ။

SU Myanmar

 crd 🩵
https://t.me/LoveEmotions2311

စိတ်စေရာ🌺

13 Nov, 04:26


လူတယောက်ကို ချစ်ဖို့
ဘာတွေလိုအပ်သလဲ..?

" " လွယ်ပါတယ် " "

ဝဋ်ကြွေးလေး
အနည်းငယ်ရှိရင် လုံလောက်ပြီ။

- အကြည်တော်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

13 Nov, 01:08


မင်မင် ချစ်ကတဲ့

ဘာဘာ လေးတွေ 🥰

Love U All😘

စိတ်စေရာ🌺

13 Nov, 01:06


13.11.2024
မောနင်းးးးး ချစ်တို့ 🥰

ချစ်ခြင်းမေတ္တာဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ်။

နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေး
အေးချမ်းနေရင်

ဒါဟာချစ်ခြင်းမေတ္တာပဲပေါ့ကွယ်။

- ခက်နှောင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

12 Nov, 20:19


တရေးနိူး ထကြည့်

လူမပြောနဲ့

စာတစ်ကြောင်းမှတောင်မတွေ့

ပြန်အ်ိပ်ပြီ 😏😏

စိတ်စေရာ🌺

12 Nov, 14:37


ကိုယ်တို့ဟာ ချစ်သူတွေမဟုတ်ဘူး

ချစ်ခြင်းဟာ ကိုယ်တို့အတူစိုက်ခဲ့တဲ့

သီးပင် စားပင်ပဲ။

မျောနေတဲ့ လေထဲ
မောနေတဲ့ နေ့လည်း ရှိပါတယ်။

သို့သော်.....
ကိုယ် မင်းကိုချစ်တယ်။❤️

-ဆပ်ရိပ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

12 Nov, 14:32


သတိရတယ်လို့..

တစ်ယောက်ကိုတစ်ယောက်
ပြောခွင့်မရှိတော့တဲ့အခါ..

ကိုယ်တို့လည်း ဝေးသွားကြပြီလို့ပဲ
သတ်မှတ်လိုက်ပါမယ် ။

-မာရီယာလင်း

https://t.me/LoveEmotions2311

စိတ်စေရာ🌺

12 Nov, 14:27


မလွတ်လပ်ကြတဲ့ သံယောဇဥ်မို့

ဆန္ဒကို သိက္ခာနဲ့ ထိန်းနေကြပေမဲ့

ချစ်လိုက်ရတာမှ
အရူးတစ်ပိုင်းပါပဲ.....။

ဒါကို ခံစားဖူးသူတိုင်း
သိကြမှာပါ။

crd

https://t.me/LoveEmotions2311

စိတ်စေရာ🌺

12 Nov, 11:52


ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။

ဒို့ခေါင်းပေါ်မှာ

ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။

- မောင်ချောနွယ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

12 Nov, 01:04


12.11.2024

မောနင်းးးးးးးး ပါ ချစ်တို့ရေ🥰

စိတ်စေရာ🌺

06 Nov, 11:44


စချစ်ရတာပဲ ဖြစ်စေ၊
ဆက်ချစ်ရတာပဲဖြစ်စေ..။

နီးသည်ဖြစ်စေ၊
ဝေးသည်ဖြစ်စေပေါ့ကွယ်..။

ချစ်ခြင်းဆိုတဲ့
အပြာရောင်ဆက်နွယ်မှုလေးနဲ့

နွေးထွေးစေချင်ပါတယ်။

- ခက်နှောင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

06 Nov, 11:39


သူစိတ်ညစ်တဲ့အကြောင်း
ကြားတဲ့အခါ...
ကိုယ်ပါ စိတ်မောရပြီး

သူ့ရယ်သံတွေကို ကြားရတဲ့အခါ
ကိုယ်ပါ လိုက်ပြုံးမိတာဟာ
ချစ်ခြင်းမေတ္တာပဲ။

- လင်းညီ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

06 Nov, 11:37


စကားတွေ ကိုယ်ပြောမထွက်တော့တဲ့အခါ...

ဒါဟာ လေးလေးနက်နက်
ချိန်ဆနေတာဖြစ်တဲ့အကြောင်း ..

စကားတွေ မင်း နည်းလာတဲ့အခါ
ဒါဟာ
ပျောက်ကွယ်သွားတာဖြစ်တဲ့အကြောင်း ... ။

-သျှာဒ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

06 Nov, 06:33


6.11.2024

ချစ်တို့ရေ......မောလည်

စိတ်စေရာ🌺

05 Nov, 13:34


လွမ်းးးးးးးးးးးးးးးးးး🥺

စိတ်စေရာ🌺

05 Nov, 00:50


5.11.2024

မောနင်းးးးးး ချစ်တို့

လူဆိုတာ

ကိုယ့်နေရာချည်းပဲ ကြည့်နေလို့မရပါဘူး

သူ့နေရာကိုလည်း ဝင်ကြည့်ပေးတတ်ရမယ်

ဒါမှ လူပီသမှာပါ။

- ဦးဘုန်း (ဓာတု)

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Nov, 18:18


Gn all 🥰

စိတ်စေရာ🌺

04 Nov, 13:18


မင်းက ငါ့ကို မချစ်ပေမယ့်

ငါ မင်းကို ချစ်တာကိုကျ

သဘောကျနေတာမလား ။

- လင်းမာအို

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Nov, 13:16


ရှိနေမှန်းသိဖို့
အတောင်ပံ တစ်ဖျက်ဖျက်
ခတ်ပေးနေရတာပေါ့....။

ဆူညံမိသမျှအတွက်လည်း
ချစ်ခြင်း မေတ္တာအားဖြင့်ပဲ
ဝန်ချတောင်းပန်ပါတယ်။

-ကေဇဝင်း

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Nov, 13:07


တစ်ခါဆုံးရှုံးခဲ့ဖူးတယ်ဆိုရင်

နောက်တစ်ခါဆုံးရှုံးဖို့လည်း
အလွယ်လေးပဲ ။

ပြန်ရမယ်ဆိုရင်တောင်
ပြန်မယူသင့်တော့တဲ့အရာရှိတယ် ။

အဲ့ဒါ
လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ ပဲ ။

-ရိပ်ငြိမ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

04 Nov, 00:31


4.11.2024

မောနင်းးးးးး ချစ်တို့ 🥰

စိတ်စေရာ🌺

03 Nov, 16:07


အဆင်ပြေပြေနေထိုင်ပါတယ်။

မယိုမယွင်းရှိနေပါတယ်။

ဘာပြန်စာမှ ရောက် မလာတာကလွဲရင်

ကမ္ဘာကြီးက ပုံမှန်လည်ပါတယ် ။

-ခက်မင်းဝေ
https://t.me/LoveEmotions2311

(ပုံမှန် လည်ပတ်ဖို့တွက် အိပ်ပါပြီ
Gn all🥰 )

Heahter🎀

စိတ်စေရာ🌺

03 Nov, 15:46


မလိုအပ်ဘူးဆိုလည်း

ဘာများတတ်နိုင်မှာတဲ့လဲ...။

ဒီလိုပဲ လွင့်စင်ပေးရမှာပဲလေ...🥺

တတ်နိုင်တာမျိုး ဘာမှမရှိခဲ့ဘူး

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ပေါ့... ။

- ခက်နှောင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 15:35


ပိုင်ဆိုင်ခွင့်ရသူတွေ

တလေးတစား ချစ်ကြစေချင်တယ်

မင်းတို့ အလွယ်တကူ ရထားတာက

တစ်ချို့ မျက်ရည်တွေနဲ့ စွန့်လွတ်ထားခဲ့ရတာ....

- စောနန္ဒာခိုင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 15:07


စချစ်ရတာပဲ ဖြစ်စေ ၊
ဆက်ချစ်ရတာပဲဖြစ်စေ ၊

နီးသည်ဖြစ်စေ၊
ဝေးသည်ဖြစ်စေပေါ့ကွယ်...။

ချစ်ခြင်းဆိုတဲ့ အပြာရောင်ဆက်နွယ်မှုလေးနဲ့

နွေးထွေးစေချင်ပါတယ်။

- ခက်နှောင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 15:05


ကိုယ့်ကို အနားမှာ မရှိစေချင်တော့တဲ့အခါ

တိတ်ဆိတ်စွာ ထွက်သွားပေးလိုက်ခြင်းဟာ

ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ်ရမလား။

စွန့်လွှတ်ပေးလိုက်ခြင်းမျိုးနဲ့

ချစ်ခဲ့ပါတယ် ...အချစ်ရယ်

- ခက်နှောင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 15:01


အချစ်မှာလည်းတုံ့ပြန်မှုဆိုတာရှိသင့်တယ်

တစ်ဖက်တည်းကချစ်ပြနေလို့မရဘူးလေ

တဖက်ကနေရခတ်မှာပဲ

တဖက်သူရဲ့စိတ်ကိုနားလည်ရင်

အချစ်တစ်ခုဟာ ထာဝရမြဲနိုင်ပါတယ်။

𝐏𝐚𝐧

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 09:56


စာတန်းထိုးဘာသာပြန် လိုရင်
ခေါ်လေနော်


ဘာသာစကားအစုံ တက်ပါသည်လို့

🤣🤣🤣

https://t.me/LoveEmotions2311

စိတ်စေရာ🌺

03 Nov, 06:38


ကျွန်မက အရမ်းဆိုးတယ်နော် ...

ကိုယ့်အနားကပ်လာတဲ့ ဘယ်သူ့ကိုမဆို
ပြောပြဖြစ်တဲ့ စကားလေးတစ်ခွန်းပေါ့

ကျွန်မက အရမ်းဆိုးတယ်နော်ဆိုတာမျိုး...
နားလည်ပါဆိုတဲ့ စကားတွေ
မပြောဖြစ်ခဲ့ပေမယ့်

နားမလည်နိုင်တဲ့အခါ ထွက်သွားကြမယ်ဆိုတဲ့
အမှန်တရားကို လက်သင့်ခံပြီး
ဖွင့်ဟဖြစ်တဲ့ စကားပေါ့လေ ...

ချစ်မိပြီဆိုရင် ပိုင်ဆိုင်ချင်တဲ့အထိ
အတ္တတွေကြီးတယ်

ကိုယ်တစ်ယောက်တည်းနဲ့ပဲ
ဆိုင်ချင်တဲ့အထိလောဘတွေကြီးတယ်

တစ်ခါတစ်လေကျရင်
နားလည်ပေးချင်ပါတယ်ဆိုတဲ့
စိတ်တွေရှိနေတဲ့ကြားက

နားမလည်နိုင်တဲ့အတွေးတွေနဲ့
ကောက်ချင် ကောက်နေတတ်တာလေ

နည်းနည်းလေး ဂရုမစိုက်ရင်
မချစ်တော့လို့လားဆိုတဲ့ အတွေးတွေနဲ့ငိုချင်ငိုနေတတ်တာ

ချစ်တယ်ဆိုတဲ့ စကားကို
တစ်ခါတစ်လေကျ အစမရှိ အဆုံးမရှိ
ရုတ်တရက်ကြီးထပြောချင် ပြောလိမ့်မယ်

မုန်းတယ်ဆိုတဲ့စကားကို
တစ်ခါတစ်လေကျ
အကြောင်းပြချက်မရှိ
ပြောကောင်း ပြောလိမ့်မယ်

ကိုယ့်အတွေးနဲ့ကိုယ်
ဖြစ်ပျက်နေတတ်တာမျိုးလေ

ကျွန်မက အရမ်းဆိုးတယ်နော်
တကယ် သိပ်ဆိုးတာ

ချစ်မှန်းသိရဲ့နဲ့ ရစ်နေတတ်သလို
မချစ်မှန်းသိရဲ့နဲ့လဲဆွဲထားတတ်တယ် ။

ကျေးကို

စိတ်စေရာ🌺

03 Nov, 04:13


3.11.2024

မောနင်းးးးး ချစ်တို့ရေ

အရမ်းများ နောက်ကျသွားသလားးးး

အခုမှ လိုင်းရလို့ ပါနော်🥰

စိတ်စေရာ🌺

01 Nov, 12:27


ဟော ထွက်သွားပြန်ဘီ

2D - 40
3D - 044 🤭

စိတ်စေရာ🌺

01 Nov, 06:27


လူငယ်သဘာဝမှာ

ဆေးလိပ်သောက်တာ
ကြိုက်လာတာ အပြစ်မဟုတ်ဘူးးး

ဒါဟာ
အချစ်ရဲ့ဝေဒနာ တွေကြားမှာ

ဖြေသိမ့်ရာ ဆေးတစ်ခုပါ..။

Zee [ကောင်းမြတ်]

https://t.me/LoveEmotions2311

စိတ်စေရာ🌺

01 Nov, 06:18


လူတစ်ယောက်ကို‌

ပြောမပြတက်အောင် ချစ်နိုင်တယ်.။

ဒါပေမဲ့...

သူမရှိရင်မဖြစ်တဲ့ကြောင်း

မင်းက ငါ့ဘဝအတွက်အရေးကြီးကြောင်း

အသက်ထက်ပိုချစ်ရကြောင်း မပြောပါနဲ့

ကိုယ့်ရပ်တည်မှုနဲ့ကိုနေပါ..။

ငွေမရှိရင် လင်မယားချင်းတောင်
အဆင်မပြေနိုင်ဘူး

အရမ်းကြီးလည်းမျှော်လင့်မထားပါနဲ့

‌အရမ်းမျှော်လင့်ထားရင်

ခွဲခွာသွားရတဲ့အခါ...

ရူးမတတ်ခံစားရနိုင်တယ်။

𝐏𝐚𝐧

https://t.me/LoveEmotions2311

စိတ်စေရာ🌺

01 Nov, 06:14


ကျွန်တော်တို့

လူတစ်ယောက်ဆီက ဖုန်းကို
စောင့်ဖူးကြမှာပါ...။

ထမင်းမေ့ဟင်းမေ့ ပြောခဲ့ကြတယ်..

သူနဲ့စကားပြောနေရင်
တစ်လောကလုံးကိုမေ့ထားနိင်တယ်..။

သေချာပါတယ်..

အဲ့လူတစ်ယောက်ကပဲ
ကျွန်တော် တို့ မျော်လင့်ချက်တွေ
ရိုက်ချိုးသွားမှာပါ။

Joyy

https://t.me/LoveEmotions2311

စိတ်စေရာ🌺

01 Nov, 06:10


ကျွန်တော်ချစ်ခဲ့ပါတယ်

တခြားလက်ကိုသူဆွဲသွားသည့်ထိအတိုင်

တခြားပုခုံးကိုသူမှေးစက်သွားသည်အထိ

ချစ်ခဲ့ပါတယ် ချစ်ခဲ့ပါတယ်..။

Joyy

https://t.me/LoveEmotions2311

စိတ်စေရာ🌺

01 Nov, 00:05


Hello November 🥰

Good Morning

Have a nice day .

1.11.2024

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 15:26


ဘယ်သူ့ကို ဘယ်သူကမှ
နှုတ်ဆက်စရာမလိုပဲ

မင်းရော ကိုယ်ပါ
အိပ်လို့ပျော်ပြီဆိုရင်

ကိုယ်တို့ဝေးသွားတာ
သေချာပြီ။

- နွေသစ်ငြိမ်း

Gn all 🥰

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 15:16


ဘယ်တော့မှ ထပ်မခေါ်နဲ့ဆိုပြီး

ခေါ်အုံးမလားလို့ စောင့်နေမိတာလည်း

ကိုယ်ပါပဲ။

- မယ်ညို

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 10:15


ဟောာ

လွမ်းမိပြန်ပြီ 🥺

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 06:33


နေသားကျသွားမယ့်ရက်တွေ

ရှိကောင်းရှိနိုင်ပါတယ်

သို့သော် ငါသတိရတယ်။

- ဂန္ဓမာ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 01:14


ဆိုရှယ်သုံးတာတွေတဖြေးဖြေးလျော့သွားမယ်။

ဖက်ကြမ်းတွေပိုသောက်ဖစ်သွားမယ်။

ဆံပင်ရှည်တွေကပိုသထပ်ပိုရှည်လာမယ်။

နှုတ်ခမ်းမွှေးတွေရှည်လာမယ် စိတ်တွေရှည်လာမယ်။

အေးချမ်းမူတွေပေးမယ်
အနွေးထွေးဆုံးအရာတွေလက်ဆွဲခေါ်ပေးမယ်။

လိုအပ်ရင်ခေါ်သုံးပေါ့
ချစ်ခြင်းမေတ္တာတရားပေါများပြီးအရာရာသိမ်ငယ်တဲ့ကောင်‌ဆိုတော့လေ။

လောကမှာလူဖြစ်ခဲ့ရတဲ့အတွက်လည်းကျေးဇူးတင်တယ်၊နောင်တလည်းရတယ်။

တစ်ရက်မှမမေ့နိုင်ခဲ့လို့ကိုယ့်ကိုပိုစိတ်နာတယ်။

KoToke

https://t.me/LoveEmotions2311

စိတ်စေရာ🌺

31 Oct, 00:03


31.10.2024

မောနင်းးးးးးးးး ချစ်တို့🥰

စိတ်စေရာ🌺

30 Oct, 15:18


နောက်ထပ်
ဘာဆုယူဦးမလဲမေးရင်..

"မနက်ဖြန်တိုင်း မင်းကိုယ့်ကို
ပိုချစ်ပါစေပေါ့ "

-ဆန်းကျော်စွာဝင်း

Gn all🥰

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 15:13


ဒဏ်ရာရှိတဲ့
လူတစ်ယောက်ကို ချစ်ရတာ

လွယ်ကူတဲ့ တည်ဆောက်မှုမျိုး
မဟုတ်တဲ့အကြောင်းနဲ့ ...။

တစ်ခါတရံ သိပ်ကို
အထီးကျန်ဆန်လွန်း လှကြောင်း

ကိုယ်ပြောဖြစ်ခဲ့တယ်။

- မြကျေး

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 15:08


ကိုယ့်ဘဝနဲ့ကိုယ်

ပျော်ရွှင်နေတဲ့သူတွေကို

အားကျပါတယ်..။

ကျွန်တော့်မှာဖြင့်

သတိရစိတ်တွေ နဲ့ ပုံလို့ ပိလို့...။

- ဘယ်လာခင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 15:07


စိတ်ထဲက အသံတွေကိုကြားရဖို့

နားရွက်တွေမလိုဘူး

နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ။

        - ဂန္ဓမာ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 15:00


ကျကွဲပြီးသား နှလုံးသားတွေ

နောက်တစ်ကြိမ်ပြန်ချစ်ဖို့ဆိုရင်

အချိန်ယူရတယ် အရှိန်ယူရတယ်..။

နောက်ဆုံးးးး

အချစ်ကင်းမဲ့ဇုန်ကို ရွေးလိုက်ရတယ်။

- ဘယ်လာခင်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 14:56


တကယ်လို့များ
နည်းနည်းလေး ပြစ်ထားရင်
အများကြီး ဝမ်းနည်းနေတတ်ပြီးး

နည်းနည်းလေး အချစ်ခံရရင်တောင်
အကြီးကြီး ပျော်ရွှင်နေတတ်တဲ့

မရင့်ကျက်တဲ့ အပြုမူနဲ့
စိတ်ခံစားမှုများတဲ့
လူသားတစ်ယောက်ကိုပြပါဆို

ကျွန်တော့်ကို လက်ညှိုးထိုးပါ။

- လင်းမာအို

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 14:43


အရင်လူပြန်လာရင်
အရင်လို ချန်ခဲ့အုံးမှာပဲ
ဒီတစ်ခါတကယ်မခွဲဘူး ဆိုပြီး
ချည်မနေပါနဲ့...

မင်းပင်ပန်းတယ်
လာပါ ခဏဖြစ်ဖြစ်ပေါ့
ကိုယ်တို့ အမှတ်တရတွေ
ရေးခြစ်ရအောင်.. ။

- ရိပ်ငြိမ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

30 Oct, 09:32


နေရင်း ထိုင်ရင်းးးးးး

သူများ သား ကိုသတိတွေရ 🥺

https://t.me/LoveEmotions2311

စိတ်စေရာ🌺

22 Oct, 13:47


အဆင်ပြေလားတဲ့
အဖြေမရှိပေမဲ့

ကျွန်တော် ပြုံးပြခဲ့ပါတယ်
"ရင်ထဲကနာလို့"။

- ရိုးတံ

https://t.me/LoveEmotions2311

စိတ်စေရာ🌺

22 Oct, 13:45


ချစ်ခြင်းကိုသာ
ဖယ်ကြည့်လိုက်ရင်

အရာအားလုံးဟာ ဒဏ်ရာတွေချည်းပါပဲ

ဘာကြောင့် မငိုသလဲ မေးရင်

"သိပ်နာကျင်လွန်းလို့" လို့ ဖြေရပါလိမ့်မယ်

-အောင်ချိမ့်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

22 Oct, 13:43


မမေ့နိုင်တာ သေချာနေခဲ့လည်း
ကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။

ကိုယ့်မှာ ဘာတွေဘယ်လိုပဲ
နာကျင်ရသည်ဖြစ်စေ

အဲ့ဒီတစ်ယောက်ကိုတော့
ပျော်စေချင်ခဲ့တာကိုး ။

- မိုးနေ့

https://t.me/LoveEmotions2311

စိတ်စေရာ🌺

22 Oct, 13:41


ဘုရားသခင်ဟာ
မင်းကို ချစ်မြတ်နိုးခံယူစေဖို့ ဖန်ဆင်းပြီး

ငါ့ကိုတော့ အချစ်မှာ ရူးသွပ်ခံစားစေဖို့
ဖန်ဆင်းတော်မူတယ် ။

-ဆစ်ခ်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

22 Oct, 06:19


အရမ်း ချစ်ရပါသော

မန်ဘာ လေးများးးးးးးးးးးးးး

3018 ခွေပူး ထည့်လိုက်ရင် တော့ဖြင့်🤭

စိတ်စေရာ🌺

22 Oct, 02:29


Shaitaan (2024) ထရေလာ
-----------------
အဂျေး၊ ဂျိုသီကား၊ R.Madhavan


တောင်ပိုင်းမင်းသမီး ကျောင်းအုပ်ဆရာမ ဂျိုသီကား
အဂျေးနဲ့တွဲပြီး ပထမဆုံးရိုက်တဲ့ ဘောလီးဝုဒ်ရုပ်ရှင်Shaitaan ထရေလာထွက်ပါပြီ။
Shaitaan က၂၀၂၄ ထွက်ပြီးသမျှ ထရေလာတွေထဲ အကောင်းဆုံးဖြစ်သလို အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Shaitaan မှာ အဂျေးနဲ့ ဂျိုသီကားက လင်မယားတွေဖြစ်ပြီး ဆယ်ကျော်သက်အရွယ် သမီးလေး တစ်ယောက်ရှိပါတယ်။ တစ်နေ့ အဂျေးအိမ်ကို (3idiots ရုပ်ရှင်ထဲဖရ်ဟန်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား) ရောက်လာပြီး၁၅မိနစ် ဖုန်းအားသွင်းချင်လို့ဆိုပြီး ခွင့်တောင်းပါတယ်။ဂျိုသီကား ကန့်ကွက်တဲ့ကြားက အဂျေးက ခွင့်ပြုပေးပြီး အိမ်ထဲဝင်ခွင့်ပေးလိုက်ရာက တစ်အိမ်လုံးဗြောင်းဆန်ပြီး
မထင်မှတ်ထားတာတွေ ဖြစ်ကုန်တာပါ။ အတော်လေးခြောက်ခြားစရာကောင်းပြီး ထရေလာကတော့ အရမ်းပေါက်ထားပါတယ်။

Zကားကြည့်ရန်👇
https://t.me/mtkmovie1/120

Main Channel 👇
https://t.me/mtkmovie1

စိတ်စေရာ🌺

22 Oct, 02:14


The Last Possession (2022)
======================
IMDb ~ 4.7/10 ~ Horror

မိသားစုတစ်စုက တစ်နေ့မှာခင်ပွန်းဖြစ်သူရဲ့ငယ်ဘဝကြီးပြင်းရာအိမ်ကို မပြောင်းချင်ပဲပြောင်းခဲ့ရတယ်။ ဒီအိမ်ဟာ ခင်ပွန်းဖြစ်သူ အဖေကသူ့သားအတွက်ချန်ပေးခဲ့တာဖြစ်ပြီး အိမ်အိုကြီးတစ်လုံးဖြစ်တယ်။

သူတိုမိသားစုမှာ ကလေးလေးနှစ်ယောက်ရှိပြီး သူတိုကမကောင်းဆိုးဝါးတွေမြင်ရတယ်ဆိုပြီး မိဘတွေကိုပြောတော့ မိဘတွေကမယုံခဲ့ကြဘူး။ တကယ်ရောမြင်ခဲ့ရတာလား၊ ကလေးသဘာဝအရမြင်ယောင်တာလား မသေချာပါဘူး။

ဒီအိမ်ထဲမှာနေရင်းနဲ့ခြောက်လန့်ခံရမှုတွေကို သူတိုမိသားစုက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ကလေးတွေရဲ့အဖိုးက ခြောက်လန့်နေတာပဲဆိုပြီးယုံကြည်ကြတယ်။ ဒါပေမဲ့ ဒါကဟုတ်ရောဟုတ်ရဲ့လား သူ့အဖိုးကသူတိုကိုဘာကြောင့်ခြောက်နေတာလဲ၊ သူ့အဖိုးကခြောက်လန့်နေတာမှန်ရဲ့လားဆိုပြီး လျှိဝှက်ဆန်ဆန်ရိုက်ထားတဲ့ Horror ကားလေးဖြစ်ပါတယ်။

Zကားကြည့်ရန်👇
https://t.me/mtkmovie1/114

စိတ်စေရာ🌺

21 Oct, 23:25


22.10.2024
Morning Beloved


သစ္စာတရားဟာ

ကျန်းမာလျှက်ရှိကြောင်း သတင်းရတယ်

-အောင်ချိမ့်

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Oct, 17:05


ဒါ ပဲ

မချစ်ကျလဲ နေပေါ့

😂😂

စိတ်စေရာ🌺

21 Oct, 17:04


အားနာ ပါးနားလေးတော့

လာယူကျပါအုန်းဟယ်..

နင်တို့ကလည်းးး တကထည်းးးတော်

စိတ်စေရာ🌺

21 Oct, 17:01


ငါ့ လက်ကိုလဲ တွဲပါအုန်းဟယ်။

ငါ လက်ကမ်း ထားကတာ

ညောင်းလှပြီဟ 🤨

စိတ်စေရာ🌺

21 Oct, 16:58


ဂုဏ်တွေ

ပကာသဏတွေ

မမက်သော မိမိ

🤭🤭🤭

စိတ်စေရာ🌺

21 Oct, 15:51


အရေးမပါတဲ့လူတစ်ယောက်မို့

အရာမရောက်ချင်ပါဘူး

ချစ်ရတဲ့သူ့အတွက်တော့

အရေးကောအ‌ရာကော ရောက်ချင်ပါတယ်

𝐊𝐢𝐤𝐢

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Oct, 15:41


ခင်ဗျား တို့ ရော........

ဘယ်လို အနေအထားရှိလည်းး

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Oct, 15:33


မင်း နဲ့ ဆုံ ပြီး တဲ့ နောက်......

စိတ်စေရာ🌺

21 Oct, 12:28


မိမိရဲ့ကုန်ပစ္စည်းကြော်ငြာ ၊

online shop နဲ့ပတ်သတ်တဲ့ကြော်ငြာ..

လောင်းကစားapp ကြော်ငြာတွေ..

မိမိ channelတွေကိုကြော်ငြာချင်တဲ့

အကို ၊ အမတို့တတ်နိုင်တဲ့
စျေးနှုန်းနဲ့ဘဲကြော်ငြာပေးသွားမှာမို့
လာရောက်ကြော်ငြာထည့်လို့ရပါပြီ။

စျေးက ၂ဦးနှစ်ဖက်
တတ်နိုင်သလောက်ကိုညှိပေးပါတယ်။အများကြီးလည်းမဟုတ်ဘဲ
လူတိုင်းတတ်နိုင်တဲ့စျေးမို့
တလစာတပတ်စာ ကြော်ငြာ
စိတ်ကြိုက်အပ်နိုင်ပါတယ်..။

ကြော်ငြာထည့်ချင်ရင်တော့
ဒီaccမှာလာမေးပေးကြပါ။👇

Admin Acc -
@chattawkha

https://t.me/LoveEmotions2311

စိတ်စေရာ🌺

21 Oct, 09:34


အချစ်ကဗျာ (-)

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တော့လည်း မီးခိုးတော့ထွက်မှာပါ။

သုည နဲ့ သုညပေါင်းရင်
တစ် ,မဖြစ်ရင်တောင်

အချစ်ကစစ်ပါတယ် မခင်ညို ။

မင်း ဘယ်သူ့ကို ပြိုင်ချင်သေးလို့လဲ

ကိုယ့်ကိုပဲ အနိုင်ယူပါ ။

-မိုးဒေဝါ

စိတ်စေရာ🌺

21 Oct, 05:31


များမှန်းလည်း သိတယ်

မရှားမှန်းလည်း သိတယ်

ငါ့အတွက်တော့ မင်းက

တစ်ဦးထဲသော အမျိုးသားလေးဖြစ်တယ်။

https://t.me/LoveEmotions2311

4,041

subscribers

3,711

photos

549

videos