Knowledge Atmosphere @knowledgeatmosphere Channel on Telegram

Knowledge Atmosphere

@knowledgeatmosphere


Knowledge Atmosphereက သင်မသိသေးတဲ့ ဗဟုသုတအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ Subscribeလုပ်ပေးကြပါဦးနော် If you have any questions about my channel contact 👉 @knowledgeatmosphere_bot
12.11.2022

Knowledge Atmosphere (Burmese)

Knowledge Atmosphereသည် သင်တို့အတွက် ဗဟုသုတအကြောင်းအရာများကို တင်ဆက်ပေးသွားပြီးသွားမှာပါ။ သင့်ခန့်အပြောင်းအလဲလဲ အကြံပြုပြီး Subscribeလုပ်ပေးပါပြီ။ အားလုံးအကြံပြုမွှာ 👉 @knowledgeatmosphere_bot အဖြစ်နှင့် ဆက်သွားပါရေးသား

Knowledge Atmosphere

10 Jan, 12:42


ချစ်သော sub လေး‌တို့ရေ မင်မင်တို့ AUDIO BOOKS CHANNEL ကနေ ဆရာတာတေရဲ့ ညမဖတ်ရလို့ဆိုလောက်တဲ့ သရဲဝတ္ထုတွေကို တစ်ညကို ၂ပုဒ်နှုန်းနဲ့ တင်ဆတ်ပေးသွားမှာဖြစ်ပါတယ်ဗျ အောက်က channel link လေးကို join ပြီး‌နားထောင်လို့ရပါပြီနော် 👇

https://t.me/audiobooks96
https://t.me/audiobooks96

“မအိမ်ကံ” စာအုပ်လေးကိုလဲ အပိုင်းလေးတွေရတာနဲ့ ထပ်တင်ပေးပါမယ်နော် 🥰

Knowledge Atmosphere

09 Jan, 12:52


Congratulations Mother Country😑
အာဆီယံနိုင်ငံတွေထဲမှာ ရာဇဝတ်မှုအဖြစ်အများဆုံးနိုင်ငံအနေနဲ့ မြန်မာကဗိုလ်စွဲ

Knowledge Atmosphere

08 Jan, 18:53


၁။နောက်လာနောက်သား သာသနာ့အာဇာနည်လေးတွေ အတုမြင်အတတ်သင်မဖြစ်ရအောင် ဒီလိုအလဇ္ဇီအရှက်မဲ့ရဟန်းဆိုးတွေကို နှိပ်ကွပ်ရမယ်။

၂။ဝိနည်းပညတ်ရခြင်းအကြောင်းထဲမှာလည်း
အရှက်မဲ့ရဟန်းတွေကို နှိပ်ကွပ်ဖို့ဘဲလို့ မြတ်စွာဘုရားကအတိအကျဟောထားတယ်။

၃။သာသနာနဲ့ဆိုင်တဲ့ဘွဲ့လည်းမဟုတ်၊အပြင်လူတွေကပေးတဲ့ဘွဲ့ကို အရှက်မရှိ ကိုယ့်အဆင့်ကို ချပြီး ဘွဲ့ဝတ်စုံတွေဝတ်၊လူနဲ့တန်းတူနေ၊
နိုင်ငံခြားက ဘွဲ့မှအထင်ကြီးတဲ့ ရဟန်းဆိုးတွေကို
မြတ်စွာဘုရားများရှိရင်
"မောဃပုရိသ- ဈာန်မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောကျ်ား"လို့ ပင်
​ရှုံ့ချတော်မူလိမ့်မည်။


၄။ဘုရားလက်ထက်က လူတွေရှိသေးရင်လည်း
"သေယျထာပိ ဂိဟီ ကာမဘောဂိနော-ကာမဂုဏ်ကိုခံစားလေ့ရှိသော လူတို့နဲ့ တူပါပေစွ"ဟု ကဲ့ရဲ့ကြလိမ့်မည်။


၅။ကိုယ့်ဘဝက လူတွေထက်မြင့်မှန်းမသိတော့ မြင့်မြတ်လှတဲ့ ကိုယ့်အဆင့်အတန်း ကိုယ်သိက္ခာဖြစ်တဲ့ ရဟန်းအသွင်အပြင်ကို ဖျက်ဆီးစေတဲ့
အဝတ်တွေဝတ်ပြီး
ဘွဲ့တက်ယူတာကတော့
တော်တော်မရှက်တတ်တာလို့
ပြောရမယ်။

၆။သာသနာလင်္ကာရဘွဲ့၊ဓမ္မာစရိယဘွဲ့၊အဘိဝံသဘွဲ့၊တိပိဋကဘွဲ့၊ဝံသံဋကာဘွဲ့စတဲ့ သာသနာမှာ တကယ်မြင့်မြတ်တဲ့ ဘွဲ့တွေကျ ရအောင်မကြိုးစား၊ခက်လည်းခက်
လူတွေလည်း အထင်မကြီး၊
လာဘ်လာဘနည်းမှာကြောက်ပြီး လူထင်ကြီး လာဘ်ပေါအောင် အနှစ်မဲ့တဲ့
ဘွဲ့ဒီဂရီတွေကို အနှစ်လုပ်ပြီး
ယူနေကြတာဟာ ရှက်စရာပါ။

၇။လူဘွဲ့ဝတ်စုံတွေ ဝတ်၊လူ့အဝတ်အစားပုံစံတွေဝတ်ပြီး
လူ့ပုံစံနဲ့တူအောင်နေခြင်းက
ဘုရားဟောပါဠိတော်လာ
ပါသာဒိက-ကြည်ညိုဖွယ်ကိုဆောင်သော အသွင်အပြင်လည်း ဆုတ်ယုတ်သလို
အဋ္ဌကထာဆရာပြောတဲ့
လိင်္ဂသာသနာ-ရဟန်းအသွင်အပြင်သာသနာလည်း ကွယ်နိုင်တာမို့ ဒီလိုဝတ်စားခြင်းက သာသနာကွယ်စေတဲ့
အကြောင်းထဲက တစ်ချက်ဖြစ်လိမ့်မယ်။

၈။ဘုရားရဲ့နှုတ်ထွက်စကားဖြစ်တဲ့ မွန်မြတ်လှတဲ့ပါဠိ
စာတွေကို အလေးဂရုမပြုဘဲ အင်္ဂလိပ်စာတတ်မှ ကမ္ဘာသာသနာ့ပြုရမှာဆိုတဲ့ အရည်အသွေးမမှီတဲ့ အတွေးအခေါ် ရှိနေတာဘဲလို့လည်း မြင်မိတယ်။

၉။ဘုရားရဲ့သားတော်ရဟန်းဟာ ဘုရားရဲ့ပါဠိတော်သင်ယူလေ့လာမှုကို ဓမ္မာစရိယဘွဲ့ရရုံလောက်နဲ့ ရပ်သွားပြီး
သဒ္ဓါတရားမတက်တဲ့ တခြားနိုင်ငံခြားဘွဲ့ဒီဂရီတွေကျ အင်တိုက်အားတိုက်ကြိုးစားတာဟာ လူထွက်နိုင်တဲ့အကျိုးဆက်သာ ရလာတတ်ပါတယ်။

၁၀။ဓမ္မပဒဋ္ဌကထာလာပါဠိဂါထာလေးနဲ့ဘဲ အခုအကြောင်းအရာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။
"အသာရေ သာရမတိနော
သာရေစာ သာရဒဿိနော
တေ သာရံ နာတိဂစ္ဆန္တိ
မိစ္ဆာသင်္ကပ္ပ ဂေါစရာ"

-"အနှစ်မဲ့တဲ့ အရာတွေကို
အနှစ်တွေလ်ို့ ထင်ကြတယ်၊
အနှစ်ရှိတဲ့ အရာတွေကျ
အနှစ်မဲ့လို့ မြင်ကြတယ်၊
အဲလိုပုဂ္ဂိုလ်တွေဟာ
မကောင်းတဲ့ အရာတွေကို
ကြံစည်တွေးတောခြင်းအတွေးအခေါ်ဆိုတဲ့ ကျက်စားရာ ရှိကြပြီးတော့
အနှစ်တရားဖြစ်တဲ့ သီလ၊သမာဓိ၊ပညာ၊ဈာန်မဂ်ဖိုလ်၊နိဗ္ဗာန်တရားတွေကို
မရနိုင်တော့ဘူး"

အားလုံးကျန်းမာချမ်းသာကြပါစေ။

#ဇီဝက

Knowledge Atmosphere

08 Jan, 15:05


#picrd
@knowledgeatmosphere

Knowledge Atmosphere

07 Jan, 15:47


နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်ကြီးခြောက်စင်း ဇန်နဝါရီ ၂၁ ရက်တွင် တစ်တန်းတည်း ကျရောက်မည်

ဇန်နဝါရီ ၂၁ရက်တွင် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်ကြီးခြောက်စင်း တစ်တန်းတည်း ကျရောက်မည်ဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။

သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ ဇန်နဝါရီ ၂၁ ရက်တွင် သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ်၊ နက်ပကျွန်းဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့ ကမ္ဘာဂြိုဟ်နှင့် တစ်တန်းတည်း ကျရောက်နေမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဂြိုဟ်ကြီးခြောက်စင်း တစ်တန်းတည်း ကျရောက်မှုဖြစ်စဉ်ကို တစ်ကမ္ဘာလုံးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားထားသည်။

သို့ရာတွင် ယင်းဂြိုဟ်ကြီး ခြောက်စင်းအနက် သောကြာဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်များကိုသာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်ပြီး နက်ပကျွန်းနှင့်ယူရေးနပ်စ်ဂြိုဟ်များကို တယ်လီစကုပ် အကူအညီဖြင့်သာ တွေ့မြင်နိုင်မည်ဖြစ်သည်။

ဂြိုဟ်ကြီးခြောက်စင်း နေ၏တစ်ဖက်တည်း၌ တစ်တန်းတည်းကျရောက်မှုဖြစ်စဉ်သည် သီတင်းလေးပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။

ယင်းအပြင် ယခုနှစ် မတ် ၈ ရက်တွင်လည်း အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ်၊ သောကြာဂြိုဟ်၊ နက်ပကျွန်းဂြိုဟ်၊ စနေဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့၏ ဂြိုဟ်ကြီးခုနစ်စင်း တစ်တန်းတည်း ကျရောက်မှုဖြစ်စဉ်ကို ထပ်မံတွေ့မြင်နိုင်မည် ဖြစ်သည်။

ဂြိုဟ်ကြီးများ တစ်တန်းတည်းကျရောက်မှု ဖြစ်စဉ်သည် ကမ္ဘာဂြိုဟ်နှင့် နေအဖွဲ့အစည်းအတွင်းရှိ တခြားဂြိုဟ်များ နေ၏ ဘက်တစ်ဖက်တည်း၊ တစ်တန်းတည်း ကျရောက်ချိန်တွင် ပေါ်ပေါက်တတ်သည့် ရှားပါးဖြစ်စဥ်မျိုး ဖြစ်သည်။

သို့ရာတွင် တူညီသည့် နေပတ်လမ်းမျိုး ပိုင်ဆိုင်ထားမှု မရှိခြင်းကြောင့် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်အားလုံး တစ်တန်းတည်း ကျရောက်နိုင်ခြေမှာ အလွန့်အလွန်ရှားပါးကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

#crd
@knowledgeatmosphere

Knowledge Atmosphere

07 Jan, 02:24


ထိုင်းက ကိုထက်ဆိုးနေပြီ။
မြန်မာက အဲလိုလုပ်တာတွေကို
မကောင်းမှန်းသိပင်မဲ့ လုပ်ကြတယ်။

ထိုင်းက ကုသိုလ်အလုပ်ကြီး မှတ်ပြီးက်ို လုပ်နေကြတာ။
ပျံတော်မူရင် အာပတ်ကတောင်လိုပုံပြီထင်တာဘဲ။

Knowledge Atmosphere

06 Jan, 15:02


ရေထဲမှာတံတားတိုင်တွေဘယ်လို
ဆောက်ကြတာလဲ?

@knowledgeatmosphere

Knowledge Atmosphere

06 Jan, 12:34


အယုံလွယ်၍ ခဏခဏ လူလိမ်ခံရသော ရာသီခွင်များ

1. Aquarius
သူတို့တွေရဲ့ စိတ်က ခန့်မှန်းရခက်တယ်ရယ်။ မယုံရင်လည်း လုံးဝကို ပြောမရ ဘာပြောပြောလက်မခံအောင်ကို ခေါင်းမာတာ။ ယုံပြီဆိုရင်လည်း သိကြားမင်းဆင်းတားတောင်မရဘူး အတင်းတွေဟုတ်တယ် မှန်တယ် ခံငြင်းရင်း အလိမ်ခံနေရရင်တောင် လိမ်တဲ့သူကို သနားပြီး လမ်းစရိတ်ပြန်ပေးတတ်တဲ့ ရာသီခွင်တွေပါ။

2. Taurus
မျက်နှာကသာ ဆူပုတ်ပြီးခေါင်းမာနေပေမဲ့ တစ်ခုခုဆိုတိုင်း အမြဲလိမ်ခံရတာ Taurus ပါနော်။ ပုံစံကြည့်တော့ မျက်နှာကြောမာလွန်းလို့ တော်ရုံသူ့ကို လိမ်မရဘူး ထင်ရလောက်ပေမဲ့ တကယ်တမ်းက အထင်နဲ့လက်တွေ့က တက်တက်စင်အောင်လွဲပါတယ်။

3. Gemini
စိတ်နှစ်ခွသမားပေမဲ့ တစ်ဖက်သူကို သနားစိတ်အရမ်းဝင်နေတဲ့အချိန်ဆိုရင် ဘာလုပ်လုပ် ယုံကြည်ပေးတတ်ပြီး အကောင်းမြင်စိတ်အရမ်းထားတတ်ပါတယ်။ ဒါကြောင့်အမြဲ နှပ်ချခံရတိုင်း ဒေါသတကြီးတုံ့ပြန်တတ်ပေမဲ့ အမှတ်မရှိရှာသော Gemini လေးပါနော်။

4. Pisces
သူတို့လေးတွေခမျာမှာ အမြဲတမ်း တော်ပြီ ထပ်မယုံတော့ဘူး။ တော်ပြီ လူတွေမကောင်းဘူးအော်နေရင်း သတိအတန်တန် အထပ်ထပ်ထားနေရင်းကကို အထပ်ထပ်အခါခါ အမြဲလိမ်ခံနေရရှာတဲ့ Pisces လေးတွေပါနော်။

5. Leo
Trust issue ရှိတဲ့ Leo တွေက ယုံမိပြီဆိုရင် false hope တွေနဲ့ အမြဲ မမြင်ကွယ်ရာမှာ ထိုင်ကြည့်နေတတ်သူတွေပါ။ လိမ်ခံရတိုင်း အောင့်သက်သက်နဲ့ မဲ့ပြုံးပြုံးတတ်သူတွေပေါ့။

6. Virgo
Virgo တစ်ယောက်က ဘယ်တော့မှ အလိမ်မခံရတတ်ဘူး။ တစ်ခုပဲ။ သူတို့ကိုယ်တိုင်က သိသိနဲ့ အလိမ်ခံရင်တော့ သူတို့စိတ်မလည်မချင်း ဒါဟာ သူတို့ကိုတောက်လျှောက် တစ်ခေါက်ပြီးတစ်ခေါက် လိမ်ဖို့အတွက် လမ်းခင်းပေးထားသလိုပါပဲ။

7. Sagittarius
တော်ရုံလူတစ်ယောက်ကို မယုံကြည်တတ်တဲ့ Sagi တစ်ယောက်က အခင်ဆုံးသူတွေရဲ့ဓားချက်တွေပဲ တစ်ကိုယ်လုံးအနှံ့ပြည့်နေတတ်တယ်။ သူစိမ်းတစ်ယောက်အနေနဲ့ Sagi တွေကို နာကျင်အောင်လုပ်ဖို့ဆိုတာ တော်ရုံလွယ်ကူတာမဟုတ်ပေမဲ့ တစ်ခါထိပြီးရင်လည်း တစ်သက်မှတ်ထားတတ်တာ Sagi တွေပါပဲ။


8. Capricorn
ပြောတိုင်းယုံတတ်သူမဟုတ်ပေမဲ့ ၂ ခါကနေ ၃ ခါ ၃ ခါကနေ ၄ ခါဆိုရင်တော့ အကြွင်းမဲ့ယုံသွားတတ်သူတွေပါ။ ကံကောင်းတတ်ပေမဲ့ ဘဝနဲ့ချီပြီး ခဏခဏလည်း အလိမ်ခံရတတ်တာမို့ ခဏခဏပြောလည်း မယုံသင့်တာဆိုရင် မယုံပါနဲ့လို့။

---->
@tarotbtsuhlaung

#Credit
#‌hanako

Knowledge Atmosphere

05 Jan, 05:51


Aquarius အကြောင်း (Jan 21 - Feb 19) အပိူင်း(2)

☘️️Facts about Aquarius

၁။ Aquarius တွေဟာ လေရာသီခွင် ဖြစ်တာကြောင့် စိတ်အပြောင်းအလဲ မြန်ပါတယ်။ သူတို့တစ်ယောက်ထဲကိုတောင်မှ သွားမယ် မသွားဘူး စသည်ဖြင့် နောက်ဆုံးအချိန်ထိ အမျိုးမျိုး ရွေးချယ်ရခက်နေတတ်ပါတယ်။

၂။ သူတို့ဟာ ပြသနာတွေကို တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး ဖြေရှင်းတတ်ကြပါတယ်။ ခံစားချက်တွေကို မြိုသိပ်နိုင်စွမ်းရှိကြပြီး တော်ရုံတန်ရုံ ထုတ်မပြတတ်ကြပါဘူး။

၃။ Aquarius တွေဟာ သူတို့ စိတ်ဝင်စားတဲ့ အရာနဲ့ ပတ်သက်ရင် ဥာဏ်ကောင်းတတ်ကြပြီး creative ideasတွေ အများကြီး ရှိတတ်ကြပါတယ်။ အဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အားနည်းချက်တစ်ခုကတော့ အရာတစ်ခုကို ထပ်ခါတလဲလဲလုပ်ရရင် ပျင်းပြီး ငြီးငွေ့လွယ်လာတတ်ပါတယ်။

၄။ လူတွေကို လွယ်လွယ် မယုံတတ်တဲ့ ရာသီခွင်ထဲက တစ်ခုဖြစ်ပါတယ်။ Aquarius တွေရဲ့ အနားမှာ တကယ် တည်ဆောက်ထားတဲ့ relationship တွေဟာ လူနည်းစုဖြစ်ပါတယ်။ သူတို့ဘက်က တကယ်ယုံကြည်လာဖို့ဆို နှစ်တွေ ကြာအောင် အချိန်ယူရတတ်ပါတယ်။

သူတို့ထဲက တော်တော်များများဟာ ဆိုရှယ်ကောင်းဖို့လည်း စိတ်မကူးကြသလို ဆိုရှယ်ကောင်းခြင်း မကောင်းခြင်းဟာလည်း သူတို့အတွက် သိပ်အရေးမပါနေတတ်ပါဘူး။ များသောအားဖြင့် Aquaတွေကို တစ်သီးတစ်သန့် တွေ့ရတတ်ပါတယ်။

၅။ တစ်ယောက်ထဲနေရတာ ကြိုက်ကြပေမယ့် lonelyဖြစ်ရတာကိုတော့ မုန်းကြတာမို့ တချို့အချိန်တွေမှာ aquaတွေကို out going personတွေ အဖြစ်နဲ့ သူငယ်ချင်းတွေနဲ့ သွားလာနေတာကို တွေ့ရပါလိမ့်မယ်။
Me timeယူကြပေမယ့် they don't want to be lonelyပါနော်။

၆။ Aquaတွေဟာ friendshipကို တန်ဖိုးထားကြပါတယ်။ သူတို့ဟာ သနားကြင်နာတတ်ပြီး ယုံကြည်ရပါတယ်။ ကိုယ့်ပြသနာတွေကိုလည်း ရင်ဖွင့်လို့ ရသလို အကြံဥာဏ်လည်း တောင်းခံလို့ရပါတယ်။

ဒါပေမယ့် ကိုယ့်အကြောင်းတွေကို ပြန်ပြောမှာ ဘာညာ စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အကွာ တော်တော်များများက သူတို့အကြောင်း သူတို့တောင် ခေါင်းထဲ အများကြီး မထည့်တတ်ကြလို့ပါ။

၇။ Aquaတွေထဲက တချို့ဟာ အကြောင်းအရာတွေကို တည့်ပြောတတ်ပါတယ်။ တကယ်တော့ သူတို့ဟာ ရိုးသားကြတာပါ။
သူတို့ဟာ စိတ်ရင်းနဲ့ ပြောလိုက်ကြပေမယ့် လူတွေက သူတို့ကို အပြောအဆို မတတ်ဘူး ၊ တည့်တိုးသမားတွေ လို့ မြင်တတ်ကြပါတယ်။

၈။ တစ်ခါတစ်ရံမှာ Aquaတွေဟာ သူမတူတဲ့ အိုင်ဒီယာတွေကြောင့် လူထူးလူဆန်းတွေအဖြစ်နဲ့ တွေ့ရတတ်ပါတယ်။ ထို့အပြင် တစ်ခုခုကို အဖြေမရမချင်းထပ်တလဲလဲ တွေးတောနေတတ်ပါတယ် ။
အရာရာကို သမာရိုးကျနည်းလမ်းနဲ့သွားဖို့ထက် ကိုယ်ပိုင် နည်းလမ်းနဲ့ ဖောက်ထွက်ဖို့ ကြိုးစားတတ်ကြပါတယ်။

၉။လူတွေကို စာပြန်ပို့ဖို့ မေ့နေတာ၊ စာတွေကို ဝင်ဖတ်ရမှာ မဖတ်တာတွေကြောင့် ghostတယ်လို့ အပြောခံရတတ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိသင့်တယ်လို့ ယူဆထားကြတာကြောင့်
သူတို့ကို စာမပြန်ရင်လည်း အရမ်း sensitive ဖြစ်ပြီး serious ဖြစ်တတ်တဲ့အထဲ Aquaတွေ မပါကြပါဘူး။

၁၀။ ဘာကိုမှ သိပ်မခံစားတတ်ဘူးလို့ ထင်ရသော ၊ emotionသိပ်ထုတ်မပြတတ်သော Aquarius တွေရဲ့ တစ်ဖက်ခြမ်းမှာတော့ သူတို့ဟာ ဝမ်းနည်းလွယ်ပြီး စိတ်ထားနူးညံ့ကြပါတယ်။အရာသေးသေးလေးတွေကြောင့် ထိခိုက်ပြိုလဲလွယ်သူများဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘေးနားက လူတွေကို ချစ်ခင်ကြပေမယ့် ဂရုစိုက်မှုကို ကောင်းကောင်းမဖော်ပြတတ်တာကြောင့် သူတို့ ၁၀ လောက် ချစ်ရင်တောင် လူတွေက ၃ ၄ လောက်ပဲ ချစ်တယ်လို့ ယူဆတတ်ကြပါတယ်။

---->
@tarotbysuhlaing


#hanako
#credit

Knowledge Atmosphere

03 Jan, 05:30


ပစ္စည်းတစ်ခုခုဝယ်မယ်ဆို ဘယ်လောက် လိုအပ်သလဲဆိုတာနဲ့ပဲ တိုင်းတာပြီးဝယ်တတ်ကြပါတယ်။ လူတွေကြား ရေပန်းစားကြိုက်လေ့ရှိတဲ့ အရာတွေကို သဘောမကျဘဲ ကိုယ့်အတွက် သီးသန့်ဆန်ပြီး ကွဲပြားခြားနားတဲ့ အရာတွေကို သေချာရှာဖွေပြီး ဝယ်ယူသုံးစွဲလေ့ရှိကြပါတယ်။

Pisces ( Feb 19 - Mar 20)
Pisces လေးတွေကတော့ ရှောပင်းမော်လ်လို ဈေးလိုနေရာမျိုးတွေမှာ နှံ့နှံ့စပ်စပ်ရှာရှာဖွေဖွေစူးစမ်းလေ့လာထားရတာကို အင်မတန်ဝါသနာပါသူတွေပါ။ သူများတွေ မသိမမြင်သေးတဲ့ဆိုင်တွေ၊ နေရာတွေ၊ ဈေးတန်တဲ့ပစ္စည်းတွေကို ရှာဖွေဝယ်ယူတတ်ကြပြီး ဈေးဆစ်ဖို့လည်း ဝန်မလေးကြသူတွေပါ။ Pisces တယောက်ယောက်က Terminal M မှာ ရှိတဲ့ ဘယ်ဆိုင်ကဖြင့် အရမ်းကောင်းတယ်လို့ပြောရင် သွားဖြစ်အောင်သွားဖို့ ‌မမေ့နဲ့နော်။ သူတို့က ဒီနေရာမှာ expert တွေ။

--->@tarotbysuhlaing

#crd
#hanako

Knowledge Atmosphere

03 Jan, 05:30


ဈေးဝယ်တဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်က ရာသီခွင်ပေါ်မူတည်ပြီး ကွဲတယ်နော်

Aries (Mar 21 - April 19)
ဈေးဝယ်တာကို စိတ်အားတက်ကြွစွာနဲ့ လုပ်နိုင်တာကတော့ Aries တွေပါပဲ။ ပါတဲ့ပိုက်ဆံအကုန်ကုန်အောင်ဝယ်မယ့်အပြင် ဆိုင်တစ်ဆိုင်လုံးကိုပါ ပစ်သိမ်းလိုက်မယ့်သူမျိုးတွေပေ့ါ။ Sales ချတာဘာညာရှိနေရင် သူအနားက ‌ဝေးဝေးသာရှောင်နေပေတော့။ ဝင်တိုက်ခံရတာတွေ တံတောင်နဲ့ အတွတ်ခံရတာတွေ ဖြစ်နေမှာစိုးလို့။

Taurus (April 20 - May 20)
Taurus တွေကိုတော့ တကယ့် ကောင်းပေ့ဆိုတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေမှာ တွေ့နိုင်မှာပါ။ Taurus တွေ အများဆုံးဝယ်တာတော့ အထည်တွေ၊ အလှအပနဲ့ မွှေးကြိုင်တဲ့ ပစ္စည်းတွေပါပဲ။ အမျိုး သမီး Taurus တွေ အလှအပပစ္စည်းများ ဘယ် လောက်မက်လည်းဆို ခြေဖနောင့််ဆိုးဖို့ဆိုပြီးတောင် ပါးနီလေးဝယ်ဦးမယ်ဆိုတာမျိုးပါ။

Gemini (May 21 - Jun 20)
Gemini လေးတွေလား . . . သူတို့ကတော့ ဘာပဲဖြစ် ဖြစ် အသစ်ဆိုမှ အသစ်။ Latest ဆိုတာ သူတို့အသုံးအနှုန်းပဲ။ ရှိသမျှဆိုင်တွေထဲ ဝင်မယ်၊ ဖုန်းကိုလည်း ခဏခဏထုတ်ကြည့်ပြီး Latest Fashion တွေကို အမြဲ ရှာဖွေလေ့လာပြီးမှ ဝယ်တာပါ။ အဝတ်လဲခန်း‌ထဲမှာလည်း အဝတ်တွေ အနည်းဆုံး ၁၀ ထည်လောက်ယူပြီး ဝတ်ကြည့်ရမှ ‌ေကျနပ်တဲ့သူဟာ Gemini တွေပါပဲ။

Cancer (Jun 20 - July 22)
Cancer‌ လေးတွေကတော့ အဝတ်အဟောင်းတွေကို သေချာ ထိန်းသိမ်းထားတတ်သူတွေဖြစ်ပြီး တော်ရုံလည်း မလွှင့်ပစ်ကြသူတွေပါ။ အဲဒါပေမယ့်လို့ ဈေးဝယ်တာနဲ့ပတ်သက်ရင်ကျ ဘာမှစီစဉ်ထားခြင်းမရှိဘဲလဲ ဆတ်ကနဲ ဆတ်ကနဲ ကောက်ထည့်ပစ်ပြီး စိတ်ကူးပေါ်သလိုဝယ်ချပလိုက်တတ်ပါတယ်။ ပြောရရင် ဒါမျိုးက ရောင်းသူအကြိုက်ဈေးဝယ်သူတွေထဲပါတယ်ပေါ့နော်။

Leo (July 23 - Aug 22)
Leo တွေကတော့ အမြဲလိုလို အဖော်အပေါင်းတွေနဲ့ ‌ရှော့ပင်ထွက်လေ့ရှိပြီး ဖက်ရှင်အမြင်လည်းရှိသလို ကြည့်လိုက်တာနဲ့ဈေးကြီးမှန်းသိသာစေတဲ့ပစ္စည်းတွေကိုဝယ်ရတာခုံမင်ပါတယ်။ Leo တွေရဲ့ အကျင့်တစ်ခုက အဝတ်အစားလဲခန်းမှာ အင်္ကျီတွေတစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်ပြီး မှန်ရှေ့ ဆယ်လ်ဖီရိုက်ရတာကိုစွဲလန်းနှစ်ခြိုက်တာပါပဲ။

Virgo (Aug 23 - Set 22)
ပစ္စည်းတခုခုကို မဝယ်ခင် ‌အသေအချာ စေ့စေ့ပေါက်ပေါက် ကြည့်ကြသူတွေဟာ Virgo တွေပါ။ ပြီးရင်တော့ ပြီးပြည့်စုံမှုကို အမြဲလိုလားပြီး အသုံး စရိတ်နဲ့ပတ်သက်ရင်လည်း အင်မတန်အသေးစိတ် စီမံခန့်ခွဲတွက်ချက်ပြီးမှ ဝယ်တတ်ခြမ်းတတ်သူတွေပါ။ သေးသေးလေးကအစ သုံးစွဲတာနဲ့ညီမျှတဲ့ အရည်အသွေးပြန်ရမှ။ ပြန်မရလို့ကတော့ complain တက်ဖို့ အဆင်သင့်ဆိုတာ Virgo တွေပါပဲ။

Libra (Set 23 - Oct 22)
တခုခုကိုဝယ်ဖို့ အချိန်ဆွဲနေမယ်။ ဒါမှမဟုတ် တွေ့တဲ့အခါ ဝယ်လိုက်ပါမယ်လေဆိုပြီးကောက်ကိုင်တယ်။ ပြီးတော့ စဉ်းစားမယ်။ မဝယ်သေးလဲရသေးတယ်ဆိုပြီး ပြန်ချမယ်။ အဲဒီပစ္စည်းစင်ရှိရာကနေ ခြေနှစ်လှမ်းလောက်ထွက်လိုက်မယ်။ ပြီးရင် ကြုံတုန်းဝယ်ထားလိုက်ပါမယ်လေဆိုပြီး ပြန်လှည့် ရစ် သီရစ်သီနဲ့ ပြန်ကိုင်ကြည့်မယ်။ နောက်တခါ အကြာကြီးထပ်စဉ်းစားမယ်။ ပြီးတော့ တော်ပါပီ နောက်တခါမှဆိုပြီး စိတ်ဒုံးဒုံးချပြန်ထားခဲ့ပြီးထွက်လာမယ်။ ငွေရှင်းကောင်တာလည်းရောက်ရော စိတ်က တခါပြန်ရောက်ပြီး ဒါကိုဝယ်သင့်မဝယ်သင့်စဉ်းစားရင်း၊ ချီတုံချတုံနဲ့ပဲအိမ်ပြန်ရောက်လာမယ်။ ဒါဆိုရင်တော့ သေချာတယ် အဲ့တာ Libra ပဲ။ တကယ်လို့ ဝယ်လိုက်မိပြီဆိုရင်လည်း ငါဝယ်လိုက်တာ မှန်ရဲ့လား၊ မှားများသွားပြီလားဆိုပြီး စိတ်ထဲ အမြဲလွန် ဆွဲနေတတ်တဲ့ ဈေးဝယ်သူလေးတွေပါပဲ။

Scorpio (Oct 23 - Nov 21)
သိုသိုသိပ်သိပ်နဲ့ ခန့်မှန်းရက်ခက်တဲ့ဈေးဝယ်သူတွေထဲမှာ Scorpio တွေလည်းပါပါတယ်။ ‌ေနာက်ပြီးဘာပဲဝယ်ဝယ်လက်လွတ်စပယ် ဝယ်တတ်ကြသူတွေ မဟုတ်ပါဘူး။ ကိုယ်ဘာလိုချင်တယ်ဆိုတာ၊ ကိုယ်ဘာကိုကြိုက်တယ်ဆိုတာ အတိအကျသိသူတွေပါ။ ထူးထူးဆန်းဆန်းရှားရှားပါးပါးဒီဇိုင်းအဆန်းပစ္စည်းလေးတွေ၊ သဘာဝလွန် မှော်ဆန်တဲ့ပစ္စည်းတွေကို အထူးခုံမင်နှစ်သက်ကြပါတယ်။

Sagittarius (Nov 22 - Dec 21)
အမြဲလိုလို Last Minute မှ ဈေးဝယ်ကြသူတွေကတော့ Sagittarius တွေပါ။ ပြီးရင်လည်း ပထမဆုံးတွေ့တဲ့ဆိုင်မှာပဲ အကုန်ဝယ်ပစ်လိုက်ပြီး နောက်ဆိုင်တွေ ထပ်ပတ်ဖို့ စိတ်မရှည်လှတဲ့သူတွေပါ။ လို အပ်တယ်လို့စိတ်မှာဖြစ်တဲ့အချိန်နဲ့ တကယ် သွားဝယ်ဖြစ်တဲ့အချိန်က ကြားမှာ လချီ နှစ်ချီ ကြာသွားနိုင်ပါသေးတယ်။

Capricorn( Dec 22 - Jan 19)
Capricorn တွေကတော့ ဈေးဝယ်တဲ့အခါမှာ ဘယ် လောက်ကြာကြာသုံးလို့ရမလဲဆိုတာကိုပဲ အမြဲတွေးပြီးဝယ်တတ်သူပါ။ နောက်ပြီး သူတို့ကြိုက်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ရင် အင်မတိ အင်မတန် အသေးစိတ်လွန်းလို့ တော်ရုံ အတူတူဈေးသွားဝယ်မယ်ဆိုစိတ်မရှည်စရာကောင်းသောသူများပါ။ ဥပမာ တီရှပ်အဖြူဗြောင်တထည်ရှာတာ ရှောပင်းမောလ်အထပ်အကုန်ပတ်ပြီးသည်အထိ စိတ်ကြိုက်မတွေ့တာမျိုး။ ပြီးရင်လည်း သူတို့ ဈေးကြီးပေးဝယ်ထားရတဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်းပေးလို့တောင် မရနိုင်လောက်အောင် ဟောင်းနွမ်းမွဲသဲစုတ် ပြတ်တဲ့အထိ အကြာကြီး စွဲစွဲမြဲမြဲ သုံးလေ့ရှိကြပါတယ်။ Aquarius (Jan 20 - Feb 18)Aquarius လေးတွေကတော့ စက်ပစ္စည်းတွေနဲ့နောက်ဆုံးပေါ်နည်းပညာ ခေတ်စားနေတဲ့အရာတွေ ဝယ်ရတာကြိုက်ပါတယ်။

Knowledge Atmosphere

02 Jan, 23:15


(မွေးဂဏန်းအလိုက်သတိထားပြုပြင်ထိန်းသိမ်းသင့်တဲ့စရိုက်လေးများ)

1ဂဏန်းသမား=အာဏာပေးတတ်ခြင်း/အမိန့်ပေးတတ်ခြင်း/မာနကြီးခြင်း/မဟုတ်မခံ။ဆရာလုပ်တတ်ခြင်း။
2ဂဏန်းသမား=အငြိမ်မနေတတ်ခြင်း/စပ်စပ်စုစုနိုင်ခြင်း/အတည်တကျမရှိခြင်း။
3ဂဏန်းသမား=အစွဲလမ်းကြီးခြင်း/စနစ်ကျချုပ်ချယ်လွန်းခြင်း/လမ်းဟောင်းတိုင်းလျောက်တတ်ခြင်း။
4ဂဏန်းသမား=သီးသန့်ဆန်ခြင်း/ဘုကလန့်တိုက်/အရွဲ့တိုက်တတ်ခြင်း/တစ်ယူသန်ခြင်း။
5ဂဏန်းသမား=အသွက်လက်လွန်ခြင်း/အချိန်၊ငွေကိုမလိုအပ်ပဲဖြုန်းတီးခြင်းများ။
6ဂဏန်းသမား=ခံစား/သနားလွယ်ခြင်း။ချစ်လွယ်/မုန်းလွယ်ခြင်းများ။စိတ်ကိုအလိုလိုက်လွန်းခြင်း။
7ဂဏန်းသမား=ခပ်ပေါပေါနေတတ်ခြင်း/လေးနက်မှုအားနည်းခြင်း/ထူးဆန်းသောအမူရာများပြုလုပ်တတ်ခြင်း။
8ဂဏန်းသမား=လက်တုံ့ပြန်တတ်ခြင်း/စိတ်အမှတ်တေးထားတတ်ခြင်း/ဒေါသကြီးခြင်း။
9ဂဏန်းသမား=စိတ်လိုက်မာန်ပါပြုလုပ်ခြင်း/တဇွတ်ထိုးဆန်ခြင်း။

မိမိကိုယ်ပြန်လည်သုံးသပ်ရာမှာအထက်ပါအချက်များရှိနေရင်ပြင်ဆင်ထိန်းသိမ်းလိုက်ပါကဘဝတက်လမ်းမှာတစ်နည်းတစ်ဖုံအထောက်ကူဖြစ်စေနိုင်ပါတယ်🌹🌹🌹

Main channel>@astro53485
Second ch>>@knowledgeatmosphere

Knowledge Atmosphere

02 Jan, 13:49


နက်ပကျွန်းဂြိုဟ် အကြောင်း စိတ်ဝင်စားဖွယ်
အချက်များ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
✎..နက်ပကျွန်းဂြိုဟ်(Neptune) သည် နေအဖွဲ့အစည်းအတွင်း၌ အဋ္ဌမမြောက် ဂြိုဟ်ဖြစ်ပြီး နေနှင့် အဝေးဆုံးဂြိုဟ်ဖြစ်ပါတယ်။

✎..နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အမြားနှင့် ဖွဲ့စည်းထားသော ဂြိုဟ်ဖြစ်ပြီး ခါးပတ်ကွင်း ၄ ခုနှင့် ဂြိုဟ်ရံလ ၁၄ စင်း ရှိပြီး အဲဒီလတွေထဲက အကြီးဆုံးလက Triton ဖြစ်ပါတယ်။

✎..နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုဟ်ဖြစ်ကာ ကမ္ဘာထက် ၁၇ ဆမျှပိုလေးပြီး ယူရေးနပ်စ်ဂြိုဟ်ထက်အနည်းငယ်မျှ ပိုလေးပါတယ်။

✎..နက်ပကျွန်းဂြိုဟ်သည် ဂရိနတ်ဘုရား (Poseidon) ကို ရည်ညွှန်း၍ အမည်မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ Astronomical symbol for Neptune ဖြစ်ပါတယ်။

✎..နက်ပကျွန်းဂြိုဟ်ဟာ တခြားဂြိုဟ်များကဲ့သို့ တယ်လီစကုပ် ဖြင့် ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ဘဲ သင်္ချာနည်းဖြင့် ကြိုတင်ခန့်မှန်းပြီးမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

✎..နက်ပကျွန်းဂြိုဟ်အား ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် ဟာဘဲလ် အာကာသမှန်ပြောင်းနှင့် မြေ ပြင်အခြေစိုက် တယ်လီစကုပ်ကြီးများက အသေးစိတ်ကျသော လေ့လာမှုများအား လုပ်ဆောင်နိုင်ခဲ့ပါတယ်။

#neptune #solarsystem
#space #knowledge
#crdknowledgezone

Knowledge Atmosphere

01 Jan, 08:50


ပရလောကသားများအကြောင်းစိတ်ဝင်စားသူတွေအတွက်
တာတေ
ဒေဝတာ
ဒဿကျော်စွာ

ညရောက်မှဖတ်ကြနော်😁

Join ပြီးမှ ဖတ်နော် 👇👇
https://t.me/audiobooks96
https://t.me/audiobooks96

Knowledge Atmosphere

31 Dec, 17:30


HAPPY NEW YEAR 🎊🎉🪅
အားလုံးပဲပျော်ရွှင်ဖွယ်နှစ်သစ်ကူးအခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်
စိတ်ညစ်ခဲ့ရတာတွေ၊ စိတ်ဓာတ်ကျခဲ့ရတာတွေ၊ ဝမ်းနည်းခဲ့ရတာတွေ၊ အလိုမကျဖြစ်ခဲ့ရတာတွေအကုန်လုံးကို စွန့်လွှတ်နိုင်ပြီး လူသစ်၊စိတ်သစ်နဲ့ နှစ်သစ်ကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ Knowledge Atmosphere မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်🎈❤️❤️❤️

နှစ်သစ်ကိုပျော်ရွှင်ဖွယ်ရာတွေနဲ့ဖြတ်သန်းနိုင်ကြပါစေ💝💝💝

Knowledge Atmosphere

31 Dec, 10:55


စုံထောက် ဝတ္တုနားထောင်ချင်သူများအတွက် ဆရာကြီးမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဝတ္တုများကို
အိုင်ပီတို့ admin team က အချိန်ရသလို တင်ပေးပါမယ်ဗျ 😁
Link လေး join ပြီး နားထောင်လိုက်ပါဦးနော် 👇👇👇
https://t.me/audiobooks96
https://t.me/audiobooks96

PS. ဆရာမခင်ခင်ထူးရဲ့ မအိမ်ကံစာအုပ် အသံဖိုင်လေးကိုလဲ အပိုင်းဆတ်လေးတေရတာနဲ့ တင်ပေးပါမယ်ဗျာ 🥰

Knowledge Atmosphere

31 Dec, 04:16


Sagittarius အကြောင်း( Nov 23 - Dec 21 )အပိုင်း(1)


Facts about Sagittarius ✨️🤍🍀

၁။ ကိုယ် ယုံကြည်တဲ့ အရာကို လုပ်ဖို့ဆိုရင် တွန့်ဆုတ်မနေဘဲ တစ်ယောက်ထဲ လုပ်ရမယ်ဆိုလည်း လုပ်ရဲတဲ့သူတွေပါ။ ကိုယ် သဘောကျတဲ့အရာတွေအတွက် riskယူဖို့ ဝန်မလေးကြပါဘူး။

Sagittarius တော်တော်များများဟာ သူများကို အရမ်းမမှီခိုတတ်ကြဘဲ independence ပုံစံမျိုးနဲ့ တွေ့ရလေ့ရှိပါတယ်။

၂။ ဥာဏ်ပညာ အားကောင်းကြတဲ့သူတွေမို့ ထူးခြားတဲ့ အတွေးအခေါ်တွေ ၊ ဒဿနတွေ ရှိတတ်ပါတယ်။
အဲ့တာကြောင့် ဒီရာသီခွင်ထဲက တချို့တွေဟာ စာရေးတာ ၊ သီချင်းရေးတာ စတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာ ထူးချွန်ကြပါတယ်။

Sagittarius သူငယ်ချင်းတစ်ယောက်ရှိရင် သူ့ရဲ့ ဘဝကို ယူဆပုံတွေ ၊ အချစ်ရေးအပေါ် သူဘယ်လိုမြင်လဲဆိုတာတွေကို သေချာပေါက် ကြားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ဥာဏ်ကောင်းသလောက် စာကို နီးမှ ကျက်ကြပါတယ်။

၃။ လူတွေကို နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးတတ်ပါတယ်။ စကားချိုချိုလေးတွေထက် actionနဲ့ ပိုပြတတ်တဲ့ sign ဖြစ်ပါတယ်။

Sagittarius ရာသီဖွား မိန်းကလေးများဟာ နူးညံ့ပြီး အလွန်မိန်းကလေးဆန်တဲ့ ပုံစံမျိုးထက် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ ဦးဆောင်ရဲတဲ့ musculine vibeပိုများတတ်ပါတယ်။

၄။ ချုပ်ချယ်တာကို မကြိုက်ကြပါဘူး။ ရာသီခွင်ရဲ့ သဘောသဘာဝကိုက လူတစ်ပိုင်း မြင်းတစ်ပိုင်း ဖြစ်တာမို့ လွတ်လွတ်လပ်လပ်ပဲ နေလိုကြပါတယ်။ ချုပ်ခြယ်တာမျိုး ဆိုရင် ဝေးဝေးပြေးပါလိမ့်မယ်။

အဲ့လို လွတ်လပ်တဲ့ သဘောကို ကြိုက်တာမို့ လွတ်လွတ်လပ်လပ် ခရီးတွေ သွားရတာကိုလည်း သဘောကျတတ်ကြပါတယ်။

အဲ့တာနဲ့ ဆန့်ကျင်စွာပဲ လီလီ လေ့လာရသလောက်ပြောရရင် Sagittarius ရာသီခွင်ထဲက တချို့တွေက အားရင် အိမ်တွင်းပုန်းနေတတ်ကြပြန်ပါတယ်။ အမြဲ အပြင်သွားချင်နေတာမျိုးမဟုတ်ဘဲ အိမ်မှာ အေးဆေးနေချင်ကြတာမျိုးပါ။ ဒါပေမယ့် ခရီးသွားရတာလည်း ကြိုက်ကြပါတယ်လို့ ဆိုလိုချင်တာပါ။

၅။ သူတို့ ယူထားတဲ့ တာဝန်ကိုတော့ ပြီးအောင် ဆောင်ရွက်တတ်ကြပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု ရှိပြီး သစ္စာရှိတဲ့ sign တစ်ခု ဖြစ်ပါတယ်။

သူတို့ စိတ်မကုန်သရွေ့ သူတို့ ချစ်ခင်ရသူတွေဆီကနေ မထွက်သွားတတ်ကြပါဘူး။ အနစ်နာခံပေးဆပ်နေတတ်ကြပါတယ်။

သူတို့ ထွက်သွားတဲ့အခါကျရင်တော့ စိတ်ကုန်ပြီလို့သာ မှတ်လိုက်ပါ။

၆။ အကောင်းမြင်စိတ်များကြပါတယ်။ ခင်မင်တဲ့သူတွေနဲ့ဆို ရင် ရယ်ရပြီး ရုပ်တည်ကြီးနဲ့ ဟာသတွေ ပြောတတ်ကြပါတယ်။

တစ်ခုရှိတာက ခင်မင်ရင်းနှီးသွားပြီဆို အမှန်တရားကို တုတ်ထိုးအိုးပေါက် တည့်ပြောတတ်ကြပါတယ်။ အဲ့အကျင့်ကြောင့်ပဲ အထင်လွဲခံရတတ်ပါတယ်။ သူတို့ဟာ စိတ်ရင်းကို ပြောတာဖြစ်ပြီး ဘာအကြံအစည်မှ မရှိကြပါဘူး။

၇။ ဒီရာသီဖွားတွေဟာ တာဝန်ယူလိုစိတ်ရှိတာကြောင့်
အလုပ်ပိတတ်ပါတယ်။ ကိုယ့်ကိုယ်ကို အနားမပေးဘဲ တောက်လျှောက် runတတ်တာကြောင့် burnoutဖြစ်တတ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ဒါ့ကြောင့် ဖြည်းဖြည်းချင်း နားပြီးမှ လုပ်ပါလို့ အကြံပေးချင်ပါတယ်။

၈။Sagittarius တော်တော်များများဟာ ရုပ်ရည်အရ အေးတိအေးစက်ပုံစံမျိုးကို ပိုင်ဆိုင်ထားသော်ငြားလည်း စိတ်ထားနူးညံ့ကြပါတယ် ။ may be စစချင်းမှာ ချေမိုးပြီး ပေါင်းသင်းရခက်မယ့် ပုံစံမျိုး ဖြစ်တတ်ပါတယ်။

ရင်းနှီးသွားရင်တော့ ပျော်ပျော်နေတတ်ပြီး စနောက်တတ်ကြပါတယ်။ easy going personတွေ ဖြစ်ကြပါတယ်။

၉။ dark sideတစ်ခုကတော့ ခေါင်းမာပြီးတော့ အငြင်းသန်ပါတယ်။ Sagittarius တစ်ယောက်နဲ့ ထိုင်ငြင်းမယ်ဆိုရင် ကိုယ်ရှာနိုင်သမျှ factsတွေ အကုန်ရှာလာဖို့ လိုပါမယ်။ ဒါတောင် သူတို့က ကြံဖန်ပြီး ငြင်းဦးမှာပါပဲ။

၁၀။ တစ်ခါတစ်လေမှာ personal spaceလိုအပ်တဲ့ ရာသီခွင်ထဲက တစ်ခုဖြစ်ပါတယ်။ အမြဲ တက်ကြွပြီး energyအပြည့်ရှိနေတဲ့ သူတို့မှာလည်း ခြေကုန်လက်ပန်းကျပြီး ဘယ်သူနဲ့မှ ဘာမှ မပြောချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။

၁၁။ Sagittarius ထဲက တချို့ဟာ ကတိသေးသေးလေးတွေ ပေးပြီးရင် ချိုးဖျက်တတ်ကြပါတယ်။
ဥပမာ ပြောရရင် သူငယ်ချင်းတွေနဲ့ ချိန်းထားတာနောက်ကျတာမျိုး၊ အပြင်သွားမယ်လို့ ကတိပေးထားတာကို မသွားတော့ဘဲ အိမ်မှာနေလိုက်တာမျိုးကို ပြောတာပါ။

၁၂။ Sagittarius တော်တော်များများဟာ စိတ်ဆိုးလာတဲ့အခါ လူတကာကို လိုက်ပေါက်ကွဲနေတာမျိုး မလုပ်တတ်ကြပဲ တစ်ယောက်ထဲ calm downလုပ်ဖို့ အချိန်ယူကြပါတယ်။

--->
@tarotbysuhlaing

#hanako
#zodiac_sign
#credit

Knowledge Atmosphere

30 Dec, 12:06


Leoတွေအကြောင်း
( Jul 23 - Aug 23 )


Facts about Leo🔥

၁။ Leoတွေဟာ ကိုယ့်ကိုယ်ကို ချစ်ကြပါတယ်။ ဘယ်လောက်တောင် ချစ်တတ်ကြလဲဆိုရင် No one is perfect ဆိုပေမယ့် သူတို့ဟာ No one ဖြစ်ပါတယ်။

၂။ ရုပ်တည်ကြီးနဲ့ အဖက်မတန်သလို နေတတ်တာမို့ စစချင်း impressionမှာ ချေတယ်လို့ အထင်ခံရတတ်ပါတယ်။
စစချင်းမှာတင် အထက်စီးက ဆက်ဆံတတ်တာကြောင့် bossyဆန်တယ်လို့ မှတ်ချက်ပေးခံရသူများဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်သူ ဘာပြောပြော သိပ်ဂရုမစိုက်ဘဲ သူ လုပ်ချင်တာကို လုပ်တတ်တာလည်း Leoပါပဲ။ Leo တွေဟာ hatersတွေကို ဂရုမစိုက်တတ်ကြပါဘူး။

၃။ ဘယ်လို ဝတ်ရ စားရမယ်ဆိုတဲ့ fashion sense ရှိပြီး စျေးကြီးတဲ့ ရေမွှေးများကို နှစ်သက်လေ့ရှိပါတယ်။ ငွေကြေးကို သူတို့သဘောကျတဲ့ အရာတွေမှာဆိုရင် ဘယ်လောက်ကုန်ကုန် မနှမြောဘဲ သုံးစွဲတတ်တာ leoပါပဲ။ ဝယ်ပြီးမှ ငါ ကုန်သွားတာဆိုပြီး ငြီးနေတတ်တာကတော့ တစ်ပိုင်းပေါ့နော်။ branded ပစ္စည်းချစ်မြတ်နိုးသူတွေ ဖြစ်ပါတယ်။

၄။ Leoတွေဟာ လူတွေနဲ့ အရင်းနှီးဆုံးသူငယ်ချင်းလုပ်ဖို့ မလွယ်ပေမယ့် သူတို့ရဲ့ ယုံကြည်မှုကို ရသွားသူတွေအပေါ်လည်း အဆုံးထိ သစ္စာရှိစွာ ပေးဆပ်တတ်ပါတယ်။
အခင်ရဆုံးသူငယ်ချင်းတွေအတွက်ဆို ဘယ်လောက်ကုန်ကုန် ပေးချင်ကမ်းချင်တဲ့ စိတ်ရင်းကောင်းသူတွေ ဖြစ်ပါတယ်။

၅။ သူတို့ကို ကြည့်ရင် အေးတိအေးစက်နဲ့ ကြမ်းတမ်းတယ် ရှိန်တယ် ထင်ရပေမယ့် တကယ်တမ်းတော့ နှလုံးသားနုသူတွေဖြစ်ပါတယ်။ ရင်းနှီးတဲ့သူတွေ ပြောလိုက်တဲ့ စကားလေးတွေမှာ လွယ်လွယ်ကူကူ ဝမ်းနည်းပြီး စိတ်ထိခိုက်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့တာကိုလည်း ထုတ်မပြပါဘူး။ လူရှိန်အောင်ပဲ ဆက်ပြီးနေသွားကြပါတယ်။

၆။ သူတို့ကိုယ် သူတို့ အရာရာ လုပ်နိုင်တယ် ၊ ဦးဆောငိနိုင်တယ်ဆိုပြီး ယုံကြည်ထားသူများဖြစ်တာကြောင့် သူများဆီက အကူအညီတောင်းရမှာ ၊ တစ်ယောက်ယောက်ရှေ့မှာ ပြိုလဲပြရမှာကို အလွန်ကြောက်ကြပါတယ်။

၇။ Leoတွေဟာ စိတ်ကောက်တတ်ပါတယ်။ သူတို့ တန်ဖိုးထားတဲ့သူတွေဆိုရင် ပိုကောက်ပါတယ်။ သူတို့ ချစ်တဲ့သူတွေဟာ သူတို့နားမနေဘဲ တခြားသူနား သွားနေတာ ၊ သူတို့ကို ဂရုမစိုက်ဘူးလို့ ထင်တာမျိုးဆို ရစ်လိုက် ကောက်လိုက် လုပ်ပါတယ် ။
( လီလီရဲ့ သူငယ်ချင်းထဲမှာ Leoတစ်ယောက်ရှိတာ
ကောက်နည်းမျိုးစုံနဲ့ ကောက်ခံရပါတယ်လို့ ။ )
သူတို့ရဲ့ စိတ်ကောက်တဲ့ ပုံစံက silent treatment နဲ့ တစ်ဖက်လူကို မနေနိုင်အောင် လုပ်တာပါ။

၈။ သူတို့စိတ်ထဲမယ် တစ်ခုခုရှိတယ် ခံစားရရင် screenshoot သို့ diaries နဲ့ သိမ်းဆည်းထားတတ်ပါတယ်။

၉။ ချစ်ရသူတွေကို အမြဲသတိရပြီး စိတ်ပူနေတတ်ပါတယ်။

၁၀။ လူမသိ သူမသိ စိတ်ကူး အိမ်မက်တွေ အများကြီး ရှိပါတယ်။ Leoတွေဟာ controlလုပ်ခံရတဲ့
စည်းဘောင်တွေကြားမှာ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်မျိုးကို မုန်းပါတယ်။ သူတို့က ဘဝကို လွတ်လွတ်လပ်လပ်
လုပ်ချင်တာ လုပ်ပြီး ဖြတ်သန်းချင်တာပါ။

၁၁။ သူများတွေအတွက် ဘာမှ မဟုတ်ဘူးလို့ ထင်ရတဲ့ အရာသေးသေးလေးတွေဟာ သူတို့ကို စိတ်ဒုက္ခပေးတတ်ပါတယ်။

၁၂။ သူတို့နဲ့ ပြိုင်ငြင်းတဲ့သူတွေကို နှုတ်ခမ်းထော်တဲ့ထိကို ပြိုင်ငြင်းတတ်ကြပါတယ်။ Leoတွေလည်း အငြင်းသန်ပါတယ်။ သူတို့ ယုံကြည်တာကို တော်ရုံနဲ့ မစွန့်လွှတ်တတ်သူများ ဖြစ်ပါတယ်။

၁၃။ သူတို့နဲ့ comfortable ဖြစ်တဲ့သူနဲ့ဆိုရင်
late night talkတွေ ပြောလေ့ရှိကြပါတယ်။

၁၄။ Single Leoတွေဟာ တစ်ယောက်ထဲ မနေချင်ပေမယ့်လည်း ကိုယ့်အကျင့်ကို သိကြတာကြောင့်ရယ် love myselfဖြစ်တာကြောင့်(ကိုယ်ကလွဲပြီး
သူများလာ သေးသေးတင်ရင် မခံနိုင်တာကြောင့်)ရယ် singleဖြစ်နေကြတာဖြစ်ပါတယ်။ ကိုယ့်ကို လာကြိုက်တဲ့သူနဲ့ ကိုယ်က သဘောကျသူကလည်း မကိုက်လို့ပါ။ ပြီးတော့ Leoတွေရဲ့ standard နည်းနည်း မြင့်ပါတယ်။

၁၅။ သူတို့ အားစိုက်ထုတ်ရတဲ့ အလုပ်တွေ ကို ချီးကျူးပေးရင် လူကသာ ကျေးဇူးတင်ပါတယ် ဘာညာ အများကြီး
ပြန်မပြောကြတာပါ။ စိတ်ထဲမှာ ပန်းတွေ ပွင့်နေတတ်ပါတယ်။

၁၆။ စောင့်ရတာ မကြိုက်တဲ့ လူတန်းစားဖြစ်ပါတယ်။ သူတို့နဲ့ ချိန်းထားတာကို ဖျက်ရင် စိတ်ဆိုးတတ်ကြပါတယ်။

၁၇။ Leoတွေဟာ ဆိုရှယ်မှာ ထင်ရှားလေ့ရှိပါတယ်။ သူတို့ဟာ Zeroဖြစ်ရတာကို မကြိုက်တာကြောင့် ဘဝမှာ Heroဖြစ်အောင် အမြဲကြိုးစားကြပါတယ်။

၁၈။ Leoတွေဟာ သူတို့ တန်ဖိုးထားတည်ဆောက်ထားတဲ့ အရာတွေ ပြိုလဲသွားတဲ့အခါမှာ တခြားsignတွေထက် pressureပိတတ်ကြပြီး
ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ depression လောက်အဆင့်ထိကို ရောက်သွားတတ်ကြတာမို့ အဲ့လိုအချိန်တွေမှာ ထွေးပွေ့ပေးမယ့် နားလည်ပေးမယ့် တစ်စုံတစ်ယောက် လိုကိုလိုပါတယ်။

--->
@tarotbysuhlaing

#hanako

Knowledge Atmosphere

29 Dec, 05:46


၁၉၈၅ ခုနှစ်တုန်းက အင်္ဂလန် အောက်စဖို့ဒ်တက္ကသိုလ်မှာ ပြဿနာကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။

သက်တမ်း ၃၅၀ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းခန်းမကြီးရဲ့ ကြံ့ခိုင်မှု၊ လုံခြုံမှုက ချို့ယွင်းနေပြီဆိုတာကို ကျောင်းအင်ဂျင်နီယာအဖွဲ့က စစ်ဆေး တွေ့ရှိလိုက်တယ်။

ဝက်သစ်ချပင်ကြီး  အတိုင်၂၀ နဲ့ လုပ်ထားတဲ့ ခေါင်မိုးတုပ်တန်းက ဆွေးနေပြီး ထောက်ပံ့အားလျော့နေလို့ အသစ်လဲမှ ဖြစ်တော့မယ်။

ကျောင်းဘက်က တုပ်တန်းအတွက် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်တယ်။ အဲဒီအရွယ်အစား ဝက်သစ်ချပင်ကြီးလည်း ရှားပါးတာကြောင့် တုပ်တန်းတစ်တန်းကို ဒေါ်လာ ၂သိန်း ၅ သောင်းလောက် ကုန်ကျမယ် ခန့်မှန်းကြတယ်။ ဒါတောင် ဒီအရွယ်အစား ဝက်သစ်ချပင်ကို ဘယ်ရှာရမှန်းမသိဖြစ်တယ်။

ကုန်ကျစရိတ် ခန့်မှန်းခြေရတာနဲ့ ကျောင်းဘက်က ဦးနှောက်ခြောက်ပြန်တယ်။ ရန်ပုံငွေမရှာရင် ပြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒီအချိန်မှာ အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ သတင်းကောင်းတစ်ခု ရောက်လာတယ်။

ကျောင်းဥယျာဉ်မှူးတာဝန်ခံက လွန်ခဲ့သောနှစ်ပေါင်း ၃၅၀ ကတည်းက ကျောင်းခန်းမကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာပညာရှင်ဟာ နောင်လာနောက်သားတွေ ကြုံတွေ့ရမယ့် အခက်အခဲကို တွေးထားပြီးဖြစ်တာကြောင့် ကျောင်းမြေပေါ်မှာ ဝက်သစ်ချတောကို စိုက်ထားနှင့်ဖို့  ဥယျာဉ်မှူးဟောင်းကို ပြောခဲ့တယ်လို့ ဆိုတယ်။ အခု အဲဒီဝက်သစ်ချပင်တွေက ထုပ်တန်းအတွက် လိုအပ်တာထက်တောင် ကြီးနေပြီဖြစ်တယ်။

ဗိသုကာပညာရှင် အိပ်စက်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် ၃၅၀ နှစ်အကြာမှာ သူ့ရည်မှန်းချက်က အံ့မခန်း ဖြစ်လာတယ်။ ဒါဟာ တကယ့် အမြော်အမြင်၊ အဝေးမြင်ဖြစ်တယ်။

နောင်လာနောက်သားတွေကို ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်ရဖို့ လူတိုင်းမျှော်လင့်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမျိုးဆက်က သဘာဝရင်းမြစ်ကို ယခင်ကမရှိခဲ့ဖူးတဲ့ အရှိန်နဲ့ ဖျက်ဆီးနေကြတယ်။

ဂေဟဗေဒပညာရှင်တစ်ဦးက "အခုခေတ်လူတွေက တောင်နံရံကို ဝင်တိုက်တော့မယ့် အရှိန်ပြင်းတဲ့ အမြန်ကားပေါ်  ထိုင်နေကြတာနဲ့ တူတယ်။ ဒါတောင် ခရီးသည်တွေက ထိုင်ခုံရဖို့ အသည်းအသန် လုနေကြသေးတယ်။ ဒါတကယ့်ကို စဉ်းစားသင့်ပါတယ်" လို့ ဆိုခဲ့တယ်။

ပိုပြီး သရော်စရာကောင်းတာက ဒီခေတ်က လူတွေဟာ ရှေ့တစ်ခေတ်မှာ မရှိခဲ့ဖူးတဲ့ ဇိမ်ခံပစ္စည်းတွေကို သုံးဖြုန်းနေကြရပေမယ့် အတွင်းစိတ်က မပျော်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နှုန်းတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပြီး နှလုံးရောဂါဖြစ်ပွားမှုက ထင်တာထက် ကျော်လွန်နေတယ်။ စိတ်ဖိစီးမှုက မာရ်နတ်ဆိုးတစ်ကောင်လို လူတိုင်းရဲ့ ပါးစပ်ဖျားနဲ့ စိတ်နှလုံးမှာ ဝဲနေတယ်။

ကျွန်တော်တို့ ချို့တဲ့နေတာက အမြော်အမြင်ပါ၊ ဝေးဝေးမြင်တဲ့ အမြင်ပါ။ အပြုသဘောဆောင်တဲ့အမြင်၊ အလင်းဘက်ဦးတည်တဲ့အမြင်ဖြစ်တယ်။

ရေရှည်အတွက် စိုးရိမ်မှုမရှိရင် ဒုက္ခကြုံနိုင်တယ်လို့ ရှေးလူတွေက ပြောခဲ့တယ်။ ကျွန်တော်တို့မှာ ရေရှည်အတွက် စိုးရိမ်စိမှုမရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုက ရေရှည်အတွက် "ထည့်မစဉ်းစားတာ" ဖြစ်တယ်။  စိုးရိမ်စိတ်သာများနေတယ် .. ထည့်မစဉ်းစားတာဖြစ်တယ်။

အမြော်အမြင်၊ ကြိုမြင်တယ်ဆိုတာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး အပျက်သဘောဆောင်တဲ့ စိုးရိမ်ပူပန်မှု မဟုတ်ပါဘူး။

အခြေအမြစ်မရှိတဲ့ စိုးရိမ်ပူပန်မှုက ကိုယ့်ကို ဘာမှ မကူညီနိုင်ရုံမက စိုးရိမ်သူကိုလည်း စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်။

တကယ်လို့ ကိုယ့်ဘဝက ဝမ်းနည်းကြေကွဲစရာကောင်းနေတယ် ထင်ရင် ချာလီချက်ပလင်ရဲ့ စကားတစ်ခွန်းကို သတိရလိုက်ပါ။

"အနီးကြည့် မှန်ဘီလူးနဲ့ ဘဝကို ကြည့်ရင် ဘဝက ကြေကွဲစရာပါ။
အဝေးကြည့် တယ်လီစကုပ်နဲ့ ကြည့်ရင် ဘဝက ဟာသတစ်ခုပါ"

အနီးကြည့် မှန်ဘီလူးနဲ့ ကြည့်တော့ ဝမ်းနည်း နာကျင်မှုတွေက ပိုကြီးလာတယ်၊ ချို့ယွင်းချက်၊ အမှားတွေက ပိုကြီးလာတယ်။ အရာရာတိုင်း ချို့ယွင်းချက်တွေ ပြည့်လို့....

အဝေးကြည့် တယ်လီစကုပ်က ကျွန်တော်တို့ ပိုင်ဆိုင်နိုင်တဲ့ အလင်းဆီ ဦးတည်တဲ့ အဝေးကြည့်အမြင်နဲ့ တူတယ်။ မစုံလင် မလှပတဲ့ အသေးစိတ် အချက်အလက်တွေကို ခြုံငုံပြီး ကြီးကျယ်ခမ်းနားတဲ့ ပုံစံအဖြင့် မြင်ကွင်းတစ်မျိုး ဖန်တီးပေးတယ်။ အချိန်ဟာ အသံတိတ် မလွဲမသွေ ကုန်ဆုံးနေတယ်။ ဘယ်လိုလုပ်မှ ဒီဘဝကို အလဟဿ မဖြစ်စေဘဲ ပိုအဓိပ္ပာယ်ရှိစေမလဲဆိုတဲ့ အသိတရားကိုလည် ပေးနေခဲ့ပါတယ်။

မူရင်း-- The Reader magazine

#နိုင်းနိုင်းစနေ

@knowledgeatmosphere

Knowledge Atmosphere

28 Dec, 08:49


မွေးဂဏန်းအလိုက်ရှိတတ်ကြတဲ့အားသာချက်လေးတွေ

1ဂဏန်းသမားများ-စိတ်ဓာတ်ခိုင်မာ/ဇွဲကောင်းတတ်ကြတယ်။
2ဂဏန်းသမား-လက်ရုံးရည်/နှလုံးရည်ကောင်းတယ်။ခံစားမှုနဲ့အတွေးခေါ်ကောင်းတတ်ကြတယ်။
3ဂဏန်းသမား-စည်းကမ်းရှိပြီးစည်းကမ်းကိုလိုက်နာတန်ဖိုးထားတတ်ကြသူတွေပါ။
4-အယူဆတွေးခေါ်ပုံဆန်းကြယ်တတ်ပြီးသူများနဲ့မတူအောင်တွေးခေါ်တတ်တယ်။
5ဂဏန်းသမား-စွန့်စားတတ်ပြီးဆုံးဖတ်ချက်ပြတ်သားမြန်ဆန်တတ်ကြပါတယ်။စိတ်လှုပ်ရှားလွယ်သူမျိုးဖြစ်တတ်ပါတယ်။
6ဂဏန်းသမား-ခံစားလွယ်ပြီးအကြင်နာတရားကြီးမားတတ်ကြသူလေးတွေပါ။
7ဂဏန်းသမား-ကိုယ့်ကိုယ်ကိုယုံကြည်မှုထားတတ်ပြီးအရာရာစိတ်ဝင်စားစွာလေ့လာစူးစမ်းတတ်ကြပါတယ်။
8ဂဏန်းသမား-ပွင့်ပွင့်လင်းလင်းရှိတတ်ကြပြီးကျေးဇူးတရားကိုအထူးသိတတ်ကြပါတယ်။
9ဂဏန်းသမား-ပြတ်ပြတ်သားသားရှိပြီးဝီရိယအကျိုးကိုနားလည်တတ်ကြသူတွေဖြစ်ကြပါတယ်။
>>>@astro53485

#Pyae Sone Win
#Numerology

Knowledge Atmosphere

28 Dec, 07:40


Geminiတွေ အကြောင်း(May 21 - Jun 21 )


Facts of Gemini🍀

၁။ဆန့်ကျင်ဘက် လူရုပ်သွင် ၂ခုကို ပိုင်ဆိုင်ထားတဲ့ Geminiတွေဟာ စိတ်အပြောင်းအလဲ မြန်ပါတယ်။ သူတို့မှာ အမြဲ Dark sideနဲ့ Good sideဆိုပြီးတော့ ရှိပါတယ်။ Geminiတစ်ယောက်ရဲ့ အပေါ်ယံ Socialကျတာ ၊ သဘောကောင်းတာရဲ့ နောက်ကွယ်မှာ ကြောက်ဖို့ကောင်းတဲ့ Dark sideတစ်ခုရှိပါတယ်။

၂။ Geminiတွေဟာ attentionမလိုချင်ဘူးပြောပေမယ့် သူတို့ကို လစ်လျူရှုထားတဲ့ ခံစားချက်ကို မကြိုက်ကြပါဘူး။ လူတွေက သူတို့ကို အာရုံမစိုက်ကြတဲ့အခါ အဆင်မပြေသလို ခံစားရတတ်ပါတယ်။

၃။ သူတို့ဟာ ဖလစ်တာ မဟုတ်ပေမယ့်လည်း ဖလစ်သလို ဖြစ်တတ်ကြပါတယ်။ အဲ့တာကြောင့်လည်း ကိုယ့်ကို သဘောကျတဲ့သူတွေဆီကနေ မသိချင်ယောင်ဆောင်ပြီး ထွက်ပြေးနေတတ်ကြပါတယ်။

၄။ True but sad .ရည်းစားများတယ်လို့ အထင်ခံရတတ်တဲ့ Geminiတွေဟာ တကယ်တော့ သူတို့ လိုချင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲနေကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို
လာပလေးကြတဲ့သူတွေလည်း များသလို ၊ သူတို့ကလည်း ပြန်ပလေးတတ်ကြပါတယ်။

၅။တစ်ခုခုဆိုရင် လွယ်လွယ်ကူကူ လက်လျော့တတ်ပါတယ်။ Geminiတွေဟာ လေရာသီသမားတွေ ဖြစ်တာကြောင့် သူတို့ အရမ်း အရမ်း အရမ်းကို passionateဖြစ်တဲ့အလုပ်ကလွဲရင် တခြားအရာတွေကို လွယ်လွယ်လေးပဲ လက်လျော့တတ်ပါတယ်။

၆။ စိတ်က မျောက်တစ်ကောင်လိုပါပဲ။ ဟိုဟာလုပ်နေရင်းကနေပြီးတော့ ဒီဟာကို စိတ်ဝင်စားတတ်ပါတယ်။ အကုန်လုံးကို တို့စိတို့စိ လုပ်တတ်ပါတယ်။

၇။ တကယ်တော့ Geminiတွေဟာ စိတ်ဓါတ်ကျလွယ်ပါတယ်။ သူတို့ရဲ့ အတွင်းစိတ်လေးတွေဟာ နုနုလေးတွေပါ။ ဒါပေမယ့် သူတို့ဘဝမှာ သူတို့ဘက်က ကောင်းပေးရဲ့သားနဲ့ သူတို့အပေါ် မကောင်းတဲ့ အပေါင်းအသင်းတွေ ၊ Relationship တွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။

၈။ သူတို့မှာ သူများနဲ့ မတူတဲ့ အတွေးအခေါ်တွေ ရှိပါတယ်။ တစ်ခါတစ်ခါ ထူးထူးဆန်းဆန်းတွေ ထထလုပ်တတ်ပါတယ်။ ဘဝကို ဘောင်ခတ်ပြီး စည်းတွေ ဘောင်တွေနဲ့နေရတာကို မနှစ်သက်ကြပါဘူး။

၉။ Geminiတွေဟာ သူတို့ရဲ့ Dark sideကို လူတွေ မသိအောင် အပိရိဆုံး ဖုံးကွယ်နိုင်သူများဖြစ်ပါတယ်။ နာကျင်ကြေကွဲနေတဲ့သူတို့ရဲ့ ပုံရိပ်ကို အလွန်ရင်းနှီးတဲ့သူတွေတောင် မမြင်ဖူးအောင် သိမ်းထားနိုင်ကြပါတယ်။ တစ်ယောက်ထဲ တိတ်တိတ်လေး ကြေကွဲတတ်ကြပြီး ကြိတ်ငိုတတ်တဲ့ လူတန်းစားဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း လူတွေက geminiတွေ ပျော်နေတာကိုပဲ တွေ့ဖူးပြီး သူတို့မှာ စိတ်ညစ်စရာမရှိဘူးလို့ တွေးကြပါတယ်။

Geminiတွေထဲမှာ တစ်ချို့ဟာ တစ်ခါတစ်လေ ကြောက်ဖို့ကောင်းတဲ့ အတွေးအခေါ်တွေကို စဥ်းစားတတ်ကြပါတယ်။ ဥပမာ ငါ သူ့ကို ဓ..ါးနဲ့ ထိုးလိုက်ရင် ဆိုတာမျိုး၊ အခု ရှိနေတဲ့ ၇လွှာကနေ ခု..န်ချလိုက်ရရင် ဘယ်လိုနေမလဲဆိုတာမျိုးပါ။

၁၀။ သူတို့ဟာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့အရာတွေ ၊
အသစ် အသစ်တွေကို စိတ်ဝင်စားတတ်ကြပါတယ်။ (ဥပမာ ရိုလာကို စတာ စီးရတာမျိုး၊ ပြိုင်ကားမောင်းတာမျိုးပါ)

၁၁။ Geminiတွေဟာ creationလည်း ကောင်းကြတာမို့ သူတို့ဟာ ဘယ်နယ်ပယ်ရောက်ရောက် ထင်ပေါ်နေတတ်ပါတယ်။ သာမန် သမာရိုးကျနည်းတွေထက် ထူးခြားတဲ့ ideasတွေရှိတာကြောင့် arts , gaming,IT , အနုပညာစတဲ့ဘက်မှာ သူများတွေထက်ကို ထူးချွန်ကြပါတယ်

---->
@tarotbysuhlaing

#hanako

Knowledge Atmosphere

28 Dec, 05:15


ရက်ထပ်နှစ်(Leap Year)

ရက်ထပ်နှစ် ဆိုသည်မှာ ရာသီနှင့် ရာသီခွင်တို့ကို ပြက္ခဒိန်နှစ်နှင့် ကိုက်ညီမှုစေရန်အတွက် ရက်တစ်ရက် ထပ်ပေါင်းထည့်ပေးထားသော နှစ်ကို ဆိုလိုသည်။

ဥပမာအားဖြင့် ဂရီဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလကို ၂၈ ရက်မှာ ၂၉ ရက်သို့ ထပ်တိုးပြီး ပုံမှန် ၃၆၅ ရက် အစား ၃၆၆ ရက်ဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့အတူပင် လကိုမူတည်၍ တွက်သော ဟီးဘရူးပြက္ခဒိန်တွင်လည်း ပြောင်းလဲသွားသော ရာသီများကို ကိုက်ညီစေရန်အတွက် ၁၉ နှစ်မြောက်တိုင်း ပုံမှန် ၁၂ လ မှ နောက်ထပ် ၁ လ ထပ်ပေါင်း၍ ၁၃ လ အဖြစ် ယူလေ့ရှိသည်။

ရက်ထပ်နှစ်ဟူသော ဝေါဟာရသည် ဂရီဂေါရီးယန်းပြက္ခဒိန် ချိန်ညှိရာမှ ဖြစ်ပေါ်လာသော စကားလုံးဖြစ်သည်။ ပုံမှန်အားဖြင့် ရက်သတ္တပါတ်တစ်ခုရှိ ရက်တစ်ရက်သည် နောင်တစ်နှစ်တွင် ရှေ့သို့ တစ်ရက်တိုးသွားလေ့ရှိပြီး ရက်ထပ်နှစ်တွင် ၂ ရက်ရှေ့သို့ တိုးသွားရာ ထို့တိုးသွားသော ရက်ကို ဖေဖော်ဝါရီလ အဆုံးတွင် ထပ်တိုးထည့်ခြင်းဖြင့် ဖြေရှင်းခဲ့ရာ ထိုအဖြစ်ကို တိုးသွားသော (သို့) ခုန်သွားသော ရက်ပါသော နှစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခရစ်စမတ်နေ့သည် ၂၀၀၁ ခုနှစ် အင်္ဂါနေ့တွင်ကျရောက်ပြီး ၂၀၀၂ ခုနှစ်တွင် ဗုဒ္ဓဟူးနေ့၊ ၂၀၀၃ ခုနှစ်တွင် ကြာသပတေးနေ့တွင် ကျရောက်သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် ရက်တစ်ရက် ခုန်ကျော်သွားသဖြင့် စနေ့နေမှသာ ခရစ်စမတ်ကျတော့သည်။

ဂရီဂေါရီးယန်းပြက္ခဒိန်

ယနေ့ခေတ်တွင် စံအဖြင့် အသုံးပြုနေသော ဂရီဂေါရီယန်းပြက္ခဒိန်တွင် ၄ နှစ်တစ်ကြိမ် ရက်ထပ်နှစ် ဖြစ်လေ့ရှိသည်။ ထိုရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်အစား ၂၉ ရက်နှင့် အဆုံးသတ်လေ့ရှိသည်။ လေးနှစ်တကြိမ်ပေါင်းထည့်လိုက်သော ရက်သည် ပုံမှန် ၃၆၅ ရက်နှစ်တွင် အပူပိုင်ဇုံနှစ်ထပ် ၆ နာရီနီးပါး တိုသွားသော အချိန်အတွက် အစားလျော်ခြင်းလည်း ဖြစ်သည်။ ထိုပြက္ခဒိန်ကို ၁၅၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

အပူပိုင်းဇုံနှစ်သည် ၃၆၅.၂၅ ထက် အနည်းငယ်လျော့နည်းနေခဲ့ရာ အခြေခံဥပဒေသတွင် ကွာဟချက်တချို့ ဖြစ်ခဲ့သည်။ ရာစုနှစ် လေးခုကျော်သွားပြီးတိုင်း လေးနှစ်တစ်ကြိမ်ပေါင်းထည့်လေ့ရှိသော ရက်ထပ်ရက်သည် ၃ ရက်ပိုသွားသည်။ ထို့ကြောင့် ဂရိဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်စက်ဝန်း တစ်ပတ်ပြည့်သည့် နှစ်လေးရာတိုင်းတွင် ရက်ထပ်ရက် ၃ ရက် နှုတ်ပေးရန်လိုနေသည်။[၃] ထိုပြဿနာကို ရာစုနှစ်တစ်ခု ပြည့်သွားတိုင်း ထိုနှစ်ကို ၄၀၀ ဖြင့် စား၍ မပြတ်သော နှစ်မှ ၁ ရက်နှုတ်ပေးခြင်းဖြင့် ဖြေရှင်းလိုက်သည်။ ဆိုလိုသည်မှာ ၄၀၀ နှင့်စား၍ ပြတ်သော ၂၀၀၀၊ ၂၄၀၀ တို့သည် ရက်ထပ်နှစ်များဖြစ်ကြပြီး ၁၈၀၀၊ ၁၉၀၀၊ ၂၁၀၀၊ ၂၂၀၀၊ ၂၃၀၀၊ ၂၅၀၀ တို့သည် ရက်ထပ်နှစ်မဟုတ်တော့ပဲ ပုံမှန်နှစ်များဖြစ်သွားသည်။ ထို့ကြောင့် ထိုဥပဒေသအရ နှစ်တစ်နှစ်ရှိရက်သည် 365 + 1/4 − 1/100 + 1/400 = 365.2425 ဖြစ်သည်။ရက်ထပ်နှစ်(Leap Year)

ရက်ထပ်နှစ် ဆိုသည်မှာ ရာသီနှင့် ရာသီခွင်တို့ကို ပြက္ခဒိန်နှစ်နှင့် ကိုက်ညီမှုစေရန်အတွက် ရက်တစ်ရက် ထပ်ပေါင်းထည့်ပေးထားသော နှစ်ကို ဆိုလိုသည်။

ဥပမာအားဖြင့် ဂရီဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလကို ၂၈ ရက်မှာ ၂၉ ရက်သို့ ထပ်တိုးပြီး ပုံမှန် ၃၆၅ ရက် အစား ၃၆၆ ရက်ဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့အတူပင် လကိုမူတည်၍ တွက်သော ဟီးဘရူးပြက္ခဒိန်တွင်လည်း ပြောင်းလဲသွားသော ရာသီများကို ကိုက်ညီစေရန်အတွက် ၁၉ နှစ်မြောက်တိုင်း ပုံမှန် ၁၂ လ မှ နောက်ထပ် ၁ လ ထပ်ပေါင်း၍ ၁၃ လ အဖြစ် ယူလေ့ရှိသည်။

ရက်ထပ်နှစ်ဟူသော ဝေါဟာရသည် ဂရီဂေါရီးယန်းပြက္ခဒိန် ချိန်ညှိရာမှ ဖြစ်ပေါ်လာသော စကားလုံးဖြစ်သည်။ ပုံမှန်အားဖြင့် ရက်သတ္တပါတ်တစ်ခုရှိ ရက်တစ်ရက်သည် နောင်တစ်နှစ်တွင် ရှေ့သို့ တစ်ရက်တိုးသွားလေ့ရှိပြီး ရက်ထပ်နှစ်တွင် ၂ ရက်ရှေ့သို့ တိုးသွားရာ ထို့တိုးသွားသော ရက်ကို ဖေဖော်ဝါရီလ အဆုံးတွင် ထပ်တိုးထည့်ခြင်းဖြင့် ဖြေရှင်းခဲ့ရာ ထိုအဖြစ်ကို တိုးသွားသော (သို့) ခုန်သွားသော ရက်ပါသော နှစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခရစ်စမတ်နေ့သည် ၂၀၀၁ ခုနှစ် အင်္ဂါနေ့တွင်ကျရောက်ပြီး ၂၀၀၂ ခုနှစ်တွင် ဗုဒ္ဓဟူးနေ့၊ ၂၀၀၃ ခုနှစ်တွင် ကြာသပတေးနေ့တွင် ကျရောက်သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် ရက်တစ်ရက် ခုန်ကျော်သွားသဖြင့် စနေ့နေမှသာ ခရစ်စမတ်ကျတော့သည်။

ဂရီဂေါရီးယန်းပြက္ခဒိန်

ယနေ့ခေတ်တွင် စံအဖြင့် အသုံးပြုနေသော ဂရီဂေါရီယန်းပြက္ခဒိန်တွင် ၄ နှစ်တစ်ကြိမ် ရက်ထပ်နှစ် ဖြစ်လေ့ရှိသည်။ ထိုရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်အစား ၂၉ ရက်နှင့် အဆုံးသတ်လေ့ရှိသည်။ လေးနှစ်တကြိမ်ပေါင်းထည့်လိုက်သော ရက်သည် ပုံမှန် ၃၆၅ ရက်နှစ်တွင် အပူပိုင်ဇုံနှစ်ထပ် ၆ နာရီနီးပါး တိုသွားသော အချိန်အတွက် အစားလျော်ခြင်းလည်း ဖြစ်သည်။ ထိုပြက္ခဒိန်ကို ၁၅၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

အပူပိုင်းဇုံနှစ်သည် ၃၆၅.၂၅ ထက် အနည်းငယ်လျော့နည်းနေခဲ့ရာ အခြေခံဥပဒေသတွင် ကွာဟချက်တချို့ ဖြစ်ခဲ့သည်။ ရာစုနှစ် လေးခုကျော်သွားပြီးတိုင်း လေးနှစ်တစ်ကြိမ်ပေါင်းထည့်လေ့ရှိသော ရက်ထပ်ရက်သည် ၃ ရက်ပိုသွားသည်။ ထို့ကြောင့် ဂရိဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်စက်ဝန်း တစ်ပတ်ပြည့်သည့် နှစ်လေးရာတိုင်းတွင် ရက်ထပ်ရက် ၃ ရက်

Knowledge Atmosphere

28 Dec, 05:15


နှုတ်ပေးရန်လိုနေသည်။[၃] ထိုပြဿနာကို ရာစုနှစ်တစ်ခု ပြည့်သွားတိုင်း ထိုနှစ်ကို ၄၀၀ ဖြင့် စား၍ မပြတ်သော နှစ်မှ ၁ ရက်နှုတ်ပေးခြင်းဖြင့် ဖြေရှင်းလိုက်သည်။ ဆိုလိုသည်မှာ ၄၀၀ နှင့်စား၍ ပြတ်သော ၂၀၀၀၊ ၂၄၀၀ တို့သည် ရက်ထပ်နှစ်များဖြစ်ကြပြီး ၁၈၀၀၊ ၁၉၀၀၊ ၂၁၀၀၊ ၂၂၀၀၊ ၂၃၀၀၊ ၂၅၀၀ တို့သည် ရက်ထပ်နှစ်မဟုတ်တော့ပဲ ပုံမှန်နှစ်များဖြစ်သွားသည်။ ထို့ကြောင့် ထိုဥပဒေသအရ နှစ်တစ်နှစ်ရှိရက်သည် 365 + 1/4 − 1/100 + 1/400 = 365.2425 ဖြစ်သည်။

@knowledgeatmosphere

Knowledge Atmosphere

28 Dec, 05:12


ရင်ဖွင့်စာလေးတွေပို့ကြပါစို့💔💔💔

Knowledge Atmosphere

28 Dec, 05:11


မင်္ဂလာပါဗျာ့
ကျတော့်ရဲ့နောက်ထပ်ချန်နယ်အသစ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီချန်နယ်လေးရဲ့ရည်ရွယ်ချက်ကတော့ တစ်စုံတစ်ယောက်ဆီတိုက်ရိုက်မပြောနိုင်တဲ့စကားတွေ၊ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟထုတ်ပြောချင်သူများအတွက် ခိုစာကအမြဲရှိနေပါတယ်။ မိမိပြောလိုတဲ့စကားကိုခိုစာဆီစာရေးပို့ရုံမျှဖြင့်ထိုစာကိုပို့စေလိုသူထံပို့ဆောင်ပေးသွားမှာပါ။

Subscribe လုပ်ပေးကြပါဦးလို့အကူအညီတောင်းအပ်ပါတယ်ခင်ဗျ။❤️🙏🙏🙏

Join ရန်👉 https://t.me/KHOSAR_N

Knowledge Atmosphere

28 Dec, 05:08


😔😔😔
သူ့အချိုးတွေမပြင်နိုင်တာမဟုတ်ပါဘူး...
မင်းဖြစ်နေလို့သူမပြင်နိုင်တာပါ..
တစ်ဖက်မှာ..
သူလုံးဝလက်မလွှတ်နိုင်တဲ့တစ်စုံတစ်ဦးအတွက်...
ဘာမဆိုသူပြင်နိုင်ပြီးသား💔

@PSW33
@knowledgeatmosphere

Knowledge Atmosphere

28 Dec, 05:03


ခုသွား...သွား🤧🤧

#photocrd
@knowledgeatmosphere

Knowledge Atmosphere

27 Dec, 13:56


Silent words in English
တချို့ ENG wordsတွေမှာ silentလုပ်ရတဲ့ အသံလေးတွေရှိပါတယ်
Silent wordအချို့ကိုလေ့လာကြည့်ကြရအောင်နော်
@knowledgeatmosphere

Knowledge Atmosphere

27 Dec, 11:38


သောက်ရခက်မယ့်ပုံပါ🤧🤧

#Photocrd
@knowledgeatmosphere

Knowledge Atmosphere

27 Dec, 08:26


ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တာဝါသည် ဂျဒ်ဒါမြို့တွင် ပြီးစီးရန် လ ပေါင်း ၁၆ (သို့မဟုတ်) ၄၀  သာ လိုတော့သည်။

Jeddah Tower (ယခင် Kingdom Tower ဟုခေါ်သည်) သည် ဆော်ဒီအာရေဗျနိုင်ငံ Jeddah ရှိ မိုးမျှော်တိုက်တစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်ပြီးစီးပါက ဒူဘိုင်းရှိ Burj Khalifa ကို ကျော်လွန်၍ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမည်ဟု မျှော်မှန်းထားကြပါတယ်။

Jeddah Tower ၏ အဓိကအသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ချက်
• တည်နေရာ- ဂျဒ်ဒါ၊ ဆော်ဒီအာရေဗျ
• အမြင့်- 1 ကီလိုမီတာ (ခန့်မှန်းခြေအားဖြင့် 1,000 မီတာ သို့မဟုတ် 3,281 ပေ) အမြင့် မြင့်စေရန် ဖန်တီးထားသည်။
• အထပ်များ- အနည်းဆုံး အထပ် 167 ရှိရန် ခန့်မှန်းထားသည်။
• ရည်ရွယ်ချက်- လူနေအိမ်တိုက်ခန်းများ၊ ရုံးခန်းများ၊ ဇိမ်ခံဟိုတယ်များနှင့် ရှုခင်းကြည့်ကုန်းပတ်များ အပါအဝင် ရောနှောအသုံးပြုသည့် အဆောက်အအုံ။
• ဗိသုကာပညာရှင်- Adrian Smith မှ Adrian Smith + Gordon Gill Architecture (Smith သည် Burj Khalifa ၏ ဒီဇိုင်နာလည်းဖြစ်သည်)။
• တီထွင်သူ- ဆော်ဒီဘီလီယံနာမင်းသား Al-Waleed bin Talal ကျောထောက်နောက်ခံပြုထားသော Jeddah စီးပွားရေးကုမ္ပဏီ (JEC)။

ဆောက်လုပ်ရေးအခြေအနေ
• ဆောက်လုပ်ရေးလုပ်ငန်းကို 2013 ခုနှစ်တွင် စတင်ခဲ့သော်လည်း ငွေကြေးနှင့် အလုပ်သမားဆိုင်ရာ ပြဿနာများအပါအဝင် နှောင့်နှေးမှုအမျိုးမျိုးကြောင့် ဆောက်လုပ်မှု နောက်ကျခဲ့ပါတယ်။

တာဝါပေါ်ရှိ လုပ်ငန်းများကို 2018 ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး စီမံကိန်းကို မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကို မသေချာသေးပါ။

အင်္ဂါရပ်များ
• Observation Deck- ကမ္ဘာပေါ်တွင် အမြင့်ဆုံးတစ်ခုဖြစ်လာရန် စီစဉ်ထားပါတယ်။

• ဖောင်ဒေးရှင်း- ပင်လယ်နီအနီးရှိ စိန်ခေါ်မှုရှိသော မြေဆီလွှာနှင့် ရာသီဥတုအခြေအနေများကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်ထားသည်။

• ရေရှည်တည်တံ့မှု- စွမ်းအင်သက်သာသောစနစ်များနှင့် အဆင့်မြင့် ဆောက်လုပ်ရေးပစ္စည်းများကဲ့သို့သော ဂေဟစနစ်သဟဇာတနည်းပညာများ ပေါင်းစပ်ပါဝင်ပါသည်။

အစရှိတာတွေ

Jeddah Tower သည် စီစဉ်ထားသော မြို့ပြဖွံ့ဖြိုးရေးပရောဂျက်တစ်ခုဖြစ်သည့် ပိုကြီးသော Jeddah Economic City ၏ အဓိကအချက်အချာဖြစ်ရန် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မျှော်စင်သည် ရေနံထက် ၎င်း၏စီးပွားရေးကို ကွဲပြားစေရန်နှင့် ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဆန်းသစ်တီထွင်မှုများအတွက် အချက်အချာကျသည့်အချက်အချာအဖြစ် တည်ထောင်ရန် ဆော်ဒီအာရေဗျ၏ ရည်မှန်းချက်ကို ကိုယ်စားပြုပါတယ်။

#Credit:Western ENT

@knowledgeatmosphere

Knowledge Atmosphere

27 Dec, 07:58


{ကိုယ့်ရဲ့ နာမည်အရ Lucky number ရှာနည်း}

အနောက်တိုင်းNumerologyခေါ်ဂဏန်းဗေဒင်မှာ မိမိနာမည်တွေကိုသတ်မှတ်ဂဏန်းအလိုက်ရလာတဲ့ပေါင်းခြင်းဂဏန်းကမိမိရဲ့နာမည်ကို၊အမည်မည့်ခေါ်ထားတဲ့သူရဲ့ဘဝကိုလွှမ်းမိုးမှုတွေရှိနေတယ်လို့ဆိုပါတယ်။ဒီဂဏန်း Ekpression number(ဘဝကံကြမ္မာဂဏန်း)လို့ခေါ်လို့ရသလို၊အမည်ကနေဖြစ်လာတာမို့ name number လို့လည်းခေါ်ဆိုနိုင်ပါတယ်။တွက်ပုံကိုကြည့်ရအောင်ပါ။အောက်မှာ အင်္ဂလိပ်အက္ခရာတွေနဲ့ဂဏန်းတွေကိုတွဲပေးထားပါတယ်။ကိုယ့်ရဲ့နာမည်ကအင်္ဂလိပ်စာလုံးတွေအကုန်လုံးကိုဂဏန်းပြောင်းပြီးချပေါင်းပါ။ရလာတဲ့ဂဏန်းကိုတစ်လုံးတည်းဖြစ်အောင်ပြန်ပေါင်းပါ။ရလာတဲ့ဂဏန်းကမိမိရဲ့ အမည်ဂဏန်းဖြစ်ပါတယ်။
ဥပမာ..
Pyae Sone Win(အမည်)
7+7+1+5+ 1+6+5+5 5+9+5=56=11=2
ပေါင်းခြင်းနောက်ဆုံးဂဏန်းက (2)ဖြစ်တဲ့အတွက်ကျွန်ုပ်ရဲ့အမည်ဂဏန်းက(2)ဖြစ်ပါတယ်။ဒါကို Lucky number အဖြစ်သတ်မှတ်ပြီးအဆောင်ပြုလို့လည်းရသလို၊နံပါတ်ရွေးချယ်မှုတွေမှာလည်းအသုံးပြုနိုင်ပါတယ်။ပြထားတဲ့ပုံက Pythagorean system ဖြစ်ပါတယ်။နံပါတ်(9)ထိပါပါတယ်။ကိုင်ရိုမူနဲ့တွက်ရင်နံပါတ်(9)မပါလို့အဖြေတစ်မျိုးထွက်နိုင်ပါတယ်။မူကွဲတွေရှိပါသေးတယ်။
Link
👇👇👇
https://t.me/astro53485

#Pyae Sone Win
#Astrology
#Tarot

Knowledge Atmosphere

26 Dec, 13:48


Zodiac signs and their real problems

Aries - စိတ်ကြီးတယ် ပွဲရှာတယ် ပျော်ပျော်နေတတ်တယ်လို့ အများကမြင်ကြပေမယ့် တကယ်တန်းကျတော့ ဆွေမျိုးသားချင်းကိုယ်တိုင်က အလေးမပေးတာတွေ၊ အကောက်ကြံတာတွေ
‌အပြစ်ပြောတာတွေကို ခံစားနေရသူတို့ဖြစ်ပါတယ်။

Taurus - နူးညံ့တယ် အစားကောင်းတွေနဲ့ luxury things တွေကို ကြိုက်တတ်တဲ့ Taurus တွေကလည်း တကယ်တန်းကျ
Mom Mom's boys, Mom Mom's girls လေးတွေအဖြစ်များတတ်ကြပါတယ်။ မိခင်ရဲ့ လွှမ်းမိုးမှုအားကြီးလွန်းလို့ သူတို့ကိုယ်သူတို့မပိုင်သလို ခံစားရတတ်ပြီး တစ်ခါတလေမှာလည်း
ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်၀င်တတ်ကြပါတယ်။

Gemini - စိတ်ကအမြဲပြောင်းလဲနေတာပဲ၊ မျက်နှာကလည်းများလိုက်တာ၊ အမြဲစိတ်နှစ်ခွနဲ့လို့ အပြောခံရတဲ့ Gemini တွေ သူတို့မိသားစု၊ မိသားစုလို တန်ဖိုးထားသူကို သံယောဇဉ်ကြီးကြတာကို ဘယ်သူမှ သတိမထားမိကြပါဘူး။

Cancer - အမြဲကန့်လိုက်တိုက် စိတ်ကူးယဉ် emotion များတယ်လို့ ပြော‌ခံရတဲ့ သူတို့လေးတွေက တကယ်တော့ water sign တွေထဲ emotion အထိန်းနိုင်ဆုံးလေးတွေပါ။ ကန့်လန့်လိုက်တိုက်တဲ့ အကြောင်းကတော့ သူတို့လေးတွေနဲ့ အမြင်က တစ်ခြားသူနဲ့မတူတာ ဖြစ်နေတာကြောင့် သူတို့မြင်တဲ့အတိုင်းလုပ်ရင်း ကန့်လန့်တွေ လုပ်တယ်လို့ အပြောခံကြရတာဖြစ်ပါတယ်။

Leo - အမြှောက်ကြိုက်တယ်၊ မာနကြီးတယ်၊ သီးသန့်ဆန်တယ်လို့ အပြောခံရတဲ့ Lion လေးတွေက တကယ်တော့ မိတ်ဆွေအပေါင်းအဖော် တအားမက်ကြပါတယ်။

Virgo - အပြင်ကကြည့်ရင် ထက်မြက်တယ် တော်တယ် တည်ကြည်တဲ့ မျက်နှာအနေအထားရှိတယ် ထင်ရတဲ့ သူတို့ဟာလည်း
Family နဲ့ ပတ်သတ်ပြီး ကလေးဘ၀ကစလို့ trauma ပေါင်းများစွာရကြသူတွေပါ။ သူတို့ဟာ ငယ်ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်းထက် အရွယ်နဲ့မမျှတဲ့ ရုန်းကန်မှုတွေကို ကြံ့ကြံ့ခံနေရသူတွေပါ။

Libra - နေရာတကာ၀င်ပါတတ်တယ် lobby လုပ်တယ်အပြောခံရတဲ့ ချိန်ခွင်တို့ကလည်း သူတို့က အမြင်မတော်ရာ၊ ကူညီပေးချင်ရာ ကိစ္စတွေမှာ မနေနိုင်‌မထိုင်နိုင်အောင် ၀င်ပါရင်း ပြသာနာထဲကြားညပ်တာတွေ ကြုံကသူတွေပါ။

Scorpio - အစွဲအလမ်းကြီးပြီး လက်စားချေချင်စိတ်များတယ်၊
အငြိုးကြီးတယ်ဆိုတဲ့ ကင်းမြီးကောက်တို့ကလည်း လူတွေကို သံယောဇဉ်တွယ်ရမှာ ကြောက်တတ်ပါသတဲ့။ အကြောင်းရင်းကတော့ သူတို့နဲ့ လူတွေနဲ့ နီးကပ်ပြီးလို့ အချိန်တစ်ခုရောက်ရင် ဆုံးရှုံးသွားမှာပို သူတို့တအားကြောက်တတ်ကြပါတယ်။

Sagittarius - ghost လည်း ghost အကောင်းလည်းမြင်တတ်တဲ့ မြားလေးတို့အဖွဲ့ကတော့ ကူညီချင်တဲ့စေတနာတရားကြောင့်
နေရာတစ်ခါလိုက်၀င်ပြီး သူများပြသာနာ ကိုယ့်ပြသာနာလုပ်ရင်း stress တွေပိတတ်ကြပါတယ်။

Capricorn - independent ဖြစ်ပြီး ငွေကြိုက်ခင်တို့အဖွဲ့ကတော့ ငွေကို ဘယ်အပေါက်ကရမလဲ တွေးရင်းစဉ်းစားရင်းနဲ့ ကိုယ့်ဟာကိုယ်ပျော်ဖို့တောင်မေ့တတ်ကြပါတယ်။

Aquarius - flexible ဖြစ်ပြီး ပွင့်လင်းတယ်ဆိုတဲ့ Aquarius လေးတွေကလည်း တကယ်ကျ သူတို့ပွင့်လင်းချင်တဲ့ ကိစ္စပဲ ပွင့်လင်းကြပြီး သူတို့အနာဂတ်ကိုမျှော်ကြည့်ပြီး over thinking ဖြစ်တတ်ကြပြန်တယ်။

Pisces - emotional တအားများပြီး အတွေးလွန်နေတတ်တဲ့ ငါးကလေးတွေကလည်း relationship တွေမှာလည်း သစ္စာရှိတတ်ကြပါတယ်။ ဒါပေမယ့် ပြတ်သွားရင်လည်း move on အလုပ်နိုင်ဆုံးပါပဲ။ တစ်ဖက်သားအပေါ် သနားတတ်လို့ အလိမ်လည်းခံရတတ်ပါတယ်။

Sun sign အရ general ဖြစ်တာမလို့ Moon sign, Rising တွေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။


-->@tarotBysuHlaing

#hanako

Knowledge Atmosphere

25 Dec, 14:05


ဆရာမခင်ခင်ထူး ရဲ့
“မအိမ်ကံ” စာအုပ်လေးကို
Audiobook အနေနဲ့တင်ပေးနေပါပြီနော်

အကြောင်းအမျိုးမျိုးကြောင့်စာဖတ်ဖို့အဆင်မပြေတဲ့သူများအတွက် audio books လေးတွေတင်ပေးထားပါတယ်

Channel လေးကို join
ပြီးနားထောင်လို့ရပါပြီနော် 👇👇
https://t.me/audiobooks96
https://t.me/audiobooks96

Knowledge Atmosphere

25 Dec, 12:13


Capricorn အကြောင်း( Dec 22 - Jan 20)

Facts about Capricorn 🤍✨️🍀

၁။ Capricorn တွေအတွက် ဘဝမှာ မိသားစုက အရေးကြီးပေမယ့် မိသားစုထက် အလုပ်ကို ပိုဦးစားပေးလေ့ရှိပါတယ်။
Family dinnerနဲ့ job meetingယှဥ်လာရင် meetingပဲ တက်ကြလေ့ရှိတာမျိုးကို ပြောချင်တာပါ။

၂။ အမြဲတမ်း အလုပ်ကြိုးစားနေလေ့ရှိပြီး အလုပ်ထဲမှာပဲ နစ်မြုပ်နေတတ်ပါတယ်။ ကိုယ်တိုင် သတ်မှတ် ခံယူထားတဲ့ စည်းမျဥ်းစည်းကမ်းတွေအောက်မှာ နေရတာကိုပဲ နှစ်သက်ပါတယ်။ စည်းလွတ်ဘောင်လွတ်နေရတာမျိုးကို သဘောမကျကြပါဘူး။

၃။ Capricorn တစ်ယောက်နဲ့ ပြိုင်မငြင်းပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ဘက်က ပြန်ငြင်းလာမယ့် အချက်တွေကို တသီတတန်းကြီး နားထောင်ရမှာမို့လို့ပါ။ earth signဖြစ်တာမို့ ကိုယ်ယုံကြည်တာကို တော်ရုံ မပြင်တတ်ပါဘူး။

၄။ Capricorn တစ်ချို့ဟာ သူတို့ ကောင်းစေချင်တဲ့သူတွေအပေါ်မှာ ဟိုဟာလေးလုပ်ပါလား ဒီဟာလေး လုပ်ပါလားဆိုပြီး ပူညံပူညံနဲ့ ပွစိပွစိ ပြောတတ်ကြပါတယ်။

၅။ ချစ်ခင်ရသူများအပေါ်မှာတော့ အမြဲတမ်း ရှိပေးတဲ့ သစ္စာရှိတဲ့ မိတ်ဆွေများ ဖြစ်ပါတယ်။ လိုနေရင် အကူအညီပေးတတ်ကြပြီး တကယ် စိတ်ပူတတ်ကြပါတယ်။
ဥပမာ ကိုယ် ပြသနာတက်လို့ သူတို့ကို ရှာရင် အရင်ဆုံး ပွစိ ပွစိနဲ့ အဆူခံရမှာဆိုပေမယ့် တကယ် ကူညီတာလည်း သူတို့ပါပဲ။

၆။ Dramaချိုးနေတဲ့ လူတစ်စုနဲ့ သိပ်အဆင်မပြေတဲ့ sign ဖြစ်ပါတယ်။ ဘဝမှာ Capricorn တွေဟာသူတို့စနစ်တကျ သတ်မှတ်ထားတဲ့ လုပ်စရာအများကြီး ရှိတာကြောင့် သူတို့ရှေ့မှာ ခဏခဏ dramaလာချိုးနေရင် မကြိုက်ကြပါဘူး။ နားလည်းမထောင်ချင်ကြပါဘူး။ လက်တွေ့ကျကျပဲ စဥ်းစားကြပါတယ်။

၇။ ဘဝကို အမြဲ ကြိုးစားနေထိုင်တဲ့ Capricorn တချို့ဟာ ဘဝရဲ့ ပျော်ရွှင်မှုကို ပျောက်ဆုံးနေတတ်ပါတယ်။ ခရီးသွားရင်လည်း လောနေတတ်တာမျိုး၊ နားရက်ရှည်ရရင်တောင် ရက်နည်းနည်းကြာရင် ဘာလုပ်ရမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။

၈။ Capricorn တွေမှာ တကယ် ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေဟာ လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ လူအများကြီးနဲ့ ခင်ရတာကို မကြိုက်ပဲ ပေါင်းနေကြ လူတစ်စုနဲ့ပဲ အကြာကြီး နေသွားတတ်ကြပါတယ်။

၉။ Capricorn တွေဟာ ဒီအတိုင်းနေလို့သာ ရိုးတယ် အေးတယ် ထင်ရပေမယ့် တစ်ယောက်ယောက်က သူတို့ကို မထိတထိ ပျက်ရယ်ပြုတာမျိုး လုပ်ရင်တော့ စကားလုံးတွေနဲ့တင် တစ်ဖက်လူငိုအောင် ပြန်ပြောနိုင်ကြပါတယ်။

၁၀။Capricorn တွေဟာ ငွေရေးကြေးရေး ရရှိခြင်းကို အလွန်သဘောကျတတ်ကြပြီး ငွေကိုလည်း စနစ်တကျသုံးစွဲတတ်ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ၊ ဇိမ်ခံပစ္စည်းတွေနဲ့ ငွေကြေးအပေါ်မှာ အများကြီး အာရုံစိုက်တတ်ကြပါတယ်။

---->
@tarotbysuhlaing

#hanako

Knowledge Atmosphere

25 Dec, 10:40


⛄️ Merry Christmas 2024! 🥳🎄

❄️🎶 We wish you a Merry Christmas, we wish you a Merry Christmas and a Happy New Year! 🎉


ဒီဇင်ဘာလရဲ့

အကောင်းဆုံးအချိန်လေးဖြစ်တဲ့

ခရစ္စမတ်နေ့လေးမှာ

ချစ်ခြင်းမေတ္တာရဲ့နွေးထွေးမှုတွေ၊

ပျော်ရွှင်စရာအချိန်အခါလေးတွေနဲ

လူတိုင်းကိုယ်ချစ်တဲ့လူတွေနဲ့

အတူတူဆုံစည်းနိုင်စေကြပါစေလို့

Knowledge Atmosphere Admin Team မှ

ဆုတောင်းပေးလိုက်ရပါတယ်ဗျာ...။

Knowledge Atmosphere

25 Dec, 04:43


ယနေ့ည ဆရာမခင်ခင်ထူး ရဲ့
“မအိမ်ကံ” စာအုပ်လေးကို
Audiobook အနေနဲ့တင်ပေးပါမယ်ဗျ

Channel လေးကို join
ထားပေးဦးနော်👇👇
https://t.me/audiobooks96

Knowledge Atmosphere

24 Dec, 16:35


လေယာဉ်ပေါ်ကအစားအစာတွေဘာလို့စားမကောင်းတာလဲ?🤔
#vdcrd
@knowledgeatmosphere

Knowledge Atmosphere

24 Dec, 14:30


Excuse me!
ကြားဖြတ် adsလေးတင်ပါဦးမယ်ဗျ
ဒီထဲမှာ စာဖတ်ဝါသနာပါတဲ့ ဘာဘာလေးတွေရှိကြလားဗျ🤔
ရှိကြတယ်ဆိုရင် https://t.me/audiobooks96 ကို joinထားသင့်တယ်နော် စာပေချစ်သူလေးများအတွက် စာအုပ် pdf file တွေတင်ပေးမယ့်အပြင် စာလည်းဖတ်ချင်တယ် ဖတ်ရမှာတော့ပျင်းတယ်ဆိုတဲ့ မင်မင့်လိုဘာဘာလေးတွေအတွက် Audio book တွေပါ တင်ပေးမှာမို့ joinထားသင့်ပါတယ်နော်❤️
မင်မင်နဲ့အတူ အဲ့ဒီ chလေးမှာ ထပ်ဆုံကြမယ်နော်😘

Knowledge Atmosphere

23 Dec, 14:32


#picrd
@knowledgeatmosphere

Knowledge Atmosphere

22 Dec, 14:23


1977 ခုနှစ်၊ သြဂုတ်လ 15 ရက်နေ့မှာအမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်၊ Ohio State University ရဲ့ Big Ear ရေဒီယို တယ်လီစကုပ်က‌နေ သိပ္ပံပညာရှင်များ ဟာ “Wow! signal” လို့ခေါ်တဲ့ ရေဒီယိုလှိုင်းတစ်ခုကို ဖမ်းမိခဲ့ပြီး အဲဒီလှိုင်းက 72 စက္ကန့်ကြာပြီး Sagittarius ကြယ်စုတန်းဘက်ကနေ လာတယ်လို့ ထင်ရပါတယ်။ အဲဒီအချိန်ကစလို့ ပြန်လည်ဖမ်းမိဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီလှိုင်းကို ထပ်မံတွေ့ရှိခြင်း မရှိသေးပါဘူး။ အဲဒီလှိုင်းရဲ့ မူလအရင်းအမြစ်ကိုလည်း ယနေ့အချိန်အထိ မသိရသေးပါဘူး။

#science #space Ye Thuta Mg #Amazing
@knowledgeatmosphere

Knowledge Atmosphere

20 Dec, 14:10


Did u know?
#picrd
@knowledgeatmosphere

Knowledge Atmosphere

19 Dec, 12:59


လ၏အနောက်ဖက်ခြမ်း
#picrd
@knowledgeatmosphere

Knowledge Atmosphere

18 Dec, 14:21


#picrd
@knowledgeatmosphere

Knowledge Atmosphere

17 Dec, 14:08


Did you know?
#picrd
@knowledgeatmosphere

Knowledge Atmosphere

07 Dec, 14:51


သူကမင်းကိုမေ့ပြီး

တခြားလူရင်ခွင်မာ

ပျော်နေပြီ 💔

#Oliver

Knowledge Atmosphere

07 Dec, 13:05


ဗိုလ်ချုပ်၏အမှတ်တရစကားအချို့
#picrd
@knowledgeatmosphere

Knowledge Atmosphere

07 Dec, 13:05


ဗိုလ်ချုပ်၏အမှတ်တရစကားအချို့
#picrd
@knowledgeatmosphere

Knowledge Atmosphere

07 Dec, 13:04


ဗိုလ်ချုပ်၏အမှတ်တရစကားအချို့
#picrd
@knowledgeatmosphere

Knowledge Atmosphere

07 Dec, 13:04


ဗိုလ်ချုပ်၏အမှတ်တရစကားအချို့
#picrd
@knowledgeatmosphere

Knowledge Atmosphere

06 Dec, 15:35


💦 မြန်မာနိုင်ငံ၏

ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော

မြန်မာရိုးရာ Ata Thingyan ပွဲတော်ကို

လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု

အမွေအနှစ် အဖြစ်

၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၅ ရက်နေ့တွင်

ပါရာဂွေးနိုင်ငံ၊ အာစွန်စီယွန်မြို့ (Asuncìon)

မှာကျင်းပတဲ့ ၁၉ ကြိမ်မြောက်

ဒြပ်မဲ့ ယဉ်ကျေးမှုညီလာခံမှာ အတည်ပြု

ဆုံးဖြတ်ခဲ့ပါတယ်။💦

Knowledge Atmosphere

06 Dec, 14:47


#picrd
@knowledgeatmosphere

Knowledge Atmosphere

06 Dec, 13:26


ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်၏ဗုံးကြဲခံရစဉ်က
@knowledgeatmosphere

Knowledge Atmosphere

05 Dec, 06:51


End Of The Wrath (😱 Horror version)

အမှတ်တမဲ့မှ အမှတ်တရဆီသို့
( Just memory)

ကံစေသောရပ်ဝန်း

စတဲ့ဝတ္ထုတွေ နဲ့ အခြားဗဟုသုတစာပေ၊

Quiz တွေကို အမြဲလိုလိုတင်​ပေးနေတဲ့

𝐷𝑟𝑒𝑎𝑚𝑠ˢᵗᵒʳʸ❦︎ Channel လေးကိုလည်း

join ထားပေးနော်🫶🏻🫶🏻

Knowledge Atmosphere

05 Dec, 06:23


🌄 Angel Falls 🌄

Knowledge Atmosphere

25 Nov, 15:00


မှန်ကိုဘယ်လိုလုပ်တာလဲ?
@knowledgeatmosphere

Knowledge Atmosphere

25 Nov, 02:58


စားကောင်းလား😍

Knowledge Atmosphere

23 Nov, 15:21


ကျွန်တော်တို့ဟာ အကြီးမားဆုံးတိုက်ပွဲကြီးကိုအောင်မြင်ခဲ့တဲ့သူတွေပါ🥰
@knowledgeatmosphere

Knowledge Atmosphere

22 Nov, 14:57


ပင်လယ်ကြီးဘာကြောင့်ပြာနေလဲ
#funfact
@knowledgeatmosphere

Knowledge Atmosphere

21 Nov, 14:26


သစ်ပင်ကိုရေအများကြီးမလောင်းသင့်တာဘာကြောင့်လဲ?
#funfact
@knowledgeatmosphere

Knowledge Atmosphere

19 Nov, 14:25


Himalayan mountain
@knowledgeatmosphere

Knowledge Atmosphere

19 Nov, 14:24


နိုင်ငံတကာအာကာသစခန်း မှ ရိုက်ကူးထား
သော ဟိမဝန္တာတောင်တန်းများ🛰️🛰️🏔️🏔️
#picrd
@knowledgeatmosphere

Knowledge Atmosphere

18 Nov, 14:49


ဒါ့အပြင် ရှေးဟောင်းဂရိတွေဟာ ဘောင်းဘီတွေကိုတော့ မိန်းမဆန်တယ်လို့ ယူဆထားကြပြီး ဘောင်းဘီဝတ်တဲ့ ယောကျာ်းမှန်သမျှကိုလည်း လှောင်ပြောင်လေ့ရှိပါတယ်။
#crd
@knowledgeatmosphere

Knowledge Atmosphere

17 Nov, 14:20


အလယ်ရံရွေတော်တွေက စံပယ်ဆီပွတ်ပေးရခြင်း၊ဖိနပ်တော်ခင်းပေးရခြင်း၊အဝတ်လျှော်ပေးရခြင်း၊ဘုရားတင်ဖို့ ပန်းတွေသီကုံးပေးရခြင်းတွေကို လုပ်ကိုင်ရပါတယ်။အပြင်ရံရွေတော်တွေက အသက် ငယ်ရွယ်သူတွေဖြစ်ပြီး ပန်းခူးပေးခြင်း အိမ်သာတော်သန့်ရှင်း ရေးလုပ်ခြင်း၊အညစ်အကြေးသန့်ရှင်းသိမ်းဆည်းခြင်းတွေ ပြုလုပ်ရပါတယ်။သားတော် သမီးတော် တွေရဲ့ အချီတော်၊အထိန်းတော်၊အချော့တော် တွေကိုလည်း အပျိုတော် စာရင်းမှာ ထည့်သွင်းပါတယ်။
ဘုရင့်သားတော်သမီးတွေမွေးဖွားခဲ့ရင် မိဖုရားတွေက မီးတွင်းထဲမှာသာ နို့တိုက်ကြပြီး အခြားအချိန် တွေမှာ တော့ နို့ထိန်းတွေက နို့တိုက်ကြရပါတယ်။နို့ထိန်းတွေက အဆောင်အယောင် အခမ်းအနား တွေပေးအပ် ခံရသလို အချို့ကတော့ မြို့စား ရွာစား အထိပေးအပ်ချီးမြှင့်ခံရတဲ့ အပျိုတော် တွေဖြစ် ပါတယ်။

အချီတော်တွေကတော့ ကလေးကို ချီပိုးကြရသူတွေဖြစ်ပြီး အချော့တော်တွေကတော့ ကလေးအငိုတိတ်အောင် ချော့မော့ရပြီး အရုပ်အမျိုးမျိုးနဲ့ကလေးကို ချော့မြူရပါတယ်။အယတော်ဆိုတာက ယုယကြင်နာစွာကလေးကို ပြုစုစောင့်ရှောက်ရသူတွေဖြစ်ပြီး အဝတ်အစားလဲလှယ် ပေးခြင်း၊ ရေချိုးပေးခြင်း၊ပုခက်ပေါ်သိပ်ပေးရခြင်း၊နိုးလာတဲ့အခါနို့ထိန်းအပ်ရခြင်းစတဲ့ အလုပ်တွေကို ပြုလုပ်ရတဲ့ အပျိုတော်တွေဖြစ်ပါတယ်။"ဝတီ" "ရုစာ" "ပဘာ""ကေသာ""စန္ဒာ""မာလာ""မုတ္တာ"ဘွဲ့ပေးအပ်ခံရတဲ့ အပျိုတော်တွေလည်းရှိပြီး အဲဒီဘွဲ့တွေထဲမှာ "ဝတီ"ဘွဲ့ကအမြတ်ဆုံးဖြစ်ပြီး "မုတ္တာ"ဘွဲ့ကအနိမ့်ဆုံးဖြစ်ပါတယ်။မြို့စား၊ရွာစားပေးသနားခံရတဲ့ အပျိုတော်တွေလည်းရှိပါတယ်။သီပေါမင်းလက်ထက် မှာတော့ တစ်လင်တစ်မယားစနစ်ကိုအကောင်အထည်ဖော်လိုတဲ့ စုဖုရားလတ် က
နန်းတွင်းအပျိုတော်တွေနဲ့ ပတ်သက်တဲ့ အမိန့်စည်းကမ်းချက်တွေကိုပြောင်းလဲခဲ့ပါတယ်။

ပါတော်မူခါနီးအချိန်မှာတော့ နန်းမတော်မိဖုရားကြီးဖြစ်တဲ့ စုဖုရားလတ်က ကိုယ့်အိမ်ကိုယ့်ရာ ပြန်ချင်တဲ့ အပျိုတော်တွေကို ပြန်ခွင့်ပြုခဲ့ပြီးမသွားလိုသူတွေကို ဆက်လက် နေထိုင်ခွင့်ပြုခဲ့ပါတယ်။အဲဒီလို အခွင့်ပေး တဲ့အတွက် နေရပ် ပြန်သွားတဲ့သူတွေရှိသလို သီပေါမင်း၊စုဖုရားလတ်တို့နဲ့အတူ အိန္ဒိယ နိုင်ငံကို လိုက်ပါသွားတဲ့ အပျိုတော် အချို့ရှိခဲ့ပါတယ်။အဲဒီအပျိုတော်တွေထဲက အချို့ဟာ လအနည်းငယ် အကြာမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ ပြန်လာသူ တွေဟာ ဗြိတိသျှ တို့ရဲ့ ထောက်ပံ့ကြေးကို ရရှိခဲ့ပြီး ကျန်နန်းတွင်း အပျိုတော်တွေကတော့ ထောက်ပံ့ကြေး မရရှိခဲ့ဘူးလို့ဆိုပါတယ်။
#zlann
@knowledgeatmosphere

Knowledge Atmosphere

17 Nov, 14:20


" မြန်မာ့ နန်းတွင်း အပျိုတော် "
=================
ဘုရင် စနစ် အုပ်ချုပ်ရေးရှိစဉ်က မင်းညီမင်းသားတွေကို လူပျိုတော်တွေ ဝန်းရံခစားကြသလို မိဖုရား၊မင်းသမီး တွေကိုလည်း အပျိုတော်တွေက ဝန်းရံခစားကြပါတယ်။ဘုရင် ၊ နန်းရ ဆောင်ရ မိဖုရား၊အိမ်ရှေ့မင်း ၊ အိမ်ရှေ့မိဖုရား ၊ ဘုရင့်မယ်တော် ၊ ဘုရင့်သမီးတော် ထိပ်စုဘုရား တို့ထံမှာ ခစားရသူတွေကိုသာ "တော်" တပ်ပြီး အပျိုတော် လို့ခေါ်ဆိုကြပါတယ်။ ကျန် သမီးတော်‌တွေနဲ့ သာမန် မိဘုရား ငယ်တွေထံ ခစားသူတွေကို " အပျို " လို့သာခေါ်ဆိုကြပါတယ်။အပျိုတော်တွေဆိုတာ အိမ်ထောင်ပြုနိုင်ပြီး သားသမီးမွေးနိုင်တဲ့ အခွင့်အရေးလည်းရှိတဲ့ အတွက် အပျိုတော်တွေထဲမှာ အိမ်ထောင်ရှိတဲ့သူတွေလည်း ပါဝင်နေပါတယ်။

အပျိုတော်တွေရဲ့ ဝတ်စားဆင်ယင်ပုံ ကိုကြည့်ပြီး အပျိုအအို ခွဲခြားနိုင်ပါတယ်။ရင်ကြပ် အင်္ကျီကို အပျိုတွေက ဝတ်ဆင်ကြပြီး ရင်စီးအင်္ကျီကို အအိုတွေ ဝတ်ဆင်ကြပါတယ်။ဘုရင်ထံပါး မှန်နန်းဆောင်မှာ ခစားရတဲ့ အပျိုတော်တွေကို မှန်နန်းအပျိုတော်လို့ခေါ်ဆိုပါတယ်။ မှန်နန်း အပျိုတော်တွေက အမျိုးအနွယ်မြင့်မြတ်တဲ့ မှူးကြီး မတ်ကြီးတို့ရဲ့ သမီးတွေ၊ မြင့်မြတ်တဲ့ ဆွေတော် မျိုးတော် တို့မှ ဆင်းသက်လာသူတွေ၊စော်ဘွား နယ်စားကြီးတွေရဲ့ သမီးတွေဖြစ်ပါတယ်။သူတို့ဟာ အပြစ် ခြောက်ပါးကင်းပြီး ရုပ်ရည်ချောမောလှပသူတွေဖြစ်ပါတယ်။မှန်နန်းအပျိုတော်တွေကို နေ့လှည့်၊ညလှည့်လို့ခွဲခြားထားပြီး နေ့အခါမှာ ပွဲတော်၊ကွမ်းတော်၊ ပန်းတော်တွေ ဆက်သရ သလို အနှိပ်တော်ဆက်၊ဆေးလိမ်းတော်ဆက်၊ရွှေဒေါင်းတောင်ယပ်၊ပတ္တမြားစီယပ်ခတ် ရတဲ့ အလုပ်တွေကို လုပ်ကိုင်ကြရပါတယ်။

ည အလှည့်ကျသူတွေ ထဲမှာ စာပေကျွမ်းကျင်သူ အပျိုတော်တွေက ဇာတ်တော်တွေကို ဖတ်ကြားရတဲ့ စာတော်ဖတ်တွေဖြစ်ကြပြီး အိပ်ဖန်တော်စောင့်ရတဲ့ အလုပ်ကိုလည်း လုပ်ရပါတယ်။ မှန်နန်းအပျိုတော်တွေကို ဝဲလှည့်၊ယာလှည့် ဆိုပြီးတော့လည်းခွဲခြားထားပါတယ်။ဝဲ လှည့်အပျိုတော်တွေက ဝန်ကြီး မှူးမတ်သမီး တွေပါဝင်ပြီး ဘုရင် ရဲ့ ခြေတော်တင်မခံရသူတွေဖြစ်ပါတယ်။ယာ လှည့်အပျိုတော်တွေကတော့ ဘုရင့်ထံဆက်သထားသူတွေ ၊ကိုယ်လုပ်တော်၊မောင်းမတော်တွေဖြစ်ပါတယ်။ မိဖုရားလောင်း တွေဖြစ်တဲ့အတွက် အနက်ရောင်သလွန်တော်နဲ့ အိပ်ရပြီး မိဖုရားငယ် ဖြစ်လာတဲ့အခါမှာတော့ သလွန်တော်ကို ရွှေပိန်းထည့်ခွင့်ရပါတယ်။အပျိုတော်တွေထဲမှာ အငြိမ့်အပျိုတော်တွေလည်းရှိပါတယ်။သူတို့က ဘုရင်မင်းမြတ် နဲ့ မိဖုရားတို့ရဲ့ အဆောင် တော်တွေမှာ တီးမှုတ်ဖျော်ဖြေကြရပါတယ်။နေ့ည မပြတ် အတီးအမှုတ်အဆိုအက တွေကိုလေ့လာ သင်ယူ ကြရပါတယ်။

အလှူတော်ပွဲ နဲ့ သံတမန်တွေကို ဧည့်ခံရာမှာလည်း ကပြဖျော်ဖြေပေးရပါတယ်။အငြိမ့်အပျိုတော်တွေရဲ့ အခြားတာဝန်တွေက ဘုရင့်ရေအိမ်တော်ကိုစောင့်ပေးရခြင်း၊ ရေလဲပေးရခြင်း၊လက်သုတ်ဝတ် ထားပေးခြင်း၊ ဖိနပ်တော်ခင်းပေးခြင်း တွေဖြစ်ပါတယ်။လွှတ်တော်မှ တင်ပြလာတဲ့ သေဒဏ်အမိန့်ကို ဘုရင်ရေအိမ်တော်မှအဆင်း နံနက်ခင်းမှာ တင်ပြ လျှောက်ထားရပြီး ဘုရင်က သေဒဏ်မှ ပယ်ခြင်း၊အတည်ပြုခြင်း ကိုအမိန့်ချမှတ်ပါတယ်။အငြိမ့်အပျိုတော်တွေထဲမှာ အကြီးအကဲ လုပ်သူ ၂ဦး က ဘုရင့်မှန်နန်းတော်သို့ ဝဲတစ်လှည့် ယာတစ်လှည့် ခစားခွင့်ရှိပါတယ်။အတွင်းရံရွေတော်တွေက သက်ကြီး အပျိုတော်ကြီးတွေဖြစ်ပြီး မိဖုရားအနားမှာ ခစားရပါတယ်။ ဆံထုံးထုံး ပေးခြင်း၊ပန်းပန်ပေးခြင်း၊ ဝတ်လဲတော်ဝတ်ဆင်ပေးခြင်း၊ကောင်းဆိုးတိုင်ပင်အကြံဉာဏ်ပေးခြင်း၊ ပုံဝတ္ထုပြောခြင်းစတဲ့ အလုပ်တွေကို လုပ်ကိုင်ကြရပါတယ်။
@knowledgeatmosphere

Knowledge Atmosphere

16 Nov, 12:44


"နန်းရမိဖုရားတို့ ၏ အဆောင်အယောင်"

စာဆိုတော် ဝတ္ထုကြီးမှာ နန်းမတော်ဖြစ်ချင်ဇောကြီးနေတဲ့ မြတောင်စုဖျားကို သူ့မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီး က

"မြောက်နန်း ဆိုတာဟာလည်း ဘုရင်နဲ့အတူ ပလ္လင်အထက် တက်ရောက် မစံရသည်ကလွဲရင် ကျန်တဲ့အဆောင်အယောင် တွေက နန်းမတော်နဲ့ မခြားပါပဲကွယ်"

ဆိုပြီး မြောက်နန်းအရာနဲ့ ကျေနပ်ဖို့ သမီးတော်ကို နားချခဲ့ဖူးပါတယ်။

ဒါကို သမီးတော်စုဖုရားက လက်မခံတဲ့အဆုံးမှာ သမီးတော်နှစ်ပါး လုံးကို တပြိုင်တည်း အဂ္ဂမဟေသီနှစ်ပါးအဖြစ် မဟေသီဘိသိက် သွန်းလို့ နန်းမတော်အရာထား စေခဲ့ရဖူးပါတယ်။

တကယ်တော့ နန်းမတော်ဖျားနဲ့ မြောက်နန်းဖျားရဲ့ အဆောင်အယောင် ကွာဟချက်မှာ ဦးစွာပြောရရင် နန်းမတော်ဝတ် မဟလတ္တာတန်ဆာ နဲ့ မြောက်နန်းဖျား ဝတ် ဃနမတ္တကအဆင်တန်ဆာ ဆိုတဲ့ အဆင်တန်ဆာ ဝတ်ရုံတော်တွေကွာဟချက်ရှိပါတယ်။

အဲဒီ့နောက် ကွာဟချက်ကတော့ ထွက်တော်မူတဲ့အခါမှာ နန်းမတော်ကြီးဟာ ရွှေကျိုင်းရှစ်ချက်အထိ သုံးစွဲခွင့်ရပြီး မြောက်နန်းဖျားကတော့ ရွှေကျိုင်းခြောက်ချက်သာ သုံးခွင့်ရပါတယ်။

နောက်ပြီး နန်းမတော်ကြီးဟာ ထွက်တော်မူတိုင်း သီဟသနပလ္လင်တော်ရဲ့ လက်ယာဘက်က ကမ္ဗုထီး ဖြူ ကြီးကို ဆောင်ယူသွားခွင့်လည်းရပါသေးတယ်။ ကမ္ဗုထီးဆိုတာက နန်းမတော်ကြီးတဦးတည်းပိုင်သတဲ့ ထီးဖြူကြီးလည်းဖြစ်သလို ကမ္ဗုထီးဖြူဟာ နန်းမတော်ကြီးကို ကိုယ်စားပြုပါတယ်။ ထီးဖြူတော်ရောက်ရှိလာခြင်းဟာ နန်းမတော်ကြီး ကြွချီလာခြင်းနဲ့အတူတူပါပဲ။

နောက်ပြီးတော့ မြောက်နန်းဖျားဟာ နန်းမတော်ကြီးလို ရတနာခြေနင်းကို သုံးခွင့်မရှိသလို ဟင်္ဟာရုပ်ကွမ်းအုပ်၊ ဟင်္သာရုပ် လက္ဘက်အုပ်နဲ့ ဟင်္သာရုပ်ရေအုပ် ဆိုတဲ့ ဟင်္သာသုံးပါးကိုလည်း သုံးခွင့်မရခဲ့ပါဘူး။

ဒါပေမယ့် မြောက်နန်းဖျားရဲ့ စံရာနန်းဆောင်ကိုတော့ နန်းမတော်ကြီး နန်းဆောင်လို အလယ် ဇေတဝန်ဆောင်နဲ့ ဝဲယာတန်းလျားတွေပါ ထည့်သွင်း ဆောက်လုပ်ထားပြီး နန်းဆောင်တော်ကိုလည်း နန်းမတော်ဖျား နန်းဆောင်တော်နဲ့ တတန်းထဲထား စံစားခွင့်ပေးထားပါတယ်။

#မင်းနန်သူ
#Historynotes

@knowledgeatmosphere

Knowledge Atmosphere

15 Nov, 15:12


တန်ဆောင်မုန်းအခါသမယမှာ

အားလုံးပဲ စိတ်ချမ်းသာ

ကိုယ်ကျန်းမာရှိကြပါစေလို့

Knowledge Atmosphere မှ

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခဗျာ။🙏🏻🙆‍♂

@Knowledgeatmosphere

Knowledge Atmosphere

15 Nov, 15:10


တန်ဆောင်မုန်းလပြည့်နေ့အခါသမယ🙏🏻

မြန်မာလ ၁၂ လရဲ့ ၈ ခုမြောက်လဟာ တန်ဆောင်မုန်းလဖြစ်ပါတယ်။ မိုးရာသီ အကုန် ဆောင်းရာသီအကူးမှာ ဗုဒ္ဓဘာသာတွေတိုင်း တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် တန်ဆောင်တိုင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။

တန်ဆောင်တိုင်ပွဲတော်မှာ စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူခြင်းအပြင် ထူးခြားဆန်းပြားတဲ့ ပွဲတော်တွေလဲရှိသေးတယ်နော်။ ဝမ်းနည်းစရာကောင်းတာက မြို့ပေါ်နေ လူတွေကြားထဲ ထို ယဉ်ကျေးမှုပွဲတော်တွေက ပျောက်ဆုံးနေတာပါပဲ။ ဒါမဲ့ ကျေးလက်တောရွာတွေမှာတော့ ဆက်လက်ပြီး ပျော်ပျော်ပါးပါး ဆင်နွှဲနေကြပါသေးတယ်။

ကဲ အဲ့ ပွဲတော်တွေအကြောင်း ဖတ်လိုက်
ရအောင်…။ 💁🏻‍♀️

“မသိုးသင်္ကန်းရက်ပွဲ”💥

ဒီပွဲလေးက တို့တွေ ငယ်ငယ်ကသာအများဆုံးကြားရပေမယ့် အခုတော့ ရှားသလောက်ဖြစ်နေပါတယ်။ သံဃာတော်များကို လှူဒါန်းမယ့် သင်္ကန်းများကို အရုဏ်မတက်ခင် ညတွင်းချင်း ရက်လုပ်ပြီးစီးအောင်လုပ်ပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင် ရက်လုပ်ကြတဲ့ပွဲပါ။

“ပံ့သကူပစ်ပွဲ”💥

“ပံ့သကူပစ်ပွဲ” ရယ်လို့ အိမ်က မေမေတို့ပြောပြောပြတာ ကြားဖူးပေမယ့် တို့တွေလို မြို့ပေါ်နေကြတဲ့သူတွေအတွက်တော့ ရှားတောင့်ရှားခဲဖြစ်နေပါပြီ။ ဒီပွဲလေးက လူငယ်တွေအတွက်တကယ့်ကို ပျော်စရာကောင်းတဲ့ပွဲပါ။ ပစ္စည်းတွေ၊ ပိုက်ဆံတွေကို တိတ်တဆိတ်စွန့်ကြဲသူကကြဲ၊ ညအမှောင်ထဲ စွန့်ကြဲထားတဲ့ ပစ္စည်းတွေ အပြိုင်အဆိုင် လိုက်ရှာသူက ရှာနဲ့ ထိုညလေးဟာ တောရွာတွေမှာ တကယ်ကို ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲလေးပါ။

“ကျီးမနိုးပွဲ (သို့မဟုတ်) သူခိုးကြီးည”💥

ဒီပွဲလေးက အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ လူငယ်တွေကြား ပျော်စရာရွှင်စရာအနေနဲ့ စနောက်တဲ့ ပွဲလေးပါ။ သူခိုးကြီးညလို့ ဆိုတဲ့အတိုင်း တစ်အိမ်ကပစ္စည်းကို နောက်တစ်အိမ်မှာသွားဝှက်ထားတာ၊ ပစ္စည်းတွေနေရာရွှေ့ထားကြတာ၊ ဝှက်ထားကြတာတွေလုပ်ကြတာပါ။ ဒါမဲ့ ဘယ်သူမှလဲ စိတ်မဆိုးကြတဲ့ ချစ်စရာဓလေ့လေးတစ်ခုပါ။ တို့တွေဘက်ဆို သူခိုးကြီးညပြီး နောက်မနက် ဘာပစ္စည်းတွေပျောက်လဲ ကြည့်ရတာအမော။ စက်ဘီးတွေ သစ်ပင်ပေါ်ရောက်နေကြတာလဲ ကြုံဖူးပါတယ်။ 😆

“ဆေးပေါင်းခတဲ့ည”💥

တန်ဆောင်မုန်းနဲ့ မယ်ဇလီဖူးဆိုတာ ခွဲမရတဲ့ အတွဲအစပ်ပါ။ တန်ဆောင်မုန်းလပြည့်နေ့မှာ “ဆေးပေါင်းခတဲ့ည” ရယ်လို့ အချိန်သတ်မှတ်ပြီး မယ်ဇလီဖူးရွက်သုပ်တွေ သုပ်စားကြပါတယ်။ ကြက်သွန်နဲ့ နိုင်နိုင်နယ်ပြီး မြေပဲထောင်းနဲ့ သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်က ဖန်ပေမယ့် အရသာရှိလွန်းပါတယ်။ ချောက် ဘက်ကရွာတွေဆို တစ်ရွာလုံးတစုတဝေး မယ်ဇလီဖူးတွေသုပ်၊ ရေနွေးကြမ်းနဲ့မြည်းပြီး လပြည့်ကြီးကို မော့ကြည့် စားကြပါသတဲ့။

ဒါတွေကတော့ တန်ဆောင်မုန်းမှာကျင်းပကြတဲ့ ပျော်စရာချစ်စရာ ဓလေ့လေးတွေကို ဖော်ပြသွားတာဖြစ်ပါတယ်။

#Oliver
#Crd

Knowledge Atmosphere

13 Nov, 12:56


တစ်ဦးတည်းသော အမျိုးသမီး ရှမ်းစော်ဘွား သို့မဟုတ် စဝ်နန်းတစ်ထီလာ

စဝ်နန်းတစ်ထီလာ ခေါ် စဝ်နန်းဒိပ်ဓိဋာသည် ရှမ်းပြည်နယ်၏ တစ်ဦးတည်းသော ရှမ်းအမျိုးသမီး စော်ဘွား ဖြစ်သည်။ စဝ်နန်းတစ်ထီလာ ဟူသည်မှာ အများက ခေါ်ဝေါ်နေသော အမည် ဖြစ်သည်။ စဝ်နန်းတစ်ထီလာ ကို ရှမ်းဘာသာဖြင့် စဝ်နန်းဒိပ်ဓိဋာဟု ခေါ်သည်။ ယင်းဝေါဟာရသည် ပါဠိဝေါဟာရ ”ဒေဝဓိတာ” မှ ဆင်းသက်သော နတ်သမီးဟု အနက်ရသည်။

စဝ်နန်းတစ်ထီလာသည် ကျိုင်းတုံစော်ဘွားကြီး စဝ်ကျိုးခိုင်၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ စော်ဘွား ဆိုသည်မှာ မြေရှင်ပဒေသရာဇ်ဖြစ်ပြီး သားစဉ်မြေးဆက် အရိုက်အရာ ဆက်ခံကြသည်။ အုပ်ချုပ်ရေး အကြီးအကဲ ရာထူး ဖြစ်သည်။ ကျိုင်းတုံစော်ဘွားများသည် ၁၉ ရာစု နှောင်းပိုင်းအထိ မင်းများအဖြစ် ပြည်နယ်တွင် တစ်ထီးတစ်နန်း ထူထောင်ခဲ့သူများ ဖြစ်သည်။

စဝ်နန်းတစ်ထီလာ၏ မွေးချင်းနောင်တော်မှာ စဝ်ကောင်ခမ်းဖူး ဖြစ်ပြီး မောင်တော်မှာ စဝ်ကော်န်ကျောက်အင်းထလိုင်း ဖြစ်သည်။ စောနန်းတစ်ထီလာကို ခရစ်နှစ် ၁၈၇၁ တွင် ဖွားမြင်ခဲ့သည်။ သူမ အသက် ၁၆ နှစ်အရွယ် ၁၈၈၇ ခုနှစ်တွင် ခမည်းတော် ကျိုင်းတုံစော်ဘွားကြီး ကံကုန်ခဲ့သည်။

စဝ်နန်းတစ်ထီလာသည် မိန်းမသားပင် ဖြစ်သော်လည်း မြင်းစီးတော်၍ အတိုက်အခိုက် အလွန် ဝါသနာထုံသဖြင့် ကျိုင်းရုံးကြီး စစ်မျက်နှာအထိ လိုက်သွားခဲ့ဖူးသည်။ ယောက်ျားများ ပီးဆေးထိုးသည်ကို သူလည်း လိုက်ထိုးသည်။ သူ၏ လက်မောင်း နှစ်ဘက်စလုံးတွင် စက်အင်း အများအပြား မြှုပ်နှံထားသည်။ သူသည် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများကဲ့သို့ ရဲစွမ်းသတ္တိ ပြည့်စုံသူ ဖြစ်သည်။ အုပ်ချုပ်ရေးပညာ ကျွမ်းကျင်သည်။

စဝ်နန်းတစ်ထီလာသည် နောင်တော်ဖြစ်သူ စဝ်ကောင်ခမ်းဖူး ကျိုင်းတုံစော်ဘွား ဖြစ်စဉ်အခါက မစ္စတာ ဂျေဂျော့စကော့ (J. George Scott) သည် အင်္ဂလိပ်စစ်တပ်ကို ခေါင်းဆောင်၍ ကျိုင်းတုံသို့ ရောက်လာ၏။ ဂျော့စကော့နှင့် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးတို့ မကြာခဏ ပြဿနာတက်လေ့ရှိသည်။

စောကောင်ခမ်းဖူး၏ ညီမတော် စဝ်နန်းတစ်ထီလာသည် အပျိုတော်များ ခြံရံလျက် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်စုံစမ်း မေးမြန်းလေ့ရှိသည်။ တစ်ညတွင် စဝ်နန်းတစ်ထီလာသည် အခြွေအရံတို့ ခြံရံလျက် နောင်တော်အား အသိမပေးဘဲ ဂျော့စကော့တို့ တည်ခင်းကျွေးမွေးသော ညစာစားပွဲသို့ တက်ရောက်ရန် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်ခဲ့သည်။

ထိုညတွင်ပင် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးသည် ရုပ်ဖျက်၍ မိမိ၏ ရဲမက်ဗိုလ်ပါများကို ခေါ်ဆောင်ပြီးလျှင် အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ရန် ချီတက်ခဲ့သည်။ စစ်စခန်းသို့ရောက်လျှင် ကျိုင်းတုံစော်ဘွား၏ တပ်များက အင်္ဂလိပ်စစ်တပ်အား ဝိုင်းရံထားသည်ကို စဝ်နန်းတစ်ထီလာ၏ အတွင်းလူယုံများမှတစ်ဆင့် သိရှိသွားသောအခါ မိမိမကယ်လျှင် မြို့လယ်ခေါင်တွင် အရေးတော်ပုံကြီး ဖြစ်ပေါ်လာမည်ကို စိုး၍ ချက်ချင်းပင် ဂျော့စကော့ကို ခေါ်ဆောင်သွားသည့်အတွက် လွတ်မြောက်သွားခဲ့ရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်ခမ်းဖူးသည် ၁၈၉၅ ခုနှစ်တွင် ကံကုန်ခဲ့ရာ ထိုအချိန်က စော်ဘွားအရိုက်အရာကို ဆက်ခံမည့် သူ့ညီတော် စောကျောက်အင်းထလိုင်းမှာ စော်ဘွားဖြစ်ရန် အသက် မပြည့်သေးသဖြင့် အစ်မတော် စဝ်နန်းတစ်ထီလာက စော်ဘွားကိုယ်စား ကျိုင်းတုံစော်ဘွားအဖြစ် ခေတ္တ အုပ်ချုပ်ပေးခဲ့ရသည်။

(၂)နှစ်ကြာ၍ မောင်တော် နန်းတက်ပြီးမှသာ စဝ်နန်းတစ်ထီလာ သည် ကျိုင်းခမ်းစော်ဘွားနှင့် လက်ထပ်ပြီး ကျိုင်းခမ်းမြို့သို့ သွားရောက် နေထိုင်သည်။ ကျိုင်းခမ်းစော်ဘွားနှင့် စဝ်ဟောင်းခမ်း အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက် စဝ်နန်းတစ်ထီလာသည် ကျိုင်းခမ်းစော်ဘွားအား ခွဲခွာ၍ ကျိုင်းတုံတွင် လာရောက် နေထိုင်သည်။ သားတော် အသက် (၁၁)နှစ် အရွယ်တွင် ကျိုင်းခမ်းစော်ဘွားကြီး ကံကုန်ခဲ့ရာ ကျိုင်းခမ်းနယ်တွင် အုပ်ချုပ်သူမရှိ ဖြစ်နေသောကြောင့် စဝ်နန်းတစ်ထီလာသည် (၁၁)နှစ်ကြာ အမျိုးသမီးစော်ဘွားအဖြစ် အုပ်ချုပ်ပေးခဲ့ရသည်။

သူမ ကျိုင်းခမ်းနယ်ကို စော်ဘွားအဖြစ် အုပ်ချုပ်စဉ်အခါက ဗြိတိသျှဘုရင်မကြီး ဝိတိုရိယ အိန္ဒိယသို့ တိုင်းခမ်းလှည့်လည် ရောက်ရှိစဉ် စဝ်နန်းတစ်ထီလာ ကို ဒေလီမင်းပွဲသို့ ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့ရသေးသည်။

စဝ်နန်းတစ်ထီလာသည် သားတော် အရွယ်ရောက်လျှင် သူ့ဖခင် အရိုက်အရာဖြစ်သည့် ကျိုင်းခမ်းစော်ဘွား ရာထူးကို ဆက်ခံစေ၏။ သို့သော်လည်း သားတော်သည် အမြော်အမြင် မရှိဘဲ သတိလက်လွတ်ဖြစ်ကာ အိမ်တော်အမှုထမ်း တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ဤတွင် သူသည် စော်ဘွားရာထူးမှ အချခံရသည်။ သူ၏ ကျိုင်းခမ်းပြည်နယ်ကိုလည်း မိုးနဲစော်ဘွား ပိုင်နက်ထဲသို့ ပူးပေါင်း သွတ်သွင်းလိုက်သည်။

ကျိုင်းခမ်းစော်ဘွားဟောင်းကို တောင်ကြီးသို့ပို့၍ ပင်စင်အနည်းငယ်ပေးကာ နေထိုင်စေသည်။ သူသည် သားသမီးများစွာ ထွန်းကားသည်။ အကြီးဆုံးသားမှာ စဝ်သီဟ ဖြစ်ပြီး အသက် (၂၀)အရွယ်တွင် ဘိုးလေး အင်ထလိုင်း၏ သား ကျိုင်းတုံစော်ဘွားကို သေနတ်ဖြင့် ပစ်သတ်သည်။ သို့ဖြစ်ရာ စဝ်သီဟသည် သူ့အဖေ၏ ဝမ်းကွဲအစ်ကိုကို သတ်သူအဖြစ် ရာဇဝင်တွင်သွားခဲ့သည်။

မောရစ်ကောလစ်က သူ၏စာအုပ် “Lords of the Sunset” စာအုပ်၌ စဝ်နန်းတစ်ထီလာနှင့် ပတ်သက်၍ ဤသို့ ရေးသားထားလေသည်။

Knowledge Atmosphere

13 Nov, 12:56


“နောက်ဆုံးတော့ ထင်ရှား ကျော်ကြားသည့် တစ်ထီလာကို ကျွန်တော် တွေ့ခဲ့ရသည်။ သူမသည် သေးသွယ်ကြုံလှီပြီး ရှေးဆန်သည့် အဘွားကြီး တစ်ယောက်အသွင် တွေ့ရသည်။ ခေါင်းပေါင်းကြီးအောက်တွင် မျက်နှာမှာ အရေးအကြောင်းများ ထင်နေပြီး ပါးရေများ တွန့်လိပ်နေပြီ ဖြစ်သည်။ မျက်လုံးအစုံမှာ စူးရှတောက်ပြောင်သည်။ ဝရန်တာပေါ်သို့ သူ တဖြည်းဖြည်း တက်လာသည်။ သူ့အသက်သည် ၆၉ နှစ် ရှိပြီဖြစ်ရာ အနည်းငယ် ဖင့်သည်။ ဝရန်တာပေါ်သို့ အမျိုးသမီးလေး တစ်ယောက်က တွဲပို့ရသည်။ အတွင်းမှာ သားမွေးခံ၍ ချုပ်ထားသည့် ရှမ်းအင်္ကျီကို ဝတ်ထားသည်။ ယင်းအောက်တွင် သစ်အယ်သီးရောင် ပိုးအင်္ကျီ ရှိသည်။

လက်ဖက်ရည်စားပွဲမှာ သူထိုင်သည်။ ကျွန်တော်တို့အားလုံး ဗမာစကားဖြင့် ပြောကြသည်။ ခဏလေး အတွင်းမှာပင် သူ့အကြောင်းကို ကျွန်တော် သိခဲ့ရသည်။ စောစောက ကြားထားသည်တို့ ပျက်ပြယ်သွားပြီး စရိုက်မှန် ပေါ်လာသည်။ အလွန်ဉာဏ်ကြီးပြီး ထက်မြက်သည်မှာ ထင်ရှားသည်။ သွက်လက်သည်။ အားမာန်အပြည့်ရှိသည်။ အသက်ကြီးပြီမို့ စိတ်ဓာတ်ကျ၍ မသွား။ စကားပြောလျှင် ဟန်အမူအရာ အပြည့်ပါသည်။ စိတ်အားထက်သန်စွာ ပြောသည်။ မြန်လည်းမြန်သည်။ အရောင်လက်နေသည့် မျက်လုံးနှင့် ရှုံ့တွဝင်းပနေသည့် မျက်နှာကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည် ။

ရှမ်းပြည်နယ်၏ တစ်ဦးတည်းသော အမျိုးသမီးစော်ဘွား စဝ်နန်းတစ်ထီလာ ကို နိုင်ငံခြားသားများကပင် လေးလေးစားစား ဆက်ဆံခဲ့ကြသည်ကို တွေ့ခဲ့ရသည်။ ပဒေသရာဇ် စနစ်တွင် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများနှင့်တန်းတူ မင်းလုပ်အုပ်ချုပ်ခဲ့သော သူ့အရည်အသွေးကိုကား လူတိုင်း အသိအမှတ် ပြုရမည်သာ ဖြစ်ပေသည်

* Ko Kyel Sin

** Tai_History
@knowledgeatmosphere

Knowledge Atmosphere

12 Nov, 13:41


သူ့မှာလည်းအသည်းနဲ့ပါ🥺
#picrd
@knowledgeatmosphere

Knowledge Atmosphere

11 Nov, 14:16


💡သင်သိပါသလား💡
သစ်ပင်တွေဟာ ကမ္ဘာဂြိုလ်ပေါ်မှလွဲ၍ တခြားဘယ်ဂြိုလ်ပေါ်မှာ ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့အတွက် စကြာဝဠာနဲ့ယှဥ်ရင် စိန်ထက် တန်ဖိုးကြီးတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

#amazing #fact #diamond
#generalpieces
@knowledgeatmosphere

Knowledge Atmosphere

07 Nov, 13:10


ဆရာကြီး သခင်ကိုယ်တော်မှိုင်း

[၁၈၇၆ - ၁၉၆၄]

Knowledge Atmosphere

07 Nov, 12:43


စာရေးဆရာမ ပုညခင်

Knowledge Atmosphere

06 Nov, 14:27


⚜️ သင်သိပါသလား Marie Antoinette ဟာ “ Let them eat cake “ ဆိုတဲ့စကားကိုမပြောခဲ့ပါဘူးဆိုတာ ? ဟုတ်ပါတယ် အများသိထားကြသလို၊ ရုပ်ရှင်တွေဇာတ်လမ်းတွေထဲမှာထည့်ရိုက်ကြသလိုမျိုး 1793 ခုနှစ်မှာ ကွပ်မျက်ခံလိုက်ရတဲ့ ပြင်သစ်ရဲ့မိဖုရား Marie Antoinette ဟာ Let them eat cake ဆိုတဲ့စကားကို တကယ်ပြောခဲ့ပါတယ်ဆိုတဲ့ အထောက်အထားမျိုးတွေဟာလုံးဝမရှ်ိပါဘူး။ ဒါပေမယ့်လဲ အဲ့စကားလေးကြောင့်ပဲ ဘုရစ်စနစ်နဲ့ပြည်သူကြားမှာ သွေးကွဲမှုဖြစ်ပေါ်သွားခဲ့ပြီးတော့ တော်လှန်ရေးတွေပေါ်ပေါက်လာကာ နောက်ပိုင်းမှာ ဘုရင်နဲ့မိဖုရားကိုနန်းချပြီး ပြည်သူတွေက ကွပ်မျက်လိုက်ကြတာဖြစ်ပါတယ်။ ထို “ let them eat cake “ ဆိုတဲ့စကားလေးက Antoinette ပြောခဲ့တာပါဆိုပြီးတော့ ဘယ်ကနေစတင်ပေါ်ပေါက်လာခဲ့တာဆိုရင် 1765 ခုနှစ်တုန်းက Jean-Jacques Rousseau ရေးသားထားခဲ့တဲ့ “ သူ့ဘဝဇာတ်ကြောင်း “ မှတ်တမ်းထဲကနေ စတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုမှတ်တမ်းထဲမှာ Jean မှ “ ပြင်သစ်မှာတစ်ချိန်တုန်းက တိုင်းသူပြည်သားတွေကအစစအရာရာ ဆင်းရဲကြပ်တည်းနေပြီးတော့ စားစရာဆိုလို့ ပေါင်မုန့်တောင်မစားနိုင်တဲ့အချိန်မှာ မင်းသမီးတစ်ပါးကနေ “ ပေါင်မုန့်မစားနိုင်ရင် သူတို့ကို brioche ( သူဌေးတွေစားတဲ့မုန့်တစ်မျိုး ) တွေစားခိုင်းလိုက်လေလို့ “ ပြောခဲ့တယ်ဆိုပြီး ရေးသားထားခဲ့တာပါ။ Jean ဟာ ထိုမင်းသမီးဘယ်သူလဲဆိုတာကို မပြောထားခဲ့သလို တကယ်တမ်းပြန်တွက်ကြည့်ရင် Marie Antoinette ဟာ 1755 ခုနှစ်မှ မွေးတာမလို့ သူရေးထားတဲ့အချိန်မှာ Marie ဟာ 10 နှစ်အရွယ်သာရှိသေးပြီးတော့ ပြင်သစ်ကိုတောင်ရောက်မလာသေးတာမလို့ ဒီကိစ္စကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လဲ Marie Antoinette ဟာ တိုင်းတစ်ပါးသား ( Austrian ) ဖြစ်နေတာကတစ်ကြောင်း သူမရဲ့အသုံးအဖြုန်းကြီးမားပုံနဲ့ အမြဲပွဲလမ်းသဘင်တွေနဲ့ပျော်ပါးနေတဲ့ပုံစံကြောင့် ပြည်သူတွေနဲ့နိုင်ငံရေးသမားတွေရဲ့မျက်လုံးထဲမှာ မျက်စိဆံပင်မွှေးဆူးလာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်စ တစ်နဲ့ကြီးထွားလာခဲ့တဲ့ နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ဘုရင်စနစ်ကိုမုန်းတီးသူတွေကြားမှာ သူမဟာဓားစာခံဖြစ်သွားခဲ့ရပြီး ဆင်းရဲသားပြည်သူတွေကြားထဲကို ဘုရင်စနစ်ကိုဖြုတ်ချလိုသူ နိုင်ငံရေးသမားတွေက Marie Antoinette ဟာ “ Let them eat cake “ ဆိုပြီး ပါတီပွဲတစ်ခုမှာ မူးပြီးပြောခဲ့တာဖြစ်ကြောင်း သတင်းဖြန့်ခဲ့ပြီး ထိုစကားဟာ တစ်ဆင့်ပြီးတစ်ဆင့် လူတစ်ယောက်ကနေ လူတစ်စု၊ လူတစ်စုကနေ ရွာငယ်လေးတွေ၊ ရွာငယ်လေးတွေကနေ မြို့ကြီးတွေအထိ နောက်ဆုံး တိုင်းပြည်တစ်ခုလုံးကိုပါပျံ့နှံ့သွားခဲ့ပြီးတော့ သူမဟာ တော်လှန်ရေးသမားတွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရပြီး နောက်ဆုံးကွပ်မျက်ခံရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ သမိုင်းပညာရှင်တွေကရော Marie Antoinette ဟာ “ Let them eat cake “ လို့တကယ်ပြောခဲ့တဲ့ အထောက်အထားမျိုးမရှိပဲ သူမဟာ တကယ်တော့ လူတွေသူမကိုထင်နေကြတဲ့ အသုံးအဖြုန်းကြီးပြီး အချိန်ပြည့်ပျော်ပါးနေတတ်တဲ့မိဖုရားမျိုးမဟုတ်ပဲ သူမဟာ ဆေးရုံတွေ ပရဟိတတွေကို ငွေကြေးတွေရက်ရက်ရောရော လှူဒါန်းခဲ့တဲ့မှတ်တမ်းတွေရှိသလို မိဘမဲ့ဆင်းရဲသားကလေးတွေကိုလဲ မွေးစားလေ့ရှိပြီး နန်းတော်မှာအလုပ်ပေးတာမျိုးတွေရှိတဲ့ စိတ်ထားကောင်းတဲ့အမျိုးသမီးဖြစ်ကြောင်း၊ သူမဟာ ပြင်သစ်ရဲ့မိဖုရားဖြစ်တာကြောင့်မလို့ သူမအဆင့်အတန်းနဲ့လိုက်အောင် ဝတ်စား၊သုံးစွဲတာမျိုးတော့ရှိခဲ့ပေမယ့် ပြည်သူတွေထင်ခဲ့ကြသလို တိုင်းသူပြည်သားတွေအပေါ်အကြင်နာတရားမရှိတဲ့မိဖုရားတစ်ပါးမဟုတ်ကြောင်း ဆိုထားကြပါတယ်။ “ Let them eat cake “ ဆိုတဲ့စကားဟာတကယ်တမ်းတော့ သမိုင်းကြောင်းဆိုတာထက် သမိုင်းထဲကကောလဟာလတစ်ခုသာဖြစ်ပြီးတော့ ဘုရင်စနစ်ကိုမလိုလားတဲ့နိုင်ငံရေးသမားတွေက ထိုစကားကို လက်နက်အဖြစ်သုံးခဲ့တာဖြစ်ပြီးတော့ တိုင်းပြည်အတွင်း ကြပ်တည်းမှုကြောင့် ပူပင်သောကရောက်နေရတဲ့ ပြည်သူတွေရဲ့ဒေါသစိတ်တွေကို ပိုမ်ုတောက်လောင်လာအောင် ထိုစကားကို မီးစားသဖွယ်အသုံးပြုခဲ့တာဖြစ်ပြီး ကောလဟာလိုကနေ တဆင့်ပြီးတဆင့် Marie Antoinette တကယ်ပြောခဲ့တဲ့စကားပုံစံလိုမျိုး ပျံ့နှံ့သွားခဲ့ပြီး သမိုင်းမှာ တွင်ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

#marieantoinette #letthemeatcake #history
#frenchroyalty #frenchrevolution #monarchy
@knowledgeatmosphere

Knowledge Atmosphere

05 Nov, 16:01


ဘာလို့အိပ်မက်ဆိုးမက်ကြတာလဲ
The reason:သူ မချစ်တဲ့ကမ္ဘာ‌မှာနေနေရလို့😞
#funfact
@knowledgeatmosphere

Knowledge Atmosphere

04 Nov, 14:14


ကမ္ဘာ့အပျင်းဆုံး သတ္တဝါလေးများ😴😴
#vdcrd
@knowledgeatmosphere

Knowledge Atmosphere

03 Nov, 13:40


သွေးကဘာလို့အနီရောင်ဖြစ်နေရတာလဲ
#funfact
@knowledgeatmosphere

Knowledge Atmosphere

02 Nov, 14:21


@knowledgeatmosphere

Knowledge Atmosphere

02 Nov, 14:21


(တီထွင်မှုများ၏ဖခင်​ သောမတ်အက်ဒီဆင်)

သောမတ်စ်အက်ဒီဆင်ကို ၁၈၄၇၊ ဖေဖော်ဝါရီ ၁၁ ရက်တွင်အမေရိကန်မေလင် (အိုဟိုင်းယိုးပြည်နယ်) တွင်မွေးဖွားခဲ့သည်။ သူသည်ကြီးပြင်းလာပြီးဝင်ငွေနည်းပြီးရိုးရှင်းသောမိသားစုတွင်ကြီးပြင်းခဲ့သည်။ သူ့မိဘ၂ပါးမှာSamuel Edison နှင့် Nancy Eliot တို့ဖြစ်၍သူသည်မွေးချင်း၇ ယောက်အနက်အငယ်ဆုံးဖြစ်သည်။
အက်ဒီဆင်သည်ကလေးဘဝကတည်းကပင်ကျန်းမာရေးမကောင်းပါ။ သူသည်အဖျားရောဂါပြင်းစွာခံစားပြီးနောက်သူ၏ဘယ်ဘက်နားတွင်နားမကြားသူဖြစ်လာခဲ့သည်။သူ့ရဲ့အဖေနဲ့အမေကကလေးနှစ်ယောက်ဆုံးရှုံးခဲ့ရပြီးကတည်းကသူ့ကိုအထူးဂရုစိုက်ခဲ့ကြသည်။
သောမတ်စ်ဟာငယ်ငယ်ကတည်းကထူးခြားတဲ့သူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အတွေးခေါ်တွေ၊အပြုမူတွေဟာဟာတစ်ခြားသူတွေအတွက်အတော်ကိုပဲထူးဆန်းနေတယ်။
သို့သော်အက်ဒီဆင်သည်ကျောင်းတက်သောအခါသူ့ကိုအညံ့ဆုံးကျောင်းသားလို့ဝိုင်းသတ်မှတ်ခဲ့ကြသည်။ ဆရာ၊ဆရာမတွေကတောင် သူ့ကို " ထုံထိုင်းပြီးညံ့တဲ့သူ၊ ဘာမှသင်ယူနိုင်မှာမဟုတ်" ဟုဆိုကြသည်။ ၄င်းနောက်၃ လအကြာတွင်မိဘများအားသူ့ကိုကျောင်းမှထုတ်ယူရန်စာပို့ခြင်းခံရလေသည်။
ထို့နောက်မိခင်ဖြစ်သူကသောမတ်စ်အားသူမကိုယ်တိုင်အိမ်၌မူလတန်းပညာရေးကိုစတင်သင်ကြားခဲ့တော့သည်။
အက်ဒီဆင်သည်စာကြည့်တိုက်သို့မကြာခဏသွားပြီးသိပ္ပံဆိုင်ရာအမျိုးမျိုးသောစာအုပ်များကိုဖတ်ခဲ့သည်။ထိုအချိန်တွင်သူသည်၉ နှစ်အရွယ်သာရှိသေးသည်ဟုဆိုသည်။
အက်ဒီဆင်သည်အသက် ၁၂ နှစ်အရွယ်တွင်ရထားဘူတာတွင်သတင်းစာများကိုစတင်ရောင်းခဲ့သည်။ ရရှိသောငွေဟူသမျှကိုသူ့ရဲ့သိပ္ပံစမ်းသပ်ပစ္စည်းတွေဝယ်ဖို့သုံးခဲ့၏။
သောမတ်စ်အက်ဒီဆင်သည်ဆယ်ကျော်သက်အရွယ်တွင်အမေရိကန်မြို့ကြီးများသို့ သွားရောက်၍ သူ့ဘဝတိုးတက်မှုကိုရှာဖွေချင်ခဲ့သည်။သို့သော်သူသည်ငွေကြေးလုံလောက်မှုမရှိခဲ့ချေ။နောက်ကာလများ၌သူ၏တည်မြဲမှုနှင့်ဤရည်မှန်းချက်ကိုအောင်မြင်လိုသောကြောင့်သောမတ်စ်သည်အမေရိကန်ပြည်ထောင်စုတွင်မူပိုင်ခွင့် ၁,၀၉၃ ခုနှင့်အခြားနိုင်ငံများမှမူပိုင်ခွင့်သုံးဆကျော်ရရှိခဲ့သည်။နောက်ဆက်တွဲတီထွင်မှုများကိုအကောင်အထည်ဖော်ရန်သောမတ်စ်အက်ဒီဆင်သည်ကောင်းမွန်သောဓာတ်ခွဲခန်းလိုအပ်သည်။ ၁၈၇၆ ခုနှစ်တွင်နယူးယောက်မြို့နှင့်မနီးမဝေးတွင်သိပ္ပံဆိုင်ရာသုတေသနအတွက် ရည်ရွယ်၍အဆောက်အအုံတစ်ခုကိုဆောက်လုပ်ခဲ့သည်။များစွာသောစမ်းသပ်မှုတွေလုပ်ပြီးနောက််အက်ဒီဆင်သည်ပထမဆုံးအသံသွင်းစက်ကိရိယာ (၁၈၇၇) ကိုတီထွင်ခဲ့သည်။ အပ်နှင့်သတ္တုပါး၏အကူအညီဖြင့်သူသည်ကလေးငယ်များ၏သီချင်းသံများကိုအသံသွင်းခဲ့သည်။
၁၈၇၉ တွင်သောမတ်အက်ဒီဆင်သည်သူ၏သိပ္ပံဆိုင်ရာအကျော်ကြားဆုံးတီထွင်မှုကိုပြုလုပ်ခဲ့သည်။လျှပ်စစ်မီးသီးပင်ဖြစ်ပါသည်။
သောမတ်စ်အက်ဒီဆင်၏အထင်ရှားဆုံးသောတီထွင်မှုများမှာကာဗွန်မိုက်ခရိုဖုန်း၊ သံလိုက်ဓာတ်ခွဲစက်၊ ဖလိုရိုစကုပ် - ဓါတ်ရောင်ခြည်ထုတ်စက်၊ kinetoscope - ရွေ့လျားနေသောရုပ်ပုံကိုပြသရန်အစောပိုင်းရုပ်ရှင်နည်းပညာနှင့်နီကယ် - သံဓာတ်များဖြစ်ကြပေသည်။အခြားသောတီထွင်မှုများစွာပင်ရှိသေးပေ၏။
သူ၏ကိုယ်ရေးကိုယ်တာအပိုင်းတွင်သူသည်အိမ်ထောင်၂ဆက်ကျခဲ့သည်။ သူ၏ပထမဆုံးဇနီးသည်ကြေးနန်းဆက်သွယ်ရေးအော်ပရေတာ Mary Stillwell ဖြစ်သည်။ စိတ်ဝင်စားစရာအချက်တစ်ခုမှာမင်္ဂလာဆောင်ပြီးနောက်ချက်ချင်းပင်သူသည်မင်္ဂလာဆောင်ညအကြောင်းမေပစ့်သွားပြီးအလုပ်သို့သွားခဲ့သည်။
ပထမအိမ်ထောင်ဖြင့်သမီးတစ်ယောက်နဲ့သားနှစ်ယောက်ထွန်းကားခဲ့သည်။အက်ဒီဆင်၏ပထမဇနီးသည် ၂၉ နှစ်အရွယ်တွင် ဦး နှောက်အကျိတ်ရောဂါဖြင့်သေဆုံးခဲ့သည်။
အက်ဒီဆင်ရဲ့ဒုတိယဇနီးမှာ Mina Miller ဖြစ်သည်။ ဒုတိယအိမ်ထောင်နှင့်ယောက်ျားလေးနှစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကိုလည်းမွေးဖွားသည်ဟုသိရပါသည်။
အက်ဒီဆင်သည်သူသေသည်အထိပင်သိပ္ပံပညာ၌စိတ်ပါဝင်စားစွာလုပ်ကိုင်ခဲ့ပေသည်။သောမတ်စ်အက်ဒီဆင်သည် ၁၉၃၁၊ အောက်တိုဘာ ၁၈ ရက်တွင်အသက် ၈၄ နှစ်အရွယ်တွင်(ကင်ဆာ၊ဆီးချို)ရောဂါဖြင့်ကွယ်လွန်ခဲ့သည်ဟုသိရသည်။
@knowledgeatmosphere

Knowledge Atmosphere

01 Nov, 14:37


ခွေးတွေကဘာလို့အချင်းချင်း*င်လိုက်နမ်းကြတာလဲ🤔⁉️
#factforu
@knowledgeatmosphere

Knowledge Atmosphere

01 Nov, 14:08


- English: Women
- Afrikaans: Vroue
- Albanian: Gra
- Arabic: نساء
- Armenian: Կիներ
- Azerbaijani: Qadınlar
- Basque: Emakumeak
- Belarusian: Жанчыны
- Bengali: মহিলা
- Bosnian: Žene
- Bulgarian: Жени
- Catalan: Dones
- Chinese (Simplified): 女人
- Chinese (Traditional): 女人
- Croatian: Žene
- Czech: Ženy
- Danish: Kvinder
- Dutch: Vrouwen
- Estonian: Naised
- Filipino: Mga babae
- Finnish: Naiset
- French: Femmes
- Galician: Mulleres
- Georgian: ქალები
- German: Frauen
- Greek: Γυναίκες
- Gujarati: મહિલાઓ
- Haitian Creole: Fanm
- Hausa: Mata
- Hebrew: נשים
- Hindi: महिलाएँ
- Hungarian: Nők
- Icelandic: Konur
- Igbo: Nwanyị
- Indonesian: Wanita
- Irish: Mná
- Italian: Donne
- Japanese: 女性
- Javanese: Wong wadon
- Kannada: ಮಹಿಳೆಯರು
- Kazakh: Әйелдер
- Khmer: ស្រី
- Korean: 여자들
- Kurdish (Kurmanji): Jinan
- Kurdish (Sorani): جنێکان
- Kyrgyz: Аялдар
- Lao: ຍິນດີນ
- Latin: Mulieres
- Latvian: Sievietes
- Lithuanian: Moterys
- Luxembourgish: Fraen
- Macedonian: Жени
- Malagasy: Vavy
- Malay: Wanita
- Malayalam: സ്ത്രീകൾ
- Maltese: Nisa
- Maori: Wahine
- Marathi: स्त्रिया
- Mongolian: Эмэгтэйчүүд
- Myanmar (Burmese): ctto- ydrah မိန်းမလေးများ
- Nepali: महिला
- Norwegian: Kvinner
- Pashto: ښځيان
- Persian: زنان
- Polish: Kobiety
- Portuguese: Mulheres
- Punjabi: ਔਰਤਾਂ
- Romanian: Femei
- Russian: Женщины
- Samoan: Fafine
- Scots Gaelic: Mnathan
- Serbian: Жене
- Sesotho: Basali
- Shona: Vakadzi
- Sindhi: عورتون
- Sinhala: ස්ත්‍රී
- Slovak: Ženy
- Slovenian: Ženske
- Somali: dumarka
- Spanish: Mujeres
- Sundanese: Wéwan
- Swahili: Wanawake
- Swedish: Kvinnor
- Tajik: Занон
- Tamil: பெண்கள்
- Tatar: Аиҙалар
- Telugu: మహిళలు
- Thai: ผู้หญิง
- Turkish: Kadınlar
- Turkmen: Zenanlar
- Ukrainian: Жінки
- Urdu: عورتیں
- Uyghur: ئاياللار
- Uzbek: Ayollar
- Vietnamese: Phụ nữ
- Welsh: Menywod
- Xhosa: Abesifazane
- Yiddish: פרוי
- Yoruba: Nínú
- Zulu: Abesifazane

ဘာရယ်မဟုတ်ဘူး စိတ်ပေါက်လာလို့😖😖😖

Knowledge Atmosphere

30 Oct, 13:46


Colonge Cathedral
1248ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးရန် နှစ်ပေါင်း632နှစ်ကြာမြင့်ခဲ့ပါသည်။
(အဆောက်အအုံမှာအလွန်ကြီးမားသဖြင့်Megalophobia ရှိသူများမကြည့်ပါရန်)
@knowledgeatmosphere

Knowledge Atmosphere

30 Oct, 13:44


ကိုလုံး ကသီဒရယ် ဘုရားရှိခိုးကျောင်း ( ဂျာမန်: Kölner Dom တရားဝင်အမည်။ Hohe Domkirche Sankt Petrus , အင်္ဂလိပ်: စိန့်ပီတာ ၏ ကက်သီဒါရယ် ဘုရားရှိခိုးကျောင်း) သည် ဂျာမနီ နိုင်ငံ မြောက် ရိုင်း-ဝက်စ်ဖေးလယား ရှိ ကိုလုံးမြို့တွင် ရှိသော ကက်သလစ် ကသီဒရယ် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည်။ ထိုဘုရားကျောင်းသည် ကိုလုံး ၏ ဂိုဏ်းချုပ်ဘစ်ရှော့ ဘုန်းတော်ကြီး ကျောင်းထိုင်ရာနှင့် ကိုလုံး ဘစ်ရှော့လက်အောက် ဂိုဏ်းအုပ် ၏ အုပ်ချုပ်ရေး နေရာဖြစ်သည်။ ၎င်းသည် ဂျာမန် ကက်သလစ်ဘာသာ နှင့် ဂေါသစ် ဗိသုကာပညာ၏ ထင်ရှားသော အထိမ်းအမှတ် အဆောက်အဦး တစ်ခု ဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာအမွေအနှစ်နေရာ အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေညာခဲ့သည်။ ၎င်းသည် ဂျာမနီနိုင်ငံ၏ လည်ပတ်သူ အများဆုံး အထင်ကရနေရာ ဖြစ်ပြီးတစ်နေ့လျှင်ပျမ်းမျှလူ ၂၀,၀၀၀ ကိုဆွဲဆောင်သည်။ ၁၅၇ မီတာ (၅၁၅ ပေ) မျှမြင့်သဖြင့် ဘုရာရှိခိုးကျောင်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ထိပ်ချွန်နှစ်ခု ရှိသော ဘုရားရှိခိုးကျောင်းဖြစ်သည်။ ဥရောပ၌ အမ်း မင်စတာ ပြီးလျှင် ဒုတိယအမြင့်ဆုံးသော ဘုရားရှိခိုးကျောင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အမြင့်ဆုံး ဘုရားရှိခိုးကျောင်း ဖြစ်သည်။

@knowledgeatmosphere

Knowledge Atmosphere

29 Oct, 14:57


ရှိန်းခေါင်ရွာ၏မြင်ကွင်း
#picrd
@knowledgeatmosphere

Knowledge Atmosphere

29 Oct, 14:57


မြန်မာပြည်ထဲက
ရေခဲပြင်ဖုံးလွှမ်းတဲ့ရွာလေး🇲🇲☃️

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်

ပူတာအိုခရိုင် ဟာ အာရှတိုက်ရဲ့ "ဆီးနှင်းမြို့တော်" စာရင်းမှာပါဝင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်

ရု၊တ်တရက်ကြည့်လိုက်ရင်တော့
ပြည်ပကလို့ထင်ကောင်းထင်နိုင်တယ် ပြည်ပမဟုတ်တဲ့မြန်မာကပါ🇲🇲

နိုင်ငံရေးသာကောင်းခဲ့မယ်ဆိုရင်

#Popular Paoh Stars
Sar Aung Marphang(ဓာတ်ပုံ)

@knowledgeatmosphere

Knowledge Atmosphere

28 Oct, 15:25


😿 Daily Science 😿
--------------
ကြောင်လေးတွေဟာ အချိုအရသာကို မခံစားနိုင် ကြရှာပါဘူးတဲ့
လူတွေမှာ အရသာခံဖို့ taste bud 9000 ကျော် ရှိပေမယ့် ကြောင်တွေမှာတော့ ၄၇၃ ခုပဲပါပါတယ်။ ကြောင်တွေဟာ အချဉ်। အငန်နဲ့ အခါး အရသာ ၃ မျိုးကိုသာ ခံစားနိုင်ပါတယ်။

#crd
@knowledgeatmosphere

Knowledge Atmosphere

27 Oct, 09:23


“In Time” vs. “On Time”: Know the Difference!

“In time” နဲ့ “ On time” ကို ဘယ်လိုသေချာသုံးရမလဲမသိဘူးဆိုရင်တော့ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပြောပြပေးမှာဖြစ်လို့ ကြည့်လိုက်ကြရအောင်နော် 😉

• In Time 🚶‍♂️: “အချိန်မီ” ဒါမှမဟုတ် “အချိန်မနှောင်းခင်” လို့ အဓိပ္ပာယ်ဖော်ပြချင်တဲ့အခါမှာ သုံးပါတယ်

• Example: We arrived in time to catch the sunset. (Just before it was too late to see it!)

• On Time ⏱️: “အချိန်မှန်” သို့မဟုတ် “အချိန်အတိအကျ” လို့ ပြောတဲ့အခါမှာ သုံးရပါတယ်

• Example: The train arrived on time at 9:00 AM. (Right on schedule!)

Quick Tip:

မှတ်သားထားရမှာကတော့ “အချိန်မှန်” လို့ ပြောချင်တဲ့အခါမှာ “on time” ကို သုံးရမှာဖြစ်ပြီးတော့ deadline ဒါမှမဟုတ် event တစ်ခုရဲ့ အချိန်မတိုင်ခင်လေးမှာမှ “အချိန်မီ” တာကို ဆိုလိုချင်ရင်တော့ “in time” ပါ 💡

#Oliver
#Crd
@Knowledgeatmosphere

Knowledge Atmosphere

26 Oct, 04:28


မိမိ၏သူငယ်ချင်းအားစိတ်တိုင်းကျပုံရအောင်ဓာတ်ပုံရိုက်ပေးရသောအခါ🥴🥴🥴

#Photo credit
@knowledgeatmosphere

Knowledge Atmosphere

25 Oct, 13:57


နှလုံးသားက တစ်စုံတစ်ယောက်ကို ချစ်နေသေးပေမယ့် စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဦးနှောက်က သူ့ကိုမုန်းသင့်တယ်လို့‌တွေးနေမိတာ ဘာကြောင့်ပါလဲ?

အဲ့ဒီခံစားချက်က တကယ်ကိုဆိုးရွားသလို ခံရခက်ပါတယ်။ ချစ်သင့်လား မချစ်သင့်ဘူးလား ‌ဘယ်ဟာကိုရွေးချယ်ရမလဲ အရမ်းကိုဆုံးဖြတ်ရခက်ပါတယ်။
နှလုံးသားက‌တော့သူ့ကိုသေလောက်အောင်ချစ်တယ် ဦးနှောက်ကတော့ တော်ပါပြီ မချစ်သင့်ဘူးဆိုပြီး သူ့ကိုအဝေးကိုတွန်းထုတ်ချင်နေမိတယ်။
နှလုံးသားထဲကဆန္ဒနဲ့ ဦးနှောက်ထဲကဆန္ဒထပ်တူမကျတဲ့အခါ တိုက်ရခက်တဲ့စစ်ပွဲအလယ်ရောက်နေရသလိုပါပဲ။
နှလုံးသားကတော့ သူနဲ့နီးစပ်ချင်တယ် အမှတ်တရကောင်းလေးတွေအတူဖန်တီးချင်တယ်။ ဦးနှောက်ကတော့ သူနဲ့ဝေးဝေးနေချင်တယ်။ ဘာလို့ဒီလို့ဖြစ်ရတာလဲဆိုတော့ သင်ချစ်ရတဲ့သူက အဆုံးသတ်မှာ သင့်ကိုနာကျင်စေမယ်ဆိုတာ ကောင်းကောင်းသိနေလို့ပါ သိနေပေမယ့်လည်း နှလုံးသားကလက်မခံချင်ဘူးလေ အဲ့ဒီခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲရတဲ့ပွဲဟာ ဘဝမှာအခက်ခဲအကြမ်းတမ်းဆုံး တိုက်ပွဲတစ်ခုလည်းဖြစ်လာပါတယ်။

#knowledgeatmosphere
@knowledgeatmosphere

Knowledge Atmosphere

24 Oct, 14:33


ကမ္ဘာဂြိုလ်ကြီးကို အင်္ဂလိပ်လို earth လို့ဘယ်သူ အမည်ပေးခဲ့တာလဲ?

ကျွန်မတို့ နေအဖွဲ့အစည်းစနစ်ထဲက ဂြိုလ် ၈လုံးထဲက ၇လုံးဟာ ဂရိ ဒါမှမဟုတ် ရောမခေတ်ပြီးတဲ့နောက်မှာမှ နာမည်ပေးခဲ့ကြတာဖြစ်ပါတယ် ။ကမ္ဘာမြေကြီး earth ဆိုတဲ့စကားလုံးက eorpe ဆိုတဲ့ ရှေးခေတ် အင်္ဂလိပ်စာလုံးကနေ ဆင်းသက်လာတာပါ ။ eorpe ဆိုတာ မြေကြီး အညစ်ကြေး ခြောက်သွေ့တဲ့မြေ နောက်ပြီး နိုင်ငံ စတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ် ။
ဒါပေမယ့် ပုံပြင်က ဒီမှာ စတာမဟုတ်ပါဘူး ။ ၁၁၅၀ ခေတ်မတိုင်ခင်က သုံးခဲ့တဲ့ ဂျာမန်စကားလုံးတစ်ခုရှိပါသေးတယ်။

ဒီနေ့ ပြောနေတဲ့ ဂျာမန်စကားရဲ့ တစ်စိတ်တစ်ပိုင်းဆိုလဲ ဟုတ်ပါတယ် ။ earth နဲ့ eorpe က ခေတ်သစ် ဂျာမန်စကားလုံး Erde နဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုရမှာပါ ။ သူ့ရဲ့ အဓိပ္ပာယ်ကလည်း ကမ္ဘာဂြိုလ်ကို ဆိုလိုရုံတင်မက အညစ်အကြေးနဲ့ မြေကြီးကိုပါ ရည်ညွှန်းနေတာဖြစ်ပါတယ် ။

ကျွန်မတို့ ကမ္ဘာမြေကြီးဖြစ်တဲ့ earth ဆိုတဲ့စကားလုံးဟာဆိုရင် တခြားဘာသာစကားမှာ ဆက်စပ်နေတဲ့ ဟာတွေလည်းရှိပါသေးတယ် ။ဒတ်ချ်လိုဆို aardeလိုဟာမျိူးဖြစ်ကာ ရှေးခေတ်ဆက်စွန် လိုဆို eathaလိုဟာမျိုးတွေဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူတွေဟာ ဘယ်အချိန်က စတင်ပြီး သူတို့လမ်းလျှောက်နေတဲ့ မြေကြီးတင်သာမက ဂြိုလ်တစ်ခုလုံးကို ရည်ညွှန်းပြီး earth သို့မဟုတ် erde ကိုသုံးခဲ့လဲဆိုတာ ဘယ်သူမှ မသိကြပါဘူး ။

၁၇၈၃ ဂျာမန် နက္ခတဗေဒပညာရှင် ဂျွန်အန် အယ်ရတ် ဘိုဒီက ခုနှစ်ခုမြောက်ဂြိုလ်ကိုယူနေရးနပ်စ်လို့ အမည်ပေးခဲ့ပါတယ် ။ ဂြိုလ်လို့ သတ်မှတ်ခြင်းမခံရတဲ့ ပလူတိုကိုတော့ ၁၉၃၀ ခုနှစ်မှာ ၁၁ နှစ်သားအရွယ် ဗီနီတီရာ ဘာနေးက နာမည်ပေးခဲ့တယ်လို့ သိထားကြတာပါ ။
ဒါပေမယ့်ကမ္ဘာဂြိုလ်ကို အင်္ဂလိပ်လို နာမည်ပေးခဲ့တဲ့ သူကတော့ အမည်ဖော်ပြလို့မရအောင် ပျောက်ဆုံးသွားခဲ့ပါပြီ။

အခုထိ ရှင်းနေသေးတာကတော့ မာကျူရီ ဗီးနပ်စ် မားစ် ဂျူပီတာ စေတန် ယူရေးနပ်စ် နဲ့ နတ်ပ်ကျွန်း အားလုံးဟာ ရှေးခေတ်နတ်ဘုရား တွေ နာမည်ကနေ စတင်လာပေမယ့် earth ကတော့ မဟုတ်ပါဘူး ။ တစ်ခါတစ်လေတော့ Earth ဟာ ကမ္ဘာဂြိုလ်ကို ရည်ညွှန်းပြီး မြေကြီး ကို မရည်ညွှန်းချင်တဲ့အချိန်မျိုးတွေမှာ E ကို အကြီးနဲ့ ရေးသင့်ကြောင်း အောက်စဖို့တက္ကသိုလ်က ရေးသားထားပါတယ် ။

#crdtoowner
@knowledgeatmosphere

Knowledge Atmosphere

23 Oct, 15:25


ဒေါသထွက်ရင် ဘာလို့ငိုချင်ရတာလဲ?

တချို့လူတွေ ဒေါသထွက်လာရင် ဘာရယ်မဟုတ် မျက်ရည်က အလိုလိုဝဲလာရော
ဥပမာ မင်မင့်လိုပေါ့ ဒေါသထွက်ရင် ဒီလိုဖြစ်တတ်တယ်။ ငိုချင်လို့မျက်ရည်ကျတာမဟုတ်ဘဲ ဒေါသထွက်နေရင်းကြီးကို မျက်ရည်ကဝဲလာရော။ ဘာလို့ ဒီလိုဖြစ်တာပါလိမ့်နော်?

အ‌ဖြေကတော့ ရှင်းပါတယ်။ ဒေါသထွက်နေတုန်းမျက်ရည်ကျရတာဟာ ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုံ့ပြန်မှုကြောင့်ဖြစ်ပါတယ်။ ဒေါသထွက်နေတုန်း မျက်ရည်ဝဲလာခြင်းက သင့်ကိုကာကွယ်ပေးနေတာပါ။ ဘာလို့လဲဆိုတော့ ကိုယ်အရမ်းစိတ်တိုတဲ့အခါ မလိုလားအပ်တဲ့အမှားတွေလုပ်မိတတ်ကြတာရှိပါတယ် လုပ်ပြီးမှ ဟာ ငါစိတ်ဆိုးနေတုန်း ဒီလိုလုပ်မိလိုက်တယ် မလုပ်သင့်ဘူး ဆိုပြီး နောက်မှနောင်တရတဲ့ အဖြစ်မျိုးတွေကနေ သင့်ခန္ဓာကိုယ်က အလိုအလျောက်ကာကွယ်ပေးတာကြောင့်ပါ အတိတ်က ကိုယ်ဒေါသထွက်နေချိန် အမှားလုပ်မိပြီးမှ နောင်တရတာမျိုး ဖြစ်ဖူးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က သင်ခန်းစာရသွားတဲ့အနေနဲ့ ဒီလိုအလိုအလျောက်တုံ့ပြန်မှုကို ဖြစ်စေတာပါ
ဒေါသထွက်နေတုန်း မျက်ရည်ကျလာ‌တဲ့အခါမှာ ဒေါသတွေခဏလောက်ပြေသွားတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့အမှားတွေမဖြစ်အောင် သင့်ကို ကာကွယ်ပေးပါတယ်။

Writer- Knowledge Atmosphere
#knowledgeatmosphere
@knowledgeatmosphere

Knowledge Atmosphere

22 Oct, 16:15


#picrd
@knowledgeatmosphere

Knowledge Atmosphere

21 Oct, 16:14


ဆောင်းရာသီမှာအသံသွားနှုန်းနှေးပါတယ်
#funfact
@knowledgeatmosphere

Knowledge Atmosphere

20 Oct, 16:41


#picrd
@knowledgeatmosphere

Knowledge Atmosphere

20 Oct, 14:50


prepositions in english grammar | prepositions of time
#englishlanguageandgrammer
@knowledgeatmosphere

Knowledge Atmosphere

18 Oct, 14:18


ဘာကြောင့်အဝတ်ရေစိုရင်အေးလဲ
#funfacts
@knowledgeatmosphere

Knowledge Atmosphere

17 Oct, 13:53


🏮သီတင်းကျွတ်🏮 အခါသမယ တွင်


လူကြီးမိဘဆရာသမားများကို

ဂါဝရပြု ကန်တော့ရင်း

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ

သီတင်းကျွတ်ချိန်ခါလေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့

Knowledge Atmosphere မှ

ဆုမွန်ကောင်းများပို့သအပ်ပါသည်။

#Oliver
@Knowledgeatmosphere

Knowledge Atmosphere

17 Oct, 13:47


သီတင်းကျွတ်မုန့်ဖိုးပေးတာနော်

နည်းတယ်များတယ်

သဘောမထားနဲ့🫶🏻

Knowledge Atmosphere

16 Oct, 14:37


ဘာလို့တချို့လူတွေခြင်ပိုကိုက်ခံရတာလဲ
#funfact
@knowledgeatmosphere

Knowledge Atmosphere

14 Oct, 14:13


ဆောင်းရာသီမှာအသံသွားနှုန်းနှေးတာသိပြီးပြီလား
#funfact
@knowledgeatmosphere

Knowledge Atmosphere

13 Oct, 12:36


အလကားပေးတောင်မယူဘူး🥴🥴

Knowledge Atmosphere

12 Oct, 14:02


ဘာလို့အံကြိတ်ကြတာလဲ
#funfact
@knowledgeatmosphere

Knowledge Atmosphere

11 Oct, 14:16


ထိကရုန်းပင်ကိုလက်နဲ့ထိရင်ဘာလို့ညှိုးသွားလဲ
#Funfact
@knowledgeatmosphere

Knowledge Atmosphere

10 Oct, 13:27


ပြင်သစ်လူမျိုးတို့သည် ဤသို့ပြည်တွင်းပြည်ပ ဘေးရန်အမျိုးမျိုးနှင့် ရင်ဆိုင်တိုးလျက်ရှိသဖြင့် သူတို့၏ လွတ်လပ်ရေးကို ခေတ္တ စွန့်လွှတ်ပြီးလျှင် ပြည်သူ့ကာကွယ်ရေးကော်မတီခေါ် အဖွဲ့အား အာဏာကုန်လွှဲအပ်လိုက်သည်။ ထိုကော်မတီသည် အုပ်ချုပ်ရေး ဥပဒေကို အရေးမထားဘဲ တိုင်းပြည်ကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လေတော့သည်။ ကော်မတီကို ဦးစီးခေါင်းဆောင်သူများမှာ ဒန်တွန်၊ မာရတ် ရောဗက်စပျဲတို့ ဖြစ်ကြရာ သူတို့ကြီးစိုးစဉ်ကာလက ရက်စက်ကြမ်းကြုတ်မှုများမှာ ပြင်သစ်တော်လှန်ရေးသမိုင်း၌ အမဲကွက်ကြီးထင်းလျက်ကျန်ခဲ့ပေသည်။ ဘုရင့်ဂိုဏ်းသားများကို ဖမ်းဆီးသုတ်သင်ရာ အပြစ်ကင်းသူများစွာတို့လည်း မသင်္ကာမှုဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံကြရလေသည်။ ထိုအတွင်း သမ္မတပါတီအတွင်း၌ပင် နှစ်ဂိုဏ်းကွဲလာပြန်သည်။ တဂိုဏ်းမှာ သမ္မတနိုင်ငံ၏ ရန်သူဟူသမျှကို ရက်ရက် စက်စက် သုတ်သင်နှိမ်နင်း၍ ဂျက္ကဗင်းဂိုဏ်းဟုခေါ်သည်။ အခြားတဂိုဏ်းမှာ အသတ်အဖြတ်လျှော့စေလိုသော ဂိုဏ်းဖြစ်၍ ဇီရွန်း ဟုခေါ်သည်။ သမ္မတအစိုးရတွင် ဂျက္ကဗင်းဂိုဏ်းက ဩဇာလွှမ်းမိုး၍ နောက်ဆုံးတွင် ဇီရွန်းဂိုဏ်းသားများကိုပါ နှိမ်နှင်း သတ်ဖြတ်လေသည်။ သမ္မတအစိုးရသည် ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်သည်။ ပရပ်ရှားနှင့် ဩစတြီးယား စစ်တပ်များ၏ ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့သည်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်းလာသောအခါ လူထုသည် သတ်ဖြတ်မှုများကို ညည်းငွေ့လာကြသည်။ နောက်ဆုံးတွင် တရားလက်လွတ်ပြုကျင့်နေသော ရောဗက်စပျဲနှင့် အခြားတယူသန်သမားများကို သတ်ဖြတ်ပစ်ကြသည်။ ရောဗက်စပျဲကို စီရင်ပြီးနောက် ကိုယ်စားလှယ်များ ညီလာခံက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲ၍ အစိုးရ အဖွဲ့သစ်တခု ဖွဲ့စည်းပြန်သည်။ ထိုအစိုးရအဖွဲ့တွင် ခေါင်းဆောင်ကြီးငါးဦးပါဝင်၍ ငါးဦးအစိုးရအဖွဲ့ဟု ခေါ်သည်။ ငါးဦးအစိုးရအဖွဲ့၏ လက်အောက်ခံ ပြင်သစ်တပ်များသည် နိုင်ငံတော်ကို ထိပါးနေသောအင်္ဂလန်၊ စပိန်၊ ဟော်လန်၊ ဆာဒင်းနီးယား နိုင်ငံတို့ကို တွန်းလှန်အောင်မြင်သည်။ သို့ရာတွင် ပြည်တွင်းရေးကား ရှုပ်ထွေးလျှက်ပင်။ နိုင်ငံရေးဂိုဏ်းအမျိုးမျိုးကလည်း နှောင့်ယှက်ကြသည်။ ငါးဦးအစိုးရကလည်း ဖောက်ပြန်လာသည်။ ထိုအချိန်တွင် တိုက်ပွဲတိုင်း၌ အနိုင်ရနေသော ဗိုလ်ချုပ်နပိုလီယန်သည် ကျော်ကြားသည်။ နပိုလီယန်သည် အီဂျစ်နိုင်ငံတွင် စစ်ရေးဆင်နေခိုက် ပြင်သစ်တွင် ငါးဦးအစိုးရအဖွဲ့အား ဖြုတ်ချရန် ကြံစည်မှုများ ပေါ်ပေါက်နေသည်။ အချို့က သမ္မတအစိုးရမျိုး ပြန်တင်လိုသည်။ အချို့က မင်းမျိုးမင်းနွယ်တဦးအား နန်းတင်လိုသည်။ ယင်းသို့အခြေအနေ ရှုပ်ထွေးနေခြင်းသည် အကြံကြီးလှသော နပိုလီယန်အတွက် အချက်ကောင်းဖြစ်သည်။ ၁၇၉၉ ခုနှစ်တွင် နပိုလီယန်သည် ပြင်သစ်သို့ ရုတ်တရက်ပြန်လာပြီးလျှင် လက်ရုံးအားကိုးဖြင့် ငါးဦးအစိုးရအဖွဲ့ကို ဖြုတ်ချသည်။ ထို့နောက် ကွန်ဆာခေါ်ဝန်ကြီးသုံးဦးပါဝင်သော အစိုးရကို ဖွဲ့သည်။ ကွန်ဆာသုံးဦးအနက် နပိုလီယန်က ပထမကွန်ဆာ အဖြစ်ကိုယူသည်။ နိုင်ငံရေးအာဏာလုမှုများကို ငြီးငွေ့နေသော ပြည်သူလူထုကလည်း နပိုလီယန်ကို ထောက်ခံသည်။ ထိုနောက် နပိုလီယန်သည် တစတစ အာဏာရှင်ပမာ စိုးမိုးလာ၍ ၁၈၀၄ ခုနှစ်တွင် ပြင်သစ်အင်ပိုင်ယာ၏ ဧကရာဇ်ဘွဲ့ကို ခံယူလေတော့သည်။ ပြည်သူလူထု၏ တော်လှန်ရေးစိတ်ဓာတ်သည် အလွန်ကျဆင်းနေခဲ့သည်ဖြစ်ရာ နပိုလီယန်၏ လက်ထက်တွင် ခေါင်းမဖော်နိုင်ကြတော့ချေ။ ယင်းသို့ဖြင့် ပြင်သစ်တော်လှန်ရေးကာလသည် နပိုလီယန်၏ လက်ထက်တွင် ဇာတ်သိမ်းခဲ့ရလေသည်။ ။

@knowledgeatmosphere

Knowledge Atmosphere

10 Oct, 13:26


ဗက်စတီးကျဆုံးပြီးနောက် ပါရီမြို့နှင့် ပြင်သစ်နိုင်ငံ အရပ်ရပ်တွင်တော်လှန်ရေးသမားများ ကြီးစိုးလာလေသည်။ အမျိုးသားလွှတ်တော်တွင် စည်းမျဉ်းအုပ် ဘုရင့်ပါတီ၊ ဘုရင်မင်းမြတ်ပါတီနှင့် သမတပါတီဟူ၍ နိုင်ငံရေးပါတီ သုံးခုရှိသည်။ စည်းမျဉ်းအုပ်ဘုရင့်ပါတီက အင်အားများသဖြင့် ၁၇၉၁ ခုနှစ်တွင် စည်းမျဉ်းအုပ်ဘုရင်စနစ်အစိုးရကို ထူထောင်လိုက်သည်။ မှူးမတ်များ၊ နယ်စားမြို့စားများတို့သည်လည်း မိမိတို့ အခွင့်အရေးစည်းစိမ်ဥစ္စာများ စွန့်လွှတ်ရသည်။ ကံကျွေးချစနစ်ကို လွှတ်တော်က ဖျက်သိမ်းလိုက်သည်။ လူတိုင်းအမတ်ရွေးကောက်ပွဲ၌ မဲဆန္ဒပေးနိုင်ခွင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ မိမိပစ္စည်းအင်အားအလိုက် အခွန်ထမ်းဆောင်ခွင့်များကို ရရှိစေသည်။ လူဟူသမျှ လွတ်လပ်စွာနေထိုင်မှုရှိရမည်။ အခွင့်အရေးတန်းတူရှိရမည်။ ချစ်ခင်မျှတမှုရှိရမည် ဟူသော ပြင်သစ်နိုင်ငံအစိုးရသစ်၏ ဝါဒကိုလည်း ကျေညာသည်။

ထိုကျေညာချက်ကို သက်ဦးဆံပိုင်ဘုရင်များ အုပ်ချုပ်သော နိုင်ငံများက မလိုလားချေ။ လူဝီဘုရင်သည် အစိုးရသစ်၏ လက်အောက်ဝယ် အကျဉ်းသမားသဖွယ် ဖြစ်နေသည်။ အုပ်ချုပ်ရေးဥပဒေကို လိုက်နာရန် ကတိပြုသော်လည်း ပြင်သစ်၏ ရန်သူနိုင်ငံများနှင့် လျှို့ဝှက်စွာ ဆက်သွယ်သည်။ လူဝီသည် မိဖုရား၊ သားတော်သမီးတော်များနှင့်အတူ ထွက်ပြေးရန် ကြိုးစားရာပြန်လည် ဖမ်းမိသွားသည်။ ထိုအခါ လူဝီဘုရင့်အပေါ် သင်္ကာမကင်းဖြစ်နေသူများသည် ပို၍ အယုံအကြည်ကင်းမဲ့လာကြလေသည်။

ဤ အဖြစ်အပျက်များကြောင့် တော်လှန်ရေးသမားတွင် ဘုရင့်ဂိုဏ်းနှင့် သမ္မတဂိုဏ်းဟူ၍ နှစ်ဂိုဏ်းကွဲလာသည်။ နောက်ဆုံးတွင် သမ္မတဂိုဏ်းသည် လူထု၏ထောက်ခံမှုကို ရရှိသည်။ ၁၇၉၂ ခုနှစ်တွင် သမ္မတပါတီက ခေါင်းဆောင်သော ပြည်သူလူထုကိုယ်စားလှယ် များသည် ညီလာခံတရပ်ကို ကျင်းပသည်။ ထိုကိုယ်စားလှယ်များ ညီလာခံမှ ဆုံးဖြတ်ချက်အရ စည်းမျဉ်းအုပ် ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း၍ သမ္မတအစိုးရစနစ်ကို ထူထောင်သည်။ ၁၇၉၃ ခုနှစ်တွင် လူဝီဘုရင်အား ကွပ်မျက်လိုက်လေသည်။

စည်းမျဉ်းအုပ်ဘုရင့်အုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သော်လည်း ပြင်သစ်နိုင်ငံ၏ အခြေအနေမှာ တနေ့တခြား ဆိုးရွားလာခဲ့သည်။ ဘုန်းကြီးနှင့် ကက်သလစ်ဂိုဏ်းဝင်တို့သည် အယူဝါဒချုပ်ချယ်မှုများကြောင့် အစိုးရသစ်ကို ဆက်လက်အားမပေးတော့ချေ။ ကုန်သည်များ ကလည်း အစိုးရက စည်းမဲ့ကမ်းမဲ့ထုတ်ဝေနေသဖြင့် တန်ဖိုးမရှိ ဖြစ်လာသော ငွေစက္ကူများကြောင့် မကျေမနပ်ဖြစ်လာကြသည်။ ဘုရင့်ဂိုဏ်းသားများကလည်း အချို့နယ်များ၌ ပုန်ကန်ထကြွလျက် ရှိကြသည်။ ဤသို့ တိုင်းပြည်မငြိမ်မသက်ရှိစဉ် ဥရောပဘုရင်များကလည်းမိမိတို့ နိုင်ငံများတွင် ပြင်သစ်တော်လှန်ရေးနှင့် အလားတူအရေးတော်ပုံများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြသဖြင့် ပြင်သစ်အစိုးရကို ချေမှုန်းပစ်လိုကြသည်။ မကြာမီ ဩစတြီးယား၊ ပရပ်ရှားနှင့် အင်္ဂလန်တို့သည် ပြင်သစ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ခြိမ်းခြောက်လျက် ရှိကြတော့သည်။

@knowledgeatmosphere

Knowledge Atmosphere

10 Oct, 13:26


ထိုသို့ လူမှုရေးမမျှမတ၊ အုပ်ချုပ်ရေးမမျှမတ ဖြစ်နေသည်ကို ဘုရင်မင်းမြတ်က မျှတလာအောင် ဆောင်ရွက်ခြင်းမရှိချေ။ ထို့ပြင် ဘုရင် များသည် အလွန်တန်ခိုးကြီးလိုကြသည်။ ထို့ကြောင့် နယ်ချဲ့နိုင်ရေးအတွက် ဂျာမနီနှင့်လည်းကောင်း၊ အင်္ဂလိပ်နှင့်လည်းကောင်း စစ်ဖြစ်ခဲ့သည်။ ထိုစစ်ပွဲများတွင် ပြင်သစ်တို့ ရှုံးသည်သာများသည်။ စစ်ပွဲများကြောင့် ငွေကုန်ကြေးကျများသည်။ ပြည်သူလူထုလည်း ခါတိုင်းထက်ပို၍ မကျေမနပ်ဖြစ်လာလေသည်။ ထိုကာလအတွင်း လူမှုအယူအဆသစ်များ ပေါ်လာ၍၊ ပြည်သူလူထုထံသို့ တစတစ ပြန့်ပွားသွားလေသည်။ လူထုအား အယူအဆသစ်များဖြင့်အသိဉာဏ်ဖွင့်ပေးကြသော ပညာရှိစာရေးဆရာကြီးများမှာ ဗော်လတဲယား၊ မွန်တက်စကျူး၊ ရူးဆိုး စသည်တို့ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ အသိဉာဏ်ဖွင့်ပေးမှုကြောင့် ဘုရင်မင်းမြတ်ဟူသည် မိုးကျရွှေကိုယ်မဟုတ်ကြောင်း၊ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူလူထုသည်လည်း ပါဝင်ခွင့်ရှိကြောင်း သိမြင်လာကြသည်။ သူတို့၏ နိမ့်ကျနုံချာသောအဖြစ်ကိုလည်း ဆင်ခြင်မိလာကြသည်။

လူဝီ ၁၄ သည် စည်းစိမ်ခံရန် အလွန်အသုံးအဖြုန်းများသည်။ မိမိတန်ခိုးအာဏာကြီးမားရန် စစ်ပွဲများတိုက်ခိုက်စေသဖြင့် ဘဏ္ဍာငွေများစွာ ကုန်ကျသည်။ လူဝီ - ၁၅ နန်းတက်လာပြန်သော်၊ ထိုဘုရင်သည် အရည်အချင်း ညံ့ဖျင်းကာ၊ ပျင်းရိပြီးလျှင် အသုံးအဖြုန်းကြီးသည်။ ထို့ကြောင့် ပြည်သူလူထုသည် ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ရွံမုန်းလာလေသည်။ ယင်းသို့ မကျေနပ်မှုများသည် အငွေ့တလူလူနှင့် ဖြစ်နေသော ယမ်းအိုးကြီးနှင့် တူနေသည်။ ထိုယမ်းအိုးကြီးသည် လူဝီ - ၁၆ လက်ထက်တွင် ပေါက်ကွဲလေတော့သည်။ လူဝီဘုရင်နှင့် မိဖုရားမာရီအန်တွာနတ်တို့သည် စည်းစိမ်ကြီးစွာခံစား၍ နိုင်ငံ၏ဘဏ္ဍာကို သုံးဖြုန်းကြသည်။ ထို့ကြောင့်နိုင်ငံမှာ ကြွေးပတ်လည် ဝိုင်းနေသည်။ ၁၇၈၈ ခုနှစ်တွင် လူဝီသည် ငွေကြေးအပူတပြင်းလိုအပ်နေသဖြင့် အခွန်တိုး၍ ကောက်ခံရန် စတိတ်ဂျင်နရယ် (အင်စတိတ် ဂျင်နရယ်) ခေါ် လွှတ်တော်အစည်းအဝေးကြီးကို ခေါ်ရလေတော့သည်။

၁၇၈၉ ခုနှစ် မေလတွင် ထိုလွှတ်တော် အစည်းအဝေးကို ဗာဆေးမြို့၌ ကျင်းပရာ၊ မင်းဆွေမင်းမျိုး မြို့စားနယ်စားများ၊ သာသနာ့ဝန်ထမ်းများနှင့် ဆင်းရဲသားပြည်သူလူထုတို့၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပြည်သူလူထု၏ ကိုယ်စားလှယ်တို့သည် အခွန်သစ် ကောက်ခံရေးကို လက်မခံသည့်ပြင်၊ လူမှုရေး မမျှတမှု၊ အုပ်ချုပ်ရေး မမျှတမှုတို့ကို ပြုပြင်ပေးရန် တောင်းဆိုကြသည်။ ထိုအခါ လူတန်းစားနှစ်ရပ်၏ ကိုယ်စားလှယ်များက ကန့်ကွက်သည်။ လူဝီဘုရင်ကလည်း မိမိ၏ စစ်တပ်ဖြင့် ခြိမ်းခြောက်သည်။ ထို့ကြောင့် လူထုကိုယ်စားလှယ်တို့သည် လွှတ်တော်မှ ထွက်ခဲ့ကြပြီးလျှင် အနီးရှိ တင်းနစ်ကစားကွင်း တခုတွင် စုရုံးစည်းဝေးကြသည်။

ထို့နောက် မိမိတို့သာလျှင် ပြင်သစ်နိုင်ငံ၏ တရားဝင်အမျိုးသားလွှတ်တော်ဖြစ်သည်ဟု ကျေညာသည်။ ပြင်သစ်နိုင်ငံအတွက် အခြေခံဥပဒေ အသစ်တရပ်ရေးဆွဲ၍ မပြီးမချင်းထိုလွှတ်တော်ကို ဖျက်သိမ်းခြင်းမပြုရန်လည်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ အခြားလူတန်းစား နှစ်ရပ်မှ အမြင်မှန်ရသော အချို့ကိုယ်စားလှယ်တို့ကလည်း နောင်အခါ တိုင်းပြည်ပြု လွှတ်တော်ဟုတွင်သည့် ပြည်သူလူထုကိုယ်စားလှယ်စုနှင့် လာ၍ ပူးပေါင်းသည်။ ဤသို့ စတိတ်ဂျင်နရယ် လွှတ်တော်ကို အသိအမှတ်မပြုဘဲ တစင်ထောင်သည်ကို နောက်ဆုံးတွင် လူဝီဘုရင်သည် အသိအမှတ် ပြုရလေသည်။ သို့တိုင်အောင် သူသည်အကြမ်းဖက်၍ နှိမ်နင်းရန်သာ ကြိုးစားနေခဲ့သေးသည်။ သူသည် ဝန်ကြီးချုပ်ဇက်နက်ကာကို ဖြုတ်ပစ်၍ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန်လည်း ကြံရွယ်ခဲ့၏။ ထို့ကြောင့် ပါရစ်မြို့တော်လူထုသည် အုပ်မနိုင်ထိန်းမရဖြစ်လာကာ လက်နက်များ ရရှိရန်အတွက် ဗက်စတီးခေါ် အကျဉ်းထောင်ကြီးကို ဇူလှိုင်လ ၁၄ ရက်နေ့တွင် တိုက်ခိုက်ကြသည်။ ထိုအခါမှစ၍ သက်ဦးဆံပိုင်ဘုရင် စနစ်ကို တော်လှန်သော တော်လှန်ရေးကြီး စတင်ခဲ့လေသည်။

@knowledgeatmosphere

Knowledge Atmosphere

10 Oct, 13:26


ကမ္ဘာကျော်ပြင်သစ်တော်လှန်ရေး

ပြင်သစ် တော်လှန်ရေးဆိုသည်မှာ ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ဖြစ်သည်။ ထိုခေတ်ကာလအတွင်း ပြင်သစ်နိုင်ငံတွင် ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်မှသည် လူတိုင်း တန်းတူ အခွင့်အရေးရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းစေခဲ့သည်။

၁၇၈၉ ခုနှစ်မှ ၁၇၉၉ ခုနှစ်အထိ ဆယ်နှစ်မျှသောကာလပတ်လုံး ပြင်သစ်တနိုင်ငံလုံးသည် ဆူပူသောင်းကျန်းသတ်ဖြတ်မှုများဖြင့် သောသောညံခဲ့လေသည်။ ထိုကာလသည် ပြင်သစ်တော်လှန်ရေးကာလ ဖြစ်သည်။ ပြင်သစ်ဘုရင် လူဝီ - ၁၆ ၏ လက်ထက်တွင် တော်လှန်ရေးစခဲ့၍ နပိုလီယန်ဗိုနာပတ် ပထမကွန်ဆာဖြစ်လာသည့်အခါ တော်လှန်ရေးပြီးဆုံးခဲ့သည်။ ဆိုခဲ့သော ဆယ်နှစ်ကာလ အတွင်း ဘုရင်နှင့် မိဖုရားအပါအဝင် အထောင်အသောင်းမျှသော မင်းဆွေမင်းမျိုး မြို့စားနယ်စားတို့ ခေါင်းဖြတ်အသတ်ခံရသည်။ တော်လှန်ရေးခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်။ သို့သော် နှစ်ကြာရှည်စွာ လူထုကြည်ညိုမှုကို မခံရဘဲ၊ နောက်ဆုံးတွင် ခေါင်းဖြတ်ခံ ကြရလေသည်။

သဘောအားဖြင့် ဆိုရလျှင် တော်လှန်ရေး စတင်ချိန်က ပြင်သစ်နိုင်ငံ၌ ဘုရင့်တန်ခိုးအာဏာလွှမ်းမိုးနေခဲ့သည်။ တော်လှန်ရေး ပြီးဆုံးချိန် ၌မူ ကြီးကျယ်တိုးပွားလာနေသော လူလတ်တန်းစားလက်ထဲသို့ အာဏာပြောင်းသွားသည်။ ပထမ နပိုလီယန်ဘုရင် တန်ခိုးမှေးမှိန် သွားပြီးနောက်တွင် ဗူးဗွန်မင်းဆက်များ ပြန်၍နန်းစံကြသေးသော်လည်း၊ ကံကျွေးချစနစ်မူကား ပြင်သစ်နိုင်ငံ၌ ပြန်၍ ခေါင်းမဖော် နိုင်တော့ချေ။

ပြင်သစ်ဘုရင်များ တံခိုးထွားလျက်ရှိခဲ့စဉ်က ပြင်သစ်နိုင်ငံတွင် လူတန်းစားသုံးရပ်ရှိနေသည်။ မင်းမျိုး၊ မင်းနွယ်၊ မြို့စား၊ နယ်စား မှူးမတ်များ၊ ရောမကက်သလစ် ခရစ်ယာန်ဂိုဏ်းဝင် သာသနာ့ဝန်ထမ်းများ ပြည်သူလူထုဆင်းရဲသားများ ဟူ၍ ဖြစ်သည်။ ထိုလူတန်းစားသုံးရပ်၏ အခြေအနေသည် မမျှမတ ဖြစ်နေလေသည်။

၁၈ ရာစုနှစ် နောက်ပိုင်းလောက်တွင် ပြင်သစ်ပြည်သူလူထုသည် အလွန်ဆင်းရဲ ဒုက္ခရောက်လျက်ရှိကြသည်။ ဆင်းရဲသားများသည် ကြီးလေးသော အခွန်အတုတ်များကို ထမ်းဆောင်ကြရ၍၊ ခါးမလုံ ဝမ်းမဝ စုတ်ပဲ့နုံချာသော ဘဝသို့ကျရောက်နေကြသည်။ သူတို့ ဆင်းရဲ ငတ်ပြတ်နေသလောက် ပြင်သစ်ဘုရင်နှင့် နယ်စားမြို့စား မှူးမတ်တို့က စည်းစိမ်ယစ်မူးနေကြသည်။ ထိုမင်းမြှောင်ကပ်ပါး နယ်စား မြို့စားမှူးမတ်များနှင့် ရောမကက်သလစ် ခရစ်ယာန်ဂိုဏ်းဝင်ဘုန်းကြီးများသည် တနိုင်ငံလုံးရှိ မြေယာများကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားသော်လည်း အခွန်မထမ်းကြချေ။ အခွင့်အရေးဟူသမျှကား ဆင်းရဲသားများ မခံစားရဘဲ၊ သူတို့ချည်းခံစားကြသည်။ ဆင်းရဲသားများသည် ထိုမိုးကျရွှေကိုယ်တို့ စည်းစိမ်ယစ်မူးနိုင်အောင် ကြီးလေးသောအခွန်များ ပေးဆောင်ကြရသည်သာမက၊ အမျိုးမျိုး ဖိစီးနှိပ်စက်ခြင်းကိုလည်း ခံကြရသည်။ ပုံစံအားဖြင့် နယ်စားမြို့စားတယောက် တောကစားထွက်၍၊ တောင်သူလယ်သမားများ၏ လယ်ခင်းများပျက်စီးသွားသော်လည်း၊ လျော်ကြေးကို သူတို့မတောင်းနိုင်ကြချေ။ နယ်စားမြို့စားများက ထိုသူတို့အား မတော်တဆ ဖြစ်စေ၊ တမင်ဖြစ်စေ သတ်မိစေကာမူ၊ နယ်စားမြို့စားများအား တရားစွဲဆိုနိုင်ခွင့် လုံးဝမရှိချေ။

@knowledgeatmosphere

Knowledge Atmosphere

09 Oct, 15:33


ချန်လုံဧကရာဇ်၏ ပထမဆုံးကြင်ရာတော်ဇနီးမယားဖြစ်သူ မိဖုရားခေါင်ကြီး ရှောင်ရှန်းချွန်းသည် ချန်လုံဧကရာဇ်၏ ဘယ်ဘက်ဘေးတွင် မြှုပ်‌နှံခံခဲ့ရသော်လည်း မိဖုရား‌ကြီးရှောင်ယီချွန်းမှာ ချန်လုံဧကရာဇ်၏ ညာဘက်တွင် မြှုပ်နှံခံခဲ့ရပါသည်။

ချန်လုံဧကရာဇ်တွင် မိဖုရားခေါင်သုံးပါးရှိခဲ့သည်။
ပထမဆုံးကြင်ရာတော်ဇနီးဖြစ်သူ ရှောင်ရှန်းချွန်းမိဖုရားခေါင်(ဖူ့ချာ ရုံရင်း)
ဒုတိယမြောက်မိဖုရားခေါင် ဟွေးဖာ့နလားမျိုးနွယ်
တတိယမြောက်မိဖုရားခေါင် ရှောင်ယီချွန်း(လင့်ဟွမ်ကွေ့ဖေး)တို့ဖြစ်ပါသည်။
Writer- Knowledge Atmosphere
@knowledgeatmosphere
#knowledgeatmosphere

Knowledge Atmosphere

09 Oct, 15:32


လင့်ဟွမ်ကွေ့ဖေး(သို့)‌လင့်ဖေး (သို့) မိဖုရားကြီးရှောင်ယီချွန်း (ချင်းမင်းဆက် ချန်လုံဧကရာဇ်၏ တတိယမြောက်မိဖုရားခေါင်ကြီး)

မိဖုရားကြီးရှောင်ယီချွန်း ( 23 Oct 1727-28 Feb 1775) သည် မန်ချူးခေတ် အဝါရောင်အလံအဆင့်ရှိမင်းမှူထမ်း၏ သမီးဖြစ်သည်။ ချန်လုံဧကရာဇ်အမြတ်နိုးဆုံးမိဖုရားတစ်ပါးလည်းဖြစ်ပြီး ချန်လုံဘုရင်နှင့်အတူ သားသမီး၇ယောက်ထွန်းကားခဲ့သည်။

မိဖုရားကြီးရှောင်ယီချွန်း၏ နာမည်အရင်းကို သမိုင်းမှတ်တမ်းတွင်အတိအကျဖော်ပြခဲ့ခြင်းမရှိပေ။ သို့သော် သူမ၏ မျိုး‌နွယ်မှာ ဝေ့ဖြစ်ပြီး အဘိုးဖြစ်သူသည် အဆင့်သုံးအမတ်ကြီးတစ်ဦးဖြစ်ခဲ့သည်။
မွေးချင်းအကိုနှစ်ယောက်ရှိသည်။

ယုံချန်ဘုရင်နန်းသက် ၅နှစ်မြောက် ၂၃အောက်တိုဘာလ ၁၇၂၇တွင် မွေးဖွားသည်။ ချန်လုံဘုရင်လက်ထက်တွင် ကျီကျင့်နန်းတော်သို့ စတင်ဝင်ရောက်ခဲ့သော်လည်း မည်သည့်နှစ်တွင်ဝင်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းမရှိပါ။ ၁၇၄၅ခုနှစ်တွင် အဆင့်၆ကိုယ်လုပ်တော် ကွေ့ရန် အဖြစ် ချီးမြှောက်ခံရသည်။ ၁၇၄၅ခုနှစ် ဒီဇင်ဘာလ၉ရက်နေ့တွင် အဆင့်၅ကိုယ်လုပ်တော် ဖျင် အဖြစ်ချီးမြှောက်ခံခဲ့ရပြီး ချန်လုံဘုရင်သည် လင့်ဟူသော ဘွဲ့ကိုပေးအပ်ခဲ့သည်။ လင့်ဟူသော အမည်သည် ထက်မြက်လိမ္မာခြင်းနှင့် သာယာနာပျော်ဖွယ်ကောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ ၁၇၄၉ခုနှစ် မေလ တွင်မူ အဆင့်၄မိဖုရား ဖေးအဖြစ် ချီးမြှင့်ခံခဲ့ရပြီး လင့်ဖေးဟု အမည်ကျော်ကြားလာခဲ့သည်။ ဖေးအဆင့်သည် မိဖုရားလေးပါးစာရင်းဝင်ဖြစ်ပြီး အဆင့်မနိမ့်လှချေ။ လင့်ဖေးတွင် သားသမီးမထွန်းကားသေးပါသော်လည်း ချန်လုံဘုရင်က ထိုရာထူးကိုချီးမြှင့်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချန်လုံဘုရင်သည် လင့်ဖေးကို မည်မျှမြတ်နိုးကြောင်းသိသာနိုင်သည်။ လင့်ဖေးသည် နူးညံ့သိမ်မွေ့ပြီး လှပသည်ဟု ချန်လုံဘုရင်က ချီးကျူးစကားဆိုတတ်သည်။ ၁၇၅၆ ဩဂုတ်လ ၁၀ရက်နေ့ သူမအသက် ၂၉နှစ်တွင် မင်းသမီး၇ကိုဖွားမြင်ခဲ့သည်။ ထို့နောက် မင်းသား၁၄ကို ၁၇၅၇ ဩဂုတ်လ၃၁တွင်လည်းကောင်း မင်းသမီး၉ကို ၁၇၅၈ခုနှစ် ဩဂုတ်လ ၁၇တွင်လည်းကောင်းဖွားမြင်ခဲ့သည်။ ထို့နောက် ၁၇၆၀ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် အဆင့်၃မိဖုရား ကွေ့ဖေးအဖြစ် ချီးမြှင့်ခံရသည်။ နိုဝင်ဘာ ၁၃တွင် မင်းသား၁၅ယုံရန်ကို ဖွားမြင်သည်။

၁၇၆၃ ဇန်နဝါရီလ ၁၃တွင် မင်းသား၁၆ကို ထပ်မံဖွားမြင်ခဲ့သည်။ ထိုနှစ်တွင် ချန်လုံဘုရင်သည် ဟန်ကျိုးပြည်သို့ တိုင်းခန်းလှည့်လည်ခဲ့သည်။ ထိုစဉ် ဟွေးဖာ့နလားမျိုးနွယ် မိဖုရားခေါင်ကြီးသည် ချန်လုံဘုရင် စိတ်ပျက်စေမည့်အရာကိုပြုလုပ်ခဲ့မိသဖြင့် ခရီးတစ်ဝက်တွင် ကျီကျင့်နန်းတော်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။ တိုင်းခန်းလှည့်လည်ပြီးနောက် ကျီကျင့်နန်းတော်သို့ပြန်ရောက်သောအခါ ဟွေးဖာ့နလား မိဖုရားခေါင်၏ လုပ်ပိုင်ခွင့်အာဏာများကိုရုပ်သိမ်းခဲ့ပြီး ဇူလိုင် ၂၈တွင် လင့်ကွေ့ဖေးမိဖုရားကို အဆင့်၂ လင့်ဟွမ်ကွေ့ဖေးမိဖုရားအဖြစ်တင်မြှောက်ခဲ့သည်။ ၁၇၆၆ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် မင်းသား၁၇ ယုံလင်ကို မွေးဖွားခဲ့သည်။

၁၇၆၆ခုနှစ် ဩဂုတ်လ၁၉ရက်နေ့တွင် ဟွေးဖာ့နလား မိဖုရားခေါင်နတ်ရွာစံသည်။ သို့သော် ချန်လုံဘုရင်သည် မိဖုရားခေါင်အသစ်တင်မြှောက်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လင့်ဟွမ်ကွေ့ဖေးသည် မိဖုရားများထဲတွင် အရိုက်အရာအကြီးဆုံးမိဖုရားအဖြစ် အနောက်ဆောင်(တရုတ်အခေါ် နန်းခြောက်ဆောင်)ကို စီမံကွပ်ကဲရလေသည်။ မိဖုရားခေါင်တစ်ဦးတွင် ရှိထိုက်သော အာဏာနှင့်လုပ်ပိုင်ခွင့်များကို လင့်ဟွမ်ကွေ့ဖေးမိဖုရားက ရရှိသည်။ မိဖုရားခေါင်ဆောင်ရွက်ရသည့် နန်းတွင်းအမှုကိစ္စများကိုလည်း ဆောင်ရွက်ပေးရသည်။

၁၇၇၃ခုနှစ်တွင် ချန်လုံဘုရင်သည် အိမ်ရှေ့မင်းသားရာထူးအတွက် လျှို့ဝှက်စွာရွေးချယ်ရန်စီစဉ်ခဲ့သည်။ အသက်ရှင်နေဆဲ သားတော်၇ပါးအနက် လင့်ဟွမ်ကွေ့ဖေး၏သားတော် မင်းသား၁၅ ယုံရန်ကို ထီးနန်းလွှဲအပ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ထိုနှစ်များအတွင်း လင့်ဟွမ်ကွေ့ဖေး၏ ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့သည်။ ၁၇၇၅ခုနှစ်တွင် လင့်ဟွမ်ကွေ့ဖေး၏သမီးအကြီးဆုံး မင်းသမီး၇၏ နတ်ရွာစံသောသတင်းကို ကြားသိလိုက်ရသောအခါ လင့်ဟွမ်ကွေ့ဖေး၏ရောဂါ ပိုမိုဆိုးရွားလာခဲ့သည်။

၁၇၇၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့ သက်တော်၄၇အရွယ်တွင် လင့်ဟွမ်ကွေ့ဖေးနတ်ရွာစံသည်။ မတ်လ ၁၂ရက်နေ့တွင် လင့်ဟွမ်ကွေ့ဖေးကို သေဆုံးရာထူး လင့်ရီဟွမ်ကွေ့ဖေး ဘွဲ့ကိုပေးအပ်ခဲ့သည်။ နိုဝင်လာလ၁၉ရက်နေ့တွင် ချင်းမင်းဆက် တော်ဝင်မျိုးနွယ်များ၏ သင်္ချိုင်းဖြစ်သော ယွီဗိမာန်တွင် မြှုပ်နှံခံခဲ့ရသည်။ သူမ၏ ဈာပနအခမ်းအနားမှာ ဟွမ်ကွေ့ဖေးတစ်ပါး၏ အဆောင်အယောင်ထက် ပိုမိုခမ်းနားကြီးကျယ်ခဲ့သည်။

၁၇၉၆ ဖေဖော်ဝါရီ ၉ရက်နေ့တွင် ချန်လုံဘုရင်သည် လင့်ရီဟွမ်ကွေ့ဖေးအား မိဖုရားခေါင်ကြီးရှောင်ယီအဖြစ် ဘွဲ့အပ်နှင်းခဲ့သည့်အမိန့်တော်နှင့်အတူ သားတော် ယုံရန်အား ထီးနန်းလွှဲအပ်သည့်အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ ၁၇၉၉တွင် ချန်လုံဧကရာဇ်ဟောင်း နတ်ရွာစံပြီးနောက် သားတော်ဧကရာဇ်ကျားချင်း(ယုံရန်)က မွေးမယ်တော်ဖြစ်သူ မိဖုရားကြီး‌ရှောင်ယီအား မိဖုရားကြီး ရှောင်ယီချွန်းအဖြစ် ဘွဲ့တော်ပေးအပ်ခဲ့ပြီး မယ်တော်ကြီးအရာသတ်မှတ်ခဲ့သည်။

@knowledgeatmosphere

Knowledge Atmosphere

09 Oct, 14:16


အခုတလော မင်မင်တရုတ်သမိုင်းဘက်လှည့်ဖြစ်နေလို့ ချန်နယ်မှာလည်း တရုတ်သမိုင်းကြောင်းတွေလာဝေမျှပေးမယ်နော် မြန်မာ့သမိုင်းချည်းပဲဖတ်ရတာ ရိုးမှာစိုးလို့ တရုတ်သမိုင်းဘက်လှည့်ပေးမယ် ပြီးရင် ပြင်သစ်တော်လှန်ရေးပါတင်ပေးမယ်😉🩵🩵🩵

3,194

subscribers

1,368

photos

74

videos