မင်းပြောတဲ့ကဗျာဆိုတာဒါလား @kiiro2k7 Channel on Telegram

မင်းပြောတဲ့ကဗျာဆိုတာဒါလား

@kiiro2k7


ငါတင်တဲ့ကဗျာကငါ့ဦးနှောက်Levelပဲ

မင်းပြောတဲ့ကဗျာဆိုတာဒါလား (Burmese)

မင်းပြောတဲ့ကဗျာဆိုတာဒါလားသည် kiiro2k7 မှာပါတင်သည်။ ငါတင်တဲ့ကဗျာကငါ့ဦးနှောက်Levelပဲ ဟုသံခါတွေ့နေပါသည်။ ဤ channel သည် ကဗျာလုပ်ငန်းများနှင့်ပတ်သက်သည့် အခြား ဦးနှောက် နှင့် Level တန်းမှီ ပြေးနေသည်။ အသံဖြင့် ဘယ်သူသံပါခြင်းများ သတိျးထားသည်။

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 16:02


ငါ့နားထင်ကို ခြင်လာနားသတဲ့
မြင်နိုင်သူများကတော့ ကြားကြပါရဲ့ ။
ငါ့မှာတော့ မမြင်နိုင်၊မကြားနိုင် ။

-ဘိုးတော်နီ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 13:57


လော်ပန်မြေသို့ကျုးကျော်စစ်-၁

အနေအေးတာလား
အရေးမပေးတာလား ကိုကိုမသိဘူး။
ဒီဘ၀တော့....
ဟန်နီက ကိုကိုခလုတ်ထိရင်
တမိမယ့် နမောဗုဒ္ဓဿ ပါပဲ။

-ဘိုးတော်နီ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 12:14


မော်ဒန်ကဗျာဆိုတာ ဘာလဲတဲ့
စကားနာထိုးတဲ့ မင်းတို့မေးခွန်းတွေ…
တကယ်တော့ ငါမသိ
အဖြေရှာချင်လည်း ငါ့မှာမရှိ ။

နောက်ဆုံးတော့ ငါလက်ခံလိုက်တယ်
ငါ့ခံစားချက်ဟာ ငါ့ကဗျာ
ငါရေးတဲ့ကဗျာ ငါ့ကဗျာ
"ကဗျာဆိုတာ ပန်းလိုပဲ
အမုန်းမပွါးပဲ တယုတယမွေးရတယ် ။"

မှန်ချင်မှန် မှားချင်မှားပေါ့
ဘယ်သူ့ကိုမှ မထိခိုက်ရင်
ငါရေးတာ ကဗျာစစ်တယ်

မင်းတို့လို ဆရာယောင်ယောင်
ဘာယောင်ယောင်နဲ့တော့
စာဖတ်သူခေါင်း ချမနင်းချင်ရယ့် ။

•ခန့်သွယ်
မင်းပြောတဲ့ကဗျာဆိုတာ ဒါလား

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 12:00


ကိုယ်ပဲမရတာကို ကိုယ်ညံ့တာဆိုပြီး
ထိုင်ငိုနေတဲ့အထဲ မပါဘူးပေါ့ကွယ် ။

ကိုယ့်စိတ်ကို သိပ်မဆွနဲ့
လူတိုင်းတတ်နိုင်တဲ့အရာဆို ကိုယ်က
မလိုချင်တာများတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 09:44


ငါသိမျှသာအကုန်ပြောရရင်
မင်းခြေချစရာ တစ်ပေပတ်လည်
မြေဧကတောင်ကျန်မယ်မထင်ဘူး။

-သူရနွယ်(သူဇာ)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Jan, 01:03


ကမ္ဘာကြီးဟာမီးလောင်နေတာ မမ
အချင်းချင်း ဒေါက်ထောက်ကြည့်တဲ့
မျက်လုံးတွေမှာ မီးစတွေနဲ့…။
ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက်
ကြင်နာဖို့ထက် မှန်ကန်ဖို့က ပိုအရေးကြီးတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Jan, 13:48


ရှင်သန်နေသ၍တော့
အဆုံးထိပေါ့ကွာ
နောက်ပြန်လှည့်တာဟာ
သူရဲဘောကြောင်တာပဲ
ငါတို့ လူ့ငရဲထဲ ခုန်ချတယ်ဆိုတာ
နိဗ္ဗာန်တည်ဖို့ အစပျိုးတာ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Jan, 09:12


ငှက်တွေလည်းပျံချင်တဲ့အခါပျံမှာပေါ့။
နားချင်တဲ့အခါနားမှာပေါ့။
ငါတို့နဲ့ဘာဆိုင်လို့လဲ။

-သူရနွယ်(သူဇာ)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Jan, 05:35


Thanks for sub13k & admin team❤️

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Jan, 03:45


မြူခြုံတေး
-----------------

မင်း, စောင်လွတ်တဲ့ ညတွေ
ကိုယ်အအေးပတ်တယ်

ကိုယ်ရေချိုးမှားတဲ့ အခါ
မင်းတစ်ယောက် ချွဲကြပ်မယ်

တစ်ချက်မှားလို့မရ
နားရွက်ဖျားအေးရင်
ဖက်ထားလို့ မလွယ်တဲ့ မိုင်တွေအဝေးရယ်

မေမြို့ကသောက်လိုက်တဲ့ ကော်ဖီလေး
မင်းတို့မြို့အထိ နွေးပါစေကွယ် ။

-ဆန်းကျော်စွာဝင်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Jan, 01:35


သောတပန်လည်းမတည်ချင်
ဒေ၀ဒတ်လည်း မဖြစ်ချင် နိဗ္ဗာန်ရော ငရဲပါ ငါငြင်းဆိုပါ၏ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 16:05


အပ်ဖျား ရာလောက်ဒဏ်ရာဆိုပေမယ့်
မိုးပျံပူဖောင်းဆိုဘဝပါ ပျက်သွားနိုင်တယ်။

• မင်းခိုက်စိုးစန်

ဆရာဝန်လည်း တစ်ခါတလေလူသတ်မိမှာပေါ့
ကျွန်တော် နားလည်ပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 15:21


သူတောင်းစား တစ်ယောက်
အနိမ့်ဆုံး ရရှိနိင်တဲ့
ကရုဏာသက်မှုလေးကိုတောင်မှ
မင်းဆီက ကိုယ်မရရှိခဲ့သူပါ။

-ကိုဖိုးကျော်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 14:17


အနာတရကင်းကင်းနဲ့
ဘဝကို မဖြတ်သန်းချင်ခဲ့ဘူး
ကျွန်တော်တို့ဟာ
ဒဏ်ရာရလာရင်တောင်
ပိုမို လှပအောင် ပုံဖော်ပြီး
ပန်းချီကားတစ်ချပ် ရေးဆွဲချင်ကြတာမျိုး။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 11:37


မမ သိချင်သိမယ်၊မသိချင်မသိဘူး
အသက်တမျှချစ်ပြီဆိုတာနဲ့
လူတွေက လက်မလွှတ်ချင်ကြဘူး။

•ခန့်သွယ်
စံပယ်ရောင်အိမ်မက်မှ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 07:20


မိုးတွေလည်းညို
တိမ်‌တွေပြို
လမ်းအိုလေးစိန်ပန်း
မင်းရဲရဲလှမ်းခဲ့ပါကွယ်....

- သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 04:56


ကမ္ဘာကြီးကို မလိုချင်ဘူး
မင်းကိုပဲ လိုချင်တယ်
မင်းဆိုတာ ကမ္ဘာကြီးနဲ့ ညီမျှတယ်။

-ဆန်းကျော်စွာဝင်း

ကမ္ဘာကြီးကိုလည်း မရနိုင်သလို
မင်းကိုလည်း မရနိုင်ဘူးဆိုတာ
ငါ့စိတ်ကူးယဉ်အတွေးတွေရဲ့
အခြားဘက် အခြမ်းက
သိခဲ့ရပါတယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Jan, 00:59


ချို့ချို့တဲ့တဲ့နဲ့ ချွေသာအပြုံးတွေ ရှုံးတဲ့သူအချင်းချင်း နားလည်နိုင်ကြမယ် ထင်တယ် ၀ဋ်ဆိုလည်း ဒီဘ၀နဲ့တင်ကျေအောင် ဆပ်ခဲ့ရုံ ။

နံရိုးတစ်ချောင်းတော့ နောင်သံသရာမှာ ထပ်မဆုံးရှုံးချင်တော့ဘူး။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Jan, 17:17


ပြေးသလောက် အဝေးမရောက်တဲ့ပြဿနာ
ခေတ်စနစ်အပေါ်မှာ
အပြစ်ပုံချလို့ရကြေးလား။

-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Jan, 01:58


မျက်သွယ်(၂)

နှလုံးသွေးခုန်နှုန်းရဲ့ အလွန်မှာ ဘာရှိလဲ မမ။
ကျွန်တော်က လူကဲခတ်သိပ်ညံ့တယ်
အခုနေ မမသာ ရှိရင် ဆူနေရော့မယ်။
ပြန်လာခဲ့ပါ မမ
ဒီကလေးမဟာ မမရဲ့ စကားလုံးတွေကို လွမ်းလှပြီ။
မနေ့တစ်နေ့ကလိုပဲနော်
ယောင်္ကျားတစ်ယောက်အတွက်
ကျွန်တော် ငိုရတိုင်း
မမဟာ သိပ်စိတ်ဆိုးတတ်တာ
အခုနေ ကျွန်တော်သိပ်ဝမ်းနည်းနေတာ မမသိရင်
စိတ်ဆိုးဦးမယ်မလား။
ဒီမနက် နေရောင်ခြည်ကို မြင်တဲ့အခါ
သိပ်သတိရတယ်။
မမဟာ အဲ့ဒီနေရောင်ခြည်လေးပဲမလား။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 15:07


အချစ်ခံရသူများ
အချစ်မခံရသူများ
ဘာကွဲပြားလို့လဲ
မမြဲခြင်းတရားကို
ဗုဒ္ဓဟောကြားတော်မူတယ်လေ။

-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 13:57


ငါတို့က
အမှတ်တရတွေများတယ်နော်
မင်း မေ့နိုင်ပါစေ။
-စစ်ငြိမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 12:57


ဒီနေ့တော့မြင်မြင်သမျှ
မလွတ်မလပ်တွေကြီးပဲ…
တစ်ချို့ကျ လှောင်အိမ်ထဲက ငှက်
တစ်ချို့ကျ ခြင်းအုပ်ထဲက ကြက်
အတောင်ကျိုးရတာနဲ့
ထွက်ပြေးမရတာနဲ့
မင်းတို့ပြောတဲ့ လောကကြီးမှာလေ ။

•ခန့်သွယ်
ဒီနေ့ဘာနေ့လဲ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 12:51


အများနဲ့တစ်ယောက်မှာ
ပတ်ဝန်းကျင်ကို ကြောက်နေတော့
ဘယ်လိုအားနဲ့ ကိုယ်ဆက်ဆွဲရမလဲ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 12:37


-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 12:18


စောင့်မျှော်ရခြင်း နေ့ရက်များ (၄)

ကျွန်မ အမြဲ‌သိလာခဲ့တဲ့
အဲ့ဒီနေရောင်ခြည်လေးဟာ
ဆက်မနွေးနိုင်သည့်အခါ
ဒီဆောင်းဥတုကိုလည်း
အပြစ်မမြင်နိုင်တော့ပါဘူး။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 01:13


ယူတိုးပီးယား

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ
ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို
လွမ်းလှ ။

-အောင်ချိမ့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Jan, 00:09


သမိုင်းရှိလို့သာယုံရတယ်
ဒီ‌နိုင်ငံလွတ်လပ်ရေးတကယ်ရခဲ့တာလား။

-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 15:24


တစ်စုံတစ်ယောက်နဲ့ ပက်သက်ခွင့်ကို ကိုယ်တိုင်ဖန်တီးယူနေရပီဆိုရင်သေချာပါတယ်။
အဲ့အချစ်ကလဲ ကိုဖန်တီးထားတဲ့ကမ္ဘာထဲက ပုံစံခွက်ဖြစ်နေတဲ့ ဖန်တီးအချစ်တွေပါ။
ကံကြမ္မာက ဖန်တီးပေးလို့ဆုံခဲ့ရတာမှမဟုတ်တာ။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 14:07


စောင့်မျှော်ရခြင်း နေ့ရက်များ (၃)

အမှန်တရားတွေကို ချစ်မြတ်နိုးတဲ့
ကျွန်မဟာ..
ကျွန်မတို့ တကယ်ဝေးရပြီဆိုတဲ့
အမှန်တရားကိုတော့
သိပ်မုန်းခဲ့ပါတယ်။
‌မျှတခြင်းကိုသာ
လက်ကိုင်ဆွဲထားခဲ့ပြီး
ကျွန်မ အစ်ကို့ကို ချစ်သလိုမျိုး
အစ်ကို ကျွန်မကို ပြန်မချစ်နိုင်တာကိုလည်း
သိပ်မုန်းခဲ့ပါတယ်။
တရားနာရတာလည်း
သဘောတွေ့သလို
တရားဟောရတာကိုလည်း
သဘောခွေ့ခဲ့ပါတယ်
သို့သော်
အစ်ကို ထွက်သွားချိန်မှာ ဘယ်သူ တရားချချ ကျွန်မနားထဲ မကျခဲ့ပါဘူး။
အို..ကုန်ကုန်ပြောရရင်
အစ်ကိုနဲ့ ဝေးရတဲ့ အကြောင်းအရင်းတွေ အကုန်လုံးကို
ကျွန်မ သိပ်မုန်းတာပဲ။
ဒါပေမယ့်
ကျွန်မ အစ်ကို့ကိုတော့ သိပ်ချစ်ပါတယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 13:07


အနောက်တိုင်းက ခရစ်စမတ်ည
ဆေးပေါင်းတော့ မခပေမဲ့
မမလှနေတော့ လက်ခံပေးလို့ရသား။

ညစာစားပွဲတဲ့ မမရယ်
ပြင်ပုံဆင်ပုံက
မမဝတ်ထားတဲ့ဖိနပ်လောက်တောင်
စိတ်တိုင်းကမကျ
ကျွန်တော်ကပဲ
ကျန်တာဆိုအကောင်းမမြင်တာပါ
၃၆၀ပတ်ချာလည် မမမျက်နှာတဲ့ ။

"မမ ကော်ဖီမကြိုက်ဘူး"
သူ့ကော်ဖီခွက် အတင်းထိုးပေးရှာတယ်
ကျွန်တော် မသောက်ဘူး မမ
တိတိကျကျပဲ နမ်းပြစ်ချင်တာလေ ။

"ပြန်တော့မှာလား
ကျွန်တော်လိုက်ပို့မယ်လေ
ကျွန်တော့်အိမ်ကို
မမလမ်းကပတ်ပြန်လည်း ရောက်ပါတယ်" ။

"ဆိုင်ကယ်ဘရိတ်အုပ်တော့
မမက စိတ်တိုရှာတယ်…
ကျောနဲ့ရင်ဘက် တစ်သားတည်းကပ်ရုံနဲ့
ကျွန်တော်က နိဗ္ဗာန်ရပါတယ်" ။

•ခန့်သွယ်
၂၀ကျော်အချစ်မှတ်တမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 12:23


ဘ၀ဆက်တိုင်း
သမိုင်းမရိုင်းတဲ့ နိုင်ငံမှာလူပြန်ဖြစ်ပါစေ။

၆နှစ်တာကာလအတွင်း
၄နှစ်လောက်အမှောင်ဖုံးခဲ့ရတဲ့ညီမဘ၀အတွက်
အစ်ကိုတို့မျိုးဆက် တကယ်ရှက်မိပါတယ်။

ညီမဖြောင့်ဖြောင့်သွားပါ။
ဒီတိုက်ပွဲအစ်ကိုတို့ ဆက်နွှဲပါ့မယ်။

-ညီမလေးကောင်းရာမွန်ရာရောက်ပါစေ။
-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 08:17


စောင့်မျှော်ရခြင်း နေ့ရက်များ (၂)

ကျွန်မ ငယ်ငယ်က
စာကလေးနဲ့ သိပ်ကိုဆင်ပြီး
အရောင်ကျ ကွဲထွက်နေတဲ့
သိပ်လှတဲ့ ငှက်လေးကိုတွေ့ဖူးတယ်
အဖေ့ကို မေးတော့
အဲ့ဒီငှက်လေးဟာ
စာကလေးဘုန်းကြီး၊ စာဝါငှက်လေးဖြစ်ကြောင်း
ကျွန်မ သိလိုက်ရတယ်။
နောက်ပြီး မနက်ခင်း
ကျွန်မ အိမ်ခန်းပြတင်းပေါက်ထပ်
တတောက်တောက်ဖြင့်
အိပ်ရာလာနှိုးတတ်သေး။
ကျွန်မ နှစ်သက်ရသော၊ သိပ်ကို နှစ်သက်ရသော
စာဝါငှက်ငယ်လေးတွေ။
ဒါပေမယ့်
ကျွန်မ နားမလည်ဘူး
သူတို့ဟာ ဘယ်လို ဒဏ်ရာတွေများရလာခဲ့သလဲ။
သူတို့ဟာ ဘယ်လောက် နာကျဉ်နေရသလဲ။
ကျွန်မ စာဝါလေးတွေ တစ်ကောင်စ၊ နှစ်ကောင်စမက မြင်ခဲ့ဖူးသည်။
အတွေးခပ်သိမ်သိမ်နဲ့ တွေးမိပါရဲ့
အဲ့ဒီ စာဝါလေးတွေဟာ
ကျွန်မကို မနက်ဆို လာနှိုး
ကျွန်မစိတ်လေးကို ပျော်ရွှင်စေခဲ့ပြီး
အမြင့်တစ်နေရာကို ပျံသန်းရင်း
ကြယ်တွေဆီလည်း လမ်းပြခဲ့သေးတယ်။
နောက်တော့..
သူတို့ဟာ အဝေးကို ထွက်သွားတော့တာပဲနော်။
ကျွန်မ ဘယ်တော့မှများ အဲ့ဒီစာဝါလေးနဲ့ ပြန်ဆုံနိုင်မှာလဲ‌ ဖေဖေ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 03:52


စောင့်မျှော်ခြင်း နေ့ရက်များ (၁)

ဒီလိုနေ့ရက်တွေဟာ
သိပ်ကို အေးစက်လွန်းတယ်
အစ်ကို အထီးကျန်နေလား။
အစ်ကို နွေးနွေးထွေးထွေးရှိရဲ့လား။
အစ်ကို ပြန်လာမယ့်နေ့အထိ
ညီမ နေ့စဉ်နေ့တိုင်း အစ်ကို့အတွက်
ကဗျာတစ်ပုဒ် ချယ်သပါ့မယ်။
အစ်ကို ပြန်လာမယ်မလားဟင်
အစ်ကို ပြန်လာခဲ့ပါနော်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

03 Jan, 02:12


ငါကလောဘ အရမ်းကြီးတာပဲ
မင်းကိုမရရင် ဘာမှမယူဘူး ။
ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်းနှုတ်ခမ်းတွေကို နမ်းချင်တယ် ။

-စိုင်းဝင်းမြင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 13:40


တော်ရုံ ချန်နယ်က ကဗျာတွေယူတင်တာမျိုးတော့ထားပါဗျာ။ channel profile နဲ့ description ကစာသားပါယူတာကတော့ နည်းနည်းနာကျင်ရတာပေါ့လေ။
အဆင်ပြေရင် rp လေးကူညီပေးပါဗျ။ ရန်ပြုချင်လို့မဟုတ်ပါဘူး။ နောက်ပိုင်း ကဗျာလွယ်အိတ်တွေအများကြီးပေါ်လာရင် ကျွန်တော်တို့လည်း ပြဿနာတွေပဲဒိုင်ခံဖြေရှင်းနေရမှာမလို့ပါ။
https://t.me/sarto_lay

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 13:19


မမကပန်းကြိုက်တယ် ကျွန်တော်က ပန်းမပျိုးတတ်ဘူး ပွင့်ချပ်တွေမှာ အသက်ရှိတယ်လို့တော့ ကျွန်တော်ယုံကြည်ထားတယ် ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 10:47


"နှာဖူးလေး တစ်ခါ
ပါးလေး နှစ်ခါ
နှုတ်ခမ်းလေး နှစ်ခါ"
ဘာကျန်သေးလဲ မမ။

အနှစ်နှစ်အလလ စုဆောင်းလာတဲ့
တရားတော်တွေ လွှင့်ပြစ်လိုက်တယ်
မဇ္စျိမပဋိပဒါဆိုတာနဲ့ ကျွန်တော်က
မမရွေလည်တိုင်ကိုပဲ ပြေးမြင်တာလေ ။

•ခန့်သွယ်
၂၀ကျော်အချစ်မှတ်တမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 07:09


"ဝောာနက်ထဲကငိုဟိန်းသံ"

သို့ချစ်မေမေ

ပြေးပြေးဆိုလို့သားပြေးလိုက်တာ
အခုအိမ်နဲ့တော်တော်ဝေးသွားပြီအမေ။
ခွေးတွေနဲ့တိုက်ရမှာမကြောက်ဘူး‌အမေ
ညဖက်တွေခြင်ကိုက်ရင်တော့
အိမ်ကိုကျွန်တော်တကယ်လွမ်းတယ်။
-သူဇာ
ဖြစ်ရပ်မှန်အပေါ်အခြေခံထားသည်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 04:03


တစ်ခါက သီချင်းဆိုဖူးရဲ့
"မင်းကို ငါချစ်တယ်"
အခုလည်း သီချင်းဆိုတယ် အဲဒီသီချင်း
"မင်းကို ငါချစ်တယ်"
အဲဒါကြောင့် ကွန်ပျူတာတွေ အင်တာနက်တွေ
အသက်ထွက် ပျက်စီးတွန့်လိမ်ကုန်သတဲ့။
အို..အချင်းလူငယ်
သီချင်းဆိုကြ...
နောက်ထပ်
သီချင်းဆိုကြ...
ချစ်ခြင်းက ဘယ်အရာကို
ပျက်စီးစေတာတဲ့လဲ။

အင်း . . .အင်တာနက်လည်း
ပျက်စီးခဲ့ပေရဲ့။

-အောင်ချိမ့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

02 Jan, 02:56


ပညာ၊ ပညာ၊ ပညာ
သုံး‌ခေါက်ရွတ်မှ
ဘာလဲသိမယ်။
အသိပညာ၊ အတတ်ပညာ
ကျောင်းစာတတ်လို့
လူတော်ဖြစ်ကြေးဆို
ဒီကမ္ဘာမှာ ဘာလို့
ငတ်ပြတ်နေတဲ့လူတွေ
ရှိနေရဦးမှာလဲ။
ဂုဏ် ဆိုတဲ့ စကားတစ်ခွန်းကို
ခေါင်းပေါ်ရွက်တင်ထားကြ
ပြည့်တဲ့အိုးတွေကို
ဘောင်လိုက်ခတ်ပြီး
တရားမဟောနဲ့။
လူဆိုတာ စာတတ်ရုံနှင့်တော့
ပညာတတ်ပြီလို့ မဆိုသာ။
အသိပညာနှင့် အတတ်ပညာ
ပြည့်စုံမှသာ
ဒီဘက်ခေတ်မှာ
လူရာဝင်မယ်။
မေတ္တာတရား၊
ကိုယ်ချင်းစာတရား၊
သစ္စာတရား..
ဒီ့ပြင်အရာတွေမှ မရှိကြတော့ရင်
လူဟာ လူနဲ့ တူနိုင်ပါဦးမလား။
ကိုယ့်ဘက်ကိုယ်ပဲကြည့်ပြီး
သူတစ်ပါးအတွက်
မတွေးပေးကြရင်
ကမ္ဘာဟာ ကမ္ဘာနဲ့တူဦးမလား။
လောဘ၊‌ဒေါသ၊မောဟ တွေကို
ရင်ဝယ်ပိုက်ထားရင်
သဘာဝဟာ
ဆက်ပြီး လှပနေဦးမလား။

လူဆိုတာ လူနဲ့တူရတယ်
လူနဲ့တူဖို့ အသိဉာဏ်ရှိရတယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 15:30


"ဆေးလိပ်မသောက်ရ
အရက်မသောက်ရ
ညဘက်အပြင်မထွက်ရ”

ဘာပဲဖြစ်ဖြစ်ပေါ့ မမရယ်
ချစ်သူနှုတ်ခမ်း တစ်ချက်နမ်းဖူးတဲ့
ကျွန်တော် မသေမျိုးဖြစ်ပါတယ် ။

•ခန့်သွယ်
၂၀ကျော်အချစ်မှတ်တမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 15:13


လူနှစ်ယောက်လမ်းတူတူလျှောက်ဖို့
လမ်းတစ်လမ်းပဲလိုပါတယ်။

-ကြည်စိုး

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 13:48


ကလေးရေ
အခုအချိန်ကစပြီး
စိတ်လုံခြုံမှုတွေ၊
နွေးထွေးမှုတွေ၊
မေတ္တာတရားတွေ၊
အားလုံးကို အကောင်းဆုံး ပေးပါ့မယ်။
ဆက်ပြီး
ဝမ်းနည်းရတာမျိုးတွေ
နာကျဉ်ရတာမျိုးတွေ
အကုန် ယူထုတ်ပြီး ထုချေပစ်ပေးပါ့မယ်။
တစ်ချိန်ကျ
အဲ့ဒီအရာအားလုံးနဲ့ ဝေးရာကို
အတူတူထွက်ပြေးကြမယ်နော်
အဲ့အခါ
ကလေးလေးက ကမ္ဘာပေါ်မှာ
အလွတ်လပ်ဆုံးနဲ့ အပျော်ရွှင်ဆုံး လူသားလေးဖြစ်နေစေရမယ်။
နော်ယာတို့ အတူတူလက်တွေ တွဲထားကြမယ်။
ဘယ်သူကမှ ဆွဲထားဖို့မလိုဘူး။
အနာဂတ်မှာ
နော်ယာ့ မေတ္တာတွေနဲ့ အစ်ကို့ကိုနွေးထွေးစေရပါမယ်။
ကတိသစ္စာပြုပါတယ်။
ယုံကြည်ပါ။ ယုံကြည်ပေးပါနော်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 13:31


လူတွေဟာ သူတို့ထပ်ချစ်ချင်တဲ့ အသစ်တစ်ခုကို‌ တွေ့တဲ့အခါ
တစ်ဖက်က ကျန်နေခဲ့မယ့်လူကို
ဘာကိုမှ ထပ်ပြီးမချစ်နိုင်တော့အောင်အထိTrauma တွေ ပေးသွားခဲ့တယ်။

ဖောက်ပြန်ကြသူတွေ များလာတဲ့ကမ္ဘာမှာ တကယ်ချစ်ခဲ့ကြသူတွေ  အကျအဆုံးများလာတယ်။
ငါကိုယ်တိုင် အပါအဝင်ပဲ။

- လင်းညီ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 13:03


ကျွန်မ ကံကောင်းပါတယ်
အစ်ကို ဘဝထဲစဝင်လာခဲ့တဲ့နေ့ကို
မမှတ်ထားနိုင်ခဲ့ပေမယ့်
အစ်ကို ဘဝထဲကထွက်သွားတဲ့နေ့ကိုတော့
မှတ်သားနိုင်ခဲ့ပါတယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 02:52


ချစ်ရပါသော တနင်္လာနာမ်နဲ့
အမျိုးသမီးငယ်.....
လူတစ်ယောက်ကို ချစ်မိတာဟာ
တယုတယ သေမိန့်ကျတယ်ဆိုရင်တောင်
ဒီကောင်ဘဝကူးကောင်းအောင်
နှလုံးသားတည့်တည့်ကို မင်းလက်ညိုးကလေးကွေးပြီး တစ်ချက်ထဲပဲပစ်ပေးပါ ဒီပြိုင်ပွဲကကျွန်တော်နှုတ်ထွက်ပါတယ်။

-ကီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

01 Jan, 02:08


သွားတွေမရှိတော့တဲ့အထိ
အသံတွေမပီတော့တဲ့အထိ
ကျွန်တော်တို့ တစ်ယောက်ပုခုံး
တစ်ယောက်မှီကြတာပေါ့ မမရယ် ။

•ခန့်သွယ်
မမသိလား-၄

မင်းပြောတဲ့ကဗျာဆိုတာဒါလား

31 Dec, 17:42


2025 မှစ လိုရင်တ တရင်ရ လိုတရပါစေဗျာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

31 Dec, 14:56


အတွေးကိုထိန်းရ မေတ္တာကိုသတ်ရနဲ့ စိတ်ကို စိတ်နဲ့ ပြန်မျှားနေရတယ် ငါးမရလို့ ရေချိုးပြန်ရအောင် ငါဟာ ကန္တာရ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

31 Dec, 09:20


ငါ့ကိုကဗျာဆရာလို့မခေါ်နဲ့ကြေးမှုံ

ငါ့ကိုကဗျာဆရာလို့မခေါ်စမ်းပါနဲ့ကွာ
အနုပညာသမားဆိုတာ
အရာရာကိုရင်းပြီးအသက်ဆက်ရတာကွ။

ငါတို့ကောင်တွေက
ကဗျာဆရာဖြစ်ချင်နေတဲ့လူငယ်တွေ။

အနုပညာကိုလေးစားတတ်တဲ့
နှလုံးသားနဲ့လူငယ်တွေ။

ဆရာလှသန်းပြောသလို
၀က်သားနဲ့ချဉ်ပေါင်ငါတို့မလဲနိုင်သေးပါဘူးကွာ။

ကိုယ့်ဘာသာကဗျာဆရာလို့ခေါ်နေတာက
ပထမဆုကိုဒုတိယလူက တက်ယူပေးရသလိုပဲကွ
သိပ်ရှက်ဖို့ကောင်းတယ်။

ဘ၀ကိုခင်း ခြေတစ်လှမ်းချင်းသွားရတဲ့လမ်း
မင်းတို့လူပေါ်ကြော့တွေ စိတ်တောင်မကူးစမ်းနဲ့။

ဟိုကဗျာကတစ်ပိုဒ်
ဒီကဗျာကိုတော့တစ်ပုဒ်လုံး
အဲ့လိုကူးချသုံးပြီး
အောက်ဆုံးမှာ ကိုယ့်နာမည်ကိုယ်တပ်တာ
ကဗျာတစ်ပုဒ်လို့ ငါမသတ်မှတ်နိုင်ဘူးကွာ။

ငါရေးတာတွေလည်းကဗျာမဟုတ်ဘူး
ငါကိုယ်ငါလည်းကဗျာဆရာလို့မခံယူသေးဘူး။
ပညာ၀မ်းစာမပြည့်၀သေးဘဲ
ငါတို့ကဘယ်စစ်ခရီးကိုချီတက်မှာလဲ။

အကုန်လုံး၀ရုန်းသုန်းကားဖြစ်ကုန်မယ်။

အနုပညာဆိုတာ
မလွယ်ပေါက်က၀င်လို့ရတာမျိုး
မဖြစ်သင့်ဘူးကွ။

အောင်ချိမ့်၊မောင်ချောနွယ်၊လှသန်း၊၀င်းမြင့်
သူတို့တိုက်ယူခဲ့တဲ့ မော်ဒန်ဆိုတာ
ငါတို့အလွဲသုံးစားလုပ်ဖို့မဟုတ်ပါဘူးကွာ။

-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

31 Dec, 06:15


နှင်းတွေဘယ်လောက်ကျကျ အချိန်တန်ရင်
အစအနတောင် ပြန်မရဘူး ။
ကိုယ်ဟာ နှင်းကိုမှချစ်မိသူရယ်…
ပွင့်ချပ်တစ်ဖက်ဖြစ်ဖြစ် ရင်ဘက်ပေါ်
တစ်သက်လုံးကပ်နေစေချင်တယ်။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

31 Dec, 01:12


ဒီ ခဏတာ အတွင်းမှာပဲ
သူ့ကို မေ့ပစ်လိုက်တဲ့လား။
ကျွန်မကိုယ် ကျွန်မ မေ့ပစ်လိုက်တာကမှ
ပိုလွယ်ကူမယ် ထင်ပါတယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 16:28


ဖတ်ဖြစ်အောင်ဖတ်ပါ ခင်နှင်းဆီ

ကဗျာနဲ့ဂီတ၊ပန်းချီနဲ့အနုပညာ
မခင်နှင်းဆီနဲ့ စီးကရက်
ဒါတွေဟာ ကျွန်တော်အပြီးမသတ်နိုင်ခဲ့တဲ့
စွဲလမ်းမှုတွေပဲ မခင်နှင်းဆီ။

ရန်သူတွေဝိုင်းနေတဲ့တိုင်းပြည်ထဲ
အမေနဲ့ခင်ဗျားဟာ ကျွန်တော့်ရင်ခွင်ထဲပွေ့လို့
တသီးပုဂ္ဂလဆန်ဆန် ကာကွယ်ပေးချင်တဲ့
အမျိုးသမီးတွေပေါ့။

ကျွန်တော့်ကို မချစ်လည်းနေပါ
ဒါပေမဲ့ ကျွန်တော့်ကိုကျော်ပြီး
ခင်ဗျားတွဲမဲ့ အဲ့ဒီလက်ကရော
တသက်စာမြဲပါ့မလား။

ကျွန်တော် မထိရက်မတို့ရက်နဲ့
အမြတ်တနိုး ပျိုးထားခဲ့တဲ့ပန်း
တပါးသူလက်မှာ ညှိုးနွမ်းရမဲ့အဖြစ်ဆိုရင်တော့
ကျွန်တော့်အချစ်မှာ မေတ္တာကင်းရပါလိမ့်မယ်။

အတ္တဆိုတာ ခင်ဗျားကိုပိုင်ဆိုင်ရဖို့
ကျွန်တော်သွေးထားတဲ့
ဓားတလက်ပဲ မခင်နှင်းဆီ။

ခင်ဗျားကိုကာကွယ်ဖို့ရည်ရွယ်ထားတာဆိုပေမဲ့
လိုအပ်ရင် အဲ့ဒီဓားနဲ့
ခင်ဗျားနဲ့တွဲမဲ့လက်ကို ဖြတ်ပစ်ရလိမ့်မယ်။

ခက်တယ် မခင်နှင်းဆီရယ်
ဒီကဗျာဆရာရဲ့အသည်းကွဲပုံဟာ
ဟီရိုရှီးမားမြို့လို မွစာကိုကြဲလို့။
နိပွန်တွေလို ပြန်အကူကိုမစောင့်နိုင်တော့ဘဲ
ကျွန်တော် အလံဖြူပြပါတယ် မခင်နှင်းဆီ။

ဆောင်း ၊ မိုး ၊ နွေ
ရာသီတိုင်းဟာ ပြာရီမှိုင်းဝေလို့
နွေညတွေမှာလည်း မနွေးတဲ့အသည်းဟာ
ခဲနေအောင် အေးတယ် မခင်နှင်းဆီရဲ့။

အလွမ်းစာတိုက်တွေ၊ အဆွေးစာတိုက်တွေထဲ
မခင်နှင်းဆီထံ တကယ်မရောက်နိုင်တဲ့စာတွေ
ခင်ဗျားအမည်တပ်ပြီး ပို့မိနေတုန်းပါပဲ။

သိပ်ချစ်ကြောင်းကို
ဘုရားစင်တင်ပြီး ရတုတွေချီရရင်
အိပ်ယာဝင်ပုံပြင်ဖြစ်သွားမှာမို့
ရင်သင့်တန်ရပ်ခဲ့ပါပြီ။

ခင်ဗျားလည်း ဖတ်ဖြစ်အောင်ဖတ်ပါ
ခင်နှင်းဆီ။

-လှိုင်းရူးလွင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 16:03


အခုလို အချိန်အကြာကြီး တူတူ ရှိနေပေးတဲ့
Subs တစ်ယောက်ချင်းဆီတိုင်း
ကျေးဇူးအများကြီး တင်ပါတယ်ရှင်💕

နောက်လဲ ကဗျာရွတ်တဲ့ အစီအစဉ်လေးတွေ
လုပ်ပေးအုံးမှာမို့ အခုလိုပဲ လာရောက်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🌷

အားလုံးပဲ ကောင်းသောညလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🌌💤

-Adm Team

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 15:58


Live stream finished (2 hours)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 13:43


Live stream started

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 13:30


ကဗျာရွတ် stream join မယ့်လူရှိကြလားဗျ ?

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 12:54


ပွဲက ပြီးပြီ
သရေကျတယ်လို့ သူထင်ပုံရတယ်
ဒဏ်ရာတွေ ထုတ်မပြလိုက်ပါဘူး
မြင်မကောင်းရှူမကောင်းဆိုတော့
သူက သွေးမြင်ရင် လန့်တတ်လွန်းလို့

-နေလွဏ်းအိမ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 07:06


အချိန်မတိုင်ခင်ရွာတတ်သော ရာသီမိုးများ//

အဲ့ဒီ ခဏလေးမှာ အရူးအမူးပါပဲ
မင်းရှေ့မှာ ဦးညွှတ်လျက်ဖြင့်
ခခယယ။
မင်းဆီက ချစ်စကားတစ်ခွန်း
ကြားရဖို့ဟာ ငါ့ဘဝရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ခဲ့တယ်။
ဆရာအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ “မင်းခြေဖဝါးလေးပဲ နမ်းရ နမ်းရ လုံးဝမဖြစ်နိုင်တော့ဘူးလား”
နတ်သမီးပုံပြင်တွေဟာလည်း
အလကားပဲ
အဲ့ဒီ အလကားအိမ်မက်အတုတွေအတွက်
ဘဝတွေ ရင်းခဲ့ရတယ်ဆိုတာ သိစေချင်တယ်။
မင်း ဘယ်သူလဲ၊ ငါ ဘယ်သူလဲ
အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရင်းက
မာကျောလွန်းတဲ့ ကျွန်မစိတ်ဓာတ်တွေဟာ
သူ့ အေးစက်စက်စကားလုံးတွေမှာ
ပျော့ခွေကျသွားခဲ့တယ်။
တစ်ချိန်က အဲ့ဒီ ပျားရည်လို ချိုမြိန်လွန်းတဲ့ အဆိပ်တွေကို မင်းဘယ်လိုများ ထုတ်နိုင်ခဲ့သလဲ။
ဒီကလေးမဟာ မင်းရဲ့ စိတ်ထဲ ဘယ်လောက်များ နေရာယူနိုင်ခဲ့သလဲ။
ဒီစကားကို အခုထပ်ပြောပါမယ် ကျွန်မဟာ သူ့မှတ်ဉာဏ်ထဲက ကလေးမလေးဖြစ်ခွင့်ရရုံနဲ့တင် ကျေနပ်ခဲ့ပါတယ်။
‌လမ်းမတွေကို ကြည့်လျှောက်
အထပ်ထပ်အခါခါ သတိပေးခွင့်မရှိတော့တဲ့အခါ
ဘုရားရှိခိုးချိန်တိုင်း သူဟာ ကျွန်မဆုတောင်းတွေထဲ ပါဝင်လာတော့တာပါပဲ။
ကြားခွင့်မရတော့သည့်
သူ့ရယ်သံလေးအား တောင့်တလျက်..။
မြင်ခွင့်မရတော့သည့်
သူ့အပြုံးလေးအား တောင့်တလျက်..။
ခိုနားခွင့်မရတော့သည့်
သူ့ရင်ခွင်ကျယ်အား တောင့်တလျက်..။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 02:08


ပြန်ပေးဆွဲခံရတဲ့ ကြက်လေးကျွန်တော်
ကြက်ပျောက်လို့လိုက်ရှာနေတဲ့ဘွားတော်
ဘူးသီလှီးပြီးရေဆူအိုးတည်နေတဲ့သူခိုးပေါက်စ
ငြင်းကြခုန်ကြနဲ့ပေါ့လေ။
ဘယ်သူပဲနိုင်ပါစေ။
သေချာတာက ကျွန်တော်သေခဲ့ပါပြီ။

-သူဇာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 01:33


မင်းပြောတဲ့ကဗျာဆိုတာဒါလား pinned «Thanks for sub 12k & admin team👋»

မင်းပြောတဲ့ကဗျာဆိုတာဒါလား

30 Dec, 01:32


Thanks for sub 12k & admin team👋

မင်းပြောတဲ့ကဗျာဆိုတာဒါလား

29 Dec, 16:10


ခေတ်ပဲပျက်ပျက် စနစ်ပဲပျက်ပျက်
မေတ္တာတွေ မပျက်ကွက်ဖို့ အရေးကြီးတယ် ။

မေတ္တာဆိုတာ သိပ်အရေးပါတယ်
မင်းမှာသစ္စာ လူမှာကတိတဲ့
နှစ်ခုစလုံး မေတ္တာရှိမှ လုပ်လို့ရတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

29 Dec, 15:04


တစ်ယောက်ယောက်ကို ယူကျုံးမရချစ်ခဲ့ပြီး
တုံ့ပြန်မှု မရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ ။

-အောင်ချိမ့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 14:39


ငါအပိုင်ရပြီထင်ခဲ့တဲ့ အပြုံးတွေပွင့်နေပုံများ လှရက်လိုက်တာ ယောက်ဖရာ ချစ်ပါတယ်ဆိုတဲ့ စကားကို ​နေ့ညမပျက် တရားသံထက် နားပျော်ခဲ့ရတာ ။

-ရွက်လှေ
(မာလာဆောင်အိပ်မက်-၁၅ ကဗျာမှ)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 14:38


Live stream finished (2 hours)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 12:52


ခေါင်းစဥ် - သေနေတဲ့ ကဗျာ
ရေးသားသူ - တာရာမင်းဝေ
ရွတ်ဖတ်သူ - နော်ယာ


(အသံများဆူနေတဲ့အတွက် ရွတ်ဖတ်ခြင်းမှာ အနည်းငယ် မြန်ဆန်သွားပါတယ်ရှင့်။ ဒီ့အတွက် ရေးသားသူ ဆရာတာရာမင်းဝေ အပါအဝင် နားစဉ်သူအပေါင်းတို့အား အထူးတောင်းပန်ပါတယ်ရှင့်)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 11:57


Live Stream လေးစပါပြီရှင့်။
ဒီညကတော့ topic မရှိပါဘူးနော် ကဗျာပဲရွတ်ရွတ် စကားပဲပြောပြော တရင်းတနှီး ပါဝင်လို့ရပါတယ်နော်ရှင့်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 11:54


Live stream started

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 10:51


အမေ့ကို "ခဏ"လို့ပဲပြောပြီးထွက်လာတာ
အရေးထဲ ခြေတဖက်ကလည်းပြန်ပါမလာပြန်ဘူး
အမေတော့ ဒီသားကိုဆူဦးမယ်နဲ့တူပါတယ် ။

-သံမဏိ

#crdvideo

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 10:21


" ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့မိခြင်း "

တစ်စုံတစ်ခုကိုနှစ်ခါပြန်ဆုံးရူံးခဲ့ဖူးတယ်
အဲ့ဒီအမျိုးသမီးကဘယ်အရာကိုမှမကြောက်တတ်ခဲ့ဘူး
ဒုတိယအကြိမ်လမ်းခွဲခဲ့တဲ့ညက

"အကိုတို့ကဆက်ထုံးတွေမို့
ဒီတစ်ခါဝေးရင်တစ်သက်လုံးပဲနော်ညီမ"လို့ပြောလိုက်တော့
အေးတိအေးစက်အကြည့်နဲ့
"အင်း"ဆိုတဲ့စကားလုံးပဲပြန်ကြားနိုင်ခဲ့တယ်

ဆေးထည့်ခွင့်တောင်မရခဲ့တဲ့ဒဏ်ရာတွေပါ
ကြာကူလီကောင်ကိုတယုတယခေါ်တဲ့နာမ်စားက
"မောင်" .......တဲ့
စောက်သည်းရော....စောက်ရှက်ရော
နှစ်ခါကွဲခဲ့တယ်

မေတ္တာ တရားဟာနှစ်ခါမှားခွင့်မရှိဘူး
ပထမအကြိမ်ဓားထိုးခံရရင်
နောက်တစ်ကြိမ်ဟာဆွဲကြိုးချသေဒဏ်ပေးခံရသလို
ကိုယ်စောက်ပြစ်နဲ့ကိုယ်မို့မျက်ရည်တောင်မဝဲရဲခဲ့ဘူး

ပျော်သွားတဲ့စုံတွဲကို
ပြိုလဲရတဲ့ကောင်ကလက်ခုပ်တီးပေးရသလို
အချစ်ဟာလှေကားထစ်ပဲ
မျက်စိစုံမှတ်ချစ်လို့မရခဲ့ဘူး။

-ပိုင်နေလင်းခန့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 08:16


"ဆေးပညာတို့ စိတ်ပညာတို့ဟာ
လူတစ်ယောက် ခံစားနေရတာကို သက်သာဖို့
ကယ်မတဲ့ ပညာတစ်ရပ်လို့ ပြောကြတယ်။

ဒါပေမဲ့ ကျွန်တော် မေးချင်တယ်၊
ကုသပျောက်ကင်းမှု မှန်သမျှဟာ
ကယ်တင်ခြင်း မည်ပါရဲ့လားဟင်... မမရီ "။

•တက္ကသိုလ်ဘုန်းနိုင်
မိုးညအိပ်မက်မြူ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 06:13


ထွက်သွားမယ်ကြံတိုင်း အမှတ်တရကောင်းတစ်ချို့က ငိုပြတယ်၊။

အမည်နာမဆင်တူတွေ့ရင် မင်းဆိုတဲ့ဝဋ်ဒုက္ခလှ"လေးကို ငါတမ်းတရေရွတ်မိတယ်။
ခက်ပေသား အမောင်ရယ် စွန့်လွှတ်ခြင်းနဲ့အတူ ငါ့ကိုငါပါ ပြန်ရှာမတွေ့တော့ဘူး။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 05:10


ဘာလဲ ဘဝ
ခေါင်းကျောမာတဲ့ကောင်ဆို
တောက်တချက် ခတ်လို့မှ
လက်မလွှတ်နိုင်ခဲ့ပဲ
သူ့ရဲ့ ငြူဆူသံလေးမှာ
ဆွဲညှိနေဆဲ..။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 03:30


ဆရာဝန်လည်း တစ်ခါတလေလူသတ်မိမှာပေါ့
ကျွန်တော် နားလည်ပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Dec, 03:28


ကဗျာဆရာတွေ အကြောက်ဆုံးက
ကဗျာရေးရတာတဲ့ ။
ကိုယ်နဲ့အနီးဆုံးအရာတွေဟာ
ဓါးသွားတစ်လက်လိုပါပဲ
အလိုလိုနေရင်း ပြတ်ရှရတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Dec, 16:36


Live stream finished (3 hours)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Dec, 14:46


ရှေးရေစက်ဆိုတာမျိုးက မျက်ရည်ထဲမြုပ်ပြီးရင် ပြန်ပေါ်ဖို့ခက်တယ် မဟုတ်လား ။

ရေးသားသူ=ကျူရိုးအိမ်
ရွတ်ဖတ်သူ=Yake

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Dec, 13:33


Live stream started

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Dec, 13:20


မာလာဆောင်အိပ်မက်/၁၇

ရာသီနှောင်းရိပ်တွေ မြူနွယ်ဆိုင်းအုံ့နေ အချစ်ရေ တိမ်တွေကိုမငေးနဲ့ ကိုယ့်လက်ဖ၀ါးလေးနွေးထွေးပါတယ် ။

အလံဖြူပြတိုင်း ငြိမ်းချမ်းစေဖို့
စစ်ကြီးအတွင်း စိတ်အေးစေဖို့ ရုန်းကန်ဖြတ်ကျော် ထိုခုနှစ်တွေ ။

လစန္ဒာ ငိုယိုချိန်မို့ ညအခါမှောင်မိုက်နေ မပူနဲ့အချစ်ရေ ကြယ်တာယာကောင်းကင်ဟာနှစ်ကိုယ်စာ အလင်းရှိပါတယ် ။

ကာရံမညှိချင် ကဗျာမဆန်ချင်
ပန်းတွေပျိုးတိုင်း ရနံ့မသင်းနိုင်တာ လမ်းတွေကူးတိုင်း လက်ဖ၀ါးပါးပါးလေးမရှိတော့တာ ။

တစ်နေ့ တစ်ရက် အထပ်ထပ်ဖြတ်လာ ဆိုင်သူချစ်ဦး ပျောက်ရှခဲ့သည့် ထိုနေ့ရက်တွေ ။

ငိုလည်းမရ ပျော်စရာလည်းမရှိတဲ့နိုင်ငံ ပျိုးသမျှပန်း လွမ်းစေတီပွင့်တဲ့ နိုင်ငံ
လမ်းတစ်ခါကူးရင် အသက်တစ်ခါပျောက်မဲ့
နိုင်ငံ ။

သူဆင်းရဲတို့၏ စိတ္တဇဆိုတာ နာကျင်လေသမျှ ပိုတွယ်တာသလို ဂရုမစိုက်လေသမျှ ပိုခင်တွယ်သလို ။

အခုတော့ နိုင်ငံတော်ကိုလည်းမမုန်းနိုင် မခင်ယုဇနကိုလည်း မမေ့နိုင် ။

အချစ်နဲ့စစ်ဟာ ရာစုတစ်ထောင် တွဲကျန်မဲ့ စုံတွဲကကွက် လက်ခုပ်မတီးကျလေနဲ့
နှစ်မျိူးစလုံးဟာ အထိခိုက်များတယ် ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Dec, 17:23


နေထွက်တာကို တစိမ့်စိမ့်ထိုင်ကြည့်ရ
သက်ပြင်းချသံ ခပ်လှလှနဲ့
ဖျော်ထားတဲ့ ကော်ဖီ
သိပ်ကိုအေးစက်နေပြီကွယ် ။

တစ်ရက်ပြီးတစ်ရက်သာကုန်သွားတယ်
"ပိုင်ဆိုင်တာမှန်သမျှ ထုတ်ပြစရာဆိုလို့
စိတ်ဒဏ်ရာတွေပဲရှိပါတယ်" ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Dec, 17:16


အားလုံးကောင်းသောညလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Dec, 17:15


Live stream finished (3 hours)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Dec, 15:40


ယနေ့ညစကားဝိုင်းလေးမှာ မည်သူမဆိုပါဝင်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာ ။

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 15:11


နှစ်တစ်နှစ် ကုန်သွားတိုင်း အချစ်တွေကုန်သွားလိမ့်မယ်မတွေးလိုက်ပါနဲ့။
ဒီမောင်ရဲ့အချစ်ဟာ နှစ်ကုန်သွားတာတောင် မကုန်တဲ့အချစ်နဲ့မင်းကိုဆက်ချစ်နေမှာပါ....

-မီးတောက်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 15:02


မောရမှန်းမသိ ချွေးခမ်းမှန်းမသိ
ချစ်နေရတာကို ကျေနပ်ခဲ့ပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 15:02


တစ်ယောက်တည်းပြေးကာ
ဒုတိယရသူများရှိပါသည်။

•အောင်ချိမ့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 14:41


အလောင်းလှေ

ရေးသားသူ=သန်းတင့်
ရွတ်ဖတ်သူ=Yake

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 12:39


သမိုင်း/၃

သေစာရှင်စာလောက်ဖတ်တတ်ပြီး
လူတွင်ကျယ်လုပ်လို့မရ ။

ဓါးအိမ်ဟာ သူ့ဇာတ်သူမေ့ပြီး
ရန်သူကို လုံခြုံအောင် ထိမ်းရသိမ်းရ ။

မြှားတစ်လက်ရဲ့ ရာဇ၀င်မှာ
အသက်အရွယ်မရွေးတာ နှစ်၇၀ကျော်ကြာခဲ့ပြီ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 06:27


ကွက်ကြားအုံ့နေတဲ့
ရာသီဥတုမှာ
တကွေ့ချိုး အလှည့်အပြောင်းကြား
ဘဝဆိုတဲ့ ကထိန်ပွဲဟာ
ယောက်ယက်ခတ်လို့
ဒီတစ်ခါ စစ်ပွဲ
အချစ်ပျောက်ခဲ့။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Nov, 01:35


တစ်ယောက်နဲ့တစ်ယောက် ချစ်ကြသူတွေ
ရန်မဖြစ်သင့်ဘူး။
ဒီနှစ်ယောက်လေးပဲရှိပြီး
ဒီနှစ်ယောက်နဲ့ပဲ တစ်လောကလုံးကို ရင်ဆိုင်ဆန့်ကျင်ရမှာမို့ပါ။
ဒီနှစ်ယောက်ကြား စိတ်ဝမ်းကွဲရင်
လောကကြီးက အနိုင်ရသွားလိမ့်မယ်။

-ဟဲမင်းဝေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Nov, 13:47


တယောက်ယောက်ကို
ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှုမရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ ။

•အောင်ချိမ့်
ကပ်ဖ်ကာသို့

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Nov, 13:47


တစ်ခုခု ရခဲ့ဖူးရင်
ဒါကတော့ ငါ့အတွက် အမြဲတမ်းလို့
ထင်နေတဲ့ စိတ်ကလေးကို ပြင်ရမယ်

မနေ့က မြင်ရတဲ့ ကောင်းကင်ပါပဲ
ဒီနေ့ တိမ်တွေနဲ့။..

•နွေသစ်ငြိမ်း
စံပယ်ပွင့်လေးခေါင်းပေါ်တင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Nov, 13:46


သူတော်စင်က အခုလိုမိန့်တယ်
မင်းပြန်လိုချင်တဲ့ခုနှစ်တစ်ခုကို ပြော
သူတော်စင်ရဲ့ နဖူးကို
ငါသေနတ်နဲ့ ထိုးချိန်လိုက်မိတယ်
ပြီးတော့ ငါငိုတယ်။ ။

•အောင်ခင်မြင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Nov, 17:01


အဖြစ်အပျက်တစ်ခုကိုကြောက်တယ်ဆိုတာ
အဲ့လိုဖြစ်ခဲ့ဖူးလို့ပေါ့ အချစ်ရယ်
မင်းမှ ကိုယ့်ကိုမယုံပဲ ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Nov, 16:11


ပြန်လည်ပြင်ဆင်ခွင့်ရှိခဲ့တောင်
ဒီအတိုင်းပဲထားပါ့မယ်

ရယ်မောခဲ့ကြတယ်မလား
သိမ်းထားပါတယ်

ငိုကြွေးစေခဲ့မိသေးလား
တောင်းပန်ပါတယ်

နောက်ဆုံးရဲ့နောက်မှာ
ဘာမှထပ်မဖြစ်တော့ဘူး

မဟုတ်ဘူး
လွမ်းတယ် ။

•ယဉ်ဝယ်ထက်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Nov, 15:17


ဒီမောင် မင်းကိုမပိုင်ဆိုင်ရတာချင်းအတူတူ အမြဲတမ်းမြင်နေရမယ့် မျဉ်းပြိုင်လေးပဲဖြစ်ချင်မိတယ်။ ဖျက်မျဉ်းတော့မဖြစ်ချင်တော့ပါဘူးမေရယ်..
ဘာလို့ဆို မျဉ်းပြိုင်ဟာမဆုံစည်းနိုင်ပေမယ့် အမြဲတမ်းမြင်တွေ့ခွင့်ရှိနေပြီး
ဖျက်မျဉ်းကတော့ တစ်ခါစုံပြီးတာနဲ့ ဘ၀တစ်ခုလုံးဝေးကွာရမှာမို့ မျဉ်းပြိုင်လေးသာဖြစ်ခွင့်ရပါစေ......

-မီးတောက်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Nov, 12:35


စိတ်နာချင်ယောင် ဆောင်တာပါ
ချစ်ပြီးသား လူတစ်ယောက်ကို ဒီနှလုံးသားက
လွယ်လွယ်ကူကူ မုန်းမရပါဘူး။

-တက္ကသိုလ်ဘုန်းနိုင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Nov, 12:07


မပျော်ဘူးဆိုမှ ရွာတဲ့မိုးတိမ်ရယ်
မနှင်ဘူးဆိုမှ ပြေးသွားတဲ့ ခင်"ရယ်
ကမ္ဘာသာ တစ်ကယ်လည်ရိုးမှန်လည်း ကျွန်တော်တို့ ပြန်မတိုက်မိကျတော့ဘူး။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Nov, 17:17


နှလုံးသားမှာထားခွင့်မရှိတော့ရင်လည်း
တစ်ခါချစ်ခဲ့ဖူးလို့ ဝမ်းသာတယ် ။

•စိုင်းထီးဆိုင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Nov, 16:08


"ခင်ဖုန်းသက်ဝေဖတ်ဖို့နွေ"

ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျွန်တော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။

မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက်မရှိ အယူသည်းနေတတ်တုန်းပါပဲ။

ကျွန်တော်တို့ရဲ့ ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့သီချင်းတွေတော့
တခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။

ပိုးဖလံလေးတကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့။

ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။

ဒီလိုကြောင့်သာ
ကျွန်တော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြ
ရေလယ်ကျွန်းကငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။

တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလည်မှာထိုးထိုးထောင်ထောင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန် အထီးကျန်လှပေမယ့်
ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။

တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပဲ။

ခက်တယ် ခင်ဖုန်းသက်ဝေရယ်။

မအောင်မြင်ခဲ့တဲ့မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကိုစိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်
ဒီမှာ သိပ်ခက်တယ်။

ကမ်းပြိုနားကသစ်ပင်ကတော့
မရှိရှာတော့ဘူး။

အဲ့ဒီလိုဆိုမှဖြင့် သူ့သစ်မြစ်တွေမှာ ငြိနေခဲ့ဖူတဲ့
ကျွန်တော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။

နတ်ဝှက်ထားတာလို့ချည်း ကျွန်တော့်စိတ်မှာ ထင်မိနေသေးတယ်။

အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့ တော့အုပ်
နှုတ်ဆက်ပါတယ်။

ဟယ်လင်ကဲလားပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။

ရှေ့ကိုသွားနေတဲ့ရထား မှာ
နောက်ပြန်ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

မဲဇလီပင်တန်းတွေ တရွေ့ရွေ့ကျန်ခဲ့ပြီ
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ
ဖိုးချိုသီချင်းတွေကျန်ခဲ့ပြီ
ပန်းသင်္ချိုင်းက စောင့်နေမယ်ဆိုတာတွေ ကျန်ခဲ့ပြီ
ကျောင်းသားကဒ်ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့နေရာ
ဒီနားက အချစ်စသင်တဲ့နေရာ
အားလုံးကျန်ခဲ့ပြီ။

ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့မဟုတ်ပါဘူး
ရွာရိုးကိုးပေါက်
ကျွန်တော်လျောက်သွားနေခဲ့တာ
ဆယ်စုနှစ် တခုစာ
တယူဇနာ နှစ်ယူဇနာ
ခြေရာတွေတောင်ပြာလို့
ပင်လယ်ပက်ပင်းနဲ့ ကျွန်းကြိုကျွန်းကြားမှာ
အိပ်တဲ့အခါအိပ်တယ်။

တခါတလေ ကမ်းခြေတွေ..
ကျောက်ညိုနန်းဆောင်မြင့်တွေ

ခရုခွံတွေ ဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့
ရိုးမြေကျလမ်းကလေးတွေ။

တခါတခါ ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။

တခါ တလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျတော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို"ရှက်တတ်မ"တဲ့။

ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆို
လူတခြား အိမ်မက်တခြားပဲ။

တခါတခါတော့
ခေါင်းစဉ်ပေါ့ပျက်ပျက်နဲ့ စစ်မက်လမ်းကြားတွေ

အရင်နည်းကိုသုံးပြီး
မုန်းချင်တိုင်းမုန်းနေကြတဲ့ညီအကိုတွေ

ဆေးဆရာနဲ့ လူသတ်သမား
နှစ်ကိုယ်ခွဲထားကြသူတွေ။

တခါတလေ
မုတ်သုံကွယ်ရာ လျှိုတွေ မြောင်တွေ
ကွန်ကရစ်နာ ကျနေတဲ့မြို့ပြတွေ။

တခါတခါ
စိတ်လိုက်မာန်ပါ ငိုခွင့်မရှိတဲ့ ထပ်ခိုးလေးတွေ။

ဒီလိုအရစ်ကျစနစ်နဲ့
ကျတော် ကဗျာဆရာဖြစ်လာခဲ့ပုံရပါတယ်။

မြေကမ္ဘာရေ..
ခင်ဖုန်းသက်ဝေရေ..
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။

ပုံမှန်ပါပဲ

ခင်ဖုန်းသက်ဝေ ..
ဗျစ်တောက်ဗျစ်တောက်ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန်စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျော့ခိုင်းတာတို့။

ဘယ်အချိန်ကတည်းက
ဒီလိုစအောင့်တာလဲဆိုတော့
"လျှို့ဝှက်သော နှင်း"ရုပ်ရှင်
ရုံတင်တဲ့ နေ့ကပေါ့လို့
ကျွန်တော်ပြန်ဖြေလိုက်တယ်။

သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ် သက္ကရာဇ်တွေ
ဒါတွေကိုပဲ ထပ်ထပ်မေးနေတယ်။

ပြီးတော့
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျွန်တော့်ကို သူတို့ကြည့်ကြတယ်။

အားလုံးကို ရွပ်ရွပ်ချွံချွံ
အရှုံးပေးလိုက်ပါတယ်။

မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။

ခွင့်လွတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့မြစ်
ကျွန်တော်အပြစ်ရှိတာ ကျွန်တော်သိပါတယ်။

ကျွန်တော်မှားခဲ့ပါတယ်
ဒါက
ဧပရယ်ထောင့်က သစ်တပင်ဖြစ်ပါတယ်
တောင်းပန်ပါတယ်။

ဒါက ကျွန်တော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတပွင့်ဖြစ်ပါတယ်။

ခင်ဖုန်းသက်ဝေလှောင်ရယ်နေမှာလည်း
ကျွန်တော်သိပါတယ်
ကြည့်နေတဲ့သူတွေ နှ‌မြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာ
ကျွန်တော်သိပါတယ်။

အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ် များလှတယ်။

နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။

အလွန်အကျွံ စွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျွန်တော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။

ဒီတညလည်း အရင်ညကဆုတောင်းလို
တခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။

နှုတ်ဆက်ဖို့ပါ။ ။

-သန်းတင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Nov, 12:59


အထိခိုက်မခံနိုင်ရင်  ချစ်တယ်မခေါ်ဘူး Babe
မင်းထက် သက္ကရာဇ်စောပြီး ဒဏ်ရာရော ကြယ်ပြာရော
အရင်မြင်ခဲ့သူပါ ။

-မြကျေး

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Nov, 12:51


မကြာမကြာ ဆုံဖို့မလွယ်ပေမယ့်
တစ်ခါ တစ်ခါ ဆုံတိုင်း
အခါခါ ရယ်မိအောင် လုပ်နိုင်သူတွေကို
လောကကြီးက နာမည်တစ်ခုပေးထားတယ်
သူငယ်ချင်း တဲ့ ။


-wana.

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Nov, 13:57


ချစ်တယ်ဆိုတာ ဘာမှမခက်ပေမဲ့ မေ့ပျောက်ဖို့အရေးတော့မလွယ်လှဘူး ငါဟာ ကိုယ့်တရားနဲ့ကိုယ် ကိုယ့်မေတ္တာနဲ့ကိုယ် အကျွတ်တန်းမရနိုင်တဲ့ ဝေမာနိကလေ ။

ရေးသားသူ=ရွက်လှေ
ရွတ်ဖတ်သူ=Yake

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Nov, 13:27


အားလုံးပဲ မင်္ဂလာပါဗျ။

ကျွန်တော်ကတော့ ဒီ channel ရဲ့ Owner ဖြစ်ပါတယ်ဗျ။ ဒီနေ့ အားလုံးကို အသိပေးကြေညာချင်တာလေး ရှိပါတယ်။ အကြောင်းအရာကတော့ မနက်ဖြန်ည (၈) နာရီမှာ channel ရဲ့ group လေးမှာ Adm တွေနှင့်အတူ သီချင်းနားထောင်ရင်း ကဗျာရွတ်ဖတ်ကြမယ့် topic လေးတစ်ခု ရှိပါတယ်ဗျ။ Admin များအနေနဲ့ စာဖတ်သူတွေနဲ့ ဝေးကွာနေသလို ခံစားရသည့်အတွက် ဒီလိုမျိုး စီစဉ်ဖြစ်ကြောင်း အသိပေးရင်းနှင့် အဆုံးသတ်လိုက်ပါ့မယ်ဗျ။

အားလုံးပဲ သာယာချမ်းမြေ့တဲ့ နေ့ရက်ကောင်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါ‌စေ။

Channel group link_
https://t.me/Kiiro2007


-ကီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Nov, 11:44


မင်းယုံကြည်လို့ မင်းဆိုးနေတာ
မင်း စိတ်ချလို့ မင်း ပြေးနေတာ။

ထားမသွားတဲ့ လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။     ။

•မြကျေး

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Nov, 05:45


လူမသိသူမသိ ရေးချင်တာရေး
ဒါကကဗျာလားဆိုတဲ့ ခေါင်းစဥ်အောက် တက်သစ်စတွေကိုဖယ်ချ ။

လုပ်ချင်ရာဇွတ်လုပ်ပြီး ငါ့ဟဲ့ကဗျာဆရာကွလို့ ကြွေးကြော်နေတဲ့ကောင်တွေ အလကား စေ၊က်ပညာတတ်ကြီးတွေ ။

မင်းတို့ကဗျာပေါ် တန်ဖိုးထားတာဟာ လူသိမှဖြစ်တာလား ခေတ်ကိုက ​ပျက်နေတော့ အတွေးအခေါ်တွေလည်း ကမောက်ကမတွေ ဖြစ်ကုန်ကျတယ် ထင်ပါရဲ့ ။

မင်းတို့ကိုအားပေးတဲ့ လက်တစ်ဆုပ်စာ လူနည်းစုနဲ့ ကဗျာကို အလွဲသုံးစားလုပ်လို့မရဘူးကွ ကဗျာဆိုတာ တော်၀င်ပန်း မင်းတို့အနူလက်တွေနဲ့ မပုပ်ချချင်စမ်းနဲ့ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Nov, 02:11


အားလုံးပဲ မင်္ဂလာပါရှင့်။

ဒီနေ့ နော်ယာ့အနေနဲ့ ပြောချင်တာလေး နည်းနည်းရှိပါတယ်။ နော်ယာတို့အနေနဲ့ ကဗျာရေးကြတယ်ဆိုတာ (ကဗျာလို့တောင် ရဲရဲကြီး ခေါင်းစဉ်မတပ်ရဲပါဘူး စဆရကတွေများလို့ပါ) အဲ့လို ရေးကြတဲ့အခါမှာ နော်ယာတို့ ကိုယ်တိုင်လည်း ကဗျာဆရာကြီး/ဆရာမကြီးပါ တအားတော် တအားတတ်နေပါတယ်လို့လည်း မခံယူထားပါဘူးရှင့်။ နော်ယာတို့အနေနဲ့ စိတ်ကူးစိတ်သန်းတွေကို ဒီနေရာ/ဒီနယ်မြေမှာ လွှင့်တာပါ။ ဒါကို ဝမ်းစာအတွက်လည်း လုပ်နေတာမဟုတ်သလို ဝမ်းစာလည်းမဖြစ်ပါဘူး ဝါသနာပါလွန်းလို့သာ အချိန်ကုန်ခံ ရေးနေကြတဲ့လူတွေပါ။ နော်ယာတို့ဟာ နတ်ဘုရားလည်းမဟုတ်တဲ့အတွက် လူတိုင်းမျက်လုံးထဲမှာ မပြည့်စုံနေနိုင်ပါဘူးရှင်။ ဒါကြောင့် အမြင်မကြည်စရာ၊ မှားယွင်းတာမျိုးရှိရင် ထောက်ပြပေးပါ။ သင်ပြပေးပါ။ အောက်ကို မနင်းချပါနဲ့။ ဒီချန်နယ်မှာ စာရေးနေကြတဲ့လူတွေအားလုံးက 18/19/20 လောက်လေးတွေပါ။ နော်ယာဆို 15နှစ်ပဲ ရှိပါသေးတယ်။ ဒီအရွယ်တွေနဲ့ သူတို့ ဝါသနာ‌အတွက် ကြိုးစားနေကြတာပါ။ အကုန်လုံးက ကလေးသာသာပဲ ရှိကြပါသေးတယ်။ အဲ့အတွက်ကြောင့် ကျေးဇူးပြု၍..။

အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 16:42


မင်းပြောတဲ့ကဗျာဆိုတာဒါလား

ဉာဏ်ရည်မမှီတဲ့ဦးနှောက်နဲ့
ရေးချင်တာ ချရေးပြီး
ကဗျာပါလို့ အော်နေတာရှက်သင့်တယ်။

မောင်ချောနွယ် ပြောတဲ့အတိုင်းဘဲ
ကဗျာဆိုတာ တော်ဝင်အမျိုးသမီးကွ
မင်းတို့ အနူလက်တွေနဲ့ လာမလှမ်းစမ်းပါနဲ့။

-ကီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 15:32


ကျွန်တော့်ဘ၀က ကျီးသာသာပါပဲ၊
ဘယ်အကိုင်းကိုမှ အပိုင်စားမရသလို
ဘယ်သတ္တဝါရဲ့ သနားညှာတာမှုကိုမျှ မရခဲ့။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 15:25


လူသားတွေဟာ အချစ်နဲ့ဆုံတဲ့အခါ
အရာအားလုံး လက်ခံနားလည်ပေးနိုင်ခြင်းကသဘာဝပဲမလား။

သူဖြစ်နေလို့ ချစ်ရပါတယ်ဆိုရင်
ကိုယ်ဖြစ်နေလို့ ပြန်မချစ်ခြင်းတွေကိုလည်းလက်ခံတတ်ရမှာပဲ။

မေတ္တာရောင်ပြန်လာဖို့ဆိုတာ
ဆုတောင်းသက်သက်သာဖြစ်ပြီး လက်တွေ့မှမဖြစ်နိုင်တာသိတာပဲလေ။

တိမ်ဆိုင်တွေကို မြတ်နိုးဖူးသလား
ဘယ်အချိန်ပျောက်ပျယ်သွားမယ် မသိတဲ့အခိုးအငွေ့တွေကိုလေ။

ဘယ်ဒေသလေးအတွက် မေတ္တာမိုးအဖြစ်ရွာချမယ့်
တိမ်ဆိုင်လေးမှန်းမသိပေမဲ့ ကျွန်တော်မှာ တမြတ်တနိုးတန်ဖိုးထားလိုက်ရတာ။

ဦးစိုင်းရဲ့သီချင်းလေးလိုပါပဲ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းဘယ်ခံရပါ့မလဲ ကျွန်တော်တို့က နားလည်ပေးရမှာပေါ့။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 14:33


မုဆိုးမလေးနှင်း(သို့မဟုတ်)လုံးချေတတ်သောချစ်ဦးသူ

ရေးသားသူ=တိုးနှောင်မိုး
(သရဖူ-၂၀၀၆၊မတ်)

ရွတ်ဖတ်သူ=Yake

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 13:58


ကိုကိုသို့/ (၁)

တွေဝေမနေနဲ့
ငါ့လက်ကို တွဲထား ကိုကို..၊
ဒီလိုဆို ပြန်ပြီး ဆွဲထားဖို့
ဝန်မလေးလို့။
ကိုကို ဘယ်သွားချင်ချင်၊
ဘာလုပ်ချင်ချင်၊
ပါရမီဖြည့်ဖက်ဟာ
ငါပဲဖြစ်ပါရစေ။
ကြမ္မာဆိုတာ အလကားပါ ကိုကို
ငါတို့မှာ လိုအပ်သမျှ ရှိနေပြီပဲ
မကြောက်မရွံ့ ချစ်ပစ်လိုက်စမ်းပါ။
ရောမ မကလို့
‌ဘယ်အရပ်နေနေ
ကိုကိုရှိရင် ငါရှိမယ်။
ခေတ်ကာလအရ
အနေရခက်
စားသောက်ရခက်နဲ့
ခက် ပေါင်းစုံကြား
ချစ်ရတာတော့ မခက်ချင်ဘူး ကိုကိုရေ
ဘဝမှာ အချစ်ဆိုတဲ့ အရာလေးပါမှ
ထမင်းမြိန်၊ ဟင်းမြိန်တာ အတည်။
လူတွေဟာ
တစ်ယောက် တစ်မျိုးစီနဲ့
လိုချင်တပ်မက်မှုတွေဟာ
ရှိကြစမြဲပါ ကိုကို။
ငါဟာ အချိုကို လိုချင်၊ လိုအပ်လို့
အချစ်ကို ရှာဖွေတာပါ။
ချစ်ခြင်းမေတ္တာဟာ
မည်သည့်ပုဒ်မနဲ့မှ
ပြစ်မှု မမြောက်တာမလို့..၊
ပြစ်မှုမြောက်ခဲ့ရင်တောင်
ငါဟာ တရားဥပဒေကို
ပြောင်းပြန်လှန်ပစ်မှာ ကိုကိုရဲ့။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 07:29


သာဓုခေါ်တယ်ဆိုတာ ကျေးဇူးတင်ခြင်းတစ်မျိုးပဲ အချစ်ရယ့် ။
ကိုယ်သေသွားရင် အမျှမဝေနဲ့
ကိုယ့်စိတ်က အရင်သေခဲ့တာ…
သာဓုမခေါ်နိုင်ဘူး ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Nov, 02:41


Thanks for 8K sub🫶

Let's try to get 10K before the end of the year.❤️

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Nov, 14:11


ငါတို့ဝေးတာ နာရီပိုင်းပဲရှိသေးပေမယ့်
ကွဲကြေသွားရတဲ့ အသည်းအတွက်
ကုထုံးမရှိဘူး။
ငါကလည်း အချစ်ကိုအကြောင်းပြပြီး
သရဲဘောကြောင်တဲ့ကောင်အဖြစ်မခံနိုင်ဘူး အချစ်ရေ။
ငါ့အသည်း ပျက်စီးခြင်းဟာ
အရက်ကြောင့်..၊
ငါ့နှလုံး ကွဲကြေခြင်းဟာ
ငါ့နှုတ်ခမ်းကမှ မဖွင့်ဟရင်
ဘယ်သူ သ်ိမှာတဲ့လဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Nov, 12:11


လေပြေသွေးလို့ အေးကြေးဆို
မုန်တိုင်းမှန်သမျှထဲ အတောင်ပံတွေ ဖြန့်ကျန့်ထားလိုက်ချင်တယ် ။

-ရွက်လှေ(မာလာဆောင်အိမ်မက်/၉)

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Nov, 07:08


မုဆိုးမလေးနှင်း(သို့မဟုတ်)လုံးချေတတ်သောချစ်ဦးသူ
_____

ဒီ
ကဗျာ ဖတ်ပြီး
ခေါင်းထဲက မီးတောက်တွေ မပေါက်ပါစေနဲ့
အချစ်ရေလို့. အော်ခေါ်ဖို့
ငါ့မှာ ဆဲရေးတိုင်းထွာမှုတွေ မရှိခဲ့ဘူး
နှင်းရေ လို့ ယုယဖို့
ငါ့မှာ ကလော်တုတ်စရာ အမှား မရှိခဲ့ဘူး
ရိုးရိုးသားသား ဖောက်ပြန်မိတဲ့အချစ်
လူချင်းတွေ့တော့ နင့် ဆံနွယ်စတွေက အစ
ငါ့ကို ဖြတ်တိုက်သွားတဲ့ လေတောင်
မကြင်နာချင်တော့တဲ့ အကြည့်မျိုး
နင် အိမ်ထောင်ကျတာ
နင့် ယောင်္ကျားဆုံးတာ
ဒီဇင်ဘာ ကျိန်စာတွေ နင့်အပေါ်ရှိသလို
ငါ့မွေးနေ့ကလည်း ဒီဇင်ဘာပဲ။

နင့် အရိပ်တွေ စာအုပ်ကြား ညှပ်ထားမိတာ စလို့
နင့် အသံကို ဘောပန်ထဲ ထည့်ရေးမိတာ အဆုံး
နင့် မျက်ဝန်းမှာ ငါ့ နာမည်နဲ့ ချစ်မေတ္တာတွေ
ရေခဲတောင်တွေလို အရည်ပျော်ကျခဲ့ဖူးတာ
အမှတ်ရနေသေးလား။

နင့် နာမည်က ချောပု
ငါ့ နာမည်က ညို
နင်က ငါ့ကိုခေါ်တော့ မောင်
ငါက နင့်ကိုခေါ်တော့ နှင်း
ကိုက်တက်တဲ့ ခွေးလေးတွေ
ငါနဲ့ ရင်းနှီးသွားတဲ့အထိ
ငါတို့ ချစ်ခဲ့ကြတယ်။

ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေတောင်
တို့လောက် ပျော်စရာ မကောင်းတဲ့ အချိန်
နင့် အပါးမှာ ငါက သက်တော်စောင့် မင်းသားလေး
ငါ့အပါးမှာ နင်က အလှနတ်ဘုရား
ရူးခဲ့ဖူးတဲ့ ရှေ့ရေး
ရေးပြီးသမျှ  မျက်ရည်နဲ့ ပျက်ပြယ်
အရက်ပြင်းတွေသာ
နင့်အစား ငါ့ကို အဖော်လုပ်ပေးတယ်။

ဒဏ်ရာက ဒဏ်ဖြစ်စေပေမယ့်
ဒဏ်က အချစ်ကို လွမ်းမိစေတယ်။

နှလုံးသား နူးညံ့တာ
ဘဝကို အနာတရ ဖြစ်စေတယ်တဲ့
ငါ့လောက် မာတဲ့ နှလုံးသားရှိဦးမှာလား
ချစ်သူလက်ထပ်ပွဲ ဖိတ်ကြားခြင်းခံရတာတောင်
အဝေးက မှန်ပြောင်းနဲ့ လှမ်းငေးမိတဲ့အဖြစ်
မျက်ရည် ဆိုတာ
ရွှေကြောလို ပိတ်သွားတဲ့ ငါ့မှာ
တစ်ချိန်က အကြောင်း ပြန်စဉ်းစား
နင့် အနားမှာ ခု ဘယ်သူ ရှိမလဲ
အတိတ်က ငါ့ ရင်ခုန်သံဟာ
နင့် ဒေါက်ဖိနပ်သံလောက် နားထောင်ကောင်းမလား။

သူငယ်ချင်း တချို့က ငါ့အချစ်ကဗျာတွေ
ဖတ်ရတာခံစားရတယ်တဲ့ မှန်တယ်
ရည်းစားဦးက လုံခြေခွဲကြေပစ်တာ
ဘယ်သူ သိမှာလဲနင့် နောက်ပိုင်း
ငါ့ ဘူတာရုံကို နင်လို ရထားတွေ ထိုးဆိုက်ခဲ့တယ်
ဘယ်ရထားမှ အချစ်ရိပ်
ဖြစ်ထွန်းတဲ့ သစ်ပင်မဖြစ်ခဲ့။

ခုလို ဒီဇင်ဘာတိုင်း ခင်ဝမ်း သီချင်းထဲကလို
ရေတွင်းထဲ ငုံ့ကြည့်ပြီး နှင်းရေလို့
အော်ခေါ်တော့ရော
ကွဲသွားတဲ့ ဇာတ်လမ်းက ပြန်ဆက်သွားမှာလား
ပင်လယ်ဟာ ငါပါ
အချစ်နဲ့ ပတ်သက်ရင် ဘယ်တော့မှ
အမှတ်(၄၀)မရခဲ့သူ
ဒီကဗျာကို နင့်နာမည် နှင်းတွေနဲ့
ရေးခဲ့တယ်ဆိုတာ  ယုံ။

-တိုးနှောင်မိုး
သရဖူ
၂၀၀၆၊မတ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 15:05


ဘဝတကွေ့ ကြုံရ၊ ဆုံရ
သံသရာတစ်ပတ် ပြည့်ပြန်တော့
ခွဲရ၊ လွမ်းရ..
အခိုက်အတန့်တွေဟာ
တထစ်ချ ပုံသေကမ္ဘာထဲရောက်နေသလို
ဒီလူကို ချစ်တယ်ပြောခဲ့ပြီး
နောက်လူကိုလည်း ထပ်ပြီး ချစ်တယ်
ပြော‌နေဦးမှာပဲ
ဘာထူးလို့လဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 13:05


အကိုသို့/၂

ဒီနေ့ ကျွန်မရပ်၀န်းမှာ မိုးတွေဆွေတယ် အကို
အိမ်ရှေ့က စက္ကူပန်းရုံလေးမှာ ပြန်မလာသူ တစ်ယောက်ယောက်ကို မျှော်နေသလို ကျွန်မရဲ့
စိတ်နှလုံးမှာလည်း သံတိုင်တွေလို မှတ်ဉာဏ်တွေ တွယ်ငြိနေဆဲပါ။

ကော်ဖီတစ်ခွက်နဲ့ စံပယ်ရောင် ညနေခင်းတွေကြား ပြိုသူပြို ငိုသူငိုကျတဲ့ ငရဲခန်းသဖွယ် တိုင်းပြည် ခေတ်ဆိုးစနစ်ဆိုး မှောင်ရီဖုန်းနေတဲ့ဒီနိုင်ငံမှာ ကျွန်မ နေမပျော်ဘူးအကို ။

အချိန်တန်ရင် ပြတ်တောက်ရတယ်ဆိုပေမဲ့
အချိန်မတန်ခင် ဝေးရတာကတော့ လူလုပ်တဲ့ ကံတွေလားကွယ် ။

ကျွန်မရှာတွေ့ခဲ့တဲ့ ချစ်မေတ္တာတွေဟာ
ကျွန်မနားထင်ကို တေ့ထားတဲ့ကဗျာတွေလိုလို
ပျော်စရာကိုရှာလည်း မျှော်စရာတွေသာ တိုးတိုးလာတယ် ။

အခုတော့ စိတ်ဒဏ်ရာအချို့ကို အခန်းမီးလေးပိတ် ဆိတ်ဆိတ်လေးငြိမ်လို့ ကျွန်မဖြေသိမ့်နိုင်နေပြီ ။

အကိုရယ် အကို့ရဲ့ကလေးမလေးက အခုဆိုလူကြီးတစ်ယောက်တောင် ဖြစ်နေပြီ အရင်လို
စိတ်ဖြေစရာ အတိတ်ကွယ်ရာအရပ်ကိုလည်း ကျွန်မမှာ ရှာကြံမတွေးတော့ဘူး ။

ပိုင်ဆိုင်ရမှ အချစ်ဆိုရင်လေ
ကျွန်မလည်း အသည်းမကွဲခဲ့ဘူး
အို ကျွန်မမှမဟုတ်ဘူး ဒီမြေလောကမှာ ဘယ်သူကမှ အသည်းကွဲမှာ မဟုတ်ခဲ့ဘူး အကို ။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 11:53


ငါတို့ဟာ
ကိုယ်ပိုင်ဦးတည်ချက်တွေ
ရှိလာရင်၊ ပျောက်ဆုံးနေရင်
အချစ်ကိုရှာဖွေကြတော့တာပဲ။
ဝေဒနာ နှစ်ခုကို
တပြိုင်နက် ခံစားနိုင်ကြတဲ့
ချိုမြိန်လှတဲ့ လူတွေပါပေါ့။
တကယ်တမ်းကျ
ခါးထပ်ပိုင်းပျက်ပဲ
မနိုင် နိုင်ရာကိုမှ
လူတွေက စွဲမက်ကြတာ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 08:23


အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့ တောအုပ်
နှုတ်ဆက်ပါတယ်။

ဟယ်လင်ကဲလားပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။

-သန်းတင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 06:27


အကိုရေ
ညီမရဲ့ ရင်ခုန်သံတွေကို
ကြားမှ ကြားရဲ့လား
ကျေးဇူးပြု၍..
နားစဉ်ပေးပါ။
ဆုံးရှုံးခြင်းဟာ
ပိုင်ဆိုင်ခွင့်ရမှ မဟုတ်ပါဘူး အကို..၊
မပိုင်ဆိုင်ရလည်း
ဆုံးရှုံးကြတတ်တာပါပဲ။
ဘာလို့များ ညီမအချစ်ကို
မယုံနိုင်ရတာလဲ..။
တချို့ လိုလိုလားလား ပေးကြတဲ့
မေတ္တာတွေကို ဥပေက္ခာပြုခဲ့သလောက်
အကို့အပေါ်ကိုတော့
ညီမ မေတ္တာတွေဟာ ပေါပေါပဲပဲပါ။
ဒါကြောင့်လည်း
ဝဋ် ဆိုတဲ့ သံသရာကြား
တလှည့်ပြန်ရတာ ထင်ပါရဲ့။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Nov, 06:24


ခွက်စောင်းခုတ်တဲ့အခါ
ဟိုဘက်လှည့်လို့ ပြောရတယ်
မျက်နှာကို မပက်ရဘူး . . . ။

ဓားနဲ့ထိုးတဲ့အခါ
ဒီဘက်လှည့်လို့ ပြောရတယ်
နောက်ကျောကို မထိုးရဘူး
ဒါဟာ လူ့ယဉ်ကျေးမှု တဲ့ . . .။  

-မောင်ချောနွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 17:28


အပျော်တမ်းသက်သက်ဆို
ငါးမဖမ်းရဘူးအချစ်ရယ့်
ကိုယ်က ဉာဏ်သိပ်မကောင်းဘူး
အသက်ပါသွားနိုင်တယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 16:58


ဂျူလိုင်ရဲ့ တကျော့ပြန် အသည်းကွဲတိုက်ပွဲ (၁)

တွဲလက်လေး မြဲချင်တယ်
ငါတခြားလူဆီက
မရခဲ့တဲ့ မေတ္တာမျိုး
တစ်စုံတစ်ယောက်စီက
ရရှိဖို့ ငါကိုယ်တိုင် မာန ခြေချလို့
ဦးညွှတ်တောင်းဆိုခဲ့ရ။

ဖြစ်ချင်တိုင်း
မဖြစ်နိုင်တာ၊ ဖြစ်ခွင့်မရနိုင်တာဟာ
မွေးကတည်းက..
ဦးဏှောက်ထဲ ရိုက်သွင်းခံခဲ့ရတဲ့
Logic မလို့
ဒါကို အသားကျနေတဲ့
ငါတို့ အတွက်တော့
တချို့အရာတွေဟာ
ငေးကြည့်ရရုံနဲ့လည်း
ကျေနပ်နိုင်ခဲ့ရခြင်းတွေပါတယ်။

ဘဝကို ကံဇာတ်ဆရာက
အဆုံးအဖြတ်ပေးနေသတဲ့
ခလုတ်တိုက်မိသည်က အစ
အိမ်မက်ဆိုး မက်သည် အဆုံး
ဒါတွေဟာ
ငါတို့ ဘဝထဲ
တစ်စိတ် တစ်ပိုင်း ပါဝင်ပတ်သတ်နေသေး။

ငိုမိတော့လည်း
ဒီအချစ်ရူး..စဉ်းစားဉာဏ်မဲ့
အတွေးအခေါ်မဲ့
အချစ်..အချစ်သာ တသသဖြင့်
ငါလို လူမိုက်
ငရဲကျလည်း
မည်သူ ငဲ့လို့ကြည့်မတဲ့လဲ။

လောကအဖြာဖြာမှာ
သောကအသွယ်သွယ်နှင့်
ဒီအချစ်လူမိုက်လေး
လှမ်းလို့ လျှောက်ခဲ့
ဂျူလိုင် တစ်ဆယ့်နှစ်မှာ
တကျော့ပြန် ကွဲခဲ့ရပြီ ဒီအသည်း..
တငိုငို..တရယ်ရယ် အဖြစ်နဲ့လည်း
ငါလို လူ့ငမိုက်အား
လူထုသနားလည်း..
အချစ်ရူးမို့
အချစ်မှလွဲ..မည်သူ သနားပါစေ
တို့..အရေးမစိုက်နိုင်ခဲ့လေ..။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 12:27


သူငယ်ချင်းတစ်ယောက်အတွက် မှတ်ချက်ပေးခြင်း

အသည်း
အဆီဖုံးမှာပေါ့။

ချစ်တမ်း မုန်းတမ်း ကစား
အထက်တန်းစား
ရေပေါ်ဆီကိုမှ သွားချစ်တာကိုး။ ။

- ဝင်းမြင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 07:09


"ကောင်းကင်ငရဲ "

(၁)
အခိုးအငွေ့ တလူလူနဲ့ တက်နေတဲ့
တိမ်ညိုတိမ်မဲတွေ ကြားထဲက
ကမ္ဘာမြေကို ပုံဖော်မယ်။

(၂)
တရွေ့ရွေ့ ကုန်ဆုံးနေတတ်တဲ့
အချိန်တွေဟာ
ပြောင်းပြန်လည်ပတ်ခဲ့ရင်
ငါတို့အားလုံး
ဘဝတွေကို ပြန်ပြင်ဆင်ခွင့်ရှိမလား
သိချင်မိသေး..၊

(၃)
ပန်းတိုင်းမှာ
မတူညီတဲ့ အဓိပ္ပာယ်တွေနဲ့
မတူညီတဲ့ မွှေးရနံ့တွေ ရှိတယ်
ကိုယ်ဟာ သူမတူတဲ့
ပန်းကလေးဖြစ်နေရုံကလွှဲ
မြက်ခြောက်လေးလည်း
ဖြစ်ချင်ခဲ့ပါတယ်။

(၄)
သိပ်ကြောက်စရာ ရပ်ဝန်းမှာ
ခြေချမိတော့
ခပ်ရွံ့ရွံ့နဲ့ပါပဲ
ခပ်ရွံ့ရွံ့လေး တိုးဝင်သွားခဲ့တာပါပဲ
အဲ့ဒီ အချစ်ရပ်ဝန်းထဲကိုပေါ့။
တချို့က ရူးသွပ်မယ်..
တချို့က ငိုကြွေးမယ်..
တချို့တွေဟာ တချို့တွေ
နာကျဉ်ရတော့လည်း
အသည်း ဆားပေါက်ခံရသလို..
ပျော်ရွှင်ရတော့လည်း
အသည်း ပျားရည်စမ်းလိုက်သလို..။

(၅)
လူတွေကတော့
အဓိပ္ပာယ်အမျိုးမျိုး ခွဲကြတယ်
ချိုတယ်၊ ခါးတယ်၊ ငန်တယ်
အို..သူတို့ ခံစားရတဲ့
အချစ်ကို
သူတို့ဘာသာ ထင်ကြေးပေးနေကြတာ
ကိုယ်တိုင်ကြုံခါမှ
ဆားလား သကြားလား သိမှာ

(၆)
မစပ်တဲ့ ငရုတ်သီးကို စားပြီး
ဒီကောင် မစပ်ပါဘူးဆို
တကယ့်စပ်တဲ့ ကောင်နဲ့တွေ့ပါလေရော
မျက်ရည်လေး စမ်းတမ်းစမ်းတမ်း။

(၇)
ဗုဒ္ဓ..ကယ်ပါ..
အဖေ..ကယ်ပါ..
အမေ..ကယ်ပါ..
ဟော့ တရပြန်..တပြန်ပြန်
ဒုက္ခတော့ ကြုံပြီ
မာနတစ်ထောက်
ထိပ်မှာ ဦးတင်လို့
ကျခဲ့ဦးပေါ့ ဒီငရဲ..။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 06:17


အမာရွတ်ဆိုတာ ကျန်ရှိသမျှတော့
ဒဏ်ရာတွေကို ငါတို့မှာကြောက်ရတယ်
အနာတရ တစ်ခုချင်းဆီတိုင်းသာ ပန်းတွေပွင့်သလို လှကြေးဆိုရင် ပွတ်သပ်မွေးမြူခဲ့သမျှ ရနံ့တွေသင်းပျံ့ခွင့်ရကျပါစေ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Nov, 03:18


အချစ်ဆိုတာ
ပျိုးလို့မကောင်းတဲ့ အဆိပ်ပင်ပဲ။
အချိန်တန် ကိုယ့်ကို ပြန်ဆူးစေဖို့အတွက်
တယုတယ ပျိုးရပုံတွေ။
နာကျည်းချက်တွေနဲ့
မာနအစိုင်အခဲတွေကြား
မရ ရအောင် လှမ်းရင်း
နစ်မြုပ်သွားစေမယ့်..
လမ်းပျောက်သွားစေမယ့်..
အဆိပ်ပင်ပါပဲ။
တချက် သတိလွတ်တာနဲ့
ငရဲပဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 15:08


‘အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
   ညီမလေးမမမြင့်ကို ချစ်တယ်
   အလင်းရောင်ကို မြတ်နိုးတယ်
   ကဗျာနဲ့ သစ္စာ ထားတယ်
   အဆုံးရှုံးများအတွက် ဝမ်းမနည်းဘူး
   မကြေကွဲဘူး
   နောင်တမရဘူး’
   ခရီးကြမ်း၊ ဘဝကြမ်းတွေကို ကြင်နာတယ်
   လဲပြိုနေသူတွေကို စာနာတယ်
   ဒါဏ်ရာနဲ့ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
   ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
   အမှားတွေနဲ့ သောက်စားမူးယစ်တယ်
   ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး
   ငါ့ဘဝ ငါးစာကိုသာ ငါဟပ်ခဲ့တယ်။    ။

_မောင်ချောနွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 13:53


အတိတ်ကိုတွေးမိပြန်ရင် အမှတ်တရတွေနဲ့ ဒီလူနာကျင်လေရဲ့...
အနာဂါတ်ကိုမျှော်ပြန်တော့ ပျက်စီးသွားတဲ့အိပ်မက်များနဲ့ ဒီလူထပ်နာကျင်လေရဲ့...
ခုတော့ ပစ္စုပ္ပန်မှာ မကျက်သေးတဲ့ ဒဏ်ရာတွေကို ပြန်ဖာထေးရင်း ဒီလူ မင်းကိုလွမ်း‌နေဆဲပါ အချစ်ရယ်...
ရင်ခွင်အသစ်မှာပျော်ရွှင်ပါစေဆုတောင်းရင်း......

-Mt

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 12:30


နောက်တစ်ကြိမ် နောက်တစ်ခါ လွတ်ချခံရဖို့အရေး ငါတို့မှာမျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေခဲ့ကျတာ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 11:51


ဂလက်ဒီရေးတား

မေးခွန်းက
"ဒီပွဲမှာ ဘယ်ကောင်သေမှာလဲ" ဖြစ်တယ်

ပေးထားချက်က
မင်းလည်းကျွန် ငါလည်းကျွန်
အိုးမဲသုတ်ပေးစရာမလိုတဲ့ အိမ်ကြက်တွေ
ကိုယ့်အသက်ကိုယ်မပိုင်တဲ့ကျွန်တွေ
ကိုယ့်ဓါးမှကိုယ်မပိုင်တဲ့ လူမွဲတွေ

ပေးထားချက်က
သေလို့လည်းသူရဲကောင်းမဖြစ်ဘူး
ရှင်ကျန်လို့လည်း ကျွန်ဘဝကမလွတ်ဘူး
သခင်တွေအငြီးပြေဖို့ ကျွန်တွေသေပေးရတဲ့ပွဲ

အဖြေက
ဒီပွဲမှာ တယောက်သေမယ်
နောက်တပွဲမှာ ကျန်တဲ့တယောက်သေမယ်

- ကိုသန်းထွန်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 10:01


ဒီနှစ်မကုန်ခင် sub.10k အထိသွားကြမယ်ဗျ Subတွေအကုန်လုံးရောAdmin team တစ်ခုလုံးကိုလဲကျေးဇူးတင်ပါတယ်ဗျ🫶🤍

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Nov, 00:53


စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့
ငါစောင့်ခဲ့ပါတယ်။
ဒါဟာရေခဲကို နေလှမ်းပြီး
ရေခဲခြောက်ဖြစ်လာမလားလို့
မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လို့ပေါ့

-လင်းချမ်းလွန်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

15 Nov, 17:04


ဟုတ်တယ် ငါငိုတယ်
လူတွေ ငါ့ကို ဝိုင်းထိုးကြတဲ့ လက်ညိုးတွေအောက်
ငါငိုတယ်
ငါက‌ စော၊က်ရှက်မရှိ
စော၊က်ဖြစ်မရှိ
သူတို့ပြောသမျှက စရိုက်ပဲ
ငါက ငါ့ဗီဇအတိုင်းသွားနေတာ
ငါမှန်တယ်ထင်ရင်
အကုန်ရိုက်ချိုးပစ်မယ်။
ရူးသွပ်တယ်ဆိုတာ
ငါ့ကိုယ်ငါပဲ
အချစ်ကြောင့်ဆိုပြီး
ခေါင်းစဉ်မတပ်ချင်
လူဆိုတာ သေဖို့မွေးလာတာ
ငါ့သမိုင်းမလှလည်း
ဘယ်ကောင် သော၊က်ဂရုစိုက်လို့
ဘယ်ကောင် ကဲ့ရဲ့နေမလဲ။
အကျိုးနည်းလောကကြီးမှာ
အကျိုးနည်းတွေကိုပဲ
ဦးထိပ်ထားနေကြပြီး
ငါတို့ကို ဒီထဲ နစ်မြုပ်ထား
ငါ့တို့ ဘဝက
သူတို့ရဲ့ ကျေးကျွန်
အသက်ပြန်ပါလာဖို့ မစဉ်းစားနဲ့
နှလုံးခုန်မရပ်လည်း
လူဆိုတာ သေနိုင်တယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

15 Nov, 02:36


ထားခဲ့တဲ့လူထက်
ကျန်ခဲ့တဲ့လူကပိုနာကျင်ရပါတယ်
မခင်နှင်းဆီရေ........
မခင်နှင်းဆီကရင်ခွင်တစ်စုံဆီခုန်ထွက်သွားခဲ့တာပါ
ကျွန်တော် အတိတ်မှာကျန်ခဲ့ပါ့မယ် မခင်နှင်းဆီ။

-ကီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

14 Nov, 17:51


တွေးမိတိုင်းမှာ ဆွေးရသလိုပါပဲအချစ်ရေ.....
တစ်ခါလွမ်းတိုင်း ဒီလူနှလုံးသားတစ်ထောင့်တစ်နေရာက ဆူးနစ်ကာ နာရတယ်။
အမှတ်တမဲ့ကနေဖြစ်ခဲ့ကြတဲ့ အမှတ်တရတွေဟာ ခုချိန်မှာ ပုံပြင်တစ်ပုဒ်လိုပါပဲ။
ကျန်ခဲ့လည်းလွမ်း ချန်ခဲ့လည်းလွမ်းဆိုပေမယ့် ကျန်ခဲ့တဲ့ ဒီမောင်ဟာ ပိုတောင်လွမ်းမိပါရဲ့။
မင်းအတွက်ဖွင့်ဟခဲ့တဲ့ ဟော့ဒီကောင်နှလုံးသားတံခါး ရင်နာနာနဲ့ပဲပြန်ပိတ်ပါရစေတော့......

-Mt

မင်းပြောတဲ့ကဗျာဆိုတာဒါလား

14 Nov, 17:34


ချစ်ခြင်းကဗျာ.....။

ချစ်ခြင်းမေတ္တာလို့ ခေါင်းစဥ်တင်ရတဲ့ ကဗျာတိုင်း မင်းအကြောင်းပဲ ဖြစ်ပါစေ။
ချစ်တယ်ဆိုတဲ့ စကားကို တစ်ဘဝလုံးစာ မင်းတစ်ယောက်တည်းကိုပဲ ပြောခွင့်ရပါစေ..။
အချစ်သီချင်းတွေ ညည်းတိုင်း..
မင်းကိုတွေးရင်း နှလုံးသားတစ်စုံ မြူးထူးစွာ ကခုန်ပါစေ။
တွဲလက်တွေ မြဲပါစေ...
အလွမ်းသီချင်းတွေနဲ့ ဝေးပါရစေ...
ကဗျာတွေ သီတိုင်း အဆွေးတွေ ဝေးပါစေ...
မင်းအတွက် ရေးတဲ့ ကဗျာပါ..
ချစ်ရခြင်းနဲ့ ကာရန်ညီပါတယ်။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 16:43


မင်းပြောတဲ့ကဗျာဆိုတာဒါလား pinned «Subscribes များခင်ဗျာ ၊ Discussion chမှာ စကားများခြင်း၊ရန်ရှာခံရခြင်း၊ပွဲရှာခြင်းများ ဖြစ်ပေါ်ပါက ဝင်မပြောခြင်းဖြင့် ကူညီပေးပါ။ တစ်ခုခုဆိုလျှင် adminများ dm ကိုဆက်သွယ်ပါ ။ သူတို့အား attention မပေးပါနဲ့ ။ သွားလည်း မဆဲပါနဲ့ ပြန်လည်း မဆဲပါနဲ့ ။ ခေတ်ကာလက မကောင်းဘူးဗျ…»

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 16:43


Subscribes များခင်ဗျာ ၊ Discussion chမှာ စကားများခြင်း၊ရန်ရှာခံရခြင်း၊ပွဲရှာခြင်းများ ဖြစ်ပေါ်ပါက ဝင်မပြောခြင်းဖြင့် ကူညီပေးပါ။
တစ်ခုခုဆိုလျှင် adminများ dm ကိုဆက်သွယ်ပါ ။
သူတို့အား attention မပေးပါနဲ့ ။
သွားလည်း မဆဲပါနဲ့
ပြန်လည်း မဆဲပါနဲ့ ။
ခေတ်ကာလက မကောင်းဘူးဗျ
အသွေးနဲ့အသားနဲ့ ခံစားချက်နဲ့လူအချင်းချင်း အထိအခိုက်နည်းပေးစေချင်တယ် ။
အေးချမ်းတဲ့ရပ်ဝန်းတစ်ခုဆိုတာ အားလုံးတည်ဆောက်မှ ရမယ်မလား
ကျွန်တော့်ကို ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ် ။

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 16:36


လက်ရှိငါ့ရည်းစားက နင့်ထက်သာတယ်တဲ့
ဝမ်းသာစရာပါပဲ…
ကျွန်တော်က အကောင်းမြင်ဝါဒီသမား
ဝဋ်ကြွေးမကုန်သေးတာကအစ ဝမ်းသာတယ်။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 15:50


ပြန်ချစ်စေဖို့မရည်ရွယ် နေကြာပန်းလိုသာကိုယ်ငေးမယ် မငဲ့ကြည့်တက်တဲ့ နေမင်းကြီးက မင်း'ပေါ့ကွာ။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 13:25


ကမ္ဘာပျက်မှာထပ်
မင်းမချစ်တော့မှာကို
ပိုကြောက်ရပါတယ်။

ကမ္ဘာက မည်သို့မည်ပုံပဲ
လည်နေပါစေ
မင်းသာ မချစ်ရင်
ငါ့ကမ္ဘာဟာတော့
ပျက်လိမ့်မည်။

ချစ်ခြင်းမေတ္တာဆိုတာ
မင်းနဲ့မှ နားလည်ခဲ့ရပြီး
မင်းနဲ့မှ ချစ်တတ်ခဲ့ခြင်းမျိုး။

ဘယ်အရာမဆို
မင်းနဲ့ အစပြုလို့
အဆုံးသတ်မှာ
မင်း..ဆိုတာလေး
မပါတော့မှာ ကြောက်တယ်။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 13:06


အချစ်ဆိုတာ တန်ဖိုးထားတဲ့သူလက်ထဲမှာ
ပန်းလေးတွေထက် လှတယ် ။
ကြယ်လေးတွေထက် တောက်ပတယ် ။

ကိုယ် မင်းနဲ့ လွမ်းလည်းမလွမ်းချင်တော့ဘူး ။
ဝေးလည်း မဝေးချင်တော့ဘူး...

ဒီတိုင်း မင်းရဲ့ အသက်ရှူသံနားလေးမှာပဲ
ကိုယ့်ရဲ့ ရင်ခုန်သံတွေ ဖြစ်တည်ချင်တယ် ။    ။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

08 Nov, 03:36


နှင်းဆီ၀ါ သ်ို့ မမ

မမရေ မမရေ မမရေ
ကျွန်တော်အော်ခေါ်နေတာ ကြားပါရဲ့လား ။

မိုးကြားလေကြား ကျွန်တော့်နှစ်ဆယ့်လေးနာရီကောင်းကင်မှာ လျှက်ပန်းလျှက်နွယ် စုတ်ချက်တွေညီညီနဲ့ လှပလှတယ် ။

မမက ဆောင်းရာသီဆန်တယ် ကျွန်တော့်ရင်ထဲတော့ နွေးနေတယ် ဒါဟာဘာကြောင့်ပါလည်းလို့ ကျွန်တော်မေးတိုင်း နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ပြုံးပြနေအုံးမှာပဲမဟုတ်လား ။

ကျွန်တော့်အတွက် မမဟာကဗျာ
တစ်ဘ၀စာ သီကုံးရမဲ့ စာလုံး၀ိုင်းလေးတွေနဲ့ ချစ်စရာ ကဗျာတစ်ပုဒ်ပဲ ။

ရယ်စရာပြက်လုံးတွေထဲ အမုန်းစကားဆိုရင်တောင် ကျွန်တော်ကတော့ ငိုမိမှာပဲ မျက်ရည်လွယ်တာ မဟုတ်ရပါဘူးမမရယ် ။

မမကပန်းကြိုက်တယ် ကျွန်တော်က ပန်းမပျိုးတတ်ဘူး ပွင့်ချပ်တွေမှာ အသက်ရှိတယ်လို့တော့ ကျွန်တော်ယုံကြည်ထားတယ် ။

ဆူးဒဏ်ကို​မကြောက်ဘူး မမ
လွမ်းဒဏ်ကိုတော့ကြောက်ရတယ် ခေတ်အဆက်ဆက် လွမ်းရတဲ့သူတွေက ဒီနိုင်ငံမှာ အများသားမဟုတ်လား ။

လွတ်လပ်ရေးကို လွမ်းရ
ငြိမ်းချမ်းရေးကို လွမ်းရ
ဒီမိုကရေစီကို လွမ်းရနဲ့ နောက်ဆုံးတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လွမ်းရတာပဲ ။

ဆရာလင်းခါးရဲ့ ကဗျာတစ်ပိုဒ်ထဲကလိုပေါ့ မမရယ် လွမ်းတဲ့အကြောင်းဟာ လွမ်းသူအတွက်သာ ကြီးကျယ်ပြီး ကမ္ဘာ​ကြီးအတွက်တော့ ဆန်ကုန်မြေလေးရုံရှိတာတဲ့ ။

သီချင်းလေးတွေ တိုးတိုးညည်းရင်း
ကဗျာတွေ မပီတပြင်ရေးရင်း
ကျဆိမ့်ကို ဇိမ်ခံသောက်ရင်း
စီးကရက်ကို ဟန်ပါပါသောက်ရင်း ဒီမြေကမ္ဘာမှာ ဆန်ကုန်မြေလေးသူ နောက်ထပ်တစ်ယောက် ရှိလာခဲ့ပြီ မမရေ ။

ဒီရက်ထဲ မိုးဟာအငြိုးကြီးလှတယ်
တိမ်မဲမဲအောက် နေရောင်ကိုဘယ်သူတွေများ ယူဆောင်သွားပါလိမ့်နော် ။

စိတ်ကူးယဥ်လွန်းတယ်ဆိုပေမဲ့ ကျွန်တော့်လွင်ပြင်မှာ နေကြာတွေမပွင့်တော့တာ ကြာပြီမဟုတ်လား ။

ကျွန်တော့်ကဗျာတွေထဲ ထည့်မြုပ်ထားတဲ့ သက်ရှိနံရိုးဟာမမ အသွေးသားတွေထိ ရိုးတွင်းချဥ်ဆီတွေအထိ စီးဆင်းနေတဲ့ မေတ္တာတွေ ။

ဒီကဗျာကိုလည်း မိုးတွေဆွေနေတဲ့ ဆောင်းဦးညနေခင်းမှာပဲ ကျွန်တော်ချရေးခဲ့တာပါ ရောက်တတ်ရောက်ရာတွေရေးလို့လည်း အပြစ်မဆိုပါနဲ့ မမရယ် ကျွန်တော့်စိတ်နှလုံးဟာ အချည်ခံထားရတာမှ မဟုတ်တာ ။

စီးကရက်တွေလျှော့ဖို့ ပြောတိုင်း ကျွန်တော်ငြင်းဆန်ချင်တယ် မမ လွမ်းစိတ်ကိုဖြေဖို့အတွက် ကျွန်တော့်မှာက ကဗျာတွေ သီချင်းတွေနဲ့ စီးကရက်တွေပဲ ရှိတာမဟုတ်လား ။

မမရေ မမရေ မမရေ
ကျွန်တော်အော်ခေါ်နေတာ ကြားပါရဲ့လား ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Nov, 16:57


နံရံတိုင်းမှာ
သစ်ရွက်တိုင်းမှာ
အမှတ်တရတွေ ရှိတယ်

ညဘက်ပဲဆွေးဆွေး
နေ့ဘက်ပဲငေးငေး
စိတ်ကတွေးတာနဲ့ သေတာပဲ ။

နေ့စဉ်အသက်ရှင်မှုဟာ သာမညသာသာ
မင်းမရှိလည်း ဘာမှမဖြစ်ဘူးဆိုထဲက
ဘာတစ်ခုမှမဖြစ်နိုင်တော့တာ သိစေချင်တယ်။

•ခန့်သွယ်
နောက်ဆုံးလို့တော့ထင်တာပဲ-၂

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Nov, 16:14


လမ်းချင်းတူပေမယ့် လူချင်းမတွေ့ခဲ့ပါဘူး။
လျှောက်တဲ့လမ်းက ဆန့်ကျင်ဘက်လားရာ ပိုပြီးဝေးသွားကြတယ်။
လူချင်းမတွေ့ခဲ့ရလို့လဲ ဝမ်းနည်းမိတယ်။
မင်းလျှောက်တဲ့လမ်းမှာ မင်းပျော်နေဖို့အရေးကြီးပါတယ်။
ပျော်နေပါစေကွာ။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Nov, 13:59


ဘာတွေ ဖြစ်လာလာ
မင်းလက်ကို တွဲခဲ့၊ ဆွဲခဲ့နိုင်ပေမယ့်
မင်းအပေါ်
ရင်ခုန်သံပျောက်ဆုံးသွားခဲ့ရခြင်းအပေါ်
စိတ်မရှိပါနဲ့။
ချစ်ခြင်းမေတ္တာဟာ
လုပ်ယူလို့ မရတာမလို့
ဒီတိုင်း
‌ငါ့ကို မေ့ပစ်လိုက်ပါ။
ပိုကောင်းတဲ့ ဘဝတစ်ခုတည်ဆောက်ပါ။
ကျန်းကျန်းမာမာရှိနေပေးပါ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

07 Nov, 13:22


သံဿရာဟာမင်းလား နဖူးမှာဂျိုမပါလည်း တစ်ပတ်လည်ရင် ဒီစေ၊က်ချိူးတွေပဲ ချိုးအုံးမယ် ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Nov, 14:31


ဆောင်းတွင်းရဲ့အရုဏ်အလင်းတွေ
ဒီဇင်ဘာရဲ့ညနေခင်းတွေ
အတူတူရှိခဲ့ဖူးတဲ့အချိန်တိုင်းဟာ
စိတ်ဒဏ်ရာတွေ ။

ပတ်တီးစတွေကို ပြန်ဖြည်ကြည့်သေးတယ်
ပြတ်ရှဒဏ်ရာတွေဟာ ညှီနံ့တထောင်းထောင်းနဲ့…
အခုချိန်ထိပုတ်ပွနေတုန်းပဲ
မေ့မရဘူး ။

•ခန့်သွယ်
နောက်ဆုံးလို့တော့ထင်တာပဲ-၁

မင်းပြောတဲ့ကဗျာဆိုတာဒါလား

06 Nov, 11:16


ရူးသွပ်မှုနဲ့ အသားကျနေတာ
ငါတို့ လူငယ်တွေ။
ကမ္ဘာပျက်ကိန်းစိုက်မှတော့
ကဗျာဆရာ မဖြစ်ချင်တော့ဘူး
မေတ္တာတွေ ခမ်းချင်လည်း ခမ်းပါ‌စေ
ချစ်ရမယ့် အကြောင်းတွေလည်း
မပြောချင်တော့ဘူး။
ပျက်ရှရှ ဒဏ်ရာတွေကို
ဆေးမထည့်ချင်တော့ဘူး။
အပွန်းအပဲ့တွေနဲ့ ဘဝဟာ
ထစ်ချုန်းနေတာ
ဘာတွေ ဆက်မျှော်လင့်လို့ရမလဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Nov, 15:20


ချစ်ရသော ''မေ''

တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ။
အမျိုးသားပဲ ဖြစ်ဖြစ်။
အမျိုးသမီးပဲ ဖြစ်ဖြစ်။
တန်ဖိုးထားပြီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပြီး တောက်ပကြတာပဲ။
တန်ဖိုးထားတဲ့ ဥယျာဥ်မှူးဆီမှာ
ပန်းလှလှလေးတွေပို ပွင့်တာဘာများဆန်းသလဲ။
တန်ဖိုးထားတဲ့လူရဲ့ လက်ထဲရောက်ရင် အကုန်လုံး တန်ဖိုးရှိကြပါတယ်။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Nov, 12:46


ဝေးလဲ့လဲ့ ဆွေးတစ်မြေ့မြေ့ရင်မှာ
ငေးတစ်လှည့် ဘ၀အဆက်ဆက် ။

ရွှေနားတော်အပါး ဒေစီတွေမပျော်
င်ိုနေသူ ဖူးနေတဲ့ ကြာနွယ်တွေ ။

ရင်ခုန်သံဟာ ကာရံတွေမညီ လျှော့ချခဲ့တဲ့ ခြောက်ကြိုးတပ် စိတ်ကလေးတွေ ။

ကိုယ်ဟာကျန်းမာ စိတ်ဟာဖျားနာ
ရေကြည်စက်ကလေး တစ်ပေါက်နဲ့ နွေကိုအံတု ဒီကောင်ဟာ တစ်ကယ်ကို နိမိတ်ပုံမပါပဲ ရူးခဲ့ပါသည် ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

05 Nov, 07:22


ပညာတွေလည်း သိပ်မတတ်ချင်ပါဘူးဗျာ
လူတစ်ယောက်ကို ဦးဏှောက်သုံးပြီး
ကျွန်တော်မချစ်တတ်ဘူး ၊
သဘာဝအတိုင်းလေးပဲ…
တစ်ခုခုဆို မျက်စိစုံမှိတ်ပြီး ခိုဝင်ပြစ်ချင်တာ ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Nov, 18:30


နေထွက်ချိန်နဲ့ နေဝင်ချိန်က လှတယ်။
ကြယ်တာရာနဲ့ လမင်းကလည်းလှတယ်။
မင်းကပြုံနေတယ် ...
ကမ္ဘာကြီးဘယ်လောက်လှလိုက်သလဲ ။
ပန်းခင်းလေးကလှတယ် ကောင်းကင်ပြာကလှတယ်။
ကိုယ်သိပ်ချစ်ရတဲ့ မင်းကပိုလှတယ်။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Nov, 17:16


"မထားခဲ့နဲ့ နော်"...တဲ့
မင်း အဲ့လို ပြောတုန်းက
ကိုယ်ပြုံးပြီးပဲ ကြည့်နေခဲ့တယ်....၊

ကတိ ဆိုတာ..တခြားသူကို ပေးရတာထက်
ကိုယ့်ကိုယ်ကိုယ် ပေးရတာက
ပိုတန်ဖိုးရှိတာမျိုးပါ သစ္စာ....၊

မင်းနဲ့ ပတ်သက်ပြီး ...
ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိတွေမှာ
ဆံဖြူ သွားကြွေနေတဲ့ မင်းရုပ်ရည်ကို 
ရင်ထဲထည့်ပြီး ပေးထားခဲ့တာ သစ္စာ....။

-လီရို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Nov, 16:34


ကိုယ့်ကို ထားခဲ့နိုင်သူရဲ့ရင်ထဲမှာလည်း
အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ
ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။

•နွေသစ်ငြိမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

04 Nov, 16:15


ငါလည်း ပျော်ရွှင်ချင်တယ်
အထီးကျန်ရခြင်းရဲ့အရသာကို
ဘယ်သူကများ နှစ်သက်ပါ့မလဲ။
‌ငါ့ရဲ့ ကြောက်ရွံ့ခြင်းတွေကိုရော
ငါထုတ်ဖော်မပြသ သ၍
ဘယ်သူက သိမည်လဲ။
တကယ်တော့
ကြိုးပျက်သွားလို့
လေလွှင့်ရာကို လွှင့်ပြီး
သစ်ပင်အကိုင်းတစ်ခုခုမှာ ချိတ်မိရင်း
ဒဏ်ရာဒဏ်ချက်တွေနဲ့
‌ရစရာမရှိအောင် စုတ်ပြတ်သ၊တ်နေတဲ့
စွန်ငယ်လေးဟာ ငါပါပဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Oct, 14:38


နှင်းရေ...

စစ်သွေးကြွတစ်ယောက်လို ချစ်ခဲ့ပြီးပါပြီ နာဂါစကီလို ပြာကျကြေကွဲဖို့ပဲ ကျန်ပါတော့တယ် ။ 

- အာကာတိုးဝေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Oct, 10:14


ကိုယ်တို့နှစ်ယောက်ကြားမှာ
ထောက်ထားစရာဆိုလို့ ဓားပဲရှိတော့တယ်
မင်းလည်း ပြန်မလာနဲ့
ငါလည်း မငိုနိုင်တော့ဘူး

-ဘုန်းပြည့်စုံမင်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Oct, 07:04


ဆေးကုလို့ရရ မရရ အဓိကမကျဘူး
မင်းပေးတဲ့အနာမလို့ ဆေးမကုရတာ

အိပ်ဆေးကူလို့ရရ မရရ အဓိကမကျဘူး
ဆေးလာမတိုက်လို့ အိပ်မရတာ

ကိုယ့်ရဲ့နိစ္စဓူ၀ ကိုယ့်ရဲ့ကာလသုံးပါး
မင်းမရွှေ့ချင်မှတော့ ကိုယ်ဘယ်ရွေ့ပါ့မလဲ

မင်း မချစ်တော့တာကို မင်းမမြင်ဘဲ
ကိုယ့်ကို တရားခံလို စွပ်စွဲနေတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Oct, 06:43


ကံကိုမယုံပေမဲ့ မင်းကိုတော့ယုံခဲ့တယ်
မင်းဟာ ဘ၀ကံကြမ္မာပဲ ။

တစ်မိုးအောက်တစ်ယောက်ထွန်းလည်း
မချစ်တဲ့လူနဲ့တော့မပေါင်းဖက်ချင်ခဲ့...
ဆွေးရင်လည်းဆွေးပါစေ
မင်းကိုပဲ လိုချင်တယ် ။
‌‌
ကံမှာတော့ အပြစ်မပါပါကွယ်
ကံကခွဲလို့ ကွဲကြတဲ့အခါ
မမေ့နိုင်ခြင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

26 Oct, 06:37


ကံကခွဲလို့ ကွဲကြတဲ့အခါ
မမေ့နိုင်ခြင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Oct, 18:23


အခုလောက်ဆိုရင်
မင်း ဆံပင် ဘယ်လောက်ရှိပြီ ။

အခုလောက်ဆိုရင်
မင်း အရပ် ဘယ်လောက်ရှိပြီ ။

ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့ ။

အလွမ်းအဆွေးဟာ
မင်း ဘဝအတွက် မတိုးတော့တဲ့ ဆေးလား ။

လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား ။

သြော် . . .
မင်း ထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ် ။ ။

-စိုင်းဝင်းမြင့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Oct, 15:03


မိန်းမတစ်ယောက်ရဲ့ မာနကို
ဘယ်တော့မှသွားမဆွမိစေနဲ့
အေး...မဟုတ်ရင်
သူ တစ်ဘဝလုံးပုံချစ်တဲ့လူကို နှလုံးသားထဲသိမ်းပြီး
တစ်စက်လေးမှ မချစ်တဲ့လူအနားပစ်ဝင်ရဲတယ် ။

-ရိပ်ငြိမ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Oct, 12:00


ကမ္ဘာဟာ ပျော်စရာမကောင်းတဲ့အခါ
ဆေးလိပ်ဟာ အသက်တိုစေတယ်ဆိုတာသိရက်နဲ့
သောက်နေကြတယ်။

ဘယ်သူသိနိုင်မလဲ
အသက်တစ်ရက်ရှင်ခြင်းရဲ့ ဒုက္ခ‌တွေ..။

-လူပျော်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Oct, 06:42


မပျော်တဲ့အလုပ်ခွင်ကနေ
မျှော်နေသူမရှိတဲ့
အခန်းကျဥ်းလေးထဲ
ပြန်ရတာလောက်
နာကျင်စရာရှိပါအုန်းမလား

-လင်းမာအို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

25 Oct, 04:04


ဒဏ်ရာတွေဟာ
မိုးထိမြင့်နေမှတော့..
မမုန်းဖို့ရာ အမိန့်ထုတ်ခွင့်ရှိဦးမလား။
သူ့နာကျည်းချက်တွေမှာ
မတန်မဆဖြင့် များပြားလွန်းတော့
ငါ့ဘက်ကလည်း
သူနဲ့ မုန်းခြင်း ပြိုင်။
မည်သူမျှလည်း
အရှုံးမပေးခဲ့သလို၊
အနိုင်လည်း မယူခဲ့ကြ။
ဒီလိုနဲ့..အလှမ်းဝေးခဲ့ကြ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Oct, 16:42


ကျွန်မကြောင့် ဒဏ်ရာဖြစ်တယ်ဆိုလည်း
ဆေးကုလို့ရတဲ့ အနာပါပဲ

ကျွန်မကြောင့် အိပ်ပျက်ရတယ်ဆိုလည်းအိပ်ဆေးကူလို့ရတဲ့ မျက်လုံးတွေပါပဲ

ရှင့်ရဲ့နိစ္စဓူဝ ရှင့်ရဲ့ ကာလသုံးပါး
ကျွန်မက ဘယ်အင်အားနဲ့ ရွှေ့နိုင်ပါ့မလဲ

ရှင် မချစ်တော့တာကို ရှင်မမြင်ဘဲ
ကျွန်မကို တရားခံလို စွပ်စွဲနေတယ် ။

-မြကျေး

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Oct, 14:12


" ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့မိခြင်း "

တစ်စုံတစ်ခုကိုနှစ်ခါပြန်ဆုံးရူံးခဲ့ဖူးတယ်
အဲ့ဒီအမျိုးသမီးကဘယ်အရာကိုမှမကြောက်တတ်ခဲ့ဘူး
ဒုတိယအကြိမ်လမ်းခွဲခဲ့တဲ့ညက

"အကိုတို့ကဆက်ထုံးတွေမို့
ဒီတစ်ခါဝေးရင်တစ်သက်လုံးပဲနော်ညီမ"လို့ပြောလိုက်တော့
အေးတိအေးစက်အကြည့်နဲ့
"အင်း"ဆိုတဲ့စကားလုံးပဲပြန်ကြားနိုင်ခဲ့တယ်

ဆေးထည့်ခွင့်တောင်မရခဲ့တဲ့ဒဏ်ရာတွေပါ
ကြာကူလီကောင်ကိုတယုတယခေါ်တဲ့နာမ်စားက
"မောင်" .......တဲ့
စောက်သည်းရော....စောက်ရှက်ရော
နှစ်ခါကွဲခဲ့တယ်

မေတ္တာ တရားဟာနှစ်ခါမှားခွင့်မရှိဘူး
ပထမအကြိမ်ဓားထိုးခံရရင်
နောက်တစ်ကြိမ်ဟာဆွဲကြိုးချသေဒဏ်ပေးခံရသလို
ကိုယ်စောက်ပြစ်နဲ့ကိုယ်မို့မျက်ရည်တောင်မဝဲရဲခဲ့ဘူး

ပျော်သွားတဲ့စုံတွဲကို
ပြိုလဲရတဲ့ကောင်ကလက်ခုပ်တီးပေးရသလို
အချစ်ဟာလှေကားထစ်ပဲ
မျက်စိစုံမှတ်ချစ်လို့မရခဲ့ဘူး။

-ပိုင်နေလင်းခန့်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

24 Oct, 13:10


မနက် အစောကြီး
ကြားနေရတဲ့ တရားရွတ်သံမှာ
ငါ တရားမရပဲ
မင်းကို သတိရနေမိတယ်.။

မင်းဟာ ငါ့တရားပဲ ။

-ကြည်ဇော်အေး

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 15:55


အကယ်၍ တစ်နေ့နေ့ကျ
တစ်လောကလုံးက မင်းကိုစွန့်ခွာသွားရင်တောင်
ငါမင်းအနားက ‌တစ်ဖဝါးမှမခွာဘူး။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 14:56


စော၊က်ဖြစ်မရှိတဲ့ ဘဝထဲ
လောကကြီးကို၊ ‌ထိုင်အော်ဟစ်နေဆဲ
ငါဟာ သောက်သုံးမကျတဲ့ လူငယ်။
အဲ့တော့လည်း ဘာဖြစ်လဲကွာ
ငါကဗျာတွေ ရေးမယ်။
မင်းဘယ်သူလဲ၊ ဘာပြောမလဲ
ငါကတော့ ရှေ့ဆက်မယ်
လူတွေက ငါ့ကိုသောက်သုံးမကျတဲ့
ကောင်လို့ ‌ထင်နေလည်း
ငါရှေ့ဆက်မယ်။
ငါ့ဘဝဟာ ငါ့လက်ထဲက အဆိပ်အတောက်ပဲ။
ဒီကမ္ဘာဟာ ရန်များတယ်
ငါကိုယ်တိုင် ရန်သူလုပ်လို့
စတေးသူလည်း ဖြစ်ချင်ဖြစ်မယ်။
ငါသေတဲ့အခါ
စကားဝါပန်းတွေ ကြွေလွှင့်ဖို့
ဘုရားမှာ တိုင်တည်မယ်။
လူဆိုတာ စိတ်စေရာကို လွှင့်ရတာ
မင်းဘာစောက်တလွဲ လုပ်လုပ်၊
မင်းဘယ်လောက်ပဲ ကောင်းမွန်နေပါစေ၊
စော၊က်ကောင်းမမြင်နိုင်တာ
လူ့သဘာဝပဲ။
ဒါက ငါတို့ရှင်သန်နေရတဲ့
အမှိုက်သရိုက် လောက။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 14:08


မျက်ကန်းတစ္ဆေမကြောက်တဲ့ ကျွန်မ စုံလုံးကန်းခဲ့တဲ့ ချစ်ခြင်းမေတ္တာမှာ အကို့အကြောင်းတွေချည်း ပဲ့တင်သံတွေ စီစီရီရီ။

စိတ်ဟာဓားလိုထက်တဲ့နေ့တွေဆို သံယောဇဉ်ကို မြေအောက်ခန်းမှာ ခေတ္တဝှက်ထားရတယ်
ကျွန်မသိထားတဲ့ဖြတ်မျဉ်းတစ်ကြောင်းရဲ့သမိုင်းဟာ ဘယ်သူ့ကိုမှထပ်မတိုက်မိခြင်းပဲ အကို။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 13:12


လူတစ်ယောက်ကို မေ့ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ...

အခုတလော ကိုယ့်ကိုယ်ကိုယ် မေးနေမိတဲ့ မေးခွန်းပါ... အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆိုတဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့်လက်တွေ့တွေမှာကျတော့ အဲ့လောက် မလွယ်ဘူးလေ ။

သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ တော်တော်များများကို မေးခွန်းတစ်ခု မေးကြည်​့ သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...

ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတာလေ ။ တကူးတကမှတ်ထားတာမျိုး မဟုတ်ဘူးနော်... သူ့အလိုလို မှတ်မိနေတာမျိုးပေါ့ ။ ပြီးတော့ အစွဲအလမ်းကြီးတာကြောင့်လဲပါတယ် အများကြီး မျှော်လင့်ထားမိတာနဲ့လဲ ဆိုင်တယ် ။

ပြီးတော့ တချို့လူတွေကို အားကျတယ်... ဒီနေ့ ပြီး မနက်ဖြန်ဆိုရင် အရာရာအားလုံးကို မေ့ဖျောက်သွားနိုင်တဲ့အထိ တချို့လူတွေက သွေးအေးပြီးတော့ ရက်စက်တယ်လေ မှတ်မိနေတဲ့သူမှာပဲ တစ်နေ့ထက်တစ်နေ့ ဒဏ်ရာတွေပိုရတာ ။

မအားအောင်...နေ ဆိုလို့လဲ နေကြည့်ဖူးတာပဲ ။ အိပ်မပျော်ခင်စပ်ကြားမှာ သူ့အကြောင်းတွေးမိရင် အဲ့ဒီနေ့ရက်တွေက မိုးလင်းတာများတယ် ။ သူနဲ့ပတ်သက်တာတွေ ဘာမှ မတွေ့ ဘာမှ မကြားအောင်နေဆိုလို့လဲ နေတာပဲ နှလုံးသားထဲစွဲနေတဲ့ အမှတ်တရတွေကိုကော ဘာဖျက်ဆေးနဲ့ ဖျက်ရသလဲ ။

လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ်လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက်ထိ ချစ်ခဲ့မိတာဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီးတော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့တာဆိုတဲ့ အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့လဲ ဆိုင်တယ် ။

နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ်ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခုလောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်းစုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။

-ကျေးကို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 12:22


"ပညာတွေလည်း သိပ်မတတ်ချင်ပါဘူးဗျာ၊ လွမ်းစရာသိပ်များတဲ့ လောကကြီးမှာ ပညာနဲ့လွမ်းရတာ အနာဆုံးပဲ"

"ဘာကို ဆိုလိုတာတုန်းဗျ"

"ဪ ... မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင်၊ ဖြစ်သင့်တာကတစ်မျိုးဆိုတဲ့ အတွေးနဲ့ နှမြောနာကျင်ရတာ ပညာတတ်တွေရဲ့ ၀ဋ်ဒုက္ခပဲလေ"

•တာရာမင်းဝေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 12:09


ကမ္ဘာတစ်ဖက်ခြမ်းမှာ ဘ၀နှစ်ခုထူထောင်နေချိန်
ကမ္ဘာတစ်ဖက်ခြမ်းမှာ ဘ၀တစ်ခုပျက်ဆီး‌ခဲ့ရတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

23 Oct, 06:13


ကောက်ရိုးတစ်မျှင်စာ မေတ္တာဟာ သံဿရာအဆက်ဆက်ချုပ်ငြိမ်းဖို့ လုံလောက်ပါတယ် အချစ်ရေ ။

ရသမျှကုသိုလ် တစ်၀က်ဆီခွဲယူပြီး
ကျသမျှ ငရဲ ကိုယ့်နာမည်သာ တံဆိပ်ကပ်ပါ ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Oct, 02:05


ခြေတစ်လှမ်းခြင်း လှမ်းခဲ့ကြရင်း
ငါတို့နီးစပ်ခဲ့ရာက..
ဘာကြောင့်များ
ဝေးကြရပြန်တာလဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

21 Oct, 00:38


မိန်းမတစ်ယောက်ဟာ ဘယ်လောက်ချစ်ပါတယ်ပြောပြော
သူနာကျင်သွားရင် ရအောင်လွှတ်ချရဲတယ်။
ယောကျ်ားတစ်ယောက်ဟာ
ဘယ်လောက် နာကျင်ရပါတယ်ပြောပြော
သူချစ်နေရင် ဖြစ်အောင်ဖမ်းဆုတ်ထားတယ်။
ဒါဟာ မင်းတို့ငါတို့ကြားက ကွာခြားချက်ပဲ။

-ရိပ်ငြိမ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Oct, 22:55


ဘဝဆိုတာ အမေ့ဝမ်းကစပြီး
ညီမနှုတ်ခမ်းမှာ ဆုံးချင်တာမျိုးပေါ့ ။
နမ်းခွင့်မရှိသေးတဲ့ ပါးပြင်ပေါ်က
သွေးကြောစိမ်းစိမ်းလေးတွေကို
ရေတွက်ခွင့် ရချင်တယ်

- ပြည့်စုံငြိမ်းချမ်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Oct, 15:51


တစ်ယောက်ထဲရှေ့ဆက်ရမဲ့ လမ်းဟာ
ပန်းခင်းထားရင်တောင် ရနံ့မသင်းဘူး
"ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ"
ဆိုတာ ကျွန်တော်ညာတာ ။

အဲ့‌နေ့ထဲက ရှေ့မဆက်နိုင်တော့တာ
ကျွန်တော်က အတိတ်ထဲမှာ
ကျွန်တော်က ပုံရိပ်ထဲမှာ ။

•ခန့်သွယ်
သို့/စတယ်လာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

20 Oct, 06:36


ကျနော်တို့ရဲ့နေ့စဉ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ဟိုဘက်မှာ
ဘာများရှိပါသလဲ

-မောင်ချောနွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Oct, 15:25


သို့/မမ

လိပ်ပြာလေးတွေ လွင့်မယ်
သစ္စာလေးတွေ ပွင့်မယ်
မိုးပြာရောင်ရပ်၀န်းငယ်လေးထဲ
မမကို ခြေဆန့်ကြည့်စေချင်တယ် ။

ဘယ်လောက်ချစ်လဲဆို အသက်တမျှ
မမနဲ့အတူ မည်သူကမျှ
ပန်းမခူးရ၊လမ်းမကူးရ
အဲ့သလောက်ပေါ့...
အဲ့သ‌လောက်ပေါ့...မမ။

•ခန့်သွယ်
ကျွန်တော့်ရဲ့မမ - ၂

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Oct, 14:37


ကျွန်တော်ယုံကြည်တဲ့ အချစ်ဆိုတာကတော့
သူ့ဆီက ဘာမှမလိုချင်ပါဘူး။
ကိုယ်ကသာ ပေးချင်တယ်။
တခြားပေးစရာမရှိရင် အသည်းနှလုံးနဲ့
မျက်ရည်ကိုပဲ ဖြစ်ဖြစ် ပေးမယ်။

-တက္ကသိုလ်ဘုန်းနိုင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Oct, 14:29


မဝေးရဲဘူးဆိုတဲ့ စကားလုံးတိုင်းဟာ အသက်ထက်ဆုံး ချစ်မြတ်နိုးမှု့တွေပါ ဒီကမ္ဘာမှာလည်း ပျော်စရာတွေဟာ ကျွန်မရပ်၀န်းမှာတော့ အလည်မလာတော့ဘူး ။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

19 Oct, 05:54


သက်ရှိကဗျာ(၅၇)

နာကျင်တယ်ဆိုတာ စောက်ရှက်ကွဲတာပဲ
ခင်ဗျား ကျောကို သပ်နေတဲ့
လက်တွေရဲ့ နောက်ဘက်ခြမ်းမှာ ဟာသတွေရှိတယ်။

လူတွေက ရေချိုးခန်းလောက်တောင်
ငိုဖို့ စိတ်မချရတော့ဘူး။

ကိုယ်ထမ်းတဲ့ဝန်ဟာ အလေးဆုံးပဲ ဆိုရင်တောင်
ကိုယ်မထမ်းနိုင်တော့ပါဘူး။

ကျွန်တော် နှုတ်ထွက်ပါတယ်။

-ဘုန်းပြည့်စုံမင်း

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Oct, 16:21


ငါလိုချင်တာ
မင်းကလွှဲပြီး အပမရှိတာ
မင်းဟာ အထိအရှနည်းတယ်
ငါက ရွက်ကြမ်းရေကျို
အဲ့ဒီမှာ ငါတို့နှစ်ယောက် စလွဲတယ်။

မသေချာ မရေရာတဲ့ ပုံပြင်တွေကို
ငါတို့ ဆက်ဆက်နားထောင်ဖူးလိမ့်မယ်။
ငယ်ငယ်က‌တော့ မျှော်လင့်ချက်တစ်ခုပဲ
ငါ့မှာလည်း ကြီးလာရင်ဆိုတဲ့
အတွေးတွေ ရှိခဲ့ဖူးတယ်။
အခုတော့
“မင်းနဲ့အတူဆိုရင်က..”က အစချီပြီး
“မင်းမရှိတော့ရင်..” ဆိုပြီး ဆုံးတယ်။

သဲကန္တာရထဲ ရေငတ်နေတဲ့လူလိုပဲ
မင်းမေတ္တာကို မျှော်လင့်စောင့်စားရခြင်းဟာ
ပေါပေါပဲပဲပါပဲ..။

အဲ့အခါ ငါဘာလို့ မျှော်လင့်ခွင့်ရှိမလဲ။

-နော်ယာ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Oct, 15:03


အပ်ဖျားလောက် ဒဏ်ရာဆိုပေမယ့်
မိုးပျံပူပေါင်းဆို
ဘဝပျက်သွားနိုင်ပါတယ်။

•မင်းခိုက်စိုးစံ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Oct, 09:29


အရာအားလုံးကို ခွင့်လွှတ်ခဲ့တယ်
အရာအားလုံးအတွက်လည်း
သေသေချာချာ တောင်းပန်ခဲ့တယ်
ဒီဘ၀တော့ ဒီအချိန်ကစပြီး
အထိအရှနည်းချင်ပါတယ်။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

18 Oct, 01:07


စက္ကူပန်းတို့ ဒိုင်ယာရီ /၂

ဟေမာန်ဆောင်းကူး လွမ်းဥတုတွေ ဝေဆာလို့လာပြန်ပါပြီ ခုတ်ရာတစ်ခြား ရှရာတစ်ခြားနဲ့ ဘယ်အပင်ကိုမှလည်း ထပ်ရန်မပြုချင်တော့ဘူး ။

ဗန်ဂိုးရဲ့ အဝါရောင်ပန်းချီကားတွေ
မာန်နတ်ရဲ့ ထိန့်လန့်​ဖွယ်ရာ ငရဲခန်းတွေ
တစ်ယောက်တည်း ​ခြေစုံရပ်ကျန်ခဲ့တဲ့ မီးခိုးရောင် ညနေတွေ ။

စိတ်ရဲ့ ပြင်ပမှာ အတွေးရထားတွေ နယ်လွန်လာတော့မှ အလွမ်းဟာ ဘူတာမှားရပ်ဖို့ သတိရခဲ့တယ် အကို ။

ကိုယ်နဲ့မဆိုင်တော့တဲ့ လက်ကလေး လွှတ်ပေးလိုက်တယ် မပိုင်တော့တဲ့ ကောင်းကင်ကို ကျောခိုင်းခဲ့တယ် အဲ့သလောက်ဆို ဒီမြေကမ္ဘာမှာ အသည်းကွဲသူ နောက်တစ်ယောက် ခြေချခွင့်ရှိပြီ မဟုတ်လား ။

မှိုင်းညို့ရီပြာမိုးသံကြားမှ အတိတ်ကံတွေ ကာလာစုံယှဥ်တွဲဖို့ ဝေးရာဝေးကြောင်း ဆုတောင်းသံ ကျွန်မအခန်းအနီး လွှင့်ဝဲနေတယ် ။

ပန်းဆိုတာမျိုးက ဆံနွယ်မှာသာ
တင့်တယ်တာပါ အကို ။

နောက်လှည့်မကြည့်ပဲ ပြစ်ထုတ်လိုက်တဲ့ ခဲလုံးလေးမှာလည်း ကိုယ်ပိုင် အိမ်မက်တွေဆိုတာ ရှိတယ် အကို။

ကမ္ဘာမှာ ကဗျာတွေရေးရင်း
ကဗျာမှာ ကမ္ဘာတွေစီရင်း
လေးညှင်းရယ်သံ ခပ်သဲ့သဲ့ဟာ အကို့နှုတ်ခမ်းပါးတွေထံ ။

ဘယ်ရထားမှာမှ မလွဲခဲ့သလို
ဘယ်ဘူတာမှလည်း မမှားခဲ့ကျဘူး
ကျွန်မတို့ဟာ လူချင်းရော စိတ်ချင်းပါ ဝေးခဲ့ကျသူတွေ မဟုတ်လား ။

ပစ္စုပန်ရော အနာဂတ်မှာပါ
ကိုယ်ရယ်သွေး ပြက်လုံးတွေအတွက်
ကျွန်မရဲ့ မေတ္တာတွေ တန်ဖိုးကျနေပြီလား အကို ။

မဝေးရဲဘူးဆိုတဲ့ စကားလုံးတိုင်းဟာ
အသက်ထက်ဆုံး ချစ်မြတ်နိုးမှု့တွေပါ
ဒီကမ္ဘာမှာလည်း ပျော်စရာတွေဟာ ကျွန်မရပ်၀န်းမှာတော့ အလည်မလာတော့ဘူး ။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

17 Oct, 14:40


အပိုင်သိမ်းဖူးတဲ့ အပြုံးတွေ
ဝေးကွာခဲ့တဲ့ ရယ်သံတွေ စေ၊က်တစ်လွဲလည်ပတ်နေတဲ့ သံသရာရထားတွေ ။

အတူတစ်ကွဆိုတဲ့ မနက်ဖြန် အဟောင်းတွေ အပြစ်ဖွဲ့ချင်စရာ ရှည်လျားနှစ်တွေ အချစ်ရေ ပန်းပဲကမ်းကမ်း ဓါးပဲထမ်းထမ်း ရနံ့ဟာရနံ့ မစစ်တော့ဘူး ။

-ရွက်လှေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 23:47


အတိတ်နံရံကို နားကပ်ထောင်
လှောင်ရီနေတဲ့ ပဲ့တင်သံတွေကြား ဝါးမျိုခံရ။
ဖြစ်လွယ်ပျက်လွယ် လောကကြီးထဲ မေတ္တာစစ်ကို ငတ်မွတ်တောင့်တသူတစ်ယောက်အား သနားငဲ့ညှာပါ။
ကမ္ဘာကြီးရဲ့တစ်နေရာ"မှာ မင်းနဲ့ပြန်မဆုံခင်အချိန်အထိ ချစ်ခြင်းမေတ္တာရပ်ဝန်းငယ်အား ရှောင်တိမ်းနေပါရစေ။

-နှင်းသရသွင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 19:22


ရာသီဥတုကလွမ်းစရာဘဲအချစ်ရယ်...၊

ရာသီဥတုကတော့ပုံမှန်လို့ကိုယ်ထင်ပါတယ်
ကိုယ်ကသာ ရာသီဥတုနဲ့သဘဝတရားကိုအကြောင်းပြပြီး လွမ်းတာကိုအကြောင်းတပ်ခဲ့တယ်။

-အင်ဂို

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 17:26


အခုလိုရာသီမျိုးရောက်ရင်
အမွှေးပွအနွေးထည်လေးနဲ့ချစ်စရာကောင်းနေရော့မယ်
ပွဲတော်ရက်တွေရောက်ပြီဆိုရင်
လိုချင်တာတွေကိုပူဆာပြီးဆူပုတ်နေရော့မယ်
ချစ်သောမျက်စိနဲ့ကြည့်တော့ကြည်နူးစရာ
သို့သော်ငြား
လွမ်းတဲ့စိတ်နဲ့ချဉ်းကပ်ကြည့်ပြန်တော့
ပုံရိပ်မှန်သမျှကနာကျင်စရာ

ငါ့ညီရေ... ဒီတစ်ခေါက်တော့
ကော်ဖီတစ်ခွက်ပဲချကွာ
မင်းအစ်မကအစ်ကို့ကိုစိတ်ဆိုးနေပုံရတယ်
'တစ်သက်လုံးဘယ်တော့မှပြန်မလာတော့ဘူး'တဲ့...။

•အလင်းသင်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 16:14


လူတစ်ယောက်ကိုချစ်မိပြီဆိုကတည်းက
အဲ့ဒီ နှလုံးသားဟာ
တယုတယသေမိန့်ကျတော့တာပါပဲ ။

•တာရာမင်းဝေ

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 16:09


"မမမေသည် အလင်းသစ် သဖွယ်
ကျွန်တော့်ဘ၀ ညအလားကွယ်"
ကျွန်တော့်အပေါ် မယိမ်းသည့်တိုင်
ထိုက်သင့်သူအပေါ် ဝေကျပါစေ၊ဖြာကျပါစေ
ကျွန်တော် မေတ္တာမျှပါတယ် ။

•ခန့်သွယ်

မင်းပြောတဲ့ကဗျာဆိုတာဒါလား

16 Oct, 16:08


ထားက ငိုရစ်ဟု ဆိုခဲ့သည့်အတိုင်း
ငိုဖြစ်အောင် ကျွန်တော်ငိုရစ်ပါသည်

ဪ ... ထားရယ်
မငိုလို့ကော ဖြစ်မတဲ့လား
ကိုယ်က ချစ်မိပြီကိုး ...

ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်က
ထားကို စ ချစ်မိပြီကိုး ... ။

•တက္ကသိုလ်ဘုန်းနိုင်
တပြည်သူမရွှေထား

13,224

subscribers

317

photos

28

videos