𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧 @ancient_heaven_ch Channel on Telegram

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

@ancient_heaven_ch


“Learn to rest,not to quit”

๑ ⋆˚₊⋆────ʚ˚ɞ────⋆˚₊⋆

Ch date time - 27.8.2023
Ch restart date time - 16.1.2024

✩ ✼ 。゚・ ☆ ° 。ㅤ→ ༄ ‧₊˚
˖ ∿ 𑁍 ˓ ⊹ ָ࣪ ˓˓ ˒˒ ، ˖ ࣪𑁍 ˖ ՚༹ ˙˖
━ ━ ━ ━ ━ ━ ━ ━ ━ ━ ━

Owner - #𝚉𝙸𝙽𝙽
Sce owner - #lale

Ancient Heaven (English)

Welcome to Ancient Heaven, a Telegram channel dedicated to helping you learn to rest, not to quit. In today's fast-paced world, it's easy to feel overwhelmed and burnt out. That's where Ancient Heaven comes in - providing a sanctuary for you to take a step back, recharge, and find peace amidst the chaos.

The channel was created on 27th August 2023 and is scheduled to restart on 16th January 2024. With a focus on mindfulness and self-care, Ancient Heaven offers a variety of resources and guidance to help you prioritize your well-being.

The owner of the channel is #𝚉𝙸𝙽𝙽, and the scene owner is #lale. Join us on this journey towards inner peace and self-discovery. Remember, it's important to take a break and rejuvenate your mind, body, and soul. Let Ancient Heaven be your guide in the pursuit of true rest and relaxation.

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

24 Nov, 06:46


အနာဂတ်ကိုသာ ကြိုပြင်လို့ရတာ။ ပြီးသွားတဲ့ အတိတ်သမိုင်း ဆိုတာက ပိုက်ဆံတွေ ပုံပေးပြီး ပြန်ပြင်ရေးချင်တောင် ပြင်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့် အတိတ်ဖြစ်လာမဲ့ လက်ရှိပစ္စုပ္ပန် အခိုက်အတန့် တစ်ခုစီ တစ်ခုစီမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကိုပဲ လုပ်စေချင်ပါတယ်။🔳 နိုင်ငံရေးမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာပါပဲ။ ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာပဲ မဟုတ်လား။

ကိုယ့်ကို လူတစ်ယောက်က အပုပ်ချတိုက်ခိုက်တယ်။ သူလုပ်သလို ပြန်လုပ်ရင် ရနေတာပဲ။ ဒါပေမဲ့ ပြန်မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်းမနှိမ့်ပစ်ဘူး။ သူလိုလူတစ်ယောက် အဖြစ်မခံဘူး။

🔳 ဘာလို့လဲ။ စိတ်နေသဘောထား သိပ်မြင့်မြတ်နေလို့လား။ ဒေါသမရှိတော့တဲ့ အရိယာသူတော်စင်မို့လို့လား။

တစ်ခုမှ မဟုတ်ပါဘူး။

“ငါ့အနေအထားကြီးနဲ့ ဒါမျိုးလုပ်စရာလား” ဆိုတဲ့ Self-respect ကြောင့်သာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၄.၁၁.၂၀၂၄

#credit
#selfrespect
#DrPhioThiHa
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

24 Nov, 06:46


“Self-respect”

🔳 ခုနောက်ပိုင်း ရေးကြတာ ရှိတယ်။ “ငါ့အနေအထားကြီးနဲ့” ဆိုတာလေ။ ငါ့လိုလူ၊ ငါ့လို အခြေအနေမှာ ရှိတဲ့လူက ဒါမျိုးလုပ်မလား၊ ဒါမျိုးဖြစ်မလား ဆိုပြီးတော့ပေါ့။

Self-respect ဆိုတာ ဘာလဲ မေးရင် အဲဒီစကားအတိုင်းပဲလို့ တိုတိုတုတ်တုတ် ပြောချင်တယ်။

🔳 ဒီစကားက လူလူချင်း ခွဲခြားဖို့၊ နှိမ်ဖို့၊ ဘဝင်မြင့်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့၊ ကိုယ့်အဆင့်ကိုယ် ဆွဲမချမိဖို့တော့ သိပ်အရေးကြီးတယ်။

ဥပမာ အခြေအနေလေး ၃ ခု ပြောပြမယ်။

🔳 ကိုယ်က လူတစ်ယောက်ကို ချစ်တယ်။ ဒီလူက ကိုယ့်အပေါ် မကောင်းဘူး။ ကိုယ့်ကို လျစ်လျူရှုတယ်။ တန်ဖိုးမထားဘူး။ အနိုင်ကျင့်တယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တယ်။ နောက်ကွယ်မှာ ဖောက်ပြန်တယ်။ ဒါပေမဲ့ ကိုယ်က ကြိတ်မှိတ်ပြီး ဆက်တွဲနေတယ်။ ဆက်ပေါင်းနေတယ်။

အဲဒါ ဘာလဲဆိုတော့ Self-respect မရှိတာပဲ။ ကိုယ့်ကိုယ်ကိုယ် မလေးစားလို့၊ တန်ဖိုးမထားလို့ ဒီလိုဆက်ဆံတာကို ငြိမ်ခံနေတာလေ။

🔳 အောက်တစ်ဆင့် ထပ်စဉ်းစားမယ်။ ဘာလို့ အဲဒီလို ဖြစ်တာလဲ။

ငယ်ဘဝနဲ့ ဆိုင်ကောင်းဆိုင်နိုင်တယ်။ မကြာခဏလည်း ရေးဖူးသလို၊ ကျွန်တော်တို့ရဲ့ Self-esteem ဆိုတာကို ငယ်ဘ၀ အတွေ့အကြုံတွေက အဓိက ပုံဖော်ပေးလိုက်တာ။ မိဘအုပ်ထိန်းသူတွေက ဘယ်လိုဆက်ဆံခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ၊ သူတို့ဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ရဖို့ တကူးတက ကြိုးစားခဲ့ရသလား စတာတွေပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်၊ တန်ဖိုးထားမှု၊ ဒါတွေ ဖြစ်တည်လာတယ်။

ဒါကြောင့်လည်း Toxic relationship ထဲ ပိတ်မိနေသူ အများစုကို ကြည့်လိုက်။ ဖြစ်တည်တဲ့ မိသားစုဘဝက အဆင်မပြေခဲ့တာ၊ အဆင်မပြေနေတာကို တွေ့ရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့သူတွေ အဲဒီလို ပိတ်မိနေတယ် ဆိုတာ သိပ်ရှားတယ်။

🔳 နောက်တစ်ချက်က လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်။ ထင်ရှားတဲ့ ဥပမာတစ်ခုဆို အိမ်ထောင်ကွဲသွားတာ။ အဲဒီမှာမှ ယောက်ျားတစ်ယောက် အိမ်ထောင်ကွဲသွားတာထက် မိန်းမတစ်ယောက် ကွဲသွားတာက တန်ဖိုးပိုကျသွားစေတယ်။ အဓိကအားဖြင့် ဖိုဝါဒ ကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာပေါ့။ သူ့ကိုယ်သူ Divorcee, Single mom စသဖြင့် သိမ်ငယ်စိတ်က ရှိနေတော့ သူ့ကို တန်ဖိုးမထားတဲ့အပေါ်မှာ သူကိုယ်တိုင်ကိုက လက်ခံနေမိတော့တာ။

လုပ်ငန်းခွင်ထဲက ဆက်ဆံရေးတွေမှာလည်း ဒီလိုပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့သူဟာ ဘယ်သူ ဘာလာပြောပြော၊ ဘယ်လိုဆက်ဆံဆက်ဆံ၊ မတုံ့ပြန်ဘူး။ ငုံ့ခံတယ်။ တိတ်တိတ်ကလေးပဲ ခံစားနေတတ်တယ်။

🔳 ဒုတိယဥပမာက ကိုယ်ကျင့်တရား။

မဖောက်ပြန်ဘူး၊ ငွေအလွဲသုံးစား မလုပ်ဘူး ဆိုတာတွေမှာ လူသိသွားမှာစိုးလို့၊ ကဲ့ရဲ့ခံရမှာစိုးလို့ ဆိုတဲ့ အပြင်ရန်ကို ကြောက်လို့ မလုပ်တာက ရေရှည်မခံဘူး။ ကိုယ့်ကိုယ်ကိုယ် ရှက်တဲ့စိတ်၊ တစ်နည်းအားဖြင့် အတွင်းက အပူကို ကြောက်လို့ မလုပ်တာကမှ ပိုတည်မြဲတာ။

ပြောရရင် ဒါလည်း Self-respect ပဲ။ ငါ့အနေအထားကြီးနဲ့ ဒီလိုတွေ ပြောရမှာ၊ လုပ်ရမှာ၊ အလွဲသုံးရမှာ ရှက်တယ်။ ဒါကြောင့် မလုပ်ဖြစ်ကြတာပဲ။ လုပ်ခွင့်မသာလို့တော့ မဟုတ်ဘူး။ မလုပ်ချင်လို့လည်း မဟုတ်ဘူး။

🔳 နောက်ဆုံးဥပမာက မတရားမှုကို မြင်ရတဲ့အခါ။

နိုင်ငံရေးတွေ ဘာတွေ သိလို့တော့ မဟုတ်ဘူးပေါ့။ မတရားတာတော့ သေချာတယ်။ လူ့အဖွဲ့အစည်းအတွက် မကောင်းနိုင်တာလည်း သေချာတယ်။ ဒါကြောင့် နှုတ်ဆိတ်မနေချင်ဘူး။

ဒီလောက်ရက်စက်ယုတ်မာနေတာတွေ မြင်နေပါလျက်နဲ့ ဘာမှဖြစ်မနေသလိုတော့ လုပ်ပြမနေချင်ဘူး။ ကိုယ့်အကျိုးစီးပွားအတွက် လက်အုပ်ချီပြီးလည်း ဒူးထောက်ခယမနေချင်ဘူး။ ဒီအတွက် ဒီလမ်းကို လျှောက်တယ်။ ဒီရွေးချယ်မှုကို လုပ်တယ်။ ဒါပဲ။ Nothing more, Nothing less.

🔳 ဒါကြောင့်ပဲ ခုလောက်ထိ တောင့်ခံနိုင်ကြတာ ဖြစ်တယ်။ ဒီ ၄ နှစ်နီးပါးအတွင်း ပိုအောင်မြင်ဖြစ်ထွန်းလာကြသူတွေ တပုံကြီး။ ပျော်နေကြသူတွေလည်း တပုံကြီး။ ကိုယ့်အတွက်ပဲ စဉ်းစားနေသူတွေလည်း ဒုနဲ့ဒေး။

ဒါဖြင့် ဘာလို့ ခေါင်းမာမာနဲ့ ဆက်လျှောက်ဖြစ်နေလဲ မေးရင် နိုင်မယ်ထင်လို့ နိုင်မြင်းလောင်းနေတာ မဟုတ်ဘူး။ “ငါ့အနေအထားကြီးနဲ့ ဒါမျိုးလုပ်နေရမှာတော့ ရှက်တယ်ဟ” ဆိုတဲ့ စိတ်တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။

ဒီအခါ ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိတော့ဘူး။ နိုင်ခြင်း၊ ရှုံးခြင်းရလဒ်တွေအပေါ် တွေးမပူတော့ဘူး။ လုပ်သင့်လို့ လုပ်လိုက်တယ်။ ရွေးသင့်လို့ ရွေးလိုက်တယ်။ ဒီလို ရှင်းရှင်းကလေး ဖြစ်သွားတယ်။ ပိုလည်း လွတ်လပ်သွားတယ်။

🔳 ပင်ပန်းတဲ့အခါ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဘယ်သူမဆို စိတ်ခံစားချက်က လွန်ကဲလာတာပဲ။ Emotional Brain က အလုပ်လုပ်လာတာပဲ။

အဲဒီအခါတိုင်း ပြန်မေးကြည့်သင့်တာက ကိုယ်အခုလုပ်မဲ့ ရွေးချယ်မှုကို ကိုယ့်ရဲ့ Future self က ဂုဏ်ယူနေမယ် ထင်သလား ဆိုတာပါပဲ။

🔳 ဂုဏ်ယူနေရမယ် ထင်ရင် လုပ်။ ရှက်နေရမယ် ထင်ရင် မလုပ်နဲ့။

ဘဝက တိုတိုလေး။

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

21 Nov, 09:05


"လမ်းဆုံ"

🔳 ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ခုချိန်မှာပြန်ဆုံဖို့ တော်တော်ခက်ကုန်ပြီ။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေဆိုလည်း အကွဲကွဲအပြားပြား။ ခု ခင်မင်နေရတဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေရော၊ ဒီလူတွေနဲ့လည်း ခွဲရဦးမှာပဲ။ ပညာဆက်သင်တဲ့သူက သင်မယ်၊ အလုပ်ပြောင်းတဲ့သူက ပြောင်းမယ်။

ဒါဖြင့် အိမ်က မိသားစုနဲ့ရော။ ခွဲရမှာပဲ။ သိပ်ချစ်ရတဲ့ ချစ်သူတွေလည်း တစ်နေ့တော့ ခွဲခွာရမှာပဲ။ ကျွန်တော်တို့တွေဟာ ကိုယ့်လမ်းကိုယ်လျှောက်နေကြတုန်း အခိုက်အတန့်သဘော လမ်းဆုံမှာ တွေ့နေကြရတာသာ ဖြစ်ပါတယ်။ ဒါက ရွေးချယ်လို့၊ ရှောင်လွှဲလို့ မရတဲ့ အမှန်တရား။

🔳 ကျွန်တော်တို့ ရွေးချယ်လို့ ရတာကတော့ အဲ့ဒီလို ဆုံရတုန်း အခိုက်အတန့်မှာ ဘယ်လိုသဘောထား၊ ဘယ်လိုစိတ်ထားမျိုးတွေနဲ့ ဆက်ဆံကြမလဲ ဆိုတာပါပဲ။

အခွင့်သာတုန်း နှက်လိုက်မဟဲ့၊ အနိုင်ယူလိုက်မယ်ဟဲ့၊ ပါးပါးလှီးလိုက်မယ်၊ ဂျင်းထည့်လိုက်မယ်၊ အဲ့လိုလုပ်လိုက်ရတဲ့အခါမှာလည်း အောင်နိုင်သူတစ်ယောက်လို ပီတိဖြစ်နေမယ် ဆိုတာမျိုး ရွေးလို့ရသလို၊ ကြုံရတုန်းလေးမှာ ငါ သူ့ကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်၊ စိတ်ချမ်းသာအောင် ပြောပေးလိုက်မယ် ဆိုတာကလည်း ကိုယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

🔳 ကိုယ်က တက္ကစီမောင်းသူတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ကားပေါ်ကို ခရီးသည်တစ်ယောက်က နှစ်ခါစီးဖြစ်တယ်ဆိုတာ ခပ်ရှားရှားပါ။ ဒီတော့ သူနဲ့ကိုယ်နဲ့ လမ်းဆုံမှာ ဆုံတုန်းလေး အဆင်ပြေအောင် ကူညီပေးလိုက်ပါ။ လိပ်စာသေချာမသိဘူးဆို ကူရှာပေးလိုက်၊ တွေ့တဲ့နေရာ ချမသွားနဲ့၊ နည်းနည်းလေး ပိုမောင်းပေးရတာကို ငွေမတန်တဆ ထပ်မယူနဲ့။

ကိုယ်က ဆရာဝန်တစ်ယောက် ဖြစ်နေသလား။ ဘယ်လူနာမှ ဆေးရုံဆေးခန်းဆိုတာကို ခဏခဏ မလာချင်ပါဘူး။ ဒီတော့ ကိုယ့်ဆေးခန်းကို ရောက်လာတဲ့ လူနာတွေကို ရောဂါသက်သာရုံတင်မကဘဲ စိတ်ကျေနပ်မှုရှိအောင် ငါ ဘယ်လိုလုပ်ပေးလိုက်မယ်၊ ဘယ်လိုဆက်ဆံပေးလိုက်မယ် ဆိုတာမျိုး တွေးကြည့်ပါ။

🔳 ကိုယ်က ဈေးဝယ်စင်တာတစ်ခုရဲ့ အရောင်းသမားတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီ ရောက်လာသမျှ လူအားလုံးကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါ။ ကိုယ့်ဆီမှာ မရနိုင်တာတွေအတွက်လည်း သိသလောက် လမ်းညွှန်ပေးလိုက်ပါ။

ကိုယ်က ဝန်ဆောင်မှုပေးရသူတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီလာသမျှ Customer တိုင်းကို ကိုယ်လိုပဲ သဘောထား၊ ကိုယ်ချင်းစာပေးပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးလိုက်ပါ။

🔳 အဲဒီလိုသာ လူအားလုံး သဘောထားနိုင်ခဲ့ရင် ကမ္ဘာကြီး အတော်အေးချမ်းမယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမယ့် သေချာတာက ကိုယ့်ဘဝလေးကတော့ အင်မတန် အေးချမ်းပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းဟာ အဓိပ္ပါယ်ရှိနေပါလိမ့်မယ်။

​ဒေါက်တာ ဖြိုးသီဟ
၂၇.၁၁.၂၀၁၆

#credit
#စာပေ
#DrPhioThiHa
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

19 Nov, 15:28


အသီးအရွက် ဝေါဟာရများ။


#credit
#english
#vegetables
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

17 Nov, 14:13


ငါက သူများတွေနဲ့ ယှဉ်လိုက်ရင် အသုံးမကျပါဘူး။
ငါ့ကို ဘာလို့ အဲဒီလို မုန်းနေရတာလဲ။
ငါ့ဘက်က ဘာလိုအပ်သွားလို့လဲ။
ငါ လုပ်ပေးနေတာတွေ မလုံလောက်သေးလို့ ဖြစ်မယ်။

ဒီလိုတွေ တွေးမိတတ်ကြတယ်။

🔳 “မြေပျော့ရင် ခြေရာထင်တယ်၊ စိတ်ပျော့ရင် ဒဏ်ရာဝင်တယ်” တဲ့။

ဆယ်တန်းတုန်းက မြန်မာစာဆရာဆီက စာအုပ်လက်ဆောင်လေး ရတော့ ရှေ့ဆုံးစာမျက်နှာမှာ ရေးပေးလိုက်တဲ့ စာသားကလေး။ အခုထိ မမေ့ဘူး။

🔳 တကယ်လည်း ဟုတ်တယ်။ ကိုယ့်စိတ်ကသာ ပျော့နေရင်လေ ဒဏ်ရာသိပ်ရလွယ်တာနော်။ လူတကာအကြိုက်ကို လိုက်ချင်နေရင်၊ လူတိုင်းချစ်တာ ခံချင်နေရင်၊ လူတွေရဲ့ Approval ကို သိပ်လိုချင်နေရင် Group chat ထဲမှာ ကိုယ့်ရဲ့ စာကို သိပ်မတုံ့ပြန်ကြတာလေးကအစ ခံစားစရာတွေချည်း။ တခြား ကြီးကြီးမားမားတွေဆို မပြောနဲ့တော့။

ကိုယ်ဒဏ်ရာရလွယ်တာ သိလေလေ၊ တစ်ဖက်လူက ဖိနင်းလေလေ။

ကိုယ့်ကို ဘယ်လောက်နင်းနင်း ဘာမှမဖြစ်တာ၊ ကိုယ့်မြေ ဘယ်လောက်မာတာ သိထားရင်လည်း ဘယ်သူကမှ အပင်ပန်းခံပြီး အားစိုက်နင်းမနေတော့ဘူး။ ဒါ ထုံးစံပဲ။

🔳 မကြာခဏလည်း ရေးဖူးသလို၊ လူတွေ ကိုယ့်အပေါ် ဘယ်လိုဆက်ဆံသလဲ ဆိုတာ ကိုယ့် Personality ရဲ့ ရောင်ပြန်ဟပ်မှုပဲကိုး။

ဒါကြောင့် မြေမာအောင် လေ့ကျင့်ထားဖို့ လိုတယ်။

🔳 ဒီလိုပြောလို့ ခက်ထန်မာကြောနေရမယ်၊ ရိုင်းစိုင်းကြမ်းတမ်းရမယ် မဆိုလိုဘူး။ နူးညံ့ရင်း၊ ယဉ်ကျေးရင်းနဲ့လည်း စိတ်ဓါတ်ခိုင်မာအောင် လုပ်လို့ရတယ်။ ရိုင်းစိုင်းနေရင်းနဲ့လည်း အတွင်းထဲမှာ လစ်ဟာနေသူတွေ၊ ပြိုလဲလွယ်သူတွေ တပုံကြီး။ အဲဒီနှစ်ခုက သပ်သပ်စီပဲ။

တတ်နိုင်သမျှတော့ မမြင်အောင်၊ မတွေ့အောင်၊ မကြားအောင် ရှောင်။ စိတ်ညစ်စရာတွေ များလှတဲ့ကာလမှာ ဘာအတွက်ကြောင့်များ ကိုယ့်စိတ်ကို ညစ်ညူးစေမဲ့ လူတွေကို ကိုယ့်ဘဝထဲ ဆက်ထားမလဲ။ ကိုယ့် Social circle ထဲ ဆက်ရှိနေစေမလဲ။

သို့သော် ၁၀၀ % ရှောင်လွှဲလို့တော့ ရမှာမဟုတ်ဘူး။ အဲဒီအခါတိုင်း “ကိုယ်လက်ခံမှ ဖြစ်တာ၊ ကိုယ်လိုက်ခံစားနေလို့သာ သူတို့စကားတွေက အရာထင်နေတာ” ဆိုတာလေးကို ပြန်သတိရစေချင်တယ်။

🔳 ကျွန်တော်တို့ ကိုးကွယ်နေကြတဲ့ ဘုရားတွေတောင် ရှောင်ရှားနိုင်ခဲ့တဲ့ ကိစ္စမှ မဟုတ်တာ။ လောကလူသားတိုင်း ကြုံကြရတဲ့ လောကသဘာဝပဲ။ ဒါကြောင့် တအားလည်း ငြင်းဆန်မနေနဲ့။ ငါ ဒီလောက်ကောင်းအောင် နေနေလျက်နဲ့ ဆိုပြီးလည်း တွေးမနေနဲ့။ ဘယ်လိုနေနေ ဘာတွေလုပ်လုပ် “မင်းဖြစ်နေလို့ကို ကြည့်မရတာကွာ” ဆိုတဲ့သူက သပ်သပ်ရှိတယ်။

ကိုယ်က ဘယ်လိုခံယူသလဲ၊ ဘယ်လိုရင်ဆိုင်သလဲ ဆိုတာကပဲ အဓိက စကားပြောသွားတာ ဖြစ်ပါတယ်။

🔳 လဲစေချင်လို့ လှဲပစ်တဲ့သူ၊ ပြိုစေချင်လို့ ဖြိုတဲ့သူ၊ လောင်စေချင်လို့ လှောင်တဲ့သူကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပြလိုက်မဲ့အစား၊

ဘယ်လောက်လှဲလှဲ မလဲဘူး၊ ဘယ်လောက်ဖြိုဖြို မပြိုဘူး၊ ဘယ်လောက်လှောင်လှောင် မလောင်ဘူး ဆိုပြီး တုံ့ပြန်ပြလိုက်စမ်းပါ။ ရှေ့ဆက်ပြလိုက်စမ်းပါ။

🔳 ကိုယ့်မြေသားက မာလာတဲ့အခါ ဘယ်သူ့ခြေရာကမှ မထင်ကျန်နိုင်တော့တာကို တွေ့လာရပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၂.၁၁.၂၀၂၄

#credit
#စာပေ
#DrPhioThiHa
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

17 Nov, 14:13


"ကိုယ်လိုက်ခံစားနေလို့ ဖြစ်တာပါ"

🔳 လူရယ်လို့ ဖြစ်လာရင် ဝေဖန်မှု၊ တိုက်ခိုက်မှု၊ အပုပ်ချမှုဆိုတာ ကြုံရတတ်တာပါပဲ။ လောကဓံ ဆိုတာ “လောကဓမ္မ” ဆိုတဲ့ စကားလုံးက လာတာမို့ ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။ ကိုယ်က ဘယ်လောက်လူသိများသလဲ၊ မများသလဲပေါ် မူတည်ပြီးပဲ အနည်းနဲ့အများ ကွာခြားသွားကြတာ ဖြစ်ပါတယ်။

အစွန်းမရောက်အောင် ပြောရရင်တော့ - ဝေဖန်ခံရတိုင်း ငါ့ကို မနာလိုနေကြတာ၊ မကောင်းပြောခံရတိုင်း ငါ့ကို အသားလွတ် တိုက်ခိုက်နေကြတာလို့ တန်းမမြင်စေချင်ဘူး။ ကိုယ့်မှာရော ဘာအားနည်းချက် ရှိနေလဲ၊ ဘာတွေ မှားနေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်သင့်တယ်။

🔳 တစ်ဖက်မှာလည်း ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ၊ ဘယ်လိုကောင်းတာတွေပဲ လုပ်လုပ်၊ အမြင်မကြည်တဲ့သူ ရှိတယ်။ ကြည့်မရတဲ့သူ ရှိတယ်။ မုန်းနေတဲ့သူ ရှိတယ်။ ဒါကို သဘောပေါက်ထားဖို့ လိုတယ်။

ကျွန်တော်လည်း စစချင်းတော့ အတော်လေး အံ့သြရတယ်။ ငါ ဒီလောက်ကောင်းအောင် နေနေပါလျက်နဲ့၊ ကောင်းတာတွေ လုပ်နေပါလျက်နဲ့၊ ငါ့ကို မုန်းတဲ့သူ၊ ကြည့်မရတဲ့သူက ဒီလောက် အုံနဲ့ကျင်းနဲ့ ရှိနေတာပါလား ဆိုတာကို လက်မခံနိုင်တာပေါ့။ နောက်မှ ဒါ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့အရာပဲလို့ နှလုံးသွင်းနိုင်လိုက်တာ ဖြစ်ပါတယ်။ မဟုတ်ရင် တအားလောင်နေရလိမ့်မယ်။ ကောင်းတာ လုပ်ချင်စိတ်တွေပါ ပျောက်သွားနိုင်တယ်။

ဒါကြောင့် “လောကဓမ္မ” ဆိုတဲ့ စကားကို အမြဲသတိရစေချင်ပါတယ်။

🔳 လိုတာထက် ပိုပြီးလည်း လိုက်မခံစားနေစေချင်ဘူး။ ကျွန်တော်ဆို တစ်ခါ အဆဲခံရပါတယ်။ ကိုယ့်ပို့စ်အောက်မှာ ပွဲဖြစ်နေတာပေါ့။ ကျွန်တော်က မကြည့်မိဘူး။ ရေးထားတဲ့ ဆောင်းပါးကလည်း ပွဲဖြစ်စရာအကြောင်း မရှိဘူးလေ။ ဘယ်တုန်းကမှလည်း အဲဒီလိုတွေ ရေးဖူး၊ ပွဲရှာဖူးတာမှ မဟုတ်တာ။

အသိတွေ လာပြောလို့ သွားကြည့်မှ ဆဲထား၊ ပြောထားတာတွေ ပလူကို ပျံနေရော။ အဲဒီမှာ အတွေးတစ်ခု ဝင်သွားတယ်။ “လူတွေက ဘယ်လောက်ပဲ ဆဲနေဆဲနေ၊ ကိုယ်မမြင်ရင် ဘာမှမဖြစ်ဘူး” ဆိုတာပဲ။

တော်တော်များများ ကြားဖူးကြမယ် ထင်တယ်။ လာဆဲရေးတဲ့ ပုဏ္ဏားကို ဗုဒ္ဓပြန်ပြောတဲ့စကား။ ပစ္စည်းတစ်ခု လာပေးလို့ တစ်ဖက်လူက မယူဘူးဆို အဲဒီပစ္စည်း ဘယ်သူ့လက်ထဲ ကျန်သလဲတဲ့။ ပေးတဲ့သူရဲ့ လက်ထဲပဲ ကျန်တာလေ။ ဆဲတဲ့စကားကလည်း အဲဒီလိုပဲတဲ့။

🔳 ဒီနေရာမှာ ဆဲတဲ့စကားကို ကိုယ်လက်မခံမိဖို့ ဆိုတာ ကြားခံ ၂ ဆင့် ရှိမယ်။

တစ်ဆင့်က မြင်လည်းမမြင်၊ ကြားလည်းမကြားရင် ဒီစကားတွေ ကိုယ့်ဆီ ရောက်မလာတော့ဘူး။

နောက်တစ်ဆင့်က မြင်မိတယ်၊ ကြားမိတယ်၊ သို့သော် စိတ်က လိုက်မခံစားရင်လည်း သူတို့စကားတွေ အရာမထင်တော့ဘူး။ (ဗုဒ္ဓကျ ဒီလိုအဆင့်မျိုး။ ဒါမျိုးကျ တော်ရုံစိတ်ဓါတ်ခိုင်မာမှုနဲ့တော့ မရနိုင်တော့ဘူးပေါ့။ ဒေါသလည်း မထွက်၊ မေတ္တာလည်း မပျက်၊ ကိုယ်လုပ်ရမဲ့ အလုပ်ကိုလည်း မယိမ်းမယိုင် ဆက်လုပ်နိုင်မှ ရတာ။ ဒါကြောင့်လည်း ဥပေက္ခာတရားက အခက်ဆုံးလို့ ပြောရတာပေါ့)

🔳 ကျွန်တော်တို့ကျ ဘာတွေလုပ်မိလဲ ပြန်စဉ်းစားကြည့်။ အဲဒီကွန်မန့်တွေ၊ ပို့စ်တွေ လိုက်ဖတ်တယ်။ (တချို့ဆို ဘလော့ခ်ထားပြီးမှ အကောင့်တုနဲ့ သွားသွားကြည့်ကြသေးတယ်) ဘယ်သူက ငါ့ကို ဘာပြောလဲ လိုက်မေးတယ်။ မမြင်မြင်အောင်၊ မကြားကြားအောင် အားထုတ်နေကြတာ။

မြင်ပြီး ကြားပြီးရင်လည်း စိတ်ကို မထိန်းသိမ်းနိုင်ဘူး။ အကြီးအကျယ်တွေ လောင်ကြရော။

🔳 လောင်တာမှာမှ “အပြင်လောင်” နဲ့ “အတွင်းလောင်” ဆိုပြီး ရှိသေးတယ်။ တချို့က အပြင်ကို ပွင့်ထွက်လာတယ်။ ဆဲမယ်၊ ဆိုမယ်၊ ဒေါသတွေ ထွက်မယ်၊ တုံ့ပြန်မယ်။ အဲဒီကမှတဆင့် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်လာမယ်။

လုပ်သင့်သလောက်တော့ လုပ်တာ ကောင်းပေမဲ့ တစ်ခါတလေမှာ အဲဒီလို ဖြစ်စေချင်လို့ ဆွတဲ့သူတွေ ရှိတတ်တော့ ကိုယ်လောင်နေတာကို သူတို့ကို မြင်ခွင့်ပေးလိုက်ခြင်းဟာ အနိုင်ပေးလိုက်ရတာနဲ့ တူတူပဲလို့ ကျွန်တော်ကတော့ ခံယူတယ်။

စဉ်းစားကြည့်လေ။ အသံလုံခန်းထဲက အော်ဆဲနေရတဲ့အဖြစ်မျိုး ဘယ်သူလိုချင်လဲ။ ကိုယ်ကသာ ဆဲနေတယ်၊ ဟိုလူက အပြုံးမပျက်ဘူး။ သူ့အလုပ်တွေ ဆက်လုပ်နေတယ်ဆို အတော်ခံစားရခက်တာ။ ဒါကြောင့် လောင်မပြနဲ့။ လဲမပြနဲ့။ ဒါ အကောင်းဆုံးသော ရင်ဆိုင်တုံ့ပြန်နည်းပဲ။

🔳 အပြင်ကို ထွက်လာတာက နည်းနည်းတော်သေးတယ်။ ပိုဆိုးတာက “အတွင်းလောင်” ။ ထုတ်တော့ မပြောဘူး။ စိတ်ထဲမှာ ကြိတ်ခံစားနေတာ။ အဲဒါမျိုးကျ ကိုယ့်အတွက် ရေရှည်မကောင်းဘူး။

အထူးသဖြင့် လူအများအကြိုက် လိုက်တတ်သူတွေ၊ လူတွေရဲ့ မှတ်ချက်၊ ပြုမူဆက်ဆံပုံတွေပေါ် မူတည်ပြီးမှ ကိုယ့်တန်ဖိုးကို သတ်မှတ်တတ်သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တတ်သူတွေ၊ တည့်တည့်ပြောရရင် Self-esteem အားနည်းသူတွေမှာ အဲဒါမျိုး တွေ့ရတတ်တယ်။

🔳 ငယ်ဘ၀ အတွေ့အကြုံတွေနဲ့လည်း ဆိုင်လိမ့်မယ်။ ငယ်ငယ်ကတည်းက အုပ်ထိန်းသူတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေကို ရဖို့ ကိုယ့်ဘက်ကပဲ အမြဲအားထုတ်ခဲ့ရသူတွေဟာ ကြီးလာတဲ့အခါမှာလည်း အဲဒီလို ကြိုးစားနေမိတတ်တယ်။ လူတွေက မကြိုက်တော့ရင်၊ တစ်ခုခု မကောင်းပြောရင်၊ အပြစ်တင်ရင်၊ ဝေဖန်ရင် လိုတာထက် ပိုပြီး ပြိုလဲတတ်ကြတယ်။ငါက တောင်းပန်ခြင်းနဲ့ မထိုက်တန်လို့လား။

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

14 Nov, 14:48


တချို့တွေ မွေးကတည်းက ရောဂါပါလာတယ်။ မိဘက စွန့်ပစ်သွားတယ်။ ဒါမှမဟုတ် အဆိပ်အတောက်ဆန်တဲ့ မိဘနဲ့ ဆုံရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်တယ်။ တချို့တွေ အိမ်ထောင်ရေးကံ မကောင်းဘူး။ ပစ္စည်းဥစ္စာတွေ မြောက်များစွာ ဆုံးရှုံးတယ်။ ရေးမယ်ဆို မကုန်နိုင်ဘူးပေါ့။

🔳 စစချင်းတော့ ကျွန်တော်ထင်တယ်၊ ဘယ်သူမှ တန်းပြီး လက်သင့်မခံနိုင်ကြပါဘူး။ Why? ဆိုတဲ့ မေးခွန်းကို မေးကြမှာပဲ။

- ဘာလို့ ငါ့ကျမှ ဒီလိုမွေးကတည်းက ရောဂါပါလာတာလဲ။
- ဘာလို့ ငါ့ကျမှ ဒီကင်ဆာက ဖြစ်ရတာလဲ၊ တခြားရွယ်တူတွေဆို ကျန်းကျန်းမာမာပဲ။
- ဘာလို့ ငါကျမှ ဒီလိုမိဘဆီမှာ လာဝင်စားရတာလဲ။
- ဘာလို့ ငါ့ကျမှ ဒီလိုအိမ်ထောင်ရေးကံ မကောင်းရတာလဲ။
- ဘာလို့ ငါကျမှ ဒီလိုဆင်းရဲနေရတာလဲ။

နောက်မှ တဖြည်းဖြည်းနဲ့ အခြေအနေကို လက်သင့်ခံနိုင်လာကြတာပါ။

🔳 အဲဒီလို လက်မခံနိုင်သရွေ့လည်း လောကကို စိတ်အချဉ်ပေါက်နေမိတတ်တယ်။ ဘာလို့ဆိုတော့ စဉ်းစားကြည့်လေ၊ Fair မှ မဖြစ်တာ။ Logic မှ မကျတာ။ အဖြေမှ မရှိတာ။

အဲဒီအတွက် အဖြေတစ်ခုခုကို ကိုယ့်ဟာကိုယ်ရှာပြီးပဲ ပေးလိုက်ကြရပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင်တော့ “သြော် အတိတ်ဘဝက ဘာလုပ်ခဲ့လဲမှ မသိတာ” ဆိုတာမျိုးနဲ့ပေါ့။ အဲဒီအခါကျ ငါလုပ်ခဲ့လို့ ငါပြန်ခံရတာ ဆိုပြီး Fair ဖြစ်သွားတယ်။ အဖြေရှိသွားတယ်။ သက်သာရာ ရသွားတယ်။

🔳 ဒါကြောင့် ဘာသာရေး ဆိုတာ ကျွန်တော်တို့ဘဝရဲ့ အဖြေမရှာနိုင်တဲ့ အရာတွေကို စိတ်သက်သာရာ ရစေတဲ့ Tool တစ်ခုပဲလို့ ပြောတာ။ မှန်တာ၊ မမှန်တာ၊ သက်သေရှိတာ၊ မရှိတာ ခဏထား။ စိတ်တော့ သက်သာရာ ရသွားစေတယ်။

ဘာသာရေးဘက်ကမှ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့တော့ ဒီကိစ္စရပ်တွေကို အဖြေထုတ်လိုက်ကြရတာပဲ။ ငြင်းဆန်နေသရွေ့တော့ စိတ်အချဉ်ပေါက်နေဖို့၊ အဆိုးမြင်စိတ်တွေ များနေဖို့၊ ပိုအဆင်ပြေနေတဲ့သူတွေ တွေ့ရင် မျက်မှန်စိမ်းနဲ့ လိုက်ကြည့်မိနေဖို့ပဲ ရှိလိမ့်မယ်။

🔳 အဲဒီကနေမှတဆင့် ဒီကံမကောင်းမှုကနေ ငါ ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာကို စဉ်းစားကြရပါတယ်။ ငါးမရ ရေချိုးပြန်မယ် ဆိုတဲ့ စကားလိုပေါ့။

ကျွန်တော်ဆို ငွေကြေးတွေ သိပ်အဖတ်မတင်တတ်တာ သိထားတော့ တွယ်တာမနေတော့ဘူး။ လှူတယ်။ တန်းတယ်။ မျှဝေတယ်။ မိသားစုနဲ့ ပတ်သက်လို့လည်း နွေးထွေးတယ် မခံစားခဲ့ရတော့ တခြား ကိုယ့်လိုလူတွေကို နွေးထွေးမှု လိုက်ပေးတယ်။ ဂရုစိုက်တယ်။ သူတို့ရဲ့ ခံစားချက်ကိုလည်း ပိုပြီး နားလည်နိုင်တယ်၊ ကိုယ်ချင်းစာပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တယ်။ အဆိုးထဲက အကောင်းတွေပဲ ဆိုပါတော့။

🔳 ဘဝက ပေးလာတဲ့ အရာတွေကို ရွေးချယ်လို့မှ မရတာ။ ကိုယ်ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုပဲ ရွေးချယ်လို့ ရပါတယ်။ သူက ဘာလို့ ငါ့ကို ဒါကြီး လာပေးတာလဲလို့ တွေးနေတာဟာ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အရာတစ်ခုကို သွားပူပန်နေတာနဲ့ တူတယ်။ ပူပန်ရုံ၊ ညည်းတွားရုံအပြင် ဘာမှလုပ်လို့ မရပါဘူး။

ဒီပေးထားချက်အောက်မှာ ငါ ဘာဆက်လုပ်မလဲ၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှင်သန်မလဲ စသဖြင့် ကိုယ်ထိန်းချုပ်လို့ ရတာတွေကိုပဲ အာရုံစိုက်လိုက်ရင် စိတ်တွေလည်း အတော်အဆင်ပြေသွားမယ်၊ ပြဿနာတွေကို ချဉ်းကပ်တဲ့ပုံစံလည်း ပြောင်းသွားလိမ့်မယ် ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၀.၁၁.၂၀၂၄

(ဒီစာက အနိုင်ကျင့် အကြမ်းဖက်မှုတွေ ကြုံလာရရင် ဝဋ်ကြွေးပါလာလို့ ဆိုပြီး ခေါင်းငုံ့ခံဖို့၊ ခွင့်လွှတ်ပေးဖို့ ရေးတာ မဟုတ်ပါဘူး။ အဲဒါတွေနဲ့ ပတ်သက်တဲ့ စာတွေ ရှေ့မှာ ရေးခဲ့ပြီးပါပြီ။ စာတစ်ပုဒ်တည်းထဲမှာတော့ ရှိသမျှ ရှုထောင့်အစုံ ထည့်မရေးနိုင်တာလည်း နားလည်စေချင်ပါတယ်။

ကိုယ့်ကြောင့်လည်း မဟုတ်၊ ဘယ်သူ့ကြောင့်မှရယ်လည်း မဟုတ်တဲ့ ကံဆိုးခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တော့ ဒီလိုနှလုံးသွင်းကျော်ဖြတ်နေတယ် ဆိုတာလေးကိုပဲ မျှဝေထားခြင်း ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ ကိုက်ညီဖို့ မျှော်လင့်ထားတာ မဟုတ်လို့ တွေးစရာ တစ်ခုခု ရသွားရင်ပဲ ကျေနပ်ပါတယ်)

#credit
#စာပေ
#Dr.PhioThiHa
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

10 Nov, 13:09


များသောအားဖြင့်တော့ ကျွန်တော်တို့တွေဟာ ဆက်ဆံရေးတွေ အဆင်ပြေစေဖို့ တစ်ဖက်သားကို ပြောင်းလဲလာစေချင်ကြတယ်။ ကောင်မလေးက ကောင်လေးကို၊ မိဘက သားသမီးကို၊ သားသမီးက မိဘကို၊ ယောကျာ်းက မိန်းမကို စသဖြင့်။

ဒါပေမဲ့ မြင်မိသလောက်တော့ အဲ့လို ပြောင်းလဲသွားတာထက် အရှိအရှိအတိုင်း လက်ခံပေးလိုက်လို့ အဆင်ပြေသွားကြတာကသာ ပိုများတယ်။

🔳 ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ပြောင်းလဲသင့်နေတာ သိသိကြီးနဲ့ မပြောင်းလဲနိုင်သေးတာတွေ အများကြီး ဖြစ်နေတဲ့ အချိန်မှာ သွေးမတော် သားမစပ် လူတစ်ယောက်ကို ကိုယ့်အချစ်နဲ့ ပြောင်းလဲပစ်မယ် ဆိုတာက ဝတ္ထုသိပ်ဆန်လွန်းပါတယ်။ လူတိုင်းနီးပါး ငယ်ငယ်ကတော့ အဲ့လိုတွေးခဲ့ဖူးလိမ့်မယ်။

တကယ်တမ်းအရွယ်တစ်ခု ရောက်လာတဲ့အခါမှာတော့ အဲ့လို ပြောင်းလဲခိုင်းမဲ့အစား ကိုယ့်ဘက်က လက်ခံပေးနိုင်အောင်ပဲ ကြိုးစားလိုက်တာက ပိုလက်တွေ့ကျတယ်ဆိုတာ မြင်လာမိတယ်။ ကိုယ်တွေကြားမှာ ဘယ်လောက်ထိ ခြားနားမှု ရှိသလဲ၊ အဲဒါတွေကို ဘယ်အတိုင်းအတာထိ လက်ခံပေးနိုင်မလဲ ဆိုတာက Relationship တစ်ခု တည်မြဲခြင်း၊ ချမ်းမြေ့ခြင်း၊ သာယာခြင်းတို့အတွက် အဖြေတစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၄.၂၀၁၉

#credit
#စာပေ
#Dr.PhioThiHa
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

10 Nov, 13:09


"အချစ်တွေ ရင့်ကျက်သွားတဲ့အခါ"

🔳 ကျွန်တော်တို့အိမ်မှာ ကြောင်လေး နှစ်ကောင် မွေးထားပါတယ်။ ဒီတော့ သူတို့ရဲ့ ဒဏ်တွေ ခံရသပေါ့။ ပစ္စည်းတွေပေါ် အညစ်အကြေးတွေ စွန့်သွားတယ်။ ကျွန်တော်တို့ ကုတင်တွေပေါ် တက်အိပ်တယ်။ ကြောင်မွှေးတွေက နေရာအနှံ့။ အစာဖိုးတွေလည်း ကုန်မှကုန်။

ဒါဖြင့် မေးမယ်။ ဘာလို့ မွေးထားသေးလဲ ဆိုရင်တော့ ကျွန်တော့်အဖေနဲ့ အမေကြောင့်လို့ ဖြေရမှာပဲ။

🔳 သူတို့က အသက်အားဖြင့် ၆၀ ဝန်းကျင်တွေ ဖြစ်လာတယ်။ ကျွန်တော်တို့က မိုးလင်းမိုးချုပ် အပြင်မှာ။ ဒီတော့ သူတို့မှာ အဖော်ဆိုလို့ ဒီကြောင်နှစ်ကောင်ပဲ ရှိတယ်။ တခြားမိဘတွေလိုလည်း ခရီးထွက်ရတာ၊ အပြင်သွားရတာ ဝါသနာပါသူတွေ မဟုတ်ဘူး။ ဒီကြောင်နှစ်ကောင်ကိုပဲ ကလေးတွေလို သဘောထားပြီး တစ်နေ့တစ်နေ့ အဖော်လုပ်နေကြရတာ။

ဒီအခါ ကိုယ်က မိဘကို ချစ်တယ်။ စိတ်ချမ်းသာစေချင်တယ်။ ဒီတော့ ဒီကြောင်လေးနှစ်ကောင်ကိုပါ လိုက်ချစ်ပေးရတယ်။ ဒီကြောင်လေးတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောနေတာသည် အဖေနဲ့ အမေကို စိတ်ကျဉ်းကြပ်စေတာနဲ့ အတူတူပဲ။

🔳 တစ်ခါက အစ်ကိုတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက အိမ်ထောင်သည်။ မိန်းမဖြစ်သူနဲ့က အဆင်မပြေတာလေးတွေ ရှိတယ်။ အထူးသဖြင့်တော့ ပိုက်ဆံကိစ္စ။ သူက ငွေကို စစ်စစ်စီစီ သုံးချင်တယ်။ သူ့မိန်းမက စာရင်းမရှိ အင်းမရှိ။ နောက်ပြီး သူ့မိန်းမရဲ့ သူငယ်ချင်းမတစ်ယောက်ကို သူက ကြည့်မရဘူး။ အဲဒါနဲ့ ပတ်သက်လို့လည်း ပြဿနာ မကြာခဏ တက်ခဲ့ဖူးတယ်။

ဟိုရက်ကတော့ သူ့မိန်းမကို Anniversary လက်ဆောင်ဆိုပြီး ငွေ ၅ သိန်း ပေးသတဲ့။ အဲဒါနဲ့ မေးကြည့်တယ်၊ အစ်ကိုက ဒီလောက်ငွေကြေးကို စိစစ်တာ၊ ခုကျမှ ဘယ့်နှယ့်လုပ် ပေးတာလဲဆိုတာ့ သူ့မိန်းမရဲ့ သူငယ်ချင်းက ငွေအခက်အခဲ ဖြစ်နေတယ်၊ သူ့မိန်းမကလည်း ကူညီပေးချင်နေတယ်၊ ဒါကို သူသိလို့ ပေးလိုက်တာတဲ့။ အဲဒီသူငယ်ချင်းကိုတော့ ကြည့်မရဘူး၊ ကူညီပေးချင်စိတ်လည်း မရှိဘူး။ ဒါပေမဲ့ သူ့မိန်းမ ပျော်အောင်လို့ ပေးတာ။

🔳 “ငါ့ဘက်က ပေးလိုက်ပြီပဲကွာ၊ သူ့ဟာသူ ပိုက်ဆံအိတ်ပဲ ဝယ်ဝယ်၊ ခရီးပဲ ထွက်ထွက်၊ သူ့ဟာသူ လုပ်ချင်ရာလုပ်၊ သူ ပျော်ရင်ပြီးတာပဲ” တဲ့။ စဉ်းစားကြည့်မိတယ်။ တကယ်လို့ သူသာ ၅ သိန်းတန် ပစ္စည်းတခုခု ပေးကြည့်၊ သူ့မိန်းမ ဒီလောက်ပျော်မှာ မဟုတ်ဘူး။ ခုတော့ သူကူညီပေးချင်နေတဲ့ သူ့သူငယ်ချင်းကို ကူညီပေးလို့ ရသွားပြီ။ ယောကျာ်းဖြစ်သူကလည်း သူ့မိန်းမ စိတ်ချမ်းသာနေတာ တွေ့ရလို့ ကျေနပ်သွားပြီ။

အရင်စိတ်နဲ့ဆို ငါ ရှာတဲ့ပိုက်ဆံက မင်းသူငယ်ချင်းအတွက် မဟုတ်ဘူးလို့ ပြောမိလိမ့်မယ်။ ခုတော့ သူ့မိန်းမရဲ့ စိတ်ကို ပြင်မရမယ့်အတူတူ လက်ခံပေးနိုင်အောင်ပဲ ကြိုးစားလိုက်တဲ့ သဘောပေါ့။ အဲဒီသူငယ်ချင်းကို လိုက်ချစ်ပေးလောက်တဲ့အထိတော့ မဟုတ်ဘူး။ သူလည်း လူပဲကိုး။ ဒါပေမဲ့ ဒီသူငယ်ချင်းကို တအားချစ်နေတဲ့ မိန်းမရဲ့စိတ်ကိုတော့ နားလည်ခွင့်ပြုပေးလိုက်တယ်။ ရလဒ်အနေနဲ့ နှစ်ယောက်စလုံးလည်း ပျော်ရွှင်ရတယ်။

ဒီကောင်မလေးကို ကြည့်မရပေမဲ့ ကိုယ့်သားက သူမှသူ ဖြစ်နေတော့ ချွေးမအဖြစ် လက်ခံပေးလိုက်တာမျိုး၊ ဒီကောင်လေးနဲ့ မဖြစ်စေချင်ပေမဲ့ ကိုယ့်ညီမမျက်နှာနဲ့ အလိုက်အထိုက် စကားပြောပေးတာမျိုးတွေဟာ ဒီသဘောတရားပဲပေါ့။

🔳 ကိုယ်တစ်ယောက်တည်းတောင် အမျိုးမျိုး ပြောင်းလဲနေတာကို ကိုယ်နဲ့ တိုင်းချုပ်ထားသလို အံဝင်ခွင်ကျ ဖြစ်နေတဲ့ လက်တွဲဖော်ရယ်လို့တော့ တွေ့ဖို့ ခဲယဉ်းတာပေါ့။ အဲ့လို ကံကောင်းတဲ့သူတွေလည်း ရှိပါတယ်။ အားကျစရာလည်း ကောင်းတယ်။ ဒါပေမဲ့ အားကျတိုင်းလည်း အဲ့အတိုင်း လိုက်ဖြစ်တာမှ မဟုတ်တာ။ လူဆိုတာ ဘဝက ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာကိုပဲ ဖြေရတာပဲကိုး။ သူများပုစ္ဆာ သွားဖြေချင်လို့ မရတာ။

ဒီတော့ ‘တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ပါတယ်’ အစား ‘နှစ်ယောက်ကြားက မတူညီမှုတွေကို ဘယ်လောက်ထိ လက်ခံပေးနိုင်သလဲ’ ဆိုတာက ပိုအဓိကကျတယ်လို့ ထင်မိတယ်။ ဒါကိုပဲ နားလည်မှု လို့ ပြောကြတာ ဖြစ်မယ်။

🔳 တချို့သော Relationship တွေက လူနဲ့ ကြောင် တစ်အိမ်တည်း နေသလိုပဲ။ သဘာဝချင်း မတူတဲ့သူတွေမို့ အတူနေရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကလည်း ဘယ်သူ့မှာမှ အပြစ်ရှိတာ မဟုတ်ဘူး။ ကြောင်ကလည်း ကြောင်အတိုင်း၊ လူကလည်း လူအတိုင်း နေနေတာပဲ။ ဒါပေမဲ့ အဲ့လိုနေနေတာကိုက တစ်ယောက်ကို တစ်ယောက် မရည်ရွယ်ပါဘဲနဲ့ နာကျင်နေစေတာ။

ဒီအခါ ချစ်လို့ ဆိုပြီး အတင်းဇွတ်မှိတ် နေနေတာက နှစ်ယောက်စလုံးကို ထိခိုက်စေတယ်။ ကိုယ့်ဆီ လာရောက်မယ့် သားသမီးတွေကိုလည်း စိတ်ဒဏ်ရာရစေမယ်။ အရင်ဆုံးတော့ လက်ခံပေးနိုင်အောင် ကြိုးစားကြည့်။ ကြောင်နှစ်ကောင်ဆို အဆင်ပြေတယ်၊ ကြောင်ရှစ်ကောင်ဆို ဘယ်လိုကြိုးစားကြိုးစား မပြေတော့ဘူး။ အိမ်နောက်ဖေးမှာ သူတို့ အညစ်အကြေးစွန့်ထားလို့ အနံ့နံတာက ရတယ်။ လပ်ပ်တော့ပေါ် အပေါ့စွန့်သွားရင်တော့ မရတော့ဘူး။ အဲ့လိုအဆင့်မျိုး ဆိုရင်တော့ အေးအေးချမ်းချမ်း လမ်းခွဲလိုက်ကြပေါ့။ ဘဝဆိုတာ တိုတိုလေးပါ။ ဘယ်လိုမှ အဆင်မပြေနိုင်တာကို ဇွတ်ကြိုးစားမနေပါနဲ့။

🔳 ပျော်ရွှင်သာယာတဲ့ Healthy relationship ဖြစ်ဖို့အတွက် လူကလည်း ကြောင်ကို ချစ်တယ်ဆို ကြောင်သဘာဝကို လက်ခံပေးရမှာ ဖြစ်သလို၊ ကြောင်ကလည်း လူကို ကြီးကြီးမားမား ထိခိုက်စေရအောင် မလုပ်နဲ့ပေါ့။

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

06 Nov, 06:03


❝ ခွင့်လွှတ်လိုက်၊ ဒါပေမဲ့ မမေ့နဲ့ ❞

မကောင်းတဲ့လူကို ခွင့်လွှတ်လိုက်တာဟာ
ကောင်းတဲ့လူကို စော်ကားတာနဲ့တူတူပဲ။

ကိုယ့်အပေါ် မကောင်းတာကို
သိသိနေပါရဲ့နဲ့ တကယ့်တကယ်
အမှတ်သညာမကြီးဘဲ သူတို့ကို
လွယ်လွယ်ကူကူ ခွင့်လွှတ်တာမျိုး
လုံးဝ လုံးဝ မလုပ်မိစေနဲ့။

ခွင့်မလွှတ်လိုက်ရင် စိတ်ထဲမှာ
ပူလောင်နေရတာ မှန်တယ်၊
ဒါပေမဲ့ ပူလောင်မှုကို မလိုချင်လို့
ကိုယ်က ခွင့်လွှတ်နိုင်တယ်ဆိုလဲ
မေ့ပစ်တဲ့အဆင့်ထိ မလုပ်နဲ့။

အခွင့်အရေးကို အချောင်လိုချင်တဲ့လူတွေ
လူ့အဖွဲ့အစည်းထဲ အများကြီးမှ အများကြီး။
ဒီ့အတွက် အမှတ်သညာ ကြီးဖို့ လိုတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ လိုတယ်။

#credit_to_org_writer_fb
#စာပေ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

04 Nov, 06:32


ပညာဆိုတာဘာလဲ
ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လိုက်တာ ...

အဲ့မှာစပြီးတော့ လွဲတော့တာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲ့တာက လူတိုင်းကိုပေတံတစ်ချောင်းနဲ့လိုက်တိုင်းတာမျိုးပါ။

အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ပိုဆိုးတယ် ပြောရမယ်။ ပညာတတ်ဆိုတာ ဘွဲ့တွေရ ကျောင်းတွေအများကြီးတက်တာကို တန်းပြီးမြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကိုး။

ဒါကြောင့် ဘွဲ့ရပြီး ပညာမတတ်တွေ အများကြီးပေါ်လာ​တာပေါ့ဗျာ။ ချမ်းသာတဲ့တိုင်းပြည်တွေ ကြည့်လိုက်မယ်ဆိုသူတို့မှာ ထူးခြားတာတစ်ခု ရှိတယ်။

အဲ့တာ တကယ်ပညာတတ်တဲ့သူတွေ အများကြီးရှိနေတာပဲ။ ဘွဲ့ဆိုတဲ့ အရာထက် အဆပေါင်းများစွာ ပိုတဲ့ အသိဉာဏ်ကြွယ်ဝခြင်းတွေ သူတို့မှာ ရှိနေကြလို့ပဲ။

ပညာဆိုတာ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့အရာလို့ ဆရာကြီးအောင်သင်း ပြောခဲ့ဖူးပါတယ်။

အသိပညာဆိုတာ သိပ်ကိုလေးနက်သလို လွယ်လွယ်နဲ့တန်ဖိုးဖြတ်လို့မရပါဘူး။ ပညာဆိုတာ သတ်မှတ်ထားတဲ့ ဘွဲ့သီးသန့်ချည်းမဟုတ်ဘူး။ ဒါကို လက်မခံချင်လည်း အမှန်တရားတွေမလို့ လက်ခံရမှာပဲ။

ဒါကြောင့် လောကမှာ ပညာတတ်ချင်ယောင်ဆောင်တဲ့ပညာမဲ့တွေ အများကြီးဖြစ်လာ​တာပေါ့ဗျာ။

ဒီစကားပုံလေးလိုပေါ့။

ပညာရှိတွေက ပြဿနာရဲ့ အဖြေကို ရှာနေတဲ့အချိန်မှာ ​ပညာတတ်အများစုက ဘယ်သူပါဆိုပြီး လက်ညှိုးဝိုင်းထိုးနေကြတာပေါ့။

#credit_to_org_writer_fb
#စာပေ
#ပညာ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

26 Oct, 13:50


"လူတစ်ယောက်ရဲ့ အဆင့်အတန်း"

လူတွေဟာ ကိုယ်နဲ့ တန်းတူတဲ့သူတွေ၊ ကိုယ့်ထက် မြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ကျေးသယောင်နဲ့ မသိသာပေမဲ့ သူ့ထက် နိမ့်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်က ပေါ်လာတတ်ပါတယ်။

လောကမှာ ပါဝါတွေက အမျိုးမျိုးရှိနိုင်တယ်​။
• ရာထူး၊
• အာဏာ၊
• ငွေကြေး၊
• ခွန်အား၊
• လုပ်ပိုင်ခွင့်၊
• ပညာ၊
• အသက်အရွယ် စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြဘူး။ တူအောင်လည်း ဘယ်လိုမှ လိုက်ညှိလို့မရဘူး။

ဒီလို တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြတဲ့အခါ လူတွေဟာ ကိုယ့်မှာရှိတဲ့ ပါဝါကို အလွဲသုံးလာကြတယ်။ ကိုယ်မို့လို့ အသာစီးလေး မရလိုက်နဲ့၊ စိတ်တိုင်းကျ အနိုင်ယူကြတယ်။

ကိုယ့်ထက်နိမ့်သူကို အနိုင်ကျင့်ထားတဲ့သူဟာ သူ့ကိုယ်သူ လေးစားမှုပျောက်ဆုံးသွားတယ်။ အဲဒီအတွက် သူ့ထက် မြင့်တဲ့သူရှေ့မှာဆိုရင် ဒူးထောက်ဖို့လည်း ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ အထက်ဖားအောက်ဖိ သံသရာလည်လာတယ်။

“လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက် နိမ့်ပါးတဲ့သူတွေကို သူဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရတယ်” တဲ့။

လူတစ်ယောက် အဆင့်အတန်း မြင့်မမြင့်ကို သူဘာ၀တ်ထားတယ်၊ သူ ဘယ်လောက်ချမ်းသာတယ်၊ သူ ဘာဘွဲ့တွေ ရထားတယ်၊ သူကိုင်တဲ့ဖုန်းက ဘာလဲ ဆိုတာတွေက မပြောပြနိုင်ဘူး။

သူ့ထက် နိမ့်ပါးတဲ့ လူတွေအပေါ် သူဘယ်လိုဆက်ဆံသလဲ ဆိုတာကပဲ ဖော်ပြပေးနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဘ၀မှာ ကိုယ့်ထက် မြင့်တဲ့သူတွေကို မဖားဖူးပါဘူးဆိုတောင် မပြုံးချင်ဘဲ ပြုံးပြရတာတွေ၊ မကောင်းတတ်လို့ အလိုက်အထိုက် ဆက်ဆံနေရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကိစ္စမရှိပါဘူး။

ဒါပေမဲ့ ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေအပေါ်မှာတော့ တစ်ဖက်သတ် အနိုင်မယူမိဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ အဲဒါဟာ ကျွန်တော်တို့ အဆင့်အတန်း ဘယ်လောက်မြင့်သလဲ ဆိုတာကို ပြသနေမဲ့ အချက်တစ်ချက် ဖြစ်လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

#credit_to_org_writer_fb
#စာပေ
#လူတစ်ယောက်ရဲ့အဆင့်အတန်း
#DrPhioThiha
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

24 Oct, 14:28


“တစ်နေ့ကို ၅ မိနစ်”

◾My Liberation Notes ဆိုတဲ့ ဇာတ်လမ်းတွဲ ရှိတယ်။ ဘဝကို ငြီးငွေ့စိတ်ပျက်ပြီး ပျော်စရာရယ်လို့ မည်မည်ရရ မရှိဘဲ လွတ်မြောက်ချင်နေတဲ့ မောင်နှမ ၃ ယောက်ရဲ့ အကြောင်း။

အဲဒီထဲမှာ သဘောကျမိတာလေးက ‘တစ်နေ့ကို ၅ မိနစ်ပဲ ပျော်ရရင်တောင် တခြားအခက်အခဲ​တွေ၊ ပြဿနာတွေ၊ စိတ်ရှုပ်စရာတွေကို ခံနိုင်ရည် ရှိသွားလိမ့်မယ်’ ဆိုတဲ့ စကားပဲ။

◾၅ မိနစ်ဆိုတာ တစ်ဆက်တည်း​တောင် မဟုတ်ဘူး။ ဥပမာ ရထားပေါ်မှာ ကလေးလေးတစ်ယောက်ကို မုန့်ကျွေးလိုက်လို့ သူပျော်သွားတာလေး မြင်လိုက်ရတဲ့အခါ ၁၅ စက္ကန့်လောက် ပျော်သွားတယ်။ မနက်နိုးလာတော့ သြော် ဒီနေ့ ပိတ်ရက်ပဲလို့ သတိရလိုက်တဲ့အချိန်မှာ ၁၀ စက္ကန့်လောက် ပျော်သွားတယ်။ အဲဒီလို အခိုက်အတံ့ သေးသေးကလေးတွေ ပေါင်းလိုက်လို့ ၅ မိနစ်ရှိတယ်ဆိုရင်ပဲ ဒီနေ့အတွက် လုံလောက်ပြီ ဆိုတာမျိုးပေါ့။

ခုလို အဘက်ဘက်က အခက်အခဲ အကြပ်အတည်းပေါင်းစုံနဲ့ ရှင်သန်နေကြရတဲ့အချိန်၊ ပျော်စရာဆိုလို့ အတော်ရှားပါးနေတဲ့အချိန်မှာ အဲဒီအတွေးလေးက အတော်အသုံးတည့်မယ် ထင်တယ်။

ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်နေထိုင်ဖို့၊ ပျော်စရာ အခိုက်အတံ့လေးတွေကို အသိအမှတ်ပြုတတ်ဖို့၊ ခံစားတတ်ဖို့၊ အဲဒီကမှတဆင့် ဘဝကို ကျေနပ်နှစ်သက်နိုင်ဖို့၊ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပေါ့။

◾များသောအားဖြင့်က ဘဝမှာ တစ်ရာဖိုး အဆင်ပြေနေရင်တောင် တစ်ကျပ်ဖိုးလောက် ဒုက္ခရောက်တာကိုပဲ သတိရကြ၊ ညည်းညူကြတာ များတယ်လေ။ ဒါကို ဦးနှောက်ရဲ့ Negativity bias လို့ ခေါ်တယ်။ အပေါင်းလက္ခဏာထက် အနှုတ်လက္ခဏာ ဆောင်တဲ့ ကိစ္စတွေကိုပဲ ဦးနှောက်က ပိုမှတ်မိတယ်။ ပိုသတိရတယ်။ ပိုစဉ်းစားဖြစ်တယ်။

ဒါကြောင့် တစ်နေ့ကို ၅ မိနစ်ပဲ (5 minutes a day) ဆိုပြီး အလေ့အကျင့်လေး လုပ်ကြည့်သင့်တယ်။

တစ်ခုခု အဆင်ပြေတာလေး၊ ပျော်စရာလေး တွေ့ပြီဆိုတာနဲ့ကို သတိထားလိုက်။ ငါ ဘယ်လောက်လောက် ပျော်သွားလဲ၊ စက္ကန့်ပိုင်းလေးပဲ ဖြစ်ရင်လည်း ဖြစ်မယ်။ ရတယ်။ အဲဒါကို ခံစားလိုက်။

နောက်တစ်ခု ထပ်တွေ့ရင် နောက်တစ်ခါ သတိတရနဲ့ ခံစားလိုက်။

ညရောက်လို့ အားလုံးပေါင်းလိုက်တဲ့အခါ ၅ မိနစ် ပြည့်တယ်ဆို ဒီနေ့က ကိုယ့်အတွက် ကောင်းတဲ့နေ့တစ်နေ့ ဖြစ်သွားပြီလို့ မှတ်ယူလိုက်။

◾ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးလိုက်တယ်။ ရေးပြီးသွားတဲ့အချိန်မှာ အလုပ်တစ်ခု ပြီးမြောက်သွားလို့ ကျေနပ်တဲ့ ခံစားချက်ကလေး ရတယ်။ စိတ်ထင် ၃ မိနစ်လောက် ကြာမယ်။

ပို့စ်တင်လိုက်တယ်။ လူတွေ သဘောကျကြတယ်။ အကျိုးရှိတယ်လို့ မှတ်ချက်ပေးကြတယ်။ အဲဒါကလည်း ၃ မိနစ်လောက် ကြာမယ်။

မကြာခဏ ပြောဖြစ်တဲ့ If you are not happy, make other people happy ဆိုတဲ့အတိုင်း တစ်စုံတစ်ယောက်ကို ကူညီပေးလိုက်တယ်။ သူ အဆင်ပြေသွားတာ သိရရင် ၂ မိနစ်လောက် ပျော်ရပြန်တယ်။

မိတ်ဟောင်းဆွေဟောင်းတစ်ယောက်က ကျန်းမာလား၊ အဆင်ပြေလား သတိတရနဲ့ လှမ်းမေးတယ်။ ရင်ထဲ နွေးသွားသလို ခံစားရတယ်။ အဲဒါက ၁ မိနစ်ခွဲ။

အဲဒီလို ပေါင်းလိုက်တော့ တစ်နေ့တစ်နေ့ ပျော်ရတဲ့ အခိုက်အတံ့တွေက ၅ မိနစ်တောင် မကပါဘူး။ ဒီလိုနဲ့ပဲ မရေရာ မသေချာတဲ့ နေ့ရက်ပေါင်းများစွာကို ကျော်ဖြတ်လာနိုင်ခဲ့တာပါ။

◾နောက်တစ်ဆင့် ထပ်တက်ရရင်တော့ တစ်နေ့ကို ၅ မိနစ်ပဲ သဘာဝတရားတွေကို နှလုံးသွင်း ဆင်ခြင်ကြည့်ဖို့ ဖြစ်ပါတယ်။

• ချစ်သူခင်သူတွေနဲ့ ခွဲခွာရနိုင်တယ်။
• ပစ္စည်းဥစ္စာတွေ ဆုံးရှုံးရနိုင်တယ်။
• ကိုယ်သည်လည်း အချိန်မရွေး သေဆုံးသွားနိုင်တယ်။

ဒီ ၃ ချက်ပေါ့။

◾ဟိုးတလောက ဖုန်းပျက်သွားပါတယ်။ ဖုန်းတန်ဖိုးထက် ပိုနှမြောတာက အထဲက ဖိုင်တွေ။ အဲဒီမတိုင်ခင်ကတည်းက ကွန်ပျူတာထဲ သိမ်းဦးမှ ဆိုပြီး ကြံစည်နေတာ ကြာပြီ။ နေ့ရွှေ့ညရွှေ့နဲ့ မလုပ်ဖြစ်တာ။ ပျက်သွားမှပဲ နောင်တရတော့တယ်။

အဲဒီအခါ ဘာတွေးမိလဲဆိုတော့ "ပြန်မကောင်းသွားနဲ့၊ ရတယ်၊ အများကြီးလည်း မဟုတ်ဘူး၊ ၃ မိနစ်လောက်ကလေးပဲ ပြန်ပွင့်ပေးပါ၊ ဒါဆို ဖိုင်တွေ ပြန်ယူဖို့ အချိန်ရပြီ" ဆိုပြီးတော့ပေါ့။

ဒါမျိုးက ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့မှာလည်း ဖြစ်တတ်တယ်နော်။ အတူရှိနေတုန်း တန်ဖိုးမထားဘူး။ ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ သေသွားပြီဆိုမှ ၅ မိနစ်လောက်ကလေး အတူရှိခွင့်ရရင် ဆိုတာမျိုး ပြန်လိုချင်ကြတာ။ နောင်တရကြတာ။

◾သေခြင်းတရားနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ။ သေပြီးရင်တော့ နောင်တမရနိုင်တော့ဘူး။ ပြီးသွားပြီပေါ့။ သို့သော် မသေခင်စပ်ကြား၊ ကြီးကြီးမားမား ရောဂါခံစားနေရချိန်မှာတော့ အကြီးအကျယ် နောင်တရတတ်ကြတယ်။ ငါ ဘာတွေ မလုပ်ရသေးဘူး၊ ဘာတွေ လုပ်ဖို့ကျန်သေးတယ်၊ လုပ်ချင်သေးတယ်၊ ခုနေများ နေပြန်ကောင်းသွားရင် ငါ အရင်လို မနေတော့ဘူး စသဖြင့် တွေးမိတတ်ကြတယ်။ ကျွန်တော် ထင်တယ်၊ ကိုဗစ်ကာလမှာဆို ပြင်းပြင်းထန်ထန် ဖြစ်လိုက်သူတိုင်း အဲဒီလို တွေးမိဖူးကြလိမ့်မယ်။

သို့သော် အချိန်တွေလည်း ကြာသွားရော၊ မေ့သွားပြန်ရော။ ချစ်သူခင်သူတွေနဲ့ အချိန်မရွေး ခွဲခွာရနိုင်တယ် ဆိုတာ မေ့သွားတယ်။ ပစ္စည်းဥစ္စာတွေ အချိန်မရွေး ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုတာ မေ့သွားတယ်။ ကိုယ်လည်း အချိန်မရွေး သေသွားနိုင်တယ် ဆိုတာ မေ့သွားတယ်။

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

24 Oct, 14:28


◾ဒါကြောင့် တစ်နေ့ကို ၅ မိနစ်လောက်ပဲ ဆင်ခြင်ပေး။ ပြန်ပြန်သတိရပေး။ဥပမာ ဖေ့စ်ဘွတ်သုံးရင်း နာရေးဗီဒီယိုဖိုင်တစ်ခု ကြည့်မိတယ်။ ဒီသဘာဝတရားတွေကို ၃ မိနစ်လောက် ဆင်ခြင်မိတယ်။ အသိတစ်ယောက်၊ ကိုယ်နဲ့ ရွယ်တူတန်းတူတစ်ယောက် ကင်ဆာ ဖြစ်နေတာ သိလိုက်ရတယ်။ ၂ မိနစ်လောက် သတိရလိုက်တယ်။ အဲဒီလိုမျိုးပေါ့။

နာရီဝက်၊ တစ်နာရီလောက် တရားထိုင်သလို မလုပ်နိုင်ရင်တောင် သွားရင်းလာရင်းနဲ့ တစ်နေ့ကို ၅ မိနစ်ပဲ ဒီလောကသဘာဝတွေကို ဆင်ခြင်ပေးနိုင်မယ် ဆိုရင်ကို နေရတာ အများကြီး အဓိပ္ပါယ်ရှိလာမယ်။ ချစ်ရခင်ရသူတွေအပေါ် ဂရုစိုက်တတ်လာမယ်။ အလျှော့ပေးတတ်လာမယ်။ အတူရှိနေရတဲ့ အခိုက်အတံ့တွေကို တန်ဖိုးထားတတ်လာမယ်။ ဘဝကို ပိုပြီး ပြည့်ပြည့်၀၀နဲ့ လုံလုံလောက်လောက် ရှင်သန်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

◾ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ အနာဂတ်တွေ ​ဝေဝါးနေပါစေ၊ မွန်းကြပ်ပိတ်လှောင်နေပါစေ၊ ဘဝရဲ့ ပျော်စရာ အခိုက်အတံ့ကလေးတွေကို အသိအမှတ်ပြု ခံစားပါ။ လူတိုင်း တစ်နေ့မလွဲမသွေ ကြုံကြရမဲ့ သဘာဝတရားတွေကိုလည်း နှလုံးသွင်းဆင်ခြင်ပါ။

အများကြီး မဟုတ်ပါဘူး။ စုစုပေါင်းမှ တစ်နေ့ကို ၅ မိနစ်ပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၃.၅.၂၀၂၃

#credit_to_org_writer_fb
#စာပေ
#တစ်နေ့ကို၅မိနစ်
#DrPhioThiha
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

23 Oct, 07:10


လောကမှာ
လူတစ်ချို့က
စေတနာနဲ့ မထိုက်တန်လို့မဟုတ်ဘူး
စေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။

တစ်ချို့က
မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူး
မေတ္တာရဲ့တန်ဖိုးကို
နားမလည်လို့ပါ။

တစ်ချို့က
သစ္စာနဲ့မထိုက်တန်လို့မဟုတ်ဘူး
သစ္စာရဲ့တန်ဖိုးကို
မသိကြလို့ပါ။

ကိုယ်က ဘယ်လောက်ပေးပေး
သူ့ဘက်က ရယူလိုမှု မရှိရင်
ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။

ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့
မှန်နေပေမယ့် တစ်ချို့တစ်ချို့ရဲ့
အတွေး၊အမြင်၊အသိတရားတွေက
ကိုယ်နဲ့ထပ်တူတော့ ကျမနေပါဘူး
ဒါကြောင့် ကိုယ်ဘယ်လောက် မှန်မှန်
အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့
ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။

ဒီလိုပဲ နေရာတိုင်းမှာ
လူတိုင်းအပေါ် အမြင်တစ်ခုထဲ
မကြည့်ပါနဲ့ လူ...လူ...ချင်းတူခဲ့ရင်တောင်မှ
စိတ်ဓာတ်နဲ့ခံယူချက်ခြင်းကွဲ ပြားကြပါတယ်။

#credit_to_org_writer_fb
#စာပေ
#အသိပညာ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

20 Oct, 14:28


သူက ကိုယ်မှ မဟုတ်တာ
--------------------------------

နေနိုင်လိုက်တာလို့
သူများကို အပြစ်သွားမတင်ပါနဲ့။
သူ နေနိုင်တာက သူ့အကျင့်၊
ကိုယ်မနေနိုင်တာက
ကိုယ့်အားနည်းချက်ပဲလေ။

စိမ်းကားလိုက်တာလို့
သူများကို သွားမစွပ်စွဲလိုက်ပါနဲ့။
သူ စိမ်းကားတာက သူ့ခံယူချက်၊
အဲဒါကို အမှတ်မရှိ တွယ်ကပ်နေတာကိုက
ကိုယ့်သံယောဇဉ်တွေပဲလေ။

ရက်စက်လိုက်တာလို့
သူများကို မနာကျည်းလိုက်ပါနဲ့။
သူ ရက်စက်တာ သူ့စရိုက်၊
သူမရှိရင် မနေနိုင်တဲ့ကိုယ်ပဲ
လူမိုက်ဖြစ်နေတာပဲလေ။

ကျေးဇူးမသိတတ်လေခြင်းရယ်လို့
သူများကို သွားမပုတ်ခတ်လိုက်ပါနဲ့။
သူ မသိတတ်တာက သူ့အပြစ်၊
သူ့ဆီက မျှော်လင့်နေမိတော့
ကိုယ်ပဲ စိတ်ညစ်ရတာပဲလေ။

မချစ်ရလေခြင်းရယ်လို့
သူများကို မကျေမနပ် သွားမဖြစ်နဲ့။
သူ မချစ်တာက သူ့ရဲ့လွတ်လပ်ခွင့်၊
အနားက ထွက်မသွားနိုင်တာက
ကိုယ့်ရဲ့ ဝဋ်ကြွေးဖြစ်နေတာလေ။

သူက ကိုယ်မှ မဟုတ်တာ၊
ကိုယ်တွေးသလို ကိုယ်သိသလို
ကိုယ်ခံစားရသလို ကိုယ်ဖြစ်ချင်သလို
ထပ်တူ ဖြစ်လာဖို့ဆိုတာ မလွယ်ဘူးလေ။

တစ်စုံတစ်ရာအတွက်
တစ်စုံတစ်ယောက်ကို
စိတ်တိုင်းမကျဖြစ်လေတိုင်း
သူက ကိုယ်မှ မဟုတ်တာဆိုတဲ့
စကားလေးကို အမှတ်ရပါ။

#credit_to_org_writer_fb
#စာပေ
#သူကကိုယ်မှမဟုတ်တာ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

15 Oct, 08:58


မစဉ်းစား မဆင်ခြင်ပဲ မပြောလေနဲ့
===================
===================

တစ်ခါက ပုဏ္ဏားကြီးလင်မယားနှစ်ယောက်မှာ သားသမီးရတနာမထွန်းကား၍ အင်အတန်လိမ္မာသော ကြက်တူရွေးနှစ်ကောင်ကို သားသမီးအဖြစ်မွေးထား၏။ တစ်နေ့ ပုဏ္ဏားကြီးသည်ခရီးထွက်စရာရှိ၍ ကြက်တူရွေးနှစ်ကောင်ကို တိုးတိုးတိတ်တိတ်မှာ
ကြားလေ၏။ ပုဏ္ဏားကြီးက "ငါ့သားတို့ အဖေခရီးထွက်သွားရင်မင်းတို့ အမေကို စောင့်ကြည့်" ဟု မှာကြားပြီး ခရီးထွက်သွားလေ
၏။ ပုဏ္ဏားကြီးခရီးထွက်သည်မှစ၍ ပုဏ္ဏားမကြီးသည် ယောကျာ်များနှင့် ဖောက်ဖြား၏။ ပုဏ္ဏားမကြီးဖောက်ဖြားနေသည်ကို ကြက်တူရွေးနှစ်ကောင် မြင်ကြ၏။ မြင်ပါများတေ့ာ ကြက်တူရွေးအငယ်
ကောင်က ပြောချင်သောစိတ်များတဖွဖွဖြစ်ပေါ်လာကာ အကိုဖြစ်သူ ဘုရားလောင်းကြက်တူရွေးအား တိုင်ပင်၏။ ဘုရားလောင်းကြက်တူးရွေးက "ငါ့ညီ မပြောနဲ့ ပြောရင်မင်းဒုက္ခရောက်မယ်"ဟု
တား၏။
ကြက်တူရွေးအငယ်ကောင်ဟာ ပြောချင်စိတ်များမထိန်းနိုင်၍ အကို တားသည့်ကြားကပင် ပုဏ္ဏားမကြီးစီသွား၍ ပြောလေ၏။
"အမေ ဒီလိုဖောက်ဖြားတာကောင်းလားဗျာ၊ အမေ ဒီလိုမလုပ်သင့်ဘူး" ဟု ပြော၏။ ပုဏ္ဏားမကြီးသည် ဤစကားကိုကြားသည်နှင့်
အလွန်ထိန့်လန့်သွားပြီး 'ငါ့အကြောင်းကို ဒီကောင်သိသွားပြီ မဖြစ်ဘူး သက်ပစ်မှသင့်မယ်' ဟု ကြံ၏။ ထို့နောက် ပုဏ္ဏားမကြီးက ချိုသာသောအသံဖြင့် "ငါ့သားကမှ အမေ့ပေါ်ဆုံးမဖော်ရပါပေတယ်၊အင်မတန်လိမ္မာသိတတ်တဲ့ သားလေးပဲ၊ အမေ့ဆီလာပါအုံးကွယ်" ဟု ချော့၍ခေါ်ကာ အနားရောက်လာလျှင် ဖျက်ခနဲ့ ဖမ်းလိုက်ပြီး ခေါင်းကိုလိမ်ချိုးကာ မီးကြီးခဲပူများရှိသော ပြာပုံထဲသို့ ထိုးသိမ့်လိုက်၏။ ထိုအဖြစ်အပျက်ကို တန်းပေါ်မှာလမ်းလျှောက်နေ
သော ဘုရားလောင်းကြက်တူရွေးက အစအဆုံးမြင်၏။
ပုဏ္ဏားကြီးပြန်လာသောအခါ ရောက်ရောက်ချင်းမှာပဲ ကြက်တူရွေးစုံမစုံတောင်မကြည့်နိုင်ပဲ သူ့ရှေ့မြင်သောကြက်တူရွေးကို
"ငါ့သား ဘယ်လိုတုံး မင်းအမေ ဘယ်လိုတုံး"ဟု မေးရာ ဘုရား
လောင်းကြက်တူရွေးက "အဖေ မြင်တာကိုမြင်တဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း ပြောမိလို့ ကျွန်တော့်ကညီတေ့ာ ပြာပုံထဲမှာ
သေပြီးအိပ်နေပြီ၊အဖေလဲမှတ်ထား မြင်တာကိုမြင်တဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း၊တွေ့တာကို တွေ့တဲ့အတိုင်း၊ ကြားတာကိုကြားတဲ့အတိုင်း အစူးစမ်းမဆင်ခြင် မစဉ်းစားပဲပြောတဲ့သူဟာကျွန်တော့်ညီလေးသေသလို သေရလိမ့်မယ်" ဟု ပြောကာဟိမဝန္တာ
တောထဲသို့ ပျံသွား၏။ ထိုအချိန်မှစ၍ ပုဏ္ဏားကြီးတို့ထံ ပြန်မလာ
တေ့ာချေ။

မြင်တာကို မြင်တဲ့အတိုင်း မပြောလေနဲ့
ကြားတာကို ကြားတဲ့အတိုင်း မပြောလေနဲ့
သိတာကို သိတဲ့အတိုင်း မပြောလေနဲ့
တွေ့တာကို တွေ့တဲ့အတိုင်း မပြောလေနဲ့
အချိန်အခါကို ကြည့်ပြီးမှ ပြောသင့်မှ ပြောရာ၏။

#credit_to_org_writer
#စာပေ
#မစဥ်းစားမဆင်ခြင်ဘဲမပြောလေနဲ့
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

10 Oct, 15:18


#credit
#knowledge
#LADYDIANA
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

10 Oct, 06:33


ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်
=======================
၁။ ဘဝမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို
လုပ်ပါ။

၂။ ဝင်ငွေ နဲ့ထွက်ငွေ အချိန်ဇယားရေးဆွဲပါ"
အလုပ်ဟု၍ ဂုဏ်ရှိစွာ………

၃။ အသက်ငယ်ရွယ်အချိန်မှာ ကိုယ့်ကိုယ်ဖိဖိစီးစီးခိုင်းပါ။
အပျော်အပါး လိုအပ်တာထက် မမက်မောမိပါစေနဲ့

၄။ ကိုယ်ရှားဖွေးနိုင်တာထက်ပို လို့
ငွေကိုမသုံးဖြုံန်းမိပါစေနဲ့

၅။ ငွေဆိုတာ ဒုတိယ ဘုရားသခင်ဆိုတာ
ယနေ့ခေတ်မှာ သိသာ မြင်သာ ထင်ရှားနေမိတယ်။

၆။ အတတ်ပညာကို လေ့လာပါ
အရင်းအနှီးကို ရှားဖွေးပါ အသက် ၃၀ နှင့် ၄၀ ကြား
ကိုယ်ပိုင် လုပ်ငန်းတခုခု လုပ်နိုင်အောင်ကြိုးစားပါ

၇။ တစ်သက်လုံးဝန်ထမ်းဘဝနဲ့အချိန်ကိုမဖြုံန်းပလိုက်ပါနဲ့
ကိုယ်ဦးနှောက်ကို ကိုယ့်ကိုယ်တိုင်း ခိုင်းစားပါ
သူတပါး အသုံးချခံဘဝနဲ့အဆုံးမသတ်လိုက်ပါနဲ့

၈။ အားလပ်ချိန်တွေမှာ အချိန်တွေမဖြုံန်းပလိုက်ပါနဲ့
ဦးနှောက်ပင်မ အကြောစုံကြီးကို ရေပုံမှန်လောင်းပေးပါ
ဘဝအတွက် အဖိုးတန်စာပေများများဖတ်ပေးပါ။

၉။ အချိန်နဲ့ကိုက်ညီစွာ ဘဝကိုအသုံးပြုပါ။
အချိန်ဆိုတာ လူကိုမစောင့်ဘူး
လူက အချိန်ကို ပြန်မစောင့်မိပါစေ နဲ့

၁၀။ အောင်မြင်နေတဲ့ သူတိုင်းက အချိန်ကို တန်ဖိုးထားကျတယ်
အချိန်ကို လေးစား ကောင်းမွန်းစွာ အသုံးပြုနိုင်ကျတယ်။

၁၁။ အချိန်ဆိုတာ ဘဝအောင်မြင်ရေးအတွက်
တန်ဖိုး ရှိတဲ့ အဖိုးတန်ပါပဲ။

၁၂။ စည်းကမ်းရှိပါ"လိုက်နာပါ" ကျင့်သုံးပါ"
လုံးလ ဝရိယ ဇွဲ ရှိပါ ကြိုးစားပါ။
အောင်မြင်သူတွေကို လေ့လာပါ မှတ်သာပါ

၁၃။ ဥပမာ……
အနုပညာသမား ကမ္ဘာကျော် ဘောလုံးသမားကြီးတွေကို
အားမကျပါနဲ့သူတို့ရဲ့အောင်မြင်မှုက မတည်မြဲပါဘူး
တချိန်ထိုး တက်သွားနိုင်ပေမဲ့ အချိန်တိုးအတွင့်လဲ ဖြုတ်ကျလာ
နိုင်ပါတယ်။

၁၄။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုတချက်ကြည့်ပါ
သင်ခန်းစာဆိုတာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ
ရှိနေတတ်တယ်။

၁၅။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ တိုးတက်နေတာလဲ
မြင်ရမယ် ပျက်စီးနေတာလည်း မြင်တွေနိုင်ပါတယ်
အဲ့ဒါ သင်ခန်းစာတွေပါပဲ။

၁၆။ ကောင်းတာကို အတုယူပါ မကောင်းတာကိုစွန်းပစ်ပါ
အဝေးဆုံးကို လျှောက်မကြည့်ပါနဲ့………
သင်ခန်းစာတွေက သင့်နဲ့အနီးဆုံးမှာပဲရှိနေတတ်တယ်။

စာပေချစ်သူတို့ဘဝအတွက်အောင်မြင်ရေး
နည်းလမ်းကောင်းတွေ့ရှားဖွေးတွေရှိနိုင်ကြပါစေ………

ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်
မိတ်ဆွေတို့လည်း ဝင်ရောက်အကြံပြုစေလိုပါတယ်

#credit_to_org_writer_fb
#စာပ
#ဘဝအောင်မြင်ရေးနည်းလမ်း၁၆ချက်
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

09 Oct, 08:34


လိုတာထက်ပိုပြီးမဆက်ဆံပါနဲ့
*****

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
ချစ်မိသွားတဲ့အခါ သူတို့ မင်းကို
တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
သည်းခံမိတဲ့အခါ သူတို့ မင်းကို
အလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
မေတ္တာထားမိတဲ့အခါ သူတို့ မင်းကို
ဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
သံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့ မင်းကို
အလေးထားရကောင်းမှန်း မသိကြတော့ဘူး

တစ်ခါတစ်လေတော့လဲ
ကိုယ်ကသာကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ
တစ်ချို့သောလူတွေက ကိုယ်သမာန်ဆက်ဆံပေးနေတဲ့

အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်
တုန့်ပြန်ကြတယ် အဲဒီအခါ ကိုယ်မှာ ရင်နင့်အောင်
ခံစားရပြီး စိတ်တွေပူလောင်ရတယ်

ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့
ပိုခဲ့ရင်လဲ သူသိအောင်မလုပ်ပါနဲ့

ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ်
လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့ မတန်ကြဘူးလေ

#credit_to_org_writer_fb
#စာပေ
#လိုတာထက်ပိုပြီးမဆက်ဆံပါနဲ့
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

08 Oct, 14:25


#credit
#knowledge
#vincent
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

08 Oct, 08:30


အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .

ငွေရဲ့တန်ဖိုးကို နားလည်လာတယ်

မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .

အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်လာတယ်. . .

အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်

အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .

ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .

ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .

ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။

#credit_to_org_writer_fb
#စာပေ
#ငွေ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

07 Oct, 15:30


#credit
#knowledge
#flag
#myanmar
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

07 Oct, 07:10


မင်းအကြောင်းတွေ ပြောမှာ
မကြောက်ပါနဲ့ ...

⭕မင်းသာ အမှားမလုပ်ခဲ့ဘူး ဆိုရင်
အမှန်တရားက
မင်းဘက်မှာ ရှိနေပါလိမ့်မယ် " တဲ့ ။

⭕ဒီတော့…
မင်းကိုယ်မင်း ယုံကြည်တယ် ဆိုရင်

⭕မင်းရဲ့အကြောင်း
ကောင်းကောင်း မကောင်းကောင်း
ပြောချင်ရာတွေ ပြောကြပါစေ။

⭕မင်းရဲ့နောက်ကွယ်မှာ
မင်းအကြောင်းတွေကို ပြောလေလေ...
မင်းက အောင်မြင်လေလေပဲ။

⭕မင်းအကြောင်းတွေ သူတို့ခေါင်းထဲမှာ
ရှိနေလေလေ...
မင်းက သူတို့ကို လွှမ်းမိုးနေလေလေပဲ။

⭕သူတို့တွေ မင်းအကြောင်းတွေကို
တွေးမှာ…
သူတို့တွေ မင်းအကြောင်းတွေကို
ပြောမှာ
သူတို့တွေ မင်းကို ဝေဖန်မှာကို
လုံးဝမှ ကြောက်မနေပါနဲ့။

⭕မင်းကြောက်ရမှာက…
မင်းကိုယ်မင်း ယုံကြည်မှုမရှိမှာကိုပဲ
ကြောက်ပါ။

⭕မင်းကိုမင်းယုံကြည်မှု မရှိရင်…
မင်းဟာ အမြဲတမ်း ရှုံးနိမ့်နေမှာပဲ။

⭕သူများပြောစကားတွေကြောင့်
လမ်းမဆုံးပါစေနဲ့။

⭕အပင်မြင့်ရင် လေဒဏ်ခံရမယ်။
လူမှန်ရင် ဝေဖန်ခံရမယ်။

⭕မင်း အောင်မြင်ချင်ရင်တော့
ဝေဖန်ခံနိုင်ဖို့ လိုတယ်။

#credit_to_org_writer_fb
#စာပေ
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

06 Oct, 15:11


#credit
#knowledge
#𝚉𝙸𝙽𝙽

𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐇𝐞𝐚𝐯𝐞𝐧

06 Oct, 07:13


အရေးအကြီးဆုံးက စာဖတ်ပါ ...

(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရျိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့ ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

(၃) ဘာမှမသျိရငျ အောက်ကျို့ရတယ်။ ဒါကြောင့် သိအောင် လေ့လာပါ။ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။ ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူကပိုများပါတယ်။

(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။ ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။ တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။

(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။ လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့ တချို့အရာတွေက ကိုယ်ထင်ထားသလောက်အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

❛ဘာမှလုပ်စရာမရှိရင်
•စာဖတ်နေခြင်းဟာ
•အကောင်းဆုံးအလုပ်ပါပဲ✓

#credit_to_org_writer_fb
#စာပေ
#အရေးကြီးဆုံးကစာဖတ်ပါ
#𝚉𝙸𝙽𝙽

2,313

subscribers

424

photos

1

videos