Green Way @greenwaymyanmar Channel on Telegram

Green Way

@greenwaymyanmar


စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းပညာများ

Green Way (Burmese)

ရန်ကုန်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းပညာများကို လေ့လာခြင်းနှင့် နှိပ်ကြည့်ခြင်းအတွက် လွတ်လပ်သော "Green Way" ခ်နှင့် ပြက္ခဒိန်ချက် တွေ့ဆုံခဲ့သည်။ ဤခ်နှင့်ပြက္ခဒိန်ချက်တို့သည် လွတ်လပ်ပုံစံဒီမိုကရေစီအဖွဲ့၊ ယောက််ပမည်နည်းပညာ၊ မြို့ရတနာပြဋ္ဋ္းနံ့ဖီနည်းပါး၊ ဘိုးငြိမ်ဝြယ်နံ့ဖီအဖြူဗေံနည်းပါးနှင့် မွေးမြူဇိုင်ဆောင်းနည်းပါးများအခမ်းကြီးကို အတူတူ ပြက္ခဒိန်လွတ်လပ်ခဲ့သည်။ "Green Way" ခ်နှင့် ပြက္ခဒိန်ချက်များ ဖြေကြသည့်စာပို့မှုများနှင့် အခမ်းကြီးမှရှိခဲ့သော အကြောင်းအရာများအား လေ့လာနိုင်သည်။ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းပညာနှင့် မွေးမြူဇိုင်နှင့် တည်ပြီးသားတင်ရေး အားကွင်းနည်းပညာများရဲ့ ကဒ်အထည်လုပ်သည့်အပြင် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာများသည် လေ့လာနိုင်သည်။

Green Way

20 Nov, 03:12


ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီ..

 မူရင်းဂရိဘာသာမှ ဆင်းသက်လာတဲ့ ဟော်မုန်းဆိုတဲ့စကားလုံးဟာ  ကြီးထွားမှုကို အားပေးလှုံ့ဆော်သည့်ပစ္စည်းဟု ခေါ်ဝေါ်သုံးစွဲလျက်ရှိပါတယ်။

ဟော်မုန်းတွေဟာဆိုရင် အပင်၏ဇီဝကမ္မ လုပ်ဆောင်ချက် အများစုနှင့် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်ပေးသည့် ဩဂဲနစ်ဒြပ်ပေါင်းတွေပဲ ဖြစ်ပါတယ်။
ဆိုတော့ အဓိကဟော်မုန်းကြီး ငါးခုရှိတဲ့အထဲကမှ ဂျစ်ဘရယ်လင်က ဘယ်လိုလုပ်ဆောင်ချက်ကို လုပ်ဆောင်လဲဆိုတာ သိကြလားရှင့်
မသိရင်လည်း ခန့်မှန်းကြည့်ကြပါဦးနော် သိတဲ့မိတ်ဆွေတို့က တခြားမိတ်ဆွေတွေဗဟုသုတ ရအောင်ဖြေပေးသွားကြပါလားနော်...

အဖြေမှန်လေးကိုတော့ သောကြာနေ့မှာ တင်ပေးသွားမှာဖြစ်ပါတယ်ရှင့်

Green Way

19 Nov, 11:09


မြန်မာနိုင်ငံက အသေးစားမွေးမြူသူများအတွက်ကတော့ အဲဒီအဆင့်တွေအထိ စဉ်းစားဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် လုပ်နိုင်တာကတော့ သတ္တုဓာတ်ဖြည့်စွက်စာတွေ နွားတွေကိုကျွေးမွေးပေးဖို့ပဲ ဖြစ်ပါတယ်။ 


သတ္တုဓာတ်ဖြည့်စွက်စာအနေနဲ့ အာဟာရဖြည့်သတ္တုဓာတ်ဆားခဲ (Mineral Block) တွေက အသင့်လျော်ဆုံးဖြစ်ပါတယ်။ အဲဒီဆားခဲကို နွားတွေ လျက်နိုင်အောင် စီစဉ်ပေးရပါမယ်။ တိရစ္ဆာန်ဆေးဝါးနဲ့ အစာရောင်းချတဲ့ ဆိုင်အတော်များများမှာ အဲဒီ သတ္တုဓာတ်ဆားခဲတွေကို ဝယ်ယူရရှိနိုင်ပါတယ်။ အများစုက နိုင်ငံခြားက တင်သွင်းထားတာပါ။ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ သတ္တုဓာတ်ဆားခဲတွေကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိ နိုင်နေပါပြီ။ 



အဲဒီ သတ္တုဓာတ်ဆားခဲတွေထဲမှာ ဆိုဒီယမ်၊ ဖော့စဖရပ် အပြင် အခြားသော နွားတွေမှာ လိုအပ်တဲ့ သတ္တု ဓာတ်အတော်များများ စုံလင်အောင် ထည့်ပေးထားပါတယ်။ ဒါကြောင့် နွားမှာ ဘယ်လို သတ္တုဓာတ်ပဲ လိုနေနေ၊ ဒီ တစ်မျိုးတည်းနဲ့တင် ဖြေရှင်းနိုင်တဲ့ သဘောပါပဲ။ 


သတ္တုဓာတ်ဆားခဲတွေဟာ အလေးချိန်စီးပြီး မာကျောပါတယ်။ ဒါကြောင့် နွားတွေက တပြိုင်နက်တည်း အများကြီး စားလို့မရပါဘူး။ လျှာနဲ့ပဲ ယက်ရတာပါ။ ဒါကြောင့် ဈေးကွက်ထဲမှာ “လျက်ဆားခဲ” လို့လည်း ခေါ်ကြပါ တယ်။ ဘာကြောင့် အဲဒီလို လုပ်ထားရသလဲဆိုရင် နွားတွေရဲ့ ခန္ဓာကိုယ်က သတ္တုဓာတ်တွေကို ပမာဏ နည်းနည်း လေးစီပဲ လိုအပ်လို့ပါ။ တပြိုင်နက်တည်း အများကြီးစားလိုက်ရင် တန်ဆေး လွန်ဘေး ဆိုတဲ့စကားအတိုင်း အဆိပ် သင့်နိုင်ပါတယ်။ 


နွားတွေဟာ သူတို့လိုအပ်နေတဲ့ အာဟာရဓာတ်ကို တွေ့ပြီဆိုရင်၊ ရေငတ်တုန်း ရေတွင်းထဲကျသလို တပြိုင်နက်တည်း ပမာဏအများကြီး သိမ်းကြုံးစားပစ်ကြမှာ သေချာပါတယ်။ အဲဒီလို ပမာဏအများကြီး တပြိုင်နက် စားလိုက်ရင် နွားအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် နည်းနည်းချင်း လျက်ပြီး ဆားလို့ရအောင် “လျက်ဆားခဲ” အဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 


အစိမ်းရောင်လမ်းကတဆင့် မေးမြန်းလာတဲ့ မေးခွန်းအတွက် အတတ်နိုင်ဆုံး ဖြေကြားပေးထားတာဖြစ်ပါ တယ်။ နွားခြံကို ကိုယ်တိုင်လေ့လာရတာ မဟုတ်ဘဲ မေးခွန်းမှာပါတဲ့ အချက်အလက်လေးကိုပဲ မှန်းဆဖြေဆိုရတာ မို့ ကွက်တိမှန်တဲ့ အဖြေတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ပီကာဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လို ကုစားနိုင်မလဲ ဆိုတဲ့ မွေးမြူသူတွေ သိထားသင့်တဲ့အချက်တွေကိုတော့ ဒီဆောင်းပါးကနေတဆင့် ခြုံငုံ နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

ရေးသားသူ - သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

https://www.greenwaymyanmar.com/posts/pica_problem_cow

Green Way

19 Nov, 11:09


မွေးမြူရေးသမားတစ်ဦး မေးထားတဲ့ မေးခွန်းကို အစိမ်းရောင်လမ်းမိသားစုက ကျွန်တော့်ဆီ လှမ်းပို့ပေးပါတယ်။ မေးခွန်းက “နွားတွေက ပျဉ်တွေ၊ တိုင်တွေကို ကိုက်နေတာ၊ ဘာလုပ်သင့်လဲ၊ ဘာတွေတိုက်ကျွေးပေးရမလဲ” ဆိုတဲ့ မေးခွန်းပါ။ ဆရာရေ ဖြေပေးပါဦးလို့လည်း တောင်းဆိုထားပါတယ်။ 


လူတွေ၊ နွားတွေအပါအဝင် သတ္တဝါအတော်များများမှာ အဲဒီလို ထူးဆန်းတဲ့ အမူအကျင့် (behavior) တွေ တခါတရံ တွေ့ရတတ်ပါတယ်။ အာဟာရဓာတ်မရှိတဲ့ အရာတွေ၊ ပုံမှန်စားရိုးစားစဉ် မဟုတ်တာတွေကို စားတာ၊ စားဖို့ကြိုးစားတာ စတဲ့ အမူအကျင့်တွေကို အင်္ဂလိပ်လိုတော့ Pica (ပီကာ) လို့ခေါ်ပါတယ်။


ပီကာ ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ Magpie လို့ခေါ် တဲ့ ငှက်မျိုးတွေ ရှိပါတယ်။ အဲဒီငှက်တွေရဲ့ မျိုးစုကို Pica လို့ ခေါ်ပါတယ်။ အဲဒီငှက်မျိုးတွေဟာ အခြားငှက်တွေနဲ့ မတူဘဲ အစားအသောက်ကို စုံတကာစေ့အောင် စားတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် လူနဲ့ တိရစ္ဆာန်တွေမှာ “မဆိုင်တာတွေပါ စားတဲ့ အမူအကျင့်” ကို Pica လို့ ခေါ်ဝေါ်လာကြတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီစကားလုံး ဆေးပညာစာပေတွေထဲကို ၁၅၆၃ ခုနှစ်က စတင်ရောက်ရှိလာတာဖြစ်တယ်လို့ မှတ်သားရပါတယ်။ 


ပီကာ ဆိုတဲ့ အမူအကျင့်ဟာ ယေဘုယျအားဖြင့် အာဟာရဓာတ် တစ်ခုခု ချို့တဲ့နေတဲ့ လက္ခဏာလို့ ဆိုနိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေ ရှိတတ်ပေမယ့် များသောအားဖြင့် အာဟာရဓာတ် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ချို့တဲ့နေတဲ့အခါ ဖြစ်ပေါ်တာကိုတွေ့ရတတ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ဟာ အာဟာရဓာတ်အမျိုးအစားပေါင်း မြောက်များစွာ လိုအပ်ပါတယ်။ အတိအကျရေတွက်မယ်ဆိုရင် အာဟာရဓာတ် အမျိုးအစား ရာဂဏန်းချီပြီး လိုအပ်တာ တွေ့ရမှာပါ။ အဲဒီလို လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုခုဟာ အလွန်အမင်း ချို့တဲ့လာမယ်ဆိုရင် ခန္ဓာကိုယ်က အဲဒီ လိုအပ်တဲ့ အာဟာရဓာတ်ကို တောင်းဆိုလာပါတယ်။ နေ့စဉ် စားသုံးနေတဲ့ အစာထဲမှာ အဲဒီအာဟာရဓာတ် မပါဝင်တာကို ခန္ဓာကိုယ်ကအလိုအလျောက်သိလာတဲ့အခါ ပုံမှန်စားနေကျမဟုတ် တဲ့ နေရာတွေမှာ အဲဒီအာဟာရဓာတ်ကို ရှာဖွေလာတဲ့ သဘောပါပဲ။ 


နွားတွေမှာ ပီကာ ဖြစ်ပေါ်တဲ့ အကြောင်းအရင်းတွေထဲမှာ အဓိကအားဖြင့် တွေ့ရတာကတော့ အစာထဲမှာ အမျှင်ဓာတ်နည်းပါးခြင်း၊ ဆိုဒီယမ် (Sodium – Na) နဲ့ ဖော့စ်ဖရပ်စ် (Phosphorous – P) ဆိုတဲ့ သတ္တုဓာတ်တွေ ချို့တဲ့ခြင်းတွေကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြားသော အာဟာရဓာတ်တွေ ချို့တဲ့နေတာလည်း ဖြစ် နိုင်တာပါပဲ။ 
အမျှင်ဓာတ်ချို့တဲ့ခြင်း
မြန်မာနိုင်ငံရဲ့ နွားမွေးမြူရေးကဏ္ဍမှာတော့ အမျှင်ဓာတ်ချို့တဲ့လို့ ပီကာ ဖြစ်တာ ရှားမယ်ထင်ပါတယ်။ အများစုက အမျှင်ဓာတ်ပါတဲ့ မြက်ကြမ်းတွေ၊ ကောက်ရိုးတွေကို ကျွေးမွေးနေကြရလို့ပါ။ 


စားကျက်မြေကျယ်ဝန်းပြီး စားကျက်လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတဲ့ နိုင်ငံတွေမှာတော့ ရာသီအလိုက် မြက်နုထွက်တာ၊ မြက်ရင့်တာ စသဖြင့် အပြောင်းအလဲရှိတတ်ပြီး၊ မြက်နုထွက်တဲ့အချိန်မှာ အဲဒီမြက်နုလေးတွေထဲ အမျှင်ဓာတ်ပါဝင်မှု နည်းတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ 
အမျှင်ဓာတ်နည်းတဲ့အစာတွေ စားရတဲ့အခါ နွားရဲ့ အစာအိမ်လေးခန်းထဲက ပထမဆုံးအခန်းဖြစ်တဲ့ ရူမင် (Rumen) ထဲမှာ အက်ဆစ်ဓာတ်ပိုမြင့်လာပါတယ်။ အဲဒီ အက်ဆစ်ဓာတ်မြင့်မားမှုကြောင့် နို့ထွက်နှုန်းကျလာပြီး နို့ မှာ အဆီပါဝင်မှုလည်း ကျလာပါတယ်။ နွားရဲ့ မစင်ဟာ ပျော့နေတာကို တွေ့ရပါမယ်။ ပီကာအပြင် အဲဒီလက္ခဏာတွေကိုပါ တွေ့ရသလား ဆက်စပ်စဉ်းစားကြည့်သင့်ပါတယ်။ 

တကယ်လို့ ကိုယ်ရဲ့ နွားခြံမှာ ကျွေးမွေးတဲ့အစာမှာ အမျှင်ဓာတ်နည်းနေတယ် (ဥပမာ မြက်နုတွေပမာဏ များများ ကျွေးနေတယ်၊ အစာနု ပမာဏ များများကျွေးနေတယ်)၊ တစ်ဖက်မှာလည်း ပီကာနဲ့အတူ နို့ထွက်နှုန်းကျ တာ၊ နို့မှာ အဆီပါဝင်မှုနည်းတာတွေကိုတွေ့ရမယ်  ဆိုရင် အမျှင်ဓာတ်များတဲ့ အစာကြမ်းကို ပိုမိုကျွေးမွေးကြည့် သင့်ပါတယ်။ ပီကာတွေ့ရတာ လျော့သွားမယ်ဆိုရင် ကုန်ကျစရိတ်မရှိဘဲ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။ 
တကယ်လို့ ဝမ်းကလည်း ပုံမှန်ပဲ၊ အမျှင်ဓာတ်လည်း လုံလောက်အောင် ကျွေးနေတယ်၊ နို့စားနွားဆိုရင် နို့ မှာအဆီပါဝင်မှုလည်း မလျော့ကျသွားဘူး ဆိုရင်တော့ သတ္တုဓာတ်ဖြည့်စွက်ဖို့ စဉ်းစားသင့်ပါပြီ။ 


သတ္တုဓာတ်ချို့တဲ့ခြင်း


နွားတွေကို ကျွေးတဲ့အစာတွေအားလုံးဟာ အပင်ထွက်အစာတွေချည်းပါပဲ။ အပင်ဆိုတာ မြေမှာပေါက်ရတာပါ။ မြေဆီလွှာထဲမှာ အာဟာရဓာတ် တစ်ခုခုချို့တဲ့နေမယ်ဆိုရင် အဲဒီမြေမှာပေါက်တဲ့ နွားစာပင်မှာလည်း အာ ဟာရဓာတ်က ချို့တဲ့နေမှာပါ။ အဲဒီအစာကို စားရတဲ့ နွားတွေဟာလည်း ကြာလာတာနဲ့အမျှ အာဟာရဓာတ်ချို့တဲ့ ပြီး ပီကာ ကို တွေ့လာရတတ်ပါတယ်။ 


တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ ပီကာကို တွေ့ရပြီဆိုရင် နွားစာစာကျက်ထဲက မြေဆီလွှာကို စစ်ဆေးတာ၊ နွားတွေရဲ့ သွေးကို ဖောက်ယူပြီး စစ်ဆေးတာတွေ လုပ်ဆောင်ကြပါတယ်။ ဘယ်အာဟာရဓာတ်တွေ ချို့တဲ့နေတာလဲ ဆိုတာကို အတိအကျ စစ်ဆေးတဲ့သဘောပါ။ ရလဒ်ပေါ်မူတည်ပြီး၊ လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့် စွက်ပေးကြပါတယ်။ ဓာတ်ခွဲခန်းရလဒ်ပေါ်မူတည်ပြီး စားကျက်မှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာကို ပြင်ယူတာမျိုးပါ။ နွားတွေကိုလည်း လိုအပ်တဲ့ အာဟာရဓာတ် ဖြည့်စွက်ကျွေးမွေးပေးပါတယ်။

Green Way

19 Nov, 08:30


တောင်သူအဆင့် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ပျိုးခင်းနှင့် စိုက်ကွင်းအတွက် မြေပြုပြင်ခြင်း၊ မစိုက်ခင် စိုက်ပျိုးမည့် မြေအနေအထားကို သိရှိရန်လိုအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို ကောင်းစွာ စီမံခန့်ခွဲခြင်း၊ မျိုးကွဲနှုတ်ပယ်ခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းသည့် ထိရောက်သော နည်းလမ်းများကို အသုံးချခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ ကောင်းစွာစီမံခန့်ခွဲအသုံးပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။ 

စိုက်ခင်းအတွင်း မြေကိုကောင်းမွန်စွာပြုပြင်ပေးခြင်းသည်
• ပေါင်းမြက်ကို ကာကွယ် နှိမ်နင်းပေးနိုင်ခြင်း၊
• အပင်အာဟာရဓာတ်များကို ပြန်လည်အသုံးချနိုင်ခြင်း၊
• ပျိုးပင်များကို စိုက်ပျိုးရလွယ်ကူခြင်း၊
• မြေမျက်နှာပြင်ညီညာ၍ ရေဝပ်မှု ကွက်ပျောက်ဖြစ်ပေါ်မှုကို လျော့နည်းစေ၍ အပင်ညီညာစွာပေါက်ရောက်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။


ယေဘုယျအားဖြင့် မစိုက်ခင် ၃-၄ ပတ်အလိုတွင် မြေကို ပြုပြင်ပေးရမည်။
မြေကို မပြုပြင်ခင် စိုက်ပျိုးမည့် မြေ၏ အနေအထားကို သိရှိရန် လိုအပ်ပါသည်။ မြေ၏အခြေအနေကို သိရှိနိုင်ရန် တစ်ဧကစိုက်ခင်းမှ ထောင့်ဖြတ်နှစ်ခုအလိုက် မြေနေရာ အနည်းဆုံး (၁၀-၂၀) နေရာသတ်မှတ်၍ တစ်နေရာစီမှ မြေအနက် (၆) လက်မထိ ဂေါ်ပြားဖြင့် V ပုံသဏ္ဍာန် တူးယူနိုင်ပါသည်။ ဂေါ်ပြားတစ်ပြားစာ ရရှိလာသော မြေများကိုဘေးအစွန်းဘက်မှ မြေများဖယ်ထုတ်၍ အလယ်သားကိုယူကာ ရယူထားသော နေရာအားလုံးမှ မြေများကို စုပေါင်း၍ သက်ဆိုင်ရာ မြေဆီလွှာဓါတ်ခွဲစမ်းသပ်ဌာနသို့ နမူနာပေးပို့ဓာတ်ခွဲ ကြည့်ခြင်းအား ဖြင့် သိရှိနိုင်ပါသည်။ သို့မှသာ အပင်မှ လိုအပ်သော အာဟာရနှင့် မြေကြီးမှာ ရှိသော အာဟာရချိန်ဆ၍ လိုအပ်သော မြေဩဇာကို မှန်ကန်စွာ ပံ့ပိုးပေးနိုင်၍ ကုန်ကျစရိတ်သက်သာကာ မြေနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျော့ချပေးနိုင်မည် ဖြစ်ပါသည်။


ဓာတ်မြေဩဇာများထည့်သွင်းရာတွင် 4R-အာဟာရဓာတ် စီမံခန့်ခွဲမှုကို လိုက်နာဆောင်ရွက်သင့်ပါသည်။ မှန်ကန်သော မြေဩဇာ (Right source)၊ မှန်ကန်သော နှုန်းထား (Right rate)၊ မှန်ကန်သော နေရာတွင် (Right place) မှန်ကန်သော အချိန်၌  (Right time) ထည့်သွင်းပေးရန်လိုအပ်ပါသည်။
အပင်အတွက် လိုအပ်သော အာဟာရဓာတ်များ၊ ဓာတ်ခွဲစမ်းသပ်၍ ရရှိလာသော မြေကြီးအတွင်း ပါဝင်သော အာဟာရဓာတ်များ၊ အပင်ကြီးထွားမှုအဆင့်၊ ပတ်ဝန်းကျင် ရာသီဥတု အနေအထားတို့ကို ချိန်ဆ၍ လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ ဥပမာ-နိုက်ထရိုဂျင် ပမာဏလျော့နည်းသော မြေတွင် သတ်မှတ်ထောက်ခံထားသော မြေဩဇာပမာဏနှုန်းထား (မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအတွက် တစ်ဧက ယူရီးယားမြေဩဇာ ၁၁၂ ပေါင်) ကို သီးနှံသက်တမ်း တစ်လျှောက် အနည်းဆုံး (၃) ကြိမ် (ပင်ပွားစည်းချိန်၊ မှို့ကပ်ချိန်၊ အနှံထွက်ချိန်) ခွဲ၍ ထည့်သွင်းပေးရပါမည်။


ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် သဘာဝမြေဩဇာကို အကျိုးရှိစွာထိထိရောက် ရောက်သုံးစွဲပေးရန်လည်းလိုအပ်သည်။ စပါးစိုက်ခင်းတွင် ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာကို စိုတလှည့် ခြောက်တလှည့် ရေစီမံခန့်ခွဲသည့် နည်းလမ်း ကိုအသုံးပြု၍ စိုက်ပျိုးပေးရမည် ဖြစ်ပါသည်။ စပါးစိုက်ခင်းတွင် စိုတလှည့် ခြောက်တလှည့် ရေသွင်းသည့် နည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကို လျော့ချပေးနိုင်သလို မြေကြီးအတွင်း အောက်ဆီဂျင်ကို ရရှိ၍ အမြစ်များကောင်းစွာ ဖြစ်ထွန်းပြီး အာဟာရလည်ပတ်မှုကို အားပေးကာ အပင်ကောင်းစွာရှင်သန်ကြီးထွားစေနိုင်ပါသည်။


စာရေးသူ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနရလဒ်များမှလည်း စိုတလှည့် ခြောက်တလှည့် ရေသွင်းစနစ်သည် အထွက်နှုန်းကို ကောင်းမွန်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကို လျော့နည်းကြောင်း ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်ပါသည်။ 

ရေးသားသူ - ဒေါက်တာအိဖြူဝင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://www.greenwaymyanmar.com/posts/seed_production_two

Green Way

18 Nov, 11:39


ပြီးရင်တော့ သိပ္ပံအမည် ဘယ်လိုခေါ်တယ်၊ နေရာဒေသအလိုက် အခေါ်အဝေါ် ဘယ်လိုကွဲပြား တယ်၊ ဘယ်ဒေသတွေမှာ တွေ့ရတယ်၊ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမျိုးမှာ စိုက်ပျိုးနိုင် တယ်၊ ဘယ်လိုစိုက်ရတယ်၊ ဘယ်လိုအပင်နဲ့တွဲပြီးစိုက်သင့်တယ်၊ မြေဩဇာအနေနဲ့ ဘယ်အချိန်မှာ ဘာမြေဩဇာကို ဘယ်လောက် ကျွေးမွေးရမယ်၊ ဘယ်လိုရိတ်သိမ်းရမယ်၊ တိရစ္ဆာန်တွေကို ဘယ်လို ကျွေးမွေးရမယ်၊ ဘယ်လို သိုလှောင်သိမ်းဆည်းနိုင်တယ်၊ ဘေးဥပါဒ် အနေနဲ့ ဘာတွေ ဖြစ်နိုင်တယ်၊ မျိုးစေ့ ဘယ်လိုထုတ်ရမယ်စသည်ဖြင့် အကြောင်းအရာ ပေါင်း စုံကို တစ်စုတစ်စည်းတည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

Selection Tool ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ မိမိနဲ့အကိုက်ညီဆုံး အစာကြမ်းပင် မျိုးစိတ်ကို ရွေးချယ်ဖို့ အက်ပလီကေးရှင်းက ကူညီပေးမှာ ဖြစ်ပါတယ်။
Selection Tool ထဲမှာ မေးထားတဲ့ မေးခွန်းလေးတွေကို အမှန်ခြစ် ခြစ်ပြီး ဖြေသွားရုံနဲ့ အဆုံးမှာ မိမိနဲ့ အ သင့်တော်ဆုံး အစာကြမ်းပင်မျိုးစိတ်ကို ရွေးချယ်ပေးသွားပါလိမ့်မယ်။ အဲဒီမျိုးစိတ်အကြောင်း အသေးစိတ်ကိုတော့ Fact Sheets မှာ ပြန်လည်ရှာဖွေကြည့်ရမှာပါ။

ဘာအတွက် စိုက်ပျိုးချင်တာလဲ၊ စိုက်ပျိုးမယ့်ဒေသရဲ့ တည်နေရာ (လတ္တီတွဒ်၊ လောင်ဂျီတွဒ်)၊ ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်ပေ၊ မြေအမျိုးအစား၊ မြေဆီလွှာမှာ အာဟာရဓာတ်ရရှိနိုင်မှု၊ မြေရဲ့ချဉ်ငံနှုန်း၊ ရေစီးရေလာ အခြေအနေ၊ မိုးရေချိန်၊ မြေဆီလွှာရဲ့ ဆားဓာတ်ပါဝင်မှုကစလို့ အသေးစိတ်ကို ဖြည့်စွက်နိုင်ပါတယ်။ အချက်အလက် စုံစုံလင်လင်ပေးနိုင်လေလေ၊ မိမိနဲ့ ပိုသင့်တော်တဲ့ မျိုးစိတ်ကို ရွေးချယ်ပေးနိုင်လေလေပါပဲ။ 

မြန်မာ့မွေးမြူသူများအတွက် Tropical Forage အက်ပလီကေးရှင်းလေးရဲ့ အားနည်းချက်ကတော့ မြန်မာဘာသာနဲ့ အသုံးပြုလို့ မရသေးတဲ့ အချက်ပါပဲ။ ဒါပေမယ့် ဘာအချက်အလက်မှမရှိဘဲ စားကျက်တွေ၊ အစာကြမ်း ပင်စိုက်ခင်းတွေကို ရမ်းပြီး ထူထောင်နေတာနဲ့ နှိုင်းစာရင် အက်ပလီကေးရှင်းလေး ရှိနေတာက အတော်ကို အသုံးဝင်တယ်လို့ ဆိုရမှာပါ။ 


မွေးမြူရေးသမား မိတ်ဆွေများအနေနဲ့ အက်ပလီကေးရှင်းလေးကို download ရယူပြီး စမ်းသပ်အသုံးပြု ကြည့်ပါဦးခင်ဗျား။ မိတ်ဆွေတို့ရဲ့ အတွေ့အကြုံနဲ့၊ မှတ်ချက်လေးတွေကိုလည်း ကြားသိလိုလှပါတယ်။ 

ရေးသားသူ - သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://www.greenwaymyanmar.com/posts/tropical_forages_application

Green Way

18 Nov, 11:39


အစာနုကုန်ကြမ်း (concentrate) တွေရရှိဖို့ အခက်အခဲဖြစ်လာပြီး ဈေးတွေကြီးလာတာနဲ့အမျှ  အဲဒီအစာနုကို လုံးဝမှီခိုပြီး မွေးမြူရတဲ့ ကြက်၊ ဝက်တိရစ္ဆာန်တွေ (monogastric/simple stomach animals) မွေးမြူဖို့ ခက်ခဲလာပါတယ်။ တွက်ချေမကိုက်တော့ဘူးလို့ဆိုရင်လည်း ရပါတယ်။ ဒီလိုအခြေအနေမှာ အထူးသဖြင့် အသေးစားမွေးမြူရေးသမားတွေအတွက် ရပ်တည်ဖို့ ပိုခက်ခဲလာမှာ သေချာပါတယ်။ 

ဒါပေမယ့်တစ်ဖက်မှာက စားသုံးသူပြည်သူလူထုအတွက် အသားဓာတ်လိုအပ်ချက်က ရှိနေဆဲဖြစ်ပါတယ်။ 

အသေးစားမွေးမြူသူတွေအတွက် ဒီအချိန်မှာ အစာနုဖိုး ကုန်ကျစရိတ်နည်းတဲ့ မွေးမြူရေးလုပ်ငန်းကို ပြောင်းလဲစဉ်းစားကြည့်လာကြဖို့ ရှိပါတယ်။  ကုန်ကျစရိတ် သက်သာတဲ့ အစာကြမ်း (forage) ကို အဓိကကျွေးမွေးပြီး တန်ဖိုးမြင့်တဲ့အသားတွေ ထုတ်လုပ်နိုင်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့လို စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွေဘက် လှည့်လာကြမလားလို့ တွေးကြည့်မိပါတယ်။
 
အစာကြမ်းကိုမှီခိုတဲ့ မွေးမြူရေးကို ထိရောက်အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုရင် မိမိရဲ့ဒေသ၊ မိမိမွေးမြူတဲ့ တိရစ္ဆာန်နဲ့ကိုက်ညီတဲ့ အစာကြမ်းပင်တွေ ရွေးချယ်စိုက်ပျိုးဖို့ ကျွေးမွေးဖို့ လိုအပ်ပါလိမ့်မယ်။ အစာကြမ်းပင် အမျိုးအစား ရာနဲ့ချီရှိပြီး တစ်မျိုးချင်းစီမှာ မတူညီတဲ့ ထုတ်လုပ်မှု၊ ရာသီဥတုဒဏ်ခံနိုင်မှု၊ ရေနဲ့အာဟာရမြေဩဇာ လိုအပ်ချက်၊ ကိုက်နှစ်သက်တဲ့ မြေအမျိုးအစား၊ စိုက်ပျိုးပုံနဲ့ ရိတ်သိမ်းပုံနည်းစနစ်စသည်ဖြင့် ကွဲပြားခြားနားမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အစာကြမ်းပင် ရွေးချယ်ရာမှာရော၊ စိုက်ပျိုးရာမှာ အသုံးပြုရာမှာပါ ကျွမ်းကျင်သူတွေရဲ့ အကူအညီ ရယူဖို့ လိုအပ်ပါတယ်။ 

ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူဖို့ အခက်အခဲ ရှိနေသူတွေအတွက်တော့ အားကိုးစရာ မိုဘိုင်း အက်ပလီကေးရှင်းလေး (App) တစ်ခုကို မိတ်ဆက်ပေးလိုပါတယ်။ အဲဒီ App ကလေးက မိုဘိုင်းဖုန်းရှိရုံနဲ့ ဘယ်သူမဆို အခမဲ့အသုံးပြုလို့ရတဲ့ "Tropical Forages" ဆိုတဲ့ App ကလေးပါ။ ဩစတေးလျနိုင်ငံ နိုင်ငံတကာစိုက်ပျိုးမွေးမြူ ရေးသုတေသနစင်တာ (Australian Centre for International Agricultural – ACIAR) က ထုတ်လုပ်ဖြန့်ချိထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသနိုင်ငံတွေမှာ ရှင်သန်ပေါက်ရောက်နိုင်တဲ့ မြက်၊ ပြောင်း၊ လူး၊ ဆပ်၊ ပဲမျိုးဝင် အပင်အမျိုးမျိုး စသည်ဖြင့် အစာကြမ်းပင်တွေအားလုံးအကြောင်းကို တစ်နေရာတည်းမှာ လေ့လာနိုင်သလို လက်တွေ့အသုံးချနိုင်အောင် အချက်အလက်အားလုံးကို ပံ့ပိုးကူညီထားတဲ့ App လေးပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ဒီ App လေး မရှိခင်က ပင်ရင်း Website ဖြစ်တဲ့ http://tropicalforages.info မှာ အပူပိုင်းဒေသမှာ စိုက်ပျိုးနိုင်တဲ့ အစာကြမ်းပင်တွေအကြောင်းကို သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ အခုတော့ App အဖြစ်နဲ့မို့ မိုဘိုင်းလ်ဖုန်းထဲထည့်ပြီး အချိန်မရွေး အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ App သာ ဖုန်းထဲမှာရှိရင် အင်တာနက်မရှိတဲ့အချိန်မှာပါ သုံးလို့ရနိုင်ပါတယ်။ အသုံးလိုတယ်ဆိုသူများ Google Play မှာ Tropical Forages လို့ ရိုက်ရှာပြီး download ပြုလုပ်နိုင်ပါတယ်။ App မှာ အစိတ်အပိုင်း ၆ ခု ပါဝင်ပါတယ်။ 


Introduction ဆိုတဲ့အပိုင်းမှာ အက်ပလီကေးရှင်းဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းအရာတွေနဲ့ အက်ပလီကေးရှင်းအကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။
Using the App ဆိုတဲ့အပိုင်းမှာတော့ အက်ပလီကေးရှင်းကို အသုံးပြုပုံနဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။

Glossary မှာတော့ အပူပိုင်းဒေသမှာ ရှင်သန်ပေါက်ရောက်တဲ့ အစာကြမ်းပင်တွေအကြောင်း ရေးသားထားချက်တွေမှာပါဝင်တဲ့ နည်းပညာဝေါဟာရတွေကို ရိုးရှင်းစွာနားလည်နိုင်စေဖို့ အဘိဓာန် သဖွယ် ရှင်းလင်းတင်ပြထားပါတယ်။ 

Contact ဆိုတဲ့အပိုင်းမှာတော့ မိမိတို့သိရှိလိုတာတွေကို ထပ်မံမေးမြန်းနိုင်စေဖို့ Tropical Forages Program ကို ဆက်သွယ်နိုင်မယ့် လိပ်စာတွေကို ဖော်ပြထားပါတယ်။ 
အရေးအကြီးဆုံး အစိတ်အပိုင်း ၂ ခုကတော့ Fact Sheets နဲ့ Selection Tool ဆိုတဲ့ အစိတ်အပိုင်းတွေပါ။ 

Fact Sheets မှာ အစာကြမ်းပင် မျိုးစိတ်တစ်ခုချင်းစီရဲ့ အကြောင်းကို အသေးစိတ် လေ့လာဖတ် ရှုနိုင်ပါတယ်။ 

ကိုယ့်မှာစိုက်ပျိုးစရာ အစာကြမ်းပင်မျိုးစိတ်တစ်ခုရှိထားရင် မစိုက်ခင်၊ ဒါမှမဟုတ် တိရစ္ဆာန်တွေကို မကျွေးမွေးခင် အဲဒီအပင်မျိုးစိတ်ရဲ့အကြောင်း အသေးစိတ်ကို Fact Sheets တွေထဲမှာ ရှာဖွေလေ့လာကြည့်နိုင်ပါတယ်။ 

မျိုးစိတ်တွေရဲ့ နာမည်တွေကို အင်္ဂလိပ်အက္ခရာစဉ်အတိုင်း စီစဉ်ပေးထားလို့ ရှာရတာလွယ်ကူ ပါတယ်။ မျိုးစိတ်နာမည်ကို ရိုက်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။ အတော်လေးကို ရိုးရှင်း လွယ်ကူတာပါ။ 

မျိုးစိတ်တစ်ခုကို ရွေးချယ်လိုက်ရင် အဲဒီမျိုးစိတ်ဝင်အပင်ရဲ့ ပင်စည်က ဘယ်လို၊ အရွက်က ဘယ်လို၊ အစေ့ကဘယ်လိုစသည်ဖြင့် အပင်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို တွေ့ ရနိုင်ပါ တယ်။

Green Way

18 Nov, 10:36


ဟင်းသီးဟင်းရွက်စိုက်တောင်သူများအတွက် ဂုဏ်ယူဝမ်းမြောက်စွာ လက်တွဲပူးပေါင်းခြင်း
========

အပူပိုင်းဒေသရှိ တောင်သူများ ပြည့်ဝသောအသိပညာဗဟုသုတများဖြင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အကျိုးအမြတ်ဖြစ်ထွန်းမည့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

Greenovator အနေဖြင့် Green Way အက်ပလီကေးရှင်းနှင့် အခြားသောဆိုရှယ်မီဒီယာအကောင့်များမှတဆင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်မှအစ စိတ်ဝင်စားစရာဗဟုသုတများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာ ဖြင့် အလွယ်တကူရောက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး

ဒေသခံများတောင်သူများအနေဖြင့်လည်း Green Way - အစိမ်းရောင်လမ်း အက်ပလီကေးရှင်းအသုံးပြုခြင်းမှတစ်ဆင့် စိုက်ပျိုးနည်းလမ်းဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည့်အပြင် မရှင်းလင်းသည်များနှင့် စိုက်ပျိုးစဉ်ကြုံတွေရမည့် အခက်အခဲများ၏ ဖြေရှင်းချက်များကိုပါ မြားနီနည်းပညာပေးအဖွဲ့မှ တိုက်ရိုက်ရယူနိုင်တော့မည်လည်း ဖြစ်ပါသည်။

ထို့ကြောင့် ယခုကဲ့သို့ မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ပူးပေါင်း ဆောင်ရွက်မှုသည် လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေနိုင်မည်ဟု ယုံကြည်မိကြောင်းပြောကြားရင်း ဂုဏ်ယူစွာ အသိပေးကြေညာလိုက်ရပါသည်။

Green Way

18 Nov, 03:19


နိုဝင်ဘာ ၁၈၊ ၁၉ ရက်များတွင် မိုးဖွဲဖွဲရွာနိုင်သည့် ဒေသများ
====
နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီ ၅၅ မိနစ်တွင် ရရှိသည့်ဒေတာများအရ

🔸 ဖိလစ်ပိုင်နိုင်ငံကို ဦးတည်တိုက်ခတ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း "MAN YI" - ဖိလစ်ပိုင်အမည် PEPITO က ဒီနေ့ ညပိုင်းမှာ ဖိလစ်ပိုင်အရှေ့ဘက်ကမ်းခြေအနီးချဉ်းကပ်လာစဉ် အဆင့်-၅(CATEGORY-5)စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာကြောင်း၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၆၀ ခန့် ရှိနေကြောင်း သိရပါတယ်။

🔸 မုန်တိုင်းများရဲ့ လမ်းကြောင်းအရွယ်အစားနဲ့ အင်အားလေ့လာဆန်းစစ်တဲ့ CIMSS က လေတိုက်နှုန်း 140 knots(တစ်နာရီ ၁၆၁ မိုင်နှုန်း)ရှိကြောင်း အတည်ပြုထားတာတွေ့ရပါတယ်။

🔸 စူပါတိုင်ဖွန်းမုန်တိုင်း MAN YI(PEPITO)သည် မနက်ဖြန် နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီဝန်းကျင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေကို Maria Aurora မြို့အနီးမှ ဖြတ်ကျော်စဉ် အဆင့်-၃(CATEGORY-3)တိုင်ဖွန်းမုန်တိုင်းအဖြစ်အားလျော့သွားပြီး၊ ကုန်းတွင်းပိုင်းကို ARITAO နဲ့ BAGUIO မြို့များအနီးမှ ဖြတ်ကျော်ပြီးတဲ့နောက် ဖိလစ်ပိုင် အနောက်ဘက်ကမ်းခြေမြို့ SAN FERNANDO မြို့အနီးမှ တောင်တရုတ်ပင်လယ်ထဲကို နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်မှာ စတင်ဝင်ရောက်မယ်၊ တောင်တရုတ်ပင်လယ်တွင်း စတင်ဝင်ရောက်ချိန်မှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ အားလျော့သွားနိုင်မှာဖြစ်ကြောင်း အတည်ပြုခန့်မှန်းချက်များမှာတွေ့ရပါတယ်။

🔸 တောင်တရုတ်ပင်လယ်ထဲမှာ အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်)ကိုရွေလျားရင်း တဖြည်းဖြည်းအားလျော့လာပြီး ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဆင့်ဖြင့်သာ ဖြတ်ကျော်ဝင်ရောက်ကာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ချက်ချင်း အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။



🔸 လက်ရှိအချိန်မှာ မုန်တိုင်းအရှိန်သက်ရောက်မှုက မြန်မာနိုင်ငံကို သက်ရောက်နိုင်ချေ အလွန်နည်းပါးမှာဖြစ်ပြီး၊ နိုဝင်ဘာ ၁၇ ရက် ည ပိုင်းနဲ့ ၁၈ ရက်နေ့များတွင် - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း+အနောက်ခြမ်း ဒေသအချို့မှာ မိုးအနည်းငယ်(၁၅ မီလီမီတာ - လက်မဝက်ကျော်ကျော်ခန့်) ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။

🔸 အထက်ဖော်ပြပါ ပြည်နယ်တိုင်းဒေသအချို့မှာ မိုးဖွဲရွာသွန်းနိုင်မဲ့ အခြေအနေက နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက် အထိ မိုးဖွဲဖွဲပြတ်တောင်းရွာနိုင်ချေ ဆက်လက်ရှိနေမှာဖြစ်ကြောင်း တွေ့ရတဲ့အတွက် စပါးရိတ်/စပါးလှမ်းနေဆဲတောင်သူများ သတိထားနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

ရေးသားသူ - ဦးဝင်းနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

Green Way

15 Nov, 13:08


ဟင်းသီးဟင်းရွက်စိုက်တောင်သူများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ အကျိုးအမြတ်ဖြစ်ထွန်းမယ့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ရည်မှန်းပြီး အသိပညာဗဟုသုတတွေမျှဝေပေးဖို့ အစိမ်းရောင်လမ်းနဲ့ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ်။

ဘယ်အဖွဲ့ဖြစ်မလဲ..? ခန့်မှန်းကြည့်လိုက်ကြရအောင်နော်..။

Green Way

15 Nov, 01:04


ဆေးပေါင်းခတဲ့ တန်ဆောင်းမုန်းလပြည့်နေမှာ အစိမ်းရောင်လမ်းက မိတ်ဆွေတောင်သူများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုးကာ ဝင်ငွေများ တိုးပွားကြပါစေ🙏🙏🙏

Green Way

14 Nov, 08:41


ထိန်းချုပ်ကာကွယ်ခြင်း 
အထက်မှာ‌ဖော်ပြခဲ့တဲ့ မြေဆောင်ရောဂါဖြစ်ပေါ်စေတဲ့ သက်ရှိတွေဟာဆိုရင် ၎င်းတို့နှစ်သက်တဲ့ လက်ခံပင် (သီးနှံပင်) အချိန်ကြာမြင့်စွာ မရှိသည့်တိုင်အောင် မြေကြီးထဲမှာ ကောင်းစွာရှင်သန်နိုင်တဲ့ သက်ရှိတွေဖြစ်ပါတယ်။ ဓာတုနည်းနဲ့ ထိန်းချုပ်ကာကွယ်ခြင်းဟာ ရေရှည်အတွက် ထိရောက်မှုမရှိသလို ကုန်ကျမှုလည်း များပြားနိုင်ပါတယ်။ သို့ပေမယ့်လည်း အဆိုပါရောဂါပိုးတွေရဲ့ ဦးရေနဲ့ ကျရောက်မှုတွေကို အခြားသော သဘာဝနည်းလမ်းအနည်းငယ်နဲ့လည်း လျှော့ချလို့ရနိုင်ပါတယ်။ 
ပထမဆုံးအနေနဲ့ ထိရောက်ပြီး လုပ်ဆောင်သင့်တဲ့အရာကတော့ စိုက်ပျိုးရာသီ ကုန်ဆုံးသွားတဲ့အခါ စိုက်ခင်းထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေနဲ့ အညစ်အကြေးတွေအားလုံးကို ရှင်းလင်းပေးသင့်တာ ဖြစ်ပါတယ်။
အကုန်လုံးမရှင်းနိုင်ရင်တောင် အနည်းဆုံးတော့ ရောဂါပိုးကျရောက်ခဲ့တဲ့ နေရာမှာရှိနေတဲ့ အပင်အကြွင်း အကျန်တွေ အမှိုက်သရိုက်တွေကို သေချာဖယ်ရှားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်စေတဲ့ သက်ရှိတွေဟာ ဆောင်းရာသီတစ်ချိန်လုံးမှာ အပင်အကြွင်းအကျန်တွေပေါ်မှာ နေထိုင်စားသောက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ 


နောက်တစ်ချက်ကတော့ အာဟာရကြွယ်ဝပြီး ဇီဝဖြစ်စဉ်အရ ဖြစ်ပေါ်လာတဲ့ မြေဆွေးဟာ မြေဆီလွှာထဲမှာရှိနေတဲ့ ရောဂါတွေကို ဆန့်ကျင်နိုင်တဲ့ အဏုဇီဝသက်ရှိတွေကို ပေါက်ပွားစေနိုင်တာကြောင့် မြေဆောင်ရောဂါတွေကို နှိမ်နင်းနိုင်ကြောင်း လေ့လာမှုများစွာမှာ ဖော်ပြထားကြပါတယ်။ အပင်ရဲ့ အမြစ်တွေကို ထိခိုက်စေတဲ့ ရောဂါပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ မြေဆွေးအသုံးပြုခြင်းဟာ ကုသခြင်းရဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ 
နောက်ထပ် ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုကတော့ သီးလှည့်စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းဆိုတာ  စိုက်ခင်းတစ်ခုထဲမှာ သီးနှံတစ်မျိုးတည်းကိုပဲ ရာသီမရွေး ဆက်တိုက်ကြာရှည်စွာ စိုက်ပျိုးတာမျိုး မဟုတ်ဘဲ အခြားသော သီးနှံများကိုလည်း အလှည့်ကျ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းဟာ ပိုးမွှားများကို ကာကွယ်ပေးနိုင်ရုံမက မြေဆီလွှာမှာရှိတဲ့ ရောဂါတွေကို ထိန်းချုပ်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။ စိုက်ခင်းတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ပျိုးမယ်ဆိုရင် အချိန်ကြာလာနဲ့အမျှ မြေဆီလွှာမှာ ရောဂါတွေ ပျံ့နှံ့လာနိုင်တာ ဖြစ်ပါတယ်။ ဒီလိုစိုက်ခင်းမျိုးတွေမှာ သီးလှည့်စိုက်ပျိုးခြင်းကို ပြုလုပ်မယ်ဆိုရင်တော့ ရောဂါတွေရဲ့ ပွားများမှုနဲ့ ဘဝစက်ဝန်းကို ပြတ်တောက်သွားစေနိုင်တာကြောင့် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းလိုပဲ သီးညှပ်စိုက်ပျိုးခြင်းနဲ့ သီးရောစိုက်ပျိုးခြင်းတွေ ပြုလုပ်ခြင်းဖြင့်လည်း မြေဆောင်ရောဂါတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 
သီးနှံစိုက်ခင်းတွေမှာ ကောင်းမွန်တဲ့ ရေသွင်းရေထုတ်စနစ်တွေ ပြုလုပ်ခြင်းဟာလည်း အချို့သော oomycetes မှိုရောဂါတွေ (ဥပမာ Pythium)၊ နီမတုတ် စတာတွေရဲ့ အရေအတွက်နဲ့ လုပ်ဆောင်ချက်တွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ရေလွှမ်းထားတဲ့ လယ်ကွင်းတွေနဲ့ ခြောက်သွေ့ပြီး မထွန်ယက်ထားတဲ့ မြေတွေမှာဆိုရင် Fusarium၊ Sclerotinia၊ Sclerotiorum နဲ့ နီမတုတ်တွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 

ဓာတ်မြေသြဇာတွေကို စနစ်တကျ အသုံးပြုခြင်းဖြင့်လည်း အပင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါတွေရဲ့ သက်ရောက်မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 


• အမိုနီယမ်ဘိုင်ကာဗွန်နိတ် (ammonium bicarbonate) ကိုအသုံးပြုခြင်းဖြင့် Sclerotium rolfsii ရဲ့ sclerotial အကောင်များ ရှင်သန်နိုင်စွမ်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 
• ဖော့စဖိတ်ဓာတ်မြေသြဇာတွေကို အသုံးပြုခြင်းဖြင့် phytoalexins ထုတ်လုပ်မှုကို တိုးမြှင့်စေပြီး လက်ခံပင်ရဲ့ ခံနိုင်ရည်ရှိမှုကို အားကောင်းစေမှာ ဖြစ်ပါတယ်။
• ဖော့စဖရစ်အက်ဆစ်ကို အသုံးပြုခြင်းဖြင့် Pythium နဲ့ Phytophthora ကဲ့သို့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 
• ဂျစ်ပဆမ် ကျောက်မှုန့် အသုံးပြုခြင်းဖြင့် မြေပဲ၊ ပဲပုပ်နဲ့ နှံစားပြောင်းတွေမှာ ကျရောက်တတ်တဲ့ Macrophomina phaseolina ရောဂါတွေကို လျော့နည်းစေနိုင်ပါတယ်။ 

ရေးသားသူ - ဇင်ထူးနိုင် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Green Way

14 Nov, 08:41


• ဘက်တီးရီးယား ရောဂါပိုးတွေကတော့ အဖြစ်များတဲ့ ရောဂါရယ်ဆိုပြီး တွေ့ရတာတော့ နည်းပါတယ်။ သို့ပေမဲ့ ဖြစ်ပေါ်လေ့ရှိတဲ့ ရောဂါအချို့ကတော့ ဥပမာအနေနဲ့ ပြောရရင် Erwinia (ပျော့ပုပ်ရောဂါ)၊ Rhizomonas (ဆလပ်မှာတွေ့ရတဲ့ corky root)၊ Streptomyces (အာလူးအနာဖေး၊ ကန်စွန်းဥပျော့ပုပ်) စတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ 
ဗိုင်းရပ်စ်
• ဗိုင်းရပ်စ်အများစုဟာ ၎င်းတို့ရှင်သန်နိုင်ဖို့အတွက် သက်ရှိတစ်သျှူးတွေကို လိုအပ်သော်လည်း ၎င်းတို့ဟာ မှို သို့မဟုတ် နီမတုတ်များပေါ်မှာပါ ရှင်သန်နိုင်ပြီး ရေထဲမှာပါ ရှိနိုင်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး အပင်ဆဲလ်အတွင်းကို ဝင်ရောက်တဲ့အခါ အဆိုပါဆဲလ်တွေဟာ ဗိုင်းရပ်စ်ဆဲလ်တွေကို ပိုပြီးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆလပ်မှာ ကျရောက်တဲ့ necrotic stunt virus ဆိုရင် အပင်ရဲ့ကြီးထွားမှုကို ထိခိုက်စေပြီး အဝါရောင်ပြောင်းကာ အောက်ပိုင်းအရွက်တွေမှာ တခါတရံ အစက်အပြောက်တွေကို တွေ့ရတတ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အသစ်ထွက်လာတဲ့ အရွက်တွေကတော့ စိမ်းလန်းပြီး ထူထဲနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။


နီမတုတ်
နီမတုတ်တွေဟာ သေးငယ်တဲ့ အဏုဇီဝအကောင်ငယ်လေးတွေဖြစ်ပြီး များပြားတဲ့ဆဲလ်ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားကာ အဆစ်အပိုင်းတွေမပါဝင်တဲ့ လုံးဝန်းသောသက်ရှိတွေဖြစ်ပါတယ်။ ဒီသက်ရှိ အကောင်ငယ်လေးတွေကို ပုံကြီးချဲ့ပြီးမကြည့်ရင် မြေဆီလွှာထဲမှာ သန်းနဲ့ချီပြီးရှိနေတဲ့ နီမတုတ်တွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နီမတုတ်မျိုးစိတ် ၈၀,၀၀၀ ခန့်မှာ ၂,၅၀၀ ခန့်ကသာ ကပ်ပါးပြုကြတာ ဖြစ်ပါတယ်။ ၎င်းတို့အနက် အချို့သောနီမတုတ်တွေကတော့ ကပ်ပါးပြုပြီး သီးနှံပင်တွေကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ အချို့ကတော့ အပင်ရဲ့အမြစ်တွေမှာ နေထိုင်စားသောက်တာ ဖြစ်ပါတယ်။
နီမတုတ်တွေဟာ အထူးသဖြင့် မုန်လာဥနီကဲ့သို့ အမြစ်စားသုံးရတဲ့ သီးနှံတွေအတွက် ပြဿနာရှိနိုင်တာ ဖြစ်ပါတယ်။ အမြစ်ဖုနီမတုတ် (Root rot nematodes) တွေကိုတော့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ အမြစ်ဖုနီမတုတ်ကတော့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ သစ်သီးခြံတွေနဲ့ အလှပန်းစိုက်ခင်းတွေမှာ ကျရောက်ဖျက်ဆီးတဲ့ နီမတုတ်ဖြစ်ပါတယ်။ ၎င်းတို့ဟာ အမြစ်တွေ ပုံပျက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေပြီး အပင်ရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိကလက္ခဏာတော့ ၎င်းရဲ့နာမည်ကဲ့သို့ပဲ လက်ခံပင်ရဲ့ အမြစ်တွေပေါ်မှာ အဖု၊ အလုံးတွေ ကြီးထွားလာခြင်း ဖြစ်ပါတယ်။ ဒီနီမတုတ် တိုက်ခိုက်ခံရတဲ့ အပင်တွေဟာ လုံလောက်တဲ့ အာဟာရဓာတ်ကို မရရှိနိုင်တာကြောင့် အရွက်တွေဝါလာပြီး အပင်ကြီးထွားမှု ရပ်တန့်သွားကာ ပုညှက်သွားစေတာ ဖြစ်ပါတယ်။

Green Way

14 Nov, 08:41


အပင်စိုက်ပျိုးရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေထဲမှာမှ မြေဆောင်ရောဂါကျရောက်တဲ့ ပြဿနာတွေဟာ အနှောင့်အယှက်ဖြစ်စေဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ မြေဆောင်ရောဂါတွေ ကျရောက်တဲ့အခါ အပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်နိုင်ပြီး တဖြည်းဖြည်းအပင်လှီကာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

မြေဆောင်ရောဂါတွေဟာ မြေဆီလွှာထဲမှာ ရှင်သန်လှုပ်ရှားနေတဲ့ အဏုဇီဝသက်ရှိတွေကြောင့် ဖြစ်ပွားရတာဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်တွေ့နိုင်သလို အပင်ထိခိုက်နေသည်အထိတိုင်အောင် သတိမပြုမိဘဲ ဖြစ်တတ်ကြပါတယ်။ 

မည်သည့်ရောဂါမဆို ရောဂါဖြစ်ပွားဖို့အတွက် အခြေခံအားဖြင့် အချက် ၃ ချက်လိုအပ်ပါတယ်။ 

• ၁။ ရောဂါဖြစ်ပွားစေသော သက်ရှိ 
• ၂။ လက်ခံအပင်နဲ့ 
• ၃။ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ စတဲ့ အချက်တွေ ဖြစ်ပါတယ်။ 


မြေဆောင်ရောဂါတွေ ဖြစ်ပွားရာမှာ ရောဂါဖြစ်စေတဲ့ သက်ရှိတွေဟာ မြေဆီလွှာထဲမှာ ကာလကြာရှည် ကျန်ရှိနေနိုင်ပြီး ၎င်းတို့ရဲ့လက်ခံပင် (သီးနှံပင်) တွေ စိုက်ပျိုးတဲ့ အချိန်ထိတိုင်အောင် အချိန်ကြာမြင့်စွာ စောင့် ဆိုင်းနေနိုင်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီးတော့လည်း ရောဂါဖြစ်ပွားမှုတွေ ကွဲပြားနိုင်ပါတယ်။ အချို့သော ရောဂါတွေကတော့ စိုထိုင်းတဲ့အခြေအနေကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ မြေဆီလွှာရဲ့ ချဉ်/ ငန် ကိန်းပေါ်မူတည်ပြီး ကျရောက်တတ်ကြသလို အချို့ကတော့ ၎င်းတို့သတ်မှတ်ထားတဲ့ နူးညံ့ပြီး အရည်ရွှမ်းတဲ့ အပင်အစိတ်အပိုင်းတွေမှာ ကျရောက်လေ့ရှိတာ ဖြစ်ပါတယ်။ 


အချို့ရောဂါတွေကတော့ ၎င်းတို့အတွက် သင့်တော်တဲ့ လက်ခံပင်နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ ရောက်ရှိတဲ့အခါ ခဏတာ ကျရောက်တတ်ကြတာဖြစ်ပြီး အချို့ကတော့ မြေဆီလွှာထဲမှာ နှစ်ပေါင်းများစွာ သဘာဝအတိုင်း ရှိနေတတ်ကြတာ ဖြစ်ပါတယ်။ အချို့ရောဂါဖြစ်စေတဲ့ သက်ရှိတွေကတော့ ၎င်းတို့ကြိုက် နှစ်သက်တဲ့ လက်ခံပင်ကို မရရှိတဲ့အခါ အခြားအစားထိုး သီးနှံတစ်မျိုးဆီကို ပြောင်းသွားလေ့ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ သီးနှံတွေရဲ့ စိုက်ပျိုးရာသီ ကုန်ဆုံးသွားပြီဆိုတာနဲ့ သီးနှံပင်တွေရဲ့ အကြွင်းအကျန်တွေနဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းပစ်ဖို့ အကြံပြုကြလေ့ရှိတာ ဖြစ်ပါတယ်။ အပင်တွေမှာ ကျရောက်လေ့ရှိတဲ့ မြေဆောင်ရောဂါတွေဟာ ယေဘုယျအားဖြင့် အရွက်ဝါခြင်း (သို့မဟုတ်) အမည်းရောင် အစက်အပြောက်များ ဖြစ်ပေါ်ခြင်းကဲ့သို့ အလားတူလက္ခဏာများ တွေ့ရလေ့ရှိပါတယ်။ 


မြေဆောင်ရောဂါ အမျိုးအစားများ
မှို

မှိုရောဂါတွေဟာ သီးနှံတွေစိုက်ပျိုးရာမှာ အဖြစ်အများဆုံး မြေဆောင်ရောဂါတွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့လည်း မှိုမျိုးစိတ်ပေါင်း ၈၀၀၀  ကျော်ရှိတဲ့အနက် မှိုတိုင်းဟာ အပင်တွေကိုပြဿနာ ဖြစ်စေနိုင်တာမျိုး မဟုတ်သလို အဓိကကျတဲ့ ရောဂါတွေလည်း မဟုတ်ပြန်ပါဘူး။ အပင်အများစုကတော့ မှိုအမျိုးအစားအချို့ကို ခံနိုင်ရည်ရှိကြပြီးသား ဖြစ်ပါတယ်။

မြေဆောင်မှိုရောဂါ ကျရောက်တဲ့ ပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 
• အပင်ရဲ့အမြစ်စနစ် စတင်ပျက်စီးပြီးတဲ့နောက် အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ရောဂါပိုးတွေဟာ အပင်ရဲ့အမြစ်တွေကို ကူးစက်ပြီးနောက် အပင်မှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူခြင်းနဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ မှိုရောဂါကျရောက်တဲ့အခါ တွေ့ရတတ်တဲ့  လက္ခဏာတွေကတော့ အပင်ညှိုးနွမ်းသွားခြင်း၊ အဝါရောင်ပြောင်းလာခြင်း၊ ကြီးထွားမှုနှေးလာခြင်း၊ ကိုင်းဖျားခြောက်ခြင်းနဲ့ သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အဆိုပါလက္ခဏာတွေဟာ ရေငတ်ဒဏ်ခံရခြင်းနဲ့ အာဟာရချို့တဲ့ခြင်းကဲ့သို့သော အခြားပြဿနာတွေနဲ့ ရောထွေးနိုင်ပါတယ်။ အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ မှိုတွေကတော့ Cylindrocladium၊ Pythium၊ Phytophthora နဲ့ Rhizoctonia တို့ ဖြစ်ကြပါတယ်။ 

• မြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ အပင်တွေမှာဆိုရင်တော့ ပင်စည်၊ ရိုးတံနဲ့ အညွန့်တွေမှာ ပုပ်တာမျိုး တွေ့ရတတ်ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ အမြစ်ပုပ်ခြင်းနဲ့ ဆင်တူပေမဲ့လည်း မြေဆီလွှာအပေါ်မှာ ပုပ်စပြုလာတာကြောင့် ကြိုတင်သိရှိနိုင်ဖို့ လွယ်ကူပါတယ်။ သတိထားရမယ့် အဖြစ်များတဲ့ ရောဂါပိုးတွေကတော့ Phytophthora၊ Rhizoctonia၊ Sclerotinia နဲ့ Sclerotium တို့ဖြစ်ပါတယ်။ 

• Fusarium oxysporum နဲ့ Verticillium spp ကဲ့သို့သော ရောဂါတွေဟာဆိုရင်တော့ ရေအလုံအလောက်ရှိနေပေမယ့်လည်း အပင်တွေကို ညှိုးနွမ်းစေတဲ့ရောဂါတွေ ဖြစ်ပါတယ်။ အဆိုပါ ရောဂါတွေဟာ များသော အားဖြင့် အပင်ရဲ့အတွင်းပိုင်းမှာ ထိခိုက်မှုလက္ခဏာ တွေ့ရှိရတာ ဖြစ်ပါတယ်။
• ခါးရိရောဂါတွေကတော့ ပျိုးပင်ငယ်တွေကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ အဆိုပါ ရောဂါတွေဟာ အဓိကအားဖြင့် Pythium၊ Phytophthora၊ Rhizoctonia နဲ့ Sclerotium rolfsii ကဲ့သို့သော မှိုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါတွေဟာ မျိုးညှောက်ပေါက်ချိန် သို့မဟုတ် ပေါက်ပြီးမကြာခင်မှာပဲ အပင်တွေမှာကျရောက်တတ်ပြီး ရုတ်တရက်သေဆုံးစေနိုင်တာ ဖြစ်ပါတယ်။ 

ဘက်တီးရီးယား