မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင် @soe077 Channel on Telegram

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

@soe077


မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင် (Burmese)

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင် ကိုယ်တိုင်စကားပြောအကြော နှင့် အလျေးစကားပြော အတွေ့အကြုံ အင်ယာအပိုင်း သုတစုံလင် ဖြစ်ပြီး စကားလေးများနှင့် အကြောစကားများ ဖြစ်စေခြင်း ဖြစ်ပါသည်။ ဤလိုင်စကားပြောကိုယ်တိုင် ဆရာမ၊ သုတစုံလင်မမြိုဟ် နှင့် သတင်းဆရ အတွေးအကြုံ ထည့်သွင်းထားရန်နှင့် နောက်ထပ် သင့်အေးအပါးကို သည့်အနည်းငလုပ်ရန်အောင် အတွေ့အကြုံ ဆောင်ရွက်ပေးလိမ့်မည်။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

28 Nov, 09:42


ပြန်မလာနဲ့ ငါ့ကောင်

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

22 Nov, 17:17


မကွေးမြို့က သူငယ်ချင်ရှိရင် လာhiပေးနော်

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

21 Nov, 16:35


ထောင်နေတာလေး မှုပ်ပေးမယ့် ကောင်မလေးneed @Overthinker1092

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

20 Nov, 14:15


အိုင်ဒီယာကို သဘော ကျလို့ ပါ 👌

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

(သဘောကျလို့ copy ယူလာတာ )
#Charm #Eric

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

12 Nov, 16:22


ထောင်နေတာလေး မှုပ်ပေးမယ့်ကောင်မလေးneed

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

07 Nov, 17:02


girl onlyနော် @Overthinker1092 လာhi

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

07 Nov, 17:02


girl only gl private dark gp လေးရှိတယ်။ စိတ်ဝင်စားရင် လာခဲ့😇

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

06 Nov, 11:32


❝ ဂရုမစိုက်ခြင်းအနုပညာစာအုပ်ထဲက သင်ခန်းစာများ ❞

🔳 တကယ်ကောင်းမွန်တဲ့ ဘဝကို
လိုချင်ရင် အရာရာတိုင်းကို ပိုပိုပြီး
ဂရုစိုက်အဖက်လုပ်နေလို့ မရဘူး။
စစ်မှန်ပြီး တကယ်လိုအပ်တဲ့
အရေးကြီးတဲ့အရာတွေကို ရွေးပြီး
ဂရုစိုက်တက်ဖို့လိုတယ်။

ဘဝမှာ အဆင်မပြေမှုတွေဆိုတာ
ကျွန်တော်တို့ မလိုချင်ဆုံးနဲ့ ကျွန်တော်တို့ကို
ဝမ်းအနည်းစေဆုံးအရာတွေပဲ ဖြစ်တယ်။

ဒါပေမဲ့ ကိုယ်သွားချင်တဲ့ လမ်းဆုံး
ပန်းတိုင်ဆီကို စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့
ရောက်ဖို့ဆိုရင် အခက်အခဲတွေ ပြဿနာတွေနဲ့
ပတ်သတ်လို့ အချက်(၂) ချက် သိထားဖို့ လိုပါလိမ့်မယ်။

တစ်အချက်က ပြဿနာတွေကို
အခက်အခဲတွေဆိုတာ ရှောင်လွှဲလို့မရ
နံပါတ်နှစ်အချက်က ကိုယ်သိတဲ့
ပြဿနာတွေဟာ ကိုယ်တကယ်
ရင်ဆိုင်သင့်တဲ့အရာတွေလား ဆိုတဲ့အချက်။

ပထမအချက်က ကျွန်တော်တို့နဲ့
ရင်းနှီးပြီးသား။
အဲဒီပြဿနာအတွက် အဖြေက ပြဿနာတွေကို
အရှိအတိုင်း လက်ခံပြီး အဲဒီအရာတွေကို
ပြည့်ပြည့်ဝဝနားလည်သဘောပေါက်ဖို့ လိုတယ်။
ဒီလောက် သိရုံနဲ့တင် ရှေ့ဆက်လျှောက်လမ်းဖို့
ကိုယ့်ကိုယ်ကိုယ် တွန်းအားပြန်ပေးလို့ ရပြီ။

ဒုတိယအချက်က ပိုအရေးကြီးတယ်။
ဘဝမှာ “ ဘဝမှာ ပြဿနာမဟုတ်တာကို
ပြဿနာလို့ ထင်နေရင် အဲဒါ ပြဿနာစစ်စစ်ပဲ။ ”
ဘာမှမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စတွေမှာ
အကြီးအကျယ် အာရုံစိုက်နေမိမယ်ဆိုရင်
ပြဿနာမဟုတ်တဲ့ အရာတွေနဲ့ပဲ
ကိုယ့်တစ်ဘဝလုံးက အချိန်ကုန်နေလိမ့်မယ်။

ဒါ့ကြောင့် ခံစားဖို့ မထိုက်တန်တဲ့
ကိစ္စသေးသေးလေးတွေအတွက် ပိုပြီး
မခံစားမိအောင် နေတတ်ဖို့၊ မနစ်မြုပ်သင့်တဲ့
ကိစ္စဖြစ်ရပ်တွေအပေါ်မှာ စိတ်မနှစ်ထားဖို့
အင်မတန်အရေးကြီးတယ်။

🔳 ကောင်းတာတွေကိုပဲ လိုချင်နေတာဟာ
မကောင်းတဲ့စိတ်ဖြစ်ပြီး မကောင်းတာတွေကို
လက်ခံလိုက်တာဟာ ကောင်းတဲ့စိတ် ဖြစ်တယ်။

စကားပုံတစ်ခု ရှိပါတယ်။
“ မစားရအရှင်း၊ စားရဆီထမင်း ” တဲ့၊
အဓိပ္ပါယ်က မစားရင် လုံးဝမစားဘဲ နေမယ်၊
စားမယ်ဆိုရင်လည်း အစားကောင်းမှ
စားမယ် ဆိုတဲ့ သဘောပါ။

အထူးသဖြင့် ဒီလိုလူတွေဟာ
ငတ်သွားကြတာ များတယ်၊
ဘာလို့ဆို ကိုယ့်မှာ ရှိတာနဲ့ မရောင့်ရဲဘဲ
ကိုယ့်မှာ မရှိနေတဲ့အရာတွေအပေါ်မှာ
ခဏခဏ စိတ်ရောက်နေလို့ပဲ။

🔳 အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ
လူတိုင်းက အခြေအနေ (၃) ခုနဲ့ ကိုယ့်ရဲ့
အဆင်မပြေခြင်းတွေကို ကျော်လွှားကြတယ်။

(၁) အခက်အခဲတွေကို အပြစ်တင်ရင်းနဲ့နေသွားတယ်
(၂) လုံးဝအဆင်ပြေမှုကို ဦးတည်လျှောက်လှမ်းတယ်
(၃) အခက်အခဲတွေကို သင်ယူပြီး အမြင့်ကို တက်တယ်

ကိုယ်ကြုံနေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့
လူတွေနဲ့အခြေအနေတွေကို အပြစ်တင်တာဟာ
ကိုယ့်ဘဝမှာ ပိုပိုပြီး ပြဿနာတွေ ဝန်းရံလာစေတယ်။

အဆင်မပြေမှုဟာ အစွန်းတစ်ခုဖြစ်ပြီးတော့
လုံးဝအဆင်ပြေမှုကို မျှော်လင့်နေတာကလည်း
နောက်ထပ်အစွန်းတစ်ခု ဖြစ်တယ်။

အဆင်ပြေမှုနဲ အဆင်မပြေမှုတို့အပေါ်
မှန်ကန်တဲ့ နားလည်ခြင်းကသာ ပျော်ရွှင်မှု
အစစ်အမှန်ကို ဘဝက ပေးနိုင်မှာ ဖြစ်တယ်။

အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်ဘူး။
မှားပြီးသား အမှားကို ထပ်မမှားနိုင်ဖို့ပဲ ဖြစ်နိုင်တယ်။

🔳 ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုပြီး
လိုက်ရှာနေရင် ပျော်ရမှာ မဟုတ်သလို
ဘဝဆိုတာ ဘာလဲဆိုပြီးနားလည်ဖို့ပဲ
ကြိုးစားနေရင် တန်အောင်နေလိုက်ရမှာ မဟုတ်ဘူး။
- Albert Camus (အဲလ်ဘတ် ကမူး)

ကိုယ်တကယ် ဂရုမစိုက်သင့်တဲ့အရာတွေကို
မြင်လာတာနဲ့တစ်ပြိုင်နက်
ကိုယ်တကယ် ဂရုစိုက်ရမယ့်အရာတွေကိုလည်း
အလိုလိုမြင်လာပါလိမ့်မယ်။

ရှုပ်ထွေးနေတဲ့အရာတွေကို
ကိုယ့်ဘဝထဲမှာ လုံးဝရှောင်လွှဲလို့
မရနိုင်ပေမဲ့ အရေးကြီး မှတ်ထားရမှာက
အဲဒီရှုပ်ထွေးမှုက ကိုယ့်ဆီကနေ စပြီး
မြစ်ဖျားခံလာတာမျိုး လုံးဝ မဖြစ်စေနဲ့။

ကိုယ်တိုင်က ရှုပ်ဆထွးမှုကို
ဖန်တီးနေမယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ဆီမှာ
ရှိပြီးသားအရာကို သူတစ်ပါးဆီမှာ ရှာဖွေရင်း
အချိန်ကုန်သွားတဲ့သူပဲ ဖြစ်လိမ့်မယ်။

🔳 ဘဝမှာ ကြေကွဲဖွယ် အကောင်းဆုံးဟာ
ကိုယ်လိုချင်တာ ငါးမဟုတ်မှန်းသိဖို့အတွက်
တစ်သက်တာကို ငါးမျှားရင်း အချိန်ဖြုန်းပစ်မိတာပါပဲ။

ကိုယ် မရောက်သေးတဲ့ နေရာတစ်ခုကို
ရောက်ဖို့ ကြိုးစားတဲ့ နေရာမှာ
အရေးအကြီးဆုံး ဂရုစိုက်ရမယ့်အရာက
ကိုယ်ရောက်နေတဲ့အရာကို သိဖို့ပဲ။

ပစ္စုပ္ပန်က အနာဂတ်ထက် အရေးကြီးတယ်၊
မဖြစ်သေးတာထက် ဖြစ်နေတာ ပိုအရေးကြီးတယ်၊
အဖြေဆိုတာ ပစ္စုပ္ပန်မှာပဲ ရနိုင်ခြေများတယ်။

ပြဿနာကို မဖြေရှင်းခင်မှာ
ဒါက ပြဿနာ ဟုတ်မဟုတ်ဆိုတာကို
လေ့လာဆန်းစစ်ပြီး လက်ခံထားသင့်တယ်။

🔳 ခံစားချက်တွေကို မေးခွန်းထုတ်နိုင်ရင်
အဲဒီခံစားချက်တွေကနေ လွတ်မြောက်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ သဘာဝအလျောက်
ပျော်ရွှင်တတ်တယ်၊ ဝမ်းနည်းတတ်ကြတယ်။
ဒါပေမဲ့ နာကျင်မှုတွေဟာ အဆိုးဆုံးအပြုအမူတွေ
ဖြစ်လာအောင် ကိုယ့်စိတ်ကို ထပ်ခါထပ်ခါ
နှိုးဆွပေးပါတယ်။

နာကျင်မှုတွေ ကြေကွဲဝမ်းနည်းမှုတွေဟာ
ကိုယ့်ကို အတိတ်ကနေ မသင်ယူတက်အောင်
တားဆီးတတ်ကြသလို တခြားသူတွေနဲ့
အခြေအနေတွေပေါ်မှာလည်း အပြစ်တင်လွယ်
လာစေပါတယ်။

ငါ့ကျမှ ဘာလို့ဖြစ်တာလဲ စတဲ့
မေးခွန်းတွေဟာ ကိုယ်ခံစားနေရတဲ့
နာကျင်မှုတွေကို ကြီးထွားစေတယ်။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

06 Nov, 11:32


အဲဒီလို ကြီးထွားလာတဲ့ ဝမ်းနည်းကြေကွဲစရာတွေက
ကိုယ့်ကို အဖြေတွေအစား ခံစားချက်တွေအပေါ်မှာပဲ
နစ်မြုပ်စေတယ်။

🔳 စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ် အသေအချာ
ရွေးချယ်ထားတဲ့ ပိုကောင်းတဲ့ ဒုက္ခတွေကို
စီမံခန့်ခွဲနိုင်ခြင်းကနေ လာတယ်
- Mark Manson

ပိုကောင်းတဲ့ ဒုက္ခဆိုတာ ဘာလဲ။
အဲဒီလို ပိုကောင်းတဲ့ ဒုက္ခတွေကို
ဘယ်လိုလက်ခံရနိုင်သလဲ။

ပျော်နေတဲ့သူဟာ "ငါပျော်နေတယ်"လို့
ကိုယ့်ကိုယ်ကိုယ် ပြောမနေသလို
သတ္တိရှိတဲ့သူတစ်ယောက်ဟာလည်း
"ငါသတ္တိရှိတယ်"လို့ကိုယ့်ကိုယ်ကိုယ်
သတိပေးနေဖို့မလိုပါဘူး။
ဒီတော့ "ငါ့ဘဝမှာ အားလုံး အဆင်ပြေနေတယ်"
"ငါပြည့်စုံတယ်"လို့ ကိုယ့်ဘာသာ
လိမ်ညာနေမယ့်အစား ဒုက္ခဆိုတာ
လုံးဝ ရှောင်လွှဲလို့မရဘူးဆိုတာကို
အရင်လက်ခံဖို့ ကြိုးစားရပါလိမ့်မယ်။

ပိုကောင်းတဲ့ ဒုက္ခဆိုတာဟာ
လုံးဝအခက်အခဲ မရှိတော့ခြင်းကို
ဆိုလိုခြင်းမဟုတ်ပဲ အဆိုးရွားဆိုး
ဒုက္ခတွေကို ရင်ဆိုင်သင်ယူပြီး
ပိုရင့်ကျက်တဲ့ သူတစ်ယောက်အဖြစ်
ဒုက္ခအသစ်တွေကို ရင်ဆိုင်ဖို့ကြိုးစားနေခြင်း
ဖြစ်ပါတယ်။

🔳 အမှားတွေကို ရွေးချယ်ခွင့် မရှိပါဘူး။
နောက်တစ်ခါ ထပ်မမှားဖို့ကိုသာ သင်ယူနိုင်ပါတယ်။

နာကျင်မှုတွေကို စီမံခန့်ခွဲနိုင်ဖို့ဟာ
ကိုယ်ကြုံတွေ့ရမယ့်အခက်အခဲတွေအတွက်
ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ခြင်းနဲ့ဆိုင်ပါတယ်။

ပျော်ရွှင်မှုဆိုတာ နာကျင်မှုတွေထဲကနေ
ထွက်ပေါ်လာတာ ဖြစ်သလို အမှန်ဆိုတာဟာလည်း
အမှားတွေကို ဖြတ်သန်းသင်ယူနေရင်းကနေ
ရှာဖွေတွေ့ရှိလာတာ ဖြစ်ပါတယ်။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

03 Nov, 23:56


🤔 Owic Card ဆိုတာ ဘာလဲ?

အဖြေ: 👇
Oversea Worker Identification Card 🪪 ကိုခေါ်တာ ဖြစ်ပါတယ်၊
ပြည်ပအလုပ်လုပ်ကိုင်သူဖြစ်ပါက လက်ဝယ်ရှိနေရမည့် အလုပ်သမားကတ် ဖြစ်ပါတယ်။

----------

🤔 Owic card က အသက်အရွယ်မရွေး လျှောက်လို့ရတာလား ?

အဖြေ:👇
မရပါဘူး၊
အမျိုးသား အသက် ၂၃ နှစ် မှ ၃၂ နှစ် အတွင်းဖြစ်ပါက အလုပ်ခေါ်စာရှိနေပါသော်လည်း
Owic card မထုတ်ပေးပါဘူး၊
ထို့နောက် PJ ကိုင်ထားပြီး Owic မရှိတဲ့အတွက် ပြည်ပထွက်လို့လဲ မရပါဘူး။

--------------

🤔 PV နဲ့ကျောင်းတက်နေပါတယ်၊ မြန်မာနိုင်ငံ အလည်ပြန်လာလို့ ရပါသလား ?

အဖြေ👇 :
ကျောင်းသားက PV passport ဖြင့်အလည်အပတ်ပြန်လာလို့လဲ ရပါတယ်၊
Uni Ed visa သမားဖြစ်ပါက ကျောင်းသားကတ်ရှိရပါမယ်၊
ထိုင်းမှာ language school ဖြင့် Ed visa နှင့်နေပါက ကျောင်းရဲ့ acceptance letter ယူလာသင့်ပါတယ်၊
ပြန်အထွက် မြန်မာလေဆိပ်မှာ ပြရပါမယ် that’s all ပါ၊
ထိုင်း Ed visa ယူထားပြီး ပြန်လာမှာဆိုရင်တော့ ထိုင်းလေဆိပ်မှာ re entry တုံးထုလာဖို့ မမေ့နဲ့နော်
visa cancel မဖြစ်အောင်ပါ၊
📍အသွားအပြန်လေယာဥ် လက်မှတ်၊ show money, hotel booking ပြရန်မလိုပါ။

----------

🤔PV နဲ့ Ed visa / guardian visa စသဖြင့် မြန်မာနိုင်ငံမှာပဲ လျှောက်ထားပြီးထွက်မယ် အဆင်ပြေပါ့မလား?

အဖြေ:👇
အဆင်ပြေပါတယ်၊
PV passport မှာ visa sticker ရရှိပြီး ကျောင်းမှ ပို့လိုက်တဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ
လေဆိပ်မှာ တင်ပြမယ်၊ အသွားလက်မှတ်လဲ ပါမယ်၊ သွားသွားချင်းနေဖို့ ဟိုတယ် Booking လဲရှိမယ်၊
show money တစ်ယောက် usd 500 သို့ ဘတ် နှစ်သောင်းပါ ပါသေးတယ်ဆို ဘာလိုသေးလဲပေါ့နော်၊
အဆင်ပြေပြေနဲ့ သွားလို့ရပါတယ်လို့နော်။

---------

>> PV နဲ့ Retirement visa နဲ့နေပါတယ်၊ သို့ Dependent Visa နဲ့နေ့ပါတယ်။ အလည်ပြန်လာလို့ရလား။ return ticket ရော ပြရဦးမှာလား?
အဖြေ: 👉 မြန်မာနိုင်ငံကို အလည်ပြန်လာလို့ ရပါတယ်၊
long term visa သမား ဖြစ်တဲ့အတွက် ပြန်အထွက်မှာ အသွားအပြန်လေယာဥ် လက်မှတ်၊
show money, hotel booking ပြရန်မလိုပါ။

…. PV….

-------------

🤔ပြည်ပနိုင်ငံများသို့သွားရောက်မည့် pj (job passport)ကိုင်ဆောင်ထားသူများအလည်အပတ်သွားလို့ရလား ?

အဖြေ :👇
PJ passport ရှိသူများ လက်ရှိအချိန်တွင်
အလည်အပတ်ဖြင့် ထွက်၍မရပါ။

📍ယခုမှအသစ်သွားရောက်မည့်သူများဖြစ်ပါကလည်း Owic+pj+offer letter လက်ဝယ်ရှိရမည်၊
📍အပြည့်အစုံရှိပါကလဲ အမျိုးသားအသက် 23 နှစ် မှ 32 နှစ် အတွင်းအသက်အပိုင်းအခြားများ
ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

--------------

🤔 PV ခွင့်ပြန်များ မြန်မာပြည် အလည်ပြန်လို့ အဆင်ပြေပါသလား ?

အဖြေ :👇
အဆင်ပြေပါတယ်၊
သက်တမ်းရှိ Owic Card ရှိပါက အဆင်ပြေပါတယ်၊
work permit ရှိပြီး valid passport နှင့် smart card (UID/EID) ရှိနေပါက ပြန်ထွက်လို့ရပါတယ်။

📍owicမရှိသေးသူများကတော့ ကဒ်လျှောက်ထားရန်လိုပါတယ်၊
အောက်ဖော်ပြပါအထောက်အထားများသည်ကဒ်လျှောက်ထားရန်မဖြစ်မနေလိုအပ်သည်👇
1. ခွင့်စာ
2. ပါမစ်
3. 25%ငွေလွှဲအထောက်အထား
4. 2%ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်းပြေစာ

*အခွန်သည်မိမိတို့နေထိုင်ရာနိုင်ငံသံရုံးများတွင်
ဆောင်ခဲ့လို့ရသလို မြန်မာပြည်ရောက်မှ အခွန်ဆောင်လျှင်လည်းရသည်။

-------------

🤔 UID / EID ဆိုတာ ဘာလဲ?

အဖြေ :👇
Smart card ကိုခေါ်တာပါ
Smart card စမတ်ကဒ်ဆိုတာ လဝက လူဝင်မှုကြီးကြပ်ရေးက လက်ရှိကိုင်ဆောင်ထားသော
မိမိမှတ်ပုံတင်အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဖန်ပြန်လည်စစ်ဆေးမှတ်ကျောက်တင်ထားသော
သက်သေခံကဒ်ပြားတစ်ခုပါ။

📍PV / PJ မည်သည် passport အမျိုးအစားဖြစ်စေ smart card နှင့် UID လိုပါတယ်၊
ပြည်ပမှ ပြန်လာပါက smart card ကို မြန်မာပြည်ကို ရောက်ရောက်ခြင်း ပြုလုပ်ပါ၊
မှတ်ပုံတင် သန်းခေါင်စာရင်းရှိပါက မိမိအဆင်ပြေရာ ခေတ္တနေထိုင်ရာ ရပ်ကွက် မြို့နယ်မှာ ပြုလုပ်လို့ရပါတယ်၊ မွေးရပ်မြေက နယ်ဖြစ်နေလို့ နယ်ပြန်မလုပ်လဲရပါတယ်၊
ပြည်တွင်း ပြည်ပ ခရီးသွားရန်
Owic card ပြုလုပ်ရန်
passport သက်တမ်းတိုးရန် အသစ်လျောက်ထားရန်
အကုန်လုံးမှာ smart card ကလိုအပ်ပါတယ်။

------------------

🛑မှတ်ချက် ။ ။
PV passport ကိုင်ဆောင်ထားသူများသည် အထက်ပါအထောက်အထားများတင်ပြနိုင်သည့်တိုင်
တာဝန်ကျ/တာဝန်ခံအရာရှိမှ ထိုသူအားအမှန်တကယ် အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း
မယုံကြည်လျှင် သို့တည်းမဟုတ် သံသယရှိလျှင် pass မပေးသည့် အခြေအနေရှိနိုင်ပါတယ်။

အမျိုးသားများ အသက်အရွယ်ကန့်သတ်မှုသည် ဝန်ကြီးဌာနတည်မြဲအမိန့်ဖြစ်သဖြင့်
ယင်းအမိန့် မပယ်ဖျက်မချင်း ဘာမှလုပ်မရပါ
သည်းခံစောင့်ကြရုံသာ ရှိပါတယ်။

Crd;https://www.facebook.com/share/p/QUhTCbLo4KUaADJR/

🌸မေ 🌸

#maythenavigator #triptrek #travelblogger #thailand #visaservice #tour #travelling
#korea #myanmar

(တစ်ဆင့်ကူးယူမျှဝေပါသည်။)

မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

03 Nov, 23:56


1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

Crd;အဆင်ပြေကြပါစေ 🇲🇲

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

03 Nov, 23:56


🛑 Up to date: PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
__________________

{ ♨️Hot ဖြစ်နေတဲ့ သတင်း }

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား...?
🔘 PJ တွေ ထွက်မရဘူး (သို့) ထွက်ဖို့မလွယ်ဘူးလား...?

------------------------------------

[❗️Information အမှန် ]

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်၊
အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ်၊
အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ၊
visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို
only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

-------------------

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ
မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန် လိုအပ်သည့်စာရင်း👇

Flight ticket ✈️ two way (အသွားအပြန်)
မြန်မာနိူင်ငံသား မှတ်ပုံတင်
Hotel Booking
Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (၄) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး…

------------------------

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်၊
မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး…

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ
မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
အခွန်ဆောင်ခဲ့ပါ
Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက်
အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ်

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့
နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်…

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ 👇
__________

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေလိုပါတယ်

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ၊
ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်၊

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ်

.................................................................................................................................................

🇲🇲 ကျောင်းသား Visa ပတ်စပို့က PV or PE ဖြစ်နေဖို့လိုပါတယ် 🇰🇷

..................................................................................................................................................................

🛑 PV/ PJ passport ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွါခွင့်ဆိုင်ရာ အမေးများသော မေးခွန်းများ 🛑

______

🤔 Passport အသစ်လုပ်မလို့ ဘာအမျိုးအစားလုပ်ရမလဲ ?

အဖြေ:👇
ရကိုရမယ့် အလုပ်နှင့် တရားဝင်အလုပ်ခေါ်စာ ရဖို့မရှိသေးဘူးဆိုပါက
လူတိုင်းလုပ်ဖို့ အသင့်တော်ဆုံး passport အမျိုးအစားက PV ပဲဖြစ်ပါတယ်၊
နိုင်ငံကူးလက်မှတ် အသုံးပြုတဲ့ အများဆုံး အကြောင်းပြချက်က ပြည်ပကို အလည်အပတ်သွားဖို့ (သို့) ပြည်ပသို့ ကျောင်းသွားတက်ဖို့ အတွက်ပဲ ဖြစ်တာမို့ PV passport အမျိုးအစားက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PE PJ PS PT စသည့် အခြား အမျိုးအစားများက visa ရပြီးမှသာ
မိမိကိုယ်တိုင် passport type အပြောင်းလျှောက်ခြင်း၊ သို့ passport သက်တမ်းတိုးသည့်အချိန်တွင်
passport type ပြောင်းသွားခြင်း ဖြင့် ရရှိနိုင်ပါတယ်။

----------------

🤔 PV နဲ့ ပြည်ပထွက်လို့ ရသေးရဲ့လား ?

အဖြေ:👇
အလည်အပတ်အတွက်က ရပါတယ်။ အလုပ်အတွက်တော့ မရပါ၊
အလုပ်ဗီဇာရှိနေပါကလည်း မရပါ၊

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

03 Nov, 23:56


PV က Passport for Visit အလည် passport အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် အလည်အတွက်ဆို Visa on arrival ခေါ် free visa နဲ့ဆို ၁၄ ရက်၊
ထိုင်းသံရုံးမှာ visa ဝင်သွားမယ်ဆို နှစ်လ အလည်အပတ် သွားလို့ ရပါတယ်။

*** လိုအပ်တဲ့ Basic requirements တွေတော့ ပြည့်စုံရပါမယ်။ အသွားအပြန်လက်မှတ်၊ ဟိုတယ် booking အပြည့်အစုံ၊ show money usd 500 သို့ ဘတ် ၂၀၀၀၀ အနဲဆုံး ဆောင်သွားရပါမယ်။

--------------

🤔 Show Money က ဘဏ်ပြလို့မရဘူးလား ?

အဖြေ:👇
မရပါဘူး။
show money သည် ငွေသားဖြစ်ရပါတယ်၊
ထိုင်းပြည်တွင်းမှာ လည်ပတ်တဲ့အခါ သုံးဖို့ပိုက်ဆံပါကြောင်း ပြခိုင်းတာ ဖြစ်တဲ့အတွက် ငွေသားသာ ပြသရပါတယ်၊ မြန်မာငွေက လွဲလို့ any currency (ဘယ်နိုင်ငံပိုက်ဆံဖြစ်ြဖစ်) ကို ဘတ် ၂၀၀၀၀ နဲ့ ညီသော Amount ကို အနဲဆုံးထားပြီး ပြရပါတယ်။ များများပြလဲရပါတယ်။ 😁

--------------

🤔 show money က ပေါင်းပြလို့ရလား ?

အဖြေ:👇
မိသားစု တူတူသွားတာဆို အထူးသဖြင့် ကလေးတွေနဲ့ဆိူ ပေါင်းပြလို့ရပါတယ်၊
ကလေး တစ်ယောက်ဆို ဘတ် ၃၀၀၀၀၊ ၃၅၀၀၀ တူတူပါသွားရင် ကလေးနှစ်ယောက်နဲ့ဆို ဘတ် ၅၀၀၀၀ လောက်ပါသွားရင် အဆင်ပြေပါတယ်။ တစိမ်းတွေ ဆိုရင်တော့ ပေါင်းပြလို့မရပါဘူး။

------------

🤔 Tourist Visa နဲ့သွားမှာ ပြန်မဲ့ရက်က confirm မဖြစ်သေးဘူး။ Booking only ပဲ ပြလိူ့မရဘူးလား ?

အဖြေ:👇
အရင်က Tourist Visa ကို one way ticket လက်ခံပါတယ်၊
အခုက လက်ခံ လက်မခံက ၅၀-၅၀ ပါ၊
လက်မခံခဲ့ရင် ကောင်တာရှေ့ လက်မှတ် တန်းဝယ် ပြရပါမယ်၊
(အမြန် လက်မှတ်ဝယ်ဖို့ကတော့ မေ ကူညီ ဝန်ဆောင်ပေးလို့ရပါတယ် ***
but risk တော့ ယူထားလိုက်ရတာပေါ့နော်)

👉အကောင်းဆုံးက ရက်ပြောင်းလို့ရတဲ့ အပြန်လက်မှတ်ကို ဝယ်ထားတာပါပဲ၊
လိုအပ်ချက် မရှိတော့ဘူးပေါ့၊ ဟိုတယ် booking ကလဲ လိုပါတယ်၊
နောက်ပိုင်း trip အတွက် မသေချာသေးဘူး ဆိုရင် booking only ရပေမယ့် ရောက်ရောက်ခြင်းရက်တွေကတော့ paid booking ပြဖို့လိုပါလိမ့်မယ်။

---------------

🤔 Tourist visa ကို show money ပြရမှာလား ?

အဖြေ :👇
ဒါလဲ 50-50 ပါပဲ။
မေးချင်မေးမယ် မမေးချင် မမေးပါဘူး၊
14 days လိုတော့ မဖြစ်မနေ ၁၀၀% တော့ ပြရမယ်မရှိပါဘူး၊
အဖြေက safe ဖြစ်ချင်ရင် ယူသွားပါ၊
ရင်ခုန်ချင်ရင် ယူမသွားပါနဲ့ 😁

-----------------

🤔 သူငယ်ချင်းအိမ် အမျိုးအိမ်မှာ နေမှာ ဟိုတယ် booking ပဲလက်ခံတာလား ? အိမ်လိပ်စာ ပြောလို့မရဘူးလား ?

အဖြေ: 👇
အမျိုး/မိတ်ဆွေအိမ်တွင်တည်းမည်ဆိုပါက လိပ်စာ ပြောလို့ ပြလို့ရပါတယ်၊
သို့သော်စာရွက်စာတမ်းအပြည့်အစုံကိုတော့ တင်ပြဖို့လိုပါတယ်၊
မြန်မာ နှင့် ထိုင်း immigration counter နှစ်ခုလုံးမှာ ပြသဖို့ လိုတာလေးတွေက အလည်လာဖို့ ဖိတ်ခေါ်သူ၏အမည်၊ လိပ်စာ၊ ph no., English လို invitation letter တည်းခွင့်ပြုကြောင်းစာ၊ အိမ်/အခန်းပိုင်ဆိုင်/ငှာရန်းစာချုပ်မိတ္တူ အိမ်ရှင်ရဲ့ ထိုင်း ID တို့ ဖြစ်ပါသည်။

-----------------

🤔 PV အဟောင်း အရင်တုန်းက အလုပ်ခဲ့ဖူးတယ် မလုပ်တာလဲ ကြာလှပြီး အခွန်တွေလဲ မဆောင်ခဲ့ဖူးဘူး
ခုလဲ အလုပ်မရှိတာကြာပြီး အလည်ထွက်လို့ရလား ?

အဖြေ: 👇
ယခင်ကပြည်ပကိုကာလကြာမြင့်စွာထွက်ဖူးသော PV passport ဖြင့် ထွက်မည်ပါက လဝကအဝင်/အထွက်တုံးများကိုကြည့်၍ အလုပ်ထွက်လုပ်ဖူးကြောင်း သင်္ကာမကင်းအဖြစ်ခံရနိုင်ပြီးအထက်ပါစာရွက်စာတမ်းမျာ ပြည့်စုံသော်လည်း ထွက်ခွာခွင့်အပိတ်ခံရနိုင်ခြေရှိပါသည်။

----------------

🤔 PV နဲ့ အလုပ်လုပ်နေတာ ကြာပြီး မြန်မာပြည် ခဏ ပြန်လာလည်မလို့စီစဉ်ထားတယ် လာလို့ရမလား ?

အဖြေ : 👇
မိမိတိုင်းပြည်ဖြစ်တဲ့အတွက် ဘာ passport နဲ့နေနေ ဘာ ဗီဇာနဲ့နေနေ တရားဝင် ပြည်ပထွက်ခွါထားပါက အချိန်မရွေး ပြန်ဝင်လာလိူ့ ရပါတယ်။ တရားမဝင်
ထွက်ထားပါကတော့ အရေးယူခံရမှာပေါ့။

သို့သော် ခဏတဖြုတ် ပြန်လာမည်ဆိုပါက အောက်ပါလိုအပ်သည့်
အရာလေးများကို ဆောင်ရွက်လာကြစေလိုပါတယ်👇

📍Owic card ရှိရပါမယ် မရှိရင် ပြည်တွင်းရောက်တာနဲ့ လျောက်ရပါမယ်။ Owic card အတွက် လျောက်ထားချိန် ဘယ်လောက်ကြာမလဲ မိမိခွင့်သက်တမ်းနဲ့ ချိန်ဆဖို့လိုပါမယ်။

📍အခွန်ဆောင်ထားရပါမယ် ပြည်ပမှာ မြန်မာသံရုံးတွေမှာ ဆောင်လို့ရပါတယ်။ ဘယ်လောက်အတိအကျ ဆောင်ရမလဲကို သက်ဆိုင်ရာ ဝန်ထမ်းများထံ စုံစမ်းလို့ရပါတယ်။ Owic card ပြုလုပ်ဖို့ဆိုပါက အိမ်ပြန်ပို့သည် လစာ ၂၅% slip လဲ လိုအပ်သည်ဟု သိရှိရပါတယ်။ တာဝန်ရှိသည့် ရုံးဌာန (ပြည်ပတွင်ဖြစ်ပါက မြန်မာသံရုံး ပြည်တွင်းဖြစ်ပါက labor ရုံး သို့ မြောက်ဒဂုံ ပင်လုံခန်းမ စသဖြင့်) တွင် သေချာထပ်မံ စုံစမ်းစေလိုပါတယ်။

📍PV + အလုပ်ဆိုပါက ပြည်ပသို့ ပြန်လည်ထွက်ခွါလို့ မရပါဘူး။ ထို့ကြောင့် PJ ပြောင်းရပါမယ်။ အလုပ်ဗီဇာဖြင့် တရားဝင် အခွန်လဲ ဆောင်ထားပါက မိမိနေထိုင်ရာ ပြည်ပရှိ မြန်မာသံရုံးမှာ တရားဝင် passport type ကို PJ ပြောင်းခဲ့သင့်ပါတယ်။ ပြည်တွင်းမှာ long processing period (အနဲဆုံး ၃ လ ၄ လ ကြာမှာဖြစ်ပါတယ်)

📍pv မှ pj လဲ ဖြစ်သွားပြီး Owic card လဲရှိ အလုပ်လဲရှိ အခွန်လဲ ဆောင်ထားပါက
ရှင်းရှင်းလင်းလင်း ပြည်ပ ပြန်လည်ထွက်ခွါပီး အလုပ်ပြန်ဝင်လို့ရပါတယ်။

----------------

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

30 Oct, 22:43


ထိုင်းက သူတို့လူမျိုးတွေမလုပ်ချင်ကြတဲ့ အလုပ်ကြမ်းသမားနဲ့ ပိုက်ဆံရှိတဲ့သူတွေပိုက်ဆံဖြုန်းဖို့ကလွဲရင် ရေရှည်နေထိုင်ဖို့ကောင်းတဲ့နိုင်ငံတစ်ခုတော့မဟုတ်နေဘူး

နိုင်ငံအခြေနေအရရော ထိုင်းလူမျိုးတွေရဲ့ စိတ်ဓာတ်အခြေခံမပြည့်ဝမှုတွေအရရော
အလွန်ဆုံး၂နှစ်လောက်ပဲ နေဖို့အဆင်ပြေတယ်။

ဒီ၂နှစ်အတွင်းမှာ ကိုယ့်ဘဝကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်ဖို့နဲ့ အပေါ်ယံအဆင်ပြေမှုတွေကနေ ရုန်းထွက်နိုင်ဖို့လဲ လိုအပ်ပါတယ် ။ ထိုင်းနိုင်ငံမှာအဆင်ပြေပါ့မလားဆိုပြီးထွက်လာခဲ့ကြ အသားကျအောင်ကြိုးစားနိုင်ခဲ့ကြသေးတာပဲ တခြားနိုင်ငံတွေထပ်Tryဖို့ကလဲ ထင်သလောက်မခက်တော့ပါဘူး။ ရေရှည်ဘာလုပ်မလဲစဉ်းစားရင်လမ်းပျောက်ကြတာများတဲ့အပြင် အလွယ်တကူပဲအလွယ်လမ်းမလိုက်ကြဖို့လဲ အသိပေးလိုပါတယ်။

ဒီကာလမှာ Supportingရနေတုန်း ကိုယ့်အနာဂတ်အတွက်ကောင်းကောင်းပုံဖော်ကြစေချင်ပါတယ်။ ကိုယ်အဆင်ပြေမှ တခြားကိစ္စတွေကိုကူညီနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်အဆင်မပြေပဲ ကူညီချင်တာမျိုးကျတော့ လေသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

အခုကာလမှာ အကုန်လုံးကခက်ခဲနေတာဖြစ်လို့ ဘယ်အရာမှအလကားမရပါ။ အလကားရတဲ့ ဘယ်အရာမဆို သေချာတယ်တခုခုတော့မှားယွင်းနေပါပြီ။ ရှေးလူကြီးတွေပြောကြသလိုပေါ့ ထိုက်တန်တဲ့ပေးဆပ်မှုမရှိဘဲ အောင်မြင်မှုမရနိုင်ဘူးဆိုသလိုပဲ ကြိုးစားအားထုတ်မှုမရှိဘဲ အဆင်ပြေမှုဆိုတာ မရှိလာနိုင်ပါဘူး

တကယ်တမ်းသေချာစဉ်းစားကြည့်ရင် မိတ်ဆွေ အပေါင်းအသင်း စသဖြင့်တဒင်္ဂပဲအကူညီပေးနိုင် အတူဖြတ်သန်းနိုင်ကြမှာပါ
ကိုယ့်ဘဝကိုယ်တာဝန်ယူပေးဖို့အတွက် ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိတာဖြစ်ပါတယ်။ထိုင်းက သူတို့လူမျိုးတွေမလုပ်ချင်ကြတဲ့ အလုပ်ကြမ်းသမားနဲ့ ပိုက်ဆံရှိတဲ့သူတွေပိုက်ဆံဖြုန်းဖို့ကလွဲရင် ရေရှည်နေထိုင်ဖို့ကောင်းတဲ့နိုင်ငံတစ်ခုတော့မဟုတ်နေဘူး

နိုင်ငံအခြေနေအရရော ထိုင်းလူမျိုးတွေရဲ့ စိတ်ဓာတ်အခြေခံမပြည့်ဝမှုတွေအရရော
အလွန်ဆုံး၂နှစ်လောက်ပဲ နေဖို့အဆင်ပြေတယ်။

ဒီ၂နှစ်အတွင်းမှာ ကိုယ့်ဘဝကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်ဖို့နဲ့ အပေါ်ယံအဆင်ပြေမှုတွေကနေ ရုန်းထွက်နိုင်ဖို့လဲ လိုအပ်ပါတယ် ။ ထိုင်းနိုင်ငံမှာအဆင်ပြေပါ့မလားဆိုပြီးထွက်လာခဲ့ကြ အသားကျအောင်ကြိုးစားနိုင်ခဲ့ကြသေးတာပဲ တခြားနိုင်ငံတွေထပ်Tryဖို့ကလဲ ထင်သလောက်မခက်တော့ပါဘူး။ ရေရှည်ဘာလုပ်မလဲစဉ်းစားရင်လမ်းပျောက်ကြတာများတဲ့အပြင် အလွယ်တကူပဲအလွယ်လမ်းမလိုက်ကြဖို့လဲ အသိပေးလိုပါတယ်။

ဒီကာလမှာ Supportingရနေတုန်း ကိုယ့်အနာဂတ်အတွက်ကောင်းကောင်းပုံဖော်ကြစေချင်ပါတယ်။ ကိုယ်အဆင်ပြေမှ တခြားကိစ္စတွေကိုကူညီနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်အဆင်မပြေပဲ ကူညီချင်တာမျိုးကျတော့ လေသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

အခုကာလမှာ အကုန်လုံးကခက်ခဲနေတာဖြစ်လို့ ဘယ်အရာမှအလကားမရပါ။ အလကားရတဲ့ ဘယ်အရာမဆို သေချာတယ်တခုခုတော့မှားယွင်းနေပါပြီ။ ရှေးလူကြီးတွေပြောကြသလိုပေါ့ ထိုက်တန်တဲ့ပေးဆပ်မှုမရှိဘဲ အောင်မြင်မှုမရနိုင်ဘူးဆိုသလိုပဲ ကြိုးစားအားထုတ်မှုမရှိဘဲ အဆင်ပြေမှုဆိုတာ မရှိလာနိုင်ပါဘူး

တကယ်တမ်းသေချာစဉ်းစားကြည့်ရင် မိတ်ဆွေ အပေါင်းအသင်း စသဖြင့်တဒင်္ဂပဲအကူညီပေးနိုင် အတူဖြတ်သန်းနိုင်ကြမှာပါ
ကိုယ့်ဘဝကိုယ်တာဝန်ယူပေးဖို့အတွက် ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိတာဖြစ်ပါတယ်။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

28 Oct, 22:16


သင်မသိသေးတဲ့ မလေးရှာနိုင်ငံရဲ့ အမှောင်ဘက်ခြမ်း

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

25 Oct, 06:26


{ တိုင်းတစ်ပါးမှာ ပင်ပန်းလာတဲ့ အခါ }

အပျော်လာခဲ့တာမဟုတ်ဖူးဆိုတဲ့စိတ်နဲ့
အားတင်းထားရတယ်

ဟုတ်ပါတယ် ,,မင်းမကောင်း တိုင်းပြည်မငြိမ်
အကြိမ်ကြိမ်စဉ်းစားပြီးမှ လာခဲ့ကြရတာ

ဒီတကြိမ်သာ အခွင့်အရေးဆိုတဲ့အတွေး
အိမ်နဲ့ဝေးတဲ့ဆီကို နောက်ပြန်ငေးရင်း
လက်ပြနူတ်ဆပ်ခဲ့ရပြီပေါ့ မြန်မာပြည်ရေ

အဖေအမေတွေနဲ့ ဝေးတယ်
ညီအကိုမောင်နှမတွေနဲ့ ဝေးတယ်
ဆွေးမျိုးသားချင်းတွေနဲ့ ဝေးတယ်
သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ ဝေးတယ်
ဘဝလက်တွဲဖော်ဆိုတဲ့ ချစ်သူနဲ့လဲ ဝေးရပြန်တယ်

မအူမလည်နဲ့ဘာတွေကြုံရမယ်မသိတဲ့ သူစိမ်း
ဘာတွေလုပ်မယ်မသိတဲ့ အလုပ်
အပြောအဆို အစားအသောက် အဆင်ပြေပါ့မလား
အတွေးပေါင်းများစွာနဲ့ ရောက်လာရတဲ့သူများနိုင်ငံမှာ
မျက်စိသူငယ် နားသူငယ်နဲ့ပေါ့

အိမ်မှာ ဗိုလ်ကျခဲ့သမျှ အိမ်မှာ ပြန်ခံပြောခဲ့သမျှ
အိမ်မှာ ဒီဟင်းပဲလား မစားချင်ဘူးဆိုတဲ့
ချေငန်ငန်ပြောခဲ့သမျှတွေ အခုတော့မျက်ရည်နဲ့ပဲ
စားနေရတဲ့ တိုင်းတစ်ပါးက အစာတွေ

အချို့က နားရက်ရလို့ ပျော်နေကြရတယ်
အချို့က နားရက်မရလို့ ငိုနေကြရတယ်

တမ်းတသံတွေကြားထဲ မျက်ရည်တွေစီးကျနေရင်း
အိမ်ကို လွမ်းမိသလို ညီအကိုမောင်နှမတွေလဲ
သတိရမိတယ်

သူငယ်ချင်းတွေကို သတိရမိသလို
ချစ်ရတဲ့သူကိုလဲ လွမ်းမိပြန်ရော

အဆင်မပြေပါဘူးလို့ ပြောလို့မထွက်တဲ့
နူတ်ခမ်းဝက စကားတွေကို အပြုံးနဲ့ ဖုံးဖိထားရတာ
အရမ်းပင်ပန်းတယ်

ငွေပိုလို့လာခဲ့ရတာမဟုတ်ဖူး ငွေလိုလို့ လာခဲ့ရတာ
ဒါတွေဟာ တနေ့တော့ ပြီးသွားမှာပါဆိုတဲ့
မာန်လေးတင်ပြီး ပြိုလဲချင်တဲ့စိတ်တွေကို ဆွဲထူ
တွဲကူသူမပါတဲ့ တိုင်းတစ်ပါးမှာ

လိုင်းတွေသုံးနေလို့ ပျော်နေကြရတာမဟုတ်တာ
တနေ့တာ ဘဝအမောတွေကို ဒါလေးနဲ့ဖြေဖြောက်
သေမလောက်လွမ်းတဲ့ ဝေဒနာကို
ဒီဖုန်းလေးနဲ့သာ ပြေရာပြေကြောင်းရှာကြရင်း

လွမ်းတယ် မြန်မာပြည်ရယ်လို့ တိတ်တိတ်လေး
ငိုကြရတဲ့သူတွေပါ,,,

ရင်နှင့်ရင်း၍
နေခ/စာတိုက်ပုံး
#whizzwave #cr

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

25 Sep, 14:09


နိိုင်ငံခြားသွားပါ...။
1.
နိုင်ငံခြားသွားပါ
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်,
2.
မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်,
3.
ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်,
4.
ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်,
5.
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်,
6.
မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်,
7.
နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်,
8.
အချိန်ကိုလေးစားတတ်လာမယ်,
9.
ကိုယ့်အားကိုယ်ကိုး တတ်လာမယ်,
10.
ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်,
11.
ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်,
12.
အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်,
13.
မြန်မာယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်,
14.
မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်,
15.
သည်းခံခြင်းတရား ကြီးမားလာမယ်,
16.
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်
17
ပတ်ဝန်းကျင်ကို ရှုမြင်ပုံ
ကွဲပြားလာပါလိမ့်မယ်,
18.
အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်,
19.
အချိန်ကို စီမံခန့်ခွဲတတ်လာမယ်,
20.
လုပ်အားတန်ဖိုး ချစ်မြတ်နိုးနိုင်းလာလိမ့်မယ်,
21.
အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်,
22.
ငွေကို တန်ဖိုးထားတတ်လာမယ်,
23
နိုင်ငံခြားသွားပါ
ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာကို
သင့်တွေ့ကြုံသင်ခန်းစားရလာလိမ့်မယ

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

25 Sep, 13:28


ဘန်ကောက်သံရုံးရှေ့မှာ မြန်မာဆန့်ကျင်ရေး ဆန္ဒသွားပြတဲ့ ထိုင်းလူမျိုးအုပ်စုနဲ့ ထိုင်းလုပ်ငန်းရှင်တွေ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းကြတော့....

'' ဝေါ့ပါမစ်ကို ၃ လပဲပေး ၃ လ ပြည့်ရင် ပြည်တွင်း ၁ လပြန် ပြီးတော့မှ ပြန်ဝင်လာတောင်းဆိုတယ် ဒါဆိုရင်
အခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်နေရတဲ့ ငါတို့ ထိုင်းလူမျိုးတွေကိုလည်း အဲ့လိုလုပ်ရင် ဘယ်လိုခံစားရမလဲ သွားလိုက်ပြန်လိုက်နဲ့ အကြွေးတွေ ပိမ​ေ-သဘူးလား '' ဟု လုပ်ငန်းရှင်များဘက်မှ ပြန်လည်တုံ့ပြန်ခဲ့ရာ....

မြန်မာဆန့်ကျင်ရေး ဟိုအုပ်စု နှုတ်ပိတ် အသံတိတ်ပြီး ကုပ်ကုပ်လေးပြန်ခဲ့ရတယ် လို့ ယနေ့ ကြားသိရပါကြောင်း ဖော်ပြရင်း....

မွန်းကြပ်နေသော မြန်မာလုပ်သားများဘက်မှ ရပ်တည်ပေးပါသော မှန်ကန်သည့် ထိုင်းလုပ်ငန်းရှင်များအား....

လေးစားစွာဖြင့်...

အေအေစီရဲမင်း
MHAC မဟာမိတ်အဖွဲ့
ဦးဆောင်စီစဥ်သူ။
25/9/2024

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

25 Sep, 13:26


အလုပ်သမားသစ်မှတ်ပုံတင်ခြင်း ပထမအဆင့် ထိုင်းအစိုးရခွင့်ပြု
****
သဇင်
စက်တင်ဘာ ၂၅၊ ၂၀၂၄။

ထိုင်းနိုင်ငံ၊ ရွှေ့ပြောင်းအလုပ်သားရေးဆိုင်ရာအစိုးရအဖွဲ့မှ အလုပ်သမားသစ်မှတ်ပုံတင်ခြင်း- ပန်းရောင်ကဒ်ကို ပထ မအဆင့် သဘောတူခွင့်ပြုလိုက်ပြီဖြစ်ပြီး ထိုင်းဘုရင့်နန်းတော်၏ခွင့်ပြုချက်ကို ဆက်လက်‌စောင့်ဆိုင်းရမည်ဟု ရွှေ့ပြောင်းအ‌ရေးလုပ်ဆောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်တွင် ထိုင်းအစိုးရအဖွဲ့က မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အထောက်အထားမဲ့အလုပ်သမားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့်နှင့် ၎င်းတို့နှင့်အတူပါလာသည့် မှီခို ၁၈ နှစ် အောက်ကလေးငယ်များပါ နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“အဲ့စာက ထိုင်းအစိုးရဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတယ်။ အဲ့တာကသေချာတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ပဲ။ အဓိကက လက်မှတ်မရှိသေးတဲ့သူကို သူတို့လုပ်ပေးမယ်။ ဒါပေမယ့် တစ်ခုက ကုန်ကျစရိတ် ဘယ်လောက်ကုန်ကျမလဲ။ ဘယ်နေ့၊ ဘယ်ရက်မှာ စလုပ်ရမယ်။ ဘယ်ကာလအထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာသေချာမပြောသေးဘူး” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း- FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းအတွက် လူသစ်မှတ်ပုံခြင်း လုပ်ငန်းစဉ်ကို ၃ နှစ်ဆက်တိုက်ခွင့်ပြုထားခြင်းဖြစ်ပြီး ယခင်နှစ်များက ဩဂုတ်လတွင် ပြုလုပ်ပေးလေ့ရှိသည်ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၄ ရက် ကြေညာချက်တွင် အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် လူသစ်မှတ်ပုံ တင်ခွင့်ပြုခြင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများအား MOU စနစ်ဖြင့် တစ်ကြိမ်လျှင် သက်တမ်း ၂ နှစ်၊ ၂ ကြိမ်သက်တမ်း ၄ နှစ် တိုးပေးခြင်း၊ အလုပ်ရှင်ပြောင်း ခြင်းအတွက် ယခင်ပေးထားသည့် ရက် (၃၀) မှ ယခု ရက် (၆၀) တိုးမြှင့်ပေးခြင်း၊ ပုဒ်မ (၆၄) အရ ရာသီအလိုက်နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်သည့် ‌‌ရွှေ့ပြောင်းအလုပ်သမားများအား ယခင်အတိုင်း (၃) လတစ်ကြိမ်ဝင်ထွက်ကာ သက်တမ်းပုံမှန်တိုးနိုင်မည်ဟု ပါရှိသည်။

ထိုင်းနိုင်ငံတွင် တရားဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၂.၅ သန်းရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပုံစာ - ချင်းမိုင်မြို့တွင် CI လုပ်ရန် စောင့်ဆ

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

25 Sep, 06:13


ပိုက်ဆံ သိန်း ၅ ရာပေးမယ်ယူမလားဆိုတော့ ယူမှာပေါ့တဲ့
အိုကေ ဒါဆို သိန်း ၅ ရာပေးမယ် ဒါပေမဲ့ ယူလိုက်တာနဲ့ ခင်ဗျားခုဒီည အိပ်ပျော်သွားရင် မနက်ဖြန် နိုးမလာတော့ဘူး သေသွားမယ် ယူအုံးမလားဆိုတော့ မယူတော့ဘူးတဲ့
တကယ်တော့လေ ကျနော်တို့ နံနက်တိုင်း အသက်ရှင်လျှက် နိုးထလာတာဟာ သိပ်တန်ဖိုးကြီးတယ်
သိန်း ၅ ရာ မကတန်တယ်

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

11 Sep, 15:08


ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံတည်းပဲ ရှိတဲ့ ထူးခြားဆန်းပြားလှတဲ့ ပတ်စ်ပို့ (၉) မျိုးအကြောင်း (မဟုတ်တဲ့နေရာမှာတော့ ကမ္ဘာ့စံချိန်တင်ပြီးသားပါပဲ)

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုယ်စီ ရှိကြပါတယ်။ တနိုင်ငံချင်းစီရဲ့ လိုအပ်ချက်အလိုက် ပတ်စ်ပို့ အမျိုးအစား (၂) မျိုးကနေ (၄) မျိုးလောက်အထိ ရှိတတ်ပါတယ်။ များသောအားဖြင့် သာမာန်နိုင်ငံသား ပတ်စ်ပို့နဲ့ အစိုးရအရာရှိတွေရဲ့ ပတ်စ်ပို့တွေကို အမျိုးအစား ခွဲခြားထားလေ့ ရှိပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ (၄) မျိုးအထိရှိပါတယ်။

အလုပ်သာ မဖြစ်တာ ရှုပ်ထွေးဖို့ဆို ထိပ်ဆုံးက ရှိတဲ့ ရွှေပြည်ကြီးကတော့ အများထက်ထူးပြီး ပတ်စ်ပို့ အမျိုးအစား (၉) မျိုးတိတိ ရှိနေပြီး ကမ္ဘာ့စံချိန်တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပတ်စ်ပို့ (၉) မျိုးကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်-

(၁) PV - Visit Passport (အလည်အပတ် ပတ်စ်ပို့)
(၂) PJ - Job Passport (အလုပ်အကိုင် ပတ်စ်ပို့)
(၃) PE - Student Passport (ကျောင်းသား ပတ်စ်ပို့)
(၄) PS - Seaman Passport (သင်္ဘောသား ပတ်စ်ပို့)
(၅) PB - Business Passport (စီးပွားရေး ပတ်စ်ပို့)
(၆) PD - Diplomatic Passport (သံတမန် ပတ်စ်ပို့)
(၇) PO - Official Passport (အစိုးရအရာရှိ ပတ်စ်ပို့)
(၈) PR - Religious Passport (ဘာသာရေး ပတ်စ်ပို့)
(၉) PT - Dependent Passport (မှီခိုသူ ပတ်စ်ပို့ - ဘယ်နိုင်ငံမှာမှ မရှိတဲ့ အထူးဆန်းဆုံး ပတ်စ်ပို့)

အထက်ပါ (၉) မျိုးလုံးဟာ မြန်မာပြည်မှာပဲ ရှိပြီး တခြားနိုင်ငံတွေကတော့ (၆) မျိုးလောက်အထိပဲ အများဆုံး ရှိတတ်ပါတယ်။ လတ်တလောမှာ ပတ်စ်ပို့ အမျိုးအစားတွေပေါ် မူတည်ပြီး ပြည်ပထွက်ခွာခွင့်တွေကို ကန့်သ-တ်လိုက်တာကြောင့် ပြည်ပထွက်ချင်သူများအနေနဲ့ ပတ်စ်ပို့ အမျိုးအစား ပြောင်းလဲခြင်းကို ပင်ပန်းဆင်းရဲစွာ ပြုလုပ်နေရပါတယ်။

ပတ်စ်ပို့ အမှန်အကန်၊ စာရွက်စာတမ်း အပြည့်အစုံ ဖြစ်နေရင်တောင် အသက်ငယ်ရွယ်ပါက ပြည်ပထွက်ခွင့်ရဖို့ တဦးလျှင် ၇ သိန်းကနေ သိန်း ၂၀ အထိ လေဆိပ်လဝကဝန်ထမ်းကို လိုင်းကြေး ပေးနေရတယ်လို့ သိရပါတယ်။ တကယ်အလုပ်မဖြစ်ဘဲ ကြီးကျယ်ခမ်းနားတဲ့ ပုံစံနဲ့ ပတ်စ်ပို့ (၉) မျိုးအထိ သတ်မှတ်ခဲ့တဲ့ လူတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုကိုတော့ အံ့ဩတကြီး မှတ်တမ်းတင်လိုက်ရပါတယ်။

#ပတ်စ်ပို့
#ကမ္ဘာ့စံချိန်တင်

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

08 Sep, 16:07


ထိုင်းနိုင်ငံမသွားခင်သိထားသင့်သောအချက်များ
1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာ ပါပါတယ်ဗျ။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မာ(ဒါမှမဟုတ်) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ဗျ ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါမယ်ဗျ။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မယ့်သူရဲ့ မျက်နှာကို Scanဖတ်ပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။
2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ဗျ။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ဗျ။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ဗျ။
3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။ ATM တွေလည်းတော်တော်များများရှိပါတယ်ဗျ။
4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ၊ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ဗျ။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ဗျ။
5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ - လွယ်ကထုံ (15Nov)
6. သွားလာရေးအတွက် အသုံးပြုရမည့် App များ
Bolt - https://bit.ly/4fobW9D
Grab - https://bit.ly/3A5EOU6
Via bus - https://bit.ly/3ybq5GG
Bangkok MRT & BTS Metro Guide - https://bit.ly/3yzXURi
အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ
Hotel ငှါးဖို့ဆို - https://bit.ly/3yzXURi
အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/4c5NNln
အိမ်ငှါးဖို့ဆို Renthub - https://bit.ly/3LJwo7s
Online Shopဆို Lazada - https://bit.ly/3LPSULK

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

05 Sep, 16:29


နိုင်ငံခြားရောက်မြန်မာများ ၂၅ရာခိူင်နှုန်းအခွန်ပေးဆောင် ဖိအားပေးခံနေရ

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

05 Sep, 05:59


မြန်မာနိုင်ငံရှိ အသုံးပြုလျှက်ရှိသော ပတ်စပို့စ် အမျိုးအစားများ

အများပြည်သူအများ အသုံးပြုသော Passport အမျိုးအစားများမှာ PV, PJ, PS နှင့် PE တို့ဖြစ်ပြီး
အလည်ပတ်သွားရန်အတွက် PV အမျိုးစားကို အများဆုံး အသုံးပြုကြသည်။

မြန်မာ့ပတ်စပို့စ်ကိုင်ဆောင်သူများ အနေဖြင့် အောက်တွင် ဖော်ပြထားသောနိုင်ငံများသို့ ဗီဇာမလိုအပ်ပဲ အလည်အပတ် သွားရောက်နိုင်ပါသည်။

1. Brunei ( 14 Days )
2. Indonesia ( 30 Days )
3. Laos ( 14 Days )
4. Philippines ( 30 Days )
5. Vietnam ( 30 Days )
6. Singapore ( 30 Days )
7. Thailand ( 14 Days )
8. Cambodia ( 14 Days )
9. Cook Islands ( 31 Days )
10. Dominica ( 21 Days )
11. Haiti ( 3 month )
12. Micronesia ( 30 Days )
13. Montserrat ( 6 month )
14. Saint Vincent and the Grenadines ( 3 month )

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

05 Sep, 05:49


အရွယ်ရောက်လာတဲ့အခါ
အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်
ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။

မွေးရပ်မြေရဲ့ ရင်းနှီးပြီးသားလမ်းတွေ၊
အမေချက်ကျွေးတဲ့ အကောင်းဆုံးဟင်းလျာတွေ၊
အဖွားရဲ့ ပွေ့ဖက်မှု၊
ငယ်သူငယ်ချင်းတွေရဲ့နွေးထွေးမှု၊
အဖေ့ရဲ့ အပြုံး ... အရာရာဟာလွမ်းစရာပဲ...။

နေရင်း ထိုင်ရင်း ငါတို့မှာ ဒီမွေးရပ်မြေရဲ့
ဧည့်သည်တစ်ယောက်ဖြစ်သွားခဲ့ရတယ်။
မိသားစုရဲ့ ရယ်မောဆူညံသံတွေဟာ
ငါတို့နဲ့ တဖြေးဖြေးဝေးကွာလာခဲ့တယ်။

နှစ်ဆယ်ကျော်နောက်ပိုင်း နှစ်တွေမှာ
ရှင်သန်နေထိုင်ရတာဟာ
အရာရာကို စွန့်ခွာလိုက်ရသလိုပါပဲ။

ဒါပေမဲ့ ငါတို့ရဲ့ နှလုံးသားတွေကတော့
ချစ်ရတဲ့သူတွေရဲ့ အနားမှာသာ
အမြဲတမ်းတဝဲလည်လည်ဖြစ်နေခဲ့တာ။

#crdphoto #ဗဟုသုတ #sawoliver #foryou

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

02 Sep, 14:27


♥️ဂျပန်ကငွေရှာလို့ပဲကောင်းတာ
ကိုယ့်အတွက်တော့ တစ်သက်လုံးနေဖို့အဆင်မပြေဘူး။
ဂျပန်မှာအလုပ်ရှိရင်ငွေဝင်ပေမယ့် ကုမ္မဏီဝန်ထမ်း
ပုံမှန်လူ၁ယောက်ရဲ့ဝင်ငွေက (လူ၂ယောက်စာ)
ရေရှည်လူတန်းစေ့နေနိုင်ဖို့ခက်ခဲတယ်။
ဇနီးရဲ့လစာက (လူ၂ယောက်စာ)စားဝတ်နေရေးပြေလည်ရုံလောက်သာရှိပြီး၊ ဝင်ငွေပိုများတဲ့အမျိုးသားရဲ့လစာကို
စုနိုင်ကာမှ တော်ရာကျမယ်။
ဘာကြောင့်ဆိုရင် အသက်ကြီးလာတဲ့အခါ
ပင်စင်ငွေလေးရယ်၊ စုထားတဲ့ငွေလေးရယ် ပေါင်းမှသာ
အဖိုးအဖွား၂ယောက် ချောင်လည်နိုင်မယ်။

♥️ဂျပန်မှာက အိုမင်းလာတဲ့အခါ
သားသမီးကမိဘကို ပြန်ထောက်ပံ့နိုင်တာ ရှားတယ်။
ကိုယ့်အသိထဲ (အသက်၆၀)ကျော်မိဘက
သားသမီးကို ခုထိ စားစရာပို့ပေး၊ နှစ်သစ်မုန့်ဖိုးပေးတာပဲကြားဖူးတယ်။
မိဘကို လစဉ်ပြန်မထောက်ပံ့ကြဘူး။ မိဘအိမ်လာလည်တဲ့အခါမှ မုန့်ဝယ်လာတာက ဂျပန်ရိုးရာဖြစ်နေပြီ။
မိဘမှာပင်စင်ငွေနဲ့ စုငွေသာမရှိရင်
စားဝတ်နေရေးအဆင်ပြေဖို့တောင် ခက်ခဲတယ်။
ဆေးရုံဆေးခန်းကုန်ကျငွေဟာ
ကျန်းမာရေးအခွန်မဆောင်ထားရင် ရိုးရိုးဖျားတာတောင် မြန်မာငွေ ၃~၄သိန်းကုန်ကျနိုင်တယ်။
အိမ်နီးနားချင်း၊ ဘေးအိမ်အသိဆိုတာမျိုးမရှိဘူး။
အထီးကျန်စွာ တိတ်တိတ်လေးသေဆုံးနေတဲ့
အဖိုးအဖွားတွေအများဆုံးရှိတဲ့နိုင်ငံထဲပါတယ်။

♥️ကြိုးစားနေသရွေ့လစာတိုးတဲ့နိုင်ငံ
တစ်နေ့၄နာရီလုပ်ရုံနဲ့တောင် နေနိုင်စားနိုင်တဲ့နိုင်ငံဆိုပေမယ့်
“လမ်းဘေးမှာအိပ်နေတဲ့အိမ်ရာမဲ့တွေက
လက်မလှုပ်ရင် ပါးစပ်မလှုပ်နိုင်ဘူး”ဆိုတဲ့
အခြေခံအချက်ကိုပြနေတယ်။
အပြင်ပန်းကျော့ရှင်းနေပေမယ့်
ဖြစ်သလိုဘဝကိုရှင်သန်ရင်း
ကြွက်တွင်းလိုအခန်းလေးထဲနေတဲ့သူတွေရှိတယ်။
ငယ်တုန်းကျောင်းသေချာတက်၊ အလုပ်ကောင်းကောင်းဝင်
စာမေးပွဲတွေဖြေ၊ လစာတိုးအောင်လုပ်
ပင်စင်ငွေသွင်း၊ အရစ်ကျအိမ်ဖိုးသွင်း၊
တက္ကသိုလ်ဝင်ကြေးအရစ်ကျသွင်း…
ဒီလိုနဲ့အသက်၆၀ လောက်မှ အကြွေးကင်း၊
စုထားတဲ့ငွေ၊ အလုပ်ကပေးတဲ့ပင်စင်ကြေးငွေ၊
အသက်၆၅နှစ်မှ နိုင်ငံကလစဉ်ပြန်ပေးတဲ့ပင်စင်ငွေနဲ့ ကျန်တဲ့ဘဝကိုဖြတ်သန်းတာက ပုံမှန်ဂျပန်တစ်ယောက်ရဲ့ဘဝပါ။

♥️ယဉ်ကျေးပေမယ့် စိမ်းကားကြတယ်။
နွေးထွေးပျူဌာပေမယ့် နေနိုင်ကြတယ်။
ဂျပန်တိုင်းတက်ကြွပျော်ရွှင်ပုံဖမ်းနေကြပေမယ့်
အတွင်းထဲမှာ ပြိုကွဲနေကြတယ်…
အဖေအမေတို့က ဂျပန်မှာအိမ်ဝယ်ဖို့လို့ပြောပေမယ့်
ဒီမှာငွေရှာဖို့သာနေတာဖြစ်ပြီး ပင်စင်ယူပြီးတဲ့နေ့
အိမ်ပြန်ဖို့သာ နေ့တိုင်းတွေးနေတာပါ။

♥️ဒါ့ကြောင့်ခုထဲက သတ်သတ်မှတ်မှတ် ငွေစုတယ်
အနာဂတ်အတွက်အစီအစဉ်တွေချတယ်။
ရင်းနှီးမြှုပ်နှံတယ်။

♥️နှစ်၄၀နီးပါး Building and factory design
အတွေ့အကြုံတွေကို Juniors တွေဆီ
လက်ဆင့်ကမ်းပေးချင်တယ်။
ကိုယ်အသက်ကြီးတဲ့အခါ အားငယ်ဝမ်းမနည်းချင်ဘူး
အခန်းကျဉ်းလေးထဲ အထီးကျန်မနေချင်ဘူး
မြန်မာစကားပဲနေ့တိုင်းကြားချင်တယ်
ဆွေမျိုးမိတ်ဆွေသိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တယ်
ပုဂံ၊အင်းလေး၊ကျိုက်ထီးရိုး၊ချောင်းသာ၊ပြင်ဦးလွင်
မြန်မာပြည်အနှံ့ ခနခနထပ်သွားမယ်။

♥️ခနလေးပဲပြန်ချင်တာမဟုတ်ဘူး
တစ်သက်လုံးပြန်နေမှာပါ….
စာသားလေးကကိုယ့်စိတ်နဲ့ထပ်တူကျလို့ ကူးယူဖော်ပြခြင်းသာ…

မူရင်းရေးသားသူအား Crd ပါ။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

01 Sep, 17:22


ထိုင်နိုင်ငံမှာ ဘယ်လိုဆေးကုသခွင့် အခွင့်ရေးရမလဲ
ထိုင်နိုင်ငံမှာ အခြေပြုနေထိုင်သူဖြစ်စေ
ရွေ့ပြောင်းလုပ်သားဖြစ်စေ သေချာ နာထောင်းပေးပါ

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

01 Sep, 01:26


မလေးရှား ပြည်ဝင်ခွင့်ဗီဇာကြေးတိုးမြှင့်

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

31 Aug, 12:38


ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် အဆင်ပြေ ချော မွေ့စွာ ထွက်ခွာနိုင်ရေး အနည်းဆုံးငွေကျပ် ၅ သိန်းမှ သိန်း၂၀ အထိ စျေးပေါက်နေ။

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

22 Aug, 13:49


မြန်မာပြည်လေဆိပ်ကနေ ပြန်မလှည့်ချင်ဘူးဆိုရင် သိထားသင့်တဲ့အချက်လေးတွေရှိနေပါတယ်။
ဒီအကြောင်းအရာတစ်ချို့ကို မသိဘူးဆိုရင် ထိုင်းမရောက်ခင် မြန်မာပြည် လေဆိပ်ကနေ လှည့်ပြန်ရမှာပါ။
PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်။ အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ် ။ အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ။ visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို့ only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။
PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန်လိုအပ်သည့်စာရင်း

Flight ticket ✈️ two way (အသွားအပြန်)
မြန်မာနိူင်ငံသား မှတ်ပုံတင်
Hotel Booking
Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)
အဆိုပါ documentation (4) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး

မလေးရှားစကားပြော ၊ အတွေ့အကြုံ သုတစုံလင်

22 Aug, 11:12


✣ ကိုယ်မြေမှာ ကိုယ်ချစ်တဲ့သူ ကိုယ့်ချစ်သူတွေ မိသားစုတွေနဲ့နေခဲ့တဲ့သူတစ်ဦးက နိုင်ငံခြားရောက်သွားတဲ့အခါ တစ်ဦးတည်းဖြစ်သွားတတ်ကြတယ်။​ တကယ်တော့ ပြန်စုံနိုင်မယ့်နေ့ရက်လေးတွေကို ရေတွက်ရင်းနဲ့ ဖြတ်သန်းနေရတာပဲလေ။

✣ သူငယ်ချင်းတွေအများကြီးရှိလဲ ကိုယ့်ကိုအလေးအနက်ထားတယ် တန်ဖိုးထားတယ် ကိုယ့်စိတ်နဲ့ ကိုယ်ဆိုတဲ့သူကို ပေါင်းချင်လို့ပေါင်းတယ်ဆိုတဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်။ ကိုယ့်ကိုကောင်းစေချင်လို့ သူတို့အကျိုးထိခိုက်ပြီး လုပ်ပေးတဲ့သူဆိုတာ ပိုလို့ကိုရှားတယ်။ တကယ်တော့ ကိုယ်က Introvertဖြစ်လဲ ကိစ္စမရှိဘူး။ introvertဖြစ်လို့ အထီးကျန်တာမဟုတ်ဘူး။

✣ သူငယ်ချင်းတွေအများကြီးရှိနေလဲ စစချင်းမှာတော့ ကိုယ့်ကိုတကယ်ခင်မင်ရင်းနီးလို့ အတူရှိနေကြတဲ့သူတွေလို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် ရေရှည်မှာတော့ တစ်ဦးပြီးတစ်ဦးထွက်သွားကြတာချည်းပဲ။ အထူးသဖြင့် ကိုယ့်ဘက်ကနေ ဘာတစ်ခုမှမပေးနိုင်တဲ့အခါ ကိုယ့်အနားရှိနေမယ့်သူဆိုတာ ရှားတယ်ဗျ။ Extroverted typeကနေ Introverted typeမျိုးပြောင်းလဲသွားကြတဲဲ့ သဘောပါ။​

နိုင်ငံခြားမှာ ဘယ်လိုကြိုးစားဖြေသိမ့်ကြလဲ။​ ကျနော်ဘယ်လိုဖြတ်သန်းလဲ။

🌿 ကျနော့်လိုသူမျိုးကတော့ အပေါင်းအသင်းရှားလဲမရှားသလို အပေါင်းအသင်းလဲမများပါဘူး။

✣ ကျနော် UKစရောက်ကတည်းကနေ အခုချိန်အထိ အကောင်းဆုံးဆုံးဖြတ်ချက်တွေကတော့

- ကိုယ်ရင်းနီးတဲ့သူတွေကို ပိုပြီးအချိန်ပေးတာ၊ ကိုယ်မရင်းနီးတဲ့ ကိုယ်နဲ့မခင်မင်တဲ့ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဆက်အသွယ်ဖြတ်တာ။
- အခုလိုမျိုး daily diary သဘောမျိုးစာလေးတွေရေးဖြစ်တာ (နောင်တစ်ချိန် စာအုပ်တွေဘာတွေထွက်တဲ့အခါ အားပေးဦး)
- ပြည်ပရောက်မြန်မာတွေအချင်းချင်း ကူညီပေးကြတဲ့ Fundraising ပွဲတွေ ဆန္ဒပြပွဲတွေကို သွားရောက်အားပေးတာ။
- ကိုယ်ဝါသနာပါတဲ့ကိစ္စလေးတွေကို အားတဲ့အချိန်တိုင်း လုပ်ဖြစ်တာ (စာရေးတာ၊ စကားပြောတာ၊​ ဟင်းချက်တာ၊ စက်ဘီးစီးတာ၊ …)

✣ ဘယ်လောက်ပဲ အားနေပါစေ အလုပ်ရှုပ်နေပါစေ အထီးကျန်ချင်တဲ့အချိန်တိုင်းအထီးကျန်တာမို့လို့​ ကျနော်ကတော့ ကိုယ်တကယ်ရင်းနီးပါတယ်ဆိုတဲဲ့သူတွေနဲ့စကားပြောတယ် ကျနော်ချစ်တဲ့သူတွေနဲ့စကားပြောတယ်။​ ကျနော်ချစ်ပါတယ်သူတို့ကို။ သူတို့လဲ ကျနော့်ကိုချစ်ကြတယ်။ အရေးကြီးတာအဲ့တာပဲလေ။​

✣ အားတိုင်းလဲ ဘုန်းကြီးကျောင်းသွားဖြစ်တယ်။ စိတ်အရမ်းညစ်လာတဲ့အခါမျိုးဆို တရားထိုင်တယ် ဘုန်းကြီးကျောင်းမှာ သွားကူပေးဖြစ်တယ် ဒီလိုမျိုးပါ။​

✣ မိတ်ဆွေတို့လဲ ဝါသနာပါရာလေးတွေလုပ် ဖုန်းလေးတစ်လုံးနဲ့ videoလေးတွေရိုက် စလုပ်ကြည့်။ နောက်ပိုင်းကျမှ ကင်မရာတွေ ဘာတွေထပ်ဖြည့်ပေါ့။ ဝါသနာပါရင်ပါသလိုပေါ့ဗျာ။​ ကိုယ့်ဟာကိုယ် levelတစ်ခုထိရောက်အောင် အရင်ကြိုးစားပါ။​ သူ့ဟာသူ အဆင်ပြေလာပါလိမ့်မယ်။

Conclusion

🌳 အရေးကြီးတာကတော့ စိတ်ညစ်တယ်ဆိုတာက နေ့စဥ်ရက်ဆက်ဖြစ်နေရင် မေ့မထားနဲ့ ဒီအရာကိုဖြေရှင်းပါ။ တချို့အရာတွေက အတွေးလေးတစ်ချက်ပြောင်းလဲလိုက်တာနဲ့ အဆင်ပြေသွားတယ်။ တချို့အရာတွေကျတော့ အချိန်ယူပြီး ဖြေရှင်းရတာမျိုးပါ။

🍀 သူငယ်ချင်းတွေကို ကိုယ်ဖြစ်နေတာတွေပြောပြပါ။ သိချင်တာရှိရင် သို့မဟုတ် ဆိုးရွားလာရင်တော့ တယ်လီကျန်းမာတို့ Onlineပေါ်က Mental healthအတွက် ကြိုးစားလုပ်ကိုင်နေကြတဲ့ ဆေးခန်းမျိုးပြကြည့်နိုင်ပါတယ်။

© Moe 2024. All Rights Reserved

ဒီစာလေးကိုWebsiteမှာဖတ်ချင်ရင်တော့ မူရင်းPostရဲ့ comment အောက်မှာကြည့်ပေးပါဗျိုး။

2,468

subscribers

185

photos

93

videos