ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) @epnmedia Channel on Telegram

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

@epnmedia


ကချင်ပြည်နယ် ပထမဆုံး သတင်းရုပ်သံ

ကချင်ပြည်နယ် ပထမဆုံး သတင်းရုပ်သံ (Burmese)

ကမ်းတောင်းသတင်းပေးကြရရှိသော "ကချင်ပြည်နယ် ပထမဆုံး သတင်းရုပ်သံ" ကွန်ရက်သည် ကြိုဆိုပါက ကချင်ဖြာချင်း နှင့် ကချင်ပြည်နယ်မှ ပထမဦး ပြည်နယ်ကဘယ်နှစ်ကြီး သတင်းဖတ်နိုင်သော အသံသမားများအတွက် ဖြစ်သည်။ ဤကွန်ရက်သည် epnmedia အလိုအောက်ဖြင့် သိရသော သတင်းများနှင့် အခြေခံဥပဒေများကို ဖော်ပြထားပေးပြီး အသ္ပါထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက် ဖန်တီးပေးနိုင်ပါသည်။ တစ်ခုချင်းစီအထိ ဤကွန်ရက်မှ လုပ်ဆောင်ရေးပြီး အပြန်ကို နောက်ဆုံးရသည့် သတင်းရုပ်သံသည် နောက်ဆုံးနေ့အမှားတွင် အဆင့်မြင့်ဖြစ်သည်။ ဤကွန်ရက်ရဲ့ အချက်အလက်များအား အသိပေးကြသည့်သူများ အားလုံး အကူအညီလားပါသည်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 08:51


ဝိုင်းမော်မြို့နယ် အမှတ်(၅၈)တပ်ရင်း စစ်ဆေးရေးဂိတ်အား အချိန်အကန့်သတ်ဖြင့်သာ ဖွင့်လှစ်ပေးထား

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 08:50


လဟယ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များမှ ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများအား မတရားသိမ်းယူမှုများပြုလုပ်လာ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 08:41


ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မောင်းနှင်းလာသည့်မော်တော်ယာဉ်‌ပေါ်မှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ-၂ (၂၀၂၄)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-နောင်ဝိုးသွားကားလမ်းတွင် ရာဇာဌေး မောင်းနှင်ပြီး ဇော်မျိုးထွေး လိုက်ပါလာသည့် AD Van မော်တော်ယာဉ်နှင့် ရဲမင်းသူ မောင်းနှင်လာသည့် AD Van မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးဖြင့် သယ်ဆောင်လာသည့် ခရီးဆောင်အိတ် ၁၄ အိတ်အတွင်းမှ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂,၆၃၅ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၉၀ တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်ကျော်ဦး၊ ဝင်းဖြိုးအောင်၊ ဇင်ဖြိုးအောင် နှင့် မနွယ်နီလွင် တို့ ၄ ဦးအား နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 07:48


ဝိုင်းမော်မြို့နယ် အမှတ်(၅၈)တပ်ရင်း စစ်ဆေးရေးဂိတ်အား အချိန်အကန့်သတ်ဖြင့်သာ ဖွင့်လှစ်ပေးထား

EPN
ဝိုင်းမော်၊ ဒီဇင်ဘာ-၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အမှတ်(၅၈)တပ်ရင်း စစ်ဆေးရေးဂိတ်အား နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် အချိန်ကန့်သတ်ချက်ဖြင့်သာ ဖြတ်သန်းသွားလာခွင့်ပေးထားကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးက ဆိုသည်။

" အမှတ်(၅၈)ဂိတ်ကို ပိတ်ထားတာ နည်းနည်းကြာပြီလို့ ပြောလို့ရတယ်။ အဓိကကတော့ စစ်ရေးအရလို့ ပြောလို့ရတယ်။ ဂိတ်ဖွင့်ပေးတဲ့ အချိန်ကတော့ မနက်ကျောင်းလာချိန်နဲ့ ကျောင်းဆင်းချိန် ညနေပိုင်းတွေမှာပဲ ဖွင့်ပေးတာ " ဟု ၎င်းကပြောသည်။

အဆိုပါဂိတ် ပိတ်ပင်ထားသောကြောင့် ဒေသခံပြည်သူများနှင့် ကုန်စည်ယာဉ်တချို့မှာ ရှောင်ကွင်းလမ်းဖြစ်သည့် နောင်ချိန်းကျေးရွာမှ လည်းကောင်း၊ နောင်စီပေါကျေးရွာမှလည်းကောင်း ခက်ခက်ခဲခဲ သွားလာနေရကြောင်း သိရသည်

KIA၊ PDF ပူးပေါင်းအဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းရှိ ၁၃ ကီလိုစုပေါင်းဂိတ်နှင့် အခြားသော နယ်ခြားစောင့်တပ်စခန်း၊ ပြည်သူ့စစ်စခန်းတို့အပြင် တပ်မတော်စခန်း စသည်တို့ကို ပြီးခဲ့သည့် လပိုင်းတို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခုဖြစ်သည့် ကံပိုင်တည်ဂိတ်ကိုလည်း KIA၊ PDF ပူးပေါင်းအဖွဲ့က နိုဝင်ဘာ၂၁ ရက်နေ့တွင် ထပ်မံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က KIA၊ PDF ပူးပေါင်းအဖွဲ့က ကံပိုင်တည်နယ်စပ်ဂိတ်အား သိမ်းပိုက်လိုက်ခြင်းကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်အား နာရီအနည်းငယ်ခန့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ရန်ကျော်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 07:38


မြစ်ကြီးနားမြို့ပေါ် က လောင်းကစားဝိုင်းများ ဖမ်းဆီးပေးရန် လိုအပ်နေဟုဆို

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ-၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရှိ ရပ်ကွက်တို့တွင် တရားဝင် ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများကိုသက်ဆိုင်ရာအဖွဲ့အစည်းများက ဖမ်းဆီးပေးရန် မြို့ပေါ်နေ ပြည်သူများက လိုလားနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ရွှေညောင်ပင်၊ လယ်ကုန်း၊ စီတာပူ၊ ရှမ်းစု၊ အင်ဂျန်ဒုံး စသည့် ရပ်ကွက်တို့တွင် လောင်း ကစားဝိုင်းများ၊ ကြက်ဝိုင်းများ တရားဝင်ဖွင့်လှစ်လာခြင်းကြောင့် ရပ်ကွက်အတွင်း နေ့စဉ် ခိုးဆိုးလုနှိုက်သမားများ ယခင်ထက် ပိုမိုများပြားလာကြောင်း ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

" နိုင်ငံရေးမကောင်းတဲ့နောက်မှာ မြစ်ကြီးနားမြို့ပေါ် မှာ လောင်းကစားဝိုင်းတွေ၊ ကြက်ဝိုင်းတွေကို တရားဝင်ဖွင့်လှစ်လာတယ်။ အဲ့တော့ ရပ်ကွက်တိုင်းလိုလိုမှာ ခိုးဆိုးလုနှိုက် ပြဿနာတွေ နေ့စဉ် ဖြစ်ပျက်တာတွေ ရှိခဲ့တယ်။ ဒါကြောင့် လောင်းကစားဝိုင်းတွေကို ဖမ်းဆီးပေးဖို့လိုတယ် " ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ ရှမ်းစု၊ လယ်ကုန်း၊ ရွှေညောင်ပင်၊ စီတာပူ၊ တပ်ကုန်း၊ အင်ဂျန်ဒုံ၊ မြေမြင့် စသည့်ရပ်ကွက်တို့တွင် လောင်းကစားဝိုင်းနှင့် ကြက်ဝိုင်းများ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လောင်းကစားရုံများ ကြက်ဝိုင်း စသည်တို့ကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်များ စစ်တပ်နှင့် ရပ်ကျေးတာဝန်ရှိသူများ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းများရှိခဲ့ပြီး အချို့လောင်းကစားရုံတို့မှာ ဖမ်းဆီးမှု ကြိုတင်သတင်းများ ရရှိ၍ လောင်းကစားဝိုင်းအား ယာယီပိတ်ထားကြောင်းသိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တို့တွင် ခိုးဆိုးလုနှိုက်သမားများ များပြားလာ၍ ဆိုင်ကယ်၊ ဖုန်းနှင့် တန်ဖိုးကြီး ပစ္စည်းများ ဓါးထောက် လုယက်ခံရသူများရှိနေသည့်အပြင် နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ ထရန်စမာ မီးကြိုးများ ခိုးယူခံရခြင်းများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 07:31


လဟယ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များမှ ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများအား မတရားသိမ်းယူမှုများပြုလုပ်လာ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ-၂ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များမှ ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများအား မတရားသိမ်းယူမှုများ ပြုလုပ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လဟယ်မြို့ခံပြည်သူတစ်ဦးမှ ထန်ပါကွေကျေးရွာသို့ သွားရောက်ကာ ကျောက်ဂျပိုးများအား သိန်းသုံးရာဝန်းကျင်ကုန်ကျခံပြီး ဝယ်လာခဲ့ချိန် ကျောက်ကယ်ရွာအရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးထားပြီး သိန်း (၁၅၀)တန်ဖိုးရှိသည့် ကျောက်ဂျပိုးအိတ်တစ်အိတ်အား သိမ်းယူသွားကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လဟယ်မြို့နေပြည်သူတစ်ဦးထံမှ သိရသည်။

"သူက ကျောက်ဂျပိုး ဈေးကောင်းရတယ်ဆိုလို့ ထန်ပါကွေရွာဘက်က သွားဝယ်တာ။ အပြန်လမ်းမှာ ဖမ်းခံရတယ်။ ကျောက်ကယ်ရွာနားမှာ ဘယ်လက်နက်ကိုင်ဆိုတာ အတိအကျမသိကြဘူး။ လက်နက်ပြ ချိန်းခြောက်ပြီး ဒါမျိုးသယ်ယူတာ ဥပဒေနဲ့မညီလို့ ပိုက်ဆံ သိန်းတစ်ရာ့ငါးဆယ်ပေးရမယ်လို့သူ့ကိုပြောတော့ သူက အခုလက်ထဲမှာ ငွေသားမပါတော့ဘူး။ ခဏစောင့်ပေးပါ၊ ပေးပါ့မယ် ပြောတာကို အချိန်ဆွဲတယ်ထင်ပြီး သူဝယ်လာတဲ့ ကျောက်ဂျပိုးအိတ် နှစ်အိတ်ထဲက တစ်အိတ်ကို သိမ်းသွားတာဟုတ်တယ်။ အဲ့တစ်အိတ် ဈေးကလည်း သိန်းတစ်ရာ ကျော်တယ်။ လူတော့ ပြန်လွတ်ပေးလိုက်တယ်"ဟု ၎င်းမှဆိုသည်။

လဟယ်မြို့နယ်ဘက်တွင် လက်နက်ကိုင်အဖွဲ့များစွာရှိပြီး ခရီးသွားလာနေသည့် ပြည်သူများထံမှ မတရား ငွေတောင်းခံခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ရောင်းဝယ်နေသည့် ပြည်သူများထံမှ ငွေသားနှင့်အတူ တိရိစ္ဆာန်များအား သိမ်းယူခြင်း၊ ကုန်ပစွည်းများသယ်ယူသူများထံမှလည်း ပစ္စည်းများသိမ်းယူခြင်းစသည်တို့ကို ပိုပြီးပြုလုပ်လာကြသည့်အတွက် ဒေသခံပြည်သူများအ နေဖြင့် စီးပွား‌ရေးပြုလုပ်ရာတွင်လည်းကောင်း၊ သွားလာရာတွင်လည်းကောင်း စိုးရိမ်ကြောက်ရွံ့မှုများစွာရှိလာကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့တို့၏ ယင်းကဲ့သို့ပြုလုပ်မှုများအပြင် လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့တွင်လည်း ရိုးရာအဖွဲ့အစည်းများ၊ထွေအုပ်အဖွဲ့များမှ ကျောက်ဂျပိုးရောင်းဝယ်သူများ၊ အိမ်မွေးတိရိစ္ဆာန် ရောင်းဝယ်မှုပြုလုပ်သူများအတွက် လုပ်ငန်းလိုင်စင်ဟုဆိုကာ ဖြတ်ပိုင်းတစ်ခုအား ကျပ်သိန်း (၁၀)ဖြင့် အတင်းအဓမ္မ ရောင်းပေးမှုများရှိလာသည့်အတွက် ဒေသခံများမှာ လက်နက်ကိုင်အဖွဲ့များနှင့် ရိုးရာအဖွဲ့၊ ထွေအုပ်အဖွဲ့များကြားတွင် အကြပ်အတည်းများစွာဖြင့် ခက်ခက်ခဲခဲရုန်းကန်နေထိုင်ကြရကြောင်း လဟယ်မြို့နေပြည်သူများထံမှ သိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 05:26


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရားစွဲဆိုခံနေရတဲ့ သားဖြစ်သူကို လွှတ်ငြိမ်းချမ်းသာခွင့်ပေး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂

အမေရိကန်သမ္မတ ဂျိုင်းဘိုင်ဒင်က သူ့ရဲ့ သမ္မတရာထူးနောက်ဆုံးရက်သတ္တပတ်အတွင်းမှာ အခွန်ချိုးဖောက်မှုအပြင် အခြားစွဲချက်တွေနဲ့ တရားစွဲဆိုခံနေရတဲ့ သားဖြစ်သူ ဟန်းတာ ဘိုင်ဒင်ကို ပြောင်ပြောင်တင်းတင်း လွတ်ပေးလိုက်ပါတယ်။


"ဒီနေ့ ကျွန်တော်သားအတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျွန်တော်တာဝန်ယူတဲ့နေ့ကစပြီး တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်ချတာကို ဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော့်သား မတရားဖမ်းဆီးခံနေရချိန်မှာတောင် အဲဒီဂတိကို တည်အောင် ထိန်းခဲ့ပါတယ်။" လို့ အိမ်ဖြူတော်ရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်အပါအဝင် ရီပတ်ဘလစ်ကန်တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ မူးယစ်ဆေးစွဲနေတဲ့ ဘိုင်ဒင့်သားဖြစ်သူရဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် လျှော့ပေါ့ပေးမှာမဟုတ်ဘူးလို့ ဘိုင်ဒင်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ဒင်ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ဟန်းတာ ဘိုင်ဒင်ရဲ့ ဘယ်လိုပြစ်မှုမဆို " "ခြွင်းချက်မရှိ အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့်" ပေးလိုက်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပြောဆိုထားပါတယ်။


ဟန်းတာ ဘိုင်ဒင်ဟာ သေနတ်နဲ့ ပတ်သက်တဲ့ စွဲချက်ကြောင့် အခုလအတွင်းမှာ စီရင်ချခံရမှာဖြစ်သလို စက်တင်ဘာလအတွင်းကလည်း မူးယစ်ဆေးဝါး၊ လိင်လုပ်သားနဲ့ ဇိမ်ခံပစ္စည်းတွေအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁.၄ သန်း ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံထားတဲ့အတွက် ဒီဇင်ဘာ ၁၆ ရက်မှာ စီရင်ချက်ချခံရမှာဖြစ်ပါတယ်။

ရီပတ်ဘလီကန်တွေက သမ္မတရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး " ဂျိုးဘိုင်ဒင်ဟာ သူ့မိသားစုရဲ့ အကျင့်ပျက်တဲ့ လှုပ်ရှားမှုတွေအကြောင်း အစအဆုံး လိမ်ညာခဲ့တယ်" လို့ အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် တာဝန်ခံမှုဆိုင်ရာ ကော်မတီဥက္ကဌ ဂျိမ်းစ်ကိုမာက ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ သူရဲ့သားဖြစ်သူဟာ နိုင်ငံရေးအရ မတရားတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော့်ရဲ့ နိုင်ငံရေး အတိုက်အခံ တော်တော်များများက ကျွန်တော့်ကို ရွေးကောက်ပွဲမှာ တိုက်ခိုက်နိုင်ဖို့အတွက် သူက အသုံးချခံရတာပါ။ အဖေနဲ့ သမ္မတတစ်ယောက် ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်မယ်ဆိုတာ အမေရိကန်တွေ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောပါတယ်။

Ref; CNA

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Dec, 04:54


ထိုင်းငါးဖမ်းစက်လှေက သင်္ဘောသား ၃၀ ကျော် မြန်မာ့ရေပိုင်နက်အတွင်းဖမ်းဆီးရမိ၊ တစ်ဦသေဆုံး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂

ထိုင်းငါးဖမ်းစက်လှေက သင်္ဘောသား ၃၀ ကျော်ဟာ မြန်မာရေပိုင်နက်အတွင်းမှာ စနေနေ့ (နိုဝင်ဘာ ၃၀ ရက်) က ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ထိုင်းရေတပ်ဦးစီးမှူးတစ်ဦးက ပြောပါတယ်။

တောင်ပိုင်း ရနောင်းပြည်နယ် ရေတပ်မှူး Suwat Donsakul က ထိုင်းငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးပြီး လူ ၃၁ ဦးကို မြန်မာနိုင်ငံထဲသို့ ခေါ်ဆောင်သွားတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။

စနေနေ့က အခင်းဖြစ်ပွားချိန်မှာ ထိုင်းငါးဖမ်းစက်လှေ အများအပြားဟာ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်နေခဲ့ကြပြီး သေဆုံးသူဟာ မြန်မာဘက်က ဝင်ရောက်ဖမ်းဆီးချိန်မှာ ရေထဲကို ခုန်ချခဲ့တယ်လို့ ရေတပ်မှူး Suwat က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အေအက်ဖ်ပီကို ပြောကြားရမှာ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ရနောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းသမားတွေနဲ့ လှေပိုင်ရှင်တွေကို ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရေကြောင်းဧရိယာတွေကို ရှောင်ရှားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းငါးဖမ်းဌာန ဝက်ဘ်ဆိုဒ်ရဲ့ သတိပေးချက်ထုတ်ပြန်ချက်အရ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်နေတာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

Ref; AFP

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

29 Nov, 08:07


ဟုမ္မလင်းမြို့ဘက်တွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ပြည်သူများသွားလာခွင့် တင်းကြပ်ထား

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

29 Nov, 07:57


တရုတ်ဘဏ်ဥက္ကဋ္ဌဟောင်း အကျင့်ပျက်ခြစားမှုနဲ့ သေဒဏ်ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉


တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တရားရုံးက တရုတ်ဘဏ်ဥက္ကဋ္ဌဟောင်းဖြစ်သူ Liu Liange ကို အကျင့်ပျက်ခြစားမှုနဲ့ အင်္ဂါနေ့က ပထမအကြိမ် ရုံးချိန်းမှာပဲ သေဒဏ်ချမှတ်လိုက်တယ်လို သိရပါတယ်။


မစ္စတာ Liu ဟာ သူရဲ့ ရာထူးသက်တမ်း ၂၀၁၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း ချေးငွေနဲ့ အခြားပရောဂျက်တွေကနေ အမေရိကန်ဒေါ်လာ ၁၆.၈ သန်းကျော်တန်ဖိုးရှိတဲ့ ယွမ် ၁၂၁ သန်းကို တံစိုးလက်ဆောင်ငွေအဖြစ် လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ Liu ကိုလွတ်ငြိမ်းချမ်းသာခွင့် ၂ နှစ်နဲ့ သေဒဏ်ချမှတ်ခဲ့ပြီး နိုင်ငံသားအခွင့်အရေးအားလုံးကို ရုပ်သိမ်းကာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခဲ့တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင် ချေးငွေထုတ်ပေးမှုအတွက် ထောင်ဒဏ် ၁၀ နှစ် နဲ့ ဒဏ်ငွေ ယွမ် ၁၅၀,၀၀၀ ကိုလည်း ချမှတ်ခဲ့ပြီး သိမ်းဆည်းရမိတဲ့ ငွေတွေကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့လွဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jilin ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် မစ္စတာ Liu ကို ၂၀၂၃ ခုနှစ်မှာ ရာထူးကထုတ်ပယ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ တရားဝင်စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ပိုင်းက စတင်ကာ ဘဏ္ဍာရေးကဏ္ဍ အဂတိလိုက်စားမှုကို အရှိန်မြှင့်နှိမ်နင်းခဲ့ပြီး ယခုနိုဝင်ဘာ လအတွင်းကလည်း ကူးသန်းရောင်းဝယ်ရေးဘဏ်၊ China Construction Bank အပါအဝင် နိုင်ငံပိုင်ဘဏ်ကြီးတွေက အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားမှုတွေအတွက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

Ref; Global Times

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

29 Nov, 05:47


ဟုမ္မလင်းမြို့ဘက်တွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ပြည်သူများသွားလာခွင့် တင်းကြပ်ထား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ-၂၉ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ ဟုမ္မလင်းမြို့နယ်ဘက်တွင် တပ်နှင့် KIA, NPDF အဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အတွက် ပြည်သူများအား သွားလာခွင့်တင်းကြပ်ထား ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ဟုမ္မလင်းမြို့နယ်ထဲရှိ ကျေးရွာများတွင် KIA, NPDF အဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ကြသည်မှာ ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ဖြစ်ပွား နေဆဲဖြစ်ကာ အဆိုပါ တစ်ပတ်အတွင်းတွင် ဟုမ္မလင်းမှခန္တီး၊ ဟုမ္မလင်းမှ လေရှီး၊ လဟယ်ဘက်သို့ ဖြတ်သန်းသွားလာရသည့် ပြည်သူများအား KIA, NPDF အဖွဲ့များမှ ဖမ်းဆီးစစ်ဆေးခြင်း၊ သွားလာခွင့်ပိတ်ထားခြင်း စသည်တို့ကြောင့် ဒေသအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်လာရကြောင်း လေရှီးမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

"တိုက်ပွဲဖြစ်နေတာက တစ်ပတ် လောက်ရှိနေပြီ။ ဒီအတောအတွင်းမှာသွားလာခွင့်ကို ပိတ်ထားတာတွေရှိ တော့ ဘယ်သူမှ သွားလာလို့မရဘူး။ အရေးပေါ်ကိစ္စနဲ့သွားလာရင်တောင် ပိုက်ဆံ ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ တောင်းတယ်။ ဒါတွေက KIA နဲ့ NPDF, NSCN ပူးပေါင်းအဖွဲ့ တွေက လုပ်တာပါ။ နာဂဒေသမှာ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေကြတဲ့အချိန် ကိုယ့်လူမျိုးကို ကာကွယ် ပေးမဲ့အစား ပြည်သူတွေကို ညစ်စားနေတာကိုတော့ တစ်ကယ်စိတ်နာမိတယ်။ နာဂလက်နက်ကိုင်တွေကိုယ်တိုင်က KIA နဲ့ ပူးပေါင်းတော့ KIA တွေခိုင်းတဲ့အတိုင်း ဖမ်းဆီးတာတွေ ဆက်ကြေး မတရားကောက်တာတွေရှိလာတာ။ KIA တွေ ဒီကိုမရောက်ခင်က အဲ့လိုမျိုးတွေ လုံးဝကိုမရှိခဲ့ဘူး။ အခုမှာ ပြည်သူတွေက သွားရလာရ ခက်ခဲတာရယ်၊ ကုန်ဈေးနှုန်းမြင့်တက်တာရယ်၊ ဝယ်မရတာတွေဖြစ်လာပြီ။ ဒါတွေက သူတို့ သွားလာခွင့်ပိတ်ထားလို့ ဖြစ်လာတဲ့ဟာတွေပဲ"ဟု ၎င်းမှ ဆိုသည်။

လက်ရှိ နာဂဒေသအထက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဟုမ္မလင်း၊ မုံရွာဘက်မှ ကုန်ပစ္စည်းများ သယ်ယူမရသည့်အပြင် နယ်စပ်ဂိတ်များမှာလည်း ကား၊ ဆိုင်ကယ် ဝင်ခွင့်အားပိတ်ထားသည့်အတွက် လေရှီးနယ်စပ်ဘက်တွင် ခြေလျင်ဖြင့်သွားရောက်ကာ ကုန်ပစ္စည်းများဖြစ်သည့် စက်သုံးဆီ၊ ဆန်၊ ဆီ၊ ဆား စသည်တို့ကို ခက်ခဲစွာ ဝယ်ယူအသုံးပြုနေရကြောင်းလည်း ဒေသခံများ ပြောကြားချက်အရသိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

28 Nov, 18:43


KIO မှ "ယခင် ကချင်အထူးဒေသ(၁)နယ်မြေနှင့်ဆိုင်သော ထုတ်ပြန်ကြေငြာချက်" နှင့်ပတ်သက်၍ "ပန်ဝါသတင်းနှင့်ပြန်ကြားရေး"တာဝန်ခံ ဦးဂလောင်းဘောမ်တိန့်အား ဆက်သွယ်မေးမြန်းခြင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

17 Nov, 08:34


ကချင်အထူးဒေသ(၁) ပန်ဝါအခြေအနေနှင့်ပတ်သက်၍ ပန်ဝါသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဂလောင်းဘောမ်တိန့်အား ဆက်သွယ်မေးမြန်းခြင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

17 Nov, 08:11


ဟုမ္မလင်း-ခန္တီး ရေကြောင်းလမ်းတွင် PDF အဖွဲ့များမှ စက်လှေ တစ်စီးလျှင် ကျပ်သိန်းငါးဆယ်ကျော်အထိကောက်ခံနေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၁၇ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းနှင့် ခန္တီး ရေ‌‌လမ်းကြောင်းတွင် PDF အဖွဲ့များမှ စက်လှေတစ်စီးလျှင် ကျပ်သိန်းငါးဆယ်ကျော်အထိ ကောက်ခံနေကြောင်း စက်လှေပြေးဆွဲနေသူများထံမှ သိရသည်။

ဟုမ္မလင်းနှင့်ခန္တီးကြားတွင် စစ်တပ်ဂိတ်များ၊ KIA, PDF ဂိတ်များ ၂၀ နီးပါးရှိပြီး ဂိတ်တိုင်းတွင် ဂိတ်ကြေး အနည်းအများပေးဆောင်ကြရကာ အများဆုံးနှင့် စစ်ဆေးရေးအကြာဆုံးဂိတ်မှာ PDF များထိန်းချုပ်ထားသည့် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးအဖွဲ့များမှာ စက်လှေတစ်စီးလျှင် ကျပ်သိန်း ၃၀မှ ၄၀ ကျော်အထိ တောင်းခံပြီး စစ်ဆေးရေးကာလမှာလည်း တစ်လမှနှစ်လအထိရှိကြောင်း စက်လှေပြေးဆွဲသည့် ပြည်သူတစ်ဦးထံမှ သိရသည်။

"ဂိတ်ကြေးအများဆုံး ပေးရတာက PDF အဖွဲ့တွေထိန်းချုပ်ထားတဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးအဖွဲ့တွေပဲ။ သူတို့က မုံရွာ-ဟုမ္မလင်းနဲ့ ဟုမ္မလင်း-ခန္တီးကြားတွေမှာ ဂိတ်ထိုင်ကြတယ်။ စစ်ဆေးတာလည်း လနဲ့ကြာတယ်။ စက်လှေတစ်စီးကိုလည်း သိန်း ၃၀ ကနေ ၄၀ အထိ တောင်းကြတယ်။ ကုန်ပစ္စည်းများရင် ၅၀ ကျော် တောင် ပေးရတယ်။ ကျန်တဲ့ဂိတ်တွေကအဲ့ လောက်မပေးရဘူး။"ဟု ၎င်းမှ ဆိုသည်။

အဆိုပါ PDF ထိန်းချုပ်ထားသည့် ဂိတ်များတွင် ဂိတ်ကြေးပေး ကောက်ခံမှုများသကဲ့သို့ စစ်ဆေးမှုကာလမှာလည်း လနှင့်ချီကာ ထိန်းချုပ်ထားသည့်အတွက် ရက်ရှည်မခံသည့် ကုန်ပစ္စည်းအချို့မှာ ပျက်စီးမှုများကြုံရကာ မှာယူသည့် ပိုင်ရှင်များကိုလည်း လျော်ကြေးများပေးဆောင်ရခြင်းများရှိလာသည့်အတွက် စက်လှေသမားများစွာ ပြေးဆွဲခြင်းမှ ရပ်နားသွားကြသူများလည်းရှိလာကြောင်း သိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 15:13


လဝါးယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ယနေ့ ကွယ်လွန်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 15:11


မှော်စီစာကျေးရွာအနီး မြေစာပုံပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးများမပြုလုပ်နိုင်သည်မှာ (၆)ရက်နီးပါးကြာမြင့်နေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 07:53


လဝါးယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ယနေ့ ကွယ်လွန်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၁၆ (၂၀၂၄)

လဝါးယန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါသည် ယနေ့နံနက် ၈ နာရီအချိန်တွင် ရင်စိန်ဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

အသက် ၈၁ အရွယ်ရှိ လဝါးယန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါသည် ယနေ့နံနက် ၈ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ ရင်စိန်အထူးကုဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ အသိုင်းဝန်းထံမှ သိရသည်။

" နှလုံးရောဂါနဲ့ဆုံးတာလို့ သိရတယ်။ ဒီနေ့ မနက်မှာ မသက်သာလို့ ရင်စိန်ဆေးရုံကြီးမှာ သွားပြဖြစ်တယ်။ ဒါပေမယ့် အသက်မမီလိုက်တော့ဘူး " ဟု ၎င်းကရှင်းပြသည်။

ရင်စိန်ဆေးရုံကြီးတွင် သေဆုံးသွားသည့် လဝါးယန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ၏ ရုပ်အလောင်းအား နောင်းချိန်းကျေးရွာနေအိမ်သို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးလဆန်အောင်ဝါသည် ၂၀ဝ၉ ခုနှစ် အောက်တိုဘာလတွင် ဂွေထုဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်းချိန်းနှင့် ဂွေထုကျေးရွာများတွင် ဌာနချုပ်အဖြစ် အခြေစိုက်ခဲ့သည့်အဖွဲ့အစည်းဖြစ်သည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 07:26


မှော်စီစာကျေးရွာအနီး မြေစာပုံပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးများမပြုလုပ်နိုင်သည်မှာ (၆)ရက်နီးပါးကြာမြင့်နေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ - ၁၆ (၂၀၂၄)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီး နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၁)နာရီခန့်က မြေစာပုံပြိုကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးများကိုမပြုလုပ်နိုင်သည်မှာ (၆)ရက်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ လုပ်ကွက်ဟောင်းအတွင်း ကျောက်ရှာဖွေခွင့်များကို နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းကစတင်ကာ ပိတ်ထားခဲ့ပြီး ယနေ့အချိန်အထိ သေဆုံးသူစာရင်းနှင့် ရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်ခွင့်မရသေးကြောင်း မှော်စီစာကျေးရွာနေဒေသခံ တစ်ဦးကပြောသည်။

"ဒီနေ့ဆိုရင် (၆)ရက်မြောက်နေ့ရှိပြီး ၊ မြေစာပြိုတဲ့နေ့ထဲကစပြီး အဲ့ဒီလုပ်ကွက်ထဲကို ဘယ်သူမှ ဝင်ခွင့်မရဘူး၊ ကယ်ဆယ်ရေးသမားတွေကိုလည်း ဝင်ခွင့်မပေးထားဘူး ၊ ဒီတော့ သေဆုံးသူ စာရင်းလဲ တိတိကျကျမသိရဘူး၊ လောလောဆယ် စုံစမ်းသိရှိရတာတော့ (၁၀)ဦးလောက်တော့ နံမည်စာရင်းတွေသိရပြီလို့ကြားတယ်၊ ဒီစာရင်းကလဲ အမှန်တကယ်လားတော့ သေချာမသိရဘူး ဒေသခံတွေကနေတစ်ဆင့် စုစောင်းထားတဲ့ အချက်အလက်တွေဖြစ်တယ်" ဟု ၎င်းကပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုသည့် မှော်စီစာကျေးရွာအနီး တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေစာပုံတွင် ပြိုကျခဲ့ခြင်းဖြစ်ကာ မြေစာပစ်ကား (၂)စီး၊ကုမ္ပဏီဝန်ထမ်းအချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ဦးရေ (၄၀)ခန့်ပါဝင်သွားခဲ့ကြောင်းသိရသည်။

လက်ရှိဖားကန့်မြို့နယ်မှော်စီစာကျေးရွာအနီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ နယ်မြေစိုးမိုးမှုများပြုလုပ်ထားပြီး လက်ရှိမြေစာပုံပြိုကျသည့်ကိစ္စနှင့်ပက်သက်၍ တစ်စုံတစ်ခုမျှသတင်းဖော်ပြခြင်းများမပြုလုပ်သေးကြောင်းသိရသည်။

ပန်ပန်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 04:29


ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန် နဲ့ YouTuber လက်ဝှေ့သမား ဂျိတ်ပေါလ်တို့ ယှဉ်ပြိုင်ထိုးသတ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆

ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန် နဲ့ YouTuber လက်ဝှေ့သမား ဂျိတ်ပေါလ်တို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ လူပေါင်း ၈ သောင်းဆန့်တဲ့ AT&T အားကစားကွင်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။


ပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် ည ၁၀နာရီ (04:00 GMT) မှာစတင်ဖို့ စီစဉ်ထားပြီး သူတို့ရဲ့ အဓိကပြိုင်ပွဲမတိုင်မှီ ပွဲစဉ်ငါးခု ထိုးသတ်သွားမယ်လို့ သိရပါတယ်။

တိုင်ဆန်ရဲ့ နောက်ဆုံး နောက်ဆုံးပရော်ဖက်ရှင်နယ်တိုက်ပွဲဟာ ၂၀၀၅ ခုနှစ်က ဖြစ်ပေမယ့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ Roy Jones Jr နဲ့ နောက်ဆုံးအကြိမ်အဖြစ် သရုပ်ပြထိုးသတ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ဖြစ်တဲ့ လက်ဝှေ့သမား ဂျိတ်ပေါလ်ဟာ ၂၀၁၃ ခုနှစ်က YouTuber အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး ပြိုင်ပွဲ ၁၁ ပွဲမှာ ၁၀ ပွဲအထိအနိုင်ရထားတဲ့ နာမည်ကြီး လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။


Ref; Aljazeera

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

16 Nov, 04:07


မြောက်ကိုရီးယားက အသေခံဒရုန်းတွေ အမြောက်အမြားထုတ်လုပ်မှု မြှင့်တင်မယ်


EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက အသေခံဒရုန်းလက်နက်တွေရဲ့ စွမ်းရည်စမ်းသပ်မှုကိုကြည့်ရှုခဲ့ပြီးတဲ့နောက် အဲဒီလက်နက်တွေကို အမြောက်အမြားထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

ခေါင်းဆောင် ကင်ဂျုံအန်းဟာ ကြာသပတေးနေ့က ဒရုန်းစမ်းသပ်တဲ့နေရာကို သွားရောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ဒရုန်းတိုက်ခိုက်ခံရပြီးတဲ့နောက် မီးလောင်နေတဲ့ သံချပ်ကာယာဉ်လို့ ယူဆရတဲ့ ဓာတ်ပုံတွေနဲ့ မှုန်ဝါးနေတဲ့ ဒရုန်းတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

မစ္စတာကင်က "အဆက်မပြတ်ထုတ်လုပ်ရေးစနစ်ကို တတ်နိုင်သမျှ စောစောစီးစီးတည်ဆောက်ပြီး အစုလိုက်အပြုံလိုက် အပြည့်အဝထုတ်လုပ်ဖို့ လိုအပ်တယ်" လို့ အလေးပေးပြောဆိုခဲ့ပါတယ်။


ကမ္ဘာတစ်ဝန်းက စစ်ဘက်ဆိုင်ရာအာဏာပိုင်တွေက ဒရုန်းတွေဟာ “ပဋိပက္ခကြီးကြီး သေးသေး" ရှင်းလင်းတဲ့ အောင်မြင်မှုတွေ ရနေတာကို အသိအမှတ်ပြုဖွယ်ရာရှိတယ်လို့ သတင်းအစီရင်ခံချက်မှာ ပြောဆိုထားပါတယ်။


ဒရုန်းစစ်ဆင်မှုကို တုံ့ပြန်ဖို့ နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာပညာရေးကို အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း မစ္စတာကင်က ပြောကြားခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ဒရုန်းတွေအသုံးပြုမှုနဲ့ ပတ်သက်တဲ့ သူ့အမြင်ကိုလည်း မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။


Ref; NHK

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

15 Nov, 08:42


သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားပြီး ကချင်အထူးဒေသ(၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ တန်ဆောင်မုန်းလပြည့်နေ့၌ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဝတ္ထုငွေများလှူဒါန်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

15 Nov, 07:27


လျှပ်စစ်မီးအားကိုး လုပ်ကိုင်နေသည့် လုပ်ငန်းရှင် အများအပြား ဈေးနှုန်းတိုးမြင့်မှုရှိလာ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် တွင် လျှပ်စစ်မီးကို အားကိုးကာ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်အများအပြား ‌၎င်းတို့၏ လုပ်ငန်းများအပေါ် ဈေးနှုန်းများလည်းတိုးမြင့်ပြောင်းလဲလာကြောင်း KTV နှင့် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ဆိုင်ရှင်တစ်ဦးထံက သိရသည်။

မြစ်ကြီးနားဘူးဂါး လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးကုမ္ပဏီမှ ပုံမှန်တိကျသည့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေး နိုင်ခြင်းမရှိ၍ မီးစက်အသုံးပြုနေရသည့်အတွက် ၎င်းတို့၏ လုပ်ငန်းအခ ကြေးငွေများကိုလည်း စက်သုံးဆီကုန်ကျမှုအပေါ် အလိုက်အထိုက် ဈေးနှုန်းတိုးမြင့်ရခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

" လျှပ်စစ်မီး ပုံမှန်ရနေရင်တော့ ကျွန်တော်တို့ကလည်း ဈေးနှုန်းတက်စရာအကြောင်း မရှိပါဘူး။ အခုတော့ လျှပ်စစ်မီးက မမှန်တော့ ကိုယ့်ဖောက်သည်တွေ ကျလာတာနဲ့ မီးစက်နှိုးရတာပေါ့။ အဲ့တော့ ကုန်ကျစရိတ်က အရင်ထက်ပိုသွားတယ်။ ကျွန်တော်တို့ လုပ်ငန်းတစ်ခုထဲ စျေးတက်သွားတာမဟုတ်ပါဘူး။ စက်မှုဇုံဘက်လည်း အကုန်ဈေးနှုန်းတိုးသွားတယ်။ ကွန်ပျူတာဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ နောက်ဆုံး ဘိလပ်ယက်ခုံဖွင့်တဲ့ ဆိုင်တွေက အဆုံး အားလုံးဈေးတက်သွားကြတယ်" ဟု ၎င်းကရှင်းပြသည်။

မြစ်ကြီးနားဘူးဂါးမှတာဝန်ယူ ဖြန့်ဖြူးပေးနေသည့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်မီးလုံလောက်မှုမရှိ၍ ရပ်ကွက်
အလိုက် လေးနာရီခြားတစ်ခါ အလှည့်ကျ လျှပ်စစ်မီးဖြန့်ဖြူးပေးရာမှ နိုဝင်ဘာလအတွင်းကစ၍ လျှပ်စစ်မီး ထပ်မံလုံလောက်မှုမရှိ၍ ရှစ်နာရီခြားတစ်ခါ အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးပေးနေကြောင်း ဘူးဂါးရုံးဝန်ထံနှင့် နီးစပ်သူတစ်ဦးထံကသိရသည်။

တပ်မတော်နှင့် KIA၊ KIO လက်နက်ကိုင်အဖွဲ့အစည်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြစ်ကြီးနား-ဗန်းမော်သွား လမ်းပေါ်ရှိ မလိယန် ရေလှောင်တံမံအနီး တိုက်ပိုက်ပွဲဖြစ်ပွားခဲ့၍ ဓါတ်အားဖြန့်ဖြူးရေး ကေဗယ်လိုင်းများ ထိမှန် ပျက်စီးခဲ့၍ လက်ရှိအချိန်တွင် နိုင်ငံတော် ဓါတ်အားလိုင်းစနစ်ဖြင့်ပြန်လည် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 11:29


ကချင်ပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်

EPN
မြစ်ကြီးနား၊ နို၀င်ဘာ - ၉ (၂၀၂၄)

ကချင်ပြည်နယ်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး နေရာကွက်ကျား မိုးရွာသွန််းနိုင်ကြောင်း နို၀င်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်က မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယနေ့မြန်မာစံတော်ချိန် ၃ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရင်ရှင်း”(YINXING)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထား‌ကြောင်း သိရသည်။

နံနက်ဖြန်နံနက်အထိ မိုး‌လေ၀သခန့်မှန်းချက်မှာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ကြောင်းသိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 10:41


အမေရိကန် ရွေးကောက်ခံသမ္မတက သူ့ရဲ့အုပ်ချုပ်ရေးအဖွဲ့ အဓိကရာထူးတွေအတွက် လူရွေးချယ်နေ

EPN
နိုင်ငံတကာ၊ နို၀င်ဘာ ၉

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သူ့အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေအတွက် လျာထားသူတွေကို စဉ်းစားရွေးချယ်နေတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

နိုင်ငံခြားရေး၀န်ကြီးအဖြစ် နာမည်ထွက်နေသူ နှစ်ဦးကတော့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Hagerty နဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio တို့ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးအတွက် ရွေးချယ်ဖို့ဖြစ်နိုင်ခြေရှိသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo နဲ့ နိုင်ငံ့ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း John Ratcliffe တို့ ပါဝင်ပါတယ်။

မစ္စတာ Trump ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အဓိကထောက်ခံသူအဖြစ် ပေါ်ထွက်လာခဲ့တဲ့ Tesla ကုမ္ပဏီ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Elon Musk ကိုလည်း ရာထူးခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ အဲဒီသတင်းတွေကဆိုပါတယ်။

အသုံးစရိတ်နဲ့ ဘတ်ဂျက်ဖြတ်တောက်မှု ကြီးကြပ်ရေး ကော်မတီအသစ်ကို ဦးဆောင်ဖို့ သူ့ကို ရွေးချယ်ဖွယ်ရှိကြောင်း သိရပါတယ်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 10:34


တရုတ်၊ ထိုင်း ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ဦးစီးချုပ် တွေ့ဆုံ

EPN
နိုင်ငံတကာ၊ နို၀င်ဘာ ၉

မြန်မာစစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း သူ့အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာ တရုတ်နိုင်ငံ တောင်ပိုင်းက ယူနန်ပြည်နယ် မြို့တော် ကူမင်း မှာ ဗုဒ္ဓဟူးနေ့က မစ္စတာ Li နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်တပ်အကြီးအကဲဟာ ဒေသဆိုင်ရာအစည်းအဝေးတွေကို တက်ဖို့ အဲ့ဒီမြို့ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ စွမ်းအင်လုံခြုံရေးအပါအဝင် နယ်ပယ်အသီးသီးမှာ တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိကြောင်း သူက ထုတ်ဖေါ်ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ Belt and Road Initiative အစီအစဥ်အောက်ရှိ စီးပွားရေး စင်္ကြန်တည်ဆောက်ရေးဆက်လက်အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ တရုတ်အစိုးရက အသင့်ရှိကြောင်း မစ္စတာ Li က ပြောကြားခဲ့ပါတယ်။ "မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး" လို့ သူ သုံးနှုန်းပြောဆိုတဲ့ အချက်ကိုလည်း ထောက်ခံကြောင်း ပြသခဲ့ပါတယ်။



ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း စစ်တပ်ခေါင်းဆောင်နဲ့ ရှားရှားပါးပါး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး မြှင့်တင်ရာမှာ ကူညီဖို့ အဆင်သင့်ရှိကြောင်း သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Ref; NHk

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 09:16


ပူတာအိုတွင် ကျောက်ဂျပိုးဈေးကောင်းရရှိသော်လည်း ဝယ်ယူသူနည်းပါ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 09:13


မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးခြင်းကို ၈ နာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူး‌ပေးနေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 09:08


စက်သုံးဆီများကို အချိန်ပိုင်းဖြင့်သာရောင်းချပေးသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 07:52


ပူတာအိုတွင် ကျောက်ဂျပိုးဈေးကောင်းရရှိသော်လည်း ဝယ်ယူသူနည်းပါး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၉ (၂၀၂၄)

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ကျောက်ဂျပိုးဈေးကောင်းရရှိသော်လည်း ဝယ်ယူသူနည်းပါးလာကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်နှစ်များတွင် ကျောက်ဂျပိုး နို့ဆီခွက် တစ်ခွက်လျှင် ကျပ် ၃ သောင်းမှ ၄ သောင်းအထိသာရှိခဲ့ပြီး ယခုနှစ်တွင် တစ်ခွက်လျှင် ကျပ် ၆ သောင်းအထိ ဈေးရရှိသော်လည်း ဝယ်ယူသူများမှာ ယခင်နှစ်ထက် ပို၍နည်းပါးလာသည့်အတွက် ကျောက်ဂျပိုးရှာဖွေသူများမှာလည်း ယခင်ထက်နည်းပါးလာကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌ပူတာအို ဒေသခံတစ်ဦးထံမှ သိရသည်။

" ဟို ရှေ့လကတည်းက ကျောက်ဂျပိုးတွေဖမ်းနေကြတာဟုတ်တယ်။ နှစ်တိုင်းလိုလို အောက်တိုဘာလနဲ့ နိုဝင်ဘာလေတွမှာ သွားရှာကြတယ်။ ခါးလန်နဲ့ နောင်မွန်းဘက်မှာ သွားရှာကြတာများတယ်။ ဒါပေမယ့် ဒီနှစ်က နိုင်ငံရေးမ ကောင်းတာရယ်၊ လမ်းပိုင်း သွားလာရခက်ခဲတာတွေကြောင့် ဝယ်တဲ့သူနည်းသွားပြီ။ တစ်ဗူးကို ၆ သောင်းအထိ တော့ဈေးရတယ်။ တစ်ပိသာဆိုရင် ၅ သိန်းက နေ ၆ သိန်းအထိရကြတယ်။ အကောင်းမဲမဲနဲ့ အသေးမျိုးက ပိုပြီး ဈေးရတယ်။ အခုက ဝယ်မယ့်လူနဲ့ အရင်ချိတ်ထားပြီးမှပဲ သွားရှာကြတာများတယ်။ ကြိုမချိတ်ထားရင် ကျောက်ဂျပိုးရခဲ့ရင်လည်း ဝယ်တဲ့သူမရှိရင် ရှုံးတယ်လေ။ ဒါကြောင့် မနှစ်ကထက် ဈေးကောင်းရပေမယ့် ဝယ်သူမရှိတော့ ရှာတဲ့သူတွေလည်း မနှစ်ကလို မများတော့ဘူး"ဟု ၎င်းမှ ဆိုသည်။

ပူတာအို ဒေသဘက်တွင် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလအတွင်း ကျောက်ဂျပိုးများကို ရှာဖွေလျှက်ရှိကြကာ မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲဖြင့် ကြိုးစားရှာဖွေရသော်လည်း ယခုနှစ်တွင် အဝယ်နည်းလာသည့်အတွက် ယခင်နှစ်များကဲ့သို့ ကျောက်ဂျပိုးရှာဖွေသူများလည်း နည်းပါးလာကြောင်း သိရသည်။

ဒေသခံများအနေဖြင့် ကျောက်ဂျပိုးကောင်အား စီးပွားရေးအဖြစ်သော်လည်းကောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် ဟင်းအမွှေးအကြိုင်အဖြစ်သော်လည်းကောင်း အသုံးပြုရန်အတွက် ရှာဖွေကြကြောင်း သိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 07:10


မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးခြင်းကို ၈ နာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူး‌ပေးနေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၉ (၂၀၂၄)

မြစ်ကြီးမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့်
ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ ဓါတ်အားလုံလောက်မှုမရှိသဖြင့် ယခု နိုဝင်ဘာလမှစ၍ ရပ်ကွက်အလိုက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးခြင်းကို ၈ နာရီခြားတစ်ခါ လှည့်ကျစနစ်ဖြင့်သာ ပြန်လည်ဖြန့်ဖြူးပေးနေကြောင်းသိရသည်။

နိုင်ငံတော်ဓါတ်အားလိုင်းမှတဆင့် ပြန်လည်ရရှိသည့် ဓါတ်အားလိုင်း လုံလောက်မှုမရှိ၍ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ယခင်ပေးနေသည့်စနစ်ကို ပြောင်းလဲပြီး ၈ နာရီခြား တစ်ခါ အလှည့်ကျစနစ်ဖြင့် ဖြန့် ဖြူးပေးနေကြောင်း ဘူးဂါးကုမ္ပဏီအသိုင်းအဝန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

" ဓါတ်အားလုံလောက်မှုမရှိလို့ ရှေ့ရက်ပိုင်းလောက်ကစပြီး ရပ်ကွက်အုပ်စုအလိုက်ကို လေးနာရီခြားတစ်ခါ မဟုတ်တော့ဘူး။ ရှစ်နာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ ဖြန့်ဖြူးနေရတယ် " ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် လျှပ်မီးလုံလောက်မှု မရရှိ၍ လျှပ်စစ်မီးနှင့် စီးပွားရှာနေသည့်  လုပ်ငန်းရှင်များ ယခင်ထက် ပို၍ အခကြေးငွေဈေးနှုန်းများလည်း မြင့်တက်ခဲ့ရကြောင်း ကွန်ပျူတာဆိုင်ရှင်တစ်ဦးက ဆိုသည်။

" လျှပ်စစ်မီး အချိန်မှန်မရတော့ ကျွန်တော်တို့
ကွန်ပျူတာဆိုင်တွေ အနေနဲ့ အဆင်မပြေဘူးပေါ့။ မီးစက်နဲ့ အရေးပေါ် လုပ်ပေးရတဲ့ ကိစ္စတွေဆို ဈေးက နှစ်ဆလောက်ယူရတယ်။
စက်သုံးဆီကလဲ ဈေးကြီးတယ်။ စျေးကြီးတာကတော့ အကုန်လုံးပါပဲ။ စာရွက်ကအစ စျေးကြီးတာ။ နောက်ဆုံးတော့ အလုပ်လာအပ်သူပဲ ပိုပြီးအကုန်အကျများရတာပေါ့ " ဟု ၎င်းကရှင်းပြသည်။

ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ ပြီးခဲ့သည့်လပိုင်းအတွင်းအထိ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အတွင်းက လျှပ်မီးသုံးစွဲသူများကို လေးနာရီခြားတစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် ‌ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း လက်ရှိ အချိန်တွင် လျှပ်စစ်ဓါတ်အား လုံလောက်မှုမရှိ၍  ရှစ်နာရီခြားတစ်ကြိမ် အလှည့်ကျ ခွဲတမ်း စနစ်ဖြင့်သာ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

09 Nov, 06:09


စက်သုံးဆီများကို အချိန်ပိုင်းဖြင့်သာရောင်းချပေးသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ - ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီများကို အချိန်ပိုင်းဖြင့်သာရောင်းချပေးနေသောကြောင့် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်းသိရသည်။

ကားလမ်းများ ယာယီပိတ်ထားမှုကြောင့် ဆီသယ်ယာဉ်များ မြစ်ကြီးနားမြို့အတွင်း မရောက်ရှိနိုင်သည့်အတွက် လက်ကျန်ဆီများကို ပြတ်လပ်သွားမှုမရှိစေရန် ရောင်းချပေးနေရခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

" ဒီဘက်ကို ဆီကားတွေမရောက်သေးတော့ လက်ကျန်ဆီတွေကိုပဲ ပြတ်လပ်မသွားအောင်ထိန်းရောင်းနေရတယ်၊ ဒီတော့အချိန်ပိုင်းလောက်နဲ့ရောင်းချပေးနေရတယ်၊ " ဟု ၎င်းကပြောသည်။

အချိန်ပိုင်းဖြင့်သာ ရောင်းချပေးနေသည့်အတွက်ကြောင့် အချိန့်ကြန့်ကြာခြင်းများနှင့် ကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့နေဒေသခံတစ်ဦးကပြောသည်။

" အချိန်ပိုင်းနဲ့ရောင်းတော့ ဆီဝယ်ယူရမဲ့လူတွေအများကြီးစုသွားတယ်၊ ဒီတော့ ကိုယ့်အလှည့်ရောက်ဖို့အချိန်အကြာကြီးစောင့်နေရတယ်၊ မနေ့ကဆိုရင် ဆိုင်ကယ်တစ်စီးတစ်သောင်းဖိုး ကားဆီ ခုနှစ်သောင်းဖိုးပဲရတယ် ဒီတော့ ဆီဈေးမြင့်တော့ ရတဲ့ဆီပမာဏနဲ့ မလောက်ဘူး ဖြစ်နေတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဓာတ်ဆီ (92) တစ်လီတာ (၉၀၅၀)ကျပ်နှင့် (95)တစ်လီတာ (၁၀၅၀၀)ကျပ်အထိဈေးနှုန်းများမြင့်တက်လျှက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 12:58


ရပ်စောက်မြို့တွင် ငွေကျပ်သိန်း သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နို၀င်ဘာ-၇ (၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဗထူးရပ်ကွက်ရှိ ကျောက်ဂူ-ရပ်စောက်သွားကားလမ်းရှိ မော်တော်ယာဉ်ပေါ်တွင် ငွေကျပ်သိန်း (၃,၀၅၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၄ ရက်နေ့ ရပ်စောက်မြို့၊ ဗထူးရပ်ကွက်၊ ကျောက်ဂူ-ရပ်စောက်သွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာ အေးချမ်းမောင် မောင်းနှင်ပြီး မနန်းဆိုင်မွန်း လိုက်ပါလာသည့် TOYOTA HARRIER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃,၀၅၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အေးချမ်းမောင် (၂၉)နှစ် နှင့် မနန်းဆိုင်မွန်း (၂၈)နှစ်တို့အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 09:49


တနိုင်းမြို့တွင် ရပ်ဝေးရောက်နေသည့် လူငယ်များအား အမြန်ဆုံးပြန်လာရန် KIA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုမှုများရှိနေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 08:35


မန္တလေး-ဖားကန့် ကားလိုင်း ယနေ့မှစတင်ကာ ပြန်လည်သွားလာခွင့်ပြုပြီ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 07:32


တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောကြား

EPN
နေပြည်တော်၊ နိုဝင်ဘာ ၇ (၂၀၂၄)

မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang က ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံခဲ့စဉ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး၊ အပြည့်အဝ စီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုးတက်လာစေရေး ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုတ်မြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း H.E. Mr. Li Qiang က ဆက်လက်ပြောကြားသည်။

ယင်းနောက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် ထာဝရ ရပ်တည်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကို အကြမ်းဖက်သည့် နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူး မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

၎င်းအပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်လည်း ဆန္ဒပြု ကူညီမည်ဖြစ်ကြောင်း H.E. Mr. Li Qiang က ထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင် ဖြစ်သဖြင့် နိုင်ငံတကာ စာမျက်နှာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 06:02


မန္တလေး-ဖားကန့် ကားလိုင်း ယနေ့မှစတင်ကာ ပြန်လည်သွားလာခွင့်ပြုပြီ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ - ၇ (၂၀၂၄)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မန္တလေး-ဖားကန့်ကားလိုင်းအား ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ (၁)ရက်နေ့မှစတင်ကာ စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မန္တလေး-ဖားကန့်ကားလမ်းကို ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း မန္တလေး-ဖားကန့် ကားလိုင်းပြေးဆွဲနေသူတစ်ဦးကပြောသည်။

" (၁)ရက်နေ့ထဲက နှစ်ဖက်တိုက်ပွဲတွေကြောင့် အင်းတော်ရှောင်ကွင်းလမ်းကို ပိတ်ထားခဲ့တာ ၊ ဒီနေ့မှ ကားကြီးကားသေးတွေအားလုံး သွားလာလို့ ရခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာရင်တော့ ပြန်ပိတ်နိုင်တယ်၊ အခုလိုသာ ကားလမ်းတွေ ပိတ်ထားရင် ဒေသတွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်၊ ဒီတော့ နိုင်ငံရေးအခြေအနေမတည်ငြိမ်နေပေမဲ့ ကုန်သွယ်မှုတွေကို မပြတ်လပ်အောင်တော့ သက်ဆိုင်ရာတွေအနေနဲ့ စီစဉ်ဆောင်ရွက်ထားပေးစေလိုပါတယ်" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ကားလမ်းများပြန်လည်သွားလာခွင့်ရပြီဖြစ်သည့်အတွက် ဖားကန့်ဒေသတွင်း ကုန်ဈေးနှုန်းများ ကျဆင်းဖို့ရန် မျှော်လင့်နေရကြောင်း ဖားကန့်မြို့နေဒေသခံတစ်ဦးကပြောသည်။

" လက်ရှိကုန်ဈေးနှုန်းတွေက အဆမတန်မြင့်တက်နေတယ်၊ ကုန်သည်တွေမေးရင်လည်း ကားလမ်းပိတ်လို့ ကုန်ပစ္စည်းတွေဈေးတက်ရတယ်ပြောကြတယ်၊ အခု ကားလမ်းဖွင့်ပေးတော့ ကုန်ပစ္စည်းတွေဈေးကျလာဖို့ မျှော်လင့်နေရတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့တွင်း ပေါ်ဆန်းဆန် ၁ အိတ် (၂၂၀၀၀၀)ကျပ်၊ ဆီ ၁ ပိဿာ (၃၀၀၀၀)ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ (၁၅၀၀၀)ကျပ်၊ ကြက်သွန်းဖြူ ၁ ပိဿာ (၂၀၀၀၀)ကျပ်၊ ကြက်ဥ ၁ လုံး (၁၀၀၀)ကျပ်အထိ ပေးဝယ်နေရကြောင်းသိရသည်။

ဗညားနွဲ့

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 05:49


တနိုင်းမြို့တွင် ရပ်ဝေးရောက်နေသည့် လူငယ်များအား အမြန်ဆုံးပြန်လာရန် KIA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုမှုများရှိနေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၇ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ရပ်ဝေးရောက်နေသည့် လူငယ်များအား အမြန်ဆုံးပြန်လာရန် KIA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

တနိုင်းမြို့အပါအဝင် တနိုင်းမြို့နယ်များရှိ လူငယ်လူလတ်ပိုင်းများရှိသည့် နေအိမ်များတွင် KIA အဖွဲ့မှ စာရင်းဇယားများဖြင့် ဝင်ရောက်လာကာ လူငယ်လူလတ်ပိုင်းများအား အတင်းအဓမ္မဖမ်းဆီးခြင်းအပြင် ဖမ်းဆီးရန်စာရင်းထဲပါရှိသော်လည်း လူငယ်အချို့မှာ နိုင်ငံခြားသို့သော်လည်းကောင်း၊ မြို့နယ်ခြားသို့သော်လည်းကောင်း ရောက်ရှိနေကြသည့်အတွက် ၎င်းတို့အား မိမိနေအိမ်များသို့အမြန်ဆုံးပြန်လည် ခေါ်ဆိုရမည် စသည်ဖြင့် မိဘများအား လက်နက်ပြခြိမ်းခြောက် ပြောဆိုမှုများရှိနေကြောင်း တနိုင်းမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

"KIA တွေကအရင်ကထက် ပိုပြီးဆိုးလာပြီ။ အစမှာဆိုရင် အိမ်မှာရှိတဲ့လူငယ်တွေကိုပဲ ဖမ်းကြတာ။ အခုက မြို့တွေမှာ၊ နိုင်ငံခြားတွေမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေကိုပါ စာရင်းထဲမှာပါတဲ့အတွက် အိမ်ကိုအမြန်ပြန်လာခိုင်းနေတယ်။ ပြန်မလာရင် မိဘတွေအသက်အာမမခံနိုင်ဘူးဆိုပြီး သူတို့က လက်နက်ပြပြီးခြိမ်းခြောက်နေကြတယ်။ အဲ့လိုတွေပြောတော့ ကလေးတွေကလည်း မိဘတွေကို စိုးရိမ်ကြတယ်။ ပြန်လာရင်လည်း သူတို့ကအဖမ်းခံရမှာပဲ။ သူတို့သာအဖမ်းခံရရင် မိသားစုကိုလုပ် ကျွေးတဲ့သူတွေကမရှိတော့ဘူး။ ဒါကြောင့် မိဘတွေနဲ့ ကလေးတွေက အရမ်းစိတ်သောက ရောက်နေကြတယ်"ဟု ၎င်းမှ ဆိုသည်။

တနိုင်းမြို့နှင့် တနိုင်းမြို့နယ်များရှိ အရွယ်ရောက်ပြီးသည့် မိန်းကလေး၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယောက်ျားလေး မရွေးပဲ လူငယ်များအားလုံးသည် ကချင်ပြည်နယ်ထဲတွင် နေထိုင်ကြသည့်အတွက် KIA အဖွဲ့ထဲတွင် မဝင်မနေရဟူသည့် ဆောင်ပုဒ်ကိုင်ဆွဲကာ လူမျိုးမရွေး လူငယ်များအားလုံး ဖမ်းဆီးခံနေရသည့်အတွက် တနိုင်းမြို့ထဲတွင် နေထိုင်ခြင်းမပြုပဲ ရပ်ဝေးသို့ သွားရောက်ကာ မိဘညီအစ်ကိုမောင်နှမများအား ကျွေးမွေးရန်အတွက် အလုပ်များ လုပ်ကိုင်နေကြသော်လည်း ယင်းလူငယ်များကိုပါ နေအိမ်သို့ပြန်လာပြီး KIA အဖွဲ့သို့ စစ်မှုထမ်းရန် ခြိမ်းခြောက်ပြောဆိုနေခြင်းမှာ တိုင်းရင်းသားလူမျိုးများအပေါ် မတရားခေါင်းပုံဖြတ်သည့်လုပ်ရပ်များသာဖြစ်ကြောင်း ဒေသခံများက ပြောဆို နေကြသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 04:27


" ပြည်သူ့အကျိုးလား…ကိုယ်ကျိုးစီးပွားလား…ပြည်သူတွေ ခွဲခွဲခြားခြား သိဖို့လို " (အယ်ဒီတာအာဘော်)

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

07 Nov, 04:22


၄၇ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် ဒေါ်နယ်ထရန့် တစ်ကျော့ပြန် ရွေးကောက်ခံရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၇

ရီပတ်ဘလီကန် သမ္မတလောင်း ဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ဒီမိုကရက်တစ် ပြိုင်ဘက် ဒုသမ္မတ ကမာလာ ဟာရစ်ကို ရှင်းရှင်းလင်းလင်း အနိုင်ရရှိခဲ့ပြီးတဲ့နောက် ၄၇ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် တစ်ကျော့ပြန် ရွေးကောက်ခံခဲ့ရပါတယ်။

ဒီမိုကရက်တစ် ပြိုင်ဘက် ဒုသမ္မတ ကမာလာ ဟာရစ်က သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးမှာ ပါဝင်ဖို့ ကူညီပေးမယ်လို့ မိန့်ခွန်းမှာ ပြောပါတယ်။

မစ္စတာ ဒေါ်နယ်ထရန့်က အောင်ပွဲရ မိန့်ခွန်းအတွင်းမှာ အမေရိကန်ကို ကမ္ဘာမှာစီးပွားရေးအင်အား အခိုင်မာဆုံးနိုင်ငံဖြစ်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အမေရိကန်အကျိုးစီးပွားကိုပဲ ပထမဦးစားပေးမယ်လို့ ပြောပါတယ်။

မစ္စတာ ထရန့်က ရန်လိုမှုနဲ့ ပဋိပက္ခတွေကို ရှာဖွေမှာမဟုတ်ဘဲ စီးပွားဖက်တွေကိုသာ လိုလားပြီး လက်တွဲဆောင်ရွက်လိုတဲ့နိုင်ငံတိုင်း အတူတကွ လက်တွဲဆောင်ရွက်သွားမယ်လို့ မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

06 Nov, 10:57


မြစ်ကြီးနားမြို့ပေါ်၌ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ခိုးဆိုးလုနှိုက်သမားများ များပြားလာ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

06 Nov, 10:56


ကားလမ်းခရီးကြန့်ကြာမှုများကြောင့် ခရီးသည်များနှင့် ကုန်ပစ္စည်းတင်ပို့သူများအခက်အခဲများဖြင့် ကြုံတွေ့နေရ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

06 Nov, 10:49


မြစ်ကြီးနားတွင် မီးသွေးအိတ်များ ဝယ်ယူရန်ခက်ခဲခြင်းနှင့် ပြတ်လပ်မှုများကြုံတွေ့နေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

05 Nov, 08:07


တာချီလိတ်မြို့နယ်တွင် အမျိုးသားနှစ်ဦး၏နေအိမ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နို၀င်ဘာ-၅ (၂၀၂၄)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမျိုးသားနှစ်ဦးနေသည့်အိမ်မှ ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ စိုင်းရီလွတ်နှင့် အိုက်ကောင်တို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲလမ်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရဲကျေးရွာနေ အန်းဂျေလို တို့ ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

၎င်းအပြင် အဆိုပါအမျိုးသားနှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

05 Nov, 08:02


တနိုင်းမြို့တွင် ဖုန်းလိုင်းမရသည့်အတွက် ရပ်ဝေးဆွေမျိုးများအား ဆက်သွယ်နိုင်ရန် ငွေသိန်းချီပေးကာ ချိတ်ဆက်ရှာဖွေနေရ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ-၅ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ဖုန်းလိုင်းမရသည့်အတွက် ရပ်ဝေးဆွေမျိုးများအား ဆက်သွယ်နိုင်ရန် ငွေသိန်းချီပေးကာ ချိတ်ဆက်ရှာဖွေနေရကြောင်း သိရသည်။

တနိုင်းမြို့အတွင်း အင်တာနက်လိုင်း အပါအဝင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်ထားသည်မှာ (၄)လအထိကြာမြင့်လာပြီဖြစ်ကာ ယနေ့အထိ လိုင်းမရသေးသည့်အတွက် ရပ်ဝေးမှ တနိုင်းဘက်သို့ အလုပ် သွားရောက်လုပ်ကိုင်သူများအား အဆက်အသွယ်များမရရှိသဖြင့် မိဘဆွေမျိုးများမှာ စိုးရိမ်နေကြပြီး သားသမီးများ၊ ညီအစ်ကိုများနှင့်အဆက်အသွယ်ရရှိနိုင်ရေးအတွက် တနိုင်းမြို့ရှိ ရှာဖွေချိတ်ဆက်ကူညီပေးနိုင်သူများအား နှစ်သိန်းမှ သုံးသိန်းအထိပေးကာ အကူအညီများတောင်းခံနေရကြောင်း မန္တလေးမှ တနိုင်းဘက်သို့သွားရောက်လုပ်ကိုင်နေသူတစ်ဦး၏ ဖခင်တစ်ဦးထံမှ သိရသည်။

"ကလေးတွေနဲ့ အဆက်အသွယ် မရတာလည်း လေးလအထိရှိလာတော့ စိုးရိမ်ရတာပေါ့။ ဘယ်လိုနေထိုင်ကြလဲ၊ ဘာတွေဖြစ်နေတာလဲဆိုတာ ဘာမှမသိရလို့ အမျိုးမျိုးတွေးပြီး စိတ်သောက ရောက်နေရတယ်။ MEC ဖုန်းလိုင်းကလည်း နေ့လယ်ပဲရပြီး ညဘက်ဆို အကုန်ပိတ်ထားတယ်။ အသိတစ်ယောက်ကို စုံစမ်းခိုင်းကြည့်တာ အချိတ်အဆက်မရရှိတဲ့သူတွေကို လိတ်စာတောင်းပြီး ရှာပေးတယ်၊ ချိတ်ဆက်ပေးတယ်ပြောတာကြားလို့ သူတို့ကို နှစ်သိန်းပေးပြီး ရှာခိုင်းလိုက်မှပဲ ကလေးတွေနဲ့ အဆက်အသွယ်ရသွားခဲ့တယ်။ ဒီကိုလာဖို့ကလည်း လမ်းတွေကပိတ်တာနဲ့ ဖမ်းဆီးတာများတာနဲ့ မလာရဲကြဘူး"ဟု ၎င်းမှ ဆိုသည်။

တနိုင်းမြို့တွင် ရပ်ဝေးမှ မိဘ ဆွေမျိုးများနှင့် အဆက်အသွယ်မရှိ ဝေးကွာနေသူများအား စေတနာစိတ်ထားကာ ကြိုးစားရှာဖွေပေးနေရပြီး ငွေသိန်းဂဏန်းအထိ တောင်းခံရခြင်းမှာ တနိုင်းမြို့တွင် ဓာတ်ဆီဈေးမြင့်တက်ခြင်း၊ ရှာဖွေပေးရမည့်သူအား ရက်အတိအကျမသိရှိရပဲ တွေ့ရှိသည်အထိရှာပေးရသည့်အတွက် အကုန်အကျများရခြင်းတို့ကြောင့် နှစ်ဖက်သား အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနေရ‌ကြောင်း ရှာဖွေချိတ်ဆက်ကူညီပေးသူတစ်ဦးထံမှ သိရသည်။

"အဓိကတော့ လိုင်းမရှိလို့အခုလိုလုပ် ပေးရတာပါ။ မိသားစုတွေအားလုံးက သားသမီးတွေနဲ့ အဆက်အသွယ်မရှိရင် စိတ်ပူကြတာပါပဲ။ သူတို့ကို နေတဲ့လိပ်စာတွေမေးတယ်။ ဝေးရင် ဝေးသလို ကုန်ကျနိုင်တဲ့အတွက် အနည်းဆုံးနှစ်သိန်းအထိတော့ တောင်းပါတယ်။ တစ်ကယ်ယုံကြည်မှ လုပ်ပေးတာပါ။ တစ်ချို့ကလိမ်တာတွေလည်းရှိကြတော့ ပိုက်ဆံအပြည့်ကို ကြိုမတောင်းပါဘူး။ ဒါလည်း ကျွန်တော်သိတဲ့နေရာ တစ်ကယ်တွေ့ရှိမယ်ဆိုတာ သေချာမှ ပိုက်ဆံတောင်းတာပါ။ လူရှာမတွေ့ရင် ဆီဖိုးပဲယူပါတယ်။ တစ်ချို့ဆိုရင် မိသားစုနဲ့ အချိတ်အဆက်ရ‌တော့ အရမ်းဝမ်းသာလို့ဆိုပြီး သုံးသိန်းကနေသုံးသိန်းခွဲအထိပေးကြပေမယ့် ကျွန်တော်မယူပါဘူး။ ဆိုင်ကယ်နဲ့ပဲသွားရှာပေးရတော့ ဆီဖိုးနဲ့တွက်ပြီးပဲ တောင်းရတာပါ။ အခုဆိုရင် ဓာတ်ဆီတစ်ဂါလံ ၅၅၀၀၀ ရှိနေပြီ၊ တစ်လီတာဆိုရင် ၁၄၅၀၀ ဟုတ်တယ်။ ရှာမ တွေ့တာလည်း နည်းပါတယ်။ အကူညီတောင်းတဲ့သူတိုင်း အချိတ်ဆက်ရ အောင်ကူညီပေးပါတယ်။ မြို့ထဲမှာ လုပ်တဲ့သူတွေဆို တော့ရှာရတာလွယ်ပါတယ်။"ဟု ၎င်းမှ ဆိုသည်။

တနိုင်းမြို့ဘက်တွင် ရွှေမှော်များ၊ လောင်းကစားရုံများ၊ KTV နှင့် စား သောက်ဆိုင်များ များပြားလာသည်နှင့်အတူ အလုပ်သမားများမှာလည်း များပြားလာပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မန္တလေး၊ ရန်ကုန်များမှ အလုပ်လာရောက်လုပ်ကိုင်ကြသည့်အတွက် လိုင်းများပြတ်တောက်ခံရသည့်အချိန်မှစကာ မိသားစု ဆွေမျိုးများနှင့် အဆက်အသွယ်မရရှိခြင်း၊ မိမိနေရပ်သို့ပြန်ရန်လည်း လမ်းခရီးခက်ခဲခြင်း၊ KIA များမှ ဖမ်းဆီးခြင်းတို့ကြောင့် မိမိနေရပ်သို့ မပြန်နိုင်ပဲ တနိုင်းမြို့နှင့် ရွှေမှော်များတွင်သာနေထိုင်နေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

05 Nov, 07:48


ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ငှက်ပျောကားများကိုသာ အဝင်အထွက် ခွင့်ပြုပေးထားဟုဆို

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၅(၂၀၂၄)

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် မြန်မာပြည်ဘက်မှ တရုတ်ငှက်ပျောကားများကိုသာဝင်၊ ထွက်ခွင့်ပေးထားကြောင်း ငှက်ပျောကားဆရာများထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့၍ တရုတ်အစိုးရဘက်မှ နယ်စပ်ကုန်သွယ်ရေးစခန်းအား ပိတ်ပင်ခဲ့ကာ အောက်တိုဘာလ နောက်ဆုံးအပတ်ကစ၍ ငှက်ပျောသွင်းကုန်ကားများကိုသာ ပြန်လည်ဝင်ခွင့်ပေးခဲ့ကြောင်း တစ်သျှူငှက်ပျောကားဆရာတစ်ဦးက ပြောသည်။

" လက်ရှိ ကံပိုင်တည် ဂိတ်မှာတော့ တစ်သျှူးငှက်ပျော တွဲကားတွေကိုသာ ဝင်၊ ထွက်ခွင့်ပေးနေတယ်။ ကျန်တဲ့ ကုန်စည်တွေ ဘာမှ မပေးဘူး။ စစ်ဆေးမှု တင်းကြပ်တာတွေ ရှိတယ်။ " ဟု ၎င်းကပြောသည်။

မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းတို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေရာ အဆိုပါလမ်းပိုင်းအား ပိတ်လိုက် ဖွင့် လိုက် ပြုလုပ်နေ၍ ကချင်ပြည်နယ်အတွင်း ကုန်စည်ဈေးနှုန်းနှင့် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်တက်ခြင်းနှင့် ပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ကုန်စည်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြတ်လပ်ခြင်းများ မဖြစ်ပေါ် စေရန် နယ်စပ်ကုန်သွယ်ရေး စခန်း ဖြစ်သည့် ကံပိုင်တည်မှ
စက်သုံးဆီနှင့် စားသောက်ကုန်စည်များကို မှာယူတင်သွင်းလျက်ရှိကြောင်း ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

" အောက်ပိုင်းလမ်းတွေ ပိတ်တယ်ဆိုတာနဲ့ ကျွန်တော်တို့က ကံပိုင်တည် နယ်စပ်ဂိတ်ကနေ ကုန်စိမ်း၊ ကုန်ခြောက်နဲ့ လူသုံးကုန် ကုန်စည်တွေ မှာယူရတဲ့ နေရာလဲ ဖြစ်တယ်။
အဲ့ဂိတ်က အခု ငှက်ပျောကားပဲ အဝင် အထွက် ပေးတော့ ကချင်ပြည်နယ်မှာ စက်သုံးဆီဈေးတွေက တစ်လီတာကို တစ်သောင်းနား ကပ်နေပြီ။ အောက်ပိုင်းလမ်း ရော ကံပိုင်တည်လမ်းရော နှစ်ခုစလုံး အချိန်ကြာကြာ ပိတ်ထားရင်တော့ ပြည်သူဘဲ ဒုက္ခရောက်မှာဖြစ်တယ် " ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းကန့်သတ်တင်သွင်းခွင့်ပြုနေခြင်းကြောင့် ရေရှည်တွင် ကချင်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ပန်ဝါဒေသရှိ နယ်ခြားစောင့်တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လိုင်ဇာ၊ မိုင်ဂျာယာန်၊ လွယ်ဂျယ်နှင့် ကံပိုင်တည် အစရှိသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံးကို တရုတ်အစိုးရဘက်က အောက်တိုဘာ (၁၈)ရက်နေ့က ပိတ်ပင်ထားလိုက်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် ပုံမှန်အတိုင်း ကုန်စည်တင်သွင်းခွင့်ပြုဆဲ ဂိတ်(၆)ခု ရှိနေပြီး၊ ကုန်စည်တင်သွင်းခွင့် ပိတ်ထားသည့်ဂိတ် (၇)ခု၊ ကုန်စည်တင်သွင်းခွင့် ကန့်သတ်ထားသည့် ဂိတ် (၃)ခု စုစုပေါင်း ဂိတ် (၁၆) ခုရှိကြောင်း သိရသည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

05 Nov, 07:21


မြစ်ကြီးနားမြို့ပေါ် တွင်စားသောက်ကုန်စည်တချို့ ဈေးနှုန်းပြန်လည်ကျဆင်းလာ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ - ၅ (၂၀၂၄)

မြစ်ကြီးနားမြို့ပေါ် တွင် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးအပတ်ကစ၍ စားသောက်ကုန်စည်တချို့ ဈေးနှုန်းပြန်လည် ကျဆင်းမှုရှိလာကြောင်း မြို့ပေါ်နေပြည်သူများက ဆိုသည်။

မြစ်ကြီးနား-မန္တလေး ကားလမ်းကြောင်း ပြန်လည်ဖွင့်ပေးခြင်းနှင့် မြစ်ကြီးနား-ကံပိုင်တည် ဘက်မှ ကုန်စည်တချို့ အဝင်ရှိခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ် က လက်လီလက်ကား ကုန်စုံရောင်းဝယ်ရေးဆိုင်တို့တွင် ကုန်စည်တချို့ ဈေးနှုန်းကျဆင်းမှုရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နေသူ ပြည်သူတစ်ဦးက ပြောသည်။

" ပြီးခဲ့တဲ့ လေလာက်ကစပြီးမှ ကော်ဖီမစ်၊ ဆေးလိပ်၊ ဖျော်ရည်၊ ကြက်ဥ စတဲ့ ကုန်ပစ္စည်းတချို့တွေက ဈေးကျလာတယ်။ အဓိက ကတော့ ကားလမ်းတွေ ပြန်ဖွင့်ပေးလို့ ဈေးတွေ ပြန်ကျလာတာ ဟုတ်တယ် " ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ကားလမ်းများ ပြန်လည်ဖွင့်ပေးခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ် တွင် ကုန်စည်တချို့နှင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း လက်ရှိအချိန်တွင် မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိ၍ ယင်းလမ်းပိုင်းအား နိုဝင်ဘာ (၁) ရက်နေ့ကစ၍ ရက်အကန့်သတ်မရှိ ပြန်လည်ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ကားလမ်းများ ပြန်လည်သွားလာခွင့်ပြုပေးရန် ဒေသခံများက လိုလားနေကြပြီး အဆိုပါ ကားလမ်းများ ပြန်လည် အသုံးပြုခွင့်မရရှိပါက ကချင်ပြည်နယ်အတွင်း ကုန်စည်စျေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ် တွင် ကုန်စည်တချို့ ဈေးနှုန်းကျဆင်းမှု ရှိနေသော်လည်း စက်သုံးဆီနှင့် ကြက်၊ ဝက် အသားဈေးနှုန်းများမှာ အမြင့်ဆုံး ဈေးနှုန်းများအထိ ရောက်ရှိနေကြောင်းသိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

05 Nov, 03:21


မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၅


မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အမျိုးအစားသစ် တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့နောက် ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲလေကြောင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို နိုင်ငံတောင်ပိုင်း Jeju ကျွန်းအရှေ့ဘက် ဝေဟင်မှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ပုံဖော်ထားတဲ့ ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို ဒီလေ့ကျင့်မှုမှာ အတည်ပြုခဲ့ကြောင်း အဲဒီရုံးက ပြောကြားခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် F-16 တိုက်လေယာဉ်တွေနဲ့ B-1 ဗုံးကြဲလေယာဉ် အနည်းဆုံး တစ်စင်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီလေယာဉ်ရဲ့ စွမ်းဆောင်ရည်ကို သတိထားနေပါတယ်။

B-1 လေယာဉ်ဟာ ဗုံးအများအပြား ကြဲချနိုင်တဲ့စွမ်းရည်ရှိပြီး ဂူအမ်မှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်းကနေ ကိုရီးယားကျွန်းဆွယ်ကို အချိန် နှစ်နာရီလောက်အတွင်း အရောက်လာနိုင်တယ်လို့ တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ ပူးပေါင်းတုံ့ပြန်ဖို့အတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းစေမယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး မြောက်ကိုရီးယားအစိုးရက နောက်ထပ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေနဲ့ နျူကလီယားစမ်းသပ်မှု တစ်ခုကို ပြုလုပ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ တိုးလာနေပါတယ်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

04 Nov, 17:30


ကချင်အထူးဒေသ(၁) ဥက္ကဌကြီးအပေါ် သတင်းမှားထုတ်လွှင့်နေမှုနှင့်ပတ်သက်၍ ပန်ဝါသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဂလောင်းဘောမ်တိန့်အား ဆက်သွယ်မေးမြန်းခြင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

04 Nov, 11:04


စပိန်မှာ ဒေါသထွက်နေတဲ့ ရေဘေးကအသက်ရှင်လွတ်မြောက်လာသူတွေက ဘုရင်နဲ့ မိဖုရားကို ရွှံ့တွေနဲ့ ပစ်ပေါက်ခဲ့

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၄

စပိန်ဘုရင် Felipe နဲ့ မိဖုရား Letizia တို့ဟာ တနင်္ဂနွေနေ့မှာ အရှေ့ပိုင်းဒေသ Valencia ကို သွားရောက်နေတုန်း ထောက်ပံ့ကူညီမှုတွေ နှောင့်နှေးကြန့်ကြာနေတာကြောင့် မကျေမနပ်ဖြစ်နေကြတဲ့ ရေလွှမ်းမိုးမှုဘေးကနေ အသက်ရှင်လွတ်မြောက်လာသူတွေက ပစ်ပေါက်ခဲ့တဲ့ ရွှံ့တွေထိမှန်ခဲ့ပါတယ်။

အင်္ဂါနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ စံချိန်တင်မိုးရွာသွန်းမှုအတွင်း စပိန်နိုင်ငံရဲ့ အဲဒီဒေသနဲ့ တခြားနေရာတွေမှာ ရေလွှမ်းမိုးခဲ့ပါတယ်။ ယာဉ်တွေနဲ့ တံတားတွေ ရေထဲမျောပါသွားခဲ့ပါတယ်။

လူပေါင်း ၂၁၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး အကြီးအကျယ်ထိခိုက်ခဲ့တဲ့ Paiporta မှာ နေထိုင်သူတချို့က ဘုရင်နဲ့ မိဖုရားကို ရွှံ့တွေနဲ့ ပစ်ပေါက်ခဲ့ပြီး ကယ်ဆယ်ရေးအကူအညီနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေကို အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။

သက်တော်စောင့်တွေက အကာအကွယ်ပေးထားတဲ့ တော်ဝင်ဇနီးမောင်နှံက ဒေသခံတွေနဲ့ ဆက်လက်ပြီး စကားပြောဆိုခဲ့ပေမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

AP သတင်းဌာနက "ပြည်သူပြည်သားတွေရဲ့ ချစ်ခင်လေးစားမှုခံရတဲ့ ဘုရင်ဆိုတဲ့ ပုံရိပ်ကိုဖော်ဆောင်ဖို့ အထူးသတိထားလေ့ရှိတဲ့ တော်ဝင်မိသားစုတစ်ခုအတွက် မကြုံစဘူးအဖြစ်အပျက် ဖြစ်တယ်" လို့ သတင်းဖော်ပြခဲ့ပါတယ်။

စပိန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပျောက်ဆုံးသူတွေကို ကယ်တင်ရေးနဲ့ ရွှံ့တွေ၊ အပျက်အစီးအမှိုက်သရိုက်တွေ ဖယ်ရှားရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဘေးသင့်ဒေသတချို့မှာ နေထိုင်သူတွေဟာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ပိုပြီးမကျေမနပ် ဖြစ်နေကြပါတယ်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

04 Nov, 09:51


မြစ်ကြီးနားမြို့တွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

04 Nov, 09:45


KIA၊ PDFအဖွဲ့များ စစ်ရေးဖော်ဆောင်လာခဲ့သည့် နာဂဒေသများတွင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် သွားလာရေးပိုင်း များစွာခက်ခဲလာ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

04 Nov, 09:09


ကျိုက်ထိုမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နို၀င်ဘာ-၄ (၂၀၂၄)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁ ရက်နေ့က မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ပဲခူးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ အေးမင်းပိုင် မောင်းနှင်လာသည့် TOYOTA PASSO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အေးမင်းပိုင်(၃၃)နှစ်အား ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 09:53


နန်းယွန်းမြို့ရှိ ဘဏ်တွင် ငွေသားပြတ်လပ်မှုကြောင့် ဝန်ထမ်းများ လခထုတ်နိုင်ခြင်းမရှိသေး

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 09:38


တရုတ်မယားပြုလုပ်ရန် လူမှုကွန်ယက်များကိုအသုံးပြုစည်းရုံး၍ လူကုန်ကူးမှုကျူးလွန်သူများအား ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နို၀င်ဘာ-၂ (၂၀၂၄)

မန္တလေးမြို့တွင် တရုတ်မယားပြုလုပ်ရန် လူမှုကွန်ယက်များကိုအသုံးပြု၍ အမျိုးသမီး (၁၄)ဦးအား စည်းရုံးကာ လူကုန်ကူးမှုကျူးလွန်သူအား မန္တလေး လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)နှင့် အမျိုးသမီးငယ် သုံးဦးတို့ကို မသင်္ကာသဖြင့် အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး) တပ်ဖွဲ့စုမှူးရဲမှူး ခင်မောင်သိန်း ဦးစီးတပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပြီးတပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ကြောင်းသိရသည်။

စစ်ဆေးချက်အရ အမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသမီးငယ်သုံးဦး၏ တယ်လီဖုန်းဆက်သွယ်မှုများကို စစ်ဆေးခဲ့ရာမှ ၎င်းတို့ကဲ့သို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့၍စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့သော်လည်း ခွဲတမ်းနည်းသဖြင့် ၎င်းကိုယ်တိုင် တရုတ်မယားပြုလုပ်မည့် မိန်းကလေးများရှာဖွေရန် Wechat Group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့်ခံ လူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး မန္တလေးမြို့ရှိ ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၃ ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြား နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များအား စုစည်းထိန်းချုပ်၍ လူကုန်ကူးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းမှ မိန်းကလေးများ စည်းရုံးရှာဖွေရန်အတွက် မမေထက်နိုင်ဦး(မထက်)၊ ချစ်ထူးနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးဝေ တို့က Online မှ စည်းရုံးရှာဖွေစုဆောင်းပြီး ငှားရမ်းထားသည့် နေအိမ်သို့ပို့ဆောင်ခြင်း၊ မဇင်သူခိုင်အား စောင့်ကြည့်စေခြင်း၊ ၎င်းအမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာပြုလုပ်ပေးခြင်းတို့ကို ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသမီးငယ်များနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့အား မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များမှာ မိမိတို့ဘဝ အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက် Facebook, TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူများဖြစ်ကြပြီး ပို့ဆောင်သည့်လမ်းကြောင်းမှာ တရုတ်မယားပြုလုပ်နိုင်ရန်အတွက် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ယူပို့ဆောင်နေရာမှ ယခုအခါ ပြည်ပနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ မန္တလေးမြို့၌အခြေချ၍ လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား (ဖမ်းဆီးရမိ)၊ မမေထက်နိုင်ဦး(ခ)မထက် (တိမ်းရှောင်)၊ မဇင်သူခိုင်(တိမ်းရှောင်)၊ ချစ်ထူး(ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ(ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ ရှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းများဖြစ်သည့် တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် လည်းကောင်း၊ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ)၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 08:50


မြစ်ကြီးနား-မန္တလေးသွားလမ်းအဖြစ် အသုံးပြုနေသည့် အင်းတော်မြို့ရှောင်ကွင်းလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၍ ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ထား

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 07:58


နန်းယွန်းမြို့ရှိ ဘဏ်တွင် ငွေသားပြတ်လပ်မှုကြောင့် ဝန်ထမ်းများလခထုတ်နိုင်ခြင်းမရှိသေး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ-၂ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဘဏ်အတွင်းငွေသားပြတ်လပ်မှုကြောင့် ဝန်ထမ်းများလခထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်လများတွင် လခများအား လကုန်ရက်တိုင်း ထုတ်နိုင်ခဲ့ကြသော်လည်း ယခုလတွင် ငွေသားပြတ်လပ်သွားသည့်အတွက် ‌‌‌‌‌‌‌‌ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့အထိ နန်းယွန်းမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နန်းယွန်းမြို့နယ်အသီးသီးရှိ ဝန်ထမ်းများအားလုံး လခထုတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

"လခက အခုထိမထုတ်ပေးသေးတာဟုတ်တယ်။ ဘဏ်မှာပိုက်ဆံကုန်နေလို့ မထုတ်နိုင် သေးဘူးလို့ ပြောတာပဲ။ ဘယ်လိုကြောင့် ဒီလိုပိုက်ဆံပြတ်ရတာလဲတော့မသိ‌‌ပေမယ့် လမ်းပိုင်းသွားလာရတာ ခက်ခဲလို့ ပိုက်ဆံမသွင်းနိုင် သေးတာလို့ပဲထင်တယ်။ မြို့နယ်တိုင်းမရကြသေးတာဟုတ်တယ်။ လခလာထုတ်ကြတဲ့လူ တွေအများကြီး နန်းယွန်းမှာ သောင်တင်နေကြတယ်။ တစ်ချို့ကတော့ လဟယ်မြို့မှာ သွားထုတ်ကြတယ်။ ဘယ်အချိန်မှရမှာလဲလည်းမသိရဘူး။"ဟု ၎င်းမှ ဆိုသည်။

နန်းယွန်းမြို့ရှိ ဘဏ်ငွေသားပြတ်လပ်ရခြင်းကြောင့် အချို့ဝန်ထမ်းများမှာ လဟယ်မြို့သို့ ခက်ခဲစွာသွားလာရကာ လခထုတ်နိုင်သော်လည်း အချို့ဝန်ထမ်းများမှာ ဓာတ်ဆီရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် မိမိလခများအား သွားရောက်ထုတ်ယူနိုင်ခြင်းမရှိပဲ နန်းယွန်းမြို့တွင်သာ လခထုတ်မည့်အချိန်အား စောင့်ဆိုင်းနေရကြောင်း သိရသည်။

နန်းယွန်းမြို့သည် နာဂဒေသများရှိ မြို့နယ်များ၏ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ပြီး လခများကို မြို့နယ်ကျေးရွာအသီးသီးမှ လာရောက်ထုတ်ယူရသည့်မြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် လခထုတ်ရန် ရောက်ရှိလာသည့် ဝန်ထမ်းများမှာ ခက်ခဲစွာဖြင့် စောင့်ဆိုင်းနေကြရကြောင်းလည်း သိရသည်။

အလင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 07:19


စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာမှုကြောင့် သုံးဘီးနှင့် ဆိုင်ကယ် ကယ်ရီသမားများ အခက်အခဲများဖြင့် ကြုံတွေ့နေရ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 07:04


မြစ်ကြီးနား-မန္တလေးသွားလမ်းအဖြစ် အသုံးပြုနေသည့် အင်းတော်မြို့ရှောင်ကွင်းလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၍ ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ထား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ-၂(၂၀၂၄)

မြစ်ကြီးနား-မန္တလေးသွားလမ်းအဖြစ် အသုံးပြုနေသည့် အင်းတော်မြို့ရှောင်ကွင်းလမ်းတွင် တပ်မတော်နှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ယင်းလမ်းပိုင်းအား ယာယီပိတ်ပင်ထားကြောင်း မြစ်ကြီးနား-မန္တလေး ပြေးဆွဲနေသည့် ကားဆရာတစ်ဦးကထံက သိရသည်။

မြစ်ကြီးနား-မန္တလေး ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် အင်းတော်မြို့ရှောင်ကွင်းလမ်းအား အသုံးပြုနေသည့် လမ်းပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ယမန်နေ့မှစ၍ အတက်အဆင်းကားများ မရှိကြောင်း ကားဆရာတစ်ဦးက ပြောသည်။

" အင်းတော် မြို့ရှောင်ကွင်းလမ်းက မြစ်ကြီးနား-မန္တလေး ခရီးသည်နဲ့ ကုန်ပစ္စည်းတွေပို့ဆောင်တဲ့ ကားလေးတွေ သွားနေတဲ့လမ်း ဟုတ်တယ်။ အခု အဲ့နေရာမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ မနေ့ကစပြီးမှ အတက်အဆင်းကားတွေ အကုန်ရပ်နားထားရတယ် " ဟု ၎င်းက ပြောပြသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့‌ရှောင်ကွင်းလမ်း ဒေသအခေါ် ဂျပန်လိုဏ်ဂူကုန်းတွင် ယမန်နေ့မှစ၍ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သဖြင့် မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းကို ယာယီပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းအား ပြန်လည်ပိတ်ပင်လိုက်ခြင်းကြောင့် ကချင်ပြည်နယ်အတွင်း စားသောက်ကုန်စည်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ခြင်းနှင့် ဈေးနှုန်းအဆမတန်
မြင့်တက်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစ၍ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ တပ်မတော်စခန်းကုန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများရှိခဲ့၍ မြစ်ကြီးနား-မန္တလေး အမြန်လမ်းပိုင်းအား အသုံးပြုခြင်းမရှိဘဲ အင်းတော်မြို့ရှောင်ကွင်းလမ်းမှ ခက်ခက်ခဲခဲ သွားလာအသုံးပြုနေရကြောင်း သိရသည်။

မြတ်မင်း

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 06:38


မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နို၀င်ဘာလ-၂ (၂၀၂၄)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးတွင် တောင်ကြီးမှ ကျောက်ဆည်ဘက်သို့ ကိုကိုမောင်(ခ)ချမ်းပြည့်မောင် မောင်းနှင်ပြီး တင်ကို လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကသစ်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 06:29


စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာမှုကြောင့် သုံးဘီးနှင့် ဆိုင်ကယ် ကယ်ရီသမားများ အခက်အခဲများဖြင့် ကြုံတွေ့နေရ

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာလ-၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် သုံးဘီးနှင့် ဆိုင်ကယ် ကယ်ရီသမားများအတွက် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်းသိရသည်။

စက်သုံးဆီကို အရင်းတည်ကာ လုပ်ကိုင်စားသောက်နေရသည့် ကယ်ရီသမားများအတွက် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းသည် ကြီးမားသည့် စိမ်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း မြစ်ကြီးနားမြို့အတွင်း ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူ တစ်ဦးကပြောသည်။

" ကျွန်တော်တို့အတွက် ဓာတ်ဆီဆိုတာက လုပ်ငန်းရဲ့ အရင်းအနှီးတစ်ခုဖြစ်တယ်လေ၊ စက်သုံးဆီဈေးတွေ အခုလို မြင့်တက်လာတော့ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်လာတယ်၊ ဆီဈေးတက်လို့ ကယ်ရီခဈေးနှုန်းမြင့်ပြီး မောင်းရင်လဲ ဧည့်သည်တွေအတွက် အဆင်မပြေဘူး၊ ဒီတော့ တစ်နေ့စာ ဆီဖိုးလေးရအောင်လောက်ပဲ ဈေးနှုန်းထားပြီး ပြေးဆွဲနေရတယ်၊" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီဈေးများမြင့်တက်နေသည့်အပြင် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် အလည်အပတ်ခရီးသွားများထက် ကုန်ပစ္စည်းများကိုသာ အဓိကထားကာ ကယ်ရီပြေးဆွဲနေရကြောင်း သုံးဘီးကယ်ရီပြေးဆွဲနေသူတစ်ဦးကပြောသည်။

" အရင်လို နယ်မြေအခြေအနေကောင်းရင် ဘုရားဖူးခရီးသည် အလည်အပတ်ခရီးသွား တွေနဲ့ ပြေးဆွဲရတာများတယ်၊ အခုအခြေအနေမှာတော့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလောက်ပဲ အဓိက အားထားနေရတယ်၊ အခုလို စက်သုံးဆီဈေးတွေ မတရားတက်နေတော့ သယ်ယူပို့ဆောင်ရေးခတွေ တိုးကောက်ဖို့လုပ်ကြည့်ပေမယ့် အစဉ်မပြေဘူး၊ ကယ်ယီခတိုးကောက်ရင် ပုံမှန်ဧည့်သည်တွေပါ မရှိတော့မှာလဲ စိုးတယ်၊ ဒီတော့ စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာဖို့ပဲ မျှော်လင့်တယ်" ဟု ၎င်းကပြောသည်။

လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စက်သုံးဆီဈေးများအဆမတန်မြင့်တက်လျှက်ရှိကာ ဓာတ်ဆီ (92)တစ်လီတာ (၈၈၀၀)ကျပ် ၊ (95)တစ်လီတာ (၈၉၀၀)ကျပ်အထိ ပေးဆောင်နေရကြောင်းသိရသည်။

ဗညားနွဲ့

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

02 Nov, 06:05


ယူကရိန်းမှာ အောင်ပွဲရတဲ့အထိ ရုရှားဘက်က ရပ်တည်သွားမယ်လို့ မြောက်ကိုရီးယား ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

ယူကရိန်းမှာ အောင်ပွဲရတဲ့အထိ ရုရှားဘက်က ရပ်တည်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ကတိပြုခဲ့ပြီး မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ မကြာမီ ပဋိပက္ခအတွင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်အချို့ဟာ ရုရှားနယ်စပ် Kursk ဒေသကို ထွက်ခွာသွားပြီဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးက ပြောကြားခဲ့ပြီး ဝါရှင်တန်နဲ့ ဆိုးလ်တို့က မြောက်ကိုရီးယားကို ဆုတ်ခွာဖို့ တိုက်တွန်းထားပါတယ်။

မော်စကိုမှာ ရောက်ရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေက “အောင်ပွဲနေ့အထိ ရုရှားရဲဘော်တွေဘက်က အမြဲတမ်း အခိုင်အမာ ရပ်တည်သွားမှာပါ” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဘရော့ နဲ့ ဆွေးနွေးမှုအပြီးမှာ ကြေညာခဲ့တာပါ။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တိုက်ကို ဆက်လက်တည်ဆောက်သွားမယ်လို့ သူမကထည့်သွင်းပြောကြားခဲ့ပြီး ရုရှားထံက နျူနည်းပညာကို စစ်ရေးအရ ပံ့ပိုးမှုနဲ့ လဲလှယ်လိုဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ကိုရီးယားကျွန်းဆွယ်တင်းမာမှုတွေ တိုးမြင့်လာမှုအတွက် အနောက်နိုင်ငံတွေကို မြောက်ကိုရီးယားက အပြစ်တင်ထားသလို ယူကရိန်းပဋိပက္ခမှာ ပါဝင်လာနိုင်တဲ့အတွက် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref; economictimes

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

01 Nov, 09:48


(၉၆၉) မျိုးဆက်သစ် ဓမ္မစင်တာ ပရဟိတကျောင်းတိုက်ရှိ မိဘမဲ့ ကလေးငယ်များအတွက် ဆောင်းတွင်းသုံး အသုံးအဆောင်ပစ္စည်းများလိုအပ်နေ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

01 Nov, 08:33


(၉၆၉) မျိုးဆက်သစ် ဓမ္မစင်တာ ပရဟိတကျောင်းတိုက်ရှိ မိဘမဲ့ ကလေးငယ်များအတွက် ဆောင်းတွင်းသုံး အသုံးအဆောင်ပစ္စည်းများလိုအပ်နေ

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာလ-၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန့်ကွေ့ကျေးရွာရှိ (၉၆၉) မျိုးဆက်သစ် ဓမ္မစင်တာ ပရဟိတကျောင်းတိုက်ရှိ မိဘမဲ့ကလေးငယ်များအတွက် ဆောင်းတွင်းသုံး အသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။

ဆောင်းတွင်းကာလရောက်တော့မည်ဖြစ်သည့်အတွက် ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ လောက်ငမှုမရှိသည့်အပြင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း မျိုးဆက်သစ်ဓမ္မစင်တာပရဟိတကျောင်းတိုက်ရှိ တာဝန်ရှိသူတစ်ဦးကပြောသည်။

" ဒီနှစ်ဆို ကလေးတွေက များလာကြပြီ၊ နောက်ပြီး ဆောင်းရာသီရောက်တော့မှာဆိုတော့ သူတို့လေးတွေစီမှာ အနွေးထည်တို့ စောင်၊ ခြင်ထောင် လုံလုံလောက်လောက်မရှိဘူးဖြစ်နေတယ်။ အခုကာလ စီးပွားရေးအဆင်မပြေတာတွေကြောင့်ကော၊ အခြေအနေအမျိုးမျိုးကြောင့်ကော အလှူရှင်နည်းပါးနေတော့ ကလေးတွေအတွက် ဆောင်းတွင်းသုံးပစ္စည်းတွေ အရေးတကြီးလိုအပ်နေပါတယ်" ဟု ၎င်းကပြောသည်။

ကလေးငယ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်ကျက်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒုက္ခရောက်နေသည့် ကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များ၊ ဆင်းရဲသော ကလေးငယ်များကို ၂၀၁၈ ခုနှစ်မှ စတင်ကာ (၉၆၉) မျိုးဆက်သစ် ဓမ္မစင်တာ ပရဟိတကျောင်းတော်တွင် စောင့်ရှောက်ထားရှိပြီး၊ ကျောင်းစာပေသင်ကြားပေးမှုများကို ပြုလုပ်ပေးထားကြောင်း သိရသည်။

ထို့အပြင် ​လက်ရှိကာလအတွင်း ကလေးငယ်များအနေဖြင့် ဖျားနာမှုများရှိလာပြီ ကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့မှုအလှူရှင်များလိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ (၉၆၉) မျိုးဆက်သစ် ဓမ္မစင်တာ ဘုန်းတော်ကြီးပညာသင်ကျောင်းခွဲတွင် Grade-9 အတန်းထိ ပညာသင်ကြားပေးလျှက်ရှိကာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၀ ကျော် ရှိနေကြောင်းသိရသည်။

ဗညားနွဲ့

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

23 Oct, 11:26


ကံပိုင်တည်မြို့ပေါ် မှ ဒေသခံပြည်သူ အများအပြား တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ဘေးရှောင်နေရ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

23 Oct, 10:34


ကံပိုင်တည်မြို့ပေါ် မှ ဒေသခံပြည်သူ အများအပြား တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ဘေးရှောင်နေရ

EPN
ကံပိုင်တည်၊ အောက်တိုဘာ (၂၃-၂၀၂၄)

KIO၊ KIA လက်နက်ကိုင်အဖွဲ့မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ စင်ကြိုင် နယ်ခြားစောင့်တပ်စခန်းအား အောက်တိုဘာ ၂၁ ရက်နေ့  နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့၍  ကံပိုင်တည်မြို့အပါအဝင်၊ ကျေးရွာဒေသများမှ ဒေသခံပြည်သူ (၅၀၀)ကျော်တို့သည် ယမန်နေ့ ညနေပိုင်းအချိန်မှစ၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုင်တည်မြို့အားလုံခြုံရေးယူပေးနေသည့် ‌စင်ကြိုင်၊ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းအား KIA၊ PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခြင်းများပြုလုပ်ခဲ့၍ တိုက်ပွဲများပြင်းထန်ခဲ့ကာ ဒေသခံပြည်သူ (၅၀၀)ကျော်တို့မှာ နေရပ်စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးဂိတ်တွင် ခက်ခက်ခဲခဲ စစ်ဘေးရှောင်နေရကြောင်း ကံပိုင်တည်မြို့ခံတစ်ဦးက ဆိုသည်။

" အောက်တိုဘာ (၂၁)ရက်နေ့ နေ့လယ်လောက်က ကံပိုင်တည်မြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ စင်ကြိုင် အမှတ် (၁၀၀၃)နယ်ခြားစောင့်တပ်ရင်းကို ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ အဲ့ စင်ကြိုင်အနီးက ဒေသခံတချို့က ဝိုင်းမော်နဲ့ မြစ်ကြီးနားဘက်တွေကို ပြေးကြတယ်။ ကျွန်တော် တို့ ကံပိုင်တည်မြို့ခံနဲ့ ဝေမိုး ‌ကျေးရွာဒေသခံပြည်သူ အများအပြားကတော့ ကံပိုင်တည် နယ်စပ်ဂိတ်မှာပဲ စစ်ဘေးလာရှောင်နေရတယ်" ဟု ၎င်းကပြောသည်။

စင်ကြိုင် အမှတ် (၁၀၀၃)နယ်ခြားစောင့်တပ်ရင်းအား KIA၊ PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခြင်းသာမက ကံပိုင်တည်မြို့ကိုပါ ထပ်မံသိမ်းပိုက်ခြင်းများပြုလုပ်လာ၍ ဒေသခံပြည်သူ (၅၀၀)ကျော်တို့မှာ  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတိုးဂိတ်တွင် ပိတ်မိနေကြောင်း စစ်ရှောင်ပြည်သူ တစ်ဦးက ထည့်သွင်းပြောသည်။

" ကံပိုင်တည်မြို့ကိုပါ သိမ်းမယ်ဆိုတော့ ဒေသခံပြည်သူ အများအပြားကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ အကုန်စုနေရတယ်။ တရုတ်ဘက်ကလည်း အကုန်ပိတ်ထားတယ်။ ဘာမှ ဝယ်မရဘူး။ ဝင်လို့လည်း မရဘူး။ ရာသီဥတုကလည်း အရမ်းအေးနေတယ်။ နောက်ထပ် ရက်နည်းနည်းကြာရင် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ကြမှာ ဟုတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို ငှဲ့ညှာသင့်တယ် " ဟု ၎င်းကရှင်းပြသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို တရုတ်အစိုးရဘက်မှ အောက်တိုဘာ (၁၈)ရက်နေ့မှ စ၍ ကုန်စည် အဝင်၊ အထွက်နှင့် လူဦးရေ ဝင်၊ ထွက် ခွင့်များပါ ပိတ်ပင်လိုက်၍ ကချင်ပြည်နယ်အတွင်း
က နယ်စပ်သွယ်ရေးဂိတ်များဖြစ်သည့် ပန်ဝါ၊ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ တွင် စစ်ဘေးရှောင် ပြည်သူ  ထောင်ဂဏန်းခန့် ရှိနေကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) နယ်မြေများအတွင်းရှိ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်စခန်းများအား KIA၊ PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်းမှစတင်၍ ကျူးကျော်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့် အမှတ် (၁၀၀၁)၊ (၁၀၀၂)၊ (၁၀၀၃) တပ်ရင်းဌာနချုပ် (၃)ခုရှိသည့် အနက် ပန်ဝါမြို့အနီးရှိ လုပီရွာ (၁၀၀၂)တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ (၁၅)ရက်နေ့တွင်လည်းကောင်း၊  ကံပိုင်တည်မြို့အနီးရှိ စင်ကြိုင် (၁၀၀၃)တပ်ရင်းကို အောက်တိုဘာ (၂၁)ရက်နေ့က လည်းကောင်း ထပ်မံသိမ်းပိုက်ခဲ့၍ ယင်းဒေသအတွင်းရှိ ဒေသခံပြည်သူ တစ်ထောင်ကျော်တို့မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တို့တွင် ဒုက္ခခံ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ရန်နိုင်

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

23 Oct, 10:27


အနောက်တိုင်းဆေးပါဝင်နေသည့် တိုင်းရင်းဆေးနှစ်မျိုးကိုသုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

နေပြည်တော်၊ အောက်တိုဘာ-၂၃ (၂၀၂၄)

အနောက်တိုင်းဆေး (Sildenafil) ပါဝင်နေသည့် ဘီလူးငါးကောင်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးတံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်တို့ကိုသုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော ဘီလူးငါးကောင်တံဆိပ် အမျိုးသားအကြောသန်အားတိုး ဆေးမှုန့်နှင့် ဆာဒူးကြီးတံဆိပ် အမျိုးသားအ ကြောသန်အားတိုးဆေးမှုန့်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်ကဖော်ပြထားသည့် ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲဖော်စပ်ထားသည့် တိုင်းရင်းဆေးဝါး(စံမညီတိုင်းရင်းဆေး ဝါး)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ပြင် သတ်မှတ်ချက်(၁၀)ချက်ပြည့်စုံမှန်ကန်မှုမရှိသည့်အပြင် ၎င်း ဆေးမှုန့်များကို ဓာတ်ခွဲစစ်ဆေးစမ်းသပ်ရာ၌ အနောက်တိုင်းဆေး (Sildenafil) ပါဝင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်၍ သုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသော တိုင်းရင်းဆေးဝါးများတင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝ(လုံးဝ)မပြုလုပ်ရန် သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ သတိပေးထုတ်ပြန်ချက်များအား လိုက် နာဆောင်ရွက်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ(၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဟု ကျန်းမာရေးဝန် ကြီးဌာနက သတိပေးထားသည်။

ရွှေလက်