အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ @aungaung079 Channel on Telegram

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

@aungaung079


ကလေးနာမည် /လုပ်ငန်းအမည်ပေးသည်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ (Burmese)

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ သည် ကလေးနာမည် နှင့် လုပ်ငန်းအမည်ပေးခဲ့သည်။ ဤ ခေါင်းဆောင်သည့် ခေါင်းမှာ ပြင်ဆင်ဖို့ ဆုပ်ကြည့်နိုင်ပါသည်။ ဒါထက် ဘာတွေလုပ်ခဲ့သလဲ။ စိတ်ညူမ ဖွဲ့စည်းလုပ်ငန်းများ ပါဝင်ပါက အနည်းဆုံး မြှင့်တင်ပေးပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:27


မဟာဘုတ် သုညကြွင်းဖွား ‌သားယောကျာ်လေးကို
လင်းထက် ၊ လွှမ်းထက် ၊ ၀င်းထွန်း
ဗုဒ္ဓဟူး အစ စနေ အဆုံး အမည်ပေးမိထားလျှင်
ညံ့စေပါတယ်။

သားယောကျာ်းလေးကို ပေးမိရင် ပိုပြီး အပြစ်ရှိပါတယ်။

ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:27


မဟာဘုတ် ခြောက်ခုကြွင်းဖွား ‌သားယောကျာ်လေးကို
ဇော်ဟိန်း ၊ ဇော်သူ ၊ စည်သူ
အင်္ဂါ အစ သောကြာ အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:27


မဟာဘုတ် ငါးခုကြွင်းဖွား ‌သားယောကျာ်လေးကို
ကျော်မျိုး ၊ ခိုင်မျိုး ၊ ကောင်းမြတ်
တနင်္လာ အစ ကြာသပတေး အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:27


မဟာဘုတ် လေးခုကြွင်းဖွား ‌သားယောကျာ်လေးကို
အောင်ရဲ ၊ အောင်လင်း ၊ အောင်ရိူင်း
တနင်္ဂနွေ အစ ဗုဒ္ဓဟူး အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:27


မဟာဘုတ် သုံးခုကြွင်းဖွား ‌သားယောကျာ်လေးကို
နိုင်စိုး ၊ နေဇော် ၊ နေဇင် ၊ နိုင်ဇော်
စနေ အစ အင်္ဂါ အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:26


မဟာဘုတ် နှစ်ခုကြွင်းဖွား ‌သားယောကျာ်လေးကို
သိန်းကျော် ၊ ဟိန်းကို ၊ သိန်းခိုင်
သောကြာ အစ တနင်္လာ အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:26


မဟာဘုတ် တစ်ခုကြွင်းဖွား ‌သားယောကျာ်လေးကို
မြတ်အောင် ၊ မျိုးအောင် ၊ မင်းအောင်
ကြာသပတေး အစ တနင်္ဂနွေ အဆုံး အမည်ပေးမိထားလျှင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

08 Jan, 10:26


ဇာတာရှင်အား ညံ့စေသော နာမည်

မိမိ မွေးဖွားထားတဲ့ သားယောကျာ်လေး နာမည်ကို
အဓိပတိ အစ ဘင်္ဂအဆုံး နာမည် ပေးမိ မှည့်မိထားရင်
ညံ့စေပါတယ်။
လူမသော်လည် ၊ နာမည်သေပါတယ်။
အဲ့ဒီလို နာမည်မျိုးဟာ လုပ်တိုင်းလဲမဖြစ် ၊ ကြံစည်တိုင်း
ပျက်နေပြီးတော့ နာမည်ဟာ ခိုက်သွားစေပါတယ်။
အထူးသဖြင့် မှည့်ထားတဲ့ နာမည်ဟာ အက္ခရာတွေ
ဆန်းဂိုဏ်းတွေ မှားနေရင် ပိုပြီးတော့ ညံ့ပါတယ်။

အဲ့ဒီနာမည်တွေကို မဟာဘုတ်နဲ့ နာမက္ခရတိုင် ယှဉ်ပြီး
ဖော်ပြလိုက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

10 Dec, 11:31


လုပ်ငန်းနာမည်ပေးဖို့ အားရှိ ဂြိုဟ်ရွှေးနည်း

လွန်ခဲ့တဲ့ နှစ်က ခွန် လင်းထင် ဆိုတဲ့သူက
ဆေးလိပ်ခုံ လုပ်ငန်း အတွက် လာမေးပါတယ်။

သူက ၂.၉.၁၉၈၁ ခုဖွားဖြစ်ပါတယ်။
မဟာဘုတ်ပညာအရ ကြည့်လျှင်
မဟာဘုတ် ၆ ကြွင်း ရာဇဖွား ဗုဒ္ဓဟူးသားဖြစ်ပါတယ်။

သူဇာတာအရ ဘ၀တစ်သက်တာ အားအရှိဆုံးဂြိုဟ်
ရွှေးချယ် ကြည့်ကြပါစို့။
မြန်မာမွေးသက္ကရာဇ် ၁၃၄၃ ခု တော်သလင်းလဆန်း
၄ ရက်နေ့ ဗုဒ္ဓဟူးသား ဖြစ်ပါတယ်။

ရှေ့ပိုင်း ပိုစ့် မှာ ဖော်ပြခဲ့တဲ့ ဆန်းပညာအရ
အား အရှိဆုံးဂြိုဟ် ရွှေးချယ်ရလျှင်။

ဘင်္ဂအိမ် ၆ မှ စပြီး အတန်းလိုက်ချ။
မွေးလ မှစ ကို အစဉ်လိုက်ချ။
မွေးနေ့မှ စ အစဉ်လိုက်ချ။

ဂြိုဟ်အားချပုံ
၆ • ၇ • ၁ • ၂ • ၃ • ၄ • ၅
၆ • ၇ • ၁ • ၂ • ၃ • ၄ • ၅
၄ • ၅ • ၆ • ၇ • ၁ • ၂ • ၃
-------------------------------
၁၆•၁၉• ၈ •၁၁• ၇ • ၁၀ •၁၃

အဲ့ဒီကိန်းအရ ကြာသပတေးဂြိုဟ် နဲ့  ဗုဒ္ဓဟူးဂြိုဟ်ဟာ
ခွန်း လင်းထင် ဇာတာရှင်အား အားကောင်းသောဂြိုဟ်  ဘ၀တစ်လျှောက်လုံး အကျိုးပြုသောဂြိုဟ် ဖြစ်ပါတယ်။
ကြာသပတေးဂြိုဟ် နဲ့  ဗုဒ္ဓဟူးဂြိုဟ်ဟာ
နာမက္ခရတိုင်အရ ဇေယျဂြိုဟ် လာဘဂြိုဟ်ဖြစ်တဲ့ အတွက် ပိုပြီး အားရှိပါတယ်။
အင်္ဂဝိဇ္ဇာပညာအရ ကြည့်ရင်လဲ
မွေးနံ အစ အညွှန့်အဆုံး အမည်ဖြစ်လို့ စီးပွားရေး
အတွက် အကျိုးပြုတဲ့ အမည် ဖြစ်ပါတယ်။

ဒါကြောင့် သူ့ဆေးလိပ်ခုံ လုပ်ငန်းအတွက်
ဗုဒ္ဓဟူးအစ ကြာသပတေး အဆုံး လုပ်ငန်း အမည်ပေးဖို့
ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 09:00


မဟာဘုတ် ၀ ကြွင်းသူများဟာ
သောကြာ အစ ဗုဒ္ဓဟူး အဆုံး နာမည်
ဗုဒ္ဓဟူး ‌အစ သောကြာ အဆုံး နာမည်

ကြာသပတေး အစ သောကြာ အဆုံး နာမည်
သောကြာ အစ ကြာသပတေး အဆုံး နာမည်

တနင်္လာ အစ ဗုဒ္ဓဟူး အဆုံး နာမည်
ဗုဒ္ဓဟူး ‌အစ တနင်္လာ အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 09:00


မဟာဘုတ် ၆ ကြွင်းသူများဟာ
ကြာသပတေး အစ အင်္ဂါ အဆုံး နာမည်
အင်္ဂါ အစ ကြာသပတေး အဆုံး နာမည်

ဗုဒ္ဓဟူး အစ ကြာသပတေး အဆုံး နာမည်
ကြာသပတေး အစ ဗုဒ္ဓဟူး အဆုံး နာမည်

တနင်္ဂနွေ အစ အင်္ဂါ အဆုံး နာမည်
အင်္ဂါ အစ တနင်္ဂနွေ အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 09:00


မဟာဘုတ် ၅ ကြွင်းသူများဟာ
ဗုဒ္ဓဟူး အစ တနင်္လာ အဆုံး နာမည်
တနင်္လာ အစ ဗုဒ္ဓဟူး အဆုံး နာမည်

အင်္ဂါ အစ ဗုဒ္ဓဟူး အဆုံး နာမည်
ဗုဒ္ဓဟူး အစ အင်္ဂါ အဆုံး နာမည်

တနင်္လာ အစ စနေ အဆုံး နာမည်
စနေ အစ တနင်္လာ အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 09:00


မဟာဘုတ် ၄ ကြွင်းသူများဟာ
တနင်္ဂနွေ အစ အင်္ဂါ အဆုံး နာမည်
အင်္ဂါ အစ တနင်္ဂနွေ အဆုံး နာမည်

တနင်္လာ အစ အင်္ဂါ အဆုံး နာမည်
အင်္ဂါ အစ တနင်္လာ အင်္ဂါ အဆုံး နာမည်

တနင်္ဂနွေ အစ သောကြာ အဆုံး နာမည်
သောကြာ အစ တနင်္ဂနွေ အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 08:59


မဟာဘုတ် ၃ ကြွင်းသူများဟာ
တနင်္လာ အစ စနေ အဆုံး နာမည်
စနေ အစ တနင်္လာ အဆုံး နာမည်

တနင်္ဂနွေ အစ တနင်္လာ အဆုံး နာမည်
တနင်္လာ အစ တနင်္ဂနွေ အဆုံး နာမည်

ကြာသပတေး အစ စနေ အဆုံး နာမည်
စနေ အစ ကြာသပတေး အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 08:59


မဟာဘုတ် ၂ ကြွင်းသူများဟာ
တနင်္ဂနွေ အစ သောကြာ အဆုံး နာမည်
သောကြာ အစ တနင်္ဂနွေ အဆုံး နာမည်

စနေ အစ တနင်္ဂနွေ အဆုံး နာမည်
တနင်္ဂနွေ အစ စနေ အဆုံး နာမည်

ဗုဒ္ဓဟူး အစ သောကြာ အဆုံး နာမည်
သောကြာ အစ ဗုဒ္ဓဟူး အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 08:59


မဟာဘုတ် ၁ ကြွင်းသူများဟာ
စနေ အစ ကြာသပတေး အဆုံး နာမည်
ကြာသပတေး အစ စနေ အဆုံး နာမည်

စနေ အစ သောကြာ အဆုံး နာမည်
သောကြာ အစ စနေ အဆုံး နာမည်

အင်္ဂါ အစ ကြာသပတေး အဆုံး နာမည်
ကြာသပတေး အစ အင်္ဂါ အဆုံး နာမည်များဟာ
မိဿက အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Dec, 08:58


မိဿက အမည်နှင့် အကျိုးပေး အမည်များ ၂

အရင် video မှာ မဟာဘုတ်
မိဿက အမည်များ မှည့်ပုံ အကြောင်း ဖော်ပြခဲ့ပါပီ။

ထက်ပြောရရင် အဲ့ဒီအတွဲတွေက
✡️ အထွန်းအိမ်နဲ့ ✡️ အဓိပတိအိမ် တွဲမှည့်တဲ့ နာမည်
✡️အဓိပတိအိမ်နဲ့ ✡️ အထွန်းအိမ် တွဲမှည့်တဲ့ နာမည်


✡️ အထွန်းအိမ်နဲ့ ✡️ ရာဇအိမ် တွဲမှည့်တဲ့ နာမည်
✡️ရာဇအိမ်နဲ့ ✡️ အထွန်းအိမ် တွဲမှည့်တဲ့ နာမည်

✡️ သိုက်အိမ်နဲ့ ✡️ အဓိပတိအိမ် တွဲမှည့်တဲ့ နာမည်
✡️အဓိပတိအိမ်နဲ့ ✡️ သိုက်အိမ် တွဲမှည့်တဲ့ နာမည်
များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

29 Nov, 10:04


အဲ့ဒီလို တွဲမှည့်ထားတဲ့ အမည်များဟာ မဟာဘုတ်ပညာအရ မိဿက အမည်များလို့ ခေါ်ပါတယ်။

မိဿက အမည်လဲဖြစ် ဂြိုလ်များဟာလဲ သောမ ဂြိုလ်လည်းဖြစ်၊ မိတ်ဂြိုလ်လည်းဖြစ်လျှင် အဲ့ဒီ အမည်ဟာ
ပိုပြီး အကျိုးပေး ကောင်းမွန် ပါတယ်။

ဒါပေ့မယ့် တစ်ခုကြွင်းမဟာဘုတ်အိမ်မှာ လုံးဝအပြစ်ကင်းစင်တဲ့ မိဿကအမည် မရနိုင်ပါဘူး။ မိဿကအမည် များဟာ သမာအာဇီဝလုပ်ငန်းများနှင့် အလွန်အကျိုးပေးပါတယ်။

အခြားအမည်စည်းကမ်းများနှင့် ကိုက်ညီပါက အောင်မြင် ကျော်ကြားမှုကိုပါရရှိခံစားရနိုင်ပါတယ်။ ချမ်းသာကြွယ်ဝကာ ဩဇာတိက္ကမနှင့် ပြည့်စုံပါမယ်။
ဒါပေ့မယ့် လုံး၀ အပြစ်ကင်းစင် အောင် အမည်ပေးဖို့က
ခက်ခဲ့ပါတယ်။
အခြား အင်္ဂဝိဇ္ဇာ ၊ နာမက္ခရတိုင် ၊ တို့နဲ့ ချိန်ဆရမည်
ဖြစ်သလို မိဘ အကျိုးပြုအောင် နာမည်ရွှေးချယ်ရမှာ
ဖြစ်ပါတယ်။
နောက်ထပ် ပညာခန်းက
အက္ခရာရွှေးချယ်ရတဲ့ ပညာခန်းတွေပါ အက္ခရာ ရွှေးချယ်ပုံ မှားယွင်း နေရင်လည် အကျိူးပေး သန်မှာ မဟုတ်ပါဘူး။

နောက်ထပ် အရေးကြီးတာက‌တော့
မိမိရင်သွေးဟာ မွေးဖွားသော အဖွားဥာဉ် စရိုက် ကောင်းမွန် ပါက ပိုမိုကောင်းမွန် တဲ့ နာမည်ပေးရမည်ဖြစ်ပြီး။
ဆိုးနေပါက အဲ့ဒီဥာဉ်စရိုက် များကို တတ်နိုင်သမျှ
လျော့နည်း သွားစေသော အမည် ပေးရမည် ဖြစ်ပါတယ်။
ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

29 Nov, 10:03


✡️ သိုက်အိမ်နဲ့ ✡️ အဓိပတိအိမ် တွဲမှည့်တဲ့ နာမည်
✡️အဓိပတိအိမ်နဲ့ ✡️ သိုက်အိမ် တွဲမှည့်တဲ့ နာမည်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

29 Nov, 10:03


✡️ အထွန်းအိမ်နဲ့ ✡️ ရာဇအိမ် တွဲမှည့်တဲ့ နာမည်
✡️ရာဇအိမ်နဲ့ ✡️ အထွန်းအိမ် တွဲမှည့်တဲ့ နာမည်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

29 Nov, 10:03


✡️ အထွန်းအိမ်နဲ့ ✡️ အဓိပတိအိမ် တွဲမှည့်တဲ့ နာမည်
✡️အဓိပတိအိမ်နဲ့ ✡️ အထွန်းအိမ် တွဲမှည့်တဲ့ နာမည်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

29 Nov, 10:03


မိဿက အမည်နှင့် အကျိုးပေး အမည်များ

အခုဖေါ်ပြချင်တာ ကတော့ မဟာဘုတ်ပညာအရ
မိဿက အမည်များ မှည့်ပုံ အကြောင်းပါ။
မိဿက အမည်ဆိုတာ မဟာဘုတ်ပညာအရ

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

26 Nov, 14:04


မဟာဘုတ် ပက္ခတ် နေ့နံအတွဲများ

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:15


##သောကြာသားသမီးကို
မွေးနံ သောကြာ အစပြုပြီး အောက်ဂြိုဟ်တွေ အဆုံးသတ် အမည်ပေးလို့ မကောင်းပါဘူး။
အဲ့ဒီအမည်တွေက
သောကြာ အစ တနင်္လာ အဆုံး မွေးနံ အစ စတုရန်း အဆုံး
သောကြာ အစ ကြာသပတေး အဆုံး မွေးနံ အစ အမြစ် အဆုံး
သောကြာ အစ တနင်္ဂနွေ အဆုံး မွေးနံ အစ တြိရန်း အဆုံး
စတဲ့ အမည်များ မပေးသင့်ပါဘူး။

ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:15


#သောကြာသားသမီး ကို
တနင်္ဂနွေ အစ တနင်္လာ အဆုံး အတွဲပေးရင် စောလှကိန်း
မိစေပါတယ်။ တနင်္လာ အစ တနင်္ဂနွေ အဆုံး အတွဲပေးရင် လှေဆန်ကိန်း မိစေပါတယ်။
အဲ့ဒီ အမည်တွေဟာ သောကြာသားသမီးကို ကောင်းကျိုး
မပြုတဲ့ အတွက် မပေးသင့်ပါဘူး။ မိဘက သောကြာ နာမည်ရှင် ဖြစ်နေရင်လည် မပေးသင့်ပါဘူး။
တနည်းအားဖြင့် မိဘ နာမည်ကို ခိုက်စေပြီး
မိဘ စီးပွားရေး လူမူ့ရေး ကျန်းမာရေး တစ်ခုခု
အဆင်မပြေ ဖြစ်စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:14


#သောကြာသားသမီးကို
မွေးနံ သောကြာ အစပြုပြီး အထက်ဂြိုဟ်တွေ အဆုံးသတ် အမည်ပေးချင်ရင်
သောကြာ အစ အင်္ဂါ အဆုံး မွေးနံ အစ ပဉ္စပွတ် အဆုံး
သောကြာ အစ စနေ အဆုံး မွေးနံ အစ အညွှန့် အဆုံး
သောကြာ အစ ဗုဒ္ဓဟူး အဆုံး မွေးနံ အစ ဆပွတ် အဆုံး
စတဲ့ အမည်များ ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:13


#သောကြာသားသမီးကို
အထက်ဂြိုဟ်တွေ ခွေပြီး အမည်ပေးချင်ရင်
အညွှန့်အစ ပဉ္စပွတ်အလယ် ဆပွတ် အဆုံး အမည်ပေးချင်ရင် စနေ အစ အင်္ဂါအလယ် ဗုဒ္ဓဟူး အဆုံး ပေးလို့ ရပါတယ်။

အထက်ဂြိုဟ်တွေ ခွေပြီး အမည်ပေးချင်ရင်
အညွှန့်အစ ဆပွတ်အလယ် ပဉ္စပွတ် အဆုံး အမည်ပေးချင်ရင် စနေ အစ ဗုဒ္ဓဟူးအလယ် အင်္ဂါ အဆုံး ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:12


#သောကြာသားသမီးကို
အထက်ဂြိုဟ်တွေ ခွေပြီး အမည်ပေးချင်ရင်
ပဉ္စပွတ်စ ဆပွတ်အလယ် အညွှန့်အဆုံး အမည်ပေးချင်ရင်
အင်္ဂါ အစ ဗုဒ္ဓဟူးအလယ် စနေ အဆုံး ပေးလို့ ရပါတယ်။

အထက်ဂြိုဟ်တွေ ခွေပြီး အမည်ပေးချင်ရင်
ဆပွတ်အစ ပဉ္စပွတ်အလယ် အညွှန့်အဆုံး အမည်ပေးချင်ရင် ဗုဒ္ဓဟူး အင်္ဂါအလယ် စနေ အဆုံး ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:11


#ဥပါဒ်ကြီးကိန်း
သောကြာသားသမီးရဲ့ ဥပါဒ်ကြီးကိန်း အတည့် အတွဲဟာ
ဗုဒ္ဓဟူး အစ အင်္ဂါ အဆုံး နေ့နံ အတွဲ ဖြစ်ပါတယ်။
သောကြာသားသမီးကို ဗုဒ္ဓဟူး အစ အင်္ဂါအဆုံး နေ့နံ အတွဲ နာမည်ပေးထားရင် ဥပါဒ်ကြီးကိန်း အတည့်
နာမည်ပေးထားခြင်း ဖြစ်ကြောင်း နားလည်ထားရပါမယ်

#သောကြာသားသမီး ကို
အင်္ဂါ အစ ဗုဒ္ဓဟူး အဆုံး အတွဲပေးထားရင်တော့
ဥပါဒ်ကြီးကိန်း မိတဲ့ အမည် ဖြစ်သွားပါပြီ မပေးသင့်ပါဘူး။ မိဘက သောကြာ နာမည်ရှင် ဖြစ်နေရင်လည်
အင်္ဂါ အစ ဗုဒ္ဓဟူး အဆုံး အတွဲပေးလို့ မရနိုင်ပါဘူး
တနည်းအားဖြင့် မိဘ နာမည်ကို ဥပါဒ်ကြီးကိန်းမိ
ခိုက်စေပြီး ၊ စီးပွားရေး ၊ လူမူ့ရေး ၊ ညံ့ အသက်အန္တာ
ရာယ် ကြုံရတက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:11


#အာယုကပ်
သောကြာသားသမီးရဲ့ အာယုကပ် အတည့် အတွဲဟာ
တနင်္ဂနွေ အစ အင်္ဂါ အဆုံး နေ့နံ အတွဲ ဖြစ်ပါတယ်။
သောကြာသားသမီးကို တနင်္ဂနွေ အစ အင်္ဂါအဆုံး နေ့နံ အတွဲ နာမည်ပေးထားရင် အာယုကပ် အတည့်
နာမည်ပေးထားခြင်း ဖြစ်ကြောင်း နားလည်ထားရပါမယ်

#သောကြာသားသမီး ကို
တနင်္ဂနွေ အစ အင်္ဂါ အဆုံး အတွဲပေးထားရင်တော့
အာယုကပ် ဇောက်ထိုး အမည် ဖြစ်သွားပါပြီ မပေးသင့်ပါဘူး။ မိဘက သောကြာ နာမည်ရှင် ဖြစ်နေရင်လည်
တနင်္ဂနွေ အစ အင်္ဂါ အဆုံး အတွဲပေးလို့ မရနိုင်ပါဘူး
တနည်းအားဖြင့် မိဘ နာမည်ကို အာယုကပ်
ဇောက်ထိုးကိန်း ဖြစ်စေပြီး မိဘ ကျန်းမာရေး ချူချာ
စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Nov, 18:10


#သာစည်
သောကြာသားသမီးရဲ့ သာစည်အတည့် အတွဲဟာ
ဗုဒ္ဓဟူး အစ တနင်္ဂနွေ အဆုံး နေ့နံ အတွဲ ဖြစ်ပါတယ်။
သောကြာသားသမီးကို ဗုဒ္ဓဟူး အစ တနင်္ဂနွေ အဆုံး နေ့နံ အတွဲ နာမည်ပေးထားရင် သာစည် အတည့်
နာမည်ပေးထားခြင်း ဖြစ်ကြောင်း နားလည်ထားရပါမယ်

#သောကြာသားသမီး ကို
တနင်္ဂနွေ အစ ဗုဒ္ဓဟူး အဆုံး အတွဲပေးထားရင်တော့
သာစည် ဇောက်ထိုး အမညိ ဖြစ်သွားပါပြီ မပေးသင့်ပါဘူး။ မိဘက သောကြာ နာမည်ရှင် ဖြစ်နေရင်လည်
တနင်္ဂနွေ အစ ဗုဒ္ဓဟူး အဆုံး အတွဲပေးလို့ မရနိုင်ပါဘူး
တနည်းအားဖြင့် မိဘ နာမည်ကို သာစည်ကိန်း
ဇောက်ထိုး ဖြစ်စေပြီး မိဘ စီးပွားရေး လူမူ့ရေး
အဆင်မပြေ ဖြစ်စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:12


ရာဇဖွား

စိတ်နှလုံးကောင်းပြီး စေတနာကောင်းရှိမယ်။ အမြဲ
တမ်း သူများစိတ်ချမ်းသာမယ့် စကားများနဲ့ အားတက်မယ့်အမူအရာများ ရှိမယ်။ ပင်ကိုသဘာဝမှာ ရိုးသားတည်ကြည် ပါတယ်။ သို့သော် ပျင်းရိပြီး အလုပ်ကြိုးစားလိုစိတ် နည်းမယ်။ လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ်တတ်ပါ။ လုပ်မယ်ဆိုရင်လည်း နေ့ မအိပ်ညမအိပ် ကြိုးစားတတ်မယ်။ အလွန်အပင်ပန်းမနိုင်တဲ့ သူတွေပါပဲ။

ဒီလိုလုပ်နိုင်ရန် မိမိအတွက် အရေးကြီးဆုံးမှာ စိတ် ပျော်ရွှင်ရေး ဖြစ်တယ်။ ကိုယ့်ဘဝမှာ အရေးကြီးဆုံးဟာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန်သာ ဖြစ်တယ် ဆိုတဲ့ သူတွေပါ
စိတ်ညစ်မိရင်း စိတ်မကောင် ဖြစ်မိရင် ကိုယ့်ဘဝကို ဖျက်ဆီးတတ်တဲ့ သဘောရှိပါတယ်။ မကြာခဏ ပတ်ဝန်းကျင်ကြောင့် စိတ်အမျိုးမျိုးပြောင်းလဲ နေ
ရပါမယ်။


သူတို့ မှာ အားနည် မြောက်များစွာ ရှိပါတယ်။
အဲ့ဒီ အားနည်း ချက်များကို ပြုပြင်နိုင်မှ ဘဝမှာ ပထမတန်း ဖြစ်ရတတ်ပါတယ်။ ပြောရဆိုရမှာ အားနာမယ်။ သူများ အတွက် အလွန်လွယ်ကူသော အလုပ် ဟာ သူတို့
အတွက် အလွန်ခက်ခဲ နေတက်ပါတယ်။ သူများမလုပ်နိုင်တဲ့ အလုပ်ကိုလည်း သူတို့က လုပ်နိုင်ပြန်ရော
ဒါကြောင့် သူတို့ရဲ့ ကံကြမ္မာဟာ သမားရိုးကျ မဟုတ်ဘဲ ထောင့်တန်းဖြစ်နေပါတယ်။


အေးအေးဆေးဆေး နေလိုစိတ်ရှိမယ်။ အိမ်ရဲ့ ချောင်ထဲမှာ နေရလည်း ပျော်နေတတ်မယ်။ ကိုယ့်ဘဝနဲ့ ကိုယ်မွေ့လျော်တတ်တဲ့ ဝါသနာရှိမယ်။ ဘဝင်မမြင့်တတ်သော်လဲ အလုပ်မာန၊ ပညာမာန ရှိမယ်။ သူများဆီက တစ်ပြားသားမှ အလကားမလိုချင်သလို သူတို့ကလည်း တစ်ပြားမှ ပေးမည် မဟုတ်ပါ။

မတရားမှုကို မခံတတ်တဲ့ မဟုတ်မခံစိတ် ရှိမယ်။ ဒါပေမယ့် အလွန်သည်းခံတတ်မယ်။ ကံအလွန်ကောင်း တယ်လို့ မဆိုနိုင်ပေမယ့် ကြိုးစားမှုဖြင့် ဘဝကြီးပွားတိုးတက်
နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ရှေးဟောင်းနှောင်းဖြစ်များကို စိတ်ဝင်စားတတ်မယ်။ သူရဲကောင်းများ လူစွမ်းကောင်းများကို အားကျပြီး သူတို့လိုဖြစ်လိုစိတ် လုပ်လိုစိတ်ရှိမယ်။ အမျိုး ဘာသာ၊ သာသနာကို ချစ်မြတ်နိုးမယ်။

ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်သုံးတတ်မယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာ များ၊ ပစ္စည်းများ၊ အရာဝတ္ထုများကို သဘောကျ နှစ်သက်မယ်။ စိတ်ဝင်စားမယ်။ ရှားပါးတဲ့ပစ္စည်း စုဆောင်းလိုစိတ် ရှိမယ်။ ငွေကြေးကို စည်းနဲ့ကမ်းနဲ့ သုံးတတ်မယ်။ နှမြောတတ်မယ်တစ်ခါတစ်ရံ ကိုယ်လိုတဲ့ ပစ္စည်းများကို ရရှိရေး
မတန်မဆ နဲ့ ဝယ်တတ်တဲ့ ဝါသနာရှိမယ်။

သူတို့ ဘဝတစ်ဝက်မှာ ငွေမစုနိုင်ပါ။ ရလာလိုက် ကုန်သွားလိုက် ဖြစ်နေမယ်။ ငွေနဲ့နီးတဲ့ ကံဇာတာ ပေ့မယ့်
စုဆောင်းမိဖို့ ခဲယဥ်း သူတွေပါ။
သူတို့ ဆင်ခြင်ရမှာက အိမ်ထောင်ရေး ဖြစ်ပါတယ်။
လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုရ။ အားနာပြီး အိမ်ထောင်ကို လွယ်လွယ်ပြုလိုက်ရင် သူတို့ ဘဝတစ် ခုလုံး ဆုံးရှုံးသွားတတ်ပါတယ်။
သူတို့ဟာ လူကြီးမိဘ စပ်ပေးတဲ့ အိမ်ထောင်ဘက်ကို လဲ သဘောမကျတတ်ပြန်ပါဘူး။


ကိုယ့်စိတ်ထဲက ခံစားချက်များကို အပြင်ကို ဖော် ထုတ်တတ်သူ မဟုတ်ပါ။ စိတ်ဆင်းရဲမှုကို တစ်ယောက်တည်း ခံလိုသူဖြစ်ပါမယ်။ ဒါကြောင့် သူတို့ကို ဘယ်သူ မှ အကဲမခတ်နိုင် ပါဘူး။ အလုပ်တစ်ခု အောင်မြင်မှ ပြောလိုသူ ဖြစ်ပါတယ်။ စပ်တူရှယ် ယာ လုပ်ပါ။ အကျိုးပေးပါမယ်။ မိမိကိုလည်း အထူးယုံကြည် ကြပါလိမ့်မယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:11


ပုတိဖွား ဟောကိန်း

အရာရာတိုင်း ကို လက်တွေ့မှ ယုံကြည်တတ်ကြသည် ။ ယထာဘူတ ကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ် သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ ကမ်းနဲ့နေ တတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသား ကတိကို တည်အောင်ထိန်းသည်။

မည်သည့် အလုပ်ကို မဆို လေးလေးစားစား လုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်း ခံရမည်။ စည်းရုံးရေးကောင်းသည်။ ဒါပေမဲ့ မိမိ ၏ ကိုယ်စွမ်း ကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်း အဝိုင်းကောင်းမှရသည်။ ဘဝ တစ်လျှောက်လုံး ရုန်းကန် လုှပ်ရှားနေရတတ်သည်။ အတက် အကျ များသည်။ တုန်လှုပ် ဖွယ်ရာ ဘေးဆိုး များ မမျှော်လင့်ထားသော ပြဿ နာများး လဲ မကြာခဏကြုံရ တတ်သည်။

ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေး လွတ်မြောက်တတ်သည်။ အမြဲတမ်း အလကား မနေတတ်။ တစ်ခုခု လုပ်နေရမှကျေနပ်ကြသည်။ အပြင်ပန်း အမြင်မှာ အေးဆေး တည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသ ထွက် လျှင် အမှန်အမှား မခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်း နည်းကြသည်။ ဘဝ တိုက်ပွဲ အမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။ အရာရာ ပြတ်ပြတ် သားသား ဆောင်ရွက်သည်။ တစ်ခါ တစ်လေ အားနာ တတ်သော်လဲ အားမနာတာက များတယ်။

ရဲတင်းလွန်းခြင်း ဦဆောင် ရဲခြင်းက လူအများရဲ့ သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည် စိတ်ကောင်း စိတ် ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင် သူများထက် ကောင်းတတ်ပြီး စိတ်ဆိုး စိတ်ယုတ် ဝင်လာရင် ဘီလူးထက် မိုက်ပြတတ်သည်။ ပုတိဖွား တွေဟာ ငယ်ငယ်က ဖတ်ဖူးတဲ့ ကျေး ညီနောင် ပုံပြင်လိုပါပဲ။ သူတော်ကောင်းနဲ့ နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာ နဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ ပုတိဖွားတွေကို သုတေသနပြုကြည့်တဲ့အခါ မှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။

မိမိ သည် အခွင့်အရေးတွေကို လက်လွတ် မခံတတ်ဘဲ ရအောင် ယူတတ်သူပါပဲ။ ဖြောင့်မတ် ရိုးသား သူတွေ ပါပဲ။ စိတ် အခန့်မသင်လျှင် ဒေါသ ထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာ ကို ရှောင် သင့်တယ် ၊အောင်မြင်မှုအတွက် အတားအဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြား လွယ်တဲ့ ဇာတာ ပါပဲ။ ကောင်းတာ လုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြား သလို ဆိုးတာ လုပ်ရင်လဲ နာမည်ဆိုး ကို ဖုံးဖိထား လို့မရပါဘူး။

မိမိ သည်ငွေနှင့် နီးတဲ့ ဇာတာပါပဲ ။ မကြာခဏငွေ ရတတ်သည်။ ငွေ ကို စည်းနဲ့ ကမ်းနဲ့ သုံးမယ်လို့ ရည် မှန်း ထားသော်လည်း လက်တွေ့မှာတော့ လက်ဖွာတတ်သူပါပဲ ။ ရှိရင် ရှိသလို သုံးတတ်ပြီး မရှိ ရင်ရေသောက် ဗိုက်မှောက်နေတတ်သူ ပါပဲ။ စုလိုက် ကုန်လိုက် ပါပဲ။ ဘဝ မှာ ဒုတိယ အရွယ် က အလွန်ကောင်း မည် ။အောင်မြင်မည်။ ကျော်ကြားမည်။ လူ အထင်ကြီးခြင်းခံရမည်။

မိမိ ဘဝဟာ မကြာခဏ အပြောင်း အလဲကြုံရ တတ်သည်။ အလုပ်မှာလဲ လက်ငါးချောင်းထက် မနည်းပြောင်းလဲ လုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေ ဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကိျုး မခံစားရတတ်ပေ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:11


အဓိပတိဖွား ဟောကိန်း

အဓိပတိဖွား များသည် အကြောက်အလန့် နည်းသူများဖြစ်ကြပြီး ရဲရင့်ပြတ်သား ကာ စွန့်စားလို စိတ်ရှိ တတ်သူများဖြစ်သည်။ မခံချင်စိတ်လည်း များတတ်ပြီး တစ်ခါ တစ်ရံ တစ်ဇွတ်ထိုး လုပ်တတ်ပေ သည်။ သို့သော် စိတ်သဘောထားကောင်းသူများ လည်းဖြစ်ကြသည်။ အကြီး အကဲဖြစ်တတ်ပြီး မည်သည့် နယ် ပယ်တွင် မဆို နောက်လိုက်ထက်ခေါင်းဆောင်ဖြစ်လိုသူ အမိန့်ပေးတတ်သူ ဦးစီးဆောင်ရွက်သူ များဖြစ်ပြီး အပေါင်းအသင်း မိတ်ဆွေများတွေကြားတွင်လည်း ဦးဆောင်တတ်သူ ဆရာလုပ်တတ်သူများ လည်းဖြစ် သည်။
ထို့ကြောင့် သူတို့သည် ပညာရပ်တော်တော် များများကို သိရှိအောင်လေ့လာ တတ်ကြလေသည်။ သို့သော် စိတ်ယိုင်တတ် စိတ် အပြောင်းအလဲမြန် အရောင်ပြောင်းမြန်ကြသည်။ ထို့သို့ လုပ်နေဆဲမှ တစ်ခြား အလုပ်များကို ပြောင်းလဲ လုပ်ကိုင်တတ်ကြသဖြင့် တစ်ချို့ အလုပ်များတွင် တစ်ပိုင်း တစ်စ ကျန် ရှိနေတတ်သည်။ အဟော အပြောကောင်းသူဖြစ်သဖြင့် ကုန်သည် လုပ်ငန်း အကျိုးဆောင် လုပ်ငန်း အဓိက အားဖြင့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိတတ်သည်။ စည်းရုံးရေး ကိစ္စများ သူတစ်ပါးအား ဆုံးမခြင်း ကိစ္စများတွင် လည်းအောင်မြင်တတ်ပေသည်။

အဓိပတိ ဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင် လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။ အကြံပေး ချင်ကြတယ်။ သူများနောက်လိုက် မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိ သာ ဘယ်အရာကို မဆို စိတ်ပါ လက်ပါ လုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေ တတ်တယ် ၊လေထဲ တိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ plan တွေ ချပြီး လက်တွေ့ မလုပ်ဖြစ်တတ်ပါ။ မိမိ ဉာဏ်ရည် ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရ လွယ်သည်။ သူများ တစ်နှစ်လောက် သင်ရတဲ့ပညာကို မိမိက တစ်လလောက် သင်တာနဲ့ တတ်မြောက်သည်။ ထီထွင် ဖန်တီးလိုစိတ် ပြင်းထန်သည်။

မိမိက ကာယ အားမကိုးချင်။ ဉာဏ် သာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူ မခံနိုင်ပေမဲ့ ခေါင်းပူ ခံနိုင်ကြ တယ်။ မိမိက အရာရာ စိတ်ဝင်တစ်စား လေ့လာ လိုက်စား တတ်သည်။ အလုပ်တစ်ခုကို လဲ ဇောက်ချ မလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီ လိုက်စားထားသည်။ ဒါကြောင့် သူ့တို့ မသိတဲ့ ကဏ္႑မရှိ ၊ အတွင်းကျကျ သိသည်လဲ မဟုတ်ပေ။ အပေါ်ယံသာ သိသည်။

အဓိပတိ ဖွားတွေဟာ စကားပြောကောင်းကြသည်၊ ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်း ရှိသည်။ အနုပညာ လက်မှုပညာတွေ နဲ့ အောင်မြင်တတ်သည်။ စိတ်ရှည် ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိ ဖွားတွေကငွေနဲ့ဝေးတဲ့ ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။

ငွေ အစုလိုက်ရမယ် ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေ ရရင်တောင် မိမိ ခွဲတမ်းကနည်းနေ တတ် တယ်။ ထီပေါက်ရင် အဖတ် မတင်ဘဲ ကုန်သွားတတ်တယ်၊ မိမိရဲ့ ပြင်ရမဲ့ အချက်တွေထဲမှာ သနားတတ် တာရော အားနာတတ်တာရော ပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူ လိုက်တယ် လို့ပဲ သဘောထားရလိမ့်မယ်။ မိမိ က သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေး ထုတ်ပေးတတ်တယ်။

ငွေ အချေး အဌားကြောင့် ဘဝမှာ ခဏခဏ စိတ်ဆင်းရဲရမည်။ အကြွေးပြန်မရလို့ အကူအညီလာတောင်း တဲ့ သူတွေဟာ အဓိပတိဖွားတွေ အများဆုံးဖြစ်နေတာ တွေ့ရတတ်တယ်။ မိမိ ကံဇာတာအောက် လက် ငယ်သားတော်လှန်မဲ့ ဇာတာပါ၊ တပည့်မွေးလို့ မရဘူး၊ ကိုယ်က စေတနာ နဲ့ တပည့် ကို လိုက် လိုက်ရောရောနေပြီး ပညာကုန် သင်ပေးရင် မိမိကို အာခံလိမ့်မယ် ၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့် ကိုပြန်ခြောက် တတ်တယ်။ မိမိစေတနာကို နားမလည်ဘူး၊ မိမိ ကို ပမာမခန့် လုပ်တတ်တယ်။

မိမိစေတနာကို စော်ကားတတ်တယ်။ မိမိဟာ အေးအေး ချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေ မယ်။ ဒါကြောင့်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေ ရှိတယ်။ ချမ်းသာတယ်ဟု ထင်တတ်ကြသည်။ လက်တွေ့ မှာတော့ အမြဲတမ်း ဘိုင်ကျနေမည်။ ငွေမကြာခဏပြတ်နေတတ်သည်။ မိမိ က လူမှုရေး နိုင်ငံရေး စိတ်ဝင် စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။

အများအတွက် စေတနာ့ ဝန်ထမ်း လုပ်နေရတတ်သည်။ မိမိသည် ငွေ အစုလိုက် ဝင်သည်။ လူမှုရေး ပရဟိတ ရပ်ရွာကောင်း စားရေး အတွက် နဲ့ပဲ ထိုငွေပြန်ကုန် တတ်သည်။ မိမိ ဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ ပရမျှတ စွာလုပ်ပါ။ ဇွဲရှိပါ။ ကံ ဉာဏ် ဝီရိယ သုံးပါးမှာ မိမိက ကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယ နည်းနေ ပါလိမ့် မည်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:10


မရဏဖွားဟောကိန်း

မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္႑ာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင်တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။

ဆွေးမျိုးထက် တစ်စိမ်းက ပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစ်စိမ်းတစ်ရံကြားမှာ အခြေ ချနေထိုင်ရတတ် သလို ဇာတိ ရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တစ်ရံ ဇွတ် တစ်ရွတ် လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်က အလုပ်အပေါ် သေချာ ဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ် အလေးမထားဘူးလို့ အပြောခံရတတ်တာမျိုးပါ။

မိမိကလဲ အလုပ် တစ်ခု ကို အစပိုင်းမှာ စိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိ သွားတတ်သူပါ။ကောက်ရိုးမီး လိုပါပဲ။ အစ ကတော့ ဟုန်း ခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင် ရှာလို့ မရတတ်ဘူး။ အဲဒါကြောင့် ပဲ အလုပ် ခဏ ခဏပြောင်းမိနေတတ်တယ်။

မရဏ ဖွားတွေလဲ နှစ်ရှည် လုပ်ရတဲ့အလုပ် ၊ ကြာရှည် လုပ်ကိုင်ရတဲ့ အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။
ဥပမာ ပေးရရင် နှစ်ရှည်ပင် စိုက်ပိျုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ် အခု အကျိုး အမြတ် ရတဲ့ ပေါ်ပင် အလုပ်မျိုးတွေနဲ့ပဲ သင့်လျော်ပါတယ်။ မိမိက စိတ်မြန် လက်မြန်ရှိပြီး မြန်မြန် သွက် သွက် နဲ့ လက်တွေ့ကျကျ လုပ်ရသော အလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။

မရဏဖွားတွေ လောကဓံ ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကို ခါးစည်းခံနိုင်သလို သုခလောကဓံ ကိုလဲ ခံနိုင် သူပါ။ "ငရဲ ဆိုတာ ငါ့ အတွက်တော့ ချေွးထုတ်ခန်း ဝင်သလောက်ပါပဲ " လို့ ပြောမဲ့သူတွေပါ။

မရဏဖွားတွေ က အပြင်ပန်း ကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ် လို့ ထင် ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခု ကို ဆုံးဖြတ်ချက် ချရာမှာ ချိတုံချတုံ အလွန်ဖြစ်တတ်ပါတယ်။ ငါ လုပ် လိုက်တာ မှားသွားလား ဆိုပြီး စိုးရိမ်စိတ် ကလေး အမြဲ ဝင်တတ်ပါတယ်။ အားနည်းချက် က အလွန်မေ့ တတ်တာပါ။ ပြောထားပြီး မေ့နေပြန်ရော။ အသက်ကြီး လာရင် အလွန်မေ့တတ်ကြတယ်။ သူတစ်ပါး အလုပ် ပင်ဖြစ်ပါစေ စေတနာ ပါပါနဲ့ လုပ်ကိုင်ပေးတတ်သူပါပဲ။ မိမိကိုယ် အားကိုးပြီး ခိုင်းရင် အားကိုး သလောက်ပြန် လုပ်ပေးတတ်တယ်။
စကားကြီး စကားကျယ်ပြောတာ အမှန်အတိုင်း သာပြောတတ်တာ တွေက လူမုန်း များသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှု အားနည်းတယ်။ လှိုင်း တစ်ပိုးတွေလို ဘဝက အတတ်အကျများတယ်။ အပယိကရော ဂါလေးတွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာ မကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာ ကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိ အပူသောကတွေ ကို သူများတွေကို လက်ဆင့် မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲ ခါးစည်း ခံ မဲ့သူတွေပါ။ ရောဂါဖြစ်ရင်တောင် အိမ်သားတွေ မပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။

ဘဝကို အရှုံးမပေးတတ်သူတွေ ပါပဲ။ ဘယ်လို အခက်အခဲကြုံကြုံ ရင်ဆိုင် သွားတတ်သူပါ။ ကံကြမ္မာ ကလဲ အခွင့် အရေးကောင်းတွေ မကြာခဏပေးတတ် ပါတယ်။ မိမိက ဖမ်းဆုပ်တတ်ဖို့ပဲ လိုပါတယ် ။ ကိုယ့်ကိုယ် ကို ဖျက် သံချေးတတ် ဆိုတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ကံ က အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာ တရားတော်ထဲက ' အတ္တသမ္မာ ပဏိဓိ စ " ဆိုတဲ့ မင်္ဂလာတရားတော်နဲ့ အညီ မိမိကိုယ် ကိုစောင့် ထိန်းနိုင်မယ် ဆိုရင်တော့ အောင်မြင်မှုဆိုတာကို မလွဲမသွေ ခံစားရမှာပါ......။ ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:10


သိုက်ဖွား ဟောကိန်း


စိတ်ကူးတွေနဲ့ ဖန်တီးလို့ မရ၊ အမြဲတမ်း လက်တွေ့ကျကျပဲ အဆင်ပြေမည်။ စိတ်ကူး စိတ်သန်းတွေနဲ့ ရေ ရှည် ရည်မှန်းပြီး လုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကို လက်တွေ့ ကျကျ အကောင် အထည်ဖော်နိုင် မှ ရ မည်။ အလုပ် ကိုလဲ အပင်ပန်း ခံပြီး လုပ်ရမဲ့ ဇာ တာပေါ့ ။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့ အလုပ်ကို ကိုယ်က သုံးနှစ်လောက်ကြိုးစားရမည်။

အလုပ်နှင့် လက်နဲ ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲငွေပြတ်နေတယ်။ မိမိက စည်းကမ်း ရှိသည်။ ငွေကို စနစ်တစ်ကျ သုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေးကြောင့် ငွေသုံးရတတ်သည်။ မိမိကိုယ်တိုင် ကလဲ အလုပ် မရှိရင် မနေတတ်။ တစ်ခုခု အမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ်အကျိုး မခံစားရတတ်ပေ။ အလုပ်ကံ ညံ့သည်။ နှစ်ပေါင်းများစွာ လုပ်ပြီး ရာထူး မတိုး တာ လစာ မတိုးတာမျိုးကြုံရတတ်တယ်။

ဘယ်လောက် လုပ်လုပ် အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာ့ ဝန်ထမ်း လုပ်နေရမည်။ အိတ် စိုက်လုပ်ရမည်။ တာဝန်ကျေပွန်အောင် လုပ်ပေးပေမဲ့ နောက်ကွယ်မှာ အပြစ်ပြောခြင်းခံရမည်၊ မိမိ က စိတ်ကောင်း ရှိသည်။ သည်းခံစိတ် ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ် ရှိတယ်။ မိမိ က ဘာ မဟုတ်တဲ့ ကိစ္စလေးတွေ နဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာ ခဏဖြစ်တတ်သည်။

မိမိသည် အပေါင်းအသင်း များသည်။ ဒါပေမဲ့ ရေရှည် လက်မတွဲတတ်။ အပေါင်းအသင်း သစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့ ရာသီဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင် ပန်း ခံနိုင်ပေမဲ့ စိတ် အပင်ပန်း မခံနိုင်ကြပါ။

ဒါပေမဲ့ ကံကလဲ စိတ်ပင်ပန်း အမြဲခံရမည်။ တစ်ယောက်ထဲ ဆို အားငယ်နေတတ်သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ် ကို အားမလို အားမရဖြစ်နေတတ်သည်။ အလုပ် တစ်ခု ကိုလဲ မိမိဆုံးဖြတ်ချက်ဖြင့် မဆုံးဖြတ်နိုင်ပါ။ အမြဲ သူများဆီက အကြံဉာဏ်တောင်းနေရ တတ် သည်။ မိမိ က ပေါင်းသင်း ဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။

မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံ လွယ်တတ်တဲ့ အတွက် အလိမ်ခံရတတ်တယ်။ မိမိက စိတ်အပြောင်း အလဲမြန်တယ်။ တစ်ခု မပြီးသေးခင်နောက်အသစ် တစ်ခု လုပ်တတ် တယ်။ မိမိက ကံကို ယုံကြည် သည်။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်လို့ ခံယူထားသည်။ စိတ်ရှည်ပြီး မည်သည့် အလုပ်ကိုမဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများ အထင်ကြီး အောင်လဲနေတတ်ကြသည်။

နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ် မရင်းနှီးတဲ့ သူဆို မိမိ က စကား နည်း တဲ့သူလို့ ထင်ရပေမဲ့ မိမိက အရမ်း ရင်းနှီးရင်တော့ စကားကို ကရားရေလွှတ်ပြောတတ်သူပါ။ စကားကို အတုံးအတစ်လိုက်ပြောတတ်သည်။ ချီးကျူးစရာ ရှိလျှင် အလွန် အကျူး ချီးကျူး တတ်သလို အပြစ်တွေ့ ရင်လဲ အာမနာတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်းဘွင်း ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။

မိမိသည် စိတ်ကူး အလွန်ယဉ်သည်။ စိတ်ကူး နဲ့ လေထဲ တိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူး ထား တာ ဖြစ်မလာရင်လဲ လွန်စွာ စိတ်ဓာတ် ကျတတ်သည်။ မိမိက ထိုသို့ စိတ်ကူးနဲ့ လုပ်မရပါ။ လက်တွေ့ လုပ်ပါ။ အလုပ်ထဲ က မှ ဘဝ အတွက် အဆီ အနှစ်တွေ ထုတ်ယူပါ။ လက်တွေ့ ဘဝ ကနေ အောင်မြင်မှု ရှာပါ။ ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:08


ဘင်္ဂဖွားဟောကိန်း
စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံးရောက်အောင်လျှောက်တတ်သည်။

နောင်တ တရား ကလဲ မိမိ သန္တန်မှာ ခဏသာ ခိုဝင်တတ်သည်။ နောင်တရလဲ ခဏပင် ။ အမှတ်သည်းခြေ မရှိ ။ခေါင်းမာသည်။ တစ်ယူသန်သည်။ ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်းဘွင်း ရှင်းရှင်း အားမနာ တမ်းပြောတတ်ခြင်းကြောင့် လူမုန်း များတတ်သည်။ မိမိ သည် စကားပြော မတတ်ခြင်းကြောင့်ပေါင်း သင်း ဆက်ဆံရေး ညံ့သည်ဟု ထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ်ရင်း အရမ်းကောင်းသူ ဆိုတာ မိမိနဲ့ ရေ ရှည်ပေါင်းသင်းသူသာ သိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည်ဆိုတာနားလည်လာကြသည်။

ဒါကြောင့်ပဲ မိမိကို ခင်မိသူတွေက မိမိကို မိတ်ဆွေ အဖြစ်ကနေ လက်လွတ် မခံချင်ကြပါ။ မိမိနဲ့ ခင်မင်ဖူး သူတွေ က မိမိ အကြောင်း တစ်သသပြောနေတတ်ကြသည်။ မိမိ သည် တစ်စိမ်း တစ်ရံတွေ ကိုခင်မိပြီ ဆို ရင် ဆွေမျိုးထက် ပိုခင်တတ်သည်။ ဒါကြောင့်ပဲ မိမိက အခြားသူတွေကို မိမိလို စိတ်ဖြူ သည် ထင်၍ အတွင်းရေး ကိစ္စတွေ ပြောပြတိုင်ပင် အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့် အပြင် မိမိ လှိျု့ဝှက်ချက်ကို သိသွား၍ မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။

ဘင်္ဂဖွားများ ဟာ ကိုယ့်ဒူး ကိုယ်ချွန် ကြို းစားလိုစိတ် ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါး ရဲ့လောင်းရိပ် မိနေတာမျိုးကိုလဲ မလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ် အလုပ်ကိစ္စ မဆိုလဲ မိမိက ဦးဆောင် ဦးရွက် လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လို လုပ်မယ်။ ငွေကို ဘယ် လို ရှာလိုက်မယ် လို့ စိတ်ထဲတွေးနေတတ်ပေမဲ့ အပြင်ပန်း လက်တွေ့မှာတော့ ရသမျှနှင့်တင်း တမ်ရောင့် ရဲတတ်သူပါ။ အမှန်တရားကိုမြတ်နိုးတတ်သူ၊ တန်ဖိုး ထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲ လုပ်လုပ် စေတနာ ပါပါနဲ့ လုပ်တတ်သူပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ် လို့ ခံယူထားသူပါ။

လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။

ဘင်္ဂဖွားတွေ ဟာ မည်သူ့ကိုမဆို အဆင့်အတန်းခွဲခြားပြီး ဆက်ဆံလေ့ မရှိပါဘူး။ သူဌေး နဲ့ ဆက်ဆံလဲ ဒီအတိုင်း ဆိုရင် ဆင်းရဲသားနဲ့ ဆက်ဆံလဲ ဒီအတိုင်း ပါပဲ။ ဘာမှပြောင်းလဲခြင်း မရှိဘဲ အားလုံးကို တစ်သား ထဲ ဆက်ဆံတတ်တယ်။ အခွင့်ထူး ခံရဖို့ မျက်နှာသာပေးခံရဖို့ ဆိုတဲ့ စိတ်နဲ့ အလုပ် မလုပ်တတ်ပါ။ ပေး အပ် တဲ့ တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လိုတဲ့ စိတ်နဲ့သာ လုပ်တတ်သူပါ။ ငယ်ရွယ်စဉ် ကာလ အဘက် ဘက် က ကံအား နည်းတယ်။ ခြူခြာလွယ်တယ်။ မိမိကို မွေးပြီးတော့ မိဘတွေ လုပ်ငန်း စီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန် များတတ်ပါတယ်။
ပထမအရွယ် ကံအားနည်းတတ်ပြီး ဒုတိယ အရွယ်၊ တတိယ အရွယ် ကံမြင့်တတ်ပါတယ်။ မွေးစကနေ အသက် ၁၂ ထိ နေအိမ် အပြောင်းအရွေ့ မြို့ အပြောင်းအရွေ့ ကျောင်း အပြောင်းအရွေ့ ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတက်အကျ များလွန်းတဲ့ သူတွေပါပဲ။ သူတစ်ပါးကို အားကိုးပြီး စပ်တူ လုပ်ငန်း မလုပ်ပါနဲ့။ အမှီ အခို ကင်းပြီး သူတစ်ပါးလောင်းရိပ် မမိတဲ့ ဘဝနေထိုင်မှုမျိုး က မိမိ ဘဝ ကိုအောင်မြင်အောင် တွန်းပို့မှာပါ။ ကိုယ်စွမ်း ကိုယ်စကို သိပြီး ဝီရိယ ရှိရှိကြိုးစားရင် အောင်မြင်မဲ့ ဖွား ဇာတာပါပဲဗျာ ။ ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

22 Nov, 19:07


အထွန်းဖွားဟောကိန်း

ဖွားဇာတာတွေ ထဲမှာ အထွန်း ဖွားတွေက အလွန်ပဲ တည်ကြည်တဲ့ သူတွေပါ။ ကိုယ်ကျင့် သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများ လက်ညိုှး ထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲ လုပ်လုပ် ၊ အပြင် အလုပ်တွေပဲ လုပ်လုပ် သူများ အလုပ်တိုင်း ကို မိမိ အလုပ်လို သဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိ ကိုယ်ကျင့် သိက္ခာကို ထိပါးပြောဆိုလာမယ် ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊


အလွန်ပဲစေ့စပ်သေချာတဲ့ သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကို တန်ဖိုးထားမြတ်နိုးတယ်။ အလုပ် နဲ့ လက် နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခု ရှာပြီးလုပ်နေတတ် သူပါ။  လုပ်စရာ မရှိရင် ပျင်းနေတတ်ပြီး တစ်ခုခု လုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့် အလုပ်ကို မဆို လွယ်လွယ် နဲ့ လက်မလျော့့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။

အလုပ် ကံကောင်းတတ်ကြတယ်။ မည်သည့် အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါက ထွန်းပေါက် ပါ လိမ့်မယ်။ လက်ရှိ ဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝ တတ်လမ်း ကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်း ချင်းအောင်မြင်မှုတွေ ရလာမှာပါ။ မည်သည့် ပညာရပ်ကို မဆို သိလွယ် တတ်လွယ်သူတွေပါ။ မိဘတွေ ကသာ ပညာရေး ကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန် ထူးချွန်ပါ လိမ့်မယ်။ စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။ ဘာလုပ်လုပ် ဂရုတစ်စိုက် ရှိတယ်။

လုပ်သလောက် အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှု အသီးအပွင့်တွေ အခွင့်အရေးတွေကို အခြား
လူတွေက ရသွားကြတာများပါတယ်။ မိမိက အခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေ တတ် သူပါ။ လုပ်ချင်တာ လုပ်ရရင် ပျော်နေတတ်သူပါ။ သူများ အကျိုးစီးပွားကိုတောင်မှ အကူ အညီတောင်း ရင် မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ ရိုးသားတယ်။

ဒါပေမဲ့ ပွင့်ပွင့် လင်းလင်းပြောတတ်ကြတယ်။ အပြစ် လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက် နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုး မထားတတ်ဘူး။ မိမိကအေးဆေး တည်ငြိမ် စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ်ကလဲ ခင်မင်သူများနဲ့ သာ လိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ ကတော့ ခပ်ကင်းကင်း
နေတတ်ပါတယ်။

ဒါပေမဲ့ မိမိ ကံက အပေါင်းအသင်းကံ ညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆို ရင်တောင် မိတ်ဆွေတွေက အကောင်း မထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ် ပါတယ်။ မိမိ ကကျေွးလဲကျေွးရ အဆဲ လဲ ခံရမဲ့ ဇာတာပါ။ မိမိကလဲ အဖော်ခင်တယ်။ အပေါင်းအသင်း မက်တယ်။ အပျော် အပါး ပွဲလမ်း သဘင် ဝါသနာ ထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။

မိမိ ဇာတာ က သားသမီး အကျိုးပေးကံ အားနည်းတယ်၊ အနည်းဆုံး မိဘ ကို ဒုက္ခပေး မဲ့ စုန်းပြူး တစ်ယောက်လောက်တော့ ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ် မျက်စိ စပါးမွှေးစူးနေတတ် တယ်။ ဘာပဲ လုပ်လုပ် အစမှာတော့ မိမိက အလွန်ပဲ စိုးရိမ်တတ်ကြတယ်။ တစ်ကယ် လုပ်ကြည့်တဲ့ အခါ မိမိ အတွက် အခက်အခဲ မရှိ အဆင်ပြေသွားတတ်ပါတယ်။ ဇွတ် လုပ်တတ်ပြီး ဝီရိယရှိတဲ့ အတွက် အောင်မြင်မှု လမ်းပေါ်ရောက်ပါလိမ့်မယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:15


မဟာဘုတ် ၀ ကြွင်း တနင်္ဂနွေ ပုတိဖွား သူလည်
တနင်္ဂနွေအစ တနင်္လာအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက ဗုဒ္ဓဟူး နာမည်ရှင်
ကြာသပတေးနာမည်ရှင် ၊ သောကြာ နာမည်ရှင် ဖြစ်နေခဲ့ရင် ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အဲ့ဒီနေ့နံ နာမည် ၃ နေ့နံက လွဲပြီး
အကြွင်းတစ်ခုချင်းစီ အလိုက် မိဘတွေက အခြားနေ့နံ
နာမည်ပိုင်ရှင်တွေ ဖြစ်နေရင် ပေးလို့ ရပါတယ်။

ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:15


မဟာဘုတ် ၆ ကြွင်း စနေ ပုတိဖွား သူလည်
စနေအစ တနင်္ဂနွေအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက အင်္ဂါ နာမည်ရှင်
ဗုဒ္ဓဟူးနာမည်ရှင် ၊ ကြာသပတေး နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:15


မဟာဘုတ် ၅ ကြွင်း သောကြာ ပုတိဖွား သူလည် သောကြာအစ စနေအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက တနင်္လာ နာမည်ရှင်
အင်္ဂါနာမည်ရှင် ၊ ဗုဒ္ဓဟူး နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:14


မဟာဘုတ် ၄ ကြွင်း ကြာသပတေး ပုတိဖွား သူလည်
ကြာသပတေးအစ သောကြာအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက တနင်္ဂနွေ နာမည်ရှင်
တနင်္လာနာမည်ရှင် ၊ အင်္ဂါ နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:14


မဟာဘုတ် ၃ ကြွင်း ဗုဒ္ဓဟူး ပုတိဖွား သူလည်
ဗုဒ္ဓဟူးအစ ကြာသပတေးအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက စနေ နာမည်ရှင်
တနင်္ဂနွေနာမည်ရှင် ၊ တနင်္လာ နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:14


မဟာဘုတ် ၂ ကြွင်း အင်္ဂါ ပုတိဖွား လည် အဲ့ဒီလိုပဲ
အင်္ဂါအစ ဗုဒ္ဓဟူးအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက သောကြာ နာမည်ရှင်
စနေနာမည်ရှင် ၊ တနင်္ဂနွေ နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:14


ဒါပေ့မယ့်
မဟာဘုတ် ၁ ကြွင်း တနင်္လာ ပုတိဖွားကို
တနင်္လာ အစ အင်္ဂါအဆုံး ပေးလိုက်တယ်ဆိုပါစို့
ကလေးမိဘတွေက ကြာသပတေး နာမည်ရှင်
သောကြာနာမည်ရှင် ၊ စနေ နာမည်ရှင် ဖြစ်နေခဲ့ရင်
ပေးလို့ မရတော့ပါဘူး။
ဥပါဒ်ကြီးကိန်း ၊ ပင်ယကိန်း ၊ စောလှကိန်းမိ
မိဘနာမည်ကို ခိုက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 15:13


ပုတိဖွား
ပုတိအစ သိုက် အဆုံးနာမည်နှင့် မိဘ အကျိုးမပြုခြင်း

မဟာဘုတ် ပညာအရ ပုတိ အစ သိုက်အဆုံး
အမည်ဟာ ပေးသင့် ပေးထိုက်တဲ့ အမည် ဖြစ်ပါတယ်။
နေ့နံ တွဲ အရတော့
ကလေးအတွက် အကျိုးပြုပါတယ်။

ပုတိဖွားကို ပုတိ အစ သိုက် အဆုံးအမည်ပေးရင်
မိဘတွေ နာမည် မခိုက်စေဖို့တော့ သတိထားရမှာ
ဖြစ်ပါတယ်။
ကလေးအတွက်တော့ နေ့နံ အတွဲ အရ
မွေးနံ အစ အညွှန့်အဆုံး အမည်ဖြစ်အတွက်
နေ့နံ အစ အဆုံး အတွဲ အရတော့ အကျိုးပြုပါတယ်။

ဥပမာ မဟာဘုတ် ၁ ကြွင်း တနင်္လာ ပုတိဖွား
ပုတိ အစ သိုက် အဆုံး အမည်ပေးရင်
တနင်္လာ အစ အင်္ဂါ အဆုံး အတွဲ ဖြစ်ပါတယ်။
မွေးနံ အစ အညွှန့် အဆုံး သတ်ထားတဲ့ အတွဲ ဖြစ်ပါတယ်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

11 Nov, 11:58


သွားဆေးခန်းအတွက် အမည်ပေးခြင်း

2021 ခုနှစ်လောက်က ဖြစ်မယ် ထင်ပါတယ်။
လပိုင်းတော့ မမှတ်မိတော့ပါဘူး။
သွားဆေးခန်း အတွက် လုပ်ငန်းအမည် လာမေး
ထားပါတယ်။

သူ့နာမည်က ဖြိုးကျော်ဇင်
1.1.1987 ကြာသာပတေးသား ဖြစ်ပါတယ်။
မွေးချိန် ည 9:10pm
မွေးဖွားရာ ဒေသက မန္တလေးတိုင်းဒေသကြီး ကပါ။

မဟာဘုတ် ၄ ကြွင်းဖွား ကြာသပတေးသား
ပုတိဖွား ဖြစ်ပါတယ်။
အဲ့ဒီတော့ သူ့လုပ်ငန်း သွားဆေးခန်း အတွက် အား
အရှ်ိ ဆုံးဂြိုဟ် ရွှေးချယ် ကြည့်ကြပါစို့။

မူလ မဟာဘုတ် ၄ ကြွင်းဖွားဖြစ်တဲ့ အတွက်
ဘင်္ဂ ဌာန ၄ က စပြီး ချပါ။

မွေးလက ပြာသိုလ ဖြစ်တဲ့ အတွက် ၃ ဂဏန်းက
စချရမှာ ဖြစ်ပါတယ်။

မွေးနံက ကြာသပတေး ဖြစ်တဲ့ အတွက်
၅ ဂဏန်းက စ ချရမှာ ဖြစ်ပါတယ်။


မူလဂြိုဟ် အောက်ရှိဂြိုဟ်များနှင့် ပေါင်းရကိန်းဟာ
(၁၀) အထက်ကျော်လျှင် အားရှိသောဂြိုဟ်ဖြစ်ပြီး (၁၀) အောက်ရသော ဂြိုဟ်များမှာ အားမဲ့သော ဂြိုဟ်များဖြစ်
ပါတယ်။

အားကောင်းသောဂြိုဟ်ဟာ ဇာတာရှင်ကိုဘ၀တစ်လျှောက်လုံး အကျိုးပြုသောဂြိုဟ် ဖြစ်ပါတယ်။အားမဲ့သောဂြိုဟ်ဟာ ဇာတာရှင်ကို အကျိုးမပေး ရုံသာမက ထိခိုက်နစ်နာခြင်းကို ဖြစ်စေတတ်ပါတယ်
(၁၀)ကျော်သော ဂြိုဟ်လည်းဖြစ်၊ ဇေယျ၊ ၀ရ၊ လာဘ ဂြိုဟ်လည်းဖြစ်ခဲ့ယင် အထူးအကျိုးပေးပါတယ်။

ခု ဖြိုးကျော်ဇင် ဇာတာအရ
#ကြာသပတေးဂြိုဟ်ဟာ ၁၂အား၊
#သောကြာဂြိုဟ်ဟာ ၁၅အား၊
#ဗုဒ္ဓဟူးဂြိုဟ်ဟာ ၁၁အား ၊ ဖြစ်ပြီး
အားကောင်းသော ဂြိုဟ်များ ဖြစ်ပါတယ်။

မူလတိုင်မှာ ကြည့်ပါက သောကြာဂြိုဟ်ဟာ
၀ရဌာနမှာ ရှိပြီး (၁၅)အား ရသောဂြိုဟ် ဖြစ်သော
ကြောင့် ဖြိုးကျော်ဇင် ဘ၀တစ်လျှောက်လုံး ဂြိုဟ်ပရိယာယ်အားလျော်စွာ အကျိုးပေး ကောင်းမွန်စေပါတယ်။
ဒါကြောင့် သူ့ရဲ့ သွားဆေးခန်း လုပ်ငန်းအတွက်
အစ အလုံး အဖြစ် ရွှေးချယ်လို့ ရပါတယ်။

နောက်ထပ် ဒုတိယ
ကြာသပတေးဂြိုဟ်ဟာ
ဇေယျဌာနမှာ ရှိပြီး (၁၂)အား ရသောဂြိုဟ် ဖြစ်သော
ကြောင့် ဖြိုးကျော်ဇင် ဘ၀တစ်လျှောက်လုံး ဂြိုဟ်ပရိယာယ်အားလျော်စွာ အကျိုးပေး ကောင်းမွန်စေပါတယ်။
ဒါကြောင့် သူ့ရဲ့ သွားဆေးခန်း လုပ်ငန်းအတွက်
သောကြာ အစ နေ့နံနဲ့
ကြာသပတေး အစ နေ့နံများ သွားဆေးခန်း အတွက်
ရွှေးချယ် ပေးလိုက်ပါတယ်။

#အောင်သိဒ္ဓိ

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

07 Nov, 20:48


ရင်သွေးအတွက် အနာဂတ်ဟောစာတမ်း

ကိုယ့်ရင်နဲ့အမျှချစ်ရတဲ့၊ ကြင်နာရတဲ့၊ ယုယ ရတဲ့ရင်သွေးငယ်တို့ရဲ့အချစ်ရေးတွေကို ကြိုသိထား ယင်မကောင်းဘူးလား။ ရင်သွေးတစ်ယောက်ရလာ တာနဲ့ဒီရင်သွေးရဲ့ကံကြမ္မာကို သိထားယင် သူ့အတွက်ဆောင်သင့်တာ၊ ရှောင်သင့်တာ၊ သတိပြုသင့် တာ၊ဂရုစိုက်သင့်တာတွေသိလာမယ်၊ သူတို့လေး တွေရဲ့ရှေ့ရေး၊ သူတို့လေးတွေရဲ့အနာဂတ်လှပလာ အောင်ဖန်တီးပေးနိုင်မယ်မဟုတ်လား။ ဒီတော့ ရင်သွေးရှိသူတိုင်းအတွက် သိမှတ်စရာလေးတွေကို အမှတ်တရဖော်ပြပေးပါရစေ။
အဓိကသိထားရမှာကတော့ သားငယ်၊သမီး ငယ်တို့ရဲ့မွေးရက်ပါဘဲ၊ ဒီမွေးရက်ဟာ မြန်မာ သင်္ကြန်တက်တဲ့နေ့ကနေ ဘယ်နှစ်ရက်ကွာခြား တယ်ဆိုတာ ရေတွက်ထားရပါမယ်။ ဒါဆိုယင် သူတို့ ကံကြမ္မာကိုသိဖို့ကတော့ ဟောဒီလိုလွယ်လွယ်လေး ပါဘဲ။

(၁) သင်္ကြန်အတက်နေ့မှ ၁၇ရက်အတွင်းမွေးဖွား သူ
ကလေးငယ်တွေဟာ တနင်္ဂနွေဂြိုဟ်ရဲ့အားကောင်းတဲ့အုပ်စိုးမှုကို ခံရတဲ့ကလေးတွေဖြစ်ပါတယ်၊ ဒါကြောင့်မို့ထွန်းကားပေါက်မြောက်မယ့်သူတွေလို့ သတ်မှတ်နိုင်ပါတယ်၊ ဉာဏ်ရည် ထက်မြက်မှုရှိမယ့်ကလေးတွေပါဘဲ။
ကျန်းမာရေးနဲ့ပတ်သက်ပြီးရင်တော့ နှလုံးသွေး၊ မျက်စိဆိုင်ရာရောဂါတွေဖြစ်တတ်တယ်။
ဒီကလေးငယ်တွေချုချာယင် သံကိုလက်စွပ်ကွင်း ပြီး၀တ်ထားပေးရပါမယ်၊ ကျွေးရမယ့်ဓါတ်စာတွေက ဘာလီ၊ ဆန်ပြုတ်၊ ချင်း၊ လေးညှင်း၊ ဇာတိပ္ဖိုလ်၊ လိမ္မော်၊ ရှောက်၊ သံပုရာတို့ပါဘဲ၊ အများဆုံးတိုက် ကျွေးသင့်တာကတော့ ပျားရည်ပဲဖြစ်ပါတယ်။ ကျန်းမာ ရေးအထူးဂရုစိုက်ရမယ့် အရွယ်တွေကတော့ ၁နှစ်၊ ၄နှစ်၊ ၁၀နှစ်၊ ၁၃နှစ်တို့မှာ ဖြစ်ပါတယ်။


အဲဒီ့လို ၁၇ရက်အလွန်ကနေ နောက် ၃၀ ရက်အတွင်း
မွေးဖွားသူ ကလေးများကတော့ အင်္ဂါဂြိုဟ်က အုပ်စိုးပါတယ်။ သူတို့လေးတွေဟာ အသက်ကြီးပိုင်း မှာကောင်းစားပါလိမ့်မယ်။ အရက်သေစာနဲ့ မူးယစ် ဆေးဝါးတွေကို ရွံအောင်၊ မုန်းအောင်၊ ကြောက် အောင်ဆိုဆုံးမဖို့ အထူးအရေးကြီးပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာကတော့ ကျောက်၊ ၀က်သက်နှင့်အဖျားအမျိုးမျိုးပါဘဲ။
ရင်သွေးငယ်ဟာ ချူချာတယ်ဆိုယင် ကျောက် နီကိုသံနဲ့လက်စွပ်ကွင်းပြီး၀တ်ဆင်ပေးရမှာဖြစ်ပါတယ်။ ဓါတ်စာတွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ကောင်းတို့ဖြစ်ပြီးဂရုစိုက်ရမယ့်အသက်အရွယ်တွေက ၉နှစ်၊ ၁၈နှစ်အရွယ်‌ တွေ ဖြစ်ပါတယ်။


(၂) သင်္ကြန်တက်ပြီး ပထမရက်၃၀နဲ့နောက်ရက် ၃၀ကြားမွေးဖွားတဲ့ရင်သွေးတွေအတွက်ကတော့
သောကြာဂြိုဟ်အုပ်စိုးခံရသူများ ဖြစ်ပါတယ်၊ ဒီကလေးတွေဟာ အလှအပမြတ်နိုးမယ်၊ အပျော် အပါးနှစ်သက်မယ်၊ ဘာကိုမှသိပ်အလေးအနက်မ ထားတတ်ပါဘူး၊ သူတို့အတွက် ဆောင်ထားပေးရမှာ က ငွေနဲ့လုပ်ထားတဲ့လခြမ်းပုံပါလည်ဆွဲဖြစ်ပါတယ်၊ ၁၅နှစ်၊ ၁၆နှစ်ကျန်းမာရေးဂရုစိုက်ရမယ်။
သူဖြစ်တတ်တဲ့ ဝေဒနာကအထူးသဖြင့်က တော့အဆုတ်ရောင်ရောဂါပဲ၊ ဒါကြောင့်သူ့အဖို့ လေကောင်း
လေသန့်ရဖို့အရေးကြီးပါတယ်၊ ပဲအမျိုးမျိုး၊ သစ်ချသီး၊ တယ်သီး၊ သဖန်းသီး၊ နှင်းဆီပွင့်နဲ့ နှင်းဆီရွက်တို့ကို ဓါတ်စာအဖြစ်ကျွေးသင့်တယ်။

(၃) သင်္ကြန်တက်ပြီးရက်၆၀ကနောက်ရက်၃၀အတွင်းမွေးဖွားတဲ့ရင်သွေးဟာ ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးသူ ဖြစ်ပါတယ်၊
ဒီရင်သွေးကို သန္ဓေရစဉ်ကတည်းက မိဘတွေဟာစီးပွားရေးပြေ လည်လာမယ်။ ဖြစ်တတ်တဲ့ဝေဒနာတွေက အကြော ရောပါဂါ၊ အဖောအရောင်၊ အိပ်မရရောဂါများ၊ ကိုယ် လက်တစ်ခြမ်းသေပဲဖြစ်တက်ပါတယ်။ ၅နှစ်၊ ၁၄နှစ်အရွယ် မှာ အထူးဂရုစိုက်ရမယ်။
ဒီရင်သွေးအတွက် အိပ်ရေး၀ဖို့၊ အနားရစေ ဖို့အရေးကြီးသလို စိတ်ငြိမ်အေးချမ်းတဲ့ ပတ်၀န်း ကျင်လည်းလိုအပ်ပါတယ်၊ ချူချာတယ်ဆိုယင်တော့ ငွေ လက်စွပ်၀တ်ဆင်ပေးရမယ်၊ ပေါင်မုန့်၊ မုန်လာဥ၊ ကရဝေးစေ့၊ သစ်ချသီးနဲ့အခွံမာတဲ့သစ်သီးတွေကို ဓါတ်စာအဖြစ်ကျွေးပေးရပါမယ်။

(၄) သင်္ကြန်တက်ပြီးရက်၉၀ကနေ နောက်၃၀ ရက်အတွင်းမွေးဖွားတဲ့ရင်သွေးငယ်ဟာ တနင်္လာဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ရဲ့စိုးမိုး ခြင်းကိုခံရပါတယ်။ ဒီကလေးငယ်တွေဟာ ချူချာတတ်ပါတယ်၊ စိတ်ဓါတ်ရေးရာပျော့ညံ့တယ်၊ အလွယ်တကူ စိတ်ထိခိုက်တတ်တယ်၊ ကျန်းမာရေးအထူးဂရုစိုက် ရမယ့်ကလေး တွေပါပဲ၊ ၂နှစ်၊ ၇နှစ်၊ ၁၁နှစ်၊ အရွယ်တွေမှာ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဒီကလေးငယ်ကိုလေကောင်းလေသန့်ရစေ ဖို့အရေးကြီးပါတယ်၊ အဆောင်အဖြစ်ပုလဲကို ရွှေနဲ့ ဖြစ်ဖြစ်၊ ငွေနဲ့ဖြစ်ဖြစ်ကွင်း၀တ်ရမယ်။ သူဖြစ်တတ် တဲ့ရောဂါတွေက အစာမကြေရောဂါ၊ အစာအိမ် ရောဂါအမျိုးမျိုး၊ ၀မ်းဗိုက်ဖောရောင်တာတို့ဖြစ်ကြ ပါတယ်၊ ဓါတ်စာအဖြစ် သောက်သုံးသင့်တာက အသီးအမျိုးမျိုးရဲ့အရည်ပဲဖြစ်ပါတယ်၊ ဖရဲသီးစားလို့တည့်ပါတယ်။


(၅) သင်္ကြန်တက်ပြီးရက်ပေါင်း၁၂၀ကနောက်၃၀ ရက်အတွင်းမွေးတဲ့ကလေးငယ်များဟာ တနင်္ဂနွေဂြိုဟ်နဲ့ယူရေးနပ်ဂြိုဟ်တို့ စိုးမိုးခြင်း ကိုခံရပါတယ်၊ ဒီကလေးတွေဟာ စိတ်ကြီးတယ်၊ ဒေါသကြီးတယ်၊ ထက်မြက်တယ်။ သူတို့ကို၄နှစ်၊ ၁၀နှစ်၊ ၁၃နှစ်အရွယ်မှာ အထူးဂရုစိုက်ရပါမယ်။
နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါ၊ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခါးနာ၊ ခေါင်းကိုက်စတဲ့ရောဂါတွေနဲ့ သမားတော်တွေမှ ကု သနိုင်မှ ကျန်းမာနိုင်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

07 Nov, 20:48


မယ့် ရောဂါတွေဖြစ်တတ်ပါတယ်။
ဓါတ်စာအဖြစ် သင့်လျော်တာတွေက ဇာတိပ္ဖိုလ်၊ လေးညှင်း၊ ချင်း၊ သံပုရာ၊ လိမ္မော်၊ ရှောက်စသည်တို့ပါဘဲ။ ရှောင်ရမယ့်အစာတွေက အဆိမ့်လွန်၊ အချိုလွန်၊ အချဉ်လွန်၊ အငန်လွန်အစာ တွေဖြစ်ပါတယ်(ရောဂါတွေကုသရာမှာ လျှပ်စစ်ဓါတ် နဲ့ကုသတာတို့၊ စိတ်ညှို့ပြီးကုသတာတို့ကို ဆောင် ရွက်နိုင်ပါတယ်။) ဆောင်ရမှာက ပယင်းကို ရွှေနဲ့ ကွင်းထားတဲ့လက်စွပ်ပါ။


(၆) သင်္ကြန်တက်ပြီးရက်ပေါင်း၁၅၀ကနေ နောက် ရက်ပေါင်း၃၀အတွင်းမွေးဖွားတဲ့ရင်သွေးငယ်တို့ဟာ
ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးတာကိုခံရသူလေးတွေပါဘဲ၊ ဒါကြောင့်အပိုဒ်(၃)မှာပြောခဲ့တဲ့အတိုင်း ထပ်ပြောရရင်
ဒီရင်သွေးကို သန္ဓေရစဉ်ကတည်းက မိဘတွေဟာစီးပွားရေးပြေ လည်လာမယ်။ ဖြစ်တတ်တဲ့ဝေဒနာတွေက အကြော ရောပါဂါ၊ အဖောအရောင်၊ အိပ်မရရောဂါများ၊ ကိုယ် လက်တစ်ခြမ်းသေပဲဖြစ်တက်ပါတယ်။ ၅နှစ်၊ ၁၄နှစ်အရွယ် မှာ အထူးဂရုစိုက်ရမယ်။
ဒီရင်သွေးအတွက် အိပ်ရေး၀ဖို့၊ အနားရစေ ဖို့အရေးကြီးသလို စိတ်ငြိမ်အေးချမ်းတဲ့ ပတ်၀န်း ကျင်လည်းလိုအပ်ပါတယ်၊ ချူချာတယ်ဆိုယင်တော့ ငွေ လက်စွပ်၀တ်ဆင်ပေးရမယ်၊ ပေါင်မုန့်၊ မုန်လာဥ၊ ကရဝေးစေ့၊ သစ်ချသီးနဲ့အခွံမာတဲ့သစ်သီးတွေကို ဓါတ်စာအဖြစ်ကျွေးပေးရပါမယ်။


(၇) သင်္ကြန်တက်ပြီးရက်ပေါင်း၁၈၀ကနေ နောက် ရက်ပေါင်း၃၀အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ
သောကြာဂြိုဟ်ကဘဲ စိုးမိုးပြန်ပါတယ်၊ ဒါကြောင့်အပိုဒ်(၂)မှာ ပြောခဲ့တဲ့အတိုင်း ပြောရရင်
၊ ဒီကလေးတွေဟာ အလှအပမြတ်နိုးမယ်၊ အပျော် အပါးနှစ်သက်မယ်၊ ဘာကိုမှသိပ်အလေးအနက်မ ထားတတ်ပါဘူး၊ သူတို့အတွက် ဆောင်ထားပေးရမှာ က ငွေနဲ့လုပ်ထားတဲ့လခြမ်းပုံပါလည်ဆွဲဖြစ်ပါတယ်၊ ၁၅နှစ်၊ ၁၆နှစ်ကျန်းမာရေးဂရုစိုက်ရမယ်။
သူဖြစ်တတ်တဲ့ ဝေဒနာကအထူးသဖြင့်က တော့အဆုတ်ရောင်ရောဂါပဲ၊ ဒါကြောင့်သူ့အဖို့ လေကောင်း
လေသန့်ရဖို့အရေးကြီးပါတယ်၊ ပဲအမျိုးမျိုး၊ သစ်ချသီး၊ တယ်သီး၊ သဖန်းသီး၊ နှင်းဆီပွင့်နဲ့ နှင်းဆီရွက်တို့ကို ဓါတ်စာအဖြစ်ကျွေးသင့်တယ်။

(၈) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၁၀ကနေနောက် ၃၀ရက်အတွင်း မွေးဖွားသူတို့ကို
အင်္ဂါဂြိုဟ်ကဘဲ စိုးမိုးပါတယ်၊ အင်္ဂါဂြိုဟ်စိုးမိုး တာမို့သင်္ကြန်တက်ပြီး ၁၇ရက်ကနေ နောက်၂၃ရက် အတွင်း မွေးဖွားတဲ့ရင်သွေးငယ်တွေလိုဘဲ မှတ်သား နိုင်တယ်။ (အသက်ကြီးသွားယင်တော့ ကွာခြား သွားလေ့ရှိပါတယ်။)


(၉) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၄၀ကနောက် ရက်၃၀အတွင်း မွေးဖွားယင် ကြာသပတေးဂြိုဟ်က စိုးမိုးပါတယ်၊ သူတို့ အသက်၃နှစ်၊ ၁၂နှစ်မှာ ကျန်းမာရေးအထူး ဂရုပြုရမယ်။
ကိုယ်လက်လှုပ်ရှား၊ အားကစားလုပ်တာ၊ အခြားအလုပ်တွေလုပ်တာမို့၊ ခန္ဓာကိုယ်အောက်ပိုင်း ၊နာကျင်ကိုက်ခဲတတ်မယ်၊ အကြောတက်တယ်။ အ ရေပြားရောဂါတွေ၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အ နားယူတတ်ဖို့ လိုပါတယ်။
အကြောရောဂါဖြစ်ယင်၊ ကိုက်ခဲတာဖြစ်ယင်၊ ဇာတိပ္ဖိုလ်သီးကို ဆားနဲ့သွေးပြီး ခပ်ထူထူလေးမ ကြာခဏလိမ်းပေးရမယ်။ သင့်လျှော်တဲ့ ဓါတ်စာတွေ ကတော့ မြက်၊ ကညွတ်၊ ချယ်ရီသီး၊ နာနတ်သီး၊ စပျစ်သီး၊ ဒန်းသီး၊ သဖန်းသီးတို့ပါဘဲ။ ကျန်းမာရေး ချူချာယင် ခဲမဖြူကို လက်စွပ်ကွင်း၀တ်ရမယ်။


(၁၀) သင်္ကြန်တက်ပြီးရက်ပေါင်း၂၇၀ကနောက် ထပ်ရက်ပေါင်း၆၀အတွင်းမွေးဖွားတဲ့ရင်သွေးငယ် တို့ကို
စနေဂြိုဟ်ကစိုးမိုးပါတယ်။
ဒီရက်အတွင်း မွေးဖွားတဲ့စနေသားသမီးဟာ မိဘကို
ဒုက္ခပေးတတ်ပါတယ်၊(တစ်ခြားရက်တွေမှာမွေး တဲ့စနေသားသမီးတွေဟာ ဒုက္ခမပေးတတ်ပါဘူး။)
ကျန်းမာရေးဂရုစိုက်ရမယ့် အရွယ်က ၄နှစ်နဲ့ ၈နှစ်အရွယ်မှာဖြစ်ပါတယ်၊ ဖြစ်တတ်တဲ့ရောဂါတွေက အသည်းရောဂါ၊ သည်းခြေရောဂါ၊ အူသိမ်မှာဖြစ် တတ်တဲ့ရောဂါ၊ ထုံကျင်ကိုက်ခဲ၊ သွေးအဆိပ်တက် ရောဂါတွေပါဘဲ၊ အသားနည်းနည်းဘဲကျွေးပြီး အသီး အရွက်များများကျွေးပေးရမယ်။ ခေါင်းကိုက်ယင် ဂရုမန်းသူယောင်မြစ်ကိုရှုနိုင် ပါတယ်၊ ထုံကျင်နာဆိုယင်တော့ အဲဒီ့အမြစ်ကိုသွေး လိမ်းပေးရမယ်၊ ကျန်းမာရေးအတွက် ခဲဆွဲပေးထားရ မယ်။

(၁၁) သင်္ကြန်တက်ပြီး ရက်ပေါင်း၃၃၀ကနေ တစ် ကြိမ်သင်္ကြန်ကျလို့ အကြတ်နေ့အထိ ရက်ပေါင်း၃၀ အတွင်းမွေးဖွားသူတို့ကိုကြာသပတေးဂြိုဟ်ကဘဲ စိုးမိုးပါတယ်။
ဒီတော့မှတ်သားစရာတွေ၊ဆောင်စရာ၊ရှောင်စရာတွေက အပိုင်း(၉)လိုပဲဖြစ်ပါတယ်။


ကဲ.ဒီလိုကိုယ့်ရင်သွေးမွေးတဲ့ရက်ကိုမူတည် ပြီး စိုးမိုးတဲ့ဂြိုဟ်အရ၊ ကြိုတင်သိထားယင် ကိုယ့်ရင် သွေးကိုဘယ်လိုပြုစုစောင့်ရှောက်သင့်တယ်ဆိုတာ ရိပ်စားမိလောက်ပါပြီ။
မိဘတိုင်းရင်သွေးများကိုထိထိရောက်ရောက်ချစ်ခင်ယုယနိုင်ပါစေ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:07


မဟာဘုတ် ၀ ကြွင်း စနေ သားသမီးများဟာ
ရာဟုသက်ရောက် ၂၇ ၊ ၃၅ ၊ ၄၃ ၊ ၅၁ ၊ ၅၉ နှစ်
အသက်ပိုင်းတွေမှာ မိမိ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေရရှိခြင်း ၊ ပစ္စည်ဥစ္စာ တိုးပွားလာခြင်း ၊ အမွေအနှစ်များ ရရှိခြင်း ၊ အလုပ်အကိုင်များ အဆင်ပြေလာခြင်း ၊
နိုင်ငံရေး သမားတစ်ယောက်ဆိုရင် အဲ့ဒီ အသက်ပိုင်း
တွေမှာ အာဏာ နေရာဌာန ရရှိခြင်း ဖြစ်စေပါတယ်

တနင်္လာသက်ရောက်ဖြစ်တဲ့ ၂၂ နှစ်မှာတော့
သတိထားရပါလိမ့်မယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:07


မဟာဘုတ် ၀ ကြွင်း သောကြာ သားသမီးများဟာ
အင်္ဂါသက်ရောက် ၂၈ ၊ ၃၆ ၊ ၄၄ ၊ ၅၂ ၊ ၆၀ နှစ်
အသက်ပိုင်းတွေမှာ မိမိ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေရရှိခြင်း ၊ ပစ္စည်ဥစ္စာ တိုးပွားလာခြင်း ၊ အမွေအနှစ်များ ရရှိခြင်း ၊ အလုပ်အကိုင်များ အဆင်ပြေလာခြင်း ၊
နိုင်ငံရေး သမားတစ်ယောက်ဆိုရင် အဲ့ဒီ အသက်ပိုင်း
တွေမှာ အာဏာ နေရာဌာန ရရှိခြင်း ဖြစ်စေပါတယ်။

တနင်္ဂနွေသက်ရောက် ဖြစ်တဲ့
၂၆ ၊ ၃၄ ၊ ၄၂ ၊ ၅၀ ၊ ၅၈ နှစ်တွေမှာ ဆုံးရူံးမူ့တွေ
ကြုံရတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:07


မဟာဘုတ် ၀ ကြွင်း ကြာသပတေး သားသမီးများဟာ
‌စနေသက်ရောက် ၃၂ ၊ ၄၀ ၊ ၄၈ ၊ ၅၆ ၊ ၆၄ နှစ်
ရာဟုသက်ရောက် ၂၆ ၊ ၃၄ ၊ ၄၂ ၊ ၅၀ ၊ ၅၈ နှစ်
အသက်ပိုင်းတွေမှာ မိမိ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေရရှိခြင်း ၊ ပစ္စည်ဥစ္စာ တိုးပွားလာခြင်း ၊ အမွေအနှစ်များ ရရှိခြင်း ၊ အလုပ်အကိုင်များ အဆင်ပြေလာခြင်း ၊
နိုင်ငံရေး သမားတစ်ယောက်ဆိုရင် အဲ့ဒီ အသက်ပိုင်း
တွေမှာ အာဏာ နေရာဌာန ရရှိခြင်း ဖြစ်စေပါတယ်။

ကြာသပတေးသက်ရောက်၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ နှစ်
ဗုဒ္ဓဟူးသက်ရောက် ၃၉ ၊ ၄၇ ၊ ၅၅ ၊ နှစ်တွေမှာ
ဆုံးရူံး နစ်နာမူ့တွေ ကြုံရတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:06


မဟာဘုတ် ၀ ကြွင်းဗုဒ္ဓဟူး အဓိပတိဖွား သားသမီးများ
သူတို့ကတော့ အခြား မဟာဘုတ် ၀ ကြွင်းဖွားတွေထက်
ထူးခြားတယ်ပဲ ပြောရပါလိမ့်မယ်။
ကမ္ဘာပေါ်ရှိ ၀ ကြွင်းဖွား သမ္မတတွေ ထဲမှာ
၀ ကြွင်းဖွား ဗုဒ္ဓဟူး အဓိပတိဖွား သမ္မတတွေက များပါတယ်။
၀ ကြွင်းဖွား တွေထဲမှာတော့ အဓိပတိဖွား ဗုဒ္ဓဟူးသား
သမီးတွေက သမ္မတ ပိုပြီး အဖြစ်များတယ်လို့ မှတ်ယူ
နိုင်ပါတယ်။

နောက်ထက်ထူးခြားချက်ကတော့
ကြာသပတေးသက်ရောက်ဖြစ်တဲ့ ၃၅ ၊ ၄၃ ၊ ၅၁ ၊ ၅၉ ၊
နှစ်တွေနဲ့ သောကြာ သက်ရောက်ဖြစ်တဲ့
၂၉ ၊ ၃၇ ၊ ၄၅ ၊ ၅၃ ၊ ၆၁ နှစ်တွေမှာ
နှစ်တွေမှာ ပစ္စည်းဥစ္စာတိုးပွားလာခြင်း ဆုံးရူံးခြင်း
ရာထူးအာဏာရရှိလာခြင်း ဖြစ်စေပါတယ်။

အခြား စနေသက်ရောက် ၊ တနင်္လာသက်ရောက်
နှစ်တွေမှာလည် အထက်ကပြောသလို ဖြစ်နိုင်ပါတယ်။
သူတို့ မှည့်ထားတဲ့ နာမည် ဆက်သွယ်ချက်တွေနဲ့လည်
သက်ဆိုင်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:06


မဟာဘုတ် ၀ ကြွင်း အင်္ဂါ မရဏဖွား သားသမီးများဟာ
တနင်္ဂနွေ သက်ရောက်ဖြစ်တဲ့ ၃၁ ၊ ၃၉ ၊ ၄၇ ၊ ၅၅ ၊ ၆၃
အသက်ပိုင်းတွေမှာ မိမိ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေရရှိခြင်း ၊ ပစ္စည်ဥစ္စာ တိုးပွားလာခြင်း ၊ အမွေအနှစ်များ ရရှိခြင်း ၊ အလုပ်အကိုင်များ အဆင်ပြေလာခြင်း ၊
နိုင်ငံရေး သမားတစ်ယောက်ဆိုရင် အဲ့ဒီ အသက်ပိုင်း
တွေမှာ အာဏာ နေရာဌာန ရရှိခြင်း ဖြစ်စေပါတယ်။

အင်္ဂါသက်ရောက်ဖြစ်တဲ့ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅
စတဲ့ အသက်ပိုင်းနှစ်တွေမှာ ဆုံးရူံး နစ်နာမူ့တွေ
ကြုံရတက်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:06


မဟာဘုတ် ၀ ကြွင်း တနင်္လာ သိုက်ဖွားသားသမီးများ
သူတို့ကျတော့ ရှင်းပြရမှာ နဲနဲ ရူပ်တယ်။
ဘာလို့ရူပ်လည် ဆိုတော့ အသက်အပိုင်းအခြားအရ
အတက်အကျတွေ ရူပ်ထွေးပါတယ်။
အသက်ငယ်ငယ် နဲ့ ပစ္စည်းဥစ္စာတွေ ၊ ရာထူးအာဏာတွေ
ပိုင်ဆိုင်ခွင့် ရသွားရင် အသက် မရှည်တက်ပါဘူး။
အသက်ငယ်ငယ် နဲ့ ပစ္စည်းဥစ္စာတွေ ၊ ရာထူးအာဏာတွေ
ဘာမှ ခံစားခွင့် မရရှိခဲ့ရင်တော့ ၊ အသက်ကြီးမှ
ပိုင်ဆိုင်ခွင့် ရရှိတာမျိုး ဖြစ်စေတက်ပါတယ်။
တစ်နည်းအားဖြင့် အသက်ငယ်ငယ်နဲ့ အသက်မဆုံးရူံး
ခဲ့ရင် အိုဇာတာကောင်းတယ် ပြောရပါလိမ့်မယ်။
အသက်ပိုင်းအားဖြင့် ယေဘုယျအားဖြင့် ပြောရလျှင်
တနင်္လာ သက်ရောက်ဖြစ်တဲ့ ၃၃ ၊ ၄၁ နှစ်တွေမှာ
ရရှိခဲ့ရင်တော့။
ကြာသပတေး သက်ရောက်ဖြစ်တဲ့ ၃၇ ၊ ၄၅ ၊ ၅၃ နှစ်
တွေမှာ ဆုံးရူံးမူ့ နစ်နာမူ့တွေ ကြုံရနိုင်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

05 Nov, 12:05


မဟာဘုတ် ၀ ကြွင်းနှင့် ပစ္စည်းဥစ္စာတိုးပွားမည့်နှစ်များ

မဟာဘုတ် ၀ ကြွင်း တနင်္ဂနွေ ပုတိဖွားသားသမီးများဟာ
တနင်္လာသက်ရောက်ဖြစ်တဲ့
၂၆ ၊ ၃၄ ၊ ၄၂ ၊ ၅၀ ၊ ၅၈ ၊ ၆၆ အသက်ပိုင်းတွေမှာ
ပစ္စည်ဥစ္စာ တိုးပွားလာခြင်း ၊ အမွေအနှစ်များ ရရှိခြင်း
အလုပ်အကိုင်များ အဆင်ပြေလာခြင်း ၊
နိုင်ငံရေး သမားတစ်ယောက်ဆိုရင် အဲ့ဒီ အသက်ပိုင်း
တွေမှာ အာဏာ နေရာဌာန ရရှိခြင်း ဖြစ်စေပါတယ်။

စနေ သက်ရောက်ဖြစ်တဲ့
၂၉ ၊ ၃၇ ၊ ၄၅ ၊ ၅၃ ၊ ၆၁ ၊ အသက်ပိုင်းတွေမှာ ကျတော့
ဆုံးရူံးမူ့ နစ်နာမူ ၊ မိမိ ပစ္စည်ဥစ္စာများ ယုတ်လျော့ခြင်း
စီးပွားရေး မှာ ဆုံးရူံးမူ့ ဖြစ်ခြင်း ၊ မိမိ နေရာဌာန အာဏာ
များ လက်လွတ်ဆုံးရူံးမူ့ ကြုံတွေ့ရ စေနိုင်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:31


မဟာဘုတ် ၃ ကြွင်း အဓိပတိဖွား စနေသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
စနေ အစ ဗုဒ္ဓဟူး အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
စနေဂြိုဟ်ကနေ ဗုဒ္ဓဟူးဂြိုဟ်တွဲထားတဲ့ အတွက်
စီးပွားရေး အလုပ်အကိုင် နဲ့ ပက်သက်ပြီး ခဏဏ
လူ လိမ်ခံရတက်ပါတယ်။
ဘ၀မှာ မိတ်ကောင်း ဆွေကောင်း တွေ့ရဖို့ အတွက်
အလွန် ကံနဲတဲ့ အမည်ပိုင်ရှင်များ ဖြစ်သွားပါတယ်။


ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:31


မဟာဘုတ် ၂ ကြွင်း အဓိပတိဖွား သောကြာသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
သောကြာ အစ အင်္ဂါ အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
သောကြာဂြိုဟ်ကနေ အင်္ဂါဂြိုဟ် တွဲထားတဲ့ အတွက်
စီးပွားရေး အညွှန့်တလူလူ ဖြစ်ချိန်မှာ အညွှန့်ကျိုးတက်
တဲ့ အတွက် အလွန် သတိထားရပါလိမ့်မယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:31


မဟာဘုတ် ၁ ကြွင်း အဓိပတိဖွား ကြာသပတေးသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
ကြာသပတေး အစ တနင်္လာ အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
ကြာသပတေးဂြိုဟ်ကနေ တနင်္လာဂြိုဟ် တွဲထားတဲ့ အတွက် ဘ၀မှာ တပည့်အောက်လက် ငယ်သား
မိမိ သားသမီးကြောင့် ငွေကြေး ဆုံးရူံး နစ်နာမူ့တွေ
ဖြစ်ရတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:30


မဟာဘုတ် ၀ ကြွင်း အဓိပတိဖွား ဗုဒ္ဓဟူးသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
ဗုဒ္ဓဟူး အစ တနင်္ဂနွေ အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
ဗုဒ္ဓဟူးဂြိုဟ်ကနေ တနင်္ဂနွေဂြိုဟ် တွဲထားတဲ့ အတွက်
ဘ၀မှာ စီးပွားရေးနဲ့ ပက်သက်ပြီး ရုန်းကန် ရတက်ပါတယ်
အလုပ်နဲ့ ပက်သက်ပြီး အခဲအခဲတွေ ခဏဏ ကြုံရတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:30


မဟာဘုတ် ၆ ကြွင်း အဓိပတိဖွား အင်္ဂါသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
အင်္ဂါ အစ စနေ အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
အင်္ဂါဂြိုဟ်နဲ့ စနေဂြိုဟ် တွဲထားတဲ့ အတွက်
အများနဲ့ ပက်သက်တဲ့ စပ်တူ ရှယ်ယာ အလုပ်တွေ
လုပ်ရင် အလိမ်ခံရတက်ပါတယ်။
ဘ၀မှာ လူအများနဲ့ စုစပ် လုပ်ရတဲ့ အလုပ်တွေ
အကျိုးမပေးနိုင်တော့ပါဘူး။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:30


မဟာဘုတ် ၅ ကြွင်း အဓိပတိဖွား တနင်္လာသားသမီး
သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
တနင်္လာ အစ သောကြာ အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားမှာပါပဲ။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
တနင်္လာနဲ့ သောကြာတွဲ ထားတဲ့ အတွက်
ဘ၀မှာ နေရာဌာန အခြေချ ရပ်တည်ဖို့ ခက်ခဲ တက်ပါတယ်။ ဘ၀မှာ ဆောက်တည်ရာ မရပဲ ရပ်ဝေးတွေမှာ
အခြေချရတာမျိုး ဖြစ်စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:29


မဟာဘုတ် ၄ ကြွင်း အဓိပတိဖွား တနင်္ဂနွေသားသမီး
ဆိုပါစို့။ သူ့ကို မွေးနံ အစ ပဉ္စပွတ်အဆုံး အမည်ဖြစ်တဲ့
တနင်္ဂနွေ အစ ကြာသပတေး အဆုံး အမည်ပေးလိုက်မယ်
ဆိုရင် မဟာဘုတ်နဲ့ နာမက္ခရတိုင်မှာ ဇောက်ထိုးကြီး
ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။
မူလ ဇာတာ မဟာဘုတ်အရ အဓိပတိကနေ ပုတိ
ဆင်းသက်သွားတဲ့ အမည်ဖြစ်ပြီး
တနင်္ဂနွေ နဲ့ ကြာသပတေး တွဲထားတဲ့ အတွက်
ဘ၀မှာ အလုပ်အကိုင် တွေ စတင်တဲ့ အခါ
မိတ်ဆွေတွေ နှောက်ယှတ်မူ့ကြောင့် ဆုံးရူံး နစ်နာမူ့တွေ
ဖြစ်စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Nov, 12:29


အဓိပတိဖွားတို့ နာမည်ပေးမှားခြင်း

အဓိပတိဖွားတွေကို မွေးနံ အစ ပဉ္စပွတ် အဆုံး အမည်ပေး
ရင် နာမည် မှားပါတယ်။
မဟာဘုတ်မှာပဲ ကြည့်ကြည့် နာမက္ခရတိုင်မှာပဲ
ကြည့်ကြည့် အဓိပတိဖွားကို မွေးနံ အစ ပဉ္စပွတ် အဆုံး
အမည်ပေးလိုင်ခြင်း အားဖြင့်
နာမက္ခရတိုင် အရ ဇောက်ထိုးကြီး ဖြစ်သွားတာ
တွေ့ရပါလိမ့်မယ်။ မဟာဘုတ်အရလဲ ဣဋ္ဌ ဂြိုဟ် အစ
အနိဋ္ဌ အဆုံး ဖြစ်သွားလို့ မသင့်ဘူး ပြောရမှာပါ။

မိတ်ဆွေဟာ အဓိပတိဖွားဖြစ်ပြီး
မွေးနံ အစ ပဉ္စပွတ် အဆုံး အမည်ပေးမိထားရင်
မိမိ အကြွင်းအလိုက် သတိထားသင့်တာလေးတွေ
သတိထားမိလာအောင် ပြောပြချင်းဖြစ်ပါတယ်။
အဲ့ဒီလိုပဲ မိမိအိမ်က အဓိပတိဖွားသားသမီး ရတနာလေး
တွေ အမည်ပေးတော့မယ်ဆိုရင်လဲ သတိထားရ အောင်လို့
ဖြစ်ပါတယ်။
ဟာ ဒီဆရာက ငါတို့ကို မကောင်းတာတွေ ဟောနေတာလို့
လဲ မမြင်စေချင်ပါဘူး။
ဆေးဆရာ၀န်တစ်ဦးဟာ လူရဲ့ ခန္ဓာကိုယ် အတွင်းပိုင်း
ရုပ်အခြေအနေကို သိမြင်စေဖို့ ဓာတ်မှန်ရိုက်ပြီး
ကြည့်ရသလို ဗေဒင်ဆရာဟာလည် ဇာတာကို ဖတ်ပြီး
လူတစ်ဦး တစ်ယောက်ရဲ့ စိတ်နေသဘောထား နဲ့
အနာဂတ် ကံကြမ္မာကို မှန်းဆ ပုံဖော်ကြည့်တာ
ဗေဒင်ပညာရဲ့ အတိက ရည်ရွှယ်ချက် ဖြစ်ပါတယ်။

မိမိရဲ့ အတွင်း စိတ်နေ သဘောထားနဲ့ အနာဂတ် ဘ၀ကို
တစ်ကြိမ် တစ်ခါလောက် ထောက်ပြလိုက်ခြင်း အားဖြင့်
#ကိုယ်ဘ၀မှာပြုပြင်ဖို့လိုအပ်ချက်တွေ
#လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ဆောင် လာနိုင်မှာ ဖြစ်တဲ့ အတွက် ပိုမို ကောင်းမွန်တဲ့
ဘ၀ကို ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
မိမိ စိတ်နဲ့ အနာဂတ်ကို အမှန်အတိုင်း သိမြင်ခြင်းဟာ
လူတော်လူကောင်း တစ်ယောက်ဖြစ်လာစေဖို့
လမ်းစဖြစ်သလို ဗုဒ္ဓရဲ့အဆုံးအမတွေ အတိုင်း
ကျင့်သုံးသွားမယ်ဆိုရင် မြင့်မြတ်တဲ့ ဘုံဘ၀ကို
မလွဲဧကန် ရောက်ရှိမှာ ဖြစ်ပါတယ်။


ကဲ အဲ့ဒီတော့ အကြွင်း တစ်ခုချင်းစီ လေ့လာကြည့်ရ
အောင်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

01 Nov, 10:12


အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



အင်္ဂါသားသမီးတွေကတော့

အရှေ့မြောက်တွင် ရွှေပန်း(သို့) ယုဇနပန်း(သို့)ရွက်လှပန်း စသဖြင့် စိုက်ပါ။

ဘေးကင်းဖို့ သောကြာနေ့ တွင်စိုက်ပါ။ကျန်းမာရေး အတွက် တနင်္လာနေ့မှ စိုက်ပါ။ စီးပွားအတွက်ကတော့ ကြာသပတေးနေ့မှာ စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



ဗုဒ္ဓဟူးသားသမီးတွေကတော့

အရှေ့အရပ်တွင်စိုက်ပါ။ ပန်းအိ(သို့) ဘူးသီး(သို့) ပိန်းပန်း(သို့) ပန်းစက္ကူစသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် စနေနေ့။ ကျန်းမာရေး အတွက် အင်္ဂါ ၊

စီပွားရေး သောကြာနေ့ စိုက်ပါ။ အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



ကြာသပတေးကတော့

အရှေ့တောင်တွင်စိုက်ပါ။ သစ်ခွပန်း(သို့) သခွပ်ပန်း(သို့) ဟင်းနုနွယ်(သို့) သစ်ကျားသီး စသဖြင့်စိုက်နိုင်ပါတယ်။

ဘေးကင်းလိုလျှင် တနင်္ဂနွေ၊ ကျန်းမာလို ဗုဒ္ဓဟူး၊ စီးပွားတက်လျှင်စနေနေ့စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။

သောကြာနေ့သားသမီးတွေကတော့

တောင် အရပ်တွင်စိုက်ပါ။ နှင်းဆီ(သို့) ဒန်း(သို့) နှမ်း(သို့) ထိန်ပင် စသဖြင့် စိုက်နိုင်ပါသည်။ ဘေးကင်းလိုလျှင် တနင်္လာနေ့၊ ကျန်းမာလိုလျှင်ကြာသပတေး ၊စီးပွား တနင်္ဂနွေ နေ့တွင်စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



စနေ သားသမီးများက

အနောက်အရပ်တွင် စိုက်ပါ။
အုန်းပင်(သို့)သြဇာပင်(သို့) အားလူး(သို့) ဥသျှစ်ပင်(သို့) ဧကရာဇ်ပင်စသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် အင်္ဂါ၊ ကျန်းမာရေး သြော ကာ၊ စီးပွားတက်လိုလျှင် တနင်္လာနေ့တွင် စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။

ဓါတ်ပင် စိုက်ပြီးလျှင်မေတ္တာသုတ်ရွတ်၍ နေ့စဉ် အပင်ကို ဂရုစိုက်ပေးပါ။

ကိုယ့်ရဲ့ ကံတက်နေလျှင် အပင်ဟာ ရှင်သန်ပြီး အညွှန့်၊အတက်၊အခက်တွေ ထွက်လာပါလိမ့်မယ်။ အပင်ရဲ့ နမိတ်ကို ကြည့်ပြီး ကံ ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။

ဓါတ်ပင်ဟာ ရှင်သန်ပြီး အညွှန့်တက်လာတယ်ဆိုရင် ကိုယ့်ရဲ့ ကံဟာလည်း ပြန်တက်လာပါတယ်။ ဓါတ်ပင် ညိုးလျှင်၊ သို့မဟုတ် ခြောက်ပြီး သေလျှင် ပရိတ်ကြီး ၁၁ သုတ်ကို ပို၍ ရွတ်ဖတ်ပေးပါ။ကုသိုလ်ကောင်းမှု ပိုလုပ်ပေးရပါမယ်။

ကံညံ့နေတဲ့အတွက် လုပ်ရမဲ့ ယတြာတွေကို ဂရုစိုက်ဖို့လိုပါတယ်။

ဓါတ်ပင်ဟာ စိုက်သူအပေါ်မှာ နမိတ်အဖြစ် သက်ရောက်တတ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့်ကံကြွေးဆိုရင်တောင်မှ ထိခိုက်မှု သက်သာသွားစေပါတယ်။လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကံအခြေအနေကို အကြမ်းဖျဉ်း သိနေတယ်ဆိုရင်ကို ကံကို တင်လို့ရပါတယ်။

ဘေးကင်းလိုရာပြည့်ပါစေ။
#Credittooriginalwriter
မေတ္တာဖြင့်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

01 Nov, 10:12


လူတိုင်းဟာ ၄ နှစ် တစ်ကြိမ်ကံနိမ့်တတ်ပြီး
၈ နှစ် တစ်ကြိမ် မရဏကိန်း ကျတတ်ပါတယ်နော်။ဒါကို ဂရုစိုက်ဖို့အကြံပြုပါတယ်။

တကယ်လို့ ဗေဒင်မမေးဖြစ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ကံ နျိမျ့နတောလား၊ မရဏကိန်းကျနေတာလား ဆိုတာကို ကိုယ့်ကိုယ်ကို စမ်းစစ်လို့ရပါတယ်။

ကံနိမ့်နေချိန်မှာ

အထင်လွဲခံရတတ်ပါတယ်။ စွပ်စွဲခံရတတ်ပါတယ်။

ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်တတ်ပါတယ်။

အတွင်းရန် ဖြစ်တဲ့မိသားစုန့လည်း စိတ်၀မ်းကွဲတတ်ပါတယ်။ အပြင်ရန်ဖြစ်တဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဘက်ကစ စကားပြောဆို ငြင်းခုံ
ရန်ဖြစ်ရတတ်ပါတယ်။

ဒါ့အပြင် သေချာပေါက် ရရမဲ့ အခွင့်အလန်း၊ ငွေ(လာဘ်)တောင်မှ မ၀င်နိုင်၊မရနိုင်အောင် ဖြစ်တတ်ပါတယ်။

ဒါ့အပြင် မရည်ရွယ်ဘဲနဲ့
ဘုန်းကံနိမ့်စရာ ဖြစ်ရပ်တွေ ဖြစ်သွားတာမျိုးလည်း ကြုံရတတ်ပါတယ်။
ဥပမာ ခွေးကိုက်ခံရတာ၊
အကောင်တစ်ကောင်ကောင် အကိုက်ခံရတာ
စတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
မတော်တဆမှုကြုံရတာ

ဒီလို ဖြစ်နေပြီ ဆိုရင်တော့ ကံအားနည်းနေတဲ့ အချိန်လို့နားလည်နိုင်ပါတယ်။

မရဏကိန်းကျနေ ချိန်ကတော့ ပိုဆိုးပါတယ်။ မရဏကိန်းကျတယ်ဆိုတာက ကိုယ့်ရဲ့ သက်ရောက်က မရဏကိန်းကို ကျနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အသက်အပိုင်အခြားတွေမှာ
ကံတရားက ဘဝအခြေအနေ၊ စီးပွားရေပျက်ဆီးကနေ အသက်သေဆုံးတဲ့ အထိ ဖြစ်စေပါတယ်။

မရဏကိန်းကျမကျ ဆိုတာကို
ဗေဒင်မတွက်ဘဲနဲ့ ဘယ်လို သိနိုင်သလဲ ဆိုရင်တော့

အရင်ဆုံး ငွေကြေးဆုံးရှုံးပါတယ်။ လုပ်ငန်း စီးပွား ထိခိုက်ပျက်ဆီးပါတယ်။

ဒါ့အပြင် အိမ်တွင်း အပူကြီးပါတယ်။

ဒါ့အပြင် ကျန်းမာရေးမှာလည်းတရှောင်ရှောင်နဲ့ နေထိုင်မကောင်း ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းကြောင့် ငွေကုန်သွားတတ်ပါတယ်။

နောက်ဆုံး စိတ်ရောလူပါ ထောင်းထောင်းကျေနိုင်တဲ့ စိတ်ဓါတ်ကျစရာတွေ တစ်ခုပြီးတစ်ခ ဆက်တိုက်ကြုံလာရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒီလို ကံအားနည်းနေပြီ၊ မရဏကိန်းကျနေပြီဆိုရင် မဖြစ်မနေ လုပ်ရမှာနဲ့ ရှောင်ရမှာတွေ ရှိပါတယ်။

ရှောင်ရမှာတွေကို အရင်ဆုံးပြောပါမယ်။

(၁)ဘာကြောင့်မှ မစွန့်စားပါနဲ့။

(၂)လောဘမကြီးပါနဲ့၊

(၃)လောင်းကစားမလုပ်မိပါစေနဲ့။

(၄)အပျော်ခရီးမသွားပါနဲ့။ ခရီးသွားလာမှု မများပါစေနဲ့။

(၅)အိမ်ထောင်ရေးမဖောက်ပြန်မိပါစေနဲ့။

(၆)မိဘနဲ့ ငြင်းခုံ၊ရန်ဖြစ်တာမျိုးကို ရှောင်ပါ။

(၇)ခင်ပွန်းကြီး ၁၀ပါးကို ထိခိုက်စေတာမျိုးကိုရှောင်ပါ။

(၈)ရန်ဖြစ်တာ ၊ သူများကို ပြဿနာရှာတာမျိုး
မလုပ်မိပါစေနဲ့။

(၉)သူတပါးထိခိုက်စေမဲ့ အပြောနဲ့လုပ်ရပ်တွေကို
မလုပ်မိပါစေနဲ့။


မဖြစ်မနေလုပ်ရမှာတွေကတော့

(၁)သီလ စောင့်ထိန်းပါ။နေ့စဉ် ဒါနကုသိုလ်တစ်ခုကို ပြုဖြစ်အောင်ပြုပါ။

(၂)ကံနိမ့်နေတယ်ဆိုရင် မေတ္တာသုတ်ကို နေ့စဉ် ပူဇော်ပြီး သမ္ဗုဒ္ဓေဂါထာ(သို့)ဂုဏ်တော်ကိုးပါးကို သက်စေ့ ပူဇော်ပါ။

မရဏကိန်းကျနေတယ်ဆိုရင်တော့
ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။ လစဉ် အဓိဋ္ဌာန်တစ်ခုခုကို ၀ငဖြှဈအောငဝြငပြါ။

ဘာသာခြားတွေကတော့သက်ဆိုင်ရာ ဘာသာအလိုက် စောင့်ထိန်းရမှာတွေကိုစောင့်ထိန်းပါ။ဘုရားကျောင်းတက်ပါ။ ဘာသာရေးအစောင့်အရှောက်ရယူပါ။

(၃)ကံနိမ့်နေရင် ခွေးစာကျွေးပါ။

မရဏကိန်းကျနေရင်တော့ သတ္တဝါတွေရဲ့
အသက်ကို ကယ်ပါ။

(၄)ကံနိမ်နေ့ချိန်မှာ
ခင်ပွန်းကြီး ၁၀ပါး ၀နခြကွနတြော့ပါ။ လမ်းပြင်ပေးပါ။
သစ်ပင်စိုက်ပေးပါ။

မရဏကိန်းကျနေစဉ်မှာ
ဆေးဝါးလှူဒါန်းပါ။ ဆင်းရဲနွမ်းပါးသူများအတွက် စားစရာ၊ဆန်၊ဆီ၊ဆား၊ဆေး၊ဆပ်ပြာလှူဒါန်းပါ။

စတာတွေကို တော့အပတ်စဉ် သို့ဟုတ် လစဉ် ပြုလုပ်ပေးရပါမယ်။

လှူဒါန်းတ့ အချိန်မှာလည်း
နေ့သားအလိုက် ယတြာချေတဲ့ သဘောနဲ့ လှူဒါန်းမယ်ဆိုရင်တော့ ပိုပြီး ထိရောက်ပါမယ်။

ဒါ့အပြင် အထူးယတြာအနေနဲ့မွေးနေ့မှာ လုပ်ဆောင်နိုင်မဲ့ ယတြာအလှူလုပ်ပေးနိုင်ပါတယ်။

မွေးနေ့မှာ ဘာတွေလှူရမလဲ ဆိုရင်

၁-တနင်္ဂနွေသားဆိုလျှင် အခြားသူကို နို့နဲ့ကြက်ဥ လှူလိုက်ပါ။

၂-တနင်္လာသားဆိုလျှင် အခြားသူကို အားဆေး နဲ့ ငွေ လှူလိုက်ပါ။

၃-အင်္ဂါသားဆိုလျှင် အခြားသူကို ငွေနဲ့ရေဘူး လှူလိုက်ပါ။

၄-ဗုဒ္ဓဟူးသား ဆိုလျှင် ဆေးနဲ့ ဖိနပ် လှူလိုက်ပါ။

၄-ရာဟုသား ဆိုလျှင် ဆေးနဲ့ လက်ဖက် လှူလိုက်ပါ။

၅-ကြာသပတေးသားဆိုလျှင် ရေနဲ့ ဖိနပ် လှူလိုက်ပါ။

၆-သောကြာသားဆိုလျှင် ဖိနပ်နဲ့ ထီး လှူလိုက်ပါ။

၇-စနေသား ဆိုလျှင် သစ်သီးတစ်မျိုးမျိုးနဲ့ အားဆေး လှူလိုက်ပါ။ မိသားစုဝင်မဟုတ်သော နွမ်းပါးသူ တစ်ဦးတည်းကိုပဲ လှူရင်လည်း ရပါတယ်နော်။

ဒါ့အပြင် ကိုယ့်အတွက် ဓါတ်ပင်စိုက်တဲ့ ယတြာကိုလည်း လုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။

တနင်္ဂနွေနေ့သားသမီးက

မြောက်အရပ်မှာ ဗုဒ္ဓဟူးနေ့ ဂန္ဓမာပင်(သို့)ချဉ်ပေါင်ပင်(သို့)ခရေပင် စိုက်ပါ။ ဘေးကင်းစေဖို့ ဆိုရင် ဗုဒ္ဓဟူးနေ့မှာ စိုက်ပါ။ ကျန်းမာရေးအတွက်ဆိုရင် စနေနေ့မှာ စိုက်ပါ။ စီးပွားရေးအတွက်ဆိုရင်တော့ အင်္ဂါနေ့မှာ စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



တနင်္လာသားသမီးက

အနောက်တောင်ထောင့် စပါယ်(သို့) စိန်ပန်း(သို့) စကားပန်း(သို့) ညောင်ပင် စသည့်အပင်ထဲမှာတစ်မျိုးအား စိုက်ပါ။

ဘေးကင်းစေဖို့ဆိုလျှင် ကြာသပတေးနေ့မှာ စိုက်ပါ။

ကျန်းမာစေဖို့ဆိုလျှင် တနင်္ဂနွေနေ့၊စီးပွား ဗုဒ္ဓဟူးနေ့စိုက်ပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#အလပ္ပနကာရက
နောက်တစ်မျိုးကတော့ အလပ္ပန ကာရကလို့ ခေါ်ပါတယ်။ မွေးနံကနေ ရှစ်ခွင်မြောက်က ဂြိုဟ်နဲ့ လှမ်းတွဲ မှည့်ထားတဲ့ နာမည် မျိုး တွေပါ။
ဥပမာ အောင်သူ၊ ကျော်အောင် ၊ စိုးကို၊ ဝင်းဆွေ၊
ထူးဝေ၊ မိုးထက်၊ ရဲမင်း၊ သန်းရင် ဆိုတဲ့ နာမည်မျိုးတွေ ဖြစ်ပါတယ်။
တနင်္ဂနွေကို မူတည်ပြီး ဇယားနဲ့ ကြည့်ပါ။


အလပ္ပန ကာရက အမည်ရှင်တွေဟာ အကျိုးပေးရင်
တခြားမှာ ရှိတဲ့ပစ္စည်း တွေ၊ ငွေ ပစ္စည်း‌တွေ ကိုယ်ပိုင်
အဖြစ် ရရှိတတ်ပါတယ်။
ဆုံးနေတဲ့ ပစ္စည်းတောင် ပြန်ဝင်လာတတ်ပါတယ်။
အကျိုးမပေးတဲ့ သူဆိုရင် ကိုယ်ပိုင် ပစ္စည်း ရွှေငွေ
ခဏဏ အလိမ်ခံရ ပျောက်ဆုံး ဆုံးရူံးတာတွေ
ဖြစ်တက်ပါတယ်။
ယတြာ အနေနဲ့
သံဃာတော်တွေကို အိမ်မှာပင့်ပြီး မကြာခဏ အလှူလုပ်လို့
ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#ဩကာသကာရက
နောက်တစ်မျိုးကတော့ ဩကာသ ကာရကအမည်မျိုး လို့ ခေါ်ပါတယ်။ မွေးနံကနေ (၇) ခုမြောက် ဂြိုဟ်ခွင်ကနံနဲ့ တွဲထားတာ ဖြစ်ပါတယ်။ အောင်ရင်၊ ကြည်ဟန်၊ စိုးအောင်၊ ဝင်းကို၊ တင်ဆု၊ မင်းလှိုင်၊ ရန်ထွန်း၊ ဟိန်းမိုး . . ဆိုတဲ့ နာမည်မျိုးတွေပါပဲ။
တနင်္ဂနွေကို မူတည်ပြီး ဇယားနဲ့ ကြည့်ပါ။


ဩကာသ ကာရက နာမည်ရှင်တွေကတော့
အကျိုးပေးရင် ဘုရားတရား မမေ့ရင် အဆောက်အဦကောင်းတွေ ရရှိတတ်ပါတယ်။ ဆောက်ရ တတ်ပါတယ်။
အကျိုးမပေးရင်တော့ ဘ၀မှာ နေရာ ဌာန နဲ့ ပက်သက်ပြီး
အခက်တွေ့ ရတက်ပါတယ်။
ယတြာအနေနဲ့ စာသင်ကျောင်းတို့၊ ဇရပ်တို့ ၊ ဘာသာရေး အဆောက်အဦတို့ ကုသိုလ် အနေနဲ့ ပြင်ဆင်ပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#အပါဒါနကာရက
နောက်တစ်မျိုးက အပါဒါန ကာရက နာမည်မျိုးတွေပါပဲ။ မွေးနံကနေ ခြောက်ခုမြောက် ဂြိုဟ်ခွင်က နံနဲ့ တွဲမှည့်ထားတဲ့ နာမည်မျိုးတွေ ဖြစ်ပါတယ်။
တနင်္ဂနွေကို မူတည်ပြီး ဇယားကို ကြည့်ပါ။
ဥပမာ . . . အောင်မိုး ၊ ကျော်ရင်၊ စိုးသန့်၊ ဝင်းအောင်၊ ထွန်းခိုင်၊ မြတ်စု၊ ရွှေဝင်း၊ ဟိန်းထက် ဆိုတဲ့ နာမည်မျိုးတွေကို ခေါ်ပါ တယ်။


ဒီ နာမည်မျိုးတွေ ကတော့ အငြိမ် မနေဘဲ သွားလာ လှုပ်ရှားရတဲ့ အလုပ်မျိုးတွေကို အင်မတန် သဘောကျတတ် ကြပါတယ်။
အပါဒါန ကာရက အမည်ရှင်တွေဟာ အကျိုးပေးရင်
ဘာသာတရား မမေ့ရင်၊ သွားလာ လှုပ်ရှားမှုရှိတဲ့ စီးပွားရေး မှန်သမျှနဲ့ အောင်မြင်ပါမယ်။ ခရီးကောင်းတွေချည်း သွားနေ ထိုင်ရတက်ပါတယ်။
အကျိုးမပေးရင်တော့ ၊ ဘ၀မှာ နေရာဌာန အလုပ်
အတည်တကျမရှိပဲ အမြဲ ပြောင်းလဲ နေထိုင် အလုပ်
လုပ်ရတက်ပါတယ်။
ယတြာ အနေနဲ့
လှုပ်ရှားမှု ရှိတဲ့ အရာဝတ္ထုတွေကို လှူဒါန်းလို့ ရပါတယ်။ ဥပမာ . . . တံမြက်စည်း၊ ပန်ကာ စတဲ့ ပစ္စည်းတွေပါ

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#ကရဏကာရက
နောက်နာမည် အုပ်စုကတော့ ကရဏ ကာရက နာမည်မျိုးတွေ ဖြစ်ပါတယ်။ မွေးနံကနေ ငါးခုမြောက်ခွင်က ဂြိုဟ်နဲ့ လှမ်းတွဲ ထားတာ ဖြစ်ပါတယ်။
ဇယားနဲ့ပြရရင် တနင်္ဂနွေကို နမူနာကြည့်ပါ။


ဥပမာ . . အောင်ထွန်း၊ ဆုရင်၊ ဝင်းသန့်၊ ထူးအောင်၊
မင်းကို၊ ရွှေစု၊ ဟိန်းလင်းဆိုတဲ့ နာမည်မျိုးတွေ ဖြစ်ပါတယ်။
ကရုဏ ကာရက အမည်ရှင် တွေကတော့ အကျိုးပေးရင် ကိုယ့် စီးပွားရေးမှာ ကိုယ်လုပ်ငန်းတွေအတွက် အထောက်အကူ ပြုနိုင်တဲ့ ပစ္စည်း တွေ ရမယ်
အ‌ထောက်အကူ ပေးနိုင်တဲ့ အောက်လက်ငယ်သားတွေ
ရမယ်။ မိတ်ဆွေကောင်း တွေ့ရမယ်။
အကျိုးမပေးရင်တော့
တပည့် အောက်လက်ငယ်သား ကြောင့် မိမိ လုပ်ငန်း
ဆုံးရူံး နစ်နာ ရတက်သလို မိတ်ဆွေတွေကြောင့်လည်
ဆုံးရတက်ပါတယ်။
ယတြာ အနေနဲ့
ကိုယ်လုပ်တဲ့ လုပ်ငန်းက ကိုယ့်ပစ္စည်းတွေ လှူရပါမယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#ကမ္မကာရက
နောက်တစ်မျိုးက ကမ္မ ကာရက နာမည်မျိုးတွေပါ။
အဲဒီ နာမည်မျိုးတွေကတော့ မွေးနံကနေ စတုတ္ထခွင်နဲ့ဆက် သွယ်ထားတဲ့ နာမည်မျိုးတွေ ဖြစ်ပါတယ်။
တနင်္ဂနွေကို နမူနာ ဇယားကို ကြည့်ပါ။


ဥပမာ
အောင်ဝင်း၊ ကျော်ထူး၊ ဆန်းမြင့်၊ ဝင်းရှိန်၊ နိုင်သူ ၊
မင်းအောင်၊ ရွှေခိုင်၊ ဟိန်းစိုး . . ဆိုတဲ့ နာမည်မျိုးတွေ
ဖြစ်ပါတယ်။
အဲ့ဒီ အမည်ရှင်တွေကတော့ အကျိုးပေးရင်
လုပ်ငန်းတိုးချဲရာ အဆင်ပြေ အောင်မြင်တက်ပါတယ်။
အကျိုးမပေးရင်တော့ လုပ်ငန်းတိုးချဲရာမှာ အဆင်ပြေပဲ
ရန် အတိုက်အခံ ပြသနာတွေကြုံရတက်ပါတယ်။

ကမ္မ ကာရက နာမည်ရှင်တွေဟာ
အလုပ် အပို တိုးချဲ့တိုင်း ဘာသာတရား ပိုပြီး
လုပ်ပါ ကံကောင်းပါမယ်။
အဲဒီလို အပိုချဲ့တဲ့ အလုပ်က ရလာတဲ့ ပစ္စည်း ငွေကြေးတွေ လှူဒါန်း ရမှာပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:20


#သမ္ပဒါနကာရက
နောက်တစ်မျိုးကတော့ သမ္ပဒါန ကာရကလို့ ခေါ်ပါတယ်။ မွေးနံကနေ ကြည့်ရင် တတိယမြောက်ခွင်က ဂြိုဟ်နဲ့ ဆက်သွယ် မှည့်ထားတဲ့ နာမည်မျိုးတွေ ဖြစ်ပါတယ်။

ဥပမာ. . အောင်စိုး၊ ကျော်လင်း၊ ဆန်းထွန်း၊ ဝင်းမိုး၊
မိုးသူ၊ ရင်အောင်၊ သက်ခိုင် . . ဆိုတဲ့နာမည်မျိုးတွေဖြစ် ပါတယ်။ တနင်္ဂနွေကို မူတည်ပြီး ကြည့်ပါ။


ဒီ နာမည်မျိုးတွေကတော့ လူများစုကို အင်မတန်မှ နှစ်သက် ကြလေ့ ရှိပါတယ်။
သမ္ပဒါန ကာရက အမည်ရှင်တွေဟာ အကျိုးပေးရင် စပ်တူရှယ်ယာ လုပ်တဲ့ အလုပ်မှန်သမျှ အကုန် အောင်မြင်တတ်ပါတယ်။ လူစုလူဝေးနဲ့ အင်မတန် အကျိုးပေးပါတယ်။
အကျိုးပေးရင် တော့ လူစု လူဝေးနဲ့ ပက်သက်တဲ့ လုပ်ငန်း
တွေမှာ ဆုံးရူံးမူ့တွေ ဖြစ်တက်ပါတယ်။
ယတြာ အနေနဲ့
နှစ်ဦးပိုင် သုံးဦးပိုင်ဆိုတဲ့ စပ်တူပစ္စည်း တွေ လှူရတန်းလို့
ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:19


အကျိုးမပေးဘူး ၊ ပေးတယ် ဆိုတာ
နာမည် အင်္ဂါ ၁၀ ပါး နဲ့ ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒိပြင် နေ့နံတွေကို လဲ ကိုယ့်ဟာကိုယ် တွဲကြည့်ပါ။ အင်မတန် လွယ်ပါတယ်။ ငါတော့ ဘယ် ကာရက အုပ်စုဝင် နာမည်ရှင်ပါလားလို့ ကိုယ်တိုင် အရင်သိပြီးရင်
ကာရကနဲ့ ယှဉ်တဲ့၊ မသိမဖြစ် သိရမှာ လေးတွေကို ဆက်ပြီး သိသွားပါလိမ့်မယ်။
ဒါဆို နေတတ်၊ ထိုင်တတ်မှု လေးတွေနဲ့ မိတ်ဆွေရဲ့ ဘ၀ဟာ အင်မတန် လှပ လာပါလိမ့်မယ်။


အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:17


#သာမိကာရက
ဒုတိယနာမည်မျိုးကတော့ သာမိကာရက နာမည်မျိုးတွေပါပဲ။ သူကတော့ ကိုယ့်မွေးနံကနေ နောက်တစ်ခွင် တွဲမှည့်တဲ့ နာမည်မျိုး တွေဖြစ်ပါတယ်။

ဥပမာ . . . အောင်ကို၊ ကျော်ဆန်း၊ စိန်လင်း၊ လင်းနိုင်၊
နိုင်မင်း ၊မြင့်ဝေ ၊ ရန်ဟိန်း ၊ ဟိန်းအောင် ဆိုတဲ့ အမည်မျိုးတွေ ဖြစ်ပါတယ်။
ဇယားနဲ့ပြရရင် တနင်္ဂနွေ နဲ့ နမူနာ ကြည့်ပါ။


ဒီ နာမည်ရှင်မျိုးတွေက တော့ ဘဝမှာ သိသိသာသာ ထင်ထင် ရှားရှား ကောင်းစားတတ်ပါတယ်၊ ကောင်းစားချိန်မှာ ဘာသာတရား မြဲမှ ကောင်းခြင်းတွေ ဆက်ပါလိမ့်မယ်။
ဒီလို နာမည်မျိုးတွေ အကျိုးပေးသူ မဟုတ်ရင်တော့ ခြေ လက် တစ်ခုခု ဥပဒ် ဖြစ်တတ်ပါတယ်။
သာမိ ကာရက အမည်ရှင်တွေဟာ နာမည် ယတြာ
ပြုလုပ်ချင်ရင်
ဘုရားတရား မမေ့ရင် သူပိုင်ကနေ ကိုယ်ပိုင်တဲ့ အထိ အကျိုးပေး တတ်ပါတယ်။
ကိုယ်ပိုင်ပစ္စည်းတွေ အမြဲတမ်း လှူတန်းပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:13


#ကတ္တုကာရက
ကတ္တုကာရက နာမည်မျိုးတွေ ဆိုတာ မူလ နေ့နံအစ
မူလ နေ့နံ အဆုံး ပြန်တွဲတဲ့ နာမည်မျိုးတွေကို ခေါ်ဆိုတာ
ဖြစ်ပါတယ်။ ဘယ်လို နာမည်မျိုးတွေလဲ ဆိုတော့
အောင်အောင်၊ အိအိ ၊ ကျော်ကျော်၊ ကိုကို ၊ စိုးစိုး ၊ ဆုဆု၊ ဝင်းဝင်း၊ ထွန်းထွန်း၊ မြင့်မြင့်၊ ဖြိုးဖြိုး ၊ သူသူ ၊ဆိုတဲ့ နာမည်မျိုးတွေပါပဲ။ ဒါကတော့ လွယ်ပါ တယ်။
တူရာနံ (၂) ခုတွဲရင် ကတ္တု ကာရကလို့ မှတ်ရမှာ
ဖြစ်ပါတယ်။

ဒီနာမည်တွေ ကတော့ အကျိုးမပေးတဲ့ သူဆိုရင်
ဘဝမှာ ထင်တာတွေ ဖြစ်မလာဘဲ မထင် မှတ်တာတွေချည်း ကြုံရတတ်ပါတယ်။
အကျိုးပေးတဲ့ သူဆိုရင် ရုတ်တရက် အောင်မြင်တတ် ပါတယ်။ ဖြစ်ရင်လည်း တစ်ကြိမ်နဲ့ ဘယ်တော့မှ မပြီးပါဘူး။
အကြိမ်ကြိမ် ခဏဏ အောင်မြင်မယ်။
အကြိမ်ကြိမ် ခဏဏ ကျရူံးမယ် ဒီလိုမျိုး သဘောတရား
တွေ ကြုံရတက်ပါတယ်။

ကတ္တု ကာရက အမည်ရှင်တွေဟာ နာမည် ယတြာ
ပြုလုပ်ချင်ရင် ဘုရားတရား မမေ့ရင် အထူးပြုလုပ်တဲ့ အလုပ်တွေ အောင်မြင်လွယ်ပါတယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းက ပစ္စည်းကို လှူ ရပါမယ်။ ဥပမာ - စာအုပ်လုပ်တဲ့ လူဆိုရင် သံဃာတော်တွေကို စာအုပ်တွေ လှူတာ မျိုးပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

25 Oct, 12:12


“ကာရက” ဆိုတဲ့ ပညာခန်းနဲ့ သက်ဆိုင်တဲ့ နာမည် မျိုးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးပါ မယ်။
ဒီပညာခန်းဟာ နာမည်ပေးတဲ့ ပညာခန်း မဟုတ်ပါဘူး။
နာမည်ဟောစာတမ်း ၊ ယတြာ ပညာခန်း တစ်မျိုး
ဖြစ်ပါတယ်။
ကာရကဆိုတာ “ပြုလုပ်ခြင်း” လို့ အဓိပ္ပါယ် ဖွင့်ကြတယ်။

၁။ ကတ္တု ကာရက ထပ်တလဲလဲ ဖြစ်ခြင်း
၂။ သာမိ ကာရက ဆိုတာက ကိုယ်ပိုင်ပိုင်ဆိုင်မှု
၃။ သမ္ပဒါန ကာရက
ဆိုတာက လူစုလူဝေး စပ်တူ၊ အများပိုင်
၄။ ကမ္မ ကာရက ဆိုတာက အလုပ်ပို ၊
၅။ ကရဏ ကာရက ဆိုတာက အထောက်အပံ့ဖြစ်ခြင်း
၆။ အပါဒါန ကာရက ဆိုတာက ခွဲခွာခြင်း၊ လှုပ်ရှားမှု
၇။ ဩကာသ ကာရက ၊ ဆိုတာက တည်ရာမှီရာ၊
အပြီးမသတ်
၈။ အလပွန ကာရက ဆိုတာက အကြိမ်ကြိမ်ဖြစ်ခြင်း၊ ဖိတ်ခေါ်ခြင်း၊ မျှော်ကိုးခြင်း ဖြစ်ပါတယ်။

ကာရကရှစ်ပါးကို ရှေးပညာရှိကြီးတွေ က အဲ့ဒီလို ပြခဲ့ကြပါတယ်။ ဒီနေရာမှာ ဂြိုဟ်ရှစ်ခွင်နဲ့ တွဲပြမှ ကာရကနဲ့ တည်ဆောက်ထားတဲ့ နာမည်တွေကို သိမြင်
သဘောပေါက်လာ မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဂြိုဟ်ရှစ်ခွင်နဲ့ တွဲပြီး ဖော်ပြပါမယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:40


တိုင်ထူပုံကို နားလည်သွားပြီ ဆိုတော့
သက်ဆိုင်ရာ ဂြိုဟ် အက္ခရာတွေ သင်္ချာဂဏန်း
ပညက်ပုံတွေကို လေ့လာပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:40


ကောဇာသက္ကရာဇ် ၁၃၈၅ ခုက်ု ၇ နဲ့စားရင်
၆ကြွင်းပါတယ်။
ဒါကြောင့် ၅ ကြွင်း နာမက္ခရတိုင်ကို ထူပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:40


ကောဇာသက္ကရာဇ် ၁၃၈၄ ခုက်ု ၇ နဲ့စားရင်
၅ခု ကြွင်းပါတယ်။
ဒါကြောင့် ၄ ကြွင်း နာမက္ခရတိုင်ကို ထူပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:40


ကောဇာသက္ကရာဇ် ၁၃၈၃ ခုက်ု ၇ နဲ့စားရင်
၄ခုကြွင်းပါတယ်။
ဒါကြောင့် ၃ ကြွင်း နာမက္ခရတိုင်ကို ထူပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:40


ကောဇာသက္ကရာဇ် ၁၃၈၂ ခုက်ု ၇ နဲ့စားရင်
၃ကြွင်းပါတယ်။
ဒါကြောင့် ၂ ကြွင်း နာမက္ခရတိုင်ကို ထူပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

18 Oct, 14:36


ကောဇာသက္ကရာဇ် ၁၃၈၁ ခုက်ု ၇ နဲ့စားရင်
၂ကြွင်းပါတယ်။
ဒါကြောင့် ၁ ကြွင်း နာမက္ခရတိုင်ကို ထူပါ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:20


#အထက်ဂြိုဟ်ခွေပေးပုံ
ကြာသပတေးသားသမီးကို
အညွှန့်ဂြိုဟ်စ ပဉ္စပွတ်ဂြိုဟ်အလယ် ဆပွတ်ဂ်ြုဟ်အဆုံး
ပေးချင်ရင် သောကြာစ တနင်္လာအလယ် အင်္ဂါအဆုံး
ပေးလို့ ရပါတယ်။

ကြာသပတေးသားသမီးကို
အညွှန့်ဂြိုဟ်စ ဆပွတ်ဂြိုဟ်အလယ် ပဉ္စပွတ်ဂ်ြုဟ်အဆုံး
ပေးချင်ရင် သောကြာစ အင်္ဂါအလယ် တနင်္လာအဆုံး
ပေးလို့ ရပါတယ်။
ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:20


#အထက်ဂြိုဟ်ခွေပေးပုံ
ကြာသပတေးသားသမီးကို
ပဉ္စပွတ်ဂြိုဟ် အစ ဆပွတ်အလယ် အညွှန့်အဆုံး
ပေးချင်ရင် တနင်္လာအစ အင်္ဂါအလယ် သောကြာအဆုံး
ပေးလို့ ရပါတယ်။

ဆပွတ်အစ ပဉ္စပွတ်အလယ် အညွှန့်အဆုံး ပေးချင်ရင်
အင်္ဂါအစ တနင်္လာအလယ် သောကြာအဆုံး
ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:18


#မွေးနံအောက်ဂြိုဟ်
ကြာသပတေးသားသမီးကို
မွေးနံမှ အောက်ဂြိုဟ်တွေ အဆုံးသက် မပေးသင့်ပါဘူး
ကြာသပတေး အစ တနင်္ဂနွေအဆုံး
ကြာသပတေး အစ ဗုဒ္ဓဟူးအဆုံး
ကြာသပတေး အစ စနေအဆုံး အမည်များ ဖြစ်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:18


#မွေးနံအထက်ဂြိုဟ်
ကြာသပတေးသားသမီးကို
မွေးနံမှ အထက်ဂြိုဟ်တွေ အဆုံးသက် ပေးချင်ရင်တော့
ကြာသပတေး အစ အင်္ဂါအဆုံး
ကြာသပတေး အစ သောကြာအဆုံး
ကြာသပတေး အစ တနင်္လာအဆုံး ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:18


#ဥပါဒ်ကြီးကိန်း
ကြာသပတေးသားသမီးကို
တနင်္လာအစ အင်္ဂါ အဆုံး အမည်ဟာ ဥပါဒ်ကြီးကိန်းမိလို့ မပေးသင့်ပါဘူး။

ကြာသပတေးသားသမီးကို
အင်္ဂါအစ တနင်္လာအဆုံး အမည်ဟာ ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:17


#စောလှ လှေဆန်ကိန်း

#လှေဆန်ကိန်း
ကြာသပတေး သားသမီးကို
တနင်္ဂနွေ အစ စနေ အဆုံး အမည်ဟာ
လှေဆန်ကိန်း မိတဲ့ အတွက် မပေးသင့်ပါဘူး

#စောလှကိန်း
ကြာသပတေး သားသမီးကို
စနေ အစ တနင်္ဂနွေ အဆုံး အမည်ဟာ
စောလှကိန်း မိတဲ့ အတွက် မပေးသင့်ပါဘူး

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:17


#အာယုကပ်
အာယုကပ်အတည့် အတွဲ ပေးချင်ရင်တော့
စနေ အစ တနင်္လာ အဆုံး ပေးလို့ ရပါတယ်။

အာယုကပ် ဇောက်ထိုးအတွဲ ဖြစ်တဲ့
တနင်္လာ အစ စနေ အဆုံး အမည်မျိုးတော့ မပေးသင့်ပါဘူး ကျန်းမာရေး ညံ့စေတက်ပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:16


#သာစည် ပင်ယ ဇောက်ထိုးအတွဲ
ကြာသပတေးသားသမီးရဲ့ ပင်ယဇောက်ထိုး အတွဲ ဖြစ်တဲ့
တနင်္ဂနွေ အစ တနင်္လာ အဆုံး နာမည်မျိုး ပေးလို့ မရပါဘူး။

ကြာသပတေးသားသမီးရဲ့ သာစည် ဇောက်ထိုး အတွဲ ဖြစ်တဲ့ စနေ အစ အင်္ဂါ အဆုံး နာမည်မျိုး ပေးလို့ မရပါဘူး

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:16


#သာစည် ပင်ယအတွဲ
ကြာသပတေးသားသမီးရဲ့ ပင်ယ အတွဲ ဖြစ်တဲ့
တနင်္လာ အစ တနင်္ဂနွေ အဆုံး နာမည်မျိုး ပေးလို့ ရပါတယ်။

ကြာသပတေးသားသမီးရဲ့ သာစည် အတွဲ ဖြစ်တဲ့
အင်္ဂါ အစ စနေအဆုံး နာမည်မျိုး ပေးလို့ ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:15


#အမြစ်အညွှန့်
ကြာသပတေးသားသမီးရဲ့ အမြစ်အညွှန့် အတွဲ ဖြစ်တဲ့
ဗုဒ္ဓဟူး အစ သောကြာ အဆုံး နာမည်မျိုး ပေးလို့ ရပါတယ်။

ကြာသပတေးသားသမီးရဲ့ အမြစ်အညွှန့် ဇောက်ထိုးအတွဲ ဖြစ်တဲ့ သောကြာ အစ ဗုဒ္ဓဟူးအဆုံး နာမည်မျိုး ပေးလို့
မရနိုင်ပါဘူး။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

06 Oct, 17:14


အင်္ဂဝိဇ္ဇာတိုင်နှင့် ကြာသပတေးသားသမီးလေး
အမည်ရွှေးချယ်ခြင်း

နာမည်လာပေးတဲ့ မိဘတွေ ရှင်းပြရတာ
တော်တော် လက်ပေါက်ကပ်ပါတယ်။

တချို့ မိဘတွေဟာ ကြာသပတေးသားသမီးဆိုရင်
ကြာသပတေး နေ့နံ အစပြုမှ နာမည်မှန်တယ်
ကောင်းတယ် ယူဆ ထားကြလို့ပါ။

တကယ်တော့ အင်္ဂဝိဇ္ဇာပညာအရ နာမည် ရွှေးချယ်
မယ်ဆိုရင် နေ့သားသမီး တစ်ယောက်ကို နာမည်
အများကြီး ရွှေးချယ်လို့ ရပါတယ်။
အမြစ်အညွှန့် နေ့နံ အတွဲ ရွှေးချယ်မလား
သာစည် ပင်ယ အတွဲ ရွှေးချယ်မလား
အာယုကပ် အတည့် အတွဲ ရွှေးချယ်မလား
အထက်ဂြိုဟ် အတွဲတွေ ရွှေးချယ်မလား။
နေ့သားသမီး တစ်ယောက်ကို မွေးနံ မဟုတ်သော
အခြား နေ့နံ အတွဲ တွေနဲ့ မဟာဘုတ် ၊ နာမက္ခရတိုင်
ဂြိုဟ်အိပ် ဂြိုဟ်စား ပညာခွင်တွေ ကြည့်ကာ
ရွှေးချယ်ပေးလို့ရပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Oct, 21:11


၁၀ လပိုင်း ၂၄ ရက်နေ့ မနက် ၇ နာရီမှ ၉ အတွင်း
ကြာသပတေး နေ့ မွေးဖွားရန် ရွှေးချယ်ပေးလိုက်ပါတယ်။
မဟာဘုတ် ပညာအရ ကြည့်လျှင် မွေးနံ
ကြာသပတေးဟာ
နှစ်မဟာဘုတ်မှာ ရာဇ
လ မဟာဘုတ်မှာ ရာဇ
ရက် မဟာဘုတ်မှာ အဓိပတိ
နာရီ မဟာဘုတ်မှာ အဓိပတိဌာန ဖြစ်ပါတယ်



ကလေးမွေးရက် ရွှေးချယ်လိုလျှင်
ဆရာ၀န် ခန့်မှန်းရက် ( ) မှ ( ) အတွင်း
မိဘ နှစ်ပါး နာမည် မွေးခု ၊ ရက် ၊ လ ပေးပို့ရန်
လိုအပ်ပါတယ်။

ဉာဏ်ပူဇော်ခ 2 သောင်းခွဲ ကျပ်ယူပါတယ်။
ဉာဏ်ပူဇော်ခလွှဲပြီး အရေးမကြီးလျှင်
ရက်ရရန် ၃ ရက်စောင့်ဖို့ လိုအပ်ပါတယ်။

ကလေးမွေးဖွားပြီးလျှင် အမည်နှင့် ဟောစာတမ်းပါ
ပေးပါတယ်ခင်ဗျ။

ဆက်သွယ်ရန် Viber 09792767553

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Oct, 21:11


၁၀ လပိုင်း ၂၃ ရက်နေ့ မနက် ၁၁ နာရီမှ ၁၂ အတွင်း
ဗုဒ္ဓဟူး နေ့ မွေးဖွားရန် ရွှေးချယ် ပေးလိုက်ပါတယ်။
မဟာဘုတ် ပညာအရ ကြည့်လျှင် မွေးနံ
ဗုဒ္ဓဟူးဟာ
နှစ်မဟာဘုတ်မှာ အဓိပတိ
လ မဟာဘုတ်မှာ အဓိပတိ
ရက် မဟာဘုတ်မှာ အဓိပတိ
နာရီ မဟာဘုတ်မှာ အထွန်း ဌာန ဖြစ်ပါတယ်

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

03 Oct, 21:10


မဟာဘုတ်ပညာဖြင့် ကလေးမွေးရက် ရွှေးချယ်ခြင်း

လွန်ခဲ့တဲ့ လ က ကလေးမွေးရက် ရွှေးချယ်ပေးဖို့
အမျိုးသမီး တစ်ယောက်မှ page ကနေ တစ်ဆင့်
ဆက်သွယ် မေးမြန်းထားပါတယ်။

သူ့က နှစ်တိုင်း ဗေဒင်မေးနေကျ အမျိုးသမီး‌တစ်ယောက်ပါ။ ဗေဒင်မေးတဲ့ သူတွေနဲ့ ပက်သက်ပြီး နဲနဲ လောက်
ပြေပါအုံးမယ်။
မိတ်ဆွေတို့ အနေနဲ့
တန်ဖိုး ရှိတဲ့ အရာတစ်ခုကို မေးမြန်းမယ်ဆိုရင်
လေးလေးစားစား မေးမြန်းဖို့လိုပါတယ်။
လေးလေးစားစား မေးမြန်းဖို့ မတတ်ရင်
လေးလေးစားစား ပြန်ဖြေလာမည့် အဖြေတခုကို မမျှော်လင့် ထားတာ အကောင်းဆုံးပါပဲ ....

ဒါက ဗေဒင်မေးမှ မဟုတ်ပါဘူး
မိတ်ဆွေတို့ သိချင်တဲ့ အခြား ဘယ်အကြောင်းအရာမဆို
လေးလေးစားစား မေးမြန်းဖို့ လိုအပ်ပါတယ်။

စောစောက အမျိုးသမီးက ဆရာ၀န် ခန့်မှန်းရက်က
၁၀လပိုင်း၂၁.၂၂.၂၃.၂၄အတွင်း ဖြစ်ပါတယ်။
ဖခင်က ဦးဟန်ဖြိုးအောင်(ခ)ဦးသီဟဖြိုး ဖြစ်ပြီး
မိခင် ကတော့ ဒေါ်နိုင်နိုင်လွင် ဖြစ်ပါတယ်။

10 လပိုင်း ၂၁.၂၂.၂၃.၂၄ ရက် အတွင်း ထဲက
မဟာဘုတ် ပညာအရ ရက်ရွှေးချယ် ရရင်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

17 Sep, 11:38


အကျိုးပေးအလုပ်တွက်နည်း လက်ဆန်းဗေဒင်

ကိုယ်က ဘယ်အလုပ်ကို ဝါသနာပါသလဲ။အသက်မွေးဝမ်းကျောင်းပြုလျှင် ဘယ်အလုပ်က အကျိုး ပေးနိုင်မလဲ တွက်ချက်ကြည့်ရအောင်။

အလုပ် လုပ်ကိုင်ကြရာမှာ တစ်ယောက် နှင့် တစ်ယောက် အကျိုးပေးပုံချင်း မတူနိုင်ကြပါဘူး။
အလုပ်တူညီရင်တောင်
အချို့ကတစ်ခဏချင်း တိုးတက်ချမ်းသာလာတယ်။ အချို့က အဲ့ဒီအလုပ် တတ်ကျွမ်းနားလည် သော်လည်း အလုပ်နှင့် အကျိုးမပေးဘဲ အဲ့ဒီအလုပ်က အောင်မြင်မှုမရ ဖြစ်ရပြန်ပါတယ်။ ဒါကြောင့် အချိန်တိုတိုနှင့် ချမ်းသာ နိုင်စေရန် မိမိနှင့်အကျိုးပေးနိုင်မည့် အသက်မွေးမှု ဆိုင်ရာ ရှေးဟောင်း ဗေဒင်တွက်နည်းကို ဖော်ပြ ပေးပါမယ်။


တွက်နည်းက လွယ်ကူပါတယ်။
‌မြန်မာ မွေးခုနှစ်ကို ၇ နဲ့စား
ဇယားကွက်မှာ နေ့နံ ဂဏန်းကြည့်ရုံပါပဲ။

ဥပမာ ၁၃၈၆ ခု ကြာသပတေးသားသမီး ဆိုပါစို့။
၁၃၈၆ ကို ၇ နဲ့ စားရင် ၀ ကြွင်းပါတယ်။
အဲ့ဒီတော့ ၀ ကြွင်း ဇယားမှာ မွေးနံ ကြာသပတေး
၅ ဂဏန်းဟာ ကုန် မှာ ကျရောက်လို့
ကုန် နှင့် ပက်သက်ပြီး ဟောစာတမ်း ထုပ်ရမှာပါ။

"မင်း” ဟောကိန်း
မွေးနံဟာ မင်း ဌာနမှာ ရပ်တည်ရင်
မင်းနေမင်းသွင် ဟန်ပန်ရှိမယ်။ အထက်တန်းကျကျ နေထိုင်လိုစိတ်ရှိမယ်။ မင်းစိုးရာဇာ အသိုင်းအဝန်းနှင့် ပတ်သက်သော ကုသိုလ်ကံရှိမယ်။ အုပ်ချုပ်ရေးဆိုင်ရာ ဌာန များတွင် လုပ်ကိုင်ရတတ်ပါတယ်။ အစိုးရ ဌာနဆိုင်ရာ အကြီး အကဲတို့ထံမှ အကူအညီရရှိကာ အစိုးရအလုပ်နှင့် ပတ်သက် ၍ အကျိုးရှိမယ်။ အစိုးရအလုပ် မလုပ်ပါကလည်း အစိုးရနှင့် ပတ်သက်သော အလုပ်အကိုင်များမှာ အခက်အခဲမရှိ အကျိုးထူးခံစားခွင့် ရရှိနိုင်ပါတယ်။ အများအားဖြင့် မင်းမှုထမ်း ဖြစ်နိုင်ကြပါတယ်။ အဆင့်ဆင့် ရာထူးတိုးတက်လာခြင်း ဖြစ်မယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

“ကုန်” ဟောကိန်း
မွေးနံဟာ ကုန် ဌာနမှာ ရပ်တည်ရင်
ကုန်သည်အလုပ်နှင့် အကျိုးပေးမယ်။ ကုန်စည်ကူး သန်းရောင်းဝယ်မှု၊ ပစ္စည်းဈေးကွက် လေ့လာမှု၊ ဈေးကစား မှုတို့မှာ သိမြင်ကျွမ်းကျင်ပြီး လိမ္မာပါးနပ်မယ် ။ အရောင်း အဝယ်သဘော လေ့လာရန် ဝါသနာထုံမယ်။ တတ်လွယ် မယ်။ ကုန်ရောင်းကုန်ဝယ်၊ ကုန်လှောင်၊ ကုန်စည်ပွဲစား၊ ကုန်သည်အလုပ် လုပ်ကိုင်ခြင်းဖြင့် ကြီးပွားချမ်းသာနိုင်
ပါတယ်။ ကုန်သည်မျိုးရိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုန်သည်မျက်စိ ရှိမယ် ။ သမာဓိရှိလျှင် အကျိုးပေး ဖြစ်ထွန်း နိုင်ပါတယ် ။ ကုန်စုံဆိုင်၊ အိမ်ဆိုင်၊ စတိုးဆိုင်များ ဖွင့်လျှင် အကျိုးရှိနိုင်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ နိုင်ငံရပ်ခြား
ရောင်းဝယ်ကူးသန်း လုပ်ငန်းများ လုပ်ကိုင်နိုင်လျှင် ချမ်းသာကြွယ်ဝလာမယ်။ သွင်းကုန်ထုတ်ကုန်များ လုပ်နိုင် မယ်။ အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

“မတ်” ဟောကိန်း
မွေးနံဟာ မတ် ဌာနမှာ ရပ်တည်ရင်
စကားကြွယ်မယ်။ စကားပရိယာယ်ကို အသုံးပြုရ သော လုပ်ငန်းများတွင် အောင်မြင်မယ် အကျိုးရှိမယ်။ မင်းတိုင် ပင်အမတ်၊ လွှတ်တော်အမတ်၊“ရှေ့နေရှေ့ရပ်တို့မှာထင်ရှား ကျော်စောနိုင်ပါတယ်။ အကြံပေးအရာရှိ၊ ပွဲစား၊ တရားဟော ဆရာ၊ အသံလွှင့်ဌာန ဝန်ထမ်း၊ အစီအစဉ်ကြေညာသူ၊ အခမ်းအနားမှူး၊ ကျူရှင်ဆရာ၊ အဆိုတော် ၊
ကျောင်းဆရာ၊ စာပေဂီတ လုပ်ငန်း၊ စာရေးဆရာအလုပ်တို့နှင့် အကျိုးပေးမယ်။ မိတ်ဆွေ သင်္ဂဟ၊ ဆွေမျိုးသားချင်း၊ အသိုင်းအဝန်းနှင့် အဖွဲ့အစည်း တို့မှာ ပညာစကားကို မူတည်ပြီး အကြံဉာဏ်ပေး လုပ် ဆောင်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပြုခြင်းများဖြင့် ဘဝတိုး တက်ခွင့်ရမယ်။ ဘိသိက်ဆရာ၊ လူရွှဝ်တော်အဖြစ်နှင့်လည်း အကျိုးရှိနိုင်ပါတယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

“ဌေး” ဟောကိန်း
မွေးနံဟာ ဌေး ဌာနမှာ ရပ်တည်ရင်
သူဌေး ဖြစ်လွယ်မယ်။ အဆင့်အတန်းမြင့်မြင့် နေထိုင် ရတတ်ပါတယ်။ အမွေအနှစ် ရတတ်ခြင်း၊ ထီပေါက်ခြင်း စသည့် ကုသိုလ်ကံ အကျိုးပေးတတ်ပါတယ်။ ငွေအသုံးကြမ်းမယ်။ လက်ဖွာမယ်။ ဒါနပြုခြင်း၊ အလှူပေးခြင်းနှင့် စာရိတ္တကောင်း မွန်အောင် ထိန်းသိမ်းခြင်းတို့ ရှိပါက ကံကောင်းပြီး ဘယ် လုပ်ငန်းမှာ လုပ်လုပ် ချမ်းသာရန် အခွင့်အလမ်းရှိမယ်။ မကြာခဏ ခရီးထွက်ရတတ်ပါတယ်။ အိမ်ထောင်ဖက်၊ မိဘ အရှိန်အဝါနှင့် မိမိ
ကြိုးပမ်းမှုတို့ကြောင့် အဆင်ပြေ ချော ´မွေ့မယ်။ စည်းကမ်းရှိလျှင် တိုးတက်မယ်။ စုနိုင်မှ ချမ်းသာ မယ်။ ခိုင်မာသော လုပ်ငန်းများမှာ မိမိ၏ အရင်းအနှီးများ ကို မြှုပ်နှံနိုင်လျှင် အချိုးကျဝင်ငွေများ ရရှိနေမယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

လက်” ဟောကိန်း
မွေးနံဟာ လက် ဌာနမှာ ရပ်တည်ရင်
လက်မှုပညာ ကျွမ်းကျင်တတ်မြောက်မှု ရှိမယ်။
ပန်း ဆယ်မျိုးဟူသော ပန်းချီ၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းတမော့ တို့မှာ အကျိုးပေးနိုင်ပါတယ် ။
စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်း ၊
ရွှေချည်ငွေချည်ထိုး၊ ရက်ကန်း၊ စက်ချုပ် ပညာ၊ အိမ်တွင်းမှုလုပ်ငန်းတို့ မှာဖြစ်ထွန်းနိုင်ပါတယ်။ အဆောက် အအုံ ဆောက်လုပ်ခြင်း၊ လက်သမား၊ ပရိဘောဂလုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းနှင့် အခြားသော ကုန်ထုတ်လုပ်မူ့

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

17 Sep, 11:38


များတွင် အောင်မြင်နိုင်ပါတယ်။ စက်မှု လက်မှုလုပ်ငန်း၊ စက်ရုံ အလုပ်ရုံ ထူထောင်လုပ်ကိုင်ခြင်းကို စိတ်ဝင်စားမယ်။ ဗိသုကာ အလုပ်နှင့် အထူးအကျိုးပေးနိုင်ပါတယ်။တီထွင်ဆန်းသစ်သော အမြင်ရှိပြီး တိကျမှန်ကန်ပါက အကျိုးပေးကာ အောင်မြင် ဖြစ်ထွန်း နိုင်ပါတယ် ။
အိုးအိမ် ဆောက်လုပ်သော ကန်ထရိုက်လုပ်ငန်း၊ ကွန်ပျူတာအရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်း၊ နာရီဆိုင်၊ မျက်မှန် ဆိုင်တို့ လုပ်ကိုင်လျှင်လည်း အကျိုးရှိပါတယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

“ရုန်း” ဟောကိန်း
မွေးနံဟာ ရုန်း ဌာနမှာ ရပ်တည်ရင်
ဘဝကို ရုန်းကန်ရတတ်ပါတယ်။ လက်ရုံးအားကိုးရသော အလုပ်များမှာ အကျိုးပေးမယ်။ အတိုက်အခံ အခက်အခဲ များကြားမှ အောင်မြင်တိုးတက်လာမယ်။ တစ်ကိုယ်တော် စွန့်စားပြီး စီးပွားရှာဖွေ လုပ်ကိုင်ခြင်း၊ ရွှေတွင်း၊ ကျောက်တွင်း၊ သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ နိုင်ငံရပ်ခြား တိုင်း တစ်ပါးသို့ သွားရောက်၍ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခြင်း၊ ပင်လယ်ကူးသင်္ဘောသား၊ ပြည်တွင်းသင်္ဘောသား လုပ်ကိုင် ခြင်း၊ သစ်ဖောင် ဝါးဖောင်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စက်ရုံ အလုပ်ရုံဝန်ထမ်း၊ စစ်တပ် ရဲဝန်ထမ်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခြင်း စသည့်လုပ်ငန်းများဖြင့် အဆင်ပြေနိုင်
ပါတယ်။ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ အမြင့်သို့ရောက်နိုင် မယ်။ နပန်းသမား၊ လက်ဝှေ့သမား၊ ဘောလုံးသမားနှင့် အားကစားသမားအဖြစ်လည်း အကျိုးပေးနိုင်ပါတယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

“ဒွေး” ဟောကိန်း
မွေးနံဟာ ဒွေး ဌာနမှာ ရပ်တည်ရင်
သွင်ပြင်နုနယ်ကာ ခြေလက်သွက်မယ်။ စာရေး စာချီ ဖြစ်
နိုင်ပါတယ်။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်း၊ စာရင်း အင်း စာရင်းကိုင်၊ ကုမ္ပဏီဝန်ထမ်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ကျူရှင်ဆရာ၊ ကျောင်းဆရာ၊ ပညာရေးဌာနဝန်ထမ်း၊ ဌာန ဆိုင်ရာ ကျွမ်းကျင်သူ၊ ကုန်သွယ်ရေးအဝယ်တော်၊
စာရေးဆရာ ၊ တေးရေး ဆရာ ၊ သရုပ်ဆောင်လုပ်ငန်း ၊
ဘဏ် လုပ်ငန်း၊ စာရင်းစစ်အလုပ်တို့နှင့် အကျိုးပေးနိုင်ပါတယ်။ အလောင်းအစားဆန်သော အလုပ် အနိမ့်အမြင့် အတက်အကျ မြန်ဆန် တဲ့ လုပ်ငန်းများနှင့် အကျိုးမပေးပါဘူး ။ ဖြည်း ဖြည်းမှန်မှန် ကြိုးစားခြင်းဖြင့် သမားရိုးကျလုပ်ငန်းများမှာ လုပ်ကိုင်ရင်းနှင့် အောင်မြင်မှုများ ရရှိ
နိုင်ပါတယ်။
အဲ့ဒီအတိုင်း ဟောဆိုရမှာပါ။

#အောင်သိဒ္ဓိ

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

13 Sep, 19:49


ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံရလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်း ဖြစ်စေပါတယ်။

လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုးမပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ။

၅ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာ....
တစ်သီးတစ်သန့် နေလိုစိတ်ကြီးမားမယ်။ သွေးသားဆွေမျိုးသားချင်းတွေနဲ့ မပျော်မွေ့ခြင်း။ အိမ်ထောင်ရေးကို စိတ်ကုန်မြန်ခြင်း။ အတွေးအခေါ်နှင့် ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်ခန့်ငြားမယ်။

ရုပ်ပိုင်းဆိုင်ရာ.....
အနေအထိုင်သန့်ပြန်မယ်။ လူနေဟန်ထား ခန့်ညားမယ်။ အိမ်ထောင်ဖက် ကောင်းကျိုးကို မခံစားရခြင်း။ အပြင်လူမျာ လေးစားခံရလွယ်ခြင်း အထင်ကြီးခံရခြင်း ဖြစ်စေ
ပါတယ်။

စီးပွားရေးနှင့် လူမှု့ရေးဆိုင်ရာ.....
အိမ်တွင်းစီးပွားရေး မထွန်းကားပါဘူး။ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းစပ်ပြီး စပ်တူစီးပွားရေး လုပ်ကိုင်မရ ပါဘူး။ အိမ်အပြင်မှာဆိုရင်တော့ အောင်မြင်လွယ်ပါတယ်။ ကျော်ကြားလွယ်ပါတယ်။ ဆွေမျိုးသားချင်းတွေပေးတဲ့ ဒုက္ခကို ခါးစီးခံရ တက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ....
ဦးခါင်း၊ဦးနှောက်ရောဂါဖြစ်ပွားလွယ်မယ်။ ခေါင်းမူးမယ်။ သွေးတက်မယ်။ ဆီးရောဂါဖြစ်ပွားလွယ်မယ်။ ဒူလာမုတ်ကျရောဂါ ဖြစ်လွယ်မယ်။ ဒူးခေါင်းကိုက်ခြင်း၊ ဦးခေါင်းကိုက်ခြင်း၊ ရောင်ခြင်းများနှင့် အမျိုးသမီးဆိုပါက သားအိမ်တွင်ရောဂါ ဖြစ်တတ်ပါတယ်။

လိုက်နာကျင်ဆောင်ရန်.....
တစ်ကိုယ်ကောင်းမဆန်သင့်ပါဘူး။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မနေသင့်ပါဘူး။ ဆွေမျိုးတွေနှင့် သိုက်သိုက်၀န်း၀န်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တစ်ဖက်သတ် အနိုင်မယူပါနဲ့။

၆ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာ.......
သူဟာ စိတ်ကူးအရမ်း ယဉ်တတ်မယ်။ လူတစ်ဖက်သားကို ခွင့်လွှတ်တတ်မယ်။ ဟန်ဆောင် အရမ်းကောင်း မယ်။ အားနာတတ်မယ်။ ပရိယာယ် ကြွယ်၀မယ်။ လိမ်တတ်မယ် လှည့်စားတတ်မယ်။ စိတ်အပြောင်း အလဲ မြန်တယ်။

ရုပ်ပိုင်းဆိုင်ရာ........
ဟန်ကောင်းကောင်းနဲ့ ပျော်ပျော်နေတတ်မယ်။ စကားကို လွယ်လွယ်ပြောတတ်မယ်။ ဂတိပေး အရမ်းမြန် မယ်။ အာမခံ ရဲတယ်။ လူတွေကို အပေါ်ယံ သကာလောင်း ဆက်ဆံတတ် ပါတယ်။

စီးပွားရေး-လူမှုရေးဆိုင်ရာ.......
ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် သူရဲ့ ဟန်ဆောင်တတ်တာရယ်၊ ကြွားတတ်တာရယ်ကြောင့် အောင်မြင်မှု့ မရတတ်ပါဘူး။ အားနာတတ်လို့လည်း မကြာမကြာ အခက်တွေ့ရတတ်ပါတယ်။ သူတို့ဘ၀မှာ အချစ်ရေး အိမ်ထောင်ရေး အရှုပ်အထွေးတွေများပါတယ်။ နောက်ပြီး ဂတိပေးပြီး ဂတိပျက်တတ်သောကြောင့် လူတွေက သူ့ကို မယုံမကြည်ဖြစ်တတ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ......
အကြောနှင့်ပါတ်သက်သောရောဂါများ ဖြစ်တတ်ပါတယ်။ အစာအိမ်ရောဂါ နှင့် လေထိုးလေအောင့်ရောဂါတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ခြေလက်ကပ်ခြင်း အကြောသေခြင်းတွေကိုလည်း သတိထားသင့်ပါတယ်။

လိုက်နာကျင့်ဆောင်ရန်......
လူတွေကို ဟန်ဆောင်မှု့ မရှိဘဲ ဆက်ဆံပါ။ ပေးထားသော ဂတိတစ်ခုကို တန်ဖိုးထားပါ။ အားမနာတတ်အောင် ကြိုးစားပါ။ အချစ်ရေးနျင့် အိမ်ထောင်ရေးကိစ္စများမှာသစ္စာရှိပါ။

၀ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာမှာ ........
လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်မယ်။ မခံချင်စိတ် အရမ်းကြီးမားမယ်။ ဒေါသလည်းကြီးမယ်။ မျိုသိပ်မထားတတ်ဘူး။ ပေါက်ကွဲလွယ်တက် သူများ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ........
အလှအပမက်မောမယ်။ နောက်ပြီး အရမ်းလညမွမ်းမံပြင်ဆင်တတ်တယ်။ ခေတ်ဆန်တယ်။ မာန်မာနကတော့ ကြီးသလားမမေးနဲ့။ ကြည့်လိုက်ရင် သွက်သွက်လက်လက်ကလေးပဲ။ သိပ်တော့ တည်ငြိမ်မှု့ မရှိဘူး။

စီးပွားရေးနှင့်-လူမှု့ရေး......
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ ပရိယာယ်ကြွယ်မယ်။
လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဟန်ဆောင် သိပ်ကောင်း တယ်။ အနုပညာတွေ လုပ်ရင် ထွန်းပေါက် အောင်မြင်လွယ်မယ်။ အိမ်ထောင်ရေးကတော့ သူ့စိတ် ကြီးပဲဆိုတော့ သိပ်အဆင်မပြေလှပါဘူး။ အပျို လူပျို ဘ၀ဆိုရင်တော့ အချစ်ဇာတ်လမ်းလေးတွေ များတတ်တယ်။

ကျန်းမာရေးဆိုင်ရာ.......
နှလုံးရောဂါ ၊ သွေးအားနည်းတဲ့ရောဂါ ၊ ရင်တုန်ခြင်း ၊ သည်းခြေပျက်တဲ့ရောဂါ ၊ မူးဝေမောပန်းခြင်းများ ဖြစ်တတ် ပါတယ်။

လိုက်နာကျင်ဆောင်ရန်.......
စိတ်ရှည်ရှည်ထားပါ။ သည်းခံစိတ်ကို အကျအန မွေးမြူပါ။ စိတ်လိုက်မာန်ပါ မလုပ်နဲ။ ဒီလောက်ပါပဲ....

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

13 Sep, 19:49


မဟာဘုတ်အကြွင်းနှင့် ဉာဉ် စရိုက်များ

၁ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာမှာ=
လူဖြောင့်စိတ်တို များ ဖြစ်ပါတယ်။ နေရာတကာ မှာဦးဆောင်လိုသောသူဖြစ်ပြီး။ စိတ်လည်း အလွန်မြန်သူ ဖြစ်ပါတယ်။ သည်းခံလိုသော စိတ်လည်း မရှိပါဘူး။
မည်သူ့ ကိုမှ အားမနာတတ်ပါဘူး။ ခက်ထန်မယ်။
မခံချင် စိတ်လည်း အလွန်ကြီးမားသူ များဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ=
သူ့တို့ ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေမယ်။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိမယ်။ ကိုယ်ခန္ဓာ မာကျောပြီး ကျစ်လစ်နေမယ်။
ဟန်ဆောင်ကောင်းမယ်။ ရဲရင့်မယ်။
ပိန်ပါသူ ဖြစ်ပါက ရောဂါမကင်းတက်ပါဘူး။

စီပွားရေး၊လူမှု့ရေးဆိုင်ရာ=
စျေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုတက်ပါဘူး။ လူအများနှင့် ပူးတွဲပေါင်းစပ် လုပ်လျှင်အကျိုးမခံစားရခြင်း အကျိုးခံစားခွင့် နည်းပါးခြင်း ဖြစ်စေပါတယ် ၊ သူတစ်ပါး ကို အားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း ဖြစ်စေပါတယ်။

ကျန်မာရေးဆိုင်ရာ=
လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ၀မ်းကိုက်ရောဂါ ၊ ရင်ခေါင်း စတဲ့ ရောဂါများ ဖြစ်ပွား လွယ်တတ်ပါတယ်။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေ၀င်ခြင်း စသောရောဂါများ ဖြစ်တတ်ပါတယ်။

လိုက်နာကျင့်ဆောင်ဖွယ်။
လူအောက်ကြို့ပေါင်းရမယ်။ သူတစ်ပါးတွေကို လုံး၀ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် မုချ အောင်မြင်သော ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မယ်။


၂ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာ=
တစ်ဖက်သတ်တစ်ယူသန်ဆန်မယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်မယ်။ သူ့ကို အုပ်ချုပ် မှုကကို အလွန်ဆန်ကျင်တတ်ပါတယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်ပါတယ်။ ဘာသာတရားနဲ့ နတ်ကိုယုံကြည်တတ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ=
အကြောများသန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင်ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ် စတဲ့ သဘောများ ရှိပါတယ်။

စီးပွားရေး၊လူမှု့ရေးဆိုင်ရာ=
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ ‌‌ေအာက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်မယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သီးမခံနိုင်တဲ့အတွက် သူ့မှာ အတိုက်အခံတွေ များခြင်း။ စိတ်ဆင်းရဲရမယ် ဖြစ်တက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ=
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်မယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်မယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်မယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်ပါတယ်။

လိုက်နာကျင့်ဆောင်ရန်=
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လတ်လတ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်ပါမယ်

၃ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာ=
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံစိတ်ကြီးမားခြင်း ၊မမျိုသိပ်ထားနိုင်းခြင်း ဖြစ်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ=
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေးရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ဖြစ်စေပါတယ်။

စီးပွားရေး ၊ လူမှူ့ရေးဆိုင်ရာ=
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောပါက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားက ရန်များခြင်း ၊ ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း
ဖြစ်စေပါတယ်။

ကျန်းမားရေးဆိုင်ရာ=
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း
ဖြစ်စေပါတယ်။

လိုက်နာကျင့်ဆောင်ရန်=
စကားပြောသိမ်မွေ့ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့ များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်းတည်ငြိမ်စွာနေခြင်း ၊ရုတ်တရက် တဇွတ်ထိုးစကားမပြောရ စသဖြင့် နေထိုင်ပါ။

၄ ကြွင်း မဟာဘုတ်ဖွားများဟာ
စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့နည်းပြီး အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ဖြစ်စေပါတယ်။

ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ဖြစ်စေပါတယ်။

စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ဆန်ခြင်း ၊ စီးပွားရေးလော ဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်၀တ် မကျေပွန်တတ်ခြင်း ဖြစ်စေပါတယ်။

အောင်သိဒ္ဓိ ကလေးနာမည် လုပ်ငန်းအမည်မှည့်ခြင်း မင်္ဂလာ

30 Aug, 11:58


အာယုကပ်
ဗုဒ္ဓဟူးသားသမီးတွေရဲ့
အာယုကပ် ဇောက်ထိုး အတွဲဟာ
တနင်္ဂနွေ အစ သောကြာ အဆုံး ဖြစ်ပါတယ်။
အာယုကပ် ဇောက်ထိုး ဖြစ်တဲ့ အတွက် မပေးသင့်ပါဘူး။
မိဘတွေက ဗုဒ္ဓဟူး နာမည်ရှင်ဖြစ်နေရင်လည် မပေးသင့်ပါဘူး မိဘကို ခိုက်စေပါတယ်။

အင်္ဂါသားသမီးတွေရဲ့
အာယုကပ် အတည့် အတွဲဟာ
သောကြာ အစ တနင်္ဂနွေအဆုံး ဖြစ်ပါတယ်။
အာယုကပ် အတည့် ဖြစ်တဲ့ အတွက် ပေးသင့်ပါတယ်။
အကျိုးပြုပါတယ်။

ကလေးအမည် ဆက်သွယ် မေးမြန်းလိုလျှင်
ကလေးမွေးခု လ ရက် နေ့နံ
ကျား/မ
သမီးဦး ၊ ငယ် ၊ လတ်
သားဦး ၊ ငယ် ၊ လတ် ခွဲပို့ရန်
ကလေး မိဘ နှစ်ပါး နာမည်
👶ကလေးဓာက်ပုံ
📱Viber 09792767553 သို့ ပေးပို့ရန်
📱09792767553 wave အကောင့် kpay အကောင့် ငွေလွှဲရန်
ကလေးတစ်ယောက်လျှင် ဉာဏ်ပူဇော်ခ
1 သောင်း ကျပ်ယူပါတယ်။
အမည်နှင့်ဟောစာတမ်း ရရန် အရေးမကြီး
လျှင် ငွေလွှဲပြီး နာမည်နှင့်ဟောစာတမ်း ရရန် ၃ ရက်စောင့်ပေးရမယ်ခင်ဗျ။

အောင်သိဒ္ဓိ