TGI Anti-Coup Team @anticoupinfo4u Channel on Telegram

TGI Anti-Coup Team

@anticoupinfo4u


ထောက်ပို့ကြမယ် သတင်းတွေပို့မယ်
စစ်ရှောင်တွက် တိုက်ပွဲတွက် ထောက်ပို့မယ်
C2D P2D Digital Strike နဲ့လဲထောက်ပို့မယ်
နည်းမျိုးစုံနဲ့အာဏာရှင်ကိုတော်လှန်မယ်
ထောက်တိုင်တွေကိုကူကြမယ် 🤜🤛

TGI Anti-Coup Team (Burmese)

ထောက်ပို့ကြမယ် သတင်းတွေပို့မယ်
စစ်ရှောင်တွက် တိုက်ပွဲတွက် ထောက်ပို့မယ်
C2D P2D Digital Strike နဲ့လဲထောက်ပို့မယ်
နည်းမျိုးစုံနဲ့အာဏာရှင်ကိုတော်လှန်မယ်
ထောက်တိုင်တွေကိုကူကြမယ် 🤜🤛nn"TGI Anti-Coup Team" သည် အဖွားတိုင်းကြီးမွေးကြောင်းအဖွားတိုင်းတို့၏ အဖွား၊ သတင်းတွေ နှင့် စစ်ရှောင်တွက်မှု စီမံခွဲမှုများ လုပ်ကိုင်သူတို့အား ပို့ဆုံရန် စတင်လဲလိမ့်မည်။ ဒီမှာ သတင်းတွေ နဲ့ တို့၏ မိမိစိတ် လုပ်ကိုင်သူတို့အား အဖွားလည်း အတူ စတင်လိမ့်မည်။ အဖွားတိုင်း စစ်ရှောင်တွက်မှုများနှင့် သတင်းတွေ နှင့် ပို့ပေးမည့် အခါမျိုးစုံနဲ့ ထူးခြားအဖွားတိုင်းမှ ဘာတွေကို လေ့လာခြင်း လုပ်ကိုင်သူတို့ အား အပြန်မှစိတ် ပြုလုပ်ရမည်ဆိုပါသည်။ နှစ်သက်မှစာမပို့မပ်ကျ ထောက်ဖွားတိုင်း၏ ထောက်ပို့မယ် စစ်ရှောင်တွက်တိုက်ပွဲလုပ်ချင်တာတွေကို လေ့လာနိုင်ဖို့ အာဏာရှင်တွေကို လိမ့်မည်မဟုတ်ပါဘူး။"TGI Anti-Coup Team" သည် အဖွားတိုင်း၏ အဖွားနည်းမျုးနဲ့ စာရင်သြင်းမှုများကို ပြုပြင်ဆင်နိုင်ရန် ပို့လိမ့်ရန် အတွက်လည်း အပြန်လိမ့်မည်။

TGI Anti-Coup Team

03 Dec, 09:45


ဗုံးကြဲခံရတဲ့ ဖယ်ခုံအနောက်ခြမ်းမှာ နွားကျောင်းသားတဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေ

မဲခေါင်၊ ဒီဇင်ဘာ ၃

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဆိုင်ခွန်ကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကနေစပြီး လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နွားကျောင်းသား တဦးသေဆုံးပြီး ထိခိုက်မိသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TGI Anti-Coup Team

01 Dec, 08:11


စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ

ဒီဇင်ဘာလ၊ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိကြတယ်ဟု သိရပါတယ်၊၊

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ထီစဲးခါးကျောင်းဆရာတော်မှာ အပစ်ခံရ သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ၂ ပါးသည်လည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

TGI Anti-Coup Team

20 Nov, 08:31


PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင် ၊ ထိတွေ့တိုက်ပွဲဖြစ်

https://burmese.shannews.org/archives/45346

စိုင်းဟန်လင်း၊ ၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့သလို မြေပြင်၌ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ခိုက်လာနေသည်ဟု PNLA ၏ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ် PNO တပ်ဖွဲ့ နှင့် PNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဆိုသည်။

“အခုမြေပြင်အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ ဒီနေ့နံနက်ပိုင်းမှာ စစ်ကောင်စီက အများပြည်သူအသုံးပြုတဲ့ ပွန်ချောင်းတံတားကို ဗုံးသုံးလုံးကြဲချသွားပါတယ်။ ပြီးတော့ ပွန်ချောင်းတံတား အနီးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့ပူးပေါင်းပြီး နိုဝင်ဘာလဆန်းက ထိုးဆင်စစ်လာရာ ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

#SHANBurmese

#သျှမ်းသံတော်ဆင့်

#Shannews

#ဆီဆိုင်မြို့ #PNLA #PNA #စစ်ကောင်စီ #ထိတွေ့တိုက်ပွဲ

TGI Anti-Coup Team

09 Nov, 12:25


9/11/2024
ရှမ်း/တောင် မိုးရွာထားတာကြောင့်
ကျောက်ဂူ-နမ့်လန်လမ်း
ကျောက်ဂူ-သာစည်လမ်း
ကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အတိုင်းဘဲ ဒီပုံစံတွေပါဘဲ။
ခရီးသွားပြည်သူများ လမ်းအခြေနေကိုစုံစမ်းသွားကြပါလို့လေးစားစွာ အကြံပြုပါရစေခင်ဗျာ။
ThaungpawTharla

TGI Anti-Coup Team

09 Nov, 08:46


ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကာလရွာကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ၂ဦး သေဆုံး

ကရင်နီ၊ နိုဝင်ဘာ၉

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကာလကျေးရွာကို နိုဝင်ဘာ ၈ရက်နေ့ ည ၁၁နာရီဝန်ကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်တွင်ဒဏ်ရာရရှိကာ သေဆုံးပြီး အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးမှာ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွါးရာကို ရောက်ရှိခဲ့သည့် ကယ်ဆယ်ရေးလုပ်သူတို့က ပြောကြားသည်။

ဒေသခံတစ်ဦးကလည်း " ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ လေယာဥ်က ၃ကြိမ်ကြဲသွားတာ "ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နှင့် PNOတို့ အင်အား ၅၀၀ခန့်ဖြင့် မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးနေပြီး အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ် ဗန်းမောက်ကျေးရွာတွင် စပါးသယ်နေသည့် ထော်လာဂျီပေါ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

KPV News
Photo -CJ

#KarenniPeoplesVoice #ဖယ်ခုံ #ကာလရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

TGI Anti-Coup Team

05 Nov, 01:22


ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲတွင် PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦး​​သေ

ရဲခေါင်/People's Spring

ရှမ်းပြည်နယ်​တောင်ပိုင်း၊​ညောင်​​ရွှေ မြို့နယ်အ
တွင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်လက်​အောက်ခံ PNOပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအပါ အဝင် ငါးဦး သေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင်ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာ အနီးတွင်တိုက်ပွဲဖြစ်ပွားရာ ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့် PNOပြည်သူ့စစ်မှဗိုလ်ကြီး ခွန်သိန်းဇော်၊ခွန်မောင်ရွေး၊ခွန်ရဲအောင် နှင့် ကျန်ရဲ​ဘော် နှစ်ဦးဖြစ်​ကြောင်း​ဒေသခံအချို့က​ပြော
သည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်၍ စစ်​ရှောင်နေကြသော ပြည်သူများ၏ ကျန်ခဲ့သော ပြောင်းစိုက်ခင်းကို PNO ပြည်သူ့ စစ်များနှင့် စစ်သားများက ဝင်ရောက်ခိုးယူရိတ်သိမ်းစဥ် တော်လှန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့် တိုက်ခိုက်
ခဲ့၍ ​သေဆုံးခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံတဦးက​ပြောသည်။

"ပြည်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းတွေကို စစ်ကောင်စီနဲ့ PNO တွေက ခူးပြီးတော့ရောင်းစားနေတာပေါ့။အခုလည်း အဲဒီလိုလုပ်နေရင် ဒရုန်းချခံရပြီး ကြွသွားတာဖြစ်နိုင်တယ် "ဟု ဒေသခံတဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲများတွင် စစ်​ကောင်စီတပ် နှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များစွာ​သေဆုံးခဲ့ပြီး ယခုဖြစ်စဥ်တွင်​သေဆုံးသူများ၏ အမည်နှင့် ဓါတ်ပုံပါ သတင်းထွက်​ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် PNO ၏ ထိုးစစ်ကြောင့် ထွက်
ပြေးနေရ သော ရွာများအနက် ဟိုဝိုး၊ ဆောင်လန်၊ ဗန်းမောက် ၊ ကသဲ နှင့် လွယ်ပသာ ရွာတစ်ကြောရှိ ပြည်သူများစိုက်ထားသည့်စပါးခင်း ၊ပြောင်းခင်းဧကထောင်ချီရှိပြီး သုံးပုံတစ်ပုံခန့်သာ ပြည်သူများက ရိမ်သိမ်းနိုင်ခဲ့ ကြောင်း ဖယ်ခုံမြို့စစ်ရှောင်အရေးကူညီနေသူ ကိုရာဇာက အသိပေးသည်။

"PNOနဲ့စကစပူးပေါင်းတပ်ဖွဲ့ဖက်က ရိတ်ချွေစက်၄စီးနဲ့ ပြည်သူစပါးများကို ရိတ်ချွေပြီး ပင်
လောင်းလမ်းအတိုင်း သယ်ယူသွားတယ်လို့ ဒေသခံလယ်သမားတစ်ယောက်ဆီကသိရပါတယ်"ဟု ကိုရာဇက ပြောသည်။

ထို့အပြင် ရိတ်ချွေပြီးလယ်ထဲ၌ ကျန်ခဲ့သောစပါးများကို ပြည်သူများကပြန်လာသယ်ချိန်တွင် PNO
ကတိုက်ခိိုက်သဖြင့် သေဆုံးသူပြည်သူအချို့ရှိကြောင်းလည်း သိရသည်။

ထိုအပြင် စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ပြီးခဲ့သည့် တလ​ကျော်တွင် လီဆူတိုင်းရင်းသားရွာဖြစ်​သောသောင်စိန်ရွာကို
မီးရှို့ဖျက်ဆီးသွားခဲ့​သေးသည်။

ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO က အင်အား ၅၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အဆို
ပါစစ်​ကြောင်းကို​တော်လှန်​ရေးတပ်များက တိုက်
ခိုက်ရာ တိုက်ပွဲများနေ့စဥ်ဖြစ်ပွား​နေပြီးဒေသခံပြည်သူထောင်နှင့်ချီ စစ်ရှောင် နေရကာ အခြေခံ ရိက္ခာများစွာလိုအပ်လျှက်ရှိသည်။

ပင်လောင်း -ဖယ်ခုံ ​ဒေသတွင် စက်တင်ဘာလမှစ၍ လပေါင်းများစွာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေခြင်းဖြစ်သည်။

(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)

TGI Anti-Coup Team

27 Oct, 11:37


Taunggyi

ဒီနေ့ည အစစ်ဆေးပိုကြပ်မယ်လို့သိရတယ်ဗျ ကားတွေကိုပါစစ်မယ်လို့ ကြားသိရတယ်ဗျ အဖွဲ့လည်းစုံမယ် ဒီနေ့စစ်မယ့်ထဲ ထပ်တိုးအနေနဲ့ မူးယစ်ရယ် အကြမ်းဖျက်တိုက်ဖျက်ရေးဆိုတဲ့ဖက်က ရခ အကြီးစားတွေလည်းပါမယ်လို့ သိရသလို အရပ်ဖက်က ပြည်သူတွေကိုတော့ ဒီနေ့ည လှည့်ကင်းတွေမှာ မခေါ်ထားဘူးလို့ သိရပါတယ်

စစ်မယ့်နေရာတွေကတော့ အရှေ့မြို့ပတ်လမ်းတကြောဆို အထက ၄လမ်းဆုံ knk မီးပွိုင််နားရယ် ဘုရားဖြူဂျာမနီလမ်းရယ် ပီးတော့ မဂႅလာဦးလမ်းဆုံရယ်ပါ မိန်းလမ်းကတော့ စစ်နေကြ လဒကုန်းနားရယ် မြင်းရုပ်မီးပွိုင့်နားရယ် ကျားခေါင်နားရယ်ပါ အနောက်မြို့ပတ်လမ်းမပေါ်ဆိုရင်တော့ တက္ကသိုလ်နားက ဧရာဝတီလမ်းဆုံရယ် ဝါးပြားမီးပွိုင့်နားရယ် မီးသွေးတန်းရယ် မြို့အဝင် မြေပုံနားတွေပဲဖြစ်ပါတယ် ၇နာရီမတိုင်ခင် စုပေါင်းရုံး၊ အမှတ်၁ ရခရုံး ၊ စိန်ပန်းရခရုံး ကနေ ၃ဖွဲ့ လမ်း၃လမ်းကို ခွဲထွက်မယ်လို့ သိရပါတယ်

tsr က ကြိုတင်လိုက်ပီဖြစ်တာကြောင့် စစ်မယ့်နေရာတွေ အပြောင်းအလဲ ရှိလာန်ိုင်ပါတယ် သွားတာလာတာ ဂရုစိုက်ကြပါ အရေးတကြီး သွားမယ်ဆို ရပ်ကွက်တစ်ခုနဲ့တစ်ခု ဆက်နေတဲ့ လမ်းသွယ်တွေကနေ သွားပါ

TGi Support Revolution -TSR

TGI Anti-Coup Team

24 Oct, 15:59


ရှမ်းတောင်မှာ ရွာအတွင်းစစ်ဘေးရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေး
.....................................

ခမ်းသားငေါဝ်း
အောက်တိာဘာ ၂၄၊ ၂၀၂၄

ပင်လောင်းမြို့-ဖယ်ခုံနယ်စပ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဗန်းမောက် ကျေးရွာမှာ ရွာအတွင်းစစ်ရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေးဘူးလို့ ဒေသခံထံက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် ဖယ်ခုံနယ်စပ်အနီး ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ တစ်လရှိသည့်တိုင်အောင် ယခုလက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာအတွင်း ရွာသားတွေလည်းပိတ်မိနေကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ သိရပါတယ်။

လက်ရှိမှာ (စဲ့ဗွာ )ခေါ် ပအိုဝ်းပြည်သူစစ် PNO မှ ကုန်းလမ်းဘက်ကို ပိတ်ထားလိုက်တဲ့အတွက် ကုန်းလမ်းဖြင့် စစ်ရှောင်လိုသည့် ရွာသားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။ ပိတ်ရတဲ့ကြောင်းရင်းကိုလည်း ရွာသားတွေအနေနဲ့သေချာမသိရဘူးလိုဆိုထားပါတယ်။

“အရင်ကတော့ ရေကြောင်းနဲ့စစ်ရှောင်လို့ရတယ်။ အခုက ရေကြောင်းလဲပိတ်သွားပြီ အဲလှေဂိတ်မှာ ဗုံးကြဲလို့ ဘယ်လှေသမားမှ မသွားရဲကြတော့ဘူး။ ကုန်လမ်းကြတော့လည်း အန္တရာယ်ရှိနေတယ်။ သွားတဲ့လူတွေလည်း ခနခန ပျောက်နေတယ် ဘယ်သူမှ မသွားရဲကြတော့ဘူး။ အခုတော့ ဘုန်းကြီးကျောင်းမှာပဲစုနေကြတယ် ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်၊၊

ထိုပင်လောင်း-ဖယ်ခုံနယ်စပ် အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိသည့်မှာ အတော်ကြာပြီးဖြစ်သည့်အပြင် အဆက်သွယ်လုပ်လို့ပါက လယ်ကွင်းနားထိထွက်ပြီးမှ အဆက်သွယ် လုပ်ရကြောင်းသိရပါတယ်။

“နေ့တိုင်းလိုလို ရွာရဲ့အပေါ်မှာလေယာဉ်က ဝဲနေတာ။ ကြောက်နေတယ်။ သူတို့က လျှောက်ကြဲလိုက်ရင် လူတွေထိမှာ စိုးရိမ်ရတယ်။ သူတို့လျှောက်မကြဲရင်တော့ ဘုန်းကြီးကျောင်းမှာနေရတာလဲ လုံခြုံပါတယ်။” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ထိုအပြင်ရွာသားအချို့များသည် အဝေးသို့ စစ်ရှောင်ပါကလည်း စားသောက်ရေးပိုင်းအတွက် မရပ်တည်နိုင်သည့်အတွက် ကျေးရွာအတွင်းဘဲ စစ်ရှောင်နေတာမျိုးလည်းရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာလည်း ဗန်းမောက် နမ့်ဖာမူမှာ စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်တဲ့အတွက်ရွာအတွင်း ကျရောက်ပြီး ဒေသခံ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရ ကြောင်းသိရသည်။

PPV0010
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်‌လောင်းမြို့နယ်
#ဖယ်ခုံနယ်စပ်အနီး
#ဗန်းမောက်ကျေးရွာ
#PNO

TGI Anti-Coup Team

24 Oct, 02:19


🟢 ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရ
https://t.me/spmnewsagency2019
အင်းငယ်၊ အောက်တိုဘာ ၂၄ ရက်၊ ပင်လောင်း

ရှမ်းတောင် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာ တစ်ပတ်ကြာနေပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ ပင်လောင်းမြို့နယ်၊ ဆောင်လန်ကျေးရွာရှိ လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဆကြာင့် ဆောင်လန်၊ မိုင်းဖြတ်နဲ့ လွယ်ဖွီးကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကြဲနေတာက တော်တော်ကြာပြီ။ တော်တော်များများက ရှေ့အကြိမ်တွေကတည်းက ရှောင်ကြတာ။ မနေ့ည လှေဆိပ်ထိသွားတော့ ဘယ်သူမှ မနေရဲတော့ဘူး” လို့ ဆောင်လန်ကျေးရွာခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ် တောင်ပိုင်း၊ ရှမ်း-ကရင်နီနယ်စပ် တစ်လျှောက်က မိုင်းဖြတ်၊ လွယ်ဖွီး၊ မိုးဦးကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တွေဖက်က ဝါးလီ၊ တင်းထက်၊ တောင်ဗာရွာတို့မှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်း ပင်လောင်းမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာတိတိ စစ်ဘေးရှောင်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

“ဆီဆိုင် - ပင်လောင်း - ဖယ်ခုံလမ်းက ပိတ်သွားပြီ။ ဝေးဝေးရှောင်လို့ မရတော့ဘူး။ နီးစပ်ရာပြေး နည်းနည်းငြိမ်ရင်ပြန်လာ အဲလိုပဲရမှာ။ တချို့လမ်းကျတော့ ကားသမားတွေလည်း မသွားရဲဘူး”

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလကတည်းက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံနဲ့ ကရင်နီပြည်ကို အင်အား ၅၀၀ နဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို စစ်မှုထမ်းအသစ်တွေနဲ့ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တင်မကဘဲ အင်းလေးဒေသတောင်ပိုင်း၊ စံကားကျေးရွာအုပ်စုဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။

ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

TGI Anti-Coup Team

23 Oct, 07:39


ထိုင်းဘက်ဖြတ်ခွင့် တိုးမယ့် CDM တွေကို နယ်စပ်မှာ ဖမ်းဆီး

ထိုင်းဘက်မှာ တရားဝင်နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေဟာ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ကို သက်တမ်း သွားတိုးရင်းနဲ့ အဖမ်းခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ပထမပိုင်းတုန်းကတော့ သူတို့ ရိုးရိုးတံတား ကူးတယ်။ ရိုးရိုးတံတားကူးပြီး Smart Card တွေ လုပ်တယ် သက်တမ်းတိုးတယ်၊ ပြန်လာတယ်။ နောက်တော့ Smart Card အချက်အလက်တွေ ရောက်လာတဲ့လူတွေဆို တချက်တည်း ဆွဲဖမ်းလိုက်တယ်။ တံတားကို လာခေါ်တာတောင်မှ ရဲမှူး အဆင့်က လာခေါ်တယ် ပြောတယ်။ အခုကျနော်တို့သိတာဆို မြ၀တီရဲစခန်းမှာ ချုပ်ထားတာရှိတယ်။ တချို့ဆို တရားရုံးတောင် တက်နေရပြီ။ အရင်လည်း အဖမ်းခံရတာ ရှိတယ်၊ အခုတော့ ရက်ခြား ဖမ်းခံရတာတွေ ရှိလာတယ်။ အရင် အဖမ်းခံရတဲ့ သူတွေတုန်းကတော့ သတင်းတွေ ထွက်မလာဘူး။”
ထိုင်းဘက်မှာ တရားဝင်နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေဟာ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြ၀တီ နယ်စပ် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ၇ ရက်တခါ ချစ်ကြည်ရေးတံတားကိုဖြတ်ပြီး သက်တမ်းပြန်တိုး ထိုင်းဘက် ပြန်လာနေထိုင်နေကြတာပါ။ ဖမ်းဆီးနေတာ တလကျော်ပေမယ့် သတင်းမထွက်တာကြောင့် မသိကြတာလို့လည်း ဆိုပါတယ်။
အခုဆိုရင် မြ၀တီမြို့ဘက်ကို သွားကြတဲ့ သူတွေထဲမှာ ၂ပတ်အတွင်း ဖမ်းဆီးခံရသူတွေ ဆယ်ဂဏန်းလောက် ရှိလာတာကြောင့် CDM ဝန်ထမ်းတွေ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
https://burmese.voanews.com/a/thai-myanmar-border-cdm-peoples-arrested-in-mae-sot-/7833038.html

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာတွေ့ရတဲ့ ချစ်ကြည်ရေးတံတား ယခင်မှတ်တမ်းဓာတ်ပုံ။

TGI Anti-Coup Team

22 Oct, 13:44


ရှမ်း - ကရင်နီပြည်နယ်စပ်တွင် တိုက်ပွဲပြင်းထန်နေ

ရဲခေါင်/People's Spring

ရှမ်း - ကရင်နီပြည်နယ်စပ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ နေ့စဥ်ပြုလုပ်ပေးနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းထားသော စစ်ကြောင်းသုံးခုသည် စက်တင်ဘာ ဒုတိယပတ်ကစ၍ ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ဘက်သို့စစ်ကြောင်း ထိုးနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီး နေ့စဥ်နီးပါး ထိတွေ့မှုရှိသည်ဟု ဆိုသည်။

"ပင်လောင်းရဲ့ တောင်ဘက်၊ဖယ်ခုံရဲ့ အနောက်ဘက်ခြမ်း မိုင်းဖြတ်၊ ဆောင်လန် နဲ့ နောင်ဝှိး ရွာတွေမှာ တိုက်ပွဲ ဖြစ်နေတယ်။အခုရက်ပိုင်း စကစဘက်က လေယာဥ်ပစ်ကူယူပြီးမှ စစ်ဆက်ထိုးတာပေါ့။နောက် ပြီး အရှေ့ကနေ ကျားထိုးတက်ခိုင်းတဲ့ PNOတွေ သေတာတွေများတာလည်းပါတယ်"ဟု ဖယ်ခုံမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပင်လောင်းမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ခုခံစစ်လုပ်နေရကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်ဘီးထူးက မကြာသေးမီရက်ပိုင်း၌ ပြုလုပ်ခဲ့သော တပ်ရင်း(၉)၏ ဒရုန်း ကမ်ပိန်းအစီအစဥ်တွင် အသိပေးထားသည်။

"ဖယ်ခုံက စစ်ရေးအရရော၊လမ်းပိုင်းဆိုင်ရာ ဆက်သွယ်ရေးအရပါ ကရင်နီတပ်ပေါင်းစု အတွက် အရေးကြီးသလို စကစဘက်ကလည်း နေပြည်တော် ထိမခြိမ်းခြောက်နိုင်အောင် တံခါးပေါက်အစကိုပိတ်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ပြောရင်မမှားဘူး။သိရသလောက်သတင်းတွေအရ အရေးသာဖို့ ကိုယ်စီကြိုးစားနေကြတယ်"ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပင်လောင်းမြို့နယ်အစပ်တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူ့စစ် PNO ၏ ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသည့် ပအိုဝ်းလူငယ်များသေဆုံးနေရကြောင်းလည်း ပအိုဝ်းသတင်းရင်း မြစ်က ဆိုသည်။

"လက်နက်ကောင်း မတပ်ဆင်နိုင်ပဲနဲ့ ရှေ့တန်းတက်ခိုင်းတယ်။စကစ ပေးတဲ့လက်နက်က မကောင်းမှန်းသိသိကြီးနဲ့ လူငယ်ကို ရှေ့တန်းထွက်ခိုင်းတယ်။ လူအင်အားများပေမယ့် ကိုယ့်ဘက်အကျနည်းဖို့က အဓိကလေ။အခုဟာက ပစ်မရတဲ့ သေနတ်ပေး၊ နောက်က လက်နက်ကြီးပစ်ကူရုံလောက်နဲ့ မရဘူးလေ။ရှေ့တန်းက လူငယ်တွေ ဘာကျည်ကာမှမပါဘူး။ကျသွားတဲ့ လူငယ်တွေ မနည်းဘူး။သေသွားတဲ့ လူငယ်ပြန်ရှင်အောင် လုပ်မရတော့ဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ကြားတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး မြေပြင်တိုက်ပွဲအခြေအနေကိုမူ သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

(ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တို့တွင် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - ကိုပြည့်)

TGI Anti-Coup Team

20 Oct, 04:38


အဓမ္မစစ်မှုထမ်းစုဆောင်းမှု အပတ်စဉ် ၃၊ ၄၊ ၅ အခြေအနေ အစီရင်ခံစာ အပြည့်အစုံ Download link
https://drive.proton.me/urls/T0X5H8HBD8#hEGNMrFqk32L

အဓမ္မ စစ်မှုထမ်းစုဆောင်းမှု အပတ်စဉ် ၂ အခြေအနေ အစီရင်ခံစာ အပြည့်အစုံ Download Link
https://drive.proton.me/urls/BCA5CSGTMW#coUBBvOm1cON

TGI Anti-Coup Team

20 Oct, 04:38


စစ်မှုထမ်း စုဆောင်းခံရသူ ၂ သောင်းကျော်သွားပြီး ရှေ့တန်းပို့ခံရတဲ့ သင်တန်းဆင်းများ သေဆုံးမှုတွေရှိနေ

BACS

BACS အနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအကောင်အထည်ဖော်မှု အခြေအနေတွေကို လေ့လာစောင့်ကြည့်ခဲ့ပြီး အစီရင်ခံစာတွေ ပြုစုထုတ်ပြန်နေတာဖြစ်ပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၂ အခြေအနေတွေကို အစီရင်ခံစာပြုစုထုတ်ပြန်ခဲ့ပြီး အခုအခါမှာ အပတ်စဉ် ၃၊ ၄၊ ၅ အခြေအနေတွေကို စောင့်ကြည့်လေ့လာကာ အစီရင်ခံစာအနေနဲ့ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် စစ်ကောင်စီက စုဆောင်းထားတဲ့ စစ်မှုထမ်းအရေအတွက်ဟာ ၂ သောင်းကျော်သွားပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အပတ်စဉ် ၆ အတွက်စုဆောင်းထားသူတွေကိုလည်း သင်တန်းကျောင်းတွေဆီ ဆက်ပြီးပို့ဆောင်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ သူတို့သတ်မှတ်ထားတဲ့ စစ်မှုထမ်းအရေအတွက် ဝန်းကျင်ကို ပုံမှန်ရယူ စုဆောင်းနိုင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီအစီရင်ခံစာမှာတော့ စစ်ကောင်စီက ဘာကြောင့် ပုံမှန်စုဆောင်းတာတွေ လုပ်နေနိုင်သလဲ၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး စုဆောင်းနေသလဲဆိုတာတွေကို လေ့လာသုံးသပ်ပြီးဖော်ပြထားပါတယ်။ စစ်မှုထမ်းသင်တန်းသားတွေအနေနဲ့ သင်တန်းဆင်းပြီးတဲ့ နောက် ဘယ်တွေရောက်သွားလဲဆိုတာနဲ့ ရှေ့တန်းပို့ဆောင်ခံရပြီး သေဆုံးမှုတွေရှိနေတဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် သင်တန်းကျောင်းဖွင့်လှစ်တဲ့ အခြေအနေတွေ၊ သင်တန်းကျောင်းအလိုက် စုဆောင်းခံရတဲ့ အရေအတွက်ကိုလည်း စုဆောင်းကောက်ယူ ဖော်ပြထားပါတယ်။

အစီရင် ခံစာ အပြည့်အစုံကိုတော့ ကောမန့်က လင့်မှာ Download ရယူနိုင်ပါတယ်။

#BurmaAffairsConflictStudy #conflicts #conscription #Myanmar

TGI Anti-Coup Team

13 Oct, 04:11


ရွာငံမြို့နယ် သိမ်ကုန်းရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားအသတ်ခံရ

ဗွီအိုပီ၊ အောက်တိုဘာလ (၁၃) ။

မနေ့ည ၁၀နာရီဝန်းကျင်ခန့်မှာ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးဇော်လွင်နှင့် ဇနီးဖြစ်သူဒေါ်ဖြူတို့ ၂ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခံရတာဖြစ်ပြီး ဘယ်သူတွေက ဝင်ရောက်ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

၎င်းတို့ဇနီးမောင်နှံဟာ သိမ်ကုန်းရွာက လူငယ်တွေအဖမ်းခံရအောင် စစ်ကောင်စီထံသတင်းပေးသူတွေဖြစ်ပြီး ရွာသားတွေကိုလည်း စစ်ကောင်စီနဲ့ပတ်သက်ပြီး လိုက်လံခြိမ်းခြောက်တာမျိုးတွေတောက်လျှောက်လုပ် လေ့ရှိတယ် လို့ပြောပါတယ်။

“သူတို့က လူငယ်တွေအဖမ်းခံရအောင် စစ်ကောင်စီကိုလက်တို့တာ၊ ရွာသားတွေကိုလည်း ဘာလုပ်မယ်ညာလုပ်မယ်နဲ့ ခြိမ်းခြောက်တာ တော်တော်ဆိုးတယ် လင်မယား၂ယောက်လုံးက” လို့ ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။

၎င်းတို့ရဲ့တစ်ဦးတည်းသော သားဖြစ်သူက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူငယ်တွေကို အဖမ်းခံရအောင်သတင်းပေးတာ၊ ရွာထဲမှာ လိုက်လံ
ခြိမ်းခြောက်တာတွေကို ပြုလုပ်တာကြောင့် လွန်ခဲ့တဲ့ ၂ပတ်လောက်က PDFအဖွဲ့တွေက ဆက်လက်မလုပ်ဆောင်ဖို့သတိပေးတာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးနှင့် ပအိုဝ့်ပြည်သူ့စစ်တွေက နယ်မြေစိုးမိုးထားပြီး လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးနှင့် ခိုးမှု လုယက်မှုဖြစ်စဉ်တွေ များလာနေပါတယ်။

#voiceofpindaya

TGI Anti-Coup Team

01 Oct, 06:00


ဆေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၈) ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်အပေါ်မြေပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအနှစ်ချုပ် ထုတ်ပြန်ချက်