Wai Yan Aung @waiyanofficial Channel on Telegram

Wai Yan Aung

@waiyanofficial


Wai Yan Aung (Official Telegram Channel)

Wai Yan Aung (Official Telegram Channel) (English)

Welcome to the official Telegram channel of Wai Yan Aung! If you are a fan of Wai Yan Aung and want to stay updated on his latest news, events, and projects, then this is the channel for you. Wai Yan Aung is a talented artist known for his captivating performances and unique style. He has a strong presence in the entertainment industry and continues to impress audiences with his work. By joining this channel, you will have exclusive access to behind-the-scenes content, sneak peeks of upcoming projects, and chances to interact with Wai Yan Aung himself. Whether you are a long-time fan or just discovering his work, this channel is the perfect place to connect with fellow fans and stay informed. Don't miss out on this opportunity to join the Wai Yan Aung community and be part of his exciting journey. Subscribe now and be part of the conversation!

Wai Yan Aung

08 Feb, 04:06


https://www.facebook.com/share/p/1DhbCJryA6/?mibextid=wwXIfr

🌟🤩🥳🥰
ဝမ်းသာလိုက်တာ 🫶🏻🌟

Wai Yan Aung

07 Feb, 15:28


https://www.facebook.com/share/p/18YDVVRTkN/?mibextid=wwXIfr

Aung Myo Zaw 🥰

Wai Yan Aung

07 Feb, 14:09


ခုလို ဖေဖေမေမေတို့ရဲ့ စကားသံလေးတွေ ကြားရတာ အင်မတန်မှ ပီတိဖြစ်ရသလို ရှေ့ဆက်ဖို့ စိတ်ခွန်အားတွေ အများကြီးရပါတယ်… 🌟🙏🏻

ဆရာ မိဘ ကျောင်းသား လက်တွဲညီညီနဲ့ နိုင်ငံတကာအဆင့်မီပညာရေးကို အ​ကောင်းဆုံးကြိုးစားဖော်ဆောင်ရင်း သားသားမီးမီးတို့ရဲ့ အတောက်ပဆုံးအနာဂတ်ကို ဖန်တီး ပျိုးထောင်ပေးကြမယ်ခင်ဗျာ… 🫶🏻

Wai Yan Aung

07 Feb, 01:55


တချို့လူတွေက ကိုယ့်ရဲ့နာကျင်မှုတွေကိုကုစားရမယ့်အစား ထုံသွားအောင် လုပ်တတ်ကြတယ်…

လူ့ဘဝမှာ လူရယ်လို့ဖြစ်လာရင် အခက်အခဲ အဆင်မပြေမှုဆိုတာ လူတိုင်း ရင်ဆိုင်ကြုံတွေ့ရမယ့်အရာဖြစ်တယ်…
အခက်အခဲတွေနဲ့ကြုံတွေ့လာရရင် နည်းလမ်းမှန်မှန်ဖြေရှင်းတတ်ဖို့ကအင်မတန်မှ အရေးကြီးတယ်…
တချို့က အခက်အခဲ၊ပြဿနာတွေကနေရလာတဲ့ နာကျင်ခံစားရမှုကို အမုန်းတရားအဖြစ် မှားယွင်းစွာ ပြောင်းလဲမိကြတယ်…

အမုန်းတရားဆိုတာ ထားမိရင် သူ့အတိုင်းမနေဘူး…
ဆိုးကျိုးများစွာနဲ့ ပွါးတတ်တဲ့အမျိုးဖြစ်တယ်ဆိုတာ သူတို့မသိကြဘူး…
ဒါကြောင့်လည်း အမုန်းတရားက အခုကာလမှာ လူတွေရဲ့အကြား ပိုလို့တောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်…
အမုန်းတရားရယ်၊ မနာလိုမှုရယ်၊ အငုံစိတ်ရယ် ပေါင်းစပ်ပြီးပြီဆိုရင် မြင်မြင်သမျှ မနာလိုအမုန်းစကားပြောစရာလို့ပဲ မြင်ကြတော့တာဖြစ်ပါတယ်…
အဲ့လိုလုပ်လိုက်တာကလည်း သူတို့ရဲ့တစ်ကိုယ်ရည် နာကျင်မှုတွေကို ခဏတာပြေပျောက်စေတယ်လို့ သူတို့ကိုထင်စေတယ်…
ဒါကြောင့် ကုစားရမယ့်အစား ထုံဆေးပေးလိုက်ကြတာလို့ ပြောတာဖြစ်ပါတယ်…

တကယ့်အဖြစ်မှန်က သူတို့ကိုယ်ပိုင်ဘဝနဲ့ပတ်သက်ပြီး နာကျင်ခံစားနေကြရတာ ကိုယ့်ရဲ့ကိုယ်ပိုင်အခြေအနေတွေနဲ့ပတ်သက်ပြီး မပျော်ရွှင်နေတာ…
ဘဝနဲ့ပတ်သက်တာ လူမှုရေး စီးပွါးရေး အစစအရာရာပေါ့…
အဲ့ဒီမပျော်ရွှင်မှုတွေ မကျေနပ်ချက်တွေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့အဖြေကိုရှာရမယ့်အစား မနာလိုစိတ်မွေးရတာ၊ အမုန်းစကားပြောရတာဟာ သူတို့အတွက် လွဲမှားတဲ့ရေတိုဖြေရှင်းနည်းဖြစ်လာတယ်…

ဟိုလူကဘယ်လို၊ ဒီလူကဘာဖြစ်တယ်ပေါ့ဗျာ
တခြားလူတွေရဲ့ဘဝတွေကို လိုက်ပြီး negative comment လုပ်တတ်ကြတယ်…
တခြားလူကို ပြစ်တင်စော်ကားနေကြတာဟာ သူတို့ရဲ့ deepest insecurity ဖြစ်နေတတ်ကြတာ သူတို့မသိကြဘူး…
အဲ့ဒါဟာ သူတို့ရဲ့အငုံစိတ်ကို ဖော်ပြနေမိတယ်ဆိုတာ သူတို့မသိကြဘူး…
အဲ့လိုလူတွေဟာ ဘဝက ပျော်ရွှင်စရာမဟုတ်ဘူး ဘဝမှာ သူများကိုအပြစ်ရှာတာကလွဲရင် ဘာမှတန်ဖိုးရှိတာ မလုပ်နိုင်ဘူးလို့ကို သနားစရာကောင်းလောက်အောင် လက်ခံအသက်ရှင်နေကြတဲ့သူတွေပေါ့ဗျာ…

ပျော်ရွှင်မှု၊ ငြိမ်ချမ်းမှုတို့ဟာ ဘဝမှာ သူတို့နဲ့ မထိုက်တန်ဘူးလို့လက်ခံပြီး သူတို့ရဲ့လူ့ဘဝ ရောက်လာတဲ့တန်ဖိုးရှိတဲ့အချိန်တွေကို တခြားသူတွေအပေါ် မနာလို အမုန်းပွါးဖို့ အချိန်ကုန်ခံတတ်ကြတယ်…
လူ့ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာပါ…
နေတတ်ရင်တန်ဖိုးရှိပါတယ်…
တခြားသူတွေကို မနာလိုအမုန်းပွါးပြီး အလဟဿ အကုသိုလ်အဖြစ်ခံဖို့ရောက်လာကြတာမဟုတ်ပါဘူး…

ကိုယ်ရထားတဲ့ဘဝလေးကို အကောင်းဆုံးနဲ့ လှပအောင် အာရုံစိုက်တည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း

btw your projection is not my reality.
In 2025, it is not my responsibility either.
We all have our own things to do.

Han Zaw Latt

Wai Yan Aung

06 Feb, 12:00


အောက်ပါ ကျောင်းအပ်နှံရန် ဖောင်လင့်ခ်ကို နှိပ်၍ အချက်အလက်များကို ဖြည့်သွင်းပြီး ကျောင်းအပ်နှံလို့ရပါပြီခင်ဗျာ။

နေ့ကျောင်းအတွက် ကျောင်းအပ်ရန်-

https://docs.google.com/forms/d/e/1FAIpQLSc1vYb-dn-hloRnIii9CNletP0Ypr_wztxjQfQP2yHTcupOBQ/viewform?usp=dialog

ညကျောင်းအတွက် ကျောင်းအပ်ရန်-

https://docs.google.com/forms/d/e/1FAIpQLSd6SdptIO9Vt0Co6gYj7AYxBlOjJ1Vds8ExzRlA634psmC0dg/viewform?usp=dialog

အောက်ပါလင့်ခ်လေးကို နှိပ်၍ အတန်းများနဲ့ပတ်သက်လို့ အသေးစိတ် ကြည့်ရှု လေ့လာနိုင်ပါတယ်။

နေ့ကျောင်း Day Class -

https://drive.google.com/file/d/1CpwpW0qNtlDEE73brq12iVI9xfqHrgUa/view?usp=sharing

ညကျောင်း Night Class -

https://drive.google.com/file/d/1bgDu0mF5-49C1zzFjdGL07a-z5fjD9K2/view?usp=sharing

📚 ကျောင်းအပ်နှံခြင်းနဲ့ ပတ်သက်လို့ သိချင်တာတွေ၊ အကူညီလိုအပ်တာရှိရင် ကျောင်းရဲ့ Facebook Page Messenger သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်…

📚 အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်များရဲ့ ကမ္ဘာ့အဆင့်မီပညာရေးအတွက် New Generation Myanmar (International Online School) မှာ ယခုပဲ ကျောင်းအပ်နှံကြဖို့ ဖိတ်ခေါ်ပါရစေ… 🤩

Wai Yan Aung

06 Feb, 04:14


လွန်ခဲ့တဲ့ (၅)ရက်ခန့်က Facebook Group တစ်ခုမှာ ကျနော်နဲ့ ကျနော့်ကျောင်းကို အကောင့်တုတစ်ခုက မဟုတ်မမှန် နာမည်ဖျက် တိုက်ခိုက်ခဲ့ပါတယ်…
အကောင့်တုရဲ့အောက်မှာ မနာလိုသူ တချို့ကလည်း အကြောင်းမဲ့ စော်ကား တိုက်ခိုက် ဖြန့်ဝေခဲ့ကြပါတယ်…

ကျနော် အဲဒီပို့စ်ကိုမြင်မြင်ချင်းမှာ Group ရဲ့Admin အချို့ကို ဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ကြဘဲ လစ်လျှူရှုခဲ့ကြပါတယ်…

အဲဒါကြောင့် ကျနော့်အနေနဲ့ Local Authorities များထံ cyber crime ဥပဒေနဲ့အညီ ကျူးလွန်သူများကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်ဗျ…

Cyber Police👮ထံတိုင်ကြားပြီးနောက်
ချက်ချင်းဆိုသလို Facebook Team ဘက်ကနေလည်း အဲဒီ post ကို ဖြုတ်ချခဲ့ပြီး တင်ဖို့ခွင့်ပြုခဲ့တဲ့
Group ကိုပါ အရေးယူခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျ…

Postတင်ခဲ့တဲ့ fake account ကိုရော
ဒီ case မှာ အဓိက ပါဝင်ပတ်သက်ခဲ့တဲ့သူများကိုရော နောက်ဆက်တွဲ Legal Action ယူပြီး
ကျနော့်အနေနဲ့ တရားဥပဒေရဲ့အကာအကွယ် ရယူသွားမှာ ဖြစ်ပါတယ်ခင်ဗျ…

လူသိများသူတစ်ယောက်အနေနဲ့
Social Media မှာ စော်ကားတိုက်ခိုက်ခံရမှုတွေကို အဖက်လုပ်ပြီး အရေးတယူ တုံ့ပြန်နေစရာ မလိုဘူးဆိုတာ ကျနော် နားလည်ပါတယ်ခင်ဗျ…

ဒါပေမဲ့ လူတစ်ဖက်သား ဂုဏ်သိက္ခာကျဆင်းအောင် စည်းမဲ့ကမ်းမဲ့ စော်ကားချင်တိုင်း စော်ကားလို့ မရဘူးဆိုတာကို ဒီ case က ဥပမာကောင်းတစ်ခုအနေနဲ့ သင်ခန်းစာပေးချင်ပါတယ်ဗျ… နောက်နောင် ဆင်ခြင်ကြဖို့အတွက်ပါ…

ကျနော့်အနေနဲ့ လိုင်းပေါ်ကနေတော့ တုံ့ပြန်နေမှာမဟုတ်ပါဘူး… တရားဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာပါဗျ…

တရားဥပဒေစိုးမိုးတဲ့ အမေရိကန်နိုင်ငံမှာ
ကျူးလွန်သူအနေနဲ့ ကိုယ် ဘယ်သူဘယ်ဝါမှန်း မသိလောက်ဘူးထင်ပြီး အကောင့်တုနဲ့
ဥပဒေချိုးဖောက်လို့ မရဘူးဆိုတာ
မသိဘူးထင်တယ်ခင်ဗျ…

Cybercrime ပြစ်မှုကျူးလွန်ရင် ဒီနိုင်ငံမှာရှိတဲ့ Cyber Police တွေက အကောင့်တုရဲ့ IP address , အသုံးပြုခဲ့တဲ့ Device တွေကနေ ဘယ်သူလဲဆိုတာ လိုက်လို့ရတယ် ဆိုတာ နားလည်စေချင်ပါတယ်…

နောက်နောင်လည်း ဒီလို မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ…

Wai Yan Aung

Wai Yan Aung

05 Feb, 06:39


ဘယ်သူ့ တီချယ်တွေပါလဲဆိုတာ ဝင်ကြည့်ကြဦးနော် 🥰🤩

https://www.facebook.com/share/p/1XjSdjBA63/?mibextid=wwXIfr

Wai Yan Aung

04 Feb, 15:14


Wai Yan Aung ဘယ်သူလဲ သိချင်သူများအတွက် 🫶🏻
https://www.waiyanaung.com/biography

အင်္ဂလိပ်လို နားမလည်ရင် စာသားတွေကို
Copy & Paste လုပ်ပြီး Google Translate ကို ဘာသာပြန်ခိုင်းပြီး ဖတ်နိုင်ပါတယ်ခင်ဗျာ… 🥰

Wai Yan Aung

03 Feb, 15:29


စုံစမ်းပေးပါဦးဗျ 🤭
ကျောင်းသားအစစ်လား
ကျောင်းအုပ်လား
မင်းသားလား CEO လား
အသဲကျော်လား 🤪

Wai Yan Aung

03 Feb, 03:16


Good Morning 🤎
Breakfast အတွက်
ဂျေဒိုးနပ် 🍩 လေး သုံးဆောင်ပါဦးခင်ဗျာ

Wai Yan Aung

02 Feb, 15:38


မတက်ရောက်ဖြစ်ပေမဲ့ ကျနော့်အတွက်တော့ ဂုဏ်ယူစရာအခိုက်အတန့်လေးတစ်ခုပါ…

နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားမယ်ဆိုရင်
ကိုယ်တက်ချင်တဲ့ ကျောင်း (၂)ကျောင်း (သို့မဟုတ်) (၃)ကျောင်းလောက်ကို
တစ်ပြိုင်နက် လျှောက်ထားကြည့်ဖို့
ကျနော့်ကို US က တက္ကသိုလ်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုး ပါမောက္ခ၊ ဆရာကြီး၊ ဆရာမကြီးတွေက
အကြံပေးခဲ့ကြပါတယ်…

ကျောင်းတစ်ခုနဲ့ တစ်ခု ရွေးချယ်တဲ့ စံနှုန်းတွေမတူကြတာကြောင့်
ကိုယ့်ဘက်က လိုအပ်တဲ့အရည်အချင်း သတ်မှတ်ချက်တွေ ပြည့်စုံနေသည့်တိုင် ကျောင်းဘက်က လက်ခံချင်မှသာ လက်ခံမှာပါ…
ဒါကြောင့် တစ်ကျောင်းမဟုတ် တစ်ကျောင်းက ကိုယ့်ကိုလက်ခံပြီး တက်ရောက်ခွင့်ရဖို့ chance ပိုရှိအောင် (၂)ကျောင်း (၃)ကျောင်း ပြိုင်တူ လျှောက်ခိုင်းတာပါတဲ့…

ကျနော်လည်း အဲ့နည်းအတိုင်း ကျောင်း (၂)ကျောင်းကို လျှောက်ခဲ့ပါတယ်…

ကျနော်နေတဲ့ မြို့မှာရှိတဲ့ Johns Hopkins University (JHU) အပြင် ခုလိုကာလမှာ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက်
ပညာရေးအခွင့်အလမ်းတွေများစွာ ထောက်ပံ့ပေး ကူညီပေးနေတဲ့
Arizona State University (ASU) မှာလည်း
Online ကနေ တက်ရောက်နိုင်မဲ့
MEd Program ကို တပြိုင်နက်တည်း
လျှောက်ထားဖြစ်ခဲ့ပါတယ်…

JHU ကနေ ကျနော့်ကို လက်ခံပြီး (၃)ရက်အကြာမှာပဲ ASU ကလည်း ကျနော့်ကို MEd Program - Global Education အတွက် ရွေးချယ် လက်ခံလိုက်ကြောင်း email ပို့လာခဲ့ပါတယ်…

ကျနော် အင်မတန်မှ ဝမ်းသာဂုဏ်ယူမိတယ်…

အားလုံးကို သိစေချင်တာက ကိုယ်က
မြန်မာနိုင်ငံသားမလို့ဆိုပြီး အားငယ်နေစရာ ဂုဏ်ငယ်စရာမလိုပါဘူး…
မလွယ်ကူလွန်းလှပေမဲ့
အများစုပြောနေသလို အရမ်းတွေ ခက်ခဲမနေပါဘူး…
ဒီနိုင်ငံမှာက ကိုယ်ကကြိုးစားရင် ကြိုးစားသလောက် တန်းတူအခွင့်အရေး ရှိပါတယ်…

နိုင်ငံတကာ တက္ကသိုလ် တက်ရောက်ကြမယ့်
ကျနော့် ညီအစ်ကိုမောင်နှမတွေအနေနဲ့ ကိုယ့်ဘက်က လိုအပ်တာမှန်သမျှ ပြည့်ဝအောင် ဖြည့်ဆည်းထားပါ…
အကယ်၍ ဝင်ခွင့်လျှောက်ပြီး
တစ်ကျောင်းက ရွေးချယ်မခံခဲ့ရရင်လည်း
နောက်ထပ် ရွေးချယ်စရာ အခြားအခွင့်အလမ်းတွေ ရှိနေမှာပါ… အရွေးမခံရတဲ့အခါ လုံးဝ အားမလျှော့ပါနဲ့… စိတ်ဓာတ်မကျပါနဲ့… အခြားအခွင့်အလမ်းတွေအတွက် အမြဲရှာဖွေလေ့လာပြီး ပညာရေးခရီးလမ်းကို ဆက်လျှောက်ပါလို့ အားပေးချင်တယ်…
အစစအရာရာ အဆင်ပြေ အောင်မြင်ကြပါစေခင်ဗျာ… 🥰🙏🏻

Wai Yan Aung

02 Feb, 13:22


Good Night 🌹🌟

Wai Yan Aung

01 Feb, 12:18


ဆရာ Alvin နဲ့ တိုက်ရိုက် LIVE
ဆွေးနွေးနိုင်မယ့် အခွင့်အရေး 👏👏

မင်္ဂလာပါ ချစ်ရတဲ့ ကျောင်းသား၊ ကျောင်းသူတို့ခင်ဗျာ။ ✨🤍

၂၀၂၅ ပညာသင်နှစ် KG+12 မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေးစနစ်အကြောင်းနဲ့ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ပညာရေးခရီးလမ်းအတွက်
ည (၈)နာရီမှာ ဆရာ Alvin ကိုယ်တိုင် တိုက်ရိုက် LIVE လွှင့်ပြီး သိချင်သမျှ ဖြေကြားပေးသွားမှာဖြစ်လို့ ဆရာ Alvin နဲ့ တိုက်ရိုက်သိချင်တာတွေ မေးနိုင်မယ့်အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်။ ✨

📌📌မြန်မာပြည်အနှံ့မှာရှိတဲ့ ဒေသအသီးသီးမှ သားသား၊ မီးမီးတို့အတွက် နိုင်ငံတကာ ပညာရေးစနစ်ကို လက်လှမ်းမီစေရန် ရည်ရွယ်ပြီး ~

👉🏻ဖုန်းလေးတစ်လုံးတည်းရှိရုံနဲ့ ကျောင်းတက်နိုင်မယ်၊
👉🏻ကျောင်းစရိတ်ကလည်း သက်သာတယ်၊
👉🏻စာမေးပွဲအောင်ပြီးအတန်းတက်ရုံမဟုတ်ဘဲ အခြေခံကောင်းကောင်းနဲ့ တတ်သိလိမ္မာတဲ့၊ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် NGM မှာ ကျောင်းအပ်နှံလိုက်ပါတော့ခင်ဗျာ။

NGM 2025 Admission School Year အကြောင်း အသေးစိတ်ဖတ်ရှုလေ့လာရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ။ 🫶🏻
https://shorturl.at/YmkhA

“အကောင်းဆုံး နိုင်ငံတကာ ပညာရေးခရီးလမ်းကို အခုပဲ NGM ကျောင်းတော်ကြီးနဲ့အတူ စတင်လိုက်ပါ။”

#NGMEducation #InternationalSchool
#OnlineLearning #NGM #ChaseEDU
#NewGenerationMyanmar
#KarenniStudents

Wai Yan Aung

31 Jan, 16:43


ကျနော် ပညာရေးဘွဲ့လွန်အတွက် ဘယ်တက္ကသိုလ်တက်ရမလဲ ကျောင်းရွေးခဲ့တုန်းက နာမည်ကြီး Harvard University ကိုလည်း လျှောက်ကြည့်ဖို့ စဉ်းစားခဲ့သေးတယ်…

ဘာလို့လဲဆိုရင် ကျနော် ငယ်ငယ်ကတုန်းက Love Story in Harvard ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ပြီး စိတ်ကူးတွေယဉ် စာတွေ ကြိုးစားခဲ့ဖူးသေးတာ… 😝
မြန်မာပြည်မှာလည်း Harvard University ဆိုရင် ပညာရေးနဲ့အလှမ်းဝေးတဲ့သူတွေတောင်
မကြားဖူးတဲ့သူ၊ မသိတဲ့သူဆိုတာ မရှိသလောက်ပါပဲ…

မနှစ်က Massachusetts ပြည်နယ်ကို အလည်သွားရင်း Harvard ကို ရောက်ခဲ့သေးတယ်…
ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းတက္ကသိုလ်ကြီး ကြိုက်လိုက်တာဗျာ…
ဒါပေမဲ့ ကျနော် ကျောင်းတက်ဖို့ မလျှောက်ဖြစ်ခဲ့ဘူး…
ကျနော် နေထိုင်တဲ့ ပြည်နယ်နဲ့က အရမ်းဝေးတယ်…
ကျောင်းတက်ဖို့က ငယ်ငယ်တုန်းကလို စိတ်လွတ်ကိုယ်လွတ် တက်ချင်တိုင်း တက်လို့မရဘူး… အသက်လည်းကြီးပြီဆိုတော့ 🤗
ကိုယ်ယူထားတဲ့ တာဝန်တွေ၊ အလုပ်တွေနဲ့ ဘက်ပေါင်းစုံကို အဆင်ပြေအောင် စဉ်းစားရသေးတယ်…

Best Education Schools အကောင်းဆုံးတက္ကသိုလ်တွေထဲမှာတော့ ကျနော်တက်တဲ့
Johns Hopkins University နဲ့
Harvard University နဲ့က
#8 Raking အတူတူပဲခင်ဗျ… 🤩
Level တူ အဆင့်တူပေါ့ခင်ဗျာ…😎

Johns Hopkins က ကျနော်
နေတဲ့ Maryland ပြည်နယ် Baltimore မြို့မှာပဲ တည်ရှိတာ အိမ်နဲ့ဆို နီးနီးလေး… ကားနဲ့သွားရင် (၁၅)မိနစ်ပဲ ကြာတာ…

Johns Hopkins University (JHU) ကတော့ ဆေးပညာနှင့် ကျန်းမာရေးသုတေသန၊ နိုင်ငံတကာရေးရာ၊ အနုမြူဗေဒနှင့် အာကာသသုတေသန၊ ပညာရေးမူဝါဒ နှင့် သင်ကြားနည်းသုတေသန၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ သုတေသန နယ်ပယ်တွေမှာ ထင်ရှားလှတဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်…

ကျနော့်အတွက် JHU ကျောင်းတော်ကြီးက
"ရေကန်အသင့် ကြာအသင့်" ဆိုသလိုပါပဲ…🫶🏻

အဲဒီတော့ ကျနော်လည်း
Love Story in Johns Hopkins ပေါ့… 😝
စတာပါဗျာ 🤭

ပညာရေးကိုပဲ အာရုံစိုက် ကြိုးစားပါ့မယ်ဗျ 🥰

Wai Yan Aung

31 Jan, 05:06


ကျောင်းကြော်ငြာတိုင်း ကျောင်းအုပ်ပုံတွေ ဘာလို့ ခဏခဏ တင်ရသလဲ?

လိုရင်းကို ဖြေရရင်တော့ ကျောင်းအုပ်က ချောပြီး ချစ်ဖို့အရမ်းကောင်းလို့ပါခင်ဗျာ 🤗😄

ကျနော့်ကို ခုမှ စမြင်ဖူးတဲ့သူဆိုရင်တောင်
မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ပြည့်လို့ မြင်မြင်ချင်း ခင်မင်ရင်းနှီးသွားကြတယ်လေ…
လူတွေအပေါ်တတ်နိုင်သမျှထားတဲ့ စိတ်ရင်းစေတနာကနေ ပြန်အကျိုးပေးတဲ့ အားသာချက်ပေါ့ခင်ဗျာ… 🙏🏻

မင်းသား လုပ်မစားပေမဲ့
ဒီအားသာချက်နဲ့ပဲ ကောင်းမွန်တဲ့အလုပ်တွေ၊
လူမှုအကျိုးပြု၊ အများအကျိုးပြု အလုပ်တွေမှာ အကျိုးရှိရှိ အသုံးချ​နေနိုင်ပါတယ်ခင်ဗျ…🥰

အရည်အချင်းက နောက်တစ်ပိုင်းပေါ့လေ…
အချင်းထက်အဆင်းကိုပဲ အရင်မြင်တတ်ကြတာက သဘာဝမလား?

- Social media creator တစ်ယောက်အနေနဲ့ ဒီကနေ့ခေတ် social media ရဲ့ Algorithm ကို နားလည်ပြီး အလုပ်လုပ်တတ်ဖို့ အရေးကြီးပါတယ်…
ကြော်ငြာက ကြော်ငြာနဲ့တူနေရင် ဇူဇူက ပေးမပြပါဘူး… သူက ကြော်ငြာဆိုရင် ပိုက်ဆံလိုချင်တယ် boost လုပ်မှ ပေးပြတာ…
ကြော်ငြာစရိတ်လျှော့ချတဲ့အနေနဲ့ 🤭
ဒီတော့ ကိုယ့်ပုံလေးနဲ့တွဲတင်မှ လူများများကို ပေးပြတာ…
ကျောင်းရဲ့ Official Website ဆိုတာက
အတည်အခန့်နဲ့ သီးသန့် ရှိပါတယ်ခင်ဗျာ…
အများစုက Facebook ကို Official Website ကြီးလို သုံးရမယ်လို့ ထင်နေကြတာပါ…
FB ကို ဘဝစာမျက်နှာကြီးလို အရမ်း serious ကြီး သုံးနေကြတာ…
တကယ်က Official Website ဆိုတာ ရှိရမယ်…
ကျနော်ကတော့ Social Media ကို Social Media ရဲ့ nature အတိုင်း သုံးပေးဖြစ်ပါတယ်ခင်ဗျာ…

နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ကြော်ငြာတစ်ခု တင်တဲ့အခါ လူအများ သတိထား စိတ်ဝင်စားလာစေဖို့ Attention ရှာရပါတယ်…
မိမိရှာဖွေတဲ့ attention သည် မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ သူတပါးအကျိုးစီးပွါး ပျက်စီးရာပျက်စီးကြောင်း တိုက်ခိုက်စော်ကားထားခြင်းမရှိရင်၊ ပျက်ရယ်ပြု လှော်ပြောင်သရော် ထားခြင်းမရှိရင် ဒါဟာ ကောင်းသော Attention ရှာနိုင်ခြင်း ဖြစ်ပါတယ်…

နောက်ပြီး မဟုတ်မမှန်တဲ့ အကြောင်းအရာတွေ message အမှားတွေ မပါဝင်ရဘူး…
အများအတွက် စေတနာထားပြီး မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်တတ်မယ်ဆိုရင် အောင်မြင်ပါလိမ့်မယ်…
ဒါဟာ သမာအာဇီဝ အလုပ်ဖြစ်တဲ့အပြင် ကောင်းသော contribution ဖြစ်ပါတယ်…

သိတဲ့အတိုင်း ကျနော့်ကျောင်းရဲ့ ကြော်ငြာတွေကို မင်းသား မင်းသမီး ဆယ်လီတွေ ငှါးသုံးလို့ ရနေတဲ့အခြေအနေ မဟုတ်ပါဘူး…

ကံကောင်းတာက ကျောင်းအုပ် ကိုယ်တိုင်က
လူသိများတဲ့ ဆယ်လီဖြစ်နေတဲ့အတွက်
ကိုယ့်ဟာကိုယ် ကြော်ငြာဖြစ်ပါတယ်…

လူအများရဲ့ ယုံကြည်မှု၊
ဘယ်သူဖွင့်တဲ့ ကျောင်းလဲဆိုတာ သိမှ လာတက်ကြမှာပါ…
ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းရွေးတဲ့အခါ ယုံကြည်စိတ်ချ လုံခြုံပြီး ဘယ်လောက် အာမခံချက်ပေးနိုင်သလဲဆိုတာ အများကြီး စဉ်းစားရပါတယ်…
ရုပ်ခလေး မြင်ရုံနဲ့တော့ ဘယ်သူမှ ကျောင်းလာမအပ်ပါဘူး… 🤗
မမြင်ရရင် ပိုတောင် မတက်ရဲကြပါဘူး…
ကျောင်းအကြောင်း အသေးစိတ်
Background Check လုပ်ကြပါတယ်…
စုံစမ်းကြတယ်…
အဲမှာမှ ကျနော့်ရဲ့ကျောင်းကို ဘယ်လောက်အတိုင်းအတာထိ အောင်အောင်မြင်မြင်နဲ့ စည်းစနစ်တကျ လည်ပတ်ဆောင်ရွက်နေတယ်ဆိုတာကို ပိုသိလာလေလေ ပိုပြီး စိတ်ချယုံကြည်လေ ဖြစ်ကြတယ်…

ဒါကြောင့် စူးစမ်းလေ့လာစေချင်စိတ် ဖြစ်လာအောင်ပဲ ကြော်ငြာပေးရတာပါ…
Advertisements တွေ၊ ကြော်ငြာ billboard တွေလိုပါပဲ… တကယ်ကောင်းမှ ဝယ်သုံးကြမှာ ဖြစ်ပါတယ်…
သိအောင်တော့ ကြော်ငြာနေဖို့လိုအပ်ပါတယ်…

ကျနော့်ကို ချစ်တဲ့ခင်တဲ့သူတွေလည်း
ကြော်ငြာတွေ တင်တာတွေ မြင်ရင် ကျော်မသွားဘဲ
♥️တွေ၊ မန့်တွေ၊ ရှဲတွေ များများလုပ်ပေးကြပါ…
ကူညီ ဝန်းရံပေးချင်တယ်ဆိုရင်ပေါ့ခင်ဗျာ…

Wai Yan Aung

31 Jan, 02:01


ကျနော့်ရဲ့ Channel လေးထဲမှာ
ကျနော့် ချစ်ရသူတွေက
ကဏ္ဍ(၈)မျိုးထဲကနေ (၁)ခုကို
Voting နဲ့ ရွေးချယ်ပေးခဲ့ကြပါတယ်…
ခုဆိုရင် Top (3) ထွက်ပေါ်လာပါပြီ… 🤩🥳
အကောင်းဆုံး ရှေ့ဆက် ကြိုးစားသွားပါ့မယ်ဗျ…
အတူ ပါဝင်ပေးမှတော့ ဖြစ်မယ်နော်… 🫶🏻

Wai Yan Aung

30 Jan, 16:09


NGM က ကျနော့် သားသား မီးမီးတွေနဲ့လည်း တစ်နေ့တော့ ဒီလိုလေး တွေ့ရမှာပါ 🥰

https://www.facebook.com/share/v/15BgEhbfdU/?mibextid=wwXIfr

☝️🏻☝️🏻
ကိုဗစ်မတိုင်ခင်က ကို့ရဲ့ MGLM Training School မှာ Live Chat လေး ပြန်ကြည့်ပြီး သတိရ

Wai Yan Aung

30 Jan, 15:41


ကျနော့် NGM Online School မှာ ၂၀၂၅ ပညာသင်နှစ်ရဲ့ ကျောင်းသူ၊ ကျောင်းသား အားလုံး၊ ဆရာ၊ ဆရာမအားလုံးအတွက် Professional Email တွေကို အခမဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…

ဒီလို Professional Email တစ်ခု ကိုယ့်ဟာကိုယ်ဖွင့်မယ်ဆိုရင် တစ်လကို လစဉ်ကြေး 7 USD ကျသင့်မှာ ဖြစ်ပါတယ်… မြန်မာငွေနဲ့တွက်ရင် တစ်လကို ကျပ်ငွေ (၃)သောင်းကျော် ရှိပါတယ်…

ကျနော့် ကျောင်းမှာတော့ အားလုံးအတွက်
free ထောက်ပံ့ပေးမှာပါခင်ဗျာ…

Online Learning မှာ Safe & Secure ဖြစ်စေဖို့အပြင် နိုင်ငံတကာအဆင့်မီပညာရေးကို အဆင့်မြင့်မြင့် လေ့လာသင်ယူနိုင်အောင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အကောင်းဆုံး စီစဉ်ဖန်တီးပေးထားတာကြောင့် ရလာတဲ့အခွင့်အလမ်းတွေကိုလည်း အကျိုးရှိရှိနဲ့ တန်ဖိုးထား အသုံးချနိုင်ဖို့တော့လိုမယ်နော်… 🥰🫶🏻

Wai Yan Aung

26 Jan, 16:04


မင်္ဂလာပါ… ကျနော်က New Generation Myanmar (International Online School) ရဲ့ကျောင်းအုပ် ဖြစ်ပါတယ်… သားသားမီးမီးတို့ရဲ့ ဖေဖေမေမေတို့အတွက် သတင်းကောင်းလေး ကြေညာချင်ပါတယ်…

မတ်လမှာစတင်မယ့် NGM ရဲ့ ဒီနှစ် ၂၀၂၅ ပညာသင်နှစ်မှာတော့ "နေ့ကျောင်း"ကိုသာမက ညနေပိုင်းမှာ တက်ရောက်နိုင်မယ့် "ညကျောင်း"ကိုပါ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

👉🏻 နိုင်ငံတကာအဆင့်မီပညာရေးကို လိုလားပြီး NGM မှာ ကျောင်းတက်ချင်ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် မနက်ပိုင်းမှာ တက်ရောက်ရန် အဆင်မပြေတဲ့ ကလေးများအတွက် အထူးအစီအစဉ် Special Program အဖြစ် "ညကျောင်း"ကို ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ 🤩

"နေ့ကျောင်း"နဲ့ "ညကျောင်း" အဆင်ပြေရာကို ရွေးချယ်ပြီး NGM Online School မှာ ကျောင်းစတင် အပ်နှံလို့ ရနေပါပြီခင်ဗျာ… 🤩🥳

Wai Yan Aung

26 Jan, 07:12


သားသားမီးမီးတို့အတွက် မတ်လမှာ ဖွင့်လှစ်မယ့်
ကျနော်တို့ New Generation Myanmar (International Online School) ရဲ့ KG + Grade 12 (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) အတန်းများအားလုံးအတွက် ကျောင်းသားသစ်များကို
ဒီကနေ့ညမှာ ကျောင်းအပ် စတင်လက်ခံပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…

NGM ရဲ့မွှေးပျံ့တဲ့ ဂုဏ်သတင်းတွေကို တွေ့မြင်ကြားသိပြီး NGM မှာပဲ မဖြစ်မနေ ကျောင်းလာအပ်ချင်ပါတယ်ဆိုတဲ့ ဖေဖေ၊ မေမေတို့ရဲ့ တောင်းဆိုမှုများကြောင့်
ဒီနှစ် ပညာသင်နှစ်မှာ ထူးထူးခြားခြား
တိုးချဲ့ဖွင့်လှစ်ပေးသွားမယ့် Special Program
လည်း ရှိနေပါတယ်… 🤩

နိုင်ငံတကာအဆင့်မီ ပညာရေးကို
NGM နဲ့ အတူ လက်တွဲပြီး
မျိုးဆက်သစ်များရဲ့ တောက်ပတဲ့အနာဂတ်ကို
ဖန်တီးပေးကြတဲ့ ဖေဖေ၊မေမေတို့ကို
ကျေးဇူးအထူးတင်ရှိပါတယ်…
ကျနော်တို့အတူ အကောင်းဆုံး ကြိုးစားပေးကြမယ်ခင်ဗျာ… 🥰💪🏻

Wai Yan Aung
Founder & President
New Generation Myanmar

Wai Yan Aung

25 Jan, 08:55


ကျနော်တို့ရဲ့ NGM ကျောင်းဟာ ပညာရှင်တွေနဲ့သာ စနစ်တကျလည်ပတ်နေတဲ့ကျောင်း ဖြစ်ပါတယ်…
နိုင်ငံတကာအဆင့်မီ ပညာရေးပံ့ပိုးမှုတွေနဲ့အတူ သင်ကြားရေးအရည်အသွေးကို အမြဲဦးစားပေးနေတဲ့ကျောင်းဖြစ်ပါတယ်…

ဆရာ၊ ဆရာမ လျှောက်ထားလိုသူများအနေနဲ့ ရွေးချယ်ခန့်ထားပေးဖို့ ကျနော့်ကို လာပြောရင် မည်သူမဆို အကျိုးသက်ရောက်မှု တစုံတရာရှိမှာ မဟုတ်ပါဘူးခင်ဗျ…

ကျောင်းရဲ့သတ်မှတ်ချက်တွေအတိုင်း လျှောက်ထားကြတဲ့ ဆရာ၊ ဆရာမများကို ကျောင်းရဲ့သက်ဆိုင်ရာ Department အသီးသီးက Director များနဲ့ ပညာရှင်များပါဝင်တဲ့ Selection Committee က အဆင့်ဆင့် စီစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်…
ကျောင်းနဲ့ လက်တွဲဖို့ စိတ်အားထက်သန်ပြီး အသင့်တော်ဆုံး ဆရာ၊ ဆရာမများကိုသာ ရွေးချယ်ပါလိမ့်မယ်…

ကျွန်တော်တို့ NGM ကျောင်းတော်ကြီး၊ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမများလျှောက်လွှာ ခေါ်ယူနေပါပြီခင်ဗျာ…

👩‍🏫 အချိန်ပြည့် Full Time ဆရာ၊ ဆရာမများ ခေါ်ယူတာဖြစ်ပြီး Online School ဖြစ်တာကြောင့် ဆရာ၊ ဆရာမတို့အနေနဲ့ Online ကနေ စာသင်ကြားပေးရမှာဖြစ်ပါတယ်…

📌📌 အကျိုးခံစားခွင့်များ

-Competitive Salary
-အခြားစွမ်းရည်မြှင့်အတန်းများ တက်ရောက်နိုင်ခွင့်
-International မှ Curriculums များ System များကို အနီးကပ်လေ့လာနိုင်ခွင့်
-Skills improvement training များ
-Mentoring နှင့် အခြားခံစားခွင့်များ

စာသင်ကြားရေးကိုချစ်မြတ်နိုးတဲ့ ဆရာ၊ ဆရာမတို့အတွက် ကလေးများကို လမ်းညွှန်ပြသနိုင်မယ့် အခွင့်အရေးရရှိမှာကတော့ အကောင်းဆုံးခံစားခွင့်တစ်ခုပဲ မဟုတ်လားခင်ဗျာ… ✨

လိုအပ်တဲ့ Qualification များနဲ့ သက်ဆိုင်ရာ JDs များကို ဘာသာရပ်အလိုက် အသေးစိတ် အောက်ပါလင့်ခ်ကိုနှိပ်၍ လေ့လာဖတ်ရှုလျှောက်ထားနိုင်ပါတယ်…
https://shorturl.at/VTwSj

လျှောက်ထားရန်လင့်ခ်-
https://forms.gle/PF4WbXEm4b5mgF5k6

❔အထက်ပါ JDs Files link နှင့် လျှောက်ထားဖို့အတွက် Link ထဲဝင်ရောက်ရန် အခက်အခဲ တစ်စုံတရာရှိပါက ကျောင်းရဲ့ Page Messenger သို့ သွားရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ…

📌📌လျှောက်ထားသူဦးရေ များတာကြောင့် လျှောက်ထားချင်တဲ့ ဆရာ၊ ဆရာမတို့အနေဖြင့် (၂၆.၁.၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်ခင်ဗျာ…

Wai Yan Aung

25 Jan, 05:34


https://www.facebook.com/share/19C4K648pg/?mibextid=wwXIfr

Wai Yan Aung

23 Jan, 14:02


ကျွန်တော် တည်ထောင်ဖွင့်လှစ်ထားတဲ့ NGM ကျောင်းတော်ကြီး၊ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမများ လျှောက်လွှာ ခေါ်ယူနေပါပြီခင်ဗျာ။ 🎓🎓

👩‍🏫 အချိန်ပြည့် Full Time ဆရာ၊ ဆရာမများ ခေါ်ယူတာဖြစ်ပြီး Online School ဖြစ်တာကြောင့် ဆရာ၊ ဆရာမတို့အနေနဲ့ Online ကနေ စာသင်ကြားပေးရမှာဖြစ်ပါတယ်။

ဘာသာရပ်များအနေဖြင့် -
✅Myanmar
✅English
✅Mathematics
✅Science (for Primary and lower secondary)
✅Chemistry (for Upper Secondary)
✅Physics (for Upper Secondary)
✅Biology (for Upper Secondary)
✅Economics (for Upper Secondary)
✅Social Science
✅English Language Series
✅Jolly Phonics (for Primary)
✅Hand Abacus (for Primary)
✅Painting
✅Music
✅ICT

📌📌 အကျိုးခံစားခွင့်များ

-Competitive Salary
-အခြားစွမ်းရည်မြှင့်အတန်းများ တက်ရောက်နိုင်ခွင့်
-International မှ Curriculums များ System များကို အနီးကပ်လေ့လာနိုင်ခွင့်
-Skills improvement training များ
-Mentoring နှင့် အခြားခံစားခွင့်များ

စာသင်ကြားရေးကိုချစ်မြတ်နိုးတဲ့ ဆရာ၊ ဆရာမတို့အတွက် ကလေးများကို လမ်းညွှန်ပြသနိုင်မယ့် အခွင့်အရေးရရှိမှာကတော့ အကောင်းဆုံးခံစားခွင့်တစ်ခုပဲ မဟုတ်လားခင်ဗျာ။ ✨

လိုအပ်တဲ့ Qualification များနဲ့ သက်ဆိုင်ရာ JDs များကို ဘာသာရပ်အလိုက် အသေးစိတ် အောက်ပါလင့်ခ်ကိုနှိပ်၍ လေ့လာဖတ်ရှုလျှောက်ထားနိုင်ပါတယ်။
https://shorturl.at/VTwSj

လျှောက်ထားရန်လင့်ခ်-
https://forms.gle/PF4WbXEm4b5mgF5k6

မြန်မာနိုင်ငံရှိ ပညာရေးနယ်ပယ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများအားလုံးကို လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 🙏🤍

Wai Yan Aung

23 Jan, 08:03


Education 🎓

Wai Yan Aung

22 Jan, 16:42


ကျနော့်ရဲ့ကျောင်းက မျိုးဆက်သစ် ကလေးလေးတွေ၊ လူငယ်တွေကို ထူးချွန်ထက်မြက်တဲ့ လူတော် လူကောင်းလေးတွေဖြစ်လာဖို့ လေ့ကျင့်ပြုစုပျိုးထောင်ပေးနေပါတယ်… လက်တွဲခေါ်ပေးနေပါတယ်…
ပညာပြည့်ဝ နှလုံးလှတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာမှ သာယာလှပတဲ့ အနာဂတ်ဘဝတွေကို ဖန်တီးပုံဖော်နိုင်ကြမှာမလို့ပါခင်ဗျာ…

မိတ်ဆွေအားလုံးလည်း မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်ရုံမက မိမိပတ်ဝန်းကျင်ကို
ကောင်းစွာ ကူညီလမ်းပြစောင့်ရှောက်ပေးနိုင်တဲ့ လူပီသတဲ့ လူတော်လူကောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ…

Wai Yan Aung

Wai Yan Aung

22 Jan, 16:42


လောကမှာ လူ(၄)မျိုး ရှိတယ်လို့ ကျနော့် ဆရာမေမေက ပြောဖူးတယ်…

(၁) လူဖျင်းလူညံ့
(၂) သာမန်လူ
(၃) လူတော်
(၄) ထူးချွန်ထက်မြက်သူ

ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ယေဘုယျအားဖြင့် လူအမျိုးအစား(၄)မျိုး ခွဲပြီး တွေ့နိုင်ပါတယ်…
ကိုယ် ကိုယ်တိုင်ရော ဘယ် လူအမျိုးအစားထဲမှာ ပါဝင်နေသလဲ။ ဘယ်လို လူအမျိုးအစားဖြစ်ချင်သလဲ။
ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောင်းလဲဖို့ လိုမလဲဆိုတာ သုံးသပ်ကြည့်ရအောင်ခင်ဗျာ…

(၁) လူဖျင်းလူညံ့

တစ်ခုခု အဆင်မပြေတိုင်း၊ မအောင်မြင်တိုင်းမှာ ပြင်ပအရာတွေကြောင့်ဆိုပြီး ဘလိန်းနေတတ်ကြသူတွေ။

လောကမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေဆိုတာ
လူတိုင်း ကြုံတွေ့ရတာပါပဲ…
ဒါတွေကို ပညာဥာဏ်၊ လုံ့လ၊ ဝီရိယနဲ့ရင်ဆိုင်ကျော်လွှား ဖြေရှင်းကြရမယ်…
မကြိုးစားဘဲ လွယ်လွယ်နဲ့ လက်လျှော့၊
ဘာကြောင့် ညာကြောင့် ဘယ်သူ့ကြောင့် ဘယ်လိုအခြေအနေကြောင့် စသဖြင့် အကြောင်းပြချက် မျိုးစုံ ပေးရင်းနဲ့သာ အမြဲ ပြစ်တင် ငြီးတွားနေသူတွေဟာ လူဖျင်းလူညံ့တွေပါ…
ပတ်ဝန်းကျင်ကလူတွေကိုလည်း
မိတ်ဆွေလား၊ ရန်သူလား ခွဲခြားမသိ၊
လူတိုင်းအပေါ် မကောင်းမြင်စိတ် များကြတယ်…
အကျိုးနဲ့အကြောင်း၊ အမှားနဲ့အမှန်ကို ဆင်ခြင်တုံတရားနဲ့ ခွဲခြားသိနိုင် မြင်နိုင်စွမ်း မရှိကြသူတွေ၊ အရာရာကို အပျက်သဘောဘက်ကနေပဲ တွေးမြင်ကြတယ်။
ကိုယ်တိုင်လည်း ကောင်းအောင် မကြိုးစားနိုင်၊
သူတပါး အောင်မြင်မှုကိုလည်း မုဒိတာမပွါးနိုင်ဘဲ မနာလိုစိတ်များသူတွေ
လူဖျင်းလူညံ့တွေပါ…

(၂) သာမန်လူ

လူ့ပတ်ဝန်းကျင််နဲ့ အများနည်းတူ ရေလိုက်ငါးလိုက် အဆင်ပြေအောင် ရှင်သန်နေထိုင်ကြတယ်…
ကြီးကြီးမားမား တိုးတက်ပြောင်းလဲမှု မရှိသလို တင်းတိမ် ရောင့်ရဲလွယ်ကြတယ်…
အသစ်အသစ်သော စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ ကြောက်ရွံ့တတ်ပြီး တီထွင်ဆန်းသစ်နိုင်မှုနဲ့ အမြော်အမြင်ပိုင်းမှာ အားနည်းတယ်…

ကိုယ်ပိုင် အတွေးအခေါ် ဆုံးဖြတ်ချက်ထက် လူများစုက ဒါဆိုရင် ဒါ… ဟိုဟာဆိုရင် ဟိုဟာ…
သူများလုပ်တဲ့အတိုင်း လုပ်ကိုင်နေထိုင်ရင်း နေ့စဉ်ဘဝကို အလိုက်သင့် စီးမြောကြသူတွေ…

သူ့ကိုတော့ အားကျလိုက်တာ
ဒါပေမဲ့ ငါ့ဘဝ ငါ့အခြေအနေနဲ့က သူ့လို မဖြစ်နိုင်လောက်ပါဘူးလေ
ခုတိုင်းလေး အဆင်ပြေနေရင်ပဲ တော်ပါပြီ ဆိုတာမျိုး
ကိုယ့်ရဲ့ ဖြစ်တန်စွမ်းတွေကို ကန့်သတ်တတ်ကြတယ်…

ရည်မှန်းချက်၊ မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေမဲ့ ပတ်ဝန်းကျင်နဲ့ သဟာဇာတဖြစ်ကြသူတွေပေါ့…
လောကမှာ အများဆုံးရှိတဲ့ လူအမျိုးအစားပါ…
ဘဝတွေက ကောင်းတယ်လည်းမဟုတ်၊
ဆိုးတယ်လည်းမဟုတ် သာမန်ပါပဲ…

ကိုယ်က ဒီနံပါတ်(၂) လူအမျိုးအစားထဲ ပါနေခဲ့ရင် ဘဝမှာ အဆင်မပြေတာတွေများလာတဲ့အခါ
တဆင့်နိမ့်တဲ့နံပါတ်(၁)လူအမျိုးအစား ဖြစ်မသွားဖို့တော့ သတိထားရမယ်။

(၃) လူတော်

နံပါတ် (၂) အမျိုးအစားထက် တဆင့်မြင့်တဲ့ အမျိုးအစားပါ…
တစ်ခုခုကို တစိုက်မတ်မတ်နဲ့ အောင်မြင်အောင် ကြိုးစားနိုင်တယ်…
စိန်ခေါ်မှုတွေ ရင်ဆိုင်ရဲတယ်…
လူအများနဲ့ မတူဘဲ ထွန်းပေါက်ချင်တယ်…အိပ်မက်ကြီးကြီးမက်တယ်…
ဥာဏ်ကောင်းတယ်လို့ ဆိုရမယ်…
ကိုယ်အောင်မြင်ဖို့အတွက် ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိတယ်…
ဘယ်သူနဲ့ ပေါင်းရမလဲ ဘယ်သူတွေကို သုံးရမလဲ ဘယ်အခြေအနေမှာ ဘာလုပ်ရမလဲ သိကြတယ်…
စူးစမ်းလေ့လာနိုင်စွမ်းကောင်းကြသလို
သူများထက် အမြဲ နှာတဖျား သာနေတဲ့သူတွေပါ…
ဘဝ တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတွေကို အမြဲ အမိအရဆုပ်ကိုင်ပြီး ကြိုးစားနိုင်သူဟာ လူတော်ဖြစ်ပါတယ်။
မိမိ တစ်ကိုယ်စာ ကြီးပွါးချမ်းသာနေကြသူတွေပါ။
နံပါတ်(၁) လူအမျိုးအစားတွေရဲ့
မနာလိုခံရဆုံးနဲ့ အမုန်းခံရဆုံးကတော့ နံပါတ်(၃) အမျိုးအစားပါပဲ။

(၄) ထူးချွန်ထက်မြက်တဲ့သူ (လူတော်လူကောင်း)

ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းဆိုတာဟာ မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်သလို မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုပေးနိုင်သူ၊ ကူညီဖေးမစောင့်ရှောက်ပေး၊ လမ်းပြပေးနိုင်သူ ဖြစ်ပါတယ်…

နံပါတ်(၃) လူအမျိုးအစားထက် တဆင့်မြင့်တယ်… ကိုယ့်အတွက်ကိုယ် ဆိုတာတစ်ခုပဲ မကြည့်ဘူး…
ကိုယ်တိုင် တိုးတက် အောင်မြင်အောင် ကြိုးစားစွမ်းဆောင်နိုင်သလို သူတပါးကိုလည်း ကိုယ့်လို ဖြစ်လာအောင် ဆွဲခေါ်ပေးတယ်၊ လမ်းပြပေးတယ်…
မိမိ အောင်မြင်မှုကနေ ရရှိလာတဲ့ အသိပညာ၊ ဥစ္စာ၊ အတွေ့အကြုံ၊ အသီးအပွင့်တွေကို လူအများကို ပြန်လည်မျှဝေပေးနိုင်ကြသူတွေပါ…

လောကကို သဘာဝကျကျ အကောင်းမြင်စိတ်နဲ့ ကြည့်ပြီး ကိုယ်ချင်းစာတရား ထားတတ်သူတွေပါ…
လူအမျိုးအစား (၄)မျိုးထဲမှာ ကိုယ်ဟာ ဘယ်အမျိုးအစားထဲမှာ ပါနေသလဲ။
နံပါတ်(၄) ကတော့ လူဖြစ်ရကျိုး အနပ်ဆုံးလို့ သတ်မှတ်ရပါမယ်…

လူဖြစ်ရကျိုးအနပ်ဆုံး လူသားတွေရှိသလို
ဒီ လူအမျိုးအစား (၄)မျိုးထဲမှာ မပါဝင်တဲ့
လူလို့ကို အဆင့်သတ်မှတ်လို့မရတဲ့ သူတွေရှိသေးတယ်…
သူတပါး ပျက်စီးရာ ပျက်စီးကြောင်းပဲ ပြုမူ ပြောဆို ကြံစည်တတ်ကြတဲ့ မိ၊စ္ဆာတွေပေါ့ဗျာ…
လူဆိုတဲ့ စာရင်းထဲမှာကို ထည့်ထားလို့ မရတာကြောင့် မရှင်းပြတော့ပါဘူး…

ကျနော်တို့တွေ နံပါတ်(၄) လူအမျိုးအစား ဖြစ်အောင် ကြိုးစားရအောင်ပါ…

ကျနော်ကတော့ ကိုယ်တိုင် ကြိုးစားနေသလို

Wai Yan Aung

22 Jan, 05:28


I am here as your burning torch, lighting the way to your silver lining. 🫶🏻
But some may still choose to be burned.
Remember, you will always get what you choose, so choose wisely. 🥰

Wai Yan Aung

20 Jan, 14:04


အခုအချိန်ကာလဟာ Ed Tech နည်းပညာပညာရေးခေတ်ဖြစ်နေတာနဲ့တင်
ဒီကနေ့ခေတ်လူငယ်တွေအတွက် တစ်ပန်းသာနေပြီ…
ဘယ်နေရာကမဆို Online ကနေ
နိုင်ငံတကာအဆင့်မီ ပညာရေးကို
ရှေ့ဆက်လို့ ရနေပြီ…
ဥပမာ - ကျနော် တည်ထောင်ဖွင့်လှစ်ထားတဲ့ New Generation Myanmar - NGM Online School မှာ နိုင်ငံတကာအဆင့်မီ ပညာရေးကို Affordable & Efficient ဖြစ်ဖြစ် စနစ်တကျ လေ့လာသင်ယူနေနိုင်ကြတဲ့ ကလေးလေးတွေလိုပေါ့ခင်ဗျာ…
တောက်ပတဲ့ အနာဂတ်အခွင့်အလမ်းတွေကို
ပညာရေးအားဖြင့် အကောင်အထည် ဖော်နေနိုင်ကြပြီ…

ကလေးတွေသာမက လူကြီးတွေလည်း အတူတူပါပဲ…
ကျနော့်အနေနဲ့ US ကို ရောက်နေကြတဲ့ ညီအစ်ကို၊ မောင်နှမတွေကို ပညာရေးအတွက် အချိန်လေးတစ်ခု ပေးပြီး ရှေ့ဆက်ကြည့်ဖို့ အားပေးချင်တယ်…
တိုက်တွန်းချင်တယ်…

ဒီနိုင်ငံမှာ ဘဝအတွက် ရုန်းကန်ရတာ အချိန်မပေးနိုင်ကြတာ ကျနော် နားလည်ပါတယ်…
ဒါပေမဲ့ ကိုယ်က အရင်က ပညာရေးပိုင်းမှာအားသာခဲ့တယ်ဆိုရင် အချိန်လေးတစ်ခုပေးပြီး ပညာရေးနဲ့ invest လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ…

ကိုယ် မြန်မာပြည်မှာ သင်ခဲ့ရတဲ့ ပညာတွေ၊
နှစ်ရှည်လများ ကြိုးစားပြီးမှ ရခဲ့တဲ့ဘွဲ့တွေကို
အလဟသ အဖြစ်မခံစေချင်လို့ပါဗျာ…
US မှာ ဘွဲ့ရသွားခဲ့ရင် ကိုယ့်အနာဂတ်အတွက် ဘယ်လိုအခွင့်အလမ်းကောင်းတွေ ရှိလာမလဲဆိုတာ ရှင်းပြဖို့တော့ လိုမယ် မထင်ပါဘူးဗျ…
ပတ်ဝန်းကျင်က သူများပြောစကားတွေ နားယောင်ပြီး မဖြစ်နိုင်ဘူး အထင်နဲ့ မလုပ်ကြည့်ကြတာ…

ဒီတော့ ကောလိပ်တက်ဖို့ သိချင်တာရှိရင်
ကျနော့်ကို လာမေး လာတိုင်ပင်လို့ ရပါတယ်…
ကျနော် သိသလောက်အားလုံး ပြန်လည် မျှဝေပေးမယ်ခင်ဗျာ…

ပြည်တွင်းက လူကြီး၊ လူငယ်များလည်း
ပညာရဲ့ အနက်အဓိပ္ပါယ်ကို နားလည်ပြီး
ပညာကြိုးစားသင်ယူကြပါ…
မြန်မာပြည်က သင်ယူခဲ့ရတဲ့ ပညာတွေဟာ တကယ်သာ တတ်အောင် ကြိုးစားသင်ယူကြမယ်ဆိုရင် ဘယ်နေရာ ဘယ်နိုင်ငံမှာမဆို သုံးစားလို့ရပါတယ်ဆိုတာ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံလေးကို မျှဝေပေးရင်းနဲ့
ဒီစာလေးကို နိဂုံးချုပ် လိုက်ရပါတယ်ခင်ဗျာ…

နိမ့်ကျတဲ့ ပညာရေးစနစ်အောက်မှာ
လစာလေး တစ်ပဲခြောက်ပြားသာရခဲ့ကြပေမဲ့
ဝါသနာကိုအရင်းခံ တပည့်တွေအပေါ် စေတနာ၊ မေတ္တာထားပြီး ပညာတတ်အောင် သင်ကြားပေးခဲ့ကြတဲ့ ကျနော့်ရဲ့မြန်မာပြည်က ဆရာ၊ ဆရာမများကို
လေးစား ကျေးဇူးတင် တန်ဖိုးထားလျက်… 🙏🏻🙏🏻🙏🏻

Wai Yan Aung

Wai Yan Aung

20 Jan, 14:04


"မြန်မာပြည်က ရခဲ့တဲ့ဘွဲ့က နိုင်ငံခြားမှာ သုံးစားလို့မရဘူး" ဆိုတဲ့စကား ပတ်ဝန်းကျင်မှာ ပြောကြတာ ခဏခဏ ကြားဖူးကြမယ် ထင်တယ်…

ဒီပို့စ်က ငယ်စဉ်ကတည်းက မြန်မာပြည်မှာ ပညာရေးကို အလေးထားကြိုးစားခဲ့ပြီး နိုင်ငံတကာပညာရေးကို ရှေ့ဆက်သင်ယူလိုသူများအတွက်
ရည်ရွယ်ပါတယ်ခင်ဗျာ…
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိကြတာမလို့ ပညာရေးပိုင်းမှာ အားနည်းခဲ့သူများအတွက်
ဒီပို့စ်လေးက အသုံးဝင်မှာမဟုတ်ဘူး ဆိုတာ ကြိုတင် အသိပေးလိုပါတယ်ခင်ဗျာ… မြန်မာပြည်က ပညာရေးက နိုင်ငံခြားမှာ သုံးစားမရဘူးဆိုပြီး ပြောကြတာနဲ့ ပတ်သက်လို့ ဆက်ရေးမယ်နော်…

နောက်ပြီး ပြောကြသေးတယ်…
မင်းဟာမင်း မြန်မာပြည်မှာ ဘာကြီးပဲဖြစ်နေနေ၊
ဘာဘွဲ့တွေပဲ ရခဲ့ ရခဲ့၊ US ရောက်လာရင် ဘဝကို အောက်ခြေကနေ ပြန်စ၊ Entry Level Job တွေ ဝင်လုပ်ရင်လုပ်၊ အရင်းအနှီးရှိရင် ဆူရှီဆိုင်ဖွင့်ပေါ့တဲ့…

ကျနော့်အတွက်တော့ ရောက်ကတည်းက ဒီလိုတွေကြားခဲ့တာ တော်တော်အားယုတ်ဖွယ်စကားတွေပေါ့ခင်ဗျာ…

ကျောင်းဆက်တက်ပါ၊ ပညာရေးနဲ့ ရှေ့ဆက်ပါလို့ အကြံပေးကြတာမျိုး ခပ်ရှားရှားရယ်ပါခင်ဗျာ…

ကျနော်ကိုယ်တိုင်တောင် အဲဒီစကားတွေ နားယောင်ပြီး US ကို ရောက်တော့ ပညာရေးကို ရှေ့ဆက်ဖို့ တွေဝေနေခဲ့ဖူးသေးတယ်…

ကျနော်က သူငယ်တန်းက တက္ကသိုလ် ဘွဲ့ရတဲ့ထိ
မြန်မာကျောင်းမှာပဲ တက်ခဲ့ဖူးတာ…
ဘယ်နိုင်ငံတကာကျောင်းမှလည်း မတက်ခဲ့ဖူးဘူး…
မြန်မာပြည် ပညာရေးနဲ့ပဲ ကြီးပြင်းခဲ့တာပါ…

မြန်မာပြည်ပညာရေးစနစ်ဟာ
အဘက်ဘက်က သိပ်ကို နိမ့်ကျတယ်
infrastructure တွေ နိမ့်ကျတယ်
ဆိုတော့ကတော့ မှန်ပါတယ်…

ဒီကြားထဲကမှ ပညာတကယ်တတ်အောင်
သွန်သင်လမ်းပြပေးခဲ့တဲ့ ကျနော့်မိသားစုရယ်၊
ငယ်စဉ်ကတည်းက ဘွဲ့ရသည်ထိ သင်ကြားပေးခဲ့ကြတဲ့ ကျနော့်ရဲ့ ဆရာ၊ ဆရာမတွေကြောင့်
နိမ့်ကျတဲ့ပညာရေးစနစ်အောက်မှာပဲ
ပညာတတ်မြောက်အောင် ကြိုးစားလေ့လာသင်ယူနိုင်ခဲ့တယ်… မိဘကောင်း၊ ဆရာသမားကောင်းတွေရဲ့ ကျေးဇူးပေါ့ခင်ဗျာ…

ပညာရေးစနစ်နိမ့်ကျတာနဲ့ပဲ
ဒီစနစ်အောက်မှာ နေခဲ့ရ၊ ကြိုးစားခဲ့ရသူတွေက
ပညာတကယ် မတတ်ကြဘူး၊ စာမတတ်ဘူး ထင်ရင် သိပ်ကို မှားမှာပေါ့ဗျာ… နိမ့်ကျတဲ့ စနစ်အောက်မှာပဲ ဖောက်ထွက်နိုင်ခဲ့ကြသူတွေ အများကြီးပဲ…

အကယ်၍ တကယ်လို့သာ လူအများပြောကြသလို မြန်မာပြည်ကဘွဲ့က သုံးစားမရခဲ့ဘူးဆိုရင်
ကျနော်လည်း အမေရိကန်န်ိုင်ငံရဲ့တက္ကသိုလ်မှာ အခုလို Master မဟာတန်း တိုက်ရိုက် တက်ခွင့်ရမှာ
မဟုတ်ဘူးမလား…

တက်ခွင့်ရခဲ့တဲ့ တက္ကသိုလ်လည်း
ကျောင်းသားအများစုကို လက်ခံပေးတဲ့ တက္ကသိုလ်မဟုတ်ဘူး…
Acceptance Rate ဆိုရင် 7% သာ ရှိတဲ့တက္ကသိုလ်၊
ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဆိုတဲ့ တက္ကသိုလ်မှာ
အမေရိကန်ပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ကြတဲ့ ဒီကနိုင်ငံသားတွေနဲ့တန်းတူ ဝင်ခွင့်လျှောက်ထားပြီး ကျောင်းသား (၁၀၀) မှာ (၇)ယောက်သာ ရွေးချယ်လက်ခံပြီး တက်ရောက်ခွင့်ရတာပါ…

ဒါဆိုရင် မြန်မာပြည်က ရခဲ့တဲ့ဘွဲ့က သုံးစားလို့ မရဘူးဆိုတာ လူတိုင်းအတွက်တော့ လုံးဝ မမှန်ပါဘူးခင်ဗျာ…

ကျနော်က ဘာနိုင်ငံတကာ စာတီဖီကိတ်လက်မှတ်တွေမှ မပါဘဲ မြန်မာပြည်ကရခဲ့တဲ့ဘွဲ့နဲ့ပဲ မဟာတန်းဆက်တက်ဖို့ ဝင်ခွင့် လျှောက်ထားခဲ့ပြီး ရွေးချယ်ခြင်းခံခဲ့ရတာပါ…

တကယ်တော့ အမေရိကန်လို
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ၊ ပညာရဲ့အနှစ်သာရ တန်ဖိုးကို နားလည်တဲ့နိုင်ငံတွေက နိုင်ငံတကာတက္ကသိုလ်ကြီးတွေဟာ
မင်းဘယ်က လာသလဲဆိုတာထက်
မင်းဘာတွေ တကယ် သင်ယူတတ်မြောက်ခဲ့သလဲ၊ တတ်ထားတဲ့ပညာနဲ့ လက်တွေ့အသုံးချပြီး
ကိုယ့်ဘဝကို ဘယ်လိုဖန်တီး ပုံဖော်ခဲ့သလဲ
လောကကိုရော ဘယ်လိုတွေ အကျိုးပြုပေးနေသလဲ
ဆိုတာကို အဓိက ထားကြတာ ဖြစ်တယ်လို့
ကျနော် နားလည်လိုက်ပါတယ်…

ဒီစာက ကျနော့်အကြောင်း ကိုယ်ရည်သွေးပြီး ကြွားချင်တာမဟုတ်ပါဘူး…
ကျနော့်လို မနေ့တစ်နေ့ကမှ US ရောက်လာတဲ့ အများသိကြတဲ့ ရုပ်ချောချောဆယ်လီ ချာတိတ်လေးတောင် 😜 လုပ်နိုင်သေးတာပဲ ဟုတ်တယ်မလားဗျ… 🤗
ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း
ဒီနိုင်ငံကိုရောက်နေပြီး ပညာရေးကို ရှေ့ဆက် ကြိုးစားကြည့်စေချင်တာပါဗျ…

နောက်ပြီး မြန်မာပြည်က ကလေးတွေ၊
လူငယ်တွေကို ကျနော် စိတ်ခွန်အားတွေ ပေးချင်တယ်…
ပညာရေးနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့အတွေ့အကြုံတွေ၊
Knowledge တွေ အကြံဥာဏ်တွေ အမြဲ မျှဝေပေးချင်တယ်…
အရင်ဆုံး ကလေးတွေကို မှာချင်တာက
ဘယ်လိုအခြေအနေ၊ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ၊
ကိုယ်က ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ ရောက်နေပါစေ ပညာ လေ့လာသင်ယူမှုတွေကို လုံးဝ မရပ်တန့်လိုက်ဖို့ပါပဲ…

ရောက်တဲ့နေရာမှာ ရတဲ့နည်းလမ်းမျိုးစုံနဲ့
ပညာကို ကြိုးစားလေ့လာသင်ယူကြပါ…
ကိုယ်လေ့လာသင်ယူတတ်မြောက်ခဲ့တဲ့ ပညာတွေဟာလည်း အလဟသ မဖြစ်ပါဘူး…
ကိုယ်ကသာ ပညာကို သေချာ ကြိုးစားလေ့လာထားပြီး အဆင်သင့်ဖြစ်နေမယ်ဆိုရင်
နိုင်ငံတကာပညာရေးကို ရှေ့ဆက်နိုင်ဖို့
စကော်လာရှစ်အခွင့်အလမ်းတွေ၊
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ
သေချာပေါက် ရလာမှာပါ…
မကြိုးစားဘဲ အခွင့်အရေးကိုပဲ ထိုင်တောင်းဆို၊ ထိုင်မျှော်နေမယ်ဆိုရင်တော့
အခွင့်အလမ်းတွေရောက်လာတဲ့အချိန်
ကိုယ်က အဆင်သင့်ဖြစ်မနေတဲ့အခါ
လက်လွှတ်ဆုံးရှုံးရတတ်တယ် ဆိုတာကိုလည်း သတိပေးချင်ပါတယ်…

Wai Yan Aung

17 Jan, 16:28


ကိုကိုက ရွာမှာဆိုရင် အသက်(၁၆)နှစ်ကတည်းက
Star နော် 😇 အဲ့ခေတ်က ဆံပင်ကေကိုရှိုး 😬
နောက်ပေါက်လေးတွေ မမြင်ဖူးမှာစိုးလို့… 🤭
ရှားပါးvideo😊

Wai Yan Aung

16 Jan, 12:45


နိုင်ငံခြားက တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရချင်တယ်… ဘွဲ့ရချင်တယ်ဆိုရင် ဒီ (၃)ခုကို အရင် ပြင်ဆင်ပါ…

(၁) အင်္ဂလိပ်ဘာသာစကား တတ်ရမယ်…

(၂) အထက်တန်း အောင်လက်မှတ် ရှိရမယ်…
မရှိသေးရင် အထက်တန်း အောင်လက်မှတ်နဲ့ ညီမျှတဲ့ GED စာမေးပွဲကို ဖြေဖို့ GED အတန်း တက်ပါ…

(၃) Online Learning နဲ့ ရင်းနှီးကျွမ်းဝင်နေရမယ်…

အင်္ဂလိပ်စာသင်တန်း နဲ့ GED အတန်းကို ကျနော်တည်ထောင်ဖွင့်လှစ်ပေးထားတဲ့ NGM online school မှာ တက်ရောက် သင်ယူနိုင်ပါတယ်…
အချက်(၁) နဲ့ (၂) ကို ပြင်ဆင်ဖို့အတွက်
NGM မှာ ကျောင်းတက်လိုက်တာနဲ့ နံပါတ်(၃) အချက် သူ့အလိုလို ကျွမ်းကျင်တတ်မြောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်…

အလုပ်လည်း မပျက်၊ အချိန်ကုန်လည်း သက်သာပြီး Online ကနေပဲ အကျိုးရှိ ထိရောက်မြန်ဆန်စွာနဲ့ အဆင့်မြင့်မြင့် တက်ရောက်လေ့လာသင်ယူရမှာဖြစ်ပါတယ်…

Online က သင်ရမှာမလို့ ထိရောက်နိုင်ပါ့မလား
ထင်ရင် ကျောင်းတက်မယ့် ကာယကံရှင်ပေါ်မှာပဲ မူတည်ပါတယ်…
ကိုယ်က တကယ်ကြိုးစားမယ်ဆိုရင်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေထိ
Online ကနေ ကျောင်းတက်ပြီး Bachelor, Master ဘွဲ့တွေအပြင် အမြင့်ဆုံး ဒေါက်တာဘွဲ့ထိ ယူလို့ရတဲ့ EdTech ပညာရေးနည်းပညာခေတ် ဖြစ်နေပါပြီ…

ဒါကြောင့် ခုကတည်းက Online Learning နဲ့ ရင်းနှီးကျွမ်းဝင်နေအောင် NGM Online School မှာ တက်ရောက်ဖို့ တိုက်တွန်းပါရစေ…

အင်္ဂလိပ်စာသင်တန်းနဲ့ GED အတန်းတွေအတွက် အခု ကျောင်းဝင်ခွင့် လက်ခံနေပါပြီ…
အသေးစိတ်ကို New Generation Myanmar - NGM ကျောင်းပေ့ဂျ်မတ်ဆင်ဂျာမှာ စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါတယ်ခင်ဗျာ…

www.facebook.com/NewGenerationMyanmar

Wai Yan Aung

16 Jan, 09:37


အသက်(၁၈)နှစ် ပြည့်ပြီးနေပြီ…
အကြောင်းအမျိုးမျိုးကြောင့် အထက်တန်း မအောင်သေးဘူး…
ခုမှ မြန်မာပြည်က အထက်တန်းကိုလည်း ပြန်မတက်နိုင်တော့ဘူး… အချိန်လည်း မပေးနိုင်ဘူး…

နိုင်ငံတကာက အသိအမှတ်ပြုတဲ့
အထက်တန်း အောင်လက်မှတ်မျိုး ရချင်တယ်…
ပြီးရင် တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရချင်တယ်…
နိုင်ငံခြားက ကောလိပ်တွေ၊ တက္ကသိုလ်တွေ တက်ခွင့်ရချင်တယ်…

အသင့်တော်ဆုံး၊ အမြန်ဆုံး နည်းလမ်း ရှိပါတယ်…

အသက် ဘယ်လောက်ပဲဖြစ်ဖြစ်
ပညာရေးကို ရှေ့ဆက်လို့ ရတယ်…
တကယ် လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာပါ…

(၆)လလောက်ပဲ အချိန်ပေးနိုင်ပြီး
ဖိဖိစီးစီးနဲ့ စာသေချာ ကြိုးစားမယ်ဆိုတဲ့
ကတိမျိုးတော့ ပေးနိုင်ဖို့ လိုတယ်…

ဒါဆိုရင် အမေရိကန်နိုင်ငံနဲ့
ကမ္ဘာ့နိုင်ငံ တော်တော်များများက
အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှတဲ့
GED စာမေးပွဲကို ဖြေဆိုဖို့ တိုက်တွန်းပါတယ်…

အခုဆိုရင် NGM မှာ GED အတန်း အတွက်
ကျောင်းအပ် လက်ခံပေးနေပါတယ်…

အတွေ့အကြုံနဲ့ အရည်အချင်း အပြည့်အဝရှိတဲ့
ဆရာ၊ ဆရာမများမှ GED စာမေးပွဲကို
အကောင်းဆုံး ဖြေဆိုနိုင်စေဖို့
စနစ်တကျနဲ့ တာဝန်ယူ
သင်ကြားပို့ချပေးပါလိမ့်မယ်…

NGM ဟာ ကျောင်းသူ၊ ကျောင်းသားတွေကို Quality Education ပေးနိုင်ဖို့ ကျနော်ကိုယ်တိုင် တည်ထောင်ဖွင့်လှစ်ထားတဲ့ Online School ဖြစ်တာကြောင့် ကောင်းသတင်းတွေကိုတော့ အထူးကြော်ငြာနေစရာ လိုမယ်မထင်တော့ပါဘူး…

နေရာဒေသမရွေး၊ နိုင်ငံမရွေး
online ကနေ ရုံးချိိန်၊ အလုပ်ချိန်နဲ့
မတိုက်တဲ့ အဆင်ပြေမယ့်အချိန်ကို ရွေးပြီး
တက်ရောက်ရုံပါပဲ…

အသေးစိတ်ကို ကျောင်းရဲ့ပေ့ဂျ်မှာ စုံစမ်းပြီး
GED အတန်းအတွက် ခုပဲ အပ်နှံလိုက်ပါ…
www.facebook.com/NewGenerationMyanmar
☝️🏻☝️🏻

Wai Yan Aung

15 Jan, 16:22


ဇူဇူပေးတဲ့ bonus တွေရဖို့ Love, Comment & Share ပါဗျို့

https://www.facebook.com/share/v/1GYChc3YWf/?mibextid=wwXIfr

🥰 ချစ်တဲ့သူတွေပဲ 🫶🏻

Wai Yan Aung

15 Jan, 11:34


🫶🏻😍🫶🏻

https://www.facebook.com/share/r/15zKUvFjRj/?mibextid=wwXIfr

အမေ့သားက ခုဆို ကလေးတို့ချစ်တဲ့ ကျောင်:အုပ်ကြီ: ဖြစ်နေပြီဗျ 🥹♥️

Wai Yan Aung

14 Jan, 15:19


https://www.facebook.com/share/14nsrbeUuj/?mibextid=wwXIfr

☝🏻☝🏻☝🏻

အမြဲဂုဏ်ယူရတဲ့ ညီတော်လေး Alvin 🥰
ပညာရေးမှာ သူ ကိုယ်တိုင်လည်း ထူးချွန်အောင် ကြိုးစားသလို မျိုးဆက်သစ် မြန်မာကလေးငယ်တွေ လူငယ်လေးတွေကို ရှေ့ဆောင်လမ်းပြပေးဖို့အတွက်လည်း ကျနော်တို့ရဲ့ NGM ကျောင်းတော်ကြီးမှာ Co-Founder, Board of Directors အဖွဲ့ဝင်, HR & Finance Department တွေရဲ့ Director တာဝန်တွေယူထားပြီး ဦးဆောင်စီမံခန့်ခွဲပေးနေတဲ့ အင်မတန် အားကိုးရတဲ့ စံပြလူငယ်လေးပါ 🥰🥳
ကျနော် ကိုယ်တိုင်လည်း အသက် (၂၀)နှစ်အရွယ်မှာ CEO, နိုင်ငံတကာပွဲကြီးတွေရဲ့ National Director
ကိုဟန်ဆို ကျနော့်ထက်ငယ်တော့ World’s Youngest National Director ဖြစ်ခဲ့ကြတာဆိုတော့
အငယ်တွေကိုလည်း အခုကတည်းက
လုပ်ငန်းကြီးတွေကို ဦးဆောင်စေတာပါ…
ကိုယ့်မျိုးဆက်သစ်တွေက ကိုယ့်ထက်
ပိုတော်ပြီး ပိုထူးချွန်စေရမယ်… 💪🏻
ချစ်ရသူအားလုံးလည်း ညီတော်မောင်ကို
ပိုချစ်ပေး အားပေးဝန်းရံပေးကြပါနော်…
🫶🏻🥰

Wai Yan Aung

14 Jan, 06:32


https://www.facebook.com/share/v/14rTz1D1GH/?mibextid=wwXIfr

☝🏻☝🏻☝🏻☝🏻

VOA ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ကျနော့်ရဲ့အမြင်ကို ဖြေကြားပေးထားပါတယ်ခင်ဗျာ…

Wai Yan Aung

13 Jan, 09:59


လွန်ခဲ့တဲ့(၈)နှစ်ကျော်က အကောင်ပေါက်လေး 🤣
နိုင်ငံတကာပွဲမှာ ဒိုင်လူကြီးမင်းတောင်
သွားလုပ်နေပြီ 🤩

ဘိုလိုက မတောက်တခေါက်နဲ့ my very first time in the Philippines! ဆိုပဲ 🤭

အဲ့တုန်းကပုံလေးနဲ့ ယှဉ်ကြည့်ကြီး
ဒေါင်းမျိုးဆိုတာ ယုံလိုက်တော့… 🤗

Wai Yan Aung

06 Jan, 13:51


GED Batch 2 Live စနေပါပြီခင်ဗျ

https://www.facebook.com/share/v/19dyVjLvSY/?mibextid=wwXIfr

☝🏻☝🏻☝🏻

Wai Yan Aung

06 Jan, 12:16


✨Young Learners' English Class Admission Webinar✨

https://www.facebook.com/share/v/15pbHo3ASs/?mibextid=wwXIfr
☝🏻☝🏻☝🏻
NGM Online School ရဲ့ Young Learners' English Class အကြောင်း တိုက်ရိုက် LIVE အစီအစဉ် ဖြစ်ပါတယ်ခင်ဗျာ...

သင့်ကလေးပညာရေး နောက်ကျမကျန်ခဲ့ဖို့ Winter School ရဲ့ အရည်အသွေးမြင့် အင်္ဂလိပ်စာသင်တန်းများအကြောင်း သိရှိလိုသူများအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

အခုပဲ ကျွန်တော်တို့ New Generation Myanmar - Page Messenger မှာ စာရင်းပေးကျောင်းအပ်နှံနိုင်ပါပြီနော်။ 🫶🏻

Wai Yan Aung

05 Jan, 15:24


https://www.tiktok.com/t/ZTYcvJedp

Wai Yan Aung

05 Jan, 12:55


https://www.facebook.com/share/1KzGiVNbgT/?mibextid=wwXIfr

နှစ်သစ်မှာ စိတ်သစ် လူသစ်
အကောင့်လေးလည်း အသစ် 🥰🥳
ချစ်တယ်ဆိုရင် လာခဲ့ပါခင်ဗျာ 🫶🏻

Wai Yan Aung

05 Jan, 08:01


လေးစားတန်ဖိုးထားပြီး ချစ်ရတဲ့ အမေ… 🙏🏻
နေကောင်း ကျန်းမာရဲ့လား အမေ…
အမေ့ရဲ့သားက ခုဆိုရင် နိုင်ငံအတွက် ကိုယ်နိုင်ရာဝန်ကို ထမ်းရင်း မျိုးဆက်သစ်လေးတွေရဲ့ စံပြ၊ အများက လေးစားအားထားရတဲ့ကျောင်းအုပ်ကြီး ဖြစ်နေပြီ အမေ…
ဒါတင်မကသေးပါဘူး…
အမေရိကန်နိုင်ငံက ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးတစ်ခုမှာလည်း Master ကျောင်းသားကြီးအဖြစ်နဲ့ တက်ရောက်နိုင်ဖို့ ရွေးချယ်ခံထားရပြီအမေ…

သားလုပ်နိုင်တာတွေအပေါ် အမေ ကျေနပ်ပီတိဖြစ်မယ်လို့ သားယုံကြည်ပါတယ်…

ဒီလို အောင်မြင်မှုတွေရဖို့ ကြိုးစားခဲ့ရတာ တော်တော်တော့ မလွယ်ဘူးအမေ… ခရီးလမ်းတလျှောက် သား မထင်မှတ်ထားခဲ့တာတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်…

အခက်အခဲ ဆိုတာထက်
မနာလိုလို့ တိုက်ခိုက်စော်ကားခံခဲ့ရတာတွေက များတယ် အမေရယ်…

သား ကြုံခဲ့ရတာကတော့
ဟိုဘက်ရပ်ကွက်ထက် အမေ့သား၊ အမေ့သမီး ဆိုသူတွေက ပိုဆိုးတယ် အမေရယ်…
မမျှော်လင့်ထားဘူး…

အမေ့စကား နားမထောင်ကြသလို အချင်းချင်း စည်းလည်း မစည်းလုံးကြပါဘူး…
အချို့တွေဆို အုပ်စုဖွဲ့ပြီး ဗိုလ်လည်း ကျချင်ကြသေးတယ်…
သားက အဲလိုမျိုးတွေထဲ ဝင်မပါသလို
သူတို့ကိုလည်း သား အတတ်နိုင်ဆုံး သည်းခံပြီး ကိုယ်လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် လုပ်နေပါတယ်…
အချို့ဆို အမေ့ကိုတောင် ပြစ်တင်စော်ကားချင်ကြသေးတာ…
သည်းမခံနိုင်တဲ့ တစ်ခါတစ်လေလည်း ပြန်တုံ့ပြန်မိတာပေါ့…
ဒါကိုလည်း ခွင့်လွှတ်ပေးပါနော် အမေ…
မိသားစုတိုင်း ပြဿနာအနည်းနဲ့အများရှိတာ နားလည်ပါတယ်အမေ…
ဒါက အနည်းစုကို အမေနဲ့ တိုင်တာပါ…

တကယ်တော့ သားကို ချစ်ခင်အားပေးနေကြတဲ့ ဦးဦး၊ ဒေါ်ဒေါ်တွေနဲ့ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးတွေလည်း အများကြီးပဲအမေ…
သားကိုလည်း သူတို့ရဲ့ သားအရင်း၊ ညီအစ်ကိုမောင်နှမ အရင်းသဖွယ် စောင့်ရှောက်ဖေးမပေးနေကြပါတယ်…
မျက်နှာမငယ်ရအောင် ဝန်းရံပေးကြတယ်… ချစ်ပေးကြတယ်…
လိုအပ်တဲ့နေရာတွေကိုလည်း သားတို့အတူတူ ချွဲနည်းစာလေးတွေနဲ့ စုပေါင်းပြီး ပုံမှန် ကူနေ၊ လှူနေနိုင်ကြတာလည်း ဒီနေ့အထိပဲ အမေ…
ဒီလို အမေ့စကား နားထောင်ကြသူတွေကို သား အင်မတန်မှ လေးစားတန်ဖိုးထားသလို
အရမ်းလည်း ကျေးဇူးတင်တာပဲ အမေ…

အခက်အခဲမှန်သမျှ ရင်ဆိုင်ကျော်လွှားပြီး သားတို့ လိုရာပန်းတိုင်ကို အကောင်းဆုံး ရှေ့ဆက်နေပါတယ် အမေ…
အမေဖြစ်စေချင်တဲ့အတိုင်း ပညာအားဖြင့် နိုင်ငံနဲ့ လူမျိုးအကျိုးသာမက ကမ္ဘာလောကကြီးကောင်းကျိုး ဆထက်ထမ်းပိုး ကြိုးစားထမ်းရွက်မယ်လို့ သား ကတိပြုပါတယ် အမေ… 🙏🏻
အမေ နေကောင်းကျန်းမာပါစေ… ❤️

Wai Yan Aung

Wai Yan Aung

04 Jan, 15:31


ကျနော် တည်ထောင်ဖွင့်လှစ်ထားတဲ့ New Generation Myanmar - NGM ကျောင်းတော်ကြီးဟာ အောင်မြင်စွာနဲ့ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ… ကျောင်းတစ်နှစ်ပြည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့အတူ ၂၀၂၅ နှစ်သစ်အတွက် ကျနော့်ရဲ ဆုတောင်းစကားလေးပါခင်ဗျာ… 💙

ချစ်ရသူများလည်း အောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ…

Wai Yan Aung

04 Jan, 12:37


ကျနော့်ရဲ့ နှစ်သစ် ဆုတောင်းစကားလေးပါ… 🥰
https://www.facebook.com/share/v/1549o1aAex/?mibextid=wwXIfr
☝🏻☝🏻☝🏻
ဒီ video လေးရဲ့ အောက်မှာ
ချစ်ရသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ မန့်လေးတွေ အားပေးစကားသံလေးတွေ မြင်ချင်ပါတယ်ဗျ…
တစ်ယောက်မကျန်နော် 🥰

တန်ဖိုးထားပြီး ဖတ်ချင်လို့ပါ…
Comment တစ်ကြောင်းစီတိုင်းက ကျနော့်အတွက်တော့ ဒီထက် အများအကျိုးပြုနိုင်စေဖို့ ခွန်အားတွေပါခင်ဗျာ… 🥰🥳

https://www.facebook.com/share/v/1549o1aAex/?mibextid=wwXIfr

Wai Yan Aung

04 Jan, 04:17


အာဘွားလေးပေး 😘

Wai Yan Aung

03 Jan, 15:34


မင်္ဂလာပါခင်ဗျာ 🙏🏻🤍
လူကြီး လူငယ်အားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပညာလေ့လာသင်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ New Generation Myanmar (Online School) ခုပဲ လာရောက် အပ်နှံလိုက်ပါခင်ဗျာ…

ယခု ဖွင့်လှစ်ပေးသွားမယ့် အတန်းတွေကတော့

🏆 အသက်အရွယ်မရွေး English Skills မြှင့်တင်ချင်သူတွေအတွက် English Batch (6)
-Beginner Class
-Elementary Class
-Pre Intermediate Class
-Intermediate Class

🌏 နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်နေသူတွေအတွက် GED Batch (2)

Young Learner, Teen အတန်းလေးတွေဖြစ်တဲ့ Winter School Language အတန်းများ
❄️ Winter Korean Class for Pre teens
(Basic + Yonsei 1)

❄️ Winter Japanese Class
(Basic + N5 Part 1)

❄️ Winter Young Learners’ English Class
-Winter Kids English (Level 1)
-Winter Kids English (Level 2)
-Winter Pre-Teens English (Level 1)
-Winter Pre-Teens English (Level 2)

🇹🇭ထိုင်းနိုင်ငံ၊ ထိုင်းဘာသာစကား သင်ယူချင်သူတွေအတွက် Thai Batch (2)
-Thai Basic Class
-Thai Beginner Class

🌟 Online Class ဖြစ်ပြီး ရုံးချိန်၊ အတန်းချိန်လွတ်တဲ့ အချိန်လေးတွေသာဖြစ်လို့ စိတ်အေးလက်အေးနဲ့ ပညာအသစ်အသစ်တွေကို သင်ယူလိုက်ပါတော့ခင်ဗျာ။

www.facebook.com/NewGenerationMyanmar

New Generation Myanmar ပေ့ဂျ်မတ်ဆင်ဂျာမှာ ခုပဲ ကျောင်းလာအပ်လိုက်နော်… 🫶🏻🤍

Wai Yan Aung

02 Jan, 14:58


If you love me,
Follow me on TikTok 🥰

https://www.tiktok.com/@waiyanaung.us

☝🏻☝🏻☝🏻

Wai Yan Aung

02 Jan, 13:15


🫶🏻🫶🏻🫶🏻

https://www.facebook.com/share/p/1JbFLRbsBN/?mibextid=wwXIfr

♥️♥️♥️

အလွမ်းပြေ ပုံလေးတွေ လက်ဆောင် လာပေးတာ… 🫶🏻

Wai Yan Aung

01 Jan, 16:33


Happy New Year 2025 🎆🫶🏻
နှစ်သစ်မှာလည်း ချစ်ရသူအားလုံးနဲ့အတူ ရှိနေမယ်…
ဒီထက်အများကြီး ပိုကူနိုင် လှူနိုင်အောင် ကြိုးစားမယ်… ပျော်ရွှင်မှုတွေ ဝေမျှပေးမယ်… 🥰

#Day1
#SaveKarenni

Wai Yan Aung

31 Dec, 13:44


Wai, Han, Alvin and Q
in 1 frame

https://www.facebook.com/share/p/tgJdDJqoE5cw9CiX/?mibextid=wwXIfr

Happy New Year 2025
🥰🍬🥳🎉🎆

Wai Yan Aung

31 Dec, 00:02


Winter School Language Program လေးအကြောင်း သိပြီးပြီလားဗျ 💭

မင်္ဂလာပါခင်ဗျာ။
နှစ်သစ်ကူးပိတ်ရက်လေးမှာ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေဗျ။ ပိတ်ရက်လေးမှာ သားသား၊ မီးမီးတို့အတွက် Winter School Language Program လေးအကြောင်း မိတ်ဆက်ပေးပါရစေ ဖေဖေမေမေတို့ရေ။ 🙏🤍

ကျွန်တော်တို့ New Generation Myanmar ကနေ စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်ရက်လေးမှာ ကလေးတွေရဲ့ လေ့လာသင်ကြားမှု မပြတ်လပ်သွားရအောင် Winter School Language Program လေးကို ဖွင့်လှစ်ပေးထားပါပြီခင်ဗျာ။

☃️ Winter Language အတန်းလေးတွေမှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာစကားအတန်းလေးတွေကတော့ -

🌨Winter Korean Class for Pre-teens
(Basic + Yonsei 1)

🌨Winter Japanese Class for Pre-teens
(Basic + N5 Part 1)

🌨Winter Young Learners’ English Class
-Winter Kids English (Level 1)
-Winter Kids English (Level 2)
-Winter Pre-Teens English (Level 1)
-Winter Pre-Teens English (Level 2)

❄️ သင်တန်းကြေး၊ အသက်ကန့်သတ်ချက်၊ သင်တန်းကာလ၊ သင်တန်းချိန် အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်ကိုနှိပ်၍ အသေးစိတ်ဝင်ရောက်လေ့လာနိုင်သလို NGM Page Messenger မှလည်း ဆရာ၊ ဆရာမများကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
https://shorturl.at/FeTQk

သင့်ကလေးပညာရေး နောက်ကျမကျန်ခဲ့ဖို Winter School မှာ အခုပဲ အပ်နှံထားလိုက်ပါတော့။ 🎊

Wai Yan Aung

30 Dec, 03:26


Happy Karen New Year 2764
🤍❤️💙

Wai Yan Aung

25 Dec, 17:19


Happy 1st Anniversary NGM and Merry Christmas 🎄☃️

Wai Yan Aung

24 Dec, 13:39


ခရစ္စမတ်ဟာ ကျနော့်အတွက်တော့ တန်ဖိုးထားရတဲ့ အမှတ်တရလေးတွေ အပြည့်နဲ့ပေါ့…
နှစ်တိုင်း ခရစ္စမတ် မတိုင်ခင်တိုင်းမှာ
ကံကောင်းခြင်းတွေ လက်ဆောင်ရလေ့ရှိတယ်… နောက်ပြီး ခရစ္စမတ်နေ့လေးမှာ ကျနော့်ရဲ့ New Generation Myanmar ကျောင်းလေး တစ်နှစ် တင်းတင်း ပြည့်ပါပြီခင်ဗျာ…

https://www.facebook.com/share/p/1EtGVU463t/?mibextid=wwXIfr

🥰🤩🎄🎁

Wai Yan Aung

24 Dec, 12:45


https://www.facebook.com/share/p/1EtGVU463t/?mibextid=wwXIfr

☝🏻☝🏻☝🏻☝🏻
ပုံလေးတွေ အများကြီးတင်ခဲ့လိုက်ပြီ…
ဝင်ကြည့်ပြီး ခရစ္စမတ် အမှတ်တရလေး တစ်ခုခု ရေးပေးနော်…
ချစ်တယ် ဖြစ်ဖြစ်ပေါ့ 🥰🥳🤩🎄
ရှဲပေးရင် ပိုချစ်မှာဗျာ 🫶🏻🥳

Wai Yan Aung

24 Dec, 03:55


ဒီည Page မှာ Christmas အမှတ်တရ ပုံလေးတွေ တင်ရင်ကောင်းမလား မသိဘူးဗျ 🤔

ရိုက်တော့ ပြီးသွားပြီ… တင်သင့် မတင်သင့် စဉ်းစားနေတာ…

အရမ်းချောတော့ နှမြောလို့ 🤭

Wai Yan Aung

24 Dec, 02:41


ဟိုဘက်ရပ်ကွက်ကိုတော့
Johns Hopkins ကို
ဘာမှန်းမသိတာနဲ့တင် ကျေးဇူးတင်လှပါပြီဗျာ 😇

Wai Yan Aung

22 Dec, 15:29


https://www.facebook.com/share/v/14T9vyB7bp/?mibextid=wwXIfr
☝🏻☝🏻☝🏻
ဒီနေ့ကစလို့ ပညာရေးနဲ့ ပတ်သက်ပြီး ကျနော့် Official Page လေး Update ပြန်ဖြစ်ပါမယ်ခင်ဗျာ… 🥳🎉
ချစ်ရသူများ Page လေးကို Follow & Favorite လုပ်ထားပေးပါခင်ဗျ…🤩
အမြဲ Comment လေးတွေ ဝင်ရေးဖို့လည်း မမေ့နဲ့နော်… 🥰

Wai Yan Aung

21 Dec, 03:27


Officially a Blue Jay! 🥳👏🏻
ဘဝမှာ အကြိုက်ဆုံး ကျောင်းသားကဒ်လေးဖြစ်သွားပြီ…
(Student ID ကို ကိုယ့်စိတ်ကြိုက်ပုံနဲ့
ထုတ်ပေးတာနော်) 🫶🏻
This ID unlocks the doors to a world of endless opportunities. 🤩
Proud to call Johns Hopkins University my home. 🐦💙📚
#bluejays
#JHUSOE
#JohnsHopkinsUniversity

Wai Yan Aung

19 Dec, 03:15


အရမ်းချစ်ဖို့ကောင်းတာလေး 🖤 🐈‍⬛

Wai Yan Aung

18 Dec, 14:17


https://www.facebook.com/share/p/1GAimNXFvV/?mibextid=wwXIfr

Wai Yan Aung

18 Dec, 04:26


မနှစ်တုန်းက JHU ကို Q နဲ့ အလည်လိုက်သွားရင်းနဲ့ Alvin ရဲ့ ဒီ Vlog လေးကို ရိုက်ပေးရင်း အရမ်း သဘောကျနေခဲ့တာ… အခုတော့ JHU မှာ မဟာတန်းကို ကိုယ်တိုင် တက်ရောက်ရပါပြီခင်ဗျာ… 🤩🎊

Wai Yan Aung

17 Dec, 13:40


ဒီရက်ပိုင်း ဝေယံ့ကို လိုင်းပေါ် active မဖြစ်တာ သတိထားမိမယ် ထင်ပါတယ်ခင်ဗျာ…
မဟာတန်းတက်ဖို့ ကျောင်းလျှောက်ထားပြီး
Decision တမျှော်မျှော်နဲ့ ဘာမှ မလုပ်နိုင် မကိုင်နိုင် တစ်ရက် တစ်ရက် ကြိတ်ရင်ခုန်နေခဲ့တာ လိုင်းပေါ်တောင် သိပ်မတက်အားခဲ့ပါ… 🥺

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲက
တစ်ခုဆိုတော့လည်း သိပ်မှန်းမထားခဲ့ပါဘူး…
ဒီတက္ကသိုလ်မှာ ဝင်ခွင့် Acceptance Rate ကလည်း 7% ပဲဆိုတော့
ကိုယ်လျှောက်ထားတာ လူသိပြီး မရခဲ့ရင်
မကောင်းလို့ ပေးမသိခဲ့တာပါ… 😬😁

ပညာရေးနဲ့ Master တန်း ဆက်တက်ချင်တာမလို့
တခြား Acceptance Rate ပိုလက်ခံပေးတဲ့ တက္ကသိုလ်ကိုလည်း ပြိုင်တူ လျှောက်ထားခဲ့တာ…
ကိုယ့်ကို ဘယ်က လက်ခံမလဲကို
မျှော်ရင်း ဒီရက်ပိုင်း တစ်ယောက်တည်း ကြိတ်ပြီး
ကြိုးစားနေခဲ့တာ…

ဒီနေ့မှာတော့ mail ဝင်လာလို့ စစ်လိုက်တာ Acceptance Letter လေး ဖြစ်နေပါတယ်ခင်ဗျာ…
ဝင်ခွင့်ရမဲ့ရတော့လည်း JHU ပါတဲ့ခင်ဗျာ 🤩

Johns Hopkins University ရဲ့ Educational Policy မဟာတန်း (Master of Science) Program ကို
ကျနော် တက်ရောက်ခွင့် ရရှိပါပြီခင်ဗျာ…

ကျနော့်အတွက်တော့ ကံ၊ ကံ၏အကျိုးကို ရရှိခံစားရတယ်လို့ ယုံကြည်သလို
ဒီနှစ်အတွက်တော့ တန်ဖိုးအရှိဆုံး The Best Christmas Gift လေး ရလိုက်တာပါပဲခင်ဗျာ 🥳🤩

အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးကနေ
ရရှိလာမဲ့ ပညာရပ်တွေ၊ အချိတ်အဆက်တွေနဲ့
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ပြောင်းလဲဖို့အတွက်၊ အထူးသဖြင့် ယခုလက်ရှိမှာ ကျနော့်ရဲ့ New Generation Myanmar - NGM Online School က သားသားမီးမီး မျိုးဆက်သစ်လူငယ်လေးတွေရဲ့ နိုင်ငံတကာအဆင့်မီ ပညာရေး၊ တောက်ပတဲ့အနာဂတ်အတွက် ကျနော် အများကြီး ပိုကြိုးစားပေးနိုင်တော့မှာမို့ ရှေ့ဆက်အတူတူ အောင်ပွဲတွေ ဆင်နွှဲကြမယ်နော်…

Wai Yan Aung

17 Dec, 04:27


https://www.facebook.com/share/p/129j2qgBUvj/?mibextid=wwXIfr

☝🏻☝🏻☝🏻
ချစ်ရသူများအတွက် ကျနော့်ရဲ့ Christmas လက်ဆောင် 🎄🍬🥳

Wai Yan Aung

15 Dec, 14:53


https://www.tiktok.com/t/ZTYQVbncV/

☝🏻☝🏻☝🏻
ဝင်ကြည့် ဝင်မန့် ♥️😘

Wai Yan Aung

11 Dec, 13:02


ပညာရေးဖြင့်သာ…🙏🏻

Wai Yan Aung

10 Dec, 10:20


https://www.tiktok.com/t/ZTYmagRBq

Wai Yan Aung

09 Dec, 12:26


🌶️🌶️🌶️

Wai Yan Aung

22 Nov, 12:14


https://www.tiktok.com/t/ZTYjyJMRU

☝🏻☝🏻☝🏻☝🏻
ကြော်ငြာတွေထဲမှာ စာစောင်တွေထဲမှာ 🎶 ကျနော့်ရဲ့ဓာတ်ပုံလေးများ တွေ့ရင် နမ်းနိုင်ပါတယ် 😘

https://www.tiktok.com/t/ZTYjyJMRU

Wai Yan Aung

21 Nov, 03:32


Associate Degree, Bachelor Degree တွေ အစကနေ ပြန်တက်စရာ မလိုတော့ဘဲ
Degree Evaluation လုပ်နိုင်ခဲ့ပြီး
Master Degree ဆက်တက်တော့မည်
ဖြစ်ပါကြောင်း ခင်ဗျာ… ☺️

Wai Yan Aung

20 Nov, 11:44


တက္ကသိုလ််မှာ Professor တွေနဲ့ တွေ့တော့လည်း
ကို့ကို ကလေးပဲ ထင်နေကြတယ် 🤷‍♂️
ကျောင်းအုပ်ကြီးပါဆို 🥰

Wai Yan Aung

20 Nov, 03:49


မနေ့က University Of Virginia မှာ Professor ဆရာကြီး ဆရာမကြီးများ၊ UVA တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများနဲ့အတူ 🥰💪🏻

ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတွေရဲ့ အသံများအကြောင်းကို စာအုပ်ပြုစုပြီး University of Virginia မှ ထုတ်ဝေတဲ့ “People Demand Democracy”စာအုပ်မိတ်ဆက်ပွဲကို ဆရာဟန်ဇော်လတ် က တက်ရောက်စကားပြော ဖြစ်ပါတယ်…

ဒီစာအုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ ရင်ဆိုင်ရတဲ့အခြေအနေတွေကို UVA ကျောင်းသားများက ဆရာဟန်ဇော်လတ် အပါအဝင် မြန်မာပြည်သူတွေကို အင်တားဗျူးပြီး ရေးသားပြုစုထားတာပါ…

တကယ်တော့ University of Virginia က US တစ်နိုင်ငံလုံးမှာ Top 5 ဝင်တဲ့ Public University ပါ
ကျောင်းကောင်းဖြစ်တာနဲ့အညီ
ကျောင်းသားတွေကလည်း အရမ်းတော်ကြတယ်… Academic မှာတင် တော်ကြတာမဟုတ်ဘဲ ဒီလိုအရေးတွေမှာပါ တော်တော်လေး စိတ်ဝင်တစားနဲ့ အများကြီး တက်ရောက် နားထောင်ကြတာတွေ့ရတယ်…
အချို့ဆို ဒီအသက်အရွယ်လေးတွေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါ ထုတ်နိုင်နေပြီ…
ကျနော်တို့ အများကြီး လေ့လာခဲ့ရပြီး တကယ်ကို Effective ဖြစ်တဲ့ ပွဲလေးတစ်ခုပါလို့ ဆရာ Alvin က ပြောပါတယ်… 👏🏻

UVA မှာ Professor များ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများရှေ့မှာ ကျနော်တို့ သတင်းစကားပြောခွင့် ရခဲ့ကြပါတယ်ခင်ဗျာ… 🥰💪🏻

Wai Yan Aung

19 Nov, 12:57


https://www.tiktok.com/t/ZTYFAxUMs

Wai Yan Aung

18 Nov, 05:51


https://www.tiktok.com/t/ZTYNM77tk

Wai Yan Aung

18 Nov, 03:03


မနေ့က "Zoomers" Maryland Event ရုပ်ရှင်ပွဲတော် မှာ အခမ်းအနားမှူး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာ… ❤️

ဒီ ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော် ထောက်ပို့နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်ခင်ဗျာ… 🥰🎉

Wai Yan Aung

08 Nov, 08:12


ဒီကနေ့ ဧရာဝတီတ၊ပ် ရော်ဘဲ
အယောက် (၃၀)အတွက်
ဆောင်းဝင်ပြီမို့ အရေးပေါ် လိုအပ်နေတဲ့
စောင်များ ဝယ်ပေးခဲ့ပါတယ်ဗျ…

ဝေယံတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
နွေးထွေး လုံခြုံကြပါစေ… 🫶🏻

Wai Yan Aung

08 Nov, 06:50


TikTok ကို Boycott ရမယ် ဆိုပြီး
ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါခင်ဗျာ…

တလရ မတိုင်ခင်ကတည်းက
ကိုယ့်ဟာကိုယ် မသုံးတတ်လို့ မသုံးခဲ့တာပါ…

မသုံးတတ်လို့ မသုံးချင်တာပါ…
မသုံးချင်လို့ မသုံးတာပါ…

အမှန်တိုင်းပြောရရင် ကနေတဲ့သူတွေကို
မျက်စိနောက်လို့ပါ… 😂

ဒါပေမဲ့ ခုချိန်ထိ မသုံးဘဲ နေပြန်ရင်လည်း
ခေတ်နောက်ကျကျန်ခဲ့ပြီး ဒိတ်အောက်နေတဲ့ အဘိုးကြီး ဖြစ်တော့မှာမလို့ 😬
ကလေးတွေနဲ့အမှီ ပြန် လိုက်သုံးဖို့ ဆုံးဖြတ်လိုက်တာ

အဲ့ဒါကြောင့် ခု သုံးချင်လို့ သုံးတာ…

မသုံးတဲ့သူတွေကို သုံးဖို့ မတိုက်တွန်းသလို
သုံးနေတဲ့သူတွေကိုလည်း boycott ဖို့ မပြောခဲ့ဖူးဘူး…

www.tiktok.com/@waiyanaung.us
☝🏻☝🏻
အဲဒီတော့ သုံးစေချင်တဲ့သူတွေအတွက် အခု TikTok စ သုံးပြီဖြစ်ကြောင်း အသိပေးတာပါခင်ဗျာ… 🤗
အကောင့် အတုတွေဆီပဲ ရောက် မနေကြပါနဲ့… အစစ်က ခု ရောက်လာပါပြီဗျ…

ကိုယ်ချစ်တဲ့သူတွေနဲ့ ချိတ်ဆက်ဖို့က
Reach တအားချတဲ့ Facebook ကိုပဲ
ဖက်တွယ်နေလို့ မဖြစ်တော့ဘူး…

ရှိသမျှ Platform အကုန် အကျိုးရှိအောင်
အသုံးချမှဖြစ်မယ်…
YouTube, IG, Threads, Telegram, X
တွေမှာလည်း ရှိနေပါမယ်ခင်ဗျာ…
တစ်နေရာ မဟုတ် တစ်နေရာမှာ တွေ့ပြီး
ကို့ကို မေ့မသွားရင် ရပြီ 😜
အရွယ်ကောင်းတုန်းလေး
စျေးဗန်းလေးကလည်း ခင်းချင်သေးတယ်ဗျ 😘

Wai Yan Aung

08 Nov, 06:02


အကောင့်က အမေရိကား ကနေ ဖွင့်လို့လားမသိ မြန်မာပြည်ကို ပေးမပြသေးဘူး 😅 ဘယ်လို လုပ်ရမလဲ

Wai Yan Aung

08 Nov, 04:17


ကို့ဘက်က ဘယ်သူ့ကိုမှ
Follow လုပ်လို့ မရဘူး
ဘာဖြစ်တာလဲ မသိ 🥺

Wai Yan Aung

08 Nov, 03:31


TikTok စ သုံးတယ်ဆိုပေမဲ့
မကတတ်လို့ ကပြမှာ မဟုတ်ပါဘူးဗျ… 🙄
ကို လုပ်ပေးနိုင်တာဆိုလို့
ရုပ်ခလေး ချောနေပေးတာလေးတစ်ခုပဲ
တတ်နိုင်ပါတယ်ဗျ… 🥹
www.tiktok.com/@waiyanaung.us
☝🏻☝🏻ချစ်တဲ့စိတ်နဲ့ ချောနေတာလေးကိုပဲ
အမောပြေ ထိုင်ကြည့်ပေးချင်ရင်တော့
အကောင့်သစ်လေးကို ဖောလို လုပ်ထားပေါ့ခင်ဗျာ… 🥰

Wai Yan Aung

08 Nov, 02:46


TikTok စ သုံးပါမယ်ခင်ဗျာ…

www.tiktok.com/@waiyanaung.us

☝🏻☝🏻 အကောင့် အသစ်စက်စက်လေးကို ဘယ်သူလေးတွေ အရင်ဆုံး Follow ပေးမှာလဲ 🥰

Wai Yan Aung

06 Nov, 15:29


ငယ်ငယ်တုန်းပေါ့ဗျာ…
အတန်းစ မတက်ခင်
အဲ့ဆရာမ က မချောင်ဘူးနော်၊
တော်တော် သဘော မကောင်းတာ၊
စည်ကမ်းအရမ်းကြပ်တယ်၊
စာလည်းအရမ်းမေးတယ်၊
အရမ်း ကြောက်ရတာ လို့
ကျောင်းသား တော်တော်များများ
ပြောနေကြတာတွေ ကြားပေမဲ့

တကယ်လည်း ကျောင်းတက်ရော
ကျနော့်အတွက်တော့
အဲ့ဒီ ဆရာမနဲ့ စာသင်ရတာ
အဆင်အပြေဆုံးပဲဗျ…

ကိုယ်ကပဲ သင်ယူချင်စိတ်၊
ကြိုးစားချင်စိတ် ရှိလို့လား
မသိဘူးဗျ…
ကျောင်းသားတွေကလည်း
ဒီဆရာမနဲ့မှ စာတကယ် လုပ်ဖြစ်ကြတာ…

ကိုယ့်ကိုတော့ ဆရာ၊ ဆရာမတွေက ချစ်သလို
ကိုယ်ကလည်း ကိုယ်တာဝန်ကိုယ် ကျေအောင် လုပ်တယ်… ဘယ်သူ့မှ ကြောက်မနေသလို ဖားလည်း မနေဘူး…
ဆရာ၊ ဆရာမတွေကို
လေးလေးစားစား ဆက်ဆံတယ်…
ခင်တယ်… ချစ်တယ်…

စာမှ စာပဲလုပ်နေတဲ့ စာကြမ်းပိုးလည်း မဟုတ်ခဲ့တော့
အတန်းသူ အတန်းသားတွေနဲ့လည်း
အဆင်ပြေခဲ့တယ်…

ရွေးကောက်ပွဲပို့စ်တွေ မြင်ရပြီး
ငယ်ငယ်က အကြောင်းက
ဘယ်လို ဆက်စပ်ပြီး အတွေး ပေါ်လာမှန်းမသိ 😁😂

Wai Yan Aung

02 Nov, 10:07


မနေ့က ကရင်နီစ၊စ်ရှောင်တစ်နေရာမှာ ဝေယံတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ❤️

စစ်ရှောင်ပြည်သူများ ကလေးငယ်များအတွက်
ဝေယံနဲ့အတူ လစဉ်ပုံမှန် တတ်နိုင်သလောက်ပါဝင်အားဖြည့်ပေးကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…

ရှေ့ဆက် အတူတူ ပိုလှူနိုင်
ပိုကူနိုင်အောင် ကြိုးစားကြမယ်နော်… ❤️💪🏻

Wai Yan Aung

31 Oct, 21:11


🎃🎃🎃

Wai Yan Aung

31 Oct, 12:39


NGM - Halloween Party Tonight 🎃

Wai Yan Aung

31 Oct, 07:39


ဆရာဟန်ဇော်လတ် New York မှာ
NUG ဝန်ကြီးများနဲ့အတူ
UN အစည်းအဝေးတစ်ခု
တက်ရောက်နေ 🎊
So Proud of you, my brother! 🥰

Standing together for Myanmar 🇲🇲
On this United Nations Day of Action for Myanmar/Burma, we amplify the voices of those fighting for freedom, justice, and democracy. Let’s continue to unite and stand in solidarity with the people of Myanmar. Together, we can make a difference.
#UnitedForMyanmar #JusticeForMyanmar #DayOfAction

Wai Yan Aung

29 Oct, 11:20


သတိထားမိကြမယ် ထင်တယ်…
ကျနော့်ရဲ့မီလီယျံနဲ့ချီပြီး Engagement အရမ်းကောင်းတဲ့ Page လေးမှာ ဘာမှ မတင်တာ…

ပို့စ်တစ်ခုတင်ရင် Love တွေ သောင်းချီ သိန်းချီရမယ်…
Bonus ပိုက်ပိုက်တွေလည်း အများကြီးဝင်မယ်…
ဒါပေမဲ့ ဘာလို့ မသုံးချင်မှန်း မသိ… 🥹

ကျနော် အခုသုံးနေတာက ပါဆင်နယ်အကောင့်ပါ…
လာ add လည်း မသိတဲ့သူတွေကို ကျနော်
လက်မခံဘူး…
မသိတဲ့လူတွေ ဝင်မလာအောင်လည်း
တတ်နိုင်သမျှ သိုသိုသိပ်သိပ်လေးပဲ သုံးတယ်…
ကိုယ် ချစ်ရတဲ့ လူနည်းစုလေးပဲ ရှိတာပါ…

တလရမတိုင်ခင်က ဆယ်စုနှစ် တစ်စုကြာ
Mr, Miss တွေကို နာမည်ကြီးအောင်
မွေးထုတ်ပေးလာခဲ့တဲ့သူ ဖြစ်ခဲ့လို့လားမသိ…

အောင်မြင်ကျော်ကြားချင်ကြတဲ့
ကိုယ့်ကလေးတွေကိုသာ
နာမည်ကြီးအောင် လုပ်ပေးခဲ့ပေမဲ့
ကိုယ်တိုင်ကတော့ လူသိများလာမှာကို
ငြီးငွေ့လို့ပါ…

မအလ အာဏာမလုခင်နေ့အထိ
ဆယ်စုနှစ် တစ်စုကြာ
အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့
ကျနော့်ရဲ့ professional ပဲလေ…

ကျနော့်ရဲ့Typeက အေးအေးဆေးဆေးလေးနဲ့
ကိုယ်ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တာပါ…
အပြင်မှာ ကိုယ်နဲ့ သိတဲ့သူတွေဆိုရင် ပိုသိမယ်…
လုံးဝ introvert 😇

တလရဖြစ်တော့ လူရှေ့ထွက်ပြီး
ကိုယ်နိုင်တဲ့အပိုင်းကနေ ကူပေးနေတာ…
သူ့အကန့်နဲ့သူ ခွဲထားတယ်…

အခု ကိုယ်အေးဆေးသုံးဖို့ ဖွင့်ထားတဲ့
ဒီပါဆယ်နယ်အကောင့်မှာ
အရင်က ကိုယ်နဲ့မသိတဲ့သူတွေ ရောက်လာပြီး
စည်ကားနေပြီဆိုတော့
သုံးရတာ သိပ်မကြိုက်ချင်တော့ပြန်ဘူးဗျ… 🙄

Wai Yan Aung

25 Oct, 15:30


ခုတလော Miss ပွဲသတင်းတွေ အရမ်း hot နေလို့ ကြွားရဦးမယ်ဗျာ…

မအလ အာဏာလုမှုမတိုင်ခင်
၂၀၁၉ မှာ နိုင်ငံအသီးသီး
ပြိုင်ပွဲဝင်(၉၀)ကျော်ထဲကနေ မြန်မာက နိုင်ငံတကာသရဖူကြီး ရခဲ့ဖူးတယ်… 👑

အဲ့နေ့ညက ပျော်လွန်းလို့ မျက်နှာပြောင်ပြီး
ရိုက်ထားတဲ့ ကျနော် မွေးထုတ်ပေးခဲ့တဲ့
Mrs Universe သရဖူကြီးနဲ့

Winner သရဖူကြီးရ
စင်ပေါ်မှာ မြန်မာအလံကြီးလွှင့်ပြီး
We stand with Daw Aung San Suu Kyi ဆိုတဲ့
ဗီနိုင်းကြီးကိုပါ ကိုင်ပြီး ပေါက်ဖောက်ကြီးတို့
စီလုပ်နိုင်ငံမှာ သွား ကြွေးကြော်ခဲ့သေးတာ 🤭

ခုမှ pageant ဆိုတာကြည့်ဖူးတဲ့
နောက်ပေါက်လေးတွေ ဗဟုသုတရအောင်လို့ တင်ပေးတာပါခင်ဗျာ 😘

ဒီလို ပျော်ပွဲရွှင်ပွဲတွေ ပြန်လုပ်နိုင်တဲ့ အခြေအနေမျိုး ပြန်ရဖို့က တလရ နိုင်မှ ဖြစ်မှာနော်…
ရေပေါ်ဆီလုပ်ပီး ဂျင်းပွဲတွေမှာပဲ သာယာမနေကြနဲ့ဦး 😝
တလရအတွက် ကူကြ လှူကြ တတ်နိုင်တဲ့ဘက်က ပါဝင်အားဖြည့်ကြ…
တလရကြီး နိုင်သွားတဲ့အခါ
နိုင်ငံတကာပွဲကြီးတွေမှာ
အရင်လို အောင်ပွဲတွေ ဆင်နွှဲကြမယ်…
ဟုတ်ပြီလားဗျ… 🎉

Wai Yan Aung

25 Oct, 14:01


ကိုယ်ချစ်မိရင် နမ်းလို့ကိုမဝ 🫶🏻
mwah mwah mwah! 🥰

Wai Yan Aung

25 Oct, 07:42


ကလေးတစ်ယောက်က မေးတယ်…
"လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်နဲ့ ကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် တကယ်တန်းအောင်မြင်လာတဲ့တစ်နေ့မှာ တန်းတူအခွင့်ရေးအတူတူ ပြန်ရမှာကို မတန်ဘူးလို့ထင်တယ်တဲ့"

ကိုယ် ပေးဆပ်စွန့်လွှတ်ခဲ့ရတာတွေဟာ
သူတို့အတွက် တန်ရဲ့လားဆိုရင် လုံးဝ မတန်ပါဘူး…
ဒါပေမဲ့ ကိုယ်တိုင်က
တရားမျှတမှုနဲ့ အမှန်တရားအတွက်
ရပ်တည်ခဲ့တာမလား…
ကိုယ်တိုင်အတွက်တော့
ဒီလို လူပီသတဲ့ ရပ်တည်ချက်တွေကြောင့်
လူဖြစ်ရတာ သိပ်ကို တန်တာပေါ့ဗျာ…

ဆက်ပြီးတော့
သူလည်းကြိုက်မှာမဟုတ်တဲ့၊ အများစုလည်း ကြိုက်မှာမဟုတ်တဲ့ အဖြေကိုပဲ
ကျနော် ဖြေရပါလိမ့်မယ်…

နိုင်ငံနဲ့ချီပြီး မစဉ်းစားပါနဲ့ဦး…
ကိုယ့်အိမ်တစ်အိမ်၊ မိသားစုတစ်စုတည်းမှာတောင် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်
စိတ်ဓာတ်၊ ခံယူချက်၊ သဘောထား၊ တူကြလို့လား။ အကုန် တသားတည်း ညီကြလို့လား။
အိမ်တစ်အိမ်တည်းမှာတောင်
လိမ္မာတဲ့ သားသမီး၊
ဆိုးတဲ့သားသမီးရယ်လို့ မရှိဘူးလား။

လိမ္မာတဲ့ သားသမီးကိုပဲ
အိမ်မှာ ဆက်ထားပြီး
မလိမ္မာတဲ့ သားသမီးကိုတော့
မောင်းထုတ်မယ်ဆိုတဲ့
မိဘမျိုးဆိုရင်ရော မိဘပီသဦးမလား?

တိုင်းပြည်ကြီးကလည်း ဒီလိုပါပဲ…
တာဝန်သိသူတွေမှာပဲ တာဝန်ရှိတာပါ…

ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ်လုပ်ခဲ့ကြတာမဟုတ်လား…
အားလုံး တန်းတူအခွင့်အရေးအတွက်
အားလုံး လွတ်မြောက်ဖို့အတွက်
ကြိုးစားကြတာ မဟုတ်ဘူးလား…

ကိုယ်ပေးဆပ်ရလို့
ကိုယ်ပဲ အခွင့်အရေး ပိုလိုချင်တာ၊

ခွဲခြားဆက်ဆံချင်တာ၊
ကိုယ်အနိုင်ရတဲ့အချိန်
တဖက်ကို နှိပ်ကွပ်လိုက်မယ်၊
ငါနဲ့မတူ ငါ့ရန်သူလုပ်မယ် ဆိုတာ
အာဏာရှင်တွေရဲ့ အကျင့်စရိုက်တွေပါ…

ဘာတွေပဲ ပေးဆပ်ထားထား
သူယုတ်မာသလို ကိုယ်ယုတ်မာလိုက်မယ်ဆိုရင်
ကိုယ်လည်း သူတို့လို သူယုတ်မာပဲ ဖြစ်သွားမှာ…

မှန်တဲ့လုပ်ရပ်တွေ လုပ်ထားလို့ဆိုပြီး
မှားတဲ့လုပ်ရပ်တွေ လုပ်လို့မရဘူး…
အကုသိုလ်ဟာ အကုသိုလ်ပဲ…
ကုသိုလ်နဲ့ ချေဖျက်လို့ မရဘူး…
အမှန်က အမှန်အတိုင်း၊ အမှားဟာ အမှားအတိုင်းပဲ ရှိနေမှာ…

လက်ငါးချောင်းမှာတောင်
အတို၊ အရှည် မညီလို့ဆိုပြီး
ဖြတ်ထုတ်ပစ်လို့မှ မရတာပဲ…

သူ့နေရာနဲ့သူ အသုံးတည့်သလို
သူ့တန်ဖိုးနဲ့ သူရှိကြပါတယ်…

ဘယ်သူတရား ပျက်ပျက်
ကိုယ်မပျက်စေနဲ့တဲ့…

မသင့်တော် မကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာရောက်နေရင်တောင်
ကိုယ့်ရဲ့ သင့်တော်ကောင်းမွန်တဲ့
အရည်အသွေးတွေ၊ အတွေးတွေ
မပျောက်ပျက်ပါစေနဲ့…

တရားပေါက်နေတာတော့ မဟုတ်ဘူး…
ကိုယ့်ရဲ့ အေးချမ်းတဲ့ စိတ်ထား၊ အတွေးတွေဟာ
သူတပါးကြောင့် ပူလောင်ရတာတွေ
ကင်းဝေးပြီး ကိုယ်တိုင် အေးချမ်းဖို့အတွက်ပဲ…

Wai Yan Aung

24 Oct, 16:26


Philippines က Winner 🥳🤩
Pilipinasလေးတွေက ချစ်တတ်ကြသားပဲ🥰
ကိုယ့်နိုင်ငံဖြစ်ပေမဲ့ Myanmar ကတော့
ဒုတိယနေရာမှာပဲ ရှိနေတယ်ဗျာ…
India, Thailand နဲ့ Indonesia က Top (5) ဝင်တယ်

Threads မှာ ကိုယ့်ကို
Follow ထားကြတဲ့ နိုင်ငံတွေပါခင်ဗျာ… 🤩
နိုင်ငံတကာက follower တွေ အားပေးမှုနဲ့
Bonus တွေရတော့ များများ လှူနိုင်တာပေါ့ဗျာ…🥳

Wai Yan Aung

22 Oct, 03:58


ကိုယ့်တစ်ကိုယ်စာ လွတ်မြောက်ကောင်းစားဖို့အတွက်သာဆိုရင် လှည့်ကိုမကြည့်သင့်၊
လုံးဝ မပတ်သက်သင့်တဲ့ ကျနော့်တိုင်းပြည်…

ဘယ်လိုနည်းနဲ့မှ ပစ်ပယ်မထားရက်ခဲ့နိုင်တဲ့သူတွေ
ကျန်ရှိနေတဲ့အတွက်ကြောင့်သာ
ဒီလမ်းကို ဆက်လျှောက်နေတာ…

နာကြည်း ရွံမုန်းစရာ၊ စိတ်ကုန်စရာတွေကို မသိချင်ယောင်ဆောင်၊
ကြည့်ရှောင်ရင်းနဲ့ပဲ
နိုင်သလောက် ရှေ့ဆက်နေဦးမှာပါဗျာ…

Wai Yan Aung

21 Oct, 05:59


ခုလိုအချိန်မှာ Miss ပွဲတွေကို
ပျော်ပျော်ပါးပါးနဲ့ အားပေးနေကြတာတွေ့ရတော့ တလရ မတိုင်ခင်က ဒီလိုပွဲကြီးတွေ ကျင်းပ စေလွှတ်ပေးခဲ့တဲ့ CEO / National Director တစ်ယောက်အနေနဲ့ အရင်အချိန်တွေကို သတိရမိတယ်ဗျာ…

Beauty Pageant ဆိုတာ ကျနော် သိပ် မြတ်နိုး တန်ဖိုးထားရတဲ့ အလုပ်ပဲလေ…

ပြည်သူနဲ့အတူ ရပ်တည်ဖို့အတွက်ဆိုတဲ့
စိတ်ဓာတ်တစ်ခုတည်းနဲ့ ဒီလိုအောင်မြင်နေတဲ့ ဘဝကြီးကို စွန့်လွှတ်ပြီး ဒီတလရမှာ ပါဝင်ခဲ့တာလေ…
ဒါလည်း ကိုယ့်ရွေးချယ်မှုပါပဲ…

မအလ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင်
ဒီအချိန်ဆို ကိုယ်တွေလည်း ဘယ်လောက်တောင် အောင်မြင်ပျော်ရွှင်နေမလဲပေါ့ဗျာ…

ဒါပေမဲ့ ခုအခြေအနေမှာတောင် Miss ပွဲတွေ အားပေးပြီး ပျော်ရွှင်ဂုဏ်ယူနေကြတဲ့ ပြည်သူတွေကို
မြင်ရတော့ အံအားသင့်ရသလို
ခုလိုအခြေအနေမျိုးမှာတောင်
ဘဝကို ကျေနပ်အောင် နေနိုင်တာ
ပျော်ရွှင်အောင်နေနိုင်တာ၊ အချိန်ပေး
အားပေးနိုင်ကြတာ သိပ်ကောင်းပါတယ်ဗျာ…
ဆက်လက်ပြီး အစစအရာရာ အဆင်ပြေ
အောင်မြင်ကြပါစေခင်ဗျာ…

ကျနော်ကတော့
အဆင်မပြေကြတဲ့ စ၊စ်ရှောင်ပြည်သူတွေ၊ အနာဂတ်မျိုးဆက်သစ်ကလေးငယ်တွေ လွတ်မြောက်နိုင်ဖို့အတွက်
ဆက်လက် ကြိုးစားပေးနေဦးမှာပါခင်ဗျာ…

Wai Yan Aung

17 Oct, 06:29


ခေါင်းအုံးလေးနဲ့ ဖက်လုံးလေး 🥰

Wai Yan Aung

14 Oct, 12:26


သီတင်းကျွတ်ရောက်တိုင်း
ကိုယ်ချစ်တဲ့သူတွေဆီကနေ မုန့်ဖိုးတောင်းရတာ၊
ကိုယ်ကလည်း မုန့်ဖိုးပြန်ပေးရတာ ချစ်စရာဓလေ့လေးတစ်ခုပါ
ဒီနှစ် သီတင်းကျွတ် အစီအစဉ်လေးကို
အွန်လိုင်းပေါ်ကနေပဲ ချစ်ရသူတွေနဲ့အတူတူ ဆင်နွှဲချင်ပါတယ်ခင်ဗျာ

ခုချိန်ကစလို့ ဝေယံ့ဆီကို
သီတင်းကျွတ်မုန့်ဖိုး လာပေးလို့ ရပါပြီခင်ဗျာ💜
သီတင်းကျွတ်အမှတ်တရလေးအနေနဲ့
စေတနာရှိသလောက် ပေးလို့ရပါတယ်ခင်ဗျ

ရသမျှ မုန့်ဖိုး အားလုံးကို
ကျနော် ချစ်ရတဲ့ ဓမ္မဘက်တော်သားတွေနဲ့ စ၊စ်ရှောင်ကလေးလေးတွေအတွက် တစ်ဦးချင်းစီ လက်ထဲအရောက်
မုန့်ဖိုးပြန်ပေးသွားမှာပါခင်ဗျာ

တလရ (၄)နှစ်နီးပါး အခက်အခဲ အကြပ်အတည်းတွေကြားမှာ တခဏတာ စိတ်အပန်းဖြေဖို့နဲ့
ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ် 🥳🫶🏻
အယောက် ဘယ်နရာအတွက်
မုန့်ဖိုးပို့ပေးနိုင်မလဲဆိုတာလည်း
ရင်ခုန်နေပါပြီဗျ

ကျနော့်ကို တကယ် ချစ်တဲ့၊ ခင်တဲ့ သူတွေ သီးသန့်ပဲ ပါဝင် ဆင်နွှဲပေးပါနော် 💜

သီတင်းကျွတ်အမှတ်တရ ဂုဏ်ပြုမှတ်တမ်း လိုချင်ရင်လည်း ပေးပါမယ်ခင်ဗျာ 🙏🏻

ကျနော်နဲ့အတူ ပါဝင်ဆင်နွှဲမယ်ဆိုရင်
ခုပဲ messenger ကို လာခဲ့လိုက်ပါခင်ဗျာ 🫶🏻
www.facebook.com/WaiYanBrothers

Wai Yan Aung

14 Oct, 09:22


လက်ဗလာနဲ့ လာကန်တော့ပြီး
ဘာကို မုန့်ဖိုး လိုချင်ရတာတုန်း
မပေးဘူး 🙄

Wai Yan Aung

13 Oct, 04:55


US မှာ အပြင်မှာ ကျင်းပနေတဲ့ တလရ Fundraising ပွဲတွေ မသွားဖြစ်တာက
တလရမှာ ကျနော့်ရဲ့ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ principles လေးတွေ ရှိလို့ပါခင်ဗျ… 🙏🏻

ကျနော့် တစ်နိုင်တစ်ပိုင်ရော၊ နိုင်ငံတကာ FR အဖွဲ့တွေနဲ့ရော မြေပြင်တလရအဖွဲ့တွေဆီကို online ကနေ တိုက်ရိုက် ချိတ်ဆက် ထောက်ပို့ပေးနေပါတယ်ခင်ဗျ
ကျနော်ကူပေးနေတဲ့ မြေပြင်အဖွဲ့လေးတွေကို အားနာတဲ့စိတ်နဲ့ အပြင်ပွဲတွေကို မသွားဖြစ်တာပါ…

ကိုယ်က ဟိုပွဲတွေ ဒီပွဲတွေ သွားနေပြီး
သူတို့ဆီ အဲ့ပွဲတွေကနေ ထောက်ပို့မပေးနိုင်ဘူး…
ကိုဝေယံသွားတဲ့ပွဲက သူတို့ဆီ
တစ်ခါမှလည်း မရဖူးဘူး…
ကိုဝေယံကိုတော့ ပွဲတွေမှာ မြင်မြင်နေရတယ်
ငေးသာကြည့်နေရပြီး
သူတို့ဆီလည်း ထောက်ပံ့မပေးနိုင်ရင်
သူတို့လည်း စိတ်ကောင်းမှာ မဟုတ်ပါဘူး
အဲ့ဒါကြောင့် မသွားဖြစ်တာပါ…

နောက်ပြီး ဘယ်အဖွဲ့ကို လှူမယ်ဆိုတာ
တိတိကျကျမသိရတဲ့ပွဲဆိုရင်လည်း
မသွားဖြစ်ပါဘူး…
General ယေဘုယျဆန်ဆန် ကြေညာထားတဲ့ ပွဲဆိုရင် မသွားဖြစ်ပါဘူး…
ဥပမာ - တလရအဖွဲ့များအတွက် တလရရံပုံငွေပွဲတို့၊ ရေဘေးသင့်ဒေသများအတွက် ရံပုံငွေတို့ ဆိုရင် မသွားဖြစ်ပါဘူး…
ဘယ်မြို့၊ ဘယ်ဒေသက ဘယ်အဖွဲ့တွေအတွက် ကူမယ့်ပွဲဆိုတာ သိရမှသာ သွားဖြစ်ပါလိမ့်မယ်…
ကိုယ်သွားမယ့်ပွဲက ဘယ်အဖွဲ့တွေအတွက်ဆိုတာလေးကိုတော့ တလရမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ထောက်ပို့တစ်ယောက်အနေနဲ့ တိတိကျကျ သိချင်လို့ပါ…
ဒါက ကျနော့် Reputation နဲ့ သက်ဆိုင်ပါတယ်ခင်ဗျ…

ကျနော့် ခံယူချက် ယုံကြည်ချက်နဲ့ လမ်းကြောင်း မတူတဲ့အဖွဲ့တွေဆီကူမယ့် ပွဲမျိုးဆိုတာသိရရင်လည်း အစကတည်းက မပါဝင်ဘဲ ရှောင်ချင်လို့ပါ…
ဒါကလည်း ကျနော်ထားရှိတဲ့ principle တစ်ခုပါ…
ကိုယ်မကြိုက်လို့ မကူချင်ရင် ကြည့်ရှောင်ပါတယ်… တိုက်ခိုက်ခြင်း ပုတ်ခတ်ပြောဆိုခြင်း လုပ်ရတာမျိုးတွေ ကျနော် စိတ်မဝင်စားလို့ပါ…

ကျနော် တစ်ယောက် မသွားလို့လည်း
ပွဲတွေက ဘာမှ ဖြစ်မသွားပါဘူး…
ကိုယ်ပါဝင်အားဖြည့်ဖို့ မလိုအပ်တဲ့ ပွဲတွေဆိုရင် မသွားပါဘူး…
လိုအပ်လို့ ခေါ်ရင်တော့
အချိန်မရွေး ကူညီအားဖြည့်လေ့ရှိပါတယ်ခင်ဗျ…
ဒါပေမဲ့ ကျနော်ပါဝင်အားဖြည့်တဲ့ပွဲဆိုရင် ဘယ်ကိုကူမယ်ဆိုတာ တိတိကျကျ ရှင်းပြဖို့တော့ လိုပါလိမ့်မယ်ခင်ဗျ…

ဘယ်လိုပွဲဆိုရင် ကျနော် သွားလဲ ???
ကိုဝေယံ ကူနေတဲ့ မြေပြင်အဖွဲ့လေးတွေနဲ့ တိုက်ရိုက်ချိတ်ပေးပါ…
ဒီပွဲကရတဲ့ ခွဲတမ်းလေးအချို့
အဲ့ဒီအဖွဲ့လေးတွေဆီကိုလည်း
ထောက်ပံ့ပေးချင်ပါတယ်ဆိုရင်
မြေပြင် ရဲဘော်တွေအတွက်
ပျော်ပျော်ကြီး ဂုဏ်ယူစွာနဲ့ သွားပေးမှာပါခင်ဗျ…

နောက် ကျနော့်ဘက်က အကူညီတောင်းကြည့်ပါမယ်…
ဒီအဖွဲ့လေးတွေတော့ မြေပြင်မှာ တကယ်ကို လိုအပ်နေတဲ့ စိတ်ချရတဲ့ အဖွဲ့တွေမလို့
ကူညီပေးဖို့ ပွဲစီစဉ်သူတွေကို ကျနော် အကူညီတောင်းတဲ့အခါ ကူညီပေးမယ်ဆိုရင်တော့
သွားဖြစ်မှာပါ…

ဒါမှမဟုတ် ကျင်းပတဲ့ပွဲက ဘယ်အဖွဲ့တွေကူမယ့်ပွဲဆိုတာ တိတိကျကျသိရပြီး အဲ့အဖွဲ့တွေကလည်း ကျနော်ကူချင်တဲ့ အဖွဲ့တွေ ဖြစ်နေတဲ့အခါ သေချာပေါက် သွားဖြစ်မှာပါခင်ဗျာ…

အဲ့လိုမှ မဟုတ်ရင်တော့
ပွဲသွားရင် ကုန်မယ့် ပိုက်ဆံကိုခြွေတာပြီး
အဲ့အတွက်သုံးမယ့် စရိတ်ကို
မြေပြင်ကိုပဲ တိုက်ရိုက် ပို့ဖြစ်နေလို့ပါခင်ဗျ…
ပွဲတစ်ခါသွားရင် လက်မှတ်ဖိုးမပါ လမ်းစရိတ် စားတာသောက်တာနဲ့ဆို အနည်းဆုံး ဒေါ်လာ ၁၀၀၊ ၁၅၀ ကုန်ပါတယ်… အဲ့စရိတ်က မြန်မာငွေနဲ့ တွက်ရင် ၆သိန်း ၇သိန်း စစ်ရှောင်တွေအတွက်၊ ရဲဘော်တစ်ဖွဲ့စာအတွက် ထမင်းတစ်နပ် ကောင်းကောင်းကျွေးလို့ ရပါတယ်… 🥰

ပွဲစီစဉ်သူတွေ တော်တော်များများနဲ့
ရင်းနှီးသလို ခင်လည်းခင်ပါတယ်

တလရနဲ့ မသက်ဆိုင်တဲ့ Burmese Community ရဲ့ သာရေး နာရေး ပွဲတွေရှိရင် လူမှုရေးအရ
ကျနော် သွားချင်စိတ်ရှိရင် သွားပါတယ်ခင်ဗျ

ဒါပေမဲ့ ကျနော်က တလရနဲ့ ပတ်သက်ရင်တော့ လူမှုရေးဆိုတာကို အကန့်ခွဲထားတာပါခင်ဗျ

ဒါကြောင့် ပွဲတွေဖိတ်ရင် မjoinဖြစ်တာကို နားလည်ပေးကြပါခင်ဗျာ… 🥰🙏🏻

Wai Yan Aung

12 Oct, 08:48


ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူမှ ပြည်သူသို့
People to People

https://youtu.be/MNEo7r1Ug7Q?si=G99BaEZ40H_qHx6n

Wai Yan Aung

12 Oct, 03:01


"ရောင်စုံတွဲလက်များပရဟိတလူငယ်အသင်း"က
စ၊စ်ရှောင် ရေဘေ: ကူညီက၊ယ်ဆယ်ရေးအတွက်
ကျပ်သိန်း (၁၀၀) တိတိ ပါဝင်အားဖြည့်ပေးပါတယ်ခင်ဗျာ… 🥰🙏🏻
လူငယ်တွေ ချစ်တယ်နော်… 🥰🫶🏻

လူကြီးအသင်းတွေလည်း မျှော်နေပါတယ်လို့…
လူကြီးတွေကို စာပို့တာ seen ပြပြီး အကြောင်းမပြန်ကြလို့ 🙄
အလှူသွားခံတာ ခုထိ မထည့်ကြဘူးဗျ… 😬
US တို့ UK တို့ 🥹

Wai Yan Aung

11 Oct, 04:47


🫶🏻🥳

Wai Yan Aung

11 Oct, 03:46


NGM မျက်နှာဖုံးပွဲတော် 🥳

Wai Yan Aung

10 Oct, 07:11


စျေးပွဲတော် မဟုတ်ပါဘူး 🤗
စစ်ရှောင် ရေဘေးအတွက်
ကျနော်တို့တွေ အလှူကြီး ပေးနေတာပါခင်ဗျာ… 🫶🏻

ကျနော် ချစ်ခင်လေးစားရတဲ့ အလှူရှင်မိတ်ဆွေများရဲ့
စုပေါင်းအင်အားတွေနဲ့အတူ
မပန် ကလည်း ဒုတိယအကြိမ်
နောက်ထပ် ကျပ်သိန်း(၁၀၀)တိတိ နဲ့
ကိုကျားရဲ့ ပန်းချီကားလေလံအလှူမှလည်း
ကျပ်သိန်း(၅၀)တို့ကို
အောင်မျိုးတို့ Save Karenni ကနေတဆင့် မြေပြင်အရောက်
လှူဒါန်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ 🥰💪🏻

ပုံလေးတွေ တစ်ပုံချင်း မြင်ချင်ရင် 🥰
https://www.facebook.com/share/p/JCKMp39GUrTnSikT/?mibextid=WC7FNe
☝🏻☝🏻☝🏻
မပန် ပေ့ဂျ်မှာ ဝင်ကြည့်ပါခင်ဗျာ 🥰

Wai Yan Aung

10 Oct, 06:17


ပီတိ 🫶🏻

Wai Yan Aung

29 Sep, 09:02


🫶🏻

Wai Yan Aung

23 Sep, 13:50


တောင်ငူမြို့၊ ထန်းတစ်ပင်သို့ လက်တွဲဖေးမခြင်း 🫶🏻

Wai Yan Aung

23 Sep, 05:33


ရေဘေးသင့် CDM
ပညာရေးမိသားစုများအတွက်
ဒီနေ့ထိ ကျပ်သိန်း(၁၅၀) တိတိ
ထောက်ပံ့ ကူညီပေးနိုင်ခဲ့ပါပြီခင်ဗျာ… 🫶🏻💪🏻

4,570

subscribers

546

photos

97

videos