မြန်မာ့သမိုင်းနှင့် သုတစုံ @ttpye Channel on Telegram

မြန်မာ့သမိုင်းနှင့် သုတစုံ

@ttpye


အတိတ်ကို အတိတ်မှာထား
ကောင်းတာကိုယူပြီး လက်ရှိအချိန်ကနေစလို့
အကောင်းဆုံး အဖြူစင်ဆုံး ဖြစ်အောင် ဖြတ်သန်းကြပါစို့

အဆိပ်အတောက်ကို အဆိပ်အတောက်မှန်း
သိအောင်တော့ ပြောပြနေမိမှာပဲ။ အမုန်းစကားလို့
labels တပ်ပြီး အဓမ္မ ဖုံးကွယ်တာ ဖေ့ဘုတ်မှာပဲ ရမယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ (Burmese)

မြန်မာ့သမိုင်းနှင့် သုတစုံ အတိတ်ကို အတိတ်မှာထားကောင်းတာကိုယူပြီး လက်ရှိအချိန်ကနေစလို့အကောင်းဆုံး အဖြူစင်ဆုံး ဖြစ်အောင် ဖြတ်သန်းကြပါစို့အဆိပ်အတောက်ကို အဆိပ်အတောက်မှန်းသိအောင်တော့ ပြောပြနေမိမှာပဲ။ အမုန်းစကားလို့လို့ labels တပ်ပြီး အဓမ္မ ဖုံးကွယ်တာ ဖေ့ဘုတ်မှာပဲ ရမယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

09 Jan, 11:33


ကမ္ဘာ့ ကျောက်မျက် လောက ကျောက်နာမည် အခေါ်ဝေါ်နဲ့
မြန်မာကျောက်မျက် နာမည် အခေါ်ဝေါ် တွေ ကို ခဏ ခဏ မေးလာသူများ အတွက် ။

အလွတ်ရအောင် သင်ယူ လေ့လာကွယ်

ကျောက်မျက်ရတနာတို့၏ အခေါ်အဝေါ်များ
A-Z name series များ

(A)
Amber - ပယင်း
Apatite - နဂါးသွဲ့
Aquamarine - မြပြာ
Alexandrite - သုံးပန်လှ
Amethyst - စလင်းစွဲ/ခရမ်းစွဲ
Agate - စေတီကျောက်
Assorted Spinel - အညံ့ရောင်စုံ
Ametrine - ခရမ်းနှင့်စလင်းဝါစပ်ကျောက်

(B)
Black Moonstone - မြောနက်
Black Tourmaline - မှတ်မီး
Blue quartz - စလင်းပြာ
Blue Topaz - အပြာရောင် ထပ်တရာ

(C)
Chotoyant - ဆင်စွယ်မြော
Chrysoberyl - ခရိုင်ဆိုဗာရယ်
Chrysoberyl cat's eye(yellow) - သီလဂုတ်(ကြောင်)
Chrysoprase - စလင်းစိမ်း
Coral - သန်တာ
Citrine - စလင်းဝါ
Crystal - ပုံဆောင်ခဲ
Corundum - အမာမျိုးကျောက်
Colourless sapphire - အရောင်မဲ့နီလာ
Carnelian - ကာနယ်လီယန်(လိမ္မော်သလင်း)
Calcite - ငုကျောက်

(D)
Diamond - စိန်
Danburite - ရွှေတွင်းဝါ
Deep Yellow Sapphire - ဥဿဖယားကြက်ဆီ
Diopside - မိုးကုတ်မြ(အရပ်အခေါ်အဝေါ်)
Demantoid garnet - ဥဒေါင်စိမ်း

(E)
Epidote - ကြံဆစ်ရည်ကျောက်
Enstatite - မြောစိမ်း

(F)
Fibrolite - ထပ်ခွာစိမ်း
Fluorite - ပုလဲပြာ
Feldspar - ကြွေကျောက်

(G)
Garnet - ဥဒေါင်
Gold Moonstone - ရွှေမြော
Green Moonstone - မြောစိမ်း
Green Tourmaline - စောလဖေါ်မြ
Grossular garnet - ပူတာအိုကျောက်စိမ်း

(H)
Hematite - ရေသံကျောက်
Hessonite - ဂေါ်မိတ်

(J)
Jade - ကျောက်စိမ်း

(K)
Kyanite - မိုးညှင်းနီလာ
Kornerupine - ရေဂေါ်မိတ်

(L)
Lapis Lazuli - ပါလဒုတ်ထာ
Leuco Sapphire - ဥဿဖယား ခဲရောင်
Lolite - အညံ့်ပာ

(M)
Mottled - ကျောက်ဆန်းကြိုး
Moonstone - မြော
Milky quartz - နို့နှစ်ရောင်စလင်း
Malachite - မာလချိုက်
Nephrite - နယူးဇီလန်ကျောက်စိမ်း

(O)
Onyx - မဟူရာ
Opal - ရွဲကျောက်

(P)
Painite - ပိန်းနိုက်
Peridot(or)Olivine - ပြောင်ခေါင်းစိမ်း
Purple Sapphire - ဣန္ဒနီလာ
Pyrite - ဗဟန်း
Phenakite - သလင်းတူကျောက်
Pink Sapphire - နီလာပန်းရောင်

(Q)
Quartz - သလင်း/စလင်း
Quartz cat's eye - စလင်းကြောင်ကျောက်

(R)
Rose Quartz - နှင်းဆီသလင်း
Rubellite - ဖရဲအူနီ
Ruby - ပတ်တမွား
Rutilated Quartz - ရွှေချည်မျှင်စလင်း/သလင်း

(S)
Spinel - အညံ့
Sapphire - နီလာ
Scapolite - မြောနီ/သူယောင်
Smoky Quartz - စလင်းညို/သလင်းညို(ခေါ်)မီးခိုးရောင်သလင်း
Sillimanite - ထပ်ခွာကျောက်
Star ruby - ပတ္တမြားဂေါ်ကြိုး
Star sapphire - နီလာဂေါ်ကြိုး
Spodumene - ထပ်ကွာကျောက်

(T)
Topaz - ထပ်တရာ
Tourmaline - ဖရဲအူ
Tiger's Eye - ကျားမျက်လုံးကျောက်
Tanzanite - တန်ဇန်နိုက်

(W)
White sapphire - နီလာဖြူ
Yellow sapphire - နီလာဝါ

(Z)
Zircon - ဂေါ်မိတ်

By credit.

မြန်မာ့သမိုင်းနှင့် သုတစုံ

09 Jan, 11:18


ရိုးရိုးမွေးမဲ့ မေမေတို့ရဲ့ အမေးများဆုံး မေးခွန်းများ

၁ ။ မိန်းမကိုယ်ချဲ့တာနာလား
မနာပါဘူးနော် ကိုယ်ဝန်ဆောင်မွေးခါနီးရင် မိန်းမကိုယ်က နာတာတွေ မေမေတိုင်း ကြုံရပါတယ် တကယ်မွေးတဲ့အချိန်ကျရင်လည်း မိန်းမကိုယ်က ကျင် ထုံနေတာနဲ့ ချဲ့လိုက်တာ သိနေရပေမဲ့ လုံးဝမနာပါဘူး

၂ ။ ပြန်ချုပ်ရင်ရော အစိမ်းချုပ်တာလား နာလား
ပြန်ချုပ်ရင်လည်း ထုံဆေးနဲ့ချုပ်ပေးတာပါ ထုံဆေးကလည်း ဆေးထိုးအပ်နဲ့ထိုးရတာ မဟုတ်ပါဘူးနော် ထုံဆေးအရည်ကိုသုံးတာပါ ထုံဆေးအရည်လောင်းလိုက် ချုပ်လိုက်လုပ်တာမို့ လုံးဝ မနာပါဘူး

၃ ။ ဗိုက်နာရင် ဘယ်လိုညှစ်ရမှာလဲ
ဗိုက်နာတာနဲ့ ညှစ်စရာမလိုပါဘူး ဗိုက်နာပီး အီးပါချင်သလိုဖြစ်လာမှ သားအိမ်က သူ့အလိုလို ညှစ်လာတာပါ အဲ့အခါကျမှ ကိုယ်က အလိုက်သင့်လေး အားထည့်ညှစ်ပေးလိုက်ရမှာပါ ဗိုက်နာတာနဲ့ ကိုယ့်ဘာသာ ညှစ်နေရင် ကိုယ်ပဲမောမှာပါ ကလေးကထွက်မလာပါဘူး ကလေးထွက်ချင်ပီဆို သားအိမ်က သူ့အလိုလိုကို ညှစ်လာတာပါ

၄ ။ ကိုယ့်ရဲ့ private ဧရိယာကို အကုန်မြင်နေရတော့
ရှက်စရာကောင်းလား
တကယ်မွေးတော့မယ်ဆို ဗိုက်နာတာနဲ့ အမြန်ပဲမွေးချင်နေတာပါ
ဗိုက်အရမ်းနာနေတာနဲ့ ရှက်ရမယ်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး

၅ ။ ရိုးရိုးမွေးချင်းနှင့် ကလေး အသားဝါ
ရိုးရိုးမွေးတဲ့ baby လေးတွေက အသားဝါတယ်ဆိုတာ တော်တော်ရှားပါတယ် ရိုးရိုးမွေးတာက ကလေးထွက်လာတာနဲ့ အညစ်ကြေးတွေ ပိုးမွှားတွေ အကုန် သွေးနဲ့ရေမွှာ အချင်း စတဲ့ထဲမှာ အကုန်ပါသွားတာမို့ baby လေးတို့ အသားဝါချင်း ဖြစ်ခဲပါတယ်

၆ ။ အကြံပြုချက်
ရိုးရိုးမွေးမဲ့ မေမေတွေ အနေနဲ့ အုန်းရေသောက်ပေးရပါမယ် နေ့တိုင်းသောက်စရာမလိုပါ တစ်ရက်ခြား ၂ရက်ခြား သောက်လို့ရပါတယ် အုန်းရေသောက်မှ ရေမွှာရည်ကြည်ပီး baby လေးထွက်လာရင်လည်း အနံဆျိုးတှေ ကင်းပီး သန့်ရှင်းမှာပါ
လမ်းများများလျောက်ပါ လမ်းလျောက်မှ အထဲက ကလေးလည်း နေရထိုင်ရ ချောင်ချောင်လည်လည် နေလို့ရတာပါ မွေးဖွားရလည်းလွယ်ပါတယ်
အနေထားမမှန်ပါက လမ်းလျောက်ပေးချင်းဖြင့် အနေထားပြန်တည့်စေပါတယ် ( အချင်းအောက်ကျတဲ့ မေမေများနှင့် သွေးဆင်းတတ်သော မေမေများကတော့ ငြိမ်ငြိမ်လေးပဲ နေသင့်ပါတယ်)
နွားနို့ သို့မဟုတ် ပဲနို့သောက်ပါ ကလေး အရိုးဆစ် သန်မာစေပါတယ်
အဂျုလိမာလသုတျ အလွတ်ကျတ်ထားပါ မွေးဖွားရ လွယ်ကူပါတယ်

မေမေတိုင်း လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ကြပါစေ ။

#babyguguu
#health
#crd@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Jan, 15:34


မြန်မာပြည်က ဘယ်companyက
ဘယ်လောက်မြတ်လို့ ဝန်ထမ်းတွေကို
ဘယ်‌နှလစာ bonus ပေးလိုက်ပါတယ် လို့ တခါမှကို မကြားဖူးဘူး။

ငွေကြေး၊ အခွင့်အာဏာ ရှိသူတွေလူစိတ် ရှိ/မရှိက စကားပြောသွား
တာပါပဲ။

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Jan, 14:20


ရန်ကုန်လို စီးပွားရေး မြို့ကြီးတွေ လျှပ်စစ်မီး
ပုံမှန်ရချင်ရင် အကြမ်းဖက် အားမပေးကြနဲ့။
အကြမ်းဖက်မှန်း သိရင် သတင်းပေးတိုင်ကြ ...

အားပေးချင်သူတွေက အကြမ်းဖက်တွေကို
ဖအေ ... ခေါ်ပြီး --ီး လှမ်းစုတ်မနေကြနဲ့။
မကျေနပ် တောထဲသာ အကုန်လိုက်သွား ...

မြန်မာ့သမိုင်းနှင့် သုတစုံ

07 Jan, 19:44


ဒါပေမယ့် ဘ ဖက်ကလဲ ခေတ်အဆက်ဆက် နိုင်ငံသားဖြစ်ရေးတောင်းဆိုချက်နေ သီးခြားနယ်မြေထူထောင်ရေးအထိ တစတစတိုးလာတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုမျှော်မှန်း
ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းလွတ်မြောက်ရေးအထိလုပ်ဆောင်လာပါတယ် ။

သမိုင်းတလျှောက် တိုင်းရင်းသားချင်း အတူတကွနေထိုင်လာခဲ့ပေမယ့် အငုံစိတ်ရှိတဲ့ ရခိုင်တွေရဲ့ဗီဇက ခေတ်စနစ်တွေပြောင်းလာတဲ့အခါ ပြန်လည်ဖော်ထွက်လာခဲ့ကြပြီးတော့ နိုင်ငံတော်စိီမံကိန်းတွေရဲ့
အကျိူးအမြတ်ကိုမျှော်ကိုးလာတဲ့အတွက် AA တွေ Ideology နဲ့ လွှမ်းမိုးမှုတွေ
ကြောင့် ဗမာမုန်းတီးရေးကိုလုပ်ဆောင်လာခဲ့ကြပါတယ် ။

လက်ရှိမှာတော့ ဘင်တွေရဲ့ရန်ပြုမှူကို အတိုင်းအတာတခုအထိ ကာကွယ်ပေးခဲ့ကြတဲ့ နယ်ခြားစောင့်ရဲစခန်းတွေနဲ့ဌာနချုပ်တွေဟာ AA ရဲ့တိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရပြီးဖြစ်ပါတယ် ။

ကိုယ့်ကြမ္မာကို ဖန်တီးခွင့်တွေကိုအသံကောင်းဟစ်ပြီး
ပြည်ထောင်စုကခွဲထွက်ချင်နေတဲ့ ရခိုင်ပြည်နယ်ကတော့ အခုအချိန်မှာ
ဘင်တွေရဲ့တကျော့ပြန် ပဋိပက္ခတွေပြန်လည်ဖြစ်လာပါတော့မယ် ။

တမလွန်ရောက်သွားတဲ့ မသီတာထွေးကတော့ရောက်လေရာဘုံဘဝကနေ
ရခိုင်ပြည်နယ်အလားအလာနဲ့ ရခိုင်ပြည်နယ်အနာဂတ်ကိုကြည့်ပြီးတော့
ကျေးဇူးမသိတတ်လေခြင်းလို့ ယူကျုံးမရဖြစ်နေမှာအသေအချာပါပဲ ။

ရက္ခိတ နဲ့ ရက်ဒီကယ်ကို
လက်တလုံးခြားလုပ်နေတဲ့  AA နဲ့နိုင်ငံရေး
ရေချိန်နိမ့်ပါးတဲ့ ရခိုင်လူမျိုးတွေအတွက်
မြေမြိုလိုလို့ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက် ဆိုတဲ့
စကားပုံအတိုင်းဖြစ်လာပါလိမ့်မယ် ။

#ဆေးခါးကြီးသောက်ရဥိီးမယ့်_ရခိုင်

တကယ်တော့ သီတာထွေးဟာ ၁၉၄၂ခုနှစ်မှာ လိင်ကျွန်အပြုခံခဲ့ရတဲ့ ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။

(၈၃)နှစ် အကြာကာလမှာ
ခိုးဝင်/တိုးပွားနေကြတဲ့ ဘင်တွေရဲ့
မုဒိမ်းကျင့်ခြင်းခံခဲ့ကြရတဲ့ ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။

ဘင်တွေရဲ့ မုဒိမ်းကျင့်မှုကို ခံရတဲ့
ဘူးသီးတောင်နယ်က ခမီးတိုင်းရင်းသူလေးကို ကိုယ်စားပြုတယ်။

စစ်တွေ-ပေါက်တောအကူး မြစ်အလယ်မှာ
ဘင်္ဂါလီတံငါသည်တွေရဲ့ တိုက်ခိုက် မုဒိမ်းကျင့် သTခံလိုက်ရတဲ့ ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။

စစ်တွေမြို့ သံတော်လီကျေးရွာအနီး
ဗျိုင်းဖြူရွာသွားလမ်းမှာ သံတော်လီ ဘင်တွေရဲ့ ဖမ်းဆီး မု ဒိမ်း ကျင့်မှုကို ခံလိုက်ရပြီး လူအများမသိအောင်
ကြိတ်မှိတ်ငိုကြွေးခဲ့ရတဲ့  သီလရှင်ဆရာလေးကို ကိုယ်စားပြုတယ်။

ဒီလို သမိုင်းကြောင်းနောက်ခံတွေခိုင်ခိုင်မာာမရှိခဲ့တဲ့ ရခိုင်ပြည်မှာ အခုAutonomy နဲ့Federation ကြားမှာ နှစ်ဖက်ခွထိုင်နေတဲ့ AA ရဲ့လူမျိုးရေးလွှမ်းမိုးမှုကြောင့် ဗမာ မုန်းတီးရေးတွေ အားကောင်းလာခဲ့ပေမယ့်

သမိုင်းအဆက်ဆက် ဘင်တွေရဲ့ ဒုက္ခပေးမှုတွေကို ရခိုင်တချို့နဲ့ AA တွေက မသိကျိုးကျွံ ပြုနေခဲ့တဲ့အတွက် သမိုင်းတပတ်ပြန်လည်လာပါတော့မယ် ။.

ရေခံမြေခံတူတဲ့ ဗမာကို
ရန်သူထင်ပြီး ရေလိုက်လွဲနေတဲ့
ရခိုင်ပြည်ကတော့ AA ရဲ့အရိပ်မဲကြီးကြောင့်
ဆေးခါးသီးသောက်ရပါလိမ့်မယ် ။

မသီတာထွေးရဲ့ နာကျင်မှုတွေကို လျစ်လျူရှုထားခဲ့တဲ့ AA နဲ့
ရခိုင်တချို့ကို သိစေချင်တာက သူမရဲ့
မျက်ရည်တွေ မခြောက်သေးဘူးဆိုတာပါပဲ

မသီတာထွေးကြောင့်ဖြစ်လာတဲ့ပဋိပက္ခတွေကို တံတိုင်းတခုအနေနဲ့ ကာကွယ်တားဆီးပေးခဲ့တဲ့နယ်ခြားစောင့်
ရဲတပ်ဖွဲ့တွေလဲ အခုဆို ရခိုင်ပြည်နယ်မှာ
မရှိကြတော့ပါဘူး

ဘင်တွေရဲ့ T ဖြတ်ခြင်းခံလိုက်ရတဲ့ မသီတာထွေးနဲ့ AA ရဲ့ Tဖြတိခြင်း ခံလိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေကတော့ တမလွန်မှာ စကားလက်ဆုံပြောကြရင်းနဲ့ မိုက်တွင်းနက်နေတဲ့ ရခိုင်ပြည်အတွက် မျက်ရည်တွေကျလို့ နေပါဦးမယ် ။

#HMM #UnionNews
6.Jan.2025

မြန်မာ့သမိုင်းနှင့် သုတစုံ

07 Jan, 18:57


လူမျိုးရေးအစွန်းရောက် AA နဲ့ထောက်ခံသူတွေကြောင့် ရခိုင်မြေပဲ့သွားတော့မှာလား။

အနောက်တံခါးကိုရခိုင်အားနဲ့နိင်ဖို့မလွယ်တော့ဘူး။ မောင်တော ၊ ဘူးသီးတောင်မှာ မြန်မာတိုင်းရင်းသား စုံ နဲ့ ရ ခိုင်မျိုးနွယ်စု ပေါင်းမှ ၅%
ခန့်လောက်ရှိတော့တယ်။ ရသေ့တောင် နဲ့ကျောက်တွေ မှာလည်း ဘင်္ဂါလီတွေ မနည်းဘူး။

.   ဒါကြောင့်လည်း အနောက်တံခါးကိုအစိုးရအဆက်ဆက်ဗမာ အများ စု နဲ့ တိုင်ရင်းသားပေါင်းစုံ အင်အား နဲ့ ကာကွယ်ပေး ခဲ့ကြတယ်။ ၁၉၄၂
ခု နှစ်က မေယု မြစ်ထဲမှာ ရခိုင်မျိုးနွယ်စု ငါးသောင်းလောက် စတေးခဲ့ ကြတဲ့ သမိုင်း ဗမာတွေက မမေ့ပေ
မဲ့ ရခိုင်တော့ သတိရကြရ သေးရဲ့ လား တွေးမိတယ်။နောက်ဆုံး ရခိုင် သူဌေး တွေ နေခဲ့ကြတဲ့ စစ်တွေမင်းဘာ ကြီး.လမ်းမှာတောင် ရခိုင် နဲ့ အခြား တိုင်းရင်းသား တွေ ပိုင်ကြသေးရဲ့လား။

.   တကယ့် လက်တွေ့ ဘဝ မှာ ဗမာ နဲ့ ရခိုင်ဆိုတာကိုးကွယ်တဲ့ ဘာသာယဥ်ကျေးမှု နဲ့ စာပေ ယဥ်ကျေးမှုက ထပ်တူ မျှထိ တူကြတယ်။ ဒီအတွက် နယ်မြေကျဥ်းပြီး လူဦးရေ ပေါက်ကွဲ လာမည့် နိုင်ငံအတွက် ထွက်ပြီးမြေချဲ့ဖို့က ဗမာ ရခိုင်ညီ ညွတ်ရေး ကို ဖြို ခွဲရေးကိုအနောက်အုပ်စု အပါအဝင် ရေနံထွက် နိုင်ငံတွေ က NGO ၊ INGO တွေ နဲ့ ထိုးဖောက်ပြီး ရခိုင်တိုင်းရင်းသား.တွေ ဗမာ မုန်းတီးရေး ရိုက်သွင်းခဲ့ကြတယ်။ ရခိုင်
တိုင်းရင်း အများစုက ဗမာအများစု နေတဲ့ တိုင်းဒေသကြီး တွေကိူ အရောက်အပေါက်နည်းခဲ့ကြတော့ ဗမာတွေ ရခိုင်က ထွက်တဲ့ သံယံဇာတ တွေ နဲ့ ချမ်းသာနေကြတယ် လိူ့ ထင်ပြီး ဗမာ တွေ ကို မုန်းတီးကြတယ်။တစ်ဘက်က ဘင်္ဂါလီ နဲ့ ကလည်း အဆင်မပြေကြပါဘူး။ ဗုဒ္ဓဘာသာ အမည်ခံ ရွာတွေမှာ ဘင်္ဂါလီတွေအများ စု ဖြစ်နေတာ ဗမာ တွေကြောင့် လို့ထင်နေကြတာ လဲရှိပါတယ်။ အဲဒီဒေသ မှာ တာဝန်ကျခဲ့တဲ့ဗျူရိုကရက်တွရဲ့ အကျင့်ပျက်ခြစားမှု တွေ နဲ့ ဘင်္ဂါဘီတွေကို စီးပွားရေး အခွင့် အလန်း တွေ ပေးခဲ့ကြတာကလဲပြောစရာ တော့ ဖြစ်ပါတယ်။

.  ပကတိ ပထဝီနိုင်ငံရေး အခြေနေ ထက် လူမျိုးရေးအစွန်း ရောက်ခဲ့ကြ တဲ့ ရခိုင် ပညာ တတ် အချို့က
နှစ် ပေါင်း နှစ်ရာ ကျော်က ရခိုင် သမိုင်း ကို ထမ်းပြီးအဖ နိုင်ငံတော် အိပ်မက် မက်နေ ခဲ့ကြတယ်။ ဒီနေ့အတော်ခရီး ရောက်ပြီလို့ ထင်မှတ် ကြမယ်ထင်ပါတယ်။နိုင်ငံသစ်တစ်ခု မွေးဖွား ဖို့ ဆိုတာ ထင်သျလာက်မလွယ်လှပါဘူး။ ခုဆို ရခိုင်ဒေသ ဟာ အတော် ကြွေမွပျက်စီးသွား ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။  နစက တပ်တွေရော ၊ AAတွေ ရော အတော် မောဟိုက်ပင်ပန်း သွား ပါပြီ။ ဗမာ
ရခိုင်ဆို တဲ့ ကြက် နှစ်ကောင် ကို အိုးမဲ သုတ်တိုက်ခံခိုင်း လိုက်ကြ တာပါပဲ။

.   ခု တော့ ထွက်ပြေး ဘင်္ဂါလီ တွေ ပြန်တော် ပြန်မယ်။နိုင်ငံသစ်ထူ ထောင်မယ် ဆိုပြီး စုစည်းအင်အား ပြလာကြပါပြီ။ ARSA ၊ RSO တိုလို ဘင်္ဂါလီ လက်နက်ကိုင်တွေက. AA လက်ထဲ သူ.တို့ မျှော် မှန်းချက်မြေကို တိုက်ရမယ် လို့ကြွေး ကျော်နေ ကြပါပြီ။ A A မတွက်ကြားညပ်စရာ ဖြစ်လာပါတော့မယ်။အနောက်အုပ် စု ရဲ့ အထောက်အပံ တွေက ARSA နဲ့ RSO တွေဆီ ပုံအောသွား ပါလိမ့်မယ်။

.  ဒီအခြေ မှာ AA ဟာ နစကတပ်တွေ နဲ့ ARSA ၊RSO တွေ လက်နက် တွေကြား ညပ်သွားနိုင်တယ်လို့ မြင် ပါတယ်။ ရခိုင်မြေဟာ ပိုမို အခြေနေ ဆိုး သွားနိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေဟာသူအကျိူးစီးပွား အတွက်လက်လျော့ ကြမယ်မခင်ပါဘူး။ Proxy War တစ်ခုက ရခိုင်မြေ မှာ မွေး ဖွား လာ နိုင်ပါတယ်။

.  ကျနော်တို့တစ်တွေ ဟာ မုန်းခြင်း ချစ်ခြင်းအသာထား ... ကိုယ့်နိုင်ငံ မြေ ပဲ့ထွက်သွား နိုင်တဲ့ အနောက်အုပ်စုရဲ့ စစ်ရေး၊နိုင်ငံရေးအခင်းအကျင်းတွေကို မြင်တတ်ကြဖို့ပါပဲ။

#HKK@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Jan, 15:42


"အသုဘ ဘာဝနာ"
******
၁။ ခန္ဓာ့သဘော၊ ဉာဏ်ဖြင့်နှော၊ စစ်ကြောကြ သူငါ။

၂။ အရိုးအကြော၊ အသားရော၊ ပုပ်သော ဤခန္ဓာ။

၃။ အရေထူပါး၊ အုပ်၍ထား၊ မှောက်မှား ဉာဏ်ပညာ။

၄။ နီရဲသွေးဓာတ်၊ မြဲမပြတ်၊ လှည့်ပတ်နေသည်သာ။

၅။ပဲနှမ်းစပါး၊အစားစား၊ထည့်ထား အိတ်ပမာ။

၆။ဝမ်းခေါင်းအပြည့်၊စုံအောင်ကြည့်၊များဘိ ကလီစာ။

၇။အဆုပ်နှလုံး၊အမွှေးဖုံး၊ဗေလုံး,ယကနာ(အသဲ)။

၈။ရှင်သန်ဖို့ရန်၊အချိန်မှန်၊ရုန်းကန် အတွင်းမှာ။

၉။တစ်ခုပျက်သုဥ်း၊ကျန်အားလုံး၊ပြီးဆုံး အနိစ္စာ။

၁၀။အရေဆုတ်မြွေ၊ တွန့်ခေါက်ခွေ၊ တည်နေသည့်ပမာ။

၁၁။အူသိမ်,အူမ၊ တည်နေကြ၊ လွန်စွာ့ ရွံဖွယ်ရာ။

၁၂။စားဖွယ်ထိုထို၊ စာသောက်မျို၊ ဤကိုယ် တည်ဖို့ရာ။ ။

၁၃။ခွေးအန်ဖတ်နှယ်၊ ရောင်စုံခြယ်၊ ရွံဖွယ် အတွင်းမှာ။

၁၄။အစာသစ်ဟောင်း၊အမြဲပြောင်း၊လမ်းကြောင်းဒီတိုင်းသာ။

၁၅။ ပုပ်နံ့ညှီလှောင်း၊ အစာဟောင်း၊ မကောင်း ရွံစရာ။

၁၆။ ရွံ့ဖွယ်မစင်၊ဤဝမ်းတွင်၊မြဲပင် ရှိနေတာ။

၁၇။သလိပ်ပြည်သွေး၊နှပ်တံတွေး၊စုဝေး အဖြာဖြာ။

၁၈။နှစ်သက်ဖွယ်ကား၊မရှိငြား၊အပ်ဖျား တစ်ထောက်စာ။

၁၉။လူ့တစ်ကိုယ်လုံး၊ညစ်ကြေးတုံး၊ ရွံမုန်း ကြောက်စရာ။

၂၀။သို့ပါသော်လည်း၊ဉာဏ်မြင်နည်း၊ ကြိုက်စွဲ လူ့ဗာလာ။

၂၁။ကြိုက်၍စွဲ၍၊ ဒုက္ခတွေ့၊ ဖြစ်လေ့ ဓမ္မတာ။

၂၂။ကြိုက်စွဲမူးယစ်၊ အမှားဖြစ်၊ မွန်းနစ် အပါယ်ရွာ။

၂၃။သို့မဖြစ်အောင်၊ သတိဆောင်၊ ဉာဏ်ရောင် လင်းစေရာ။

၂၄။အမှန်သိမှ၊ သည်လောဘ၊ ကင်းပကြမည်သာ။

၂၅။လောဘကင်းမှ၊ဝဋ်ဒုက္ခ၊ မုချ လွတ်မြောက်မှာ။

၂၆။သတိဆင်ခြင်၊ ဉာဏ်သက်ဝင်၊ လျင်လျင် ကြိုးစားရာ။

၂၇။ခန္ဓာသဘော၊ ဉာဏ်ဖြင့်နှော၊ စစ်ကြောကြ သူငါ။

(အရှင်ဥတ္တမ-သစ္စာရွှေစည်)

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Jan, 15:41


🇨🇭ကိုယ်တစ်ခြမ်းမလှုပ်နိုင်တော့ဘူး၊မျက်နှာပါရွဲ့သွားတယ်။
စကားလည်းမပြောတော့ဘူး။
=================================
#Dr, ဘုန်းစည်သူလွင်

ဆောင်းတွင်းဆိုတော့ လေဖြတ်ကြတယ်။

ကျွန်တော်တို့လူမျိုးက ဆေးပညာမှာ "လေ" ဆိုတဲ့ စကားအရမ်းသုံးပါတယ်။

- ဗိုက်အောင့်ရင် လေထိုးတယ်၊ လေပွတယ်၊ လေအောင့်တယ်

- ရင်ပတ်အောင့်ရင်တောင် လေခိုတယ်

- အခု Stroke ကိုလည်း လေဖြတ်တယ်တဲ့

- TIA ( Transient Ischaemic Attack ) mini-stroke ကို
လေဖြန်းတယ်ပေါ့လေ
ကျွန်တော် သိပ်နားမလည်တာက

- Facial Palsy ဆိုပြီး အာရုံကြောရောင်လို့ ခန္ဓာကိုယ်မပါပဲ မျက်နှာတစ်ခုပဲ ရွဲ့သွားတာကိုလည်း လေဖြန်းတယ် ပဲ

- ကိုယ်တစ်ခြမ်းသေပြီး တစ်ရက်အတွင်းပြန်ကောင်းသွားတဲ့ TIA ( Transient Ischaemic Attack ) mini-stroke ကို လည်း လေဖြန်းတယ် ပဲ ခေါ်ကြပါတယ်။

ဆေးပညာနည်းအရဆိုရင် CVA (Cerebrovascular Accident)
ဦးနှောက်ထဲမှာရှိတဲ့သွေးကြောတွေရဲ့ပြဿနာပါ

- သွေးကြောထဲကို သွေးခဲပိတ်တာဖြစ်နိုင်သလို

- သွေးကြောပေါက်သွားတာလည်း ဖြစ်နိုင်ပါတယ် (ဦးနှောက်သွေးကြောပြတ်တယ်ပေါ့)

Stroke ဆိုတာက သွေးကြောပြဿနာဖြစ်လို့
အခုအချိန် ဆောင်းတွင်းရောက်တော့ #ရာသီဥတု အေးတဲ့အတွက်......

- သွေးကြောလေးတွေ ကျဉ်းပါတယ် (Vaso-spasm)

- သွေးတွေကလည်း ပိုပြီးခဲလွယ်ပါတယ် (သွေးခဲဖြစ်လွယ်ပါတယ်)

- လူတွေကလည်း အေးလို့ဆိုပြီး လေ့ကျင့်ခန်းထလုပ်နေကြတာမဟုတ်ပဲ (စောင်ပုံထဲပဲ ကွေးနေကြတဲ့အတွက်) လှုပ်ရှားမှုနည်းတော့ သွေးက ပိုပြီး ခဲလွယ်ပါတယ်

- အေးတဲ့အတွက်ရေသောက်ဖို့ မေ့နေတတ်တော့ ရေဓာတ်ခမ်းခြောက်ပြီး သွေးပြစ်တဲ့အတွက် သွေးခဲဖို့လွယ်ပါတယ်။

အထက်ပါအချက်များကြောင် ဆောင်းတွင်းမှာ လေပိုဖြတ်ကြရခြင်း ဖြစ်ပါတယ်

🔷 မိမိကိုယ်ကိုယ် နဲ့ လူကြီးမိဘများ ကို စောင့်ရှောက်ဖို့အတွက်.......

1. သောက်နေကျဆေးများကို အချိန်မှန်မှန်၊ မပျက်မကွက်သောက်ကြပါ

2. အစားရှောင်ဖို့က တော့ အထူးတလယ်မှာစရာမလိုဘူးထင်ပါတယ် (အဆီ၊ အငန်) လျှော့စားပါ {မုန့်ဟင်းခါး/အုန်းနို့ခေါက်ဆွဲ ရှောင်ကြပေမယ့် အီကြာကွေးတို့ ၊ နံပြားတို့ကလည်း ဒုက္ခပေးပါတယ်}

3. ဆေးလိပ်ကတော့လုံးဝ (လုံးဝ) မသောက်ရပါဘူး

4. အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ရပါမယ် (ဒီကာလမှာ ပျော်ပွဲတွေဆက်နေပါတယ် - ဆိုင်တွေကလည်း ပေါ်တင်ဖွင့်တာလား/ပေါ်တင်ခိုးဖွင့်တာလား မသိပဲ ဖွင့်နေကြပါပြီ)

5. ကိုယ်အလေးချိန်များနေရင် လျှော့ဖို့ကြိုးစားပါ

6. ရေများများသောက်ပါ ရေနွေးသောက်သောက်/ရေအေးသောက်သောက်ကြိုက်ရာသောက်ပါ (သတိတရနဲ့ သောက်ပေးကြပါ)

7. ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (ချွေးလေးနည်းနည်းစို့ရုံ ကြိုက်တဲ့ လှုပ်ရှားမှုလုပ်ပါ)

8. စိတ်ဖိစီးမှု၊ ပူပန်သောက တတ်နိုင်သလောက်လျှော့ချကြပါ (ငါဒီလောက် ဘုရားတရားလုပ်တာ ငါ့လောက်ဘယ်သူမှလုပ်နိုင်ကြမယ်မထင်ပါဘူး၊ ငါဒီလောက်စိတ်ကောင်းရှိတာ ငါ့ကို ဝိုင်းပြီး မနာလိုနေကြတယ် အဲ့လိုဆို မဟုတ်သေးဘူးထင်ပါတယ်)

9. သွေးကျဆေး၊ နှလုံးဆေး သောက်နေကြတဲ့ လူများအနေနဲ့ သွေးပေါင်ကျအောင်ဆိုပြီး ***သံပရာရည် မသောက်ကြပါနဲ့

သံပရာရည်သောက်တာဟာ သွေးပေါင်ကျတယ် မဟုတ်ဘူးလား ဆိုတော့ "ဟုတ်ပါတယ် - သံပရာရည်သောက်တဲ့ အခါ သာမန်လူတွေမှာ သွေးပေါင်မှန်တတ်တယ်လို့ ဆိုပါတယ်"

ဒါပေမယ့် သံပရာရည်ဟာ အသည်းမှာရှိတဲ့ Enzymes (ဆေးတွေကို ဖျက်ဆီးပစ်တဲ့ Enzymes) တွေပေါ်မှာ သက်ရောက်မှုရှိတဲ့ အတွက် သောက်နေကျဆေးတွေရဲ့ ရလဒ်တွေ အပြောင်းအလဲရှိသွားနိုင်ပါတယ်။

***အရေးတကြီး မှာချင်တာက သွေးပေါင်ဘယ်လောက်ရှိရင် လေဖြတ်တယ်ဆိုတာ မဟုတ်ပါဘူး (ဥပမာ သွေးပေါင် ၁၈၀/၁၂၀ ရှိရင်လေဖြတ်ပြီ အဲ့လိုမဟုတ်ပါဘူး)
သွေးပေါင်များလေလေ လေဖြတ်ဖို့ များလေလေ ဖြစ်ပေမယ့် (အသက်အရွယ်၊ သွေးတွင်းအဆီပမာဏ၊ သွေးကြောအရွယ်အစား၊ ရောဂါအခံ စတာတွေအပေါ်မူတည်ပါတယ်)

သွေးပေါင်တွေတက်လို့ဆိုပြီး သွေးကျဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် ထပ်ခါထပ်ခါ သောက်လိုက် သွေးပေါင်ချိန်လိုက် လုပ်နေတာဟာ သွေးပေါင်ကျမှာ မဟုတ်ပါဘူး

- သွေးကျဆေးဆိုတာတွေက အခုသောက် အခုသွေးပေါင်ကျတဲ့ဆေး မဟုတ်ပါဘူး (သူ့ရဲ့ Action လာမှ ကျတာဖြစ်လို့ နာရီနဲ့ချီပြီးကြာတတ်ပါတယ်)

- စိတ်ပူပြီး ထပ်ခါထပ်ခါ တိုင်းနေသမျှ သွေးပေါင်ကျမှာ မဟုတ်ပါဘူး

စိတ်အေးသွားတဲ့အချိန် သောက်ထားတဲ့ ဆေးတွေရဲ့ Action တွေ စုပြီး ပြတဲ့ အချိန် သွေးပေါင်ထိုးကျတတ်ပါတယ် 💥(( သွေးပေါင်တရားလွန်ကျတာကလည်း လေဖြတ်တတ်ပါတယ် သတိထားကြဖို့ပါ))

အခုလောက်ဆိုရင် ဆောင်းတွင်းမှာ ဘာလို့ လေဖြတ်ကြရတာလဲ
လေမဖြတ်စေဖို့ ဆောင်ရန် ရှောင်ရန်တွေ သိကြပြီထင်ပါတယ်။

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါေစ...

Dr.,ဘုန်းစည်သူလွင်

မေတ္တာဖြင့် မျှဝေပါသည်🇨🇭
ကျန်းမာ ပျော်ရွှင်ကြပါစေ..
#yla@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Jan, 15:41


အခုရက်ပိုင်း ကွယ်လွန်သူတွေဟာ
မနက် ၃ နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ
တွေ့ရပါတယ်။

၃ နာရီ မှ ၈ နာရီ ကြားမှာ ရေသောက်
အနည်းဆုံးဖြစ်ပြီး သွေးအပြစ်ဆုံးအချိန်မို့
နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ။

အိပ်ရေးပျက်မှာစိုးလို့ ညဘက်
ရေမသောက်တဲ့အကျိုးဆက်ပါ။

#နှလုံးဆရာဝန်ကြီးတွေပြောပါတယ်။
နှလုံးအားနည်းလို့
နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင် ရေကိုသတိရတိုင်း
သောက်ပေးကြပါ။

#ညအိပ်ခါနီးမှာ ရေသောက်ရင်
အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော်
အချိန်ကြီးမှာ ဆီးထသွားရမယ်။

#ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနဲ့
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ
ပြောဆိုလေ့ရှိကြပါတယ်။
ဒီလိုယူဆချက်က
တကယ်တော့ မမှန်ပါဘူး။

နှလုံးရုတ်တရက် ထဖောက်လာလို့ဖြစ်တဲ့တဲ့
ဝေဒနာ (Heart Attack) နှင့်
“ရေ “ ဟာ ဒွန်တွဲနေပါတယ်။
လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက်
ဘာကြောင့် ဆီးပိုသွားတတ်သလဲ….??

နေ့ဘက်မှာ လူတွေက
မတ်တပ်ရပ်နေကြတယ်။
ကမ္ဘာ့ဆွဲအား (Gravity) ကြောင့်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက
ပေါင်နဲ့ခြေထောက်မှာ
သွားစုနေတယ်။ ညဘက်ရောက်တော့
ဒီလိုမဟုတ်တော့ဘူး။
လှဲနေ အိပ်နေကြတဲ့အတွက်
ခန္ဓာကိုယ်က ဆန့်နေတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက
ကျောက်ကပ် (Kidney) နှင့် တပြေးတည်း
ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့
ပိုလွယ်ကူသွားတာပေါ့။

ကျောက်ကပ်နှင့် ရေက ဘယ်လို
ဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့
အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်အပြင်ကို
ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။

#ရေပိုသောက်ပေးသင့်တဲ့အချိန်**

#မနက် အိပ်ရာနိုးနိုးချင်း ရေ (၂) ခွက်
သောက်ပါ။
သင့်ခန္ဓာအတွင်းမှ ကလီစာတွေ ပိုပြီး
အလုပ်လုပ်ကြပါလိမ့်မည်။

#နံနက်စာ မစားခင်
မိနစ် (၃၀) အလိုမှာ ရေ (၁) ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။

#ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။
သွေးတိုး (Blood Pressure)
ကျစေပါလိမ့်မည်။

#အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။
လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ
ကင်းဝေးပါလိမ့်မယ်။

#အိပ်ရာမ၀င်ခင် ရေ (၁) ခွက်
သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ
ကင်းဝေးစေတာ မဟုတ်ပါဘူး။

ညဘက် ခြေထောက်ကြွက်တက်တဲ့ ဒုက္ခ
( Leg Cramp ) မှလည်း
ကင်းဝေးစေပါတယ်ယ်။

အဲဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့်
မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။
ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ
စားပွဲပေါ်တွင် ရေပုလင်း, ရေဗူးကို
အမြဲ အဆင်သင့် ဆောင်ထားပြီး
အိပ်သင့်ကြပါတယ်။

#အားလုံးသက်ရှည်ကျန်းမာကြပါစေ။

Crd
ဒေါက်တာဟေမာမွှေး
Via - #KhinThanOo@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Jan, 03:40


လူမျိုးစွဲ အစွန်းရောက်တွေလို အမုန်းတရားမရှိပေမယ့် အမှန်တရားနဲ့ ဘယ်သူတွေက ဘာဆိုတာ သိစေချင်လို့ ဗဟုသုတ အနေနဲ့ ဖော်ပြရုံ သက်သက်ပါ။

#အယ်ဒီတာအာဘော်

ဟိန်းသော်ဦးနဲ့ ပတ်သတ်ပြီး
ချစ်ခြင်းမုန်းခြင်း မရှိပါဘူးလို့ အရင်ဆုံးပြောပါရစေ...!

သူ့အကြောင်းမပြောခင်
အဆိုတော် ရေမွန်ကိစ္စကို နဲနဲလေး အစဖော်ဦးမယ်။

ရေမွန် အသတ်မခံရခင်
အရင်ညမှာ သူ့ကောင်မလေးနဲ့အတူ
မြဝတီက ဘားတစ်ခုမှာ အတူတူပျော်ပါးခဲ့ကြတယ်။

အဲ့...ဘားကနေအပြန်မှာ
ကရင်သူပုန်နဲ့ စကားများပြီး
ပြဿနာဖြစ်ကြတယ်။

အဓိကကတော့ ကရင်သူပုန်တွေရဲ့ ထုံးစံအတိုင်း ဗမာတွေ ဘာတွေက မယုံရဘူး ဘာညာနဲ့ ပြောရာကနေ ရေမွန်နဲ့ စငြိတယ်။

ငြိရာကနေ လက်တွေပါလာပြီး နားထင်တေ့ဖြုတ်တာကို ခံလိုက်ရတယ်။ ( ရေမွန်
အဖြုတ်ခံရချိန် သူ့အမေဆိုသူက အဲ့နယ်မှာရှိနေခဲ့တယ် )

အဖြုတ်ခံရပြီး
၂ရက်မြောက်မှာမှ အသုဘချပြီး
ငှက်ဖျားလိုလို ဘာလိုလိုနဲ့ သတင်းထုတ်ပြန်ခဲ့တယ်။

ရေမွန်ရဲ့အမေက
ကိုယ့်သားtayတာကို တရားမျှသမှု့ရဖို့
ဘာလို့ မတောင်းဆိုခဲ့သလဲ?

ဘယ်တောင်းဆိုမှာလဲဗျာ

လျှော်ကြေးက သိန်းထောင်ချီရခဲ့သလို
ဒီသတင်းမပျံ့ဖို့အတွက် နှုတ်ပိတ်ခကလည်း ဆိုင်သူတွေက အလှူခံပေးလို့ နင့်နေအောင်ရခဲ့တာကိုး။ ( အဝေမတည့်လို့ ပြဿနာတောင် ဖြစ်ခဲ့ကြသေး )

အခု ဟိန်းသော်ဦးရဲ့ မိဘတွေ သူ့သားအတွက် တရားမျှသမှု့ရဖို့ ကြိုးစားနေတဲ့အချိန် NUGအဖွဲ့က အသံတိတ်နေခဲ့တယ်။

အသံမတိတ်လို့မရဘူး
ရဲမင်းနဲ့ သူ့အဖွဲ့က သူတို့ကို ငြိရင်း
တောခိုကျောင်းသူ ၂၀ ကျော်ကိစ္စကို
ဖော်ကောင်လုပ်လိုက်မယ်ဆိုရင်

NUGရော၊ ကရင်သူပုန်တွေရော
စားခွက်ပျောက်ပြီး ငတ်ကုန်မှာပေါ့ဗျာ။

ရေမွန်တို့တုန်းကလည်း ၃ ယောက်လို့ သိရပြီး ဟိန်းသော်ဦးတို့ကတော့ အဖွဲ့လိုက်ကို အရှင်းခံရတယ်လို့ သိရှိရတယ်။

ဒါတွေက ကိုယ်နဲ့တော့မဆိုင်ပါဘူး

ဒါပေမယ့်...

တိုင်းပြည်နဲ့ ကိုယ့်အဖွဲ့အစည်းပေါ်
သစ္စာဖောက်ခဲ့လို့ သစ္စာပြန်ဆူးတတ်တာကို
သစ္စာဖောက်မယ်လို့ ကြံနေတဲ့လူတွေ သိစေချင်တာရယ်

ဗမာလူငယ်တွေ
ကရင်သူပုန်ရဲ့ အနိုင်ကျင့်တာ
မခံရစေရန်အတွက် ရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းပါ။

" တနိုင်ငံတည်းသား မဟုတ်ဘဲ လူမျိုးခြားလို့ ခံယူထားသူတွေကို မယုံမိကြပါစေနဲ့ "

#သံချောင်း (ချယ်ရီမြေ)

မြန်မာ့သမိုင်းနှင့် သုတစုံ

02 Jan, 15:34


မိုက်ဇေးရှင်းပဲဖြစ်ဖြစ် နိုက်ဇေးရှင်းပဲ ဖြစ်ဖြစ် အောင်မြင်သွားပြီဆိုတာနဲ့
ငါနဲ့မတူ ငါ့ရန်သူ လုပ်တတ်တယ်ဆိုတာ
ဗုဒ္ဓဘာသာဝင် မြန်မာတွေ သိအောင်
အောက်ပါသတင်းကို မျှဝေတင်ဆက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ အလုပ်အကိုင်တွင် ဟိန္ဒူဘာသာဝင်များ ၀င်ရောက်ခွင့် ပိတ်ပင်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီး Jahangir Alam Chowdhury က

"ဘင်္ဂလားဒေ့ရှ်က မွတ်စလင်အများစုရှိတဲ့နိုင်ငံဖြစ်လို့ ရဲနဲ့ အစိုးရအလုပ်ပဲဖြစ်ဖြစ် မွတ်စလင်တွေကို ဦးစားပေးရလိမ့်မယ်"

အစိုးရ၏အမိန့်အသစ်သည် ဟိန္ဒူဘာသာဝင်များအား ရဲဌာန၊ ရဲချုပ်များမှ အဆင့်မြင့်အဆင့်အထိ ခန့်အပ်ခြင်းကို ကန့်သတ်ထားသည်။

ရာထူးများအတွက် ဟိန္ဒူလျှောက်ထားသူ ၁,၅၀၀ ကျော်ကို ပယ်ချခဲ့သည်။

Times of India အစီရင်ခံစာအရ ဟိန္ဒူအရာရှိ ၁၀၀ ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 10:23


KPay အကောင့်များဟက်ခံရမှု

KPay အကောင့်များဟက်ခံရမှု တိုင်ကြားမှုများပြားလာသဖြင့် နည်းပညာကျွမ်းကျင်သူများအား စုံစမ်းစစ်ဆေးစေခဲ့ရာအကြောင်းရင်း ၃ ချက်ကြောင့်ဖြစ်သည်ဟုပြောလာခဲ့သည်။

1. Malware/Trojan Installation
ကြော်ငြာများမှ Software များအလိုအလျောက်ထည့်သွင်းကာ Hacker များကို Device access ရသွားခြင်းဖြစ်နိုင်သည်။

2. KPay Server အဖောက်ခံရခြင်း သို့မဟုတ် ဝန်ထမ်းများမှ မသမာမှု
အခုဖြစ်တဲ့ Case တွေအကုန်လုံးနီးပါးမှာ otp မကျပဲ ငွေလွှဲသွားတာတွေရှိနေတယ် Server အဖောက်ခံရတာမဟုတ်ရင် ဝန်ထမ်းတစ်စု၏ မသမာမှုကြောင့်ဖြစ်နိုင်သည်။

3. Ooredoo CPanel Access
Ooredoo CPanel မှ Server access ရသွားပြီး ပိုင်ရှင်အစစ်ဆီ OTP မရောက်ခင်မာပဲ ဟတ်ကာဆီတိုက်ရိုက်ရသွားတာမျိုးလဲဖြစ်နိုင်တယ်။

နည်းပညာကျွမ်းကျင်သူတွေပြောပုံအရ ခုက အော်ရီဒူးဘက်က Portal ပေါက်တာဖြစ်နေတယ် ပြီးတော့ SQL လည်းပေါက်နေတယ်ဟုဆိုသည်။

နည်းပညာကျွမ်းကျင်သူများဘက်မှ Ooredoo နံပါတ်အစား အခြား Operator များပြောင်းလဲအသုံးပြုရန်နှင့် ဘဏ်အကောင့်ထဲတွင် ငွေပမာဏများများ ရှိနေပါက ငွေထုတ်ထားတာဖြစ်ဖြစ် ကြိုတင်ကာကွယ်တဲ့အနေဖြင့်ပြုလုပ်ထားကြရန် အသိပေးထားသည်

ဟု ဆိုက်ဘာမှုခင်းဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

Crd
i-SEC

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 10:22


ဆရာခိုကိုလိမ်းရုံပဲလိမ်းကြပါ....

အားလုံးသိသင့်တယ်ထင်လို့ပါ.....

ကျမပတ်ဝန်းကျင်မှာဆရာခိုသောက်လို့
အနာ့ပဆုပ်တွေပျောက် ဂရင်ဂျီနာပျောက်
အစာအိမ်ကင်ဆာပျောက်တာတွေ
မြင်ရကြားရတော့ ကိုယ်လည်းလက်တွေ့သောက်
ကြည့်ပါတယ်။အစာအိမ်နာတာ ယောင်တာ
သက်သာတယ်။ချောင်းဆိုးတာ ပျောက်ပါတယ်
တချို့ဆရာမတွေ ချောင်းဆိုးရင် လက်နဲ့
တကော်ကော်ပြီးမျိုချလိုက်တာ ကြားဘူးပါတယ်
သူတို့တွေအတွက်ရော ဒီဆေးကိုလိမ်းရုံမက
သောက်နေကြတဲ့ လက်လှမ်းမှီသမျှသူတွေ
အားလုံးအတွက်ရည်ရွယ်ပြီး ကိုယ်တွေ့
အတွေ့အကြုံလေးတခုရှယ်ရင်း မဖြစ်သင့်တာ
မဖြစ်ရအောင်ကြိုတင် ကာကွယ်ချင်လို့
ဒီဆေးသောက်လို့ရောဂါပျောက်တာတွေ
ရှိတဲအကြောင်း
ရေးခဲ့ဘူးတဲ့ကျမမှာလည်း အများကို
ကိုယ်တွေ့အမှန်ပြောပြဘို့တာဝန်ရှိတယ် ယူဆလို့
ထပ်မံတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

မသင်္ကာလို့Google မှာ ဒုတ္ထာ အကြောင်းသမီးကို
ရိုက်ရှာခိုင်းလိုက်တာ ဆရာခိုလိမ်းဆေးအကြောင်း
ဒေါက်တာအေးမင်းထူးရေးထားတဲ့ blogယုဇနဥယျာဉ်
မြို့တော်မှာရှာတွေ့လို့သတိထားစရာတွေမို့
ဖတ်ကြည့်ပြီးအရေးကြီးအချက်တွေပြန်
ပြောပြလိုက်ပါတယ်။

ကျမတို့သတိထားဘို့လိုတာက လိမ်းဆေး ဟာ
သောက်ဖို့မဟုတ်ဖူးဆိုတာပါ။

ဆရာခိုလိမ်းဆေးမှာ ...

နှမ်းဆီ ၂၀ကျပ်သား
မုံညင်းဆီ ၁၃ ကျပ်သား
ထောပတ် ၁၂ ကျပ်သား
လေးညှင်း၁၂ကျပ်သား
ပျားဖယောင်း၁၂ကျပ်သား
ပရုတ် ၁၂ကျပ်သား
ဇာတိပ္ဖိုလ် ၁၂ ကျပ်သား
ဒုတ္ထာ ၄ကျပ်သား ပါဝင်ပါတယ်။

ဒီပါဝင်ပစ္စည်းတွေထဲမှာ ပျားဖယောင်း ဇာတိပ္ဖိုလ်
ဒုတ္ထာတို့ဟာ အန္တရာယ်များတဲ့ ပစ္စည်း အသက်ကို
ထိခိုက်စေတတ်တာမို့ ရေးလိုက်ရပါတယ်။

ကျန်ငါးမျိုးကတော့ တန်ဆေး လွန်ဘေးသဘောမျိုး
ဂရုစိုက်သင့်ပါတယ်။နှမ်းဆီကဝမ်းသက်စေတတ်တာ။

လူ့အရေပြားက သုံးလွှာရှိပြီး skin လို့ခေါ်ပါတယ်။
နည်းနည်းထူပါတယ်။
လူ့ခန္ဓာကိုယ်တွင်း အူလမ်းကြောင်းကို ဖုံးထားတာက
mucous တဲ့။သူကအင်မတန်ပါးတယ်
စုပ်ယူမှုအားကောင်းတယ်။ဒါပေမယ့် ထိလွယ်ခိုက်လွယ်
တယ်။ ဒီသဘာဝလေးကို သိထားသင့်ပါတယ်။
အရေပြားအတွက်ပေးတဲ့လိမ်းဆေးကို
ပါးစပ်ထဲထည့်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို
ထိခိုက်စေမယ်။နောက်ဆုံးနည်းနည်းပဲသုံးသုံး
ကြာလာရင် လူကို ဒုက္ခပေးတော့မှာ အမှန်ပါ။
ဒီအချက်မှတ်ထားလိုက်ပါ။

ဒီလိမ်းဆေးမှာ ပျားဖယောင်း bee wax ပါဝင်တယ်
ဖယောင်းမှန်သမျှ bee wax ဖြစ်ဖြစ်paraffin
wax ဖြစ်ဖြစ် ဖယောင်းက ဖယောင်းပါဘဲတဲ့။
ဖယောင်းမှန်သမျှဗိုက်ထဲရောက်ရင် အူပိတ်တာ
ဖြစ်နိုင်ပါတယ်။ပျို့အန် ဗိုက်နာဝမ်းချုပ်လာတယ်။
ဒါကိုwax poisoning လို့ခေါ်တယ်။

ပျားဖဗယာင်း က bacteria ဆန့်ကျင်စေတဲ့
သတ္တိရှိ
ပါတယ်။အစိုဓာတ်ထိန်းလ်ို့
အရေပြားခြောက်သွေ့မှု
မဖြစ်အောင် ကာကွယ်ပါတယ်။

ဒုတ်ထာဆိုတာက Copper sulphate Cu SO4
ဓာတု ပစ္စည်းတမျိုးပါ။အင်းဆက်ပိုးမွှား မှိုပိုး ကိုနိုင်လို့
ရောဂါပိုးမွှားတွေကိုသေကြေပျက်စီးစေနိုင်ပါတယ်။
အပင်ဖျန်းဆေးတွေမှာ ပါလေ့ရှိတယ်။
အနာလိမ်းဆေး အဖုအကျိတ်ပျောက်ဆေးတွေမှာ
ပါလေ့ရှိပါတယ်။ကောင်းတာတွေရှိပေမယ့် သတိထား
သင့်တယ်။

CuSO4 50mg/Kg ထက်များရင်
အဆိပ်သင့် လက္ခဏာတွေခံစားရတယ်။
ပါးစပ်ကသောက်မိရင် အရင်ဆုံးအန်မယ်။
ဗိုက်နာ ဝမ်းလျှော နှလုံးခုန်မြန်လာမယ်။
ကြာရင် အဆိပ်အတောက် စွန့်ထုတ်ပေးတဲ့
အသည်းနဲ့ ကျောက်ကပ် လို အင်္ဂါတွေ ပျက်စီးမယ်
ပုံမှန်အားဖြင့်သောက်ဆေးမဟုတ် မသောက်သင့်ဘူး
များများသောက်မိရင် အသက်ကိုထိခိုက်စေတတ်တာ
သတိထားပါ။

နောက်တခုက ဇာတပ္ဖိုလ် သူ့မှာ myristicinဓာတ်
ပါတယ်။ ပမာဏများများဝင်သွားရင်
မြင် ကြား အာရုံဝေဝါး စိတ်ကစဉ့်ကလျား
ထင်ယောင်ထင်မှားဖြစ်စေတတ်။
လက်တဆိပ်စာထက်များရင် လူအတွက်မကောင်းတော့ပါ
ကြာရှည်သုံးရင် Coma လိုဟာမျိုးဖြစ်တတ်ပါတယ်
အဖုအကျိတ်သက်သာစေတတ် bacteria ပိုးသတ်
စေတတ်ပါတယ်။ပုံမှန်တော့ မသောက်သင့်ပါ
ကျမတို့ငယ်စဉ်က လူကြီးတွေက အဲဒီအသီးကျောက်ပြင်
ပေါ်သွေးပြီး အကျိတ်အဖု
တွေလိမ်းတတ်တာတွေ့
ဘူးပါရဲ့။

လေးညှင်းကလည်း အပူများတယ်။ အစာအိမ်ပူလောင်
စေတတ်ပါတယ်။ချင့်သုံးသင့်ပါတယ်။
လောလောဆယ်တော့ ဆရာခိုလိမ်းဆေးနည်းနည်း
သောက်မိတာတောင် ဝမ်းလျှောတဲ့အဖြစ်တွေ
ကိုယ့်အနားမှာကြုံနေရလို့ ဖတ်ကြည့်တော့
ဒုတ္ထာရဲ့အပြစ်တွေမို့ အများပြည်သူတွေ
ဒုက္ခမရောက်စေချင်လို့ ဒီpost ကိုကြိုးစားရိုက်ပြီး
တင်လိုက်ပါတယ်။

သူက လိမ်းဆေးပါ။ သောက်ရန်မဟုတ်ပါလို့
ရေးထားပါလျက် ကိုယ်က ပါဝင်ပစ္စည်းတွေရဲ့
အာနိသင်မသိတော့ သွားသောက်နေရင်
အလွဲတွေ ဖြစ် အသက်အန္တရာယ်ကြုံရမှာစိုးလို့
သတိပေးပါတယ်။
လိမ်းဆေး အနာပျောက် ထိခိုက်ဒဏ်ရာပျောက်ဆေး
အဖြစ်ကတော့ ဆရာခို လိမ်းဆေးအလွန်ကောင်းတာ
ကိုယ်တွေ့ပါ။သွေးပေါင်ကျ ခြေလက်အေးလည်း
လူးပေးပါ။နွေးထွေးလာပါလိမ့်မယ်။

ရောဂါပျောက်လိုဇောနဲ့သွားတော့ မသောက်လိုက်
ကြပါနဲ့။လိမ်းဆေး သောက်ဆေး ခွဲသိနိုင်ကြပါစေ
စဉ်းစားပြီးသုံးတတ်နိုင်ကြစေဘို့ သတိပေးလိုက်ပါတယ်။
ဒေါက်တာအေးမင်းထူးရဲ့blog က အချက်အလက်တွေ
ကိုပြန်ပြောပြတာပါ။Dr.Aye Min Htoo ကိုကျေးဇူးအထူးတင်ပါတယ်။

ကျန်းမာ ချမ်းသာဘေးကင်းကြပါစေ....
Crd
#KhinThanOo@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:17


မွန်နဲ့ရခိုင်ပေါင်းပြီး သမိုင်းဖြီး ကြခြင်း
** ** ***
ရှေ့ဆုံးက ပြထားတာ ရခိုင်က ပုရိမ်တောင် ကျောက်စာပါ။
သက္ကရာဇ်ပျက်နေတယ်။
ဘယ်နှစ်ခုနှစ်ထိုးလဲ မသိရဘူး။

ဒုတိယ ပြထားတာ သက္ကရာ် ၇၆၇ အမတ် သမန္တသူ ကျောက်စာပါ။
သက္ကရာဇ် ပါပါတယ်။

တတိယ ပြထားတာ ရခိုင်က နရပတိရွှေနန်းရှင် ကျောက်စာ။
သက္ကရာဇ် ၉၅၅ ပါ။

ရခိုင်သားတွေ ထုတ်တဲ့ ကျောက်စာစာအုပ်မှာ ပထမဆုံး ပြထားတဲ့ ပူရိမ်တောင်ကျောက်စာကို ကောဇာ ၇၆၈ ဆို ခန့်မှန်းထားတယ်။
ကျောက်စာမှာ ရာဇဓိရာဇ် ဆိုတဲ့ အမည်ပါတာကြောင့် ရာဇဓိရာဇ်ခေတ်ကို ခန့်မှန်းယူထားကြပုံ ပါ။

ရခိုင်က ပူရိမ်တောင်ကျောက်စာသည် သက္ကရာဇ်ပျက်နေသော်ငြား မြန်မာအက္ခရာ မြန်မာစာနဲ့ ရေးထားတယ်ဆိုတာ ငြင်းမရပါဘူး။
အခြား ဘယ်ကျောက်စာ စာအုပ်မှာ ပါဝင်တယ်ဆိုတယမျိုး အညွန်းပေးမထားဘူး။
အညွှန်းမပေးတာလား ဘယ်စာအုပ်မှာမှ မပါသေးတာလားဆိုတာ ကိုယ်တိုင်လိုက်စစ်ရမယ် ဆိုတော့ကာ အလုပ်ပိုပါတယ်။

ရခိုင်သားတွေကို ပြောချင်တာက ရှေးသုကထုတ်တဲ့ ကျောက်စာစာအုပ်တွေကို ကြည့်ပါ။
အရင်ထုတ်ပြီးသား ကျောက်စာစာအုပ်တွေမှာပါရင် ဘယ်မှာပါကြောင်း အညွှန်းပေးထားပါတယ်။
ကျောက်စာ စာအုပ်ထုတ်ရင် အညွှန်းထည့်ပေးသင့်ပါတယ်။

အဓိက ပြောချင်တာ အက္ခရာပါ။
တခြားသူတွေလဲ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

ပူရိန်တောင်ကျောက်စာက အက္ခရာတွေသည် ၇၆၈ အင်းဝခေတ် အက္ခရာ အရေးအသား မဟုတ်ပါဘူး။
ဒုတိယပုံနဲ့ ယှဉ်ကြည့်ပါ။
အက္ခရာ အရေးအသားက သက္ကရာဇ်၉၀၀ ကျော် ဘုရင့်နောင်ခေတ် နဲ့ နောက်ပိုင်း ညောင်ရမ်းခေတ် လောက် အရေးအသား ဖြစ်နေပါတယ်။

ရာဇဓိရာဇ် ဆိုတဲ့ အမည်ပါတိုင်း ရာဇဓိရာဇ်ခေတ်လို့ ယူလို့မရပါဘူး။

သာဓက - ဓမ္မစေတီ ကျောက်စာမှာ သူ့ရှေ့က သူ့ထက်အများကြီးစောတဲ့ မနူဟာ တို့ အနော်ရထာတို့ အမည်တွေပါပေမယ့် အဲဒီကျောက်စာသည် အနော်ရထာခေတ် မနူဟာခေတ် ကျောက်စာမဟုတ်ပါဘူး။
၁၅ရာစု ဓမ္မစေတီ ရေးတဲ့ကျောက်စာသာဖြစ်ပါတယ်။

ဒါကြောင့် ပူရိမ်တောင်ကျောက်စာမှာ ရာဇဓိရာဇ်အမည်ပါပေမယ့် အက္ခရာအရေးအသားက သက္ကရာဇ်၉၀၀ကျော် အရေးအသားဖြစ်တာကြောင့် သက္ကရာဇ် ၉၀၀ကျော် ကျောက်စာလိူ့ပဲ သတ်မှတ်ရမှာပါ။

ရခိုင်က အက္ခရာကိူ မကြည့်ပဲ သူသတ်မှတ်ချင်သလို ရက်စွဲသတ်မှတ်တယ်။
ဘယ်သူမှ အတည်မပြုဘူး။
အဲဒါကိူ မွန်က ယူသုံးတယ်။
လိုရာဆွဲ ရေးတယ်။

ဘုန်းကြီးရူးနဲ့ လှေလူးပါပဲ။

သက္ကရာဇ်မပါ သက္ကရာဇ်ပျက်တဲ့ ကျောက်စာတွေကို ခေတ်မှန်းတဲ့အခါ အက္ခရာ အရေးအသားသာ အဓိကပါ။
အကြောင်းအရာက အဓိက မဟုတ်ပါဘူး။
အက္ခရာ အရေးအသားကိုကြည့်ပြီး ခေတ်ခွဲတတ်ကြပါစေ။
သုတေသန မှန်ကန်ဖို့အတွက်ပါ။

#ဈာန်သစ်အောင်

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:16


ရခိုင်သမိုင်းအမှန်
~~~~
ဘိုးတော်ဘုရားကြီး ဗဒုံမင်း (အေဒီ ၁၇၈၂ - ၁၈၁၉) ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲ
~~~
ဘိုးတော်ဘုရားကြီး ဗဒုံမင်းဟာ သားတော် အိမ်ရှေ့ ဥပရာဇာကို ဦးဆောင်စေပြီး ရခိုင်ဒေသသို့ ဘာကြောင့် တပ်တော်လွှတ်သလဲ ဆိုတာ ရှင်းလင်း မြင်သာစွာ သိဖို့ အဲဒီကာလ ရခိုင်ဒေသရဲ့ နိုင်ငံရေး အခြေအနေကို သိဖို့ လိုအပ်ပါတယ်။
ဘိုးတော်ဗဒုံမင်း နန်းမတက်မီ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ မြေဒူးမင်း ခေါ် ဆင်ဖြူရှင်မင်းတရားကြီး (အေဒီ ၁၇၆၃ - ၁၇၇၆) နတ်ရွာစံဖို့ တစ်နှစ်အလို အေဒီ ၁၇၇၅ က စပြီး ရခိုင်ဒေသရဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရအောင်။
ယင်း အေဒီ ၁၇၇၅ ဆိုတာ ဘိုးတော် ဗဒုံမင်း နန်းမတက်မီ ၇ နှစ်အလို ယင်းကာလ ကတည်းက ရခိုင်ဒေသဟာ နိုင်ငံရေး အုပ်ချုပ်ရေး တည်ငြိမ်မှု မရှိတော့ပဲ သူတစ်လူ ငါတစ်မင်း ဖြစ်ကာ ဒေသတွင်း နန်းလုစစ်ပွဲများ ဖြစ်ပွားပြီး ရခိုင်သား ပြည်သူအများစု ဒုက္ခကြီးကြချိန် ဖြစ်တယ်။
အေဒီ ၁၇၇၅ ဖေဖေါ်ဝါရီမှာ အေဒီ ၁၇၇၃ ကတည်းက ပုန်ကန်တဲ့ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းတို့ မြောက်ဦးနန်းတော်က တိုက်တာ မနိုင်ဘူး။ မာန်အောင်သား ရမ်းဗြဲသား တို့သာ နိုင်တယ်။ (ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁)
အေဒီ ၁၇၇၅ မေလ ၅ စံရွှေပေါ် ဆိုတဲ့ ရခိုင်သားကပဲ မြောက်ဦး ရွှေနန်းတော်ကြီးကို မီးနဲ့တိုက်နိုင်တဲ့ အထိ သောင်းကျန်းတယ်။
ရခိုင်သားချင်း ပုန်ကန် မီးရှို့လို့ ပြာကျသွားတဲ့ မြောက်ဦးနန်းတော်ကို အေဒီ ၁၇၇၅ မေ ၈ ရက်နေ့မှာ ပြန်ဆောက်ရတယ်။
ပုန်ကန် မီးရှို့သူတွေကို ဖမ်းမိပြီး သတ်တယ်။ (ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁၊ ၁၃၂)
အေဒီ ၁၇၇၅ စက်တင်ဘာလမှ စစ်တွေကျွန်းက ကုလားတွေ ပုန်ကန်ပြီး မြောက်ဦး နန်းတော်အထိ ဝင်တိုက်တယ်။ အခြေအနေက ဘယ်လောက်တောင် ဆိုးတုန်းဆိုတော့ မြောက်ဦးနန်းတော်မှာ သက်တော်စောင့် သူရဲသူခက်တောင် မရှိလို့ ဘုရင်က ကိုယ်လုပ်မောင်းမတွေကို ခုခံတိုက်ခိုက်ခိုင်းရတယ်။ ဆရာတော် ဝိနည်းဓိုရ်က ဗဟုစရ ရဟန်းတွေကို လွှတ်ပြီး ကုလားတွေကို တိုက်ခိုင်းရတဲ့ အဖြစ်အထိ အခြေအနေ ဆိုးရွားတယ်။ ရဟန်းတွေ တိုက်လို့ နိုင်လို့ ကုလားတွေ စစ်တစ်ကောင်း ဘက်ကို ထွက်ပြေးတယ်။ (ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက်၊ နှာ ၁၃၂)
ကြည့်ပါ။ အေဒီ ၁၇၇၅ တစ်နှစ်ထဲမှာကို ဒေသတွင်း ပုန်ကန် ဆူပူမှုတွေ များလွန်းလို့ နန်းတော်မီးလောင်တဲ့အထိ၊ ဘုန်းကြီးတွေပါ စစ်ဝင်တိုက်ရတဲ့အထိ ရခိုင်နိုင်ငံရေးဟာ ရှုပ်ထွေး ဆူပူခဲ့တယ်။
ပြည်မ ဗဟိုနန်းတော်က နိုင်ငံရေး အခြေအနေကို ကြည့်ရင် အေဒီ ၁၇၇၆မှာ ယိုးဒယားနိုင်၊ တရုတ် (မန်ချူး)နိုင် ဆင်ဖြူရှင်မင်းတရားကြီး နတ်ရွာစံပြီး သူ့သားတော် စဉ့်ကူးမင်း (အေဒီ ၁၇၇၆ - ၁၇၈၂) နန်းတက်ပြီး အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဖောင်းကားစား မောင်မောင် နန်းလုပေမယ့် ၇ရက်သာ နန်းစံရတယ်။ အဲဒီနောက် အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီမှာ၁၁ မှာ ဖောင်းကားစား မောင်မောင်၊ ဖေဖေါ်ဝါရီ ၁၄မှာ စဉ့်ကူးမင်းကို ထုံးစံအတိုင်း စီရင်ပြီး ဘိုးတော် ဗဒုံမင်း နန်းတက်လာတာ ဖြစ်တယ်။
ရခိုင်ဒေသမှာလဲ ဆင်ဖြူရှင် နတ်ရွာစံတဲ့ အေဒီ ၁၇၇၆ ကနေ ဘိုးတော် နန်းတက်တဲ့ အေဒီ ၁၇၈၂ အထိ နိုင်ငံရေး အခြေအနေဟာ ပိုမိုကောင်းမွန်မလာပဲ ပိုမို ရှုပ်ထွေး ဆူပူသောင်းကျန်းမှုများသာ ပြည့်နှက်နေတယ်။ (အကျယ်ကို ဓညဝတီအရေးတော်ပုံ၊ ရခိုင်ရာဇဝင်သစ်၊ ဒေါက်တာအေးချမ်း ရခိုင်သမိုင်းမိတ်ဆက် တို့တွင် ရှု)
ပြည်မ ဗဟိုနန်းတော်မှာ ဆင်ဖြူရှင်နတ်ရွာစံတဲ့ အေဒီ ၁၇၇၆ နောက် သားတော် စဉ့်ကူးမင်းလက်ထက် အေဒီ ၁၇၇၇ မှာ ရခိုင်ဒေသ နိုင်ငံရေး အခြေအနေဟာ အဆိုးဆုံး ဖြစ်ခဲ့တယ်။
ယင်း ခရစ်နှစ် အေဒီ ၁၇၇၇ မှာ နန်းကျတဲ့ စန္ဒသုမန ခေါ် စန္ဒသုမနရာဇာ အကြောင်းကို ဓညဝတီ အရေးတော်ပုံမှာ ဖေါ်ပြထားတာကို ကြည့်ပါ။
စန္ဒသုမနမင်းဟာ ရခိုင်မင်းရိုးမဟုတ်ပဲ သူ့ရှေ့က အဘယမဟာရာဇာကို ပုန်ကန်နန်းလုပြီး တက်လာတဲ့ သက်လူမျိုး ဓားပိုင်ကြီး ငသောက်ကြယ် ဖြစ်တယ်။
ထို သုနမမင်းသည် မင်းကြမ်း၊ မင်းယုတ်၊ အကျင့်မကောင်း၊ အမျိုးမစောင့်၊ ပညာရှိကို မသုံး၊ ရှေးပညာရှိ မှူးကောင်းမတ်ကောင်းတို့ကို နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ် တာကြောင့် ထွက်ပြေးကြရတယ်။
ရှေးမင်းတို့ ဖွဲ့ခဲ့တဲ့ သူရဲအစို့အငန်း ကိုယ်ရံတော်တို့ကိုလည်း အစို့ဖျက်ပြီး အသည်သား ဖြစ်စေတယ်။
အဲဒီလို တရားလွန်ပြုလုပ်တာကြောင့် အေဒီ ၁၇၇၇ မှာ အမတ်ပိုးရွှေက ပုန်ကန်ပြီး စန္ဒဝိမလမင်း ဘွဲ့အမည်ခံပြီး နန်းတက်လာတာ ဖြစ်တယ်။ (ဓညဝတီအရေးတော်ပုံ၊ နှာ ၉၃၊ ၉၅၊ ရာပြည့်ထုတ်)
ယင်းမင်းဟာ ပုန်ကန်မှုတွေကို စစ်တိုက်ရင် ပြည်သူအများ သေကြေကြမှာ စိုးတာကြောင့် နန်းတက်ပြီး ရက်လေးဆယ် အကြာမှာ ရဟန်းပြုသွားတယ်။
ပုန်ကန်သူတွေထဲက တောင်စဉ်သား ပဆိန်သည် အောင်စုံဟာ အလွယ်တကူပဲ နန်းတက်ပြီး ဓမ္မရာဇ်ရာဇာ (စန္ဒတိဿရာဇာ) (အေဒီ ၁၇၇၇ - ၁၇၈၂ ) ဘွဲ့ခံယူတယ်။
ယင်း ဓမ္မရာဇ်ရာဇာ (ခ) စန္ဒတိဿရာဇာ ဟာ အေဒီ ၁၇၈၂ မှာ သေလွန်ပြီးနောက် သူ့ တူမရဲ့ ခင်ပွန်းဟာ မဟာသမ္မတရာဇာ အမည်နဲ့ နန်းတက်တယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:16


ဒေသစွဲ လူမျိုးရေး အစွန်းရောက်များ၊ ခွဲထွက်ရေးသမားများ ဝါဒဖြန့်သလို မတရားအနိုင်ကျင့် သိမ်းပိုက်တာ မဟုတ်ပါလေ။
မိမိပိုက်နက်အတွင်းမှ ဒေသတစ်ခု ထိုခေတ်အခါက စနစ်အတိုင်း အုပ်ချုပ်မှု စီမံခန့်ခွဲခြင်း တစ်ရပ်သာ ဖြစ်ပါကြောင်း။
#credit
ကျမ်းကိုး။ ။
ဓညဝတီအရေးတော်ပုံ - ကဝိသာရာဘိ သိရီပ၀ရ အဂ္ဂမဟာ ဓမ္မရာဇာဓိ ရာဇာဂုရု ရခိုင်ဆရာတော်၊ (မြန်မာမင်းများ အရေးတော်ပုံ၊ အရေးတော်ပုံ (၆) စောင်တွဲ)
ရခိုင်ရာဇဝင်သစ် - အရှင်စန္ဒမာလာလင်္ကာရ (ပ၊ဒု ပေါင်းချုပ်)
မစ္ဇျိမဒေသ အရေးတော်ပုံကျမ်း - တည်းဖြတ်၊ (ဦး) လှထွန်းဖြူ၊
(သမိုင်းတွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန ပါမောက္ခ (၂၀၀၈)၊ ရန်ကုန်တက္ကသိုလ် (ငြိမ်း))၊ ၁၉၉၂ မဟာဝိဇ္ဇာကျမ်း
ရခိုင်သမိုင်း မိတ်ဆက် - ဒေါက်တာအေးချမ်း (ရက္ခဝံသ ရက္ခိတ)
စာကြွင်း။ ။ အောက်သားတွေ လိုရာဆွဲရေးနေတယ် ပြောမှာစိုးလို့ ရခိုင်ရာဇဝင်၊ ရခိုင်ဆရာတွေ ရေးတဲ့ ကျမ်းများမှသာ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:16


မြောက်ဦးရဲ့ နောက်ဆုံးမင်း မဟာသမ္မတမင်းဆိုတာ သူပဲ ဖြစ်တယ်။
အဲဒီကတည်းက ရခိုင်မင်းရိုး ပြုတ်ခဲ့ပြီးဖြစ်တယ်။
ဓညဝတီ အရေးတော်ပုံ နှာ ၉၇မှာ အောင်စုံဟာ မင်းရိုး၊ မှူးမတ်ရိုး မဟုတ်ပဲ ပက်ကျိကိုစားသည့် ကမ်းယံဘလဲမျိုးလို့ ဖေါ်ပြထားပါတယ်။
မြောက်ဦးရဲ့ နောက်ဆုံးမင်း နှစ်ပါး ဖြစ်တဲ့ သူတို့ လက်ထက်မှာ ပြည်သူအပေါင်းတို့ မီးကဲ့သို့ပူကြပြီး သောင်းကျန်းတိုက်ခိုက် လုယက် ဖျက်ဆီး သူတစ်လူ ငါတစ်မင်း ဆူပူကြတယ်။
ငကြည့်ထောင့် အရပ်မှာ ဓားမနိုင် ဆိုသူ ၊ ရိုးကျွန်းမှာ ကုလား ငရွှေစာ၊ ပိန်းနဲချောင်းမှာ ကောင်းညွှန့်ရန်တိုင်၊ ကြပ်စင်ကျွန်းမှာ ငသံတွေ၊ ဒန်လွဲ အရပ်မှာ ကျော်ထွေ၊ မာန်အောင်ကျွန်းမှာ သတိုးဖြူ စသဖြင့် အချင်းချင်း မညီညွတ်ကွဲပြီး သောင်းကျန် ပုန်ကန် လုယက် တိုက်ခိုက်ကြတယ်။ (ဓညဝတီ၊ နှာ ၉၈)
ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှု အားနည်းပြီး ကြည်းကြောင်း ရေကြောင်း သွားလာသူတို့ အချင်းချင်း နိုင်ထက်စီးကဲ ပြုပြီး ရွှေငွေဥစ္စာ တို့ကို လုယူကြတယ်။
တစ်ရွာနှင့်တစ်ရွာ ဓားပြတိုက်ကြတယ်။
ဥစ္စာရွှေငွေ၊ ဆွေမျိုးအင်အားကောင်းသူများက ပြည်သူများကို နှိပ်စက်ကြတယ်။
ကျား၊ မိချောင်း၊ တိရိစ္ဆာန်တို့လည်း ရဲ ကြပြီး ပြည်သူတို့ ဒုက္ခရောက်ကြတယ်။ (ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်း မိတ်ဆက် နှာ ၁၄၂၊ ရခိုင်ရာဇဝင်သစ်)
ဒီနေရာမှာ ရခိုင်ရာဇဝင်တွေ အပါအဝင် မြန်မာရာဇဝင်ကျမ်းများမှာ မပါတဲ့ အချက်ကို ဆရာကြီး ဦးလှထွန်းဖြူ တည်းဖြတ်တဲ့ မစ္ဇျိမဒေသ အရေးတော်ပုံကျမ်းမှာ ဖေါ်ပြထားပါတယ်။
မကြာသေးမီက ကွယ်လွန်သွားတဲ့ ဆရာကြီးဦးလှထွန်းဖြူဆိုတာ ရခိုင်သား စစ်စစ်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ တွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန မေဂျာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် (၂၀၀၈) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။
ယင်း မစ္ဇျိမဒေသအရေးတော်ပုံကျမ်း ဌာ ချပ်မှာ (နိုင်ငံရေး အခြေအနေ အလွန်ဆိုးရွားပြီး ပြည်သူများ ဒုက္ခရောက်ကြတာမို့) ရခိုင်အမတ်ကြီး တစ်ဦးဖြစ်တဲ့ ဓားပိုင်ကြီး ငသံတွေနှင့် မိတ်ဆွေများက ဘိုးတော်ဘုရားထံ စစ်ပန် (စစ်ရေးအကူအညီ တောင်းခံ) ခဲ့ကြခြင်း ဖြစ်ပါတယ်။
ဘာလို့ စစ်ပန် (စစ်တပ်လွှတ်၍ သိမ်းယူရန် ပန်ကြား) ရသလဲဆိုတာ သုံးသပ်ရရင် ရခိုင်ပြည်နယ် အခြေအနေဟာ အထက်ဖေါ်ပြပါအတိုင်း အဆိုးဝါးဆိုး ဖြစ်နေရုံတင်မက ဘင်္ဂလား ကုလားတို့ အန္တရာယ်လည်း ရှိနေပါသေးတယ်။
ဘင်္ဂလားနယ်ကို မွတ်စလင် ကုလားတို့ သိမ်းပြီးတဲ့နောက်မှာ ရှေးယခင် ဝင်္ဂတိုင်းခေတ်၊ ပါလခေတ် တင်မက သူတို့ မသိမ်းမီ ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနိက ဆိုင်ရာတွေကို ဖျက်ဆီး၊ ငဇင်ကာကဲ့သို့ ခေါင်းလောင်း ဘုရားဆင်းတုများကိုပါ အရည်ကြိုပြီး အမြောက်သွန်း နေပါပြီ။
ရခိုင်ကိုသာ ဘင်္ဂလားမှ မွတ်စလင်ကုလားတွေ သိမ်းလိုက်ရင် ရခိုင်သားတို့ အခြေအနေတင်မက ဗုဒ္ဓသာသနာပါ အဆိုးဆုံး ဖျက်ဆီးခံရမှာ ဖြစ်ပါတယ်။
စကားပမာ ဆိုရရင် ဘင်္ဂလားထဲက ခေါင်းလောင်း၊ ဘုရားဆင်းတုတော်တွေတောင် အရည်ကြိုခံရတာ ဘိုးတော်ဘုရားသာ အချိန်မီ ရခိုင်ကို မရောက်ပဲ ဘင်္ဂလားကုလားသာ လက်ဦးခဲ့ရင် မဟာမုနိကြီးပါ ကုလားက အရည်ကြို အမြောက်သွန်းပစ်မယ့် အခြေအနေပါ။
ဒါကြောင့် ဘိုးတော်ဘုရားရဲ့ အိမ်ရှေ့ဥပရာဇာ ရဲ့ တပ်ဟာ လောင်းကြက်မြို့ဟောင်းမှာ တပ်တည် တပ်စွဲနေတဲ့ အချိန် ရခိုင်ပြည်သူအများဟာ တိုင်းကားပြည်ရွာ စည်ပင်သာယာအောင် ပြုလုပ်မယ့် မင်းကောင်းမင်းမွန် ရောက်လာပြီး ဆိုပြီး အလွန်ဝမ်းသာ ရွှင်လန်းကာ ကခုန်ပျော်ပါး အောင်သေအောင်သား စားသောက်ကြတယ်လို့ ရခိုင်ရာဇဝင်သစ်နဲ့ ဒေါက်တာအေးချမ်းရဲ့ ရခိုင်သမိုင်းမိတ်ဆက် (နှာ ၁၄၇) တို့မှာ ဖေါ်ပြကြပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်သူအများစုဟာ လက်ရှိရခိုင်မင်းကို စိတ်ပျက်နေကြပြီး ပြည်မက တပ်များကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြကြောင်း ပေါ်လွင်နေပါတယ်။
ရခိုင်ပြည်သူတွေကိုယ်တိုင်က လိုလားတယ်ဆိုတာ ထင်ရှားနေပါတယ်။
ဒါကြောင့်
“သာသနာ့ ဒါယကာ လောင်းလျာမှန်သော တရားမင်းမြတ် (ဘိုးတော် ဗဒုံမင်း) သည် ဝေနေယျ သတ္တဝါ အပေါင်းတို့အား သနားကရုဏာ မေတ္တာတော်သက်ခြင်း၊ ဂရုဓမ္မဖြင့် (တရားသဖြင့် ကူညီစောင့်ရှောက် လိုသဖြင့်) သိမ်းပိုက် မစတော် မူလို၍ အလောင်းမင်း အိမ်ရှေ့နန်းလျာ သားတော်အကြီးကို အုပ်ချုပ် စေလျက် . . .၊ . . . ၊ သက္ကရာဇ် တစ်ထောင့်တစ်ရာ လေးဆယ်ခြောက်ခု (အေဒီ ၁၇၈၄)တွင် ရက္ခပူရတိုင်း၊ ဓညဝတီ အမည်ရှိသော မြောက်ဦးရွှေပြည်တော်ကြီးကို သ်ိမ်းပိုက်တော်မူသည်”
လို့ ဓညဝတီအရေးတော်ပုံ နှာ ၉၈မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ဒီအပိုင်းကို နိဂုံးချုပ်ရရင် ရခိုင်ဒေသရဲ့ မတည်ငြိမ်မှု၊ သူတလူငါတမင်း ဆူပူသောင်းကျန်းမှုများ၊ ကြီးနိုင်ငယ်ညှင်း ပြဿနာများ၊ ပြည်သူများ ဆင်းရဲဒုက္ခကြီးမားမှုများ၊ ပြည်ပ ဘင်္ဂလားကုလားတို့ရဲ့ အန္တရာယ်တို့ကြောင့် ရခိုင်သားအမတ်ကြီးနှင့် အဖွဲ့ လာရောက်စစ်ပန်မှုကြောင့် ရခိုင်ဒေသကို ဘိုးတော်ဘုရားဟာ စစ်တပ်လွှတ်သိမ်းပိုက်ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်သူများ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:16


ဗမာများမှခေါ်ဝေါ်သော ရခိုင်ကိုလူမျိုးအဖြစ်မှတ်ယူထားသော ရခိုင်များနှင့် ဗမာဘုရင်ကောင်းမှုဖြင့် နန်းဆက်မပျောက်သော ရခိုင်တို့
~~~~~

သရေခေတ္တရာ ကာလကတည်းက ဗမာပိုင်နယ်နိမိတ်ထဲမှာ ကမ်းယံဆိုတာရှိပြီးသားပါ။
ရခိုင်ပြည် လေးမြို့ခေတျ နန်းစံ (၁၂) ဆက်မြောက် မင်းဘီလူးနန်းစံချိန်၌ အမတ္က ပုန္စား၏။ ထိုအခါ မင်းဘီလူး၏ သား မင်းရဲဘယနှင့် စောပေါက်ညိုတို့ အသက်အန္တရာယ်ကိုကြောက်၍ ပုဂံပြည် ကျန်စစ်သားထံပြေး ၀င်၍နေ၏။ ကျန်စစ်သားမင်းထံ အမှုထမ်း၏။ ယင်း၌ မင်းရဲဘယနှင့် စောပေါက်ညိုတို့တွင် လက်ျာမင်းနန်ဟူသော သားတစ်ယောက်၊ ရွှေဂူသာဟူသော သမီးတစ်ယောက် ထွန်းကား၏။

မင်းရဲဘယသည် ကျန်စစ်သားနန်းစံ (၄) နှစ်မှစ၍ အလောင်းစည်သူမင်းကြီးသို့တိုင် အမှုထမ်းခဲ့သည် မွာ (၃၅) နှစ်ရှိခဲ့ပါသညျ။
ရခိုင်ပြည်သို့ ပြန်ချင်ပါသော်လည်း ပြန်ခွင့်မရသောကြောင့် မသေမီ သား ဖြစ်သူကိုအမွာထား၍ သေလေ၏။ မင်းနနျ မှာဖခင်မှာထားသည့်အတိုင်းဆောင်ရွက်ခဲ့ရာ အလောင်းစည်သူမင်းကြီးက ကရုဏာသက်၍ လက်ယာမင်းနန်အား နန်းတင်ရန် သက် ဘုရင်ကို စစ်ပြုကာ နန်းတင်၏။ သက်ဘုရင်အား လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် အောင်နိုင်၍ ကမ်းယံနယ်မြေအား ပိုင်ဆိုင် ရယူသည်ကို အစွဲပြုကာ ထိုဒေသအား ရကိုင်ဟုတွင်စေ၏
နှစ်ကာလကြာညောင်းသောအခါ ရကိုင်မှ သည်ရခိုင်ဟုပြောင်းလဲခေါ်ဝေါ်လေသည်။
ဤသည်ကားဗမာဘုရင်တို့၏ ရခိုင်နယ်ပယ်အား ပြန်လည်ဩဇာခံစေခြင်းနှင့် နန်းပြန်တင်ပေးခြင်းဖြစ်၏

~~~~~
အင်းဝဘုရင်မင်းခေါင်သည် သားတော် မင်းရဲကေ်ာ်စြာအား ရခိုင်သို့ ၎င်းတို့၏ ပန်ကြားမှုအရ စစ်ချီရခြင်း

လေးမြို့ခေတ် လောင်းကြက်မြို့၌ နောက်ဆုံးဘုရင် မင်းစောမွန် အေဒီ-၁၄၀၄ ခုနှစ်တွင် နန်းတက် သည်။ မင်းစောမွန်မှာ မင်းကျင့်တရားနှင့်မညီ။ ခမည်းတော်မင်းလက်ထက်က ပညာရှိမှူးဟောင်း မတ်ဟောင်းကို ရာထူးမှရပ်စဲသည်။ မှူးဆိုးမတ်ဆိုးနှင့်ပေါင်းသည်။ ဓားလက်စားအမတ် အနန္တသိမ်မှမ စောပုညိုကိုကြိုက်၍ သိမ်းယူရာ ဓားလက်စားအမတ်ကြီးက အင်း၀မင်းဆွေမည်သော ပထမမင်းခေါင်ထံသို့ စစ်ပန်သည်။ ထိုမှ သားတော်မင်းရဲကျော်စွာဗိုလ်မှူးပြုလျက် သူရဲ(၃၀၀၀) နှင့်စစ်ချီလာပြီး လောင်းကြက်မြို့ကိုတိုက်ရာ မင်းစောမွန်မခံနိုင်။ သားမယားကိုယူဆောင်ကာ ဘင်္ဂါ (၁၂) မြို့အရပ်၌ ရှောင်တိမ်းနေလေသည်။

အင်းဝြမို့ ဘုရင်မင်းခေါင်က သမက်တော်နော်ရထာနှင့် သမီးရွှေပြည်ချမ်းသာကို လောင်းကြက်မြို့၌ နန်းတင်ပေးလေ၏

~~~~~~
ရခိုင် ျေမာက်ဦးခေတ် ၁၄၀၀ပြည့်နှစ်အကျော် ရခိုင္ဓညဝတီက မင်းဘီလူးကံတ္ကောုန်သည့်အခါ မင်းဆက်ျပတ္လို့ အင်းဝဗမာဘုရင်မင်းကြီးစွာစော်ကဲ ဆီမင်းဆက်လာတောင်းခြင်းဖြစ်၏

အင်းဝပြည့်ရှင်မှ ဦးရီးတော် စောမွန်းကြီးအား ရခိုင်ဘုရင်အဖြစ် တာဝန်ယူစေ၏
ဤသည်မှာလည်း ဗမာမင်းတို့၏ ရခိုင်အပေါ်ဂရုဏာ ထားမှုများအနက်မှ တခုဖြစ်၏

သမိုင်းတလျှောက် ရခိုငိတွေ ဗမာဆီ ပဏာဆက်ရတဲ့သက်သေတွေကို အရင်postမှာကြည့်ပါရန်။

#Photo Credit to KoChanKoWin

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:15


တလိုင်းတို့ အင်းဝနေပြည်တော်အားဖျက်ဆီးလုယက်၍ ဗမာတို့အားအကြောင်းမဲ့သတ်ဖြတ်ခြင်း
~~~~~~~~~~
အင်းဝပြည့်ရှင် သီရိပဝရ မဟာဓမ္မရာဇာ ဓိပတိဘွဲ့ခံ တနင်္ဂနွေမင်း၏ သားတော်ဖြစ်၍ ခမည်းတော်၏ အရိုက်အရာကို ၁ဝ၉၅ ခုနှစ်တွင် ဆက်ခံစိုးစံသည်။ မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ၍ လောကသရဖူဒါယကာဟူ၍လည်းကောင်း၊ ကြာသပတေးမင်းဟူ၍ လည်းကောင်း တွင်၏။ ညောင်ရမ်းခေတ် နောက်ဆုံးမင်းလည်း ဖြစ်၏။ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံမင်း(၁၇၃၃-၁၇၅၂)သည် သမိုင်းတွင် ဟံသာဝတီရောက်မင်း ဟူ၍၎င်း၊ လောကသရဖူဒါယကာမင်း ဟူ၍၎င်း ကျော်ကြားလေသည်။

နန်းတက်စဉ်အခါက သက်တော်၁၆နှစ်သာရှိသေး၏ ငယ်ရွယ်သူဖြစ်သည့်အပြင် မရည်ရွယ်ပဲမင်းဖြစ်လာရသဖြင့် တိုင်းရေးပြည်ရာ၌ စိတ်ထက်သန်ခြင်းအလျှင်းမပါ
ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ စိတ်ဝင်စား ကျွမ်းကျင်တော်မူ၏။

ထိုမင်းသည် ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ ကျွမ်းကျင်တော်မူ၏။ သို့သော် တိုင်းရေးပြည်မှုတို့ကို များစွာ ဂရုမစိုက်၊ သောက်စားပျော်ပါးမှုတို့နှင့်သာ အချိန်ကုန်တတ်၏။

ထိုမင်းသည် ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ ကျွမ်းကျင်တော်မူ၏။ သို့သော် တိုင်းရေးပြည်မှုတို့ကို များစွာ ဂရုမစိုက်၊ သောက်စားပျော်ပါးမှုတို့နှင့်သာ အချိန်ကုန်တတ်၏။
တိုင်းရေးပြည်ရာ၌ အာရုံမထားခြင်း၊ ပညာရှိမှုးမတ်တို့အား မမြှောက်စားခြင်း ၊မှုးမတ်တချို့၏သွေးထိုးမှုကြောင့် ပညာရှိတို့အား မကိုးစားခြင်း တို့အပြင် တိုင်းပြည်မငြိမ်သက်မှုအား မထိန်းနိုင်သဖြင့် လက်အောက်ခံတို့ တလိုင်း ယိုးဒယား ဇင်းမယ် ရှမ်း တို့၏ ခြားနားမှုအားရင်ဆိုင် ရလေ၏
မဏိပူရ ကသည်းတို့ကလည်း နှစ်နှစ်တကြိမ်၊ သုံးနှစ်တစ်ကြိမ် ထိုမင်းလက်ထက် ကုန်ဆုံးသည့်တိုင် အင်းဝပြည်ကြီးအား ဆက်ကာဆက်ကာ လာရောက် ထိပါး နှောက်ယှက်ခဲ့ရာ တစ်ကြိမ်တွင် အင်းဝမြို့အနီးတိုင် ရောက်လာကြပြီးလျှင် များစွာ ဖျက်ဆီးသွား ကြလေသည်။ သက္ကရာဇ် ၁၁ဝ၉ ခုနှစ်ခန့်တွင် ငစဉ့်ကိုင် အရှေ့ အုတ်ဖိုတောင်ခြေ၌နေသော ကွေ့ရှမ်းတို့သည် မိမိတို့ အကြီးအကဲ ဂုဏ္ဏအိမ်နှင့်တကွ မတ္တရာ၊ အုတ်ဖို စသော အညာမြစ်စင် တစ်လျှောက်တွင် ချထားနေထိုင်ရသော တလိုင်း တို့နှင့်ပူးပေါင်းကာ ပုန်ကန်ကြလေသည်။

ထို့ပြင် အင်းဝတွင် အားထားလောက်သည့် အမှူးအမတ်များမရှိတော့ကြောင်း ကြားလျှင် ဟံသာဝတီတလိုင်းအုပ်စုကလည်း ၁၁ဝ၁ ခုနှစ်မှ အစပြု၍ ပုန်ကုန် ခြားနားလာခဲ့ပြီး အနောက်နိုင်ငံတို့၏ အထောက်အပံ့ဖြင့် အင်းဝနေပြည်တော်ကိုပါထိပါးနှောက်ယှက်လာလေ၏

အစဦးတွင် ဟံသာဝတီမှအဝေးမြို့ဝန် အဖြစ်ရှိနေသည့် ဦးသာအောင်က တလိုင်းလူမျိုးတို့ကိုစုဆောင်းကာ ပုန်ကန်သည်။ အင်းဝမှ တပ်တစ်တပ်လွတ်ကာ နှိမ်နှင်းသည်။ သို့သော် ဟံသာဝတီရှိမွန်တို့က သူတို့မလိုလားသည့် ဦးသာအောင်ကို လုပ်ကြံလိုက်သဖြင့် ပုန်ကန်မှု ချုပ်ငြိမ်းသည်။ ထိုပုန်ကန်မှုကို စစ်ဆေးရန် တာဝန်ပေးသည့် သန်လျင်မြို့ဝန်မင်း ရဲအောင်နိုင်က ကောင်းစွာစစ်ဆေးခြင်းမရှိ တာဝန်လျော့ရဲကာ စစ်ဆေးပြီး သေဒဏ်ချရာမှစကာဒုတိယအကြိမ် ပုန်ကန်ကြသည်။

ပုန်ကန်မှုကို ဦးဆောင်ရန်အတွက် ဦးသာလှဆိုသူကို သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ဖြင့် အကြီးအမှူးတင်မြောက်ကြသည်။ ထိုစဉ်က အင်းဝမှ မဟာဓမ္မရာဇာဓိပတိမင်းလည်း အင်အားနည်းလှပြီဖြစ်၍ တပ်များစေလွှတ်နှိမ်နှင်းနိုင်ခြင်း မရှိတော့ပေ။

ထိုသို့ ဖြင့်မင်းဖြစ်လာသည့် သမိန်ထောဗုဒ္ဓကိတ္တိမှာ မင်းဖြစ်လောက်သည့် အရည်အသွေးမရှိပေ။ အချိန်ရှိသရွေ့ ဆင်ကျော့(ဆင်ဖမ်း)၍သာ နေသဖြင့် ဟံသာဝတီနန်းတွင်း၌ပင် မနေဟုဆိုသည်။ ထို့ကြောင့် ယောက္ခမဖြစ်သူ ဗညားဒလဘွဲ့ခံ ဆင်ဝန်ဦးအောင်လှက တောတွင်းသို့လိုက်ခေါ်သော်လည်း ပုန်ကန်သည်အမှတ်ဖြင့် ဇင်းမယ်သို့ ပြေးသည်။ သို့ဖြင့် အချိန်တိုအတွင်းတွင် ဟံသာဝတီ၌ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် နန်းတက်တော့သည်။

ဗြမိုင်းဓိရာဇာမှာ ရှမ်းတလိုင်း ကပြားဖြစ်၏
ဆင်မှုကျွမ်းကျင်သဖြင့် အင်းဝမင်းက ပဲခူးတွင် ဆင်ဝန်ခန့်ထားသူ ဖြစ်သည်။ နန်းတက်သည်နှင့် ညီတော်အကြီးကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့ထားကာ ကျန်ညီတော်အငယ်ကို ဗညားဒလဘွဲ့ပင်ပေး၍ စစ်ပြင်လေသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင့်ညီတော်အိမ်ရှေ့ဥပရာဇာနှင့် ညီတော် ဗညားဒလတို့ ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနှင့်တကွ ချီတက်လာပြီးလျှင် အင်းဝမြို့ကို ဝန်းရံ လုပ်ကြံသည်။ အင်းဝမှာလည်း ဆယ်နှစ်၊ ကိုးနှစ်အတွင်း နိုင်ငံ မငြိမ်မသက်ရှိ၍ ဆင်းရဲသားတို့ ဆန်ရေစပါး ပါးရှားငတ်မွတ်သည်နှင့် ရဲမက်တို့ ကောင်းစွာ မခုခံ မတိုက်ခိုက်နိုင်သဖြင့် တစ်မြို့လုံး တလိုင်းတို့လက်သို့ ရောက်ရလေသည်။ ထိုအခါ ရွှေငွေ ကျောက်သံပတ္တမြား လက်နက်များ ဖောင်ပန်း လှော်ကား ရဲလှေ သမ္ဗန် မှစ၍ မင်း၊ မိဖုရား၊ သားတော် သမီးတော်၊ မှူးမတ်၊ သူဌေး သူကြွယ် များမကျန် ပိဋကတ်စာပေများပါ တိုက်ခိုက်ဖျက်ဆီး သိမ်းယူပြီးသော် ဟံသာဝတီသို့ ဆောင်ယူလေသည်။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:15


တိုက်ခိုက်ယူငင်ရုံသာမက အင်းဝ၌ ဗမာဘုရင်အဆက်ဆက်ကောင်းမှုဖြင့်တည်ထားခဲ့သော လက်ညိုးထိုးမလွဲ ရှိခဲ့သည့် စေတီတော်ကြီးများ
ကျောင်းတော်ကြီးများပါမကျန် ဖျက်ဆီးကြသဖြင့် ပြာပုံ အုတ်ပုံဘဝသို့ကူးပြောင်းကြလေသည်။
ဗုဒ္ဓသာသနိကအဆောက်အဦးများအားမီးတင်ရှို့ခြင်း စေတီပုထိုးများအားဖျက်ဆီးကာ ဌာပနာဖောက်၍ ယူငင်ကြလေ၏
မိုးထိကျောင်း မှန်စီကျောင်း ကျီတော်အိမ်ရာတို့အား ပြန်လည်တည်ဆောက်လို့မရသည်အထိ မီးတိုက်ပြာချလေ၏

မိုးထိကျောင်းသည် "အောင်မြေစံလွတ်" ဟု သမုတ်ခါ ဘုံလေးဆင့်ဖြင့် တနင်္ဂနွေမင်းမှ ဆောက်လုပ်ခြင်းဖြစ်သော်လည်း မိုးထိ အမည်သာ တွင်ပါသည် ထိုခေတ်အခါက မြင့်မားခမ်းနားထည်ဝါသည့် ကျောင်းတော်ကြီးဖြစ်ပါည်။
ဌာပနာပေါက်သည့်အထဲ၌ ဝမ်းနည်းဖွယ်ပင် အာနန္ဒာဘုရားကြီးပါ ပါဝင်ခဲ့ပြီး လှည်းတစီးဝင်နိုင်သည့်အပေါက်ကြီးအား ဖောက်ကာ ယူငင်ခဲ့ကြခြင်းဖြစ်ပေသည်

အင်းဝအရှင် ဟံသာဝတီသို့ပါလျှင် မုဆိုးဘိုရွာသူကြီး ဦအောင်ဇေယျသည် မုဆိုးဘိုနှင့့်အနီးတဝိုက်ရှိ ဗမာတို့အား စုစည်းကာ ခုခံရတော့၏

အင်းဝအရှင်အား ဖမ်းဆီးခေါ်ဆောင်ပြီးနောက် တလိုင်းတို့သည် အရပ်ဒေသအသီးအား သစ္စာခံစေရာ မုဆိုးပိုသို့လည်းရောက်ရှိလာပေသည်။
လာရောက်သစ္စာခံစေသောအဖွဲ့သည် ဗမာတို့အား နိုင့်ထက်စီးနင်းပြုကျင့်သည့်အပြင် ကွေ့ဂုဏ္ဏအိမ်က လွှတ်သော အဖွဲ့လည်း ရောက်လာ၍ သစ္စာခံစေပြန်သည်။ နိုင်ထက်စီးနင်းကျင့်ပြန်လေသည်။
ထိုသူတို့သည် သံအဖွဲ့မဟုတ်ပါ တလိုင်းမင်း၏
သစ္စာကို လာရောက်ခံစေသူများသာ ဖြစ်ပေသည်
ထိုသို့ နိုင်ထက်စီးနင်း လာရောက်သစ္စာခံစေသော ၂ ဖွဲ့မှ တလိုင်းတို့ကို ဦးအောင်ဇေယျ လုပ်ကြံပစ်ရတော့၏

တလိုင်းဥပရာဇာမှ မြိတ်ထားဝယ်အားတိုင်ခိုက်ရန် ပြန်သွားကာ အင်းဝ၌ အစောင့်အဖြစ် တလိုင်းစစ်သူကြီး တလပန်းအား ထားရစ်လေ၏

ဦးအောင်ဇေယျမှာ တလပန်း၏ရန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းဖြစ် ကုန်းဘောင် တတိယမြန်မာအင်ပါယာအား စတင်ကာအုတ်မြစ်ချလေ၏

ဦးအောင်ဇေယျလည်း ထန်းလုံးခံတပ်ဖြင့် အခိုင်အမာနေသည်ကို တလပန်း တို့သိသော်
"ရတနာပူရအဝတောင် ငါတို့လက်မှ မခံနိုင်သည်ကို {တိုက်ခိုက်မှုကို မခံနိုင်သည်ကို} ထန်းလုံးတပ်ငယ်တစ်ခု အားကိုးအားထားပြုသော မုဆိုးဘိုက သစ္စာမခံသေး သင်းတို့ သစ္စာမခံသော် ပုခက်တွင်းမကျန်ကုန်စင်အောင်သတ်လေ" ဆိုပြိး တလိုင်းစစ်အင်အား ၃၀၀၀ကို လက်နက်အပြည့်အစုံနဲ့လွှတ်လိုက်လေသည်။
မုဆိုးဘို ၄၆ရွာသားများစုစည်းက လူအင်အား ၂၀၀၀ကျော်မျှဖြင့် ခုခံရလေသည်။

အဲဒီတပ်ကို မုဆိုးဘိုရွာထိပ်မှာတင် ဗမာတွေက လက်ဝဲလက်ယာမြင်း ၁၀၀စီ တင်ကျည်းစွဲ ၅၀၀ သေနတ်စွဲ ၅၀၀နဲ့ ချုံခိုတိုက်ပြီး ပြန်လည်ခုခံရာ အင်းဝကို အသက်ရှင်လျက်ပြန်ရောက်သော တလိုင်းတစ်ရာပင် မပြည့်ပေ။
တလပန်းလဲ သံလျင်ဝန်ကို အကြီးခန့်ပြီး အင်အား လေးသောင်းခွဲနဲ့ မုဆိုးဘိုကို ထပ်မံလုပ်ကြံပြန်ရာ အရာမထင်ပေ။ သံလျင်ဝန်ကျဆုံးကာ အင်းဝ တပ်ဆွဲရာဆီပြန်ဆုတ်ခွာရလေသည်

မုဆိုးဘိုမှတဆင့် ခုခံရင်း အင်းဝမြို့ကိုပါ ပြန်လည်သိမ်းပိုက်မိလေသော် တလိုင်းတို့မှ စစ်အင်အား ၃သိန်းဖြင့် "ယောကျာ်းမှန်သမျှ ပုခက်တွင်းမကျန် အကုန်သတ် "အမိန့်ဖြင့် ထပ်မံတိုက်ခိုင်လေသည်
လမ်းတလျှောက်ရှိရာ ဗမာတို့သုတ်သင်ခံရမည်မှာမလွဲပင်ရှိချေ၏

ယင်းတိုက်ပွဲအား ဒုတိယအင်းဝတိုက်ပွဲ ဟုခေါ်ဆိုစမှတ်ပြုကြ၏ တလိုင်းတို့ အရှုံးနှင့်ပင် ပြန်လည်ဆုတ်ခွာသွားရလေသည်

ရှုံနိမ့်မှုကြောင့် အခဲမကြေနိုင်ရှိကြလေသည်။ အခွင့်ကောင်းကိုစောင့်ကာ ဗမာတို့အား သတ်ဖြတ်ရန်စောင့်နေလေသည်။

သို့သော် တနေ့၌ တလိုင်းတို့ထံ၌ ဖမ်းဆီးထိန်းသိမ်းမှုခံရသော အင်းဝပြည့်ရှင်သည် ငါးလင်ပန်းဆားနယ်တစ်ကောင်သည် ခေါင်းကလျောကျ ပုပ်ပွကာ သေဆုံးနေသော်လည်း အမြှီးပိုင်းမှာ ဖျက်ဖျက်ခုန်ကာ လှုပ်လျက်ရှိသည်ဟူသော အဖြစ်ထူးကို မြင်သော် ဝါသနာအလျောက် နိမိတ်ဖတ်လေသည်။ “ငါးကို ငါတို့ဗမာ(မြန်မာ)ဟု ယူရမည်။ ခေါင်းသေနေပြီဆိုသဖြင့် အကြီးအကဲဖြစ်သော ငါ့မှာ ရန်သူလက်တွင်းတွင် နေရသည်။ သို့သော် ကိုယ်အမြှီးမှာ လှုပ်ရှားရှင်သန်နေသည်ကို ထောက်လျှင် မိမိတို့ ဗမာအမျိုးသားတို့မှာ ခေါင်းဆောင်ကောင်းနှင့် တွေ့လျှင် ပြန်လည်ထူထောင်နိုင်မည့် နိမိတ်ပင်ဖြစ်သည်။” ဟု ရေရွတ်နိမိတ်ဖတ်လေသည် ထိုသည်ကိုပင် အကြောင်းပြ၍ အကျယ်ချုပ်ချလေသည်။

အဲဒီလို အကျယ်ချုပ်ချခံရ ခြင်း အား မြို့ကြီးမင်းသမီးသိသော် တနေ့မဟုတ်တနေ့ အသတ်ခံရမည်အားသိကာ ယုံကြည့်ရသူနှင့်တိုင်ပင်ကာ ဟံသာဝတီဘုရင်ကိုလုပ်ကြံ ပြီး ထွက်ပြေးရန်စီစဉ်လေသည်
ထိုကိစ္စပေါက်ကြားရာမှ အင်းဝအမှုထမ်း ၁၀၀၀ ကျော် သတ်ဖြတ်ခံရကာ အင်းဝမင်းဆွေမင်းမျိုးများပါ သတ်ခံရလေ၏။ အမှုထမ်းအနည်းအကျဉ်းသာ ကျန်ရစ်ခါ ထိုသူများမှာလည်း မုတ္တမသို့ပို့ဆောင်ကာ သုတ်သင်ခံရသလို ထွက်ပြေးနိုင်သူများလည်းရှိ၏။

အင်းဝမင်းညီတော် မင်းရဲကျော်စွာ နှမငယ် မြေဒူးမိဖုရား သားတော် စလင်းမင်းသား သမီးတော် မြို့ကြီးမင်းသမီး အတွင်းဝန် နော်ရထာကျော်ထင် တို့ကို မင်းမျိုးနွယ်တွေရဲ့ ထုံးစံနဲ့အညီမစီရင်ပဲ သွေးထွက်သံယိုစီရင်ကာ အင်းဝမင်းတစ်ယောက်တည်းကိုသာ ၁၇၅၄ခုနှစ်၌ ထနောင်းပင်ဆိပ် စည်တီးအရပ်မှာ ရေချသုတ်သင်လေသည်

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:15


အင်းဝမှ ဖမ်းဆီးလာသူများအား အစုလိုက် အပြုံလိုက် သတ်သည့်အပြင် အောက်ပြည်နေထိုင်သော ဗမာတွေကို ပါမယုံကြည်ရဘူးဆိုပြီး သျှောင်ထုံးခွင့်မပေး ဆံဖြတ်ခိုင်းကာ တလိုင်းဆံပင်ပုံစံထားခိုင်းလေသည်
ထိုမျှမကသေး အောက်ပြည်မှာရှိတဲ့ ဗမာတွေအား ဗမာမှန်းသိသာစေရန် နား၌ ဟံသာဝတီအိမ်ရှေ့ဥပရာဇာရဲ့တံဆိပ် နှိပ်ထားတဲ့ ချိပ်ကို နားကပ်လိုပန်ဆင်ခိုင်းကာ ဗမာများအားခွဲ ခြားဆက်ဆံလေ၏{နာဇီတွေထပ် တလိုင်းတွေက အရင်လုပ်ခဲ့တာနော် ဘယ်လောက်ထိယုတ်မာလည်းမမေးနဲ့}
ထို့အပြင်သန်သန်မာမာ အရွယ်ကောင်း ဗမာ ၁၀၀၀စု ၂၀၀၀စု ၃၀၀၀စု အစုအဖွဲ့များ စုစည်းစေပြီး ဆားချက်ရန် ဟုအကြောင်းပြကာ ခေါ်ဆောင်စေပြီး မုတ္တမသို့ရောက်လျှင် ဗမာများကို စည်လှောင်ပြီးသတ်တာလေ တော့၏

ထိုသတင်းအား အခြားဒေသမှ ဗမာများ မသိအောင် သတင်းမပြန့်ရန် ကြိုးပမ်းလေ၏
သုိ့သော် ထွက်ပြေးလာသူ၏ပြောကြားချက်ကြောင့် မြေလတ်ဒေသတစ်ခွင်မှာ ရှိတဲ့ ဗမာအကြီးအကဲတွေ ဟံသာဝတီ၌နေထိုင်ကုန်သော ဗမာတို့ အကြောင်းမဲ့သတ်ဖြတ်မှုအားသိရှိရလေသည်

ထိုသောအခါ မနေသာသော အလောင်းမင်း တရားကြီးမှာ တလိုင်းတို့အား တန်ပြန်တိုက်စစ်ဖွင့်ကာ နှိမ်နင်းလေတော့၏
အင်းဝ၊ ပြည်၊ သန်လျင်၊နှင့်အခြား စစ်ပွဲများအောင်ပွဲရကာ တလိုင်းမြို့ရိုးအား ဝန်းရံထားဆလသည် ။ ထိုစဉ် ဂုဏ္ဏအိမ်နှင့် အထွတ်အထိပ်မရောက်မီကာလကရန်ဘက် ဘုရင်ဖြစ်ရန် လုံးပမ်းကြသူချင်းတူခင်ဦးစား ငချစ်ညိုတို့အား အငြိုးအတေးမရှိ သစ္စာခံအမှုထမ်းရန် စာပို့ အကြောင်းကြားခဲ့၏။
ဂုဏ္ဏအိမ်ရော ငချစ်ညိုရောမှာ လူစွမ်းလူစ ရှိကြပြီးဟနောက်လိုက်နောက်ပါ အတန်အသင့်ရှိကြသူများဟဖြစ်ပေရာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အဖိုးတန်မည့်သူများဖြစ်မှန်းသိသည့် အလောင်း မင်းတရားကြီး၏ ကမ်းလှမ်းမှု သစ္စာခံစေမှုကို၂ ဦးလုံးက ငြင်းပယ်၍ တလိုင်းတို့ဘက်ကိုသာ သစ္စာခံ၍ မြန်မာတို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။သို့သော် ထိုသူတို့ ၂ ဦးစလုံးသည် ၎င်းတို့ယုံကြည်သည့် တလိုင်းတို့လက်ချက်ဖြင့်ပင် နိဂုံးချုပ်ရလေသည်

ဟံသာဝတီကို ဝန်းရံထားစဉ် တလိုင်းမင်းက သံဃာတို့အား စေလွှတ်၍ စစ်ပြေ ငြိမ်း တပ်ရုပ်သိမ်းရန် စေ့စပ်ကမ်းလှမ်းမှုကို အလောင်းမင်းတရားက
"တလိုင်းတို့နှင့်တိုက်ရသည်မှာ အမြတ်မရှိ၊ အရှုံးသာရှိသည်" ဟု ဆို၍ ကမ်းလှမ်းမှူ့အား ငြင်းပယ်လေသော် တလိုင်းမင်း မှသမီးတော်ကိုအလောင်းမင်း တရားထံ ပို့လွှတ်ဆက်သလေသည်။

ထိုသို့ စစ်ပြေ ငြိမ်းတော့မည်ဆဲဆဲတွင်မှ
တလပန်းဦးဆောင်သော တလိုင်း/မွန် အမတ်တို့က ၎င်းတို့တင်မြှောက်ထားသည့် တလိုင်းဘုရင်ကို နန်းကချ၍ မြို့တံခါးပိတ် တိုက်ခိုက်ပြန်တော့၏။

မြို့ပြင်က တလိုင်းတို့မှာ ယိုးဒယားသို့ အလုံးအရင်းဖြင့် ထွက်ပြေးခိုလှုံသွားကြသည်ဖြစ်ရာ ပဲကူး မြို့တွင်းရှိ မွန်တို့သာ လျှင် ကျန်သည်ဖြစ်ပေသည်။

နောက်ဆုံး၌ မြန်မာပြည့်ရှင် အလောင်းမင်းတရားကြီးသည် တလိုင်းတို့အား အလုံးစုံ အောင်နိုင်ကာ တတိယမြန်မာနိုင်ငံတော်ကြီးအားထူထောင်နိုင်တော့၏

ထိုကာလအတွင်း တလိုင်းတို့ကြောင့် သေကျေပျက်စီးရသူဗမာဦးရေ သိန်းဂဏန်းချီပျက်စီးရလေ၏

BY OPB
ကိုးကား
#စစ်မှတ်တမ်း
#ဆရာနေရဲဒွေး
#ကုန်းဘောင်ရာဇဝင်
#စွယ်စုံကျမ်း
#အရေးတော်ပုံ

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:14


The Checkmate 🍁

ဖိုးထူးပမ်း ကြက်ပမ်းစစ်ပွဲကြီးကတော့ တစ်နှစ်
ကျော်လာပြီဖြစ်တဲ့အလျောက် တစ်ဖက်ကလည်း
နစက လက်ထက် လက်လွှတ်လိုက်ရတဲ့ နယ်မြေ
တွေကို မြေပုံနှင့် တကွ ထုတ်ထုတ်ပြပြီး ဂုဏ်ဆာ
ကြပါတယ်။ မေးစရာရှိပါတယ်။
ဒီတော့ ဘာဖြစ်လဲ။ ဘာဆက်ဖြစ်မှာလဲ။
ဆက်ကြေးကောက်ရုံအပြင် နောက်ထပ်
ဘာဆက်ဖြစ်မှာလဲ။

သူပုန်တွေ ရည်မှန်းတဲ့ ခွဲထွက်ခွင့်၊ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ဆိုတာ စစ်တိုက်ယူရတာ မဟုတ်ဘူး။
စစ်တိုက် နယ်မြေသိမ်းပြီး လုပ်နိုင်တာ ဘာမှ မရှိ
ဘူး။ အထူးသဖြင့် ကိုယ်စီလက်နက်ကိုင်ထားတဲ့
အုပ်စုတွေ အတွက် နယ်မြေဝေခြမ်းရေးဟာ ထင်
တာထက် ခက်ကြောင်း ထောက်ပြလိုပါတယ်။
တချို့ကို ရွေးထုတ် ထောက်ပြရရင် -

၁။ နယ်နိမိတ်

ပထမ စစချင်းမှာကို နယ်မြေလုကြတာက စပြီး
ပြဿနာတက်မှာပါ။ အစိုးရနဲ့ စားပွဲဝိုင်းမှာ တရား
ဝင်ဆွေးနွေးတာတောင်မှ အတ္တများရင် များသလို
ဘောင်ကျော်ပြီး အဖြေမထွက်တာဟာ အဲဒီ နယ်
နိမိတ်ပဲ။ ပိုင်နက် သတ်မှတ်တဲ့နေရာမှာ အားကြီး
တဲ့ သူပုန်က စိတ်ကြိုက် ဝေစု ရမယ် ဆိုရင် ဝေစု
အရနည်းတဲ့ ကောင်က လူသူ လက်နက် ထပ်စု
ဆောင်းပြီး ပြန်ပုန်ကန်လို့ အတော မသတ်နိုင်တဲ့
စစ်နွံထဲ ကျကြမှာဖြစ်ပါတယ်။

အစိုးရ စစ်တပ်တွေကို စစ်ရေးအရ တိုက်ထုတ်
လိုက်တယ် ဆိုတာက အစ မပြီးဆုံးနိုင်သော စစ်ပွဲ
တွေရဲ့အစပဲ။ အဲဒီပိုင်နက်နယ်နိမိတ် သတ်မှတ်တဲ့
နေရာမှာလည်း သမိုင်းကြောင်းနဲ့ လူဦးရေအချိုးအ
စား သဘာဝ သယံဇာတတွေနဲ့ စီးပွားရေး အချက်
အချာကျတဲ့မြို့တွေကို Focus ထားပြီး ထပ်လုကြ
ဦးမယ်ဆိုရင် မြန်မာ တစ်ပြည်လုံး တစ်မြို့မှ
အကောင်းအတိုင်းကျန်မှာမဟုတ်ပါဘူး။ ပိုဆိုးတာ
က လက်ရှိ ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေမှာ အစိုး
ရ စစ်တပ် (တပ်မတော်) ကို ဘုံရန်သူ လိုသဘော
ထားပြီး စုပေါင်းစပ်ပေါင်းရှယ်ယာဝင်တိုက်နေသလို
ဖြစ်နေတယ်။
ဝေခြမ်းရေးကျ သေချာပေါက် ခက်ကြပါလိမ့်မယ်။

၂။ Legitimacy

ဒုတိယခက်မှာက Legitimacy ပါ။ သူတို့လိုချင်
တဲ့ နယ်တွေကိုတရားဝင်ဖြစ်အောင်ဥပဒေကြောင်း
အရ ဆွေးနွေးရမှာပါ။ နစက က ဖိတ်ခေါ်နေတာက
လည်း ရူးနေလို့မဟုတ်ပါဘူး။ သူပုန်တွေရဲ့ အရည်
မရ အဖတ်မရစစ်ပွဲတွေဟာ အစိုးရတစ်ရပ် ပြောင်း
သွားရလောက်တဲ့ထိ ဖြစ်မလာမှန်း သိလို့ ဖိတ်ခေါ်
နေတာပါ။ လောလောဆယ်တော့ စစ်တပ်က စစ်ရှုံး
သလိုဖြစ်နေတဲ့ အတွက် လှောင်လို့ကောင်းနေကြ
တာပေါ့။ ‌မေးစရာက သူပုန်တွေကရော ရာနှုန်းပြည့်
အစိုးရ တစ်ရပ်ဖွဲ့နိုင်မှာလား။ ဘယ်မှာလဲ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ၊ ဘယ်မှာလဲ ပြည်လုံးကျွတ် ဆန္ဒခံ
ယူပွဲ၊ ဘယ်မှာလဲ လွှတ်တော်...
အဲဒီအစိုးရအဖွဲ့ကို နိုင်ငံတကာက အသိ အမှတ်ပြု
ဖို့ သံခင်းတမန်ခင်းတွေဆိုတာက အဝေးကြီးမှာပါ။
လောက်လောက်လားလား အစားထိုး အစိုးရတ
စ်ရပ် ရှိမှာလား။ ရှိနိုင်လောက်လား။

သေချာတာက မရှိပါဘူး။ သူပုန်မှာ အဲဒီလောက်
ယုံကြည်ချက်မရှိသလို ကိုယ့်ကိုကိုယ် အစိုးရပါ လို့
အော်နေတဲ့ ပြည်ပြေးတွေနဲ့လည်း အစေး မကပ်လှ
ဘူး။ တော်ကြာ MSS က အမုန်းခံ ဖော်ထား ရတဲ့
ဒီစစ်ပွဲကို CIA က ကောက်စားသွားတယ်ဆိုလည်း
လူကြားလို့မကောင်းပါဘူး။ ဒီတော့ ဒီစစ်ပွဲက
ဘာမှဖြစ်လာမှာကို မဟုတ်ဘူး။

၃။ ခွဲထွက်ခွင့်

အိပ်မက်တောင် မမက်သင့်တဲ့အရာဟာ
ခွဲထွက်ခွင့် ဖြစ်ပါတယ်။ လောဘကြီးပြီး နိုင်ငံရေး
အရ လက်ဝါးကြီး အုပ်ချင်လို့ ခွဲထွက်ခွင့် မပြုတာ
မဟုတ်ဘဲ ပထဝီ နိုင်ငံရေး အရ လုံခြုံမှု မရှိလို့ကို
ကျွန်တော်တို့အနေနဲ့ ပေါင်းစည်းထားရတာဖြစ်ပါ
တယ်။ အခု သွေးကြွနေတဲ့ ရခိုင်အကြမ်းဖက်တွေ
လည်း ဒီလိုပါပဲ။ မီးကျိုးမောင်းပျက် တိုင်းရင်းသား
အကြမ်းဖက်အဖွဲ့လောက်ကို ဘင်္ဂလားဒေ့ရ်ှအခြေ
စိုက် မူဂျာဟစ်တွေက သာသာ ယာယာ ချေ မှုန်း
ကောက်စားသွား နိုင်ပါတယ်။ လူလှိုင်းနဲ့ ဖိရုံနဲ့တင်
ရခိုင်ဆိုတာပျောက်ပြီး Greater Bangladesh
ကြီး ပေါ်လာမှာဖြစ်တယ်။ ရခိုင်မှမဟုတ်ဘူး။ ဘယ်
တိုင်းရင်းသား နယ် မဆို ခွဲထွက်တာနဲ့ တပြိုင်နက်
အိမ်နီးချင်းတွေရဲ့ ဝါးမြိုတာကို ခံရမှာပါ။
ပါဝါဂိမ်းဟာ သူပုန်အဆင့်လောက်နဲ့ ဝင်ကစားရ
မယ့်အရာကို မဟုတ်ဘူး။

ရခိုင်ကတော့ လုံးဝ ခွဲထွက်ဖို့ ရည်မှန်းထားသည့်
အလား မိန်းမနဲ့ ကလေးတွေကို မြန်မာတွေရှိရာဆီ
စစ်ရှောင်စေပြီး ရှိသမျှ ယောက်ျားတွေ အကုန် စစ်
တိုက်နေပါတယ်။ သုံ့ပန်းတွေအပေါ် စစ်ရာဇဝတ်မှု
ကျူးလွန်တဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့လာနေတယ်။
အညံ့ဖျင်းဆုံးနဲ့ ဉာဏ်အနည်းဆုံးလုပ်ရပ်ပါပဲ။
မုတ်သုံရာသီမှာ ဆိုက်ကလုန်းတွေ ဝင်တဲ့ အခါ
လည်း ကိုယ်တိုင်ရပ်တည်နိုင်ကြပါစေ လို့
မျှော်လင့်ပါတယ်။

စာရှည်သွားမှာစိုးလို့ ဒီသုံးချက်လောက်ကိုပဲ
ထုတ်ပြတာပါ။ ဒီသုံးချက်မှ ဖြစ်မလာရင်
မေးပါရစေ... ဒီစစ်က ဘာလုပ်ဖို့လဲ။

ပွင့်ပွင့် လင်းလင်းပြော ရရင်တော့ ဘာတိုင်းပြည်
အကျိုး၊ ဘာ ဒီမိုကရေစီ ဘာဖက်ဒရယ်မှ မဟုတ်
ဘဲ စေတနာမမှန် ဉာဏ်နည်းတဲ့တရုတ်နဲ့ ကောက်
ကျစ်တဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှုသက်သက်ပဲ။

မြန်မာ့သမိုင်းနှင့် သုတစုံ

01 Jan, 08:14


နဂိုကတည်းကဆင်းရဲတဲ့တိုင်းပြည်ဟာ လူဦးရေပါ
နည်းသွားမယ်။ အရွယ်ကောင်းမျိုးဆက်တွေဆုံးရှုံး
ရတဲ့အခါ လုပ်သားရှားပါးမှုပြဿနာဖြစ်လာမယ်။
ဒီထဲကမှ သူတို့ အတွက် အကျိုးရတာ ဆိုရင်တော့
မြန်မာစစ်တပ်ကို အားနည်းအောင်တော့ လုပ်လိုက်
နိုင်ပါတယ် ။ တပ် တွင်း သံသယဖြစ်မှုတွေ ဖြစ်လာ
အောင် ရည်ရွယ်ချက်ရှိရှိ မီးထိုးပေးနေကြတယ်။

ဘာမှဖြစ်လာမှာမဟုတ်ဘဲ စစ်နိုင်ရုံနဲ့တင် ပြဿနာ
တစ်ဝက်လောက် ပြေလည်သွားမယ့် အနေအထား
မို့ တပ်တွင်းစည်းလုံးညီညွတ်မှုနဲ့ အောင်စိတ်ကိုပြန်
လိုချင်ရင် စစ်အနိုင်တိုက်ဖို့လိုပါတယ်။ တပ်မတော်
ရဲ့ ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ခြင်းကသာ ကျ
ဆုံးလေပြီးသော တပ်မတော်သားတို့ရဲ့
ကျေးဇူးသစ္စာကို စောင့်သိရိုသေတာပါပဲ။

တပ်မတော်ကြီး အောင်ပွဲရမယ့်နေ့ပေါ့...
အဲဒီနေ့က လုံးဝ Checkmate ပါပဲ။
ကံကောင်းပါစေ

သန့်နေစိုး (29. Dec. 2024)
https://www.facebook.com/100028543822816/posts/1442325133395600/

မြန်မာ့သမိုင်းနှင့် သုတစုံ

28 Dec, 08:35


ပြောင်းလဲရမယ့် ပြစ်မှု / ပြစ်ဒဏ်
==========================

အမေရိကန်မှာ ဆယ်ကျော်သက် လူငယ် ၃ ဦးက အဖွားကြီး ၁ ဦးကို ငွေလုယူပြီး အရှိန်နဲ့ မောင်းလာတဲ့ ကားရှေ့ကို ရက်ရက်စက်စက် တွန်းထိုးထည့်လို့ သေသွားရတယ် ။ တရားသူကြီးက အဲဒီ တရားခံတွေကို ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချလိုက်တယ် ။ တရားသူကြီးရဲ့ မှတ်ချက်က....

'' လူငယ်ဘဝမှာတောင် လူမဆန်တဲ့ စိတ်နဲ့ ရက်စက်တဲ့ နှလုံးသားကြောင့် လူ့ဝန်းကျင်မှာ ထားနေရင် လူတွေကို ဆက်လက် ဒုက္ခပေးနေမှာမို့ သေခါနီးထိ ထောင်ထဲပဲ ထားရမယ့် သူတွေမို့ပဲ '' တဲ့ ။

ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ အဲဒီလို လူ့လောကထဲ အတူမထားသင့်တော့တဲ့ လူယုတ်မာတွေ အင်မတန် ပွားများနေတာ မမြင်ချင် အဆုံး ဖြစ်နေပါပြီ ။

ဘာကြောင့်လဲ ဆိုတော့ ပြစ်မှု နဲ့ ပြစ်ဒဏ်က အင်မတန်ပေါ့ပျက်ပျက် ဖြစ်နေလို့ပါပဲ ။ ဒီတော့ သူခိုး ဒါးပြတွေ မူးယစ်ဆေးသမားတွေ ဥပဒေကို လုံးဝ မကြောက်ကြတော့ပါဘူး ။

ခိုးခြင်း လုခြင်း မူးယစ်ဆေးရောင်းဝယ်ခြင်းတွေကို မိသားစုလိုက် လုပ်စားလာကြပါပြီ ။ ကိုယ်တွေ့တွေ ပြောနေတာပါ ။ အင်းစိန်ထောင်ထဲမှာ ဝင်ထွက်နေကြတဲ့ အဲလို မိသားစုတွေ ခုထိ တွေ့နေရတုန်းပါပဲ ။

သူတို့က တယောက်ထောင်ကျရင် ကျန်တဲ့သူတွေက ဆက်လက် ခိုးဝှက် လုယက် မူးယစ်ရောင်းဝယ် လုပ်ကြရင်း ထောင်ကျနေသူအတွက် လိုလေသေးမရှိ ထောက်ပံ့ကြပါတယ် ။ ထောင်ဆိုတာက ငွေ တတ်နိုင်ရင် ဘုရင်တဆူလို ဇိမ်ကျကျ နေလို့ ရပါတယ် ။

ဒီတော့ ရာဇဝတ်သား ထောင်ကျတွေအတွက် ပြင်ပက ထောက်ပံ့နိုင်သရွေ့ ထောင်ဟာ ကြယ်ငါးပွင့် ဟိုတယ်အလား ပါပဲ ။ ဒီကြားထဲ မကြာမကြာ ပေးနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့်လည်း အတော်လေးကို ရာဇဝတ်မှု ကျူးလွန်လို့ ကောင်းတဲ့ တိုင်းပြည် ဖြစ်နေပါတယ် ။

ဒီတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ရာဇသတ်ကြီး ပုဒ်မ များနဲ့ ပြစ်ဒဏ်များကို အမြန်ဆုံး အရေးပေါ် ပြင်ဆင် ပြဌာန်းသင့်ပါပြီ ။ စစ်အုပ်ချုပ်ရေးကာလမှာ ပြင်ဆင်သင့်တဲ့ ဥပဒေအတွက် လွှတ်တော် ခေါ်စရာမလိုပါဘူး ။ လွယ်လွယ်လေး ပြင်လို့ ရပါတယ် ။

ဥပမာ...... ခိုးမှု ပထမအကြိမ် ထောင် ၂ နှစ် ( ယခု ပြစ်ဒဏ်) ဒုတိယအကြိမ် ၁၀ နှစ် ၊ တတိယအကြိမ် ထောင်တသက် ( ဖြည့်စွက်သင့်သော ဥပဒေ) ၊
လုယက်မှု ၊ ဒါးပြမှု ၊ မူးယစ်ရောင်းဝယ်မှု တွေကိုလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ကျူးလွန်တဲ့ အကြိမ်ရေနဲ့အမျှ တိုးမြှင့် ချမှတ်ပေးသင့်ပါတယ် ။

လွတ်ငြိမ်းဆိုရင် ထိပ်ဆုံးက ပါနေတာ ခိုးဆိုး လုယက် ဒါးပြ မူးယစ်တွေ များနေတာလည်း ဆင်ခြင်သင့်ပါပြီ ။

ရန်ကုန် မန္တလေးလို မြို့မျိုးတွေမှာ ဒါးမြမှုတွေ လုယက်မှုတွေ များပြားနေတာ ရှက်စရာပါပဲ ။ မန္တလေးဆိုရင် မိန်းကလေးတဦးတည်း ဆိုင်ကယ်စီးမသွားရဲလောက်အောင် သောင်းကျန်းနေပါတယ် ။

သိပ်ရှက်စရာကောင်းတဲ့ အုပ်ချုပ်ရေးပါပဲ ။ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိတဲ့ အုပ်ချုပ်သူတွေဟာ အရှက်တရား ကင်းမဲ့နေကြပါတယ် ။ ရယူသင့်တဲ့ အခွင့်အရေး ကော မရယူသင့်တဲ့ အခွင့်အရေးရော အကြိုအကြားမကျန် ရယူခံစားနေကြတဲ့ အုပ်ချုပ်သူများ အရှက်ရှိသင့်ပါပြီ ။

ပြည်သူတွေက ငတ်ပြတ်နေကြတဲ့ ကြားထဲက အစိုးရကို အခွန်အခတွေ ပေးဆောင်နေကြတာ ပြည်သူတွေကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ် ။ ခင်ဗျားတို့ ဂေါက်ရိုက် ဖာချ KTV သွားဖို့ မဟုတ်ပါဘူး ။ ကိုယ့်တာဝန်ကို သိကြပါ ။

နစက အနေနဲ့လည်း ဒေသဆိုင်ရာ အုပ်ချုပ်သူတွေကို တာဝန်ယူတတ်ဖို့ ဥပဒေသစ် ပြဌာန်းပေးဖို့ တောင်းဆိုပါတယ် ။ ခိုးမှု လုယက်မှု လူသတ်မှု အတွက် တရားခံ မဖော်နိုင်ရင် နယ်ထိန်းကနေ ထွေအုပ်ထိ စုပေါင်းပြီး နစ်နာသူအား ပေးလျှော်စေရန် ဥပဒေသစ် ထုတ်ပြန်သင့်ပါတယ် ။

ဒီဥပဒေက မြန်မာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့ဖူးပါတယ် ။ ဥပမာ ကုန်းဘောင်မင်းဆက်တုန်းက ....
'' အခွန်ကောက်ပြီး အခွန်ထမ်း ပြည်သူအား ပြန်မကြည့်သည့် မင်းမှုထမ်းအား သတ်စေ ''
( စာသံပေသံကတော့ သစ်သီးစားပြီး ငှက်ကဲ့သို့ ပျံထွက်သွားသော မင်းမှုထမ်းအား ကွပ်စေ ဘာညာ ပေါ့)

'' နောက်တခု မိမိအပိုင်နယ်အတွင်း လူသတ်မှု မဖော်နိုင်ရင် ကျန်ရစ်သူမိသားစုအား သူကြီးမှ ငွေ ၆ ပိဿာ လျှော်စေ ''

'' မိမိနယ်မဟုတ်သောကြောင့် မတရားမှုအား ဝင်မတားမြစ်သည့် သူကြီးအား ဒဏ်ကြေးပေးဆောင်စေ ''

ဒါကြောင့် နစက အနေနဲ့လည်း.....

- ရာဇဝတ်မှုကျုးလွန်သူတွေကို မိအောင် ဖမ်းခိုင်းပါ ၊ မမိရင် တာဝန်ရှိသူ အဆင့်ဆင့်အား ခွဲတမ်းကျ လျှော်ကြေးပေးစေရန် စီမံပေးကြပါ ။

- ဖမ်းဆီးရမိတဲ့ ရာဇဝတ်သားများအား ပြင်းထန်သော ပြစ်ဒဏ်များ ပြင်ဆင်သတ်မှတ်ပြီး လျှော့ရက်မရှိ လွတ်ငြိမ်း
မပေးပဲ လူ့ဝန်းကျင်ပြင်ပသို့ နှစ်ရှည်လများ ထုတ်ထားပါ ။

နစက အနေနဲ့ ဒီ ၂ ချက်ပဲ ထိထိရောက်ရောက် လုပ်ကြည့်ပါ ရာဇဝတ်မှုတွေ 60 % ထက်မနည်း ချက်ခြင်း လျှော့ကျသွားပါလိမ့်မယ် ။ လုပ်ချင် အလွယ်လေး မလုပ်ချင် တသက်ဝေးပါပဲ ။

ကိုရွှေမျိုးဝင်း

မြန်မာ့သမိုင်းနှင့် သုတစုံ

28 Dec, 08:33


🔥💩ဝမ်းချုပ် စေတဲ့ အကြောင်းရင်း (၁၁) မျိုး

💦ရေသောက်နည်းရင်၊ အသီးအရွက်
သိပ်မစားရင် ဝမ်းချုပ် တယ် လို့ ပြောလေ့ရှိကြပါတယ်။

🔥ကောက်ညှင်းစားရင်၊ အပူအပုပ်များရင်လည်း ဝမ်းချုပ်မယ်တဲ့။

ဒါပေမယ့် ဒီလို လူသိများတဲ့အရာတွေထက် နောက်ထပ် တခြား အကြောင်းရင်း တွေ ရှိနေနိုင်တယ် ဆိုတာရော သင်သိပြီးပြီလား။

ဒါတွေကြောင့် ဝမ်းချုပ်စေနိုင်တယ်ဆိုတာ လူသိနည်းပါတယ် 👇

🔥(၁) အူရောဂါ

- အူရောဂါဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခု ရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။

🔥(၂) လည်ပင်းကြီးရောဂါ

- လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူး

🔥(၃) အကိုက်အခဲပျောက်ဆေး

- အကိုက်အခဲပျောက်ဆေးတွေက တစ်ခါတလေ ဝမ်းချုပ်စေတတ်ပါတယ်။

🔥(၄) ချောကလက်

- ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ် က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ် ရတယ်လို့ ပြောလို့ရနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

🔥(၅) ဗီတာမင် အားဆေး

- အများအားဖြင့် ဗီတာမင်အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမယ့် ကယ်လ်စီယမ်နဲ့ သံဓါတ်လိုမျိုး ပါဝင်ဓါတ်ပစ္စည်းတချို့ ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။

🔥(၆) ဝမ်းနုတ်ဆေး

- ဝမ်းနုတ်ဆေး တွေကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာ သောက်သုံးသင့်ပါတယ်။ သောက်တာများတာ၊
ကာလရှည်ကြာ သုံးစွဲမယ် ဆိုရင် ဝမ်းနုတ်ဆေးတွေ ကိုပဲ အားထား မှီခိုလာရတဲ့ အနေအထား ဖြစ်လာစေနိုင်ပါတယ်။

🔥(၇) နို့ထွက်ပစ္စည်းတွေ အစားများတာ

- ချိစ် နဲ့ တခြား အမျှင်ဓာတ်နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ (ဥနဲ့ အသားတို့လို) ဟာ အစာချေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။

🔥(၈) စိတ်ကျဝေဒနာ

- စိတ်ကျဝေဒနာ ကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်း သက်ရောက်မှု ရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

🔥(၉) အစာအိမ် လေဆေးများ

- အစာအိမ်လေဆေး တွေဟာ ရင်ပူနာ အတွက် ထိရောက်လှပေမယ့် အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ်ပါဝင်တဲ့ ဆေးတွေမှာ ဝမ်းချုပ် တာလည်း ဖြစ်စေနိုင်တယ် လို့ သိရပါတယ်။

🔥(၁၀) သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ

- ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့ အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေ ကလည်း ဝမ်းချုပ် စေနိုင်တယ် လို့ သိရပါတယ်။

🔥(၁၁) ဆီးချိုရောဂါ နဲ့ အာရုံကြောရောဂါများ

- ဆီးချိုရောဂါ ဟာ လူတစ်ယောက်ရဲ့ အစားအစာခြေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့ အာရုံကြော ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ အဆင့်မြင့်နေသူတွေ အများစုမှာ ဝမ်းချုပ်ခြင်း ကို တွေ့ရတာကြောင့် အမြဲ ပုံမှန် ဝမ်းချုပ်နေသူတွေဟာ သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါ လိုမျိုး အာရုံကြောရောဂါတွေ ဟာလည်း ဝမ်းချုပ်စေနိုင်တယ်။

#ရွှေကျွန်းမယ်ဝမ်းမှန်အူရှင်း
#ဝမ်းချုပ်ခြင်းဆိုးကျိုး
#ကျန်းမာရေး
#ဝမ်းချုပ်
#အူမကြီးကင်ဆာ
#ဝမ်းကျန်ခြင်း

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Dec, 21:05


အော်တာနေတာ (ဒိုင်နမို) မကောင်းရင် သိနိုင်တဲ့ အချက်များ

ကျွန်တော်တို့ ဒီမိုးတွင်းကာလ စတက်တာမော်တာတွေ အတော်လေးပြင်နေရတယ်။ မော်တာတွေချည်းပဲ ပျက်တတ်တာမဟုတ်ပါဘူး။ ဒိုင်နမိုတွေပါ ရံဖန်ရံခါ ပျက်တတ်ကြပါတယ်။ မော်တော်ကားတစ်စီးလုံးရဲ့ အသက်ဟာ ဒိုင်နမိုလို့ အလွယ်ခေါ်ကြတဲ့ အော်တာနေတာပဲဖြစ်ပါတယ်။ အော်တာနေတာ ပျက်ရင် ကားတစ်စီးလုံး သွားပါပြီ။ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ အဲ့လောက်တောင် ဒိုင်နမိုတစ်လုံးရဲ့ တာဝန်ကကြီးမားပါတယ်။ အရင်တုံးကတော့ ကျွန်တော်တို့တွေက ဒိုင်နမိုကို ရသလောက်ပြင်သုံးတယ်။ ခုနောက်ပိုင်းမှာတော့ အသစ်ပဲ လဲကြတာများတယ်။ အဓိက save ဖြစ်အောင်လို့ဘဲ ဖြစ်ပါတယ်။ ပြင်ရတဲ့စျေးနဲ့ အသစ်စျေးကလည်း သိပ်မှမကွာတာ။ ဒိုင်နမိုမော်တာဝါယာရိန်း ဆိုင်တော်တော်များကလည်း ယခုဆို ဒိုင်နမိုမပြင်ကြတော့ဘူး။ remap လုပ်နေကြပါပြီ။ tuning file တွေ ၊ online programming တွေလုပ်နေကြပါပြီ။ spare parts တွေပေါလာတဲ့ တစ်နေ့ အခြေခံကျကျ တက်သိရမဲ့ ပညာတွေ ပျောက်ကွယ်သွားမလားတောင် စိုးရိမ်ရရှာပါတယ်။ လူငယ်တွေ ဂွင်း၊ဂွ တွေအစား ကွန်ပြူတာတွေ ၊ စကန်တူးတွေ ၊ စကုပ်တွေ ကိုင်လာကြပါပြီ။ အခြေခံပိုင်းတွေ ပျောက်ပြီး အထက်အဆင့်ပညာတွေ ထွန်းကားလာတဲ့ သဘောဖြစ်ပါတယ်။ ဒါက စပ်မိလို့ဖြစ် ကျွန်တော်ရဲ့ ယူဆ ချက်လေးတွေ နည်းနည်းပါးပါးမျှဝေပေးတာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ကားတွေမှာ ဒိုင်နမိုမကောင်းဘူးဆိုရင်

👉 Battery warning light ပြနေပါမယ်။
ဒိုင်နမိုပျက်နေပေမဲ့ ကားဒပ်ဘုတ်မှာတော့ အနီရောင် ဘတ်ထရီပုံစံ အချက်ပြမီးလေးပြနေပါမယ်။ ဒါမျိုးပြနေပြီဆိုရင် ဒိုင်နမိုပိုင်းပြဿနာရှိနေပြီလို့ သိရပါမယ်။

👉 ရုတ်တရက် ဝါယာညှော်နံ ၊ ရာဘာညှော်နံမျိုးတွေရနေခဲ့ရင်
အင်ဂျင်နဲ့နီးကပ်စွာရှိနေတဲ့ ဘက်ကြိုးတွေဟာ တင်းနေခဲ့လည်း ပူပြီး ညှော်နံတွေရတတ်ပါတယ်။ နောက် စစနှိုးချင်း ဝါယာလျော့ဖြစ်ခဲ့ရင် ညှော်နံတွေရတတ်ပါတယ်။ အဓိကတေ့ ဒိုင်နမိုအလွန်အလုပ်လုပ်ရတာကြောင့် အပူလွန်ကဲလာတာဖြစ်တယ်။

👉 ကျိတ်သံ ၊ ပွတ်တိုက်သံမျိုးကျယ်ကျယ်လောင်ကြားနေခဲ့ရင်
ဒိုင်နမိုနဲ့ဘက်ကြိုးကြား အလိုင်းမင်းလွဲနေတာမျိုးဆိုရင် ကျိတ်သံ ပွတ်တိုက်သံတွေ ကြားနေမှာဖြစ်ပါတယ်။ ထိုကဲ့သို့ဖြစ်ရင် ဘယ်ရာရင် ၊ ရိုတာ ၊ ဘက်ကြိုးတွေပျက်စီးနေလို့သာ အထက်ပါပြစ်ချက်မျိုးကြုံရတာဖြစ်တယ်။

👉 တစ်ခါနိုးလည်းမရ အကြိမ်နိုးလည်း စက်မနှိုးဘဲ အနိုးရှည်ခဲ့ရင်
အနိုးရှည်တယ်ဆိုတာ ပြစ်ချက်အမျိုးမျိုးရှိပါတယ်။ သို့ပေမဲ့ ဒိုင်နမိုနဲ့ ဆက်စပ်ပြီး အနှိုးရှည်တာကတော့ပုံမှန် အနိုးရှည်တာမိုးဘဲ။ စတက်တာက ကစ်ကစ် သာအသံထွက်ပြီး ကားကစက်မနိုးတာမျိုးဖြစ်ပါတယ်။ ဒိုင်နမိုးအလုပ်မလုပ်တာကြောင့် ဘတ်ထရီလည်းအားမရှိဘဲ စက်မနိုးနိုင်တဲ့သဘောဖြစ်ပါတယ်။

👉 ကားမီးစနစ် ၊ ထိုင်ခုံစနစ် ၊ တံခါးစနစ် ၊ အပူပေးစနစ် အလုပ်မလုပ်တော့ရင်
ကားရဲ့ ကားဝါယာရိန်းစနစ်တွေက ဘတ်ထရီပေါ်မှာဘဲ အခြေခံပါတယ်။ အကယ်၍ ဒိုင်နမိုမှာ ပြစ်ချက်ရှိနေမယ်။ အားလုံးဝ မဝင်ဘူး။ အားဝင်နည်းနေမယ်ဆိုရင် ကားရဲ့ တံခါးတွေ ၊ ထိုင်ခုံဆွီတွေ ၊ ဟွန်းတွေ ၊ အပူပေးစနစ်တွေ ၊ တချို့ဒိုင်ခွက်တွေတောင် အလုပ်မလုပ်တော့ပါဘူး။

👉 ဘတ်ထရီ နဲ့ ဆက်စပ်ပြဿနာတွေ
ဒိုင်နမိုပြဿနာရှိတာနဲ့ ထိုပြဿနာကို စခံရတာ ၎င်းနဲ့အနီးစပ်ဆုံးမှာရှိတဲ့ ဘတ်ထရီပါ။ ဘတ်ထရီသည် ဒိုင်နမိုကနေ အားကို လက်ခံရယူပြီး ကွန်ပြူတာဘောက်အပါဝင်ကားအစိတ်အပိုင်းအားလုံးကို အပေါင်းအနှုတ်ပါဝါလမ်းကြောင်းတွေဖြန့်ဖြူးတယ်။ ဒိုင်နမိုဖောက်သွားတယ်။ အားဝင်မမှန်ဘူး။ အားလုံးဝမဝင်ဘူး။ ဒီတော့ကြာရင် ဘတ်ထရီလဲလစ်ကော။

👉 ကားမီးကြီးတွေ No time to Dim ဖြစ်ကုန်တယ်။
Dim ဆိုတာ မီးရောင်မှိန်တယ်။ Flicker ဆိုတာ မီးရောင်းလတ်တာကိုပြောတာပါ။ ဒိုင်နမိုလစ်သွားရင် အရင်ဆုံးသိသာလာတာက မီးရောင်မိန်သွားတာပါ။ ကားရဲ့ ရှေ့မီးနောက်မီးနှင်းခွဲမီးရှိရှိသမျှမီးတွေ ပုံမှန်မဟုတ်တာတော့သေချာတယ်။ အသိသာဆုံးက ရှေ့မီးကြီးတွေ မှိန်သွားတာပါပဲ။ .....

ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်စက်ဆရာများ ဘေးကင်းကြပါစေ 🙏

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Dec, 16:33


ခြေထောက်တွေက သတိပေးနေသော
အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့
လက္ခဏာရပ်များ
👣👣 👣👣👣👣👣👣👣👣

ကျွန်တော်တို့ရဲ့ခြေထောက်တစ်စုံဟာ
ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့
အလေးချိန်ကို သယ်ပိုးထားရတဲ့
အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က
အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး
အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊
မရေမတွက်နိုင်တဲ့ သွေးကြောမျှင်တွေနဲ့
ကြွက်သားတွေပါဝင်ကြပါတယ်။

ခြေထောက်မှာပါဝင်တဲ့
သွေးကြောမျှင်လေးတွေဟာ နှလုံး၊
ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး
အင်္ဂါတွေနဲ့ ဆက်နွယ်နေပါတယ်။

ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမမှန်တဲ့
အခြေအနေတွေကနေတစ်ဆင့်
ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့
ကျန်းမာရေး ချို့ယွင်းမှုတွေကို
သိရှိနိုင်ပါတယ်။

၁။ ခြေထောက်အကြောဆွဲခြင်းနှင့်
ကြွက်တက်ခြင်း။

လမ်းလျှောက်နေရင်း ခြေထောက်
အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက
သွေးလည်ပတ်မှုစနစ်မှာ ပြဿနာ
ဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး အကြော
မလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်း
တို့ကြောင့်လည်း ခြေထောက် အကြော
ဆွဲခြင်းဖြစ်တတ်ပါတယ်။

၂။ ခြေမအရွယ်အစားကြီးလာခြင်း။

ဂေါက် (Gout) လို့ခေါ်တဲ့
အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့
လက္ခဏာတစ်ခုပါ။

အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်
မကောင်းသူ၊ အရက်သောက်တတ်သူနဲ့
အသားစားများသူတွေမှာ အများဆုံး
တွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက
ဆီးကျောက်တည်နိုင်ခြေကိုလည်း
မြင့်မားစေပါတယ်။

(ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ
ရေးသားတင်ဆက်သည်။)

၃။ ခြေဖျားအေးစက်ခြင်း။

သွေးလည်ပတ်မှု မကောင်းခြင်း၊
ဆီးချိုသွေးချိုရောဂါနဲ့
သွေးအားနည်းခြင်းကို ဖော်ပြတဲ့
လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ခြေဖဝါးက အနီရောင်ကနေ
ဖြူဖျော့သွားတာက ခြေထောက်
သွေးကြောကျဉ်းပြီး ခြေဖျားတွေ
အေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာလည်း
ဖြစ်ပါတယ်။

၄။ ခြေထောက်ဖူးရောင်ခြင်း။

နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့
အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့
သွေးလည်ပတ်မှုစနစ် မကောင်းခြင်း
တို့ကြောင့် ဖြစ်တတ်ပါတယ်။

နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ်
ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ
အရည်တွေများပြီး ခြေထောက်မှာ
လာစုရခြင်းကြောင့် ဖူးရောင်တာ
ဖြစ်ပါတယ်။

၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း။

အာဟာရဓာတ်ချို့တဲ့ခြင်း၊
သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်း
သွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာ
ရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။

ခြေသည်းတွေ အဖြူရောင်ပြောင်းပြီး
ခြေသည်းတစ်ဝိုက် အရေခွံကွာသလို
ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး
ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီ
လို့ ယူဆနိုင်ပါတယ်။

၆။ ခြေသည်းအရောင်ပြောင်းခြင်း။

ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ
ခြေသည်းဝါလေ့ရှိပေမယ့် အသည်းရောဂါ
တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်း
ခြင်းတို့ကြောင့်လည်း ခြေသည်းက
အဝါရောင်ပြောင်းတတ်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာ
ဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်း
ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်း
ဖြစ်ပါတယ်။

၇။ ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့်
ထုံကျင်ခြင်း။

ဆီးချိုသွေးချိုသမားတွေရဲ့
သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်း
များပြားပြီး သွေးကြောမျှင်လေးတွေကို
ပျက်စီးစေပါတယ်။

သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက
ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊
ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း
ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့်
လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်နိုင်ကြောင်း
သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

၈။ ခြေဆစ်နာကျင်ခြင်း

အဆစ်ရောင်ရောဂါကြောင့် အရိုးတွေ
ဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ
စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့
ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး
နာကျင် စေပါတယ်။

မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့
ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်
တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

၉။ ကာလကြာရှည်စွာ အနာဖြစ်ခြင်း

ခြေထောက်မှာ ကာလကြာရှည်စွာ
အနာဖြစ်တာက ဆီးချိုရောဂါရဲ့
နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု
ဖြစ်ပါတယ်။

ဆီးချိုကြောင့် ခြေထောက်ရဲ့
သွေးကြောမျှင်လေးတွေ ပျက်စီးပြီး
ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ
တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်
အထိဖြစ်တတ်ပါတယ်။

ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ
ကွာခြင်း၊ အသားမာတက်ခြင်းကလည်း
ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့
လက္ခဏာတွေဖြစ်ပါတယ်။

အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ
ပြောင်းလဲမှုလေးတွေဖြစ်တယ်ဆိုရင်
မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။

ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေ
ကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီ
လက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါ
တွေကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်
တာကို သတိပြုပါလို့ အကြံပေးပါရစေ။

Credit;ကျန်းမာရေး Group

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Dec, 14:30


မသမာမှုကျူးလွန်လိုသူတွေရဲ့ သားကောင်
မဖြစ်ရလေအောင် အမြဲတမ်း သတိနဲ့
သွားလာနေထိုင်နိုင်ကြပါစေ။

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Dec, 14:28


1969 ခရစ္စမတ်နေ့မှာ ခရစ္စမတ်ဖိုးဖိုးကြီး
စန်တာကလော့က ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့
ဗီယက်နမ်လူမျိုးတွေကို ခရစ္စမတ်လက်ဆောင်
၁၀၅မမ ဟောင်ဝစ်ဇာအမြောက်ဆန်လက်ဆောင်
ပေးနေပုံ။

ဒီထက်ပိုဆိုးတာက 1972 ခုနှစ်ခရစ္စမတ်ကာလ
ဒီဇင်ဘာ(၁၈)ရက်ကနေ ဒီဇင်ဘာ(၂၉)ရက်နေ့အထိ
Christmas Bombings လို့ခေါ်တဲ့ Operation Linebacker 2 လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း
စစ်ဆင်ရေးမှာ မဟာဗျူဟာဗုံကြဲလေယာဉ်ပျံကြီး
B-52 အစင်းရေ(၂၀၇)စင်းနဲ့ တိုက်လေယာဉ်မျိုးစုံ
(၁၀၇၇)စင်းကိုအသုံးပြုကာ မြောက်ဗီယက်နမ်
ဟနွိုင်းနဲ့ ဟိုင်ဖုန် ဒေသတွေမှာ ဗုံးတန်ချိန်ပေါင်း
(၂၀၀၀၀) ကျော်ကိုကြဲချခဲ့ပါတယ်။

ခရစ္စမတ်ကာလမှာ အမေရိကန်က ဗီယက်နမ်ကိုပေးတဲ့လက်ဆောင်က ဗုံးတန်ချိန်(၂)သောင်းကျော် 😳

အမေရိကန်ဘာလုပ်လုပ် တရားတယ် မှန်တယ်လို့
ထင်မြင်နေကြတဲ့ မြန်မာနိုင်ငံသား(အထူးသဖြင့်ကျနော်တို့ဗုဒ္ဓဘာသာဝင်)တွေအတွက် ဗဟုသုတပါ။

စစ်ပွဲမှာ ခရစ္စမတ်ကာလမို့လို့ အပစ်ရပ်ထားမယ်တို့
ဘာတို့ မျှော်လင့်နေစရာမလိုပါ။

စစ်ပွဲဟာ စစ်ပွဲပါပဲ။
စစ်ပွဲဟာ ငရဲပါ။
#phyo haymann

မြန်မာ့သမိုင်းနှင့် သုတစုံ

26 Dec, 13:03


ရခိုင်မှာစစ်ဖြစ်နေပါတယ်ဆိုမှ နေရပ် ရခိုင်ကိုပြန်ခွင့်ရဖို့ သိန်းချီတဲ့ ဘင်္ဂါလီတွေ ဆန္ဒပြတယ် လို့ ဆိုပါတယ်။
.
ပြန်ချင်တဲ့လူအင်အားက သန်းနဲ့ချီ ရှိပါသတဲ့။
.
Photo - RFA

လူမျိုး‌ရေးအစွန်းရောက် ရခိုင် အထီးတွေက စစ်တိုက်ပြီး သေပြီးချိန်မှာ
ရခိုင်မလဲ ရ၊ လူ လွတ်နေတဲ့ နေဖို့
အိမ် မြေလဲ အဆင့်သင့် ရ .....

ရခိုင်တွေ ခုတောင် အမြင်မမှန်ရင် နောက်ပိုင်း မျိုးတုံးမယ့် ကိန်း ...
2050လောက်ဆို ရခိုင်ဆိုတာ မုတ်ဆိတ်ကျင်စွယ်နဲ့ ဖြစ်သွားလိမ့်မယ်

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Dec, 14:15


သူ့ကျွန်ဘဝက မလွတ်ရင် တန်းတူ ဆက်ဆံခံရမယ် ဗြိတိသျှ လူဖြူတွေနဲ့ တန်းတူ အခွင့်အရေးရမယ် လွပ်လပ်တိုးတက်မယ် ထင်ပြီး မလွတ်ချင်တဲ့သူတွေက ရှိသေးတာ ..... သေချာတာက ထိုင်းနိုင်ငံမှာ မြန်မာတွေ ဆက်ဆံခံနေရသလို ခွဲခြားဆက်ဆံခံရမှာပါ။

ဒါကြောင့် ဘိုးဘေးတွေက အသက်စွန့်ပြီး ကြိုးပမ်းခဲ့ကြတာပါ။ ဒီပုံကတော့ ၁၈၈၇ ခုနှစ်ခန့်က အထက်ဗမာပြည်
တနေရာမှာ အင်္ဂလိပ်အစိုးရ အရာရှိအဖွဲ့ကို ဦးခိုက်ကြရတဲ့ ရွာသူကြီးများ ဖြစ်ပါတယ်။

ခုကတော့ လက်နက်ကိုင်ပြီး ငွေရှာရခြင်းအရသာကို သိသွားပြီးတော့ မော်ဖူးရခြင်း၊ လူမျိုးရေးခွဲခြား ဆက်ဆံခြင်း မရှိပါဘဲ တပ် နဲ့ တိုင်းရင်းသားမျိုးနွယ်စု တခုကိုရည်ရွယ်ရှိရှိနဲ့ မုန်းစွဲ မှိုင်းတိုက်ပြီးတော့
တိရစ္ဆာန်တွေလို ကိုက်ခိုင်းနေတာသာ
ဖြစ်ပါကြောင်း ..........


#အယ်ဒီတာအာဘော်
photo credit

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Dec, 14:12


လုပ်ငန်းစပ်တူလုပ်တဲ့အခါ စာချုပ်မှာ ပါဝင်သင့်တဲ့ အရေးကြီးတဲ့အချက် (၃၈) ချက်

1. စာချုပ်ချုပ်ဆိုတဲ့ နေ့စွဲနဲ့ နေရာကို တိတိကျကျ ရေးရပါမယ်။
2. Partnerအားလုံးရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်နံပါတ်၊ လိပ်စာ စတဲ့ ကိုယ်ရေးအချက်အလက်တွေကို အပြည့်အစုံ ဖော်ပြရပါမယ်။
3. စီးပွားရေးလုပ်ငန်းရဲ့ အမည်နဲ့ လိပ်စာကို ရှင်းရှင်းလင်းလင်း ရေးသားရပါမယ်။
4. လုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အသေးစိတ် ဖော်ပြရပါမယ်။
5. Partnerတစ်ဦးချင်းစီက ထည့်ဝင်မယ့် ရင်းနှီးငွေ ပမာဏကို တိတိကျကျ သတ်မှတ်ရပါမယ်။
6. အမြတ်ငွေနဲ့ အရှုံးငွေတွေကို ဘယ်လို ခွဲဝေကြမယ်ဆိုတာ ရာခိုင်နှုန်းနဲ့ တိကျစွာ ရေးသားရပါမယ်။
7. Partnerတစ်ဦးချင်းစီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အသေးစိတ် သတ်မှတ်ပေးရပါမယ်။
8. Partnerတစ်ဦးဦး နုတ်ထွက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထည့်သွင်းရေးသားရပါမယ်။
9. လုပ်ငန်းကို ဘယ်လိုစီမံခန့်ခွဲမယ်၊ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရေးသားရပါမယ်။
10. ငွေကြေးကိစ္စတွေကို ဘယ်လိုမှတ်တမ်းတင်မယ်၊ စာရင်းစစ်မယ်ဆိုတာ သတ်မှတ်ရပါမယ်။
11. အငြင်းပွားမှုတွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ကြိုတင်ရေးသားထားရပါမယ်။
12. စာချုပ်သက်တမ်းနဲ့ သက်တမ်းတိုးမယ့် အခြေအနေတွေကို တိကျစွာ ဖော်ပြရပါမယ်။
13. လုပ်ငန်းပိုင်ဆိုင်မှုပစ္စည်းတွေကို ဘယ်လိုကိုင်တွယ်မယ်၊ စီမံမယ်ဆိုတာ ထည့်သွင်းရေးသားရပါမယ်။
14. Partnerတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေကို အသေးစိတ် ဖော်ပြရပါမယ်။
15. စာချုပ်ဖျက်သိမ်းခြင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ရှင်းလင်းစွာ ရေးသားရပါမယ်။
16. လုပ်ငန်းတွင်းလျှို့ဝှက်ချက်တွေနဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ထည့်သွင်းရေးသားရပါမယ်။
17. Partnerတွေအားလုံး လက်မှတ်ထိုးဖို့နေရာနဲ့ သက်သေထိုးဖို့နေရာတွေကို ထားရှိရပါမယ်။
18. စာချုပ်မူရင်းနဲ့ မိတ္တူ ဘယ်နှစ်စောင် ထားမယ်ဆိုတာ သတ်မှတ်ရပါမယ်။
19. အရေးပေါ်အခြေအနေတွေမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်မယ်ဆိုတာ ထည့်သွင်းရေးသားရပါမယ်။
20. လုပ်ငန်းအတွက် ဘဏ်အကောင့် ဖွင့်လှစ်ခြင်းနဲ့ ငွေထုတ်ယူခြင်းကို ဘယ်သူတွေက လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းလင်းစွာ ဖော်ပြရပါမယ်။
21. လုပ်ငန်းချဲ့ထွင်ဖို့ ဆုံးဖြတ်တဲ့အခါ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ထည့်သွင်းရေးသားရပါမယ်။
22. Partnerအသစ်တွေ ထပ်တိုးလာရင် လိုက်နာရမယ့် စည်းကမ်းချက်တွေကို ရေးသားရပါမယ်။
23. Partnerတစ်ဦး ကွယ်လွန်သွားရင် သူ့ရဲ့အစုရှယ်ယာကို ဘယ်လိုစီမံမယ်ဆိုတာ ကြိုတင်သတ်မှတ်ရပါမယ်။
24. အာမခံထားရှိခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိရင် ထည့်သွင်းရေးသားရပါမယ်။
25. လုပ်ငန်းရဲ့ မူပိုင်ခွင့်၊ တီထွင်မှုမှတ်ပုံတင်၊ ကုန်အမှတ်တံဆိပ်တွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကို ရှင်းလင်းစွာ ဖော်ပြရပါမယ်။
26. Partnerတွေရဲ့ ရုံးခွင်ဝင်ချိန်၊ အလုပ်ချိန်နဲ့ အားလပ်ရက်တွေကို သတ်မှတ်ရေးသားရပါမယ်။
27. Partnerတွေက တခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရှိ/မရှိ၊ ဘယ်လိုကန့်သတ်ချက်တွေ ထားမယ်ဆိုတာ သတ်မှတ်ရပါမယ်။
28. အရေးပေါ်အစည်းအဝေးတွေ ခေါ်ယူတဲ့အခါ လိုက်နာရမယ့် နည်းလမ်းတွေကို ထည့်သွင်းရပါမယ်။
29. လုပ်ငန်းကနေ တစ်ဦးချင်းစီ ငွေထုတ်ယူတဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို သတ်မှတ်ရပါမယ်။
30. ဝန်ထမ်းခန့်ထားခြင်း၊ ထုတ်ပယ်ခြင်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းလင်းစွာ ဖော်ပြရပါမယ်။
31. နှစ်ပတ်လည် အစည်းအဝေးတွေ ကျင်းပမယ့် အချိန်နဲ့ ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို သတ်မှတ်ရပါမယ်။
32. လုပ်ငန်းအတွက် ဝယ်ယူမယ့် ပစ္စည်းတွေရဲ့ တန်ဖိုးကန့်သတ်ချက်နဲ့ အတည်ပြုချက်ယူရမယ့် ပုံစံတွေကို ထည့်သွင်းရပါမယ်။
33. အကျိုးအမြတ်ခွဲဝေတဲ့အခါ အခွန်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ အချက်တွေကို ရှင်းလင်းစွာ ဖော်ပြရပါမယ်။
34. လုပ်ငန်းသုံး ဆက်သွယ်ရေးနည်းလမ်းတွေ (အီးမေးလ်၊ ဖုန်း၊ လူမှုကွန်ရက် စတာတွေ) ကို ဘယ်သူတွေက စီမံခန့်ခွဲမယ်ဆိုတာ သတ်မှတ်ရပါမယ်။
35. စာရင်းစစ်ဆေးခြင်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ် လုပ်မယ်၊ ဘယ်သူက လုပ်မယ်ဆိုတာ တိတိကျကျ ရေးသားရပါမယ်။
36. လုပ်ငန်းရဲ့ နှစ်စဉ်ဘတ်ဂျက်ကို ဘယ်လိုရေးဆွဲမယ်၊ ဘယ်သူတွေက အတည်ပြုမယ်ဆိုတာ ဖော်ပြရပါမယ်။
37. မကောင်းသော အပြုအမူတွေ (လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု) တွေ့ရှိရင် ဘယ်လိုအရေးယူမယ်ဆိုတာ ထည့်သွင်းရေးသားရပါမယ်။
38. လုပ်ငန်းပိတ်သိမ်းတဲ့အခါ ကျန်ရှိတဲ့ပစ္စည်းတွေနဲ့ အကြွေးတွေကို ဘယ်လိုရှင်းလင်းမယ်ဆိုတာ အသေးစိတ် ဖော်ပြရပါမယ်။

ဒါတွေဟာ Partnership စာချုပ်တစ်ခုမှာ ပါဝင်သင့်တဲ့ အဓိကအချက်အလက်တွေအားလုံး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို သေချာထည့်သွင်းရေးသားထားခြင်းအားဖြင့် နောင်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကာကွယ်နိုင်ပြီး၊ လုပ်ငန်းကိုလည်း ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

#ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်
#MTZ@ttpye

မြန်မာ့သမိုင်းနှင့် သုတစုံ

24 Dec, 14:47


ပေါက်ပန်းဖြူတစ်ပင် ရှင်အောင်စိုက်
ကျန်းမာရေးအတွက် ရတနာသိုက်

----------------------------------
ပေါက်ပန်းဖြူပင်ကို သိသူ များပါသည်။ ပေါက်ပန်းဖြူပင်ကို မြန်မာ့ကျေးလက်တောရွာတိုင်း လိုလိုတွင် တွေ့နိုင်သည်။ ပေါက်ပန်းဖြူသာမဟုတ်၊ ပေါက်ပန်းနီပင်ဆိုတာလည်း ရှိပါသေးသည်။ ကျွန်ုပ် ငယ်စဉ်ကလေးဘဝက မိမိနေထိုင်ရာ အိမ်နောက် ဘေးတွင် အဖေစိုက်ထားသော ပေါက်ပန်းဖြူပင် ကြီးတစ်ပင်ရှိခဲ့ဖူးသည်။ ပေါက်ပန်းဖြူပင်ကြီး၏ အရွက်များ၊ အပွင့်များနှင့် အသီးနုများကို တစ်ရပ် ကွက်လုံးလိုလို စားသုံးရန် ခူးယူခဲ့ကြသည်။ ပေါက် ပန်းဖြူပင်ကြီးကလည်း ဘယ်လောက်ခူးခူး၊ အပွင့် တွေ ဝေနေအောင်ပွင့်သည်။ အသီးနုကလေးများ ကလည်း ခူးမနိုင်အောင်ရှိသည်။ အရွက်များမှာ စိမ်း ညှို့နေသည်။ ပေါက်ပန်းဖြူပင်၏ အရွက်၊ အပွင့်၊ အသီးတို့ကို ငယ်စဉ်က စားသုံးခဲ့ဖူးသော်လည်း အာဟာရတန်ဖိုးကို မသိခဲ့ပါ။ အသက် ၇၀ ကျော်အ ရွယ်ရောက်မှ ပေါက်ပန်းဖြူပင်သာမက ပေါက်ပန်း နီပင်ပါရှိသေးကြောင်း သိခွင့်ရခဲ့သည်။ ပေါက်ပန်း ဖြူနှင့် ပေါက်ပန်းနီမှာ အပွင့်အရောင်ကွဲပြားသည်။ ပေါက်ပန်းနီဆိုသည့်အတိုင်း နီညိုရောင်အပွင့်ကလေး များ ပွင့်ကြသည်။

မကြာသေးမီက ဖေ့စ်ဘွတ်(facebook) တွင် တင်ထားသော ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ ပင်၏ ဆေးဖက်ဝင်ပုံကို ဖတ်ရှုလိုက်ရသည်။ ဆရာ ကြီးသြသု ဦးရန်အောင်နှင့် တွေ့ဆုံမေးမြန်းခန်းမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။

ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီနှစ်မျိုးတွင် ပေါက်ပန်းနီက ပို၍ ဆေးဖက်ဝင်သည်။ အသီး၊ အစေ့၊ အမြစ်၊ အပွင့်အရွက်အားလုံး ဆေးဖက်ဝင်သည်။ အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ တို့မြှုပ်စားခြင်း ပြုကြသည်။ သွေးကိုသန့်စေသည်။ ကြက်မျက်သင့် ရောဂါကို ပေါက်ပန်းနီပွင့် သတ္တုရည်ခတ်ပေးလျှင် ကောင်းသည်။ တက်တတ်သော ကလေးများအတွက် အရွက်ကိုထောင်း သတ္တုရည်နှင့် ချင်း (သို့ မဟုတ်) ကြက်သွန်ဖြူ၊ သတ္တုရည် ပေါင်းစပ်ပြီး ရှူစေရသည်ဟု ဆေးနည်းကိုတင်ပြထားသည်။

ခေါင်းစဉ်တစ်ခုမှာ ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူဟူ၍ တွေ့ရသည်။



ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူ

ကျီးပေါင်းရောဂါကို ပျောက်ခဲသော ရောဂါ အဖြစ် ဆိုကြသည်။ အင်တာနက်တင်ထားသူက-

“ကျီးပေါင်းရောဂါ ကုသပေးတဲ့ ပေါက်ပန်း ဖြူတွေဟာ များစွာ ပွင့်ကြတယ်။ နေကြိုက်၊ ရေ ကြိုက်တဲ့ အပင်ဖြစ်လို့ ရေဘုံဘိုင်ဘေးမှာ စိုက်ထား တယ်။

အဲဒီအပွင့်ကိုပြုတ်ပြီး ငါးပိရည်နှင့်တို့စားရင် ကျီးပေါင်းဖြစ်လို့ အရိုးအဆစ်နာတာကို ထူးခြားစွာ ပျောက်ကင်းလို့ ရှယ်လိုက်ပါတယ်။

ထိုင်းမှာ စာသင်နေစဉ်က လည်ပင်းကျီး ပေါင်းတက်ရောဂါရခဲ့တယ်။ ထိုင်းမှာဆေးရုံတက် တော့ အမေရိကန်ဆရာဝန်က ကုပေးတယ်။ ဒါပေမဲ့ မသက်သာဘူး။

လည်ပင်းအရိုးအဆစ်ထဲမှာ အကြောကပ်နေ တယ်လို့ ရလဒ်ပြတယ်။ အရမ်းကို ခံစားခဲ့ရတယ်။ ဆေးစာစောင်တစ်ခုမှာ ပေါက်ပန်းဖြူပင်ရဲ့ အပွင့် အကြောင်းကို ဖတ်မိရာက လက်တွေ့စားကြည့်တာ ဝေဒနာ လုံးဝပျောက်သွားခဲ့တယ်”

ဟူ၍ ဖော်ပြထားသည်ကို ဖတ်ရသည်။ ပေါက်ပန်းဖြူပွင့်များကို ကျီးပေါင်းရောဂါပျောက်စေ သောဆေးဟုဆိုနိုင်ပါသည်။ ကျွန်ုပ်သည် လည်ပင်းနှင့်ကုပ်တွင် ကျီးပေါင်းရောဂါဖြစ်၍ ခံစားခဲ့ရဖူးသည်။ အိပ်၍မရ လှည့်လိုက်သည်နှင့် မူးနေသည်။ အိပ်ရာမှထလျှင် ရုတ်တရက် မူးဝေသည်။ တဖြည်းဖြည်း ထရသည်။ ထိုအခြေအနေတွင် တိုက်ဆိုင်စွာ ပေါက်ပန်းနီပွင့်များ အဆင်သင့်ရှိနေ၍ ရေနွေးပွက်ပွက်ဆူနေသော မတ်ခွက်တစ်လုံးတွင် ကြက်သွန်ဖြူနီ၊ ချင်းနှင့် ပေါက်ပန်းနီပွင့် ကိုးပွင့်ကိုထည့်ကာ ဆား၊ ဟင်းခတ်မှုန့်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်ကာ ဟင်းချိုချက်သောက်ခဲ့သည်။ သောက်၍ ကောင်းသည်။ ချိုခါးသောအရသာကြောင့် ခံတွင်းမြိန်သည်။ ခြံတွင်း၌ အပင်ရှိနေ၍ နေ့စဉ်လိုလို သောက်ဖြစ်သည်။ ထူးခြားသည်မှာ ကျွန်ုပ်၌ စွဲကပ် နေသော ကျီးပေါင်းရောဂါသည် သက်သာပျောက် ကင်းသွားခြင်းဖြစ်သည်။ ထိုအခါ ထိုင်းနိုင်ငံတွင် စာသင်ကြားခဲ့သော လူငယ်၏ စကားနှင့် တိုက်ဆိုင် နေကြောင်း တွေ့ရလေသည်။

ပေါက်ပန်းဖြူ(သို့မဟုတ်)ပေါက်ပန်းနီပွင့်တို့ သည် ကျီးပေါင်းရောဂါကို သက်သက်ပျောက်ကင်း နိုင်ကြောင်း ကိုယ်တွေ့နှင့် ယှဉ်၍ ဘဝတူကျီးပေါင်း ဝေဒနာရှင်များကို တင်ပြဝေငှလိုက်ပါသည်။

ပေါက်ပန်းဖြူပင်သည် စိတ်ဝင်စားစရာ ဆေး ဖက်ဝင်အပင်ဖြစ်၍ လက်လှမ်းမှီရာ ဆေးကျမ်းများ ကို ဖတ်ရှုပြီး စာဖတ်သူတို့အတွက် တင်ပြလိုက်ပါ သည်။

ပေါက်ပန်းဖြူ၏ အင်္ဂလိပ်အမည်မှာ- White agati ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Sesbamia Grandiflora Peys ဖြစ်သည်။



အပင်နှင့် အရွက်

အပင်ပျော့မျိုး၊ ပေ၂၀၊ ၃၀ မြင့်သည်။ အကိုင်းဖြာထွက်သည်။ အခေါက်မှာ ညိုဝါရောင်၊ အရွက်လွှဲထွက်သည်။ ငှက်မွေးရွက်ပေါင်းဖြစ်၍ ခြောက်လက်မမှ တစ်ပေအထိ ရှည်သည်။ ရွက်မြွှာ ၂၀ မှ ၄၀ ပါဝင်သည်။ ရှည်မျောပြီး ရွက်ရင်းရွက်ထိပ်ဝိုင်းသည်။ ရွက်ပြားမှာ ပြောင်ချောနေသည်။



အပွင့်နှင့် အသီး

မြန်မာ့သမိုင်းနှင့် သုတစုံ

24 Dec, 14:47


အပွင့်ဖြူလျှင် ပေါက်ပန်းဖြူ၊ အပွင့်နီလျှင် ပေါက်ပန်းနီဟုခေါ်သည်။ ပေါက်ပန်းဖြူကို လူသိများ သည်။ တစ်ခိုင်လျှင် အပွင့် နှစ်ပွင့်မှ လေးပွင့်၊ ငါးပွင့်အထိပွင့်သည်။ ဝါခေါင်တော်သလင်းလတွင် ပွင့် သည်။ (ရေမြေအဆင်ပြေလျှင် တစ်နှစ်ပတ်လုံး ကောင်းစွာ ပွင့်သည်ကို တွေ့ရပါသည်)အသီးမှာ ပဲတောင့်ရှည်ကဲ့သို့ရှိသည်။



မြန်မာ့ဆေးကျမ်းအဆို

အပွင့်နှင့် အရွက်ကို အများဆုံးသုံးသည်။ ဆေးကျမ်းများတွင် အေးသည်၊ လေကိုပွားစေသည်။ ခါးသက်သက်ရှိသည်။ သည်းခြေရောဂါ၊ အစာအိမ် ရောဂါ၊ နှာရည်ယိုရောဂါများကို ပယ်တတ်သည်။ အပွင့်ကအေးသည်။ ခါးသက်သည်။ သုံးရက်ခြားဖျား ခြင်း၊ ကြက်မျက်သင့်ခြင်းတို့ကို ပျောက်စေသည်။ အရွက်ကစပ်သည်။ ချိုသည်၊ ခါးသက်သက်ရှိသည်။ သွေးကိုစင်ကြယ်စေသည်။ အသီးမှာများများစားလျှင် ဝမ်းသက်စေသည်။ စိတ်ကိုကြည်လင်စေသည်။ ထိုးအောင့်နာ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါတို့ကို ပျောက်ကင်းစေကြောင်း ဆိုပါသည်။



ပေါက်ပန်းပွင့်ဖြူ၏ ဆေးအသုံး

– အပွင့်ကိုအရည်ညှစ်၍ မျက်စဉ်းခတ်ပေးလျှင် မျက်စိဝေတာ၊ မှုန်တာတွေပျောက်သည်။

– အမြစ်ကိုရေစင်အောင်ဆေး၍ ရေအနည်းငယ်နှင့် ထောင်းထုပြီး မီးနှင့်နွှေးကာ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းဖြစ်လျှင် ဆုတ်နယ်လိမ်းကျံပေးရသည်။

– အရွက်(သို့မဟုတ်)အပွင့်ကို ထောင်းထု အရည်ညှစ်ပြီး ခေါင်းမကိုက်သောဘက်က နှာခေါင်းနှင့် ရှူသွင်းလျှင် ခေါင်းတစ်ခြမ်းကိုက်ရောဂါပျောက်သည်။

– ပေါက်ပန်းဖြူပွင့်ကို ပြုတ်စား၊ သုပ်စား လျှင် ကြက်မျက်သင့်ရောဂါ(ကျီးပေါင်းရောဂါပျောက်သည်၊ (ကိုယ်တွေ့)



ပေါက်ပန်းဖြူရွက်နှင့် ဆေးအသုံး

အရွက်ကိုအရည်ညှစ်၊ ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့် ဆတူရောစပ်ပြီး ရှူပေးခဲ့လျှင် စိတ်ပျံ့လွင့်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းရောဂါ တို့ကို သက်သာပျောက်ကင်းစေသည်။

တုပ်ကွေးနှင့် အဖျားရောဂါများအတွက် အရွက်ကို ကြက်သွန်နီနိုင်နိုင်နှင့် ကြော်စားလျှင် သက်သာ ပျောက်ကင်းသည်။

အရွက်ကို ငရုတ်ကောင်း၊ နွားကျင်ငယ်ရေနှင့် ကြိတ်ပြီး ရှူပေးလျှင် ဝက်ရူးနာကို ပျောက်စေသည်။

(မြန်မာ့ဆေးဝါးပင်များ၊ လယ်ယာစိုက်ပျိုး ရေး ကော်ပိုရေးရှင်းက ထုတ်ဝေဖော်ပြပါသည်)

ပေါက်ပန်းဖြူ အရွက်နှင့် အပွင့်တို့ကို သိပ္ပံ နည်းကျဓာတ်ခွဲစမ်းသပ်ချက်များကို ဖော်ပြပါဦးမည်။



ပေါက်ပန်းဖြူအရွက်ကို ဓာတ်ခွဲခြင်း

(၁၀ဝ ဂရမ်ကို အခြေပြုပါသည်)

၁။ ကယ်လိုရီ (၉၀) ယူနစ်

၂။ ရေငွေ့ (၈၀) ယူနစ်

၃။ ထုံးဓာတ် (၁၁၆) ဂရမ်

၄။ ဗီတာမင်ဘီဝမ်း (ဝ.ဝ၆၇)မီလီဂရမ်

၅။ ဗီတာမင်ဘီတူး (ဝ.၁၀၈)မီလီဂရမ်

၆။ ဗီတာမင်စီ (၁၄၆) မီလီဂရမ်

ပေါက်ပန်းဖြူအပွင့်နှင့် အသီးကို ဓာတ်ခွဲခြင်း

(၁၀ဝ)ဂရမ်ကို အခြေခံထားပါသည်။

၁။ ကယ်လိုရီ (၉၃)ယူနစ်

၂။ ရေငွေ့ (၇၃) ဂရမ်

၃။ အသားဓာတ် (၈.၄)ဂရမ်

၄။ အဆီဓာတ် (၁.၄)ဂရမ်

၅။ ကစီဓာတယ် (၁၀.၈)ဂရမ်

၆။ အမျှင်ဓာတ် (၂.၂)ဂရမ်

၇။ သတ္တုဓာတ် (၃.၁)ဂရမ်

၈။ ထုံးဓာတ် (၁၁၃)မီလီဂရမ်

၉။ မီးစုန်းဓာတ် (၈)မီလီဂရမ်

၁၀။ သံဓာတ် (၃.၉)မီလီဂရမ်

၁၁။ မီတာမင်အေဓာတ် (၉၀ဝ၀)ယူနစ်



ပေါက်ပန်းဖြူတစ်ပင်ရှင်အောင်စိုက်

အိမ်တိုင်းမှာ ပေါက်ပန်းဖြူ(သို့)အနီတစ်ပင်လောက် စိုက်ထားသင့်ပါတယ်။ ဆေးဖက်ဝင်ပုံများ ကို ဖော်ပြပြီးဖြစ်၍ လိုသလို သုံးနိုင်ကြပါသည်။ မီတာမင်ဓာတ်၊ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိအိမ်ထောင်စုသာမက တစ်ရပ်ကွက်လုံးပါ ကုသိုလ်ပြုဝေငှနိုင်ပါသည်။ စီးပွားရေးအတွက် လိုအပ်ပါက ရောင်းချနိုင်ပါသည်။ သို့ပါ၍ ပေါက်ပန်းဖြူပင် ရှင်အောင်စိုက်၊ ကျန်းမာရေးအတွက် ရတနာသိုက်ဟု တင်စားလိုပါသည်။

credit;ပြန်လည်ကူးယူဖော်ပြပါသည်။

မြန်မာ့သမိုင်းနှင့် သုတစုံ

23 Dec, 07:48


ငြိမ်းချမ်းသေးတယ်လို့ ခံစားရတဲ့ နယ်မြေ
မှန်သမျှ ဆက်လက် ငြိမ်းချမ်းနေစေချင်ရင်
ဧည့်စာရင်းကိုသာ ပိုင်ပိုင်နိုင်နိုင် စစ်
တိုင်မှ ၊ စိတ်ပါမှ စစ်တာမျိုး မလုပ်နဲ့။

မဲခိုးတုန်းကတည်းက အဆင့်ဆင့်
ကိုယ့် အလုပ် ကိုယ် တာဝန်ကျေကျေ လုပ်
ခဲ့ကြရင် ... အာဏာထိန်းတဲ့ အနေအထားထိ ရောက်လာစရာ အကြောင်း မရှိဘူး။

အာဏာ ထိန်းပြီးတဲ့ အချိန်ကျတော့လည်း
အုပ်ကြီးတွေကို ရွေးထိတဲ့ အချိန်ကတည်းက ငါနဲ့ မဆိုင်ဘူး ဆိုပြီး အသာ
မနေခဲ့ကြရင် ခုလို အနေအထား‌တွေအထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။

ကိုယ့်တာဝန်ကို ရဲရဲဝံ့ဝံ့ တာဝန်ကျေကျေ
မလုပ်ခဲ့ကြလို့သာ ... ဒီနေ့လို အခြေအနေတွေ အထိ ဖြစ်လာတာ

ဘာကြောင့်လဲ မေးရင် " ကိုယ့်တာဝန် ကိုယ်မကျေပွန်တဲ့ အပြင် အဖြစ်မှန် မှန်သမျှကို လိမ်ညာ ဖုံးကွယ်နေတဲ့ အကောင်တွေကြောင့် " လို့ပဲ ဖြေရမှာပဲ။

#အယ်ဒီတာအာဘော်

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:45


❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
.
.
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
.
.
🍀အထက်ပါအကြောင်းအရာများကို Hello ဆရာဝန် web page မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
.
.
Sinocare Myanmar
.
#Safe_Accu_Glucometer
.
Bhone Shwe Yi Min Co.,Ltd
.
ဆီးချိုသွေးတိုးသုတများ

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:45


(၁) Glucagon-like peptide 1 (GLP-1) receptor agonists
ဒီအုပ်စုမှာ Dulaglutide, Exenatide, Liraglutide စတဲ့ အရေပြားအောက်ထိုးဆေးတွေ ပါဝင်ပါတယ်။ ဆေးပေါ် မူတည်ပြီး တစ်ရက် နှစ်ကြိမ်ထိုးတာ၊ တစ်ပတ် တစ်ကြိမ်ထိုးတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။
သူတို့က သွေးတွင်းသကြားဓာတ်တက်လာချိန်မှာ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ မက်ဖော်မင်၊ sulfonylurea၊ အင်ဆူလင် စတာတွေနဲ့လည်း တွဲသုံးကြပါတယ်။
အားသာချက်က ဗိုက်ဆာတာကို သက်သာစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ နှလုံးရောဂါရှိသူတွေနဲ့ ကျောက်ကပ်မကောင်းသူတွေမှာ အကျိုးရှိစေတယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိနေပါတယ်။
ဘေးထွက်ဆိုးကျိုးကတော့ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ပန်ကရိယရောင်တာတွေ ဖြစ်တတ်ပါတယ်။

(၂) Amylin mimetics
Pramlintide ဆိုတဲ့ ထိုးဆေး ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး အင်ဆူလင်နဲ့အတူ တွဲသုံးလို့ ရပါတယ်။ အစားအစာတွေကို အစာအိမ်ကနေ အူထဲရောက်တာ နှေးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ခပ်မြန်မြန်မတက်အောင် ထိန်းပေးနိုင်ပါတယ်။
အားသာချက်က ဗိုက်ခဏခဏ မဆာစေပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကို အနည်းငယ်ကျစေပါတယ်။
ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ် ထိုးကျစေတာ၊ ပျို့တာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

အင်ဆူလင်
အင်ဆူလင်တွေကတော့ အမျိုးအစား ၁ ဆီးချိုရောဂါမှာရော အမျိုးအစား ၂ ဆီးချိုရောဂါမှာပါ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါအတွက်တော့ အင်ဆူလင်က မရှိမဖြစ်ပါပဲ။
အင်ဆူလင်ကို အာနိသင်စပြတဲ့အချိန်နဲ့ ဘယ်လောက်ကြာကြာခံလဲပေါ်မူတည်ပြီး အကြမ်းအားဖြင့် ၅မျိုး ခွဲနိုင်ပါတယ်။

(၁) Rapid-acting insulin (ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်)
နာမည်အတိုင်းပဲ ထိုးပြီး ၂မိနစ်ခွဲကနေ မိနစ် ၂၀လောက်ဆို အာနိသင်ပြပါတယ်။ ထိုးပြီး ၁နာရီကနေ ၃နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရပြီး ၅နာရီလောက်ထိ ခံပါတယ်။
အစာစားပြီးလို့ ထိုးလိုက်တာနဲ့ သိပ်မကြာခင်မှာပဲ အာနိသင်ပြပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ ဆေးထိုးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်နဲ့ ပုံစံတူတဲ့အတွက် သွေးတွင်းသကြားထိုးကျနိုင်ခြေ နည်းပါတယ်။
Insulin aspart, insulin lisproနဲ့ insulin glulisine တို့က rapid-acting insulinတွေပဲ ဖြစ်ပါတယ်။

(၂) Short-acting insulin (အာနိသင်ခဏပဲ ပြတဲ့ အင်ဆူလင်)
သူကအပေါ်က rapid-acting insulinနဲ့ ယှဉ်ရင် အာနိသင်ပြတာ နှေးပါတယ်။ ထိုးပြီး နာရီဝက်လောက်နေမှ အာနိသင်ပြတာကြောင့် အစာမစားခင် နာရီဝက်အလိုမှာ ထိုးသင့်ပါတယ်။ ထိုးပြီး ၂-၅နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရောက်ပြီး ၆-၈နာရီလောက် ခံပါတယ်။

(၃) Intermediate-acting insulin (အလယ်အလတ် အာနိသင်ခံတဲ့ အင်ဆူလင်)
ဆေးထိုးပြီး ၁နာရီ၊ ၁နာရီခွဲလောက်ဆို အာနိသင်စပါပြီ။ ၄-၁၂နာရီမှာ အာနိသင်အမြင့်ဆုံးကို ရောက်ပြီး နေ့ဝက်လောက် ခံပါတယ်။

(၄) Long-acting insulin (အာနိသင်ကြာကြာခံတဲ့ အင်ဆူလင်)
Glargine အင်ဆူလင်က long-acting insulin အမျိုးအစားပါ။
၂နာရီလောက်နေရင် အာနိသင်စပြပြီး တစ်ရက်လောက် ခံပါတယ်။ ဒါကြောင့် ဒီအင်ဆူလင်ကို ညအိပ်ခါနီးအချိန်မှာ ထိုးကြတာ ဖြစ်ပါတယ်။

(၅) အင်ဆူလင်အရော
အင်ဆူလင်အရောဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ အင်ဆူလင်တွေကို ရောပြီး တစ်မျိုးတည်းအနေနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ အင်ဆူလင်အနောက်လို့ လူနာတွေ အလွယ်ခေါ်ကြပါတယ်။ ဥပမာ
• ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်+အလယ်အလတ်အာနိသင်ခံတဲ့အင်ဆူလင်အရော (NovoMix)
• ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်+အာနိသင်ကြာကြာခံတဲ့အင်ဆူလင်အရော (Ryzodeg)
• အာနိသင်ခဏပဲပြတဲ့အင်ဆူလင်+ အလယ်အလတ်အာနိသင်ခံတဲ့အင်ဆူလင်အရော (Mixtard)
စသဖြင့် အမျိုးမျိုးရှိပါတယ်။

အင်ဆူလင်က ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတွင်းသကြားဓာတ်ကျတတ်တာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။
အင်ဆူလင်မှာ ဆေးထိုးအပ်နဲ့ စုပ်ပြီး ထိုးရတာ ရှိသလို တစ်ခါတည်း တန်းထိုးလို့ရတဲ့ အမျိုးအစားလည်း ရှိပါတယ်။

အနှစ်ချုပ်

ဆီးချိုရောဂါရယ်လို့ ဖြစ်လာပြီဆိုရင် တစ်သက်လုံး ဆီးချိုဆေးတွေ သောက်ရ၊ ထိုးရမှာ ဖြစ်တဲ့အတွက် ကိုယ်သုံးနေတဲ့ ဆေးတွေအကြောင်း သိထားဖို့ လိုပါတယ်။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပေမဲ့ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး ခံစားရရုံနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့။ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
ဆီးချိုဆေးတွေ သောက်တဲ့အခါ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရစေဖို့ ညွှန်းထားတဲ့ ပမာဏအတိုင်း ပုံမှန်သောက်ဖို့ကိုလည်း အကြံပြုလိုပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:45


ဆီးချိုဆေး အမျိုးအစားများနဲ့ အလုပ်လုပ်ပုံများ

ဆီးချိုဆေးတွေက အများကြီး ရှိပါတယ်။ ဒီထဲကနေမှ အသုံးများတဲ့ ဆေးတွေအကြောင်းကိုပဲ အဓိကထားပြီး ရှင်းပြပေးသွားမှာပါ။ ခုပြောမဲ့ ဆေးတွေက အမျိုးအစား ၂ ဆီးချိုရောဂါ လူနာတွေကို ကုသတဲ့အခါ အသုံးပြုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

ဆီးချိုဆေး သောက်ဆေးများ
(၁) Biguanides
မက်ဖော်မင်ဆိုတဲ့ ဆေးအမျိုးအစားပါ။
သူက အသည်းကနေ သကြားဓာတ်တွေ ထုတ်လုပ်တာကို ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ အင်ဆူလင်တုံ့ပြန်မှုကိုလည်း ကောင်းစေပါတယ်။
အားသာချက်က အမျိုးအစား ၂ဆီးချိုလူနာတော်တော်များများမှာ အသုံးပြုနိုင်သလို စျေးလည်း သက်သာပါတယ်။ ကိုယ်အလေးချိန်ကိုလည်း နည်းနည်းပါးပါး ကျစေပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ စ‌သောက်သောက်ချင်းမှာ ပျို့တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ အစာနဲ့ သောက်ရင် ပိုကောင်းပါတယ်။
ကျောက်ကပ်နဲ့ အသည်းမကောင်းသူတွေမှာတော့ ရှားရှားပါးပါး lactic acidosis ဆိုတဲ့ သွေးတွင်း အက်စစ်ဓာတ်လွန်ကဲတာ ဖြစ်တတ်ပါတယ်။

(၂) Sulfonylureas
Gliclazide, Glimepiride, Glipizide တို့ဆိုတာ Sulfonylureas အမျိုးအစား ဆေးတွေပဲ ဖြစ်ပါတယ်။
သူက ပန်ကရိယကနေ အင်ဆူလင် ထွက်အောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
သူကလည်း မက်ဖော်မင်လိုပဲ စျေးသက်သာပြီး အသုံးများတဲ့ ဆေးဖြစ်ပါတယ်။ အင်ဆူလင် ထွက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ် ထိုးကျတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားဖို့ လိုပါတယ်။ ကိုယ်အလေးချိန်တက်တတ်ပါတယ်။ အရေပြားမှာ အနီစက်တွေ ထွက်တတ်ပါတယ်။ ဆေးသောက်ရင်း အရက်သောက်မယ်ဆိုရင် ပျို့အန်တတ်ပါတယ်။

(၃) Thiazolidinediones (TZDs)
ဒီအမျိုးအစားမှာ Rosiglitazoneနဲ့ Pioglitazone ဆေးတွေ ပါဝင်ပါတယ်။
မက်ဖော်မင်လိုပဲ အသည်းကနေ သကြားဓာတ်ထုတ်တာကို တားပေးပါတယ်။ ဆဲလ်တွေကနေ အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပါတယ်။
အားသာချက်က HDLလို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောကို အနည်းငယ်များစေတာပဲ ဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝလာတာ၊ ဖောတာ၊ အရိုးကျိုးနိုင်ခြေ များတာ၊ နှလုံးညှစ်အားကျနိုင်ခြေတွေ များတတ်ပါတယ်။ ဒါကြောင့် နဂိုတည်းက နှလုံးမကောင်းတဲ့သူတွေ၊ အသည်းမကောင်းတဲ့သူတွေကို မပေးပါဘူး။ ဆေးကြောင့် ဖောလာတဲ့အခါ ပိုဆိုးနိုင်လို့ပါ။
Pioglitazoneက ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်လို့လည်း ပြောကြပါတယ်။

(၄) Sodium-glucose cotransporter 2 (SGLT2) inhibitors
Canagliflozin, Dapagliflozin, Empagliflozin တို့ ပါဝင်ပါတယ်။
ဒီဆေးတွေက ပိုလျှံနေတဲ့ ‌သွေးထဲက သကြားဓာတ်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။
အားသာချက်အနေနဲ့ ကိုယ်အလေးချိန်ကို ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးကနေ ဆီးထဲမှာ သကြားဓာတ်များတဲ့အတွက် ဆီးပိုးဝင်တာ၊ မျိုးပွားအင်္ဂါတွေမှာ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။

(၅) Dipeptidyl peptidase 4 (DPP-4) inhibitors
Sitagliptin, Linagliptin စတဲ့ ‌ဆေးတွေက DPP-4 inhibitors အုပ်စုဝင်တွေပါ။
သွေးတွင်းသကြားဓာတ်တက်လာတဲ့အခါ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အသည်းကနေ ဂလူးကို့စ်ထုတ်တာကိုလည်း လျော့နည်းစေပါတယ်။
အားသာချက်က ဆေးကြောင့် ကိုယ်အလေးချိန် မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ် ထိုးကျသွားတာမျိုးလည်း မဖြစ်စေပါဘူး။ အစာစားပြီးချိန်မှာ ပြည့်အင့်တဲ့ ခံစားချက်ကို ရစေတာကြောင့် များများမစားမိတော့ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တာ (ဥပမာ လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး)၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

(၆) Meglitinides
Repaglinide, Nateglinide စတဲ့ ဆေးတွေ ပါဝင်ပါတယ်။
ပန်ကရိယကနေ အင်ဆူလင်ထွက်အောင် လှုံ့‌ဆော်ပေးပါတယ်။
မြန်မြန်အာနိသင်ပြတာကြောင့် အစာမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားသင့်ပါတယ်။ အစာမစားနိုင်သေးရင် ဆေးမသောက်သင့်သေးပါ။
ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ်ထိုးကျတတ်ပါတယ်။ ဒါကြောင့် အစာနဲ့ ကပ်ပြီး သောက်ခိုင်းတာပါ။ ကိုယ်အလေးချိန်လည်း တက်စေနိုင်ပါတယ်။

(၇) Alpha-glucosidase inhibitors
Acarboseတို့ Miglitolတို့ ပါဝင်ပါတယ်။
စားလိုက်တဲ့ ကစီဓာတ်တွေနဲ့ သကြားဓာတ်တွေရဲ့ ဖြိုခွဲမှုကို နှေးစေတဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာ ဖြစ်ပါတယ်။
အားသာချက်က ကိုယ်အလေးချိန်မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ်ကိုလည်း မထိုးကျစေပါဘူး။ ဒါပေမဲ့ တခြားဆီးချိုဆေးတွေ ဖြစ်တဲ့ အင်ဆူလင်တို့၊ sulfonylureaတို့နဲ့ တွဲသုံးရင်တော့ သတိထားဖို့ လိုပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။

ဆီးချိုဆေး ထိုးဆေးများ

အမျိုးအစား ၂ဆီးချိုလူနာတွေမှာ အင်ဆူလင်အပြင် တခြားထိုးဆေးတွေလည်း ရှိပါတယ်။ အင်ဆူလင်လောက်တော့ အသုံးမများပေမဲ့ သုံးတော့ သုံးကြပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:32


အင်ဒီးယန်းတွေလည်း ဗိဿနိုး နတ်ဘုရားရဲ့ ဆယ်ကြိမ်မြောက်နဲ့ နောက်ဆုံး ပြန်ဝင်စားသူ ကယ်လ်ကီကို စောင့်မျှော်နေတာ
နှစ်ပေါင်း ၃၇၀၀ ရှိသွားပြီ။

ဂျူးတွေလည်း လာလတ္တံ့သောကယ်တင်ရှင် မက်ဆိုင်ယာကို စောင့်နေ
ခဲ့တာ နှစ်ပေါင်း ၂၅၀၀ တိုင်ခဲ့ပြီ။

ခရစ်ယာန်တွေလည်း ယေရှု ခရစ်တော်
ပြန်လည် ကြွချီတာ စောင့်မျှော်နေတာ
နှစ်ပေါင်း ၂၀၀၀ ရှိခဲ့ပြီ။

ဆွန်နာတွေလည်း တမန်တော် အီဆာကို
စောင့်မျှော်နေတာ နှစ်ပေါင်း ၁၄၀၀ ရှိပြီ။

မူဆလင်တွေလည်း တမန်တော် မူဟာမက်ရဲ့ မျိုးဆက်ကနေ မိုက်ဆိုင်ယာထွက်ပေါ်ဖို့
စောင့်မျှော်ခဲ့တာ နှစ်ပေါင်း ၁၃၀၀ ရှိခဲ့ပြီ။

ရှီးယိုက်တွေလည်း နောက်ဆုံးသော
၁၂ ယောက်မြောက် အီမန်ဖြစ်တဲ့
မူဟာမက် အယ်လ် မာဒီကို စောင့်နေခဲ့တာ
နှစ်ပေါင်း ၁၀၈၀ ရှိခဲ့ပြီ။

ဒရက်ဆီယာတွေလည်း ဟမ်ဇာ အီဘင် အလီကို စောင့်နေခဲ့တာ နှစ်ပေါင်း ၁၀၀၀
ရှိခဲ့ပြီ။

ဘာသာရေး အများစုမှာ “ကယ်တင်ရှင်”
“ပွင့်တော်မူလတ္တံ့သော” စတဲ့ အယူအဆတွေရှိပြီး အဲဒီ တမန်တော်တွေ၊ကယ်တင်ရှင်တွေ၊ ဖန်ဆင်းရှင်တွေ
က လောကကို မကယ်တင်၊ မလွှမ်းခြုံချိန်အထိ မကောင်းမှု၊ ဒုစရိုက်တွေနဲ့ အတိပြီးမယ် လို့ ဆိုကြတယ်။

ကျနော်တို့ လူသားတွေရဲ့ ပြဿနာက
မိမိတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲအပေါင်းကို ကိုယ်တိုင် ဖြေရှင်းကြရမယ့်အစား
တပါးသူတွေ လာရောက် ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်နေတာပဲ ဖြစ်မယ် ထင်ပါရဲ့..။ #NyiNaung

တကယ်တော့ ဒီပြဿနာရဲ့ အဖြေဟာ
ဗုဒ္ဓတရားတော်တွေထဲ အတိအလင်း
ဟောဖော်ညွှန်ပြ ဆိုဆုံးမပြီးသားပါ။

အဲ့တာကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်တွေဟာ နောင်ပွင့်မယ့် အရိမေတ္တယျ ဘုရားကို
မျှော်တာထက် လက်တွေ့ကျပြီး ပြည့်စုံမှန်ကန်ကာ အသုံးဝင်လွန်းတဲ့ ဗုဒ္ဓတရားတော်တွေကိုသာ ကျင့်သုံးနေထိုင်ရင်း
နှစ်ထောင်ချီကာလ ၂ခုကို အေးချမ်းစွာ
ဖြတ်သန်းရှင်သန်နေထိုင်လာနိုင်တာပဲ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:25


ကျောက်ဖရုံသီးစားပေးခြင်းဖြင့်
သလိပ်ကို ကျစေမည်။ ချောင်းဆိုးကို ပျောက်စေမည်။ ဆံပင်ကို မပျက်စီးစေရန် ကာကွယ်ပေးသည်။ ခန္ဓာကိုယ်တွင်းရှိ အဆီများကိုလည်း ချပေးနိုင်သည်။ အသားအရေနှင့် ကိုယ်ခန္ဓာကို လှပစေနိုင်သည်။

ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင် B ဓာတ်များ ပါဝင်သောကြောင့် လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးရည်ထဲတွင် ရှိနေသော ကိုလက်စထရောနှင့်အဆီကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နှလုံးအဆို့ရှင်ရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

ကျောက်ဖရုံသီးသည် ဝသောသူများ အဓိကစားသုံးရန် သင့်လျော်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ ကျောက်ဖရုံသီးကို တစ်ကြိမ်တည်း ပမာဏများစွာ မစားသုံးသင့်ပါ။
ဟင်းချိုအဖြစ် ပြုလုပ်ပြီး အရည်ကိုသာလျှင် သောက်ပေးသင့်ပါသည်။

ကျောက်ဖရုံသီးထဲတွင် ဆယ်လူလို့စ်ဓာတ်ပါသောကြောင့် သွေးကြောမာခြင်းကို ကာကွယ်ပေးသည်။ သွေးတွင်းအဆီများကို လျှော့ချပေးနိုင်သည်။
ကင်ဆာရောဂါကို ခုခံပေးနိုင်သည်။

Crd .Mie Mie ThuKha

#ကျန်းမာရေး

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 16:25


#ကျောက်ဖရုံသီးဖျော်ရည်ပြုလုပ်နည်း
------------------------
ဆီးနှင့် ကျောက်ကပ်ဆိုရင် မြန်မာလူမျိုးအများစု ပြေးမြင်လိုက်တာက ကျောက်ဖရုံသီး။
တကယ်လည်း ကျောက်ဖရုံသီးရဲ့ကောင်းကျိုးတွေကို လက်တွေ့ကိုယ်တွေ့ ရှိထားပြီးသားဖြစ်လို့ လူတိုင်းမငြင်းနိုင်တဲ့အချက်ပါ။ ဒါကြောင့် ....
ဒီတစ်ခေါက် တင်ပြပေးချင်တာကတော့ ကျောက်ဖရုံသီးဖျော်ရည် ပြုလုပ်နည်းလေးပါ။
ကျောက်ဖရုံသီးဖျော်ရည်ဆိုပြီး ကြားလိုက်ရင် '' ဟင်.. စိမ်းရွှင်ရွှင်ကြီးနေမှာပေါ့လို့ '' ထင်ကြမြင်ကြ ပြောကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ စနစ်တကျ ဖျော်ပြီး ပါဝင်ပစ္စည်းတွေ မှန်မှန်ကန်ကန်ထည့်မယ်ဆိုရင် သခွားမွှေးဖျော်ရည် သောက်ရသလို အရသာအလွန်ရှိပြီး အဝင်ကောင်းလှပါတယ်။
၁။ ဖျော်ရည်လုပ်မဲ့ ကျောက်ဖရုံသီး မနုမရင့် အနေတော်ဖြစ်ဖို့လိုပါတယ်။
၂။ အခွံခွာ အစေ့ပါအတွင်းသားကိုလှီးထုတ်ပြီး အသားနံရံထူထူလေးတွေကို အနေတော်အတုံးလေးတွေ တုံးပါ။
၃။ ဖျော်စက်ထဲကိုထည့်ပြီး ရေ၊ ပူစီနံ၊ သကြား၊ သံပုရာသီးနဲ့ ဆားအနည်းငယ်ထည့်ပြီးကြိတ်ပါ။
(သံပုရာသီးက အနံ့အဖြစ်ပဲထည့်ဖို့လိုပါတယ်)
၄။ ကြိတ်ပြီးရင် ပိတ်ပါးပါးလေးနဲ့ ဒါမှမဟုတ် ရေစစ်ကိုသုံးပြီး စစ်ထုတ်၊ ညစ်ထုတ်လိုက်ပါ။
၅။ ဖန်ခွက်ထဲမှာ ရေခဲတုံးလေးတွေနဲ့ ထည့်ပြီး သောက်ကြည့်ရင် ချိုအေးမွှေး အရသာကို ရရှိမှာပါ။
နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ကျောက်ကပ်ရောဂါတော်တော်များများကို သက်သာပျောက်ကင်းစေပါတယ်။ ချက်စားတာထက် ဖျော်ရည်လုပ်သောက်ခြင်းဟာ ကျောက်ဖရုံသီးရဲ့ ပါဝင်ဓါတ်ပေါင်းတွေကို ခန္ဓာကိုယ်က ပိုမိုရရှိနိုင်လို့ အကျိုးပိုမိုထူးခြားနိုင်ပါတယ်။

ကျောက်ဖရုံသီး ပေါ်ခြေထောက်တင်ထားပါ ########### ဒါလေးလည်းအတော်ကောင်းတယ်
ကျမကဆီချိူသမား ကျောက်ကပ်ထိမှာ အတော်ကြောက်😁
တရက်မိတ်ဆွေတစ်ယောက်ကကျောက်ဖရုံသီးဝယ်နေလို့
စကားစပ်မိကြပြီး ကျောက်ဖရုံသီးပေါ်ခြေထောက်လေးတင်ထားတာတဲ့ သူလည်းfb မှာဖတ်မိတာ ကျောက်ကပ်ကုနေရတဲသူတောင်သက်သာတယ်တဲ့တခြားကောင်းတာတွေလည်းပြောတယ် သူပြောတာတွေသိပ်တော့မမှတ်မိတော့ဘူး
ဒါနဲ့စဉ်းစားကြည့်တာ အပူအပုတ်တော့စုတ်မှာပဲလုပ်ကြည့်အုံးမယ်ဆိုပြီး
ကျမ စလုပ်တယ် ညမှာထိုင်ခုံပေါ်ထိုင် ပုတီးစိတ်ရင်းနဲ့ ၄၅ မိနစ်လောက်တော့ကြာတယ် ဒီလိုလေးတင်ထားလိုက်တာ ဒုတိယမြောက်နေ့တင်ပြီးမနက်မှာ ဆီးတွေအရမ်းပူတယ် အပူအစပ်လည်းမစားပဲနဲ့
ဒါနဲ့မေမေ့ကိုပြောတော့ မေမေလည် ဟိုရက်ကဆီးတွေပူတာတဲ့ သူ့လည်းလုပ်ခိုင်းပါတယ် မေမေကအရင်လုပ်တာ
နောက်နေ့တွေတော့မပူတော့ဘူး
ခုလုပ်တာ၁၀ ရက်ကျော်ပြီ
သိသိသာသာ နေလို့ထိုင်လို့ပေါ့ပါးလာတယ်
လုပ်ကြည့်နော် အပူအပုတ်စင်တာပေါ့
ကျမတော့ကျောက်ဖရုံသီးကို ၁၅ ရက်တခါလဲမယ် ----------------------------------------------------------------

#ကျောက်ဖရုံသီးအစွမ်း

ကျောက်ဖရုံသီး၏
ဂုဏ်သတ္တိမှာ အေး၏။
အရသာမှာ ချိုပေါ့၏။
အဆုတ်၊ အူမကြီးကို ကောင်းစေနိုင်သည်။

ကင်ဆာရောဂါကို ခုခံကာကွယ်ပေးနိုင်သည်။ ကျောက်ဖရုံသီးသည် အေးသောဓာတ်ဖြစ်သောကြောင့် နွေရာသီတွင် စားပေးရန် သင့်လျော်ပါသည်။

စားသုံးသင့်သူများ

ကျောက်ဖရုံသီးကို အားနည်းသူ၊ ခေါင်းမူးတတ်သူ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်မှုန်ဝါးနေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊
ဆီးရောဂါရှိသူ၊ နှလုံးအဆို့ရှင် ရောဂါရရှိသူတို့ စားသင့်ပါသည်။

မစားသင့်သူ

ကျောက်ဖရုံသီးကို သရက်ရွက်၊
အစာအိမ် အားနည်းသူ၊
အသည်းရောင် B ပိုးသမားတို့ မစားသင့်ပါ။

ပါဝင်သောဓာတ်များ

ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင်B1 ဗီတာမင် B2 ၊ ဗီတာမင် C ၊ ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ မီးစုန်းနှင့် သံဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။

ကောင်းကျိုး

ကျောက်ဖရုံသီးသည် အအေးဓာတ်ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ အပူများကို စုပ်ယူပေးနိုင်သည်။ ကျောက်ဖရုံသီးစားပေးခြင်းဖြင့် အပူကျစေမည်။ အပူများသူများ ပိုစားပေးသင့်သည်။

ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးသည်။ ဆီးသွားခြင်းကို ကောင်းကျိုးပြုပေးနိုင်မည်။

အဆုတ်ကို စိုစွတ်စေမည်။ အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်သည်။

ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ
အစာကြေရန် ကူညီပေးနိုင်သည်။
ကျောက်ဖရုံသီးစားပေးခြင်းဖြင့် ရေဖျဉ်းစွဲခြင်း၊ ရေငတ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းစက်များ ပေါ်ထွက်လာခြင်း၊ ရင်ကျပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝက်ခြံထွက်ခြင်း၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

ဆံပင်၊ သွေးရည်၊ အရေပြား၊ အရိုး၊ ဦးနှောက်၊ အသည်း၊ နှလုံးနှင့် ရောဂါခုခံစနစ်တို့ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အထောက်အကူ ပြုစွမ်းအားများ ပေးနိုင်သည်။

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 15:34


အာရှတလွှား ကျင်းပနေကြသော
မြန်မာ့အတာသင်္ကြန်ပွဲတော်အား
မြန်မာ့ကနဦး မူပိုင် ကမ္ဘာ့ ဒြပ်မဲ့ ယဉ်ကျေးမှု အဖြစ် ယူနက်စကိုမှ သတ်မှတ် အတည်ပြု

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Dec, 15:31


နိုင်ငံခြားသား လူမျိုးခြားမှ လင်တော်ချင်တဲ့
ဟာမတွေအနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုမှာ
ဒါမျိုးတွေလည်း ရှိတယ်ဆိုတာ ..... သိကြစေဖို့

ခြောက်နှစ်အရွယ် ထိုင်းမိန်းကလေးငယ်ကို မတရားပြုကျင့်ပြီး အွန်လိုင်းတင်ခဲ့သူ ဗြိတိသျှအမျိုးသားအား ဖမ်းမိ

၅.၁၂.၂၄

လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံအာဏာပိုင်တွေက ထိုင်းရဲတပ်ဖွဲကို အကြောင်းကြားတောင်းဆိုခဲ့အပြီးမှာတော့ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ဖူးတဲ့ အသက် ၃၀ နှစ်ရှိ ဗြိတိသျှလူမျိုးတစ်ဦးကို အဆိုပါ ထိုင်းအမျိုးသမီးရဲ့သမီးဖြစ်တဲ့ ခြောက်နှစ်အရွယ် ထိုင်းမိန်းကလေးငယ်ကို မတရားပြုကျင့်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့ က ဒီဇင်ဘာလ ၃ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်တွေက အဆိုပါ အင်္ဂလိပ်လူမျိုးကို ချွန်ဘူရီပြည်နယ်၊ ဘင်လာမွန်ခရိုင်၊ နာကလူးမြို့နယ်မှာရှိတဲ့ သူ့ရဲ့ ကွန်ဒိုမီနီယမ် အခန်းမှာ ဖမ်းမိခဲ့တာလို့ ချွန်ဘူရီပြည်နယ် ရဲမှူးချုပ် ဆာရွတ်ကွမ်ဆိုဖာက ပြောခဲ့ပါတယ်။

အမည်အားဖြင့် Luke လို့သာ ရဲတပ်ဖွဲ့က ဖော်ပြခဲ့တဲ့ တရားခံကို ရာဇဝတ်မှုတရားရုံးက ဒီဇင်ဘာလ ၂ ရက်မှာ ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။ တရားခံကို တရားရုံးမှာ အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးကို မတရားပြုကျင့် အကြမ်းဖက်စော်ကားမှုနဲ့ ခုခံကာကွယ်နိုင်စွမ်းမရှိသူတစ်ဦးကို ရိုင်းပျတဲ့လုပ်ဆောင်မှုတွေ ပြုမူမှုတို့နဲ့ တရားစွဲထားခဲ့ပါတယ်။

ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ အမျိုးသားရာဇဝတ်မှု အေဂျင်စီနဲ့ ထိုင်းရဲတပ်ဖွဲ့၊လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲတို့ ပူးပေါင်းညှိနှိုင်းပြီး လူမှုကွန်ရက်မှာ Luke ကိုယ်တိုင်တင်ထားခဲ့တဲ့ ထိုင်းကလေးငယ်တစ်ဦးကို လိင်စော်ကားမှုပြုတာဆိုတဲ့ ဗီဒီယိုကို စုံစမ်းထောက်လှမ်းကြပြီးတဲ့နောက်မှာ ခုလို အဖြစ်မှန် ပေါ်ပေါက်လာခဲ့ရတာပါ။

လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနခွဲ မှ ရဲအရာရှိတွေက ဓားစာခံကလေးငယ်ရဲ့ မိခင် ထိုင်းအမျိုးသမီးက Luke နဲ့ နှစ်နှစ်လောက် ချစ်ကြိုက်ခဲ့ကြဖူးတယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်။ အခုဆိုရင် မတရားပြုကျင့်ခံရတဲ့ကလေးငယ်က အသက် ခုနစ်နှစ် ရှိပြီဖြစ်ပါတယ်။ အဲဒီ လူမှုကွန်ရက်က ဗီဒီယိုကို ရဲတပ်ဖွဲ့ဝင်တွေက မိခင်ဖြစ်သူကို ပြသခဲ့တဲ့အခါမှာတော့ အတော့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ Luke က စွဲချက်တွေအပေါ် သူမပြုလုပ်ရပါဘူးလို့ ငြင်းဆန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

21 Nov, 16:01


#မိဘ တို့၏ ဂုဏ်ရည် (၁၃) ပါး
-----------------------------

(၁) #သုဟဒယဂုဏ်
အရိုး၊အကြော၊အသွေးအသားထဲကစိမ့်ပြီး
သားသမီးတို့ကိုချစ်ခြင်း။

(၂) #ဗြဟ္မာဂုဏ်
မတ်ေတာ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပက်ေခာဟု
ဆိုအပ်သော ဗြဟ္မစိုရ်တရားလေးပါးနှင့်
စောင့်ရှောက်ခြင်း ။


(၃) #ဇနေတ္တိဂုဏ်
အသက်စွန့်ပြီး မွေးသောအမေ ၊
အသက်စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း။

(၄) #ပေါသကဂုဏ်
အေးမြပြီး သန့်ရှင်းကြည်လင်သော
မိဘနှစ်ပါး၏ အရိပ်ရခြင်း ။

(၅) #ပေါသနန္တိဂုဏ်
လေပူ နေပူ အအေးဒဏ်မျိုးစုံကို
ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။

(၆) #ဒထောရာဂုဏ်
စကားပြောသင်ခြင်းမှအစ
ဘုရားရှိခိုးနည်း၊ဆွမ်းကပ်နည်းစသည်နှင့်
ကြီးသူကိုရိုသေ ငယ်သူကိုညှာတာတတ်
အောင်လသင်ကြားပေးခြင်း ။

(၇) #အာပါဒကာဂုဏ်
ဘေးရန်ကင်းစေရန်
အသက်စွန့်ပြီး စောင့်ရှောက်တတ်ခြင်း ။

(၈) #တေသယန္တိဂုဏ်
တေးသီချင်းတို့ဖြင့်
သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။

(၉) #ပုဗ္ဗာဒေဝတာဂုဏ်
အိမ်ဦးနတ် ဖခင် မိခင်ဖြစ်ခြင်း ။

(၁၀) #ပုဗ္ဗာစရိယဂုဏ်
"လက်ဦးဆရာ မည်ထိုက်စွာ
ပုဗ္ဗာစရိယ မိနှင့်ဖ " ဟူသော
စကားနှင့်လျော်ညီစွာ
စာရိတ္တမပျက်စီးစေရန်
ဘာသာရေးနှင့်သိမ်းသွင်းခြင်း ။

(၁၁) #ဂေါပယန္တိဂုဏ်
စား ဝတ် နေရေး ပညာရေး
ကျန်းမာရေးမပူပင်ရအောင်
လုပ်ဆောင်ပေးသော
အေးသောအရိပ်ပေးခြင်း ။

(၁၂) #အာဟုနေယျဂုဏ်
ပစ္စည်းလေးပါးတို့ဖြင့်
ကန်တော့ခံရသည့်ပုဂ္ဂိုလ်ဖြစ်ခြင်း ။

(၁၃) #အနာမဋ္ဌဂုဏ်
သားရဟန်း ဆွမ်းမဘုဉ်းပေးမီ
ဖခင် မိခင်တို့က အရင်ဆုံးစားခွင့်ရခြင်း
ဟူသော အခွင့်ထူးရရှိခြင်း။


မိဘတို့၏ ဂုဏ်ကျေးဇူးအထူးဆပ်နိုင်သူဖြစ်ကြပါစေ..
ဤတရားများကိုဟောကြားတော်မူခဲ့သော မြတ်စွာဘုရားအား
ရှိခိုးဝန္တနာ ကန်တော့ပါ၏အရှင်မြတ်ဘုရား။
သားလိမ္မာလေးတွေ သမီးလိမ္မာလေးတွေ မိဘကျေးဇူးဂုဏ်ထူးကို
သိတတ်စေရန်အလို့ငှါ ကူးယူပြန်လည်ဝေမျှအပ်ပါသည်။
မူရင်းတင်သူအားcredit

မြန်မာ့သမိုင်းနှင့် သုတစုံ

20 Nov, 04:40


တချို့ ပေ့ခ်ျတွေ ချန်နယ်တွေက ပေါက်ကရ ပြောတာ
နားမယောင်နဲ့ ညီတို့ ညီမတို့ .....

အင်ဂျင်နီယာချင်း တူတာတောင် တကယ်ကျွမ်းကျင်တဲ့
သူနဲ့ အတန်းကုန်လို့ ဘွဲ့ရသွားတဲ့သူနဲ့ ပညာအရာမှာ
သိသိသာသာကွာတယ် ..... ညီတို့ ညီမတို့

ကုန်ကုန်ပြောရင် ဈေးရောင်းစားတောင် ပညာတတ်တဲ့သူ
ဈေးရောင်းစားတာနဲ့ ပညာနည်းတဲ့သူ ဈေးရောင်းစားတာ
ဘဝနဲ့ချီပြီး ကွာတယ် ..... ညီတို့ ညီမတို့

ဘယ်လိုကွာခြားတာလဲမေးရင် .......

ပညာနည်းတဲ့သူက ဈေးရောင်း ဆို ဈေးချည်း ရောင်း
တတ်ကြတာများတယ်။ အရောင်း အဝယ် ပညာ၊
အပြောအဆို နဲ့ ငွေကြေးစီမံခန့်ခွဲနိုင်စွမ်း အားနည်းတော့
ရရ ကုန်ကုန် နဲ့ သံသရာလည်နေလိမ့်မယ်။

ပညာတတ်တဲ့သူက အရောင်း အဝယ် ပညာ၊
အပြောအဆို နဲ့ ငွေကြေးစီမံခန့်ခွဲနိုင်စွမ်း မှာ အားသာတော့
ဝယ်လိုအား မြင့်လာအောင်၊ မိတ်သင်္ဂဟ ပေါလာအောင်
ငွေကြေးစီမံခန့်ခွဲမှု့အားသာတော့ လက်လီကနေ လက္ကား
လက္ကားကနေ ကုန်သည် ကုန်ထုတ် နိုင်တဲ့အထိ လက်တွေ့ကျကျ စွမ်းဆောင်ရင်း ကြွယ်ဝကြီးပွားချမ်းသာလာလိမ့်မယ်။

ဒီတော့ ပညာတိုင်းကို အထင်မသေးမိကြစေနဲ့ ညီတို့ ညီမတို့

မန့်လေး အတော်သဘောကျလို့ .....

#TinThetPye
#မင်္ဂလာဘိသိက်တော်

မြန်မာ့သမိုင်းနှင့် သုတစုံ

19 Nov, 14:47


အေးမြသော ဆောင်းရာသီရောက်ပြီ ဖြစ်ပါသဖြင့်
တိရိစ္ဆာန်လေးများမှာ သူတို့ကိုယ် သူတို့နွေးထွေးစေရန်
ကားတွင် အပူငွေ့ရှိနိုင်သော အစိတ်အပိုင်းများတွင် နေတတ်ပါသဖြင့်
ကားများမထွက်ခွါမှီ ဓာတ်ပုံထဲရှိ ဖော်ပြပါနေရာများကို
အရင်ဦးစွာ စစ်ဆေးပြီးမှသာလျှင် ကားစက်နှိုး၍ ထွက်ခွါပေးကျပါခင်ဗျာ 🙏

photo crd#

မြန်မာ့သမိုင်းနှင့် သုတစုံ

13 Nov, 15:54


ဂျပန်မှာပြည်နယ်(၄၇)ခုရှိတာကိုအတော်များများသိကြပေမယ့် တစ်နိုင်ငံလုံးကိုဒေသ(၈)ခုအနေနဲ့လည်းပိုင်းခြားကြပါသေးတယ်။ ပြည်နယ်တွေဟာအုပ်ချုပ်ရေးအဆင်ပြေစေဖို့တရားဝင်သတ်မှတ်ထားတာဖြစ်ပေမယ့် ဒေသတွေဟာတော့မတူပါဘူး။ ဒေသတွေဟာမြေမျက်နှာသွင်ပြင်အလိုက် အရပ်စကားနဲ့ခွဲခြားခေါ်ဝေါ်ရင်းဖြစ်လာတာဖြစ်ပြီး တရားဝင်ပိုင်းခြားထားတာမျိုးမဟုတ်ပါဘူး။ ဒီဒေသ(၈)ခုမှာကိုယ်ပိုင်ထူးခြားချက်လေးတွေလည်းရှိကြပါတယ်။

Hokkaidō
=======
သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းဟာ ဒီဒေသရဲ့အားသာချက်ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေအထူးဖြစ်ထွန်းတဲ့ဒေသဖြစ်ပါတယ်။

Tōhoku
======
လျှပ်စစ်ပစ္စည်းနဲ့စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေအဓိကရှိတဲ့ဒေသဖြစ်ပါတယ်။ အာရှနဲ့မြောက်အမေရိကကိုကုန်သွယ်နေတဲ့ဒေသလည်းဖြစ်ပါတယ်။

Kantō
=====
စီးပွားရေးနဲ့စက်မှုလုပ်ငန်းတွေစုစည်းရာဒေသပါ။ တိုကျိုရှိနေတဲ့ဒေသလည်းဖြစ်တာကြောင့်အဖွံ့ဖြိုးဆုံးလို့ဆိုနိုင်ပါတယ်။

Chūbu
=====
တစ်နိုင်ငံလုံးရဲ့ကုန်ချောပစ္စည်းတင်ပို့မှု(၂၀)ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသဟာ ကုန်ထုတ်လုပ်ငန်းကတစ်ဆင့်ဂျပန်စီးပွားရေးကိုမောင်းနှင်နေပါတယ်။

Kansai (Kinki)
=========
ဂျပန်နိုင်ငံရဲ့အလယ်ဗဟိုဒေသဖြစ်ပါတယ်။ ကျိုတို၊အိုဆာကာ၊ကိုဘဲ စတဲ့မြို့ကြီးတွေရှိပြီး လူဦးရေသန်း(၂၀)ကျော်နဲ့ နိုင်ငံရဲ့ဒုတိယအကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားပါတယ်။

Chūgoku
=======
လျှပ်စစ်၊ဇီဝနည်းပညာစတဲ့နယ်ပယ်တွေရဲ့ သုတေသနနဲ့ဖန်တီးရေးလုပ်ငန်းတွေလုပ်ကိုင်ရာဒေသဖြစ်ပြီး နည်းပညာအားကောင်းတဲ့နေရာလို့ပြောလို့ရပါတယ်။

Shikoku
======
စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်တဲ့ဒေသဖြစ်ပါတယ်။ အခြားဒေသတွေရဲ့ပျမ်းမျှထက်သာတဲ့ GDP ရှိပါတယ်။

Kyūshū, Okinawa
============
လှပတဲ့ရှုခင်းတွေရှိပြီး ကိုရီးယား၊တရုတ်နဲ့အရှေ့အာရှကိုဆက်သွယ်ဖို့ အချက်အချာကျတဲ့ဒေသဖြစ်ပါတယ်။

ဒီလိုဒေသခွဲခြားခေါ်ဆိုတာကို မြေပုံ၊ပထဝီစာအုပ်၊မိုးလေဝသခန့်မှန်းချက်တွေအပြင် နေရာအများအပြားမှာအသုံးပြုလျက်ရှိတာကြောင့် ဗဟုသုတအနေနဲ့သိထားသင့်ပါတယ်။

မင်မင်မျှဝေပေးထားတဲ့ဆော့ဝဲနဲ့သာဆိုရင် ဂျပန်နိုင်ငံအကြောင်းကို အသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသေးတယ်။

ဆော့ဝဲဒေါင်းရန် - https://bit.ly/4fKjnYP

#orion_kinan
#japan
#regions
#knowledge
#crd_to_owner_with_respect
#JapaneseCorner

မြန်မာ့သမိုင်းနှင့် သုတစုံ

13 Nov, 14:44


ကျွန်တော့ KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ်
လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ
အဆင့်မြင့်နည်းပညာများအသုံးပြုအလိမ်ခံရခြင်းပါ

မိတ်ဆွေများ အလိမ်မခံရစေရန် ဖြစ်စဥ်ကို ပြန်လည်တင်ပြလိုက်ပါတယ်

ဖြစ်ပုံက ဒီလိုပါ

ဖေ့ဘွတ် မှာ Yadanarpon B2B ဆိုတဲ့ Page ကနေ အင်တာနက်ဒေတာ များ ရောင်း‌နေတာတွေ့မိပါတယ် Yadanarpon ဆိုတာက အများသိပြီးသားဆိုတော့ ယုံယုံကြည်ကြည်နဲ့ အင်တာနက်လျှောက်လိုက်ပါတယ် ဦးစွာ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မြို့အမည် တွေတောင်းပါတယ်

နောက်တော့ ငွေလွှဲခိုင်းပါတယ် (Kpay-0998434408 Daw Thu Zar Phyo) တဲ့

ငွေလွှဲဝင်တာနဲ့ block ပြေးသွားတာလားဆို မဟုတ်ပါဘူး

Register တင်ပြီး ၂၄ နာရီအတွင်း sms ရောက်ပါမယ် SMS ရောက်ရင် plan သုံးလို့ ရပါပြီဆိုပြီး reply ပြန်လာပါတယ်

နောက်နေ့‌ရောက်တော့ ဖုန်းနံပါတ် အစိမ်း နဲ့ ဖုန်းဝင်လာတော့ အကို ကျွန်တော် Yadanarpon ကပါ messenger မှာ app လေးချပေးထားပါတယ် ဝင်ပြီး download ဆွဲပေးပါဦးဆိုတော့ ကိုယ်လည်း download ဆွဲလိုက်ပါတယ်

App အမည်က AirDroid Remote Support ပါ
(အဲ့တာ ဘာ app လည်းဆိုတာ ကိုယ်မသိပါ)

Download ပြီးရင် ပြောပေးပါဦးဆိုတာနဲ့ ပြီးပြီးကြောင်းပြောပြတော့ သူချပေးတဲ့ app ထဲက ပေါ်လာတဲ့ code No. ကို SS ပြပေးပါဆို‌တော့ ကိုယ်လည်း ပြပေးလိုက်ပါတယ်

အဲ့မှာ ကိုယ့်ဖုန်းကို ဝင်ခွင့်ပြုပြီးသားဖြစ်သွားပါပြီ

နောက် KPay ကနေ ၁၀၀၀ ကျပ်ပေးချေပါ Viber ကနေလည်း link ပို့ပေးထားပါတယ် App လေးဖြင့်လုပ်ဆောင်ပြီးရင် Plan စသုံးလို့ရပါပြီနော် အကိုဆိုပြီး B2B Plan ဝယ်ယူရန် form နဲ့ လွှဲပေးရမယ့် Kpay No. နဲ့ Link ချပေးပါတယ်

သူပေးတဲ့ Link ကနေဝင် ဖောင်ဖြည့်ပြီး ငွေတစ်ထောင် လွဲပေးလိုက်ပါတယ်

(နောက်မှ သိရတာ အဲ့တာ Kpay Link အတုပါ)

ကိုယ်က အစစ်ထင်ပြီး ငွေချေလိုက်တဲ့အချိန်မှာ ကျွန်တာ့ pass code သူတို့ ရသွားပါပြီ ပြီးတော့ လွှဲပေးထားတဲ့ ဖုန်းနံပါတ်ပြောပါ ပြန်စစ်ပေးပါမယ်တဲ့ ဒါက Pass codeကို ယူသွားတဲ့နည်းပါ

ဖုန်းနံပါတ်ရယ် Kpay Pass code ရယ် သူတို့ရသွားပါပြီ

နောက် OTP ယူသွားပုံလေးဆက်ပြောပြမယ်နော်

အဲနောက်မှာ သူ့ဆီက က screen share လုပ်ဖို့ request တောင်းတာကို accept လုပ်ပေးဖို့ပြောလာပါတယ် accept ကိုနှိပ် ပြီးတော့ start screen share ကိုနှိပ်ခိုင်းပါတယ် ပြီးရင် start broadcast ကိုနှိပ်ပါ stop broadcast ကိုမနှိပ်ဘဲ home key နဲ့ပြန်ထွက်ပေးပါ တဲ့

(ကိုယ်လည်း သေချာမဖတ်မိပါဘူး သူပြောတဲ့အတိုင်းလိုက်ဝင်ပြီးလုပ်မိလိုက်ပါတယ်)

ပြီးတာနဲ့ ဖုန်း Message ထဲဝင်စစ်ပေးပါ ဆိုတော့ ဖုန်း message ကိုဖွင့်ပြီး စောင့်နေလိုက်ပါတယ်

အဲ့အချိန်မှာ သူက Kpay ထဲဝင်နေပြပြီ ကိုယ်က ဖုန်း message ကိုဖွင့်စောင့်နေတော့ ဖုန်းမှာ OTP ပေါ်တဲ့ Noti တက်မလာတော့ပါဘူး

ကိုယ်လည်း ဝင်လာနိုးစောင့်နေတဲ့အချိန် သူက OTP ရသွားပါပြီ

ကိုယ်လည်း မသင်ကာလို့ Kpay message ကို ဝင်ကြည့်လိုက်တော့ ငွေလွှဲဖို့ OTP ချပေးထားတာမြင်တာနဲ့ လိမ်ပြီဆိုတာသိလိုက်တာနဲ့ ချက်ချင်း stop share နှိပ်ပြီး ထွက်လိုက်ချိန်မှာ နောက်ကျသွားပါပြီ

Kpay အကောင့်ထဲဝင်စစ်လိုက်တော့ ရှိသမျှပါသွားပါပြီ

KPay ထဲရှိရှိသမျှ အကုန်လွှဲယူသွားပါတယ် ကြောက်စရာကြီးပါ

ဒီအကြောင်း အသိမိတ်ဆွေတွေကိုပြောပြတော့ အသိထဲ အဲနည်းနဲ့ ပါသွားသူတွေ အများကြီးဖြစ်နေပါပြီ

နောက် အသိတစ်ယောက်လည်း Kpay Level 2 ကနေ 3 မဖြစ်မနေ ပြောင်းရမယ် ဆက်သွယ်လာလို့ လုပ်လိုက်တာ အကုန်ပါသွားပါတယ် တဲ့

ကျွန်တော်ဆီဆက်သွယ်လာတဲ့ ဖုန်းနံပါတ်က 09963724735 ပါ
သူတို့ လွှဲခိုင်းတဲ့ Kpay link အတုနံပါတ်က 09664820726 Htoo darling win
ကျွန်တော့ အကောင့်ကနေ လွှဲယူသွားတဲ့ နံပါတ်ကKpay accက (**7336)Daw Yu Yu Htwe

ကျွန်တော်တော့ Kpay ဆက်မသုံးတော့ပါ
Yadanarpon B2B အပြင် အခြားနည်းတွေ page တွေ ရှိနေနိုင်ပါတယ် သတိပြုနိုင်ကြပါစေ

လူလိမ်ဘေးမှ ဝေးကြပါစေ

https://www.facebook.com/share/p/18czn8D8kB/

မြန်မာ့သမိုင်းနှင့် သုတစုံ

13 Nov, 14:43


.
#အနုပညာသမားတို့ဘဝ
.

ဒီပုံကလေးမြင်ရတော့ ပထမ ရီချင်မိသား၊ နောက်တော့မှ အနုပညာသမားတွေရဲ့ တတိယအရွယ်
နေဝင်ချိန်ဟာ ခက်ခဲရင်နင့်ဖွယ် ကောင်းလှပါလားရယ် လို့အတွေးဝင်သွားမိ၏။

အသံမှာ စိန်အောင်မင်း ပြီးရင်တော့အကောင်းဆုံး လို့သတ်မှတ်ခံခဲ့ရတဲ့ ပုလဲစိန် သည်က ဘီအီးဒီ
အောင်သိုက်၊ လူငယ် ကြည်ခိုင် တို့နဲ့တွဲပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ဖူးသည်။

ဖိုးချစ် ပွဲကရာ ဇာတ်ရုံရဲ့နံဘေး ယာတောက တဲကလေးထဲမှာ လူတယောက် သေအံ့မူးမူး ဖြစ်နေ၍
ဇာတ်အဖွဲ့သားတယောက်၊ သွားကြည့်ပြီးတော့ မေးစမ်းကြည့်တဲ့အခါ "ပုလဲစိန်" ပါတဲ့ ပြုစုကုသဖို့
ဝိုင်းဝန်း ကြိုးစားကြပေမယ့် ဆုံးပါးသွားခဲ့ရ၏။

တခေတ်မှာ တယောက်ဆိုရမယ့် မြို့မငြိမ်း၊ ရောင်စုံ ဒုတ်ထိုးအရုပ်ကလေးတွေ ရောင်း၍ဝမ်းရေး
အတွက် ဖြေရှင်းခဲ့ရဖူးသတဲ့ ကားကို အရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက် ခေါင်းထိုး
ထည့်ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပေသည်။

"ပန်းရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲ" သီချင်းတွေရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်၊ နွားတင်းကုတ်
ထဲမှာ လူမသိသူမသိ အသက် ဆုံးပါးသွားခဲ့ရ၏။

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေက စလို့နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို ရေးစပ်
ပေးခဲ့တဲ့ ကိုလေးလွင်၊ မိုးသဲနေတဲ့အချိန် တာမွေ မီးသတ်အရှေ့က ပလက်ဖောင်းပေါ်လဲကျနေ၏။
လက်ထဲမှာ ခေါက်ဆွဲသုတ် အထုတ်ကလေးနဲ့တဲ့ (နေမကောင်းတဲ့ကြားက သူ့သမီး စားချင်တယ်ဆို
လို့ သွားဝယ်ပေးရင်း အားပြတ်ပြီး လဲကျသွားတာပါ)

ဘေးလူတွေက မေးစမ်းပြီးတော့ ဆေးရုံ၊ ပို့ပေးကြပေမယ့် အသက် မမှီတော့ပါဘူး

နာမည်ကသာ အနုပညာသမား၊ ဒါပေမယ့် သူတို့ဘဝတွေရှင်သန်ဖို့ ခက်ခဲ ကြမ်းတမ်းလွန်းလှ၏။

ဗဟုသုတနှင့် မှတ်သားမိသော စာစုများ
.

credit to original author
via - moemoemon

မြန်မာ့သမိုင်းနှင့် သုတစုံ

13 Nov, 12:24


ကိုယ့်အဆင့် ကိုယ်သိပါ

ကိုယ့်အဆင့် ကိုယ်မသိတဲ့ ဒီလိုပုဂ္ဂိုလ်တွေကြောင့် မြတ်စွာဘုရားက လူတိုင်းကို ရဟန်းဖြစ်ဖို့ အခွင့်အရေး မပေးခဲ့တာဖြစ်တယ်။ ရဟန်းဆိုတာ ဘယ်လို လူပုဂ္ဂိုလ်ကိုမှ ရှိခိုးတာ၊ ကန်တော့တာ လုပ်စရာမလို လုပ်ခွင့်မရှိပါ။

သံဃာတော်တို့ ရှိမခိုးကောင်းသည့် အ၀န္ဒိယပုဂ္ဂိုလ် (၂၅)ဦးရှိပြီး သံဃာတော်တွေ ရှိခိုးကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ (၃)ဦးပဲ ရှိပါတယ်။ အဲဒီ (၃)ဦးကတော့-

(က) မိမိထက် သိက္ခာဝါတော် ကြီးတော်မူသည့်ရဟန်း။

(ခ) မိမိနှင့် မတည့်သော်လည်း ဓမ္မဝါဒီဖြစ်သည့် သိက္ခာဝါတော် ကြီးတော်မူသည့်ရဟန်း။ (ဘုရားရှင်၏ အယူဝါဒနှင့် ဆန့်ကျင်သည့် အဓမ္မဝါဒီတို့ကိုတော့ မိမိထက် သိက္ခာဝါတော် ကြီးသော်လည်း ရှိမခိုးကောင်း)

(ဂ) မြတ်စွာဘုရား။

ဒီသုံးဦးကိုသာ သံဃာတော်များအနေနဲ့ ရှ်ိခိုးကောင်းပါတယ်။ ရှိခိုးထိုက်ပါတယ်။ ရဟန်းသံဃာတော်တွေ ရှိမခိုးကောင်းတဲ့ “အ၀န္ဒိယ” ပုဂ္ဂိုလ် (၂၅)ဦးကိုလည်း တဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) မြို့ထဲ၊ ရွာထဲ ၀င်နေသောရဟန်း။

(၂) လမ်းမှာရောက်နေသော ရဟန်း။

(၃) အမှောင်ထဲတွင် ရောက်နေသော ရဟန်း။

(၄) ရှိခိုးနေသည်ကို မြင်လျှက် အလေးမပြု ဂရုမစိုက်ဘဲနေသော ရဟန်း။

(၅) အိပ်ပျော်နေသော ရဟန်း။

(၆) ယာဂုသောက်ရာနေရာတွင် ရောက်နေသော ရဟန်း။

(၇) ဆွမ်းယူရာနေရာတွင် ရောက်နေသောရဟန်း။

(၈) တဖက်ရန်သူရှိရာသို့ သွားနေသောရဟန်း။

(၉) အာရုံတပါး စိတ်ရောက်နေသော ရဟန်း။

(၁၀) အ၀တ်ဗလာ ကိုယ်တုံးလုံး ဖြစ်နေသော ရဟန်း။

(၁၁) အချိုပွဲစသည့် ခဲဖွယ်ကို ဘုဉ်းပေးနေသော ရဟန်း။

(၁၂) ဆွမ်း ဘောဇဉ်ကို ဘုဉ်းပေးနေသော ရဟန်း။

(၁၃) ကျင်ကြီးစွန့် (ကုဋီတက်) နေသော ရဟန်း။

(၁၄) ကျင်ငယ် စွန့်နေသော ရဟန်း။

(၁၅) သံဃာ့ဘောင်မှ နှင်ထုတ်ထားသည့် ဥက္ခိတ္တက ရဟန်း။

(၁၆) မိမိထက် သိက္ခာဝါတော်ငယ်သည့် သီတင်းငယ်ရဟန်း။

(၁၇) လူ, သာမဏေ

(၁၈) အဓမ္မဝါဒီဖြစ်နေသည့်ရဟန်း ( အဓမ္မဝါဒီရဟန်းကို မိမိထက် သိက္ခာဝါတော်ကြီးလည်း ရှိမခိုးထိုက်)

(၁၉) မာတုဂါမ။

(၂၀) နပုံး၊ ပဏ္ဍုက်။

(၂၁) ပရိဝါသ် ဆောက်တည်နေသော ရဟန်း။

(၂၂) အရင်းသို့ ငင်ထိုက်သော ရဟန်း။

(၂၃) မာနကျင့်ထိုက်သော ရဟန်း။

(၂၄) မာနကျင့်ဆဲသော ရဟန်း။

(၂၅) အဗ္ဘန်သွင်းထိုက်သော ရဟန်းဟူ၍ သံဃာတော်များ ရှိမခိုးကောင်းသည့် အ၀န္ဒိယပုဂ္ဂိုလ်(၂၅)ဦးဖြစ်ပါတယ်။

ထိုရှိမခိုးကောင်းသည့် အ၀န္ဒိယပုဂ္ဂိုလ်(၂၅)ဦးတွင် အမှတ်စဉ် (၁၅)မှ (၂၅)အထိ ပုဂ္ဂိုလ်တို့ကို ရှိခိုးရင် အာပတ်သင့်ပါတယ်။

မိဘ၊ လူပုဂ္ဂိုလ်ဆရာသမားတို့ဟာ ရဟန်းတော်များ
ရှိမခိုးကောင်းတဲ့ စာရင်းထဲမှာ ပါနေတဲ့အတွက်
ရဟန်းတော်များအနေဖြင့် လုံး၀ ရှိမခိုးကောင်း၊ ရှိမခိုးထိုက်ဘူးဆိုတာ သိစေလိုပါတယ်။

မြန်မာ့သမိုင်းနှင့် သုတစုံ

13 Nov, 12:24


မြန်မာ့ဂုဏ်ဆောင် ကာယဗလမောင်

မြန်မာ့သမိုင်းနှင့် သုတစုံ

11 Nov, 16:06


ကထိန် အဓိပ္ပါယ်

အကျိုးပေး မြဲမြံခိုင်ခံ့သော
ဘုရားအစရှိသော ပညာရှိ
သူတော်ကောင်တို့ ချီးမွမ်းအပ်သော အလှူကို ကထိန် "ဟု ခေါ်သည်

ဘာလို့ အကျိုးပေးမြဲမြံခိုင်ခံ့တာလဲ
ငါ့ရဟန်းပဲဆိုပြီး ပုဂ္ဂိုလ်စွဲမထားပဲသံဃာကိုလှူဒါန်းရလို့ သံဃာ့ကိုလှူဒါန်းမယ်ဆို
စိတ်ထားတတ်ဖို့ သံဃာ့ဂုဏ်ကိုအာရုံပြုနိုင်ဖို့လိုတယ်

သံဃာဆိုတာ အာပတ်မရှိဘူး အပြစ်ကင်းစင်တယ် အဲ့ဒီသံဃာ့အားလုံးထဲမှာ
အရိယာသံဃာ သမုတိသံဃာ အခုဝတ်ခါစ ကိုရင်လေးကအစပါတယ်

ဒါကို အာရုံပြုနိုင်ဖို့ စိတ်ထားတတ်ဖို့လိုတယ် သံဃာကိုသာလှူတယ်ပြောနေပေမဲ့ စိတ်ထားမတတ်ဘူး အာရုံမပြုနိုင်ဘူး
ငါ့ကျောင်း ငါ့ရဟန်း ငါ့အမျိုးရဟန်း
ငါတို့နဲ့ လက်သင့်ရာ အဆင်ပြေရာဆိုရင်
ပိုလှူမယ် ပုံအောလှူမယ်ဆိုရင်

ပါးစပ်ကသာ သံဃာကိုလှူဒါန်းတာပြောနေပေမဲ့ သံဃာ့ဂုဏ်ကိုအာမပြုနိုင်ဘူး
အစွဲလေးခဏတဖြုတ်တောင် မခွာထားကြဘူးဆိုရင် သံဃိကဒါနမမည်ပါဘူး

အစွဲကိုဘာလို့ ခွါခိုင်းတာလဲလို့ဆို
အစွဲကသိပ်ကြောက်ဖို့ကောင်းတာကိုး
ဥပါဒါန ပစ္စယာ ဘဝေါ အစွဲတွေကြောင့်
ဘဝခန္ဓာတွေရကြတာ အစွဲတွေများလာရင် သင့်မသင့် မှန်မမှန် နည်းလမ်းဟုတ် မဟုတ်မသိတော့ဘူးလေ

သံဃိကဒါနကို လှူတော့မယ်ဆိုရင်တော့ အစွဲကိုခဏတဖြုတ် ချွတ်ထားကြပါလို့ ပုထုဇဥ်တွေဆိုတော့ အစွဲကရှိကြတာပဲ အနည်းနဲ့အများပဲကွာတာ

ဒါ့ကြောင့် အကျိုးပေးထက်သန်စေချင်ရင် အဓိကအစွဲကို ခဏဖြုတ်ထား
ပြီးမှပြန်တပ်ချင်တပ်ပေါ့ ဒါကအဖြစ်နိုင်ဆုံးကိုပြောပြတာပါ

ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ကစပြီး တန်ဆောင်မုန်းလပြည့်နေ့ ည၁၂နာရီထိ
လှူဒါန်းခွင့်ရှိသည်။

ဘုရားအစရှိသော သူတော်ကောင်းပညာရှိတို့ချီးမွမ်းအပ်သောအလှူမျိုးကို
လှူဒါန်းနိုင်ကြသော အလှူ့ရှင် အလှူ့အမများဖြစ်ကြပါစေ ၊

အလှူ့ရှင် အလှူ့အမများအားလုံး
ဘေးရန်ရောဂါ ကင်းစင်ကွာ၍
ကောင်းကျိုးသုခဟူသမျှကို
မကြာခဏ ရကြပါစေကုန်သတည်း,,,။

မြန်မာ့သမိုင်းနှင့် သုတစုံ

09 Nov, 16:39


ပုဂံအာနန္ဒာဘုရားမှာကျ ၅၅၀ ဇာတ်တော်တွေအပြင် အခြားသော ရုပ်ကြွတွေပါ ပါလာတယ်။
အဲဒီလို ရုပ်ကြွတွေဟာ မြေမီးဖုတ်သက်သက်မဟုတ်ပဲ စဉ့်ရည်သုတ်လိမ်းထားတာကြောင့် စဉ့်ကွင်းလို့ ဗမာလို ခေါ်ကြတယ်။
စဉ့်ကွင်းဆိုတာ မြန်မာစကားနော်။
မွန်မှာလဲ မရှိ ရခိုင်မှာလဲ မရှိဘူး။

အာနန္ဒာက စဉ့်ကွင်းတွေကို မွန်ဘာသာ တစ်မျိုးထဲနဲ့သာ ရေးတယ်လို့ ပြောရင် ပြောတဲ့ကောင်က စာမတတ်တာ၊ ဒါမှမဟုတ်ရင် စာတတ်သော်လဲ လိမ်ညာပြီး အတ္တနောမတိနဲ့ မွန်ဘက်လိုက်ပြောတာ။

အာနန္ဒာက ၅၅၀ ဇာတ်တော် စဉ့်ကွင်းများမှာ မွန်ဘာသာ မွန်စကား လုံးဝ မပါဘူး။

မွန်ဘာသာ မွန်စကားပါတဲ့ စဉ့်ကွင်းတွေလဲ ရှိတယ်။
အဲဒီ စဉ့်ကွင်းတွေက မြန်မာ မွန် ပါဠိ ကပြား စာတွေ။
ဘယ်လိုဟာမျိုးလဲ ဆိုတော့
ဤကား ဗြဟ္မာတည်း။
ဤကား သိကြားတည်း။
ဤကား မဟော်သဓာဇာတ်တော်တည်း ဆိုတဲ့ စာတွေ။

အဲဒီစာတွေမှာရေးထားတာလဲ ဤကား ဆိုတဲ့ ဝေါဟာရလောက်ပဲ မွန်ဝေါဟာရဖြစ်ပြီး ဗြဟ္မာတည်း ဆိုတာကျ ပါဠိနဲ့ ပါဠိသက် မြန်မာဝေါဟာရတွေ။

ဒီတော့ အနန္ဒာဘုရားက ၅၅၀ ဇာတ်တော် စဉ့်ကွင်းတွေမှာ မွန်ဘာသာ မွန်စကား တစ်လုံးမှ မပါဘူး။
ဇာတ်တော်မှာရေးထားတဲ့ ဇာတ်တော်အမှတ် ကိန်းဂဏန်း အရေးတွေသည်လည်း မြန်မာကိန်းဂဏာန်း အရေးတွေသာ ဖြစ်တယ်။

အာနန္ဒာဘုရားက ကိန်းဂဏန်းအရေးတွေသည် မွန်စာ မဟုတ်။
ပုဂံမြန်မာ ကိန်းဂဏန်း အရေးများသာ ဖြစ်တယ်။

၃။ ပြည်ရွှေဆံတော်ဘုရား ကျန်စစ်သားကျောက်စာ

ပြည်ရွှေဆံတော်ဘုရားက ကျန်စစ်သားကျောက်စာတွေကို မွန်ဘာသာထိုးလို့ အလွယ်ခေါ်ကြတယ်။
တကယ်က မွန်ဘာသာထိုး စစ်စစ် မဟုတ်ဘူး။
မြန်မာဝေါဟာရတွေ၊ မြန်မာသက္ကရာဇ်တွေ ရောပြွမ်းထိုးထားတဲ့ ကျောက်စာဖြစ်တယ်။

အဲဒီ ကျောက်စာက သကရ(ဇ်) ဆိုတဲ့ ဝေါဟာရသည်လဲ မြန်မာဝေါဟာရ၊ ၄၅၅ မြိဂသိရ်(နှစ်) ဆိုတာလဲ မြန်မာ သက္ကရာဇ်၊ မြန်မာ ၁၂လရာသီ နှစ်တွေ ဖြစ်တယ်။
ဒွါရာဝတီမှာရော မြန်မာပြည်အောက်ပိုင်းမှာရော မွန်နဲ့ဆိုင်ရာမှာ သက္ကရာဇ် ကိန်းဂဏန်းအရေးအသား ၁၂လရာသီ နက္ခတ်နှစ်တွေ မရှိပါဘူးဆို။

ကျန်စစ်သား မွန်ဘာသာနဲ့ ကျောက်စာရေးတယ်ဆိုတာကိုက မွန်တွေကို ငါ ဘာကောင်ကွလို့ အာဏာပြတာထက် မပိုဘူး။
မွန်စကားကို အသုံးပြုပြီးကျောက်စာရေးပေး ပေမယ့် မွန်မှာ မရှိတဲ့ သက္ကရာဇ် ၊၁၂လရာသီ နက္ခတ်နှစ်၊ ကိန်းဂဏန်း အရေးတွေကို မြန်မာ သက္ကရာဇ်၊ မြန်မာ၁၂လရာသီ၊ မြန်မာ ကိန်းဂဏန်း အရေးနဲ့ပဲ ရေးပေးရတယ်။

ဒါတင်မကဘူး။
မွန်ဘာသာစကား မွန်ဝေါဟာရတွေကို အသုံးပြုပြီး ရေးထားလို့ မွန်ကျောက်စာလို့ခေါ်ပေမယ့်၊ အဲဒီစာတွေ ရေးဖို့ အသုံးပြုထားတဲ့ အက္ခရာက ပုဂံမြန်မာအက္ခရာတွေပဲ ဖြစ်တယ်။

မွန်အက္ခရာဆိုတာ မရှိပါ။

ကျန်စစ်သားရေး မွန်ကျောက်စာ ဆိုတာတွေသည် မွန်ဝေါဟာရများကို သုံးထားပေမယ့် ပုဂံမြန်မာအက္ခရာများကို အသုံးပြုပြီး ရေးထားတာဖြစ်တယ်။
ယင်းမှာပါတဲ့ ကိန်းဂဏန်း အရေးသည် မြန်မာ ကိန်းဂဏန်း အရေးဖြစ်တယ်။
ယင်းမှာပါတဲ့ သက္ကရာဇ်၊ ၁၂လရာသီ နှစ်များသည် မြန်မာ နှစ်များပဲ ဖြစ်ပါတယ်။

ဓာတ်ပုံမှာပြထားတဲ့ သူတို့ လိမ်လည် ခိုးယူ ဝါဒဖြန့်ထားတာများကို ဒီစာကို ဖတ်ပြီး ပြင်ပေးကြပါ။

Zan Thit Aung

မြန်မာ့သမိုင်းနှင့် သုတစုံ

09 Nov, 16:39


သမိုင်းကို ဗြောင်လိမ် ဗြောင်ခိုးတာ အမှန်ရှင်းပေးခြင်း
** * ** *
မွန်တွေမှာ ကိုယ်ပိုင် အက္ခရာ၊ ဂဏန်းသင်္ချာ ကိန်းဂဏန်းအရေး မရှိပါဘူး။
ဒွါရာဝတီက မွန်ကျောက်စာဆိုတာတွေသည် အိန္ဒိယတောင်ပိုင်း ပလ္လဝအက္ခရာတွေကို တိုက်ရိုက်ယူသုံးထားတာဖြစ်ပြီး အဲဒီ ကျောက်စာတွေမှာ ၁,၂,၃,၄,၅,၆,၇,၈,၉,၁၀ ဆိုတဲ့ ကိန်းဂဏန်း အရေးအသား လုံးဝမရှိပါဘူး။

မြန်မာနိုင်ငံမှာတော့ ပျူခေတ်ကတည်း ကိန်းဂဏန်းအရေးအသားရှိပြီး ပျူခေတ်က အရေးအသားပုံစံသည် ပုဂံခေတ် အရေးအသားပုံစံ ဆင့်ကဲပြောင်းလဲပါတယ်။

မွန်မှာ ကိန်းဂဏန်းအရေးအသား အပြင် ခုနှစ်သက္ကရာဇ် ပြက္ခဒိန်စနစ် ဆိုတာလဲ မရှိပါဘူး။

ဒွါရာဝတီ မွန်ကျောက်စာတွေမှာ ခုနှစ်သက္ကရာဇ် လုံးဝ မပါသလို ၁၂လရာသီ ပြက္ခဒိန်စနစ်ဖြစ်တဲ့ လ တွေ၊ နက္ခတ် ရာသီခွင် နှစ်တွေဖြစ်တဲ့ မိဂသီနှစ်တို့ ဖုသျှနှစ်တို့တွေလဲ မရှိပါဘူး။

ပုဂံကျောက်စာတွေမှာပါဝင်တဲ့ သက္ကရာဇ်ဆိုတာလဲ ယနေ့ မြန်မာသက္ကရာဇ်၊ ကောဇာ သက္ကရာဇ်ဖြစ်ပြီး သာကီဝင်တွေ အစဉ်အဆက် သုံးတဲ့ မဟာသက္ကရာဇ်ကို အဇာတသတ်မင်းကြီး ဖြိုတဲ့ သာသနာခုနှစ်ကနေ ဆင်းသက်လာတာပဲ ဖြစ်တယ်။

သရေခေတ္တရာခေတ်ကြီးမှာ သမုဒ္ဒရီမင်းက ဒေါဒေါရသကိန်းကိုဖြိုပြီး၊ တတိယပုဂံခေတ်မှာ ပုပ္ပါးစောရဟန်းမင်းက ခဆပဉ္စကိန်းကို ဖြိုတဲ့ သက္ကရာဇ်ကို ယနေ့တိုင် အစဉ်အဆက် ဆက်လက်သုံးစွဲ လာကြခြင်းပဲ ဖြစ်တယ်။

ကောဇာသက္ကရာဇ်ဆိုတာ မြန်မာသက္ကရာဇ် စစ်စစ်ဖြစ်ပြီး မွန်သက္ကရာဇ်လဲ မခေါ်၊ ရခိုင်သက္ကရာဇ်လဲ မခေါ်ကြပါဘူး။
မြန်မာသက္ကရာဇ်ကို မြန်မာမင်းပိုင်နက် ဩဇာခံအားလုံးက အသုံးပြုကြတာဖြစ်တယ်။

၁။ "ဖက်လိပ်"
ဖက်လိပ်ဘုရားနှစ်ဆူမှ ဇာတ်တော်များကို သမိုင်းခိုးကြခြင်း
* * ***
ပုဂံ သီရိပစ္စယာအရပ်မှာ ရှိတဲ့ အရှေ့ဖက်လိပ် အနောက်ဖက်လိပ် ဖက်လိပ်ဘုရား နှစ်ဆူမှာ ၅၅၀ ဇာတ်တော် သရုပ်ဖေါ် မြေမီးဖုတ်ရုပ်ကြွတွေ ရှိပါတယ်။
အဲဒီက စာကို သမိန်လိုင်းတွေ သမိုင်းခိုးကြတာဖြစ်တယ်။

သီရိပစ္စယာ ဆိုတာကိုက ဒုတိယပုဂံ ပျူခေတ် မြို့တော်ကြီးဖြစ်တယ်။
ဖက်လိပ်ဘုရားနှစ်ဆူဟာ ပျူပုံစံ ပျူခေတ်က လိုဏ်ဘုရားကြီးတွေ ဖြစ်ပြီး အနော်ရထာခေတ် အေဒီ၁၁ရာစုမှာ ပြန်လည်ပြုပြင်ထားတာ ဖြစ်တယ်။ (မင်းဘူးအောင်ကြိုင်)

ဖက်လိပ်ဘုရားတွေက ၅၅၀ ဇာတ်တော် မြေမီးဖုတ်ရုပ်ကြွတွေမှာ ပါဠိဘာသာ၊ ပါဠိသက်မြန်မာစကား တို့နဲ့ ဇာတ်တော်အမည် စာတမ်းများရေးထိုး ပါရှိတယ်။

အသုံးပြုထားတဲ့ အက္ခရာတွေကတော့ အနော်ရထာခေတ်ဦး ပုဂံမြန်မာအက္ခရာများပဲ ဖြစ်တယ်။

*** အထူးမှတ်ဖို့က ဖက်လိပ် ရုပ်ကြွတွေမှာ မွန်ဘာသာစကား လုံးဝ မပါဘူး။
ပါဠိနဲ့ ပါဠိသက်မြန်မာစကားသာ ပါဝင်ပါတယ်။

မကျွမ်းဝင်သူတွေ နားလည်အောင် ရှင်းပြရရင်
အပဏ္ဏက ဇာတ် ဆိုပါတော့။
အပဏ္ဏက ဆိုတာ ပါဠိ ဘာသာစကား ပါဠိဝေါဟာရ ပါ။
ဇာတ် ဆိုတဲ့ ဝေါဟာရသည် ပါဠိမှာ လုံးဝ မရှိပါ။
ဇာတက ဆိုတဲ့ ပါဠိစကားက မြန်မာတွေ မွေးစားယူတဲ့ ပါဠိသက်မြန်မာစကား စစ်စစ်ဖြစ်တယ်။

ပါဠိသက်မြန်မာစကားဆိုတာလည်း မြန်မာတွေက ပါဠိကနေ တိုက်ရိုက် မွေးစားယူတာဖြစ်လို့ မြန်မာမူပိုင် ပါဠိသက်မြန်မာစကားဖြစ်တယ်။

ဒွါရာဝတီမွန်တွေမှာ အခုလို ၅၅၀ဇာတ်တော် ရုပ်ကြွတွေ လုံးဝ မရှိဘူး။
၅၅၀ ဇာတ်တော် အမည်တွေလဲ လုံးဝ မရှိဘူး။

မြန်မာပြည်အောက်ပိုင်းက မွန်ဒေသလို့ ဆိုကြတဲ့နေရာတွေမှာလဲ အေဒီ၁၁ရာစု၊ အနော်ရထာထက်စောတဲ့ ၅၅၀ လဲမရှိဘူး၊ စာလဲမရှိဘူး။

သထုံ သိကြားဘုရားက အနည်းငယ်သော ၅၅၀ ဇာတ်လာ ရုပ်ကြွအချို့သည် အေဒီ ၁၂ရာစု နောက်ပိုင်းဖြစ်တယ်။
မွန်ပညာရှိ ကျောက်စာဝန် ဦးမြကိုယ်တိုင် သထုံ သိကြားဘုရားက ရုပ်ကြွတွေသည် ပုဂံက ဆင်းသက်လာတဲ့ အေဒီ ၁၂ ရာစုနောက်ပိုင်း ၁၃ရာစု ကနေ ၁၅ ရာစု လက်ရာတွေလို့ အခိုင်အမာဆိုထားတယ်။
သထုံက ရုပ်ကြွတွေမှာ စာ မပါ ပါဘူး။

ပုဂံ ဖက်လိပ်ဘုရားက ၅၅၀ ဇာတ်တော်တွေမှာ ဇာတ်တော်အမည် စာအပြင် ဇာတ်တော်အမှတ် ကိန်းဂဏန်း သင်္ချာအရေးအသားတွေပါတယ်။
ဂုတ္တိလဇာတ် ၂၄၃ ဆိုတာမျိုးပေါ့။

ဖက်လိပ်ဘုရားတွေက ဇာတ်တော်တွေမှာ မွန်စာ မပါသလို မွန်နဲ့ ဘယ်နေရာမှကို မဆိုင်တာ။
ပျူခေတ် ကိန်းဂဏန်းအရေးကနေ ဆင်းသက်လာတဲ့ ပုဂံမြန်မာ ကိန်းဂဏန်း အရေးတွေသာ ဖြစ်တယ်။

အဲဒါကို သမိန်လိုင်း သမိုင်းလိမ်တွေက
စာမတတ်တဲ့မြန်မာက မွန်ဆီက ကိန်းဂဏန်းကိုယူတယ်ဆို ဗြောင်လိမ်ဗြောင်စား သမိုင်းခိုးတာ လိုင်းပေါ်မှာတွေ့နေရလို့။
ဖက်လိပ်က စာတွေကို မွန်စာဆို ဗြောင် လိမ်ထားသေးတယ်။
ဖက်လိပ်မှာ မွန်စာ တစ်လုံးမှ မပါလို့ သူတို့ မွန်သမိုင်းဘုရားကြီး GH Luce တောင် ဖက်လိပ်ကစာတွေကို မွန်စာလို့ တစ်လုံးမှ မဟရဲဘူး။

လုစ်တင်မက ဦးဖေမောင်တင်၊ ဦးလူဖေဝင်း၊ ဦးမြ၊ ဦးနိုင်းပန်းလှ၊ ဦးစံဝင်း၊ ဦးမောင်မောင်ဆွေ စတဲ့ စာတတ်ပေတတ် မွန်ဆရာအားလုံး ဖက်လိပ်ကစာတွေကို ဘယ်သူမှ မွန်စာလို့ မရေးဘူး။
ဘယ်ရေးမလဲ။
မွန်စာမှ မဟုတ်တာကို။
ဒါကို အွန်လိုင်းပေါ်က သမိန်လိုင်းတွေက မွန်စာဆို လိမ်လည်ဝါဒဖြန့်နေကြတာပါပဲ။

အမှန်ကို မှတ်ရမှာက
ဖက်လိပ်ဘုရား မြေမီးဖုတ်ရုပ်ကြွ ဇာတ်တော်က စာတွေသည်
ပါဠိဝေါဟာရ
ပါဠိသက်မြန်မာ ဝေါဟာရ
တွေနဲ့ ရေးထားတဲ့ ပါဠိမြန်မာ စာတွေဖြစ်တယ်။
ကိန်းဂဏန်းအရေးသည် သရေခေတ္တရာကနေ ဆင်းသက်လာတဲ့ မြန်မာကိန်းဂဏန်း အရေးအသားဖြစ်တယ်။
ဖက်လိပ်မှာ မွန်နဲ့ဆိုင်ရာ ဘာတစ်ခုမှ မရှိ။

၂။ အာနန္ဒာ

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Nov, 14:48


ကမ္ဘာမှာ ထူးပေမဲ့ မဆန်းတဲ့ မြန်မာ့ရိုးရာ‌ေ-ဆးပညာ။

တခါတလေတော့ ခေတ်မီလှပါတယ်ဆိုတဲ့ အနောက်တိုင်း‌ေ-ဆးပညာဟာ မြန်မာတို့အတွက် ငှက်ပျောသီး အခွံခွာစားသလောက်တောင် မခက်တာ တွေ့ရပါတယ်။

အခုတင်ပြခြင်တာကတော့ ကြို့ထိုးတာပါ။ Hiccups ခေါ် ဒီအရာကို ရောဂါတခုလို အနောက်တိုင်းပညာရှင်တွေဟာ နှစ်၂၀ နီးပါး သုတေသနပြုပြီးမှ အဖြေတွေ့ခဲ့ကြပါတယ်တဲ့။

အီဖေကိုတို့ မြန်မာတွေကတော့ အဖြေရှိပြီးသားပါ။

သူတို့ အ‌နောက်တိုင်းက နှစ်၂၀ ကြာမှတွေ့တဲ့ အဖြေကတော့ ကြို့ထိုး (Hiccups) ဖြစ်ရင် သကြား (Sugar) စားရင် ပျောက်တယ်ဆိုဘဲ။

မြန်မာတွေကတော့ ကြိုက်တဲ့ အချို (သကြား၊ ထန်းလျက်) စားရင် ဖြစ်ဖြစ်၊

စိတ်အပြောင်းအလဲဖြစ်အောင် (ဒေါသထွက်အောင်၊အံ့အားသင့်အောင်၊ လန့်အောင်) တခုခု လုပ်လိုက်တာ ဖြစ်ဖြစ် ကြို့ထိုးတာပျောက်တယ်လို့ လူတိုင်းနည်းပါး သိထားကြပါကြောင်း ရယ်မောစရာ တခုအနေနဲ့တင်ပြလိုက်ရပါတယ်။

#ကြို့ထိုး
#hiccups

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Nov, 14:48


မြန်မာပြည်၏ အလယ်ဗဟိုချက်မ။ (မြန်မာနိုင်ငံသားတိုင်း သိသင့်ပါတယ်။)

မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ တည်ရှိရာနေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။

ကမ္ဘာ့တည်နေရာပြစနစ်(GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။

မြန်မာနိုင်ငံအလယ် ဗဟိုချက်မ အမှတ် အသား ကျောက်တိုင်တစ်ခုကို မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။

ပြက္ခရွေတောင်ပေါ်ရှိ ပြက္ခရွေစေတီတော်အနီးတွင် တွေ့နိုင်ပါသည်။

ပြက္ခရွေတောင်သည် ၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာမင်း တည်ထာကိုး ကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီ တည်ရှိ သည်။

ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော်တို့တွင် ဌာပနာထားတည်ခဲ့ပြီး

နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့အရှေ့တောင်ဘက် ပြက္ခရွေတောင်ပေါ်ရှိ ပြက္ခရွေစေတီတော်မှာ ဌာပနာထားခဲ့လေသည်။

အနော်ရထာမင်း လက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှ ကျသောရေကို အထပ်ထပ်စစ်ကာ ရေသောက်ကန် ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပေသည်။

ထိုစေတီကိုလည်း ပြက္ခရွေမဟာစွယ်တော်စေတီဟု ယနေ့တိုင် ခေါ်လေသည်။

ကူမဲကနေ ပြက္ခရွေသွားတဲ့လမ်းတလျှောက်မှာ view တွေက တအားလှတယ်။ တောင်တက် ဝါသနာပါရင်တော့ တောတောင်အလှတွေကို ကြည့်ရှုခံစားရင်း မြန်မာနိုင်ငံရဲ့ ဗဟိုကို သွားရောက်လေ့လာသင့်ပါတယ်လို့။
credit to original uploader

#ဗဟို
#အလယ်

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Nov, 14:48


ပိုးစုန်းကြူးတွေလို မီးရောင်ထွန်းလင်းနိုင်တဲ့ ပြည်ကြီးငါး။ (ဂျပန်မှာပဲ တွေ့နိုင်ပါတယ်။)

နက်နဲတဲ့ ပင်လယ်ပြင်နက်ထဲမှာ ဇီဝအလင်းတန်းကို ထွန်းလင်းပေးနိုင်တဲ့ ရေနေသတ္တဝါလေးတစ်ကောင် ရှိပါတယ်။

သူတို့လေးတွေဟာ ပိုးစုန်းကြူးလေးတွေလိုပဲ အလင်းရောင် ထွန်းလင်းပေးနိုင်တဲ့ သတ္တဝါလေးတွေပါ။

သူတို့ရဲ့ တောက်ပနေတဲ့ အလင်း ရောင်တွေနဲ့ ပင်လယ်ရေပြင်တွေကို အလှဆင်နေတဲ့ ဒီသေးငယ်ပြီး

ထူးခြားတဲ့ သတ္တဝါလေးတွေကတော့ ပိုးစုန်းကြူးပြည်ကြီးငါးပဲ ဖြစ်ပါတယ်။
တခါတရံမှာတော့ sparkling enope squid လို့ ခေါ်တွင်ကြပါတယ်။

ဒီပြည်ကြီးငါးလေးတွေဟာ ကမ္ဘာပေါ်မှာ ဂျပန်ကလွဲ ဘယ်နေရာမှာမှ မတွေ့မြင်နိုင်တဲ့ ရှားပါး မျိုးစိတ်လေးတွေ ဖြစ်ကြသလို ဂျပန်မှာတော့ ဒီကောင်လေးတွေကို "hotaru-ika" လို့ ခေါ်ဆိုကြပါတယ်။

သူတို့လေးတွေဟာ ပြည်ကြီးငါး မျိုးနွယ်ဝင်ဖြစ်တာနဲ့အညီ ကမ္ဘာ့သမုဒ္ဒရာများတလျှောက်ရှိ အခြား ပြည်ကြီး ငါး မျိုးစိတ်များစွာနဲ့လည်း ဆက်စပ်နေပါတယ်။

တကယ်တော့ ပိုးစုန်းကြူး ပြည်ကြီး ငါးလို့ အမည်တွင်လာရခြင်းမှာ ပိုးစုန်းကြူးနဲ့ တူတဲ့ မှိတ်တုတ် မှိတ်တုတ် မီးရောင်လေးတွေကြောင့် ဒီအမည်ကို ရရှိခဲ့တာပါ။

ဒီပြည်ကြီးငါးတွေဟာ နှစ်စဉ်နှစ်တိုင်း ဂျပန်ကမ်းရိုးတန်းမှာ ဖြစ်ပေါ်လာတတ်တဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အလင်းရောင်ပြပွဲကြောင့် ကမ္ဘာတဝှမ်းမှာ နာမည်ကြီးခဲ့တာဖြစ်ပြီး

ဒီအကောင်သေးသေးလေးတွေဟာ သန်းနဲ့ချီပြီး သားပေါက်ဖို့ စုရုံးနေကြတာကို လူတွေက အပြေးအလွှား လာရောက်ကြည့်ရှုကြလေ့ရှိပါတယ်။

#ပိုးစုန်းကြူး
#ပြည်ကြီးငါး

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Nov, 14:42


လေယာဉ်မှူး ပုခုံးပေါ်က ရွှေရောင်ဘားတွေ။

လေယာဉ်မှူးတွေရဲ့ ယူနီဖေါင်း (Uniform) က ကြည့်ကောင်းသလို ပုခုံးပေါ်က ရွှေရောင် ဘားတွေကလဲ ဝတ်စုံနဲ့ပဏာရ ပါတယ်။

ဒီဘားတွေက လေယာဉ်မှူးတွေရဲ့ ရာထူးတာဝန်နဲ့ အဆင့်တွေကို ရည်ညွှန်းပါတယ်။

သူ့ကို epaulet လို့ ခေါ်ပါတယ်။
ဘားများလေ ရာထူးကြီးလေပါ။

၁ ဘားဆိုရင် သင်တန်းသားလေယာဉ်မှူးပါ။

၂ ဘားကတော့ ဒု-လေယာဉ်မှူးပါတဲ့။

၃ ဘားကတော့ တွဲဘက်လေယာဉ်မှူးဖြစ်ပါတယ်။ First Officer သို့မဟုတ် co- pilot လို့ ခေါ်ပါတယ်။

၄ ဘားကတော့ လေယာဉ်မှူး (Captain) သို့မဟုတ် in charge ဖြစ်ပါကြောင်း သိသမျှ ဝေမျှလိုက်ပါတယ်။

#လေယာဉ်မှူး
#wisenews

မြန်မာ့သမိုင်းနှင့် သုတစုံ

08 Nov, 14:41


ကမ္ဘာ့အကြီးဆုံး ကမ်းခြေအတု။

ကမ္ဘာ့အကြီးဆုံး လူလုပ် ကမ်းခြေတုကြီးကတော့ " Seagaia Ocean Dome" ဖြစ်ပြီး ဂျပန်နိုင်ငံ၊ မီယာဇာကီ (Miyazaki) မြို့မှာ တည်ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံး ပြုလုပ်ဖန်တီးထားတဲ့ မိုးလုံလေလုံ ကမ်းခြေတုကြီးအဖြစ် ဂင်းနစ်မှတ်တမ်းမှာလည်း ဖော်ပြထားပါတယ်။

ဒီကမ်းခြေတုဟာ အရှည် မီတာ ၃၀၀ ရှိပြီး ၊ အကျယ်အားဖြင့် မီတာ ၁၀၀ အထိ ရှိပါတယ်။ တနည်း ဘောလုံးကွင်း ၆ ကွင်း အရွယ်အစားလောက်ရှိပါတယ်။

ကမ်းခြေကို တပြိုင်နက်တည်း လူ ၁၀,၀၀၀ အထိ လာရောက် အပန်းဖြေနိုင်အောင် ပြုလုပ်ထားပါတယ်။

အမိုးခုံးကြီးဟာ ပူသောနေ့များမှာတော့ ဖွင့်ထားပြီး မိုးရွာသော သို့မဟုတ် အေးသောနေ့များတွင် ပိတ်ထားနိုင်ပါတယ်။

ဒီကမ်းခြေတုမှာ သဲသောင်ပြင်၊အုန်းပင်များ၊ သီးခြားရေကူးကန်များ၊ဈေးဆိုင် များနှင့် ဆွဲဆောင်မှုရှိအောင် ဖန်တီးထားပါတယ်။

ဒါ့အပြင် အမြင့် ၂ မီတာ (၆.၅ ပေ) အထိရှိတဲ့ လှိုင်းအတုများလည်း ဖန်တီးပေးထားတာကြောင့် လှိုင်းစီး‌ဆော့ကစားနိုင်ပါတယ်။

နောက်ပြီး ၁၅ မိနစ်တိုင်း အသက်ဝင်လှုပ်ရှားတဲ့ မီးတောင်တုတစ်ခုပါ ထည့်သွင်း ပါရှိပါသေးတယ်ဗျာ။

တကယ့်ကို ပြင်ပက ပင်လယ်အစစ် ကမ်းခြေကြီးတခုလို ဖန်တီးထားတဲ့ ကမ်းခြေအတုဖြစ်ပါကြောင်း ဗဟုသုတရဖွယ် တင်ပြလိုက်ပါတယ်။

#ကမ်းခြေတု
#ဂျပန်
#wisenews

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Nov, 15:35


သရဲ၊ တစ္ဆေ၊ ကြက်ညှာ၊ပြိတ္တာ
ဘီလူး သဘက် ဝင်ပူးတတ်ပုံ
****

စုန်း၊ နတ်၊ တစ္ဆေ၊ ကြက်ညှာ၊ ပြိတ္တာ၊
ဘီလူး သဘက် စသည်တို့သည်
ဝင်ပူးဝင်ကပ်လိုလျှင်
ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန်ပြုလုပ်၍
လူတိို့၏နှလုံးသွေးကိုဖောက်ပြန်စေကာ
စိတ်ကို နုန့်မေ့လျော့အောင်လုပ်ပြီးမှ
ဖမ်းစားတတ်၏။

အသေးစိတ်ရှင်းပြရသော်
*****
ရုပ်ဝတ္ထုတိုင်းတွင် မျက်စိဖြင့်မမြင်နိုင်သော
(ပရမတ္ထရုပ်ကလာပ်) များဖြင့် ဖွဲ့စည်းထား၏။
မျက်စိဖြင့်မမြင်နိုင်သော
ထို (ပရမတ္ထရုပ်ကလာပ်) များ
မရေတွက်နိုင်အောင်အများအပြား
ပေါင်းစုစည်းကြခြင်းဖြင့်
မျက်စိဖြင့်မြင်နိုင်သောအရွယ်အစားအထိ
ဖြစ်လာကြခြင်းဖြစ်၏။

ထို မျက်စိဖြင့်မမြင်နိုင်သော
(ပရမတ္ထရုပ်ကလာပ်) များ
တစ်ခုနှင့်တစ်ခု အကြားတွင်
"အာကာသဓာတ်" ဟု ခေါ်သော
(ပရိစ္ဆေဒဓာတ်/အခြားအနားဓာတ်) ရှိ၏။

ဥပမာပြရသော်
^^^^^^^^
နွားနို့သည်၎င်း ရေသည်၎င်း
မျက်စိဖြင့်မမြင်နိုင်သော
(ပရမတ္ထရုပ်ကလာပ်) များဖြင့် ဖွဲ့စည်းထား၏။
ထို ပရမတ္ထရုပ်ကလာပ်များ
မရေတွက်နိုင်အောင်အများအပြား
ပေါင်းစုစည်းကြခြင်းဖြင့်
နွားနို့သည်၎င်း ရေသည်၎င်း
မျက်စိဖြင့်မြင်နိုင်သောအရွယ်အစားအထိ
ဖြစ်လာကြ၏။

နွားနို့နှင့်ရေကိုရောစပ်လိုက်လျှင်
နွားနို့နှင့်ရေရောစပ်သွားသည် ဟု ထင်ရလေသည်။
ဖြစ်စဥ်အမှန်မှာ
နွားနို့နှင့်ရေ ရောမသွားပါ။
မျက်စိဖြင့်မမြင်နိုင်သော
နွားနို့၏ ပရမတ္ထရုပ်ကလာပ်များအကြားသို့
မျက်စိဖြင့်မမြင်နိုင်သော
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
ဝင်ရောက်ရှိခြင်းသာဖြစ်၏။
နွားနို့နှင့်ရေ ရောစပ်သွားခြင်းမရှိပါ။
နွားနို့သက်သက် ရေသက်သက်သာဖြစ်၏။

ထို နွားနို့နှင့်ရေကို
မီးဖြင့်အပူပေးလိုက်ခြင်းအားဖြင့်
နွားနို့၏ ပရမတ္ထရုပ်ကလာပ်များ
အကြားသို့ရောက်ရှိနေသာ
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
အငွေ့ပျံ၍ပြောင်းလဲထွက်ကုန်သည်။
ထိုအခါ နွားနို့ချည်းသာ ကျန်ရစ်ခဲ့ပေသည်။

ထိုနည်းအတိုင်း
နွားနို့၏ ပရမတ္ထရုပ်ကလာပ်များအကြား
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
ကြားဝင်သကဲ့သို့၎င်း၊
ပျဥ်ပြား၏ပရမတ္ထရုပ်ကလာပ်များအကြား
ရေနံ၏ ပရမတ္ထရုပ်ကလာပ်များ
ကြားဝင်သကဲ့သို့၎င်း၊
မြေကြီး၏ ပရမတ္ထရုပ်ကလာပ်များအကြား
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
ကြားဝင်သကဲ့သို့၎င်း၊

လူတို့၏
ပရမတ္ထရုပ်ကလာပ်များအကြားသို့
နတ်၊ တစ္ဆေ၊ ဘီလူး၊ သဘက်တို့၏
ပရမတ္ထရုပ်ကလာပ်များသည် စိမ့်ဝင်နိုင်ပေသည်။

လူတို့၏ ပရမတ္ထရုပ်ကလာပ်များအကြားသို့
ဝင်ရောက်လိုသော နတ်၊ တစ္ဆေ၊ ဘီလူး သဘက်တို့သည် ပထမဦးစွာ လူကို ကြောက်ရွံ့စေရန် ခြောက်လှန့်လေသည်။

လူသည် ကြောက်လန့်သောအခါ
နှလုံးသွေးဖောက်ပြန်ခြင်းကြောင့်
တစ်ကိုယ်လုံးရှိရုပ်များ ရုပ်အေးဖြစ်ကာ
နှလုံးသွေးသည်လည်းအေးခဲပျစ်ချွဲသွား၍
မေ့တတ်၊ မောတတ် ဖြစ်ချိန်တွင်
ဝင်လိုသော နတ်၊ တစ္ဆေ၊ ဘီလူး၊ သဘက်တို့သည် မိမိတို့၏ရုပ်ကို နူးညံ့သိမ်မွေ့အောင်ဖန်ဆင်းလျှက် လူ၏ ပရမတ္ထရုပ်ကလာပ်များအကြားသို့ ကြားဝင်၊ စိမ့်ဝင်ကြပြီးနောက် လူအား ကြီးစိုး၍ချယ်လှယ်ကြကုန်လေ၏။

ထိုအချိန်တွင်။လူသည် တေဇောဓာတ်အားနည်း၍ နှလုံးသွေးခဲခြင်း၊ သွေးထိုင်းခြင်း၊
ခြေဖျား၊ လက်ဖျားတို့ အေးစက်ခြင်းတို့
ဖြစ်ကြရလေသည်။

ထိုကဲ့သို့ဖြစ်နေလျှင်...
တေဇောဓာတ်အားနည်းနေခြင်းကြောင့်
နားရင်းကို ၂ချက် ၃ချက်မျှပုတ်ခတ်ပြီး
ချင်း(ဂျင်း)ရည်နှင့်ရှောက်ရည်ကို
ရောစပ်ကာ ပါးစပ်ဖြဲ၍တိုက်လိုက်ပါက
ဝင်နေသော သတ္တဝါသည် ကြာရှည်စွာမနေပဲ အပူဝင်သည်နှင့်တစ်ပြိုင်နက်
ချက်ချင်းထွက်ခွာသွားလေ၏။

ချင်း(ဂျင်း)ရည်၊ ရှောက်ရည်တို့ အဆင်သင့်မရှိလျှင်။ ပူသောအရည်တစ်မျိုးမျိုးကို ပါးစပ်ထဲသို့ မဝင်လျှင်ဝင်အောင် တိုက်သင့်ပေသည်။ ထိုကဲ့သို့ ဓာတ်သဘောတို့ကိုပြုပြင်၍ မိစ္ဆာတို့ကို ထွက်စေနိုင်ပါသည်။

နွားနို့၏ ပရမတ္ထရုပ်ကလာပ်များအကြား
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
ကြားဝင်နေသကဲ့သို့
အပူပေးလိုက်သည်နှင့် ကြားဝင်နေသော
ရေ၏ ပရမတ္ထရုပ်ကလာပ်များ
အငွေ့ပျံ၍ထွက်သွားသည့်သဘောမျိုးဖြစ်ပေသည်။

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Nov, 15:33


လေယာဉ်ကို တည်ဆောက်ရာမှာ ဘာကြောင့် ဂဟေမဆော်ဘဲ သံမှိုရိုက်ပြီးတည်ဆောက်ရသလဲ။

တ်ေမီတိုးတက်လာတဲ့ ဂဟေဆော်နည်း (Welding Method) တွေရှိပါရဲ့နဲ့ လေယာဉ်တည်ဆောက်ရာမှာ သံမှို (Rivet) နဲ့ရိုက်ပြီး ဆောက်လုပ်နေကြဆဲဖြစ်ပါတယ်။

အကြောင်းကတော့ ဒီလိုပါ။

လေယာဉ်ကိုယ်ထည်ဟာ အတွင်းနဲ့အပြင်မှာ ဖိအား နဲ့ အပူချိန်တွေ မတူညီကြပါဘူး။

တည်ဆောက်ထားတဲ့ သတ္တုဟာ အပူချိန် နဲ့ ဖိအားကြောင့် ဆန့်တာ၊ ကျုံ့တာတွေ ဖြစ်တတ်ပါတယ်။

ဂဟေဆော်ထားရင် သတ္တုသားတွေဟာ အက်ကွဲနိုင်ပါတယ်။

သံမှိုကတော့ သတ္တုရဲ့ ကျုံ့တာ၊ဆန့်တာကို လိုက်လျောညီထွေ လိုက်ပါနိုင်ပါတယ်။

ဒါကြောင့်လဲ ယနေ့ချိန်ထိ သံမှို (Rivet) ရိုက်ခြင်းကိုသာ သုံးစွဲနေတာ ဖြစ်ပါကြောင်း။

#လေယာဉ်
#သံမှို
#wisenews

မြန်မာ့သမိုင်းနှင့် သုတစုံ

05 Nov, 15:33


#ငရဲကြီး ၈-ထပ်
----------------

(ချမ်းသာမရှိ ဆင်းရဲအတိပြီးသော အရပ်ကြီးရှစ်ပါး။)

(၁) သိဉ္ဇိုဝ်းငရဲ၊
ဘယ်လိုပင်သတ်ဖြတ်ညှင်းဆဲသော်လည်း ကံမကုန်သမျှအဖန်ဖန်အသက်ရှည်၍ ခံနေရသောငရဲ။
( သံပုနပ်ပုနံ ဇီဝန်တိ ဧတ်ထာတိ သဉ်ဇီဝေါ၊)

(၂) ကာဠသုတ် ငရဲ၊
မည်းနက်သော တမျဉ်းကြိုးဖြင့်ချတိုင်း၍သစ်ရွေသလို တစ်ကိုယ်လုံး ခုတ်ရွေလှီးဖြတ်ခံရသော ငရဲ။
(ကာလ သုတ်တံထပတှော တစ်ဆန်တိဧတ်ထာတိကာဠ သုတ်ထော၊)

(၃) သံဃာတ ငရဲ၊
သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန်လှိမ့်မွှေကြိတ်ချေ ညှင်းဆဲခံရသောငရဲ။(သံဃဋ္ဋေန္တိ ဧတ္ထာတိ သံဃာတော)

(၄) ဇာလရောရုဝ ငရဲ၊ မီးတောက်မီးလျှံတို့ဖြင့် အဖန်ဖန်နှိပ်စက်ခံရ၍ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးသော အသံရှိသည့် ငရဲ။(မဟာရဝံ ရဝန္တိ ဧတ္ထာတိ ရောရုဝေါ၊)

(၅) ဓူမ ရောရုဝ ငရဲ၊
မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံးနှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာအော်မြည်နေရသော ငရဲ၊(အချို့စာ၌ 'ရောရုဝ မဟာရောရုဝ'ဟု ရှိသည်၊)
(မဟာရဝံ ရဝန္တိ ဧတ္ထာတိ ရောရုဝေါ၊)

(၆) တာပန ငရဲ၊
သံတံကျင်ကြီးတို့ဖြင့် ထိုးဖေါက်ပြီး တစ်ကိုယ်လုံး မီးလျှံစွဲအောင်သံထွေခဲထဲ၌အမြဲ ကင်ဖုတ်ခံနေရသော ငရဲ။(တာပေတီတိ တာပနော)
(၇) ပတာပန ငရဲ၊
အလျှံရဲပြောင်သော သံတောင်ကြီးပေါ်သို့ ရိုက်နှက်မောင်းတင်စေလျက် မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျစေသောငရဲ။
( ပတာပေတီတိ ပတာပနော)
(၈) အဝီစိ ငရဲ၊
ဤငရဲ၌ မီးလျှံနှင့်ငရဲသားရော ဆင်းရဲဒုက္ခတို့ပါ အကြားမရှိပြည့်နှက်လျက်သာနေ၏။
(နတ်ထိ ဝိစိ ဧတ်ထာတိ အဝီစိ)

ကျမ်းကိုး။ ။သုတေသနသရုပ်ပြအဘိဓာန်

မြန်မာ့သမိုင်းနှင့် သုတစုံ

04 Nov, 16:33


စက် Slow ချက် ချိန်တတ်ဖို့

တချို့ Userတွေက စလိုးချက်တောင်မချိန်တတ်တာတွေရှိပါတယ်

အလွယ်ဆုံးကိုပြောပြပါ့မယ် ကိုယ်တိုင်ကလိဖို့ပေါ့

အရင်ဆုံးစက်နှိုးလိုက်ပါ စက်နိုးသွားတဲ့အခါ နံပါတ် 1စလိုးချက်နပ်ကို စက်မရပ်တဲ့ထိ တင်းပါ စက်သံနည်းနည်းမြန်တဲ့ထိပေါ့ နံပါတ် 1လို့ရေးထားတဲ့နပ်ပါ
များသောအားဖြင့် စပရင်ကိုပါ မြင်နေရတဲ့နပ်ပါ

ပြီးတဲ့အခါ နံပါတ်၂နပ်ကို အကုန်ကြပ်လိုက်ပါ ပြီးမှ ဖြည်းဖြည်းဆီပြန်လျော့ပေါ့
တစ်ပတ်ဝန်းကျင်လောက်မှာ စက်သံအမှန်ဆုံးနေရာကိုရောက်လာပါလေ့မယ်

ရိုးရိုးဘီးတွေမှာတော့ ဒီလိုပဲ စက်သံကိုမှန်းချိန်ရတာပေါ့

1နပ်ကိုတင်ထား စက်မြန်တဲ့ထိ ပြီးရင်2နပ်ကိုအဆုံးထိကြပ်လိုက် ဆုံးသွားတဲ့ချိန် စက်သံက ‌ဆီအင့်သလိုဖြစ်သွားမယ် ပြီးတဲ့အခါ 2နပ်ကိုဖြည်းဖြည်းဆီပြန်လျော့ စက်သံမှန်တဲ့ထိ တစ်ပတ်ဝန်းကျင်ပေါ့ ပြီးမှ 1နပ်ကို ကိုယ်လိုသလောက်အနှေးမြန်ချိန်ပါ

2နပ်ကိုအရမ်းကြပ်မိထားရင် ဆီစားတာတွေဖြစ်နိုင်တယ် အရမ်းလျော့ထားမိရင် မနက်ပိုင်းနှိုးရတာမလွယ်တာ အစမှာစက်လီဗာမပါတာ တွေဖြစ်တတ်ပါတယ်

1နပ်ကတော့ ကြပ်ရင်မြန်မယ် လျော့ရင်နှေးမယ် ဒါပါပဲ

အလွယ်ပြောရရင် 1က ဆီဂျက်
2ကလေဂျက်ပေါ့။

မြန်မာ့သမိုင်းနှင့် သုတစုံ

04 Nov, 11:24


ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

#CrdOrginalUploader

မြန်မာ့သမိုင်းနှင့် သုတစုံ

04 Nov, 11:24


ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။

၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

မြန်မာ့သမိုင်းနှင့် သုတစုံ

04 Nov, 00:29


၆၄ ရက်ကြာ မနားတမ်း ပျံသန်းခြင်း။ (မြေပြင်ကို လုံးဝပြန်မဆင်းပဲ မောင်းနှင်ပြီး ကမ္ဘာ့စံချိန် တင်ထားတာပါ။)

ရာဇဝင်တွင်ခဲ့တဲ့ ဒီပျံသန်းမှုကို Cessna-172 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာ လေယာဉ်မှူးနှစ်ဦးဟာ ၆၄ ရက် ၂၂ နာရီနဲ့ ၁၈ မိနစ်ကြာအောင် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့တင်ထားတဲ့ ပန်ကာတပ်လေယာဉ်နဲ့ပျံသန်းမှု ကမ္ဘာ့စံချိန်ဟာ ကနေ့ထိ ချိုးနိုင်သူ မရှိသေးပါဘူး။

ဖြစ်စဉ်လေးကို ကြည့်ရအောင်နော်။

Bob Timm ဟာ ငွေအကြွေစေ့တွေနဲ့ကစားရတဲ့စက်ကို ပြုပြင်ရသူ မက္ကင်းနစ်တစ်ယောက်ပါ။
သူဟာ လပ်ဗီးဂတ်စ်က Hacienda Hotel မှာ အလုပ်လုပ်ပါတယ်။

တစ်နေ့မှာ သူက ဟိုတယ်ပိုင်ရှင်ကို သူ့ရဲ့အကြံအစည်ကို တင်ပြခဲ့ပါတယ်။ ပိုင်ရှင်က Warran "doc" Bailey ဖြစ်ပါတယ်။

Timm ရဲ့အကြံက လေယာဉ်တစ်စီးရဲ့ဘေးတဖက်တချက်စီမှာ ဟိုတယ် နံမည်ကိုရေးသားပြီး ပျံသန်းပြဖို့ ဖြစ်ပါတယ်။

Bailey ကသဘောတူပြီး ငွေထုတ်ပေးပါတယ်။ ဒီနည်းနဲ့ ဟိုတယ်ကို လူသိများစေနိုင်ပါတယ်။

ဒါပေမဲ့ Bailey က သက်သာတဲ့ ကြော်ငြာနည်းလမ်းပဲ ဖြစ်စေချင်ပါတယ်။

ဒါကြောင့် ကင်ဆာသု‌တေသနဖေါင်ဒေးရှင်းတခုကို ရန်ပုံငွေ ရှာတဲ့အနေနဲ့ ပူးပေါင်းဖို့ စီစဉ်လိုက်ပါတယ်။

လူတွေကစိတ်ဝင်စားလာပြီး ခရီးစဉ်နဲ့ ကုန်ကျငွေကို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ဒါကို ပဟေဠိလို လုပ်ပြီး မှန်အောင်မှန်းဆနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ပေးဖို့ကြေငြာခဲ့ပါတယ်။

Timm ဟာ ပျံသန်းမယ့် လေယာဉ်ကို ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ လေယာဉ်အတွင်းပိုင်းပစ္စည်းတချို့ကို ဖြုတ်ပစ်ပြီး ဝမ်းဗိုက်မှာ ဆီတိုင်ကီ အပိုတစ်ခုကို တပ်ဆင်ပါတယ်။

တွဲဖက်လေယာဉ်မှူးရဲ့တံခါးကိုဖြုတ်ပြီး ပလက်ဖေါင်းတစ်ခုကို တပ်ပါတယ်။ ဆီဖြည့်ရာမှာ သုံးဖို့ဖြစ်ပါတယ်။

လေယာဉ်မှူးတွေ သန့်ရှင်းရေးလုပ်ဖို့ ရေစိမ့်ကန်အပေါက်တစ်ခု လုပ်ပါတယ်။ တကယ်တော့ Timm ကအတွေ့အကြုံရှိလေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။
ဒုတိယကမ္ဘာစ-စ်မှာ ပါဝင်ခဲ့သူပါ။

လေယာဉ်ကိုပြင်ဆင်ဖို့ အချိန်တစ်နှစ်လောက် ယူခဲ့ရပါတယ်။ စမ်းသပ်ပျံသန်းမှုကို ၁၇ ရက်ကြာအောင် ပြုလုပ်ခဲ့ပါတယ်။

Timm ဟာ တွဲဖက်လေယာဉ်မှူးရှိပေမယ့် သူ့ကိုစမ်းသပ်စဉ်မှာ မသုံးခဲ့ပါဘူး။ John Cook ဟာ တွဲဖက်လေယာဉ်မှူးပါ။
သူကလေယာဉ်မောင်းတစ်ဦးဖြစ်သလို လေယာဉ်မက္ကင်းနစ် တစ်ယောက်လဲ ဖြစ်ပါတယ်။

ခရီးစဉ်ကို လပ်ဗီးဂတ်စ်ရဲ့ McCarran လေယာဉ်ကွင်းက စတင်ခဲ့ပါတယ်။ လေယာဉ်ဟာ ပေါင် ၃၅၀ ကနေ ၄၀၀ လောက်ပိုနေပေမယ့် FAA ရဲ့ အထူးခွင့်ပြုချက် ရခဲ့ပါတယ်။

လေယာဉ်ကို တစ်နေ့နှစ်ကြိမ် ဆီဖြည့်ပါတယ်။
ဆီတင်ကားဟာ လေယာဉ်လမ်းကြောင်းတလျောက် မြေပြင်ကလိုက်ပါလာပါတယ်။

ဆီဖြည့်ရာမှာ အထူးပြုလုပ်ထားတဲ့ ပလက်ဖေါင်းမှတဆင့် ပြုလုပ်ပါတယ်။ ပလက်ဖေါင်းမှာတပ်ထားတဲ့ချိတ်က ဆီပိုက်ကို ဆွဲတင်ပါတယ်။ ဒီနည်းနဲ့လေယာဉ်ကိုဆီဖြည့်ပါတယ်။

ဆီနဲ့အတူ ရေနဲ့ ရိက္ခါကိုပါ ဖြည့်တင်းပါတယ်။ အကြိမ်ပေါင်း ၁၂၈ ကြိမ်ပါ။

လေယာဉ်မှူးတွေဟာ အခြားစက်ချို့ယွင်းမှုတွေလဲ ကြုံရပါတယ်။ တခြားစိတ်ဖိစီးမှုတွေလဲ ရှိပါတယ်။

အိပ်ချိန်နည်းပါးတာ လှုပ်ရှားမှု နည်းပါးတာ တွေ ကြုံရပါတယ်။ ကျဉ်းကြပ်တဲ့နေရာထဲမှာ တလျောက်လုံး နေကြရပါတယ်။ခရစ်စမတ်တို့၊ နယူးရီးယားတို့ကိုလဲ မဆင်နွဲနိုင်ပါဘူး။

၁၉၅၉ ခုနှစ်၊ဇန္နဝါရီလ ၂၃ မှာတော့ Dallas မှာတင်ထားတဲ့ တခြားသူတစ်‌ယောက်ရဲ့ စံချိန်ဟောင်းကို ချိုးပြီး စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါပြီ။

သူတို့က မရပ်တန့်ချင်သေးပါဘူး။ သူတို့ နောက်ထပ် ၁၅ ရက်ကြာအောင် ပျံခဲ့ကြပါတယ်။

၁၉၅၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကြမှ McCarran လေဆိပ်မှာဘဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။

Timm က ဟိုတယ်မှာ ပြန်အလုပ်ဝင်ပြီး Cook ကတော့ ခရီးသည်တင်လေယာဉ်မောင်းပါတယ်။

လေယာဉ်ကိုတော့ ဟိုတယ်မှာ ၂ နှစ်လောက်ပြသထားပါတယ်။ ပြီးမှ ကနေဒါက လူတစ်ယောက်ကို ရောင်းလိုက်ပါတယ်။

Timm ဟာ ၁၉၇၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မသေမီ သူ့သားကို လေယာဉ်အား ပြန်ရှာဖို့ မှာခဲ့ပါတယ်။
သားဖြစ်သူ Steve ဟာ ဖခင်ဆန္ဒအတိုင်း လေယာဉ်ကို ရှာဖွေရာမှာ Saskatchewan မှာ တွေ့ရှိခဲ့ပြီး

၁၉၈၈ ခုနှစ်မှာ လပ်ဗီးဂတ်စ်ကို ပြန်လည်ယူဆောင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ McCarran ရဲ့ လေကြောင်းပြတိုက်မှာ ပြသထားခဲ့ပြီးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

#လေယာဉ်
#wisenews

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Nov, 16:50


ထူးဆန်းတဲ့ အယူအဆဓလေ့များရှိသည့် နာဂလူမျိုးတို့အကြောင်း

နာဂလူမျိုးတို့သည် မြန်မာနိုင်ငံမြောက်ဘက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ နာဂတောင်တန်းတွင် နေထိုင်ကြသူများဖြစ်သည်။ သီးခြားနေထိုင်သော အုပ်စုလေးများကို လိုက်ရန်နာဂမျိုး စုစု ပေါင်း များစွာ ကွဲပြားလျှက်ရှိသည်။

လူမျိုးများအားဖြင့် တစ်မျိုးတည်း ဖြစ်သော်လည်း ယင်းတို့ နေထိုင်ရာဒေသ၏ ပထဝီဝင် အနေအထားကိုလိုက်၍ စကားနှင့် ဓလေ့ထုံးစံများ အနည်းငယ်စီ ခြားနားကွဲလွဲနေကြ ရသည်

ထင်ရှားသောနာဂလူမျိုးစုများ

– ထင်ရှားသော နာဂလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂတောင်တန်းများတွင် နေထိုင်ကြသော ခယ်မြူငန် (နောက်ကော်) နာဂ၊ လိုင်းနောင် (ထန်ဂန်) နာဂ၊ တန်ရှန်း (တန်ဆား၊ဟိုင်းမီ၊ပန်မီး) နာဂ၊ ပါရာနာဂ၊ မကူရီနာဂ၊ တန်ခွန်နာဂ၊ ကောန်ညက်နာဂ၊ အနန်နာဂ၊ မောန်ဆန်းနာဂ၊ မော်ယောန်းနာဂ၊ လမ်းကန်းနာဂ၊တို့ဖြစ်သည်။ အာသံနယ်ဘက်ခြမ်းရှိ နာဂတောင်တန်းတွင်မူ အန်ဂါမီနာဂ၊ ကောန်ညက်နာဂ၊ အောင်းနာဂ၊ ကျာ့ခဆန်းနာဂ၊ လော်ထားနာဂ၊ ဆန်းထန်းနာဂနှင့် ဆီးမား (ဆူမီး) နာဂ စသည်တို့ ထင်ရှား၏။

ကိုယ်နေကိုယ်ဟန်နှင့် ဆင်ယင်ပုံ

– နာဂတစ်မျိုးလုံးကို ခြုံကြည်လျှင် ရုပ်ရည်မှာ မြန်မာနှင့် အလွန်တူ၏။ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ အရပ်မြင့်၏။

မိန်းမများ ဝတ်ဆင်သည့် အပြာရောင် အင်္ကျီသည် မွန်ကိုလူမျိုးတို့နှင့် ဆင်ဆင်တူ၍ မျက်နှာဝိုင်းသည့် မိန်းကလေးများသည် အပျိုဆိုလျှင် ဆံပင်အရှည်မထား၊ ကတုံးနီးပါးခန့် ရိပ်ထား၏။ အိမ်ထောင်ပြုမှသာလျှင် ဆံပင်အရှည် ထားကြသည်။ ယောက်ျားများသည် ခြေထောက်နှင့် ခါးကြီးကွင်းများ ဆင်ယင်ကြသည်။ နားပေါက်၌ ချဉ်မျှင်စများ သွင်းထားကြသည်။ ပုတီးကုန်းများ၊ ခရုခွံများကို “ကျား”ရော “မ”ပါ တပ်မက်စွာ ဆင်ယင်ကြသည်။အိမ်နှင့်အဆောင်များ – နာဂတို့၏ အိမ်ထဲမှာ တဲတန်းရှည် မြေစိုက်အမိုး ကုပ်ကုပ်နှင့် လျှိုပေါက်တံခါးပေါက် ဖောက်ထားသည်။ တဲ၏ အလယ်တစ်နေရာတွင် မြေကြီးများကို ဘောင်ရန်ထည့်ထားပြီးလျှင် မီးဖို ၃၊ ၄ ဖိုမျှ ပြုလုပ်ရန် မီးအမြဲ ထည့်ထားကြသည်

ရွာတိုင်းတွင် အတိုင်ပင်ခံဇရပ်ဟု ဆိုနိုင်သော ယောက်ျားဆောင်များနှင့် ချစ်ဂေဟာများ ထားရှိလေ့ရှိသည်။ အတိုင်ပင်ခံဇရပ်များတွင် ယောက်ျားများ စုဝေး၍ ရပ်မှုရွာမှု ကိစ္စအရပ်ရပ်ကို နံနက်တိုင်း ဆွေးနွေးလေ့ရှိကြသည်။ ထိုနောက်မှ လယ်ကွင်းသို့ ဆင်းကြသည်။ဇရပ်တွင် ကုလပ်တက် သဖွယ် သစ်သားကို ထွင်းရန်လုပ်ထားသော စည်ကြီးများရှိသည်။ ရန်သူလာလျှင်ဖြစ်စေ၊ ဝမ်းသာသော အထိမ်းအမှတ်ဖြစ်စေ စည်ကိုထုနှက် ကြသည်။ ရွာပတ်လည်၌လည်း ကင်းတဲများ ထားသည်။ ရန်သူလာမည်ဟု သတင်းရထားလျှင် ကင်းအစောင့် ချထားလေ့ရှိသည်။
ချစ်ဂေဟာများမှာမူ လူနှစ်ယောက် နေသာရုံ အခန်းငယ်လေးများ ဖွဲ့ထားသည်။ တဲအလယ်ရှိ မီးဖိုမှ အလင်းရောင်သာရှိ၍ အခြားအလင်းရောင်မရှိ မှောင်မဲလျက်ရှိ၏။ ညနေစောင်းသည်နှင့် တပြိုင်နက် နာဂ သမီးရည်းစားများ အလျိုလျိုလာရောက်ကြ၍ ချစ်တင်းနှောကြလေသည်။

အလေ့အထ

- နာဂလူမျိုးများသည် သင်္ခြိုင်းဂူများကို ရွာထဲ၌လည်းကောင်း ရွာလမ်းနံဘေး၌ လည်းကောင်း တည်ထားကြသည်။ ဂူပေါ်တွင် တင်ထားသော ကျောက်တုံးများကို ကြည့်ပါက ထိုသူ အသက်ရှင်စဉ်က ခေါင်းဖြတ်ခဲ့သမျှကို သိရှိနိုင်ရန်ဖြစ်ပြီး ကျောက်တုံးငယ်များမှာမူ သူ၏ ချစ်သူ အရေအတွက်ကို ဖော်ပြထားခြင်းဖြစ်၏။
အချို့လူများ၌ ကျောက်တုံးငယ် (60) ခန့်ကိုပင် တွေ့ရတတ်သည်။ကိုင်ဆောင်သည့် လက်နက်များ – နာဂလူမျိုးများ ကိုင်ဆောင်သော လက်နက်မှာ လှံ၊ တုတ်ရှည်ထိပ်တွင် ဓါးမတိုသဖွယ် တပ်ဆင်ထားသော လက်နက်နှင့် လေးမြှားတို့ပင်ဖြစ်သည်။ လှံတံ၌ ဆိတ်မွှေးများကို ရောင်စုံဆေးဆိုး၍ တပ်ဆင်ထားကြ၏။ လှံသွားတွင် အဆိပ်လူးလေ့လည်းရှိ၏။

ပေ (၃၅) မှ (၄၀) အတွင်း လက်မှန်းတည့်အောင် ပစ်နိုင်စွမ်းရှိသည်။စစ်တိုက်နည်း – နာဂတို့ စစ်တိုက်နည်းမှာ ညဥ့်ဘက်တွင် ရွာတစ်ရွာကို ဝိုင်းထားပြီး နံနက်လင်းသည်နှင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ အုပ်စုတစ်စုက ရွာထဲကိုဝင်၍ မြင်မြင်သမျှကို ခေါင်းဖြတ်တိုက်ခိုက်၏။ အခြားအုပ်စုက ရွာနှင့်မလှမ်းမကမ်းရှိ စပါးကျီးများကို မီးတင်ရှိုလေ့ရှိသည်။နာဂလူမျိုးတို့ ခေါင်းဖြတ်ရခြင်းမှာ ထိုသို့ ခေါင်းဖြတ်ရခြင်းအားဖြင့် မှော်အတတ်ကို ရရှိနိုင်သည်ဟု အစွဲအယူ ရှိကြသောကြောင့်ဖြစ်၏။

အချို့ ခေါင်းအရနည်းလျှင် ခေါင်းတစ်လုံးတည်းကိုပင် ဝေခြမ်းယူကြရသည်။ ခေါင်းများများ ဖြတ်နိုင်သူသည် လူစွမ်းကောင်းဖြစ်ပြီး ထိုသူ၏ အိမ်ပေါက်ဝ၌ ဖြတ်ထားသော ခေါင်းများကို ကြိမ်ကြိုးနှင့် ချီလျက် ဆွဲချိတ်ထားသည်ကို တွေ့နိုင်ကြသည်။

ဓလေ့ရိုးရာများ

ကောက်သစ် စားပွဲ
•••••••••••••••••••••
နိုဝင်ဘာ ၁၅ ရက် စပါးရိတ် သိမ်းပြီး ချိန် တွင် ကောက်သစ် စားပွဲ ကျင်း ပလေ့ ရှိသည်။ ကောက်သစ် စားပွဲ တွင် ရွာထဲက တိရစ္ဆာန် မဟုတ်ဘဲ တောကောင် လိုက်ပြီး ဧည့်သည် များကို ဧည့်ခံ ကျွေးမွေး ကြောင်း သိရသည်။

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Nov, 16:50


နာဂ နှစ်သစ်ကူး ပွဲတော်
•••••••••••••••••••••••••
နာဂ နှစ်သစ်ကူး ရိုးရာ ပွဲတော် ကို စစ်ကိုင်း တိုင်း တွင် ကျင်းပ ပြီး နောက် ချင်း ပြည်နယ် တွင် ဆက်လက် ကျင်းပ ကြသည်။ စစ်ကိုင်း တိုင်း တွင် ကျင်းပ သော မြို့နယ် များမှာ ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်း ြမို့နယ် တို့ ဖြစ်သည်။

နာဂ နှစ်သစ် ကူး ရိုးရာ ပွဲတော် သည် လူမှုရေး ပွဲတော် ဖြစ်ပြီး ကုန်လွန် ခဲ့သော နှစ် တစ်နှစ် က အတွေ့ အကြုံ များ ကို ဖလှယ် ရန် နှင့် လာမည့် နှစ်သစ် တွင် တွေ့ကြုံ နိုင်သော အခက် အခဲများ ကို ကြိုတင် ဖြေရှင်း ရန် ကောင်းမွန် သော စီမံကိန်း များ ချမှတ် နိုင်ရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ပွဲတော် တွင် လာမည့် နှစ်တွင် သီးနှံများ တိုးတက် ဖြစ်ထွန်း ၍ ရာသီ ဥတု ကောင်းမွန်ရန် နှင့် အိမ်မွေး တိရိစ္ဆာန် များ ရောဂါဘယ ကင်းဝေး စေရန် ဆုမွန် ကောင်းများ တောင်းကြ သည်။

နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် သို့ နာဂ တိုင်းရင်းသား များနေထိုင်သော ရနိုင် တောင်တန်း၊ မုတ် တောင်တန်း၊ ပတ်ကွိုင် တောင်တန်း၊ ဟူး ကောင်း တောင်တန်း၊ ခန္တီးခရိုင် နယ်စပ် ရှိ နာဂ တိုင်းရင်းသား များ ပါ ခန္တီး ခရိုင် နန်းယွန်း မြို့ရှိ နာဂ ရိုးရာ ပွဲတော် သို့ တက်ရောက် ကြ ကြောင်း သိရသည်။ နန်းယွန်း မြို့နယ် နှင့် ထိစပ် နေသော လိတ်နိုချောင်း၊ ဟာနူးချောင်း၊ နောင်ယန်း အင်းနှင့် နောင်ဆိုင် အင်း တို့၌ နေထိုင် သော နာဂ တိုင်းရင်းသား များပါ တက်ရောက် သဖြင့် နာဂရိုးရာ ပွဲတော် သည် အလွန်ပင် စည်ကား သည်။

နာဂ တိုင်းရင်းသား များ သည် အစဉ်အမြဲ ကျင်းပ ပြုလုပ် သော ပွဲတော် ဖြစ် သည့် နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် ကို နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပ သည်။ နာဂ တိုင်းရင်း သားများ ပြန်လည် ဆုံ တွေ့သော ပွဲတော် ဖြစ်သည့် အတွက် တစ်ဦးနှင့် တစ်ဦး အမှတ် တရ အဖြစ် ကြက်၊ ငှက်၊ ဝက်၊ကျွဲ၊ နွား နှင့် နွားနောက် တို့ အပြင် ကိုယ်တိုင် ရက်လုပ် ထားသည့် ခြုံစောင်၊ လက် ရက်ခြင်း၊ ကြိမ်ကွင်း၊ ငွေ ကွင်းစသည် တို့ကို လည်း လက်ဆောင် အဖြစ် ပွဲတော် ကာလ အတွင်း လဲလှယ် ကြသည်။

ဤကဲ့သို့ လက်ဆောင် ပေးရာ တွင် ကြီး မားပြီး သယ်ဆောင် ရာ တွင် မလွယ်သော ကျွဲ၊ နွားများ ကို ငွေကြေး တန်ဖိုး ဖြင့် သတ်မှတ် ပြီး ပေး အပ်ခြင်း ကို နာဂ လူကြီး က ရှင်းပြ ၍ သိရ သည်။ ထို့ အပြင် နာဂ မျိုးနွယ်စု များ၏ ကောက်စိုက် ပွဲတော် ကောက်ရိတ် ပွဲတော် တို့ကို လည်း အစဉ် အလာ မပျက် ကျင်းပ ကြကြောင်း သိရသည်။

နာဂရိုး ရာ ပစ္စည်း များ
••••••••••••••••••••••••

နာဂ တိုင်းရင်းသား မျိုးနွယ်စု များ၏ နာဂ ရိုးရာ ပစ္စည်းများ ကို ခန္တီး မြို့ ၊ ဇီးဖြူ ကုန်းရပ် ရှိ လေယာဉ် ကွင်း သွား ကားလမ်း တွင် ပြတိုက် အဖြစ် ဖွင့်လှစ် ပြသ ထားကြောင်း သိရသည်။ ခန္တီး မြို့မှာ ကန်ဇင်းပင် များ ပေါက်သော နေရာ တွင် ရွာတည် ခဲ့ရာမှ ဖြစ်ပေါ် လာသော အမည် ဖြစ်ပြီး ဇန်းခူးရိန် မှ ဇင်္ဂလိန်း ရွာ အဖြစ် ဇင်္ဂလိန်း နာဂ လူမျိုးစု များ က တည်ထောင် ခဲ့ကြ သည်။
လက်ရှိ ခန္တီးမြို့ မှာ ရှေး အခါ က ဇင်္ဂလိန်း နာဂ နေသူများ တည်ထောင် ခဲ့ကြောင်း ခန္တီး သမိုင်း မှတ်တမ်း များမှာ တွေ့ရ သည်။ ခန္တီး၊ လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ် များမှာ တောင်ပေါ် နေ နာဂ တိုင်းရင်းသား များ ၏ ဒေသ ဖြစ်သဖြင့် နာဂ တောင်တန်း ဒေသ ဟု လူသိ များ ခဲ့သည်။

#SourceFromInternet #knowledge #everyone
#followmypage #followers #hightlight

မြန်မာ့သမိုင်းနှင့် သုတစုံ

03 Nov, 14:43


မြန်မာ့ယဥ်ကျေးမှု့နဲ့ ဓလေ့ထုံးတမ်းတွေကို အဓိကဖျက်ဆီးနေတာ ကိုယ်ပိုင်ကျောင်းအ‌တော်များများပါတယ်။

ကိုယ်ပိုင်ကျောင်း အတော်များများ
ဟောလိုးဝင်း၊ သရဲပွဲတော် ဆိုလား
လုပ်ကြတာ၊ မူကြိုတန်းကနေစပြီး လုပ်တာ တပျော်တပါးပဲ ... မလုပ်နဲ့ မပြောပါဘူး။
ဒါပေမယ့် ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးကလေးတွေ ရင်ထဲ ကိုယ့်နိုင်ငံရဲ့ ယဥ်ကျေးမှု ဓလေ့တွေကို တစက်တောင် ရိုက်သွင်း
မပေးဘူး။

သူများနိုင်ငံရဲ့ မဟုတ်တာတွေ
ရိုက်သွင်းနေတယ်

သီတင်းကျွတ်ပွဲတော်
တန်ဆောင်တိုင်ပွဲတော် လုပ်တာ မတွေ့ဘူး

သရဲပွဲတော်တော့ တကူးတက လုပ်တယ်။

ပညာရေးဋ္ဌာနက သက်ဆိုင်ရာ အရာရှိတို့
ဒါမျိုးတွေကျ နှာစေးမနေသင့်ဘူး။
ဘော်လီဘောပုတ်တာလဲ တော်ရုံပဲ
ကောင်းမယ်။ သိက္ခာမဲ့လွန်းတဲ့ ကိစ္စတွေ ...

မြန်မာ့သမိုင်းနှင့် သုတစုံ

29 Oct, 02:55


လေယာဉ်နဲ့ ပြဒါး (Mercury)
~~~~
(ပြဒါးကို လေယာဉ်ပေါ်မှာ လုံးဝ (လုံးဝ) သယ်ခွင့် မပြုပါဘူး။)

လေယာဉ်နဲ့ခရီးသွားရင် သယ်ယူခွင့်မပြုတဲ့ ပစ္စည်းတွေရှိပါတယ်။

အခုဆိုရင် ဘယ်လိုအရည်မျိုး ( Any liquid ) မှ ခွင့်မပြုတာမျိုးအထိ ရှိလာပါတယ်။

Dangerous goods ခေါ် အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း ထုပ်ပိုးပြီး သယ်ခွင့် ပြုကြတာမျိုးလဲ ရှိပါတယ်။

အခုပြောခြင်တာကတော့ ပြဒါး ( Mercury) ပါ။

သူ့ကိုတော့ လုံးဝ (လုံးဝ) သယ်ခွင့် မပြုပါဘူး။ အကြောင်းကတော့ရှိပါတယ်နော်။

လေယာဉ်တွေကို ပေါ့ပါးအောင်တည် ဆောက်ရာမှာ ဒန်သတ္တု (Aluminum) ကို အသင့်တော်ဆုံးအဖြစ်တွေ့ရှိအသုံးပြုကြပါတယ်။

ကိုယ်ထည် ( Fuselage )တွေ၊ နံရံ (Wall) တွေ၊ ကြမ်းခင်း ( Floor boards) တွေ၊ အတောင် (Wings ) တွေ အားလုံးနီးပါး အလူမီနီယမ် သုံးပါတယ်။

အလူမီနီယမ်ဟာ ပြဒါးနဲ့ ဓါတ်ပြုရင် Amalgam ခေါ် ဒြပ်ပေါင်းအဖြစ် ပြောင်းသွားပါတယ်။

Aluminum+Mercury=Amalgam

ဒီဖြစ်စဉ်ဟာ အစမှာ နှေးကွေးပေမဲ့ နောက်ပိုင်းမှာ မြန်ပြီး အလူမီနီယမ်ကို မှိုပွင့်သဖွယ် အဆုပ်အဆုပ် ဖြစ်သွားစေပါတယ်။

လေယာဉ်ကြမ်းခင်းတွေ ကုန်တင်ခန်းနံရံနဲ့ ကြမ်းခင်းတွေဟာ ဆေးသုတ်ထားတယ်ဆိုပေမဲ့ ပွတ်တိုက်မှုကြောင့် သတ္တုသားပေါ်နေတာမျိုး ရှိတတ်ပါတယ်။

ပြဒါးသယ်လို့ မတော်တဆမှုဖြစ်ပြီး သတ္တုသားနဲ့ ထိတွေ့ခဲ့ရင် ဓါတ်ပြုမှုဖြစ်မှာပါ။

ဒါဆို ကိုယ်ထည်ပေါက်ထွက်တာ၊ ကြမ်းခင်းပျက်ဆီးတာအပြင် လေယာဉ်ပျက်ကျတဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် ပြဒါးကို လုံးဝ သယ်ယူခွင့်မပြုပါကြောင်းတင်ပြလိုက်ရပါတယ်။

မှတ်ချက်။ ။သဘ်ောဆေးမှာ ပြဒါး ပါသော်လည်း သတ္တုကို ခံဆေး ( Primer ) သုတ်ပြီးမှ လေယာဉ်အတွက် အထူးထုတ်လုပ်သော သဘ်ောဆေးကိုသာ အသုံးပြုပါကြောင်း။

#လေယာဉ်
#ပြဒါး

မြန်မာ့သမိုင်းနှင့် သုတစုံ

29 Oct, 02:54


ပတ်ဝန်းကျင်ကို လေးစားမှုကင်းမဲ့စွာနဲ့ အနေအထိုင်ပက်စက်တာကို ကာယပါဂဗ္ဘိယ - ကိုယ်အမူအရာ ရိုင်းစိုင်းသူလို့ခေါ်တယ်။

ဥပမာ - အခမ်းအနားထဲမှာ ဖုန်းကို Silent လုပ်မထားခြင်း။ တိတ်ဆိတ်စွာပြုမူရမည့်နေရာတွင် ပစ္စည်းများကို ပစ်ချခြင်း။
သူတပါးအိပ်ချိန် သီချင်းအကျယ်ကြီးဖွင့်ခြင်း။

——————

မောက်မာ ကြမ်းတမ်း ညစ်ညမ်း အလိုက်ကန်းဆိုးမသိပြောဆိုတတ်တာကို ဝစီပါဂဗ္ဘိယ - နှုတ်အမူအရာရိုင်းစိုင်းသူလို့ခေါ်တယ်။

ဥပမာ - အခြေအနေအချိန်အခါမကြည့်ဘဲ မပြောသင့်တဲ့စကားတွေကို ပြောဆိုခြင်း။
တိတ်ဆိတ်စွာနေရာမည့်နေရာတွင် အော်ကြီးဟစ်ကျယ် ရယ်မောခြင်း ပြောဆိုခြင်း။
သူတပါးအိပ်ချိန် အသံကျယ်လောင်စွာဖြင့် ဘုရားရှိခိုးခြင်း။

——————

ကိုယ်ချင်းစာတရားကင်းမဲ့စွာနဲ့ တွေးခေါ်စဉ်းစားတတ်တာကို မနောပါဂဗ္ဘိယ - စိတ်အမူအရာရိုင်းစိုင်းသူလို့ခေါ်တယ်။

ဥပမာ - ဘယ်သူသေသေ ငတေမာပြီးရော လုပ်ကိုင်စီးပွါးရှာခြင်း။
“ငါ့ဘက်ကမှန်တယ်”ဆိုပြီး သူတပါးကို အညှာအတာမဲ့ပြုမူတတ်ခြင်း။

—————

တချို့က အနေအထိုင် အပြောဆို အဆင့်အတန်းရှိ လိမ္မာယဉ်ကျေးကြတယ်။ ဒါပေမဲ့ ကိုယ်ချင်းစာတရားကင်းမဲ့စွာနဲ့ သူတပါးကို ဘယ်လိုနင်းချေဖျက်ဆီးပြီး အမြတ်ထုတ် စွန့်ပစ်ရမလဲလို့ တွေးနေတတ်ကြတယ်။ အဲဒီလိုလူတွေကို “အတွင်းကောက်”လို့ ခေါ်တယ်။

အဲဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာ ရိုင်းစိုင်းသူတွေက ဇေဂုစ္ဆော - ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းတယ်။

ဒါကြောင့် အဇေဂုစ္ဆော - ချစ်ခင်မြတ်နိုးစရာကောင်းတဲ့သူဖြစ်အောင် ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာ (၃)ပါးလုံးကို အဆင့်အတန်းရှိရှိ လိမ္မာယဉ်ကျေးအောင် ကျင့်ဆောင်ကြရမယ်
#ဗုဒ္ဓ
#ပုရာဘေဒသုတ်

မြန်မာ့သမိုင်းနှင့် သုတစုံ

29 Oct, 01:51


တရားအားထုတ်ပြီဆိုရင် သက္ကာယဒိဋ္ဌိကို လျှော့ချဖို့လိုတယ်။

လူတွေဆိုတာ ကိုယ်သဘောကျနှစ်သက်နေတဲ့အကြောင်း အရာနဲ့ပတ်သက်တဲ့ အမြင်တစ်ခုကို ပြုပြင်ဖို့အင်မတန်မှခက်တယ် နော်။

စွန့်လွှတ်ဖို့ဆိုတာကတော့ အင်မတန်မှ ခဲယဉ်းတယ်။

ဒါကြောင့်မို့ ဝိပဿနာဆိုတာ မြင်နေကျအမြင်မဟုတ်ဘူး။

“ဝိ” ဆိုတာ ထူးထူးခြားခြား
“ပဿနာ” ရှုမြင်နိုင်ရမယ်။

ကိုယ်က ရုပ်လို့မမြင်ဘူး၊ နာမ်လို့မမြင်ဘူး။

ဘယ်သူ ဘယ်ဝါ ပုဂ္ဂိုလ် သတ္တဝါလို့ မြင်နေတာဖြစ်တယ်။ ဒါက မြင်နေကျအမြင်။

အဲဒီ မြင်နေကျအမြင်နဲ့မတူတဲ့ ထူးခြားတဲ့အမြင်ကို ဝိပဿနာ ခေါ်တာ နော်။

“ပဿနာ” ဆိုတာ ရှုမြင်တာနော်။

အသိဉာဏ်နဲ့ပတ်သက်ပြီး စကားလုံးနှစ်ခုပေးထားတယ်။

▪️သိတာဟာလည်း ဉာဏ်ပဲ။
▪️မြင်တာလည်း ဉာဏ်ပဲ။

သိတယ်၊ မြင်တယ်… ဒီစကားလုံး ၂ခုကိုပြောတာ။

ယထာဘူတ ဉာဏဒဿန တဲ့ နော်။

“ယထာဘူတ” ဆိုတာ တကယ်ရှိနေတဲ့အတိုင်း တကယ်ဖြစ်နေတဲ့အတိုင်း
“ဉာဏ” က သိတာ။
“ဒဿန” က မြင်တာ။

သိတယ်ဆိုတာ ဉာဏ်ရဲ့လုပ်ဆောင်မှုကိစ္စ function ပဲ။
မြင်တယ်ဆိုတာကတော့ ဉာဏ်ရဲ့စွမ်းအားသတ္တိ ကို ပြောတာ။

ဉာဏ်ဟာ သိတယ်၊ မြင်နိုင်စွမ်းလည်း ရှိတယ်။

ဉာဏ်ရဲ့စွမ်းအား ဒီ၂ခုကို ယထာဘူတ ဉာဏဒဿန လို့ညစာပေကျမ်းဂန်တွေမှာလည်းပဲ ဒီအတိုင်းပဲ ဖော်ပြထားပါတယ် နော်။

ဝိပဿနာကို စာပေမှာဖွင့်တာတော့….

“အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ” အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ရှုထောင့်ကနေသိတဲ့ မြင်တဲ့အမြင်ကို ဝိပဿနာလို့ခေါ်တယ်။

ဒါက အဓိပ္ပာယ်တစ်ခု။ အများအားဖြင့်တော့ အဲဒီအဓိပ္ပာယ်ကိုပဲ ပြောတယ်။

ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ မှာတော့…

ဝိသေသတော ပဿနာ ဝိပဿနာ - ထူးခြားတဲ့အမြင်။ ဘာထူးခြားတာတုန်းဆိုတော့ ရုပ်နဲ့နာမ်ကို သာမန်လူတွေက ဘယ်လိုမြင်တုန်းဆိုတော့…

▪️သတ္တဝါလို့ မြင်တယ်။
▪️ငါလို့ မြင်တယ်။
▪️ငါ့ဟာလို့ မြင်တယ်။
▪️ငါလုပ်နိုင်တယ်၊ ငါစွမ်းနိုင်တယ် လို့ မြင်တယ်။
▪️သူ၊ သူ့ဟာလို့ မြင်တယ်။

ဒါတွေက လူတွေပြောနေကြတဲ့အမြင်တွေ… အဲ့ဒီအတိုင်းပဲ။ ရုပ်၊ နာမ်ကိုပဲ ငါလို့ထင်နေတယ် ငါ့ဟာလို့ထင်နေတယ်။ ဒါကြောင့်မို့ ပြေကြတဲ့အခါ ငါ့ဘဝ၊ ငါပဲ၊ ငါ့ရဲ့ခံစားချက်၊ ငါ့ရဲ့ စိတ် စသဖြင့် ပြောကြတယ်နော်။

တကယ်ကတော့ ငါနဲ့ ပတ်သက်မှုမရှိဘူး။ မရှိတာကို အရှိလုပ်ပြီးတော့။

ငါဆိုတာ ဘယ်သူ့ကို ပြောတာလဲ။
ငါ့ဟာဆိုတာ ဘယ်သူက ပိုင်တာလဲ။
ငါလုပ်နိုင်တယ်၊ ငါစွမ်းနိုင်တယ် ဆိုတာ ဘယ်ဟာလဲ။

သေသေချာချာစစ်ဆေးကြည့်လိုက်တဲ့အခါ ကျတော့…
ငါဆိုတာလည်း မဟုတ်ဘူး။
ငါ့ဟာဆိုတာလည်း မဟုတ်ဘူး။
ငါမဟုတ်သလို သူတပါးဆိုတာလည်း မဟုတ်ဘူး။ ငါ့ဟာမဟုတ်သလို သူတပါးဟာ ဆိုတာလည်း မဟုတ်ဘူး။

ဘယ်သူမှမဟုတ်ဘူး။ ဘယ်သူ့ဟာမှ မဟုတ်ဘူး။

တကယ်ကတော့ ရုပ်နဲ့နာမ်…
အဲ့ဒီ့ရုပ်နဲ့နာမ်သည် သူ့အကြောင်းနဲ့ သူဖြစ်နေတာသာ ဖြစ်တယ်။

သက္ကာယဒိဌိနှင့်ဝိပဿနာရှုပွါးခြင်း တရားတော် (23.4.2024)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီ
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Oct, 10:05


ပေးချေထားတဲ့ #စရံငွေမဆုံးရှုံးဖို့သိထားသင့်သောအချက်

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို
ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်လေးတွေကို သိရှိနိုင်အောင် မျှဝေလိုတဲ့ စေတနာနဲ့ပါ ဆရာကြီးလုပ်တာတော့ မဟုတ်ရပါဘူးခင်ဗျ။
----------

တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း
ကြိုက်တဲ့အိမ်လေးတွေ့တာနဲ့ ဈေးစကားပြောကြတယ်။

အိမ်က တထပ်ခွဲတိုက် မြေကတော့ ပေ ၃ဝ၊ ၆၅ပေဗျ။
သူတို့ခေါ်တာက သိန်း ၃၂ဝဝ။
ဈေးဆစ်ရင်းနဲ့ သိန်း ၃ဝဝဝ နဲ့ဈေးတည့်တယ်။
စရံ သိန်း ၇ဝဝ ချတယ် စရံပေးစာချုပ်ချုပ်တယ်၊

အပြီးချေမယ့်ရက်ကိုတော့ သူတို့လဲအိမ်ရှာရအုံးမှာမို့ တစ်လခွါ ချိန်းတယ် ။ကျနော်ကလဲ ရပါတယ်ပေါ့။
အဲ့လိုနဲ့နေလာရင်း အပြီးချေရမယ့်ရက် နီးလာလို့
ဖုန်းဆက်တော့လဲ အေးအေးဆေးဆေးပဲ။
သူတို့ပစ္စည်းတွေပြောင်းပြီးပြီ ။အဆင်သင့်ပဲလို့ ပဲပြောတယ်။

ငွေချေရမယ့်နေ့ ရောက်လို့ အဲ့အိမ်ကိုသွားတော့
အပြင်ကနေ တံခါးကို သော့ခတ်ထားတယ်။
ပတ်ဝန်းကျင်မေးကြည့်တော့ ပစ္စည်းတွေဘာတွေ
ပြောင်းတာလဲ မတွေ့ဘူးလို့ ပြောကြတယ်။
တစ်ခုခုတော့ မှားနေပြီလေ။

အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့
ယောက်ျားဖုန်းက မကိုင်ဘူး။
သူ့မိန်းမဖုန်းကိုဆက်တော့ သူ့အမေက
အသဲအသန်ဖြစ်နေလို့ ဆေးရုံရောက်နေတယ်
တရက် နှစ်ရက်လောက် စောင့်ပေးပါလို့ပြောတယ်။

ကျနော်က ရတယ် ဆေးရုံလိုက်လာပြီး
အဲ့မှာပဲ စာချုပ်ချုပ်မယ် ။ငွေချေဖို့က
တယောက်ဘဏ်ကို ခဏလိုက်လာခဲ့လို့ ပြောတာလဲမရဘူး။

အဲ့တော့ ကျနော်က စရံပေးစာချုပ်ချုပ်တုန်းက
သက်သေ လက်မှတ်ထိုးပေးခဲ့တဲ့ ရာအိမ်မှူးဆီသွားပြီး အကျိုးအကြောင်းပြောပြတော့။

ရာအိမ်မှူးက "သူ့အမေက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးသွားပြီလေ" လို့ပြောတော့ သူတို့မရိုးသားဘူးဆိုတာ ပိုသိသွားတယ်ဗျ။

ရာအိမ်မှူးကို အကူအညီတောင်းပြီး
အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး အုပ်ကြီးကို
အကျိုးအကြောင်းပြောပြတယ်။

အုပ်ကြီးရှေ့မှာပဲ ခုနက အမျိုးသမီးကိုဖုန်းဆက်ပြတယ်။
သူပြောတဲ့စကားတွေကိုလဲ record ယူထားလိုက်တယ်ဗျ။
အုပ်ချုပ်ရေးမှူးကလဲ အကြောင်းအရာကို ရုံးမှတ်တမ်းမှာ ရေးပေးပါတယ်။
အဲ့နေ့တော့ ဒီအတိုင်းပဲ ပြန်လာခဲ့ရတယ်။

နောက်ရက်တွေ ဖုန်းဆက်တော့ မကိုင်ဘူး။
အိမ်ကို သွားကြည့်တော့လဲ တံခါးပိတ်ထားတယ်
ပြန်မလာဘူး။

၃ ရက်မြောက်နေ့ကျတော့

အဲ့အမျိုးသမီးဖုန်းကို ဆက်တော့ ဖုန်းကိုင်တယ်။
လေသံမာမာနဲ့"ဘာကိစ္စလဲ "လို့မေးတယ်။
"အိမ်အရောင်းအဝယ် ငွေအပြီးချေဖို့ကိစ္စပါ"လို့ပြောတော့

"စာချုပ်ပြန်ကြည့်လိုက်လေ အပြီးချေရမယ့်ရက်
လာမချေလို့ စရံဆုံးပြီလေ စာချုပ်နဲ့ပဲ စကားပြောမယ်" လို့ပြောပြီး ဖုန်းချသွားတယ်။

အဲ့တော့ ကျနော်က အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ သူတို့လင်မယားကို ရုံးကိုခေါ်လိုက်တယ်။
ရုံးရောက်လာတော့လဲ ကျနော့်ဘက်က ပျက်ကွက်တာမို့
စရံဆုံးပြီ ဆိုတာကိုပဲပြောနေတယ်။

အဲ့တော့ အုပ်ချုပ်ရေးမှူးက အဲ့ရက်က ငွေအကြေချေ အိမ်လက်ရောက်ယူဖို့ ကျနော်လာတယ်။ သူတို့မရှိလို့ ရာအိမ်မှူးကို အကြောင်းကြားတယ်။
ရုံးကို အကြောင်းကြားတယ်။

ဖုန်းဆက်တုန်းက record လုပ်ထားတာတွေကို ပြန်ဖွင့်ပြပြီး ရုံးမှာ အဲ့နေ့က ရေးထားတဲ့
ရုံးမှတ်တမ်းကို သူတို့ကိုပြလိုက်တယ်။

ပြီးတော့မှ ဝယ်သူဘက်မှာ ပျက်ကွက်တာမရှိဘူး။ အဲ့တော့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင် စရံငွေ ၂ ဆသိန်း ၁၄ဝဝ ပြန်ပေးရမှာပဲ။

တရားတဘောင်ဖြစ်လို့ ရုံးက သက်သေခေါ်ရင်လဲ မှန်ကန်တဲ့ဘက်ကပဲ ထွက်ဆိုရမှာပဲ ဆိုတာပြောမှ လင်မယား၂ယောက်လုံး ငြိမ်သွားတယ်။

အုပ်ကြီးက ဘယ်လိုလုပ်မယ်စဉ်းစားလဲ မေးတော့မှ
သူတို့ရောင်းပါ့မယ် တလလောက် အချိန်စောင့်ပေးပါလို့ ထပ်ပြောတော့ ကျနော်က တလ မစောင့်နိုင်ဘူးဆိုတာဝင်ပြောတယ်။

နောက်ဆုံးမှာ ၁ဝ ရက်စောင့်ဖို့ သဘောတူပြီးတော့ အချက်အလက်အကြောင်းအရာ တွေရေးပြီး စာချုပ်ထပ်ချုပ်တယ်။

သတ်မှတ်တဲ့ ၁ဝ ရက်ပြည့်တဲ့နေ့မှာတော့ ငွေအပြီးချေ အိမ်လက်ရောက်ရတယ်ဗျ။

ဒီဖြစ်စဉ်လေးမှာ အပြီးချေတဲ့ရက် သူတို့မရှိတာနဲ့ သူတို့ပြောစကားကို နားယောင်ပြီး ရပ်ကွက်အကြီးအကဲတွေကို သတင်းမပို့ထားဘူးဆို စရံဆုံးမှာနော်။

အဲ့တော့ အခုလိုအဖြစ်အပျက်မျိုး ကြုံလာတဲ့အခါ ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်ပါဘူးဆိုတာ ခိုင်ခိုင်မာမာ သက်သေထူထားဖို့ အင်မတန်မှ အရေးကြီးတယ်၊

ကိုယ့်ဘက်က တချက်လေး လစ်ဟင်းသွားတာနဲ့ ကိုယ့်ပိုက်ဆံကို လူလိမ်တွေက အသာလေးကောက်စားသွားမယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

မူရင်း - ရတနာပုံ(ရွှေထီး)
................................................

ဗဟုသုတစေလိုခြင်းရည်ရွယ်ချက်ဖြင့်သာတင်ပေးခြင်းဖြစ်တာမို့ အမှားများပါလျှင် သည်းခံခွင့်လွတ်ပေးပါရန်🙏
Credit Mega Home

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Oct, 03:13


ပန်ထွာအကြောင်း သမိုင်းမှတ်တမ်း
https://www.facebook.com/share/an8Qu6dbGnYVMsQ5/

မြန်မာ့သမိုင်းနှင့် သုတစုံ

27 Oct, 01:57


မကောင်းတာတွေ လုပ်နေလို့
မကောင်းတဲ့သူပါဆိုပြီး
သတိပေးစကားတွေ အများကြီးပြောမိရင်
ပြောတဲ့သူက မနာလိုဖြစ်နေတာပါလို့
ထင်ကြေးပေးခံရနိုင်ပါတယ် ။

ဒီလိုထင်ကြေးပေးခံရတာတွေက
သဘာဝတော့ကျပါတယ် ။

ဘာလို့လဲဆိုတော့
ကိုယ်မြင်တာကို သူမမြင်ဘူး ။
ကိုယ်ကြားတာကို သူမကြားဘူး ။
ကိုယ်သိခဲ့တာကို သူမသိခဲ့ဘူး ။
ကိုယ်ခံစားခဲ့ရတာကို သူမခံစားခဲ့ရဘူး ။
ကိုယ်ကြုံခဲ့ရဖူးတာကို သူမကြုံခဲ့ရဘူး
ဆိုတော့ ပြောပြရတာ အခက်သားနော် ။

အမြင်မတူ အတွေ့အကြုံတွေ မတူကြတော့
ဝေဖန်ကောက်ချက် ချပုံချင်းလည်း မတူကြတော့ဘူးပေါ့ ။

ဘာပဲဖြစ်ဖြစ် လောကကြီးကတော့ တရားမျှတပါတယ် ။ ကောင်းတဲ့သူတွေဘေးမှာ
မကောင်းတဲ့သူတွေကို အကြာကြီးမထားတတ်ပါဘူး ။

#မနောသီရိ
#အတွေးနဲ့အမြင်စာစုလေးများ

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 14:54


လူတွေရဲ့ ဘဝင်စိတ်မှာ အရောင်တွေ ရှိတယ် ..

မြတ်စွာဘုရားက ပဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တဲ့ အချိန်မှာ ရောင်ခြည်တော်(၆)သွယ်ထွက်တယ်တဲ့

ကိလေသာ လုံးဝ ကင်းစင်နေတဲ့အချိန်မှာ
ပဌာန်းကျမ်းကို ဆင်ခြင်တဲ့အချိန်မှာ
အရမ်းကို လင်းနေမှာပဲလို့ အာရုံမှာပုံဖော်ကြည့်မိတယ် ..

လူတွေမှာလည်း ကိုယ့်စိတ်အခြေအနေပေါ် မူတည်ပြီး အရောင်တွေ ထွက်ပါတယ်

မေတ္တာတရားကြီးမားလွန်းတဲ့ သူတော်ကောင်းတွေဆို အစိမ်းဖန့်ဖန့် အရောင်လေး

သီလနဲ့ ပြည့်စုံရင် အဝါနဲ့ ကြည်ပြာရောင်လဲ့လဲ့လေး

သမာဓိနဲ့ တည်ကြည်ရင် ခရမ်းရောင်လင်းလင်းလေး … စသဖြင့်

ကြောက်စိတ် ရှက်စိတ်တွေနဲ့နေရင်တော့ အနက်ရောင် ပြောင်းပြီး မှောင်သွားတယ်

တနေ့ကမြေဇင်း တရားစခန်းမှာ ဆရာတော်ကဟောတယ်
မှောင်လွန်းရင် မိုက်တယ် တဲ့ …

Gratitude ဆိုတဲ့ ကျေးဇူးတရား
Hope ဆိုတဲ့ မျှော်လင့်ချက်
Faith ဆိုတဲ့ ယုံကြည်မှု့နဲ့နေရင် ကိုယ်တွင်းမှာလင်းတယ် ..
လင်းတော့ လမ်းကို မြင်ရတယ် ..

ဒါတွေဟာ သိပ္ပံဘက်ကလည်း ပြောလာပြီ …
ခုဆို အဲဒီအရောင်တွေကို မြင်နိုင်အောင် ပြုလုပ်နိုင်တဲ့ Kirlian Photography နည်းပညာတွေနဲ့ Energy တွေ ဘယ်လို အလုပ်လုပ်သလဲ သဘောပေါက်လာကြပါပြီ ..

အရင်ကဆို မီးလွတ်စားတာ ဘာညာဆိုသိပ်နားမလည်ဘူး
ခုတော့ ဒါတွေဟာလည်း စွမ်းအင်သဘောတရားပဲ လို့ သိလာတယ် ..
အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ် …

အခုလူတွေက ထိပ်လန့်ကြောက်ရွံ့ ဒေါသထွက်တဲ့ အနေအထားမှာ ရောက်နေကြတော့ မှောင်လာတယ်
အမှောင်သမားများတော့ Group energy နဲ့ လောကကြီးက မှောင်လာတယ်
အလင်းသမားများမှ စုပေါင်းအားနဲ့ ပြန်လင်းလာမှာမို့ လူတိုင်းကို လင်းစေချင်မိပါတယ် …

ဒါတွေချည်း အပ်ကြောင်းထပ်နေတာ လင်းစေချင်လွန်းလို့ပါ

Never dim your light for the sake of others တဲ့

ဘာအကြောင်းကြောင့်မှ ကိုယ့်ရဲ့အလင်းကို မမှိန်စေနဲ့နော် …

#crd_to_owner_with_respect

#

naungfern

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 14:42


မြန်မာနိုင်ငံတွင်းနေ လူ့ဘုံရှိလူသားများအတွက်

တချို့ ကိစ္စများကို နဂါး မှ ယက္ခ ဘီလူးတွေ လွှဲပြောင်းကိုင်ပြီဖြစ်လို့

⚠️နဂါး တွေ ဂုမ္ဘာဏ် ယက္ခ ဘီလူး အပေါင်းတို့ကို မေတ္တာပို့ခြင်း အမျှဝေခြင်း တို့ကိုသေချာ ပြုပါ
(တစ်အိမ်ထောင်တစ်ယောက်တော့ အနည်းဆုံးသေချာလုပ်ပါ)

⚠️မြေကြီးပေါ်မှာ အမွှေးတိုင်ထွန်း ဒါနပြုပါ။ ခွက်ထဲ မီးထွန်းပါ ဖယောင်းတိုင် အောက်ခြေကို ရေနဲ့ဆားနဲ့ထည့်ထွန်းပါ
(နေ့စဉ် / တပတ် ၃/၄ ရက်)

⚠️မင်္ဂလသုတ် ရတနာ့သုတ် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာသမယသုတ် ရွတ်ဖတ် ပူဇော်ခြင်း တစ်ပတ်တစ်ကြိမ် အဆင်ပြေသည့်ချိန် ရွတ်သင့်/ မရွတ်တတ် ဖွင့်နားထောင်ပါ

⚠️ရန်သူမျိုး၅ပါးနှင့် ကပ်၃ပါးကြောင့် အစိမ်းthay မကျွတ်မလွတ် အလွန်များ
သည့်အတွက်

🔺ညဘက် အသား/ငါး မ သယ် ယူကြနဲ့
🔺နောက်ဖေးမီးဖိုက ဟင်းချက်တဲ့အမှိုက် အသားငါးအညှီပါတာတွေ အိမ်ရှေ့/ နောက်ဖေး ဒီတိုင်းမပစ်ကြနဲ့
🔺နတ်မင်းကြီး၄ပါး မြို့တော်ရှင် ရွာတော်ရှင် နယ်ပိုင်မြေပိုင် နဲ့ ရေပိုင်နက်တွေစောင့်ရေဗာက်သူအပေါင်းမေတ္တာပို့
🔺ယမမင်းနဲ့ မရဏပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေ လတ်တလောသေဆုံးသွားကြသော အမျိုး အသိတွေ မေတ္တာပို့အမျှဝေ
🔺၁ပတ်၁ကြိမ် အိမ်/ခြံ တံခါး အဝင်အထွက် နှင့် ဝရံတာ အဝင်အထွက် ဆားရည် နဲ့ပက်ဖြန်းခြင်း ဆားရည်စိမ်အဝတ်နဲ့သုတ်ခြင်း ပြုလုပ်ပါ
🔺🔺🔺 Oct 31 တွင် Halloween ည ဆိုပြီး သူရဲလိုတွေလျှောက်မပြင်ဆင်နဲ့ ညဉ့်နက် အပြင်မထွက်နဲ့ အပြင်မှာ ယူတို့ ဟော်လိုးဝင်းတဲ့ပုံတွေအများကြီးမို့ အဲ့ energy ကို attract မလုပ်ပါနဲ့

အထူးအားဖြင့်ကျောင်းတွေမှာ Halloween Party လုပ်တဲ့အခါ ကိုယ့်သားသမီးကိုယ်စောင့်ရှောက်ပါ

ခု ချိန် က ဘာနဲ့တူသလဲဆိုရင် ငယ်ငယ်တုန်းက ညောင်ပင်တစ္ဆေဝေလေလေ ဆော့သလိုပဲ စည်းဝိုင်းထဲက လူတွေကို ဟိုဘက်ပြေးဒီဘက်ပြေးနဲ့ ဝင်ဆွဲ ခံရတတ်တာမို့ မိမိဘာသာတရားကိုသေချာလုပ်ခြင်း မကောင်းမှုတွေ တတ်အားသလောက်ရှောင်ခြင်းဖြင့် ဘုန်းကံမြှင့်ပါ။

⚠️ဒဲ့ပြောရတာအားနာပေမယ့် ပုတီးတစ်ဖက်နဲ့ ပဋ္ဌာန်းရွတ်ပါတယ်ဆိုတဲ့ စနို-က်ကြော်မတွေ သတိထားရမယ့်အချိန်ပဲ
သူများအိမ်ထောင်ပြိုကွဲစေသူတွေ စနို-က်ကြော်တွေ အရှ-င်လတ်လတ် နလန်မထူနိုင်သည်အထိ ခံစားရတတ်တယ်
ကာမပိုင် အိမ်ထောင်ရှင်မ တွေ ရဲ့ ယတြာ / အစီအရင်/ ကျိ-န် ဆ-ဲ တာတွေ ပိုထိတတ်တယ်

⚠️ဘီလူးတွေလိုရ-က်စက် သော-င်းကျန်းသူတွေ ယက္ခ ဂုမ္ဘာဏ်နတ်စစ်သူကြီးတွေရဲ့ ရိုက်နှက်မှုတွေ ခံရမယ် (မကောင်းတဲ့သူတွေကို မကျေနပ်ရင် နတ်စစ်သူကြီးတွေထံ တိုင်တည်ပါ)

⚠️လိမ်စားခြောက်စား ဆရာ နာမည်ခံများ ဗူးပေါ်သလိုပေါ်တတ် တယ်

⚠️ဘီလူးနဲ့ဆိုင်တဲ့ဘုရားဟောင်းများ မဖြို မဖျက် မပြုပြင် မတည်သင့်သေးသောအချိန်ပါ

လို့ပြောရင်း အားလုံး အေးချမ်းသောအတွေးနဲ့ ကုသိုလ်စိတ်တိမ်းညွတ်နိုင်ကြပါစေ ကုသိုလ်အာရုံ မြဲကြပါစေလို့ ဆုတောင်းပေးပါတယ်

credit #မယ်မယ်

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 13:40


အဇဋာဝလာတရိုးဆီက ရတနာမိုဃ်းရှစ်ကြိမ်ရွာမတဲ့ အငြစ်မလိမ္မာသူတို့ ကမ္ဘာဆူသလို ပျက်ပြိုကြပါလိမ့် ဗုဒ္ဓသာသနာရောင်က နေတန်ဆောင်လို ထိန်၍လျှမ်းမှာမို့ ရဟန်းထေရ်သံဃာနှင့် ဝိပဿနာဓူတင်မလပ်တဲ့ပြင် အထပ်ထပ်ဘာဝနာယူလို့ စံရွှေဂူတခဏကြိုးရုံနှင့် အမှန်နေ တဆူ သမတမျိုးပေထင့် တိမ်တောင်မှာ စိန်ရောင်ထိုးလိမ့်မယ် မိုဃ်းထိရွှေကျောင်း။ မယ်တို့ မောင်တို့ အကောင်းလာဘို့ အဆိုးခံနေတယ်ဟူ၍ မှတ်သားကြပေတော့။
{ခတ်ဆစ်}
[၁]အဋ္ဌင်္ဂီ======ရှစ်ပါးသီလ
[၂]ပဉ်စသီ=====ငါးပါးသီလ
[၃]အဇဋာဝလာ=ထက်ကောင်းကင်
[၄]ဗေလီ======စည်တော်
[၅]ဗူးတောင်း===ဗူးမောင်းခြောက်
[၆]ဇောင်းကြမ်း=အိုးကြမ်းကွဲ
[၇]သမတ=====ခေါင်းဆောင်

{ပဒေသာ} ရှေးအတိတ်တဘောင်နှင့် သဲအင်းဂူဆရာတော်ဘုရားကြီး စွန်းလွန်းဂူဆရာတော်ဘုရားကြီး သံချိုကဗျာ ဦးကျော်လှ ပုဂ္ဂိုလ်ကြီးများရဲ့ နည်းနာနိဿယတို့ကို မှီငြမ်းပြု၍ ရေးသားပါသည်။
24-10-2024

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 13:40


#သေသူကို_ရှင်သူတရလောက်အောင်_ကောင်းမည့်ခေတ်ကြီး
{တဘောင်}အတိုင်း
သာသနာယုဂခေတ်ကြီး
ဝိမုတ္တိယုဂခေတ်ကြီး(၅၀၀)နှစ်
သမထယုဂခေတ်ကြီး(၅၀၀)နှစ်
သီလယုဂခေတ်ကြီး(၅၀၀)နှစ်
သုတယုဂခေတ်ကြီး(၅၀၀)နှစ်
ဒါနယုဂခေတ်ကြီး(၅၀၀)နှစ်
ပထမခေတ်ကြီး(၅)ခေတ် သာသနာ(၂၅၀၀)ကုန်လွန်ခဲ့ပြီ။

ဒုတိယခေတ်ကြီးရဲ့ ဝိမုတ္တိယုဂခေတ်ကြီး သာသနာနှစ်(၂၅၆၈)ခုနှစ် စတင်အသက်ဝင်နေပြီမို့
အဖိုးအိုလို့ခေါ်တဲ့ ဇရာဖိစီးသူတွေ တရားအားထုတ်ရင်လည်း တရားရပေလိမ့်မယ်။
အိုရာကနေ ခါးကိုင်းပီး ဗျာဓိဆိုတဲ့ နာခြင်းသဘောတရားဖိစီးသူတွေ တရားအားထုတ်ရင်လည်း တရားရပေလိမ့်မယ်။
မသေသေးလို့ အသက်ငွေ့ငွေ့ကျန်နေသူတွေလည်း သတိတစ်ချက်ကပ်ပီး တရားအားထုတ်ခဲ့ရင်လည်း အသေမဦးခင် တရားဦးပါလိမ့်မယ်။
ရှေးနှစ်ခါ တန်ဆောင်မုန်းလို့ခေါ်တဲ့ ဒုတိယယုဂခေတ်ရဲ့ ဝိမုတ္တိခေတ်ကြီးသည် ယ္ခုအခါရောက်ရှိလာပါပြီ ရှေးနှစ်ခါဆိုတဲ့ အဓိပ္ပါယ်သည် သာသနာ (၂၅၀၀)ကျော်လာခြင်းကို ခေါ်ပါတယ် တန်ဆောင်မုန်းဆိုတာ နက္ခတ်ကြယ်တာရာအစုံရှိတယ်မို့လား ထိုအခြင်းအရာကို တင်စားပြီး မဂ်အစုံစုံ ဖိုလ်အစုံစုံတွေ ထွန်းလင်းမည့် လတန်ဆောင်ပမာ သာသနာလမင်းကြီးနဲ့တူတဲ့ ဝိမုတ္တိ တန်ဆောင်မုန်းပွဲနဲ့အတူ ကြယ်တာရာပမာ မဂ် ဖိုလ်ရသူတွေ ပေါများကြပေလိမ့်မယ်တဲ့။
ဒီတော့ တရားထူးရချင်သူတွေဟာ ပွဲကြည့်ကြပါ ဘာပွဲလည်းဆိုရင် ရုပ်ပွဲ နာမ်ပွဲတွေ မြင်အောင်ကြည့်ရပါမယ် လူ့ဘဝဆိုတာ ဇာတ်ခုံပေါ်က ရုပ်သေးရုပ်တွေလိုပါဘဲ တဏှာကြိုး မာနကြိုး အဝိဇ္ဇာကြိုးတွေဆွဲလိုက်တိုင်း ကနေရတဲ့ ဝိပါကဇာတ်ကောင်တွေပါ။ သိတဲ့သူတွေ ဖော်စားတဲ့ ဝိပဿနာ အမတဆေးတော်ကြီးတွေ စားကြမည့် ခေတ်ကောင်းကြီးပါ။

မသိတဲ့သူတွေ ဖော်မစားနိုင်ကြလို့ တဏှာ မာန ဒိဋ္ဌိတွေနဲ့ သံသရာ အခါခါလည်ကြပေလိမ့်မယ်။ ဝိမုတ္တိယုဂခေတ်ကြီး တပတ် လည်လာပြီမို့ လေးအင်းတိုင် ရှစ်သောင်းကျော် အရိယာဝိဇ္ဇာထွက်ပါလိမ့် လိုချင်သူ အာနာပါနဖိုကို အားထုတ်ကြရမယ့် ခေတ်ကောင်း အခါကောင်းကြီးပါတဲ့

ဝိမုတ္တိယုဂခေတ်ကြီး(၅၀၀)နှစ်
သမထယုဂခေတ်ကြီး(၅၀၀)နှစ်
သီလယုဂခေတ်ကြီး(၅၀၀)နှစ်
သုတယုဂခေတ်ကြီး(၅၀၀)နှစ်
ဒါနယုဂခေတ်ကြီး(၅၀၀)နှစ်
ရောက်နေပါပြီ
နှစ်ထောင်ကျော်ဟိုး ၊ စျေးဘောင်ကျိုး တိုး၍ဝယ်လိုက်ကြ ငါးထောင်ကျမှ ၊ ပိတ်သောစ ၊ မရလေ မင်း။ {တဘောင်} *********
တနေ့သောအခါမိတ္ထီလာရေလယ် ဆရာတော်ကရှင်ကဝိအားအမိန့်ရှိသည်မှာ ၊ရှင်ကဝိမိတ္ထီလာကန်ကြီး မြင်ရဲ့လား ၊ မြင်ပါရဲ့ဘုရား။ ၎င်းကန်ကြီးဟာ၊ခုအင်းလေးအင်း ပေါ်နေပြီ ၊ အဲသည်တော့တဘောင်ကလဲ `မိတ္ထီလာနယ်အတွင်းမှာလ ၊ လေးအင်းတိုင်အောင်ပေါ်လို့ ၊ ရှစ်သောင်းကျော်ဝိဇ္ဇာထွက်ပါလိမ့် ၊ လိုချင်သူဖိုခွင်တက်ကြတော့လို့ ဆိုတယ်။အဲဒါဦးကဝိဘယ်လို ကောက်သတုံး။
ဆရာတော်ဘုရား ၊ ဆရာတော်များ ယူတဲ့ဝိဇ္ဇာကဘယ်လိုဝိဇ္ဇာပါလဲဘုရား။ ဖိုကကောဘယ်လိုဖိုပါလဲဘုရားဟု ပြန်လည်လျှောက်ထားမေးမြန်းရာ ၊ ရေလယ်ဆရာတော်က ၊ ဦးကဝိရဲ့ ၊ ဝိဇ္ဇာကတော့ဆေးဝိဇ္ဇာ ၊ အင်းဝဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ မန္တန်ဝိဇ္ဇာပေါ့ ၊ ဖိုကလည်း ဖားဖိုပေါ့ဟုအမိန့်ရှိပြန်သည်တွင် -
ဆရာတော်ဘုရား -
ဝိဇ္ဇာကအရိယာဝိဇ္ဇာပါဘုရား ၊ ဖိုကအာနာပါနဖိုပါဘုရားဟု ဖြေကြားလျှောက်ထားလေ၏။ အေးအေး ၊ ဦးကဝိဟုတ်တယ် ဟုတ်တယ်။တပည့်တော်တို့က သည်နေရာမှာအယူအဆသီသီ လိုနေတယ်^ဟု-သဘောပေါက်ဝန်ခံကာ ရေလယ်ကျောင်းဆရာတော်သည် မိမိ၏ဓာတ်လုံးများနှင့်ဖားဖိုတို့ကို အပြီးစွန့်လွှတ်လိုက်ကာ ထိုနေ့မှစ၍ အာနာပါနတရားကိုသာအားထုတ် တော်မူရှာလေသည်။
နောက်တဖန်ဦးကဝိအားတပေါင် ရွတ်ပြမေးမြန်းသည်မှာ -
``နှစ်ထောင်ကျော်ဟိုး ၊ စျေးဘောင်ကျိုး ၊ တိုး၍ဝယ်လိုက်ကြ။ ငါးထောင်ကျမှ ၊ ပိတ်သောစ ၊ မရလေ၏-မင်း။
ဆိုတာကကောဦးကဝိရဲ့။
ဆရာတော်ဘုရား -
ယခုသာသနာတော်နှစ် ၊ နှစ်ထောင်ကျော် ရောက်နေပါပြီဘုရား ၊ အဲဒီတော့ စျေးဘောင်ကျိုးနဲ့တူနေပါတယ်၊ ခေတ်ကလဲဝိမုတ္တိခေတ်ရောက်ပြန် ပါပြီဘုရား။
အဲဒါကြောင့်ယခုနေတရားများ အားထုတ်ကြပါလျှင် မိမိတို့ပါရမီ ရှိသလောက်ပေါက်ရောက်နိုင်ကြောင်း ပါဘုရားဟုဦးကဝိကပြန်လည်ဖြေ ကြားလျှောက်ထားလေ၏။
ဝိမုတ္တိယုဂခေတ်ကြီး တစ်ပတ်လည်လာတော့ မဂ် ဖိုလ် တရားထူး ရတဲ့သူတွေက သူတို့နဲ့ အတူတကွ တရားအားထုတ်ခဲ့တဲ့သူတွေ သူတို့နဲ့ ခင်မင်ခဲ့တဲ့သူတွေကို သူ့လိုတရားထူးမျိုး မရကြပဲ သေရွာနယ်သို့ ရောက်သွားတဲ့သူတွေကို နှမျောတသကြပေလိမ့်မယ်တဲ့ ဪ ငါ့သူငယ်ချင်းကြီး ငါ့ဆရာသမားကြီ ငါ့အမေကြီး ငါ့အဖေကြီး ငါ့အဒေါ် ငါ့ဦးလေး ငါ့အစ်ကို ငါ့အမ စသဖြင့် သူ့လိုတရားထူး မရလိုက်တဲ့အတွက် နှမျောတသမိကြသတဲ့။
ထိုသာသနာ ဝိမုတ္တိယုဂခေတ်သည် တခေတ်ဆန်းလာခြင်းကြောင့် လူထူးဆန်းကြီးကလည်း ပေါ်လာပါလိမ့်မယ် ရတနာမိုဃ်းတွေ ရွာသွင်းဖြိုးလို့ တိုင်းပြည်ကြီးမှာ ရွှေမရှား ငွေမရှား မတောင့်မတ ကြောင့်ကြကင်းခါ နေရပါမယ်တဲ့ အခြားသောတိုင်းတပါးသားများပင် မြန်မာပြည်ကြီးကို ကြည့်ရင်းနဲ့ နှစ်ထောင်းအားရ ရှိကြပေလိမ့်မယ်တဲ့ ယ္ခုလောလောဆယ်အခြေအနေကတော့ ဗူးတောင်းမြုပ်လို့ ဇောင်းကြမ်းပေါ်နေချိန်မို့ တရားအဋ္ဌင်္ဂီ ပဉ္စသီစွဲကြမှ ကပ်ထဲက ကျော်ပါလိမ့် တူပျော်ပျော် ဟိုဘက်နင်းမိလျှင် သန့်ရှင်းစွာ ဗေလီဆော်၍ ရွှေပြည်တော် သာယာလှတာကြောင့် သေသူကို ရှင်သူတို့ တကြလိမ့် ဓနဘာမစိုးပြီဘု

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 13:39


ရဟန်းခံတဲ့အခါ နှစ်ထပ်သင်္ကန်းကြီး လို/မလို သုတေသနပြုကြည့်ခြင်း....

နှစ်ထက်သင်္ကန်းကြီး မပါဘဲ ရဟန်းခံလည်း ရဟန်းဖြစ်ပါတယ် ။ ရဟန်းခံမှု ကံမပျက်ပါဘူး ။
"ကိုယ်ပိုင်သင်္ကန်း မရှိသူ နဲ့ သူများသင်္ကန်းကို ခဏငှါးဝတ်ထားသူကို ရဟန်းခံမပေးရ ၊ ရဟန်းခံပေးရင် ဒုက္ကဋ်အာပတ်သင့်စေ"လို့ ပညတ်ထားတဲ့အတွက်
သင်္ကန်းမရှိသူကို ရဟန်းခံပေးရာမှာ ဥပဇ္ဈာယ်ဆရာ့အား ဒုက္ကဋ်အာပတ် သင့်ရုံမျှသာ ရှိပါတယ် ။
ရဟန်းလောင်းကတော့ ရဟန်းဖြစ်ပါတယ် ။

သို့သော်...
သင်္ကန်းလုံးဝ မရှိသူ ၊ ကိုယ်ပိုင်ဝယ်မဝတ်နိုင်သူကို အပြစ်ကင်းကင်းနဲ့ ရဟန်းခံပေးလို့ ရနိုင်ကြောင်း အဋ္ဌကထာစကားတစ်ခု တွေ့ရပါသေးတယ် ။

ကိုယ်ပိုင်သင်္ကန်းတောင် မဝယ်နိုင်တဲ့ ငမွဲတစ်ယောက် သဒ္ဓါပေါက်ပြီး ရဟန်းခံချင်တဲ့အခါ ဥပဇ္ဈာယ်ဆရာ နဲ့ ကမ္မဝါစာဆရာ ကာရကသံဃာတွေက မိမိကျောင်းမှာ ပိုလျှံနေတဲ့ ဘယ်သူမှမဝတ်ဘဲ သိမ်းထားတဲ့ သင်္ကန်းတွေကို ပေးနိုင်ပါတယ် တဲ့ ။
ဒီလို သဒ္ဓါပေါက်နေတဲ့ ရဟန်းလောင်းကို ကျောင်းထိုင်ဘုန်းကြီးတွေက သင်္ကန်းပေးချီးမြောက်လိုက်ရင်လည်း ဒုက္ကဋ်အပြစ်မှ လွတ်မြောက်သွားနိုင်ပါတယ် ။

🙏🙏🙏
ပဌမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗော။ ဥပဇ္ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗံ – အယံ တေ ပတ္တော, အယံ သံဃာဋိ, အယံ ဥတ္တရာသင်္ဂေါ, အယံ အန္တရဝါသကော။ ဂစ္ဆ, အမုမှိ ဩကာသေ တိဋ္ဌာဟီတိ။
(မဟာဝဂ္ဂပါဠိ)

တေန ခေါ ပန သမယေန ဘိက္ခူ အစီဝရကံ ဥပသမ္ပာဒေန္တိ။ နဂ္ဂါ ပိဏ္ဍာယ စရန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – သေယျထာပိ တိတ္ထိယာတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ န, ဘိက္ခဝေ, အစီဝရကော ဥပသမ္ပာဒေတဗ္ဗော။ ယော ဥပသမ္ပာဒေယျ, အာပတ္တိ ဒုက္ကဋဿာတိ။
(မဟာဝဂ္ဂပါဠိ)

အာပတ္တိ ဒုက္ကဋဿာတိ ဧဝံ ဥပသမ္ပာေ⁠ဒန္တေ⁠ဿဝ အာပတ္တိ ေ⁠ဟာတိ, ကမ္မံ ပန န ကုပ္ပတိ။ အစီဝရကာဒိဝတ္ထူသုပိ ဧေ⁠သဝ နေ⁠ယာ။
(မဟာဝဂ္ဂအဋ္ဌကထာ)

သေ⁠စ တဿ နတ္ထိ, အာစရိယုပဇ္ဈာယာ စဿ ဒါတုကာမာ ေ⁠ဟာန္တိ, အေ⁠ည ဝါ ဘိက္ခူ နိရေ⁠ပေ⁠က္ခဟိ နိဿဇ္ဇိတွာ အဓိဋ္ဌာနုပဂံ ပတ္တစီဝရံ ဒါတဗ္ဗံ။
(မဟာဝဂ္ဂအဋ္ဌကထာ)

ေ⁠တရသန္တရာယပုစ္ဆာယ အဒဿနတ္တာ အပတ္တစီဝရကံ ဥပသမ္ပာေ⁠ဒန္တိ။ ‘‘အနုဇာနာမိ, ဘိက္ခေ⁠ဝ, ဉတ္တိစတုေ⁠တ္ထန ကေ⁠မ္မန ဥပသမ္ပာေ⁠ဒတု’’န္တိ (မဟာဝ။ ၆၉) ဧဝံ သဗ္ဗပဌမံ အနုညာတကမ္မဝါစာယ ‘‘ပရိပုဏ္ဏဿ ပတ္တစီဝရ’’န္တိ အဝစနေ⁠မတ္ထ သာဓကန္တိ ေ⁠ဝဒိတဗ္ဗံ။ တဉှိ ဝစနံ အနုက္ကေ⁠မနာနုညာတန္တိ။
(ဝဇီရဗုဒ္ဓိဋီကာ)

ကမ္မံ ပန န ကုပ္ပတီတိ ပတ္တစီဝေ⁠ရသု အသေ⁠န္တသုပိ ကမ္မဝါစာယ ‘‘ပရိပုဏ္ဏဿ ပတ္တစီဝရ’’န္တိ ပရိကိတ္တိတတ္တာ ကမ္မံ န ကုပ္ပတီတိ အဓိပ္ပါေ⁠ယာ။
(ပါစိတျာဒိယောဇနာ)

🙏🙏🙏
နာယက

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 01:55


#ပြောင်းလဲရမှာတွေကအများကြီးပါ
Crd ;

ဆိုက်တွဲ၊ မြို့ပြ၊ ရွှေကျောင်းနဲ့ ခေါင်နေတဲ့ ၀မ်း
။။။။။။
ဆိုင်ကယ်ဘေးတွဲ..၊
ဆိုက်တွဲတွေကို.. စသတိထားမိတာ ၂၀၁၈ လောက်ကပါ..။
မြောက်ဒဂုံ၊ တောင်ဒဂုံဖက်မှာ ရှိနေပါပြီ..။ လမ်းလျှောက်ရင်း..၊ စက်ဘီးစီးရင်းနဲ့ တွေ့ခဲ့ရတာပါ..။
အဲဒီအချိန်က..ကျွန်တော်တို့ နေတဲ့ သင်ကန်းကျွန်းဖက်မှာ အတွေ့ရနည်းပါတယ်.။
။။။။။။။
အခုကတော့..သင်ကန်းကျွန်းဘက်မှာလဲ..ဆိုင်ကယ်ဘေးတွဲ..၊ ဆိုက်တွဲ တွေက မမြင်ချင်မှ အဆုံးပါပဲ..။
။။။။။။။။
ဆိုက်ကားထက်စာရင်..ဆိုက်တွဲက..ကုန်ပိုတင်နိုင်တယ်.။ မြန်တယ်..။
ကုန်များလို့..၊ လူ၀ လို့..အားနာစရာမလိုဘူး..။ စက်ကို အသုံးပြုမောင်းတာမို့..၊ လူနင်းနေတာ မဟုတ်လို့ပါ..။ ဒါက ကောင်းတဲ့ အချက်ပါ..။
ခေတ်ကာလ လိုအပ်ချက်အရ ပြောင်းလဲလာတာပါ..။

ခေတ်အခြေအနေအရ..၊ နည်းပညာအရ..
ပြောင်းလဲမှုဟာ..ပြဿနာမဟုတ်ပါဘူး..။

ပြောင်းလဲမှုကို ..စည်း..စနစ်တကျ ပြောင်းမလား..၊ ဖြစ်သလို လွှတ်ထားမလား ဆိုတာကသာ
အုပ်ချုပ်သူတွေ အပိုင်းက ကြိုတင်ပြီး..၊ ရေရှည်အတွက် စဉ်းစားရမဲ့ ပြဿနာပါ..။
။။။။။။။။
ဒါပေမဲ့..ဆိုက်တွဲ နဲ့ လမ်းစည်းကမ်း ပြဿနာကတော့
အထိန်းအကွပ်မဲ့စွာနဲ့..မြို့ဆင်ခြေဖုံးတွေမှာ..
တဖြေးဖြေးနဲ့ ကြီးထွားလာနေတယ်လို့ မြင်မိပါတယ်.။
။။။။။။။။။
ကျွန်တော်တို့ ဆီမှာက..ဥပဒေ ဆိုတာကို လူတွေက မကြားချင်၊ မပတ်သက်ချင်၊ မလေ့လာချင် ဖြစ်နေကြသလိုပါပဲ..။
ရဲစခန်းတို့..၊ တရားရုံးတို့..၊ တရားသူကြီးတို့..၊ ရှေ့နေတို့ ဆိုတာတွေကိုလဲ
မတတ်သာမှ ၊ မတွေ့မဖြစ်မှ တွေ့ချင်ကြသူ များနေမယ် ထင်ပါတယ်.။
။။။။။။။။
တကယ်တော့..
လူတိုင်းက ဥပဒေကို နားလည်..၊
ဥပေဒေရဲ့ ကာကွယ်မှုကို ယူ..၊
ဥပဒေကို လေးစား လိုက်နာမှ
အဲဒီတိုင်းပြည်မျိုးတွေက စနစ်ကျတာ..၊ တိုးတက်တာ..၊ လုံခြုံစိတ်ချရတာပါ..။
။။။။။။။။
တနေ့က ဒဂုံဆိပ်ကမ်းဘက်က အပြန်..၊ သာကေတ အဝိုင်းကို ပြောင်းပြန် ပြန်ပတ်တဲ့ ဆိုက်တွဲကို
ကားတွေက ရပ်စောင့်ပေးနေရပါတယ်.။
မစောင့်လို့ မရဘူးလေ..။ သူ့ကိုယ်ထည်က ဟင်ဂလန်တွေနဲ့ ဆင်ထားတာ..။ တိုက်လိုက်ရင် ကားပဲ စုတ်ပြတ်သွားမှာ..။ သူတို့က တိုက်မိလဲ မလျော်ပါဘူး..၊ တနည်းအားဖြင့် မလျော်နိုင်ပါဘူး.။ လျော်လိုစိတ်လဲ မရှိပါဘူး..။
။။။။။။။။။
ကျွန်တော်တို့ ရပ်ကွက်အ၀င် ကားကြီးဂိတ်အနီးမှာ ကားနဲ့ ဆိုက်တွဲ တိုက်မိပါတယ်.။
ဆိုက်တွဲ မှားတာပါ..။ မလွတ်တာကို အတင်း၀င်ဖြတ်လို့ တိုက်မိတာပါ..။
ကား ရဲ့ ရှေ့ပိုင်း တော်တော်ထိပါတယ်.။ မီးလုံး မီးခွက်..ရှဲလ်တွေ ကွဲတာ ကျိုးပဲ့တာ မြင်ရပါတယ်.။
ဆိုက်တွဲ သမားက..၊ ဆိုက်တွဲကို ဒီအတိုင်း ထားခဲ့ပြီး..ထွက်ပြေးသွားပါတယ်.။
။။။။။။။။။
တနေ့က ကျွန်တော့် တပည့် Taxi ကို လမ်းထဲက အရှိန်နဲ့ထွက်လာတဲ့ အမျိုးသမီးမောင်းလာတဲ့ ဆိုက်တွဲက ဘေးကို ၀င်တိုက်ပါတယ်.။

ကျွန်မ မှားပါတယ်.။ အရှိန်နဲ့ အမြန်မောင်းမိတာပါ.။ ဒါပေမဲ့..မလျော်နိုင်ပါဘူး..။ စားဖို့တောင် အနိုင်နိုင် ဖြစ်နေလို့ပါလို့..ပြောတော့..၊ ဘာမှ လုပ်လို့ မရပါဘူး..။
။။။။။။။။
တချို့ ဆိုက်တွဲတွေဟာ..ဘော်ဒီကို ချဲ့ထားလို့..ဟိုင်းဂျက်နီးပါး..ကျယ်ပါတယ်.။
အများစုဟာ အမိုးတွေပါ..ထပ်မိုးထားကြပါတယ်.။
အမိုးက ပိုကျယ်တော့..အောက်က ဘော်ဒီထက် ပိုနေရာယူပါတယ်.။

သူတို့အားလုံးလိုလိုဟာ..
လမ်းစည်းကမ်းနားမလည်ကြပါဘူး..၊နားလည်လဲ .. ဂရုလည်း မစိုက်ကြပါဘူး.။
ဒါပေမဲ့..ဆိုက်တွဲက..စက်တပ်ယာဉ်ပါ.။ အရှိန်မြန်ပါတယ်.။

ဆိုက်တွဲသမားတွေဟာ..
လမ်းပြောင်းပြန်လဲ မောင်းကြပါတယ်.။
ထင်သလို လဲ..ကွေ့တတ်ပါတယ်.။ အချက်ပြမီး..မပြတာ..၊ မပါ တာကြောင့်..၊ ကွေ့မယ် မထင်မိလို့.
နောက်ကားတွေ ဒုက္ခရောက်တာ..၊ တိုက်မိတာတွေ မကြာခဏ ဖြစ်ပါတယ်.။
။။။။။။။
သူတို့ဟာ နွမ်းပါးသူတွေပါ..၊ သူတို့ ၀မ်းရေးအတွက်..အလုပ်လုပ်တာကို နားလည်မိပါတယ်.။
လမ်းပေါ်မှာ လုပ်စားနေသူမို့..၊ လမ်းစည်းကမ်း သင်ပေးဖို့ လိုအပ်ပါတယ်.။
။။။။။။။။
လက်ရှိအနေအထားက..
ရန်ကုန်မြို့မှာ မြို့တွင်း မြို့နယ်တွေမှာ.. ဆိုင်ကယ် စီးခွင့် မပြုပါဘူး..။ ဆယ်စုနှစ် ၂စု..၃စု..လောက်ရှိပါပြီ..။
ဒါပေမဲ့ ဆိုက်တွဲတွေကို အစွန်ကျတဲ့..မြို့နယ် အများစုမှာ တွေ့ရနိုင်ပါတယ်.။
။။။။။။။။
ဆိုင်ကယ်ကို..
ရန်ကုန်မြို့တော်နယ်မြေ မြို့နယ်တွေအတွင်း မှာ လိုင်စင်မပေးတဲ့ အတွက်.. ၊ စီးခွင့်မပေးတဲ့အတွက်..၊
ဆိုက်တွဲကို လိုင်စင်ပေးလို့ မရနိုင်ဘူး ဖြစ်နေမယ်ထင်ပါတယ်.။

လိုင်စင်မပေးလို့..၊ တရားမ၀င်တဲ့ လိုင်စင်မဲ့တွေကို..လမ်းစည်းကမ်း သင်တန်းလဲ ပေးလို့ မရနိုင်ပြန်ပါဘူး..။

ဂျာအေး သူ့အမေရိုက် နေသလိုပေါ့..။
။။။။။။။
ဒါပေမဲ့..
ဥပဒေအရ မရှိရမဲ့..ဆိုက်တွဲတွေဟာ..
တကယ်..လက်တွေ့ အခြေအနေက.အရ.. လမ်းပေါ်မှာ ရှိနေပါတယ်.။

လမ်းစည်းကမ်းရဲ့ အခြေခံကိုတောင် မသိကြပဲ..မောင်းနေပါတယ်.။

အရှိန်အဟုန်နဲ့ စည်းကမ်းပျက်စွာ..တိုးပွားလာနေပါတယ်.။

မြန်မာ့သမိုင်းနှင့် သုတစုံ

25 Oct, 01:55


။။။။။။။။။
တဖြေးဖြေးနဲ့ အမြစ်တွယ်ကြီးထွားလာတဲ့ ညောင်ပင်ကို
ပစ်ထားတာ ကြာရင်..သူတွယ်ကပ်လိုက်တဲ့..အခြေခံ..အဆောက်အဦး ပျက်စီးနိုင်ပါတယ်.။
။။။။။။။။။
ဒီပြဿနာကို..
ဘယ်လို ဖြေရှင်းသင့်သလဲ ဆိုတာကို
တွေးရမှာ ၊ စီမံရမှာ..၊ အုပ်ချုပ်ရေးတာ၀န်ယူထားသူတွေ တာ၀န်ပါ.။
။။။။။။။။။
အခုတော့..
ကြမ်းပေ့ ၊ ရမ်းပေ့..ဆိုတဲ့ ဟိုင်းဂျက်တွေတောင်..
ဆိုက်တွဲ နဲ့တွေ့ရင်..အရှိန်လျော့လာရပါတယ်.။
ခွေးရူးကို တွေ့တဲ့ ခွေးကောင်းလို ပေါ့..။ သူတို့လဲ....ကြောက်လာရပါတယ်.။
။။။။။။။။။
လမ်းပေါ်မှာ မောင်းတဲ့ စက်တပ်ယာဉ် မောင်းသူတိုင်းဟာ
လမ်းစည်းကမ်းနားလည် သင့်ပါတယ်.။
။။။။။။။။။
တရား၀င် လိုင်စင်မရှိပေမဲ့..၊ သူတို့မှာ ဘယ်ရပ်ကွက်က ၊ ဘယ်မြို့နယ်က ဆိုတဲ့..ဂျာကင်လေးတွေ ၀တ်ထားလေ့ရှိပါတယ်.။
အဲဒါကို သက်ဆိုင်ရာ ရပ်ကွက်က ၀န်ဆောင်ကြေးတခု ယူပြီး ထုတ်ပေးထားတာ လို့
သူတို့က ရှင်းပြပါတယ်.။
တရား..မ၀င်..တဲ့..တရား..၀င်..လို့.. ဆို ရမလိုပါပဲ..။
။။။။။။။။။
ရိုးရိုးဆိုက်ကား က တနေ့ အုံနာကြေး ၂ထောင်ပါ.။
ဆိုက်တွဲက..အုံနာကြေး ၃ ထောင်ပါ..။
။။။။။။။။။
ဆိုက်ကားက..ဆီ မထည့်ရပါဘူး..။ လူအားစိုက်ရပါတယ်.။

ဆိုက်တွဲက ဆီထည့်ရပါတယ်.။ စက်အားနဲ့ သွားပါတယ်.။
။။။။။။။။။
တနေ့က ဆန်လှူနေကြ ရပ်ကွက်က ဆိုက်ကားသမားကို မေးတော့..
တနေ့ ကိုယ့်အတွက် ၃ ထောင်..နဲ့ ၆ ထောင်ကြားပဲ ကျန်တယ်.။

ဆိုက်တွဲတွေပေါ်လာတော့..သူတို့ သိပ်မနင်းကြရတော့ဘူးလို့..ဆိုပါတယ်.။
။။။။။။။။
ဆိုက်တွဲသမားကို မေးတော့..
အုံနားကြေးက..၃ ထောင်..
ဆီဖိုးက ၁ထောင်ကနေ..၃ ထောင်ကြား ကုန်တယ်.။
ကိုယ့်အတွက်..၄ထောင်.နဲ့ ၈ထောင်ကြား ကျန်တယ်လို့ ဆိုပါတယ်.။

အဖမ်းအဆီးရှိရင်တော့..ရှာထားတာလေးတွေ ကုန်တယ်လို့ ဆိုပါတယ်.။
အဖမ်းအဆီးရှီရင်..အဲဒီနေရာ ရှောင်နေရလို့..နေ့တွက် မကိုက်တဲ့ နေ့လဲ ရှိတတ်တယ် ပြောပါတယ်.။
။။။။။။။။
မဖမ်းတဲ့ အခါလဲ မဖမ်းပါဘူး..။
ဖမ်းတဲ့ အခါလဲ ဖမ်းပါတယ်..လို့ ပြောပြပါတယ်.။
။။။။။။။။
စာနာစိတ် က..စာနာစိတ်ပါ..။
။။။။။။။။
စည်းကမ်းက..စည်းကမ်းပါ..။
။။။။။။။။
ဥပေဒက..ဥပေဒပါ..။
။။။။။။။
ကျွန်တော်တို့ ဆီမှာ ခံစားချက်နဲ့ စည်းကမ်းကို..လိုင်းမခြားနိုင်ပဲ ရောထွေးနေ
တာမျိုးကို နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်.။
။။။။။။။။
။။။။။။။။
တနေ့က ကျောင်းက အပြန် စီးလာတဲ့ ဆိုက်တွဲသမားလေးကို မေးမိတယ်..။
။။။။။။။
ဆိုကြပါစို့..မင်းက တနေ့မှ ၅ ထောင်လောက်ရတာ..၊
ဒီခေတ် ကုန်စျေးနှုန်းနဲ့..အိမ်ငှါးခနဲ့
မင်းတို့ မိသားစု..ဘယ်လို ရပ်တည်..စားသောက်နေကြသလဲ လို့ မေးမိပါတယ်.။
။။။။။။။
သူရှင်းပြတာက..
သူတို့ ကျူးရပ်ကွက်ဖက်က တဲအိမ်လေးတွေမှာ နေပါတယ်..။
တလကို ၆သောင်း၊ တသိန်း စသည်ဖြင့် ပေးရပါတယ်.။
တချို့ တဲ၊ အခန်း လေးတွေက နေ့ခြင်းရှင်းပါ.။
တရက် ၂ထောင်၊ ၃ထောင် စသည်ဖြင့် ပေးရပါတယ်..တဲ့..။
။။။။။။။
ဆန်
နို့ဆီဘူး ..၂ လုံးကို ဆန်ပြုတ်ပြုတ်လိုက်တယ် ဦးလေးရာ..
အဲဒီထဲကို နို့ဆီ၊ သကြား၊ ဆား နည်းနည်း ထည့်ထားတယ်.။
နို့ဆန်ပြုတ်ပေါ့..။

မိသားစု ၄ ယောက်..ဗိုက်ဆာတိုင်း..
အဲဒီဆန်ပြုတ်အိုးထဲက ခပ်စားကြားတယ်.။
။။။။။။။
နေ့တိုင်း နီးပါး..ပဲ ဆိုပါတော့..

ထမင်းတောင် တပတ်တခါလောက်ပဲ စားဖြစ်ပါတယ်..တဲ့..
။။။။။။။။
မြို့ပြမှာလဲ..ရွှေကျောင်းပြောင်ပြောင်..၊ ၀မ်းခေါင်ခေါင် လို့
ပြောရမဲ့ အနေအထားတွေ အများကြီးပါ..။

ကျောက်ကုန်းတို့..ဆရာစံလမ်းတို့က စားသောက်ဆိုင်ကြီးတွေမှာ လူတွေ ကားတွေ ကြိတ်ကြိတ်တိုးနေကြလို့..၊ အဲဒီလို လူတန်းစားတွေ အများသားလို့ မထင်ကြပါနဲ့..

ဒီလို နေနိုင်တဲ့ လူတန်းစားက လက်တဆုပ်စာပါ..။ ၁%၊ ၅% စသည်ဖြင့်ပဲ ရှိမှာပါ..။
။။။။။။။။
ဒီတခါ မိုးတွင်းက ရှည်လဲ ရှည်..၊ မိုးလဲ များလို့..
လမ်းလျှောက် အလှူလဲ မလုပ်ဖြစ်တာ ကြာပြီမို့..။

ဆိုက်တွဲခ သူက ၂ထောင်တောင်းတော့
၅ ထောင်ပေးလိုက်ပါတယ်.။

၃ ထောင်က..မင်းကလေးတွေ အတွက် မုန့်ဖိုး.. လို့ ပြောတော့..
သူမျက်နှာ ၀င်းပ သွားပါတယ်.။
ကျေးဇူးပါ..ဦးလေး..လို့လဲ ပြောသွားပါတယ်.။

သိန်း ၃၀ တန်၊ သိန်း ၃၀၀ တန် ထမင်းဝိုင်းတွေ စားနိုင်တဲ့သူတွေရှိတိုင်း..
အားလုံး သာယာဝပြောနေပြီ မထင်ပါနဲ့..။

ဆန်နို့ဆီဘူး ၄လုံး အတွက်..ငွေ ၃ထောင် ကို ခက်ခက်ခဲခဲရှာနေရတဲ့သူတွေလည်း အများကြီးပါ..။
။။။။။။။။။
ငါတို့မလဲ..
ကိုယ့်နိုင်ငံအကြောင်းတွေးမိတိုင်း

မမဆောင်း လို..ကို..ဖြစ်လို့..

ဆိုကရေးတီး..သာ ငါတို့ဘဝတွေ တွေ့ရင်
ဘယ်လို အဓိပ္ပါယ် ဖွင့်လေမလဲ သိချင်လိုက်တာ..။
။။။။။။။။။။
ဦး၀င်းအောင်(CTPE)
ရေကြောင်း ကျောင်းဆရာ

မြန်မာ့သမိုင်းနှင့် သုတစုံ

24 Oct, 18:08


စုကြည်နဲ့အဖွဲ့ အစိုးရလက်ထက်က
ဘာသာရေးကို ဒီလို ဖိနှိပ်ခဲ့ဖူးကြတယ် ဆိုတာကို
သိစေချင်လို့

1,342

subscribers

2,422

photos

100

videos