Teacher Education Academy-TEA @tea4teachers Channel on Telegram

Teacher Education Academy-TEA

@tea4teachers


Teacher Education Academy-TEA (English)

Are you a teacher looking to enhance your skills and knowledge in the field of education? Look no further than the Teacher Education Academy, also known as TEA! This Telegram channel is designed specifically for teachers who are dedicated to improving their teaching practices and advancing their careers in education. TEA provides a wide range of resources, including informative articles, expert advice, and professional development opportunities, all tailored to help educators excel in their roles. Whether you are a new teacher seeking guidance or a seasoned veteran looking to stay current with the latest trends in education, TEA has something for everyone. Who is it for? TEA is for teachers at all levels, from pre-school to higher education. Whether you teach in public or private schools, or even online, TEA is a valuable resource for educators of all backgrounds. The channel is also open to education administrators, curriculum developers, and anyone else interested in the field of education. What is it? TEA is a platform for professional growth and development for teachers. It offers a supportive community of like-minded educators who are passionate about improving teaching practices and student outcomes. With a focus on continuous learning and collaboration, TEA aims to empower teachers to be the best educators they can be. Join TEA today and take your teaching career to the next level. Stay informed, inspired, and connected with a community of dedicated educators who share your passion for teaching. Let TEA be your guide as you navigate the ever-changing landscape of education, and embark on a journey of lifelong learning and growth. Happy teaching!

Teacher Education Academy-TEA

04 Dec, 13:38


💥 Congratulations! TEA's Full Scholarship Winners!

ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဖွင့်လှစ်တဲ့ Educational Leadership and Management သင်တန်းကို TEA’s Full Scholarship နှင့်တက်ရောက်ခွင့်ရရှိသွားတဲ့ ဆရာ၊ဆရာမ သုံးဦးရဲ့အမည်စာရင်းကို ဝမ်းမြောက်စွာ ကြေညာလိုပါတယ်။

၁။ Tr. Yamin Aung
၂။ Tr. Khaing Thazin Kyaw နှင့်
၃။ Saya Pyae Phyo Nyi တို့ဟာ Educational Leadership and Management သင်တန်းကို TEA’s Full Scholarship နှင့်တက်ရောက်ရန် ရွေးချယ်ခံရသူများပဲ ဖြစ်ပါတယ်။

🎯 ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဖွင့်လှစ်တဲ့ Educational Leadership and Management သင်တန်းဟာ - မြန်မာနိုင်ငံအနှံ့မှ School Founder များနှင့် ကျောင်းအုပ် ၄၀ ကျော်နှင့် သင်ကြားရေး ဆရာ၊ ဆရာမဦးရေ ၂၀၀ဦးကျော်ကို စနစ်တကျပို့ချပေးခဲ့တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။ ဒီသင်တန်းကို ပညာရေးနယ်ပယ်အတွင်း ဦးဆောင်သူနေရာမှာ ရှိနေတဲ့ ခေါင်းဆောင်တွေတင်မကဘဲ နောင်တစ်ချိန်မှာ ပညာရေးနယ်ပယ်ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် ဦးဆောင်သူနေရာမှာ လုပ်ကိုင်လိုသူများအပြင်၊ စာသင်ခန်းတွေကို ဦးဆောင်သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေပါတက်ရောက်ဖို့ သင့်လျော်ပါတယ်။

🎯 ဒီသင်တန်းကနေ ခေါင်းဆောင်မှုအရည်အ‌သွေး၊ စီမံခန့်ခွဲမှု အတတ်ပညာ၊ ပညာရေးကဏ္ဍ ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုများအပေါ် ‌ဖြေရှင်းနိုင်စွမ်းနဲ့ နိုင်ငံတကာ ရဲ့ ပညာရေးအပေါ် ရှုမြင်မှုတွေကို လေ့လာသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

🌟 သင်တန်းကာလမှာ တစ်လတိတိ ကြာမြင့်မှာဖြစ်ပြီးတော့ အပတ်စဉ် (Monday, Tuesday, Wednesday, Thursday) နေ့များမှာ ည (၈)နာရီမှ (၁၀)နာရီ အထိ သင်ယူရမှာဖြစ်ပါတယ်။ သင်ကြားမည့်ဆရာ၊ ဆရာမများကတော့ -

🎯 Tr. Myat PhD (Education)(Thesis)

🎯 Tr. Pinky MEd (Educational Adminstration and supervision)

🎯 Saya Zane
BEd and MEd (Educational Planning and Management)

🎯 Tr. Elisa
B.Ed.,M.Ed.(Thesis,Teacher Education) တို့ဖြစ်ပါတယ်။

ဒီဇင်ဘာလ တတိယအပတ်မှာ ဖွင့်လှစ်မယ့်သင်တန်းကို အချိန်မီအပ်နှံနိုင်ဖို့ m.me/tea4teachers ကိုနှိပ်ကာ "CELM" ဟုပို့ဆောင်နိုင်ပါပြီ။

- Learning to Teach , Teaching to Learn !
(Teacher Education Academy - TEA)

#TEA #Teacher #Education #Academy #teachereducation #school #founders #teachers #educationalmanagement

Teacher Education Academy-TEA

03 Dec, 11:35


စာသင်ခန်းနှင့် စိတ်ဒဏ်ရာ ဘယ်လိုဆက်စပ်နေပါသလဲ။ ဆရာ၊ ဆရာမတွေဟာ နွေးထွေးလုံခြုံတဲ့ စာသင်ခန်းတွေမှ တဆင့် မိမိတို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေခံစားနေရတဲ့ စိတ်ဒဏ်ရာများကို ကုစားသက်သာစေဖို့ တာဝန်ရှိပါသလား။ ကလေးတစ်ဦးစီ​၏ စိတ်ဒဏ်ရာများကို ပျောက်ကင်းစေရန်၊ သက်သာစေရန်နှင့် လျှော့ချပေးရန် ဆရာ၊ ဆရာမတစ်ယောက်အနေဖြင့် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးလို့ရနိုင်ပါမလဲ။

မိမိတို့ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း (၃) နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် သက်မွေးအတတ်ပညာဆိုင်ရာလေ့လာသင်ယူမှုရပ်ဝန်းအစီအစဥ် (PLC) က ဆရာ၊ ဆရာမများအတွက် ကျင်းပပြုလုပ်ပေးမည့် အထူးအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ (၃) ခုအနက်မှ နောက်ဆုံးတစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။

ဆွေးနွေးပွဲ (၃) - Building a trauma-informed classroom

ရက်စွဲ - ၆ ဒီဇင်ဘာ၊ ၂၀၂၄ (သောကြာ)
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ
(7:30 AM Cambridge Time)

အသေးစိတ်ဖတ်ရှုရန်နှင့် မျှဝေရန် - https://www.facebook.com/share/p/19dbDrPsMb/?mibextid=WC7FNe

အခမဲ့စာရင်းပေးသွင်းရန် - https://bit.ly/teaplc-reg

Teacher Education Academy-TEA

02 Dec, 14:29


🎯 ENROLL NOW: "Key Considerations in Lesson Planning and Teaching: Constructive Alignment"

"ဆရာကတော့ အကောင်းဆုံးပြင်ဆင်ပြီး စာသင်ပေးလိုက်တာပဲ၊ စာရတယ်၊မရဘူးဆိုတာက မင်းတို့ရဲ့ ကြိုးစားမှုနဲ့ပဲဆိုင်တယ်"

🎯 ဒီလိုစကားမျိုးကို သင်ကြုံဖူးတဲ့ ဆရာတွေကပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင်ပဲဖြစ်ဖြစ် သုံးဖူးပါသလား။

ဒီလိုမျိုး ကြုံဖူးတယ်၊ ကြားဖူးတယ်၊ သုံးဖူးတယ်ဆိုရင် "Constructive Alignment" ဆိုတဲ့ အကြောင်းကို အနည်းငယ် ဖတ်ကြည့်ကြပါစို့။

ဆရာတစ်ဦးအနေနဲ့ ကျောင်းသား၊ကျောင်းသူတွေဆီက ကိုယ်လိုချင်တဲ့ Learning Outcome တွေထွက်လာအောင်လုပ်နိုင်ဖို့ ကိုယ့်ရဲ့ Teaching & Learning Activity တွေကို စနစ်တကျစီစဥ်ထားဖို့လိုပါတယ်။ ဒီလိုစီစဥ်သင်ကြားပြီးတဲ့နောက်မှာလည်း ကိုယ်လိုချင်တဲ့ Learning Outcome တကယ်ထွက်ရဲ့လားဆိုတာ ချိတ်ဆက်စစ်ဆေးပေးနိုင်မယ့် Assessment Task တွေကို ထပ်မံစီစဥ်ရပါတယ်။ အကယ်၍ စီစဥ်ထားတဲ့ Teaching & Learning Activity၊ ထွက်လာတဲ့ Learning Outcome နဲ့ စစ်ဆေးလိုက်တဲ့ Assessment Task တွေက လိုက်လျောညီထွေစွာ အချိတ်အဆက်ရှိမနေဘူးဆိုရင် သင် စာသင်လိုက်တာ အပြည့်အဝ အောင်မြင်သွားတယ် (သို့) မအောင်မြင်သွားဘူးဆိုတာကို သိရှိနိုင်မှာမဟုတ်ပါဘူး။ အဆိုပါသုံးချက်ကို ချိတ်ဆက်ကာ အလုပ်လုပ်အောင်စီစဥ်ထားနိုင်မှသာ Constructive Alignment ရှိတယ်လို့ ယူဆနိုင်ပါတယ်။

Constructive Alignment ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စနစ်တကျ နားလည်ထားမှသာ ကိုယ်သင်ပေးသမျှကို ကျောင်းသား၊ကျောင်းသူတွေ အမှန်တကယ်သင်ယူမှုဖြစ်မဖြစ်ကို ဆုံးဖြတ်နိုင်မှာပါ။

🌟 ဒီအတွက် ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် TT Corner တို့ပူးပေါင်းပြီး ဆရာတို့၊ဆရာမတို့အတွက် Lesson Planning and Teaching: Constructive Alignment သင်တန်းကို စီစဥ်ပေးထားပါတယ်။

🔶 သင်ကြားပို့ချသွားမည့် ဆရာ

✅ Dr Lara
✅ Teacher Educator and Founder of TT Corner
🎯 Master of Education (MEd) (The University of Adelaide, Australia)
🎯 Doctor of Philosophy in Education (Hiroshima University, Japan)

🔶 ဒီဇင်ဘာလတွင် ကျရောက်သော Dr Lara ရဲ့ မွေးနေ့အထိမ်းအမှတ် ပညာသင်ဆုအနေနှင့် ယခုသင်တန်းအတွက် အပြည့်ပညာသင်ဆု ဆယ်ဆုတိတိကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ အပြည့်ပညာသင်ဆုလျှောက်ထားလိုသူများအနေနှင့် ကွန်မန့်မှာ မန့်ကာ လျှောက်လွှာကို စတင်ထုတ်ယူနိုင်ပါတယ်။

✅ သင်တန်းစမည့်ရက်: Dec 8, 2024 (Sunday)
✅ သင်တန်းနေ့ရက်: Sunday & Wednesday (Weekly)
✅ အချိန် - 7:00pm -9:00pm
✅ သင်တန်းကာလ: 3 weeks
✅ သင်တန်းကြေး: 350,000 MMK
🌟 သင်တန်းအပ်နှံရန် ကုဒ်နံပါတ် - CA

❄ ယခုသင်တန်းကို အပ်နှံလိုပါက m.me/tea4teachers ကို နှိပ်၍ "CA" ဟု ရိုက်နှိပ်ကာ သင်တန်းအပ်နှံနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers #lessonplanning #constructivealignment

Teacher Education Academy-TEA

02 Dec, 02:22


🎯 လာမယ့်ရက်သတ္တပတ်မှာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် TT Corner တို့ ပူးပေါင်းပြီး "Lesson Planning and Teaching: Constructive Alignment" နှင့်သက်ဆိုင်တဲ့ လေးပတ်တာကြာမြင့်မယ့်  သင်တန်းတစ်ခုကို စီစဥ်ပေးသွားမှာဖြစ်ပါတယ်။

🌟 သတင်းကောင်းတစ်ခုလည်းရှိပါတယ်။ သင်တန်းကြေး 350,000 ကျပ်ပေးသွင်းရမယ့် အဆိုပါသင်တန်းအတွက် အပြည့်ပညာသင်ဆု (၁၀) ဆုတိတိကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ အပြည့်ပညာသင်ဆုလျှောက်ထားလိုသူများအနေနှင့် ကွန်မန့်မှာ မန့်ကာ လျှောက်လွှာကို ထုတ်ယူနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers #lessonplanning

Teacher Education Academy-TEA

01 Dec, 11:26


🎯 Enrollment Open Now!!!

🌟 TEA နှင့်အတူ 2025 ခုနှစ်မှာ သင့်ကိုယ်သင် TEACHING PRO တစ်ဦးအဖြစ် မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

🌟 TEA ရဲ့ Graduate Diploma in Teaching ကို အဆက်မပြတ်စုံစမ်းနေကြတဲ့ ဆရာ၊ဆရာမများအတွက် သတင်းကောင်းတစ်ခုကတော့ 2025 ခုနှစ်၊ ဇန်နဝါရီလမှာ Graduate Diploma in Teaching - Batch (2) ကို အွန်လိုင်းကတဆင့် ထပ်မံဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

🌟 ကုန်ကျစရိတ်များ၊ လျှောက်ထားနိုင်မည့် Loan Programများအကြောင်း အသေးစိတ်ဆွေးနွေးလိုပါက m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ စတင်ဆွေးနွေးနိုင်ပါပြီ။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

30 Nov, 11:51


🔥 မကြာခင်ရောက်လာတော့မယ့် 2025 နှစ်သစ်အတွက် လမ်းပြမြေပုံတစ်ခုကို ဆရာ၊ဆရာမတို့ကိုယ်တိုင်ပုံဖော်ကြည့်ဖို့ အဆင်သင့်ရှိ​နေပါသလား။

🎯 TEA က ဆရာ၊ဆရာမတို့ရဲ့ တစ်နှစ်တာ Professional Development လမ်းကြောင်းကို အတူကူညီပုံဖော်ပေးမယ့်၊ သုံးရက်တာကြာမြင့်တဲ့ လူတွေ့ "Teaching Boost Camp" ကို သင်တန်းကြေးသင့်တင့်စွာနဲ့ မန္တလေးမြို့မှာ ပြုလုပ်ပေးမယ်ဆိုရင် တက်ရောက်ရန်စိတ်ဝင်စားပါသလား။ စိတ်ဝင်စားတဲ့ဆရာ၊ဆရာမများအနေနဲ့ ကွန်မန့်မှာ မှတ်ချက်များရေးပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers #Mandalay

Teacher Education Academy-TEA

28 Nov, 12:40


🎯 "ဆရာပဲ ဖြစ်နေပြီ၊ စာတွေထပ်ဖတ်ဖို့၊ သင်တန်းတွေလိုက်တက်ဖို့က လိုသေးလို့လား?"

🎯 "ဘွဲ့တွေပဲ မနည်းလှဘူး ယူထားပြီးနေပြီ၊ ထပ်လေ့လာဖို့ လိုသေးလို့လား?"

တိုးတက်သော ပညာ‌ရေးအတွက် တိုးတက်သော ဆရာ၊ဆရာမတွေဟာ အရေးကြီးအခန်းကဏ္ဍတစ်ရပ်အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်။ "တိုးတက်သော" ဆိုတဲ့ ဝိသေသတစ်ခုဟာ မည်သို့သော ဆရာ၊ဆရာမများကို ကိုယ်စားပြုနေပါသလဲ။ ဒီအဖြေကို အောက်မှာ ဆက်ရှာကြည့်ကြပါစို့။

🌟 သင်ကြားသူကဏ္ဍမှာ ရှိနေသူတွေဟာ သင်ယူသူတွေအတွက် ယုံကြည်အားထားနိုင်စရာဖြစ်ရပါမယ်။
ဆရာ၊ဆရာမတွေအနေနဲ့ မိမိရဲ့ သင်ခန်းစာပိုင်နိုင်မှု၊ သင်ပြနည်းကျွမ်းကျင်မှုစတဲ့ အရာတွေကို မကြာခဏ မေးခွန်းထုတ်စမ်းစစ်နေဖို့ လိုအပ်ပါတယ်။ ခေတ်မီတဲ့ ပညာရေးဖော်ဆောင်နိုင်ဖို့ ခေတ်နဲ့ အညီ ပြောင်းလဲလာတဲ့ နည်းပညာအသစ်၊ သင်ထောက်ကူအသစ်၊ ပညာရပ်အသစ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းဖြင့် စဉ်ဆက်မပြတ် တိုးတက်သောပညာရေးတစ်ခုကို ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

နည်းပညာတင်သာမကဘဲ ကျောင်းသားတွေရဲ့ မတူကွဲပြားတဲ့ စွမ်းရည်တွေ၊ သင်ယူမှုပုံစံတွေနဲ့ ဖွဲ့စည်းထားတဲ့ စာသင်ခန်းတစ်ခုမှာ ဆရာ၊ဆရာမတွေကို ကူညီပေးမှာကတော့ Professional Development ပဲဖြစ်ပါတယ်။

🌟 စဉ်ဆက်မပြတ်လေ့လာခြင်းဟာ ဆရာ၊ဆရာမတွေရဲ့ Professional Development အတွက် မရှိမဖြစ် အခရာဖြစ်ပါတယ်။ ကဏ္ဍအလိုက် သက်ဆိုင်တဲ့ သင်တန်းအသစ်တွေတက်တာ၊ စာအုပ်တွေဖတ်တာ၊ ဆွေးနွေးဖလှယ်တာ စတာတွေကနေတဆင့် မိမိတကိုယ်ရည်အသိပညာ တိုးတက်ရုံသာမက၊ အသစ်သစ်တွေကို ထပ်ထပ်ပြီးလေ့လာနိုင်ဖို့ စိတ်ခွန်အားတိုးတက်နိုင်ပြီးတော့ အတန်းတွင်း မိမိကိုယ်ကိုယုံကြည်မှုပါ ခိုင်မာလာမှာပဲဖြစ်ပါတယ်။

🌟 နောက်တစ်ချက်ကတော့ Professional Development Training တွေကနေတဆင့် ပညာရေးဖော်ဆောင်သူများကြား ကောင်းမွန်တဲ့ ပူးပေါင်းမှုတွေကိုပါ ရရှိနိုင်ပြီး အချင်းချင်းအထောက်အပံ့ကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရလည်း ကောင်းမွန်စွာ လေ့လာသင်ယူထားပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူသူ ဆရာ၊ဆရာမတွေဟာ ကျောင်းသားများရဲ့ အရည်အသွေးအပေါ် တိုက်ရိုက်သက်ရောက်နေတာကိုတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

🌟 ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ သင်ပြနည်း၊ အတန်းစီမံခန့်ခွဲမှု၊ ကျောင်းသားများ၏ မတူကွဲပြားမှုကို ကိုင်တွယ်နိုင်မှု စတာတွေဟာ တစ်သက်တာလေ့လာစရာတွေ ဖြစ်တာကြောင့် ဆရာ၊ဆရာမတွေအနေနဲ့ ထိရောက်တဲ့ စာသင်ကြားမှုကို ဦးဆောင်နိုင်ဖို့ကို မိမိကိုယ်ကို ဓားတစ်လက်ကဲ့သို့ မပြတ်သွေးနေဖို့ လိုတာပဲ ဖြစ်ပါတယ်။
_

🔶
မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 2025 ခုနှစ်၊ ဇန်နဝါရီလမှာ ထပ်မံဖွင့်လှစ်ပေးသွားမယ့် ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဥ် (၂) နှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

27 Nov, 13:41


[English Version Below]

🎯 ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့သော သိန်း (၃၀)ဖိုးတိတိ ပညာသင်ဆုများကို ရရှိသူများအား ဝမ်းမြောက်စွာ ဂုဏ်ပြုကြေညာအပ်ပါတယ်။

✅ ပညာသင်ဆုရရှိသော ဆရာ၊ဆရာမများအနေနှင့် နိုဝင်ဘာလ (၃၀)ရက်နေ့ - မနက် (၉)နာရီနောက်ဆုံးထား၍ ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ၏ Page Messenger တွင် လာရောက်ကာ ပညာသင်ဆုကိုလက်ခံလိုကြောင်း အကြောင်းကြားဖို့လိုအပ်ပါတယ်။ ပညာသင်ဆုလက်ခံရရှိသူများကို ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ၏ သက်ဆိုင်ရာ Academic Team မှ ထပ်မံလုပ်ဆောင်ရန်လိုအပ်သည်များကို ထပ်မံလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

🎯 ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပညာသင်ဆုများကို ရွေးချယ်ဆုံးဖြတ်ရာမှာ လျှောက်လွှာတင်သွင်းသော ဆရာ၊ဆရာမများ၏ ကိုယ်ရေးအချက်အလက်၊ English Level နှင့် ရေးသားထားသော ပညာသင်ဆုလျှောက်လွှာအက်ဆေးကို ချိန်ညှိကာ ထည့်သွင်းစဥ်းစားခြင်းပြုခဲ့ပါတယ်။ သင်တန်းတွင် ပို့ချသွားရန်စီစဥ်ထားသည့် သင်ခန်းစာများနှင့် ကိုက်ညီမှုရှိပြီး သင်တန်းသားဆရာ၊ဆရာမများ အချိန်ကုန်လူပန်းမဖြစ်စေရဖို့အတွက် အင်မတန်မြင့်သော English Level ရှိနှင့်ပြီးသော ဆရာ၊ဆရာမအချို့ကို မဖြစ်မနေချန်လှပ်ထားခဲ့ရခြင်းမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ သို့အတွက် အဆိုပါဆရာ၊ဆရာမများနှင့် ကိုက်ညီမှုရှိသော အစီအစဉ်များကို ထပ်မံ၍ စီစဥ်ပေးသွားနိုင်ရန်လည်း ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) က စဥ်းစားပေးသွားမှာဖြစ်ပါတယ်။

🎯 ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ရဲ့ သုံးနှစ်တာ ခရီးလမ်းတစ်လျှောက်မှာ အတူလိုက်ပါလျှောက်လှမ်းခဲ့ကြတဲ့ ဆရာ၊ဆရာမများ၊ မိဘများနဲ့ ကျောင်းသား၊ကျောင်းသူများအားလုံးကို ကျွန်ုပ်တို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

🎯 ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ရဲ့ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းများမှာလည်း ဆရာ၊ဆရာမများအတွက် အကျိုးရှိစေမယ့် အစီအစဥ်ပေါင်းများစွာကို ဆက်လက်ဖန်တီးပေးသွားမှာဖြစ်တဲ့အကြောင်း ထပ်လောင်းကာ ကတိပြုအပ်ပါတယ်။
_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 2025 ခုနှစ်၊ ဇန်နဝါရီလမှာ ထက်မံဖွင့်လှစ်ပေးသွားမယ့် ဆရာ့အတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဥ် (၂) နှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

_________
[English Version]

Celebration on Third Anniversary of Teacher Education Academy -TEA
Announcement: 30 Scholarship Recipients for the English for Teachers Program

🎯 To commemorate the third anniversary of the Teacher Education Academy (TEA), we are thrilled to announce the recipients of 30 fully funded scholarships for the English for Teachers Program, totaling 3 million kyats. Congratulations to all the deserving winners!

✅ Important Notice for Scholarship Winners:
All selected teachers must confirm their acceptance of the scholarship by sending a message via TEA’s Page Messenger no later than 9AM on November 30.

The TEA Academic Team will provide further guidance on the next steps after confirmation. Thanks to all who applied and participated; we are excited about supporting your professional growth and look forward to seeing your continued success!

Selection of the Scholarships: Selection included a thorough checking process of applicants' personal data, English proficiency level, and application essays. While choosing the candidates, much emphasis was put on compatibility with the future course content. For that purpose, some really skilful teachers with upper and advanced English proficiency levels could not be included to ensure smooth participation. TEA also endeavors to develop tailored programs that will meet their needs in the future.

We would like to express our deepest gratitude to the teachers, parents, and students who have walked the journey of these three years with us. Your support has meant a great deal.

TEA: We will continue to develop informative programs that benefit teachers as well as enhance their capacity for professional development.

Teacher Education Academy-TEA

27 Nov, 13:41


Besides that, TEA provides online graduate diploma programs for teachers throughout Myanmar. Registration for the Batch 2 online Graduate Diploma will be open in January 2025. For more information, please inbox us at m.me/tea4teachers with the word "Graduate Diploma".

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

26 Nov, 12:59


🎯 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ၏ သုံးနှစ်ပြည့်မြောက်တဲ့ November လမှာ November 30 ရက်နေ့အထိသာရရှိနိုင်မယ့် အထူးအခွင့်အရေးတစ်ခု!!!

🌟 Hello! Hello! TEA မှာ Graduate Diploma in Teaching တက်ရောက်ချင်သူများအတွက် သတင်းထူးတစ်ခုရှိပါတယ်။

🎯 2024 ခုနှစ်၊ November လဟာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း သုံးနှစ်ပြည့်မြောက်တဲ့ လဖြစ်ပါတယ်။

🎯 နှစ်ခါပြန်မရနိုင်မယ့် အခွင့်အရေးတစ်ခုအနေနဲ့ 2024 ခုနှစ်၊ November လ (30) ရက်နေ့မတိုင်မီ TEA မှာ Graduate Diploma in Teaching Batch 2 အပ်နှံသူတိုင်းကို သုံးသိန်းကျပ်တိတိ ပြန်လည်ပေးအပ်သွားဖို့ TEA က ဆုံးဖြတ်ထားပါတယ်။

🌟 ဒီလိုအခွင့်အရေးမျိုးကို လက်မလွတ်ရစေဖို့ m.me/tea4teachers ကိုနှိပ်ကာ "Graduate Diploma - November" ဟု ပို့ဆောင်၍ ကျောင်းအပ်နှံနိုင်ပါပြီ။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

26 Nov, 11:44


တွေးတတ်၊ ခေါ်တတ်ဖို့ဆိုတာ အရေးကြီးရဲ့လား။ အတွေးတစ်ခု၊ အကြံတစ်ခုကြောင့် အောင်မြင်ထွန်းပေါက်နေကြတဲ့ ခေတ်ထဲမှာ ဆရာ၊ ဆရာမတို့အနေဖြင့် မိမိတို့​၏ ကျောင်းသား၊ ကျောင်းသူတွေကို တွေးခေါ်တတ်ဖို့ ပြင်ဆင်လေ့ကျင့်ပေးပြီးပြီလား။ စာသင်ခန်းတွေကနေတဆင့် တွေးခေါ်ဖန်တီးမှုစွမ်းရည်တွေကို ဘယ်လိုမြှင့်တင်ပေးကြမလဲ။

အထက်ပါအကြောင်းအရာများကို ဆွေးနွေးအဖြေရှာလိုသည့် ဆရာ၊ ဆရာမများအတွက် မိမိတို့ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း (၃) နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် သက်မွေးအတတ်ပညာဆိုင်ရာလေ့လာသင်ယူမှုရပ်ဝန်းအစီအစဥ် (PLC) က ဆရာ၊ ဆရာမများအတွက် ကျင်းပပြုလုပ်ပေးမည့် အထူးအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ (၃) ခုကို အနက်မှ ဒုတိယတစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။

ဆွေးနွေးပွဲ (၂) - Nurturing Creative Thinking

ရက်စွဲ - ၂၉ နိုဝင်ဘာ၊ ၂၀၂၄ (သောကြာ)
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ
(7:30 AM Cambridge Time)

အသေးစိတ်ဖတ်ရှုရန်နှင့် မျှဝေရန် - https://www.facebook.com/share/p/17q9NkitmV/?mibextid=WC7FNe

စာရင်းပေးသွင်းရန် - https://bit.ly/teaplc-reg

Teacher Education Academy-TEA

25 Nov, 12:04


"၁၇ ရာစုထဲက ပန်းသီးတစ်လုံးနှင့် ကြီးမြတ်သော လူသေးကလေး - အပိုင်း (၂)"

ကျောင်းပညာရပ်များအပေါ်မှာ အထူးစိတ်ဝင်စားတဲ့ နယူတန်ဟာ အချစ်ရေးအပေါ်မှာ သိပ်ပြီး အာရုံမထားနိုင်တော့တဲ့အတွက် သူ့ရဲ့ချစ်သူဖြစ်တဲ့ Miss Storey ဟာ တခြားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါတယ်။

🌟 နယူတန်။ ကမ္ဘာကြီးရဲ့ပါရမီရှင်တစ်ယောက်။ ပန်းသီးကြွေကျရာက ကမ္ဘာမြေကြီးရဲ့ ဒြပ်ဆွဲအားကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ နယူတန်ဟာ ပညာရှင်တစ်ယောက်ဖြစ်လာဖို့ရာ အလွယ်တကူ သီးပွင့်လာခဲ့ခြင်းတော့ မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ငယ်ဘဝဟာ မလှပခဲ့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားခဲ့ရတဲ့အပြင် ကျောင်းပညာရေးနဲ့ ဝေးကွာဖို့အထိပါ ကြုံခဲ့ရတဲ့ နယူတန်ရဲ့ ဉာဏ်ပညာကြီးမြတ်မှုက ဒီနေ့ခေတ် သိပ္ပံနယ်အတွက် အရေးပါတဲ့ အခြေခံအကျဆုံး အရာတွေကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ နယူတန်ရဲ့ဘဝဟာ အကြမ်းဖျင်းပြောရရင် ခက်ခဲခဲ့တယ်ဆိုရမှာဖြစ်သလို တကယ်လို့ နယူတန်ဟာ ကမ္ဘာကြီးနဲ့ ပတ်သက်လို့ စူးစမ်းရှာဖွေလိုစိတ်သာ ထက်သန်မပြင်းပြခဲ့ရင် ကမ္ဘာကြီးအနေနဲ့ ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံး သွားခဲ့ရနိုင်ပါတယ်။ ဒါ့အပြင် စက်မှုလူ့အဖွဲ့အစည်းဆီကို ရောက်ဖို့ရာလည်း များစွာနောက်ကျခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

ဒီနေ့ခေတ်မှာတော့ သိပ္ပံပညာဟာ တဟုန်းထိုး တိုးတက်နေပါပြီ။ အံ့ဖွယ်ရာကောင်းလွန်းတဲ့ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေလည်း တစ်နေ့ပြီးတစ်နေ့ တိုးပွားလာနေပါတယ်။ ၁၇ ရာစုက လူသားတစ်ယောက်ဖြစ်တဲ့ ဆာ အိုက်ဆက် နယူတန်ရဲ့ သီအိုရီတွေ၊ လေ့လာတွေ့ရှိချက်တွေ၊ နိယာမတွေသာ မရှိခဲ့ရင် သိပ္ပံပညာဟာ ဒီထက် နောက်ကျမှ တိုးတက်လာနိုင်တယ်လို့လည်း တချို့ ပညာရှင်များက ယူဆကြပါတယ်။ ဒီနေ့ လူနေမှုဘဝရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အရာများစွာဟာ သိပ္ပံသဘောတရား၊ သင်္ချာသဘော တရားတွေနဲ့ အမြဲတစေ ဆက်စပ်မှုရှိတယ်လို့တောင် ဆိုနိုင်ပါတယ်။ ရှေးယခင်က သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု၊ ကြိုးပမ်းအားထုတ်ခဲ့မှုတွေရဲ့ကျေးဇူးကြောင့် ဒီနေ့မှာဆိုရင် သိပ္ပံပညာဟာ လူတွေနဲ့ အလှမ်း မဝေးတော့တဲ့နေရာမှာ ရောက်ရှိလို့နေပါတယ်။

တကယ်တော့ ဖတဆိုးလေးဖြစ်ခဲ့ရပြီး ကျောင်းပညာပြီးဆုံးအောင် သင်ယူဖို့ရာ ခက်ခဲခဲ့ရတယ်လို့ ဆိုနိုင်မယ့် ဆာအိုက်ဆက် နယူတန်တစ်ယောက် သူ့ဘဝအခက်အခဲတွေအပေါ် စိတ်အနာကြီးနာကာ ပညာသင်ကြားရေးကို လက်လျော့ခဲ့တာမျိုး မဖြစ်ခဲ့တဲ့အတွက် ဒီကမ္ဘာကြီးဟာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ရပါတယ်။ ကမ္ဘာကြီးပေါ်က ပါရမီရှင်တွေရဲ့ ဘဝတွေကို လေ့လာကြည့်တဲ့အခါမှာ အခက်အခဲတွေကြားက သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု၊ စူးစမ်းလေ့လာလိုမှုနဲ့ ထက်သန်ပြင်းပြတဲ့စိတ်တို့ရဲ့ ပြယုဂ်အနေနဲ့ တွေ့နိုင်ပါတယ်။

ကမ္ဘာကြီးအတွက် အရေးပါတဲ့အရာများစွာကို ရှာဖွေဖော်ထုတ်သွားခဲ့တဲ့ ဆာအိုက်ဆက် နယူတန်ကို ၁၇၀၅ ခုနှစ်မှာတော့ Queen Ann က ပထမဦးဆုံး သိပ္ပံပညာရှင်အဖြစ် သူကောင်းပြုခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ စာအုပ်တစ်အုပ်မှာ “ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်လ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်။” လို့ ရေးသားခဲ့တဲ့ ဆာအိုက်ဆက် နယူတန်ဟာ ၁၇၂၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ( အသက် ၈၄နှစ်) မှာဘဲ လန်ဒန်မြို့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ယနေ့ခေတ် သိပ္ပံပညာနဲ့ သင်္ချာဘာသာရပ်တို့အပေါ်မှာ အလွန်တရာ ကျေးဇူးများလှတဲ့ အခြေခံသဘောတရားများကို ဖော်ထုတ်ပေးခဲ့တဲ့ ဆာအိုက်ဆက် နယူတန်ရဲ့ ကျေးဇူးဟာ သိပ်ကို ကြီးမားလွန်းတယ်လို့ ဆိုနိုင်ပါတယ်။

သိပ္ပံပညာကို စိတ်ဝင်စားသူတွေအဖို့ ပန်းသီးတစ်လုံးကို စားတဲ့အခါပဲ ဖြစ်ဖြစ်၊ “လုပ်ဆောင်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်” ဆိုတဲ့စကားကို ကြားရတဲ့အခါမှာဘဲ ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ ဉာဏ်အလင်း တန်းဖြစ်ခဲ့တဲ့ နယူတန်ကို ခေတ်အဆက်ဆက် အောက်မေ့မိနေကြဦးမှာဘဲ ဖြစ်ပါတယ်။ တဆက်တည်းမှာ ဘဝရဲ့ ခက်ခဲမှုတွေ၊ မိဘရဲ့ချစ်ခြင်းမေတ္တာ ကောင်းစွာမရရှိခဲ့မှု၊ ကျန်းမာရေးချူချာမှုတွေအကြားက ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ ဆာ အိုက်ဆက် နယူတန်ကို အတုယူကာ ကမ္ဘာကြီးကို အကျိုးတရားများ ပေးနိုင်တဲ့ ပါရမီရှင်တွေ ထပ်မံပေါ်ပေါက်လာခဲ့မယ်ဆိုရင် …..။

ဘာ့ကြောင့်ဖြစ်ဖြစ် ၁၇ ရာစုတုန်းက ကြွေကျခဲ့တဲ့ပန်းသီးတစ်လုံးနှင့်အတူ၊ ကြီးမြတ်တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး အရပ် ၅ ပေ ၆ လက်မလောက်သာ ရှိတဲ့ ဆာ အိုက်ဆက် နယူတန်ဆိုတဲ့ လူသေးလေးဟာ ကမ္ဘာကြီးအတွက်တော့ ဘုရားပေးတဲ့လက်ဆောင်တစ်ခုသဖွယ် တန်ဖိုးကြီးမားလှပါတယ်။ ။

(အပိုင်း - ၁ ကို ဖတ်ရှုနိုင်ရန် - https://www.facebook.com/share/p/18KQsgWBJ3/?mibextid=oFDknk)

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 2025 ခုနှစ်၊ ဇန်နဝါရီလမှာ ထက်မံဖွင့်လှစ်ပေးသွားမယ့် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဥ် (၂) နှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန် m.me/tea4teachers ကိုနှိပ်၍

Teacher Education Academy-TEA

25 Nov, 12:04


"Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

25 Nov, 01:22


🌟 ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သော (၁၀၄)ကြိမ်မြောက် "အမျိုးသားနေ့" ကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဦးညွတ်ကာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ယနေ့တွင် မြန်မာ့သမိုင်းကြောင်းတစ်လျှောက်၌ အမျိုးသားရေးစိတ်ဓာတ်ကို စတင်လှုံ့ဆော်ခဲ့ကြသော၊ ဖိနှိပ်မှုများအကြား ခေါင်းငုံ့မခံဘဲ မိမိတို့ယုံကြည်ရာအတွက် ကြံ့ကြံ့ခံသည့်ရပ်တည်မှုကို စတင်ပြသခဲ့ကြသော ကျောင်းသားပြည်သူများကို ဦးညွတ်အမှတ်ရအောက်မေ့လျက်ရှိပါတယ်။

#အမျိုးသားနေ့ #nationalday2024 #TeacherEducationAcademy #TEA

Teacher Education Academy-TEA

16 Nov, 11:54


🎯 ကျောင်းတစ်ကျောင်းအောင်မြင်ဖို့ ဘာတွေအရေးကြီးလဲ (၁)

📌 စာသင်ကျောင်းတစ်ကျောင်းရဲ့ အရေးပါဆုံးသူက ဘယ်သူဖြစ်မလဲ။

🎯 ကျောင်းတည်ထောင်သူလား ?
🎯 ကျောင်းအုပ်လား ?
🎯 သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေလား ?
🎯 ကျောင်းမှာလာတက်နေတဲ့ ကျောင်းသားတွေလား ?

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ယူဆချက်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ အဖြေအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) အနေနဲ့ "ကျောင်းတစ်ကျောင်းအောင်မြင်ဖို့ ဘာတွေအရေးကြီးလဲ" ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ အပိုင်း (၁) ကို ဆွေးနွေးတင်ပြလိုပါတယ်။

ကျောင်းတစ်ကျောင်းမှာ ဆရာ၊ဆရာမတွေဟာ ကျောင်းရဲ့ "သင်ကြားရေးလုပ်ငန်းစဥ်"မှာ အဓိက အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ Professional Teacher တွေ Productive ဖြစ်ဖြစ်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် သူတို့တွေရဲ့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါကျန်းမာနေမှသာ ဖြစ်ပါလိမ့်မယ်။

ရရှိတဲ့ လခနဲ့ အားစိုက်ထုတ်ပေးရမှု မကိုက်ညီရင် ပျော်စရာကောင်းတဲ့အလုပ်ပတ်ဝန်းကျင်တစ်ခု မဖြစ်နိုင်ပါဘူး။ ဒါဆို လခ ကောင်းကောင်းပေးထားလိုက်ရင်ရော School Leader တစ်ဦးရဲ့ တာဝန်ကိုကျေသွားပြီလားလို့မေးလာရင်တော့ မဟုတ်သေးပါဘူး။ ဆရာ၊ဆရာမများကို ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေအပြင် အခြားသော ပံ့ပိုးမှုတွေပါပေးအပ်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ ကျောင်းတစ်ကျောင်းဟာ သိသာထင်ရှားစွာ တိုးတက်မှုရှိလာမှာဖြစ်ပါတယ်။

🎯 School Leader တွေအနေနဲ့ မိမိရဲ့ ကျောင်းက ဆရာ၊ဆရာမတွေအတွက် အပေါ်ယံမဟုတ်ဘဲ လက်တွေ့ကျတဲ့ ကူညီပံ့ပိုးမှုတွေပေးဖို့ လိုအပ်ပါတယ်။ ဆိုတော့ School Leaders တွေဟာ မိမိရဲ့ ကျောင်းတိုးတက်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာ၊ဆရာမတွေကနေပဲ စတင်ရမှာဖြစ်ပါတယ်။

School Leader တွေဟာ မိမိကျောင်းက ဆရာ၊ဆရာမတွေ တစ်ယောက်ချင်းစီနဲ့ သေသေချာချာစကားပြောတာ သို့မဟုတ် အမည်ဖော်ပြစရာမလိုတဲ့ Survey ကောက်တာမျိုးတွေနဲ့ စတင်ပြီးတော့ မြေပြင်မှာ ဆရာ၊ဆရာမတွေ တကယ်လိုအပ်နေတဲ့အရာကို သေချာသိအောင်လုပ်ဖို့လိုပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့လည်း လက်တွေ့လုပ်ငန်းခွင်မြေပြင်နဲ့ မဝေးကွာအောင် ကြည့်ရှုလေ့လာသင့်ပြီးတော့ ကိစ္စတစ်ခု (သို့) ပြဿနာတစ်ခုဖြစ်ခဲ့သော် သေချာလေး Follow up လုပ်နိုင်ပြီးတော့ အခြေနေကိုစစ်ဆေးနိုင်ဖို့လိုအပ်ပါတယ်။

School Leader တွေ ထည့်စဥ်းစားရမယ့် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဆရာ၊ဆရာမတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အခြေခံလိုအပ်ချက်မပြည့်ဝနေတဲ့ လူသားတစ်ယောက်ဟာ Proactive and Productive ဖြစ်ဖို့မလွယ်ပါဘူး။ ကျောင်းအနေနဲ့ အလုပ်ချိန်၊ အလုပ်ဝန်၊ လုပ်ခလစာ စတဲ့အရာတွေကို သေချာအဆင်ပြေအောင်လုပ်ပေးဖို့သည် အခြေခံအကျဆုံးပဲဖြစ်ပါတယ်။

School Leader တွေဟာ ဆရာ၊ဆရာမတွေအတွက် အတန်းချိန်ဇယားတွေ ရေးဆွဲတဲ့အခါ အတန်းချိန်တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ အနည်းဆုံး မိနစ်အချို့ ဟထားသင့်ပါတယ်။ တစ်ပတ်တာကို အလုပ်ချိန်ပြည့် အချိန်ဇယားထည့်ထားတာမျိုးမဟုတ်ဘဲ Professional Development အတွက် သီးသန့်အချိန် ထားပေးထားတာမျိုး လုပ်ပေးသင့်ပါတယ်။

School Leader တွေအနေနဲ့ မိမိကျောင်းက ဆရာ၊ဆရာမတွေ ဝန်မပိစေရန် ကျောင်းဘက်က တာဝန်တစ်ခုကတော့ အစားထိုးအတန်းများအတွက် သေချာပြင်ဆင်ရေးဆွဲထားသင့်ပါတယ်။ အဲ့ဒီလို မရှိထားဘူးဆိုရင် ဆရာ၊ဆရာမတွေအနေနဲ့ ပိုအခက်တွေ့နိုင်ပြီးတော့ "ခွင့်ရက်ရပိုင်ခွင့်"ကိုပါ ထိခိုက်လာနိုင်ပါတယ်။

School Leader တစ်ဦးအနေနဲ့ ကျောင်းတစ်ကျောင်း ပိုမိုတိုးတက်လာဖို့ အပြောင်းအလဲတွေ လုပ်ကြတဲ့ အခါမှာ ဘာတွေထပ်ထည့်သင့်လဲ၊ ဘာတွေထပ်လုပ်သင့်လဲဆိုတာအပြင် ဘာတွေကိုရော ဖြုတ်ဖို့၊ ဖယ်ရှားဖို့ လိုအပ်သလဲဆိုတာပါ ထည့်စဉ်းစားသင့်ပါတယ်။

School Leaders တွေအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးအချက်ကတော့ "Professional" တွေကို "Professional" လိုမြင်တတ်ဖို့၊ ဆက်ဆံတတ်ဖို့ပဲဖြစ်ပါတယ်။

ဆိုတော့ မိမိက ကျောင်းတစ်ကျောင်း သို့မဟုတ် သင်တန်းတစ်ခုရဲ့ ဦးဆောင်သူ၊ စီမံသူ ဖြစ်နေတယ်ဆိုရင် အပေါ်မှာ ပြောထားတဲ့ အချက်အလက်တွေကို ဖတ်ရှုပြီး မိမိရဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို သေချာသဘောပေါက်လာမှာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြသွားပါမည်။)

Reference: Leaders Must Address Teacher Well-Being With Action, Not Just Self-Care Talk ( By Paige Tutt )
_________

⭐ Teacher Trainer လေးဦးကိုယ်တိုင် စနစ်တကျပို့ချပေးမယ့် TEA ရဲ့ Educational Leadership and Management သင်တန်းအပတ်စဥ် (၁၀) ကို မကြာခင်ကာလမှာ TEA က ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။ ကြိုတင်ကာစာရင်းသွင်းအပ်နှံပါက Early Birds Discount ကို ရယူနိုင်မှာဖြစ်တာကြောင့် m.me/tea4teachers ကိုနှိပ်ကာ အတန်းစတင်အပ်နှံနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

15 Nov, 05:02


🌟 တန်ဆောင်မုန်းလပြည့်​နေ့ (သာမညဖလအခါတော်နေ့ ) အချိန်အခါသမယတွင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ၏ ဆရာ၊ဆရာမများအားလုံး ကိုယ်စိတ်နှလုံးရွှင်ကြည်စွာ ဖြတ်သန်းနိုင်ဖို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

မေတ္တာဖြင့်
ဆရာအတတ်ပညာအကယ်ဒမီ (TEA)

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

14 Nov, 12:50


ပျော်ရွှင်ဖွယ်ရာ ကြာသပတေးနေ့ဖြစ်ပါစေ။ မိမိတို့ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) တည်ထောင်ခြင်း (၃) နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဆရာ၊ ဆရာမများအတွက် သက်မွေးအတတ်ပညာဆိုင်ရာလေ့လာသင်ယူမှုရပ်ဝန်းအစီအစဥ် (PLC) က အောက်ဖော်ပြပါ အထူးအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ (၃) ခုကို အခမဲ့စီစဉ်ပြုလုပ်ပေးမယ့်အကြောင်း ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။

ဆွေးနွေးပွဲ (၁) - Teaching Diverse Learners with UDL 
ရက်စွဲ - ၂၂ နိုဝင်ဘာ၊ ၂၀၂၄ (သောကြာ)
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ
(7:30 AM Cambridge Time) 

ဆွေးနွေးပွဲ (၂) - Nurturing Creative Thinking 
ရက်စွဲ - ၂၉ နိုဝင်ဘာ၊ ၂၀၂၄ (သောကြာ)
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ
(7:30 AM Cambridge Time) 

ဆွေးနွေးပွဲ (၃) - Building a trauma-informed classroom
ရက်စွဲ - ၆ ဒီဇင်ဘာ၊ ၂၀၂၄ (သောကြာ)
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ
(7:30 AM Cambridge Time) 

အသေးစိတ်ဖတ်ရှုရန် - https://www.facebook.com/share/1EgS5rK5sf/?mibextid=WC7FNe

စာရင်းသွင်းရန် - https://bit.ly/teaplc-reg

Teacher Education Academy-TEA

13 Nov, 12:37


🔶 ယနေ့မှာတော့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က YLE အတန်းတွေမှာ အသုံးပြုနိုင်တဲ့ Activity တစ်ခုကို ထပ်မံကာ မျှဝေပေးလိုပါတယ်။

🍁 Fairy Tale People

1) ကလေးတွေကို ထူးဆန်းတဲ့ ပုံပြင်ထဲက လူတွေရဲ့ အရွယ်အစားကို ပြောပြမှာ ဖြစ်ကြောင်း ကလေးတွေက နားထောင်ပြီး ဒီလူတွေရဲ့ နာမည်ကို အရွယ်အစား အစဉ်လိုက် ရေးထားကြဖို့ ပြောပြပါ။

2) ရေပြင်ညီမျဉ်း တစ်ကြောင်းဆွဲပြီး ဆရာမ ဖတ်ပြလိုက်တာနှင့် အဲဒီလူတွေကို အဲဒီမျဉ်းကြောင်းပေါ်မှာ ရေးထားလို့လဲ ရပါတယ်။

3) သူတို့အဲလို ရေးတဲ့အခါမှာ ခဲတံလိုမျိုးနှင့် ရေးတာက ပိုကောင်းပါတယ်။ နောက်ပိုင်းမှာ ပြန်ပြောင်းချင်လာတာလည်း ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။

4) အောက်က Script ကို ဖြည်းဖြည်းနှင့် သေချာလေး ဖတ်ပေးပါ။ နောက်ပြီး ကလေးတွေကို စဉ်းစားဖို့ အချိန်ပေးပါ။

5) တစ်ခေါက်ဖတ်ပြီးတာနှင့် ကလေးတွေသူတို့ရေးထားတာကို ပြန်စစ်ဆေးနိုင်ဖို့ နောက်တစ်ခါ ပြန်ဖတ်ပေးပါ။

The fairy is the smallest.
The monster is the biggest.
The giant is smaller than the monster and bigger than the pirate.
The frog is bigger than the fairy and smaller than the robot.
The robot is bigger than the frog and smaller than the witch.
The witch is smaller than the pirate.

အဖြေမှန်ကတော့ - Fairy, Frog, Robot, Witch, Pirate, Giant, Monster ဖြစ်ပါတယ်။

6) အဲဒီနောက်မှာတော့ ကလေးတွေက နှစ်ယောက်တစ်တွဲ သူတို့ရေးထားတဲ့ နာမည်တွေရဲ့ အစဉ် နှင့် စာလုံးပေါင်းတွေကို စစ်ဆေးကြပါမယ်။

ဒီ Activity ကို သုံးပေးခြင်းအားဖြင့်
🌟 Language Focus အနေနဲ့ Comparatives and Superlatives
🌟 Skill Focus အနေနဲ့ Listening for details
🌟 Thinking Focus အနေနဲ့ အရွယ်အစားအလိုက် စီဖို့ စဉ်းစားရတာဖြစ်လို့ Sequencing စတာတွေကို လေ့ကျင့်ပေးလို့ ရပါတယ်။

တစ်တန်းလုံးပါဝင်လုပ်ဆောင်ရတဲ့ Activity ဖြစ်ပြီး ကျောင်းသားများတဲ့ စာသင်ခန်းတွေအတွက်လည်း အဆင်ပြေတဲ့ Activity တစ်ခု ဖြစ်ပါတယ်။

Ref: Ur, Penny, and Andrew Wright. 5 Minute Activities for Young Learners. Cambridge: Cambridge University Press, 2007

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

12 Nov, 11:50


🔶 ဒီနေ့မှာတော့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) အနေနဲ့ "Resilience" ဆိုတာကို ကလေးတွေ ငယ်စဉ်မှာကတည်းက "မိဘတွေအနေနဲ့ ဘယ်လိုမျိုးလေ့ကျင့်ပျိုးထောင်ပေးလို့ရလဲ" ဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေမပြောမီ Resilience ဆိုတာ ဘယ်လိုစွမ်းရည်မျိုးလဲဆိုတာ အရင်ဆုံးပြောပြချင်ပါတယ်။ Resilience ဆိုတာကတော့ လူတွေကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို အပြုသဘောဆောင်တဲ့အမြင်နဲ့ ထိန်းညှိနိုင်ပြီးတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကိုထိန်းသိမ်းထားနိုင်ခြင်းကိုဆိုလိုပါတယ်။ ခံနိုင်ရည်စွမ်းအားလို့လည်း အလွယ်တကူ မှတ်ယူနိုင်ပါတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ Life Skill တစ်ခုဖြစ်ပါတယ်။

ကလေးတွေမှာ ဘာအခက်အခဲကြီးကြီးမားမားတွေများ ရှိနေမှာမလို့ "Resilience" လိုအပ်တာလဲလို့ အချို့က တွေးကောင်းတွေးမိနိုင်ပါတယ်။ လူကြီးတွေအတွက် ဘာမှမပြောပလောက်ဘူးထင်တဲ့အရာတွေဟာ ကလေးတွေအတွက် စိန်ခေါ်မှုအကြီးကြီးတွေဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုအကြီးကြီးကို ရင်ဆိုင်နေရတာဖြစ်နိုင်ပါတယ်။ ဥပမာ - ကလေးတွေအတွက် စာသင်ခန်းအသစ်နဲ့ အသားကျဖို့ ရုန်းကန်နေရတာ၊ အတန်းဖော်တွေနဲ့ အဆင်ပြေဖို့အပြင် နေအိမ်မှာပါ သဘောကျခံရအောင် ရုန်းကန်နေရတာမျိုးတွေက သူတို့အတွက် ပြဿနာတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ငယ်စဉ်မှာကတည်းက ဒီလိုပြဿနာတွေကို သေချာကျော်လွှားနိုင်ပြီးတော့ စိတ်ဖိစီးမှုနဲ့ ထိတ်လန့်မှုတွေကို သေချာကိုင်တွယ်နိုင်ဖို့ အုပ်ထိန်းသူများအနေနဲ့ အောက်ပါအချက်တွေအတိုင်းလိုက်နာပြီး ကလေးငယ်များ Resilience ကို တည်ဆောက်ရာမှာကူညီပေးနိုင်ပါတယ်။

🌟 ပထမအချက်ကတော့ လူမှုဆက်ဆံရေးတိုးတက်အောင်ကူညီပေးတာပဲဖြစ်ပါတယ်။ သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ တစ်ယောက်ကိုတစ်ယောက်နားထောင်ပေးပြီး၊ ကိုယ်ချင်းစာတတ်အောင် သင်ပေးလို့ရပါတယ်။ အဲ့လိုကနေမှတဆင့် ကလေးကိုယ်တိုင်ပြဿနာကြုံရချိန်မှာ ကိုယ့်ရဲ့ ချစ်ရသူတွေဆီမှာ ရင်ဖွင့်ပြောပြတတ်အောင်သင်ပေးလို့ရပါတယ်။ ကောင်းမွန်တဲ့ လူမှုဘဝဟာလည်း ခံနိုင်ရည်စွမ်းအားကိုမြင့်စေပါတယ်။ နောက်ပြီး သူတို့အရွယ်အလိုက် ကျွမ်းကျင်တဲ့ပညာတစ်ခုခုကိုတတ်စေပြီး လိုအပ်တဲ့သူတွေကို ကူညီစေတာ၊ ကျောင်းမှာ သူငယ်ချင်းတွေကို ကူညီစေတာ စတာတွေကလည်း မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို မြှင့်ပေးတာကြောင့် Resilience ကောင်းစေရန် အထောက်အကူပေးပါတယ်။

🌟 ဒုတိယအချက်ကတော့ ကလေးရဲ့ တစ်နေ့တာကို ကျောင်းစာချည်းမဟုတ်ဘဲ ဆော့ကစားတာ၊ မိဘနဲ့အတူ အချိန်ကုန်ဆုံးတာ စသဖြင့် ကလေးကိုယ်တိုင် ပျော်ရွှင်စွာပါဝင်နိုင်မယ့် မျှတတဲ့ နေ့စဉ်ဘဝရဖို့ရာ ဆောင်ရွက်သင့်ပါတယ်။ အလားတူ ကလေးကို မိမိရဲ့ တကိုယ်ရည်ကျန်းမာရေး၊ နေ့စဉ်တာဝန်တွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်အောင်သင်ပေးထားသင့်ပါတယ်။ ဒါ့အပြင် တနေ့တာ၊ တစ်ပတ်တာ၊ တစ်လတာ အလိုက် သူပေါက်မြောက်နိုင်မယ့် Goals လေးတွေ တူတူချမှတ်ပြီးတော့ ပေါက်မြောက်အောင်လည်း Encourage လုပ်ပေးခြင်းဖြင့် လုပ်ရမယ့် အလုပ်တစ်ခုစီကို အာရုံစိုက်နိုင်ပြီးတော့ အခက်ခဲနဲ့ ကြုံလာချိန်မှာလည်း သေချာ ကျော်လွှားနိုင်မယ့် စွမ်းရည်ကို ရရှိနိုင်ပါတယ်။

🌟 တတိယအချက်အနေနဲ့ ကလေးကို မိမိကိုယ်ကိုယ် အကောင်းမြင်စိတ်ရှိအောင်သင်ပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ ရလဒ် (result) ထက် ကြိုးစားအားထုတ်မှု (effort) ကို အသိမှတ်ပြု ချီးကျူးပေးခြင်းဖြင့် ကျရှုံးမှု ကို ခံနိုင်ရည်ရှိလာစေမှာဖြစ်ပါတယ်။ မည်မျှဆိုးရွားတဲ့ ကိစ္စရပ်တွေကြုံရပါစေ၊ အနားမှာရှိပေးပြီးတော့ အနာဂတ်မှာ ကောင်းမွန်တဲ့အရာတွေလည်း ထပ်ကြုံလာနိုင်မှာဖြစ်ကြောင်း အားပေးပြီးတော့ အဆိုးမြင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ အဆိုးမြင်စိတ်ရှိတဲ့ကလေးတွေဟာ အခက်အခဲတွေကို စိတ်ပေါ့ပါးစွာကျော်လွှားနိုင်ဖို့ခက်ခဲပါတယ်။

🌟 စတုတ္ထမြောက် အရေးအကြီးဆုံးအချက်ကတော့ မိမိကလေးကို အခြားကလေးများနဲ့ နှိုင်းယှဉ်တာ၊ အမှားမခံတာတွေမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

🌟 နောက်ဆုံးအချက်ကတော့ အပြောင်းအလဲတွေကို လက်ခံတတ်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိကလေးကို Resilience ကောင်းမွန်စေချင်ရင် မိမိကိုယ်တိုင်ပါဝင်ပြီးတော့ ငယ်စဉ်တည်းက သေချာလေးမေတ္တာပေးပြီး ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေ နည်းအောင် ချစ်ခြင်းမေတ္တာကို သေချာပြသပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ရတဲ့ ကလေးတွေ များများ ပေါ်ထွက်လာမှာဖြစ်ပါတယ်။

မိမိရဲ့ရင်သွေးတွေ (သို့) မိမိစာသင်ခန်းထဲက ကျောင်းသားတွေကို စိတ်ဒဏ်ရာပေးတဲ့သူက မိမိကိုယ်တိုင်​ဖြစ်နေမှာကို မလိုလားတဲ့ မိဘများနဲ့ ဆရာ၊ဆရာမများအတွက် အထက်မှာ ဖော်ပြခဲ့တဲ့ အကြံဉာဏ်တွေက များစွာ အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က မျှဝေပေးခဲ့တဲ့ ဒီအချက်တွေကတဆင့်သင်ယူရင်း အခက်အခဲတွေကြုံလာတိုင်းမှာ ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိပြီး စိတ်ရောကိုယ်ပါ ကျန်းမာအောင် နေထိုင်တတ်တဲ့ ကလေးငယ်များကို အတူတကွ ပျိုးထောင်ကြပါစို့။

_________

Teacher Education Academy-TEA

12 Nov, 11:50


🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

11 Nov, 12:22


🎯 ၂၀၂၁ ခုနှစ်၊ ၁၁ လပိုင်း၊ ၁၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ ဆရာအတတ်ပညာအကယ်ဒမီ (TEA)ဟာ မြန်မာနိုင်ငံရှိ ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာကို သင်ယူရာနေရာတစ်ခုအဖြစ် (၃) နှစ်တိတိ အောင်မြင်စွာရပ်တည်ခဲဲ့ပါတယ်။

ဤ (၃) နှစ်တာအတွင်း ဆရာအတတ်ပညာအကယ်ဒမီ (TEA) က -

၁။ အခမဲ့ ပညာရေးဟောပြောပွဲများ စီစဥ်ပေးခြင်း၊
၂။ အခမဲ့ ပညာရေးဆောင်းပါးများနှင့် အသံဆောင်းပါးများ စီစဥ်ပေးခြင်း၊
၃။ ပညာရေးရုပ်ရှင်အညွှန်းများစွာနှင့် ရုပ်ရှင်များကို အခမဲ့ဖြန့်ဝေပေးခြင်း၊
၄။ အင်္ဂလိပ်စကားပြောကလပ်များ အခမဲ့စီစဥ်ပေးခြင်း
၅။ အရည်အသွေးပြည့်ဝသော Teacher Training မြောက်များစွာကို စီစဥ်ပို့ချပေးခြင်း၊
၆။ ပညာ​ရေးအလုပ်ရုံဆွေးနွေးပွဲများကို စီစဥ်ပေးခြင်း၊
၇။ နိုင်ငံတကာစာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘာသာစကားစင်တာတို့အတွက် Corporate Training များကို စီစဥ်ပို့ချပေးခြင်း၊
၈။ Teacher Training များနှင့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ပညာသင်ဆုများကို စဥ်ဆက်မပြတ်ပေးအပ်ခြင်းနှင့်
၉။ Graduate Diploma in Teaching ကို အွန်လိုင်းကတဆင့်ပို့ချပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပါတယ်။

🌟 ယနေ့မှာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့်အတူ သုံးနှစ်တာခရီးကို အတူတကွလက်တွဲလျှောက်ခဲ့ကြတဲ့ ဆရာ၊ဆရာမများအတွက် မေတ္တာလက်ဆောင်အနေနှင့် စွမ်းရည်မြှင့်သင်တန်းတစ်ခုကို အခမဲ့ တက်ရောက်နိုင်ဖို့ စီစဥ်ပေးထားပါတယ်။

🎯 မေတ္တာလက်ဆောင်အနေနှင့် ဘယ်လို စွမ်းရည်မြှင့်သင်တန်းကို စီစဥ်ပေးထားပါသလဲ။

✅ ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ သုံးနှစ်ပြည့်မေတ္တာလက်ဆောင်အနေနှင့် "English for Teachers" အမည်ရတဲ့ သင်တန်းရှည်ကို အခမဲ့သင်ယူခွင့်ပေးအပ်သွားမှာဖြစ်ပါတယ်။

🎯 ဘယ်သူတွေတက်ရောက်နိုင်မှာလဲ။

✅ အင်္ဂလိပ်စာစွမ်းရည် Basic Level - A1 & A2 အနိမ့်ဆုံးရှိထားပြီး မိမိရဲ့ စာသင်ခန်းထဲမှာ အင်္ဂလိပ်စကားကို ပြောပြီး စာသင်ချင်တဲ့ ဆရာ၊ဆရာမတိုင်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။

🎯 သင်တန်းက ဘယ်လောက်ကြာမြင့်မှာလဲ။

✅ သင်တန်းကာလမှာ ရက်ပေါင်းသုံးဆယ်တိတိကြာမြင့်မှာ ဖြစ်ပါတယ်။

🎯 သင်တန်းကို တက်ရောက်ချင်ရင် ဘယ်လိုလျှောက်ထားနိုင်မလဲ။

✅ ယခုပို့စ်ကို မိမိရဲ့ မိတ်ဆွေသုံးဦးကို Tag တွဲကာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) ကို ဘယ်လိုစသိခဲ့သလဲဆိုတာကို Caption မှာ ရေးသားပြီး Facebook မှာ မျှဝေပေးဖို့လိုပါတယ်။ မျှဝေပြီးနောက်မှာ မျှဝေထားသော screenshot ကို ဆရာအတတ်ပညာအကယ်ဒမီရဲ့ Messenger မှာ ပေးပို့ပြီး သင်တန်းလျှောက်လွှာနှင့် English Level Test စစ်ဆေးလွှာကို တောင်းယူနိုင်ပြီဖြစ်ပါတယ်။

🎯 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ သုံးနှစ်တာ ခရီးလမ်းတစ်လျှောက်မှာ အတူလိုက်ပါလျှောက်လှမ်းခဲ့ကြတဲ့ ဆရာ၊ဆရာမများ၊ မိဘများနဲ့ ကျောင်းသား၊ကျောင်းသူများအားလုံးကို ကျွန်ုပ်တို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

🎯 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းများမှာလည်း ဆရာ၊ဆရာမများအတွက် အကျိုးရှိစေမယ့် အစီအစဥ်ပေါင်းများစွာကို ဆက်လက်ဖန်တီးပေးသွားမှာဖြစ်တဲ့အကြောင်း ထပ်လောင်းကာ ကတိပြုအပ်ပါတယ်။

#TEA #TeacherEducationAcademy #celebration #3rdAnniversary #Nov11 #Gifts #teachers #parents #myanmar #ဆရာအတတ်သင်ပညာအကယ်ဒမီ #မြန်မာ

Teacher Education Academy-TEA

09 Nov, 13:27


🔶 TEA ရဲ့ မကြာခင်ကျရောက်လာမယ့် သုံးနှစ်ပြည့်ခရီးမှတ်တိုင်မှာ ဆရာ၊ဆရာမတို့အတွက် အခမဲ့တက်ရောက်နိုင်မယ့် အထူးသင်တန်းများကို စီစဥ်ပေးသွားဖို့ရှိပါတယ်။

🌟 ဘယ်လိုသင်တန်းကို အခမဲ့တက်ရောက်နိုင်ဖို့ လျှောက်ထားခွင့်ရနိိုင်မှာလဲဆိုတာကို Comment မှာ ခန့်မှန်းပေးခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

"A Professional Teacher in Every Classroom"

🍁 မေတ္တာဖြင့်
ဆရာအတတ်ပညာအကယ်ဒမီ (TEA)

#TEA #teachereducationacademy #teachereducation #teachertrainings #teacher

Teacher Education Academy-TEA

07 Nov, 12:43


🌟 ယနေ့မှာတော့ စာသင်ခန်းတစ်ခုကို စီမံခန့်ခွဲတဲ့ နေရာမှာ အရေးပါတဲ့အချက်များစွာအနက်က (၉)ချက်ကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က မျှဝေပေးလိုပါတယ်။

၁။ ဆရာတစ်ဦးအတွက် စာသင်ခန်းစီမံခန့်ခွဲမှုကို ကောင်းကောင်းပြုလုပ်နိုင်ဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ Lesson Plan ရေးဆွဲခြင်းဖြစ်ပါတယ်။ တိကျတဲ့သင်ခန်းစာရည်ရွယ်ချက်၊ မိမိကျောင်းသားနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Activities တွေစတဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေပါဝင်တဲ့ Plan တစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် မိမိအတန်းကို သေချာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ အကယ်၍ ဆရာက သင်ခန်းစာကိုကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့ဘူးဆိုရင် ဒါကို ပထမဆုံးသတိထားမိတဲ့သူနဲ့ ဒီအရာရဲ့ ဆိုးကျိုးကို ပထမဆုံးခံစားရတဲ့သူတွေက ကျောင်းသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားနဲ့ ဆရာကြားပထမဆုံးတည်ဆောက်ရမယ့် အခြေခံအချက်ဖြစ်တာကြောင့် သင်ခန်းစာပြင်ဆင်ခြင်းဟာ စာသင်ခန်းစီမံခန့်ခွဲရာမှာ အခရာဖြစ်ပါတယ်။

၂။ ဒုတိယအချက်ကတော့ အတန်းတွင်းပြုမူရမယ့် အပြုအမူ နဲ့ ရှောင်ကြဉ်ရမယ့် အပြုအမူတွေကို နှစ်အစမှာတည်းက သေချာ ချမှတ်ထားပြီးတော့ ဆရာကိုယ်တိုင်ပါ စည်းကမ်းနဲ့အညီ သေချာ ပြုမူပြောဆိုရမှာဖြစ်ပါတယ်။

၃။ ဆရာဟာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နာမည်ကိုသေချာမှတ်သားထားပြီးသူတို့နာမည် တွေကို သေချာလေးခေါ်ပေးဖို့ လိုပါတယ်။ ယင်းမှတဆင့် ကျောင်းသားနဲ့ မိမိကြားက ဆက်သွယ်ရေးကိုသေချာစွာ စတင်နိုင်မှာဖြစ်ပါတယ်။

၄။ စာသင်ချိန်မှာလည်း ဆရာက စာသင်ခန်းရဲ့ အရှေ့မှာပဲ နေနေတာမျိုးမဟုတ်ဘဲ တစ်ခန်းလုံးကို သေချာနှံ့စပ်အောင်သွားလာကြည့်ရှုသင့်ပါတယ်။

၅။ ဆရာရဲ့ တိကျရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေဟာ ကျောင်းသားကို သူတို့ ဘာလုပ်ရမလဲသေချာသိစေတာကြောင့် အတန်းတွင်း Instruction ပေးတဲ့အခါ ကျောင်းသားတွေရဲ့ အာရုံဟာ ဆရာဆီမှာရောက်နေကြောင်း သေချာစေတဲ့၊ ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေကို ပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒ့ါအပြင် ကလေးတွေကို ငြိမ်သက်စေလိုတဲ့အခါ (သို့မဟုတ်) သူတို့လုပ်လက်စ Activities တွေကို ခဏရပ်စေချင်တဲ့အခါမျိုးမှာ ထိရောက်မှုရှိစေဖို့ ဆရာနဲ့တပည့်အကြား တိကျတဲ့အချက်ပြမှုတွေကို ကြိုတင်ကာ အားလုံးသဘောတူသတ်မှတ်ထားဖို့လိုပါတယ်။

၆။ ဆရာတစ်ဦးအနေနဲ့ ကျောင်းသားတွေရဲ့ စွမ်းရည်နဲ့ အရည်အချင်းကို ပေါ့တန်စွာမတွေးမိဖို့ကလည်း အရေးကြီးပါတယ်။ သူတို့တွေရဲ့ မတူညီတဲ့ စိတ်ဝင်စားမှုအကြောင်းအရာတွေကို အဆင့်အလိုက်၊ အသက်အလိုက်ကန့်သတ်ထားတာမျိုးမဟုတ်ဘဲနဲ့ သူတို့အတွက် အထောက်အကူဖြစ်မယ့် Content နဲ့ Activity တွေကို သေချာထောက်ပံ့ပေးသင့်ပါတယ်။

၇။ နောက်တစ်ချက်က မိမိရဲ့ကျောင်းသားတွေအတွက် Activity တွေကို စီစဉ်တဲ့အခါမှာ အလွန်အမင်းလှုပ်ရှားရတဲ့ Activity တွေဟာ ကလေးတွေပြန်ငြိမ်ဖို့ နဲ့ ဆရာက အတန်းကို သေချာပြန်ထိန်းသိမ်းဖို့ခက်စေတာကြောင့် ရှောင်သင့်ပါတယ်။ အကယ်၍ မိမိတို့စာသင်ခန်းက ကျဉ်းနေမယ်ဆိုရင် လှုပ်ရှားသွားလာရတာတွေများတဲ့ Activity တွေကိုလည်း သတိထားရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပထမအချက်ဖြစ်တဲ့ သင်ခန်းစာကြိုတင်ပြင်ဆင်ခြင်းအဆင့်မှာကတည်းက မိမိအတန်းထဲက ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ အတန်းရဲ့ အခြေ​အနေစတဲ့အခြင်းအရာများစွာအပေါ် မူတည်ပြီး Activity တွေကို ထည့်သွင်းသင့်ပါတယ်။

၈။ ဆရာဟာ အတန်းထဲမှာရှိတဲ့ ကျောင်းသားတွေရဲ့ မတူညီတဲ့ သင်ယူမှုနှုန်းအပေါ်လိုက်ပြီးတော့ ထပ်တိုး Materials တွေ ပြင်ဆင်ကာ Activity တွေ သတ်မှတ်ချိန်ထက် ပိုမကြာသွားအောင်ထိန်းညှိတတ်ဖို့လည်း လိုအပ်ပါတယ်။

၉။ ဆရာဟာ ကျောင်းသားတွေရဲ့ ရလဒ်ထက် အားထုတ်မှုအပေါ် အာရုံစိုက်ပြီးတော့ အပြုသဘောဆောင်တဲ့ မှတ်ချက်မျိုးပေးနိုင်ရပါမယ်။

🔶 အထက်ပါအချက်တွေကို သတိထားလုပ်ဆောင်ခြင်းဖြင့် ကျောင်းသားနဲ့ ဆရာကြားက ဆက်သွယ်ဆက်ဆံရေးတိုးတက်စေပြီး စာသင်ခန်းကိုစီမံခန့်ခွဲတဲ့အခါမှာ မျှမျှတတနဲ့ ထိထိရောက်ရောက်စီမံနိုင်မှာဖြစ်ပါတယ်။

📌 Reference - Author: Gail Ellis, British Council Paris ၏ ဆောင်းပါးထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

06 Nov, 12:32


🎯 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ "Graduate Diploma in Education Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "Science of Developmental Psychology" ကို သင်ကြားပို့ချပေးမည့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Qualified Teacher တွေထဲက တစ်ဦးဖြစ်တဲ့ Tr. Amon နှင့် မိတ်ဆက်ပေးလိုပါတယ်။

သူမကတော့ သင်ကြားရေးနယ်ပယ်မှာ ဆယ်စုနှစ် နှစ်ခုစာနီးပါးသော အတွေ့အကြုံတွေနဲ့ အတူ International Experience များပါ ရှိထားတဲ့ "Tr. Amon" ပဲ ဖြစ်ပါတယ်။

Tr. Amon ဟာ ပညာရေးနယ်ပယ်ရဲ့ အဓိကဘွဲ့တွေဖြစ်တဲ့ Bachelor of Education (B.Ed, Q) နှင့် Master of
Education (M.Ed) ဘွဲ့များကို ရန်ကုန်ပညာရေးတက္ကသိုလ်မှ ရရှိခဲ့ ပါတယ်။

ဒါ့အပြင် Tr. Amon ဟာ (၂၀၁၅) ခုနှစ်မှာ Japanese Grant Aid for Human Resource Development Scholarship (JDS) ရရှိခဲ့ပြီး (၂၀၁၇) ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတက္ကသိုလ်မှ Educational Development ဘာသာရပ်ဖြင့် Master of Education ဘွဲ့ကိုပါ ထပ်မံကာရယူခဲ့ပါတယ်။ Hiroshima Junior International Forum (2016) ရဲ့ Peace Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

Teacher Amon ဟာ 2016 ခုနှစ် Cambodia နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Academic and Research Cooperation Meeting နဲ့ 2018, 2nd International Conference on Burma Studies, Mandalay တို့တွင် စာတမ်းများဖတ်ကြားတင်သွင်းခဲ့ပါတယ်။ ထို့အပြင် Certificate of Inclusive Practices and Special Education in Myanmar ကိုလည်း ရရှိထားသူဖြစ်ပါတယ်။

Tr. Amon ဟာ သူမရဲ့ ပြည်တွင်းပြည်ပ Academic Qualifications များနှင့်အတူ အခြေခံပညာရေး နှင့် အဆင့်မြင့်ပညာရေးကဏ္ဌတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဆိုင်ရာအတွေ့အကြုံများစွာဖြင့် ယခုအချိန်၌ Freelance Teacher Trainer တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

🌟 ဒါကြောင့် Graduate Diploma Program ရဲ့ Core Module တစ်ခုဖြစ်တဲ့ Science of Developmental Psychology - Module မှာ Tr. Amon ရဲ့ လက်တွေ့အတွေ့အကြုံများကနေပါ သင်ယူခွင့်ရမှာပဲ ဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် Teaching Pro တစ်ယောက်ဖြစ်လာတဲ့အထိ Upgrade လုပ်လိုတဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်မယ်ဆိုရင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching က သင့်အတွက်ပဲဖြစ်ပါတယ်။

🔶 ပညာဝမ်းစာကို ဖြည့်တင်းဖို့ ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရတဲ့ ဆရာ၊ဆရာမများအတွက်လည်း TEA က လျစ်လျှူမရှုထားဘဲ သီးသန့်အစီအစဥ်များကို စီစဥ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် TEA ရဲ့ Graduate Diploma Program ကို စိတ်ပါဝင်စားသော ဆရာ၊ဆရာမများအနေနှင့် m.me/tea4teachers ကိုနှိပ်ကာ ယခုပဲ လာရောက်စုံ‌စမ်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#TEA #teachereducation #teachingdiploma #graduatedidiploma #diplomainteaching #DIPinTeaching #teachers

Teacher Education Academy-TEA

05 Nov, 13:21


🔶 ပညာရေးနယ်ပယ်မှ ဆရာ၊ဆရာမများဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းများကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အမြဲလိုလို မျှဝေပေးလျက်ရှိပါတယ်။

ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အခမဲ့မျှဝေပေးခဲ့သော Ebook များကို TEA: Book Café (Telegram Channel) တွင် တစ်စုတစ်စည်းတည်း Download ရယူနိုင်ပါပြီ။

🍁 ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အခမဲ့ မျှဝေပေးခဲ့သော Ebook များကို အခမဲ့ Download ရယူနိုင်ရန် အောက်ပါ TEA: Book Café ၏ "Telegram Link" ကို နှိပ်၍ Join ပြုလုပ်နိုင်ပါတယ်။

⭐ TEA - Book CafÊ : https://t.me/bookcafetea

- Learning to Teach , Teaching to Learn !

မေတ္တာဖြင့်
Teacher Education Academy-TEA

#TEA #teachereducationacademy #TEA #teachers #teachertraining #teachers #teachereducation #ebooks

Teacher Education Academy-TEA

04 Nov, 12:38


🍁 CLIL ဆိုတာ ဘာလဲ။ ( What is CLIL? )

CLIL ဆိုတာ Content and Language Integrated Learning ရဲ့အတိုကောက်ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ဘာသာစကားတစ်မျိုးမျိုးကို သီးသန့်သင်ကြားနေတာမျိုးမဟုတ်ဘဲ ဘာသာရပ်တစ်ခုကိုသင်ယူရင်း ဘာသာစကားအသစ်တစ်မျိုးကိုပါ တစ်ပြိုင်တည်းသင်ယူခွင့်ရတာကို CLIL အသုံးပြုပြီး သင်ကြားတယ်လို့ ပြောနိုင်ပါတယ်။

✅ ဥပမာ - ကျောင်းသားတစ်ယောက်က ပန်းချီဘာသာရပ်အတန်းတစ်ခုကို တက်ရင်း အတန်းထဲမှာ ဆရာက ဂျပန်စကားကို သုံးပြီးသင်ကြားတဲ့အခါမှာ ပန်းချီဘာသာရပ်ကို လေ့လာရင်း ဂျပန်ဘာသာစကားကိုပါ လေ့ကျင့်စရာနေရာတစ်ခုရရှိသွားတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် စာသင်ခန်းတွေထဲမှာ Language တစ်ခုကို ဘာသာရပ်အဖြစ် သင်ယူရချိန်ဟာ သုံးနာရီ (သို့) လေးနာရီဝန်းကျင်သာ ရှိတတ်ပါတယ်။ မိခင်ဘာသာစကားမဟုတ်တဲ့ Language အသစ်တစ်ခုကို နာရီနည်းနည်းသာ ထိတွေ့ခွင့်ရတာဟာ ဆရာဖြစ်သူက ဘယ်လောက်ပဲစာသင်ကောင်းနေပါစေ၊ ကျောင်းသားက တကယ်ကြီးကျွမ်းကျင်သွားမယ်လို့ ယူဆလို့မရပါဘူး။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် CLIL ဟာ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြသူတွေရှိပါတယ်။

"Language တစ်ခုကို သင်ယူတဲ့အခါ Meaningful Context တစ်ခုကို အသုံးပြုပြီး သင်ယူခြင်းဟာ ပိုမိုထိရောက်တယ်" လို့ CLIL မှာ ယူဆကြပါတယ်။ ဥပမာ - English စာသင်ချိန်မှာ "spectrum = ရောင်စဥ်" လို့ အလွတ်ကျက်လိုက်တာထက် Science စာသင်ချိန်မှာ သုံးမြှောင့်ဖန်တုံးကို အလင်းဖြတ်တဲ့အခါ ဖြာထွက်လာတဲ့ရောင်စဥ်ကို လက်တွေ့မြင်ရပြီး ဒါဟာ Spectrum ဆိုတာကို မှတ်မိသွားတာမျိုးက ဦးနှောက်ထဲမှာ ပိုစွဲမြဲပြီး လက်တွေ့ကျတဲ့သင်ယူမှုကို ပေးပါတယ်။ တစ်ပြိုင်တည်းမှာပဲ Science ရှုထောင့်အရ အလင်းမှာ Visible Light Colar - (၇) မျိုးရှိနေတယ်ဆိုတာကိုလည်း ကျောင်းသားက သင်ယူနေဦးမှာဖြစ်ပါတယ်။ CLIL ဟာ ဒီလို သင်ယူမှုမျိုးကို လိုချင်တာဖြစ်ပါတယ်။

🍁 "ဒီလိုဆို CLIL ကို သုံးတာကောင်းတာပေါ့။ ဘယ်သူနဲ့မဆို သုံးလို့ရပြီလား"လို့ မေးလာရင်တော့ - အဖြေက "မရပါဘူး"။ ကိုယ်စာသင်ရမယ့် ကျောင်းသားဟာ အတိုင်းအတာတစ်ခုအထိ Language တစ်ခုကို အခြေခံရှိမထားရင် CLIL ကို စာသင်ခန်းထဲမှာ အသုံးပြုရတာ မလွယ်ကူပါဘူး။ သင်က ရုရှားစကားတစ်လုံးမှ မကြားဖူးဘဲ ဂန္တဝင်စာပေအကြောင်းကို ရုရှားလိုသင်ပေးနေတဲ့ စာသင်ခန်းထဲရောက်နေတယ်လို့တွေးကြည့်လိုက်ပါ။ သေချာပါတယ်။ ရုရှားဘာသာစကားကိုရော၊ ဂန္တဝင်စာပေကိုပါ သင် ဘာမှနားလည်လိုက်မှာ မဟုတ်ပါဘူး။

သင် အသုံးပြုမယ့် Language နဲ့ အတိုင်းအတာတစ်ခုအထိ အထိအတွေ့ရှိဖူးတဲ့ ကျောင်းသား၊ကျောင်းသူများနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။ အကယ်၍ အတိုင်းအတာတစ်ခုအထိ အထိအတွေ့မရှိဖူးတဲ့ ကျောင်းသားကို သင်ကြားမယ်ဆိုရင် သင်ဟာ Language Teacher အနေနဲ့ရော၊ Content Teacher အနေနဲ့ပါ တာဝန်ယူရတော့မှာဖြစ်ပါတယ်။

🍁 ဒီလောက်ဆိုရင် CLIL နဲ့ပတ်သက်ပြီးအကြမ်းဖျင်းသိရှိသွားပြီလို့ ယူဆပါတယ်။

🎯 TEA မှာရော CLIL နဲ့ပတ်သက်တာတွေ တက်လို့ရလား။

ရပါတယ်။ TEA မှာရော CLIL နဲ့ပတ်သက်ပြီး အတန်းပုံစံ နှစ်မျိုးနှစ်စားရှိပါတယ်။

✅ ပထမတစ်မျိုးကတော့ TKT ဖြေဆိုလိုသူများအတွက် TKT - CLIL သင်တန်းဖြစ်ပြီး
✅ ဒုတိယတစ်မျိုးကတော့ CLIL ကိုအထူးပြုကာ Graduate Diploma in Teaching ကို ရယူလိုသူများအတွက်ဖြစ်ပါတယ်။

🎯 CLIL အတန်းပုံစံ နှစ်မျိုးနှစ်စားအကြောင်း အသေးစိတ်ပိုပြီး သိချင်ပါသလား။

✅ ၁။ TEA က TKT CLIL က သင်တန်းသက်သက်ပဲ မဟုတ်ပါဘူး။ TEA က အတန်းကို အပ်နှံလိုက်တာနဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့အတွက်ပါ စနစ်တကျ ပြင်ဆင်ရေးဆွဲပေးထားတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ TKT စာမေးပွဲဖြေဆိုလိုတဲ့ ဆရာ၊ဆရာမများအတွက်လည်း Exam Registration ကိုပါ အဆုံးအထိ အခမဲ့ ကူညီပေးသွားမှာဖြစ်ပါတယ်။

🍁 TKT CLIL Training & Exam Preparation
🌻 သင်တန်းစတင်မည့်ရက် - November 22, 2024
🌻 သင်တန်းရက် - Fri, Sat & Sun
🌻 သင်တန်းချိန် - 8 pm - 9 pm
🌻 သင်တန်းကာလ - 7 weeksယ
🌻 သင်တန်းကြေး - 350,000 MMK

✅ ၂။ CLIL ကိုအထူးပြုကာ Graduate Diploma in Teaching ကို ရယူလိုသူများအနေနဲ့ TEA မှာ ခြောက်လတာကြာမြင့်မယ့် အွန်လိုင်းအတန်းများကို တက်ရောက်ရမှာဖြစ်ပါတယ်။ အသေးစိတ်ပိုမို၍ မေးမြန်းလိုပါက m.me/tea4teachers ကိုနှိပ်ပြီး "Graduate Diploma" ဟု ပို့ဆောင်နိုင်ပါတယ်။

#TKT #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers #CLIL

Teacher Education Academy-TEA

03 Nov, 12:33


🍁 ဆရာ၊ဆရာမတို့ရဲ့ အင်္ဂလိပ်စာ စာသင်ခန်းထဲမှာ အသုံးပြုနိုင်မယ့် Activity တစ်ခုကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က မျှဝေပေးလိုပါတယ်။

🔶 Queen’s Family

1. ကလေးတွေကို ဆရာမက ဘုရင်မတစ်ပါး ဖြစ်ကြောင်း၊ ဒါပေမယ့် ဆရာမမှာ ထူးဆန်းတဲ့ မိသားစုရှိကြောင်းပြောပါ။ “I am a famous queen, but I have a very strange family”.

2. နောက်တဆင့်မှာ ဆရာမက ကိုယ့်ရဲ့ မိသားစုဝင်တွေအကြောင်း ပြောပြမှာ ဖြစ်လို့ သေချာနားထောင်ပြီး သူတို့ကြားလိုက်တဲ့ မိသားစုနာမည် (Kinship Terms) တွေကို အစဉ်လိုက် ရေးထားဖို့ ပြောပါ။
ဥပမာ - Uncle, granddaughter, ..

3. ဆရာမက အောက်က Script ကို ဖတ်ပေးပါ။
Family Members
My uncle is a monster.
My granddaughter is a doll.
My daughter is a fairy.
My cousin is a robot.
My son is a pirate.
My aunt is a witch.
My grandson is a rabbit.
My mother is Cinderella.

4. ဒီလို ဖတ်ပြပြီးတာနှင့် ကလေးတွေရေးထားတာ အစဉ်လိုက်ဟုတ်မဟုတ် စစ်ဆေးပေးပါ။

5. နောက်တဆင့်မှာတော့ Script ကို ပြန်ဖတ်ပေးပြီး ကလေးတွေကို ဒုတိယ အပိုင်းကို ရေးခိုင်းပါ။
ဥပမာ - Uncle – monster, Granddaughter – Doll

ဒီ Activity ကို သုံးပေးခြင်းအားဖြင့်
Language Focus အနေနဲ့ Vocabulary: Kinship Terms
Thinking Focus အနေနဲ့ Following Directions
Skill Focus အနေနဲ့ Listening for details စတာတွေကို လေ့ကျင့်ပေးလို့ ရပါတယ်။

တစ်တန်းလုံး လုပ်ဆောင်ရမယ့် Activity ဖြစ်ပြီး ကျောင်းသားများတဲ့ စာသင်ခန်းတွေအတွက်လည်း အဆင်ပြေတဲ့ Activity တစ်ခု ဖြစ်ပါတယ်။

Ref: Ur, Penny, and Andrew Wright. 5 Minute Activities for Young Learners. Cambridge: Cambridge University Press, 2007
_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

02 Nov, 12:31


🔶 ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အခမဲ့ မျှဝေပေးခဲ့သော အွန်လိုင်းဝက်ဘ်ဘီနာများနှင့် အသံဆောင်းပါးများကို TEA: Official Youtube Channel တွင် လွယ်လင့်တကူ ပြန်လည်ကာ လေ့လာသင်ယူနိုင်ပါပြီ။

ပညာရေးနယ်ပယ်မှ ဆရာ၊ဆရာမများ၊ ကျောင်းအုပ်များ၊ ကျောင်းသားလူငယ်များနှင့် မိဘများအားလုံးအတွက် အကျိုးရှိစေမယ့် Video များကို Youtube ကနေတဆင့် နားဆင်လေ့လာခွင့်ရရှိမှာပဲဖြစ်ပါတယ်။

🍁 ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အခမဲ့ မျှဝေပေးခဲ့သော အွန်လိုင်းဝက်ဘ်ဘီနာများနှင့် အသံဆောင်းပါးများကို နားဆင်ရန် အောက်ပါ TEA၏ "Youtube Channel"ကို "Subscribe"ပြုလုပ်ထားနိုင်ပါတယ်။

⭐ TEA - Youtube Channel
https://youtube.com/@teachereducationacademy373?si=6t7psLUShn6zJhwM

- Learning to Teach , Teaching to Learn !

မေတ္တာဖြင့်
Teacher Education Academy-TEA

#TEA  #teachereducationacademy #TEA #teachers #teachertraining #teachers #teachereducation

Teacher Education Academy-TEA

01 Nov, 13:36


မင်္ဂလာပါဆရာ၊ဆရာမများရှင့်။ Zoom Link လေး errorတက်သွားပါသဖြင် အရေးပေါ် Zoom Link အသစ်လေး ပြုလုပ်ပါထားပါတယ်ရှင့်။

Topic:  TEA Webinar : Introduction to CLIL
Time: Nov 1, 2024 08:00 PM Rangoon


Join Zoom Meeting
https://us06web.zoom.us/j/85001359381?pwd=97gyyOyAlJYH9AoiFnWaGQMH1EniuQ.1

Meeting ID: 850 0135 9381
Passcode: 977594

Teacher Education Academy-TEA

01 Nov, 12:47


🔶 TEA ၏ စာအုပ်လက်ဆောင်ကို အောက်ပါ Linkကနေတဆင့် ဝင်ရောက်ကာ Download ရယူနိုင်ပါတယ်။

✅ စာအုပ်အမည် - Generative AI and Education : Digital Pedagogies, Teaching Innovation and Learning Design

✅ By: B. Mairéad Pratschke
The University of Manchester
Manchester, UK

✅ PDF Link:
https://drive.google.com/drive/folders/1hRyCv8ug11wKbA44L3s2jYCYRc5M6HXZ

🌸 ဆရာ၊ဆရာမတို့ရဲ့ Professional Development အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်များထဲမှ နောက်ထပ်တစ်အုပ်ကို TEA က ထပ်မံညွှန်းဆိုကာ မျှဝေပေးလိုက်ပါတယ်။

Teacher Education Academy-TEA

01 Nov, 02:22


🌟 ဟိန္ဒူဘာသာ၀င်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဒီပါဝလီ (Deepavali or Diwali) နေ့အခါသမယမှာ ကံကောင်းခြင်းများရရှိကာ မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသော တိုင်းသူပြည်သားများအားလုံး စိတ်ရောကိုယ်ပါ အေးချမ်းလုံခြုံစေဖို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

🪔 မေတ္တာဖြင့် 🪔
ဆရာအတတ်ပညာအကယ်ဒမီ (TEA)

#TEA #teachereducationacademy #teachereducation #teachertrainings #teacher

Teacher Education Academy-TEA

31 Oct, 13:24


#အသိပေးကြေညာခြင်း - မိမိတို့ဆရာအတတ်သင်ပညာအကယ်ဒမီ၏ သက်မွေးအတတ်ပညာဆိုင်ရာလေ့လာသင်ယူမှုရပ်ဝန်းအစီအစဥ်မှ တဆင့် ယနေ့ညတွင် ပြုလုပ်မည့် "Getting Started with CLIL: An Introduction to the Methodology" အမည်ရ အခမဲ့အွန်လိုင်းဆွေးနွေးပွဲကို ဟောပြောပို့ချသူ၏ ကျန်းမာရေးအခြေအနေကြောင့် မနက်ဖြန်ည မြန်မာစံတော်ချိန် ည (၈) နာရီတွင် ပြောင်းလဲပြုလုပ်သွားမယ့်အကြောင်း အားနာစွာ အသိပေးကြေညာအပ်ပါတယ်။

ဆွေးနွေးပွဲကို စိတ်ဝင်စားသူ ဆရာ၊ ဆရာမများအနေဖြင့် အောက်ပါလင့်ခ်မှ တဆင့် မနက်ဖြန် မြန်မာစံတော်ချိန် မွန်းတည့် (၁၂) နာရီနောက်ဆုံးထားကာ စာရင်းပေးသွင်း၍ တက်ရောက်ပါဝင်နိုင်သေးတဲ့အကြောင်းလည်း ထပ်လောင်းအသိပေးလိုပါတယ်။

စာရင်းသွင်းရန် - https://bit.ly/clil-plcreg

မနက်ဖြန်ဆွေးနွေးပွဲတွင် ဆုံတွေ့ကြရဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

#Announcement - We are sorry to inform you that TEAPLC's free webinar "Getting Started with CLIL: An Introduction to the Methodology", which had been planned to host tonight, is now switched to tomorrow at 8:00 PM Myanmar Time due to our speaker's health conditions.

Also, kindly be informed that those who are into this webinar are highly encouraged to register tomorrow by 12:00 PM Myanmar Time.

Register - https://bit.ly/clil-plcreg

We look forward to seeing you at the webinar tomorrow. Thanks!

Teacher Education Academy-TEA

31 Oct, 13:19


🍁 Hello! Hello! ဆရာအတတ်ပညာအကယ်ဒမီ (TEA) မှာ TKT သင်တန်းလေးခုကို Package ဝယ်ပြီး တက်လို့ရနေပြီဆိုတာ သိပြီးပြီလား။ (TKT Package နဲ့ တက်ရောက်သူများဟာ သင်တန်းတစ်ခုချင်းတက်ရောက်သူများထက် သင်တန်းကြေး စုစုပေါင်း "နှစ်သိန်းကျပ်" တိတိ သက်သာခွင့်ရရှိမှာပါ။)

🍁 ဒါဆို TEA မှာ TKT သင်တန်းလေးမျိုးလုံး မတက်မဖြစ် တက်ရမှာပေါ့။ တစ်ခုတည်းတက်လို့ မရတော့ဘူးလား။

✅ ရတာပေါ့။ TKT သင်တန်းလေးမျိုးလုံးကို မတက်ဘဲ ကိုယ်နှစ်သက်ရာ TKT သင်တန်းတစ်မျိုးတည်းကိုပဲ ရွေးချယ်တက်ရောက်နိုင်မှာပါ။

🍁 ဒါဆို TEA မှာ လောလောဆယ် ဘယ် TKT အတန်းကို တက်လို့ရနေပြီလဲ။

✅ လက်ရှိမှာ ဘယ်အတန်းကိုပဲသင်သင်၊ ဘယ်ဘာသာရပ်ကိုပဲသင်သင် အင်္ဂလိပ်စကားကို သုံးပြီးသင်ရမယ့် ဆရာ၊ဆရာမတိုင်း တက်ရောက်နိုင်တဲ့ TKT CLIL သင်တန်းကို နိုဝင်ဘာလ (၂၂)ရက်နေ့မှာ စတင်ကာတက်ရောက်နိုင်ပါတယ်။

🍁 TEA က TKT CLIL က သင်တန်းသက်သက်ပဲလား။ စာမေးပွဲအတွက် ဘာတွေကူပေးဦးမှာလဲ။

✅ TEA က TKT CLIL က သင်တန်းသက်သက်ပဲ မဟုတ်ပါဘူး။ TEA က အတန်းကို အပ်နှံလိုက်တာနဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့အတွက်ပါ စနစ်တကျ ပြင်ဆင်ရေးဆွဲပေးထားတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ TKT စာမေးပွဲဖြေဆိုလိုတဲ့ ဆရာ၊ဆရာမများအတွက်လည်း Exam Registration ကိုပါ အဆုံးအထိ အခမဲ့ ကူညီပေးသွားမှာဖြစ်ပါတယ်။

🍁 TKT CLIL Training & Exam Preparation

✅ သင်တန်းစတင်မည့်ရက် - November 22, 2024
✅ သင်တန်းရက် - Fri, Sat & Sun
✅ သင်တန်းချိန် - 8 pm - 9 pm
✅ သင်တန်းကာလ - 7 weeks
✅ သင်တန်းကြေး - 350,000 MMK

🌟 သင်တန်းကြေးအခက်အခဲရှိပါက TKT CLIL အတန်းအတွက် Financial Aid လျှောက်ထားနိုင်ပါသည်။ (Financial Aid လျှောက်ထားလိုသူများအနေနဲ့ TEA ရဲ့ Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။)

🍁 TEA ရဲ့ TKT CLIL သင်တန်းမှာ စာရင်းမပိတ်ခင် အလျင်အမြန်စာရင်းသွင်းနိုင်ဖို့အတွက် m.me/tea4teachers ကိုနှိပ်ကာ "TKT CLIL" ဟုပေးပို့နိုင်ပါပြီ။

#TKT #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

30 Oct, 16:25


မသိလိုက်မရှိရလေအောင်ပါ။ 🍀🤍

Teacher Education Academy-TEA

30 Oct, 11:20


🍁 ဆရာ၊ဆရာမတို့ရဲ့ အင်္ဂလိပ်စာ စာသင်ခန်းထဲမှာ အသုံးပြုနိုင်မယ့် Activity တစ်ခုကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က မျှဝေပေးလိုပါတယ်။

🔶 Turned into a rabbit!

1. ကလေးတွေကို ယုတ်မာတဲ့ စုန်းမတစ်ကောင်က သူတို့အားလုံးကို ယုန်တွေအဖြစ် ပြောင်းလိုက်တယ်လို့ စိတ်ကူးယဉ်ကြည့်စေပါ။ ယုန်တွေအဖြစ် ပြောင်းသွားကြတဲ့ အခါ သူတို့ရဲ့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာ စဉ်းစားခိုင်းပါ။

2. သင်ပုန်းပေါ်မှာ အောက်က Prompt Questions တွေကို ပြင်ဆင်ထားပါ။
What do you look like?
Where do you live?
How big are you?
What do you wear?
What do you eat?
Where do you go to school?
သူတို့ဘဝတွေ ယုန်ဖြစ်သွားတဲ့အခါမှာ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာ စဉ်းစားဖို့ အချိန်ပေးပါ။ အပေါ်မှာပြင်ဆင်ထားတဲ့ မေးခွန်းတွေက သူတို့ စဉ်းစားတဲ့နေရာမှာ ကူညီပေးပါလိမ့်မယ်။

3. ကလေးတွေကို ပြောင်းလဲသွားတဲ့ သူတို့ဘဝအကြောင်း စာပိုဒ်အတိုလေးတစ်ခု ရေးခိုင်းပါ။ အပေါ်မှာ ပေးထားတဲ့ မေးခွန်းတွေရဲ့ အဖြေကို အသုံးပြုပြီး ရေးလို့ ရပါတယ်။
ဥပမာ - I am fury and I have very large ears. I live in a hole in the ground. I am small. I do not wear clothes. I have fur. I eat carrots and lettuce. I do not have to go to school.

4. နောက်တဆင့်မှာ ယုန် အစား အခြားသော တိရစ္ဆာန်အဖြစ် ပြောင်းလဲသွားတယ်လို့ စဉ်းစားခိုင်းလို့ ရပါတယ်။ ဥပမာ - ကြွက်၊ မြေခွေး စသည်ဖြင့်။

ဒီ Activity ကို သုံးပေးခြင်းအားဖြင့်
Language Focus အနေနဲ့ Personal description, Simple present tense
Thinking Focus အနေနဲ့ Imagining
Skill Focus အနေနဲ့ Writing စတာတွေကို လေ့ကျင့်ပေးလို့ ရပါတယ်။
တစ်ဦးချင်း လုပ်ဆောင်ရမယ့် Activity ဖြစ်ပြီး ကျောင်းသားများတဲ့ စာသင်ခန်းတွေအတွက်လည်း အဆင်ပြေတဲ့ Activity တစ်ခု ဖြစ်ပါတယ်။

Ref: Ur, Penny, and Andrew Wright. 5 Minute Activities for Young Learners. Cambridge: Cambridge University Press, 2007

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

29 Oct, 11:51


🎯 TEA ရဲ့ "Graduate Diploma in Education Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "Foundations of Educational Philosophies: Embracing Diversity and Inclusion in Teaching" ကို သင်ကြားပို့ချပေးမည့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Qualified Teacher တွေထဲက တစ်ဦးဖြစ်တဲ့ Tr. Zun Wai Oo နှင့် မိတ်ဆက်ပေးလိုပါတယ်။

🔶 Tr. Zun Wai Oo ဟာ Bachelor of Education(B.Ed.) ကို ၂၀၁၀ ခုနှစ်မှာ စစ်ကိုင်းပညာရေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် Post Graduate Diploma in English ကို မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ထပ်မံရယူခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်က ပထမမြောက် Master of Education ဘွဲ့ကို ရယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတက္ကသိုလ်ကနေ ဒုတိယမြောက် Master of Education ဘွဲ့ကို ထပ်မံရယူခဲ့သူဖြစ်ပါတယ်။

🌟 လက်ရှိမှာ Tr. Zun Wai Oo ဟာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတက္ကသိုလ်မှာ လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) နဲ့ အထူးပညာရေး (Special Education) ကို အထူးပြုကာ စနစ်တကျလေ့လာကာ ပါရဂူတန်းကို တက်ရောက်နေသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်မှာ Japanese Government Scholarship Award ကို ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ Hiroshima University Excellent Student Scholarship Award ကို ထပ်မံရရှိခဲ့ပါတယ်။

🌟 Tr. Zun Wai Oo ဟာ လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) နှင့်သက်ဆိုင်တဲ့ သုတေသနများကို Peer-reviewed journal များတွင် ပုံနှိပ်ထည့်သွင်းထားသူတစ်ဦး​ဖြစ်ပါတယ်။ International Perspectives on Inclusive Education စီးရီးတွင်လည်း Book Chapter နှစ်ခုကို ရေးသားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် "Japanese teachers' attitudes toward inclusive education" နှင့် "A systematic review of challenges and strategies for inclusive education for students with intellectual disabilities" ခေါင်းစဥ်နှင့် ဂျာနယ်ဆောင်းပါးနှစ်ပုဒ်ကိုလည်း ရေးသားခဲ့ပြီး ထည့်သွင်းထုတ်ဝေခြင်းခံခဲ့ရပါတယ်။ Tr. Zun Wai Oo ဟာ "Inclusive Education" နှင့်ပတ်သက်သော ခေါင်းစဥ်များကိုလည်း International Conference များစွာမှာ တင်သွင်းဖတ်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။

🌟 Tr. Zun Wai Oo ဟာ လက်ရှိမှာ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားတက္ကသိုလ်တွင် PhD ဘွဲ့အတွက် စာတမ်းပြုစုနေသူတစ်ဦးဖြစ်ပြီး Emerging Democracies Initiative (EDI) ရဲ့ Inclusive Digital Education Project တွင် Consultant-trainer တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

🔶 လက်ရှိမှာ Tr. Zun Wai Oo ဟာ TEA ရဲ့ "Graduate Diploma in Education Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "Foundations of Educational Philosophies: Embracing Diversity and Inclusion in Teaching" ကို ဦးဆောင်ပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် TEA - Graduate Diploma in Teaching Program ကို တက်ရောက်မယ့် ဆရာ၊ဆရာမများအနေနဲ့ Tr. Zun Wai Oo ရဲ့ စနစ်တကျသင်ကြားပို့ချပေးမှုများကနေ သင်ယူခွင့်ရမှာပဲ ဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် Teaching Pro တစ်ယောက်ဖြစ်လာတဲ့အထိ Upgrade လုပ်လိုတဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်မယ်ဆိုရင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching က သင့်အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Teaching Pro တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် ယခုပဲ လာရောက်ချိတ်ဆက်လိုက်ပါ။

🔶 ပညာဝမ်းစာကို ဖြည့်တင်းဖို့ ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရတဲ့ ဆရာ၊ဆရာမများအတွက်လည်း TEA က လျစ်လျှူမရှုထားဘဲ သီးသန့်အစီအစဥ်များကို စီစဥ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် TEA ရဲ့ Graduate Diploma Program ကို စိတ်ပါဝင်စားသော ဆရာ၊ဆရာမများအနေနှင့် m.me/tea4teachers ကိုနှိပ်ကာ ယခုပဲ လာရောက်စုံ‌စမ်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#TEA #teachereducation #teachingdiploma #graduatedidiploma #diplomainteaching #DIPinTeaching #teachers

Teacher Education Academy-TEA

28 Oct, 13:54


သိပ္ပံဘာသာရပ်တွေ (သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ) ကို အင်္ဂလိပ်လို သင်တာထက် မြန်မာလို သင်တာက ပိုထိရောက်နိုင်လား။ အင်္ဂလိပ်ဘာသာကို အသုံးပြုပြီး သင်ကြားခြင်းဟာ ဘာကြောင့်အရေးကြီးလဲ။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Content and Language Integrated Learning (CLIL) ဆိုတာဘာလဲ။

Content and Language Integrated Learning (CLIL) ကို စာသင်ခန်းထဲမှာ လက်တွေ့အသုံးပြုနိုင်မည့် နည်းစနစ်တွေ၊အကျိုးကျေးဇူး တွေကို ဆွေးနွေး အဖြေရှာလိုတဲ့ ဆရာ/မတိုင်းအတွက် မိမိတို့ဆရာအတတ်သင်ပညာအကယ်ဒမီ၏ သက်မွေးအတတ်ပညာဆိုင်ရာ လေ့လာသင်ယူမှုရပ်ဝန်း အစီအစဥ်က "Getting Started with CLIL: An Introduction to the Methodology" အမည်ရ အခမဲ့ အွန်လိုင်းဆွေးနွေးပွဲကို စီစဉ်ပြုလုပ်ပေးမယ့်အကြောင်း ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။

အသေးစိတ်ဖတ်ရှုရန် - https://www.facebook.com/share/p/17x7Xf4Wbs/?mibextid=WC7FNe

စာရင်းသွင်းရန် - https://bit.ly/clil-plcreg

Teacher Education Academy-TEA

27 Oct, 12:40


🔶 TEA ၏ စာအုပ်လက်ဆောင်ကို အောက်ပါ Linkကနေတဆင့် ဝင်ရောက်ကာ Download ရယူနိုင်ပါတယ်။

✅ စာအုပ်အမည် - Learning Styles in the ESL/EFL Classroom

✅ PDF Link:
https://drive.google.com/drive/folders/1dFolR8Rz3q2Jin8pZFq7nMCfBj7k-p0o

🌸 ဆရာ၊ဆရာမတို့ရဲ့ Professional Development အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်များထဲမှ နောက်ထပ်တစ်အုပ်ကို TEA က ထပ်မံညွှန်းဆိုကာ မျှဝေပေးလိုက်ပါတယ်။

Teacher Education Academy-TEA

26 Oct, 12:16


🍁 TEA ရဲ့ သုံးနှစ်ပြည့်ခရီးမှတ်တိုင်မှာ ဘယ်လိုအစီအစဥ်တွေလုပ်ပေးဖို့ မျှော်လင့်ပါသလဲ။

🌟 ဆရာအတတ်ပညာအကယ်ဒမီ (TEA) အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးအရည်အသွေးမြှင့်တင်ခြင်းခရီးစဥ်တစ်လျှောက်မှာ အတူတကွလက်တွဲလျှောက်လှမ်းခဲ့တာဟာ မကြာခင်ကာလမှာပဲ သုံးနှစ်တိုင်တိုင် ရောက်ရှိလာတော့မှာ​ဖြစ်ပါတယ်။

🌟 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ဟာ သုံးနှစ်တာခရီးလမ်းတစ်လျှောက်မှာ ဆရာ၊ဆရာမများအတွက် အခမဲ့အွန်လိုင်းဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ကြားရေးဗဟုသုတဆောင်းပါးများ၊ အသံဆောင်းပါးများနှင့် သင်ကြားရေးအထောက်အကူပြုအရင်းအမြစ်များစွာကို အခမဲ့ဖြန့်ဝေပေးခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေးပြည့်ဝတဲ့ ဆရာအတတ်သင်သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း သင့်တင့်သောအဖိုးအခနှင့် မပြတ်ဖွင့်လှစ်ကာ စီစဥ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

🌟 မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ စာသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများနှင့် လူထုအခြေပြု ကောလိပ်များအတွက်လည်း အထူးသီးသန့် Corporate Training များကို အွန်လိုင်းမှတဆင့်သော်လည်းကောင်း၊ လူတွေ့သင်တန်းများအနေနှင့်သော်လည်းကောင်း ပို့ချပေးလျက်ရှိပါတယ်။

🌟 မြန်မာနိုင်ငံ၏ သင်ကြားရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြသော ဆရာ၊ဆရာမများအတွက်လည်း "Graduate Diploma in Teaching" ကို 2024 ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ကာစီစဥ်ပို့ချပေးသွားတော့မှာဖြစ်ပါတယ်။ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးအရည်အသွေးမြှင့်တင်ခြင်းခရီးစဥ်တစ်လျှောက်မှာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က အမြဲမပြတ် ကူညီပေးနိုင်ရန် အသင့်ရှိနေပါတယ်။

🍁 မကြာခင်မှာ ရောက်ရှိလာမယ့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ တည်ထောင်ခြင်း သုံးနှစ်ပြည့်ခရီးမှတ်တိုင်မှာလည်း ဆရာ၊ဆရာမတို့အတွက် အမှန်တကယ်အကျိုးရှိစေမယ့် အစီအစဥ်များကို စီစဥ်ပေးရန် စိတ်အားထက်သန်လျက်ရှိပါတယ်။ ဒါကြောင့် ဆရာ၊ဆရာမတို့အနေနဲ့ TEA ရဲ့ သုံးနှစ်ပြည့်ခရီးမှတ်တိုင်မှာ လုပ်ပေးစေလိုတဲ့ အစီအစဥ်များရှိမယ်ဆိုရင် ကွန်မန့်မှာ မှတ်ချက်ရေးသားကာ အကြံပြုပေးဖို့ နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။

"A Professional Teacher in Every Classroom"

🍁 မေတ္တာဖြင့်
ဆရာအတတ်ပညာအကယ်ဒမီ (TEA)

#TEA #teachereducationacademy #teachereducation #teachertrainings #teacher

Teacher Education Academy-TEA

24 Oct, 13:13


🔶 FAQ 8; TEA - Graduate Diploma in Teaching ကို အွန်လိုင်းကနေ ဘယ်လိုတက်ရမှာလဲ။

✅ Ans; TEA - Graduate Diploma in Teaching မှာ Face-to-face တက်ရောက်ရမယ့် Zoom Class များကို အသုံးပြုကာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Assignment များနှင့် Resource များကိုတော့ Google Classroom နှင့် Google Site များကတဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် သင်တန်းသားဆရာ၊ဆရာမများအကြား အဆက်အသွယ်မပြတ်ရှိနိုင်ဖို့အတွက် Telegram Group ကိုပါ စီစဥ််ပေးထားမှာဖြစ်ပါတယ်။

📮 TEA - Graduate Diplomas in Teaching နှင့်ပတ်သက်၍ မိမိသိရှိလိုသော မေးခွန်းများရှိပါက ကွန်မန့်တွင်သော်လည်းကောင်း၊ m.me/tea4teachers ကိုနှိပ်ကာ "Graduate Diploma" ဟု ပို့ဆောင်၍သော်လည်းကောင်း စုံစမ်းနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

23 Oct, 12:20


🔶 “Group“ လို့ ဆိုလိုက်တာနှင့် အများစုက သင်ခန်းစာတစ်ခုစာအတွက် “Group” တွေ ဖွဲ့ပြီး Activity လုပ်တာကို မြင်ယောင်ကြမယ်ထင်ပါတယ်။ သင်ခန်းစာတွေကို ပြင်ဆင်ရာမှာ ကျောင်းသားတွေကို “Group” ခွဲပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချိန်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ဖော်ပြချင်တဲ့ အကြောင်းအရာက အဲဒီလို “Group” တွေ ခွဲပေးတာမျိုးထက် စာသင်ခန်းတစ်ခုလုံးကို ခြုံငုံပြီး “Group” တစ်ခု အမြင်နှင့် တင်ပြချင်တာဖြစ်ပါတယ်။ စာသင်တဲ့ အတွေ့အကြုံ အတော်အသင့်ရှိထားပြီးတဲ့ ဆရာ၊ ဆရာမတွေဆိုရင် စာသင်ခန်းတစ်ခုဟာ သူ့ရဲ့ ကိုယ်ပိုင် "ဟန်" ရှိနေတတ်တာကို သတိထားမိပါလိမ့်မယ်။ တက်တက်ကြွကြွရှိတာ၊ သင်ခန်းစာအပေါ် စိတ်ဝင်စားမှုရှိတာ၊ ဖော်ဖော်ရွေရွေ ရှိကြတာကစလို့ သင်ခန်းစာပေါ်မှာ စိတ်ဝင်စားမှုမရှိတာ၊ အာရုံပျံ့လွယ်တာ၊ ရင်းနှီးဖော်ရွေမှု မရှိကြတာ စသဖြင့် ကျောင်းသား တစ်ဦးချင်းကို ကျော်လွန်ပြီး အတန်းတစ်တန်းရဲ့ “ဟန်” ကို တွေ့မြင်ရနိုင်ပါတယ်။

🍁 ဒါဆိုရင် ဆရာ၊ ဆရာမတို့အနေနှင့် ကိုယ့်ရဲ့အတန်းကို ဘယ်လိုအတန်းမျိုးဖြစ်စေချင်ပါသလဲ။

ဆရာ၊ ဆရာမတစ်ယောက်အနေနှင့် ကိုယ့်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ “သင်ကြားခြင်း” အပြင်၊ ကျောင်းသားတွေ အချင်းချင်း ရိုင်းပင်းကူညီပြီး စည်းစည်းလုံးလုံးနှင့် အတူတကွသင်ယူကြတဲ့ စာသင်ခန်းတစ်ခုကို ဖန်တီးနိုင်ဖို့လည်း လိုအပ်ပါတယ်။ စာသင်ခန်းတစ်ခုဟာ ကျောင်းသားအချင်းချင်း စည်းလုံးပြီး အသိုက်အဝန်းတစ်ခုလို ခံစားမှုပေးနိုင်တဲ့နေရာ တစ်ခု ဖြစ်ဖို့ ဆိုရင် ကျောင်းသားတွေကိုယ်တိုင်က “Collective Identity and Purpose” ရှိနေဖို့ လိုအပ်ပါတယ်။ ဒါတွေဟာ ကျောင်းသားတွေ အချင်းချင်း တစ်ယောက်ပြောတာ တစ်ယောက် နားထောင်ပေးပြီး ရိုင်းပင်းကူညီကြတဲ့အခါမှာ ဖြစ်လာနိုင်ပါတယ်။ ဒီလို ရိုင်းပင်းကူညီတတ်တဲ့ အသိုက်အဝန်းတစ်ခုကို ဖန်တီးတည်ဆောက်ကြဖို့ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

✅ 1. ပထမဆုံးကတော့ သင်ရိုးညွှန်းတမ်းမှာပါဝင်တဲ့ ကိုယ်သင်ရမယ့် သင်ခန်းစာနှင့် ပတ်သက်တာတွေကိုပဲ သင်တာမဟုတ်ဘဲ ကျောင်းသားတွေ အချင်းချင်းကြား ရင်းနှီးမှုတိုးတက်စေနိုင်မယ့် Activity တွေကို ထည့်သွင်းပေးတာပါ။

✅ 2. တခါတလေမှာ ကျောင်းသားတွေ သူတို့အကြောင်းကို ဖော်ထုတ်နိုင်တဲ့ Activity တွေကိုလည်း ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ဥပမာ - ကိုယ့်ဘဝ အကြောင်းကို ထင်ဟပ်စေတဲ့ လမ်းခရီးပုံစံ ကို ဆွဲခိုင်းပြီး အဲဒီအပေါ်မှာ ကိုယ့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကကျတဲ့ အဖြစ်အပျက်တွေကို ထည့်သွင်းစေတာမျိုးပါ။ အဲဒီပုံမှာပါတဲ့ အဖြစ်အပျက်တွေကို ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြောပြတာ၊ ပြန်ဆွေးနွေးတာ စသဖြင့် လုပ်ဆောင်စေနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ ကာယကံရှင်က ဖော်ထုတ်ချင်တဲ့ အတိုင်းအတာအထိပဲ ဖော်ထုတ်နိုင်ပြီး

✅ 3. နောက်ထပ်နည်းလမ်းကတော့ အတန်းတစ်တန်းလုံး ပါဝင်လုပ်ဆောင်မှ ပြီးမြောက်နိုင်မယ့် “Group Project” တွေကို လုပ်ဆောင်စေခြင်းဖြစ်ပါတယ်။
ဥပမာ
- ကျောင်းတွင်း မဂ္ဂဇင်း၊ ဒါမှမဟုတ် Blog တွေ ဖန်တီးစေတာ
- ပြဇာတ် (သို့မဟုတ်) ဇာတ်လမ်းတစ်ခုကို ကျောင်းသားတွေကိုယ်တိုင်ရေးပြီး အတန်းထဲက တစ်ယောက်မကျန် ပါဝင်သရုပ်ဆောင်ကြရတာ၊
- ရန်ပုံငွေရှာဖွေတာ၊ သူတို့ ရှာလိုက်နိုင်တဲ့ အရာနှင့် လုပ်ဆောင်နိုင်လိုက်တဲ့ အရာတွေကို မှတ်တမ်းပြုစုတာ စသဖြင့် လုပ်ဆောင်စေနိုင်ပါတယ်။

ဒီလို “Project” တွေကို တစ်ခါတစ်လေမှသာ လုပ်ဆောင်တာမဟုတ်ဘဲ စာသင်တဲ့ ကာလပတ်လုံး လုပ်ဆောင်စေခြင်း၊ ကျောင်းသားတစ်ဦးမကျန် ပါဝင်နိုင်ရန် တိုက်တွန်းပေးခြင်းအားဖြင့် ကျောင်းသားတွေ အချင်းချင်းကြားမှာ ရိုင်းပင်းကူညီတတ်လာပြီး အသိုက်အဝန်းတစ်ခုလို ခံစားမှုမျိုး ပေးနိုင်တဲ့ စာသင်ခန်းတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Ref: Scrivener, Jim. Classroom Management Techniques. Cambridge: Cambridge University Press, 2012.

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

22 Oct, 11:59


🎯 မကြာခင်မှာ စတင်အသက်ဝင်တော့မှာဖြစ်တဲ့ TEA ရဲ့ "Graduate Diploma in Education Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "General Teaching Methods" ကို သင်ကြားပို့ချပေးမည့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Qualified Teacher တွေထဲက တစ်ဦးဖြစ်တဲ့ Saya Theo Grey နှင့် မိတ်ဆက်ပေးလိုပါတယ်။

🔶 Saya Theo Grey ဟာ Young Learner များ၊ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူများနှင့် Adult Learner များကို စနစ်တကျ စာသင်ကြားပေးနေတဲ့ သင်ကြားရေးအတွေ့အကြုံ ဆယ်နှစ်ရှိပြီဖြစ်တဲ့ ဆရာတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဟာ လက်ရှိမှာ IELTS Trainer တစ်ဦးအဖြစ် သင်ကြားပို့ချပေးခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ဘာသာစကားသင်ယူလိုသူများကို လမ်းညွှန်သင်ပြပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဆရာ၊ဆရာမများအတွက် အကျိုးရှိစေမယ့် အခမဲ့ အွန်လိုင်းဝက်ဘ်ဘီနာပေါင်းများစွာကိုလည်း ဦးဆောင်ဝေမျှပေးနေသူတစ်ဦးဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲများနှင့် Teacher Training များစွာကို ပို့ချပေးနေသူတစ်ဦးဖြစ်ပါတယ်။

🌟 Saya Theo Grey ဟာ Bachelor of Education(B.Ed.) ဘွဲ့ကို စစ်ကိုင်းပညာရေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။ Master of Education(M.Ed.) ဘွဲ့အတွက် Pedagogic Eethodology ကို အထူးပြုရွေးချယ်ခဲ့ပြီး သင်ကြားနည်းစနစ်များနှင့်ပတ်သက်လို့ စနစ်တကျလေ့လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာစကားသင်ကြားခြင်းနယ်ပယ်နှင့်ပတ်သက်တဲ့ ကျွမ်းကျင်မှုကို စုဆောင်းနိုင်ဖို့အတွက် London Teacher Training College က ပေးအပ်တဲ့ Diploma in TESOL ကိုပါ ထပ်မံရယူထားသူတစ်ဦးဖြစ်ပါတယ်။

🌟 လက်ရှိမှာ Saya Theo Grey ဟာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) မှာ "Lesson Planning" သင်တန်းနှင့် "Language Teaching Methodologies" အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ကာ သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဒါ့အပြင် Saya Theo Grey ဟာ Community School များအတွက် Teacher Training များကို ပြင်ဆင်ရေးဆွဲကာ ပို့ချပေးနေသူတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် Graduate Diploma Program ရဲ့ Core Module တစ်ခုဖြစ်တဲ့ General Teaching Methods Module မှာ Saya Theo Grey ရဲ့ စနစ်တကျသင်ကြားပို့ချပေးမှုများကနေ သင်ယူခွင့်ရမှာပဲ ဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် Teaching Pro တစ်ယောက်ဖြစ်လာတဲ့အထိ Upgrade လုပ်လိုတဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်မယ်ဆိုရင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching က သင့်အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Teaching Pro တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် ယခုပဲ လာရောက်ချိတ်ဆက်လိုက်ပါ။

🔶 ပညာဝမ်းစာကို ဖြည့်တင်းဖို့ ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရတဲ့ ဆရာ၊ဆရာမများအတွက်လည်း TEA က လျစ်လျှူမရှုထားဘဲ သီးသန့်အစီအစဥ်များကို စီစဥ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် TEA ရဲ့ Graduate Diploma Program ကို စိတ်ပါဝင်စားသော ဆရာ၊ဆရာမများအနေနှင့် m.me/tea4teachers ကိုနှိပ်ကာ ယခုပဲ လာရောက်စုံ‌စမ်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#TEA #teachereducation #teachingdiploma #graduatedidiploma #diplomainteaching #DIPinTeaching #teachers

Teacher Education Academy-TEA

21 Oct, 13:10


🔶 TEA ၏ စာအုပ်လက်ဆောင်ကို အောက်ပါ Linkကနေတဆင့် ဝင်ရောက်ကာ Download ရယူနိုင်ပါတယ်။

✅ စာအုပ်အမည် - What Great Teachers Do Differently : Nineteen Things That Matter Most

✅ By: TODD WHITAKER

✅ PDF Link:
https://drive.google.com/drive/folders/1XdGI4eRG4T9L6hHrUxFDAh2nvLg2BJxG

🌸 ဆရာ၊ဆရာမတို့ရဲ့ Professional Development အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်များထဲမှ နောက်ထပ်တစ်အုပ်ကို TEA က ထပ်မံညွှန်းဆိုကာ မျှဝေပေးလိုက်ပါတယ်။

Teacher Education Academy-TEA

20 Oct, 12:43


🎯 မကြာခင်မှာ စတင်အသက်ဝင်တော့မှာဖြစ်တဲ့ TEA ရဲ့ "Graduate Diploma in Education Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "Assessment and Evaluation Methods" ကို သင်ကြားပို့ချပေးမည့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Qualified Teacher တွေထဲက တစ်ဦးဖြစ်တဲ့ Dr. Sophia နှင့် မိတ်ဆက်ပေးလိုပါတယ်။

🔶 Dr. Sophia ဟာ "Developemental and Educational Psychology" နယ်ပယ်မှာ "Memory and Metamemory Processes in Learning" ကို စနစ်တကျအထူးပြုလေ့လာကာ PhD ဘွဲ့ကို ရယူထားသူတစ်ဦးဖြစ်ပါတယ်။ Dr. Sophia ဟာ မူကြိုကလေးငယ်များနှင့် လက်တွေ့ထိတွေ့မှုများသလို တစ်ဖက်မှာလည်း လုပ်ငန်းခွင်အကြို ဆရာ၊ဆရာမများ၊ လုပ်ငန်းခွင်က ဆရာ၊ဆရာမများနှင့် လူငယ်များနှင့်ပါ ချိတ်ဆက်မှုရှိကာ Developemental and Educational Psychologyနှင့် ဆက်စပ်နေသော သင်တန်းများစွာကို ပို့ချပေးနေသူတစ်ဦးဖြစ်ပါတယ်။

🌟 Dr. Sophia ဟာ Bachelor of Education(B.Ed.)ဘွဲ့ကို ၂၀၁၃ ခုနှစ်မှာ စစ်ကိုင်းပညာရေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Master of Education(M.Ed.) ဘွဲ့အတွက် Advanced Educational Guidance and Counselling ခေါင်းစဥ်ကို ရွေးချယ်ခဲ့ကာ ပထမနှစ်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများရဲ့ Psychological Problems များကို စနစ်တကျလေ့လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ပညာရေးပါရဂူဘွဲ့အတွက် Chinese Scholarship Council (CSC) - Full Scholarship ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ပညာရေးပါရဂူဘွဲ့အတွက် Northeast Normal University တွင် ပါရဂူဘွဲ့စာတမ်းသုံးစောင်ကို တင်သွင်းကာ ပညာရေးပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် တင်သွင်းခဲ့သော စာတမ်းသုံးစောင်အနက် "Metacognitive unawareness of feedback influences future memory prediction but not postdiction" ခေါင်းစဥ်နှင့် သုတေသနစာတမ်းတစ်စောင်ကို Current Psychology Journal တွင်ပါ ထည့်သွင်းဖော်ပြခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

🌟 လက်ရှိမှာ Dr. Sophia ဟာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) မှာ "Assessment and Evaluation Methods in Education" သင်တန်းကို ဦးဆောင်ပို့ချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းအဖွဲ့အစည်းတစ်ခုမှာ သင်ရိုးညွှန်းတမ်းများကို ကြီးကြပ်ကွပ်ကဲပေးလျက်ရှိပြီး Training Manager တစ်ဦးအဖြစ်ပါ တာဝန်ယူလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ Dr. Sophia ဟာ စာတွေ့နယ်ပယ်မှာရော၊ လက်တွေ့နယ်ပယ်မှာပါ အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပါတယ်။

🌟 Dr. Sophia ဟာ TEA ရဲ့ Graduate Diploma Program ရဲ့ Core Module တစ်ခုဖြစ်တဲ့ "Assessment and Evaluation Methods" မှာ ပြည်တွင်းပြည်ပက ရရှိခဲ့တဲ့ အတွေ့အကြုံများစွာကို ပေါင်းစပ်ကာ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် Teaching Pro တစ်ယောက်ဖြစ်လာတဲ့အထိ Upgrade လုပ်လိုတဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်မယ်ဆိုရင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching က သင့်အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Teaching Pro တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) နှင့် ယခုပဲ လာရောက်ချိတ်ဆက်လိုက်ပါ။

🔶 ပညာဝမ်းစာကို ဖြည့်တင်းဖို့ ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရတဲ့ ဆရာ၊ဆရာမများအတွက်လည်း TEA က လျစ်လျှူမရှုထားဘဲ သီးသန့်အစီအစဥ်များကို စီစဥ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် TEA ရဲ့ Graduate Diploma Program ကို စိတ်ပါဝင်စားသော ဆရာ၊ဆရာမများအနေနှင့်  m.me/tea4teachers ကိုနှိပ်ကာ ယခုပဲ လာရောက်စုံ‌စမ်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#TEA #teachereducation #teachingdiploma #graduatedidiploma #diplomainteaching #DIPinTeaching #teachers

Teacher Education Academy-TEA

19 Oct, 11:53


🔶 FAQ 7; TEA - Graduate Diploma in Teaching ကိုရရှိဖို့ စာတွေကျက်ရမှာလား။ စာမေးပွဲရောရှိလား။

✅ Ans; TEA - Graduate Diploma in Teaching ကိုရရှိဖို့ စာတွေအလွတ်ကျက်မှတ်စရာမလိုအပ်ပါဘူး။ ဆရာအတတ်ပညာအကယ်ဒမီ (TEA) ဟာ ဆရာ၊ဆရာမတို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှုကို စစ်ဆေးပေးနိုင်ဖို့အတွက် စာအလွတ်ကျက်မှတ်ခြင်းနည်းလမ်းမဟုတ်တဲ့ အကဲဖြတ်စမ်းစစ်ခြင်းနည်းများကိုသာ အသုံးပြုသွားမှာဖြစ်ပါတယ်။ TEA က Graduate Diploma in Teaching ကို ရရှိဖို့ Module တစ်ခုချင်းစီတိုင်းက ပေးအပ်တဲ့ Assignment များကို အချိန်မီပြီးမြောက်ဖို့နဲ့ အနိမ့်ဆုံး Attendance - 75% ပြည့်မီဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ထပ်ဆောင်းလိုအပ်ချက်အနေနဲ့ သတ်မှတ်ထားတဲ့ Block Teaching နာရီပမာဏပြည့်မီအောင် သင်ကြားကာ Reportတင်ပေးဖို့လည်း မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။ Task တစ်ခုချင်းစီတိုင်းအတွက် စဥ်ဆက်မပြတ်အကဲဖြတ်မှုနဲ့ အကြံပေးမှုများကို ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဆရာ၊ဆရာမများက ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

📮 TEA - Graduate Diplomas in Teaching နှင့်ပတ်သက်၍ မိမိသိရှိလိုသော မေးခွန်းများရှိပါက ကွန်မန့်တွင်သော်လည်းကောင်း၊ m.me/tea4teachers ကိုနှိပ်ကာ "Graduate Diploma" ဟု ပို့ဆောင်၍သော်လည်းကောင်း စုံစမ်းနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

18 Oct, 11:41


🔶 Graduate Diploma in Teaching - Batch (1) ၏ Orientation Module ကို ယနေ့စတင်ကာ လေ့လာနိုင်ပါပြီ။

🌟 သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့အခါသမယတွင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ၏ ဆရာ၊ဆရာမများအားလုံး ကိုယ်စိတ်နှလုံးရွှင်ကြည်စွာ ဖြတ်သန်းနိုင်ဖို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဆရာအတတ်ပညာအကယ်ဒမီ (TEA) ၏ Graduate Diploma in Teaching - Batch (1) တွင် တက်ရောက်နေကြသော ဆရာ၊ဆရာမများအနေနှင့် ယနေ့ အောက်တိုဘာလ (၁၈)ရက်နေ့က စတင်ကာ Orientation Module ကို Google Classroom ကတဆင့် ဝင်ရောက်ကာ လေ့လာနိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။ Graduate Diploma in Teaching ရဲ့ Orientation Module ကို အောက်တိုဘာလ လကုန်အထိ လေ့လာနိုင်ရန် ဖွင့်လှစ်ပေးထားမှာဖြစ်တာကြောင့် မိမိတို့ရဲ့ အားလပ်ချိန်များတွင် စတင်လေ့လာနိုင်ပြီဖြစ်ပါတယ်။

ဆရာ၊ဆရာမတို့ရဲ့ အီးမေးလ်လိပ်စာများကနေတဆင့် သက်ဆိုင်ရာ Google Classroom Link, Telegram Group Link နဲ့ Diploma Information Website Link ကို ပို့ဆောင်ထားပြီဖြစ်တာကြောင့် မိမိတို့ရဲ့ အီးမေးလ်များကို စစ်ဆေးကြည့်နိုင်ဖို့အတွက် လေးစားစွာအကြောင်းကြားအပ်ပါတယ်။

📮 TEA - Graduate Diplomas in Teaching နှင့်ပတ်သက်၍ မိမိသိရှိလိုသော မေးခွန်းများရှိပါက m.me/tea4teachers ကိုနှိပ်ကာ စုံစမ်းနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

17 Oct, 05:43


🌟 မြန်မာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၏ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် စိတ်၏​ အေးငြိမ်းရာရခြင်း၊ ကိုယ်၏ ဘေးကင်းလုံခြုံခြင်းတို့ ရရှိစေဖို့ ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

16 Oct, 12:51


🔶 FAQ 6; TEA - Graduate Diploma in Teaching ကိုရရှိဖို့ ဘယ်နှစ်လကြာမြင့်မှာလဲ။

✅ Ans; TEA - Graduate Diploma in Teaching ကိုရရှိဖို့ သင်တန်းကာလ (၆) လခန့်ကြာမြင့်မှာဖြစ်ပြီး သင်တန်းများတက်ရောက်ရမည့်အချိန် (၅) လခန့်နှင့် Block Teaching ပြုလုပ်ချိန် (၁) လဝန်းကျင်ခန့်ရှိမှာဖြစ်ပါတယ်။

📮 TEA - Graduate Diplomas in Teaching နှင့်ပတ်သက်၍ မိမိသိရှိလိုသော မေးခွန်းများရှိပါက ကွန်မန့်တွင်သော်လည်းကောင်း၊ m.me/tea4teachers ကိုနှိပ်ကာ "Graduate Diploma" ဟု ပို့ဆောင်၍သော်လည်းကောင်း စုံစမ်းနိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

15 Oct, 11:12


🌟 Graduate Diploma in Teaching တက်ဖို့ သင်တန်းကြေးက အခက်အခဲတစ်ခုဖြစ်နေပါသလား။

"TEA - Loan Program" ဟာ ကိုယ်ပိုင်ကျောင်းများနဲ့ နိုင်ငံတကာသင်ရိုးသင် စာသင်ကျောင်းများမှာ အလုပ်လုပ်နေပြီး Diploma သင်တန်းကြေးကို တစ်လုံးတည်းပေးသွင်းဖို့ အခက်အခဲရှိနေတဲ့ ဆရာ၊ဆရာမများအတွက် ဖြစ်ပါတယ်။

TEA ရဲ့ Graduate Diploma in Teaching ကို တက်ရောက်လိုပေမယ့် လူမှုစီးပွားအခြေအနေများကြောင့် နှစ်ခါပြန်စဥ်းစားနေရတဲ့ ဆရာ၊ဆရာမများအတွက် သီးသန့် "Loan Program" ကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ "TEA - Loan Program" ဟာ ဆရာ၊ဆရာမတို့ရဲ့ လူမှုစီးပွားနောက်ခံအပေါ်မူတည်ကာ သီးသန့် ရေးဆွဲပေးမယ့် အစီအစဉ်တစ်ခု​ပဲဖြစ်ပါတယ်။

📌 "TEA - Loan Program" မှာ စောလျင်စွာ စာရင်းသွင်းနိုင်ဖို့အတွက် အသေးစိတ်ပိုမိုဆွေးနွေးနိုင်ရန် m.me/tea4teachers ကိုနှိပ်ကာ "Loan Program" ဟု ပို့ဆောင်နိုင်ပါပြီ။

#teachereducation #TEA #GraduateDiploma #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

14 Oct, 11:48


🎯 မကြာခင်မှာ စတင်အသက်ဝင်တော့မှာဖြစ်တဲ့ TEA ရဲ့ "Graduate Diploma in Teaching Program" မှာပါဝင်မယ့် Core Module တစ်ခုဖြစ်တဲ့ "Educational Psychology" ကို သင်ကြားပို့ချပေးမည့် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Qualified Teacher တွေထဲက တစ်ဦးဖြစ်တဲ့ Dr. Sora နှင့် မိတ်ဆက်ပေးလိုပါတယ်။

🔶 Dr. Sora ဟာ ဆရာအတတ်ပညာအကယ်ဒမီ (TEA) မှာ ECCD သင်တန်း ၊ Preschool School Founder များအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် Guidance & Counseling နှင့်ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲများကိို ပို့ချပေးနေသူတစ်ဦးဖြစ်ပါတယ်။

ဒါတင်သာမက ဆရာ၊ဆရာမများအတွက် အကျိုးရှိစေမယ့် အခမဲ့ အွန်လိုင်းဝက်ဘ်ဘီနာပေါင်းများစွာကိုလည်း ဦးဆောင်ဝေမျှပေးနေသူတစ်ဦးဖြစ်ပြီး ယခုဆိုရင် Dr. Sora ၏ သင်ကြားရေးအတွေ့အကြုံမှာ ဆယ့်​လေးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

🌟 Dr. Sora ဟာ ပညာရေးနယ်ပယ်က အဓိကဘွဲ့တွေဖြစ်တဲ့ Bachelor of Education(B.Ed.) နှင့် Master of Education(M.Ed.) ဘွဲ့ များကို ရန်ကုန်ပညာရေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပညာရေးပါရဂူဘွဲ့ကိုလည်း ၂၀၂၃ခုနှစ်မှာ ဂျပန်နိုင်ငံ - Kwansei Gakuin University ကနေ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

Dr. Sora ဟာ စာသင်ကြားခြင်းမှာ တစ်စိုက်မတ်မတ်နှစ်မြုပ်ထားသလို တစ်ဖက်မှာလည်း နိုင်ငံတကာပညာ​ရေးသုတေသနစာတမ်းများကိုပါ ပြုစုခဲ့ပြီး နိုင်ငံတကာပညာရေးညီလာခံများတွင် စာတမ်းများကို တင်သွင်းဖတ်ကြားခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ မူကြိုပညာရေးတွင် ကစားခြင်းအခြေပြုသင်ယူခြင်းဆိုင်ရာ သင်ရိုးနဲ့ပတ်သက်တဲ့ စာအုပ်ကို ရေးသားပြုစုကာ ထုတ်ဝေထားပါတယ်။

Dr. Sora ဟာ လက်ရှိမှာ ကိုယ်ပိုင်ကျောင်းများနဲ့ ပုဂ္ဂလိကမူကြိုကျောင်းများအတွက် ပညာရေးအတိုင်ပင်ခံအဖြစ် တာဝန်ယူကာ အကြံပေးလမ်းညွှန်လျက်ရှိပါတယ်။ သူမဟာ "Educational Psychology" နှင့် "Early Childhood Care & Development" စတဲ့ နယ်ပယ်များအတွက် မိမိကိုယ်ကိုယ် တစိုက်မတ်မတ်နစ်မြုစ်ထားပြီး လက်တွေ့နယ်ပယ်တွင် အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် Graduate Diploma Program ရဲ့ Core Module တစ်ခုဖြစ်တဲ့ Educational Psychology Module မှာ သဘောတရားသီးသန့်တင်သာမက ဂျပန်နိုင်ငံရဲ့ ပညာရေးနှင့် မြန်မာနိုင်ငံရဲ့ ပညာရေးကို ချိန်ထိုးကာ Dr. Sora ရဲ့ လက်တွေ့အတွေ့အကြုံများကနေပါ သင်ယူခွင့်ရမှာပဲ ဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် Teaching Pro တစ်ယောက်ဖြစ်လာတဲ့အထိ Upgrade လုပ်လိုတဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်မယ်ဆိုရင် ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching က သင့်အတွက်ပဲဖြစ်ပါတယ်။

🔶 ပညာဝမ်းစာကို ဖြည့်တင်းဖို့ ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရတဲ့ ဆရာ၊ဆရာမများအတွက်လည်း TEA က လျစ်လျှူမရှုထားဘဲ သီးသန့်အစီအစဥ်များကို စီစဥ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် TEA ရဲ့ Graduate Diploma Program ကို စိတ်ပါဝင်စားသော ဆရာ၊ဆရာမများအနေနှင့် m.me/tea4teachers ကိုနှိပ်ကာ ယခုပဲ လာရောက်စုံ‌စမ်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#TEA #teachereducation #teachingdiploma #graduatedidiploma #diplomainteaching #DIPinTeaching #teachers

Teacher Education Academy-TEA

13 Oct, 13:08


🔶 TEA ၏ စာအုပ်လက်ဆောင်ကို အောက်ပါ Linkကနေတဆင့် ဝင်ရောက်ကာ Download ရယူနိုင်ပါတယ်။

✅ စာအုပ်အမည် - How Languages are Learned, 4th Edition (Oxford Handbooks for Language Teachers Series)

✅ By: Patsy M. Lightbown | Nina Spada

✅ PDF Link:
https://drive.google.com/drive/folders/1KVbPKlF0wt-TC0M18ymHZkONdNQWpOIq

🌸 ဆရာ၊ဆရာမတို့ရဲ့ Professional Development အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်များထဲမှ နောက်ထပ်တစ်အုပ်ကို TEA က ထပ်မံညွှန်းဆိုကာ မျှဝေပေးလိုက်ပါတယ်။

Teacher Education Academy-TEA

12 Oct, 11:40


🎯 TEA: Graduate Diploma in Teaching မှာ Elective Module ကို ဘယ်လိုရွေးကြမလဲ။

🌟 ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဖွင့်တဲ့ Graduate Diploma in Teaching ကို ယူလိုတယ်ဆိုရင် -

✅ Core Module - (၇) ခု
✅ Elective Module - (၂) ခုနဲ့
✅ Supplementary Module - (၁) ခုကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။

🌟 ဒီနေ့မှာတော့ TEA ကို လူတိုင်းအမေးများကြတဲ့ မေးခွန်းတစ်ခုကို ဖြေဆိုပေးလိုပါတယ်။ "Elective Module ရွေးတဲ့အခါ ဘယ်ဟာကို ရွေးသင့်လဲ" ဆိုတာပဲဖြစ်ပါတယ်။

ဆရာအတတ်ပညာအကယ်ဒမီ (TEA) က ဖွင့်တဲ့ Graduate Diploma in Teaching မှာ Elective Module အဖြစ်ရွေးချယ်ယူနိုင်တဲ့ သင်တန်းအတွဲအစပ် (၃)မျိုးရှိပါတယ်။

🎯 ၁။ Early Childhood Care and Development (ECCD) Module (1) & Module (2)

Elective Module ပထမအတွဲအစပ်ဟာ ကလေးငယ်များကို စာသင်ကြားလိုတဲ့ ဆရာ၊ဆရာမများအထူးပြုသင့်တဲ့ အတွဲအစပ်ပဲဖြစ်ပါတယ်။ ကလေးတွေကို စာသင်ကြားတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသေးတယ်ဆိုရင် ယခု Elective Module ပထမအတွဲအစပ်ကို ရွေးချယ်သင့်ပါတယ်။

🎯 ၂။ Teaching Young Learners English (TYLE) & Classroom Language

Elective Module ဒုတိယအတွဲအစပ်ဟာ Young Learner များကို အင်္ဂလိပ်စာကို အဓိက သင်ကြားပေးလိုပြီး စာသင်ခန်းထဲမှာ အင်္ဂလိပ်လိုသာသုံးပြီး သင်တတ်လိုတဲ့ ဆရာ၊ဆရာမများအထူးပြုသင့်တဲ့ အတွဲအစပ်​ဖြစ်ပါတယ်။ ဒီ Elective Module ဟာ အင်္ဂလိပ်စာ (4) Skills လုံးကိုသာမက အင်္ဂလိပ်သဒ္ဒါ (Grammar) နဲ့ ဝေါဟာရ (Vocabulary) ကို ဘယ်လိုသင်ကြားရမလဲဆိုတာအထိပါ အလုံးစုံပြင်ဆင်ပေးမယ့် Module ​ဖြစ်ပါတယ်။

🎯 ၃။ Content and Language Integrated Learning (CLIL) & Classroom Language

Elective Module တတိယအတွဲအစပ်ဟာ စာသင်ခန်းထဲမှာ ဘယ်ဘာသာရပ်ကို သင်နေသူဖြစ်ပါစေ၊ ဘယ်အတန်းကို သင်နေသူဖြစ်ပါစေ - အင်္ဂလိပ်စကားကို သုံးပြီးသင်ကြားတတ်လိုတယ်ဆိုတဲ့ ဆရာ၊ဆရာမများ ရွေးချယ်နိုင်တဲ့ Module အတွဲအစပ်ဖြစ်ပါတယ်။ အတန်းထဲမှာ အင်္ဂလိပ်လိုပြောပြီး စာသင်နိုင်ဖို့ မိမိရဲ့ အင်္ဂလိပ်စာစွမ်းရည်ကိုမြှင့်တင်ချင်တယ်ဆိုတဲ့ ဆရာ၊ဆရာမများနဲ့ ကိုက်ညီတဲ့ Module အတွဲအစပ်ဖြစ်ပါတယ်။

🍁 ဆရာအတတ်ပညာအကယ်ဒမီ (TEA) ရဲ့ Graduate Diploma in Teaching ကို တက်ရောက်ဖို့ စိတ်ဝင်စားပြီး Elective Module ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#diplomainteaching #GraduateDiploma #ElectiveModules #teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers

Teacher Education Academy-TEA

12 Oct, 11:39


🎯 TEA: Graduate Diploma in Teaching မှာ Elective Module ကို ဘယ်လိုရွေးကြမလဲ။

Teacher Education Academy-TEA

11 Oct, 11:23


🍁 ကလေးတွေအတွက် စာသင်ခန်းဟာ Supportive Environment တစ်ခုဖြစ်နေမယ်ဆိုရင် ကလေးတွေဟာ သူတို့ကို တန်ဖိုးထားခံရတယ်လို့ ယုံကြည်လက်ခံလာပြီး အဲဒီကတဆင့် ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတတ်လာမှာ ဖြစ်ပါတယ်။

လူတွေက အခြားသူတစ်ယောက်ယောက်အတွက် ရှိနေပေးတတ်ကြပေမယ့် ကိုယ်ရှိနေပေးတယ်ဆိုတာကို ထုတ်ဖော်ပြသဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်ရှိနေပေးတယ်ဆိုတာကို ပြသပေးခြင်းက အခြားသူရဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားမှု (Self-Esteem) ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။

🌟 ဒါဆိုရင် ဆရာအနေနှင့် ကိုယ့်ကလေးတွေအတွက် အမြဲ ရှိနေပေးကြောင်း၊ Supportive ဖြစ်ကြောင်း ဘယ်လို ပြသကြမလဲ ?

1. Pay Attention

ပထမဆုံး လုပ်ပေးနိုင်တာကတော့ အာရုံစိုက်ပေးတာပါ။ ဟုတ်ပါတယ်။ အာရုံစိုက်ပေးတယ်ဆိုတာ လူတစ်ယောက်အနေနှင့် အခြားသူတစ်ယောက်ကို ပေးနိုင်တဲ့ တန်ဖိုးကြီးမားတဲ့ လက်ဆောင်တစ်ခုပါ။ ဒါက ကလေးတွေ စကားပြောနေတဲ့ အချိန်မှ မဟုတ်ပါဘူး။ သူတို့နှင့် အတူရှိနေတယ်ဆိုတာကို အကြည့်လေးတစ်ချက်နှင့် ပဲ ဖြစ်ဖြစ် ပြပေးလို့ရပါတယ်။ ဒီလိုပြပေးလိုက်ခြင်းက အာရုံစိုက်ခံရတဲ့သူကို စိတ်လုံခြုံနွေးထွေးမှု ခံစားရစေပါတယ်။ တစ်ခု သတိထားရမှာကတော့ အလွန်အကြူး သို့မဟုတ် ဟန်ဆောင်ပြီး အပေါ်ယံလုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ ရင်ထဲကလာတဲ့ အတိုင်းသာ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

2. Affirm and Validate

ဒုတိယအနေနှင့် လုပ်ပေးနိုင်တာက ကလေးတွေကို အခိုင်အမာ မှတ်ချက်ပေးတာပါ။ ရိုးရှင်းပြီး ခိုင်မာတဲ့ မှတ်ချက်တွေ ပေးနိုင်ပါတယ်။ ဥပမာ - ကလေးတစ်ယောက် စာသင်ခန်းထဲမှာ ပြုမူပုံနှင့် ပတ်သက်ပြီး ကိုယ်သဘောကျတဲ့အချက်ရှိတယ်ဆိုရင် အဲတာကို သေချာလေးပြောပေးနိုင်ပါတယ်။ ဒီလိုမှတ်ချက်ပေးတဲ့အခါ ရိုးရိုးရှင်းရှင်းလေး ပေးနိုင်ပါတယ်။ ဥပမာ “I really like the way … “ ဆိုပြီး ကိုယ်သဘောကျတဲ့ အချက်ကို ပြောပေးတာမျိုး ဖြစ်ပါတယ်။

3. Be Specific

တတိယအနေနှင့်ကတော့ ကလေးတွေကို ချီးကျူးတဲ့အခါ တိတိကျကျ ပြောပေးတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက် လုပ်ဆောင်လိုက်တဲ့ အရာတစ်ခုနှင့် ပတ်သက်ပြီး ခြုံငုံပြီး ချီးကျူးလိုက်တာထက် ပိုပြီး အသေးစိတ်ကြည့်ပေးပြီး ချီးကျူးပေးလိုက်တာမျိုးပါ။ ဥပမာ - ကလေးလုပ်ဆောင်လိုက်တဲ့ အရာနှင့် ပတ်သက်ပြီး “ဆရာ ဒီတစ်ခုတော့ သိထားမိတယ် ...” စသဖြင့် ချီးကျူးပေးနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပါပဲ။ အထူးသတိထားရမှာ တစ်ခုက ကိုယ်ဟာ ကလေးတွေကို အထောက်အပံ့ပေးဖို့၊ ကလေးတွေအတွက် ရှိနေပေးတယ်ဆိုတာကို ကလေးတွေသိအောင်၊ ခံစားမိအောင် ပြသပေးရမှာ ဖြစ်ပြီး မမှန်မကန် မြှောက်လုံးပင့်ပြောဆိုတာမျိုး မပြုလုပ်မိဖို့ ဖြစ်ပါတယ်။

ဒီလို Supportive ဖြစ်တဲ့ စာသင်ခန်းတစ်ခုက ဆရာနှင့် ကလေးတွေကြားက ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေနိုင်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့သင်ခန်းစာမှာ ပါဝင်မှု၊ စာသင်ခန်းထဲမှာ လုပ်ဆောင်ရတဲ့ အရာတွေပေါ်မှာထားရှိတဲ့ ကလေးတွေရဲ့ စိတ်သဘာထား စတာတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် Supportive ဖြစ်တဲ့ စာသင်ခန်းတွေ ဖန်တီးနိုင်ကြဖို့၊ ကိုယ်ဟာ ကလေးတွေကို အထောက်အပံ့ပေးဖို့၊ ကလေးတွေအတွက် ရှိနေပေးတယ်ဆိုတာကို ကလေးတွေသိအောင်၊ ခံစားမိအောင် ပြသပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Ref: Scrivener, Jim. Classroom Management Techniques. Cambridge: Cambridge University Press, 2012.

_________

🔶 မြန်မာနိုင်ငံအနှံ့အပြားက ဆရာ၊ဆရာမများအတွက် ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) က အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာတန်းခွဲများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဆရာအတတ်သင်ပညာအကယ်ဒမီ (TEA) ၏ အွန်လိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သိရှိနိုင်ရန်အတွက် m.me/tea4teachers ကိုနှိပ်၍ "Graduate Diploma" ဟု ပို့ဆောင်ကာ ဆက်သွယ်နိုင်ပါတယ်။

#teachereducation #TEA #teachereducationacademy #TeacherEducationAcademy #tea4teachers #Ebooks #Ebook #tea4teachers

Teacher Education Academy-TEA

10 Oct, 12:27


🔶 TEA ၏ စာအုပ်လက်ဆောင်ကို အောက်ပါ Linkကနေတဆင့် ဝင်ရောက်ကာ Download ရယူနိုင်ပါတယ်။

✅ စာအုပ်အမည် - Becoming a Critically Reflective Teacher, Second Edition

✅ By: Stephen D. Brookfield

✅ PDF Link: https://drive.google.com/drive/folders/1EJcTODI-cwkcCAmDcTeuopQ9LQOSyF0I

🌸 ဆရာ၊ဆရာမတို့ရဲ့ Professional Development အတွက် ဖတ်ရှုသင့်တဲ့ စာအုပ်များထဲမှ နောက်ထပ်တစ်အုပ်ကို TEA က ထပ်မံညွှန်းဆိုကာ မျှဝေပေးလိုက်ပါတယ်။

2,066

subscribers

402

photos

8

videos