ရှမ်းမြောက်သတင်းစုံ

@shannorth


ရှမ်းပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းသတင်းများဖော်ပြမည်

ရှမ်းမြောက်သတင်းစုံ

22 Oct, 09:03


ရည်မွန်တစ်ကောင် ဒီတစ်ခါတော့ သီသီလေးလွတ်သွားတယ်...မနေ့က တိုက်ပွဲမဖြစ်ဘဲ ကောလင်းမြို့နယ် ဥက္ကံရွာနဲ့ ချောင်းနားရွာ နားကို လေကြောင်းတိုက်ခိုက်တယ်ဆိုပြီး အော်နေကြလို့...အဲဒါက တိုက်ပွဲဖြစ်လို့ ဗုံးကြဲတာမဟုတ်ဘူး...ရည်မွန် အဲဒီကိုရောက်နေတယ်ဆိုတာ နဂါး ဆီက သတင်းအတိအကျရလို့ လေကြောင်းတိုက်ခိုက်လိုက်တာ ဟုတ်ပြီလား...ကြားထဲက ရည်မွန်တစ်ကောင် အကြောင်းပြုပြီး PDF တွေ သေပွဲဝင်ပေးရတာတော့ စိတ်မကောင်းဘူး...

ရှမ်းမြောက်သတင်းစုံ

26 Sep, 17:10


ဂွမ်မော် ဆိုတဲ့ကောင်ကတော့ မိန်းမလို မိန်းမရနဲ့ ရေးနေပြန်ပြီ...အစိုးရက အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်နေတာကို ပျက်ရယ်ပြုသလိုလို၊ ဟာသလုပ်သလိုလိုနဲ့...ဒီကောင်တွေကိုကြည့်ရတာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို နားခါးနေပုံရတယ်...ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်ခေတ်အဆက်ဆက် အပျက်သဘောနဲ့ပဲ ဘေးလွယ်အိတ်လိုကန့်လန့်တိုက်နေတဲ့ကောင်တွေပဲ...လိုင်ဇာ ဆိုတာ အချိန်မရွေး တိုက်ခိုက်သိမ်းပိုက်လို့ရနေတဲ့ ပုံသေပစ်မှတ်ကြီးဆိုတာ ဒီကောင်တွေ အသိဆုံးပဲ...သနားလို့ မသိမ်းတာကို ပြည်ပမှာနေပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေတာ...မင်းကြောင့် မင်းအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးရမယ့်အရေးတော့ မြင်ယောင်မိတယ်...မင်းသိတာဖို့က အစိုးရက နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတုန်း အလိုက်သိသိနဲ့ ဆွေးနွေးရင်တော့ မင်းတို့သက်သာလိမ့်မယ်...မဟုတ်ရင်တော့ ပုံသေပစ်မှတ်ဖြစ်နေတဲ့ မင်းတို့လိုင်ဇာက နေ့မကူးဘဲ ပြာပုံအတိဖြစ်သွားလိမ့်မယ်...အဲဒီအချိန်ကျရင်တော့ မီဒီညာတွေကနေပြီး မအော်ကျေးနော်...

ရှမ်းမြောက်သတင်းစုံ

22 Sep, 06:20


တိုက်ပွဲသတင်း (သီပေါ)

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် သီပေါမြိုနယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းအား TNLA အကြမ်းဖက် ၁၀ ဦးတိုသည် လူနေအိမ်များကို အကာအကွယ်ယူ၍ ပစ်ခတ်သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ -
(၁) TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခုနှင့် ကျည်များ
(၄) လက်ပစ်ဗုံး ၂ လုံး

တိုအား သိမ်းဆည်းရရှိခဲ့ပါတယ်။

ရှမ်းမြောက်သတင်းစုံ

14 Sep, 17:44


ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ သဘောထားထုတ်ပြန်တွင်ဖော်ပြထား
=====================
ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် ၎င်းထုတ်ပြန်ချက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးပါကြောင်း၊ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါကြောင်း စသဖြင့်လည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

ရှမ်းမြောက်သတင်းစုံ

14 Sep, 15:28


ပြည်ပြေးတွေ၊ အကြမ်းဖက်အားပေးတွေ၊ မီဒီညာတွေနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက TNLA နဲ့ PDF တွေ တောင်ခမ်းမှာ အခြေအနေမဟန်တော့မှန်းသိလို့ ပြည်သူတွေကို ဆိုက်ဝါးထည့်တဲ့အနေနဲ့ တောင်ခမ်းရပြီ တောင်ခမ်းရပြီဆိုပြီး အော်နေကြတာ... ကိုယ့်နိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဖြစ်လို့ အလျှော့ပေးထားတာကို နားမလည်ဘဲ ရောင့်တက်လာတော့လဲ ဆော်ပေးရတာပေါ့... အခုတော့ မျောက်သုံးကောင်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး အပြတ်ဆော်ပြနေပြီနော်... အထိုးကျွေးခံ PDF တွေနဲ့ TNLA ကကောင်တွေကတော့ တောင်ခမ်းကိုမရဘဲ ၃ ပေ ၆ ပေ အကွက်တွေ အများကြီးရသွားကြပြီ... အဲဒီတော့ တောင်ခမ်းကို တိုက်ချင်တယ်ဆိုရင် ကိုယ့်သေတွင်းကိုယ် အရင်တူးခဲ့ပြီးမှ လာခဲ့ဖို့ သတိပေးလိုက်မယ်နော်... သတိပေးထားရဲ့နဲ့ မသာပေါ်ကုန်တော့မှ အသံထွက်မလာကြနဲ့...

ရှမ်းမြောက်သတင်းစုံ

14 Sep, 08:58


တောင်ခမ်းသတင်း (Update)

စက်တင်ဘာ ၁၃ ရက်၊ နေ့လည် ၂ နာရီကျော်ခန့်မှာ နယ်မြေခံတပ်ရင်းတစ်ခုကို TNLA/PDF အကြမ်းဖက် ၂၀ ဦးခန့်က အဝေးမှ နှောင့်ယှက်ပစ်ခတ်မှုလုပ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ရန်သူဆုတ်ခွာသွားခဲ့ပါတယ်။ အလားတူ ညနေ ၄ နာရီကျော်ခန့်မှာလည်း ဝန်းကျင်ရှင်းစစ်ကြောင်းနှင့် ရန်သူ ၁၀ ဦးတို ပစ်ခတ်မှု ဖြစ်ပွားပြီး ရန်သူပြန်ဆုတ်သွားခဲ့ပါတယ်။ (မိမိဘက်ထိခိုက်မှုမရှိပါ)။
-
“ရန်သူအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်နိုင်တယ်”လို ရရှိသတင်းအရ တပ်ရင်း တစ်ခု၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ရန်သူဝင်ရောက်နိုင်တဲ့လမ်းကြောင်းအား မိုင်းများခင်းပြီး ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ပါတယ်။ ညအချိန် ၇ နာရီခန့်မှာတော့ ရန်သူအင်အား ၁၀၀ ခန့် ချဉ်းကပ်လာပြီး ရန်သူ့ရှေ့ပြေးအဖွဲ မိုင်းကွင်းထဲဝင်သွားပြီး မိုင်းများနင်းမိကာ တအုံးအုံးနဲ့ လေပေါ်တွင် မြောက်မြောက် တက်နေကြပါတယ်။ ကင်းပုန်းအဖွဲမှ စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့လို ရန်သူဟာ အလောင်းတွေဆွဲပြီး ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ ..
(၁) TNLA (၁) လောင်း၊ PDF (၃) လောင်း၊ ပေါင်း (၄) လောင်း
(၂) MA – 1 ၄ လက်၊ Type-81 ၁ လက်၊ ပေါင်း (၅)လက်

တိုအား သိမ်းဆည်းရရှိခဲ့ပါတယ်။
-
စက်တင်ဘာ ၁၀ ရက်နေ့ကလည်း အဆိုပါနေရာ(တောင်လှ)အနီးဖြစ်စဉ်တွင် ရန်သူ့ထံမှ ၆ လောင်း၊ ၅ လက် သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
-
ဒါ .. တောင်ခမ်းမှာ လက်ရှိဖြစ်နေတဲ့ မြေပြင်အမှန်ပါ။
-
ရန်သူတွေအနေနဲ့ တောင်ခမ်းမှာရှိတဲ့ တပ်စခန်းတွေကို လွန်ခဲ့တဲ့ ၁ လလောက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာနဲ့ အကြိမ်ကြိမ်ရှုးနိမ့်ခဲ့ပါတယ်။ ယခုအခါမှာတော့ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေနည်းပါးလာပြီး အုပ်စုငယ်များဖြင့်သာ အဝေးမှ နှောင့်ယှက်ပစ်ခတ် နိုင်တော့တာ တွေ့ရှိရပါတယ်။
-
သတိထားမိတာက TNLA/PDF အကြမ်းဖက်အဖွဲတွေဟာ တိုက်ခိုက်ရေးအဖွဲတွေအပြင် အလောင်းကောက် အဖွဲကို သက်သက်ဖွဲထားပြီး တိုက်ပွဲတွေမှာ ကျဆုံးတဲ့ ၎င်းတို၏အလောင်းတွေကို ချက်ချင်းကောက်ယူ ဆွဲပြေးကြတာကို တွေ့ရပါတယ်။ (သေနတ်ကိုတော့ ကောက်ချင်မှ ကောက်ပေမယ့် အလောင်းဆိုပါက သေချာပေါက် ကောက်ယူပါတယ်)။ ရည်ရွယ်ချက်ကတော့ ၎င်းတို သူပုန်အဖွဲတွေအကြား စိတ်ဓာတ်မကျစေ ရန်နှင့် Social Media များပေါ်တွင် TNLA/PDF များ ကျဆုံးမှုမရှိ (အောင်ပွဲရနေကြောင်း) ဝါဒဖြန့် အလှူခံနိုင်ရန်အတွက် ဖြစ်ပါတယ်။
-
ဒီလောက်အလောင်းတွေကို ဆွဲပြေးတာတောင် အလောင်းအများအပြား မကြာခဏကျန်ခဲ့တယ်ဆိုတော့ ရန်သူအနေနဲ့ ဘယ်လောက် သေမလဲဆိုတာ မှန်းဆနိုင်ပါတယ်။
-
မြေပြင်မှာ တောင်ခမ်းဒေသကို လာရောက်ဖျက်ဆီးတဲ့ အကြမ်းဖက်သူပုန်အဖွဲများ အကျအဆုံးများစွာနဲ့ ရှုးနိမ့်နေပြီး နောင်ချိုဘက်သို ဆုတ်ခွာထွက်ပြေးသူ အများအပြားရှိပါတယ်။ စက် ၁၃ ရက် (မနေ့က) မှာ နောင်ချိုကို ဆုတ်ခွာထွက်ပြေးလာတဲ့ သူပုန်အဖွဲတွေကို “တောင်ခမ်းကို သိမ်းပိုက်ပြီး ပြန်လာတဲ့ အောင်ပွဲရသူများ အဖြစ်” အောင်ပွဲခံ ဝါဒဖြန့်နေတာ Social Media ပေါ်မှာ တွေ့ရပါတယ်။ (ဟာသ တစ်ပုဒ် (သို) အိပ်မက်ဆန်ဝတ္ထု တစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ)
-
အမှန်ကတော့ အဲ့ဒီသူပုန်တွေဟာ တောင်ခမ်းကနေ အသက်လုပြီး ဖရိုဖရဲထွက်ပြေးလာတဲ့သူများသာ ဖြစ်ပြီး တောင်ခမ်းမှာ မြန်မာ့တပ်မတော်က အေးဆေးတည်ငြိမ်စွာ ပန်းပန်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

ရှမ်းမြောက်သတင်းစုံ

22 Aug, 01:38


မြန်မာစကားတောင် မတတ်တဲ့သူတွေရဲ့ အုပ်ချုပ်ခြင်းအောက်မှာ လက်ခုပ်တွေတီးပြီး အားပေးနေတဲ့သူတွေ ဘယ်လောက်ထိ ဒဏ်ခံနိုင်မလဲ စောင့်ကြည့်အုံးမယ်...

ရှမ်းမြောက်သတင်းစုံ

28 Jul, 06:54


လားရှိးမြိုထဲကို ဝ တပ်ဖွဲ ဝင်ရောက်

စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA) တို တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းက လားရှိးမြိုထဲကို ‘ဝ’ တပ်ဖွဲတွေ မနေ့ညပိုင်းတုန်းက ဝင်ရောက်တယ်လို သိရပါတယ်။

‘ဝ’ တပ်ဖွဲဝင်တွေ လားရှိးကို ဘာကြောင့် ဝင်ရောက်လာတာပါလဲ။