==============
အောက်တိုဘာလ ၁၇ ရက်၊ ဆမီး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် CDF (ပလက်ဝ)အဖွဲ့အား ထောက်ပံ့သည်ဟု စွတ်စွဲချက်ဖြင့် မြိုအမျိုးသား ၅ဦးကို ရခိုင်လူမျိုးရေးအစွန်းရောက်အဖွဲ့(AA)က ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရှိရသည်။
ယခုလ အောက်တိုဘာ ၁၄ရက်နေ့တွင် ဆမီးမြို့၊ ဝက်မကျေးရွာထဲသို့ ဝင်ရောက်လာပြီး နေအိမ်အသီးသီးမှ မြိုအမျိုးသား ၅ဦးအား အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများသည် ဦးအေးလွန်၊ ဦးကြာလုံး ၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ် နှင့် ဦးမနော့နော် တို့ဖြစ်ပြီး ၎င်းတို့သည် အသက် ၃၀မှ ၄၀ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA ဝင်ရောက်လာသည့်နေ့မှစ၍ ယနေ့အထိ CDF ပလက်ဝထောက်ပံသည်ဟု စွတ်စွဲမှုဖြင့် ပြည်သူအယောက် ၄၀နီးပါးအား AA အဖွဲ့ဝင်များမှ ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း AA အဖွဲ့နှင့် နီးစပ်သူများမှ ပြောကြားထားသည်။