Rogozin သည် ရုရှားနိုင်ငံ Donetsk မြို့တွင် ဒီဇင်ဘာ ၂၁ ရက်က ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ၎င်းဟိုတယ်သို့ အမြောက်ဆံ ကျရောက်ပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုတွင် ယူကရိန်းတပ်ဖွဲ့က ပြင်သစ်ထောက်ပံ့ပေးထားသော “Caesar” ဟောင်ဝစ်ဇာများကို အသုံးပြုခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြားထားသည်။
ကျောရိုး၏ညာဘက် “တစ်မီလီမီတာ” အကွာတွင် ဗုံးဆံစူးနစ်ဝင်ရောက် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုဗုံးဆံအား ဒေသဆိုင်ရာ ဆေးရုံတွင် ခွဲစိတ်ထုတ်ယူနိုင်ခြင်း မရှိသည့်အတွက် Rogozin အား မော်စကိုသို့ ပို့ဆောင်ကာ နှစ်သစ်ကူးမတိုင်မီ ခွဲစိတ်ကုသခဲ့ရသည်။
#fossilnews