ဗဟိုဘဏ်က တုံ့ပြန်သလိုပါပဲ။ FATF ရဲ့ အရေးယူမှုဟာ မြောက်ကိုရီးယားတို့၊ အီရန်တို့လို ပြင်းထန်မှုမရှိဘူးဆိုတာကိုလည်း သူ့အရေးယူမှုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပြည်ပရောက် မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ လစာပြန်လွှဲငွေတွေအပေါ် ထိခိုက်မှုမရှိစေရဘူးလို့ ပြောခဲ့တဲ့အချက်ကိုကြည့်ရင် သိနိုင်မှာပါ။
“လက်ရှိ မြန်မာလုပ်ငန်းရှင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က FATF Blacklist တွေ၊ စီးပွားရေးပိတ်ဆို့မှုတွေကြားထဲမှာ သူတို့လုပ်ငန်းတွေလည်ပတ်လာပြီး သူဌေးဖြစ်လာကြတာ။ ဒီအရေးယူမှုက နိုင်ငံ့အတွက်တော့ အီရန်၊ မြောက်ကိုရီးယားနဲ့ တစ်တန်းတည်းဖြစ်နေပြီဆိုပြီး တစ်ခါပြန်အပြောခံရတာကလွဲရင် သိက္ခာကျသွားတာကလွဲရင် ထူးခြားတဲ့အခက်အခဲတော့ မဟုတ်ပါဘူး။ ပြည်သူလူထုက အကြောက်မလွန်ဖို့၊ အစိုးရိမ်မလွန်ဖို့နဲ့ အစိုးရကထိန်းကျောင်းကိုင်တွယ်တတ်ရင် နောက်နှစ်မှာ ပြန်လွတ်မဲ့သဘောရှိပါတယ်”လို့ စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
၃။
FATF က မြန်မာနိုင်ငံကို Blacklist သွင်းတာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ သူ့အမြင် ၁၁ ချက်ကို လူမှုကွန်ရက်မှာ ရေးခဲ့တာ တွေ့ရပါတယ်။ အဲဒီအချက်တွေက Singapore နဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီနဲ့ ကိုယ်ပိုင် Bank Account ဖွင့်ထားသူတွေ၊ Digital Currencies Account ဖွင့်ထားသူတွေ ပိုပြီးသတိထားရမယ်လို့ ဆိုပါတယ်။ ခိုင်လုံတဲ့ စာရွက်စာတမ်း ( Invoice, BLs)မရှိဘဲငွေ Transfer လုပ်မယ်ဆို Bank Account ပိတ်တာတွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အရင်ကလည်း အလုပ်လုပ်တဲ့ Transaction များတဲ့ Company တွေရဲ့ ဘဏ် Account တွေပိတ်ခံထားရတာကနေ အခုတော့ ပိုပိတ်ခံရမှာဖြစ်သလို TTလွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်( Intermediate Bank) ကနေ Hold လုပ်တာ Freeze လုပ်တာခံရနိုင်တယ်လို့ သတိပေးပါတယ်။
ဟွန်ဒီ သမားတွေကလည်း တရားဝင်မဟုတ်တဲ့အတွက် Bank Account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ ငြိတဲ့အတွက် သတိထားဖို့လိုပြီး USD နဲ့ အခြား Currencies ငွေသား(Cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းကဝင်လာတာမဟုတ်တဲ့အတွက် အခုလည်း အရင်လိုပဲ တရားမဝင်လမ်းကြောင်းက ဆက်ဝင်ရောက်နေမှာလို့ ဆိုပါတယ်။ Export အတွက်ကတော့ EU ကို Payment with DP နဲ့ရောင်းသူတွေသတိထားရတော့မှာဖြစ်ပြီး ငွေပြန်မဝင်လာနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်းကတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ယွမ်၊ ဘတ်နဲ့ဆက်သွားမှာဖြစ်ပြီး လောလောဆယ်လည်း ဘင်္ဂလားဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း ၉၀၀ ကျော်)ဆန်ရောင်းရာမှာ တရုတ်ယွမ် ကိုသုံးထားတာတွေ့ရသလို
ပဲအမျိုးမျိုး၊ အထည်ချုပ်နဲ့ အခြားကဏ္ဍတွေကတော့ ဒေါ်လာနဲ့ အရောင်းအဝယ်ပြုနေတာပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီကတော့ Petrol China Company ကနေ ဝယ်နေပြီး ငွေပေးချေမှုကို တစ်ဝက်လောက်က တရုတ်ယွမ်နဲ့ပေးချေနေလို့ အခုဆိုရင် ရာနှုန်းပြည့်တရုတ်ယွမ်နဲ့ ပေးချေနိုင်မယ်လို့ ယူဆထားပြီး စားအုန်းဆီကတော့ ဒေါ်လာနဲ့ ပေးချေနေရပေမဲ့ တခြားငွေကြေးတွေလည်း သုံးလာနိုင်မယ်လို့ ခန့်မှန်းပါတယ်။
ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း Transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် ငွေပေးချေမှုကို ဒေါ်လာ၊ ထိုင်းဘတ်နဲ့ သုံးလို့ရနိုင်ပါတယ်။ အခြားသွင်းကုန်တွေကလည်း Thai Transit နဲ့ ဝင်ရောက်နေကြတာဖြစ်ပြီး Payment တွေကို Singapore က တင်းကြပ်မယ်ဆို ထိုင်းမှာ ကုမ္ပဏီထောင်ပြီး ထိုင်းဘဏ်တွေကိုပိုသုံးလာနိုင်လို့ အရင် နဝတခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။
INGO တွေအနေနဲ့ ပြည်ပကနေငွေဝင်လို့ရနေမှာဖြစ်ပေမဲ့ Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံက ကုမ္မဏီတွေ Branded Company တွေကတော့ Blacklist နိုင်ငံမှာအလုပ် လုပ်ခြင်းဟာ ငွေကြေးခဝါချမှုမှာ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာကြမှာဖြစ်ပြီး Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာဖြစ်ပေမဲ့ ဒါက Counter Measure လုပ်တဲ့အခါကြမှဖြစ်ပြီး အချိန်ရနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာပြီဆိုရင်လည်း တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ပိုအလုပ်လုပ်ကြမယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
“အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။ လက်ရှိအနေအထားရတော့ အလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း ( Enhance Due Diligence-EDD) အဆင့်မှာသာ ရှိတဲ့အတွက် ငွေရေးကြေးရေး လွှဲပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး။ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မဲ့ အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှုမပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်တို့ ရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်ခြင်း ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုရင်တော့ မှသာ