OJEIC(Okayama University Japan Educational Information Center) @ojeicmyanmar Channel on Telegram

OJEIC(Okayama University Japan Educational Information Center)

@ojeicmyanmar


"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

OJEIC(Okayama University Japan Educational Information Center) (Burmese)

OJEIC(Okayama University Japan Educational Information Center)ဆိုတာ ဘာကြောင့်လဲ။ ဒီကနေ့တော်အကတ်ပညာသင်သွားခြင်းအတွက် အကယ်၍ မြန်မာနိုင်ငံမှာပါဝင်ပြခဲ့တဲ့ OJEIC Myanmar Facebook Pageကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဒီလုပ်ငန်းကို ယေဘုယျရဲဘုယို၏ အသင်းသားအတွက် သက်သက် အချိန်ကြာထဲမှာ ပေါင်းကောက်ပေးပါတယ်။ သင့်အတွက် ဝင်ရောက်၍ ဤနေရာကို စမ်းသပ်ပါ။

OJEIC(Okayama University Japan Educational Information Center)

20 Feb, 03:22


~Shizuoka University မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ အင်္ဂလိပ်လိုသင်ယူနိုင်မဲ့ Asia Bridge Program(ABP) Master's Degree Program ~

🗻ဂျပန်နိုင်ငံရဲ့နာမည်ကြီး နိုင်ငံပိုင်တက္ကသိုလ် တစ်ခုဖြစ်တဲ့ Shizuoka University ဟာဆိုရင် Fuji တောင်တည်ရှိရာ Shizuoka ခရိုင် Shizuoka မြို့နဲ့ Hamamatsu မြို့ တွေမှာ တည်ရှိပါတယ်။ 2015 ခုနှစ်က စတင်ပြီး“Asia Bridge Program(ABP)”ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ရှိ ကျောင်းသူကျောင်းသားတွေအတွက် ဘွဲ့ကြိုတန်းပညာသင်ဆုတွေအပြင် ဘွဲ့လွန်တန်းပညာသင်ဆုတွေကိုလည်း ပေးအပ်လျက်ရှိပါတယ်။

🏆Shizuoka University ရဲ့ ABP Master's Degree Program ဟာဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်မှာဖြစ်ပြီး ဝင်ခွင့်အောင်မြင်သူတွေဟာ ဝင်ခွင့်စာမေးပွဲကြေး၊ ကျောင်းဝင်ကြေး နဲ့ ပထမနှစ်ကျောင်းလခ 100% ကင်းလွတ်ခွင့်ကိုရမှာဖြစ်ပါတယ်။ ပထမနှစ်ရဲ့ Academic Records အပေါ်မူတည်ပြီး ဒုတိယနှစ်ကျောင်းလခကို 50% သို့ 100% လျှော့ပေးမှာဖြစ်ပါတယ်။

ABP Master's Degree Program မှာ တက်ရောက်နိုင်တဲ့ ဌာနတွေကတော့-
🎓 Graduate school of Integrated Science and Technology
▶️Department of Informatics
-Informatics
▶️Department of Science
-Mathematics
-Physics
-Chemistry
-Biological Science
-Geosciences
▶️Department of Engineering
-Mechanical Engineering
-Electrical and Electronic Engineering
-Electronics and Materials Science
-Applied Chemistry and Biochemical Engineering
-Mathematical and Systems Engineering
-Management of Business Development
▶️Department of Agriculture
-Bioresource Sciences
-Applied Life Sciences
🎓 Interfaculty Graduate School of Mountain Watershed
တို့ပဲဖြစ်ပါတယ်။

‼️စိတ်ပါဝင်စားသူတွေအနေနဲ့ လျှောက်ထားလိုတဲ့ဌာနရဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်အသေးစိတ်ကို Application Guidelines မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

October 2025 Admission
Application Periods : March 10 ~ March 14, 2025 , 12:00 noon JST
🔺Application Guideline: https://www.shizuoka.ac.jp/subject/graduate/stg/document/app_guide_2025_abp.pdf

👇ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🗻Homepage : https://www.shizuoka.ac.jp/english/index.html
🗻Asia Bridge Program : https://www.abp.icsu.shizuoka.ac.jp/eng/
🗻Admission : https://www.abp.icsu.shizuoka.ac.jp/eng/news/1519/

OJEIC(Okayama University Japan Educational Information Center)

19 Feb, 03:59


🏆 MEXT University Recommendation Scholarship လျှောက်ထားရရှိနိုင်တဲ့ Hiroshima University ရဲ့ Department of Integrated Global Studies ( IGS Program )

🎖️Top Global University အဖြစ်ရွေးချယ်ခံရတဲ့ နာမည်ကြီး National University တစ်ခုဖြစ်တဲ့ Hiroshima University ရဲ့ School of Integrated Arts and Sciences, Department of Integrated Global Studies(IGS) ဟာဆိုရင် အင်္ဂလိပ်ဘာသာနဲ့သင်ယူနိုင်မဲ့ Undergraduate Program ပဲဖြစ်ပါတယ်။ IGS program ကို ထူးချွန်စွာဝင်ခွင့်အောင်မြင်ကြတဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတွေဟာဆိုရင် Japan အစိုးရပညာသင်ဆုဖြစ်တဲ့ MEXT (University Recommendation) Full Scholarship ကို လျှောက်ထားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

IGS Program မှာ အဓိကသင်ယူရမဲ့ဘာသာရပ်တွေကတော့
▪️Culture and Tourism
▪️Peace and Communication
▪️Environment and Society စတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

IGS Programကို လျှောက်ထားရန် အခြေခံလိုအပ်ချက်
၁။ အသက် ၁၈နှစ်ပြည့်သူဖြစ်ပြီး ၁၂ နှစ်ပညာရေးပြီးဆုံးထားသူ (သို့) International Baccalaureate , German Abitur, GCE A Level စသည့်လက်မှတ်တစ်ခုရရှိထားသူ။
၂။ IELTS 5.5 (သို့) TOEFL iBT 72 (သို့) TOEIC L&R/ TOEIC S&W 1560 နှင့်အထက်ရှိသူ။

【2026 April intake】
🔺Application Period : June 13~ June 27, 2025( 17:00 JST)
🔺Main Point of Application Guidelines : https://www.hiroshima-u.ac.jp/system/files/250998/Main%20points%20of%20application%20guide_2026.pdf

❗️Application Guidelines ကို 2025 Apirl တွင် Website မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ အနေနဲ့ကြိုတင်ပြင်ဆင်ထားနိုင်ရန် Main Point of Application Guidelines ကိုဖော်ပြပေးလိုက်ပါတယ်။

ပညာသင်ဆု အခွင့်အရေးများ
👉MEXT University Recommendation full Scholarship
👉Monbukagakusho Honors Scholarship : 48,000 JPY/month
👉IGS Scholarship : 300,000 JPY (For 1st Year)
*2nd Year မှ 4th year အထိ ကျောင်းသားရဲ့ Academic Records နှင့် Financial circumstances ပေါ်မူတည်ပြီး ပမာဏ ပြောင်းလဲနိုင်ပါသည်။

🥳ကျောင်းမှ ပေးအပ်တဲ့ ပညာသင်ဆုတွေအပြင် နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူတွေ လျှောက်ထားနိုင်တဲ့ Private Organizations (40)ခန့်က ပေးအပ်နေတဲ့ ပညာသင်ထောက်ပံ့ကြေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါပြီ။
✏️University : https://www.hiroshima-u.ac.jp/en
✏️Admission : https://www.hiroshima-u.ac.jp/en/igs/admissions_2026
✏️IGS Subjects : https://www.hiroshima-u.ac.jp/en/igs/curriculum/page02
✏️Scholarship: https://www.hiroshima-u.ac.jp/en/igs/fees-scholarships

OJEIC(Okayama University Japan Educational Information Center)

18 Feb, 03:38


🏆ကျောင်းလခလျှော့ချပေးတဲ့ အခွင့်အရေးတွေနဲ့ English-taught program များစွာရှိတဲ့ ~ Ritsumeikan University

💁🏻‍♀️နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ Ritsumeikan University ဟာဆိုရင် တည်ထောင်နှစ်ပေါင်းတစ်ရာကျော်ရှိနေပြီဖြစ်ပြီး Kyoto, Shiga နဲ့ Osaka မြို့တွေမှာ campus တွေရှိပါတယ်။ ဂျပန်လိုတက်‌ရောက်နိုင်တဲ့ဌာနတွေအပြင် English ဘာသာနဲ့ တက်ရောက်နိုင်တဲ့ Program တွေလည်းများစွာရှိပါတယ်။

Ritsumeikan University ရဲ့ English-medium Undergraduate Program တွေကတော့
🔹College of Global Liberal Arts (GLA) (Dual degree program with The Australian National University)
🔹College of International Relations, Global Studies (GS)
🔹College of Policy Science, Community and Regional Policy Studies (CRPS)
🔹College of Information Science and Engineering (ISSE)
🔹College of International Relations, Joint Degree Program with American University (JDP) တို့ဖြစ်ပါတယ်။

GLA, GS, CRPS (2025 September Enrollment)
Application Period: Feb 12 ~ Mar 04, 2025
📖 Application Handbook 2025: https://en.ritsumei.ac.jp/e-ug/apply/aohb25.pdf

ISSE, JD (2026 April Enrollment)
Application Period: Feb 12 ~ Mar 04, 2025
📖 Application Handbook 2026: https://en.ritsumei.ac.jp/e-ug/apply/aohb26_jdpisse.pdf

နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူတွေကို အနည်းဆုံး ကျောင်းလခ 20% လျှော့ချပေးပြီး ထူးချွန်တဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းလခ 50%, 100% လျှော့ချ‌ပေးတဲ့ Tuition Reduction Scheme အခွင့်အရေးလည်းရှိပါတယ်။ ဒါ့အပြင် JASSO Scholarship နဲ့ GLA (Dual Degree Program), JDP (Joint Degree Program) တွေအတွက် အခြား scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🔺Programs: https://en.ritsumei.ac.jp/e-ug/programs.html/?version=English
🔺How to Apply: https://en.ritsumei.ac.jp/e-ug/apply/howto.html/
🔺Scholarship: https://en.ritsumei.ac.jp/e-ug/financial_info/scholarships.html/?version=English

OJEIC(Okayama University Japan Educational Information Center)

17 Feb, 08:37


🗼Tokyo မြို့ ရှိ Musashino University မှာ English ဘာသာနဲ့သင်ယူနိုင်မဲ့ Department of Global Business

🏫Musashino University ကတော့ Tokyo မြို့မှာရှိတဲ့ Private University တစ်ခုဖြစ်ပါတယ်။ Musashino University ကို 1924 ခုနှစ်မှာတည်ထောင်ခဲ့ပြီး ကျောင်းတည်ထောင်တဲ့နှစ် နှစ်ပေါင်း (100)ကျော်ပြီဖြစ်ပါတယ်။ Faculties 13 ခုနဲ့ Departments 21 ခုရှိပြီး၊ Faculty of Global Studies ရဲ့Department of Global Business မှာဆိုရင် English ဘာသာနဲ့သင်ယူနိုင်ပါတယ်။ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအနေနဲ့ 100% Tuition Fee Exemption အထိရရှိနိုင်မဲ့ Global Leader Scholarship ကိုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်

1. August 31, 2025 တွင် အသက် ၁၈နှစ်ပြည့်ပြီးသူ
2. အထက်တန်းအောင် (သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level, Abitur, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ(သို့) March, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
3. TOEFL iBT ® (61 or above), IELTS (Academic, 5.5 or above) or TOEIC ® (700 or above)ရှိထားသူ။

Application Period ( For 2025 September Intake)
Intake I ~ VI : December 2, 2024 ~ April 25, 2025 (ဂျပန်ပြည်ပတွင်နေထိုင်သူများ)
- 100% Tuition Fee Exemption အထိရရှိနိုင်မဲ့ Global Leader Scholarship လျှောက်ထားရရှိနိုင်

🔺Application Guidelines : https://www.musashino-u.ac.jp/admission/2025%20Admission%20to%20Department%20of%20Global%20Business%20(International%20Applicants).pdf

💰ကျောင်းလခတွေကတော့
💴Admiss ion Fee - 180,000 yen (*နိုင်ငံတကာကျောင်းသားကျောင်းသူများ Admission Fee ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။)
💴Tuition Fee and Other Fees - 1, 170,600 yen (For First Year)

🗼Musashino University : https://www.musashino-u.ac.jp/

🗼Admission : https://www.musashino-u.ac.jp/admission/download/international_students.html

🗼Tuition Fees and Other Fees : https://www.musashino-u.ac.jp/admission/7868e10f690de2db049a33bed6033fbc.pdf

OJEIC(Okayama University Japan Educational Information Center)

14 Feb, 03:06


👩🏻‍💻Computer Science, Programming, Networking, AI, Robotics စတဲ့ပညာရပ်တွေကို သင်ယူလိုသူများအတွက် ~The University of Aizu ရဲ့ ICT Global All-English Program

💻The University of Aizu ဟာ Local Public University တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အရှေ့ပိုင်းဒေသဖြစ်တဲ့ Fukushimaပြည်နယ်မှာတည်ရှိပါတယ်။ Top Global University Project အဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ Computer Science, Programming,Networking, AI, Robotics စတဲ့ပညာရပ်တွေကို သင်ယူလိုသူများအတွက် ရွေးချယ်သင့်တဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။

The University of Aizu မှာ English ဘာသာနဲ့ သင်ယူနိုင်တဲ့ Program ကတော့ The School of Computer Science and Engineering ရဲ့ ICT Global All-English Program ဖြစ်ပါတယ်။

ICTG Program မှာ လေ့လာနိုင်တဲ့ Fields တွေကတော့
🔹Computer Science
🔹Computer Systems
🔹Computer Network Systems
🔹Applied Information Technologies
🔹Software Engineering စတာတွေပဲဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
၁။ အထက်တန်းအောင်(သို့)GCE A-Level, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ (သို့) Sep 30, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
၂။ TOEFL iBT 72+, IELTS 5.5+, TOEIC 785+ စသည့် အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတစ်ခုကိုဖြေဆိုထားသူ။
၃။ Mathematical and Science Subjects(EJU, IB, ACT, AP, GCE A-level) များဖြေဆိုထားရှိသူ။

【2025 October Enrollment】
Application Period : Feb 26 ~ March 21, 2025
Application Guidelines : https://u-aizu.ac.jp/files/page/others/2025ICTG.general.e.pdf

ကျောင်းလခတွေကတော့
💰Admission Fee - 564,000 yen
💰Tuition Fee - 520,800 yen per year ဖြစ်ပါတယ်။

Scholarship အခွင့်အရေးအနေနဲ့ JASSO Scholarship ၊ Rotary Yoneyama Scholarship SAISUA Scholarship စတဲ့ အခွင့်အရေးတွေလည်းရှိပါတယ်။
Scholarship: https://u-aizu.ac.jp/en/curriculum/internal/international/

အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
▶️The University of Aizu : https://www.u-aizu.ac.jp/en/
▶️ICT Global All-English Program : https://u-aizu.ac.jp/sgu/en/ictg/
▶️ICT Global All-English Program (Admission Materials) : https://u-aizu.ac.jp/en/materials/

OJEIC(Okayama University Japan Educational Information Center)

13 Feb, 05:35


🇯🇵Japan Education Fair in Yangon 2025 👩🏻‍🏫

🎊ဂျပန်ပညာတော်သင်ကို စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက် “Japan Education Fair in Yangon 2025” ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပပေးသွားမှာဖြစ်ပါတယ်။

💁🏻‍♀️ဒီပွဲမှာဆိုရင် ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ သက်မွေးပညာသင်ကောလိပ်၊ ဂျပန်ဘာသာစကားကျောင်း စတဲ့ ပညာရေးအဖွဲ့အစည်းတွေမှ ဆရာဆရာမတွေက လာရောက်ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)၊ Okayama University Japan Educational Information Center (OJEIC) ကလည်း ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🇯🇵🇲🇲ဂျပန်-မြန်မာ စကားပြန်တွေလည်း စီစဉ်ပေးထားပြီး မည်သူမဆို အခမဲ့လာရောက် ပါဝင်ဆင်နွှဲနိုင်ပါတယ်။ မေးလိုရာမေးမြန်းနိုင်မဲ့ အမေးအဖြေကဏ္ဍလည်း ပါဝင်မှာဖြစ်တာကြောင့် ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားသူတိုင်း ဆက်ဆက်ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Day 1: Feb 15, 2025(Sat)
Day 2: Feb 16, 2025(Sun)
Time : 10:00 a.m. ~ 3:00 p.m.
🔺Venue: Yangon, M-Tower, 18th floor.
🔺Address: No.527, Pyay Road, Kamayut Township, Yangon, Myanmar.

📌အခမဲ့ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Registration link :https://docs.google.com/forms/d/e/1FAIpQLScex-XpZEGS9m-7GeXZjNZ1ycEPSk4ZmXxTZ_YGZw9LfaEtRw/viewform

OJEIC(Okayama University Japan Educational Information Center)

13 Feb, 03:23


🏆ဂျပန်နိုင်ငံရဲ့Top(10)စာရင်းဝင် ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Tsukuba ရဲ့ Japan-Expert (Bachelor Degree) Program

👨🏻‍🎓👩🏻‍🎓Japan-Expert (Bachelor Degree) Program ဟာဆိုရင် ဂျပန်နိုင်ငံ (သို့) မိမိနိုင်ငံရှိ ဂျပန်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ဆန္ဒရှိတဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံကိုပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ 4-year Undergraduate Program တစ်ခုဖြစ်ပါတယ်။

JEP မှာ ရွေးချယ်သင်ကြားနိုင်တဲ့ Courseတွေကတော့
▪️Agricultural Science Course
▪️Healthcare Course
▪️Japanese Art and Design Course
▪️Japanese Language Teacher Training Course တို့ဖြစ်ပါတယ်။

👩🏻‍🏫Program ရဲ့ပထမနှစ်ဝက် ၆လမှာ ဂျပန်ဘာသာကိုသာ အဓိကသင်ယူရမှာဖြစ်ပါတယ်။ Internship Program လည်းထောက်ပံ့ပေးထားပြီး သင်ယူခဲ့တဲ့ဘာသာရပ်ရဲ့နယ်ပယ်ကိုအမှန်တကယ်ကျွမ်းကျင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း လေ့ကျင့်ခွင့်ရမှာဖြစ်ပါတယ်။

Eligibility To Apply
1.အထက်တန်းအောင်(သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2.Japanese Language Proficiency: N3 level နှင့်အထက်ရှိထားသူ။ (JLPT, J.TEST, TOP-J, AP, EJU)
‼️Japanese Language Teacher Training Course အတွက် N2 level နဲ့အထက်

Japanese Art and Design Course အတွက် Art Works တွေကိုပါတင်ပြရန်လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး၊ Interview အကြောင်းအရာတွေကို Application Guidline မှတစ်ဆင့် လေ့လာနိုင်ပါတယ်။

🔺Application Period: Feb 28~ Mar 21, 2025 ( 5 P.M. JST)
*Application Documents must be received by March 28, 2025

🔺Application Guidelines (2025 October Intake) : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2024/12/3ff61ee0dcbe793f746f50ba9e77ff18.pdf

ထူးချွန် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျော့ချပေးခြင်းနဲ့ Health Care Course မှ ကျောင်းသားကျောင်းသူတွေအတွက် Imagawa FUTURE Fund Scholarship: 80,000yen/month + 50,000yen (only for one time enrollment) စတဲ့ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။ ဒါ့အပြင်JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ရပီးနောက်ပိုင်းလျှောက်ထားလို့ရတဲ့ Private Foundationတွေက ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သတ်တဲ့အသေးစိတ် အချက်အလက်တွေကို အောက်ပါwebsiteတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
🪻University of Tsukuba : https://www.tsukuba.ac.jp/en/
🪻JEP : https://jp-ex.tsukuba.ac.jp/en/
🪻Scholarship :https://jp-ex.tsukuba.ac.jp/en/support/
🪻Pamphlet : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2024/02/pamph2024jpen.pdf

OJEIC(Okayama University Japan Educational Information Center)

11 Feb, 03:06


🗺️ ကျောင်းလခ 100%ကင်းလွတ်ခွင့်ရရှိနိုင်တဲ့ SDGs Ambassador Program ကိုလျှောက်ထားနိုင်မဲ့ Toyo University

🗼Toyo University ဟာဆိုရင် Tokyo မြို့မှာတည်ရှိပြီး၊ 1887ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ Top Global University Type Bအဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ ကျောင်းလခ 100%ကင်းလွတ်ခွင့်ရရှိနိုင်မဲ့ Toyo SDGs Ambassador Scholarship ကိုတစ်ပြိုင်နက်ထဲ လျှောက်ထားနိုင်မှာဖြစ်ပြီး Sustainable Development Goals (SDGs)ရဲ့ Ambassador အဖြစ် ရွေးချယ်ခန့်အပ်ခံရမယ်ဆိုရင်-
▪️100% Tuition and Other Fees Exemption (First Year)
▪️60-100% Tuition and Other Fees Exemption (Second to Fourth Year)
▪️Free Dormitory
▪️Have an faculty advisor and student mentor for planning, organizing, and conducting SDGs-related events and activities စတဲ့အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

🇬🇧Toyo University မှာ Toyo SDGs Ambassador Scholarship ကိုလျှောက်ထားနိုင်ပြီး English ဘာသာနဲ့သင်ယူနိုင်မဲ့ ဘွဲ့ကြိုဌာနကတော့-
《Faculty of Global and Regional Studies》
-Global Innovation Studies (GINOS)
-Regional Development Studies တို့ဖြစ်ပါတယ်။

🇯🇵 Toyo University မှာ Toyo SDGs Ambassador Scholarship ကိုလျှောက်ထားနိုင်ပြီး Japan ဘာသာနဲ့သင်ယူနိုင်မဲ့ ဘွဲ့ကြိုဌာနကတော့-
- International Culture and Communication Studies
- International Economics
- Regional Development Studies (You may choose either studying in English or Japanese)
- Information Networking for Innovation and Design (INIAD)
- Social Welfare Studies
- Healthcare and Sports Sciences
- Mechanical Engineering
- Information Sciences and Arts
- Life Sciences
- Biomedical Engineering
- Biological Resources
- Food and Life Sciences
- Data Science for Food Systems တို့ဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်လျှောက်ထားရန် အခြေခံအရည်အချင်း လိုအပ်ချက်တွေကတော့-
1.အထက်တန်းအောင်မြင်ထားသူ (သို့)GCE A-Level, Abitur, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ(သို့) September 30, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2.English-taught program ကိုလျှောက်ထားမယ်ဆိုရင် IELTS 6.5, TOEFL iBT 94, or TOEIC L&R 780 + S&W 310 ရှိထားသူ။
4. Japanese-taught program ကိုလျှောက်ထားမယ်ဆိုရင် IELTS 6.0, TOEFL iBT 79 or TOEIC L&R 780ရှိထားသူ။ Department ပေါ်မူတည်ပြီး လိုအပ်တဲ့ Japanese language test score ရှိထားသူ။ (Application guideline မှာ ကိုးကားပါ)

‼️2025 September လကျောင်းဝင်ခွင့်အတွက် GINOS နဲ့ INIAD မေဂျာတွေကို လျှောက်ထားရရှိနိုင်မှာဖြစ်ပါတယ်။
【September 2025 Admissions】
Application Period - February 7~16, 2024
🔻Application Guide : https://www.toyo.ac.jp/nyushi/admission/admission-data/international-student/requirements-online/

Program နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါတယ်။
🌸Toyo University : https://www.toyo.ac.jp/en/
🌸Toyo SDGs Program : https://www.toyo.ac.jp/academics/international-exchange/prospective/full_scholarship/index.html
🌸Admission : https://www.toyo.ac.jp/nyushi/en/admission/

OJEIC(Okayama University Japan Educational Information Center)

27 Jan, 07:36


👩🏻‍🎓EJU (Examination for Japanese University Admission for International Students)

💁🏻‍♀️ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေ၊ သက်မွေးပညာကျောင်းတွေကို လျှောက်တဲ့အခါမှာ လိုအပ်လေ့ရှိတဲ့ EJU စာမေးပွဲအကြောင်းကို ပြောပြပေးချင်ပါတယ်။

EJU ဆိုတာက ဘာလဲ
EJU “Examination for Japanese University Admission for International Students” ဆိုတာ နိုင်ငံခြားသားကျောင်းသူ၊ကျောင်းသားတွေအတွက် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြစ်ပါတယ်။ တက္ကသိုလ်၊ကောလိပ်(အထူးသဖြင့်ဘွဲ့ကြိုတန်း)တွေကို ကျောင်းဝင်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အခြေခံ Academic Skillကို စစ်ဆေးတဲ့အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။

EJU ကိုဘယ်မှာဖြေရမှာလဲ
EJU စာမေးပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း‌ ဖြေဆိုနိုင်ပါတယ်။
လျှောက်လွှာတင်ရမည့်နေရာ:MAJA (Myanmar Association of Japan Alumni) Yangon, Mandalay

ဘယ်အချိန်တွေဖြေရမှာလဲ
EJUစာမေးပွဲကို တစ်နှစ် (2)ကြိမ် June နဲ့ November လတွေမှာကျင်းပလေ့ရှိပါတယ်။

🗓️2025ခုနှစ်အတွက် စာမေးပွဲရက်များ-
1st Session : June 15, 2025 (Sunday)
2nd Session : November 9, 2025 (Sunday)

🕰️လျှောက်လွှာတင်ရမည့်ကာလ -
1st Session : February 10~March 6, 2025
2nd Session : July 7~ July 31, 2025

ဘာတွေဖြေရမှာလဲ
EJU စာမေးပွဲ မှာဆိုရင် Japanese as a Foreign Language, Science (Physics, Chemistry, and Biology), Japan and the World, and Mathematics (Course 1, Course 2) ဆိုတဲ့ ဘာသာရပ်(7) မျိုးရှိပါတယ်။ ဒါပေမဲ့ ဘာသာရပ်အားလုံးကို ဖြေဆိုစရာမလိုပါဘူး။ ဝင်ခွင့်လျှောက်ထားလိုတဲ့ တက္ကသိုလ်နဲ့ မေဂျာပေါ်မူတည်ပြီး ရွေးချယ်ဖြေဆိုနိုင်ပါတယ်။

ဂျပန်လိုဖြေရမှာလား
EJU ဘာသာရပ်တွေထဲက Japanese as a Foreign Language(JFL) ဆိုတဲ့ ဘာသာရပ်ကလွဲပြီး ကျန်တဲ့ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာ (သို့) ဂျပန်ဘာသာနဲ့ ‌ရွေးချယ်ဖြေဆိုနိုင်ပါတယ်။

EJU ဘာကြောင့်ဖြေထားသင့်တာလဲ
EJUဖြေထားသင့်တဲ့ အဓိကအချက် (2) ချက်ရှိပါတယ်။
1. EJU အမှတ်နဲ့ မြန်မာနိုင်ငံကတစ်ဆင့် တိုက်ရိုက်ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ခြင်း။
2. JASSOရဲ့ Honors Scholarship for Privately-Financed International Students လို့ခေါ်တဲ့ စကော်လာရှစ်အခွင့်အရေးရှိခြင်း။

✈️ဂျပန်ပညာတော်သင်ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ EJU စာမေးပွဲကို ဖြေဆိုပြင်ဆင်ထားကြဖို့ အကြံပြုလိုပါတယ်။

🔺Guidelines for 2025 EJU (Jasso)
https://www.jasso.go.jp/en/ryugaku/eju/about/__icsFiles/afieldfile/2024/10/31/2025_e_eju_guidelines_1.pdf

“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
https://t.me/ojeicmyanmar

OJEIC(Okayama University Japan Educational Information Center)

27 Jan, 05:36


🌟ဂျပန်နိုင်ငံတွင် ဆရာဝန်တစ်ယောက်ဖြစ်လာရန် လမ်းကြောင်းများ 🩺

🇯🇵ဂျပန်နိုင်ငံတွင် ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိပါသလား? ဒီမွန်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းကို ကမ္ဘာ့အဆင့်မြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များထဲက တစ်ခုမှာ လုပ်ကိုင်ဖို့အတွက် သိထားသင့်တဲ့ အကြောင်းအရာများကို ပြောပြပေးသွားပါမယ်။ 🌍

လမ်းကြောင်း (၁) - နိုင်ငံခြားဆေးတက္ကသိုလ်များမှ ဘွဲ့ရများအတွက် 🌐
နိုင်ငံခြားဆေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပါက (၆နှစ် သို့မဟုတ် ၆နှစ်အထက်) အောက်ပါအချက်များ လိုအပ်ပါတယ် -

၁။ ဂျပန်အစိုးရ ဆရာဝန်လိုင်စင်စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် အရည်အချင်းပြည့်မီကြောင်းကြိုတင်စိစစ်မှုကို အောင်မြင်ရန်လိုအပ်ပါတယ်။
•ဒီစိစစ်မှုကတော့ သင်ရဲ့ပညာရေးအဆင့်အတန်းဟာ ဂျပန်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ သေချာစေရန် ဖြစ်ပါတယ်။
•လျှောက်လွှာစာရွက်စာတမ်းများနဲ့ စာမေးပွဲအားလုံးသည် ဂျပန်ဘာသာနဲ့ဖြစ်တဲ့အတွက်JLPT N1 အဆင့်နဲ့ ဂျပန်ဆေးပညာရပ်ဆိုင်ရာဝေါဟာရများကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။

📌 ပိုမိုသိရှိနိုင်ဖို့ အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.mhlw.go.jp/topics/2012/05/tp0525-01.html

၂။ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုခံရပြီးနောက် ဂျပန် အစိုးရဆရာဝန်လိုင်စင်စာမေးပွဲကို ဖြေဆိုနိုင်ပါတယ်။

−−−−
လမ်းကြောင်း (၂) - ဂျပန်နိုင်ငံတွင် ဆေးပညာသင်ယူခြင်း 🎓
ပိုပြီးနက်နဲတဲ့ အတွေ့အကြုံတွေကို ရှာဖွေလိုသူများကတော့ ဂျပန်နိုင်ငံမှာ ဆေးပညာသင်ယူခြင်းကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်!

🔹 International University of Health and Welfare (IUHW)
•အင်္ဂလိပ်ဘာသာနဲ့ ဆေးပညာရပ်ကို သင်ကြားပို့ချတဲ့ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။
•နိုင်ငံတကာကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြီးဖွင့်လှစ်ထားအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ရပ်ဝန်းမှာ ဆေးပညာသင်ယူနိုင်မဲ့ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

📌 ပိုမိုသိရှိနိုင်ဖို့ အောက်ပါလင့်တွေကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://admissions.iuhw.ac.jp/internationalstudents/index.html
https://www.iuhw.ac.jp/pdf/en/IUHW_low.pdf
−−−

သတိပြုရန်အချက်များ 📝
🔸 လမ်းကြောင်းနှစ်ခုလုံးကတော့ ဂျပန်ဘာသာနဲ့ကျင်းပတဲ့ ဂျပန်အစိုးရ ဆရာဝန်လိုင်စင်စာမေးပွဲကို အောင်မြင်ရန်လိုအပ်ပါတယ်။
🔸 ဂျပန်ဘာသာစကားကျွမ်းကျင်မှု - ပညာရပ်ဆိုင်ရာဝေါဟာရများကို နားလည်ဖို့နဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ ထိထိရောက်ရောက် ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် JLPT N1 အဆင့် ရရှိရန် အရေးကြီးပါတယ်။

🌟 ဂျပန်နိုင်ငံကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
ဂျပန်နိုင်ငံရဲ့ ဆေးပညာနယ်ပယ်ကတော့ ခေတ်မီနည်းပညာများ၊ လူနာဗဟိုပြု ပြုစုစောင့်ရှောက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်တွေနဲ့ ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံမှာ ဆရာဝန်တစ်ဦးဖြစ်လာခြင်းဟာ ကမ္ဘာ့အဆင့်မီ လေ့ကျင့်သင်ကြားမှုများနဲ့ လူအများရဲ့ ဘဝကို ပြောင်းလဲပေးနိုင်မဲ့ အခွင့်အလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။

💡 ဂျပန်နိုင်ငံမှာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို ဒီနေ့မှာပဲ စတင်လိုက်ပါ!

#StudyInJapan #MedicineInJapan #BecomingADoctor #IUHW #NationalExam #JLPTN1 #GlobalHealthcare

OJEIC(Okayama University Japan Educational Information Center)

27 Jan, 05:05


🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓


 ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဖေဖော်ဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် Meikei High School က ကျောင်းအကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ ဂျပန်အထက်တန်းကျောင်းပညာရေးကို စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 ထို့ပြင်၊ MAJA နှင့် OJEIC က ပညာတော်သင်သတင်းအချက်အလက်များကို ဝေမျှပေးသွားမည်ဖြစ်ပါသောကြောင့် ဂျပန်တက္ကသိုလ်များတွင် ပညာသင်ကြားလိုသူများကိုလည်း ပါဝင်တက်ရောက်စေလိုပါသည်။
 ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။
https://docs.google.com/forms/d/e/1FAIpQLSdyc92dZPAYAlxKuWRIk_uH8IMH6TsITyjatExv0VvFgvu3Yw/viewform?usp=dialog
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, Meikei High School

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。2月の相談会は茗溪学園高校(Meikei High School)より学校紹介セッションがあります。高校留学に興味のある皆さん、ぜひご参加ください!
 もちろん、MAJA及びOJEICのセッションもありますので、大学留学を目指している方もご参加ください。
 参加希望の方は以下の予約フォームリンクよりお申し込みください。

日時:2025年2月5日(水)14時~16時  
開催形式:オンライン(Zoom)
予約フォームリンク:
https://docs.google.com/forms/d/e/1FAIpQLSdyc92dZPAYAlxKuWRIk_uH8IMH6TsITyjatExv0VvFgvu3Yw/viewform?usp=dialog
アドバイザー:MAJA, OJEIC
ゲスト:茗溪学園高校(Meikei High School)

OJEIC(Okayama University Japan Educational Information Center)

27 Jan, 03:29


🗼Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ SPSF (Sophia Program for Sustainable Futures )

🗼Sophia University ဟာဆိုရင် 1913 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တိုကျိုမြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း 83 နိုင်ငံက တက္ကသိုလ်ပေါင်း 404 ကျောင်းနဲ့ ချိတ်ဆက်ထားပြီး Long-term, Short-term, Study Tours စတဲ့ Exchange Programs များစွာလည်းရှိပါတယ်။ Sophia University ဟာဆိုရင် ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Top Global University Project အဖြစ်အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

🌵Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ SPSF (Sophia Program for Sustainable Futures) ကိုမိတ်ဆက်ပေးချင်ပါတယ်။
SPSF Program မှာ တက်ရောက်နိုင်မဲ့ Department တွေကတော့-
▪️Department of Journalism
▪️Department of Education
▪️Department of Sociology
▪️Department of Economics
▪️Department of Management
▪️Department of Global Studies တို့ဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1.အထက်တန်းအောင်(သို့)၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။
2.TOEFL (or) IELTS ဖြေဆိုထားသူ။
3.Standardized Test Scores (SAT, ACT, IB, GCE A-level) တစ်ခုခုဖြေဆိုထားသူ။

【2025 Autumn Enrollment 】
<First Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
<Second Application>
Application Periods : March 12, 2025~ April 2, 2025 (11:59pm JST)

📝SPSF Program Application Guidelines : https://www.sophia.ac.jp/assets/uploads/sites/2/2024/05/SPSF_2025_Application_Procedure.pdf

ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ လျှောက်ထားနိုင်တဲ့ Sophia University New Student Scholarship, Sophia University Benefactors’ (Adachi) Scholarship တို့အပြင် Jasso Scholarship နဲ့ အခြား Private Organization တွေကပေးအပ်တဲ့ ပညာသင်ထောက်ပံ့ကြေးများလဲရှိပါတယ်။

📌ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🔺Homepage: https://www.sophia.ac.jp/eng/
🔺SPSF: https://spsf.sophia.ac.jp/about
🔺Admission: https://adm.sophia.ac.jp/eng/admissions/ug_p/en_ug/spsf/w_h/
🔺Scholarship: https://piloti.sophia.ac.jp/eng/scholarships1/
🔺Scholarship Application Guidelines 2025: https://piloti.sophia.ac.jp/assets/uploads/2024/07/01144645/2025procedure_inter_eng_graduateUG.pdf

OJEIC(Okayama University Japan Educational Information Center)

24 Jan, 03:42


🏆MEXT University Recommendation Full Scholarship အခွင့်အရေးရှိတဲ့ Okayama University ရဲ့ International Agricultural Program for Leading Regional Development (INAF) 🇯🇵

🏫Okayama University ရှိ Faculty of Agriculture ရဲ့ International Agricultural Program for Leading Regional Development (INAF) ကိုဆိုရင် ကမ္ဘာတစ်ဝန်းမှ စားနပ်ရိက္ခာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို သိပ္ပံနည်းကျဖြေရှင်းပြီး လူသားအရင်းအမြစ်ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားပါတယ်။ ဂျပန်ဘာသာနဲ့ အဓိကထား သင်ယူရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့သင်ယူနိုင်မဲ့ အတန်းတွေလည်း အနည်းငယ်ပါဝင်ပါတယ်။ နိိုင်ငံတကာကျောင်းသားကျောင်းသူတွေအနေနဲ့ အရှေ့တောင်အာရှမှ ကျောင်းသားကျောင်းသူတွေက အဓိကအားဖြင့် ကျောင်းဝင်ခွင့်ရရှိကြပါတယ်။

🥇 INAF Program ဟာဆိုရင် 4နှစ်ခွဲ Program ဖြစ်ပြီး Preliminary Education (Foundation Course) 6လ ၊ Specialized Education (Bachelor Courses) 4နှစ် ဖြစ်ပါတယ်။ Preliminary Education 6လတွင် Japanese Language နှင့် Specialized Education Preparation အတန်းများကိုသင်ယူရမှာဖြစ်ပါတယ်။

Specialized Education တွင်ရွေးချယ်နိုင်တဲ့ ဘာသာရပ်တွေကတော့-
🌳Agrochemical Biosciences
🌳Applied Plant Science
🌳Applied Animal Science
🌳Environmental Ecology တို့ဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံအရည်အချင်း လိုအပ်ချက်တွေကတော့
1. April 2, 2000 နောက်ပိုင်း မွေးဖွားသူ။ (For MEXT Scholarship)
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
3. ဂျပန်စာအရည်အချင်း JLPT N2 level နဲ့အထက်ရှိသူ။ (or) ဂျပန်စာအရည်အချင်း JLPT N3 level နှင့် အင်္ဂလိပ်စာအရည်အချင်း CEFR B2 level နဲ့အထက်ရှိသူ။

‼️ EJUနဲ့ အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတွေကိုလည်း ဖြေဆိုပြင်ဆင်ထားသင့်ပါတယ်။ 🏆 ကျောင်းဝင်ခွင့်ကို ထူးထူးချွန်ချွန်အောင်မြင်တဲ့ကျောင်းသား ကျောင်းသူ (6)ယောက်ဟာ ဂျပန်အစိုးရပညာသင်ဆုဖြစ်တဲ့ MEXT University Recommendation Full Scholarship ကိုလျှောက်ထားရရှိနိုင်မှာ ဖြစ်ပါတယ်။

(Enrollment Period)
▪️Preliminary Education (6months) - 2025 October
▪️Bachelor Courses (4years) - 2026 April
▪️Application Period : Feb 7 ~ Feb 14, 2025
▪️Application Guideline : https://www.okayama-u.ac.jp/user/agr/up_load_files/pdf/INAF_2025.pdf

🌳 Home : https://www.okayama-u.ac.jp/user/agr/index.html
🌳 Admission Information : https://www.okayama-u.ac.jp/user/agr/news/news_id13847.html

OJEIC(Okayama University Japan Educational Information Center)

23 Jan, 05:34


👩‍🎓ဂျပန်ဘာသာနဲ့ ဘွဲ့လွန်တန်းတက်ရောက်လိုသူတွေအတွက် Okayama University ရဲ့ Pre-Master Course👨‍🎓

🏫Okayama University ရဲ့ ဘွဲ့လွန်တန်းကို တက်ရောက်လိုတဲ့ နိုင်ငံတကာကျောင်းသား‌၊ ကျောင်းသူတွေအတွက် Pre-Master Course ~ Foundation Course for Post Graduate Studies ကိုမိတ်ဆက်ပေးချင်ပါတယ်။

ဒီ Pre-Master Course မှာဆိုရင် Academic Japanese ကိုသင်ယူနိုင်မှာဖြစ်ပြီး Research Plan အတွက်လည်း ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီအတန်းမှာ တက်ရောက်နေရင်းနဲ့ ဘွဲ့လွန်တန်းမှာ Supervisor အဖြစ် ဆောင်ရွက်ပေးမဲ့ ဆရာရဲ့ လမ်းညွှန်မှုကိုပါ ရယူရင်း ဂျပန်စာအရည်အချင်းနဲ့ ပညာရပ်ဆိုင်ရာ အသိပညာတွေကို ရရှိနိုင်တာကတော့ ဒီ Course ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

လျှောက်ထားရန်အခြေခံလိုအပ်ချက်
၁။ ဂျပန်ဘာသာစကားအရည်အချင်း JLPT N2/N1 level နှင့်အထက်ရှိသူ။
🔹Basic Class - JLPT N2 / N1 level
🔹Advanced Class - Advanced Academic Japanese Language Skills
၂။ Pre-Master course ကို လျှောက်ထားရန် Okayama University က ဆရာ၏သဘောတူညီချက်နှင့် Pre-Master course ကိုဝင်ပြီးနောက် Okayama University ၏ Graduate School ဝင်ခွင့်ဖြေဆိုသည့်အခါ လက်ခံပေးရန် ဆရာ၏သဘောတူညီမှုရရှိထားသူ။

📌အထက်ပါ လျှောက်ထားရန် အခြေခံလိုအပ်ချက်(၂)ချက်လုံး မပြည့်စုံသူသည်
▪️Application Period 2 အတွက် Jan 10, 2025 (Fri) မတိုင်မီ၊
▪️Application Period 3 အတွက် Mar 28, 2025 (Fri) မတိုင်မီ၊
Pre-Master Course ကို လျှောက်ထားခွင့်ရှိမရှိ "လျှောက်ထားရန်လိုအပ်ချက်အရည်အချင်းစစ်‌ဆေးရန် လျှောက်လွှာ" ကို အရင်တင်ပြရန် လိုအပ်ပါသည်။

♦️Application Period 2 (2025 April Intake):
Jan 27, 2025 ~ Feb 14, 2025
♦️Application Period 3 (2025 October Intake): Apr 21, 2025 ~ May 16, 2025

Application Guideline : https://intl.okayama-u.ac.jp/premaster/wp-content/uploads/sites/2/2024/07/premaster_guideline2025.pdf

💴ကျောင်းလခတွေကတော့
Admission Fee - 84,600 JPY
Tuition Fee - 178,200 JPY for 6 months

အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
Homepage: https://intl.okayama-u.ac.jp/premaster/
How to Apply : https://intl.okayama-u.ac.jp/premaster/application-method/

OJEIC(Okayama University Japan Educational Information Center)

23 Jan, 02:59


🏆Nagoya University Global 30 Undergraduate ScholarshipSecond Round for Applicants

👨🏻‍🎓👩🏻‍🎓ဂျပန်နိုင်ငံရဲ့ထိပ်တန်း National University တစ်ခုဖြစ်တဲ့ Nagoya University ရဲ့ G30 International Programs (Undergraduate Program) ဟာဆိုရင် လေးနှစ်လုံးကို အင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ G30 Undergraduate Program ကိုလျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ "G30 Undergraduate Scholarship" ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပြီး ထူးချွန်စွာ ကျောင်းဝင်ခွင့် အောင်မြင်ကြတဲ့သူတွေအတွက် MEXT University Recommendation အခွင့်အရေးလည်းရှိပါတယ်။

G30 Program မှာဒုတိယအကြိမ်အနေနဲ့ ထပ်မံခေါ်ယူမဲ့ ဘာသာရပ်တွေကတော့-
▪️Automotive Engineering
- Mechanical Engineering Course
- Electrical, Electronics/Information Engineering Course
▪️Physics - School of Physics
▪️Chemistry - School of Engineering
▪️Biological Science - School of Agricultural Sciences တို့ဖြစ်ပါတယ်။

Eligibility To Apply:
1. September 30, 2025 တွင် အသက်(18)နှစ်ပြည့်ပြီးသူ။
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level/IB ဖြေဆိုအောင်မြင်ထားသူ။
3. English Proficiency: IELTS 6 or higher , TOEFL iBT 80, Duolingo English Test 110 and above, ACT English Score 21 and above, CEFR C1 and aboveရှိသူ။
*မေဂျာအပေါ်မူတည်ပြီး EJU, SAT, ACT စတဲ့ Standardized Test Scores အနည်းဆုံးတစ်ခုကိုလည်းဖြေဆိုထားဖို့လိုပါတယ်။
【Application Periods】
Second Round - Jan 10, 2025, 9:00a.m. ~ Jan 31, 2025, 16:00a.m.(JST)

‼️Application Guide : https://admissions.g30.nagoya-u.ac.jp/wp-content/uploads/2024/08/application_requirements_en.pdf#page=22&zoom=100,57,418

🔺G30 Undergraduate Scholarship includes:
-ကျောင်းလခ ၄နှစ်စာ
-Registration fee
-Annual Stipend 500,000 yen/year

🔺MEXT University Recommendation includes:
-ကျောင်းလခ ၄နှစ်စာ
-Registration fee
-Monthly Stipend: 117,000 yen/ Month
-Round Trip Airfares

📚သက်ဆိုင်ရာမေဂျာအတွက် Essayမေးခွန်းနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Application Guidelines ကတစ်ဆင့်လေ့လာနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Online Application ကနေ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening, Interview / Oral Exam အပေါ်မူတည်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။

⚜️Nagoya University Global 30 : https://admissions.g30.nagoya-u.ac.jp/
⚜️Undergraduate Program : https://admissions.g30.nagoya-u.ac.jp/undergraduate/
⚜️Tuition and Financial Aid : https://admissions.g30.nagoya-u.ac.jp/studentlife/tuition/

OJEIC(Okayama University Japan Educational Information Center)

21 Jan, 03:18


🗺️ ကျောင်းလခ 100%ကင်းလွတ်ခွင့်ရရှိနိုင်တဲ့ SDGs Ambassador Program ကိုလျှောက်ထားနိုင်မဲ့ Toyo University

🗼Toyo University ဟာဆိုရင် Tokyo မြို့မှာတည်ရှိပြီး၊ 1887ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ Top Global University Type Bအဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းတက္ကသိုလ်
တစ်ခုလည်းဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ ကျောင်းလခ 100%ကင်းလွတ်ခွင့်ရရှိနိုင်မဲ့ Toyo SDGs Ambassador Scholarship ကိုတစ်ပြိုင်နက်ထဲ လျှောက်ထားနိုင်မှာဖြစ်ပြီး Sustainable Development Goals (SDGs)ရဲ့ Ambassador အဖြစ် ရွေးချယ်ခန့်အပ်ခံရမယ်ဆိုရင်-
▪️100% Tuition and Other Fees Exemption (First Year)
▪️60-100% Tuition and Other Fees Exemption (Second to Fourth Year)
▪️Free Dormitory
▪️Have an faculty advisor and student mentor for planning, organizing, and conducting SDGs-related events and activities စတဲ့အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

🇬🇧Toyo University မှာ Toyo SDGs Ambassador Scholarship ကိုလျှောက်ထားနိုင်ပြီး English ဘာသာနဲ့သင်ယူနိုင်မဲ့ ဘွဲ့ကြိုဌာနကတော့-
《Faculty of Global and Regional Studies》
-Global Innovation Studies (GINOS)
-Regional Development Studies တို့ဖြစ်ပါတယ်။

🇯🇵 Toyo University မှာ Toyo SDGs Ambassador Scholarship ကိုလျှောက်ထားနိုင်ပြီး Japan ဘာသာနဲ့သင်ယူနိုင်မဲ့ ဘွဲ့ကြိုဌာနကတော့-
- International Culture and Communication Studies
- International Economics
- Regional Development Studies (You may choose either studying in English or Japanese)
- Information Networking for Innovation and Design (INIAD)
- Social Welfare Studies
- Healthcare and Sports Sciences
- Mechanical Engineering
- Information Sciences and Arts
- Life Sciences
- Biomedical Engineering
- Biological Resources
- Food and Life Sciences
- Data Science for Food Systems တို့ဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်လျှောက်ထားရန် အခြေခံအရည်အချင်း လိုအပ်ချက်တွေကတော့-
1.အထက်တန်းအောင်မြင်ထားသူ (သို့)GCE A-Level, Abitur, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ(သို့) September 30, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2.English-taught program ကိုလျှောက်ထားမယ်ဆိုရင် IELTS 6.5, TOEFL iBT 94, or TOEIC L&R 780 + S&W 310 ရှိထားသူ။
4. Japanese-taught program ကိုလျှောက်ထားမယ်ဆိုရင် IELTS 6.0, TOEFL iBT 79 or TOEIC L&R 780ရှိထားသူ။ Department ပေါ်မူတည်ပြီး လိုအပ်တဲ့ Japanese language test score ရှိထားသူ။ (Application guideline မှာ ကိုးကားပါ)

‼️2025 September လကျောင်းဝင်ခွင့်အတွက် GINOS နဲ့ INIAD မေဂျာတွေအတွက် လျှောက်ထားရရှိနိုင်မှာဖြစ်ပါတယ်။
【September 2025 Admissions】
Application Period - February 7~16, 2024
🔻Application Guide : https://www.toyo.ac.jp/nyushi/admission/admission-data/international-student/requirements-online/

Program နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါတယ်။
🌸Toyo University : https://www.toyo.ac.jp/en/
🌸Toyo SDGs Program : https://www.toyo.ac.jp/academics/international-exchange/prospective/full_scholarship/index.html
🌸Admission : https://www.toyo.ac.jp/nyushi/en/admission/

OJEIC(Okayama University Japan Educational Information Center)

20 Jan, 10:00


🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓


 ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဖေဖော်ဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် Meikei High School က ကျောင်းအကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ ဂျပန်အထက်တန်းကျောင်းပညာရေးကို စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 ထို့ပြင်၊ MAJA နှင့် OJEIC က ပညာတော်သင်သတင်းအချက်အလက်များကို ဝေမျှပေးသွားမည်ဖြစ်ပါသောကြောင့် ဂျပန်တက္ကသိုလ်များတွင် ပညာသင်ကြားလိုသူများကိုလည်း ပါဝင်တက်ရောက်စေလိုပါသည်။
 ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။
https://docs.google.com/forms/d/e/1FAIpQLSdyc92dZPAYAlxKuWRIk_uH8IMH6TsITyjatExv0VvFgvu3Yw/viewform?usp=dialog
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, Meikei High School

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。2月の相談会は茗溪学園高校(Meikei High School)より学校紹介セッションがあります。高校留学に興味のある皆さん、ぜひご参加ください!
 もちろん、MAJA及びOJEICのセッションもありますので、大学留学を目指している方もご参加ください。
 参加希望の方は以下の予約フォームリンクよりお申し込みください。

日時:2025年2月5日(水)14時~16時  
開催形式:オンライン(Zoom)
予約フォームリンク:
https://docs.google.com/forms/d/e/1FAIpQLSdyc92dZPAYAlxKuWRIk_uH8IMH6TsITyjatExv0VvFgvu3Yw/viewform?usp=dialog
アドバイザー:MAJA, OJEIC
ゲスト:茗溪学園高校(Meikei High School)

OJEIC(Okayama University Japan Educational Information Center)

20 Jan, 08:34


❄️ပထမနှစ်ကျောင်းလခကင်းလွတ်ခွင့်ရရှိနိုင်မဲ့ Hokkaido University ရဲ့ Modern Japanese Studies Program (MJSP) 【Bilingual Bachelor’s Degree Program】

☃️ Hokkaido University ဟာဆိုရင် Japan နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ထိပ်တန်း National တက္ကသိုလ် တစ်ခုပဲဖြစ်ပါတယ်။ 1876 ခုနှစ်မှာ Sapporo Agricultural College တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း Hokkaidoခရိုင် Sapporo မြို့မှာတည်ရှိပါတယ်။

👩🏻‍🎓 Hokkaido University ရဲ့ Modern Japanese Studies Program (MJSP) ကတော့ Four-year Bilingual Bachelor’s Degree Program ဖြစ်ပါတယ်။ MJSP ကို ဂျပန်စာ အရည်အချင်းမရှိလည်း လျှောက်ထားနိုင်ပြီး၊ Bachelor’s Program မတက်ရောက်ခင် Intensive Japanese Course ကို (၆) လတက်ရောက်ရမှာဖြစ်ပါတယ်။ Bachelor’s Degree ရဲ့ ဒုတိယနှစ် (သို့) တတိယနှစ် အထိ အင်္ဂလိပ်လိုသင်ကြားနိုင်ပြီး၊ ကျန်စာသင်နှစ်များကို ဂျပန်လိုသင်ကြားရမှာဖြစ်ပါတယ်။

MJSP မှာဆိုရင်
▪️History and Culture
▪️Society and Political Economy
စတဲ့ Module ၂ ခုရှိပြီး၊ Major နဲ့ Minor ကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်မှာဖြစ်ပါတယ်။

💁🏻‍♂️ဒါ့အပြင် ဂျပန်စာအရည်အချင်းရှိသူ ကျောင်းသားကျောင်းသူတွေအနေနဲ့ Faculty of Humanities and Human Sciences, Law, Education, Economics & Business မှ ဂျပန်လိုသင်ကြားတဲ့ အတန်းတွေကိုလည်းတက်ရောက်သင်ယူနိုင်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်-
1. အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စသည်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2. TOFEL-iBT 79 or higher (သို့) IELTS 6.5 or higher ဖြေဆိုထားသူ။
*JLPT N2 or Higher ရှိသူတွေအနေနဲ့ Intensive Japanese Course ကိုမတက်ရောက်ဘဲ Bachelor’s Degree only ကိုလျှောက်ထားနိုင်ပါတယ်။

MJSP Enrollment
- Oct 2025 (for Intensive Japanese Course+ Bachelor’s Degree)
- Apr 2026 (for Bachelor’s Degree only)
Online Registration Period (1st Call) - Oct 25 ~ Nov 15, 2024
Online Registration Period (2nd Call) - Feb 3 ~ Feb 21, 2025

📌MJSP Basic Admission Policy for October 2025 and April 2026 Entry : https://www.oia.hokudai.ac.jp/mjsp/wp-content/uploads/2024/05/MJSP-Basic-Admission-Policy-for-October-2025-and-April-2026-Entry.pdf

🤩MJSP(2026 academic year) မှာ ကျောင်းဝင်ခွင့်ရရှိကြမဲ့သူတွေအတွက် Enrollment Fees, Tuition Fees (ပထမနှစ်) ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒုတိယနှစ်မှစပြီး Academic Performance အပေါ်မူတည်ပြီး ထူးချွန်သူတွေကို Fully or Half ကျောင်းလခလျှော့ချပေးမဲ့ အခွင့်အရေးတွေလည်းရှိပါတယ်။ ဒါ့အပြင် ကျောင်းဝင်ခွင့်ရပြီးနောက် လျှောက်ထားနိုင်တဲ့ Private Organizations တွေကပေးအပ်နေတဲ့ ပညာသင်ဆု အခွင့်အရေးတွေလည်းရှိပါတယ်။

❄️Hokkaido University : https://www.global.hokudai.ac.jp/
❄️MJSP : https://www.oia.hokudai.ac.jp/mjsp/
❄️How to Apply : https://www.oia.hokudai.ac.jp/mjsp/for-prospective-students/how-to-apply/
❄️Fees & Scholarship : https://www.oia.hokudai.ac.jp/mjsp/for-prospective-students/fees_and_scholarships/

OJEIC(Okayama University Japan Educational Information Center)

20 Jan, 06:37


🤩ကျောင်းလခလျော့ချပေးတဲ့ပညာသင်ဆုတွေနဲ့ English based Programများစွာရှိတဲ့Ritsumeikan University

🏛️ဂျပန်နိုင်ငံရဲ့နာမည်ကြီး Private University တစ်ခုဖြစ်တဲ့Ritsumeikan Universityဟာဆိုရင် Kyoto, Shiga နဲ့ Osaka မှာ Campus တွေရှိပါတယ်။ဂျပန်လိုတက်ရောက်နိုင်တဲ့အတန်းတွေအပြင် အင်္ဂလိပ်လို တက်ရောက်နိုင်တဲ့ အတန်းတွေလည်း ရှိပါတယ်။

🎓Ritsumeikan University ရဲ့ Undergraduate English based programတွေကတော့
🔺College of Global Liberal Arts (GLA)
🔺College of International Relation (GS)
🔺College Community and Regional Policy Studies Major (CRPS )
🔺College of Information Systems Science and Engineering Course (ISSE)
🔺College of International Relations, Joint Degree Program with American University (JDP)တို့ဖြစ်ပါတယ်။

🌸2026ခုနှစ် April လကျောင်းဝင်ခွင့်အတွက်ကတော့ ISSE နဲ့ JDP တို့ကိုလျှောက်ထားနိုင်ပါတယ်။

🍁လျှောက်ထားရန်အခြေခံလိုအပ်ချက်
၁။အထက်တန်းအောင်(သို့)12နှစ်တာပညာရေး ပြီးဆုံးထားသူ။
၂။TOEFL(or)IELTSဖြေဆိုထားသူ။
အသေးစိတ်ကိုအောက်ပါwebsite များမှာ လေ့လာနိုင်ပါတယ်။

(April 2026 Enrollment)
🕰️Application Periods : February 12,2025~April 3,2025
📃Application Guideline : https://en.ritsumei.ac.jp/e-ug/apply/aohb26_jdpisse.pdf

🏆Before Enrollment Scholarship တွေအနေနဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေကို 20%,50%,100% အထိ ကျောင်းလခလျော့ချပေးတဲ့ Tuition Reduction Scheme ရှိပါတယ်။After Enrollment တွေအနေနဲ့ကတော့ JASSO Scholarship နဲ့ International Students Assistance Scholarshipတွေလည်းရှိပါတယ်။JDPအတွက်တခြားScholarship အခွင့်အရေးတွေလည်းရှိပါတယ်။

☘️ကျောင်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါ ဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

🍁Home : https://en.ritsumei.ac.jp/
🍁Admission : https://en.ritsumei.ac.jp/admissions/
🍁Scholarship :https://en.ritsumei.ac.jp/e-ug/financial_info/scholarships.html/?version=English

OJEIC(Okayama University Japan Educational Information Center)

08 Jan, 05:40


🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓


  ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဇန်နဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် University of Tsukuba က တက္ကသိုလ်အကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ OJEIC, University of Tsukuba

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。1月の相談会は筑波大学(University of Tsukuba)より大学紹介セッションがあります。大学から直接情報を得られる良い機会ですので、ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

 日時:2025年1月8日(水)14時~16時
 開催形式:オンライン(Zoom)
 予約フォームリンク:https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
 アドバイザー:OJEIC
 ゲスト:筑波大学(University of Tsukuba)

OJEIC(Okayama University Japan Educational Information Center)

08 Jan, 04:49


🏆 MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ Kyushu University ရဲ့ School of Interdisciplinary Science and Innovation (ISI)

👩🏻‍🎓Kyushu University ဟာဆိုရင် Fukuoka မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Kyushu Universityမှာ English ဘာသာနဲ့ ပညာသင်ယူနိုင်မဲ့ School of Interdisciplinary Science and Innovation (ISI) ကိုမိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာကြီး လျင်မြန်စွာဖွံဖြိုးတိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကွာဟမှုဆိုင်ရာ ပြဿနာများလည်း ပိုမိုများပြားလာပါတယ်။ ISI ရဲ့ရည်ရွယ်ချက်ကတော့ ဒီပြဿနာတွေကို အမျိုးအစားခွဲခြားဖို့နဲ့ ပူပေါင်းဖြေရှင်းကြဖို့အတွက် လိုအပ်တဲ့ Ability and Attitude လိုအပ်ချက်တွေကိုအခြေခံပြီး Interdisciplinary Problem-Solving Skills တွေရရှိစေဖို့ ဖြစ်ပါတယ်။

💁🏻‍♀️ISI မှာ သင်ယူလေ့လာရမဲ့ ဘာသာရပ်တွေကို Approach Subjects နဲ့ Issue-Based Subjects ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ Approach Subjects တွေအနေနဲ့ Humanities and Social Sciences Approaches, Natural Sciences Approaches, Interdisciplinary Approaches တို့ကို အဓိကထားသင်ယူရမှာဖြစ်ပြီး၊ Issue-Based Subjects တွေအနေနဲ့ Human and Life Area, States and Region Area, Earth and Environment Area, Area Integrated, People and Society Area စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီProgram မှာရရှိမဲ့ ဘွဲ့ကတော့ Bachelor of Arts and Sciences ပဲဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1. အထက်တန်းအောင်မြင်ထားသူ (သို့) Sep 30,2025 တွင် ၁၂ နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
2. TOEFL, IELTS, TOEIC, Cambridge ESOL Examinations တစ်ခုခုဖြေဆိုထားသူ။
3. Standardized Test Scores (EJU, SAT, GCE A-Level, AP, IB) တစ်ခုခုဖြေဆိုထားသူ။

*Standardized Test Scores အဖြစ် EJU ဖြေဆိုမဲ့သူတွေအနေနဲ့-Math 1 (or) Math 2 [and] Japan and the World (or) Science 2 subjects ကိုကြိုက်ရာရွေးချယ်ဖြေဆိုနိုင်ပါတယ်။

【2025 October Enrollment】
Online Application Period: Dec 26, 2024 ~ Jan 9, 2025
Document Submission Period - Jan 6, 2025 - Jan 17 , 2025 (5pm JST)
🔺Application Guidelines : https://www.kyushu-u.ac.jp/f/58563/%EF%BC%88ISI%EF%BC%892025_Application%20Instruction.pdf

🏆ထူးချွန်စွာကျောင်းဝင်ခွင့်ရရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဂျပန်အစိုးရ ပညာသင်ဆု MEXT University Recommendation Scholarship ကို လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

🥳ဒါ့အပြင် ဒီ Program တွေမှာ ဝင်ခွင့်အောင်မြင်ကြတဲ့ ဂျပန်ပြည်ပမှလျှောက်ထားသူ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် ပထမနှစ်ကျောင်းလခ 50% လျှော့ချပေးမဲ့ ‘Exemption of Half Tuition’ ကိုလျှောက်ထားရရှိနိုင်ပါတယ်။ October လကျောင်းဝင်ခွင့်အောင်မြင်တဲ့ ဘွဲကြိုကျောင်းသား 5~6 ယောက်ကို 60,000 Yen~ 80,000 Yen/ month ထောက်ပံ့ပေးမဲ့ “Kyushu University International Undergraduate Scholarship. ISI scholarship for October Enrollment ” နဲ့ Jasso Scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link တွေမှာ ဖတ်ရှုနိုင်ပါတယ်။
⚜️Homepage: https://www.kyushu-u.ac.jp/en/
⚜️ISI : https://kyoso.kyushu-u.ac.jp/en/
⚜️Tuition fees and Scholarship : https://www.kyushu-u.ac.jp/en/admission/fees
⚜️Admission : https://www.kyushu-u.ac.jp/en/admission/faculty/foreign/foreign10/

OJEIC(Okayama University Japan Educational Information Center)

07 Jan, 03:16


🏆 MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ Kyushu University ရဲ့ International Undergraduate Programs (IUP)

Kyushu University ဟာဆိုရင် Fukuoka မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်
တစ်ခုပဲ ဖြစ်ပါတယ်။ Kyushu Universityမှာ English ဘာသာနဲ့ ပညာသင်ယူနိုင်မဲ့ International Undergraduate Programs (IUP) ကိုမိတ်ဆက်ပေးချင်ပါတယ်။

International Undergraduate Programs (IUP) မှာရွေးချယ်နိုင်တဲ့ Programတွေကတော့-
▪️Engineering Programs
- Electrical Engineering and Computer Science
- Applied Chemistry
- Civil Engineering
- Mechanical and Aerospace Engineering
▪️Bioresource and Bioenvironment Program တို့ဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1. အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30,2025 တွင် ၁၂ နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
2. TOEFL iBT 80 (သို့) IELTS 6.5 အထက်ရရှိထားသူ။
3. Standardized Test Scores (EJU, SAT, ACT, GCE A-Level/ IAL, AP, IB) တစ်ခုဖြေဆိုထားသူ။
*လျှောက်ထားလိုတဲ့ မေဂျာအပေါ်မူတည်ပြီး ဖြေဆိုရမဲ့ Standardized Test ရဲ့ ဘာသာရပ်တွေ ကွဲပြားပါတယ်။ Minimum Score Requirements တွေကိုလည်းဖော်ပြပေးထားပြီး Minimum Score ပဲရရှိထားပါက Standardized Test နှစ်မျိုးကိုဖြေဆိုပေးရန်လိုအပ်ပါတယ်။

Standardized Test Scores အဖြစ် EJU ဖြေဆိုမဲ့သူတွေအနေနဲ့-
▪️Engineering Programs
-Electrical Engineering and Computer Science (Math course 2, Physics)
-Applied Chemistry Engineering (Math course 2, Chemistry)
-Civil Engineering (Math course 2 , Chemistry and/or Physics)
-Mechanical Engineering and Aerospace Engineering (Math course 2)
▪️Bioresource and Bioenvironment Program (Math course 2, Science 2 subjects)
ကို ဖြေဆိုရမှာဖြစ်ပါတယ်။

【2025 October Enrollment】
🔺Online Application Period: Dec 26, 2024 ~ Jan 9, 2025
🔺Document Submission Period - Jan 6, 2025 - Jan 17 , 2025 (5pm JST)

【Application Guidelines】
👷🏻Engineering Programs (IUP) : https://www.kyushu-u.ac.jp/f/58566/ENG_2025_Application%20Instruction.pdf
🧑🏻‍🔬Bioresource and Bioenvironment (IUP) : https://www.kyushu-u.ac.jp/f/58569/2025_Type%20B%20%20%281%29.pdf

🏆ထူးချွန်စွာကျောင်းဝင်ခွင့်ရရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဂျပန်အစိုးရ ပညာသင်ဆု MEXT University Recommendation Scholarship ကိုလျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။

🥳ဒါ့အပြင် ဒီ Program တွေမှာဝင်ခွင့်အောင်မြင်ကြတဲ့ ဂျပန်ပြည်ပမှလျှောက်ထားသူ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် ပထမနှစ်ကျောင်းလခ 50% လျှော့ချပေးမဲ့ ‘Exemption of Half Tuition’ ကိုလျှောက်ထားရရှိနိုင်ပါတယ်။ October လကျောင်းဝင်ခွင့်အောင်မြင်တဲ့ ဘွဲကြိုကျောင်းသား 10 ယောက်ကို 60,000 Yen/ month ထောက်ပံ့ပေးမဲ့ “Kyushu University International Undergraduate Scholarship” နှင့် Jasso Scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link များကတဆင့် ဖတ်ရှုနိုင်ပါတယ်။
⚜️Homepage: https://www.kyushu-u.ac.jp/en/
⚜️Engineering Program : https://www.eng.kyushu-u.ac.jp/e/u_international.html
⚜️Bioresource and Bioenvironment: https://www.agr.kyushu-u.ac.jp/english/course/iup/
⚜️Admission : https://www.kyushu-u.ac.jp/en/admission/faculty/foreign/foreign10/

OJEIC(Okayama University Japan Educational Information Center)

06 Jan, 08:04


🇯🇵📖 ဂျပန်ပညာတော်သင်အတွက်NHKရဲ့သတင်းတွေကနေဂျပန်စာလေ့လာကြမယ်~

📰 ဒီတစ်ခေါက်မှာတော့ ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ဂျပန်နိုင်ငံရဲ့သတင်းတွေကိုကြည့်ရှုရင်း ဂျပန်စာလေ့လာနိုင်တဲ့ NHK ရဲ့NEWS WEB EASY ဆိုတဲ့ Websites လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Website ကတော့ အလယ်တန်း၊ မူလတန်းအရွယ်ကလေးတွေနဲ့ နိုင်ငံခြားသားတွေ အတွက် ရည်ရွယ်ပြီး သတင်းတွေကို လွယ်ကူတဲ့ဂျပန်စာနဲ့ ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးထားပါတယ်။

🪴NEWS WEB EASY : https://www3.nhk.or.jp/news/easy/

👩🏻‍💻 သတင်းတွေကို နားလည်ရလွယ်ကူတဲ့ ဂျပန်စာ အသုံးအနှုန်း၊ အရေးအသားတွေနဲ့ ရေးသားထားပြီး ဂျပန်စာKanji တွေရဲ့ဖတ်ရှုနည်း အသံထွက်တွေကိုပါ လိုအပ်ပါက ကြည့်ရှုလို့ရနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ 📻 Listening လေ့ကျင့်လိုသူတွေအတွက်လည်း သတင်းတွေကို Audio အဖြစ် နားထောင်လို့ရပါတယ်။

ဒါ့အပြင် ဂျပန်စာအရည်အချင်းမြင့်သူတွေအတွက်လည်း (ဂျပန်စာအရည်အချင်းမြှင့်တင့်လိုသူတွေအတွက်လည်း) Websiteထဲမှာ ပုံမှန်ဂျပန်စာအသုံးအနှုန်းတွေနဲ့ ရေးသားထားတဲ့သတင်းတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

🏯ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားကြတဲ့သူအားလုံး လက်ရှိဂျပန်နိုင်ငံရဲ့သတင်းတွေကို လေ့လာရင်း ဂျပန်စာအရည်အချင်းလည်း တိုးတက်လာအောင် NHK ရဲ့ NEWS WEB EASY website လေးကို အသုံးပြုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

OJEIC(Okayama University Japan Educational Information Center)

06 Jan, 06:30


🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓


  ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဇန်နဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် University of Tsukuba က တက္ကသိုလ်အကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ OJEIC, University of Tsukuba

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。1月の相談会は筑波大学(University of Tsukuba)より大学紹介セッションがあります。大学から直接情報を得られる良い機会ですので、ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

 日時:2025年1月8日(水)14時~16時
 開催形式:オンライン(Zoom)
 予約フォームリンク:https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
 アドバイザー:OJEIC
 ゲスト:筑波大学(University of Tsukuba)

OJEIC(Okayama University Japan Educational Information Center)

06 Jan, 05:36


🗼Tokyo မြို့ ရှိ Musashino University မှာ English ဘာသာနဲ့သင်ယူနိုင်မဲ့ Department of Global Business

🏫Musashino University ကတော့ Tokyo မြို့မှာရှိတဲ့ Private University တစ်ခုဖြစ်ပါတယ်။ Musashino University ကို 1924 ခုနှစ်မှာတည်ထောင်ခဲ့ပြီး ကျောင်းတည်ထောင်တဲ့နှစ် နှစ်
ပေါင်း (100)ပြည့်ပြီဖြစ်ပါတယ်။ Faculties 13 ခုနဲ့ Departments 21 ခုရှိပြီး၊ Faculty of Global Studies ရဲ့Department of Global Business မှာဆိုရင် English ဘာသာနဲ့သင်ယူနိုင်ပါတယ်။ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအနေနဲ့ 100% Tuition Fee Exemption အထိရရှိနိုင်မဲ့ Global Leader Scholarship ကိုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
1. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level, Abitar, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ(သို့) March, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2. TOEFL iBT ® (61 or above), IELTS (Academic, 5.5 or above) or TOEIC ® (700 or above)ရှိထားသူ။

Application Period ( For 2025 April Intake)
Intake III : Jan 20 ~ Jan 29, 2025 (ဂျပန်ပြည်တွင်း နေထိုင်သူ)
🔺Application Guidelines : https://www.musashino-u.ac.jp/admission/2025%20Admission%20Guidelines%20for%20International%20Students%20%28For%20Admission%20in%20April%202025%29.pdf

Application Period ( For 2025 September Intake)
Intake I ~ VI : December 2, 2024 ~ April 25, 2025 (ဂျပန်ပြည်ပ နေထိုင်သူ)
* 100% Tuition Fee Exemption အထိရရှိနိုင်မဲ့ Global Leader Scholarship လျှောက်ထားရရှိနိုင်
🔺Application Guidelines : https://www.musashino-u.ac.jp/admission/2025%20Admission%20to%20Department%20of%20Global%20Business%20(International%20Applicants).pdf

💰ကျောင်းလခတွေကတော့
💴Admission Fee - 180,000 yen (*နိုင်ငံတကာကျောင်းသားကျောင်းသူများ Admission Fee ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။)
💴Tuition Fee and Other Fees - 1,170,600 yen (For First Year)

🗼Musashino University : https://www.musashino-u.ac.jp/
🗼Admission : https://www.musashino-u.ac.jp/admission/download/international_students.html
🗼Tuition Fees and Other Fees : https://www.musashino-u.ac.jp/admission/7868e10f690de2db049a33bed6033fbc.pdf

OJEIC(Okayama University Japan Educational Information Center)

03 Jan, 08:33


🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓


  ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဇန်နဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် University of Tsukuba က တက္ကသိုလ်အကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ OJEIC, University of Tsukuba

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。1月の相談会は筑波大学(University of Tsukuba)より大学紹介セッションがあります。大学から直接情報を得られる良い機会ですので、ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

 日時:2025年1月8日(水)14時~16時
 開催形式:オンライン(Zoom)
 予約フォームリンク:https://docs.google.com/forms/d/1ufERNziCxugeYPf1tqDEl9AzdYDOTii3L-XsfazN-yg/edit
 アドバイザー:OJEIC
 ゲスト:筑波大学(University of Tsukuba)

OJEIC(Okayama University Japan Educational Information Center)

03 Jan, 07:37


🏆 MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ Kyushu University ရဲ့ School of Interdisciplinary Science and Innovation (ISI)

👩🏻‍🎓Kyushu University ဟာဆိုရင် Fukuoka မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Kyushu Universityမှာ English ဘာသာနဲ့ ပညာသင်ယူနိုင်မဲ့ School of Interdisciplinary Science and Innovation (ISI) ကိုမိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာကြီး လျင်မြန်စွာဖွံဖြိုးတိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကွာဟမှုဆိုင်ရာ ပြဿနာများလည်း ပိုမိုများပြားလာပါတယ်။ ISI ရဲ့ရည်ရွယ်ချက်ကတော့ ဒီပြဿနာတွေကို အမျိုးအစားခွဲခြားဖို့နဲ့ ပူပေါင်းဖြေရှင်းကြဖို့အတွက် လိုအပ်တဲ့ Ability and Attitude လိုအပ်ချက်တွေကိုအခြေခံပြီး Interdisciplinary Problem-Solving Skills တွေရရှိစေဖို့ ဖြစ်ပါတယ်။

💁🏻‍♀️ISI မှာ သင်ယူလေ့လာရမဲ့ ဘာသာရပ်တွေကို Approach Subjects နဲ့ Issue-Based Subjects ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ Approach Subjects တွေအနေနဲ့ Humanities and Social Sciences Approaches, Natural Sciences Approaches, Interdisciplinary Approaches တို့ကို အဓိကထားသင်ယူရမှာဖြစ်ပြီး၊ Issue-Based Subjects တွေအနေနဲ့ Human and Life Area, States and Region Area, Earth and Environment Area, Area Integrated, People and Society Area စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီProgram မှာရရှိမဲ့ ဘွဲ့ကတော့ Bachelor of Arts and Sciences ပဲဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1. အထက်တန်းအောင်မြင်ထားသူ (သို့) Sep 30,2025 တွင် ၁၂ နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
2. TOEFL, IELTS, TOEIC, Cambridge ESOL Examinations တစ်ခုခုဖြေဆိုထားသူ။
3. Standardized Test Scores (EJU, SAT, GCE A-Level, AP, IB) တစ်ခုခုဖြေဆိုထားသူ။

*Standardized Test Scores အဖြစ် EJU ဖြေဆိုမဲ့သူတွေအနေနဲ့-Math 1 (or) Math 2 [and] Japan and the World (or) Science 2 subjects ကိုကြိုက်ရာရွေးချယ်ဖြေဆိုနိုင်ပါတယ်။

【2025 October Enrollment】
Online Application Period: Dec 26, 2024 ~ Jan 9, 2025
Document Submission Period - Jan 6, 2025 - Jan 17 , 2025 (5pm JST)
🔺Application Guidelines : https://www.kyushu-u.ac.jp/f/58563/%EF%BC%88ISI%EF%BC%892025_Application%20Instruction.pdf

🏆ထူးချွန်စွာကျောင်းဝင်ခွင့်ရရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဂျပန်အစိုးရ ပညာသင်ဆု MEXT University Recommendation Scholarship ကို လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

🥳ဒါ့အပြင် ဒီ Program တွေမှာ ဝင်ခွင့်အောင်မြင်ကြတဲ့ ဂျပန်ပြည်ပမှလျှောက်ထားသူ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် ပထမနှစ်ကျောင်းလခ 50% လျှော့ချပေးမဲ့ ‘Exemption of Half Tuition’ ကိုလျှောက်ထားရရှိနိုင်ပါတယ်။ October လကျောင်းဝင်ခွင့်အောင်မြင်တဲ့ ဘွဲကြိုကျောင်းသား 5~6 ယောက်ကို 60,000 Yen~ 80,000 Yen/ month ထောက်ပံ့ပေးမဲ့ “Kyushu University International Undergraduate Scholarship. ISI scholarship for October Enrollment ” နဲ့ Jasso Scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link တွေမှာ ဖတ်ရှုနိုင်ပါတယ်။
⚜️Homepage: https://www.kyushu-u.ac.jp/en/
⚜️ISI : https://kyoso.kyushu-u.ac.jp/en/
⚜️Tuition fees and Scholarship : https://www.kyushu-u.ac.jp/en/admission/fees
⚜️Admission : https://www.kyushu-u.ac.jp/en/admission/faculty/foreign/foreign10/

OJEIC(Okayama University Japan Educational Information Center)

03 Jan, 05:34


🏆MEXT (University Recommendation) Full Scholarship အခွင့်အရေးလည်းရှိတဲ့ Tokyo University of Foreign Studies ရဲ့ Peace and Conflict Studies Course (Master’s Program)

🌸Tokyo University of Foreign Studies ရဲ့ Peace and Conflict Studies (PCS) Master Program ဟာဆိုရင် Graduate School of Global Studies ရဲ့ English taught program ဖြစ်ပြီး Peacebuilding, Conflict Prevention, International relations, Contentious Politics, International Security Issues စတဲ့နယ်ပယ်တွေကို အဓိကထားလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ PCS ကို ထူးချွန်စွာဝင်ခွင့်အောင်မြင်ကြမဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူ 3 ဦးဟာဆိုရင် Japan အစိုးရပညာသင်ဆုဖြစ်တဲ့ MEXT (University Recommendation) Full Scholarship ကိုလည်းလျှောက်ထားရရှိနိုင်မှာဖြစ်ပါတယ်။

[October 2025 Enrollment]
Application Period : January 6~ May 2, 2025
Application Period (for MEXT Applicants) : January 6~February 3, 2025

လျှောက်ထားရန် အခြေခံလိုအပ်ချက်-
1. ဘွဲ့ရရှိထားသူ (သို့) Sep 30, 2025 တွင် ဘွဲ့ရရှိမည့်သူ။
2. April 2, 1990နောက်ပိုင်းမွေးဖွားသူ။ (for MEXT Applicants)
3. English Proficiency Test : TOFEL PBT 600/ iBT 95 (သို့) IELTS 7.0 (သို့) TOEIC 870 (Listening and Reading) (သို့) Cambridge English 180 ရရှိထားသူ။
Research Proposal, Recommenders စတဲ့ အသေးစိတ်လိုအပ်ချက်တွေကို အောက်ဖော်ပြပါ Admission Information မှာ လေ့လာနိုင်ပါတယ်။

▪️Admission Information : https://www.tufs.ac.jp/documents/english/admission/degree/pg/master/pcs_admission_information_2025.pdf

Document Submission: Postal Mail or Courier Service (DHL,FedEx, EMS, etc.) or In Person to Admissions Office
‼️စာရွက်စာတမ်းများကို Email မှပေးပို့ လျှောက်ထား၍မရပါ။

MEXT scholarship ကိုလျှောက်ထားရရှိလိုသူတွေအနေနဲ့ Average Grade Points Eligibility စစ်ဆေးရန် Global Admission Office ကို အရင်ဆုံးဆက်သွယ်ရန် လိုအပ်ပါတယ်။
📩Global Admissions Office (GAO) E-mail: mailto:[email protected]

🌸Home: https://www.tufs.ac.jp/english/
🌸Master Program: https://www.tufs.ac.jp/english/education/pg/master/
🌸PCS Admission: https://www.tufs.ac.jp/english/admission/degree/pg/master/m_pcs.html

OJEIC(Okayama University Japan Educational Information Center)

03 Jan, 02:59


🏆 MEXT University Recommendation Scholarship လျှောက်ထားရရှိနိုင်တဲ့ Hiroshima University ရဲ့ Department of Integrated Global Studies ( IGS Program )

🎖️Top Global University အဖြစ်ရွေးချယ်ခံရတဲ့ နာမည်ကြီး National University တစ်ခုဖြစ်တဲ့ Hiroshima University ရဲ့ School of Integrated Arts and Sciences, Department of Integrated Global Studies(IGS) ဟာဆိုရင် အင်္ဂလိပ်ဘာသာနဲ့သင်ယူနိုင်မဲ့ Undergraduate Program ပဲဖြစ်ပါတယ်။ IGS program ကို ထူးချွန်စွာဝင်ခွင့်အောင်မြင်ကြတဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူ ၅ ဦးဟာဆိုရင် Japan အစိုးရပညာသင်ဆုဖြစ်တဲ့ MEXT (University Recommendation) Full Scholarship ကိုလည်းလျှောက်ထားရရှိနိုင်မှာဖြစ်ပါတယ်။

IGS Program မှာ အဓိကသင်ယူရမဲ့ဘာသာရပ်တွေကတော့
▪️Culture and Tourism
▪️Peace and Communication
▪️Environment and Society စတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

IGS Programကို လျှောက်ထားရန် အခြေခံလိုအပ်ချက်
၁။ အသက် ၁၈နှစ်ပြည့်သူဖြစ်ပြီး မြန်မာစနစ်ဟောင်းဆယ်တန်းအောင် (သို့ ) ၁၂ နှစ်ပညာရေးပြီးဆုံးထားသူ (သို့) International Baccalaureate , German Abitur, GCE A Level စသည့်လက်မှတ်တစ်ခုရရှိထားသူ။
၂။ IELTS 5.5 or above (သို့) TOEFL iBT 72 or above (သို့) TOEIC L&R/ TOEIC S&W 1560 or above ရှိသူ။

🌸မိမိနိုင်ငံမှ လျှောက်ထားလိုတဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအနေနဲ့ နှစ်စဉ် April လကျောင်းဝင်ခွင့်အတွက် June လပိုင်းတွင် စတင်ခေါ်ယူလေ့ရှိပြီး စိတ်ဝင်စားသူတွေအနေနဲ့ 2026 April intakeအတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ခေါ်ယူပြီးသွားတဲ့ Application Guidelines အဟောင်းကိုဖော်ပြပေးလိုက်ပါတယ်။
📌Application Guidelines (2025 April intake) : https://www.hiroshima-u.ac.jp/system/files/223935/Main%20points%20of%20application%20guide_2025.pdf

‼️ဂျပန်ပြည်တွင်း နေထိုင်သူ နိုင်ငံတကာကျောင်းသူတွေအနေနဲ့ April လကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်ပါတယ်။
Application period (2025 April intake) :
Dec 20(Fri), 2024~ Jan 7(Tue), 2025 . 17:00 JST (ဂျပန်ပြည်တွင်း နေထိုင်သူ)
Application Information: https://www.hiroshima-u.ac.jp/en/igs/news/87991

ပညာသင်ဆု အခွင့်အရေးတွေအနေနဲ့
👉MEXT University Recommendation Scholarship : 5 Students
👉Monbukagakusho Honors Scholarship : 48,000 JPY/month
👉IGS Scholarship : 300,000 JPY (For 1st Year)
*2nd Year မှ 4th year အထိ ကျောင်းသားရဲ့ Academic Records နှင့် Financial circumstances ပေါ်မူတည်ပြီး ပမာဏ ပြောင်းလဲနိုင်ပါသည်။

🥳ကျောင်းမှ ပေးအပ်တဲ့ ပညာသင်ဆုတွေအပြင် နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူတွေ လျှောက်ထားနိုင်တဲ့ Private Organizations (40)ခန့်က ပေးအပ်နေတဲ့ ပညာသင်ထောက်ပံ့ကြေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါပြီ။
✏️University : https://www.hiroshima-u.ac.jp/en
✏️Admission : https://www.hiroshima-u.ac.jp/en/igs/admissions/admissions_2025
✏️IGS Subjects : https://www.hiroshima-u.ac.jp/en/igs/curriculum/page02
✏️IGS Brochure 2025 : https://www.hiroshima-u.ac.jp/system/files/234281/IGS_brochure_2025.pdf
✏️Scholarship: https://www.hiroshima-u.ac.jp/en/igs/fees-scholarships

OJEIC(Okayama University Japan Educational Information Center)

27 Dec, 04:02


🏆Nagoya University Global 30 Undergraduate ScholarshipSecond Round for Applicants

👨🏻‍🎓👩🏻‍🎓ဂျပန်နိုင်ငံရဲ့ထိပ်တန်း National University တစ်ခုဖြစ်တဲ့ Nagoya University ရဲ့ G30 International Programs (Undergraduate Program) ဟာဆိုရင် လေးနှစ်လုံးကို အင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ G30 Undergraduate Program ကိုလျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ "G30 Undergraduate Scholarship" ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပြီး ထူးချွန်စွာ ကျောင်းဝင်ခွင့် အောင်မြင်ကြတဲ့သူတွေအတွက် MEXT University Recommendation အခွင့်အရေးလည်းရှိပါတယ်။

💁🏻‍♂️စိတ်ဝင်စားတဲ့သူတွေအနေနဲ့ 2025 October Enrollment အတွက် ဒုတိယအကြိမ်လျှောက်လွှာခေါ်ယူတော့မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။

G30 Program မှာဒုတိယအကြိမ်အနေနဲ့ ထပ်မံခေါ်ယူမဲ့ ဘာသာရပ်တွေကတော့-
▪️Automotive Engineering
- Mechanical Engineering Course
- Electrical, Electronics/Information Engineering Course
▪️Physics - School of Physics
▪️Chemistry - School of Engineering
▪️Biological Science - School of Agricultural Sciences တို့ဖြစ်ပါတယ်။

Eligibility To Apply:
1. September 30, 2025 တွင် အသက်(18)နှစ်ပြည့်ပြီးသူ။
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level/IB ဖြေဆိုအောင်မြင်ထားသူ။
3. English Proficiency: IELTS 6 or higher , TOEFL iBT 80, Duolingo English Test 110 and above, ACT English Score 21 and above, CEFR C1 and aboveရှိသူ။
*မေဂျာအပေါ်မူတည်ပြီး EJU, SAT, ACT စတဲ့ Standardized Test Scores အနည်းဆုံးတစ်ခုကိုလည်းဖြေဆိုထားဖို့လိုပါတယ်။
【Application Periods】
Second Round - Jan 10, 2025, 9:00a.m. ~ Jan 31, 2025, 16:00a.m.(JST)

‼️Application Guide : https://admissions.g30.nagoya-u.ac.jp/wp-content/uploads/2024/08/application_requirements_en.pdf#page=22&zoom=100,57,418

🔺G30 Undergraduate Scholarship includes:
-ကျောင်းလခ ၄နှစ်စာ
-Registration fee
-Annual Stipend 500,000 yen/year

🔺MEXT University Recommendation includes:
-ကျောင်းလခ ၄နှစ်စာ
-Registration fee
-Monthly Stipend: 117,000 yen/ Month
-Round Trip Airfares

📚သက်ဆိုင်ရာမေဂျာအတွက် Essayမေးခွန်းနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Application Guidelines ကတစ်ဆင့်လေ့လာနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Online Application ကနေ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening, Interview / Oral Exam အပေါ်မူတည်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။

⚜️Nagoya University Global 30 : https://admissions.g30.nagoya-u.ac.jp/
⚜️Undergraduate Program : https://admissions.g30.nagoya-u.ac.jp/undergraduate/
⚜️Tuition and Financial Aid : https://admissions.g30.nagoya-u.ac.jp/studentlife/tuition/

OJEIC(Okayama University Japan Educational Information Center)

26 Dec, 09:33


🛰️🔭International Undergraduate Program in Science @ Osaka University

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Osaka University ရဲ့ School of Science မှာ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် ပြုလုပ်ပေးထားတဲ့ "International Undergraduate Program in Science (IUPS)" ကိုမိတ်ဆက်ပေးချင်ပါတယ်။

ဒီ Program မှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဌာနတွေကတော့-
▪️Department of Mathematics
▪️Department of Physics
▪️Department of Chemistry
▪️Department of Biological Sciences တို့ဖြစ်ပါတယ်။

IUPS ဟာဆိုရင် စုစုပေါင်း 4နှစ်ခွဲ ခန့်ကြာမြင့်မဲ့ Program ဖြစ်ပြီး 1️⃣Intensive Japanese Language Education Classes, Preliminary Science Classes တွေကို 6လ၊ 2️⃣ရွေးချယ်ထားတဲ့ သက်ဆိုင်ရာမေဂျာရဲ့ Undergraduate School ကို 4နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။

📝 Program ရဲ့ပထမနှစ်မှ ဒုတိယနှစ် First Semester အထိ Courses တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားနိုင်မှာဖြစ်ပြီး၊ ကျန်စာသင်နှစ်တွေကိုတော့ ဂျပန်ဘာသာနဲ့အဓိကထားပြီး သင်ကြားရမှာဖြစ်ပါတယ်။

📬IUPS ကိုလျှောက်ထားရန် လိုအပ်တဲ့အခြေခံအရည်အချင်းတွေကတော့
1. အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2. TOEFL iBT 85 (သို့) IELTS 6.5 ရရှိထားသူ။
3. JLPT N3 level ရှိသူ။ (Biological Sciences အတွက် JLPT N2 နှင့်အထက် ရှိသူ)
4. EJU ရဲ့ Mathematics Course 2, Science(2 subjects)ဖြေဆိုထားသူ။

ဝင်ခွင့်စိစစ်ရွေးချယ်မှုကို အခြေခံအားဖြင့် Document Screening နဲ့ ရွေးချယ်မှာဖြစ်ပြီး၊ လိုအပ်ပါက In Person (or) Online ဖြင့် Assessment Test ဖြေဆိုရနိုင်ပါတယ်။

【Enrollment in April 2026】
Preliminary Coursework: Oct 1, 2025 ~ Mar 31, 2026
Undergraduate School: Apr 1, 2026 ~ Mar 31, 2030

Application Registration Period : Dec 2, 2024 ~ Jan 8, 2025
📌Application Guideline : https://www.sci.osaka-u.ac.jp/en/wp-content/uploads/2024/09/Application-Guidelines-for-the-Special-Entrance-Examination-for-the-IUPS_April-2026-Enrollment.pdf

Economic Support အနေနဲ့ Osaka University ရဲ့ School of Science ကနေပေးအပ်နေတဲ့ Scholarships ၊ Tuition Fee Exemption Scholarships တွေအပြင်Jasso Scholarship, Local Government, International Association, Private Foundation တွေက Scholarships တွေကိုလည်း လျှောက်ထားနိုင်ပါတယ်။

🔎ကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
Osaka University: https://www.osaka-u.ac.jp/en
IUPS website : https://www.sci.osaka-u.ac.jp/en/iups/
Admission : https://www.sci.osaka-u.ac.jp/en/admissions/undergraduate-programs/
Scholarship : https://www.osaka-u.ac.jp/en/campus/tuition

OJEIC(Okayama University Japan Educational Information Center)

26 Dec, 08:43


🗼Tokyo International University(TIU) ရဲ့ Undergraduate English Track program

🗼နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Tokyo International University ဟာဆိုရင် Tokyoမြို့မှာ တည်ရှိပြီး Ikebukuro နဲ့ Kawagoe မှာ campus တွေရှိပါတယ်။ ဂျပန်လိုတက်‌ရောက်နိုင်တဲ့ဌာနတွေအပြင် အင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်တဲ့ Program တွေလည်းများစွာရှိပါတယ်။

Tokyo International University ရဲ့ Undergraduate English track program တွေကတော့
🎓Business Economics (BE)
🎓Digital Business & Innovation (DBI)
🎓International Relations (IR) တို့ပဲဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
▪️အထက်တန်းအောင်မြင်ထားသူ(သို့) ၁၂ နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
▪️IELTS 5.5 (သို့) TOEFL iBT 61 (သို့) TOEIC 700 (သို့) Duolingo 95 ရရှိထားသူ။

🤗ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ 30%၊ 50%၊ 80%၊ 100% စတဲ့ကျောင်းလခလျှော့ပေးတဲ့ “TIU Tuition Reduction Scholarship “ ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
👉🏻https://www.tiu.ac.jp/etrack/admissions/reductions/

【September 2025 Intake 】
2nd Round : Jan 8 ~ Jan 29, 2025
3rd Round : Mar 19 ~ Apr 9, 2025

🔹2025 Application Guidelines: https://www.tiu.ac.jp/etrack/wp-content/uploads/application_guideline_for_first_year.pdf

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🗼Homepage : https://www.tiu.ac.jp/etrack/
🗼2025 E-Track Brochure : https://www.tiu.ac.jp/etrack/wp-content/uploads/brochure_etrack.pdf
🗼How to Apply : https://www.tiu.ac.jp/etrack/admissions/apply/

OJEIC(Okayama University Japan Educational Information Center)

29 Nov, 09:02


🌸 Career Seminar🌸

ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီ70%ကျော် က ဂျပန်စာတတ်ကျွမ်းတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လိုအပ်နေတယ်ဆိုတာ သိကြပါသလား။ 🎌 အကယ်၍ ဂျပန်မှာအလုပ်လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင် အခုကတည်းက ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။

🔎ဂျပန်နိုင်ငံရဲ့ job-hunting process နဲ့ အလုပ်လျှောက်ရာမှာ အသုံးဝင်မဲ့ အချက်အလက်တွေ အကြောင်း ပိုမသိချင်ဘူးလား။ အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ဒီ seminarကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

🍀Study in Japan ASEAN နဲ့ Career Seminar ASEAN တို့ပူးပေါင်းကျင်းပသွားမဲ့ ယခုပွဲမှာဆိုရင် job-hunting tips နဲ့ panel discussions တွေလည်းပါဝင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူတွေအနေနဲ့ ဆက်ဆက်တက်ရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

📆 Date : Thursday၊December 12th,2024
Time : 12:30pm~2:00pm (MMT)
🗣️ Language : Japanese with English subtitles

🤩အားလုံးနဲ့အတူ တွေ့ဆုံဖို့အတွက် စောင့်မျှော်နေပါမယ်။

OJEIC(Okayama University Japan Educational Information Center)

29 Nov, 08:05


🏆 သမိုင်းအစဉ်အလာကြီးတဲ့ Keio Universityမှာ English ဘာသာနဲ့ပညာသင်ယူနိုင်မဲ့ ~PEARL Program

💁🏻‍♀️ဂျပန်နိုင်ငံရဲ့ထိပ်တန်း Private University တွေထဲကတစ်ခုဖြစ်တဲ့ Keio University ကို ၁၈၅၈ခုနှစ်မှာ ပညာရေးပညာရှင် Fukuzawa Yukichi ကတည်ထောင်ခဲ့ပါတယ်။ Fukuzawa Yukichi ဟာ ယနေ့ဂျပန်နိုင်ငံမှာအသုံးပြုနေတဲ့ 💴 ယန်းတစ်သောင်းတန်မှာဖော်ပြခြင်းခံရတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်ပါတယ်။ Tokyoနဲ့ Kanagawa ပြည်နယ်တွေမှာ အဓိက campus တွေတည်ရှိပြီး English ဘာသာနဲ့ သင်ယူနိုင်တဲ့ ဘွဲ့ကြိုတန်း Program တွေလည်းရှိပါတယ်။

≪Undergraduate Degree Programs in English≫
Programme in Economics for Alliances, Research and Leadership (PEARL) ကို မိတ်
ဆက်ပေးချင်ပါတယ် ။ PEARL program ကတော့ The Faculty of Economics ရဲ့ Program ဖြစ်ပြီး ကျောင်းလျှောက်ထားနိုင်တဲ့ Application period (၃)ကြိမ်ရှိပါတယ်။ နှစ်စဉ်ကျောင်းသားဦးရေ (၁၀၀)ဝန်းကျင်ခန့် ခေါ်ယူလေ့ရှိပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
▪️အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ
▪️Required Test Scores - IB, SAT, ACT
▪️TOEFL iBT, IELTS : either(or both)

【2025 September Entry】
Application period 1 : Oct 22~ Dec 3, 2024
Applications Guidelines (PEARL) : https://www.keio.ac.jp/en/admissions/undergraduate/pearl/application_guidebook_2025.pdf

ထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေကိုပေးအပ်တဲ့ Merit-Based Scholarships နဲ့ စီးပွါးရေးအရ အခက်အခဲရှိတဲ့ကျောင်းသားတွေကိုပေးအပ်တဲ့ Need-based Scholarships စတဲ့ ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။
🏆Scholarship: https://www.keio.ac.jp/en/student-life/scholarships.html

🔎ကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
🎓Keio University: https://www.keio.ac.jp/en/
🎓Undergraduate: https://www.keio.ac.jp/en/admissions/undergraduate/
🎓PEARL: https://www.econ.keio.ac.jp/en/undergraduate/pearl
🎓Admission: https://www.keio.ac.jp/en/admissions/undergraduate/pearl/

OJEIC(Okayama University Japan Educational Information Center)

28 Nov, 09:21


📣 Vacancy Announcement(ဝန်ထမ်းခေါ်ယူခြင်း) 📣

ဂျပန်ပညာတော်သင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ OJEICမှာ အလုပ်မလုပ်ချင်ဘူးလား။

တာဝန်ထမ်းဆောင်ရမည့်နေရာ:Okayama University Japan Educational Information Center, Myanmar (OJEIC)

လိပ်စာ: The Japan Foundation, 1st Floor, No.70, Nat Mauk Lane (1), Bahan Township, Yangon, Myanmar

1. နိုင်ငံသား - မြန်မာနိုင်ငံသား

2. ပညာအရည်အချင်း - တက္ကသိုလ်ဘွဲ့ရ

3. ဘာသာစကား - မြန်မာဘာသာစကား (မိခင်ဘာသာစကား)၊ ဂျပန်ဘာသာစကား (JLPT N2နှင့် အထက်။ လုပ်ငန်းခွင်အတွင်း ဂျပန်ဘာသာစကားဖြင့်ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်သူဖြစ်ပါက JLPT N3ရှိသူလည်းလျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကား (အဆင့်မြင့်၊ အင်္ဂလိပ်ဘာသာဖြင့် Presentationလုပ်နိုင်သည့် level ဖြစ်ရပါမည်။)

4. ရုံးပိုင်းဆိုင်ရာ
လုပ်သက်အတွေ့အကြုံ ၂နှစ်နှင့်အထက်ရှိသူဖြစ်လျှင် ပိုကောင်းပါသည်။
ဘာသာပြန်၊ စကားပြန်စွမ်းရည်၊ ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ(Microsoft Office, Facebookတွင် ပို့စ်တင်ခြင်း)၊ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ ပြုလုပ်ခြင်း။

5. အလုပ်ဆင်းရက်:တစ်ပတ် ၅ ရက် (တနင်္လာနေ့မှ သောကြာနေ့) 8:30am – 5:00 pm
※စနေ၊ တနင်္ဂနွေတွင် ပွဲရှိသည့်အခါ စနေ၊ တနင်္ဂနွေအလုပ်ဆင်းရသည်မျိုးလည်း ရှိနိုင်ပါသည်။

6. အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(1) ပညာတော်သင်သွားလိုသူများကို သတင်းအချက်အလက်မျှဝေခြင်း၊ ပညာတော်သင်နှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်း၊ ဂျပန်ပညာတော်သင်နှင့် ပတ်သက်သည်များကို ကြေညာခြင်း
(2) ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ခြင်း၊ ပြန်စစ်ခြင်း
(3) ဂျပန်ပညာတော်သင်ဆယ်မီနာများ၊ ပညာရေးပွဲတော်များ၊ ရှင်းလင်းပွဲများတွင် ပါဝင်ခြင်း၊ ကျင်းပခြင်း
(4) ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲရေးတာဝန်များ
(5) အခြားလိုအပ်သည်များ

7. အခြားအချက်များ
ဂျပန်ပညာတော်သင်ကိုစိတ်ဝင်စား၍ တိုင်ပင်ဆွေးနွေးပေးနိုင်သည့် စွမ်းရည်ရှိသူ၊ ဂျပန်လုပ်ငန်းခွင် ဆိုင်ရာအပြုအမူများနှင့် ဂျပန်ယဥ်ကျေးမှုဓလေ့များကို နားလည်နိုင်ပြီး၊ပညာတော်သင်နှင့် နိုင်ငံတကာ ဖလှယ်ရေးတို့နှင့်ပတ်သက်သော လုပ်ငန်းတာဝန်များကို စိတ်ဝင်စား၍ စိတ်အားထက်သန်စွာ တာဝန် ထမ်းဆောင်နိုင်သူ

8. အကျိုးခံစားခွင့်
သီးခြားအကြောင်းကြားပါမည်။

9. တာဝန်ထမ်းဆောင်ရမည့်ကာလ
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (စတင်တာဝန်ထမ်းဆောင်နိုင်မည့်ရက်မှစ၍) - ၂၀၂၅ခုနှစ် မတ်လ ၃၁ရက် (သက်တမ်းတိုးနိုင်ခြေရှိပါသည်။)

10. လျှောက်ထားခြင်းနှင့် ရွေးချယ်ခြင်း
ကိုယ်ရေးရာဇဝင် (ဓာတ်ပုံကပ်ပြီး)ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့ (သောကြာနေ့)အထိ OJEIC (mailto:[email protected])သို့ အီးမေးလ်ဖြင့် ပေးပို့နိုင်ပါသည်။
လျှောက်လွှာစာရွက်စာတမ်းများ စစ်ဆေးအကဲဖြတ်ပြီး အောင်မြင်သူများသာ အင်တာဗျူးဖြေရပါမည်။

11. ဆက်သွယ်မေးမြန်းရန်
Okayama University Japan Educational Information Center, Myanmar (OJEIC)
The Japan Foundation, 1st Floor, No.70, Nat Mauk Lane (1), Bahan Township,
Yangon, Myanmar
Tel:09-261841054, 09-784716570

OJEIC(Okayama University Japan Educational Information Center)

28 Nov, 03:07


💯 Full Scholarship အခွင့်အရေးရှိပြီး English ဘာသာနဲ့သင်ယူနိုင်တဲ့ Tohoku University ရဲ့ Future Global Leadership Program (FGL)

Top Global University Type A အဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းအစိုးရတက္ကသိုလ် Tohoku University ရဲ့ Undergraduate English-Taught Program ဖြစ်တဲ့ Future Global Leadership Program (FGL) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💁🏻‍♂️FGL Program မှာဆိုရင်-
- Advanced Molecular Chemistry (AMC)
- International Mechanical and Aerospace Engineering (IMAC-U)
- Applied Marine Biology (AMB) စတဲ့ Programခွဲ(၃)ခု ပါဝင်ပါတယ်။

🍁2025 October Enrollment
🔻Application Period - Jan 7, 2025 ~ Jan 16, 2025
🔻 Application Guideline - https://www.insc.tohoku.ac.jp/english/wp-content/uploads/2024/05/9a8c13571200851cc90a1a60a187782e.pdf

English Proficiency- TOEFL iBT 79 or higher (or) IELTS 6.0 79 or higher
Standardized Exam - EJU, ACT, AP, GCE-A level, IB, Cambridge Pre-U စတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုထားရန်လိုအပ်ပါတယ်။

🏆 FGL Program မှာ ကျောင်းဝင်ခွင့်ကို ထူးထူးချွန်ချွန်အောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ MEXT University Recommendation Full Scholarship ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

🏆အခြားထူးချွန်ကျောင်းသားကျောင်းသူတွေအနေနဲ့ ‘Tohoku University President Fellowship’ကို လျှောက်ထားရနိုင်မှာဖြစ်ပါတယ်။ ဒီ President Fellowship စကော်လားရှစ်မှာဆိုရင်-
1️⃣Examination Fee & Entrance Fee Exemptions,
2️⃣Tuition Fee (fully or partially waived)
3️⃣Living Stipend (JPY 267,900/term) ကိုရရှိမှာဖြစ်ပါတယ်။

🕵🏻‍♂️Program နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေကတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။
🚌Tohoku University : https://www.insc.tohoku.ac.jp/
🚌 Future Global Leadership Program : https://www.insc.tohoku.ac.jp/english/degree/undergraduate-english/
🚌 Admission : https://www.tohoku.ac.jp/en/admissions/index.html
🚌 Scholarship : https://www.insc.tohoku.ac.jp/english/scholarship-for-international-students/

OJEIC(Okayama University Japan Educational Information Center)

27 Nov, 06:56


🏆 MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ Kyushu University ရဲ့ School of Interdisciplinary Science and Innovation (ISI)

👩🏻‍🎓Kyushu University ဟာဆိုရင် Fukuoka မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Kyushu Universityမှာ English ဘာသာနဲ့ ပညာသင်ယူနိုင်မဲ့ School of Interdisciplinary Science and Innovation (ISI) ကိုမိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာကြီး လျင်မြန်စွာဖွံဖြိုးတိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကွာဟမှုဆိုင်ရာ ပြဿနာများလည်း ပိုမိုများပြားလာပါတယ်။ ISI ရဲ့ရည်ရွယ်ချက်ကတော့ ဒီပြဿနာတွေကို အမျိုးအစားခွဲခြားဖို့နဲ့ ပူပေါင်းဖြေရှင်းကြဖို့အတွက် လိုအပ်တဲ့ Ability and Attitude လိုအပ်ချက်တွေကိုအခြေခံပြီး Interdisciplinary Problem-Solving Skills တွေရရှိစေဖို့ ဖြစ်ပါတယ်။

💁🏻‍♀️ISI မှာ သင်ယူလေ့လာရမဲ့ ဘာသာရပ်တွေကို Approach Subjects နဲ့ Issue-Based Subjects ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ Approach Subjects တွေအနေနဲ့ Humanities and Social Sciences Approaches, Natural Sciences Approaches, Interdisciplinary Approaches တို့ကို အဓိကထားသင်ယူရမှာဖြစ်ပြီး၊ Issue-Based Subjects တွေအနေနဲ့ Human and Life Area, States and Region Area, Earth and Environment Area, Area Integrated, People and Society Area စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီProgram မှာရရှိမဲ့ ဘွဲ့ကတော့ Bachelor of Arts and Sciences ပဲဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1. အထက်တန်းအောင်မြင်ထားသူ (သို့) Sep 30,2025 တွင် ၁၂ နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
2. TOEFL, IELTS, TOEIC, Cambridge ESOL Examinations တစ်ခုခုဖြေဆိုထားသူ။
3. Standardized Test Scores (EJU, SAT, GCE A-Level, AP, IB) တစ်ခုခုဖြေဆိုထားသူ။

*Standardized Test Scores အဖြစ် EJU ဖြေဆိုမဲ့သူတွေအနေနဲ့-Math 1 (or) Math 2 [and] Japan and the World (or) Science 2 subjects ကိုကြိုက်ရာရွေးချယ်ဖြေဆိုနိုင်ပါတယ်။

【2025 October Enrollment】
Online Application Period: Dec 26, 2024 ~ Jan 9, 2025
Document Submission Period - Jan 6, 2025 - Jan 17 , 2025 (5pm JST)
🔺Application Guidelines : https://www.kyushu-u.ac.jp/f/58563/%EF%BC%88ISI%EF%BC%892025_Application%20Instruction.pdf

🏆ထူးချွန်စွာကျောင်းဝင်ခွင့်ရရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဂျပန်အစိုးရ ပညာသင်ဆု MEXT University Recommendation Scholarship ကို လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

🥳ဒါ့အပြင် ဒီ Program တွေမှာ ဝင်ခွင့်အောင်မြင်ကြတဲ့ ဂျပန်ပြည်ပမှလျှောက်ထားသူ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် ပထမနှစ်ကျောင်းလခ 50% လျှော့ချပေးမဲ့ ‘Exemption of Half Tuition’ ကိုလျှောက်ထားရရှိနိုင်ပါတယ်။ October လကျောင်းဝင်ခွင့်အောင်မြင်တဲ့ ဘွဲကြိုကျောင်းသား 5~6 ယောက်ကို 60,000 Yen~ 80,000 Yen/ month ထောက်ပံ့ပေးမဲ့ “Kyushu University International Undergraduate Scholarship. ISI scholarship for October Enrollment ” နဲ့ Jasso Scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link တွေမှာ ဖတ်ရှုနိုင်ပါတယ်။
⚜️Homepage: https://www.kyushu-u.ac.jp/en/
⚜️ISI : https://kyoso.kyushu-u.ac.jp/en/
⚜️Tuition fees and Scholarship : https://www.kyushu-u.ac.jp/en/admission/fees
⚜️Admission : https://www.kyushu-u.ac.jp/en/admission/faculty/foreign/foreign10/

OJEIC(Okayama University Japan Educational Information Center)

22 Nov, 03:15


🎉Master Programအတွက် ADB-Japan Scholarship Program(ADB-JSP)ရှိတဲ့ National Graduate Institute for Political Studies(GRIPS)

🌸ဂျပန်နိုင်ငံတိုကျိုမြို့မှာ ဘွဲ့လွန်တန်းကို Full Scholarship ဖြင့် တက်ရောက်ချင်သူတွေအတွက် Asia Development Bank (ADB) မှပေးအပ်မဲ့ ADB-Japan Scholarship Program(ADB-JSP)အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။🏆ADP-JSP Scholarship ဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများကို ဘွဲ့လွန်တန်း သင်ကြားနိုင်ရန်အတွက် ပညာသင်ဆုပေးအပ်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

National Graduate Institute for Political Studies(GRIPS)ဟာ တိုကျိုမြို့မှာ တည်ရှိတဲ့အစိုးရပိုင် ဘွဲ့လွန်တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။👨‍🎓လက်ရှိတွင် နိုင်ငံပေါင်း ၆၃နိုင်ငံမှ ကျောင်းသားပေါင်း ၄၀၀ကျော် တက်ရောက်ပညာသင်ယူလျက်ရှိပြီး ၇၀%မှာ နိုင်ငံခြားသားပညာတော်သင် ကျောင်းသား၊ ကျောင်းသူများဖြစ်ပါတယ်။ GRIPSမှာဆိုရင်Courses တွေအားလုံးကိုအင်္ဂလိပ်လိုသင်ကြားမှာဖြစ်တဲ့အတွက် ဂျပန်စာအရည်အချင်းမရှိလည်းလျှောက်ထားနိုင်ပါတယ်။

🌻GRIPS မှာတက်ရောက်သင်ယူနိုင်တဲ့Master Programတွေကတော့
1.Young Leaders Program(YLP)
2.One-year Master's Program of Public Policy(MP1)
3Two-year Master’s Program of Public Policy (MP2)
4.Macroeconomic Policy Program (MEP) [1 year]
5.Macroeconomic Policy Program (MEP) [2 year]
6.Public Finance Program
7.Economics, Planning and Public Policy Program(EPP)
8.ASEAN Initiatives Program (AIP)
9.Disaster Management Policy Program(DMP)
10.Maritime Safety and Security Policy Program(MSP) တို့ဖြစ်ပါတယ်။

🍁ADB-JSP Scholarship Program ဖြင့် လျှောက်ထားနိုင်တဲ့ ဘွဲ့လွန်တန်းတွေကတော့
1.One-year Master’s Program of Public Policy (MP1)
2.Two-year Master’s Program of Public Policy (MP2)တို့ဖြစ်ပါတယ်။

Application Deadline for Online
📃Registration Form : November 22, 2024,17:00 (JST)
🕰️Application Deadline for Supporting Documents : November 29,2024,17:00 (JST)

🎊Benefits
1.full tuition fees
2.monthly subsistence allowance (including housing)
books and instructional materials
3.medical insurance
4. travel expenses

🎯Eligibility to Apply
1.တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးနောက် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂)နှစ် ရှိရန်လိုအပ်ခြင်း။
2.အသက်(၃၅)နှစ်အောက်ရှိသူ။
3.TOFEL iBT 79 (သို့) IELTS 6.0 ရှိသူ။
4.ဘွဲ့ရပြီးနောက် မိမိတိုင်းပြည်တွင် အနည်းဆုံး၂နှစ်ခန့် တာဝန်ထမ်းဆောင်ရန် လိုအပ်ခြင်း။
စသည်ဖြင့် အသေးစိတ် အချက်အလက်များကို အောက်ပါ Website များမှာ ကြည့်ရှုနိုင်ပါတယ်။

🌸ADB Scholarship Program :https://www.adb.org/work-with-us/careers/japan-scholarship-program
🌸National Graduate Institute for Policy Studies: https://www.grips.ac.jp/en/
🌸Application Guideline : https://www.grips.ac.jp/uploads/admissions/2024/07/GRIPS_Application_Deadlines_2025.pdf
🌸One-year Master’s Program of Public Policy (MP1): https://www.grips.ac.jp/en/education/inter_programs/policy/
🌸Two-year Master’s Program of Public Policy (MP2) :
https://www.grips.ac.jp/en/education/inter_programs/policy2/
🌸Admission:https://www.grips.ac.jp/en/admissions/index/

OJEIC(Okayama University Japan Educational Information Center)

21 Nov, 03:27


🌟Nagoya University Global 30(G30) Undergraduate Scholarship🌟

🤩ဂျပန်နိုင်ငံရဲ့ ထိပ်တန်း National University တစ်ခုဖြစ်တဲ့ Nagoya University မှာ English ဘာသာနဲ့ ဘွဲ့ကြိုတန်းတက်ရောက်နိုင်မဲ့အပြင် ပညာသင်ဆုလည်း ရယူနိုင်မဲ့အခွင့်အရေး~

🙋🏻‍♀️Nagoya University ရဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ G30 International Programဟာဆိုရင် လေးနှစ်လုံးအင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်မဲ့Program ဖြစ်ပါတယ်။

G30 Program မှာဆိုရင်-
▪️Automotive Engineering
Mechanical Engineering Course
Electrical, Electronics/Information Engineering Course
▪️Physics
▪️Chemistry
▪️Biological Science
▪️Social Science-Law
▪️Social Science-Economics
▪️Japan-in-Asia Cultural Studies တို့ပါဝင်ပါတယ်။

🔺Eligibility To Apply:
1. September 30, 2025 တွင် အသက်(18)နှစ်ပြည့်ပြီးသူ။
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level/IB ဖြေဆိုအောင်မြင်ထားသူ။
3. English Proficiency: IELTS 6 or higher , TOEFL iBT 80, Duolingo English Test 110 and above, ACT English Score 21 and above, CEFR C1 and aboveရှိသူ။
*မေဂျာအပေါ်မူတည်ပြီး EJU, SAT, ACT စတဲ့ Standardized Test Scores အနည်းဆုံးတစ်ခုကိုလည်းဖြေဆိုထားဖို့လိုပါတယ်။

EJU ဘာသာရပ်တွေအနေနဲ့ကတော့ -
📚 Social Science နှင့် Japan-in-Asia Cultural Studies မေဂျာတွေအတွက် EJU ရဲ့Japan and the World, Mathematics Course 1 ဖြေဆိုရမှာဖြစ်ပါတယ်။
📚Engineering/Science မေဂျာတွေအတွက် EJU ရဲ့ Science, Mathematics Course 2 ဖြေဆိုရမှာဖြစ်ပါတယ်။

💰Application Fee - 5,000 JPY
💰Registration Fee -282,000 JPY
💰Tuition Fee - 535,800 JPY (Per Year)

🥳 G30 Undergraduate Program ကိုလျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ "G30 Undergraduate Scholarship" ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပြီး MEXT University Recommendation အခွင့်အရေးလည်းရှိပါတယ်။

G30 Undergraduate Scholarship includes:
✔️ကျောင်းလခ ၄နှစ်စာ
✔️Registration fee
✔️Annual Stipend 500,000yen per year

MEXT University Recommendation includes:
✔️ကျောင်းလခ ၄နှစ်စာ
✔️Registration fee
✔️Monthly Stipend: 117,000 yen/ Month
✔️Round Trip Airfares

【Application Periods】
🔺First Round - Nov 11, 2024, 9:00a.m. ~ Dec 10, 2024, 16:00a.m.(JST)
🔺Second Round - Jan 10, 2025, 9:00a.m. ~ Jan 31, 2025, 16:00a.m.(JST)

Application Guide : https://admissions.g30.nagoya-u.ac.jp/wp-content/uploads/2024/08/application_requirements_en.pdf#page=22&zoom=100,57,418

☑️ သက်ဆိုင်ရာမေဂျာအတွက် Essayမေးခွန်းနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Application Guidelines ကတစ်ဆင့်လေ့လာနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Online Application ကနေ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening, Interview / Oral Exam အပေါ်မူတည်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။

🌐Nagoya University Global 30 : https://admissions.g30.nagoya-u.ac.jp/
🌐Undergraduate Program : https://admissions.g30.nagoya-u.ac.jp/undergraduate/
🌐 Tuition and Financial Aid : https://admissions.g30.nagoya-u.ac.jp/studentlife/tuition/

OJEIC(Okayama University Japan Educational Information Center)

20 Nov, 03:16


🇯🇵ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyoto University မှာ ဘွဲ့ကြိုတန်း တက်ရောက်နိုင်မဲ့ Kyoto iUP(International Undergraduate Program) 🤗

💁‍♀️ သမိုင်းအစဉ်အလာကြီးမားတဲ့ ဂျပန်နိုင်ငံရဲ့ထိပ်တန်း နိုင်ငံပိုင်တက္ကသိုလ် Kyoto University ရဲ့ Kyoto iUP Program ဟာ 4နှစ်ခွဲ Program ဖြစ်ပြီး၊ Preparatory Course (6 လ) နဲ့အတူ ဘွဲ့ကြိုတန်း (4နှစ်) တက်ရောက်သင်ယူရမှာဖြစ်ပါတယ်။ Preparatory Course (6လ) မှာ Intensive Japanese Class တွေကိုပါ တက်ရောက်ရမှာဖြစ်တဲ့အတွက် စတင်
လျှောက်ထားတဲ့အချိန်မှာ ဂျပန်စာအရည်အချင်းမရှိလည်း လျှောက်ထားနိုင်ပါတယ်။

🏫လျှောက်ထားနိုင်သောဌာနများ🏫
• Faculty of Integrated Human Studies
• Faculty of Education
• Faculty of Law
• Faculty of Economics
• Faculty of Science
• Faculty of Pharmaceutical Sciences
• Faculty of Engineering
• Faculty of Agriculture

📝ဘွဲ့ကြိုတန်းရဲ့ ပထမ နှစ်နှစ်မှာ Liberal Arts Courses တွေနဲ့ မိမိအထူးပြုလေ့လာလိုတဲ့ မေဂျာရဲ့ Fundamental Courses တွေကို အင်္ဂလိပ်၊ဂျပန် နှစ်ဘာသာနဲ့ သင်ယူရမှာဖြစ်ပြီး နောက်ဆုံးနှစ်နှစ်မှာတော့ ‌အထူးပြုမေဂျာရဲ့ ဘာသာရပ်တွေကို ဂျပန်ဘာသာနဲ့ အဓိက သင်ယူရမှာဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာတော့ မိမိအထူးပြု‌လေ့လာထားတဲ့မေဂျာရဲ့ Bachelor Degree ကို ရရှိမှာဖြစ်ပါတယ်။

📣2025 October Enrollment
🔺Application period : November 1–December 2, 2024 (5 p.m. JST)
🔺Application Guidelines : https://www.iup.kyoto-u.ac.jp/docs/Application_Guidelines_for_October_2025_Enrollment.pdf

ကျောင်းဝင်ခွင့်လျှောက်ထားရန် အခြေခံလိုအပ်ချက်တွေကတော့-
1.အထက်တန်းအောင်(သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့) GCE A-Level/Abitur/IB တို့ကို ဖြေဆိုအောင်မြင်ထားသူ(သို့) Sep 30, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2.TOEFL iBT 90/ IELTS 6.5 စသည့် အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတစ်ခုကိုဖြေဆိုထားသူ။
3.လျှောက်ထားလိုသော မေဂျာအပေါ်လိုက်ပြီး Standardized Test (SAT, EJU, ACT, GCE A-level, IB, AP) မှ Mathematics and Science Subjects များဖြေဆိုထားရှိသူ။

🏆ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းဝင်ကြေးနဲ့ ကျောင်းလခကင်းလွတ်ခွင့်အပြင် လစဉ်ပညာသင်ဆု‌ထောက်ပံ့ကြေး 120,000JPY ကိုပါရရှိနိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်။

Kyoto iUP Programရဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။
👉🏻Program Overview : https://www.iup.kyoto-u.ac.jp/about/overview.html
👉🏻Admission : https://www.iup.kyoto-u.ac.jp/apply/
👉🏻Scholarship : https://www.iup.kyoto-u.ac.jp/student-support/

OJEIC(Okayama University Japan Educational Information Center)

19 Nov, 03:10


🏆ဂျပန်နိုင်ငံထိပ်တန်းအစိုးရ တက္ကသိုလ် တစ်ခုဖြစ်တဲ့ ⚜️University of Tsukuba⚜️ မှာ English ဘာသာနဲ့ ပညာသင်ကြမယ်~

⚜️University of Tsukuba ⚜️ဟာဆိုရင် ဂျပန်နိုင်ငံ Ibaraki ပြည်နယ်မှာတည်ရှိပြီး Top Global University Type A အဖြစ် ဂျပန်ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းအစိုးရ တက္ကသိုလ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Top(10) စာရင်းဝင်တက္ကသိုလ်ဖြစ်ပြီး၊ ရှေးအကျဆုံးတက္ကသိုလ်များထဲက တစ်ခုလည်း ဖြစ်ပါတယ်။

University of Tsukuba ရဲ့ Undergraduate English Taught Program တွေကတော့-
🪻 Undergraduate Program of International Social Studies
🪻 Interdisciplinary Program of Life and Environmental Sciences
🪻 Medical Science Program for International Students
🪻 Bachelor's Program in Interdisciplinary Engineering (IDE)
🪻 Bachelor’s Program In Global Issues တို့ဖြစ်ပါတယ်။

2025 Septemberလ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်တဲ့ Program များထဲကမှ
🪻 Undergraduate Program of International Social Studies
▫️College of Social Sciences
▫️College of International Studies

🪻 Interdisciplinary Program of Life and Environmental Sciences
▫️College of Biological Sciences
▫️College of Agro-Biological Resource Sciences
▫️College of Geoscience တို့အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

🔺Application Periods : Oct 23 ~ Dec 1, 2024 (Until 5:00 pm JST)
🔺Application information : https://www.global.tsukuba.ac.jp/apply/firstyear/

Eligibility To Apply:
1. အထက်တန်းအောင်(သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ (သို့) August 31, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2. English Proficiency: IELTS 5 or higher , TOEFL iBT 61 or higher , TOEIC 600 or higher ရှိသူ။

ကျောင်းလခတွေက…
▪️Application Fee : 17000 JPY
▪️Admission Fee : 282,000 JPY
▪️Tuition Fee : 535,800 JPY (Per Year)

📝ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Online Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး ကျောင်းဝင်ခွင့်ကိုထူးထူးချွန်ချွန် အောင်မြင်တဲ့ကျောင်းသားများကတော့ “Tsukuba Scholarship “ - လစဉ် Living Allowance 60,000 JPY (From September 2025 to March 2026) ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလခ Fully (or) Partially လျှော့ချပေးတဲ့ အခွင့်အရေးများလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🪻University of Tsukuba : https://www.tsukuba.ac.jp/en/
🪻English Programs : https://www.global.tsukuba.ac.jp/
🪻Scholarship : https://www.global.tsukuba.ac.jp/finance/

OJEIC(Okayama University Japan Educational Information Center)

14 Nov, 03:28


🏆University of Tsukuba ရဲ့ School of Science and Engineering မှာ English ဘာသာနဲ့
ပညာသင်ယူနိုင်မဲ့ Bachelor's Program in Interdisciplinary Engineering (IDE) ~

⚜️University of Tsukuba ⚜️ဟာဆိုရင် ဂျပန်နိုင်ငံ Ibaraki ပြည်နယ်မှာတည်ရှိပြီး Top Global University Type A အဖြစ် ဂျပန်ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းအစိုးရ တက္ကသိုလ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Top(10) စာရင်းဝင် တက္ကသိုလ်ဖြစ်ပြီး၊ ရှေးအကျဆုံးတက္ကသိုလ်များထဲက တစ်ခုလည်း ဖြစ်ပါတယ်။

University of Tsukuba ရဲ့ Undergraduate English Taught Program တွေကတော့-
🪻Undergraduate Program of International Social Studies
🪻Interdisciplinary Program of Life and Environmental Sciences
🪻Medical Science Program for International Students
🪻Bachelor's Program in Interdisciplinary Engineering (IDE)
🪻Bachelor’s Program In Global Issues တို့ဖြစ်ပါတယ်။

💁🏻‍♀️School of Science and Engineering ရဲ့ Bachelor's Program in Interdisciplinary Engineering (IDE) ကိုမိတ်ဆက်ပေးချင်ပါတယ်။ Interdisciplinary ဆိုတာကတော့ ဘာသာရပ်တစ်ခုထဲရဲ့ အသိပညာမဟုတ်ပဲ အမျိုးမျိုးသော ပညာရပ်တွေနဲ့ဆက်စပ်နေတာကိုခေါ်ပါတယ်။ 21st ရာစု Smart Society မှာဆိုရင် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ လျှပ်စစ်စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ ရေသယံဇာတ စတာတွေနဲ့ စပ်လျဉ်းတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းဖို့လိုအပ်နေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ အင်ဂျင်နီယာတွေကိုမွေးထုတ်ဖို့ရည်ရွယ်ချက်နဲ့ University of Tsukuba ဟာ English ဘာသာနဲ့သင်ယူနိုင်တဲ့ IDE program ကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။

Requirements for Application
1. အထက်တန်းအောင်(သို့)GCE A-Level, IB စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ (သို့) August 31, 2025 တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ။
2. English Proficiency: IELTS 6.5 or higher , TOEFL iBT 80 or higher ရှိသူ။
3. Mathematics Test Score တစ်ခုကိုဖြေဆိုရရှိထားသူ။ (IB, European Baccalaureate, Abitur Germany , GCE A-level, SAT / ACT)

🌸2025 September လကျောင်းဝင်ခွင့်အတွက်
Application Periods : Oct 23 ~ Nov 21, 2024
📌Application Guidelines : https://drive.google.com/file/d/1uyr2XeAoGKLHc8eI71M7MpVMmksqEH4O/view

ကျောင်းလခတွေက…
💴Examination Fee : 17000 JPY
💴Admission Fee : 282,000 JPY
💴Tuition Fee : 535,800 JPY (Per Year)

Scholarship အစီအစဉ်အနေနဲ့ JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ထူးထူးချွန်ချွန် အောင်မြင်တဲ့ကျောင်းသားများအတွက်Full or Partial Tuition Fee Waiver အခွင့်အရေးလည်းရှိပါတယ်။

📌ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

🪻University of Tsukuba : https://www.tsukuba.ac.jp/en/
🪻IDE Program : https://www.ide.tsukuba.ac.jp/
🪻Admission : https://www.ide.tsukuba.ac.jp/application-information-ide/
🪻 Scholarship: https://www.global.tsukuba.ac.jp/finance/

OJEIC(Okayama University Japan Educational Information Center)

13 Nov, 03:05


🗼Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ ~ Faculty of Liberal Arts (FLA)

🗼Sophia University ဟာဆိုရင် 1913 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တိုကျိုမြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း 83 နိုင်ငံက တက္ကသိုလ်ပေါင်း 404 ကျောင်းနဲ့ ချိတ်ဆက်ထားပြီး Long-term, Short-term, Study Tours စတဲ့ Exchange Programs များစွာလည်းရှိပါတယ်။ Sophia University ဟာဆိုရင် ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Top Global University Project အဖြစ်အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

🌵Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ Faculty of Liberal Arts (FLA) ကိုမိတ်ဆက်ပေးချင်ပါတယ်။ FLA ရဲ့ ပထမနှစ်မှ ဒုတိယနှစ်ဝက်အထိ Communication and Analytic Skills တွေကို တိုးတက်ဖို့ Core Courses တွေကိုလေ့လာရမှာဖြစ်ပြီး၊ ဒုတိယနှစ် 2nd semester ကစပြီး Broad Areas 3ခုထဲကနေ မိမိအဓိကလေ့လာချင်တဲ့ မေဂျာတစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ရွေးချယ်နိုင်တဲ့မေဂျာကတော့
▪️Comparative Culture
▪️International Business and Economics
▪️Social Studies တို့ဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
1.အထက်တန်းအောင်(သို့)၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။
2.TOEFL (or) IELTS ဖြေဆိုထားသူ။
3.Standardized Test Scores (SAT, ACT, IB, GCE A-level) တစ်ခုခုဖြေဆိုထားသူ။

【Spring 2025 Entry】
<Second Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
*Who holds valid status of residence in Japan

【Autumn 2025 Entry 】
<First Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
<Second Application>
Application Periods : March 12, 2025~ April 2, 2025 (11:59pm JST)

Application Guideline: https://www.sophia.ac.jp/assets/uploads/sites/2/2024/05/2025_FLA_Degree_Application-Procedure.pdf

ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ လျှောက်ထားနိုင်တဲ့ Sophia University New Student Scholarship, Sophia University Benefactors’ (Adachi) Scholarship တို့အပြင် Jasso Scholarship နဲ့ အခြား Private Organization တွေကပေးအပ်တဲ့ ပညာသင်ထောက်ပံ့ကြေးတွေလည်းရှိပါတယ်။

🔺Homepage: https://www.sophia.ac.jp/eng/
🔺Faculty of Liberal Arts (FLA): https://fla.sophia.ac.jp/
🔺FLA Curriculum: https://www.sophia.ac.jp/eng/academics/ug/ug_la/ug_la_liberalarts/
🔺Scholarship: https://adm.sophia.ac.jp/eng/admissions/ug_p/en_ug/fla/pay_aid/
🔺Scholarship Application Guidelines 2025: https://piloti.sophia.ac.jp/assets/uploads/2024/07/01144645/2025procedure_inter_eng_graduateUG.pdf

OJEIC(Okayama University Japan Educational Information Center)

12 Nov, 07:06


Kyoto iUP Online Information Session

🍁ဂျပန်နိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyoto University ရဲ့ Kyoto iUP Programမှာ ဘွဲ့ကြိုတန်းတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နိုဝင်ဘာလ ၁၃ရက်နေ့မှာ online information session ကိုကျင်းပပေးသွားမှာဖြစ်ပါတယ်။ 🤩Kyoto University ရဲ့ Kyoto iUP Program (International Undergraduate Program)ဟာဆိုရင် special program ဖြစ်တဲ့ ၆လတာ Preparatory Course နဲ့အတူ ဘွဲ့ကြိုတန်း၄နှစ်ကို အင်္ဂလိပ်၊ဂျပန် နှစ်ဘာသာနဲ့ သင်ယူနိုင်တဲ့ Programပဲဖြစ်ပါတယ်။

🌟ဒီပွဲလေးမှာတော့ Kyoto University နဲ့ Kyoto iUP အကြောင်းမိတ်ဆက်ခြင်း၊ လက်ရှိ Kyoto iUP Program မှာ တက်ရောက်နေတဲ့‌ ကျောင်းသားကျောင်းသူတွေရဲ့ ပညာတော်သင်အတွေ့အကြုံ၊ "Life's molecules" ဆိုတဲ့ ခေါင်းစဉ်နဲ့ Institute for Liberal Arts and Sciences မှ Prof. Yoshio KOYANAGI ရဲ့ Mini Lecture ကိုလည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Q&A session မှာလည်း သိလိုရာကို မေးမြန်းနိုင်မှာဖြစ်ပါတယ်။

📅Date: Wednesday, November 13, 2024
⏲️Time: 1:30PM ~ 3:00PM (Myanmar time)

📚Schedule
-Greeting from Prof. Yoshio TSUTSUMI, Kyoto iUP Program Manager
-Introduction to Kyoto University & Kyoto iUP
-Messages from current Kyoto iUP students
-Mini Lecture:
"Life's molecules" by Prof. Yoshio KOYANAGI, Institute for Liberal Arts and Sciences
-Q&A

📌💬Kyoto University မှာ ပညာသင်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းဖြစ်တာမို့ လက်လွှတ်မခံဘဲ အောက်ပါလင့်ခ်ကနေ အခမဲ့စာရင်းပေးသွင်းပြီး ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Registration: https://forms.gle/LTVr1KnEYnWTrtkn8
Website: https://www.iup.kyoto-u.ac.jp/news/000463
Instagram: https://www.instagram.com/kyotoiup/
E-mail: [email protected]

OJEIC(Okayama University Japan Educational Information Center)

12 Nov, 03:19


🏛Kyoto University of Advanced Science (KUAS)

☘️Kyoto University of Advanced Science (KUAS) ဟာ ဂျပန်နိုင်ငံ၊ကျိုတိုမြို့မှာရှိတဲ့ ပုဂ္ဂလိကပိုင် တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။📝 ယခုမိတ်ဆက်ပေးမဲ့ Faculties (3) ခုက အင်္ဂလိပ်လိုသင်ယူနိုင်တဲ့အတွက်ကြောင့် Japan စာအရည်အချင်းမရှိလည်း လျှောက်ထားနိုင်ပါတယ်။

📚KUASမှာ သင်ယူနိုင်တဲ့ ဘာသာရပ်တွေကတော့
Faculty of Engineering
Faculty of Bioenvironmental Sciences
Faculty of Economics and Business Administration တို့ဖြစ်ပါသည်။

📌Eligibility to Apply
၁။အထက်တန်းအောင် (သို့) 12နှစ်တာပညာရေး ပြီးဆုံးထားသူ (သို့) GCE A-Level, IB စသည်တို့ကို ဖြေဆိုအောင်မြင်ထားသူ။
၂။ အသက် (၁၈) နှစ်ပြည့်ပြီးသူ။
၃။အင်္ဂလိပ်စာအရည်အချင်းအနေနဲ့ အနိမ့်ဆုံး TOFEL (iBT) 75, IELTS Academic overall band score 5.5, PTE Academic 50, Duolingo 105 ရှိသူ။

🕰Application Period
Early Entry: October 1, 2024 to October 25, 2024
Regular Entry: December 2, 2024 to January 10, 2025
Final Entry: February 3, 2025 to March 7, 2025

🧑‍🎓ကျောင်းဝင်ခွင့်အတွက်ကတော့ Online Interview ရှိမှာဖြစ်ပါတယ်။⭐️သတိထားစရာတစ်ခုကတော့ International Admissions Officeက December 27, 2024 ကနေ January 5, 2025အတွင်းပိတ်ထားမှာဖြစ်တဲ့အတွက် ကြိုတင်ပီးဆက်သွယ်ထားဖို့ လိုအပ် ပါတယ်။လျှောက်ထားလိုသူတွေအနေနဲ့ Entry 3 ခုမှာ တစ်ခုကိုသာ လျှောက်ထားနိုင်ပေမဲ့ သင်ယူလိုတဲ့ ဘာသာရပ်ကိုတော့ မိမိသင်ယူလိုတဲ့ ဘာသာရပ် ၂ ခုထိ လှောက်ထားနိုင်ပါတယ်။

🎊Before Enrollment Scholarship တွေအနေနဲ့
1.Super KUAS-E Scholarship(ကျောင်းလခ နဲ့ ကျောင်းဝင်ကြေး 100%ကင်းလွတ်ခွင့် + ထောက်ပံ့ငွေ 1,200,000JPY/Year)
2.KUAS-E Scholarship (ကျောင်းလခ100%,50%,30%လျော့ပေးခြင်း+ကျောင်းဝင်ကြေးလျော့ပေးခြင်း)

🎊After Enrollment Scholarship တွေအနေနဲ့ KUAS Outstanding Scholarship, KUAS Advanced Scholarship, KUAS Special Economic Aid Scholarship, KUAS Alumni Association Scholarship, KUAS Student Guardian Association Scholarshipနဲ့အခြားသောအဖွဲ့အစည်းများ မှ ပေးတဲ့စကော်လာများစွာလည်း ရှိပါတယ်။

❄️Website: https://www.kuas.ac.jp/en/
❄️Scholarship: https://www.kuas.ac.jp/en/admission/scholarship/
❄️Application Guideline: https://www.kuas.ac.jp/en/assets/pdf/admission/under/2025_KUAS_Application-Guidelines_Undergraduate.pdf

OJEIC(Okayama University Japan Educational Information Center)

11 Nov, 07:32


🎊ကျောင်းလခလျော့ချပေးတဲ့ အခွင့်အရေးတွေရှိတဲ့ Yamanashi Gakuin Universityမှာအင်္ဂလိပ်ဘာသာနဲ့သင်ယူနိုင်တဲ့ International College of Liberal Arts(iCLA)

🏛နှစ်ပေါင်း၇၀ကျော်သက်တမ်းရှိ Yamanashi Gakuin University ဟာဆိုရင် Yamanashi ခရိုင်မှာရှိတဲ့ အမေရိကန်စတိုင်လ် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ USA, Canada, Italy အစရှိတဲ့ နိုင်ငံပေါင်း၃၀ကျော်မှာ ပါတနာတက္ကသိုလ်ပေါင်း ၆၀ကျော်ရှိပြီး Exchange Program တွေကိုလည်းထောက်ပံ့ပေးလျက်ရှိပါတယ်။

🎓YGUမှာ အင်္ဂလိပ်လိုအဓိကသင်ကြားနိုင်တဲ့ Program ကတော့ International College of Liberal Arts(iCLA) ပဲဖြစ်ပါတယ်။ iCLA မှာ အတန်းအများစုကို အင်္ဂလိပ်ဘာသာနဲ့သင်ကြားနိုင်မှာဖြစ်ပြီး၊ Japanese Language နဲ့ Cultural Studies ကတော့ ဂျပန်လိုသင်ယူရမှာဖြစ်ပါတယ်။ ဂျပန်လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားသူတွေအတွက် Career Design Course တွေကိုလည်းထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်။ ထို့အပြင် Internship Programတွေ လည်းပဲရှိပါတယ်။

📚International College of Liberal Arts(iCLA)မှာ သင်ယူရမဲ့ ဘာသာရပ်တွေကတော့
▪️Global Business and Economics
▪️Interdisciplinary Arts
▪️Interdisciplinary Data Science
▪️Japan Studies
▪️Political Science
▪️Psychologyတို့ဖြစ်ပါတယ်။

📌Eligibility to Apply
၁။အထက်တန်းအောင်မြင်ထားသူ(သို့)၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။
(April Intake အတွက် March 31,2025 တွင် ၁၂နှစ်တာပညာရေးပြီးဆုံးမည့်သူ ၊ September Intakeအတွက် August31, 2025တွင် ၁၂နှစ်တာပညာရေးပြီးဆုံးမည့်သူ။)
၂။TOEFL iBT76 (သို့)IELTS 6.0ရရှိထားသူ။

【Application Period Spring 2025】
Apr 1, 2024 ~ Nov 18, 2024 (ဂျပန်ပြည်ပတွင် နေထိုင်သူ)
Apr 1, 2024 ~ Jan 24, 2025 (ဂျပန်ပြည်တွင်း နေထိုင်သူ)

【Application Period Fall 2025】
Sep 1, 2024 ~ Apr 14, 2025 (ဂျပန်ပြည်ပတွင် နေထိုင်သူ)
Sep 1,2024 ~ May 30, 2025 (ဂျပန်ပြည်တွင်း နေထိုင်သူ)

👉Application Guideline : https://www.icla.ygu.ac.jp/files/application-guide

2025 ခုနှစ် Aprilနဲ့ September ဝင်ခွင့်အတွက် ကျောင်းသားဦးရေ ၈၀ဦးကို ဝင်ခွင့်လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျောင်းဝင်ခွင့်ရသူအားလုံးiCLA Academic Scholarship ကိုလျှောက်ထားနိုင်ပါတယ်။Scholarship Application Formမှာကျောင်းကို တက်ချင်တဲ့အကြောင်းပြချက်၊ကျောင်းပြီးနောက် ကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်၊ငွေရေးကြေးရေးအခြေအနေတို့ကို သေချာလေးပြောပြပြီးလျှောက်ထားနိုင်ပါတယ်။ Application Material နဲ့ Interview Result တွေအပေါ်
မူတည်ပြီး 100%, 75%, 50%, 25%, 10%အထိ ကျောင်းလခလျော့ချပေးပါတယ်။ ထို့အပြင် JASSO Scholarship နဲ့ အခြားသောအဖွဲ့အစည်းတွေကပေးတဲ့ ပညာသင်ဆုတွေလည်းရှိပါတယ်။
🏫ကျောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အောက်ပါလင့်ခ်မှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Homepage : https://www.icla.ygu.ac.jp/en/
Admission : https://www.icla.ygu.ac.jp/en/admissions/
Scholarship :https://www.icla.ygu.ac.jp/en/fees-funding/

OJEIC(Okayama University Japan Educational Information Center)

06 Nov, 05:39


📣 နိုဝင်ဘာလ ၆ ရက်နေ့ ၊ နေ့လည် ၂နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ Advisory ပွဲ မှာတော့ ဂျပန်နိုင်ငံရှိ Private University တစ်ခုဖြစ်တဲ့ Sophia University က Guest Speaker အနေနဲ့ ကျောင်းအကြောင်းမိတ်ဆက်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်နဲ့ ပညာသင်ဆုတွေအကြောင်းကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။

💁‍♀️ဒါ့အပြင် MEXT Scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးမှ လျှောက်ထားနိုင်မဲ့ ပညာသင်ဆုအကြောင်းတွေကိုပါ မိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲနိုင်ပါတယ်။
🔺စာရင်းသွင်းလျှောက်ထားရန်လင့်ခ်🔺
https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link

OJEIC(Okayama University Japan Educational Information Center)

06 Nov, 03:24


🌟Nagoya University Global 30(G30) Undergraduate Scholarship🌟

🤩ဂျပန်နိုင်ငံရဲ့ ထိပ်တန်း National University တစ်ခုဖြစ်တဲ့ Nagoya University မှာ English ဘာသာနဲ့ ဘွဲ့ကြိုတန်းတက်ရောက်နိုင်မဲ့အပြင် ပညာသင်ဆုလည်း ရယူနိုင်မဲ့အခွင့်အရေး~

🙋🏻‍♀️Nagoya University ရဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ G30 International Programဟာဆိုရင် လေးနှစ်လုံးအင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်မဲ့Program ဖြစ်ပါတယ်။

G30 Program မှာဆိုရင်-
▪️Automotive Engineering
Mechanical Engineering Course
Electrical, Electronics/Information Engineering Course
▪️Physics
▪️Chemistry
▪️Biological Science
▪️Social Science-Law
▪️Social Science-Economics
▪️Japan-in-Asia Cultural Studies တို့ပါဝင်ပါတယ်။

🔺Eligibility To Apply:
1. September 30, 2025 တွင် အသက်(18)နှစ်ပြည့်ပြီးသူ။
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေးပြီးဆုံးထားသူ(သို့)GCE A-Level/IB ဖြေဆိုအောင်မြင်ထားသူ။
3. English Proficiency: IELTS 6 or higher , TOEFL iBT 80, Duolingo English Test 110 and above, ACT English Score 21 and above, CEFR C1 and aboveရှိသူ။
*မေဂျာအပေါ်မူတည်ပြီး EJU, SAT, ACT စတဲ့ Standardized Test Scores အနည်းဆုံးတစ်ခုကိုလည်းဖြေဆိုထားဖို့လိုပါတယ်။

EJU ဘာသာရပ်တွေအနေနဲ့ကတော့ -
📚 Social Science နှင့် Japan-in-Asia Cultural Studies မေဂျာတွေအတွက် EJU ရဲ့Japan and the World, Mathematics Course 1 ဖြေဆိုရမှာဖြစ်ပါတယ်။
📚Engineering/Science မေဂျာတွေအတွက် EJU ရဲ့ Science, Mathematics Course 2 ဖြေဆိုရမှာဖြစ်ပါတယ်။

💰Application Fee - 5,000 JPY
💰Registration Fee -282,000 JPY
💰Tuition Fee - 535,800 JPY (Per Year)

🥳 G30 Undergraduate Program ကိုလျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ "G30 Undergraduate Scholarship" ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပြီး MEXT University Recommendation အခွင့်အရေးလည်းရှိပါတယ်။

G30 Undergraduate Scholarship includes:
✔️ကျောင်းလခ ၄နှစ်စာ
✔️Registration fee
✔️Annual Stipend 500,000yen per year

MEXT University Recommendation includes:
✔️ကျောင်းလခ ၄နှစ်စာ
✔️Registration fee
✔️Monthly Stipend: 117,000 yen/ Month
✔️Round Trip Airfares

【Application Periods】
🔺First Round - Nov 11, 2024, 9:00a.m. ~ Dec 10, 2024, 16:00a.m.(JST)
🔺Second Round - Jan 10, 2025, 9:00a.m. ~ Jan 31, 2025, 16:00a.m.(JST)

Application Guide : https://admissions.g30.nagoya-u.ac.jp/wp-content/uploads/2024/08/application_requirements_en.pdf#page=22&zoom=100,57,418

☑️ သက်ဆိုင်ရာမေဂျာအတွက် Essayမေးခွန်းနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Application Guidelines ကတစ်ဆင့်လေ့လာနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Online Application ကနေ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening, Interview / Oral Exam အပေါ်မူတည်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။

🌐Nagoya University Global 30 : https://admissions.g30.nagoya-u.ac.jp/
🌐Undergraduate Program : https://admissions.g30.nagoya-u.ac.jp/undergraduate/
🌐 Tuition and Financial Aid : https://admissions.g30.nagoya-u.ac.jp/studentlife/tuition/

OJEIC(Okayama University Japan Educational Information Center)

05 Nov, 06:43


📣 နိုဝင်ဘာလ ၆ ရက်နေ့ ၊ နေ့လည် ၂နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ Advisory ပွဲ မှာတော့ ဂျပန်နိုင်ငံရှိ Private University တစ်ခုဖြစ်တဲ့ Sophia University က Guest Speaker အနေနဲ့ ကျောင်းအကြောင်းမိတ်ဆက်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်နဲ့ ပညာသင်ဆုတွေအကြောင်းကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။

💁‍♀️ဒါ့အပြင် MEXT Scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးမှ လျှောက်ထားနိုင်မဲ့ ပညာသင်ဆုအကြောင်းတွေကိုပါ မိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲနိုင်ပါတယ်။
🔺စာရင်းသွင်းလျှောက်ထားရန်လင့်ခ်🔺
https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link

OJEIC(Okayama University Japan Educational Information Center)

05 Nov, 03:01


🗼Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ SPSF (Sophia Program for Sustainable Futures )

🗼Sophia University ဟာဆိုရင် 1913 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တိုကျိုမြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း 83 နိုင်ငံက တက္ကသိုလ်ပေါင်း 404 ကျောင်းနဲ့ ချိတ်ဆက်ထားပြီး Long-term, Short-term, Study Tours စတဲ့ Exchange Programs များစွာလည်းရှိပါတယ်။ Sophia University ဟာဆိုရင် ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Top Global University Project အဖြစ်အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

🌵Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ SPSF (Sophia Program for Sustainable Futures) ကိုမိတ်ဆက်ပေးချင်ပါတယ်။
SPSF Program မှာ တက်ရောက်နိုင်မဲ့ Department တွေကတော့-
▪️Department of Journalism
▪️Department of Education
▪️Department of Sociology
▪️Department of Economics
▪️Department of Management
▪️Department of Global Studies တို့ဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1.အထက်တန်းအောင်(သို့)၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။
2.TOEFL (or) IELTS ဖြေဆိုထားသူ။
3.Standardized Test Scores (SAT, ACT, IB, GCE A-level) တစ်ခုခုဖြေဆိုထားသူ။

【2025 Autumn Enrollment 】
<First Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
<Second Application>
Application Periods : March 12, 2025~ April 2, 2025 (11:59pm JST)

📝SPSF Program Application Guidelines : https://www.sophia.ac.jp/assets/uploads/sites/2/2024/05/SPSF_2025_Application_Procedure.pdf

ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ လျှောက်ထားနိုင်တဲ့ Sophia University New Student Scholarship, Sophia University Benefactors’ (Adachi) Scholarship တို့အပြင် Jasso Scholarship နဲ့ အခြား Private Organization တွေကပေးအပ်တဲ့ ပညာသင်ထောက်ပံ့ကြေးများလဲရှိပါတယ်။

📌ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🔺Homepage: https://www.sophia.ac.jp/eng/
🔺SPSF: https://spsf.sophia.ac.jp/about
🔺Admission: https://adm.sophia.ac.jp/eng/admissions/ug_p/en_ug/spsf/w_h/
🔺Scholarship: https://piloti.sophia.ac.jp/eng/scholarships1/
🔺Scholarship Application Guidelines 2025: https://piloti.sophia.ac.jp/assets/uploads/2024/07/01144645/2025procedure_inter_eng_graduateUG.pdf

OJEIC(Okayama University Japan Educational Information Center)

04 Nov, 08:33


📣 နိုဝင်ဘာလ ၆ ရက်နေ့ ၊ နေ့လည် ၂နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ Advisory ပွဲ မှာတော့ ဂျပန်နိုင်ငံရှိ Private University တစ်ခုဖြစ်တဲ့ Sophia University က Guest Speaker အနေနဲ့ ကျောင်းအကြောင်းမိတ်ဆက်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်နဲ့ ပညာသင်ဆုတွေအကြောင်းကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။

💁‍♀️ဒါ့အပြင် MEXT Scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးမှ လျှောက်ထားနိုင်မဲ့ ပညာသင်ဆုအကြောင်းတွေကိုပါ မိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲနိုင်ပါတယ်။
🔺စာရင်းသွင်းလျှောက်ထားရန်လင့်ခ်🔺
https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link

OJEIC(Okayama University Japan Educational Information Center)

04 Nov, 06:32


~Shizuoka University မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ယူနိုင်မဲ့ Asia Bridge Program(ABP)~

🗻ဂျပန်နိုင်ငံရဲ့နာမည်ကြီး နိုင်ငံပိုင်တက္ကသိုလ် တစ်ခုဖြစ်တဲ့ Shizuoka University ဟာဆိုရင် Fuji တောင်တည်ရှိရာ Shizuoka ခရိုင် Shizuoka မြို့နဲ့ Hamamatsu မြို့ တွေမှာ တည်ရှိပါတယ်။ 2015 ခုနှစ်က စတင်ပြီး“Asia Bridge Program(ABP)”ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အာရှတိုက် နိုင်ငံ(၅)နိုင်ငံရှိ ကျောင်းသူကျောင်းသားများအတွက် ပညာသင်ဆုများ ပေးအပ်လျက်ရှိပါတယ်။

🏆Shizuoka University ရဲ့ ABP Program ကိုဝင်ခွင့်အောင်မြင်သူတွေဟာ ဝင်ခွင့်စာမေးပွဲကြေး၊ ကျောင်းဝင်ကြေး နဲ့ ပထမနှစ်ကျောင်းလခ 100% ကင်းလွတ်ခွင့်ကိုရမှာဖြစ်ပါတယ်။ ဒုတိယနှစ်ကနေ ပညာသင်နှစ်ပြီးဆုံးတဲ့အထိကတော့ ကျောင်းသူကျောင်းသားတွေရဲ့ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး ကျောင်းလခကို 50% သို့ 100% လျှော့ပေးမှာဖြစ်ပါတယ်။

ABP မှာ သင်ယူနိုင်တဲ့ဘာသာရပ်တွေကတော့ -
🎐Arts and Humanities🎐
▶️Faculty of Humanities and Social Sciences
▶️Faculty of Education
▶️Faculty of Informatics
▪️Department of Socio-Information Studies

🎐Science and Technology🎐
▶️Faculty of Informatics
▪️Department of Computer Science
▪️Department of Behavior Informatics
▶️Faculty of Science
▶️Faculty of Engineering
▶️Faculty of Agriculture တို့ပဲဖြစ်ပါတယ်။

ABP ကိုလျှောက်ထားရန် အခြေခံလိုအပ်ချက်
၁။ အထက်တန်းအောင် (သို့) အတန်းပညာ ၁၂နှစ်ရှိထားသူ။
၂။ TOEFL , IELTS, TOEIC စသည့် အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတစ်ခုကိုဖြေဆိုထားသူ။
၃။ လျှောက်ထားလိုသည့် ဘာသာရပ်ပေါ်မူတည်ပြီး JLPT Level နဲ့ EJU စာမေးပွဲကိုဖြေဆိုထားသူ။

📒ဖြေဆိုထားရမယ့် EJU ဘာသာရပ်တွေကတော့ -
📚Arts and Humanities ဘာသာရပ်တွေကို တက်ရောက်လိုတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ EJU ရဲ့ Japanese as a Foreign Languages , Japan and the World , Mathematics Course 1 ဖြေဆိုရမှာဖြစ်ပါတယ်။

📚Science and Technology ဘာသာရပ်တွေကို တက်ရောက်လိုတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ EJU ရဲ့ Japanese as a Foreign Languages , Science ,Mathematics Course 2 ဖြေဆိုရမှာဖြစ်ပါတယ်။

【2025 October Enrollment】
Application Period - Nov 11, 2024 ~ Nov 29, 2025 (noon 12:00pm JST)
Application Guideline : https://www.abp.icsu.shizuoka.ac.jp/eng/wp-content/uploads/sites/4/2024/10/Application-Guide-2025-Undergraduate_eng.pdf

☑️ABP Online Application ကနေ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Document Screening နဲ့ Interview ပေါ်မူတည်ပြီးရွေးချယ်မှာဖြစ်ပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🗻Shizuoka University : https://www.shizuoka.ac.jp/english/
🗻ABP : https://www.abp.icsu.shizuoka.ac.jp/eng/
🗻Faculties : https://www.abp.icsu.shizuoka.ac.jp/eng/u-departments/
🗻Admission : https://www.abp.icsu.shizuoka.ac.jp/eng/u-admissions/

OJEIC(Okayama University Japan Educational Information Center)

01 Nov, 03:13


🎓ပညာတော်သင်ဆွေးနွေးပွဲ🎓
🎓留学アドバイザーによる留学相談会🎓

  
ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ နိုဝင်ဘာလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  Sophia University က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
  ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။      ။ နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။        ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။       ။ MAJA, OJEIC, Sophia University


 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。11月の相談会は上智大学(Sophia University)より大学紹介セッションがあります。大学から直接情報を得られる良い機会ですので、ご興味のある方はぜひご参加ください!
 参加希望の方は以下の予約フォームリンクよりお申し込みください。

 日時:2024年11月6日(水)14時~16時

 開催形式:オンライン(Zoom)

  予約フォームリンク:https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link

 アドバイザー:MAJA、OJEIC

ゲスト:上智大学 (Sophia University)

OJEIC(Okayama University Japan Educational Information Center)

01 Nov, 03:13


🛰️🔭International Undergraduate Program in Science @ Osaka University

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Osaka University ရဲ့ School of Science မှာ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် ပြုလုပ်ပေးထားတဲ့ "International Undergraduate Program in Science (IUPS)" ကိုမိတ်ဆက်ပေးချင်ပါတယ်။

ဒီ Program မှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဌာနတွေကတော့-
▪️Department of Mathematics
▪️Department of Physics
▪️Department of Chemistry
▪️Department of Biological Sciences တို့ဖြစ်ပါတယ်။

IUPS ဟာဆိုရင် စုစုပေါင်း 4နှစ်ခွဲ ခန့်ကြာမြင့်မဲ့ Program ဖြစ်ပြီး 1️⃣Intensive Japanese Language Education Classes, Preliminary Science Classes တွေကို 6လ၊ 2️⃣ရွေးချယ်ထားတဲ့ သက်ဆိုင်ရာမေဂျာရဲ့ Undergraduate School ကို 4နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။

📝 Program ရဲ့ပထမနှစ်မှ ဒုတိယနှစ် First Semester အထိ Courses တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားနိုင်မှာဖြစ်ပြီး၊ ကျန်စာသင်နှစ်တွေကိုတော့ ဂျပန်ဘာသာနဲ့အဓိကထားပြီး သင်ကြားရမှာဖြစ်ပါတယ်။

📬IUPS ကိုလျှောက်ထားရန် လိုအပ်တဲ့အခြေခံအရည်အချင်းတွေကတော့
1. အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2. TOEFL iBT 85 (သို့) IELTS 6.5 ရရှိထားသူ။
3. JLPT N3 level ရှိသူ။ (Biological Sciences အတွက် JLPT N2 နှင့်အထက် ရှိသူ)
4. EJU ရဲ့ Mathematics Course 2, Science(2 subjects)ဖြေဆိုထားသူ။

ဝင်ခွင့်စီစစ်ရွေးချယ်မှုကို အခြေခံအားဖြင့် Document Screening နဲ့ ရွေးချယ်မှာဖြစ်ပြီး၊ လိုအပ်ပါက In Person (or) Online ဖြင့် Assessment Test ဖြေဆိုရနိုင်ပါတယ်။

【Enrollment in April 2026】
Preliminary Coursework: Oct 1, 2025 ~ Mar 31, 2026
Undergraduate School: Apr 1, 2026 ~ Mar 31, 2030

Application Registration Period : Dec 2, 2024 ~ Jan 8, 2025
📌Application Guideline : https://www.sci.osaka-u.ac.jp/en/wp-content/uploads/2024/09/Application-Guidelines-for-the-Special-Entrance-Examination-for-the-IUPS_April-2026-Enrollment.pdf

Economic Support အနေနဲ့ Osaka University ရဲ့ School of Science ကနေပေးအပ်နေတဲ့ Scholarships ၊ Tuition Fee Exemption Scholarships တွေအပြင်Jasso Scholarship, Local Government, International Association, Private Foundation တွေက Scholarships တွေကိုလည်း လျှောက်ထားနိုင်ပါတယ်။

🔎ကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
Osaka University: https://www.osaka-u.ac.jp/en
IUPS website : https://www.sci.osaka-u.ac.jp/en/iups/
Admission : https://www.sci.osaka-u.ac.jp/en/admissions/undergraduate-programs/
Scholarship : https://www.osaka-u.ac.jp/en/campus/tuition

OJEIC(Okayama University Japan Educational Information Center)

31 Oct, 03:25


🗼Tokyo International University(TIU) ရဲ့ Undergraduate English Track program

🗼နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Tokyo International University ဟာဆိုရင် Tokyoမြို့မှာ တည်ရှိပြီး Ikebukuro နဲ့ Kawagoe မှာ campus တွေရှိပါတယ်။ ဂျပန်လိုတက်‌ရောက်နိုင်တဲ့ဌာနတွေအပြင် အင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်တဲ့ Program တွေလည်းများစွာရှိပါတယ်။

Tokyo International University ရဲ့ Undergraduate English track program တွေကတော့
🎓Business Economics (BE)
🎓Digital Business & Innovation (DBI)
🎓International Relations (IR) တို့ပဲဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
▪️အထက်တန်းအောင်မြင်ထားသူ(သို့) ၁၂ နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
▪️IELTS 5.5 (သို့) TOEFL iBT 61 (သို့) TOEIC 700 (သို့) Duolingo 95 ရရှိထားသူ။

🤗ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ 30%၊ 50%၊ 80%၊ 100% စတဲ့ကျောင်းလခလျှော့ပေးတဲ့ “TIU Tuition Reduction Scholarship “ ကိုတစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
👉🏻https://www.tiu.ac.jp/etrack/admissions/reductions/

【April 2025 Intake 】
3rd Round : Oct 16 ~ Nov 6, 2024

【September 2025 Intake 】
1st Round : Oct 16 ~ Nov 6, 2024
2nd Round : Jan 8 ~ Jan 29, 2025
3rd Round : Mar 19 ~ Apr 9, 2025

🔹2025 Application Guidelines: https://www.tiu.ac.jp/etrack/wp-content/uploads/application_guideline_for_first_year.pdf

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🗼Homepage : https://www.tiu.ac.jp/etrack/
🗼2025 E-Track Brochure : https://www.tiu.ac.jp/etrack/wp-content/uploads/brochure_etrack.pdf
🗼How to Apply : https://www.tiu.ac.jp/etrack/admissions/apply/

OJEIC(Okayama University Japan Educational Information Center)

25 Oct, 06:33


🏆MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ University of Hyogo ရဲ့ Englishလိုသင်ယူနိုင်တဲ့ Global Business Course (GBC)

🏫University of Hyogo ဟာဆိုရင် kobe မြို့ရှိ Local Public Universityတစ်ခု ဖြစ်ပါတယ်။ Global Business Course (GBC)ဟာဆိုရင် နိုင်ငံတကာစီးပွားရေးနဲ့ စီမံခန့်ခွဲမှုကို အခြေခံပြီး နိုင်ငံတကာစျေးကွက်ထိုးဖောက်လိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ကာ၂၀၁၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Undergraduate English Program တစ်ခုဖြစ်ပါတယ်။

👩‍🎓GBC Program မှာဆိုရင် Introductory,Intermediate,Advancedလို့ သုံးပိုင်းခွဲခြားထားပြီး သင်ယူလေ့လာရမှာတွေကတော့ Microeconomics, Economic Policy, International Business, Human ,Resources Management, Japanese Culture, Business Japanese, International Accountingအစရှိတဲ့ အမျိုးအစားစုံလင်တဲ့ courseတွေဖြစ်ပါတယ်။

ကျောင်းလျှောက်ထားရန် အခြေခံလိုအပ်ချက်-
1.၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။ (Between Sep 1, 2022 and Sep 2025)
2.IELTS 5.5(or) TOEFEL iBT 72(or) TOEIC L&R/TOEIC S&W 1560(or) Duolingo 100 ရရှိထားသူ။

(2025 September Enrollment )
🕰Application Period : Dec. 1, 2024 - Jan. 8, 2025
📝Application Guideline : https://www.u-hyogo.ac.jp/english/guidelines2025.pdf

‼️ကျောင်းဝင်ခွင့် ရွေးချယ်မှုကိုတော့ Document Screening၊ Online Interview နဲ့ဆုံးဖြတ်သွားမှာဖြစ်ပြီး၊ 2025 September Enrollment အတွက် ကျောင်းသားကျောင်းသူ 30 ဦးကို ကျောင်းဝင်ခွင့်လက်ခံပေးသွားမှာဖြစ်ပါတယ်။ ဝင်ခွင့်ရရှိမဲ့ ကျောင်းသားကျောင်းသူ 30 ဦးလုံးကို 4နှစ်စာ ကျောင်းလခ 50%လျှော့ချပေးသွားမှာဖြစ်ပါတယ်။

🥇Scholarship အစီအစဉ်တွေကတော့
▪️GBC Program ကိုထူးချွန်စွာဝင်ခွင့်ရတဲ့ နိုင်ငံတကာကျောင်းသား(၈)ဦးဝန်းကျင်ခန့်ဟာ ဂျပန်အစိုးရ ပညာသင်ဆုဖြစ်တဲ့ MEXT(University Recommendation) Full Scholarship ကို လျှောက်ထားရရှိနိုင်ပါတယ်။
▪️ဒါ့အပြင် GBC Program ကို September 2025 Enrollment အတွက် ဝင်ခွင့်အောင်မြင်တဲ့ ကျောင်းသားတိုင်း 50% Tuition Reduction Scholarship (Special Exemption)ကို 4နှစ်စာ ရရှိမှာဖြစ်ပါတယ်။
▪️2nd year ကနေစပြီး နှစ်စဉ် Academic Performance ရဲ့ Top 30%ထဲဝင်တဲ့ ကျောင်းသားတွေကတော့ Additional Exemption အနေနဲ့ 100% Tuition Reduction Scholarshipကို ရရှိနိုင်မှာဖြစ်ပါတယ်။

Home Page : https://www.u-hyogo.ac.jp/english/
GBC Course: https://www.u-hyogo.ac.jp/english/academics/em/gbc/
Scholarship : https://www.u-hyogo.ac.jp/english/admissions/scholarship/

OJEIC(Okayama University Japan Educational Information Center)

25 Oct, 03:10


🏆MEXT University Recommendation Full Scholarshipအခွင်းအရေးရှိတဲ့Okayama University ရဲ့International Agricultural Program for Leading Regional Development (Faculty of Agriculture, INAF)
🗿21ရာစုမှာ လူသားမျိုးနွယ်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုစတဲ့ ဆိုးရွားသောပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ 🧫ပညာရေးနဲ့သုတေသနလုပ်ခြင်းအားဖြင့် ဤပြဿနားများကိုဖြေရှင်းဖို့ကတော့ INAFရဲ့အဓိကရည်မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်။
🎓ဒီProgramမှာဆိုရင်Preparatory Education(Foundation Course)6လ၊Specialized Education (Bachelor Course)4နှစ်ပါဝင်ပြီးစုစုပေါင်း4နှစ်ခွဲသင်ကြားရမှာဖြစ်ပါတယ်။
📚ဒီProgramမှာ ဂျပန်လိုအဓိကသင်ကြားရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်မဲ့အတန်းတွေလည်း အနည်းငယ်ပါဝင်ပါတယ်။ 🎌ဒါကြောင့် ဂျပန်ကျောင်းသားကျောင်းသူတွေနဲ့ အတူတကွသင်ယူရမှာပဲ ဖြစ်ပါတယ်။ 🗺️ဒါ့အပြင် နိုင်ငံတကာကျောင်းသားကျောင်းသူများထဲမှ အဓိကအနေနဲ့အရှေ့တောင်အာရှမှ ကျောင်းသားကျောင်းသူတွေက ကျောင်းဝင်ခွင့်ရကြပါတယ်။
🧑‍🎓INAFရဲ့ Specialized Educationမှာ သင်ယူနိုင်တဲ့ဘာသာရပ်တွေကတော့
1.Agrochemical Bioscience
2.Applied Plant Science
3.Applied Animal Science
4.Environmental Ecologyတို့ဖြစ်ပါတယ်။

📌Eligibility for apply
1.April 2, 1999 နောက်ပိုင်းမွေးဖွားသူ။ (For MEXT Scholarship)
2. အထက်တန်းအောင်(သို့)12နှစ်တာပညာရေး ပြီးဆုံးထားသူ (သို့) GCE A-Level, IB စသည်တို့ကိုဖြေဆိုအောင်မြင်ထားသူ။
3. ဂျပန်စာအရည်အချင်းJLPT N2 level နှင့် အထက်ရှိသူ (သို့) ဂျပန်စာအရည်အချင်း JLPT N3 level နှင့် အင်္ဂလိပ်စာအရည်အချင်း CEFR B2 level နှင့် အထက်ရှိသူ။

🎉Scholarshipအစီအစဉ်တွေကတော့INAF Program မှာ ကျောင်းဝင်ခွင့်ကို ထူးထူးချွန်ချွန်အောင်မြင်တဲ့ကျောင်းသား(6)ယောက်ဟာ ဂျပန်အစိုးရပညာသင်ဆုဖြစ်တဲ့ MEXT University Recommendation Full Scholarship ရရှိမှာဖြစ်ပါတယ်။

📝နှစ်စဉ် April လကျောင်းဝင်ခွင့် အတွက် Februaryလတွင် ခေါ်ယူလေ့ရှိပြီး စိတ်ဝင်စားသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်နိုင်အောင် Application Guideline အဟောင်းကို ဖော်ပြပေးလိုက်ပါတယ်။
Application Guideline : https://www.okayama-u.ac.jp/user/agr/up_load_files/pdf/INAF2024_e.pdf
Home Page :https://www.okayama-u.ac.jp/user/agr/index_e.html
Scholarship :https://intl.okayama-u.ac.jp/en/support/scholarships/

OJEIC(Okayama University Japan Educational Information Center)

23 Oct, 08:28


🎓ပညာတော်သင်ဆွေးနွေးပွဲ🎓
🎓留学アドバイザーによる留学相談会🎓

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ နိုဝင်ဘာလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  Sophia University က တက္ကသိုလ်အကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။      ။ နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။        ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။
https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။       ။ MAJA, OJEIC, Sophia University


 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。11月の相談会は上智大学(Sophia University)より大学紹介セッションがあります。大学から直接情報を得られる良い機会ですので、ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

 日時:2024年11月6日(水)14時~16時

 開催形式:オンライン(Zoom)

 
予約フォームリンク:https://docs.google.com/forms/d/e/1FAIpQLSdEKlHhvA46EfLu_GUndPU0dP0w49oeZH00eJkTfIg6Ky8dMA/viewform?usp=sf_link

 アドバイザー:MAJA、OJEIC

ゲスト:上智大学(Sophia University)

OJEIC(Okayama University Japan Educational Information Center)

23 Oct, 03:18


💯 Full Scholarship အခွင့်အရေးရှိပြီး English ဘာသာနဲ့သင်ယူနိုင်တဲ့ Tohoku University ရဲ့ Future Global Leadership Program (FGL)

Top Global University Type A အဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းအစိုးရတက္ကသိုလ် Tohoku University ရဲ့ Undergraduate English-Taught Program ဖြစ်တဲ့ Future Global Leadership Program (FGL) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💁🏻‍♂️FGL Program မှာဆိုရင်-
- Advanced Molecular Chemistry (AMC)
- International Mechanical and Aerospace Engineering (IMAC-U)
- Applied Marine Biology (AMB) စတဲ့ Programခွဲ(၃)ခု ပါဝင်ပါတယ်။

🍁2025 October Enrollment
🔻Application Period - Jan 7, 2025 ~ Jan 16, 2025
🔻 Application Guideline - https://www.insc.tohoku.ac.jp/english/wp-content/uploads/2024/05/9a8c13571200851cc90a1a60a187782e.pdf

English Proficiency- TOEFL iBT 79 or higher (or) IELTS 6.0 79 or higher
Standardized Exam - EJU, ACT, AP, GCE-A level, IB, Cambridge Pre-U စတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုထားရန်လိုအပ်ပါတယ်။

🏆 FGL Program မှာ ကျောင်းဝင်ခွင့်ကို ထူးထူးချွန်ချွန်အောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ MEXT University Recommendation Full Scholarship ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

🏆အခြားထူးချွန်ကျောင်းသားကျောင်းသူတွေအနေနဲ့ ‘Tohoku University President Fellowship’ကို လျှောက်ထားရနိုင်မှာဖြစ်ပါတယ်။ ဒီ President Fellowship စကော်လားရှစ်မှာဆိုရင်-
1️⃣Examination Fee & Entrance Fee Exemptions,
2️⃣Tuition Fee (fully or partially waived)
3️⃣Living Stipend (JPY 267,900/term) ကိုရရှိမှာဖြစ်ပါတယ်။

🕵🏻‍♂️Program နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေကတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။
🚌Tohoku University : https://www.insc.tohoku.ac.jp/
🚌 Future Global Leadership Program : https://www.insc.tohoku.ac.jp/english/degree/undergraduate-english/
🚌 Admission : https://www.tohoku.ac.jp/en/admissions/index.html
🚌 Scholarship : https://www.insc.tohoku.ac.jp/english/scholarship-for-international-students/

OJEIC(Okayama University Japan Educational Information Center)

22 Oct, 06:33


🎉APU မှာ ဘွဲကြိုတန်း လျှောက်ထားလိုတဲ့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် ~Information of APU Undergraduate Program & Panel Discussion

💁🏻‍♀️ဒီWebinar မှာဆိုရင် APU ရဲ့ တာဝန်ရှိသူတွေက ကျောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တဲ့ ကောလိပ်၊ ပညာသင်ဆုထောက်ပံံကြေး စတဲ့အကြောင်းအရာတွေအပြင် ကျောင်းလျှောက်ရာမှာ လိုအပ်တဲ့အချက်အလက်တွေကို ရှင်းလင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ APUမှာ လက်ရှိတက်ရောက်နေတဲ့မြန်မာကျောင်းသား(၆)ယောက် ပါဝင်ဆွေးနွေးမဲ့ Panel Discussion လည်းပါဝင်သွားမှာဖြစ်ပြီး၊ မေးလိုရာမေးမြန်းနိုင်မဲ့ Q&A session လည်းပါဝင်သွားမှာဖြစ်ပါတယ်။

🤗Webinar ကို မြန်မာဘာသာဖြင့် ကျင်းပပေးသွားမှာဖြစ်ပြီး၊ APU မှာ ဘွဲကြိုတန်းလျှောက်ထားလို မြန်မာကျောင်းသားကျောင်းသူတွေအတွက် အခွင့်အရေးကောင်းဖြစ်တာကြောင့် ဆက်ဆက်ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းချင်ပါတယ်။

🔺Date : Oct 24, 2024 (Thursday)
🔺Time : 5:00 pm ~ 6:30 pm (MMT)

📩အခမဲ့ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
https://apply.admissions.apu.ac.jp/register/20241024myanmar

OJEIC(Okayama University Japan Educational Information Center)

22 Oct, 03:08


🌟Virtual Study Fair at Kyushu University🌟

⭐️ဂျပန်နိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအစိုးရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyushu University မှာ ဘွဲ့လွန်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နိုဝင်ဘာလ ၁ရက်နေ့မှာ Online Study Fair ကိုကျင်းပပေးသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် Kyushu Universityမှာ ပညာသင်ယူနိုင်ဖို့ လိုအပ်တဲ့ Admission Process အကြောင်း၊ MEXT Scholarships အကြောင်းနဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် Career Support အကြောင်းတွေကို ပြောကြားပေးသွားမှာဖြစ်လို့ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🍀ပွဲကိုတော့ အပိုင်း၂ ပိုင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 1st Session မှာ Kyushu University အကြောင်းမိတ်ဆက်၊ နိုင်ငံတကာကျောင်းသားကျောင်းသူ၃ယောက်ရဲ့ပညာတော်သင်အတွေ့အကြုံ နဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် ဘယ်လိုအထောက်အပံ့တွေ ပေးနေလဲဆိုတာကို ပြောကြားပေးသွားမှာဖြစ်ပါတယ်။2nd Session မှာတော့ Kyushu University ရဲ့ Graduate School ၈ခုအကြောင်းကို အသေးစိတ် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

📅Date: November 1 (Fri), 2024
⏲️Time: 1:30 pm – 3:30 pm (Myanmar time)

📚Program
☆1st session (1:30 pm to 2:30 pm)
🌸Overview of Kyushu University, Students’ Voice
🌸Introduction of job-hunting Support for International Students

☆2nd session (2:30 pm to 3:30 pm)
🌸Group A: Graduate School of Integrated Sciences of Global Society
🌸Group B: Graduate School of Science, Graduate School of Systems Life Sciences
🌸Group C: Graduate School of Engineering, Graduate School of Information Science and Electrical Engineering, Interdisciplinary Graduate School of Engineering Sciences
🌸Group D: Graduate School of Design
🌸Group E: Graduate School of Bioresource and Bioenvironmental Sciences

📌💬Kyushu University ရဲ့ ဘွဲ့လွန်တန်းမှာ ပညာသင်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းဖြစ်တာ‌ကြောင့် လက်လွှတ်မခံဘဲ အောက်ပါလင့်ခ်ကနေ အခမဲ့စာရင်းပေးသွင်းပြီး ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Registration: https://kyushu-u-ac-jp-global.zoom.us/webinar/register/WN_TR9BiPW-RbO00J-z7X7tcA

Kyushu University Web Page:
https://www.isc.kyushu-u.ac.jp/intlweb/en/event/fair
Facebook:
https://www.facebook.com/Kyushu-University-Inbound-Team-102509684991241

“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
https://t.me/ojeicmyanmar (edited)
Global Gateways Kyushu University - 九州大学国際部
https://www.isc.kyushu-u.ac.jp/intlweb/en/event/fair
PAGE MENU Upcoming Featured Events Promotional Materials / Social Media Archive Study Abroad Fairs You can see more information of upcoming events mainly hosted by KU Inbound Team below. Upcoming Featured Events Virtual Study Abroad Fair in 2024 (Fall) Our Virtual Study Abroad Fair will be held on Friday, November 1, at 4:00 pm. This
Mar 4th, 2021
Facebook
https://www.facebook.com/Kyushu-University-Inbound-Team-102509684991241
Log into Facebook to start sharing and connecting with your friends, family, and people you know.
Telegram
https://t.me/ojeicmyanmar
"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

OJEIC(Okayama University Japan Educational Information Center)

21 Oct, 08:33


🐙Human Science International Undergraduate Degree Program @ Osaka University

🌸ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနိုင်ငံပိုင်တက္ကသိုလ်ဖြစ်တဲ့ Osaka University ရဲ့ School of Human Science မှာ အင်္ဂလိပ်ဘာသာရပ်နဲ့သင်ယူနိုင်မဲ့ "Human Science International Undergraduate Degree Program" ကို မိတ်ဆက်ပေးချင်ပါတယ်။

💁🏻ဒီ Program မှာဆိုရင် -
1️⃣Diversity and Inclusion Studies
2️⃣Japan Studies
3️⃣Political and Global Studies
စတဲ့ Study Areas (3)ခုပါဝင်ပြီး၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ ပထမနှစ်ကနေ ဒုတိယနှစ်1st semesterအထိ Foundation Course ကိုသင်ယူရမှာဖြစ်ပါတယ်။ ဒုတိယနှစ် 2nd semester ကစပြီး ကြိုက်နှစ်သက်ရာ Study Area (1)ခု ကိုရွေးချယ်ရမှာဖြစ်ပြီး၊ Advanced Level Course ကိုသင်ကြားရမှာဖြစ်ပါတယ်။ Short-term, Long-term Exchange Opportunities တွေလည်းရှိပြီး၊ ဒီProgram မှာရရှိနိုင်မဲ့ ဘွဲ့ကတော့ Bachelor of Human Sciences ဖြစ်ပါတယ်။

ကျောင်းလျှောက်ရန်အတွက် အခြေခံလိုအပ်ချက်တွေကတော့
၁။အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
၃။ TOEFL iBT 85 (သို့) IELTS 6.5 ရရှိထားသူ။

【2025 October Enrollment】
Application Period - Dec 2, 2024 ~ Jan 6, 2025 (23:59 JST)
Application Guideline : https://iudp.hus.osaka-u.ac.jp/wp-content/uploads/2024/07/2025-Application-Guidelines.pdf

💰For Undergraduate Program
💴Application Fee - 17,000 yen
💴Enrollment Fee - 282,000 yen
💴Tuition Fee - 535,800 yen per year

🍀Scholarship အခွင့်အရေးအနေနဲ့ Tuition Fee Exemption Scholarship (Half or Fully) အပြင်၊ International Students များအတွက် ကျောင်းဝင်ခွင့်ရပြီးနောက် လျှောက်ထားနိုင်တဲ့ Scholarship များလည်းရှိပါတယ်။

💻အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါပြီ။
✏️Website : https://iudp.hus.osaka-u.ac.jp/program/
✏️Admission: https://iudp.hus.osaka-u.ac.jp/admissions/
✏️Scholarships: https://iudp.hus.osaka-u.ac.jp/prospective-students/

OJEIC(Okayama University Japan Educational Information Center)

21 Oct, 07:03


🏫 Okayama University ဟာ 1870 ခုနှစ်မှာ Medical College တစ်ခု အနေနဲ့ စတင်တည်ထောင်ခဲ့ပြီး၊ 1949 ခုနှစ်မှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း နိုင်ငံပိုင်တက္ကသိုလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ Okayama University မှာဆိုရင် နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် Global Discovery Program (GDP) လို့ခေါ်တဲ့ English + Japanese Hybrid Program ကို ပြုလုပ်ပေးထားပါတယ်။

GDP မှာဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်တဲ့ Discovery Track ၊ အင်္ဂလိပ်ဘာသာနဲ့ ဂျပန်ဘာသာ ပေါင်းပြီး သင်ယူနိုင်တဲ့ Matching Track ဆိုပြီး (၂) မျိုးရှိပါတယ်။

1️⃣ English Based Program ဖြစ်တဲ့ Discovery Track မှာတော့
🍀Cultural Diversity and Communities
🍀Social Innovation and Entrepreneurship
🍀Transdisciplinary Sciences ဆိုပြီး မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်လေ့လာနိုင်မှာဖြစ်ပါတယ်။

2️⃣ Japanese level က N1နဲ့အထက် ရှိမယ်ဆိုရင်တော့ Matching track ကိုရွေးချယ်နိုင်ပါတယ်။ Matching Track ရဲ့ အားသာချက်တွေကတော့ Okayama University ရဲ့ နာမည်ကြီး Faculties တွေဖြစ်တဲ့
🌸School of Letters
🌸School of Education
🌸Faculty of Law
🌸School of Economics
🌸School of Science
🌸Medical School (Faculty of Health Sciences only)
🌸School of Pharmaceutical Sciences (Department of Pharmaceutical Technology only)
🌸School of Engineering
🌸 School of Agriculture စတဲ့အတန်းတွေကိုပါ ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

📣Application Period (2025 Enrollment)

Period 1 (For April or October 2025 admission) : Oct 7 ~ Oct 23, 2024 (17:00 JST)

Period 2 (For October 2025 admission only) :
Dec 23 ~ Jan 21, 2025 (17:00 JST)

🔺Application Guideline : https://discovery.okayama-u.ac.jp/master/wp-content/uploads/2024/07/Download-Application-Guide-for-2025-International-Admissions-Application-2.pdf

2024 ပညာသင်နှစ် အတွက် Scholarships တွေအနေနဲ့ Japan အစိုးရကပေးအပ်တဲ့ MEXT Scholarship ၊ ကျောင်းလခ100% အထိ ကင်းလွတ်ခွင့် ရရှိနိုင်တဲ့ “Discovery Scholarship”နဲ့ JASSO scholarship အပြင် အခြားပုဂ္ဂလိကအဖွဲ့အစည်းတွေက ပေးအပ်တဲ့ scholarship တွေလည်း ရှိခဲ့ပါတယ်။ 2025 ပညာသင်နှစ်အတွက် Latest Scholarship Information တွေကိုတော့ အောက်ပါလင့်ခ်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
https://discovery.okayama-u.ac.jp/en/

💁‍♀️Okayama University (GDP) ရဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
🔺Okayama University : https://www.okayama-u.ac.jp/index_e.html
🔺GDP : https://discovery.okayama-u.ac.jp/en/about_discovery/
🔺Admission :https://www.okayama-u.ac.jp/eng/international_admissions/index.html
🔺Scholarship:https://discovery.okayama-u.ac.jp/en/prospective_students/s/

OJEIC(Okayama University Japan Educational Information Center)

21 Oct, 05:02


🇯🇵ဂျပန်နိုင်ငံရဲ့Top(10)စာရင်းဝင် ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Tsukuba ရဲ့ Japan-Expert (Bachelor) program

🎌Japan-Expert (Bachelor) program ဟာဆိုရင် ဂျပန်နိုင်ငံ (သို့) မိမိနိုင်ငံရှိ ဂျပန်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ဆန္ဒရှိတဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံကိုပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ 4-year Undergraduate Program တစ်ခုဖြစ်ပါတယ်။

JEP မှာ ရွေးချယ်သင်ကြားနိုင်တဲ့ Courseတွေကတော့
▪️Agricultural Science Course
▪️Healthcare Course
▪️Japanese Art and Design Course
▪️Japanese Language Teacher Training Course တို့ဖြစ်ပါတယ်။

📌Program ရဲ့ပထမနှစ်ဝက် ၆လမှာ ဂျပန်ဘာသာကိုသာ အဓိကသင်ယူရမှာဖြစ်ပါတယ်။ Internship Program လည်းထောက်ပံ့ပေးထားပြီး သင်ယူခဲ့တဲ့ဘာသာရပ်ရဲ့နယ်ပယ်ကိုအမှန်တကယ်ကျွမ်းကျင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း လေ့ကျင့်ခွင့်ရမှာဖြစ်ပါတယ်။

👉Eligibility To Apply
1.အထက်တန်းအောင်(သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2.Japanese Language Proficiency: N3 or Higher (JLPT, J.TEST, TOP-J, AP, EJU)
(Japanese Language Teacher Training Course အတွက် N2 level နဲ့အထက်)

🖌Japanese Art and Design Course အတွက် Art Works (Within 3pieces) ကိုပါတင်ပြရန်လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး၊ Interview အကြောင်းအရာတွေကို Application Guidline မှတစ်ဆင့် လေ့လာနိုင်ပါတယ်။

📖October လကျောင်းဝင်ခွင့်အတွက် March လတွင် စတင်ခေါ်ယူလေ့ရှိပြီး၊ စိတ်ပါဝင်စားသူတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ခေါ်ဆိုပြီးသွားတဲ့ Application Guidelines အဟောင်းကိုဖော်ပြပေးလိုက်ပါတယ်။
Application Guidelines (2024 October Intake) : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2023/12/EN_Application_Guidelines_for_2024.pdf#

🎊ထူးချွန် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျော့ချပေးခြင်းနဲ့ Health Care Course မှ ကျောင်းသားကျောင်းသူတွေအတွက် Imagawa FUTURE Fund Scholarship: 80,000yen/month + 50,000yen (only for one time enrollment) စတဲ့ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။ ဒါ့အပြင်JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ရပီးနောက်ပိုင်းလျှောက်ထားလို့ရတဲ့ Private Foundationတွေက ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေလည်းရှိပါတယ်။

🏛ကျောင်းနဲ့ပတ်သတ်တဲ့အသေးစိတ် အချက်အလက်တွေကို အောက်ပါwebsiteတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
☘️University of Tsukuba : https://www.tsukuba.ac.jp/en/
☘️JEP : https://jp-ex.tsukuba.ac.jp/en/
☘️Scholarship :https://jp-ex.tsukuba.ac.jp/en/support/
☘️JEP Pamphlet : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2024/02/pamph2024jpen.pdf