Min Yel Kyaw Swar @min_yel_kyaw_swar7 Channel on Telegram

Min Yel Kyaw Swar

@min_yel_kyaw_swar7


Min Yel Kyaw Swar (Burmese)

အသံပြင်ပြင်ဖြစ်ပါသေးတယ်။ "Min Yel Kyaw Swar" သည် မင်ရယ်ကျော် စွာ ရှစ်ရှစ် အကြောင်းအရာ ဖြစ်ပြီး လက်ဆေးပေးနိုင်ပါသည်။ ယခု channel သည် မင်ရယ်ချောင်းပြီး ရယ်လိုပါသေးသည်။ ဒီ channel မှာ မင်ရယ်ရဲ့ လက်ဆေးနဲ့ စွယ်မည့် မင်ရယ်စာရင်းတွေကို ဝင်ရောက်နိုင်မယ့် ဠိုင်ဆက် ဖြစ်ပါသေးသည်။ ဒီအတွက် မင်ရယ်နဲ့ ထိပ်မက် မင်ရယ်ကျော်စာရင်းနဲ့ တွေ့ရမယ့် အခါများ လည်း ဝင်ရောက်နိုင်ပြီး မိတ်ဆက်စရာပေး ကြိုးစား ရမယ့် ညီအကျိုးစားလုပ်ကားများကို ရယ်လိုပါသေးသည်။ နေ့စဉ်လည်း မင်ရယ်နဲ့ ကိုယ်ဝင်ရောက် မိတ်ဆက်စရာပေးစွမ်းစင်သော တွေ့နဲ့ အတူတူ ကောင်းရေးများနဲ့ တွေ့ရပါသည်။ ဒါဟာ မင်ရယ်ရဲ့ ရယ်လိုအတွက် အလှအပနေ့တိတိ ဆုံးပုံအဖွဲ့အစည် ဖြစ်ပါသည်။

Min Yel Kyaw Swar

03 Jul, 05:29


"ဆိုင်ပိတ်သွားပြီ"ဆိုတဲ့အသံကြားရရင်
အရင်ကဘာမှမခံစားရပေမယ့်
အခုနောက်ပိုင်းအတော်ခံစားရတယ်။

အများအမြင်မှာတော့ ဆိုင်ပိတ်သွားတာပေါ့။

တကယ်တမ်းတော့ ဆိုင်လေးတစ်ဆိုင်ဆိုတာ
သေချာတွေးကြည့်ရင် အိပ်မက်တွေမြှုပ်နှံထားတဲ့နေရာလေး
စိတ်ကူးတွေကိုဆေးခြယ်ထားတဲ့ကမ္ဘာလေးပါ။

ဒီဆိုင်လေးဖွင့်ဖို့ အများကြီးတိုင်ပင်ခဲ့ကြရတယ်
အများကြီးရင်းနှီးခဲ့ရတယ် အများကြီးကြိုးစားခဲ့ရတယ်
အနာဂတ်တွေထည့်ပြီးဆောက်လုပ်ထားရတာ...
ရှိစုမဲ့စုလေးတွေကိုဖြန့်ခင်း
ဆုံးဖြတ်ချက်တွေကာရံထားပြီး
မျှော်လင့်ချက်တွေအမိုးမိုးထားရတာ....

‌အခြေအနေအမျိုးမျိုးကြောင့် အလှည့်အပြောင်းအဖုံဖုံရဲ့အောက်မှာ
ရသလောက်တော့ ကျားကန်ပြီးဖွင့်ခဲ့ကြဦးမှာပဲ
နောက်ဆုံး တောင့်မခံနိုင်တော့တဲ့အဆုံး
တံခါးတွေပိတ် ပစ္စည်းတွေသိမ်းပြီး
စာရွက်လေးတစ်ခုရေးပြီးကပ်သွားကြရုံပေါ့
" ဆိုင်အပြီးပိတ်လိုက်သည် "

ဒီလိုနဲ့ ကျွန်တော်တို့ပတ်ဝန်ကျင်မှာ
ဆိုင်အသေးလေးတွေ တဖြေးဖြေးပိတ်ကုန်ကြတယ်
" ဆိုင်ခန်းငှားမည်" ဆိုတဲ့ ဆိုင်းဘုတ်လေးတွေချိတ်လို့....
" ကြော်ငြာနိုင်သည်" ဆိုတဲ့ ဘီလ်ဘုတ်ကြီးတွေကလည်း ကြော်ငြာမယ့်ကုန်ပစ္စည်းမရှိဘဲပြောင်တလင်းခါလို့ ...

သာမန်ကြည့်ရင်တော့
ဆိုင်လေးတွေပိတ်ကုန်တယ်ပေါ့

တကယ်တော့
သစ်ပင်အိုကြီးကနေ
သစ်ရွက်တွေ တရွက်ပြီးတရွက်ကြွေကုန်ကြတာဗျ

Min Yel Kyaw Swar

Min Yel Kyaw Swar

22 Jun, 19:01


မျက်မှောက်ခေတ်ကာလမှာတော့
လူငယ်တွေအနေနဲ့ သက်မွေးပညာရပ်တစ်ခုကို(အနည်းဆုံး)တတ်မြောက်ထားသင့်တယ်ဆိုတာ
အဖြေပေါ်လာပါပြီ။

မနက်ပိုင်းဖယ်ရီစီး ( လိုင်းကားစီး)
တနေကုန်ကျောင်းမှာ လက်ချာလိုက်
ညနေကားစီးပြီးပြန်
စနေတနင်္ဂ‌နွေကျ ကျူရှင်ထပ်တက်
၃/၄လတက် စာမေးပွဲဖြေစနစ်နဲ့
အချိန် ၃/၄ နှစ်ပေးပြီးတက်ရတဲ့ ရိုးရိုးသာမန်ဘွဲ့တွေဟာ အခုလိုကာလမှာ ယူထားလည်းဘာမှ(သိပ်)သုံးလို့မရဘူးဆိုတာ အားလုံးအမြင်ပါပဲ။

ဒီစာမျိုးတွေရေးရင်
ပညာသင်တယ်ဆိုတာ .... ဘာညာကွိကွနဲ့
စာအရှည်ကြီးတွေပြန်ပြန်ရေးကြတာမျိုး
ဘွဲ့ဆိုတာ ငွေရှာဖို့မဟုတ်ဘူး စဉ်းစားချင့်ချိန်တတ်ဖို့
အစရှိတဲ့ comment တွေလာလာရေးကြတာများပါတယ်

ဆိုလိုတာက
ဘဝအတွက် ဘယ်နေရာမှာမှသုံးမှာမဟုတ်တဲ့
ရိုးရိုးဘွဲ့တစ်ခုရဖို့ အချိန် ၄နှစ်လောက်ပေးရတာ
ကျောင်းကားခ+ထမင်းဖိုး+ကျူရှင်လခ+ဘာကြေးညာကြေးတွေ အနည်းဆုံးသိန်းဂဏန်းလောက်လတိုင်းကုန်နေတာ
သာမန်ဘွဲ့တစ်ခုဟာ အလုပ်လျှောက်တဲ့အခါ
ဆယ်တန်းအောင်နဲ့ လစာသိပ်မကွာတာ
အားလုံးမျက်မြင်ပါပဲ

ဒါ့ကြောင့် အခုလို အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေတဲ့အချိန်မှာ လူငယ်တွေကို သာမန်ဘွဲ့ရဖို့ထက် တကယ်အသုံးချလို့ရမယ့်သက်မွေးပညာရပ်တွေကိုသင်စေချင်တယ်

အချက်အပြုတ်သင်တန်းတွေ ဒီဇိုင်နာသင်တန်းတွေ
ကွန်ပြူတာနဲ့ဆက်စပ်တဲ့သင်တန်းတွေ ဘာသာစကားသင်တန်းတွေ စက်ပြင်သင်တန်းတွေ
သင်္ဘောလိုက် /စားပွဲထိုး/ စားဖိုမှူးသင်တန်းတွေစတဲ့အရာတွေကို သေချာသင်စေမိတယ်

သာမန်ဘွဲ့ကိုတက်သလိုပဲ
အချိန်ရောငွေရောအကုန်ခံလိုက်ရင်
၃/၄နှစ်ဆိုရင် နယ်ပယ်တစ်ခုမှာ အတော်အသင့်ကျွမ်းကျင်နေလောက်ပါပြီ

ချွင်းချက်အနေနဲ့ ဒီဘွဲ့ယူပြီး ဒီပညာနဲ့ပဲ ပညာရှင်အဖြစ်ရပ်တည်ချင်တယ်ဆိုရင်တော့
ဂုဏ်ထူးတန်းတွေ မာစတာတန်းတွေ ဒေါက်တာတန်းတွေ ဖောချင်းသောချင်းဖွင့်ပေးနေပါတယ်
တက်လိုကတက်နိုင်ပါတယ်။

လူငယ်တွေအနေနဲ့
ပြည်တွင်းမှာပဲနေနေ ပြည်ပကိုပဲထွက်ထွက်
" မင်း ဘာတတ်မြောက်သလဲ" ဆိုတာကိုအရင်မေးတာပါ
ဘာမှဖြစ်မြောက်အောင်မလုပ်တတ်ရင်
General workers အဖြစ်နဲ့ပဲ လုပ်ရမှာပါ
တစ်ခုခုတတ်မြောက်နေမှသာ တော်ရုံအဆင့်နဲ့အလုပ်ရမှာပါ

တိုးတက်ပြီးသားနိုင်ငံတွေ
လူ့အခွင့်အရေးအပြည့် အာမခံချက်အပြည့်ရှိတဲ့နိုင်ငံတွေမှာတော့ ကိုယ်ဝါသနာပါတဲ့ပညာရပ်ကိုသေချာလိုက်စားကြပြီး အဲဒီပညာရပ်နဲ့ပဲအသက်မွေးကြပေမယ့်

ဆင်းရဲတဲ့နိုင်ငံ လူငယ်တွေအတွက်တိုးတက်ဖို့အခွင့်အလမ်းအရမ်းနည်းတဲ့နိုင်ငံမှာတော့
မှီတဲ့အမှတ်နဲ့ ရတဲ့တက္ကသိုလ်တက် အချိန်တန်ဘွဲ့ရ
ရတဲ့ဘွဲ့လက်မှတ်နဲ့အလုပ်လိုက်ရှာခဲ့တာ
နှစ်ပေါင်းများစွာကြာခဲ့ပါပြီ
ဒါဟာ သိပ်အလုပ်မဖြစ်တော့မှန်းလည်း
လူတွေသိလာကြပါပြီ။

ဒါ့ကြောင့်
ငယ်တုန်းကို သက်မွေးဝမ်းကျောင်းပညာတစ်ခုခု
ရအောင်သင်ကြပါ ကလေးတို့

Min Yel Kyaw Swar

22 Jun, 13:59


ကော်ဖီတစ်ခွက် အရက်တစ်ခွက်
ဒါမှမဟုတ် ဆေးလိပ်တစ်လိပ်နဲ့
အတွေးတွေမျော်လွင့်နိုင်တဲ့လူမျိုးတွေကို
ကျွန်တော်အရမ်းသဘောကျတယ်

စိတ်တွေကိုမျောလွင့်ခွင့်ပေးဖို့
စူးစူးစိုက်စိုက်အာရုံတွေထဲကဆွဲထုတ်ပစ်ဖို့
များများစားစားသိပ်ကြိုးစားစရာမလို
ခမ်းခမ်းနားနား သိပ်ကုန်ကျစရာမလိုပဲ
အတွေးပင်လယ်ထဲ လက်ပစ်ကူးနိုင်ခွင့်ရှိ‌သူတွေပေါ့

စိတ်မွန်းကြပ်တာတွေကနေ ခဏပဲဖြစ်ဖြစ်လွတ်မြောက်ဖို့
လူစုစရာလည်းမလို ပိုက်ဆံစုစရာလည်းမလို
ခွင့်တင်စရာလည်းမလိုတဲ့ relaxation တွေပေါ့

တကယ်တော့
ဘဝကြီးမှာ သက်သက်သာသာနဲ့စိတ်အနားယူဖို့
အသက်ကြီးလေ လိုအပ်လာလေမဟုတ်လား

Min Yel Kyaw Swar

Min Yel Kyaw Swar

03 Jun, 15:42


Channel photo updated

Min Yel Kyaw Swar

03 Jun, 13:16


လူနှစ်ဦးတွေ့ဆုံခြင်းဟာ အနည်းဆုံးတော့စိတ်အနှောက်အယှက်မဖြစ်သင့်ဘူး။
ပျော်ရွှင်ရရင် ပိုအဆင်ပြေတာပေါ့.....

အခုလိုသိပ်ကိုမွန်းကြပ်စရာကောင်းတဲ့ကာလမျိုးမှာ
သူ့ကိုတကယ်စေတနာရှိလို့ မုန့်ကျွေးလိုက်တာမျိုး
သူရင်ဖွင့်တဲ့အရာတွေကို အချိန်အတိုင်းအတာတခုအထိ နှလုံးသားနဲ့နားထောင်ပေးတာမျိုး
တကယ်၍ ကိုယ်ကအဆင်ပြေအောင်မြင်နေရင်တောင် အဲဒီအကြောင်းအရာတွေကိုပြောမိရင်း
သူ့ကိုမသိမ်ငယ်စေတာမျိုး
သူ့မျှော်လင့်ချက်တွေကို ကိုယ့်ထင်မြင်ချက်တွေနဲ့
ရို-က်ချလိုက်တာမျိုး
ဒါမျိုးလေးတွေ သတိလေးထားပြီးတွေ့ဆုံကြရင်ပိုကောင်းမယ်ပေါ့လေ .....

တဖက်ကလည်း
တွေ့ဆုံခြင်းကိုတန်ဖိုးထားတဲ့အနေနဲ့
မိမိအပူတွေကိုလိုတာထက်ပိုမပြောမိအောင်
တခြားမနှစ်မြို့ဖွယ်ရာ အပြုအမူတွေကိုအလွန်အကျွံမလုပ်မိအောင် ဂရုစိုက်ရင်ပိုကောင်းမှာပါ

ဘာလို့လဲဆိုတော့ တွေ့ဆုံခြင်းတွေအတွက်
အချိန်ပေးရတယ် ငွေကုန်တယ်
တချို့တွေအတွက်စေတနာပါပေးရတယ်
တချို့တွေအတွက် မျှော်လင့်ချက်တွေတောင်
ထည့်ထားရတာမို့ပါ

မွန်းကြပ်တဲ့
အလိုက်ကန်းဆိုးမသိတဲ့
အားမနာတတ်တဲ့တွေ့ဆုံခြင်းတွေကို
စိတ်ကုန်လာတဲ့အခါ

တန်ဖိုးသိတဲ့လူတွေနဲ့
ကျေနပ်စရာ တွေ့ဆုံခြင်းတွေကို
ခင်ဗျားတောင့်တလာပါလိမ့်မယ်။

Min Yel Kyaw Swah 🌿

Min Yel Kyaw Swar

30 May, 10:52


မနက်ကတည်းက VPN ဝင်မရတော့ဘူး
ညနေ Ooredoo ကို
ဖုန်းဆက်မေးကြည့်တော့
Ooredoo card တွေနဲ့
VPN ချိတ်ပြီးသုံရတဲ့ဟာတွေ
ဝင်မရတာလို့ပြောပါတယ်။
တခြား wifi တွေလည်း
VPN ချိတ်မရဘူးလို့ ကြားပါတယ်

မိတ်ဆွေတို့ရော
သုံးလို့ရကြရဲ့လားး

Min Yel Kyaw Swar

05 Mar, 15:52


Facebook Instagram တွေ
သုံးလို့မရပါဘူးနော်
Session expired ဖြစ်သွားပါတယ်
တကမ္ဘာလုံးဖြစ်တာလို့သိရပါတယ်
တယောက်ထဲမဟုတ်လို့
သိပ်စိတ်မပူကြပါနဲ့

စောစောအိပ်လို့ရပါပြီ
😅

Min Yel Kyaw Swar

31 Dec, 18:28


အားလုံးပဲ
၂၀၂၄ ခုနှစ်မှာ
အဖြစ်ချင်ဆုံးဆန္ဒတွေ
အမြန်ဆုံးပြည့်ဝကြပါစေ❤️

Min Yel Kyaw Swar

10 Nov, 08:22


November လထဲမှာ
လိုင်စင်သင်တန်း တစ်တန်းကျန်ရှိပါတယ်။
🌿 လူကိုယ်တိုင် ၄ရက်အပြည့်တက်ရပါမယ်
November 16/17/18/19 ဖြစ်ပါတယ်
ရန်ကုန်မြို့ ကန်သာယာစင်တာမှာတက်ရပါမယ်

စာမေးပွဲက 24 ရက်နေ့ပါ
( ရန်ကုန်မြို့အတွက်သာ )

လိုအပ်တဲ့သက်ဆိုင်ရာ product training တွေကို
November လထဲမှာ ဆက်တက်နိုင်ရင်
အခုလကုန်မှာ အားလုံး ready ဖြစ်ပါမယ်။

ရန်ကုန်မှ စိတ်ဝင်စားသူများ
Comment ကနေ ဆက်သွယ်နိုင်ပါတယ်။

Min Yel Kyaw Swar

08 Nov, 15:17


🎉 In-Line19 Co., Ltd တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

QS Engineer - 1 post (Yangon)

Site Engineer - 1 post(Yangon)

အလုပ်ချိန်: 9:00 AM to 5:00 PM (Sunday- off)

Mail: [email protected] သို့ CV Form ပေးပို့နိုင်ပါသည်။

☎️ Phone: 09 258 684 934, 09 421 126 294

🏠 လိပ်စာ: No - 09#317/ 14(A)/ ဧရာဝဏ်လမ်းမကြီး/ ဧရာချမ်းသာကွန်ဒို/ ဒဂုံဆိပ်ကမ်းမြို့နယ်/ ရန်ကုန်မြို့။

(CV Formတွင် လျှောက်ထားလိုသော ရာထူး၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ လုပ်ငန်းအတွေ့အကြုံ ၊ ဓါတ်ပုံနှင့် မျှော်မှန်းလစာအား တခါတည်း ထည့်သွင်းဖော်ပြပေးပါရန်)

#inline #decoration #interior #construction #designinspiration #vacancy

Min Yel Kyaw Swar

22 Aug, 11:27


Sales Representative- 2 post (Female)

Life Insurance Corporate Company တခုတွင် Sales Representative အနေဖြင့်လုပ်ကိုင်ရန် အောက်ပါအရည်အချင်းပြည့်သူများ လျှောက်ထားနိုင်ပါသည်။

Requirement
-Any graduation in University
-Age-25-35 yrs
- Sales experience in Insurance Industry
- ရုပ်ရည်ပြေပြစ် ရမည်
- English စာ အရေး၊အဖတ် ပြော ကျွမ်းကျင်ရမည်။

Salary- Negotiation

ဆက်သွယ်ရန်
09799973177/09778880090
CV- [email protected]

Min Yel Kyaw Swar

11 Jan, 16:20


အသက်အာမခံထားရှိဖို့ စိတ်ကူးနေကြရင်ပဲဖြစ်ဖြစ် ဘဝအာမခံအမျိုးအစားတွေအကြောင်း စိတ်ဝင်စားကြရင်ပဲဖြစ်ဖြစ် ဝယ်ယူချင်တယ် ဆွေးနွေးချင်တယ် အကြံဉာဏ်ယူချင်တယ်ဆိုရင်ဖြင့် လာမယ့် Sunday ရန်ကုန် ကန်သာယာစင်တာမှာ လုပ်မယ့်ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ် မိမိမိသားစုအတွက် အာမခံထားရှိပြီး လုံခြုံစိတ်ချဖို့ အဆင်သင့်ဖြစ်ကြပြီလားးးးးးး ပို့စ်ရဲ့ comment မှာ registration စာရင်းသွင်းနိုင်ကြပါတယ်

Min Yel Kyaw Swar

28 Sep, 12:22


မန္တလေးမြိုက မိတ်ဆွေတွေအတွက်
ပုံမှန်အလုပ်တစ်ခုရှိနေပြီး နောက်ထပ်တွဲလုပ်နိုင်မယ့် အလုပ်တခုရှာနေကြသူတွေ
အာမခံလုပ်ငန်း Financial ပိုင်းဆိုင်ရာအလုပ်တွေနဲ့မစိမ်းနဲ့လူတွေ
ဘဏ်လုပ်ငန်း marketing လုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့လူတွေအတွက်
Life Insurance Agent လုပ်ချင်တဲ့လူတွေအတွက်
ကျွန်တော်တို့ Manulife က အလုပ်အကိုင်ဟောပြောပွဲတစ်ခု
မန္တလေးမြိုမှာ လာရောက်ကျင်းပပါ့မယ်
စိတ်ဝင်စားရင် လာရောက်ကြဖို ဖိတ်ခေါ်ပါတယ်

Min Yel Kyaw Swar

14 Sep, 07:00


နောက်၂လကျော် ၃လအတွက်
ဒါတွေပြင်ဆင်ထားကြပါ။
အလှကုန်တွေ ဈေးအဆမတန်တက်နေတဲ့အတွက်
လက်ရှိဟာတွေကုန်ရင် ဝယ်နိုင်မှာမဟုတ်တော့ပါဘူး
ဒါ့ကြောင့် အိမ်မှာရှိတဲ့သနပ်ခါးတုံးအဟောင်းတွေကို
ရေပြန်ဆေး နေပြန်လှမ်းထားကြပါ။
ဘာမှမလိမ်းဘဲနေတာထက်စာရင်
သနပ်ခါးနဲ့ skin care နေလိုက်တာ ပိုအဆင်ပြေမှာပါ။
ထိုင်းဘက်ကဝင်တဲ့ roll on တွေ
ဈေးတွေတက်နေပါပြီ
နောက်၃လလောက်ဆို သင်ဝယ်နိုင်မှာမဟုတ်တော့ပါဘူး
ဒါ့ကြောင့် ကျောက်ချဉ်တုံးတွေ ကြိုဝယ်ထားပါ
ကျောက်ချဉ်သွေးလိမ်းတာဟာ ဂျိုင်းနံ့နံတာကိုသက်သာစေပါတယ်။
တရော်ကင်ပွန်းသီးတွေ ဝယ်စုထားပါ။
shampoo တွေ ၃ဆလောက်ဈေးတက်နေပါပြီ။
ခေါင်းမလျှော်ဘဲနေမယ့်အစား
တရော်ကင်ပွန်းနဲ့လျှော်တာက မင်္ဂလာလည်းရှိသလို
ဦးရေပြားလည်းအေးစေပါတယ်
ဗေါက်လည်းသက်သာစေပါတယ်။
အုန်းဆီပြန်လိမ်းကြပါ။
သွားတိုက်ဆေး Thai made တွေ ဈေးတော်တော်တက်နေပါတယ်
ဒါ့ကြောင့် ဆားနဲ့တိုက်တတ်အောင်လေ့ကျင့်ကြပါ
မီးသွေးခဲနဲ့တိုက်ရင်လည်း သွားတွေဖြူပါသတဲ့။
တာမွေတို့ စံပြဈေးတို့မှာ
တဗူး၅၀၀ ၃ဗူးတထောင်ဆိုတဲ့ ပေါင်ဒါတွေတွေ့ရင်
များများသာဝယ်ထားပါ။
ရေမွှေးတွေ ဈေးတက်ကုန်လို့ တပုလင်း ၇သိန်းလောက်အောက်ထစ်ပါ။
Body lotion တွေ မဝင်တော့ပါဘူး
ဒါ့ကြောင့် ပေါင်ဒါလေးလိမ်းပြီး လှလှပြင်ကြပါ။
ခရမ်းချဉ်သီး မုန်လာဥ သခွားသီး အာလူး ကြက်ဥစတဲ့
မျက်နှာပေါင်းတင်လို့ရတဲ့အသီးအနှံ/ ဥတွေနဲ့
skin care လုပ်နည်းတွေကို you tube ကနေကြိုလေ့လာထားပါ
mask တွေ ဈေးတက်နေပါပြီ
နောက်ဆို သင်ဝယ်ကပ်နိုင်တော့မှာမဟုတ်ပါဘူး။
အားလုံးပဲ
ပုံးဖာမှောက်ဆင် အလှပြင်နိုင်ကြပါစေ။

Min Yel Kyaw Swar

09 Sep, 04:01


အလုပ်ရှာနေကြတဲ့ ညီလေး ညီမလေးများအတွက်

Min Yel Kyaw Swar

31 Aug, 05:11


ဒီနေ့ လခထုတ်ရက်

သူဌေးက သူ့ဘဏ်တိုးတွေညည်းပြ
ဒေါ်လာဈေးတွေညည်းပြရင်း မျက်ရည်တွေဝဲနေလို
ဝန်ထမ်းတွေက တယောက်တသောင်းစုပြီး
သူ့ပြန်ပေးခဲ့ရတယ်။ Crd;

Min Yel Kyaw Swar

22 Jul, 04:32


သိန်းဘယ်နှစ်သောင်းတန်အိမ်ကြီးကို
မဲတစ်မဲကို ၁သောင်းနဲ့ မဲဖောက်ပေးမယ်
Live လွှင့်ပြီးမဲဖောက်ပေးမယ် ကံစမ်းကြပါဦးလို့
ပြောပြီး live လွှင့်နေတဲ့ အနုပညာရှင်တွေက
ဦးနှောက်မပါတာလားဟင်
မဲတမဲ ၁သောင်းနဲ့ လူဘယ်နှစ်ယောက်ပါလို့ပါမှန်းမသိရ
ပြီးရင် သူတို့လူပဲသူတို့ပြန်ပေါက်နေတဲ့ကိစ္စကို
ဝင်ပြီးကံစမ်းနေတဲ့လူတွေကိုလည်းအံ့ဩမိတယ်
မဲတမဲ ၁သောင်းနဲ့
လူတယောက်၁သောင်း ကံစမ်းရင်
သိန်း၁၀၀၀ အလကားနေရင်းရသွားတာ
ပြီးရင် Live လွှင့်တဲ့အနုပညာရှင်ကို
၅သိန်း /၁၀သိန်းပေးလိုက်
ကျန်တာသူတို့ယူ
အိမ်မဲပေါက်သွားတဲ့လူက အိမ်ရှင်ကိုယ်တိုင်ပဲ🤣
အ, တဲ့သူ ခံကြ

Min Yel Kyaw Swar

20 Jul, 16:59


သတင်းတွေဖတ်ပြီးစိတ်မကောင်းတွေဖြစ်တာများတဲ့အခါ
စိတ်တွေဟာ နောက်ကျိလာတတ်ပါတယ်
စိတ်အကြည်ဓာတ်တွေလျော့နည်းလာတဲ့အခါ
ရုပ်တွေကပါ ဖောက်ပြန်လာမှာပါ
ဒီဆက်သွယ်ချက်ကို မမေ့ပါနဲ့
မခံစားရဘူးလိုမပြောလိုပါဘူး
စိတ်မညစ်ရဘူးလို မတိုက်တွန်းပါဘူး
ပြည်သူအားလုံး ခံစားရတာ ကြေကွဲရတာ
စိတ်တွေမလတ်ဆတ်တော့တာ အားလုံးအသိပါ
ဒါပေမယ့် မိမိစိတ်တွေကို ရသလောက် refresh ပြန်လုပ်ပါ
စိတ်ညစ်ပြီးရင် စိတ်ပေါ့ပါးဖိုပြန်ကြိုးစားပါ
စိတ်ရှုပ်ပြီးရင် စိတ်ကိုပြန်ရှင်းဖိုအချိန်ပေးပါ
စိတ်တွေအမြဲထိုင်းမှိင်းမနေအောင် သတိလေးကပ်ထားပါ ကူနိုင်တဲ့ဘက်က ဆက်ကူပါ မကူနိုင်တဲ့အခါ ကိုယ်ချင်းစာပေးပါ မေတ္တာပို့ပေးပါ
အားလုံးသိပြီးသားဖြစ်တဲ့
ဘာသာရေး လုပ်ကြည့်ပါ
ဟာသတွေကြည့်ပါ
စိတ်ပြေလက်ပျောက် ဇာတ်ကားတွေပြန်ကြည့်ပေးပါ
wifi ရတဲ့အိမ်တွေအနေနဲ့ မိမိစိတ်ဝင်စားတဲ့အရာတွေကြည့်ရင်း
အတွေးတွေကို ပြောင်းကြည့်ပါ
မိတ်ဆွေသူငယ်ချင်းဆွေမျိုးတွေနဲ့
အရင်ကထက် ပိုပြီးနွေးနွေးထွေးထွေးနေကြည့်ပါ
အားကစားပြန်လုပ်ပါ
ဒါတွေက အားလုံးသိပြီးသားအရာတွေပါ
ဒါတွေကိုပဲ ကြိုးစားဆောင်ရွက်ကြည့်ပါ
စိတ်တွေခိုင်မာမှ စိတ်တွေကျန်းမာမှ
မိမိတိုရုပ်ခန္ဓာတွေ သန်မာမယ်ဆိုတာမမေ့ပါနဲ့
ဘယ်အချိန်ပြီးမယ်မှန်းမသိတဲ့အခြေအနေကြီးကို
ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ဖို
စိတ်နဲ့ရုပ်ဟာ အညမညသဘောအရ
ဆက်စပ်ပြီး အရေးကြီးတယ်ဆိုတာမမေ့ကြပါနဲ့
အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေ

Min Yel Kyaw Swar

10 Jun, 08:51


ဟန်ဆောင်ရယ်နေပြီး ဖုန်းပေါ်ကိုမျက်နှာရောက်သွားတဲ့အခါ
သက်ပြင်းမသိမသာချရင်း ဘာမှမဖြစ်သလိုဆက်ရယ်နေရတယ်
အနာဂတ်တွေကတော့ အရောင်တွေတောက်ပခဲ့တာပေါ့
ဒါပေမယ့်အခုအချိန်မှာတော့
အနာဂတ်ဆိုတာသက်ပြင်းချစရာတစ်ခုဖြစ်လာတယ်
စိတ်ကူးတွေကတော့ ကွန့်မြူးခဲ့တာပေါ့
ခုချိန်မှာ စိတ်ကူးတွေဆိုတာ ခပ်မွဲမွဲအရောင်တခုလိုပါပဲ
နင်ရောပျော်ရဲ့လား
ငါရော နေသာသလား
အချင်းချင်းမေးကြတဲ့အခါ ပြိုင်တူကြည့်ရင်း
သက်ပြင်းကိုယ်စီချကြရင်းပေါ့
ဒီဘက်မှာတော့ ရယ်သံတွေနဲ့
ဟိုဘက်မှာတော့ ငိုသံတွေနဲ့
ဒီဘက်ကမ်းက သေနတ်သံတွေကို
ဟိုဘက်ကမ်းက သက်ပြင်းချသံတွေကြောင့်မကြားရတဲ့ဘဝတွေပေါ့
တေးဂီတသံတွေမကြားရတော့ဘူး
တရားဓမ္မသံတွေ မကြားရတော့ဘူး
ဘုရားကျောင်းကခေါင်းလောင်းသံတွေ မကြားရတော့ဘူး
သက်ပြင်းချသံတွေပိုကျယ်လောင်လာတယ်
ဟုတ်တယ်
ငါတို့အားလုံး သက်ပြင်းချနေကြတယ်။