Lion Battalion - ဗျူဟာစစ်ကြောင်း @lionbattalion2022 Channel on Telegram

Lion Battalion - ဗျူဟာစစ်ကြောင်း

@lionbattalion2022


ဗိုလ်အယ်ဆေးဝါးဦးစီးသော
Lion battalion - ဗျူဟာစစ်ကြောင်း

Lion Battalion - ဗျူဟာစစ်ကြောင်း (Burmese)

ဗျူဟာစစ်ကြောင်း သည် ဗျူဟာစစ်ပြီးပြီးရောက်ရောကနေဆောင်ရွက်ရေးသည်။ အဘယ်သူသည်လေးစီးစစ်ကြောင်းသောအခါမှ ယောလင်မြို့မှ ယူနှင့် ကလေးစီးစစ်ကြောင်းသော ထုတ်လွှင့်ထားမှုကို အတွေ့အကြုပါသည်။ ဗိုလ်အယ်ဆေးဝါးဦးစီးသော Lion battalion - ဗျူဟာစစ်ကြောင်း သည် နောက်ထပ် အက္ခရာအချိန် နှင့် ဒေသအေးဆေးချက်များပေးရမည်ဖြစ်ပါသည်။ စားသောက်လူမှ နည်းလမ်းကို အလွန်ထား မျှဝေဖောက်ပါ။ အသုံးပြုသူအတွက် Lion Battalion - ဗျူဟာစစ်ကြောင်း သည် သက်ဆိုင်တန်းရီးယားနှင့် ပင်လယ်လယ်ကနေ နည်းလမ်းလုပ်ကို ရယူရန်အတွက်ဖေါ်ပြချက်တွေရှိပါသည်။ နည်းလမ်းလုပ်ရာများကားနဲ့ဖြစ်ပါသည်။ အထောက်အတွင်းသည် နည်းလမ်းလုပ်ကို စားခွင့်ရန်အတွက် သင်လက်အောက်သောအရာကို တွေ ဠောင်မြင်ကို ဖတ်ထားခဲ့ပါသည်။

Lion Battalion - ဗျူဟာစစ်ကြောင်း

07 Apr, 03:13


ပူးတွဲအမိန့်ထုတ်ပြန်ချက်
————————————
၂၀၂၃ ခုနှစ်၊ ဧပြီလ၊ ၇ရက်


၁။ ( ၂၅ . ၃ . ၂၀၂၃ ) ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားလျက် ရှိပါသည်။

၂။ အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါတိုက်ပွဲများတွင် များစွာအထိနာလျက်ရှိသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

၃။ ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ( ၇ . ၄ . ၂၀၂၃ ) ရက်နေ့ မှ ( ၂၁ . ၄ . ၂၀၂၃ ) ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် မြေပြင်ပူပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဤအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်သည်။

မိဘပြည်သူများအနေဖြင့် အထက်ပါထုတ်ပြန်ချက်
(၃)ရပ် အားလိုက်နာပေးကြပါရန်နှင့် မိမိတို့တက်နိုင်သည့်ဘက်ပူးပေါင်းပါဝင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

#lion_battalion_commando
#ဗျူဟာစစ်ကြောင်း
#ထိုးဖောက်ဝင်ရောက်မြို့ပြဗျောက်

Lion Battalion - ဗျူဟာစစ်ကြောင်း

29 Mar, 05:12


မတ်လ၊ ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်
ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင်
ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော
Lion Battalion Commando - ဗျူဟာစစ်ကြောင်း နှင့်
ကရင့်တော်လှန်ရေးတပ်ဖွဲ့များ နှင့် အခြားသော
PDF ပူးပေါင်းစစ်ကြောင်းများမှ ကရင်ပြည်နယ်၊
ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးမြို့အခြေစိုက်
ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတား နှင့်
ငါးတိုင်အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ ဖြစ်သောနယ်ခြားစောင့်တပ် BGF နှင့် ရဲခွေးများအား
မတ်လ၊ ၂၅ ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်မှစ၍
ဗျုဟာမြောက်ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ရုပ်သံဖိုင်ဖြစ်သည်။

တိုက်ပွဲသတင်းများအားအချိန်နှင့်တပြေးညီသိရှိနိုင်ရန်အခုပဲ join ပါ
https://t.me/lionbattalion2022

#lion_battalion_commando
#ဗျူဟာစစ်ကြောင်း
#ထိုးဖောက်ဝင်ရောက်မြို့ပြဗျောက်
#ကျုံဒိုးတိုက်ပွဲ

Lion Battalion - ဗျူဟာစစ်ကြောင်း

28 Mar, 08:26


တိုက်ပွဲသတင်းထုတ်ပြန်ချက်
———————————————
၂၈ ရက်၊ မတ်လ၊ ၂၀၂၃ ခုနှစ်

မတ်လ၊ ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင်
ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော
Lion Battalion Commando - ဗျူဟာစစ်ကြောင်း နှင့် ကရင့်တော်လှန်ရေးတပ်ဖွဲ့များ နှင့် အခြားသောPDF ပူးပေါင်းစစ်ကြောင်းများမှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတား နှင့်ငါးတိုင်အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ ဖြစ်သောနယ်ခြားစောင့်တပ် BGF နှင့် ရဲခွေးများအား
မတ်လ၊ ၂၅ ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်မှစ၍ဗျုဟာမြောက်ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။

အပြည့်အစုံဖတ်ရှူ့နိုင်ရန်
https://www.facebook.com/100064668221979/posts/pfbid034JEsGhisdQdiemSt1BfL6WrPm4NoK787vAcchhYuy5boLwWNpune6kk45DYAZwMCl/?mibextid=cr9u03


#lion_battalion_commando
#ဗျူဟာစစ်ကြောင်း

Lion Battalion - ဗျူဟာစစ်ကြောင်း

18 Mar, 11:23


ဗျူဟာမှူးဗိုလ်အယ်စေးဝါး ရဲ့ Lion Battalion နဲ့တွေ့
တော့စကစတွေ ဘယ်လိုတောင်ပြေးလည်း——?????

—————————————————————
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာအကြားတွင် Lion Battalion Commando - ဗျူဟာစစ်​ကြောင်း၊ အခြား​သောပူ​ပေါင်းတပ်ဖွဲ့များ နှင့်
နယ်​မြေကျူး​ကျော်ရန်ကြိုးစားလာ​သောအကြမ်းဖက်စစ်​ကောင်စီဖြင့်တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံး၊ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများပြားသဖြင့်
ကစဉ်းကလျားထွက်ပြေးခဲ့သည်ရုပ်သံဖိုင်ဖြစ်ပါသည်။
—————————————————————

အထက်ပါ တိုက်ပွဲထုတ်ပြန်ချက်သတင်းအား
ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါရုပ်သံဖိုင်အားအပြီးထိကြည့်ရှူ့နိုင်ရန်……
https://youtu.be/c8pUPVS6CLc

အခုပဲ join ထားလိုက်ပါ….
https://t.me/lionbattalion2022

#lion_battalion_commando
#ဗျူဟာစစ်ကြောင်း
#kawthoolei_army

Lion Battalion - ဗျူဟာစစ်ကြောင်း

17 Mar, 14:44


တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာကြား၌ ၁၅ ရက် ၊ ၃ လ ၊၂၀၂၃ ခုနှစ်၊ (၁၆:၁၅) မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရတခတိုင်းလက်အောက်ခံ တပ်ရင်း/တပ်မများ ၊ ၅၅၇၊ ၂၀၈၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်သော အင်အား (၂၀၀) ဝန်းကျင်ခန့်သည် နယ်မြေကျူးကျော် ဝင်ရောက်လာရာ နယ်မြေလုံခြုံရေးယူထားသော Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ ARMS Drone တပ်ဖွဲ၊ SDDF Drone တပ်ဖွဲ့တို့မှ အသင့်စောင့်ကြို၍တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဖက်မှ (၄၀)ကျော်ခန့် ကျဆုံးပြီး ဒဏ်ရာရသူ (၃၀)ကျော်ခန့်ဖြင့် ကစဉ့်ကလျားထွက်ခွာသွားခဲ့ပြီး မြစ်၊ချောင်းများအတွင်း၊ ကျေးရွာများအတွင်း၌ ရဲဘော်ရဲဘက်စိတ်ဓါတ်ကင်းမဲ့စွာဖြင့် (စစ်ခွေး)အလောင်းများအား စွန့်ပစ်ခဲ့ပါသည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန် (၁၆:၁၅) မိနစ်မှ (၁၈:၃၀) မိနစ်အတွင်း မိမိတိုဘက်မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါသည်။

Lion Battalion - ဗျူဟာစစ်ကြောင်း

09 Mar, 16:59


ပြည်သူသို့အသိပေးအကြောင်းကြားခြင်း
——————————————————

Lion Battalion - ဗျူဟာစစ်ကြောင်း

07 Mar, 04:17


ခေတ်အဆက်ဆက်မှာ လူမသိသူမသိပျောက်ကွယ်သွားတဲ့ လူငယ်လေးတွေရှိခဲ့ဖူးတယ်တဲ့ထိုစကားကိုကျနော်သဘောမကျပါ…အဘယ်ကြောင့်ဆိုသော် ထိုလူငယ်လေးများ၏တန်ဖိုးကိုမသိခြင်းထိုလူငယ်လေးများလောက် သတ္တိမရှိခြင်းနှင့် မတရားမှုကို စုစည်းညီညွှတ်စွာမတော်လှန်ရဲခြင်းကြောင့် ထိုလူငယ်လေးများကိုသာမက မြန်မာပြည်သူပြည်သားတို့၏ လူအခွင့်အရေးကိုပါဆုံးရှုံးခဲ့ရခြင်း တစ်နည်းအားဖြင့်မတရားမှန်းသိရက် မတော်လှန်ရဲခြင်းကို ထင်ဟပ်စေသော ကဗျာတစ်ပုဒ်ဖြစ်နေခြင်းကြောင့်
ဖြစ်သည်…
Lion battalion စစ်ကြောင်း၏လူငယ်လေးများကို ဗျူဟာမှုးကတန်ဖိုးထားသည်…
ကျနော်တို့တုန်းက တုတ်နဲ့လေ့ကျင့်ခဲ့ရပေမယ့် ယခုရဲဘော်လေးတွေကိုတော့ 🔫အစစ်ဖြင့်လေ့ကျင့်စေသည် ပြည်သူတို့၏ ထောက်ပံ့မှုကို တစ်ကျပ်တစ်ပြားသော်မှ အလဟဿမဖြစ်စေရန်အမြဲမှာကြားသည် ပြည်သူများအနေဖြင့်လည်း မိမိတို့လှုဒါန်းထားသော ချွေးနှဲစာဖြင့် စစ်ကောင်စီကို
ချေမှုန်းရန်လေ့ကျင့်နေသည့်ရဲဘော်လေးများကိုကြည့်ကာ ကျေနပ်ဝမ်းမြောက်လိမ့်မည်ဟု ယုံကြည်ပါသည်..

အပြည့်အစုံဖတ်နိုင်ရန်…..

https://www.facebook.com/100064668221979/posts/pfbid0UXexmvwA1eVCkbk4MtYqwHTBAoE3s2HWZQThTQC7K3oHUKf5K7mWKRrCFrBpYzKRl/?mibextid=cr9u03

1,793

subscribers

29

photos

3

videos