📚ဘဝအတွက်စာတိုများ📚 @lifestory2023j Channel on Telegram

📚ဘဝအတွက်စာတိုများ📚

@lifestory2023j


တစ်ကယ်တော့ လူတိုင်း
လူတိုင်း တန်ဖိုးရှိတဲ့ လူ့ဘဝ
ဆိုတာကို ထပ်တူမကျတဲ့ လူတွေ
ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင်
ညှိရင်း တည်ဆောက် နေကြရတာပါပဲ။

comment t.me/lifestory2024J

📚 ဘဝအတွက်စာတိုများ 📚 (Burmese)

ဘဝအတွက်စာတိုများ ဆိုတာကို ထပ်တူမကျတဲ့ လူတွေကို ဖြစ်အောင်ကြည့်ရှုရန် လမ်းညွှန်သည်။ ဤ စာရေးများသည် လူ့တိုင်းသည် ဒီလို အခြေစိုက်စစ်ရမည်ဟု ဆိုသည်။ ပထမဦး မေနရာသည် လူတွေကို ဆိုတာကို ဒီလှုပ်ရှားပေးတဲ့လူ့တိုင်းလိုအပ်ဖြစ်သည်။ နောက်လည်း ယခု လောင်သည် နေလည်လည်လည်လည် စာရေးများ ဖြည့်ပေးတဲ့ စာများဖြစ်တွေးရှိသည်။ ဒီစာများသည် လူ့အခြေစိုက်သည် လျှောက်ပြန်လျှောက်ပြန် ရည်ရည် စာများ သို့ အားလျှောက်ပြန်သည်။ ဒီစာများကို သို့မဟုတ် သွားပြီး ကျွန်ဂျုံရဲ့ စာများဖြစ်သည်။ ဒီလက်သည် စာရေးလမ်းညွှန် စာများလိုက် ခဲ့လျှင် ဒီ ဈေချိန်သည်။

📚ဘဝအတွက်စာတိုများ📚

20 Nov, 20:24


မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့..
နှလုံးသားမျိုးကမှ..နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ .. ကြင်နာတတ်တာပါ..။

ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ .. တကယ်မွန်မြတ်တာပါ...။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ... ထေပြီး
မြင်တတ်နားလည်တတ်တဲ့ နှလုံးသားမျိုးကမှ
တကယ့်ကို ... ရင့်ကျက်တာပါ..။

လိုအပ်နေရင်တောင်
လိုလို့ဖြည့်ပေးတယ်ဆိုတဲ့ သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ
တကယ့်ကို .. လေးစားထိုက်တာပါ ..။

#Credit

📚ဘဝအတွက်စာတိုများ📚

20 Nov, 20:18


ရေစက်ပါလို့ တွေ့ဆုံလို့လဲ
ဝမ်းမသာပါနဲ့
ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။
ရေစက်ကုန်လို့ လမ်းခွဲရလဲ
ဝမ်းမနည်းပါနဲ့
ဝဋ်ကြွေးကုန်တာလဲ ဖြစ်နိုင်တယ်။
တစ်ယောက်တည်း နေတက်အောင်
ကြိုးစားပါ အဖော်ဆိုတာ အလကားပဲ။
ကိုယ်သေရင် သူလိုက်မသေပေးသလို
သူသေလဲ ကိုယ်လိုက်မသေပေးနိုင်ဘူးလေ။
နှစ်ယောက်ရှိမှ တဘဝမဟုတ်ဘူး
တစ်ယောက်တည်းလဲ လျှောက်ရဲရမယ်
တစ်ပွင့်ထဲလဲ ဖွင့်ရဲရမယ်။
ခက်ခဲ့လိုမလုပ်ခြင်တာ မဟုတ်ပါဘူး
မလုပ်ခြင်လို့သာ ခက်ခဲ့တာပါ။
အခက်ခဲ့တွေက မင်းဘဝသန်မာအောင်
လေ့ကျင့်ပေးတဲ့ ဆရာတဆူမှန်းသိနေရင်
ရဲရဲသာ သင်ယူလိုက်ပါ။
အရာအားလုံးက နောက်ဆုံးမှာ
အဆင်ပြေသွားလိမ့်မယ်။
အဆင်မပြေသေးရင် အဲ့တာ
နောက်ဆုံး မဟုတ်သေးလို့ပါ။
#စာပေချစ်သူ#

📚ဘဝအတွက်စာတိုများ📚

20 Nov, 20:13


လူတစ်ယောက်ရဲ့ အတွေးဟာ
သူ့ရဲ့ဘဝပါပဲတဲ့.
အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…
ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energyတွေပြည့်နှက်နေမယ်…
မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…
Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…
ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…

#crd

📚ဘဝအတွက်စာတိုများ📚

20 Nov, 20:11


သူစိမ်းက ဆွေမျိုးလို လာဆက်ဆံရင်
နှလုံးသားထဲ နွေးထွေးရတယ်။

ဆွေမျိုးက သူစိမ်းလို လာပြုမူရင်
နှလုံးသားထဲ နာကျင်ရတယ်။

လူတချို့ကို သူစိမ်းမို့ဆိုပြီး
သူစိမ်းလို ပြန်ဆက်ဆံလို့ မရဘူး။

သူတို့က ကိုယ့်အပေါ်
သိပ်ကို နွေးထွေးစေလို့...။

ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့
ကိုယ်ကလည်း ပြန်နွေးထွေးစွာ
ကြိုဆိုရတယ်။

လူတချို့ကို ဆွေမျိုးမို့ဆိုပြီး
ဆွေမျိုးလို အထူးအခွင့်အရေးပေးပြီး
ဆက်ဆံပေးလို့ မရဘူး။

သူတို့က သိပ်ကိုသူစိမ်းဆန်တဲ့
အပြုအမူ တချို့နဲ့
ကိုယ့်ကို အကြိမ်ကြိမ်
အခါခါ နာကျင်စေလို့...။

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ပဲ
ကျောခိုင်းပြီး ရှောင်နေရတယ်
ဒီလောက်ပါပဲ....... ။

#Crd

📚ဘဝအတွက်စာတိုများ📚

19 Nov, 01:17


ညီလေး...ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ
-------------------------------------------------

ညီလေး...မင်းပတ်ဝန်းကျင်ကအစစအရာရာ
ကိုယ့်ထက်သာတဲ့သူတွေကိုတွေ့ရင်...လေးစားပါ
အတုယူပါ ပြီးရင်သူ့ထက်သာအောင် ကြိုးစားပါ
လူဆိုတာ...သူ့မှာရှိတဲ့အရည်အချင်းကိုယ့်မှာမရှိပေမဲ့
ကိုယ့်မှာရှိတဲ့အရည်အချင်လည်းသူ့မှာမရှိနိုင်ပါဘူး။
ဆရာဝန်အလုပ်ကို ဆိုင်ကယ်ပြင်တဲ့သူနားမလည်သလို
ဆိုင်ကယ်ပြင်တဲ့အလုပ်ကိုလည်းဆရာဝန်နားမလည်ပါဘူး။
လူဆိုတာသူ့နေရာနဲ့သူကတော့ဆရာတွေချည်းပါပဲ။
ဒါကြောင့်...အစစအရာရာမပြည့်စုံတဲ့ကိုယ့်ဘဝကို
ပြန်ကြည့်ပြီးအားငယ်စရာတော့မလိုပါဘူး။
အရေးကြီးတာက ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်တိုင်းမှာ
မိမိကြောင့်သူတစ်ပါးဒုက္ခမရောက်ဖို့နဲ့
ကိုယ်လုပ်တဲ့အမှားကိုကိုယ်တိုင်တာဝန်ယူဖြေရှင်းနိုင်တဲ့
ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ်။

ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့''
-----------------------------------------------
မင်းမှာအရည်အချင်းတွေအများကြီးရှိဖို့မလိုဘူးညီးလေး။

မင်း ရုပ်ရည်မချောတာ အားငယ်စရာမလိုဘူး
ဒါပေမဲ့...စိတ်သဘေားထားမယုတ်ညံ့ဖို့တော့လိုမယ်။

မင်း ပညာမတတ်တာ အားငယ်စရာမလိုဘူး
ဒါပေမဲ့...ကြင်နာတတ်တဲ့နှလုံးသားရှိဖို့တော့လိုမယ်။

မင်း ယောက်ျားပီးသတဲ့ Body မရှိလို့ အားငယ်စရာမလိုဘူး
ဒါပေမဲ့... မိဘကျေးဇူးသိတတ်ဖို့တော့လိုမယ်။

မင်း လူမချမ်းသာတာ အားငယ်စရာမလိုဘူး
ဒါပေမဲ့...မင်းအနားကလူတွေကို
စိတ်ချမ်းသာအောင်ထားတတ်ဖို့တော့လိုမယ်။

မင်း အရက်သောက်တာ ငါ အပြစ်မပြောလိုဘူး
ဒါပေမဲ့...အမြဲမသောက်ဖို့တော့လိုမယ်။

မင်း မိန်းမရှုပ်တာ ငါ အပြစ်မပြောလိုဘူး
ဒါပေမဲ့...မိန်ကလေးတစ်ယောက်ရဲ့ဘဝကို
မယူရသေးခင် မဖျက်စီးဖို့တော့လိုမယ်။

မင်းလောင်းကစားလုပ်တာ ငါ အပြစ်ပြောမလိုဘူး
ဒါပေမဲ့...ဘဝမပျက်ဖို့တော့လိုမယ်။

နောက်ဆုံး...မင်းကို မနာလိုတဲ့ပတ်ဝန်းကျင်ရဲ့အမြင်မှာ
မလိမ္မာရင်တောင်မှ မင်းဘဝရဲ့ ကောင်းသူဆိုးသူ
အားလုံးအပေါ်ကို မင်း မလိမ်ညာမိဖို့ပဲလိုတယ်။

စာပေဝါသနာရှင်ညီငယ်များခွန်အားတိုးပါစေ။

📚ဘဝအတွက်စာတိုများ📚

15 Nov, 12:07


ခွင့်လွှတ်လိုက် ဒါပေမဲ့ မမေ့နဲ့

မကောင်းတဲ့လူကို ခွင့်လွှတ်လိုက်တာဟာ
ကောင်းတဲ့လူကို စော်ကားတာနဲ့တူတူပဲ။

ကိုယ့်အပေါ် မကောင်းတာကို
သိသိနေပါရဲ့နဲ့ တကယ့်တကယ်
အမှတ်သညာမကြီးဘဲ သူတို့ကို
လွယ်လွယ်ကူကူ ခွင့်လွှတ်တာမျိုး
လုံးဝ လုံးဝ မလုပ်မိစေနဲ့။

ခွင့်မလွှတ်လိုက်ရင် စိတ်ထဲမှာ
ပူလောင်နေရတာ မှန်တယ်၊
ဒါပေမဲ့ ပူလောင်မှုကို မလိုချင်လို့
ကိုယ်က ခွင့်လွှတ်နိုင်တယ်ဆိုလဲ
မေ့ပစ်တဲ့အဆင့်ထိ မလုပ်နဲ့။

အခွင့်အရေးကို အချောင်လိုချင်တဲ့လူတွေ
လူ့အဖွဲ့အစည်းထဲ အများကြီးမှ အများကြီး။
ဒီ့အတွက် အမှတ်သညာ ကြီးဖို့ လိုတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ လိုတယ်။
#crd

📚ဘဝအတွက်စာတိုများ📚

08 Nov, 02:44


ကိုယ့်တစ်ဖက်တည်းက ဆွဲလို့ မြဲတဲ့လက်ဆိုတာ မရှိပါဘူး။

ကိုယ့် ခံစားချက်တွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

ကိုယ့်ကို ဂရုစိုက်ပေးဖို့၊ ချစ်ပေးဖို့၊ အာရုံစိုက်ပေးဖို့ ဘယ်သူ့ကိုမှ မတောင်းဆိုမိပါစေနဲ့။

တစ်ယောက်ယောက်က ကိုယ်နဲ့ စကားမပြောချင်ဘူးဆိုရင် သူ့ကို အတင်းဖိအားမပေးပါနဲ့။

ဘာလို့လဲဆိုတော့ ကိုယ့်တစ်ဖက်တည်းကပဲ အတင်းလုပ်ယူထားရတဲ့ relationship ဆိုတာ ရေရှည်မတည်မြဲ
နိုင်ဘူးလေနော်။

ခဏတာလေး ဂရုစိုက်ခံရဖို့အတွက် ဘာလို့များ ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကို နာကျင်အောင် လုပ်နေဦးမှာလဲ?

ကိုယ့်စိတ် ကိုယ်ထိန်းပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာစေဖို့အတွက် ခပ်ခွာခွာနေကြည့်ပါ။

ကိုယ့်အတွက် Right Person မဟုတ်တဲ့သူကို ကိုယ် ဘယ်လောက်တော်ကြောင်း၊ ကောင်းကြောင်းတွေ သက်သေပြနေလည်း အပိုပါပဲ။

ကိုယ့်အတွက် Right Person သာဆိုရင် ကိုယ့်ကို ဘယ်အရာအတွက်နဲ့မှ တောင်းဆိုနေစရာ၊ တောင်းခံနေစရာမလိုအောင် ထားပါလိမ့်မယ်။

လူတွေက ကိုယ်တကယ်ချစ်မြတ်နိုးတဲ့သူကို
လျစ်လျူမရှုနိုင်ကြဘူးလေ။

ဒီလူတစ်ယောက်က ကိုယ့်ကို လျစ်လျူရှုထားပြီဆိုရင် ကိုယ့်ကို သူတကယ်မချစ်လို့၊ ကိုယ်ဟာ သူ့အတွက် အသုံးမဝင်လို့၊ ကိုယ့်ကို သူ့ဘဝထဲမှာ မထားချင်လို့ပါပဲ။

ဒါကြောင့် စိတ်ဓာတ်ခိုင်မာလာအောင် သင်ယူပါ။
ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး ချစ်ခင်တန်ဖိုးထားကြည့်ပါ။

တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ကို ကိုယ်တစ်ယောက်တည်းကပဲ ချစ်နေရတယ်ဆိုတဲ့ ခံစားချက်ဝင်အောင် ဘယ်တော့မှမလုပ်ဘူးလေနော်။

#crd

📚ဘဝအတွက်စာတိုများ📚

04 Nov, 11:21


■■ လက်တစ်ဖက်
မသန်စွမ်းခဲ့တာတောင်
မြန်မာ့စာပေသမိုင်းမှာ

■■ ထိပ်တန်းစာဆိုကြီး
#စလေဦးပုည ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ လယ်တောထဲမှာ
နွားကျောင်းနေရတဲ့
ဘုတလင်မြို့နယ်၊
ငပရင်းရွာသားလေး
ကတောင်

■■ #မဟာဗန္ဓုလစစ်သူကြီး
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ စာသင်ပေးတဲ့ ဆရာက
ကျပ်မပြည့်တဲ့ကောင်လေး လို့

■■ ကဲ့ရဲ့တာ ခံခဲ့ရတဲ့
ခပ်ကြောင်ကြောင်
ကလေးငယ်လေးကတောင်

■■ #သောမတ်အယ်ဒီဆင်
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ နားမကြားတဲ့
ကလေးငယ် ကတောင်
ဂီတစာဆိုကြီး
#ဗီသိုဗင်ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ မျက်မမြင်…
နားမကြား
စကားမပြောတတ်တဲ့
မိန်းကလေးငယ်ကတောင်

■■ နပိုလီယန် နဲ့ အပြိုင်
ကမ္ဘာကျော်အောင်
ထူးချွန်ခဲ့တဲ့
#ဟယ်လင်ကဲလား ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ ကျောင်းတစ်နှစ်ခွဲသာ
နေဖူးခဲ့တဲ့ ကလေးငယ်
ကတောင်

■■ အတွေးအခေါ်……
ပညာရှင်ကြီး
#ဘင်ဂျမင်ဖရင်ကလင်
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ မီးပုံဘေးမှာ
စာဖတ်ရလောက်အောင်
ဆင်းရဲခဲ့ရတဲ့
ကလေးငယ်ကတောင်

■■ အမေရိကန်သမ္မတ
#အေဗရာဟင်လင်ကွန်း
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

■■ #ဆန္ဒ ကို အ
ကြီးအမှူး ထားဖြစ်ခဲ့ရင်...

■■ #ဝီရိယ ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....

■■ #စိတ်ဓာတ် ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....

■■ #ပညာ ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....

■■ ခြေလက်, အင်္ဂါ
ပြည့်စုံသူတွေအတွက်
ကိုယ့်ရည်ရွယ်ချက်
ကိုယ့်ပန်းတိုင် တိုင်းဟာ

■■ မဖြစ်နိုင်ဘူး ဆိုတာ
ရှိနိုင်ပါဦးမလား…

■■ လူသားပီသသူ
တစ်ယောက်အနေနဲ့
#ရည်ရွယ်ချက်တစ်ခုခု…

■■ #ပန်းတိုင်တစ်ခုခု
#ရှိထားဖို့က
#အရေးကြီးပါတယ်။

■■ အနာဂတ်ရဲ့
#တစ်နေရာစာအတွက်
#ရည်ရွယ်ချက်လည်းမရှိ

■■ ပန်းတိုင်လည်း
မရှိတဲ့သူဟာ
ခြေလက်, အင်္ဂါ
ပြည့်စုံနေလည်း
ဘာအဓိပ္ပာယ်မှ
မရှိပါဘူး။

■■ လှေတစ်စင်းဟာ
လှော်ခတ်သူ မပါခဲ့ရင်
ရေစီးအတိုင်းလည်း
မျှောသွားနိုင်တယ်။

■■ #လေတိုက်ရာ
#ဘက်ကိုလည်း
#ပါသွားနိုင်တယ်။

■■ ဘယ်အချိန်
ဘယ်သောင်နဲ့
တိုက်မိလို့

■■ ဘယ်ကမ်းဆီ
ဆိုက်ကပ်မယ်
ဆိုတာလည်း
မသိနိုင်ပါဘူး။

■■ ရည်ရွယ်ချက်
မရှိတဲ့ ဘဝ…
ပန်းတိုင်
မရှိတဲ့ ဘဝ တွေဟာလည်း

■■ လှော်ခတ်သူ
မပါတဲ့ လှေနဲ့ အတူတူပဲ
ဖြစ်တာမို့

■■ လဲကျခဲ့တာတွေကို
သင်ခန်းစာ
မယူတတ်သလို

■■ ပြန်ထရတဲ့
အရသာကိုလည်း
မခံစားတတ်ပါဘူး။

■■ ဘဝမှာ အောင်မြင်မှု
ကြီးကြီးမားမားတွေကို
ပြုလုပ်ဖို့ မစွမ်းနိုင်ရင်တောင်မှ

■■ အကျိုးရှိတဲ့
ရည်ရွယ်ချက် တစ်ခုခု…
ပန်းတိုင် တစ်ခုခု ကိုတော့
ချမှတ်ထားဖို့

■■ အရေးကြီးပြီး
ကိုယ့်ရည်ရွယ်ချက်
ပန်းတိုင်ဆီ ရောက်ဖို့
အစဉ်အမြဲ ဂရုတစိုက်နဲ့
#ကြိုးစားနေသင့်ပါတယ်။

■■ အောင်မြင်မှု့
ကြီးကြီးမားမား
မဟုတ်ရင်တောင်မှ
ကိုယ်နဲ့ ထိုက်တန်တဲ့
ဘဝအောင်မြင်မှုကို ရခဲ့ရင်

■■ အဲ့ဒီလူရဲ့ ……
ရှင်သန်မှုဟာ
အဓိပ္ပာယ် ရှိပါတယ်။
တန်ဖိုး ရှိပါတယ်။

■■ ခြေလက်
အင်္ဂါ ပြည့်ပြည်စုံစုံ
ရှိပါလျက်နဲ့

■■ အကျိုးရှိတဲ့ ……
ရည်ရွယ်ချက်
တစ် ခု ခု

■■ ဘဝ အောင်မြင်မှု
တစ် ခု ခု ကို
ဖြစ်ဖြစ်မြောက်မြောက်
မလုပ်နိုင်ဘဲ

■■ လူ့ပတ်ဝန်းကျင်မှာ
#လူပိုတစ်ယောက်လို
နေမိခဲ့ရင် . . .

■■ ခြေလက်, အင်္ဂါ
မပြည့်စုံသူတွေ
အညတြ ဘဝသမားတွေရဲ့
အောင်မြင်မှုက

■■ လှောင်ပြောင်ပျက်ချော်
သရော် သွားကြပါလိမ့်မယ်။

■■ ဆရာကြီးဦးအောင်သင်းရဲ့
လေသံအတိုင်း ပြောလိုက်ရရင်
ကောင်းတော့ ကောင်းပါတယ်

■■ ဘာကောင်းသလဲ
ဆိုတော့ ရှက်ဖို့
ကောင်းတာပေါ့။

■■ ဒီစာကို ဖတ်ပြီး ……
သင့်စိတ်ထဲ အသိဉာဏ် တ ခု ခု
ရခဲ့ရင် ကျေနပ်ပါတယ်။

မေတ္တာဖြင့် -

#𝐂͢𝐫͢𝐝͢_𝐭͢𝐨͢_𝐨͢𝐰͢𝐧͢𝐞͢𝐫͢_✍️

#credit_to_owner_with_respect
#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

📚ဘဝအတွက်စာတိုများ📚

04 Nov, 10:33


ဘဝမှာ နေပျော်ဖို့ဆိုရင်

ကိုယ့်ဘဝကို
ဘယ်သူနဲ့မှ ယှဥ်မတွေးနဲ့

ကိုယ်လျှောက်မယ့်လမ်းကို
ဘယ်သူ့ကိုမှ မဝေခွဲခိုင်းနဲ့

ကိုယ့်အတွေးထဲကို
သူများအကြောင်းတွေ ထည့်မစဥ်းစားနဲ့

ကိုယ့်ပျော်ရွှင်ခြင်းကို
တစ်ခြားသူတွေဆီက မရှာယူနဲ့

ကိုယ့်ကျန်းမာရေးကို
မဆင်မခြင်ပြုမှုပြီး ထိခိုက်အောင်မလုပ်နဲ့

ကိုယ်အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းနဲ့

ကိုယ်အောင်မြင်ဖို့အတွက်လည်း
ဘယ်သူ့ကိုမှ အားမကိုးနဲ၊

နေရာတကာ သိမ်ငယ်စိတ်မဝင်နဲ့

ကိုယ့်ကိုကိုယ်
ယုံကြည့်ချက် ခိုင်မာဖို့လိုတယ် ။

ဒိထက်ကောင်းတဲ့
ပျော်စရာတွေဖန်တီးဖို့အတွက်
ဒီနေ့ဖြစ်တည်နေတဲ့ရှင်သန်ချိန်လေးကို
အရင်ဆုံး တန်ဖိုးထားတတ်ဖို့လိုတယ်
လက်ရှိဘဝ အသိုက်အမြုံလေးကို
အရင်ဆုံးကျေနပ်နေဖို့လည်းလိုတယ်၊

ဒီတော့
ပျော်အောင် တွေး
ကျန်းမာအောင် နေ
အေးချမ်းဖို့ အားထုက်
ပြီးခဲ့တာတွေကိုမေ့
မျော်လင့်ခြင်းဟာ မင်းဖြစ်သလို
ပျော်ရွှင်ခြင်းဟာလည်း မင်းပဲဖြစ်တယ် ။

#crd

📚ဘဝအတွက်စာတိုများ📚

04 Nov, 10:29


ချစ်နေဖို့ထက်
ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ် ..
ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ
ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊

ကိုယ်အပေါ်
စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။
ချစ်တော့ချစ်တယ် ကိုယ့်အတွက်
အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင်
စိတ်ဆင်းရဲရတယ်။

လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက်
စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး
လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။

ဒါပေမယ့်
မသိစိတ်ကြောင့်လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။

ယောကျာ်းလေးတွေမှာ
မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး
လှတာလေးကိုအရင်မက်ကြတယ်။
မဟုတ်လည်း အရည်အချင်းရှိတဲ့သူကိုမက်ကြတယ်။

တစ်ချို့လူတွေကြတော့
ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး
မျိုးကိုပဲရွေးကြတယ်။
မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။
ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။

တစ်ခါတစ်လေကြတော့လည်း
သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့
သူတွေလည်းရှိတယ်။
နောက်ဆုံးကြတော့ အချစ်ဆိုတာထက်

စိတ်နှလုံးကောင်းပြီး
ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့
အမျိုးသမီးမျိုးရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။

ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊
ပြည့်စုံချမ်းသာမှုတစ်ခုနဲ့အချစ်ကိုဖော်ပြလို့မရဘူး။

ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့
လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင်
ချစ်တာခြင်းမတူညီကြဘူး။

စေတနာဆိုတာမရှိတဲ့ကြားကနေ
မရရအောင်ဖန်တီးပေးချင်နေတာမျိုး။

ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့
သူမျိုးထက်
သူမှာရှိတဲ့ဝင်ငွေလေးနဲ့ကိုယ့်ကိုယ်
ဖြည့်ဆည်းပေးတာမှ
စေတနာရှိတယ် လို့ခေါ်တယ်။

ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။

တကယ်တော့လူတွေကချစ်ရင်
ဘာမဆိုကျော်ဖြတ်နိုင်တယ်လို့ထင်ကြတယ်။
အချစ်ဆိုတာထက် စေတနာ မေတ္တာကပိုလိုအပ်ပါတယ်။

သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး
နွေးထွေးမှုပေးနိုင်ရတယ်။
သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။
ချစ်ကြပုံခြင်းမတူကြရင်တောင်
နားလည်ကြရပါလိမ့်မယ်။

ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့အချစ်ရဲ့သက်ရောက်မှု
တွေဟာ အသက်ထက်ဆုံး ရှိသွားကြပီး၊
အိုမင်းခြင်းအရွယ်အထိရှင်သန်သွားကြသည်ပေါ့။❤

crd

📚ဘဝအတွက်စာတိုများ📚

04 Nov, 05:30


အချိန် စောင့်လိုက်ပါ
****

တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြတယ်။
လမ်းခရီးတစ်ခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့
အားလုံး ခဏနားကြတယ်။
သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက်
မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့
အဖိုးအိုက စေညွှန်လိုက်တယ်။
ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို
သွားကြတယ်။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ
သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။
ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့
အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲတိတ်တိတ်
ဆိတ်ဆိတ်နေတယ်။
နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို
ရေသွားခပ်ခိုင်းပြန်တယ်။
ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်က ရေ တွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။

ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာကြတယ်။

ဒီတော့ အဖိုးအိုက မေးတယ်။
'' ရေတွေ အားလုံး ကြည်လင်သွားအောင်
ဘာ လုပ်လိုက်ကြသလဲ''' ဘာမှ မလုပ်ပါဘူး''
တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။

အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။
'' အချိန်စောင့်လိုက်ရပါတယ်''
အဖိုးအိုက ပြုံးပြီး ပြောတယ်။

'' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး
ကြည်လင်ဖို့
ဘာမှမလုပ်ပဲ အချိန်တခုကိုစောင့်ရပါတယ်။
အဲဒီလိုပဲ တစုံတခုက သင်တို့ကို ဒေါသထွက်အောင်
နာကျင်အောင် ပြုလုပ်လို့သင်တို့ စိတ်တွေ နောက်ကျိ
နေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။

အချိန်ကာလတခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ
အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ်''

သင့်စိတ်ကို တစုံတစ်ယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ်
နောက်ကျိနေပြီဆိုရင်တော့...Let it be... ထားလိုက်ပါ

ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။
အချိန်ပေးလိုက်ပါ။

အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ
ပြန်လည်ကြည်လင် သွားပါလိမ့်မယ်။

#Crd
#ပင်လယ်ပြာရောင်

📚ဘဝအတွက်စာတိုများ📚

03 Nov, 04:55


ငါညံ့ရင် ငါခံရမယ်
သူများကို အပြစ်မတင်ဘူး ။
ငါလဲရင် ငါထရမယ်
တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။

ငါပျင်းလို့ ငါဖျင်းတာ
ကြိုးစားတဲ့သူကို
မနာလိုမဖြစ်ဘူး ။

ငါမလေ့လာလို့ ငါမတတ်တာ
သူများနှိမ်လဲ မနာဘူး ။
ငါ့လိုအပ်ချက်
ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း
ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ်
ငါမကောင်းတဲ့အခါ
အပေါင်းအသင်းကြောင့်လို့
ခေါင်းစဉ်မတတ်ဘူး ။

ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

#crd_to_owner_with_respect
#Mentalpower

📚ဘဝအတွက်စာတိုများ📚

03 Nov, 04:42


အမေ့ မေတ္တာ
****
ဖတ်ကြည့်နော်…

#အမေ့မေတ္တာဆိုတာ…

လမင်းထက်လည်း
အေးမြတယ်။

နေမင်းထက်လည်း
လင်းလက်တယ်။

သမုဒ္ဒရာရေထက်လည်း
များပြားတယ်။

ကောင်းကင်ထက်လည်း
ကျယ်ပြန့်တယ်။

တကယ်တော့…
အမေ့မေတ္တာဟာ…
အနှိုင်းမဲ့ပါ။

#Crd

📚ဘဝအတွက်စာတိုများ📚

22 Oct, 00:08


သိပ်လှတဲ့လောကဓံ 🌱
""""""""""""""""""""""""""""""""""""
မနက်ဖြန်ဆိုတာ
မသေခြာသေးတဲ့နောက်မှာ
ရှင်သန်နေတဲ့နေ့ရက်တိုင်းကိုတော့
အဓိပ္ပါယ်ရှိရှိနဲ့ ဖြတ်သန်းသွားရမယ်လေ

ကျန်းမာရေးကို
ဂရုတစိုက်စောင့်ရှောက်ပြီး
ကပ်သုံးပါး၏ ဘေးအန္တရာယ်မှ
လူတိုင်းလွတ်မြောက်ကြပါစေလို့ဆုတောင်း
နေမိတယ်

အတွေးတွေကို
လျော့နိုင်အောင်ကြိုးစားရင်း
ကိုယ် စိတ်နှစ်ပါးစလုံးကိုလည်း
အေးအေးချမ်းချမ်းဖြစ်စေဖို့ကိုယ်တိုင်
ကြိုးစားရမှာပေါ့

ကောင်းသော
စကားကိုသာဆိုမယ်
ကောင်းသောအလုပ်ကိုလုပ်ခြင်းက
သူတစ်ပါးကိုမထိခိုက်အောင်လုပ်ဆောင်ခြင်းပဲလေ

အခက်အခဲတွေကို
ကိုယ်တိုင် ရင်ဆိုင်ရင်းနဲ့
ကိုယ့်ဖြစ်တည်မှုအတွက်ဟာ
ဘယ်သူ့မှာမှတာဝန်မရှိဘူးဆိုတာ
လက်ခံထားပါတယ်

နားလည်ပေးမယ်
လက်ခံသင့်တာကိုလက်ခံမယ်
အရာရာကို ထိပ်တိုက်မတွေ့တာကလည်း
ရန်လည်းနည်းသလို စိတ်လည်းရှင်းတာပေါ့လေ

အစားထိုးစရာမရှိတဲ့
အဖေနှင့်အမေ မရှိတော့ကတည်းက
ဘယ်အရာကိုမှ ပိုင်ဆိုင်လိုစိတ်မရှိတော့သလို
ဘာကိုမှလည်း မက်မောမှုမရှိသလိုနေတတ်လာတယ်

ကိုယ့်ဘဝနဲ့ကိုယ်
ပျော်အောင်နေထိုင်မယ်
အဆင်ပြေပြေ အဆင်မပြေပြေ
ကိုယ့်အားကိုယ်ကိုးပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်သွားမယ်

မာနတွေ
အတ္တတွေကိုရှေ့တန်းမတင်တတ်ပေမယ့်
ကိုယ့် ကိုယ်ကျင့်သိက္ခာကို
ထိပါးလာရင်တော့ လုံးဝသည်းမခံတတ်ဘူးလေ

ပတ်ဝန်းကျင်မှာ
တိုက်ခိုက်မှုတွေရှိပေမယ့်
ကိုယ်ကတော့ ခပ်ပြုံးပြုံးလေးပဲနေတယ်
ကိုယ့်စိတ်စေတနာကိုနားလည်သူတွေကကိုယ့်အနားမှာဒုနဲ့ဒေးကိုး

ရလိုစိတ်မရှိပဲ
ပေးဆပ်ခြင်းဖြင့်သာ
ပျော်မွေ့နေတတ်တဲ့ကိုယ့်အတွက်တော့
စိတ်ကောင်းနှလုံးကောင်းရှိဖို့က ပဓာနပဲမဟုတ်လား

တစ်ခါတလေ
ကိုယ့်အပေါ်မကောင်းကြံနေမှန်းသိတယ်
အပြုံးမပျက်ပဲ ကိုယ်ဆက်ဆံနိုင်ခြင်းကလည်း
သူ့တရား သူသာလျှင်စီရင်ခံရမှာကို သိထားလို့လေ

အခက်အခဲတွေကြုံတိုင်း
ကိုယ့်ကို သန်မာစေဖို့ဖြစ်လာတယ်လို့
ကိုယ့်စိတ်က ခံယူလိုက်တဲ့အခါ
လောကဓံဟာ ကိုယ့်အတွက်သိပ်လှတဲ့အချိုးအကွေ့ တစ်ခုဖြစ်လာတယ်လေ

#crd

📚ဘဝအတွက်စာတိုများ📚

22 Oct, 00:01


💬 စကားပြောတဲ့အခါ လူကြီးတွေနဲ့ ပြောတာဖြစ်ဖြစ် ၊ လူငယ်တွေနဲ့ ပြောတာဖြစ်ဖြစ် "ပါ" ထည့်ပြောပါ ။

🍀 "ပါ" ထည့်ပြောခြင်းက ပိုပြီးယဉ်ကျေးစေပါတယ် ။ တဖက်သူအပေါ် လေးစားရာကျပါတယ် ။ "ဟုတ်တယ်" လို့ပြောမယ့်အစား "ဟုတ်ပါတယ်" လို့ပြောပါ ။ "မသိဘူး" လို့ပြောမယ့်အစား "မသိပါဘူး" လို့ပြောရင်ပိုပြီး နားဝင်ချိုပါတယ် ။

--------------------------------------------

💬 မိမိ၏စကားကို တဖက်သူနာခံစေချင်တဲ့အခါ တဖက်သူ၏နာမည်အရင်းကိုခေါ်ပြီး ပြောပါ ။

🍀 ထိုသူ၏ စိတ်ကို အနည်းငယ်ထိန်းချုပ်နိုင်ပြီး မိမိ၏ အာစက်တည်စေမှာပါ ။

----------------------------------------

💬 တဖက်သူထံမှ အမှန်တရားကို ကြားသိလိုသောအခါ ထိုသူ၏မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောပါ ။

🍀 တဖက်သူကို ညှို့ယူနိုင်ပြီးတော့ ထိုသူကို ထိန်းချုပ်နိုင်သည့်အပြင် အမှန်တရားသိရဖို့ ပိုမိုလွယ်ကူစေပါတယ် ။

--------------------------------------

💬 စကားပြောတဲ့အခ့ါ ဥပမာပေးပြီးပြောပါ ။

🍀 တဖက်သူ နားလည်လွယ်စေပြီး သင်ဟာ စကားပြောကောင်းတဲ့လူတစ်ယောက်လို့ ထင်စေပါတယ် ။

------------------------------------------------------

💬 စကားကို ဖြည်းဖြည်းနဲ့ တစ်လုံးချင်း ပီအောင်ပြောပြီး အမူအရာ သင့်သလောက်ထည့်ပြောပါ ။

🍀 ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိစေပါတယ် ။

-------------------------------------------------------

💬 စကားပြောတဲ့အခါ ရယ်ပြီးမပြောပါနဲ့ ။ တခြားသူပြောတာ (လေးလေးနက်နက်) ကိုလည်း မရယ်ပါနဲ့ ။

🍀 ကိုယ်ပြောတဲ့ အကြောင်းအရာက ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလို တစ်ဖက်သူပြောတာကိုလည်း အလေးမထားရာ ရောက်‌စေပါတယ် ။

----------------------------------------------------

💬 စကားအဆုံးသတ်တဲ့အခါ ကျေးဇူးတင်စကားပြောပါ ။ အကြောင်းကိစ္စသေးသည်ပဲဖြစ်ဖြစ် ကြီးသည်ပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်း လောကဝတ်စကားများ ပြောပေးပါ ။

🍀 တဖက်သူနားထောင်ရကျိုးနပ်စေပြီး စိတ်ကျေနပ်စေပါတယ် ။

-------------------------------------------------

💬 ကိုယ်က ဝမ်းနည်းစေမယ့် အကြောင်းအရာကို ပြောရတဲ့အခါ တဖက်သူကို ပျော်ရွှင်အောင်အရင်လုပ်ပါ ။

🍀 ထိုသူအတွက် ဝမ်းနည်းမှု လျော့သွားပါလိမ့်မယ် ။

-------------------------------------------------

💬 ဝမ်းနည်းစရာနဲ့ ဝမ်းသာစရာ (သို့) သတင်းဆိုးနဲ့ သတင်းကောင်း နှစ်ခုကြုံလာတဲ့အခ့ါမှာ ဝမ်းသာစရာ / သတင်းကောင်းကို အရင်ပြောပါ ။

🍀 ဝမ်းနည်းစရာ / သတင်းဆိုးကို အရင်ပြောလိုက်မယ်ဆိုရင် ဘယ်လောက်ပဲ ဝမ်းသာစရာဖြစ်ဖြစ် ပျော်ရွှင်ရမှာ မဟုတ်ပါဘူး ။

-----------------------------------------------

💬 လူအများနဲ့ စကားဝိုင်းဖွဲ့ပြောတဲ့အခါမှာ တစ်ယောက်ထဲ မျက်နှာကို မကြည့်ပါနဲ့ ၊ တစ်ယောက်ချင်းစီ၏ မျက်နှာကို ကြည့်ပြီး ပြောပါ ။

🍀 ကိုယ်ပြောတဲ့အကြောင်းအရာကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါတယ် ။

----------------------------------------------

💬 ကိုယ်ပြောတဲ့စကားကို ပြန်သုံးသပ်ပြီးတော့ နားထောင်သူအား " နားလည်လား " " မရှင်းတာရှိလား " " ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖြည့်စွက်ပြောလို့ရတယ် " စသည်ဖြင့် မေးပါ ၊ ကမ်းလှမ်းပါ ။

🍀 တဖက်သူ / နားထောင်သူအပေါ် လေးစားရာ ရောက်ပါတယ် ။

#crd

📚ဘဝအတွက်စာတိုများ📚

21 Oct, 23:58


လူတိုင်းလူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်
ဖြတ်သန်းနေကြတာချည်းပဲ . . .

အမြဲတမ်းပျော်နေတဲ့ လူလဲ ရှိမနေသလို
အချိန်တိုင်း ဝမ်းနည်းနေတဲ့ လူလဲ မရှိပါဘူး ။

ကိုယ်မလိုချင်တဲ့အရာတွေကို ရလာတဲ့အခါမှာ
လောကကြီးကို အပြစ်တင်နေမယ့်အစား
အကောင်းဆုံး အသုံးချတတ်ဖို့ပဲ လိုတယ် . . .

မလိုချင်တဲ့ အခြေအနေကို ရင်မဆိုင်ရဲရင်
ကိုယ်လိုချင်တဲ့ ဘဝကို ရောက်ဖို့ အလှမ်းဝေးနေအုံးမှာပဲ ။

လှပတဲ့ဘဝတစ်ခုကို ရချင်ရင် အခက်အခဲဆိုတာ
အရင်ဆုံးကြုံရမယ့် ဘဝသင်ခန်းစာပဲ . . .

ကိုယ်ကြုံလာမယ့်အရာဟာ ဒုက္ခပဲဖြစ်ဖြစ်
သုခပဲ ဖြစ်ဖြစ် လက်ခံနိုင်ဖို့ပဲလိုတယ် . . .

အရူံးမပေးချင်တဲ့အခါ
အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်

အဆင်မပြေတဲ့အခါ ခပ်ယဲ့ယဲ့လေး
ပြုံးတတ်ရတယ် . . .

နာကျင်ရတဲ့အခါ ဒဏ်ရာဟာ
သန်မာဖို့ပဲဖြစ်ရမယ် ။

📚ဘဝအတွက်စာတိုများ📚

21 Oct, 23:54


အရာရာဟာ ကောင်းဖို့
ဖြစ်လာတာပါ 💙

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင်ရင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း ကြောင့်နဲ့မှ
စိတ်ဓာတ်မကျပါနဲ့….

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

#crd

📚ဘဝအတွက်စာတိုများ📚

17 Oct, 07:39


#ပျော်အောင်နေနည်း
*
အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ တစ်နေ့တော့ အဘိုးကြီးတစ်ယောက်ဆီသွားပြီး မေးတယ်။

အဘိုး•••

"ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက ဘာလဲ•••"

"သားက ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တာ••••
ဒါပေမယ့်•••
တစ်နေ့နေ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်လာမှာကို ကြောက်လို့ ပျော်အောင် နေနည်းကို ပြောပြပါလား•••

အဘိုးအိုက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြီး ပြောတယ်၊၊

"ကောင်းပြီ•••
မင်းသိချင်တာတွေကို ပြောပြမယ်။
ဒါပေမယ့်••• မပြောခင် ခိုင်းတာ တစ်ခုတော့ လုပ်ပေးရမယ်•••"

ကောင်လေးက အဘိုး မျက်နှာကို ကြည့်ပြီး ပြုံးကာ မေးသည်။

"ရပါတယ် အဘိုးရဲ့••• သားလုပ်ပေးမှာပေါ့••• ဘာလုပ်ပေးရမှာလဲ ပြော"

အဘိုးကြီးက ဖြေတယ်၊၊
"အဘိုးအိမ်နောက်ဘက်မှာ ရေစည် အလွတ်တစ်လုံးရှိတယ်၊ မင်းကို ရေဖြည့်ပေးစေချင်တယ်။ အဘိုးက အသက်ကြီးပြီး စမ်းချောင်းထဲမှာ ရေမဆင်းခပ်နိူင်တော့ဘူး••• မင်းအဲ့ဒီရေစည် အလွတ်ထဲကို ရေဖြည့်ပေးရင် မင်းကို ဒင်္ဂါးနှစ်ပြားဆုချမယ်။ ဒင်္ဂါးနှစ်ပြားက မင်းအတွက်ပဲ ကောင်လေး"

ကောင်လေးဟာ ဒင်္ဂါးနှစ်ပြား ရမယ်ဆိုသောကြောင့် စိတ်တွေ လှုပ်ရှားတက်ကြွသွားပြန်တယ်။

ရေပုံးတစ်ပုံးကို ကိုင်ပြီး ရေယူဖို့ စမ်းချောင်းကို အမြန်ဆင်းခဲ့ တယ်။ ခဏအကြာတွင် အဘိုးအိုထံသို့ ပြန်သွားပြီး ရေစည်ကို ရေဖြည့်ထားကြောင်း ပြောပြသည်။

သို့သော် အဘိုးအိုက•••

"အိုး၊ ငါပြောဖို့မေ့သွားလို့ ငါ့မီးဖိုချောင်ထဲမှာလည်း စည်အလွတ် တစ်လုံးရှိသေးတယ်။ အဲဒါကို ထပ်ဖြည့်ပေးပါလား ။ ငါမင်းကို ဆုကြေးအနေနဲ့ နောက်ထပ်ဒင်္ဂါးနှစ်ပြား၊ စုစုပေါင်း ဒင်္ဂါးလေး ပြား ပေးမယ်။ မင်းလိုချင်တာ ဝယ်လိုရတာပေါ့•••
ဒီငွေလေးပြားဆိုတာ မင်းအတွက် အများကြီးပဲ"

ကောင်လေးက ဒီဒင်္ဂါးလေးပြားကို ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ အဲဒါကို နှစ်ခါမစဉ်းစားတော့ဘူး။ ရေပုံးကို ယူကာ စမ်းချောင်းထဲ သို့ အမြန်ဆင်းခဲ့သည်။

မကြာခင်မှာပင် သူသည် ဒုတိယရေစည်ထဲကို ရေဖြည့်ပြီးသွား ပြီ။ ထို့နောက် အဘိုးကြီးထံသို့ ပြန်သွားသောအခါ•••

ကောင်လေး၏မျက်နှာတွင် ရွှင်မြူးသော မျက်လုံး များ ပေါ်လာ သည်။ ဒီပိုက်ဆံ အားလုံးနဲ့ဆို သူ ဘာဝယ်မယ်ဆိုတာကို တွေးပြီး စိတ်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး၊၊

ဒါပေမယ့် အဘိုးအိုက ကောင်လေးကို ဒင်္ဂါးလေးပြားကို ပေးရ မယ့်အစား မျက်မှောင်ကြုတ်ပြီး•••

"အိုး မဟုတ်သေးပါဘူး၊ ငါက တစ်ကမ္ဘာလုံးမှာ သတိအမေ့ဆုံး အဘိုးကြီးထင်တယ်၊၊ ငါ့မှာ ပေးစရာ ဒင်္ဂါး မရှိဘူးဆိုတာကို မေ့ နေတယ်။ ငါ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊၊ မင်းကို ပေးစရာ ပိုက်ဆံမရှိတော့ဘူးလို့ တောင်းပန်ပါတယ်၊၊
အခုတော့ မင်းလက်ဗလာနဲ့ပဲ အိမ်ပြန်ရတော့မယ် ကောင်လေးရေ"

ထိုစကားကိုကြားသောအခါ ကောင်လေး၏မျက်နှာပေါ်ရှိ အပြုံးသည်•••
ရုတ်တရက်ပျောက်ကွယ်သွားကာ ဝမ်းနည်းသောအကြည့် ဖြင့် အစားထိုးလာသည်။

သူ့ရဲ့ ပျော်ရွှင်မှုဟာ လုံးဝပျောက်ဆုံးသွားပြီး ဝမ်းနည်းမှု စိတ်ပျက်မှုတွေနဲ့ အစားထိုးခဲ့ပါတယ်။

ထိုအချိန်တွင် အဖိုးအိုသည် အံ့အားသင့်စွာပြုံးလိုက်ပြီး သူ့ကို ခဏလောက် တင်းတင်းကျပ်ကျပ် ဖက်ထားကာပြောသည်။

"စိတ်မပူပါနဲ့ ကောင်လေး။ အမှန်က မင်းအတွက် ပိုက်ဆံရှိပါ တယ်၊ ငါလုပ်ခဲ့သမျှက မင်းကို ဘဝနဲ့ပတ်သက်တဲ့ အဖိုးတန် သင်ခန်းစာတစ်ခု သင်ပေးဖို့ ရည်ရွယ်ချက်တစ်ခုပဲ"

"ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး ဖျက်ဆီးသူဆိုတာ ဘာလဲလို့ မင်းက ငါ့ကို ပြောပြခိုင်းတဲ့အခါ•••
အခုလို မင်းကို ဝမ်းနည်းစေမယ့် အစီ အစဉ်တစ်ခု ပေါ်လာတော့ တာပေါ့"

"မင်းကို သေသေချာချာ ထိထိရောက်ရောက် အဖြေပေးချင်လို့ ပါ•••"

ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက မင်းရဲ့ မျှော်လင့်ချက်တွေပဲ၊၊

မင်းငါ့ဆီကနေ ဒင်္ဂါးခြောက်ပြားရဘို့ကို မျှော်မှန်းထားတယ်၊၊
အဲ ဒါကို မင်းမရနိူင်တော့ဘူးလို့ မင်းသိသွားတဲ့ အခါ မင်း ဝမ်းနည်း လာတယ်၊၊

တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးတဲ့အခါ သူတို့ဆီကနေ တစ်ခုခုကို ပြန်ရဘို့ မျှော်လင့်ကြတယ်၊၊

ငါတို့က သူတို့ကို ချစ်တဲ့အတွက် သူတို့က ငါတို့ကို ပြန်ချစ်လိမ့်မယ်၊၊
ငါတို့က သူတို့အပေါ် ကောင်းကြလို့ သူတို့ကလည်း ငါတို့ အပေါ်မှာပြန် ကောင်းကြလိမ့်မယ်၊၊
ဒီလိုမျိုးတွေပြန်လာဘို့ မျှော် လင့်ကြတယ်၊၊

တစ်စုံတစ်ယောက်ဆီက ပြန်မျှော်လင့်တာဟာ လက်တွေ့မကျပါဘူး••• ဖြစ်ချင်မှ ဖြစ်မှာလေ၊၊

ဖြစ်မလာတဲ့အခါမှာ မင်းကို စိတ်ပျက်မှု၊ စိတ်ဓာတ်ကျမှု နဲ့ မင်း ရဲ့စိတ်ကို ဖိအားတွေဖြစ်စေတယ်၊၊

တကယ်လို့ ကိုယ့်ဘက်က လူတွေအပေါ်မှာမျှော်လင့်ချက်တွေကို လျှော့ပြီး•••
နားလည်မှုတွေနဲ့ နေနိူင်မယ်ဆိုရင်တော့••• ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါတယ်၊၊

ကိုယ်ဆီမှာ ရှိတဲ့အရာလေးနဲ့၊ အရည်အချင်းလေးနဲ့၊
ပိုင်ဆိုင်မှုလေးနဲ့၊ ကိုယ်မှာရှိတဲ့ ချစ်ခြင်းမေတ္တာလေးနဲ့••• လိုအပ်နေသောသူတိုင်းကို မျှော်လင့်ချက်မပါဘဲ••• တတ်နိုင်သမျှ ကူညီခြင်းသည် ဘဝမှာ ပျော်ရွင်စွာ နေထိုင်ခြင်းပါ၊၊

#Credit

📚ဘဝအတွက်စာတိုများ📚

28 Sep, 23:00


🖋️အတော်ဆုံးမဟုတ်ရင်လည်း
ကြိုးစားနေသူတော့ဖြစ်ပါစေ🖋️
📖📖📖📖📖📖📖📖📖
📚ဆာလောင်နေတဲ့ဗိုက်
ငွေမရှိတဲ့ ပိုက်ဆံအိတ်နှင့်
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ
ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို
သင်ကြားပေးနိုင်ပါတယ်။
📚နေလိုတောက်ပချင်ရင် အရင်ဆုံး
နေလိုပူလောင်မှုကို ခံနိုင်ရည်ရှိရပါမယ်။
နာကြင်မှုကို မေ့ပစ်လိုက်ပါ။ သို့သော်
သင်ခန်းစာကိုတော့ သိမ်းထားလိုက်ပါ။
📚တန်ဖိုးရှိတဲ့အရာတွေက လွယ်ကူစွာမရနိုင်ပါဘူး။
ပင်ပန်းကြီးစွာကြိုးစားရပါမယ်။
အောင်မြင်မှုဟာ တည်မြဲနေမှာ မဟုတ်သလို
ကျရှုံးမှုဟာလည်း သေစေနိုင်တာ မဟုတ်ပါဘူး။
ဆက်လျှောက်ဖို့ သတ္တိတွေရှိနေဖို့ကသာ အဓိကပါ။
📚သင့် တန်ဖိုးက သင့်အလုပ်အကိုင်ထက်
သင့် လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်ပါတယ်။
အတော်ဆုံးမဖြစ်ရင်နေပါစေ
ကြိုးစားနေသူတော့ ဖြစ်ပါစေ။
📚ဒီနေ့ဟာ ခက်ခဲမယ်
နောက်တစ်နေ့ ဒီ့ထက်ပိုခက်ခဲမယ်
နောက်ထပ်နောက်ထပ် အခက်ခဲပေါင်းများစွာကို

အစွမ်းကုန်ကျော်ဖြတ်ပြီးတဲ့ခါ
ပျော်ရွင်မှုနေရောင်ခြည်ကို မြင်ရမှာ
မုချပါ။
📚သင့်ရဲ့ ရှေ့မှာ ကျောက်တုံးတွေ ပိတ်ဆို့နေရင်တောင်
အဲ့ဒီကျောက်တုံးတွေကို လှေကားထစ်လုပ်ပြီး
အပေါ်ကို တက်လှမ်းလိုက်ပါ။

#crd

📚ဘဝအတွက်စာတိုများ📚

28 Sep, 06:21


အေးအေးဆေးဆေး နေပါ
ပျင်းနေရင် စာအုပ် ဖတ်ပါ ။
ဖုန်းသုံးပါ ။
ဟာသ တွေ ကြည့်ပါ ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်စိတ်ို
မလေးလံပါစေနဲ့. ။
ဘယ်သူကမှ
ကိုယ်ရဲ့
ဖျော်ဖြေ ရေး ကရိယာ
မဟုတ်ကြပါဘူး ။
သက်ရှိတွေ အပေါ်မှာ ထားတဲ့
မျှော်လင့်ချက် တွေကို
လျော့ချပါ ။
သက်မဲ့ ဝတ္ထုတွေနဲ့ မွေ့လျော်ပါ ။
သူတို့ တွေက ကိုယ့်ကို ဝေဒနာတွေ မပေးတတ်ပါဘူး ။
အဓိက က
ကိုယ် စိတ်ပျော်နေဖို့ပဲ မဟုတ်လား ပျော်စရာ တွေကို ကိုယ်တိုင် ဖန်တီး ပါ ။
သူများ ဖန်တီး ပေးမယ့် ပျော်စရာ တွေကို မျှော်လင့် မနေပါနဲ့. ။
သီချင်းတွေ နားထောင်ပါ ။
အနီးအနား က
ကိုယ့် အပေါ် ကောင်းတဲ့ သူတွေကို
ဂရုစိုက်ပါ ။
အချိန်ပေးပါ ။
ကိုယ့်ကို
အရေး မလုပ်သူတွေအတွက်
ကိုယ့် စိတ်ကို
ဒဏ် မခတ်ပါနဲ့. ။
လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ ။
မေ့သင့်တာတွေကို မေ့ပစ်လိုက်ပါ ။
ဒဏ်ရာတွေကို တသသ မွေးမြူမနေပါနဲ့ ။
စိတ်ကို စိတ်နဲ့ ကုပါ ။
ကုန်လွန်ခဲ့တဲ့ အချိန်တွေ
လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်
နောင်တ တွေနဲ့
ပူပန် မနေပါနဲ့. ။
အမှိုက် တွေကို သိမ်းဆည်းထားသူ မဖြစ်ပါစေနဲ့. ။
ပစ္စုန်ပ္ပန် တည့်တည့် ကိုလျောက်
မျှော်လင့်ချက် တွေကို ခေါက်ထားပြီး
ရည်မှန်းချက် တွေနဲ့ ရှင်သန်ပါ ။
မျှော်လင့်ရတာ မောပါတယ်
သက်ရှိတွေ အပေါ်မှာ
မျှော်လင့် ရတာ
ပိုဆိုးပါတယ် ။
တစ်ယောက်တည်း အေးအေးဆေးဆေးနေပါ ။
ဘဝက သာယာ ပါတယ်

#crd

📚ဘဝအတွက်စာတိုများ📚

27 Sep, 14:31


ကြောက်စရာကောင်းတဲ့လူ ...

သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။

သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။

သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။

သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။

သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်

လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။

ကူ မလိုနဲ့ ယူ

ထူ မလိုနဲ့ ခြူ

ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။

လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။

ဆင်းရဲတာကြားရင် အားရ၊

မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။

ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။

လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။
ဪမေ့လို့

"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"

အဲ့လို လူ မဖြစ်အောင် ဆင်ခြင်နေရတဲ့ ငါ့လိုလူ
#Crd

📚ဘဝအတွက်စာတိုများ📚

26 Sep, 19:27


သင့်မှာ အိပ်စရာနေရာရယ် ၊
ဝတ်စရာအဝတ်တွေရယ် ၊ နောက်နေ့အတွက်
စားစရာတွေလည်း ရှိနေသေးရင် ၊

" သင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ
၇၅% ထက် ချမ်းသာ နေပါသေးတယ် "

သင့် ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလည်း
ရှိပြီးတော့ ကိုယ်သွားချင်တဲ့ နေရာကို
သွားလို့ ရနေသေးတယ်ဆိုရင် ၊

" သင်က ကမ္ဘာ့လူဦးရေထဲက ၁၈% သော
ကြွယ်ဝတဲ့ လူတွေ စာရင်းထဲမှာ ပါနေပါပြီ "

သင်က ဒီနေ့ အသက်ရှင်နေတယ်၊
ကျန်းမာနေတယ် ဆိုရင် ၊

" မကျန်းမာကြလို့ ဒီအပတ်ထဲမှာ
သေဆုံးကြတော့မယ့် လူသန်းပေါင်းများစွာထက် အများကြီး ကံကောင်းနေပါသေးတယ် "

ကျွန်တော် အခုရေးနေတဲ့စာကို
သင်ဖတ်နိုင် နေသေးတယ်ဆိုရင် ၊

" မျက်စိ မမြင်ရလို့ ဒီစာကို မဖတ်နိုင်ကြတဲ့
သူတွေနဲ့ စာသင်ကြားခွင့် မရကြလို့
စာမဖတ်တတ်ကြတဲ့ လူသားပေါင်း
သန်း(၃၀၀၀) ထက် သင်အများကြီး
ကံကောင်း နေပါသေးတယ် "

" ဘဝဆိုတာ ကိုယ့်မှာမရှိတဲ့ အရာတွေကို
Complain တက်ပြီး စိတ်ပျက်ဝမ်းနည်း နေဖို့မဟုတ်ဘူး။"

" ကိုယ့်မှာရှိနေတာကို တန်ဖိုးထားပြီး
နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်သန်းတာကိုမှ ဘဝလို့ခေါ်တာပါ"

#crd

📚ဘဝအတွက်စာတိုများ📚

25 Sep, 23:01


ဆင်ခြင်တုံတရားမရှိသူတွေက
စိတ်ထဲကစကားကို နှုတ်ကတန်းထွက်တတ်တယ်။

ဆင်ခြင်တုံတရားရှိသူက
စိတ်ထဲကပြောချင်တဲ့စကားကို
နှုတ်ကတန်းမထွက်ပဲ
ဦးနှောက်ဆီကို အရင်ပို့တယ်။

ဦးနှောက်ကနေမှ
ပြောသင့်တဲ့စကားလား
မပြောသင့်တဲ့စကားလား
ပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
မပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
သုံးသပ်ဝေဖန်ပိုင်းခြားတယ်။

အသိရှိသူ သတိရှိသူတွေဟာ
စကားကို လွယ်လွယ်မပြောတတ်ကြဘူး။

အသိနဲ့သတိမရှိသူတွေကတော့
ရင်ထဲကစကားလုံးတွေကို
ဦးနှောက်နဲ့ မဆက်သွယ်ပဲ
ပြောချင်ရာတွေ စွတ်ပြောတော့တာပါပဲ။

စကားပြောတဲ့အခါ
စိတ် နဲ့ နှုတ် နှစ်ခုထဲ
ဆက်သွယ်နေတာမျိုးမဟုတ်ပဲ

စိတ်ရယ် ဦးနှောက်ရယ် နှုတ်ရယ်
သုံးမျိုးနဲ့ ဆက်သွယ်ပြီးမှပြောရင်
မပြောသင့်တာတွေ မပြောမိတော့ပဲ
ပြောသင့်တာတွေပဲ ပြောမိလာပါလိမ့်မယ်.

#crd

📚ဘဝအတွက်စာတိုများ📚

20 Sep, 05:15


လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ
မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့
မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတော်တော်များများက
တန်ဖိုးမထားချင်ကြဘူး
ဒါကိုမင်းသိရင်နောက်တစ်ခါ
ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
တန်ဖိုးမရှိတဲ့အမှိုက်
မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးကို
မသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့
သူတွေကိုလောကကြီးက
သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ

အဲတော့ မနေချင်တဲ့
သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့
သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရှုံးသွားကြတာက
ဂရုစိုက် ပေးဆပ်ပြီး
ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်
လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့
မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ်
တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော
မျက်ရည်တွေနဲ့ပါရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်
#crd

📚ဘဝအတွက်စာတိုများ📚

20 Sep, 04:13


``ဘဝ ဆိုတာ .. သင်ယူဖို့ပါ´´
အမှားတွေဆီက
သင်ယူတတ်တဲ့သူက ပိုတော်လာတယ်
နာ ကျင် မှု တွေ ကို
ခံနိုင်ရည်ရှိသွားတဲ့သူတွေက
ပို ရင့် ကျက် လာ တယ်
မျက် ရည် ကို
ဆေးဖက်ဝင်အောင် အသုံးချတတ်သူတွေက
ခံစားမလွယ်တော့ဘဲနဲ့ ပိုမာကျောသွားတယ်
ပျော့ညံ့တဲ့စိတ်ဓာတ်ကို
မခံချင်စိတ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ
အဲ့ဒီသူရဲ့အနာဂတ်ဟာ ပိုတောက်ပလာတယ်
လဲ က် တာ ကို
အရှုံးလို့ မသတ်မှတ်တဲ့သူတွေက
အောင်မြင်မှုနဲ့ ပိုနီးသွားတယ်
နားလည်ပေးတတ်တဲ့သူက
အမုန်းနဲ့ ဒေါသတွေကင်းပြီး
ပို အေး ချမ်း တယ်
ခွင့်လွှတ်ပေးတတ်တဲ့သူက
ပိုပြည့်ဝပြီး လွတ်မြောက်မှုကိုခံစားရတယ်
သည်း ခံ တတ် တဲ့ သူ က
ရန်မများဘဲ ကိုယ့်စိတ်နဲ့ ကိုယ်နေနိုင်သွားတယ်
သူ့နေရာမှာ ငါသာဆိုပြီး
ကိုယ်ချင်းစာပေးတတ်တဲ့သူက
လူ ပီ သ သွား တယ်
ငါ ဘာယူသွားမလဲဆိုတဲ့စိတ်နဲ့ မရှင်သန်နဲ့
ငါ ဘာပေးခဲ့ရမလဲဆိုတဲ့စိတ်နဲ့ပဲ ရှင်သန်ပါ
မတော်လို့ တစ်ခုခုလွဲချော်သွားရင်
ငါတော့ မှားသွားပြီးလို့ မတွေးပါနဲ့
တကယ်တော့
ဘ ဝ ဆို တာ
အရှုံးတွေနဲ့ ပြိုလဲနေဖို့မဟုတ်ဘူး
ဘ ဝ ဆို တာ
အမှားတွေဆီက သင်ယူဖို့ပါ
#crd

📚ဘဝအတွက်စာတိုများ📚

19 Sep, 12:43


" မိဘတွေ မရှိတော့ဘူးဆိုရင် "

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...

မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ...

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....

ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....

ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ....

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ...

ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....

တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့့အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ...

ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါဘဲ

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....

မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...
အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...

မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....

သူငယ်ချင်းဆုံးရှုံးသွားရင်…… ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...

ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး...
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧

📚ဘဝအတွက်စာတိုများ📚

18 Sep, 17:31


မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်
ဒါကြောင့်မေတ္တာမစူးစေနဲ့...

~ တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို
တန်ဖိုးမထားရင်တောင်မစော်ကားမိပါ‌စေနဲ့
အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့ပေးတဲ့
သူကမေတ္တာစစ်မေတ္တာမှန် နေရင်
ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်...

~ သူကဘာမှ မသိပါဘူးဆိုပြီး
တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့
သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ...

~ အကြွေးပဲ... ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး
မသိသလိုမနေပါနဲ့ လောကမှာ
ကြောက်စရာအကောင်းဆုံးကအကြွေးပါ ဘယ်လိုအကြွေးမျိုးမဆို
တစ်ဖက်လူဆီကယူပြီးရင်မသိသလိုနေလို့ရပေမဲ့
နောက်ဘဝအထိဝဋ်ကြွေးတွေပါသွားတတ်ပါတယ်...

~ မေတ္တာလည်း ထိုနည်း၎င်းပါပဲ...
မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ လောကမှာမရှိဘူး
မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ်
အဲ့ဒီအထဲ သင်မပါပါစေနဲ့ မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ...

~ တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို
အသိအမှတ်မပြုတဲ့အပြင် နာကျင်အောင်၊
ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊
နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင်
သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့...

~ သင်ပြုသမျှအရာရာဟာ ဘယ်သူမှမသိဘူးဆိုရင်တောင်
သင့်စိတ်ကို သင်...ညာလို့ မရပါဘူးဒါကြောင့်
မေတ္တာပေးတဲ့သူကို မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင်
အသိအမှတ်ပြုပေးပါမေတ္တာစူးရင် ဘဝတစ်လျှောက်လုံး
ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း
ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်...
#crd

📚ဘဝအတွက်စာတိုများ📚

15 Sep, 23:07


How to give people respect.

လူတွေကိုသင်ဘက်ကစပြီး
အရင်ဆုံးပြုံးပါ လေးစားစွာဆက်ဆံပါ။

စကားဝိုင်းတွေတိုင်းမှာ
တစ်စုံတစ်ယောက်စကားပြောနေချိန်မှာ
ဆုံးအောင် နားထောင်းပေးခြင်း
စကားကို လုမပြောဘဲ နောက်ဆုံးမှပြောပါ

သူများကိုရယ်စရာအနေနဲ့ မစနောက်ဘဲ
ကိုယ့်ကိုယ်ကိုဘဲ အဖြည့်ခံပြီး စနောက်ပါ
( ဉပမာ- ကျွန်တော်ဗျာ အဲ့တုန်းကပေါက်ကရလုပ်တာလေ )

မလိုအပ်ဘဲ အပြောကြီးမှုတွေ
အကြွားတန်မှုတွေကို မပြောဘဲ
လုပ်ရည်ကိုင်ရည်ဖြင့်ဆွဲဆောင်ပါ
အပြောထက် အလုပ်နဲ့သက်သေပြပါ

မင်းအတည်ပြောလိုက်တဲ့
စကားတစ်ခွန်းဟာ မုသားမပါဘဲ
ရိုးသားနေပါစေ

လူတွေကို မကောင်းတဲ့ အမြင်နဲ့ မကြည့်ဘဲ
ကောင်းတဲ့အချက်တွေကိုမြင်ပါ

ဘယ်လောက်ဘဲ ခင်ခင် တစ်ဖက်လူရဲ့
personal ဘောင်ကို မကျော်ပါနဲ့
သူရဲ့ personal ကိစ္စဖြစ်နေရင်
မသိချင်ဟန်ဆောင်ပေးနေရမယ်
(ဉပမာ- သင်၏အိမ်နီးနားချင်းလင်မယား သင်၏ရှေ့တွင် ရန်ဖြစ်နေသည်ကို သင်က ချောင်းကြည့်နေတာမဟုတ်ဘဲ မသိချင်ဟန်ဆောင်နေပါ)

သူတစ်ပါးအကူညီတောင်းတာကို
ကူညီနိုင်တဲ့အရာဖြစ်နေရင် မျော်လင့်ချက်နဲ့
မကူညီပေးလိုက်ပါနဲ့ ချစ်ခင်လေးစားမှုသာနဲ့
ကူညီပါ..........

#John

3,730

subscribers

210

photos

6

videos
Random Similar Channel