ကဗျာ | စာတို | သီချင်း @gotta_be_u Channel on Telegram

ကဗျာ | စာတို | သီချင်း

@gotta_be_u


Poems

ကဗျာပလက်ဖောင်း ♡ (Burmese)

ကဗျာပလက်ဖောင်း ♡ အသစ်ပုံစံပါဝင်ခံချက်များဖြင့်မှန်များဆုံဘဲဖောင်းပေါ်လာနိုင်ပါသည်။ ဤခ်နထောင်အားနှင့်တစ်ပုံစံနှင့်အသစ်ပြုလျှင်များဆုံးနိုင်များဖြင့်မျှင်လက်ရှိဝင်ခံချက်တွေလည်းရှိပါသည်။ ဤကဗျာပလက်ဖောင်းအားအသစ်ဖော်ပြထားခဲ့သောသူများကိုလည်းဟာကြားစားပေးနိုင်ရန်လိုအပ်ပါသည်။

ကဗျာ | စာတို | သီချင်း

08 Feb, 16:46


Telegram ကို နောက်ခံအမိုက်စားလေးနဲ့သုံးချင်ရင် Join

https://t.me/addlist/EC04wooVNFgwYjVl

ကဗျာ | စာတို | သီချင်း

08 Feb, 14:05


မသိတတ်တဲ့ လူတစ်ယောက်ဆီက
သိတတ်မှုကို မျှော်လင့်ရတာ
သိပ်ပြီးပင်ပန်းရတယ်

ကျွန်တော်တို့ရဲ့ နေ့စဥ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ
ဘာများရှိပါသလဲ ။

- မောင်ချောနွယ်

ကဗျာ | စာတို | သီချင်း

08 Feb, 14:05


ဘဝတကွေ့ ကြုံရ ဆုံရ
သံသရာတစ်ပတ် ပြည့်ပြန်တော့
ခွဲရ လွမ်းရ
အခိုက်အတန့်တွေဟာ
တထစ်ချ ပုံသေကမ္ဘာထဲရောက်နေသလို
ဒီလူကို ချစ်တယ်ပြောခဲ့ပြီး
နောက်လူကိုလည်း
ထပ်ပြီး ချစ်တယ် ပြော‌နေဦးမှာပဲ
ဘာထူးလို့လဲ ။

- နော်ယာ

ကဗျာ | စာတို | သီချင်း

08 Feb, 14:04


ငွေတု အမှာများ ဒီနေ့အရောက်ပို့ပြီးပါပြီခဗျ

ဝယ်ယူအားပေးမှုအတွက် ကျေးဇူးပါ

ငွေအတုကို မသုံးရဲသူမ်ား နှင့်

နယ်ဝေးကားမရောက်သော နေရာများ အတွက်

pay to pay အစီစဉ် ရှိပါတယ်

💳Wave To 💳Wave

Kpay ToKpay

5️⃣သောင်းကစလဲပေးပါတယ်

5️⃣သောင်းဖိုးယူ5️⃣သိန်းရမယ်
1️⃣သိန်းဖိုးယူ 1️⃣0️⃣သိန်းရမယ်
2️⃣သိန်းဖိုးယူ 2️⃣0️⃣သိန်းရမယ်

အမှန်အကန်လဲပေးတာဖြစ်လို့

အာချောင်မယ်ဆိုမလာပါနဲ့

🔽🔽🔽🔽🔽🔽
https://t.me/koaunggyi175
https://t.me/koaunggyi175

တိုက်ရိုက် ဝယ်ယူရန်

📱  @aunggyi176  📱ကို Hi ထားပါ

ငွေကြေးခက်ခဲနေသူများ ကိုအောင်ကြီး ကိုသတိရလိုက်ပါ

ကဗျာ | စာတို | သီချင်း

08 Feb, 09:15


စာတိုနဲ့ သီချင်းကောင်းလေးတွေ ခံစားချင်ရင် Join

https://t.me/addlist/EC04wooVNFgwYjVl

ကဗျာ | စာတို | သီချင်း

08 Feb, 05:19


နှလုံးသားက လက်ခံရင်
မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။
အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး
ကိုယ်မြတ်နိုးနေသ၍ ချစ်လို့ရတယ်။

-ဂျူး

ကဗျာ | စာတို | သီချင်း

08 Feb, 05:19


ဒဏ်ရာမရှိပဲ
ခင်ဗျားနဲ့ကျွန်တော်
မတွေ့နိုင်ပါဘူး။

အခုဘယ်သူနဲ့ဘာဖြစ်ခဲ့သလဲပဲပြော
ဘယ်သူ့ကိုညာချစ်ခဲ့တဲ့အ​ကြောင်း
မပြောနဲ့တော့

ပိန်းကြာရွက်ပေါ်မှာ
နှင်းစက်ကိုအကြာကြီးထိမ်းမထားနိုင်ဘူး။


- ဝင်းမြင့်

ကဗျာ | စာတို | သီချင်း

08 Feb, 05:18


ဖြစ်နိုင်ရင်
မဖြစ်နိုင်တော့တာတွေကို
မေ့ချင်ပါတယ် ။

- ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

08 Feb, 03:35


ငယ်ငယ်ရေ

- ထူးအိမ်သင်

0:00 ━━❍─────── 3:35 ♡ ≡

↻     ⊲  Ⅱ  ⊳     ↺

ᴠᴏʟᴜᴍᴇ : ■■■■■□□□ 100%

ကဗျာ | စာတို | သီချင်း

08 Feb, 03:29


🙏🙏ကိုစိုင်းမိတ်ဆွေများအားလုံးမဂ်လာနံနတ်ခင်းပါဗျ🙏🙏

ခေတ်အခြေနေကြောင့်ပဲ ဖြစ်ဖြစ်
လောင်းကစားကြောင့်အကြွေးတင်နေသူများ
စီးပွားရေး လုပ်ငန်းများ အဆင်မပြေလို့ အကြွေးနွံထဲ နစ်နေသူများ
အကြောင်းအမျိုးမျိုးကြောင်း ဒုက္ခရောက်နေသူများအတွက် ​ ရောင်းချပေးနေပါတယ်
မိမိတို့အခက်ခဲတွေကိုဖြေရှင်းလိုပါကလာရောက်ဝယ်ယူနိုင်ပါတယ်

အမှန်အကန်ရောင်းပေးနေတာပါ(အလိမ်အညာမဟုတ်ပါ)

ငါးထောင်တန်
တထောင်တန်
တသောင်းတန် အစုံရပါမယ်
ငါးသောင်းဖိုးကစပြီးလိုသလောက်ရပါမယ်
တရားဝင်ပစ္စည်းရောင်းဝယ်နေတာမဟုတ်သည်းအတွက် အိမ်ရောက်ငွေချေ/ပစ္စည်းရောက်ငွေချေ မရပါဘူး ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်)

ပစ္စည်းဝယ်ယူလိုပါက

@kosai531 👈
@kosai531 👈

မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်

ကဗျာ | စာတို | သီချင်း

02 Feb, 04:07


တချို့က အထီးကျန်တယ်ဆိုပြီး
လူတစ်ယောက်ကိုမှားချစ်မိကြတယ်
တချို့ကလူတစ်ယောက်ကို ချစ်ပြီး
တစ်သက်လုံးအထီးကျန်သွားကြတယ်။

- တက္ကသိုလ်ဘုန်းနိုင် ‎

ကဗျာ | စာတို | သီချင်း

02 Feb, 04:07


ပြည့်တန်ဆာ တစ်ယောက်မှာလည်း
နတ်သမီး အိပ်မက်ဆိုတာ ရှိနိုင်တယ်
မင်းလိုချင်တာရဖို့
လူတစ်ယောက်ကို လုံးချေမပြစ်လိုက်နဲ့ ။

- ဂန္ဓမာ

ကဗျာ | စာတို | သီချင်း

02 Feb, 04:06


နောက်ကပြေးမလိုက်တော့တာပါ
ရောက်ခဲ့တဲ့နေရာကနေ
ကျွန်တော် ရပ်စောင့်နေပါတယ်။

ပျက်နေတဲ့နာရီတောင်
တစ်နေ့ ၂ကြိမ်မှန်တက်သေးတာပဲအချစ်ရယ်၊
ကမ္ဘာလည်နေတာသေချာရင်
ကျွန်တော်တို့တစ်နေရာရာမှာ​
သေသေချာချာ ပြန်တွေ့ကြမယ်မဟုတ်လား။
-ဝဏ္ဏ

ကဗျာ | စာတို | သီချင်း

01 Feb, 16:23


ဝင်တာနဲ့ရည်းစားရပြီ


https://t.me/addlist/EC04wooVNFgwYjVl

ကဗျာ | စာတို | သီချင်း

01 Feb, 14:51


ကိုယ့်နံရိုးလေးကိုတော့ တွေ့ခဲ့ပါရဲ့
တစ်ပါးသူရင်ခွင်ထဲမှာမို့ နှုတ်မဆက်ဖြစ်ဘူး
ဖန်ဆင်းရှင်ဟာ နမော်နမဲ့နိုင်လွန်းတယ် ။

သောတပန်မဖြစ်ရင်
စုန်းမဖြစ်ချင်တယ် ။
ပြုစားပစ်မယ် မေမေရယ်
သမီးဒီလောကကို မချစ်ဘူး ။

- စောနန္ဒာခိုင်

ကဗျာ | စာတို | သီချင်း

01 Feb, 14:50


“မခင်သစ်ပင်
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို စျေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်”

- ဝင်းမြင့်

ကဗျာ | စာတို | သီချင်း

01 Feb, 14:48


အသစ်ဆို သိမှာကြောက်တဲ့broတွေ ဒီလို ဟောင်းတာလေးတွေမှာလို့ရတယ်နော်

1️⃣သိန်းကို 1️⃣0️⃣သိန်းရ

အစစ်နဲ့9️⃣8️⃣%တူသည်။

💠ဘဏ်ကလွဲရင်ကြိုက်တဲ့နေရာသုံး

💠အိမ်အရောက်ပို့ပေးပါတယ်

💠ပစ္စည်းရောက်ငွေချေမရ

💠ပို့ခ မရှင်းပေးပါ

💠တခါမှာပြီးရင်7️⃣လနေမှ ထပ်မှာလို့ရမယ်

ဝယ်ယူချင်ပါက


👉 @money9535
👉 @money9535


5‌သိန်း ယူရန် Channel Join

https://t.me/money9531
https://t.me/money9531

ကဗျာ | စာတို | သီချင်း

01 Feb, 14:45


စာတိုနဲ့ သီချင်းကောင်းလေးတွေ ခံစားချင်ရင် Join

https://t.me/addlist/EC04wooVNFgwYjVl

ကဗျာ | စာတို | သီချင်း

01 Feb, 12:04


ခေါင်းရော ပန်းရော
ယူထားရင်တောင်
ကိုယ် မနိုင်ဘူး အချစ်ရဲ့
မင်းက သူ့ဘက်မှာပဲ ။

- ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

01 Feb, 08:24


ချစ်သူဆီကအပြန်
ဖိနပ်မှတ်လို့ကောက်စီးတာ
ငါ့မာနတွေဖြစ်နေတယ်
သေချာကြည့်တော့မှ
တော်တော်တောင်ပါးနေပီ ။

- တာရာမင်းဝေ

ကဗျာ | စာတို | သီချင်း

01 Feb, 08:24


တိမ်တွေကိုငေးပြီး
နေ့သစ်တစ်ခုကို အစပြုခဲ့တယ်
ချစ်ခြင်းမေတ္တာမှာတော့
ငါတို့ဟာ
ကံမကောင်းနိုင်ခဲ့ကြသေးဘူး ။

- ရွက်လှေ

ကဗျာ | စာတို | သီချင်း

01 Feb, 05:14


Tiktok ဟာသလေးတွေကြည့်ချင်ရင် Join

https://t.me/just_for_funny_tiktok_myanmar

ကဗျာ | စာတို | သီချင်း

01 Feb, 03:43


ကမ္ဘာပေါ်မှာ
ဒေါင်လိုက်ကျလာတဲ့အရာတွေကို
တောင်လို့ ခေါ်ပြီး
လဲကျသွားတဲ့အရာကိုတော့
မြစ်လို့ ခေါ်တယ် ။

အချစ်ရယ်
လွယ်လွယ် မကြွေပါနဲ့ ။

- ဝင်းမြင့်

ကဗျာ | စာတို | သီချင်း

01 Feb, 03:43


ပေါင်းဆုံသော် ရယ်ရ၍
ကွဲကွာသော် ငိုရ၏
ဤသည်မှာ ကပ်ကမ္ဘာ၏အစမှ
ကပ်ကမ္ဘာ၏အဆုံးတိုင်
ခိုင်မြဲလေသော လူသားတို့အတွက်
မရိုးနိုင်သောသစ္စာတည်း ။

- တက္ကသိုလ်ဘုန်းနိုင်

ကဗျာ | စာတို | သီချင်း

31 Jan, 14:57


စာတိုနဲ့ သီချင်းကောင်းလေးတွေ ခံစားချင်ရင် Join

https://t.me/addlist/EC04wooVNFgwYjVl

ကဗျာ | စာတို | သီချင်း

24 Jan, 13:01


Telegram ကို နောက်ခံ လှလှလေးတွေ
သုံးချင်ရင် Join⬇️

https://t.me/musiclyricsthemes

ကဗျာ | စာတို | သီချင်း

24 Jan, 11:52


ကျန်တာအားလုံး ခွင့်လွှတ်လို့ရတယ် ။
စိတ်ကိုတော့ အနာတရဖြစ်အောင်
နာကျင်အောင် အားငယ်အောင်
နေရာမရှိဘူးလို့ ခံစားရအောင် မလုပ်နဲ့ ။
မရဘူး ။
ကျွန်တော်က မောင်းထုတ်တာကို
လုံးဝမကြိုက်ဘူး ။
ခများတို့တစ်ဘဝလုံးကိုစောင့်တွန်းပြီး
ထွက်သွားနိုင်တဲ့သတ္တိမျိုး
ကျွန်တော့်မှာ အမြဲတမ်းရှိခဲ့တယ် ။
ဒါ မာန မဟုတ်ဘူး
ကြောက်တာ ။

- အလ်နီလွန်း

ကဗျာ | စာတို | သီချင်း

24 Jan, 11:52


ချစ်တာကို ချစ်တယ်လို့ ပြောခဲ့ပါတယ်။
ဘာကိုမှမတွေး
သိက္ခာတရားတွေလည်း မတွေး 
အခြားသော တိုင်းတာချက်များလည်း မတွေးပါ။

- မြကျေး

ကဗျာ | စာတို | သီချင်း

24 Jan, 11:51


ယနေ့မနက် order များနေတယ်ဗျို့❤️

ငွေတု ပို့ပေးရမယ်ဆို
👉ငွေတုလဲချင်တယ်ပို့ပေးပါ 👈

pay to pay လဲချင်တယ်ဆို
👉pay to pay လဲမယ်ပြောပါ 👈

ယုံကြည်မှ လာဝယ်ကြပါဗျ🙏

အသေးစိတ်မဖြေပေးနိုင်လို့

channelကို ကြည့်ပီးမှာ လာပါ

https://t.me/koaunggyi175
https://t.me/koaunggyi175

လဲလှယ်မည့်သူများ

👇👇👇👇👇👇

👉 @aunggyi176 ကို Hiထားပါ

ကဗျာ | စာတို | သီချင်း

24 Jan, 04:52


ရီးဇားလေးနဲ့ ချစ်စရာကောင်းတဲ့ ကာပယ်လေးတွေ ထားချင်ရင် Join ထားနော် 🙃


https://t.me/COUPLE_P_F

ကဗျာ | စာတို | သီချင်း

24 Jan, 01:59


အားလုံးကို ငါ မကြည့်ပြီးပြီ
မျက်ရည်ဟာ အလေးလံဆုံးပဲ

- သားဦး

(မနက်ခင်း တစ်စ)

ကဗျာ | စာတို | သီချင်း

24 Jan, 01:59


၂၀၂၅ ကို
လွန်ခဲ့တဲ့ ၂၀၁၉ တုန်းက
ဆယ်တန်းအောင်ကာစ
လူငယ်တစ်ယောက်

နောက် ၅ နှစ် ၆ နှစ် ကြရင်
ငါ ဘယ်နေရာရောက်နေမလဲ
ဘာဖြစ်နေမလဲ
အနာဂါတ်ကို စိတ်ကူးယဥ်
တွေးပျော်ခဲ့ဖူးတယ် ။

- ခွန်ထွန်း

ကဗျာ | စာတို | သီချင်း

23 Jan, 15:25


တစ်ဖက်မှာလိုသွားပြီးမှ
ကိုယ့်ဆီမှာပြည့်မယ့်ဆုတွေမျိုးဆို
ကျနော်တို့မတောင်းသင့်ဘူးမို့လား ။

တစ်စုံကနေ
တစ်ယောက်တည်းဖြစ်သွားရတဲ့
လစ်ဟာမှုမျိုးကို
ကောင်းကောင်းစာနာနိုင်ပါတယ် ။

မြဲပါစေ အချစ်ရယ် ။

- ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

23 Jan, 10:45


Telegram ကို နောက်ခံအလှလေးနဲ့ သုံးချင်ရင် Join

https://t.me/musiclyricsthemes

ကဗျာ | စာတို | သီချင်း

23 Jan, 06:16


အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတဲ့ လမ်းတွေပေါ်မှာ
အဖြူလား အမည်းလား
သဲသဲကွဲကွဲ မသိခဲ့ရတဲ့
လူသားပါ ။

ချစ်တယ်လို့လည်း
'မကြည်ပြာ'ဟာ မဆိုခဲ့သလို
အမုန်းဖြင့်လည်း ကျောခိုင်းသွားတာမျိုး
မဟုတ်ပါ ။

လျှောက်သာ လျှောက်နေရတာ
ကိုယ့်မှာ ဘယ်ရောက်လို့ ရောက်နေမှန်း မသိ ။

မေတ္တာသက်ဝင်လွန်းလို့သာ နှစ်နှစ်ကာကာ
ချစ်မြတ်နိုးနေခဲ့တာ အဲ့ဒီအရာကို ရနိုင်မှန်း
မရနိုင်မှန်း မသိ ။

မျှော်လင့်ချက်များစွာနဲ့ ခုတင်ပေါ်လူးလှိမ့်ရင်း
ဖိမိသွားတဲ့ အိပ်မက်တွေလို
ခေါက်ရိုးကျိုးချင် ကျိုးသွားပါစေ 'မကြည်ပြာ'
တစ်စစီတော့ မဆုတ်ဖြဲပစ်လိုက်ပါနဲ့ ။

- ရွှေစွန်ညို ( လွန်းညရေပြာအိုင် )

ကဗျာ | စာတို | သီချင်း

22 Jan, 15:00


ဘယ်တော့မှမငြိမ်းမယ့် မီးတစ်စကို
ဘယ်ဘက်ရင်အုံတည့်တည့်မှာပျိုးထားခဲ့တယ်
အချစ် တဲ့ ။
မင်းလည်းအလင်းရပါစေပေါ့
ငါလည်းပြာကြပါစေတော့ ။

-ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

22 Jan, 14:57


အမျိုးတို့ ငွေကြေး အခတ်ခဲ ဖြစ်နေရင် တော့ အမြန်သာဆက်သွယ် လိုက်ပါ ဗျ

အပြင်မှာ ငွေကို ကိုင်သုံးချင်တယ်ဆိုရင် ပို့ပေးပါတယ်နော် အနီး/အဝေး // နယ်သမားတွေလည်း အရောက်ပို့ပေးပါတယ် နော်👇

Pay to Pay လည်းရပါတယ် လိုသလောက် ရပြီ👉 Wave-Kpay 👈

တကယ်လိုအပ်လို့ ငွေတု ကိုသုံးချင်ပါတယ်ဆိုရင် ဆက်သွယ်ပါ ဗျ
( အတုဆိုပေမဲ့ အစစ်နဲ့ 99.5% တူပါတယ် )

မြန်မာနိုင်ငံကြိုက်တဲ့နေရာသုံး
မှတ်ချက် 👉( မြန်မာ့စီးပွားရေးဘဏ် မသုံးရ )

👇👇👇ချန်နယ်ကိုဝင်ကြည့်

https://t.me/money9531
https://t.me/money9531


ဝယ်ရန် 👉 @money9535 👈
ဝယ်ရန် 👉 @money9535  👈


လိုအပ်ရင် ဆက်သွယ် လိုက်ပါ 👍

ကဗျာ | စာတို | သီချင်း

15 Jan, 03:57


ဒီအတိုင်းလေးပဲ ကောင်းပါတယ်
အချိန်မရွေး စကားပြောလို့ရမယ်
ဆုံးရှုံးရတာတို့
ပိုင်ဆိုင်ရတာတို့
ဘာမှ မရှိတော့ဘူး
ဒီအတိုင်းလေးပဲ ကောင်းပါတယ်
တစ်သက်လုံး ပတ်သက်နေလို့ရတယ်လေ

- လင်းမာအို

ကဗျာ | စာတို | သီချင်း

15 Jan, 03:56


ချစ်တယ်လို့ မပြောခဲ့ပါဘူး
ဒါပေမဲ့ ငါချစ်နေတာကိုတော့ သူသိခဲ့တယ် ။
သူလဲ ငြင်းတယ်လို့ မပြောခဲ့ပါဘူး
ဒါပေမဲ့ သူငြင်းတာကိုတော့ ငါသိခဲ့တယ်။
ငါတို့က ချစ်ခြင်း မုန်းခြင်းကို
နားလည်ရခက်စွာနဲ့​ပဲ ပြောခဲ့ပြီး
နားလည်ရခက်စွာနဲ့ပဲ သိခဲ့ကြတဲ့
သူစိမ်းတွေပဲ ။

- နွေးငယ်

ကဗျာ | စာတို | သီချင်း

15 Jan, 03:56


ဆရာဆန်းကဗျာထဲကလိုပါပဲ အချစ်ရယ်
စစ်ကြီးထဲက ချူချာတဲ့ပန်းကလေးတွေမှာ
သွေးညှီနံ့ကလွဲ ဘယ်ရနံ့များမွှေးကြူပါ့မလဲ ။

- ဘယ်လာခင်

ကဗျာ | စာတို | သီချင်း

14 Jan, 15:35


အရာရာဟာ
ပြန်မရနိုင်တဲ့ တစ်နေ့ကိုသွားတယ်

ကံ့ကော်ပွင့်လေး ကျောင်းမတက်တော့တာ
စိန်ပန်းကလေး နီမြ မြေခသွားတာ
ငါတို့ သမိုင်းတွေပါပဲ

တိမ်တိုက်ကလေးတွေ ရွာချစရာမိုးမပါရင်
မျက်ရည်ဟာ ဒုတိယမိုးကောင်းကင်ပဲ

အဲ့ဒီ့ ဒုတိယမိုးကောင်းကင်အောက်မှာ
သံယောဇဉ်ဟာ
စိုက်ပျိုးဖြစ်ထွန်းတဲ့ သစ်ပင်တစ်ပင်

မိန်းမတွေဟာ တောအုပ်
အတွေးအခေါ်ဟာ ကိုယ်ပိုင်နိုင်ငံ
မျှော်လင့်ချက်ဟာ ကမ္ဘာမြေ
မြက်တစ်ပင်ကစလို့ တောအုပ်တစ်အုပ်အဆုံး
ငါတို့ခေတ်ရဲ့ တံဆိပ်ဟာ မျက်ရည်နဲ့ချိတ်တဲ့
အွန်လိုင်းမီးစိမ်းလေးတစ်ခုဖြစ်တယ် ။

- ရွှေကြယ်မိုး

ကဗျာ | စာတို | သီချင်း

14 Jan, 15:34


‌14..1..2025နေ့

ပို့ပေးပီးတဲ့ pay to pay

အော်ဒါ တချို့ပါ

ငွေကြေးခက်ခဲနေသူများ
အကြွေးတေကြောင့်စိတ်ရှုပ်နေသူများကို

Ko Khantမှငွေစက္ကူ pay to pay
စနစ်နဲ့ရောင်းပေးနေပါပီ။


အိမ်မက်တေအကောင်ထည်ဖော်လို့ရပီ။

5သောင်းဖိုး(5)သိန်း

1သိန်းဖိုး(10)သိန်း

(10)ဆဖြင့်ဝယ်ယူနိုင်ပါတယ်။


နောက်ထပ် orderတင်ချင်သူများ
ဘာကြောင့်ဘဲ ငွေလိုနေနေ

🔥   @moneyagent223
🔥   @moneyagent223

မှာအော်ဒါလာတင်လို့ရပါပီ

ကျန်တော့ဆီမှာ အားပေးကြတဲ့ မိတ်ဆွေတစ်ဦးတယောက်စီတိုင်းကို
ကျေးဇူးသိတတ်သောအားဖြင့်
လကုန် ရင်  channelမှာကံစမ်းမဲ ဖောက်‌ေပးပါ့မယ်

https://t.me/LUCKYMONEY2056

https://t.me/LUCKYMONEY2056

ကံထူးရှင်များဖစ်ကြပါစေ

ကဗျာ | စာတို | သီချင်း

14 Jan, 02:58


ဘာသားနဲ့ လုပ်ထားတဲ့
လူကောင်လေးမို့လို့လဲ

အချစ်ရေ
မနာလိုပါဘူးကွယ်

- ဇာတိ

ကဗျာ | စာတို | သီချင်း

14 Jan, 02:57


အရေးမပါဘူးအချစ်ရေ
မင်းအတွက်ကိုယ်က
တကယ်ကိုအရေးမပါဘူး
လက်လည်းမြှောက်တယ်
ဒူးလည်းထောက်တယ်
ဥပေက္ခာပြုတဲ့နေရာမှာ
မင်းသိပ်တော်တယ် ။

- လွန်းအိမ်ငယ်

ကဗျာ | စာတို | သီချင်း

14 Jan, 02:56


ညီမသာ ညီမရဲ့
မျက်မှန်ဘောင်လေးတွေရဲ့
အပြင်ကို ကျော်ကြည့်တတ်ခဲ့ရင်
အကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို
တွေ့ခဲ့မှာပါလေ

ဖြူစင်လှပါတယ်ဆိုတဲ့
သစ္စာတွေ
သန့်ရှင်းလှပါတယ်ဆိုတဲ့
မေတ္တာတွေ
တစ်စတစ်စ
ငြိတွယ်လာနေမိတဲ့
သံယောဇဥ်တွေ
အရာအားလုံးဟာ
မင်းအတွက်ပါပဲ
အကို့ကို ရည်ငံစမ်းပါ
မျက်မှန်လေးရယ်

- သစ်ခက်

ကဗျာ | စာတို | သီချင်း

13 Jan, 06:27


ခေတ်စားနေတဲ့ ဟာသလေးတွေခံစားချင်ရင် Join

https://t.me/myanmarsongslyricsbadin

ကဗျာ | စာတို | သီချင်း

13 Jan, 06:14


"ချစ်တယ်'' ဆိုတဲ့စကားက
ဒီဘက်ခေတ်
လူတော်တော်များများအတွက်
ခိုးကူးခွေတွေလိုပဲ
အရည်အသွေးတော့မရှိဘူး
ခဏတာတော့အဆင်ပြေတယ် ။
                                          
- တာရာမင်းဝေ

ကဗျာ | စာတို | သီချင်း

13 Jan, 03:17


မိုးပေါ်ကိုထောင်ပစ်လိုက်တဲ့ ကျည်ဆန်
ငါ့ခေါင်းကိုလာမှန် ။
ဟုတ်ပါတယ်
ကျနော် ပိုးစိုးပက်စက်ကံကောင်းပါတယ်
ဒုက္ခနဲ့ပတ်သက်လာရင်ပေါ့ ။

- လူပျော်

ကဗျာ | စာတို | သီချင်း

13 Jan, 03:13


ဒီလိုနဲ့ မပြောလိုက်ရမှာလည်း စိုး
ပြောမိသွားမှာလည်း စိုး

ကိုယ့်ဆီရောက်မလာမှာလည်း စိုး
ကိုယ့်ဆီ ရောက်လာမှာလည်း စိုး

အခြားတစ်ယောက်နဲ့ ချစ်မိသွားမှာလည်း စိုး
ချစ်မိသွားတဲ့ အခြားတစ်ယောက်ဟာ ကိုယ် မဟုတ်မှာလည်း စိုး

- နိုရှီ

ကဗျာ | စာတို | သီချင်း

13 Jan, 03:12


တစ်ခါလွမ်းလို့
တစ်ပွင့် ပွင့်မယ်ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။

- မောင်စိန်ဝင်း

ကဗျာ | စာတို | သီချင်း

12 Jan, 12:37


နွေတွေ မိုးတွေ တဖွဲဖွဲ

အဲ့ဒီနေ့က စာဝါလေးသုံးကောင်
ဝယ်လွှတ်လိုက်တယ်
ငါ့ဆုတောင်းက မင်းမှန်ဘောင်မှာ
တစ်ကောင်တော့နားပါစေ
        
ရှေ့ရေးတွေ မပြေလည်ကြမှန်း
အသံတိတ်ပဲ ပြောဖြစ်တယ်
လမ်းပေါ်မှာထွက်အော်နေလို့လည်း
အဖမ်းအဆီးမှ မရှိတာလေ

မင်းနဲ့ချစ်တယ်ဆိုတာ
မင်းသဘောတူမှဖြစ်တာမျိုး ။

- ဝင်းမြင့်

ကဗျာ | စာတို | သီချင်း

12 Jan, 12:35


တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

-ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

10 Jan, 08:01


ငါအိပ်ပျော်ပြီး
နိုးလာတော့ ခန်းမတစ်ခုလုံး
ပူဖောင်း‌တွေ စီခြယ်လို့
သတို့သားရဲ့လက်ဟာ သတို့သမီးကို ဆွဲတဲ့
ကျမ်းကျိန်ခန်းကို အနှေးကွက်နဲ့ ပြတယ် ။
ပန်းတွေကို ကြဲလိုက်တိုင်း
ငရဲမီးတွေဟာ ထ ထပွင့်လို့
ရှင်ဟာ သိပ်စောက်ကြောတင်းတဲ့လူ ဆိုတဲ့
အသံကို မကြားရတော့ဘူး ။
ရေခဲမုန့်ကို စားနေရင်း
ကိုယ့်မျက်နှာကို လက်ဖဝါးနဲ့ အပ်မိ
ကိုယ်ဟာ ငိုမိခဲ့ပေါ့ ။

- ဘုန်းပြည့်စုံမင်း

ကဗျာ | စာတို | သီချင်း

10 Jan, 02:37


မသိတတ်တဲ့ လူတစ်ယောက်ဆီက
သိတတ်မှုကို မျှော်လင့်ရတာ
သိပ်ပြီးပင်ပန်းရတယ်

ကျွန်တော်တို့ရဲ့ နေ့စဥ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ
ဘာများရှိပါသလဲ ။

- မောင်ချောနွယ်

ကဗျာ | စာတို | သီချင်း

10 Jan, 02:36


နေထွက်လာတယ်
နေဝင်သွားတယ်
ဒီလောက်ပါပဲ

လောကဟာ
ထင်သလောက်လဲမဆန်းကြယ်

- ခွန်းညိုသွေး

ကဗျာ | စာတို | သီချင်း

10 Jan, 02:35


ငါတို့ဟာ
ကိုယ်ပိုင်ဦးတည်ချက်တွေ
ရှိလာရင်၊ ပျောက်ဆုံးနေရင်
အချစ်ကိုရှာဖွေကြတော့တာပဲ ။
ဝေဒနာ နှစ်ခုကို
တပြိုင်နက် ခံစားနိုင်ကြတဲ့
ချိုမြိန်လှတဲ့ လူတွေပါပေါ့ ။
တကယ်တမ်းကျ
ခါးထပ်ပိုင်းပျက်ပဲ
မနိုင် နိုင်ရာကိုမှ
လူတွေက စွဲမက်ကြတာ ။

- နော်ယာ

ကဗျာ | စာတို | သီချင်း

09 Jan, 14:18


ချစ်ခြင်းမေတ္တာမှာ
ညာလို့မရတာဟာ ပူပန်စိတ်ပဲ

ရာသီဥတု ပူတာက စပြီး
မုန်တိုင်းသတင်း ရှိတာအထိ
သူအဆင်ပြေပါ့မလားလို့ တွေးပူမိတယ် ။

- ဖရော်ဆန်

ကဗျာ | စာတို | သီချင်း

09 Jan, 14:18


ဘဝတကွေ့ ကြုံရ ဆုံရ
သံသရာတစ်ပတ် ပြည့်ပြန်တော့
ခွဲရ လွမ်းရ
အခိုက်အတန့်တွေဟာ
တထစ်ချ ပုံသေကမ္ဘာထဲရောက်နေသလို
ဒီလူကို ချစ်တယ်ပြောခဲ့ပြီး
နောက်လူကိုလည်း
ထပ်ပြီး ချစ်တယ် ပြော‌နေဦးမှာပဲ
ဘာထူးလို့လဲ ။

- နော်ယာ

ကဗျာ | စာတို | သီချင်း

09 Jan, 09:32


ချစ်လျက်နဲ့ဝေးကြတယ်လို့
ကြားတော့ ပြုံးမိတယ်
တကယ်တော့
ချစ်လျက်နဲ့ဝေးတယ်ဆိုတာမျိုးမရှိပါဘူး
စိတ်ရင်းမှန်နဲ့သာ နီးချင်ကြရိုးဆို
ထောင်သောင်းမကသော နည်းလမ်းတွေနဲ့
နီးစပ်အောင်ကြိုးစားလို့ရတာပါပဲ
တယောက်ယောက်က
လက်လျှော့လိုက်လို့ပဲဖြစ်မှာပါ
တနည်းအားဖြင့် အဲ့တယောက်ယောက်က
မချစ်တော့လို့ပဲ ဖြစ်ပါလိမ့်မယ် ။

- ချာန်း

ကဗျာ | စာတို | သီချင်း

09 Jan, 05:54


အချစ်ရေ
ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ် ။

ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်

ငါတို့ဟာ
မဆုံနိုင်တဲ့ မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ခဲ့ရင်

နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ် ။

- အကြည်တော်

ကဗျာ | စာတို | သီချင်း

09 Jan, 05:53


တဖက်က
ခါးခါးသီးသီးငြင်းပယ်နေတာတောင်
တဖက်က
လိုလိုလားလားဖြစ်နေရင်
ဒါဟာအချစ်မဟုတ်လို့
ဘာများဖြစ်မလဲကွယ် ။

- မောင်ညို

ကဗျာ | စာတို | သီချင်း

09 Jan, 05:53


ကိုခန့် မိတ်ဆွေများ မင်္ဂလာပါ

9 ရက်နေ့ ပို့ပေးဖစ်တဲ့
ခုမနက်အော်ဒါလေးတွေ ပါ

ငွေဆိုတာ  များရင် ဘေးဖြစ်တတ်တဲ့ အထဲမှာ
ငွေမပါဘူး

တန်ဆေး  လွန်ကောင်း  များ verygood
ငွေများများရှိလေကောင်းလေလေ

များများသုံးနိုင်လေလေ
Very Goodလေလေပဲ

တုတုစစ်စစ်  ငွေပဲ  အတုအစစ်
ဘယ်လိုခွဲမလဲ  ကျုပ်ငွေကတော့

လုံးဝအတုအစစ်ခွဲမရအောင် thailand made
နောက်ဆုံးပေါ်စက်တွေနဲ့ ကွက်တိထုတ်ထားတာဖြစ်လို့

အာမခံအပြည့်အဝပေးပါတယ်
အသေးစိတ်သိချင်ရင်

Ⓜ️
@moneyagent223

Ⓜ️
@moneyagent223
မှာဆက်သွယ်ပီး အော်ဒါမှာလို့ရပါပီ

https://t.me/LUCKYMONEY2056

https://t.me/LUCKYMONEY2056

channel ကို  joinနိုပ်သွားသူတိုင်းကိုchannelမှာ ‌မဲဖောက်ပေးမယ် မြင်သူတိုင်း joinထားပါ

ကဗျာ | စာတို | သီချင်း

09 Jan, 02:55


ကျွန်တော်ယုံကြည်တာ
မီးခိုးငွေ့တွေပဲ ဒေါက်တာရဲ့ ။
အားလုံးဟာ မီးခိုးငွေ့လေးတွေအဖြစ်နဲ့
ပျောက်သွားမှာ ။
ကျွန်တော် ချစ်တဲ့သူတွေ ၊
ကျွန်တော့်မိဘတွေ ၊
အကုန်လုံး ဒီလိုပဲ
ပျောက်ကွယ်သွားကြတာပဲလေ ။
ဒေါက်တာရော ချစ်တဲ့သူကို ဆုံးရှုံးဖူးလား ။
ဒေါက်တာ နှလုံးသားကို
ဒေါက်တာ ဘယ်နားမှာ ပြန်တွေ့ခဲ့တာလဲ ။

- စစ်နိုင်

ကဗျာ | စာတို | သီချင်း

09 Jan, 02:54


အေးတိအေးစက် ရှပ်အင်္ကျီလေးဟာ
ဆံပင်အရှည် မုတ်ဆိတ်တွေတိုးလာတဲ့အခါ
လက်ဖျံနှစ်ခုလုံးတက်တူးတွေပြည့်လာတဲ့အခါ
မင်းမှတ်မိဦးမှာလား

မပြောင်းလဲတဲ့
ကဗျာတွေကိုတော့
မင်းမှတ်မိနေဦးမယ်ထင်ပါရဲ့ ။

- ဂန္ဓမာ

ကဗျာ | စာတို | သီချင်း

09 Jan, 02:54


ရွှေရှာတာမဟုတ်ဘူး
ငွေရှာတာမဟုတ်ဘူး
အချိုရှာတာပါ ကိုကိုရယ်
အချစ်ဆိုတာ ဒါလား
ဘီယာလိုပဲ ခါးတယ်နော်

- ဂျူး

ကဗျာ | စာတို | သီချင်း

07 Jan, 01:41


ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ် ။

အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။

မခေါ်ရလဲ ဖြစ်တယ် ။
မတွေ့ရလည်း ရတယ် ။
ပတ်သတ်မှုဆိုတာထက်
ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ ။
ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
မြတ်နိုးမှုပဲ ဆိုပါစို့ ။

တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး ။
တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး ။
ပြောဖြစ်ရင်လည်း ခဏလောက်ပဲ ။

သူနှစ်သက်တဲ့အရာတွေတွေ့ရင်
တကယ့်အခက်အခဲတွေကြုံရင်
သတိရလိုက်တယ် ။
ဒီလိုပဲရိုးရှင်ပါတယ် ။

အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲသိမ်းထားတဲ့
ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့ ။

- လူခေး

ကဗျာ | စာတို | သီချင်း

07 Jan, 01:41


"အလွမ်းထိပ်အုတ်ခုံ"

မျက်ရည်အစား
ငါကျပေးမယ်

ငါ့အစား မင်းပျော်
မင်းအစား ငါပျော်မယ်

တိုက်စစ်နဲ့ခံစစ်ဟာ ဝေးနေလို့မှမဖြစ်
အချိန်မီချုပ်မှ အစုတ်သက်သာမှာ

မီးစင်တွေက
ငါတို့ကိုကြည့်ပြီး ကကြပါစေ

ဂီတာတီးမယ် ပုန်ကန်မယ်
တွေးခေါ်မယ် တမ်းတမယ်
တစ်ယောက်ရင်ထဲကိုတစ်ယောက် စာပို့မယ် ။

- အောင်ခိုင်မြတ်

ကဗျာ | စာတို | သီချင်း

06 Jan, 17:01


သူစိမ်းတွေဖြစ်သွားပြီဆိုတာ
အရင်အခေါ်အဝေါ်တွေတောင်
ဆုံးရှုံးသွားရတာမျိုး ။

ဘယ်လမ်းကိုသွားနေတာလဲ မမေးပါနဲ့
ဘယ်လောက်ကြမ်းတမ်းနေလဲလို့သာ မေးစမ်းပါ
လဲကျသွားမှာစိုးလို့
ဆူးပင်ကြီးကိုတောင် မှီထားရတာမျိုး ။

ပြီးတော့
ဖိုးချိုသီချင်းတွေ တီးဖြစ်ဆိုဖြစ်ရင်
နိမိတ်မကောင်းတတ်တာ
သိပေမဲ့ ၊

ပုစဉ်းရင်ကွဲတွေ အော်နေကြတယ် ။

- သန်းတင့်

အလွမ်းညဟေမာန် // ဖိုးချို ( ၁၉၉၁ )

ကဗျာ | စာတို | သီချင်း

06 Jan, 17:00


‌6..1..2025နေ့

ပို့ပေးပီးတဲ့ pay to pay

အော်ဒါ တချို့ပါ

ငွေကြေးခက်ခဲနေသူများ
အကြွေးတေကြောင့်စိတ်ရှုပ်နေသူများကို

Ko Khantမှငွေစက္ကူ pay to pay
စနစ်နဲ့ရောင်းပေးနေပါပီ။


အိမ်မက်တေအကောင်ထည်ဖော်လို့ရပီ။

5သောင်းဖိုး(5)သိန်း

1သိန်းဖိုး(10)သိန်း

(10)ဆဖြင့်ဝယ်ယူနိုင်ပါတယ်။


နောက်ထပ် orderတင်ချင်သူများ
ဘာကြောင့်ဘဲ ငွေလိုနေနေ

🔥   @moneyagent223
🔥   @moneyagent223

မှာအော်ဒါလာတင်လို့ရပါပီ

ကျန်တော့ဆီမှာ အားပေးကြတဲ့ မိတ်ဆွေတစ်ဦးတယောက်စီတိုင်းကို
ကျေးဇူးသိတတ်သောအားဖြင့်
လကုန် ရင်  channelမှာကံစမ်းမဲ ဖောက်‌ေပးပါ့မယ်

https://t.me/luckymoney204
https://t.me/luckymoney204

ကံထူးရှင်များဖစ်ကြပါစေ

ကဗျာ | စာတို | သီချင်း

06 Jan, 14:04


သတိရတယ် ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ ။

သတိရချင်တဲ့အခါ
ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။

- မင်းလူ ( ချစ်သောပန်းကလေးမှ )

ကဗျာ | စာတို | သီချင်း

06 Jan, 14:02


ဒီစာရေးပြီးရင်
ငါလည်းမင်းကို မုန်းချင်မုန်းသွားမှာ

သာယာနာပျော်ခြင်းတွေပဲ ပေးခဲ့တာပါ ။
နာကျင်သွားတယ်ဆိုရင်လည်း
ကိုယ့်ရဲ့ချွတ်ချော်အားနည်းမှုလို့ မှတ်ယူပါတယ် ။

ဖုန်းမကိုင်ရုံနဲ့ မုန်းနေလို့ဆိုတာ
ဘယ်လိုလုပ် ဆက်စပ်တွေးခေါ်တတ်မှာလဲ ။
ကိုယ် ဥာဏ်မကောင်းတာ
မင်းသိသားနဲ့ ။

- ကြံတိုင်းအောင်

ကဗျာ | စာတို | သီချင်း

06 Jan, 14:01


ဆေးပညာတို့ စိတ်ပညာတို့ဟာ
လူတစ်ယောက် ခံစားနေရတာကိုသက်သာဖို့
ကယ်မတဲ့ ပညာတစ်ရပ်လို့ပြောကြတယ် ။

ဒါပေမဲ့ ကျွန်တော် မေးချင်တယ် ၊
ကုသပျောက်ကင်းမှု မှန်သမျှဟာ
ကယ်တင်ခြင်း မည်ပါရဲ့လားဟင် မမရီ ။

- တက္ကသိုလ်ဘုန်းနိုင်

ကဗျာ | စာတို | သီချင်း

06 Jan, 13:59


မင်းမျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ် ။

-စိုင်းဝင်းမြင့်

ကဗျာ | စာတို | သီချင်း

05 Jan, 02:36


ကိုကို အပျော်တမ်းလူသတ်တာပါ
ညီမအခါခါသေပေးလို့ရပါတယ်။

မစွန့်လွှတ်နိုင်တဲ့အခါ
ဆွဲမိဆွဲရာပါပဲကိုကိုရယ်။

ညီမက အစ်ကိုပြောတဲ့ဟာသတွေမှာ
ခဏတာနစ်မွန်းမိသွားရုံပါ။

ဒီတစ်ခါညီမအဝေးဆုံးကိုပြေးထွက်သွားတော့မယ်
ကိုကိုလှမ်းမဆွဲမယ့်လက်တစ်စုံထဲမှာ
ညီမရဲ့ ခုန်နေသေးတဲ့နှလုံးသားလေးပါတယ်ဆိုတာ
ကိုကိုဘယ်သိနိုင်မှာလဲ။

-သူဇာ

ကဗျာ | စာတို | သီချင်း

05 Jan, 02:36


လောကမှာ ကျနော်ပိုင်ဆိုင်တယ်
လို့ထင်ရတဲ့အရာတိုင်းဟာ
ကျနော့်ဆီက
ထွက်သွားကြတာချည်းပဲမို့
အရာဝတ္ထုတစ်ခုခုကို
ကျနော်ပိုင်ပါတယ်ပြောဖို့
ကြောက်လာခဲ့တယ်
ဘာကိုမှမပိုင်ဆိုင်ဖူးဘူး
လို့ပြောရလောက်အောင်ထိ
အရာအားလုံးကို
ကျနော်ဆုံးရှုံးခဲ့ရပါတယ်..

- သစ်ခက်

ကဗျာ | စာတို | သီချင်း

05 Jan, 02:34


တစ်ဦးကိုတစ်ဦး မချစ်ရင်
ရာဇဝတ်မှု မမည်ဘူးလားဟင်။
ကိုယ့်ကိုယ်ကိုယ် လိမ်လည်ရင်
ပုဒ်မ ၄၂၀ ရှိတယ်
မငြိစွန်းဘူးလားဟင်။
ကမ္ဘာ့ထိပ်ကို တက်
အဲဒီအချက်အလက်တွေ
ငါတင်ပြချင်တယ်။

-အောင်ချိမ့်

ကဗျာ | စာတို | သီချင်း

04 Jan, 16:29


ငါကနံရံကို လက်သီးနဲ့ထိုးရင်တောင်
မင်းကနံရံမှာ ဘာအပြစ်ရှိလို့လဲ မေးမှာ
ငါသိတယ် မင်းရဲ့စာနာနွေးထွေးမှုဟာ
ငါကလွဲရင် အားလုံးရကြတယ်ဆိုတာ
ကမ္ဘာဟာ သူ့နည်းသူ့ဟန်နဲ့ပျော်ပါစေ
ငါမပါလဲရတယ်။  ။

-ဘုန်းပြည့်စုံမင်း

ကဗျာ | စာတို | သီချင်း

04 Jan, 16:29


ကိုယ်အဆင်မပြေတာကိုလည်း
ပေးမသိချင်ဘူး ။
သူအဆင်မပြေတာမျိုးလည်း
တစ်ခုမှ မရှိစေချင်ဘူး ။
ချစ်ခြင်းဟာစေတနာတစ်မျိုးတဲ့
ဒါဟာ ချစ်ရသူနဲ့ပက်သက်ပြီး
ကိုယ့်မှာရှိတဲ့ အစစ်မှန်ဆုံးသဘောထားပါပဲ ။

- ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

04 Jan, 16:28


‌4..1..2025နေ့

ပို့ပေးပီးတဲ့ pay to pay

အော်ဒါ တချို့ပါ

ငွေကြေးခက်ခဲနေသူများ
အကြွေးတေကြောင့်စိတ်ရှုပ်နေသူများကို

Ko Khantမှငွေစက္ကူ pay to pay
စနစ်နဲ့ရောင်းပေးနေပါပီ။


အိမ်မက်တေအကောင်ထည်ဖော်လို့ရပီ။

5သောင်းဖိုး(5)သိန်း

1သိန်းဖိုး(10)သိန်း

(10)ဆဖြင့်ဝယ်ယူနိုင်ပါတယ်။


နောက်ထပ် orderတင်ချင်သူများ
ဘာကြောင့်ဘဲ ငွေလိုနေနေ

🔥   @moneyagent223
🔥   @moneyagent223

မှာအော်ဒါလာတင်လို့ရပါပီ

ကျန်တော့ဆီမှာ အားပေးကြတဲ့ မိတ်ဆွေတစ်ဦးတယောက်စီတိုင်းကို
ကျေးဇူးသိတတ်သောအားဖြင့်
လကုန် ရင်  channelမှာကံစမ်းမဲ ဖောက်‌ေပးပါ့မယ်

https://t.me/luckymoney204
https://t.me/luckymoney204

ကံထူးရှင်များဖစ်ကြပါစေ

ကဗျာ | စာတို | သီချင်း

04 Jan, 13:25


ကျနော်ရပ်နေခဲ့တယ်
ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင်
ပြန်ဆုံနိုင်လိမ့်အုံးမယ်အထင်နဲ့..

လူတွေညာတယ်
ကမ္ဘာဟာ တကယ်မှမလည်ပဲ
ဘယ်မှာပြန်ဆုံကြလို့လဲ.. ။

- ရိပ်ငြိမ်

ကဗျာ | စာတို | သီချင်း

04 Jan, 13:24


"အလွမ်းထိပ်အုတ်ခုံ"

မျက်ရည်အစား
ငါကျပေးမယ်

ငါ့အစား မင်းပျော်
မင်းအစား ငါပျော်မယ်

တိုက်စစ်နဲ့ခံစစ်ဟာ ဝေးနေလို့မှမဖြစ်
အချိန်မီချုပ်မှ အစုတ်သက်သာမှာ

မီးစင်တွေက
ငါတို့ကိုကြည့်ပြီး ကကြပါစေ

ဂီတာတီးမယ် ပုန်ကန်မယ်
တွေးခေါ်မယ် တမ်းတမယ်
တစ်ယောက်ရင်ထဲကိုတစ်ယောက် စာပို့မယ် ။

- အောင်ခိုင်မြတ်

ကဗျာ | စာတို | သီချင်း

04 Jan, 13:24


တကယ်တော့
ပင်လယ်ဟာ မာယာမများဘူး
ကိုယ့်အကြောင်းကိုယ်မသိဘဲ
ရွက်လွှင့်မိတဲ့ စက္ကူလှေလေးရဲ့အပြစ်။

ဒီကမ္ဘာထဲ လူအဖြစ်နဲ့
လာဆုံမိတာကလွဲရင်
ကိုယ်တို့က ဝေးလွန်းပါတယ် ဟန်နီရယ်
ကိုယ်မေ့လိုက်ပါ့မယ်။

- လင်းညီ

ကဗျာ | စာတို | သီချင်း

04 Jan, 04:47


မျက်ရည်

လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက်ပိုသွားရင်
ငိုချင်ပေမယ့် မျက်ရည်ကျမလာတော့ဘူး။

လည်ချောင်းထဲမှာဆို့နေတဲ့တိမ်တွေကြောင့်
အသက်ရှူကျပ် ငြိမ်သက်မသွားခင်
ရုပ်ရှင်တွေကြည့်ပြီးငိုရမယ်
တစိမ့်စိမ့်တွေးပြီး ငိုသင့်ငိုရမယ်။

နောက်ဆုံး လိုအပ်ရင်
ဟာသတွေထိုင်ကြည့်တတ်ဖို့။

မျက်ရည်ထွက်တဲ့အထိ ရီပစ်ပြီးမှ
ရတဲ့မျက်ရည်မှာ အနာတရပေါင်း
ဟောင်းနွမ်းလွန်းတဲ့ကိုယ့်အဖြစ်ကို
တွေးတွေးပြီး ငိုကြွေးဖို့။

ချော်လဲရောထိုင် နာကျင်မှုတွေနဲ့
တစ်သက်လုံးနောက်ကလိုက်သူ
ဘယ်တရားပြပြ နိဗ္ဗာန်မသွား
တစ်ယောက်တည်း တစ်ကိုယ်တည်း
စောက်မှတ်မရှိ ငရဲလားလို့။

- ဆပ်ရိပ်

ကဗျာ | စာတို | သီချင်း

03 Jan, 04:57


ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ်။

ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

မေနဲ့ဩဂုတ်မှာ
အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ
မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။

-သန်းတင့်

( ခင်ဖုန်းသက်ဝေဂယ်လာရီ )

ကဗျာ | စာတို | သီချင်း

02 Jan, 13:10


အပျင်းပြေဟာသလေးတွေဝင်ကြည့်


https://t.me/just_for_funny_tiktok_myanmar

ကဗျာပလက်ဖောင်း ♡

15 Nov, 18:44


ဘဝ

ကိုယ့်ဆုတောင်းနဲ့ကိုယ်ပါပဲ
အလေးဆုံးကျောက်ခဲကြီးကို မ ပြီး
ပေါ့ပါတယ်လို့
ဖြေတွေးတွေးရတယ်။

- မြစ်အောင်

ကဗျာပလက်ဖောင်း ♡

14 Nov, 15:37


Telegram ကို နောက်ခံလှလှလေးနဲ့သုံးချင်တဲ့သူတွေအတွက် Join ထားနော် 👇

https://t.me/panda_theme
https://t.me/panda_theme

ကဗျာပလက်ဖောင်း ♡

07 Nov, 04:26


https://t.me/+QXF-7lX51BhiMDg1

ဒီချန်နယ်လေးမှာလည်း ကြော်ငြာတွေမရှုပ်ပဲ ကဗျာလေးတွေအေးဆေးဖတ်လို့ရပါတယ်။

ကဗျာပလက်ဖောင်း ♡

05 Nov, 14:32


တချို့က ကြည့်လိုက်ရင် ပုံမှန်ပဲ။
စားတယ်၊ အိပ်တယ်၊ စကားပြောတယ်၊ ရယ်တယ်။
ဒါပေမဲ့ သူတို့ရဲ့ နှလုံးသားက
အေးစက်နာကျင်ပြီး အထီးကျန်နေတာ
ကြာလှပါပြီ။

အရွယ်ရောက်သူရဲ့ ကမ္ဘာဟာ
ပြိုလဲရင်တောင် အသံမဲ့ပါတယ်။

- နိုင်းနိုင်းစနေ

ကဗျာပလက်ဖောင်း ♡

04 Nov, 03:04


https://t.me/+QXF-7lX51BhiMDg1

ဒီချန်နယ်လေးမှာလည်း ကြော်ငြာတွေမရှုပ်ပဲ ကဗျာလေးတွေအေးဆေးဖတ်လို့ရပါတယ်။

ကဗျာပလက်ဖောင်း ♡

03 Nov, 16:47


ကျနော်ရပ်နေခဲ့တယ်
ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင်
ပြန်ဆုံနိုင်လိမ့်အုံးမယ်အထင်နဲ့..

လူတွေညာတယ်
ကမ္ဘာဟာ တကယ်မှမလည်ပဲ
ဘယ်မှာပြန်ဆုံကြလို့လဲ.. ။

- ရိပ်ငြိမ်

ကဗျာပလက်ဖောင်း ♡

03 Nov, 12:10


တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ

မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း
မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ
ဖြစ်အောင် နေရတာပဲ
မလိုအပ်တော့ဘူးဆိုရင်လည်း
မပေးမိအောင် အဝေးဆုံးကို ပြေးရတယ်

ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား...
ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း

- ခက်နှောင်

ကဗျာပလက်ဖောင်း ♡

03 Nov, 01:06


မင်းကိုငါချစ်တယ်။
ဒါပေမယ့် မင်းက
ငါချစ်ခဲ့တုန်းကပုံစံမျိုး
မဟုတ်တော့ဘူး.....။
ငါကလည်း မင်းနှစ်သက်ခဲ့တဲ့
အနေအထား မရှိတော့ဘူး...။
ငါတို့ ဘာဆက်လုပ်ကြမလဲဟင်?

(တစ်ချို့အရာတွေ ဆုံးရှုံးသွားရပုံက
သိပ်အံ့သြဖို့ကောင်းတယ်...။
မင်းနေရာမှာ မင်းနဲ့ပြန်အစားထိုးရင်တောင်
ပြန်မရတော့မယ့် အရာမျိုးတွေ ရှိတယ်။)

- ပြည့်စုံဝင်း

ကဗျာပလက်ဖောင်း ♡

31 Oct, 18:23


နောက်ဆုံးအချစ်

//ဖြိုးကြီး+ဆုန်သင်းပါလ်

ကဗျာပလက်ဖောင်း ♡

31 Oct, 12:59


မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလားလို့ တွေးမနေနဲ့တော့
ချစ်သူရေ တို့တတွေ ပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့ အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်း ရှိတတ်လို့
တို့စောင့်ရဦးမယ်။

( မကြာခင်မှာ လင်းရနံ့တွေဝေလာမှာပါပဲ ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့
နေထွက်ခွင့် ပေးရမယ်လေ။

- တာရာမင်းဝေ

ကဗျာပလက်ဖောင်း ♡

31 Oct, 05:43


မင်းဘက်က အသံတိတ်နေရင်
ကိုယ် အလွမ်းနဲ့ဖြေပါ့မယ်

ကိုယ့်ဘက်က အသံတိတ်နေရင်
မင်းကို ငဲ့ညှာတာလို့ မှတ်ယူပေးပါ...။

- ခင်အောင်အေး

ကဗျာပလက်ဖောင်း ♡

30 Oct, 04:24


ဒီချန်နယ်လေးမှာလည်း ကြော်ငြာတွေရှုပ်မနေပဲ ကဗျာလေးတွေ အေးအေးဆေးဆေးဖတ်လို့ရပါတယ်။

https://t.me/+QXF-7lX51BhiMDg1

ကဗျာပလက်ဖောင်း ♡

30 Oct, 01:21


ကိုယ့်ကိုကိုယ် ငပိန်းမှန်းသိဖို့
တစ်ဘဝလုံးနီးပါး ကြိုးစားခဲ့ရပါတယ်

ပြစရာဆိုလို့ ချစ်တဲ့စိတ်နဲ့ သတိရတိုင်း ရတဲ့ကုသိုလ်တွေပဲရှိခဲ့တယ်။

အချစ်နဲ့ဘဝမှာ တိကျသေသပ်လွန်းဖို့မလိုဘူး
ဆပ်ကပ်သမားရဲ့ဓားချက်တွေလို
လွဲချော်မူ့တွေကိုယ်တိုင်က
ပစ်မှတ်တွေပဲမဟုတ်လား ။

- ကြည်မျိုးအောင်

( ဆယ်စုနှစ်များ ကဗျာ - မှ )

ကဗျာပလက်ဖောင်း ♡

29 Oct, 14:57


" မျက်ရည်ကျဆဲနေ့ရက်တွေ "

ဒီဘက်ဒေသမှာနှင်းတွေကျနေပြီ
အကိုနေတဲ့အရပ်ဒေသမှာရောအေးနေပြီလားတဲ့

ဆောင်းကချမ်းသလား
သတိတောင်မထားမိပါဘူး...ညီမရယ်
အကိုကမျက်ရည်တွေနဲ့နွေးနေတာ။

- ပိုင်နေလင်းခန့်

ကဗျာပလက်ဖောင်း ♡

29 Oct, 13:15


ရင်ဖုံးအင်္ကျီလေး ဝတ်လိုက်လို့
မမ လှသွားတာမဟုတ်ဘူး
မမ ဝတ်လိုက်လို့
ရင်ဖုံးအင်္ကျီလေးက ကြည့်ကောင်းသွားတာ။

ဆိုလိုတာက ချစ်ခြင်းမေတ္တာဟာ
မည်သို့သောအကြောင်းပြချက်ကြောင့်မှ မဟုတ်ပါဘူး
မမဖြစ်နေလို့ကို
ကျွန်တော်ချစ်ခဲ့တာပါ။

- လင်းညီ

ကဗျာပလက်ဖောင်း ♡

28 Oct, 16:13


ဝယ်ထားပြီး
မဖတ်ရသေးတဲ့ စာအုပ်တွေ၊
မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ အတွက်
ဝမ်းနည်းနေမယ့်အစား
ဖတ်ပြီးသားစာအုပ်တွေ ကြည့်ပြီးသား
ရုပ်ရှင်တွေကို
တစိမ့်စိမ့် ခံစားရင်း ပျော်ရွှင်နေလိုက်မယ်။
ဒီလိုပဲပေါ့ အချစ်ရယ်
ပျော်ရွှင်မှုက ကိုယ်တို့ကို လာမရှာတဲ့အခါ
ကိုယ်တို့က ပျော်ရွှင်မှုကို ရှာဖွေရမယ် မဟုတ်လား။
ကိုယ်တို့ဟာ မြစ်တစ်ခုတည်းက
စီးဆင်းခဲ့ရင်တောင်
အချိန်တန်တော့
ဘယ်ချိုးတဲ့သူက ဘယ်ချိုး
ညာချိုးတဲ့သူက ညာချိုး
ရှေ့သွားတဲ့သူက ဆက်သွား...
'ပင်လယ်မှာ ပြန်ဆုံမယ်' ဆိုတာ
ကိုယ်ညာတာပါ အချစ်ရယ်
ဆုံချင်မှလည်း ဆုံဖြစ်ကြမယ်၊
မဆုံဖြစ်ကြတဲ့အခါ
ပျော်ရွှင်မှုကို ရှာဖွေဖို့ မမေ့ခဲ့ပါနဲ့။

- မြတ်သန်း

ကဗျာပလက်ဖောင်း ♡

28 Oct, 05:57


ကမ္ဘာဖျက်သတ္တဝါကြီးတွေ မြို့ထဲ၀င်လာရင်
ဘယ်လိုလုပ်ရမလဲလို့
တွေးတတ်တဲ့ အသက်အရွယ်ကနေ

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ်သေရင်
အသက်သာဆုံးဖြစ်မလဲဆိုတာ တွေးတတ်တဲ့
အသက်အရွယ် ရောက်လာတာပဲမဟုတ်လား။

- ဏေသစ်

ကဗျာပလက်ဖောင်း ♡

27 Oct, 16:52


ဒီတော့ မနက်ဝေလီဝေလင်းကြီးမှာ အဲဒီ့ခေတ်ကိုအမြှီးကနေ ငါဆွဲလာတယ်
ကောင်းကင်က လေယာဉ်ပျံတွေကို သွားနဲ့ကိုက်ပြီး ယူလာခဲ့
ဒါပေမယ့်
ကောင်းကင်မှာ နေမရှိဘူး
ငါတို့ရဲ့အဆုတ်ထဲမှာ လေမရှိဘူး
ဘူတာကြီးရဲ့အပြင်ဖက်က ကလေးတွေမှာ အဖေမရှိဘူး …

- မောင်ဒေး

( ဖော်မယ်လ်ဒီဟိုက် )

ကဗျာပလက်ဖောင်း ♡

27 Oct, 16:30


ပယ်မှန်းတော့ သိပါတယ်
အနာနဲ့ဆိုမှတော့
ပယ်ပါ။

ဆက်လက်
နာသွားရုံပါ။ ။

- ဝင်းမြင့်

ကဗျာပလက်ဖောင်း ♡

27 Oct, 15:57


ချစ်တဲ့လာနာ

ချစ်တဲ့ မိန်းမတစ်ယောက်နဲ့
လမ်းခွဲချိန်တိုင်းမှာ
သစ်ရွက်တွေသာ သေသွားကြတယ်

ဒါပေမဲ့ ငါက မသေဘူး
ဘယ်အနှေးပြကွက်တွေမှလည်း
မလာဘူး

ရုပ်ရှင်ပိုစတာတိုင်းကို ဆွဲဖြဲပြီး
လီးပဲလို့ အော်ဆဲခဲ့တယ် ။

- ဆစ်ခ်

ကဗျာပလက်ဖောင်း ♡

27 Oct, 14:19


မင်းကိုယ်မင်း
သိပ်တော် သိပ်တတ် သိပ်ပါးနပ်လှပြီဆိုပြီးတော့များ
မင့်အနာဂတ်ကို သိပ်စိတ်ချမထားနဲ့ညီလေး

မင့်အနာဂတ်ဟာ
မင့်နိုင်ငံရဲ့ကံကြမ္မာနဲ့
သွေးကြောတမျှင်ချင်းကအစ ဆက်စပ်နေတာ
မမေ့နဲ့

- ကိုသန်းထွန်း

ကဗျာပလက်ဖောင်း ♡

27 Oct, 10:32


စက်ခေါင်းအမှတ်၀၀၉

//ခင်မောင်ထူး

ကဗျာပလက်ဖောင်း ♡

26 Oct, 21:44


ကိုကို့ အင်ပါယာ ကျဆုံးခန်း

ထတော့ ကိုကို
ထတော့
ညကပြောတော့ စောစောထ ရောမသွားမယ်ဆို

ကိုကိုပြောတော့
ရောမဆိုတာ ဘုန်းလက်ရုံးတဲ့
သူတို့မြို့မှာ
မြို့ရိုးတွေကို အရိုးနဲ့စီကြသတဲ့
ကိုကိုပြောတော့
ရောမဆိုတာ ကိုလိုစီယမ်ဆိုတဲ့ လူသတ်ကွင်းတဲ့
အဲ့ဒီ လူသတ်ကွင်းကို
ကျေးကျွန်သုံ့ပန်းတွေရဲ့
အသက်သွေးချွေးတွေနဲ့
သရိုး ကိုင်ထားတာပေါ့တဲ့
ကိုကို ပြောတော့
ရောမဆိုတာ ဖိုရမ်တဲ့ လူထုရင်ပြင်တဲ့
အဲ့ဒီရင်ပြင်ဟာ ကျွန်တွေရဲ့ ပုခုံး
သုံးပန်းတွေရဲ့ လက်နဲ့
ထွန်ယက်ခဲ့တဲ့ မြေသားကောင်းပေါ့တဲ့

ခေါင်းမတ်
ရင်ပင့်
မိုးထိမြင့်မယ့် လက်ရုံးတွေ ဆန့်တန်းလို့
လူထုရင်ပြင်ပေါ့
အဲဒီလက်ရုံးတွေကြားမှာ
နီရိုးရဲ့ လက်တွေလည်း ပါလို့
ပွန်တီးယပ်ပိုင်းလိတ်ရဲ့ လက်တွေလည်း ပါလို့
လူထုရင်ပြင်ပေါ့

ဒါ ရောမလား ကိုကို
ရောမ လူအုပ်ဝါဒ ဆိုတာ
ရောမ လူထုဝါဒ ရဲ့
ခေါ်ဗုံ တလုံးပါဆို

လုပ်... ကိုကို
အုပ်တချပ်နဲ့  ကျောက်ရုပ်များများ မြို့ကြီးက
ဥရောပရဲ့ လှေကားခုံမှာ
အရုဏ်မီးကျည် အချိန်းအချက်
ထွက်စောင့်နေရော့မယ် ထတော့ဆို
လက်ဝဲနံတောင်း လက်ယာနံတောင်း
ပြောင်းအိပ်မိသူ အကောင်ကြီးကြီးကို
ကမ္ဘာကျော် နေနည်းထိုင်နည်းနဲ့
အမြှီးလှန် ချိုးလိုက်တာများ
ဘာတဲ့. ..
ရောမ ရောက်သခိုက် ရောမသားလို  ကျင့်ရဦးမယ်ဆိုပဲ

အလို.  .. ရောမသားဆိုသဟာ
မိုဆိုလီနီလား ၊ ဆီဆာလား
ရောမြူးယပ်စ်လား၊ စပါတာကပ်လား လို့
ဝိစိကိစ္ဆာ အမျှင်တန်းလန်းနဲ့
ရိုးရိုးသားသား သမ်းဝေလိုက်မိပါတယ်

ဟော... ကြည့် ကိုကိုဟာလေ
ရောမသား ဆိုတာ
ဟိုဒင်း.  .. လေ
ကိုကိုက ရိုမီယို
ညီမက ဂျူးလိယက်ပေါ့လို့ တဲ့
ဟင်း... ကိုကိုနော် တော်တော်နုံတဲ့
အိပ်မှုန်စုံမွှား
ပါးကလေး ထိုးပေး
အင့်... မွှေး တဲ့။

- ကိုသန်းထွန်း

ကဗျာပလက်ဖောင်း ♡

26 Oct, 05:44


သူက မီးမှိတ်ရင် မအိပ်တတ်ဘူး

ကျွန်တော်က မီးလင်းရင် အိပ်မပျော်ဘူး

ဒီလိုနဲ့

ဖန်မီးအိမ်လေးကို အလယ်ကခွဲ

ညကလေး နှစ်ခြမ်းကွဲသွားတယ် ။

- လူခါး

ကဗျာပလက်ဖောင်း ♡

25 Oct, 14:21


ဘဝမှာ
နောက်ကျသွားပြီ ဆိုတာ
တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ
ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်...။

- လူခေး

ကဗျာပလက်ဖောင်း ♡

25 Oct, 14:15


စွန့်ပစ်ခံရခြင်းသာ
တရားဓမ္မဆို ကျွန်တော်
နိဗ္ဗာန်ကို မကြာခဏရောက်ပြီးပါပြီ။

- တာရာညို

ကဗျာပလက်ဖောင်း ♡

24 Oct, 16:45


သိနေတဲ့အရာကို
အခင်အမင်ပျက်မှာစိုးလို့
မသိချင်ယောင်ဆောင်ပေးရတာလည်း မေတ္တာပဲ

နာကျင်သွားမှာစိုးလို့
စကားလုံးတွေကိုမပြောပဲ
မြိုသိပ်လိုက်ရတာလည်း မေတ္တာပဲ

ဖိနပ်လေးကြိုးချည်ပေးချင်တာလည်း မေတ္တာပဲ

ပန်းပင်လေးရေလောင်းပေးချင်တာလည်း မေတ္တာပဲ 

သေးသေးလေးကအစ
ကူညီပေးချင်တာလည်း မေတ္တာပဲ

တစ်ခါတစ်လေဘာမှမပြောတော့ပဲ
တိတ်ဆိတ်လိုက်တာဟာလည်း မေတ္တာပဲ

သိတယ် မြင်တယ် ကြားတယ် ထိခိုက်နာကျင်
အောင်နည်းမျိုးစုံနဲ့ပြန်ချေပလို့ရတယ် ။
ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုရင် ဒါဟာလည်း မေတ္တာပဲ ..

အ တယ် ၊ နုံ တယ် ၊ မသိဘူး မထင်နဲ့ …
မေတ္တာကလွဲပြီးဘာမှပေးစရာမရှိလို့ ငြိမ်နေတာ....

- မယ်ညို

ကဗျာပလက်ဖောင်း ♡

24 Oct, 06:00


တစ်နေ့မှာတစ်ယောက်ယောက်ကတော့
လောကကြီးထဲကနေ
အရင်ထွက်ခွာသွားရမှာပဲ ။
"ဘယ်တော့မှမခွဲဘူး"လို့
တစ်ယောက်ကပြောလိုက်ရင်
နောက်တစ်ယောက်က
ပြည့်ပြည့်ဝဝ ယုံကြည်သွားတယ်ဆိုတာ
မေတ္တာတရားနဲ့ပဲဆိုင်ပါတယ်။ ။

- ညံလင်း

ကဗျာပလက်ဖောင်း ♡

23 Oct, 01:14


စိတ်အကြောင်းပြောမယ်ဆိုရင်
ကြေနေတဲ့ကိုယ်ကနေစရမယ်။
သူကထောင်းလို့ပြီးတာကြာပေါ့
ငါ့မှာကအခုထိနလန်မထူ‌နိုင်သေး။

-ချောသွင်

ကဗျာပလက်ဖောင်း ♡

22 Oct, 14:05


ကဗျာတွေကို ဒီ Channel လေးမှာလည်း ဝင်ခံစားလို့ရပါတယ်။

✏️✏️✏️✏️ 💌

https://t.me/poetrygallery9

ကဗျာပလက်ဖောင်း ♡

22 Oct, 13:58


ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်

တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး
တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ထွက်သွားလည်း
ရတယ် ဘာမှမဖြစ်ဘူးပဲ။

မိဘက အလိုမလိုက်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ရည်းစားက မချစ်တော့လည်း
ရတယ် ဘာမှမဖြစ်ဘူး
သူငယ်ချင်းက စိမ်းသွားရင်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း။

- ဏေသစ်

ကဗျာပလက်ဖောင်း ♡

21 Oct, 15:17


ဝယ်ပတ်ဖူးသမျှနာရီတွေမှာ
အမေ့အိမ်ပြန်ရောက်မယ့်အချိန် မပါဘူးလား
ရောက်ရာအရပ်မှာ ရသမျှကုတ်ကတ်ရှင်သန်
စိတ်ထဲမှာလည်း ရွက်ကျပင်ပေါက်တွေချည်းပဲ။

- အောင်မှူးဝေ

ကဗျာပလက်ဖောင်း ♡

21 Oct, 14:29


ကျွန်တော်တို့ဟာ ညဖက်ညဖက်ဆို
ဘာဖြစ်လို့ပိုပြီး နာကျင်ရလဲသိလား

လူတွေက
တစ်နေ့လုံးဘယ်လောက်ပဲပင်ပန်းပင်ပန်း
ညဆိုအိမ်ပြန်ချင်ကြတာပဲ မဟုတ်လား
ညဖက်တွေမှာအိမ်နဲ့တူတဲ့
တစ်ယောက်ယောက်ကို
သတိရမိတာ ဘာဆန်းလဲ

အဲဒီတစ်ယောက်က
ကိုယ့်အနားမရှိနိုင်တဲ့အခါ
နာကျင်ရတာပဲပေါ့။

- မိုးနေ့ / အပိုင်းအစများ

ကဗျာပလက်ဖောင်း ♡

20 Oct, 14:29


စိုထိုင်းဆတွေ များတော့
တံခါးက ကြပ်တယ် ... 
လေ´ထု တင် ညစ်ညမ်းတာ မဟုတ်ဘူး
ပေါင်းသင်းနေရတဲ့
လူ´ထု ကလည်း ညစ်ညမ်းတယ် ....

မင်းဟာ မီးခဲ နေတဲ့ ကမ္ဘာတစ်လုံး
ဒါပေမယ့် လူတွေက မီးခဲ ကို ပြာဖုံးနေတာပဲ ကြိုက်တယ် ..
မင်း ရှူံးရင် သူတို့ ပျော် လို့ ။

သူတို့ ပါးစပ်ဖျားက
"သနားပါတယ်" ဆိုတဲ့ စကားဟာ
မင်းရှေ့က ခွက်ထဲကို စွန့်ကြဲပစ်ထည့်လိုက်တဲ့
အပေါစား ပိုက်ဆံအကြွေစေ့ပဲ ...။

- မင်းခိုက်စိုးစန်

ကဗျာပလက်ဖောင်း ♡

19 Oct, 16:03


တစ်ယောက်ရှိမယ့်နေရာကို
တစ်ယောက်သိပေမယ့်
တစ်ယောက်မှအရောက်လာဖို့
မရှိတော့ပါဘူး ...

မပတ်သက်တော့ဖို့ ကြိုးစားရတာဟာ
ပတ်သက်ဖို့ ကြိုးစားခဲ့ရတာနည်းတူ
ပင်ပန်းပါတယ် ...

ကွာတာဆိုလို့
ပတ်သက်ဖို့
လိုလိုချင်ချင်ကြိုးစားခဲ့ရတာနဲ့
မပတ်သက်တော့ဖို့
ခါးခါးသီးသီးကြိုးစားရတာ ...

ခေါ်နေကျဖုန်းကို မခေါ်ဖို့
သွားနေကျနေရာတွေ မသွားဖို့
စသည်ဖြင့် ...

သတိရတာက အစ
သတိအနေအထားနဲ့ ...

- ကျော်ထက်ထွေး

ကဗျာပလက်ဖောင်း ♡

19 Oct, 12:29


လူတိုင်းကို သေစေချင်တဲ့
စိတ္တဇလူသတ်သမားဆီမှာ
သူမသေစေချင်တဲ့ လူတစ်ယောက်တော့
သေချာပေါက်  ရှိမှာပဲလေ။

လူ့စိတ်မရှိတဲ့
လူ့အရိုင်းစိုင်းတွေမှာလည်း
သူတို့ယဉ်ကျေးစွာ ဆက်ဆံတဲ့
လူတစ်ယောက်တော့ အမြဲရှိမှာပဲ။

ဆိုလိုရင်းက
ငါတို့သေလောက်အောင်
စိတ်နာကျည်းမုန်းတီးနေရင်တောင်
အသက်ရှင်သ၍ သတိရနေရဦးမယ့်
အကုသိုလ်လူတစ်ယောက်တော့
ရှိကိုရှိရမယ်။

အချစ်ဦးဖြစ်စေ…
အချစ်ဆုံးဖြစ်စေ…၊
တစ်ယောက်ယောက်ပေါ့…။

- တာရာညို

ကဗျာပလက်ဖောင်း ♡

19 Oct, 09:09


လွမ်းတယ်
သက်တံ့ရဲ့ အဲဒီဘက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ် ။

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့်
ကိုယ့်တွင်းကို
ကိုယ် တူးခဲ့တယ် ။

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလိုပဲ
နှစ်တွေဟာလည်း ပွတ်ကာ သီကာ ကြာခဲ့ပြီ ။

ခွဲခွာရမှာကို စံပယ်တပွင့်စာလောက် ကြိုသိခဲ့ပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီ လမ်းကလေးမှာ
ကျွန်တော်တို့ အတူတူ မိုးခိုခဲ့ကြပါတယ် ။

အရှုံးကို ဘယ်လို သဲကန္တာရတွေနဲ့
ခြယ်မှုန်းရမှာလဲ ပြောပါ ။

၀န်ခံပါတယ်
ဆောင်းမြအမှုန်တွေကို တွေ့တိုင်း
တလဲ့လဲ့ ပြေးကောက်
တခွက်တည်းပါ လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်ဟာ ပင်လယ်အဟောင်းကို
ခပ်သောက်ချင်တုန်းပဲ ။

- တာရာမင်းဝေ

(သေနေတဲ့ကဗျာ)

ကဗျာပလက်ဖောင်း ♡

19 Oct, 06:06


"အာဝါဒေး ဝဲလ် မကန်း"

ငါ့မှာ လိင်တူချင်း ချစ်တဲ့ သူငယ်ချင်းရှိတော့
ငါ့ကို လိင်တူချင်း ချစ်သူလို့ ထင်တာ ဘာဆန်းလဲ
ငါ့လီးကို မတ်နေအောင်ထောင်ထားလည်း
ခေတ်ကြီးထဲ ပြီးမယ် မထင်ဘူး
စောက်ပိုတွေပါ ဘဲကြီးရာ
ကြုံကြိုက်တော့ လက်စွမ်းပြရတာပေါ့
ငါ့လက်တွေဟာ ဘလူးတူးနားကြပ်တွေလို
ငါ့ဆီမှာ ဆိုပေမဲ့ ချိတ်ဆက်ရ အားသွင်းရ
သူ့ကိုပဲ အချိန်ရှိသ၍ ဂရုစိုက်နေရ
ငါ့အချစ်ကို နှစ်ခြမ်း သုံးခြမ်းခွဲပြီး ငိုခဲ့တယ်
နှမြောလို့ မစားဖြစ်ခဲ့တဲ့ ရေခဲမုန့်တွေ ရေခဲရေဖြစ်ပေါ့
အသစ်ဆိုတာ ကံဆိုးခြင်း သတင်းထူး
ဥပေစေတရကံ အမြဲထိုက်ရတယ်
ကမ္ဘာကြီး လည်နေသလား နေ့လား ညလား
ဒီလမ်းက သွားလို့ရော ရသေးလား ဂိတ်မှာ ပစ္စည်းတွေရောက်ပြီလား
မင်းစော်ကို မင်းမရှိတော့ရင် ငါဆက်ကြောင်ရမှာလား
မင်းမရှိတော့ရင် ငါတို့ ဘာလုပ်ရမလဲ
ငါမရှိတော့ရင် မင်းတို့ဘာလုပ်မှာလဲ ငါမသိတော့ဘူး
ကျီးကန်းတွေ ဟာ မမြင်ရဘူး ပျောက်ကျား ကျီးကန်းတွေမို့ဖြစ်မယ်
မင်းမသိအောင် မင်းအကျီကို ငါယူသွားပြီ
သေနတ်ဆေးရင် ဟိုက်ဒရောလစ်ဆီတွေပေရင်သုတ်ဖို့
အသက်ကို လိင်တူချင်း မို့အပ်ခဲ့မယ် တိုက်ပွဲကို လိင်တူချင်းမို့ စွန့်ခဲ့တယ်
ဘယ်နေရာကနေ ဒီကဗျာကို ဘယ်ခွေးသူတောင်းစားကပဲ အော်အော်
ငါ့အော်သံပဲ မင်းအော်သံပဲ

မင်းလက်ကို ငါတို့စောင့်ရှောက်လိုက်ပါ့မယ် သူငယ်ချင်း။

- လူရောင်လွင်

ကဗျာပလက်ဖောင်း ♡

19 Oct, 03:27


ပထမအသဲကွဲဇာတ်လမ်း // ထူးအိမ်သင်

ကဗျာပလက်ဖောင်း ♡

18 Oct, 12:35


“မခင်သစ်ပင်
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို စျေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်”

- ဝင်းမြင့်

ကဗျာပလက်ဖောင်း ♡

18 Oct, 06:43


စိတ်မကောင်းဘူး။
ဒါပေမယ့်ဘယ်တတ်နိုင်မလဲ။
တချို့ရေစက်တွေက အတူတူဆုံပြီးမကြာခင်
သစ်ရွက်လေးပေါ်က လိမ့်ကျပြီး
နှစ်ခြမ်းပြန်ကွဲသွားတတ်တာပဲ။

- သူဝေး

ကဗျာပလက်ဖောင်း ♡

18 Oct, 03:11


အလွမ်းဆိုတာ

အလွမ်းခံရတဲ့သူသာ ဘာမှမသိတာ

လွမ်းနေတဲ့သူကတော့

တစ်ယောက်တည်းကမ္ဘာပျက်နေတာ။

- တာရာမင်းဝေ

ရည်ရွယ်သူသို့ // ဘိုဖြူ

ကဗျာပလက်ဖောင်း ♡

17 Oct, 22:57


မင်းက အမြန်လမ်းမကြီး အလယ်ကောင်သွားပြီး
ကားကြုံလိုက်ရအောင် ကားတားနေတဲ့ လူလိုပဲ ။
ဘယ်သူမှ ရပ်ပြီး တင်မှာတော့မဟုတ်ဘူး ။ကားတိုက်ခံရရုံပဲ။
ချစ်ခြင်းဆိုတာက လမ်းမကြီးပေါ်က လမ်းကျယ်ကြီးပေါ်က လာတာ မဟုတ်ဘူး ။
လမ်းကျဉ်းကလေးတွေ လမ်းမြှောင်ကလေးတွေဆီကနေ လာတာ။
ကြိုးကြိုးစားစားလာရရှာတာ ။တိုးဝှေ့ထွက်လာရရှာတာ ။
မင်းကို ချစ်ခြင်းက ရှာတွေ့ဖို့ လိုတယ် ။
ချစ်ခြင်းက မင်းကို ရှာတွေ့တာ ။မင်းက ရှာတွေ့တာမဟုတ်ဘူး ။

- မြင့်သန်း

ကဗျာပလက်ဖောင်း ♡

17 Oct, 15:34


အစတည်းက အသက်မပြည့်လို့
နောက်တစ်ချပ် ထပ်ဆွဲလိုက်တယ်
ဖဲက သေနေတုန်းပဲ ။

သူများ လာချရင် မနာချင်လို့
အရင်ဆုံး
ငါ့ဖင်ငါ ပါကင်ဖောက်ထားလိုက်တယ်
ဒီလိုမျိုး ဘဝပါပဲ  ။
                  
- ကိုခမ်း

ကဗျာပလက်ဖောင်း ♡

17 Oct, 14:47


ကမ္ဘာပေါ်မှာလူငယ်တွေကြောင့်
ဖြစ်ရတဲ့စစ်ပွဲရယ်လို့ တစ်ခါမှမရှိဖူးဘူး

အဲ...ဒါပေမယ့် ထူးဆန်းတာက စစ်ပွဲမှာ‌သေပေးရတဲ့သူတွေကတော့ လူငယ်တွေကြီးပဲ

- မင်းခိုက်စိုးစန်

ကဗျာပလက်ဖောင်း ♡

17 Oct, 14:18


လောကကြီးက ကျွန်တော်တို့သိထားတာထက်
ပိုအသည်းမာပါတယ်

တောင်းပန်ပါတယ်
ကျွန်တော်အများကြီး မျှော်လင့်ခဲ့မိတယ်

- စစ်ငြိမ်း

ကဗျာပလက်ဖောင်း ♡

17 Oct, 12:20


ကိုယ့်စိတ်ကို တနည်းနည်းနဲ့
အနှောက်ယှက် လာပေးသူတွေကို ရှောင်ပါတယ်။
ထင်ချင်သလိုထင်လို့ ရပါတယ်။
ထင်တဲ့သူတွေဟာလည်း
လူကောင်းသူကောင်းတွေ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒါဟာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။
ဘာလို့လည်းဆိုတော့
လူကောင်းသူကောင်းတွေတိုင်းဟာ
ကိုယ်နဲ့ အဆင်ပြေမယ်လို့ ဘယ်သူကမှ
အာမ မခံပါဘူး။
ကျွန်တော်ဘက်ကလည်း အာမ မခံပါဘူး။
ကျွန်တော်ကလည်း သူတို့အတွက်
လူကောင်းသူကောင်းတစ်ယောက်
ဖြစ်မနေချင်ပါဘူး။
အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်ပါတယ် ။

- ကြည်ဇော်အေး

ကဗျာပလက်ဖောင်း ♡

17 Oct, 11:53


လောကကြီးမှာ ပိုက်ဆံထက်အရေးကြီးတာတွေအများကြီးပဲ ။

ဒါပေမဲ့ အဲဒါတွေက ပိုက်ဆံရှိမှပဲရမှာ ။

- ဘုန်းပြည့်စုံမင်း

ကဗျာပလက်ဖောင်း ♡

17 Oct, 11:36


ထာဝရ // မို့မို့

9,710

subscribers

323

photos

101

videos