𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e @amy_universe Channel on Telegram

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

@amy_universe


𝘠𝘰𝘶’𝘳𝘦 𝘮𝘰𝘴𝘵 𝘸𝘦𝘭𝘤𝘰𝘮𝘦!
𝘎𝘰 𝘵𝘰 2k 𝘴𝘶𝘣𝘴𝘤𝘳𝘪𝘣𝘦𝘳𝘴!
New post > +50rec🥀✨
𝘚𝘪𝘯𝘤𝘦 -4.7.2023 ꔫ
𐙚₊˚𝘛𝘺𝘴𝘮 𝘧𝘰𝘳 𝘫𝘰𝘪𝘯 𐙚₊˚

Amy's Universe (English)

Welcome to Amy's Universe! If you're looking for a vibrant and welcoming community, this is the place to be! With over 2k subscribers, our channel is filled with engaging content that will keep you entertained and informed. Be sure to check out our latest post for a chance to receive over 50 recommendations. Our next event is scheduled for the 4th of July, 2023. Don't miss out on the opportunity to join us and be part of something special. Amy's Universe is the perfect space for anyone looking to connect, share, and explore new ideas. Join us today and become a part of our growing community!

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

21 Nov, 02:37


ဘ၀က Chessboard သူများထက် ၅ကွက်ကျော်ကြည့်ပါ

4.Action (အလုပ်)

⿻ သင့်ပတ်ဝန်းကျင်မှာ သင့်လောက်မတော်ဘဲ သင့်ထက် အမြင့်ကို ရောက်နေတဲ့သူ အများကြီးပါ ဘာလို့လဲလို့မေးရင် အဖြေကရှင်းပါတယ်၊Action(အလုပ်) ကြောင့်ပါ။

⿻ ရည်မှန်းချက်ချင်းတူတယ် ဉာဏ်ရည်ချင်းတူတယ်ဆိုရင်တောင် ပိုအလုပ်လုပ်ရင် အရှေ့ကို ပိုရောက်ပါတယ် တရက်မှာ အားလပ်ချိန် ၄နာရီပဲကျန်တယ်ထား ဒါကို သေချာ အသုံးချနိုင်တဲ့သူက သာသွားတာပါပဲ။

⿻ အားချိန်မှာ "အအား"ပဲနေနေရင် "အ,အ" ပဲဖြစ်မှာပါပဲ အလုပ်ကလဲကြိုးစားတယ် (Action)အမှားတွေကို သုံးသပ်ပြီး (Reflection)တိုးတက်တဲ့ ဆုံးဖြတ်ချက်တွေချနေတယ်ဆိုရင် (Decision) သင့်ကို ဘယ်သူကမှ တားလို့မရပါဘူး။
-------------------------------------
5.Environment (ပတ်ဝန်းကျင်)

⿻ တံငါနားနီးတံငါသည် မုဆိုးနားနီးရင်းတော့ မုဆိုးဖြစ်ပါမယ်၊သင်က လူ19ယောက် ရှိတဲ့အခန်းထဲမှာရောက်တယ်နေတယ် အဲ့ဒီ့ 19ယောက်လုံးက ပျင်းနေတယ် ဖုန်းပဲပွတ်ပြီး ဘာအလုပ်မှမလုပ်ဘူး ဘာတွေးခေါ်မှု ဘာကြိုးစားမှုမှလည်း မရှိဘူးဆို ကြိုးစားချင်စိတ်အပြည့်ရှိတဲ့သင်တောင် Performance ကျသွားပါလိမ့်မယ်။

⿻ ဆန့်ကျင့်ဘက်အနေနဲ့ သင်က နောက်ထပ်လူ 5ယောက်ရှိတဲ့ အခန်းထဲရောက်နေတယ် အဲ့ 5ယောက်လုံးက သင့်ထက်တော်တယ် အရမ်းကြိုးစားတယ် အရမ်းရုန်းကန်တယ် အတွေးအခေါ်လဲ အရမ်းကောင်းတယ်ဆိုကိုယ်က ကြိုးစားချင်စိတ်မရှိတဲ့ငပျင်း ဖြစ်နေရင်တောင် ကိုယ်ဂုဏ်သိက္ခာ သင်ပြန်ထောက်ပြီး အလုပ်လုပ်ဖြစ်မှာပါပဲ။

⿻ ဒါကြောင့် ကိုယ်ချိတ်ဆက်ပေါင်းသင်းတဲ့ ပတ်ဝန်းကျင်က အရေးကြီးပါတယ်၊တော်ချင်ရင် ကိုယ့်ထက်တော်တဲ့လူတွေပဲရှိတဲ့ နေရာကိုပြောင်းပါ Environment က Network ကောင်းတခုပါ ရလာလိမ့်မယ်။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

11 Nov, 00:38


ဘ၀က Chessboard သူများထက် ၅ကွက်ကျော်ကြည့်ပါ

2.Decision ( ဆုံးဖြတ်မှန်ကန်ပါစေ )

⿻ သုံးသပ်ပြီးရးဖြတ်ဖို့လိုပါတယ်၊ပျင်းပြီးလှဲနေမယ့်အစား ထပြီး အလုပ်လုပ်မယ် အရည်မရ TikTok တွေ Reels တွေကြည့်နေမယ့်အစား စာအုပ်ဖတ်မယ်။

⿻ ဒီလို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချနိုင်လေလေ ပိုကောင်းတဲ့ဘဝကို ဦးတည်လေ၊ ဘဝက Level ဖြစ်လာလေပါပဲ ဒါပေမဲ့ ကိုယ်က တိုးတက်လာလေလေ ကိုယ့်ထက်သာတဲ့လူတွေနဲ့ ယဉ်ပြိုင်ရလေပါပဲ။

⿻ အဲ့တော့ ကိုယ့်ဆုံးဖြတ်အပြင် ပြိုင်ဘက်ရဲ့ ဆုံးဖြတ်ချက်ကပါ ကိုယ့်အပေါ် သက်ရောက်မှုရှိလာပါတယ် ဒါကြောင့် မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ပါစေ။
...........

3.Trust ( ယုံကြည်မှု )

⿻ Level ပို level မြင့်သွားရင် ယုံကြည်မှုဆိုတာ အရမ်း အရေးပါပါတယ်၊ဆိုကြပါစို့ ဖောက်ပြန်တဲ့လူ အချင်းချင်းတောင်မှ ရပ်ကွက်ထဲက လူက ဖောက်ပြန်တာနဲ့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် တယောက် ဖောက်ပြန်တာနဲ့က … မတူပါဘူး။

⿻ ယုံကြည်မှုက ဘယ်ကလာသလဲဆိုရင် Character ကနေ လာပါတယ်၊ဒါကြောင့်ကိုယ်ဟာ ရိုးသားကြိုစားမှန်ကန်တဲ့လူဖြစ်ဖို့က အရေးကြီးဆုံးပါပဲ ကိုယ်မှန်မှ လူတွေကို ဦးဆောင်နိုင်မှာပါ ကိုယ်မှန်မှ လူတွေက ယုံကြည်အားကိုးကြမှာပါ။လူတွေက ယုံကြည်မှုအပေါ်အခြေခံပြီး အလုပ်လုပ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။


Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

06 Nov, 11:42


ဘ၀က Chessboard သူများထက် ၅ကွက်ကျော်ကြည့်ပါ

1.Reflection (ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ခြင်း)

⿻သင့်လုပ်ရပ်တိုင်းက သင့်ရွေးချယ်မှုပါပဲ တိုက်ဆိုင်မှုဆိုတာမရှိပါဘူး၊အိပ်ယာနိုးနိုးချင်း ဖုန်းသုံးတာလဲ သင့်ရွေးချယ်မှုပါပဲ။လုပ်ရမဲ့ အလုပ်ရှိလျက်နဲ့ Tik Tok ကြည့်နေတာလဲ သင့်ရွေးချယ်မှုပါပဲ၊

⿻Goal တွေ ထားထားလျက်နဲ့ ဒီနေ့တော့တော်ပါပြီ မနက်ဖြန်မှပေါ့ဆိုပြီးအချိန်ဆွဲလိုက်တာလဲ ၊သင့်ရွေးချယ်မှုပါပဲ

⿻ဒီနေ့ ဒီအချိန်မှာကိုယ်လုပ်လိုက်တဲ့ အပြုအမူအတိုင်း တွေးလိုက်တဲ့ အတွေးတိုင်းတုံ့ပြန်လိုက်တဲ့ သိစိတ်၊ မသိစိတ်တိုင်းကအနာဂတ်မှာ သင် ဘယ်လိုလူမျိုးဖြစ်လာမလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

⿻ဒါကြောင့် ကိုယ့်ရွေးချယ်မှုတိုင်းက မှန်လား မှားလားဆိုတာကိုယ်ကိုယ်ကို Reflect (ပြန်သုံးသပ်)နိုင်ဖို့လိုပါတယ်။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

26 Oct, 13:48


လူတွေနဲ့ပတ်သတ်ပြီး သိထားသင့်သောအ​ချက်များ

➷ စကားကိုနည်းနည်းပဲ ပြောတတ်တဲ့သူတွေမှာ အမျိုးအစားနှစ်မျိုးပဲ ရှိပါတယ်။ သူတို့ကအရမ်းရိုးရှင်းလွန်းလို့ မဟုတ်ရင် အရမ်းရှုပ်ထွေးကြလို့ပါ။

➷ မျက်လုံးချင်းဆုံဖို့ကို ရှောင်ကြဉ်တတ်တဲ့သူတွေက ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူ၊ လူကြောက်တဲ့သူ မဟုတ်ရင် တစ်ခုခုကို ဖုံးကွယ်နေလို့ပါ။ အထူးသဖြင့် ပုံမှန်မျက်လုံးချင်းဆုံနိုင်တဲ့သူက မျက်လုံးချင်းမဆုံနိုင်တော့ရင် သတိထားပါ။

➷ တစ်ခြားသူတွေကို လွယ်လွယ်နဲ့ဝေဖန်၊ လွယ်လွယ်နဲ့ပြစ်တင်တတ်သူတွေက သူတို့ကိုယ်တိုင် သူတို့ရဲ့အားနည်းချက်တွေ၊ စိတ်မလုံခြုံမှုတွေကို ဖုံးကွယ်ထားရတဲ့သူမျိုးတွေပါ။

➷ စကားနည်းတဲ့ လူတစ်ယောက်က စကားများလာတယ်ဆိုတာ အများအားဖြင့် သူကသူသဘောကျတဲ့ လူတွေရဲ့အနားမှာ ရှိနေလို့ပါပဲ။

➷ စကားများတဲ့ လူတစ်ယောက်ကလဲ ရုတ်တရက် အသံတိတ်သွားတယ်ဆိုတာ သူ့စိတ်ထဲမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေလို့ပါ။

➷ တစ်ခြားသူတွေအပေါ် အနှောက်အယှက်ပေးရတာ၊ ဖိအားပေးရတာကို မကြိုက်တဲ့သူတွေက သူတို့ကို အနှောက်အယှက်လာပေးရင်၊ ဖိအားလာပေးရင်လဲ မကြိုက်ကြပါဘူး။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #forward_only
≖≖✿❁ #Knowledge

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

16 Oct, 12:44


ရင့်ကျက်မှုဆိုင်ရာ ဥပဒေ (6)ခု

1.တစ်ခြားသူတွေကိုမထိန်းချုပ်ခင် သင့်ကိုယ်သင်အရင်ထိန်းချုပ်နိုင် အောင်လုပ်ပါ။အခြားသူကို ထိန်းချုပ်ခြင်းက ခွန်အားပဲဖြစ်စေပါတယ်။ မိမိကိုယ် ကို ထိန်းချုပ်မှသာ စစ်မှန်သော စွမ်းအားရရှိစေပါတယ်။

2.လူတိုင်းကို အကုန်မပြောပြပါနဲ့။လူအများကဂရုမစိုက်တတ်ကြပါ ဘူး။တစ်ချို့က သင့်ကိုမအောင်မြင် စေချင်ပါဘူး။

3.ဘယ်အရာမှမမျှော်လင့်ပါနဲ့။အရာအားလုံး ကိုတန်ဖိုးထားပါ။သင့်ဘဝရဲ့ အတွင်းစိတ်အေးချမ်းမှုကိုရှာတွေ့ ဖို့အတွက် သေးငယ်တဲ့ကိစ္စလေးတွေကအစ ကျေးဇူးတင်ပါ။

4.သင့်လုပ်ငန်းစဉ်ကိုယုံကြည်ပြီးအကောင်း ဆုံးလုပ်ပါ။သင်အလုပ်ပိုကြိုးစားလေလေ၊သင့်အနောက် ကိုကံကောင်းခြင်းတွေလိုက်လာလေလေပါ ဘဲ။

5.သူငယ်ချင်းများကို ပညာရှိစွာရွေးပါ။သင့်ကိုပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေဖို့အမြန်ဆုံးနည်းလမ်းကတော့ ပိုကောင်းတဲ့သူတွေသင့်ဘေးမှာရှိဖို့လိုအပ် ပါလိမ့်မယ်။

6.တုံ့ပြန်မှုနည်းအောင်သင်ယူပါ။သင့်ရဲ့တုံ့ပြန်မှုကို ထိန်းချုပ်လိုက် တဲ့အခါ ဘယ်သူမှသင့်ကို ခြယ်လှယ်လို့မရပါဘူး။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

06 Oct, 03:10


စိတ်ဓာတ်ပိုင်း ပိုသန်မာဖို...

(၇) နာကျင်တတ်ပါစေ

ကိုယ်ရခဲ့တဲ့ သင်ခန်းစာတွေ၊ ဒဏ်ရာတွေကို နာတတ်အောင် ကြိုး စားပါ။နာကျင်မှုတွေကို ပြန်ပြီးအသုံးချပါ။ သူ့ကိုတော့ မနာရက်လို့ဆိုတဲ့ စိတ်မျိုး မထားပါနဲ့။

(၈) ထိန်းချုပ်တတ်ပါစေ

သူများကိုတော့ မထိခိုက်စေနဲ့နော်။ကိုယ့်ရဲ့ဒေါသတွေ၊ ဝမ်းနည်းတာတွေကို ထိန်းချုပ်နိုင်အောင် ကြိုး စားပါ။ လူအများရှေ့ ပေါက်ကွဲတာပဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်း ပေါက်ကွဲတာပဲဖြစ်ဖြစ် ဘယ်ဟာမှ ကိုယ့်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော မကင်းတာကြောင့် စိတ်ခံစားမှုတွေကို ထိန်းတတ်အောင် သင်ယူပါ။

(၉) အစားထိုးတတ်ပါစေ
ဆုံးရှုံးလိုက်ရတဲ့အရာအတွက် ဘယ်တော့မှ အကြာကြီးမပူဆွေးပါနဲ့။ခံစားနေရတဲ့စိတ်တွေကို တခြားအရာတစ်ခု၊ အတွေးတစ်ခုနဲ့ အစားထိုးပစ်လိုက်ပါ။ ဘဝမှာ ဆက်ရှင်သန်ဖို့ လိုပါတယ်။ စိတ်မကောင်းဖြစ်ပေမယ့် အချိန်တစ်ခုကျရင်တော့ အစားထိုးလိုက်ပါ။

(၁ဝ) ဂရုစိုက်တတ်ပါစေ
ကိုယ့်ဘာသာ ဂရုစိုက်ပါ။ ငါ မနက်စာ ဘာစားမလဲ၊ ငါ ဘာလေးဝတ်မလဲ၊ ငါ ဘာဟင်းချက်ရမလဲ စသဖြင့် ကိုယ့်ဘာသာ ဂရုစိုက်ပါ။ကိုယ့်အတွက် အချိန်ပိုပေးပါ။ မိသားစုကိုလည်း ဂရုစိုက်ပါ။ သူငယ်ချင်းတွေကိုလည်း ဂရုစိုက်ပါ။ ကိုယ့်အတွက် အကျိုးမရှိတဲ့သူတွေကို ဂရုမစိုက် ပါနဲ့။

(၁၁) ပြောင်းလဲတတ်ပါစေ
ရှေးရိုးမစွဲပါနဲ့။ ဘောင်ထဲမှာ မနေပါနဲ့။ ပုံစံခွက်ကို ပြောင်းလိုက်ပါ။ပတ်ဝန်းကျင်ပြောစကားတွေနဲ့ မရှင်သန်ပါနဲ့။ ကိုယ့်အား ကိုယ်ကိုးတတ်အောင် ကြိုးစားပါ။ ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်ဘာသာ ပြောင်းလဲဖို့ သတ္တိမွေးပါ။ ကိုယ့်အပြောင်းအလဲဟာ ကိုယ့်အတွက်ပဲဖြစ်လို့ ကိုယ့်ခံယူ ချက်က သူများနဲ့မတူရင်တောင် ဆက်ရပ်တည်ပါ။


Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #Knowledge

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

03 Oct, 11:25


စိတ်ဓာတ်ပိုင်း ပိုသန်မာဖို့...

(၁) ဝေမျှတတ်ပါစေ
ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ ကိုယ့်ရဲ့နည်းလမ်းတွေကို တစ်ဖက်လူကို ဝေမျှပေးပါ။ ကိုယ်ကောင်းဖို့အတွက် တစ်ခုတည်း မလုပ်ဘဲ တစ်ဖက်လူအတွက်လည်း ကောင်းဖို့ရာ စဉ်းစားပြီးမှ အလုပ်လုပ်ပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို သူတို့နဲ့အတူ ဝေမျှပါ။ ဝေမျှခြင်းအားဖြင့် တစ်ဖက်လူရဲ့ အတွေးအမြင်အသစ် တွေပါ ကိုယ့်အတွက် ရရှိနိုင်ပါတယ်။

(၂) ကူညီတတ်ပါစေ
ကိုယ့်ကို အကူအညီလာတောင်းရင် ကူပေးပါ။ စာကူပြပေးတာပဲဖြစ်ဖြစ်၊ မသိတာတွေကို ရှင်းပြတာပဲဖြစ်ဖြစ် အသေးအမွှားလေးကစကူညီပေးပါ။ ကိုယ့်ကိုအားကိုးလာတဲ့သူတွေကို တတ်နိုင်သမျှ ကူပေးပါ။ဒီလိုကူပေးတာက ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့လေ့ကျင့်မှုတွေကို ပိုတိုး တက်စေပါတယ်။

(၃) အားကျတတ်ပါစေ
မနာလိုမဖြစ်ပါနဲ့။ ကိုယ့်ထက်ပဲငယ်ငယ်၊ ကိုယ်နဲ့ရွယ်တူပဲဖြစ်ဖြစ်အောင်မြင်နေရင် မနာလိုမဖြစ်ပါနဲ့။ အားကျတဲ့စိတ်နဲ့ အလုပ်လုပ်ပါ။ ငါကနန်းမေလင်းလက်အောင်မနာလိုခြင်းနဲ့မီအောင် လုပ်တာထက် အားကျစိတ်နဲ့မီအောင် လုပ်တာက ပိုစိတ်ချမ်းသာပါတယ်ပိုသာတယ်ဆိုတဲ့စိတ်နဲ့ နေရာမှာ ရပ်မနေနဲ့နော်။

( ၄) ချီးကျူးတတ်ပါစေ
ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ထက်သာသွားတဲ့သူတွေ အောင်မြင်သွား ကြတဲ့သူတွေကို ဂုဏ်ပြုပေးပါ။သူတို့ရဲ့အောင်မြင်မှုအတွက် ချီးကျူးစကားဆိုပေးပါ။ ကိုယ့်ရဲ့အောင်မြင်မှုတွေမှာလည်း သူတို့ပျော်ပေးသလို အထောက် အကူရမှာပါ။

(၅) စွန့်လွှတ်တတ်ပါစေ
ဘယ်အရာကိုမဆို စွဲလမ်းစိတ်မထားပါနဲ့။ ငါ့အလုပ်၊ ငါ့ရာထူး၊ အဆင့်ဆိုပြီး မစွဲထားပါနဲ့။ မကောင်းမှန်း သိရက်နဲ့လည်း ဖက်တွယ်ကာမနေပါနဲ့။ မကောင်းတဲ့အကျင့်ကိုလည်း ဆက်မလုပ်ပါနဲ့။ စွန့်လွှတ်တတ်တဲ့စိတ်ဟာ ပိုကောင်းတဲ့အရာရဖို့ လမ်းတစ်ခုပါ။

(၆) ရယ်မောတတ်ပါစေ
ခဏခဏ မငိုပါနဲ့။ ခဏခဏ မငိုင်ပါနဲ့။ ပျော်စရာရှိရင်၊ ရယ်စရာ ရှိရင် စိတ်လွတ်ပြီး ရယ်မောပါ။ ကိုယ့်ရဲ့စိတ်ကို ပျော်အောင်ထားပါ။ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပျော်အောင် ဖန်တီးပါ။

Part-2 < rec 50
Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #Knowledge

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

03 Oct, 04:48


မင်ဂလာနေ့လည်ခင်းပါ subsလေးတို့ရေ၊

Amy နောက် post အနေနဲ့(အသက်၂၀မှာပြောင်လဲရမယ့် "အချက်၂၀") စာအုပ်ထဲက topic တချို့ကို subs တို့ဖတိ ချင်မယ်ဆိုရင် ပြန် sharing လုပ်ပေးချင်ပါတယ်။

ဆိုတော့ကိုယ်ဖတ်ချင်တဲ့ topic လေးတွေကို comment မှာပြောပေးခဲ့ပါနော်။

#Amy

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

01 Oct, 15:02


📓Notes

1.ဘဝမှာ နောင်တရဖို့မလိုပါဘူး သင်ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

2.စတင်ဖို့ကို မကြောက်ပါနဲ့ မကြိုးစားမိမှာကို ကြောက်ပါ။

3.အနာဂတ်လှပချင်ရင် ဦးနှောက်နဲ့နှလုံးသားဆန္ဒကို မျှတွေးပါ။

4.ပိုကောင်းတဲ့အရာနဲ့ ထိုက်တန်ရင် တချို့အရာတွေနဲ့ လွဲတတ်ပါတယ်။

5.ထွက်သွားပြီးမှ ကိုယ့်ဘဝထဲပြန်ဝင်လာသူကို ဘယ်တော့မှလက်မခံပါနဲ့။

6.အချိန်ကအရာရာကို ကုစားပေးတာကြောင့် စိတ်ရှည်စွာ စောင့်ပါ။

7.ကျေအေးပေးခြင်း ဟာ လက်စားချေခြင်းထက် ပိုကောင်းပါတယ်။

8.လူတွေကလိမ်လို့ရပေမဲ့ ဗီဇကလိမ်လို့မရဘူး။

9.လူတိုင်းဟာ ဒဏ်ရာကိုယ်စီနဲ့မို့ ကြင်နာစွာဆက်ဆံပါ။

10.အရာအားလုံးအကြောင်းရှိလို့ဖြစ်လာတာကြောင့် စိတ်အေးစွာရင်ဆိုင်ပါ။

11.ကိုယ်ဘယ်လောက်အောင်မြင်ပါစေ ဘဝမမေ့ပါနဲ့။

12.လက်မလျော့ခဲ့တဲ့ဒီနေ့အတွက် နောက်လတွေမှာ သင့်ကိုယ်သင်ကျေးဇူးတင်နေပါလိမ့်မယ်။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #Knowledge
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

11 Sep, 14:44


ကမ္ဘာကျော် ပုဂ္ဂိုလ်များရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ (7)ခု

1.1952 ခုနှစ်မှာ အိုင်းစတိုင်းကို အစ္စရေးနိုင်ငံရဲ့သမ္မတလုပ်ပေးပို့ကမ်းလှမ်းခံခဲ့ရပါတယ် ၊ဒါပေမယ့် အိုင်းစတိုင်းက ငြင်းပယ်ခဲ့ပါတယ်

2.မိုနာလီဆာပန်းချီကားကိုဆွဲခဲ့တဲ့ Leonardo da Vinci က အလုပ်နှစ်ခုကိုတစ်ပြိုင်တည်းလုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။(ဘယ်ဘက်လက်နဲ့စာရေးနေပြီး ညာဘက်လက်နဲ့ပန်းချီဆွဲတတ်ပါတယ်)

3.မဟတ္တမ ဂန္ဒီဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ၅ကြိမ်တိုင်အောင် အမည်စာရင်းပေးခံခဲ့ရပါတယ်၊ဒါပေမယ့်ဆုကိုတော့ တစ်ခါမှမရခဲ့ပါဘူး

4.Helen Keller ကဝိဇ္ဇာကိုရခဲ့တဲ့ ပထမဦးဆုံး မျက်မမြင်၊နားမကြားတစ်ယောက်ဖြစ်ပါတယ်

5. UK နိုင်ငံရဲ့ဘုရင်မကြီး အဲလိစဘက်သည် ဒုတိယကမ္ဘာစစ်တုန်းကယာဉ်မောင်း(သို့)စက်ပြင်သမား အဖြစ် စစ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်

6.Apple ရဲ့ CEO Steve Jobsဟာ pescatarian တစ်ယောက်ပါ၊သူက ဟင်းသီးဟင်းရွက်နဲ့ငါးတွေကလွဲပြီး တခြားအသားတွေမစားပါဘူး

7.သံလိုက်စက်ကွင်းကိုရှာတွေ့ခဲ့တဲ့ Nikola Tesla ရဲ့မှတ်ဉာဏ်က စာအုပ်တစ်အုပ် (သို့)ဓာတ်ပုံတစ်ပုံရဲ့အကြောင်းအရာတွေကို အသေးစိတ်မှတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #Knowledge
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

04 Sep, 12:52


အတွေးအခေါ်တွေ နောက်တစ်ဆင့်မြင့်ဖို့

✧ ဘဝဆိုတာ ဂိမ်းတစ်ခုပါ။တစ်ယောက်တည်းမွေးလာပြီးတစ်ယောက်တည်းသေရမှာမလို့ ဘဝ ဆိုတဲ့ ဂိမ်းကိုတစ်ယောက်တည်း ကစားဖို့မကြောက်ပါနဲ့။

✧ အလုပ်ဆိုတာ ထွက်ပေါက်တစ်ခု၊ဖန်တီးတဲ့အရာတစ်ခု၊ ကိုယ့်အရည်အချင်းကို သွေးနေတဲ့နေရာတစ်ခုပါ။

✧ မိသားစုကို သူငယ်ချင်းလို ရင်းရင်းနှီးနှီး ဆက်ဆံပါ။မိသားစုဆက်ဆံရေးကFriendship ပုံစံဖြစ်သွားရင်အရာရာ ပိုအဆင်ပြေသွားတယ်။

✧ ကိုယ့်မှာ ကျွမ်းကျင်မှု အများကြီးမရှိဘဲနဲ့ ဝင်ငွေကောင်းချင်တယ်ဆိုရင် အဲဒါ စိတ်ကူးယဉ်နေတာပဲ။

✧ မျှတမှုရှိတဲ့ ဆက်ဆံရေးတွေကပဲရေရှည်ခိုင်မြဲတာပါ တစ်ဖက်သတ် အနိုင်ယူချင်တဲ့ဆက်ဆံရေးတွေက ဘယ်တော့မှရေရှည်မခံပါဘူး။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #Moti
≖≖✿❁ #crd_ShweNote

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

28 Aug, 15:17


ဆိုးရွားသော အချက် (8) ချက်💢

⿻ ပုံမှန်ဝင်ငွေရနေတဲ့ လူတယောက်က သူ့ရဲ့ရည်မှန်းချက်တွေကို မေ့သွားကြတယ်။

⿻ အချိန်ကောင်းကို စောင့်နေတဲ့လူဟာ အရာရာနောက်ကျသွားကြတယ်။

⿻ လူတယောက်ကို အရမ်းယုံကြည်မိနေပြီဆိုရင် သစ္စာဖောက်ခြင်းကို ကြုံရတတ်တယ်။

⿻ အောင်မြင်ဖို့ ကြိုးစားတဲ့အချိန်ကစပြီး အပေါင်းအသင်းတွေနည်းသွားတယ်။

⿻ မအောင်မြင်တဲ့အခါ လူတိုင်းက မိဘပံ့ပိုးမှုကိုပဲ အပြစ်တင်ကြတယ်။

⿻ အထီးကျန်ရမှာကို ကြောက်တဲ့လူတွေဟာ Toxic relationship မှာပဲနေတတ်ကြတယ်။

⿻ သင့်လုပ်ရက်တိုင်းဟာ သင့်ကလေးအပေါ် တန်ပြန်သက်ရောက်နိုင်တယ်။

⿻ လူတိုင်းနတ်ပြည်ကိုသွားချင်ကြပေမဲ့ သေခြင်းတရားကိုတော့ ကြောက်ကြတယ်။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #Knowledge
≖≖✿❁ #forward_only

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

24 Aug, 04:20


လူတွေရဲ့ Opinion တွေကို ဂရုမစိုက်ပဲနေနိုင်မယ့် နည်း(7)နည်း

5.ကိုယ်ပိုင်အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ပုံဖော်ပါ။
လူတိုင်းမှာသူ့ကိုယ်ပိုင်ထူးချွန်မှုတွေ ဒါကြောင့် အောင်မြင်ခြင်းဆိုတာကလည်း မတူကွဲပြားနိုင်ပါတယ်။မင်းအနေနဲ့ မင်းရဲ့အိမ်မက်ကို ဖြည့်စည်းရေးအတွက် ပိုအာရုံစိုက်နိုင်ပါ။ဒီလိုဆို မင်းတခြားသူတွေရဲ့အထင်အမြင်ကို အလေးထားတာ လျော့နည်းလာပါလိမ့်မယ်။

6.ခွင့်ပြုချက်တွေတောင်းခံနေတာကိုရပ်တန့်လိုက်ပါ။
တစ်စုံတစ်ခုလုပ်ဖို အခြားသူတွေရဲ့ ခွင့်ပြုချက်ကို တောင်းခံတာက တစ်ဖက်လူကို ပါဝါပေးလိုက်တာနဲ့အတူတူပါပဲ။မင်းအပေါ်မှာ သြဇာအာဏာပြခွင့်ရကျတာကို ခုံမင်ကြပါတယ်။ဒါကြောင့် ဘယ်သူခွင့်ပြုချက်မှမတောင်းပဲ ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်သာသွားပါ။

7.အချိန်တန်သေမှာပါ။
မင်းတစ်ရက်သေရမှာကို သိခြင်းက မင်းကို ရှုးနိမ့်မှုကို ကြောက်ရွံခြင်း၊ရှက်ရွံခြင်းတွေကို ကျော်လွှားစေနိုင်ပါတယ်။အသက်ရှင်တုန်းမှာ အမှိက်သာသာအထင်အမြင်တွေကြောင့် မင်းရဲ့အိမ်မက်တွေ၊မင်းရဲ့ Potential တွေကို မဖြုန်းတိးလိုက်ပါနဲ့။

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #Mindset

𝑨𝒎𝒚`𝒔 𝑼𝒏𝒊𝒗𝒆𝒓𝒔e

22 Aug, 04:44


လူတွေရဲ့ Opinion တွေကို ဂရုမစိုက်ပဲနေနိုင်မယ့် နည်း(7)နည်း

1.သဘောထားကွဲလွဲမှာကို မကြောက်ပါနဲ့။
ဘ၀တလျှောက်လုံး လူတကာ သဘောကျအောင်လိုက်လုပ်နေလိုမရဘူး။အဲ့လိုဖြစ်အောင်ကြိုးစားရင်းနဲ့လည်း ကိုယ့်ကိုကိုယ်စိတ်ညစ်မခံသင့်ဘူး။

2.ဉာဏ်ရှိရှိရွေးချယ်ပါ။
မင်းက ဘာကိုဂရုစိုက်နိုင်တယ်ဆိုတာ အကန့်အသတ်ရှိတယ်။အကယ်၍ သူစိမ်းတစ်ယောက်ရဲ့ မကောင်းတဲ့အထင်အမြင်တွေကို ဂရုစိုက်ရင် သိထားပါ။မဟုတ် တာတွေဂရုစိုက်နေရင် အရေးပါတာတွေကို ဂရုမစိုက်နိုင်ဖြစ်သွားလိမ့်မယ်။

3. ငြင်းတတ်အောင်လုပ်ပါ။
ငြင်းတယ်ဆိုတာ မင်းရဲ့ Personal spaceနဲ့ အချိန်တွေကို အရေးမပါတာတွေအပေါ် မကုန်ဆုံးစေခြင်းဖြင့်တန်ဖိုးထားတာပဲ။မဟုတ်ဟုတ်ရင် လူတွေက မင်းရဲ့အချိန်တွေနဲ့ ခွန်အားတွေကို သူတိုရဲ့ အိမ်မက်ရည်မှန်းချက်တွေအတွက် တမင်ကို ခိုင်းစားပါလိမ့်မယ်။

4.ကိုယ့်ကိုကိုယ်ချစ်ပါ။
မင်းအမှန်တစ်ကယ် ကိုယ့်ကိုကိုယ်ချစ်တတ်မယ်ဆိုရင် ကိုယ့်ကို မုန်းနေတဲ့လူတွေ၊မကောင်းမြင်သူတွေရဲ့ အထင်အမြင်တွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ကိုယ့်ကိုကိုယ်ချစ်တတ်၊တန်ဖိုးထားလေးစားတတ်ခြင်းက မင်းမယုံကြည်နိုင်လောက်တဲ့ စွမ်းပကားတွေရှိပါတယ်။

Part-2 > +50rec

Person tag
≖≖✿❁ #‌Amy

𝐎𝗍ɦ𝖾𝗋 tags
≖≖✿❁ #crd
≖≖✿❁ #Mindset

1,996

subscribers

597

photos

2

videos