ရွေးချယ်မှုက မှန်ကန်လဲဆိုတာ မဆုံးဖြတ်နိုင်တဲ့အခါ
“ဘယ်ကို သွားရမလဲ” ဆိုတဲ့ မေးခွန်းအစား
“ဘယ်ကို သွားချင်လဲ” ဆိုတဲ့ မေးခွန်းကို မိမိကိုယ်ကို လေးနက်စွာ မေးပါ။
မိမိဘဝမှာ ဘယ်လမ်းကို ဆက်လျှောက်ရမလဲ မသိတဲ့ အခိုက်အတန့်တွေဟာ ဘဝအတွက် အကောင်းဆုံးသော ရွေးချယ်မှုတွေ ကိုယ့်စိတ်တိုင်းကျ ရွေးချယ် ဖန်တီးနိုင်ဖို့ စကြဝဠာကြီးက ပေးတဲ့ အခွင့်အရေးတွေဖြစ်ပါတယ်။
ရွေးချယ်ခွင့်မရတဲ့လမ်းကို လျှောက်နေရခြင်းထက်
ဘယ်လမ်းကို သွားရမလဲ မသေချာတဲ့ အချိန်တွေမှာ မိမိဘဝအတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေချနိုင်ဖို့
မိမိရဲ့ သတ္တိ၊ ခိုင်မာသော ဆုံးဖြတ်ချက် ၊ ယုံကြည်မှု သစ္စာတရား ၊ ဝမ်းတွင်းသိစိတ်တွေ ချိတ်ဆက်မိလာပါတယ်။
မိမိဟာ ဘယ်လမ်းကိုပဲ ရွေးချယ်နေပါစေ မှားယွင်းသွားတယ် ဆိုတာ မရှိနေပါဘူး။
The Journey Card ရဲ့ Wisdom အရ
Every path leads home so there are no mistakes.
လမ်းတိုင်းဟာ အိမ်ကိုခေါ်ဆောင်သွားပေးနိုင်တယ် ၊ ဒါ့ကြောင့် မှားသွားတယ် ဆိုတာ မရှိနေပါဘူး။
လမ်းတိုင်းမှာ ကိုယ့်အတွက် သင်ယူစရာတွေ စောင့်နေပါတယ်။
ဒါပေမယ့် မိမိလျှောက်မယ့် လမ်းကိုရွေးချယ်တဲ့အခါ မိမိယူသွားမယ့် အိတ်ကလေးကတော့ ပေါ့ပါးနေဖို့ လိုပါတယ်။
မလိုအပ်တဲ့ အရာတွေဖြစ်တဲ့
တခြားသူတွေရဲ့ အမြင်တွေ၊ မိမိ မတောင်း သော
အကြံဥာဏ်တွေ
တခြားသူတွေရဲ့ မျှော်လင့်ချက်တွေ ၊ အမှားတွေနဲ့ မိမိ အိတ်ဟာလေးလံမနေပါစေနဲ့။
ကိုယ့်ရဲ့ အလိုလိုသိစိတ်ကို ယုံကြည်ပါ။
ကိုယ့်ရဲ့ နှလုံးသားက အသံကိုနားထောင်ပါ။
ကိုယ့်ကို ချစ်တဲ့သူတွေကို ယုံကြည်ပါ။
ကိုယ်သွားချင်တဲယ် ဆိုတဲ့ လမ်းကို ကိုယ်တ်ိုင် ရွေးချယ်ပါ။
မဖြစ်နိုင်ဘူးဆိုသည့်တိုင် မိမိဟာ ဒီလမ်းကိုလျှောက်ချင်တယ်လို့ မိမိကိုယ်ကို ခိုင်မာစွာ ပြောနိုင်တဲ့ အချိန်မှာ မိမိမျက်စိရှေ့မှာ လျှောက်ရမယ့်လမ်းဟာ အလ်ိုလို ပေါ်လာပါလိမ့်မယ်။
ခရီးတစ်ခုမှာ နောက်ဆုံးပန်းတိုင်က အရေးမကြီးပါဘူး။
ဒီခရီးကို လျှောက်လှမ်းနေရင်း ပြောင်းလဲ
ရင့်ကျက်လာတဲ့ မိမိရဲ့ ပုံစံအသစ်တစ်ခုကသာ ခရီးထွက်လာရခြင်းရဲ့ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်ပါတယ်။
It’s time of ask yourself :
“Where do you want to go” instead of “Where am I going”