စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ ဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ကန့်ဘလူ ဗျူဟာမှူးကြီး၏ အမိန့်တစ်ခုအောက်မှာပဲ စစ်ရေးရည်မှန်းချက်များကို တသွေမတိမ်း လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ရည်မှန်းချက် တပ်မတော်၏လမ်းစဉ်အတိုင်း ပေးအပ်သည့်တာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်နေသည့် တပ်မတော်၏ အရန်အင်အားဖြစ်ပါသည်။ပြည်သူ့စစ်ဦးဆောင် နာယကဆရာတော် ဦးဝါသဝ (၅၅၀ဆရာတော်) ၏အဆုံးအမ ဩဝါဒနှင့် လမ်းညွှန်ချက်ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လေးစားလိုက်နာကျင့်သုံးပြီး ''တရားတစ်ဖက်၊ဓားတစ်ဖက်ဖြင့် တရားလည်းသိ၊ဓားလည်းရှိ'' ဆိုသည့်အတိုင်း မိမိနယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် တာဝန်သိသိ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မိဘပြည်သူများအား သိရှိစေလိုပါသည်။ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံးတို့သည် တပ်မတော်၏ အာဏာစက်နှင့် (၅၅၀ ဆရာတော်)၏ ဓမ္မစက် စည်းကမ်းကောင်းမွန်စွာဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်ပါကြောင်း သမိုင်းမှတ်တမ်းတင် ကမ္ဗည်းရေးထိုးအပ်ပါသည်။
မြန်မာပြည်ကြီးအမြန်ဆုံး ငြိမ်းချမ်းပါစေ။
ပုံ/၅၅၀ဆရာတော်
https://t.me/kyawswar49111