ငွေမောင်းသံမီဒီယာ

@ngwemaungthan


Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar.

Visit us:
Facebook : https://rb.gy/kvja2v
YouTube : https://rb.gy/zjlru8
Website : www.hrtjmyanmar.org

ငွေမောင်းသံမီဒီယာ

17 Oct, 20:24


https://youtu.be/fJz4vRXJgio?si=Lq65bAATC7DCTUxW

ငွေမောင်းသံမီဒီယာ

17 Oct, 17:05


''မြန်မာ့နိုင်ငံရေးနှင့် စစ်တပ်၏အခန်းကဏ္ဍ'' (PDF file)
~~~
စာရေးသူ လင်းပွင့်နွေဦး ရေးသားထားတဲ့ "မြန်မာ့နိုင်ငံရေးနှင့် စစ်တပ်၏အခန်းကဏ္ဍ" အထူးဆောင်းပါး PDF file ကို အောက်ပါ link မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

https://www.hrtjmyanmar.org/news/670eb846bb524

#ငွေမောင်းသံ မီဒီယာ

ငွေမောင်းသံမီဒီယာ

10 Oct, 11:26


https://youtu.be/GmLGeWQYgrY?si=Q9Ylpk6N5mtt4Nwr

ငွေမောင်းသံမီဒီယာ

10 Oct, 08:59


https://youtu.be/H6DqbwMsM64?si=-yBtRJJe28OPXPC5

ငွေမောင်းသံမီဒီယာ

09 Oct, 17:21


https://youtu.be/gBMjsUmxC3k?si=q0TXfQd1zM2xvAc5

ငွေမောင်းသံမီဒီယာ

09 Oct, 04:55


https://youtu.be/qVe5z1ZBeMU?si=Ans43ucZy1Px8QMV

ငွေမောင်းသံမီဒီယာ

07 Oct, 13:32


https://youtu.be/cDOk-fR3qU0?si=yk9Fjc4M7Dx_8CCw

ငွေမောင်းသံမီဒီယာ

07 Oct, 05:17


https://youtu.be/vHsT6q5uNzM?si=nSTo055Zz6YVuo97

ငွေမောင်းသံမီဒီယာ

07 Oct, 05:16


“ဆိုရေးရှိလို့ ဆိုလိုက်ပါရစေ”
~~~~
စာရေးသူ ကိုရင်ငတေ ရေးသားထားတဲ့ "ဆိုရေးရှိလို့ ဆိုလိုက်ပါရစေ" အထူးဆောင်းပါး PDF file ကို အောက်ပါ link မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

https://www.hrtjmyanmar.org/news/6702c0846bf99

#ငွေမောင်းသံ မီဒီယာ

ငွေမောင်းသံမီဒီယာ

05 Oct, 15:59


ပြည်ပကနေ လေလုံးထွား နေရုံနဲ့ မရပါဘူး။ နေ့စဥ် အရပ်သားတွေ ရဲဘော်တွေရဲ့ အသက်တွေ စတေးနေကြရတာ အဲဒီလူတွေ ထည့်တွက်ကြဖို့ လိုပါပြီ။ အများစုကလည်း ပြည်တွင်းမှာ ပြန်လာပြီး တာဝန်ယူကြဖို့ လိုနေပါပြီ။ မဟုတ်ရင် တော်လှန်ရေးက တခြား လေကြီးနေသူတွေက တခြား တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာမှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင် အတွေ့အကြုံ မရှိဘဲ တော်လှန်ရေးကို ဦးမဆောင်နိုင်ပါဘူး။ လီနင်ပဲ ဖြစ်ဖြစ်၊ ဆွန်ယက်ဆင်၊ ချူအင်လိုင်း၊ တိန့်ရှောင်ဖင်တို့ပဲ ဖြစ်ဖြစ်၊ ကပ်စထရို၊ ချေဂွေဗားရားတို့ပဲ ဖြစ်ဖြစ် ပြည်ပကို ထွက်ပြီး အင်အားစုရတာတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပြည်တွင်းမှာ ပြန်လာ ဦးဆောင်ကြရတာပါပဲ။

နိုင်ငံရေးကို နိုင်ငံရေးဆန်ဆန် စဥ်းစားကြပါ။ အက်တိဗစ်အဆင့်မှာ ရပ်မနေကြပါနဲ့၊ “မိုက်လို့ စိုက်တွေက လာတာကွ”ဆိုပြီး အစအနောက် ခံခဲ့ရတဲ့သူတွေ ဘယ်လောက်ထိ ပါးနပ်လာနေကြပြီလဲဆိုတာ အစ်ကိုထွန်း အင်တာဗျူးလေးပဲ နားထောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

TNLA ခေါင်းဆောင်တစ်ဦးက ၆၂ အရေးအခင်းက စလို့ နောက်ပိုင်း လှုပ်ရှားမှုတွေ အားလုံးကို ထည့်ပြောသွားပြီး ဒါတွေကို အမှတ်ရကြဖို့၊ ဒီလို အဖြစ်အပျက်တွေ နောင် မဖြစ်ကြဖို့ ဘာတွေ လုပ်ကြရမယ် ဆိုတဲ့အထိ ထည့်ပြောသွားတယ်။ ကိုယ့်ဆီက ဆရာကြီးတွေက အဲဒါတွေကိုရော ခေါင်းထဲမှာ ရှိကြရဲ့လား မသိပါဘူး။ နောက်ဆုံးမှာတော့ အဲလို တွေးနိုင်ခေါ်နိုင် သုံးသပ်လုပ်ကိုင်နိုင်တဲ့ သူတွေပဲ ရှင်သန်ကျန်ရစ် ပါလိမ့်မယ်။

အခု NUG မှာ ပါနေသူ အများစုဟာ အန်တီစု အရှိန်အဝါကြောင့် ထောင်ထောင်ထောင်ထောင် လုပ်နိုင်နေကြတာ ဖြစ်ပါတယ်။ စစ်ကိုင်း၊ မကွေးက ပြည်သူတွေ အားလုံး ပါလာတာဟာ အဲဒီအရှိန်ကြောင့်ပဲ ဆိုတာလေးလည်း မမေ့ကြဖို့ လိုပါတယ်။ အမှား သိပ်များလာရင်တော့ အဲဒီအရှိန်အဝါ ကလည်း ကယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အမယ်အိုက ခင်ဗျားတို့ကို နိုင်ငံရေးအမွေတွေ အများကြီး ချန်ထားပေးခဲ့ပါတယ်။ ယူတတ်ကြဖို့တော့ လိုပါတယ်။ နိုင်ငံခြားရေး ပေါ်လစီမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်လစီအတိုင်း ကျင့်သုံးပါတယ် ဆိုတာမျိုးတောင် ထုတ်ဖော် မပြောရဲကြတာ အံ့ဩစရာပါပဲ။

အမေရိကန် နိုင်ငံရေးမှာ Founding Fathers ဆိုသူတွေကို အမြဲ အလေးထားပါတယ်။ ဒီမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကို “ဒီငတိ ကိုယ်တို့လောက် မလုပ်ခဲ့ရပါဘူးကွာ”ဆိုပြီး ဗိုလ်သန်းရွှေက ခြေရာ တိုင်းသလို အခုလည်း ရှစ်လေးလုံး နောက်ပိုင်း နှစ် ၃၀ ကျော် ကြံ့ကြံ့ခံလာခဲ့သူတွေကို စကားထဲတောင် ထည့်မပြောတာ အတော့်ကို မှားယွင်းနေတယ်လို့ပဲ ဆိုပါရစေ။

သမိုင်းဟာ တဆက်တစပ်ထဲ ဖြစ်တယ်။ ဒီနေ့ ဒီနေရာ ရောက်နေသူတွေဟာ အစဥ်အဆက်ပြည်သူတွေ နိုင်ငံရေး ခေါင်းဆောင်တွေ အညတရ ရဲဘော်တွေ အသက်သွေးချွေးနဲ့ ခင်းပေးတဲ့ လမ်းရှိလို့ ရောက်လာကြတာပါ။ မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ ပြည်သူတွေကတော့ဆက်ပြီး လမ်းခင်းပေးနေကြမှာပါပဲ။ ဒါပေမယ့် ဒီလမ်းက ညံ့ဖျင်းသူတွေ၊ ကိုယ်ကျိုး မစွန့်နိုင်သူတွေ အမှားများသူတွေအတွက်တော့ ဟုတ်မယ် မထင်ပါကြောင်းပါခင်ဗျာ။ ။
…………
ကိုရင်ငတေ
#ငွေမောင်းသံ မီဒီယာ

ငွေမောင်းသံမီဒီယာ

05 Oct, 15:59


အဲ့ဒီနောက်ပိုင်း ဩဂုတ် ၂၇ ရက်နေ့မှာတော့ တရုတ်-မြန်မာ နယ်စပ်မှာ တရုတ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။ အခုပေါက်ကြားလာတဲ့ လျှို့ဝှက်မှတ်တမ်းက အဲဒီ ၂၇ ရက်နေ့မှာ လုပ်တဲ့ အစည်းအဝေးရဲ့ မှတ်တမ်းပါပဲ။ တရုတ်ဟာ မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်ရှိရှိ အစီအစဥ်ရှိရှိ တစ်ခုပြီးတစ်ခု အလုပ်တွေ ဆက်တိုက်လုပ်သွားတာ တွေ့ကြရမှာပါ။ သူတို့ ရရှိတဲ့ သတင်းအချက်အလက်တွေက ဘယ်လောက် မှားနေတယ် သို့မဟုတ် ဘယ်လောက် မှန်နေတယ် ဆိုတာ မသိနိုင်ပေမယ့် လက်တွေ့ လုပ်ရပ်ကတော့ မြန်မာ့နွေဦးကို အရှိန်လျော့ကျသွားအောင် လုပ်နေတာ အမှန်ပါပဲ။

တကယ်တော့ ၁၀၂၇ ကာလ မတိုင်ခင်အထိ တရုတ်ဟာ မြန်မာ့အရေးမှာ ဘယ်ဘက်မှ မလိုက်ဘဲ၊ အထူးသဖြင့် စစ်တပ်ဘက်က မပါဘဲ စောင့်ကြည့်နေခဲ့တာပါ။ စောင့်ကြည့်တယ်ဆိုတာ အဓိက ကတော့ NUG ကို စောင့်ကြည့်တာပါ။ စစ်တပ်က ဘာလဲ ဆိုတာတော့ သူက အကုန်သိပြီးသားပါ။ ဒါကြောင့် NUG ဟာ အနောက်ကို ဘယ်လောက် ယိမ်းသွားမလဲ၊ တရုတ်နဲ့ဆက်ဆံရေးအပေါ် ဘယ်လောက် အလေးထားလဲဆိုတာကို စောင့်ကြည့်နေခဲ့တာပါ။

၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ယူနန်အစိုးရအဆင့်က NUG နဲ့ ထိတွေ့ဖို့ ကြိုးစားခဲ့တယ်လို့ ကြားဖူးပါ တယ်။ ဒီနောက်ပိုင်း NUG ဘက်က တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားအမြင်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားရေးနဲ့ မဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စပါ ထည့်ထားပါတယ်။ ဒါဟာ အာဏာ လက်ဆုပ်လက်ကိုင် မရှိသေးတဲ့ အဝေးရောက် အစိုးရတစ်ခုအနေနဲ့ လိမ်မာပါးနပ်ရာ မကျပါဘူး။

NUG အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေအနေနဲ့ အပြောအဆိုတွေမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဥပမာ -NUG ဟာ အမေရိကန်နဲ့ တရုတ်အကြား ကြားညှပ်ခံမှာ မဟုတ်ကြောင်း၊ ဘယ်သူ့ အကြိုက်ကိုမှ လိုက်ပြောမှာ မဟုတ်ကြောင်း စသဖြင့် ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဒီပြောဆိုမှုတွေက ပြောရမယ်ဆိုရင် အာဏာရပြီး ကိုယ့်ထက် အင်အားရှိသူတွေတောင် ဒီလိုပြောဖို့ အတော်စဉ်းစားရမယ့် စကားမျိုးတွေ ဖြစ်ပါတယ်။ သံတမန်ရေးအရ မပါးနပ်မှုကို ဖော်ပြတာပဲ ဖြစ်ပါ တယ်။

NUG အဖွဲ့ဝင် အတော်များများဟာ တက်ကြွလှုပ်ရှားသူ (activitist)တွေကနေ လာတဲ့သူတွေပါ။ အက်တိဗစ် (activitist) အကျင့်တွေ မဖျောက်နိုင်ရင် လက်ရှိ ကမ္ဘာ့နိုင်ငံရေးမှာ ဝင်ဆန့်နိုင်မှာ မဟုတ်ပါ ဘူး။ အမှားအမှန်နဲ့ လူ့အခွင့်အရေးစတာတွေက ကမ္ဘာမှာ အကန့်အသတ်နဲ့ပဲ ရှိတာပါ။ ဒါတွေက အဆုံးအဖြတ် မဟုတ်ပါဘူး။ နိုင်ငံရေးမှာက “အင်အားချိန်ခွင်လျှာ”နဲ့ “ဘက်ရွေးချယ်မှု”က ပိုအရေးကြီး ပါတယ်။

ဒီအခြေခံသဘောလောက်ကိုမှ နားမလည်ဘဲ “ငါတို့ မတရားခံနေရတယ်၊ အမှန်တရားက ငါတို့ဘက်မှာ ရှိတယ်”ဆိုတိုင်း ကမ္ဘာကြီးက ခေါင်းထောင်ကြည့်မှာ မဟုတ်ပါဘူး။ အင်အားကြီးရော၊ အင်အားသေးရော နိုင်ငံအားလုံးဟာ ကိုယ့်အကြပ်အတည်းနဲ့ကိုယ်၊ ကိုယ့်စိုးရိမ်ချက်နဲ့ ကိုယ် ရှိနေကြတာ ဖြစ်တယ်။ ဒါကို တရုတ်က အမေရိကန် ဖိုဘီးယား (phobia) ဝင်နေတာ၊ အမေရိကန်က တရုတ်ကို ကြောက်နေတာလို့ အလွယ်စဥ်းစားရင် မှားပါလိမ့်မယ်။

တရုတ်အတွက်က ရေရှည် အမေရိကန်နဲ့ ယှဉ်ပြိုင်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးက နံပတ်တစ် ဦးစားပေး ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်နဲ့ ထိုင်ဝမ်အရေးကို ကြည့်ရင် အသိသာဆုံးပဲ။ ဘာမှ မရှိတဲ့သူတွေအတွက် ဘာမှ အရေးမကြီးပေမယ့် ကမ္ဘာ့ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်နေတဲ့ တရုတ် နိုင်ငံအဖို့တော့ အလွန်အရေးတကြီး သဘောထားရတဲ့ ကိစ္စတွေ ရှိပါတယ်။ ဥပမာ- KIA ကို အမေရိကန်နဲ့ မဆက်ဆံဖို့ ပြောတာမျိုး၊ ဒါက ဒဲရစ်မစ်ချယ် သံအမတ်ကြီး ဖြစ်တုန်းကလည်း တစ်ခါ ဖြစ်ခဲ့ပြီးပါပြီ။ ဒါတွေက တရားတယ် မတရားဘူးတို့၊ မှန်တယ် မမှန်ဘူးတို့နဲ့ မဆိုင်ပါဘူး။

အခု MNDAA တို့၊ ဝတို့ ကြုံနေရတာတွေဟာ အင်အားကြီးနိုင်ငံနဲ့ ကပ်နေရသူတွေရဲ့ ဒုက္ခပါပဲ။ ဝ ဆိုရင် ဒီဘက်က အခြေအနေ အကုန် သိပါတယ်။ အရမ်းလည်း ဝင်ပါချင်ပါတယ်။ အစောကတည်းက တရုတ်က တားထားလို့ မပါရဘဲ နေနေရတာပါ။ ဒါကြောင့် NUG နဲ့ လူသိရှင်ကြား မဆက်ဆံတာပါ။ ဒါကို သူ့ကို ငကြောက်လို့ ပြောလို့ မရပါဘူး။ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တာကို ရဖို့ လိမ်မာပါးနပ်မှု ရှိရှိ လုပ်နေတာပါ။ အခုတော့ ဒါတွေ အားလုံးကို တရုတ်က တားမြစ်လာတဲ့အချိန် ရောက်လာခဲ့ပါပြီ။

မြန်မာ့နွေဦးဟာ အချိုးအကွေ့ကြီးကြီးတစ်ခုကို ရောက်လာတော့မှာပါ။ အက်တိဗစ် အဆင့်ရှိသူတွေကို ထားခဲ့မှ ရတော့မှာပါ။ အကြောင်းကတော့ ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့တဲ့ တော်လှန်ရေး အင်အားတွေကို ကျရှုံးတာမျိုး အဖြစ်မခံနိုင်တော့လို့ ပါပဲ။ MNDAA ရဲ့အကြပ်အတည်း ကျော်နိုင်ရေးကို အားလုံးက ကူညီကြရတော့မှာ ဖြစ်ပါတယ်။

လားရှိုးဟာ ပြန်အကျခံလို့ မရတဲ့နေရာပါ။ လားရှိုးကျရင် သီပေါ၊ ကျောက်မဲ၊ နောင်ချို အားလုံး နောက်ကျော မလုံတော့ပါဘူး။ MNDAA အတွက် အခက်အခဲ သိပ်ကြီးနေရင် အခြားအဖွဲ့တွေက နေရာဝင်ယူကြရမှာပါ။ စစ်တပ်ရဲ့စစ်ဆင်ရေးဟာ သိပ်မကြာခင် လပိုင်းလောက်မှာ စလာနိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ကဦးအောင် မိုင်းရယ်ကို တိုက်မလားဆိုတာလည်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါတွေက လက်တွေ့ အခြေအနေတွေပါ။

ငွေမောင်းသံမီဒီယာ

05 Oct, 15:59


ဆိုရေးရှိလို့ ဆိုလိုက်ပါရစေ
~~~~~~~~~
မြန်မာ့နွေဦးတော်လှန်ရေးဟာ အမှောင်ထုကို ရင်ဆိုင်တွန်းလှန်ရာကနေ ညီအကိုမသိတသိအချိန်၊ အဲဒီကနေ လူလုံးကွဲစပြုလာချိန်ကို ရောက်ရှိလာပါပြီ။ ဘယ်သူက ဘာလဲ၊ ဘယ်လို ရပ်တည်မလဲဆိုတာတွေ စတင် တွေ့ရှိလာကြရပါပြီ။ တိုင်းရင်းသားများ အပါအဝင် pdf အဖွဲ့တွေအဆုံး လက်နက်ကိုင်အဖွဲ့ အသီးသီးဟာ အဖွဲ့ရပ်တည်ရေး လက်နက်ခဲယမ်း ရရှိရေးနဲ့ နိုင်ငံရေးရပ်တည်ချက်တွေအရပါ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရင်းနဲ့ အချိုးအကွေ့ အတော်များများကို ဖြတ်ကျော်လာခဲ့ကြ ပြီးပါပြီ။ ဒါကြောင့်ပဲ မြန်မာ့နွေဦးကို (တရုတ်မှအပ) နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု ဆက်ဆံမှုတွေ တိုးပွားလာတာ တွေ့ကြရမှာပါ။

ဒါပေမယ့် ဒီတလောမှာမှ ထွက်ပေါ်လာတဲ့ တရုတ်နိုင်ငံ ဖုအာမြို့မှာ တရုတ်ဘက်က တိန့်ရှီကျွင်းနဲ့ ဝအဖွဲ့တွေ သြဂုတ်လ ၂၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ လျှို့ဝှက်မှတ်တမ်းကြောင့် စဥ်းစားစရာ တချို့ရှိလာသလို အဖြေတချို့လည်း ရရှိလာနိုင်ကာ ရှေ့ဆက် လုပ်ဆောင့်သင့်တာတွေလဲ ရှိလာမှာ ဖြစ်ပါတယ်။

လက်တွေ့ကျလှတဲ့ နယ်စပ်နိုင်ငံရေးကို လျှော့မတွက်ကြဖို့ အရင်ကလည်း ရေးသားခဲ့ဖူး ပါတယ်။ တရုတ်ဘက်ကတော့ မြန်မာနယ်စပ်ကို အလွန်ကို အရေးထား တာပါ။ သမိုင်းမှာ ပြန်ကြည့်ရင်လည်း အထင်အရှား တွေ့နိုင်ပါတယ်။ ၁၇၆၉ ခု ဆင်ဖြူရှင် မင်းကြီးလက်ထက် တရုတ်-မြန်မာစစ်ပွဲ အပြီးမှာ တရုတ်ရဲ့သက်တမ်းရှည် ချင်းလုံ ဘုရင်က နယ်စပ်ကုန်သွယ်ရေးကို ဆယ်နှစ်ကျော် ပိတ်ပစ်ခဲ့ပါတယ်။ အဲဒါကို ဘိုးတော် ဘုရား လက်ထက်ကျမှာ သံတွေ စေလွှတ်ပြီး ပြန်ပွင့်အောင် လုပ်ခဲ့ရကြောင်း တွေ့ကြရမှာပါ။

နောက်မြန်မာကို အင်္ဂလိပ်တွေ မသိမ်းခင်ကလေးမှာ အင်္ဂလန်မှာ ရှိတဲ့ တရုတ်သံအမတ်က သူတို့ ဘုရင်ဆီကို လှမ်းပြီး အင်္ဂလိပ် မသိမ်းခင် ဗန်းမော်ကို ဦးအောင်သိမ်းထားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါကတော့ တရုတ်တွေဟာ ဧရာဝတီမြစ်ရဲ့ အသုံးဝင်ပုံကို သိထားလို့ မြစ်ရဲ့ တစိတ်တပိုင်းကို ရအောင် ယူဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုနိုင်ပါတယ်။

တဘက်မှာလည်း မေခမြစ် အရှေ့ခြမ်းအားလုံးကို တရုတ်ပိုင်အဖြစ် တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။ အင်္ဂလိပ်က ဒါတွေကို သိလို့ မေခ ရေဝေကြောအထိ ဗမာပိုင်နက်ကို သတ်မှတ်ခဲ့တာဖြစ်ပြီး ဗန်းမော်ကိုလည်း မန္တလေးကို သိမ်းပြီး တပတ်အကြာမှာ စစ်တပ်လွှတ်ပီး အစောင့် ချထားလိုက်တာ ဖြစ်ပါတယ်။

ဝနယ် အပါအဝင် သံလွင်အရှေ့ခြမ်းကိုတော့ တရုတ်ဘက်က တောင်းလာရင် ပေးလိုက်ဖို့ အင်္ဂလိပ်က တရုတ်နဲ့ ဆွေးနွေးတဲ့ စစ်ဗိုလ်ကို မှာထားပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက အဲ့ဒီနယ်မြေတွေက အရိုင်းအစိုင်း နယ်တွေပဲ ဖြစ်နေသေးလို့ တရုတ်ဘက်ကလည်း မလိုချင်ခဲ့ပါဘူး။

နောက်တော့ ဒီနယ်တွေဟာ ဗကပ လက်ထက်ကစလို့ တရုတ်နဲ့ ဆက်စပ်ပတ်သက်မှု အလွန်များတဲ့နေရာတွေ ဖြစ်လာပါတယ်။ အခုတော့ ဒီနယ်တွေဟာ တရုတ်ရဲ့ပါဝင်ပါတ်သက်လာမှုတွေကြောင့် မြန်မာ့ပြည်တွင်း နိုင်ငံရေးအတွက် အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ နေရာတွေအထိ အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေဟာ လက်တွေ့ အလွန်ကျတဲ့ ကိစ္စတွေဖြစ်ပြီး လျှော့တွက်လို့မရတဲ့ ကိစ္စတွေပါ။

မြန်မာ့နိုင်ငံရေးကို ဦးဆောင်သူတွေဟာ သမိုင်းကြောင်းတွေကို အသေအချာ သိထားဖို့ လိုပါတယ်။ တရုတ်တနိုင်ငံထဲတင် မဟုတ်ပါဘူး။ အိန္ဒိယ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် စသဖြင့် သမိုင်းမှာ ပတ်သက် ဆက်နွယ်ခဲ့တာတွေအပေါ် အသေအချာ နိဂုံးချုပ်ချက်တွေ ရှိထားဖို့ လိုပါတယ်။ မြန်မာမှာ တရုတ်ဆန့်ကျင်ရေးဟာ လှုံ့ဆော်လို့ အကောင်းဆုံးအရာပါ။ ဒါပေမယ့် ဆန့်ကျင်လိုက်တိုင်း အကျိုးနည်းစရာတွေ တွေ့ရတာချည်းပါပဲ။

၁၉၆၈ ခုနှစ်က ဗကပကို ထိုးသွင်းခဲ့တာရဲ့ အကျိုးဆက်ဟာ ခုထိပါနေတာပဲ ဖြစ်ပါတယ်။ နယ်မြေတွေအရတင် မဟုတ်ဘဲ စစ်တိုက်ပုံ တိုက်နည်းကအစ တရုတ်ကနေတဆင့် ဗကပ၊ အဲဒီကမှ အခြားအဖွဲ့တွေဆီကို တဆင့်ပြန် ပြန့်သွားခဲ့တာပါ။

အခု နွေဦးတော်လှန်ရေးမှာတော့ လူငယ်တွေပါ ဒီလို တိုက်တတ်လာကြပြီ။ တစ်နေ့ကပဲ ဘုတလင် ဘက်မှာ လူ ၁၀၀ နီးပါးပါတဲ့ စစ်ခွေး စစ်ကြောင်းတစ်ခုလုံး ချေမှုန်းလိုက်နိုင်တာ တွေ့ကြမှာပါ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်က အလွန်ကြီးပါတယ်။ ပထမအကြော့မှာကတည်းက တရုတ်ဘက်က မတားခဲ့ရင် လားရှိုးကျသွားမှာ ဖြစ်သလို့ ခုချိန်လောက်ဆိုရင် မန္တလေးမြို့တောင် ရလောက်နေပါပြီ။

အဲတော့ သြဂုတ် ၈ ရက်မှာ တိန့်ရှီကျွင်း မြန်မာကို လာတယ်၊ သြဂုတ်လ ၁၄ ရက်မှာ ဝမ်ယိ မြန်မာကို လာတယ်။ သြဂုတ် ၁၆ ရက်မှာ ထိုင်းမှာ ဝမ်ယိက ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စည်းသုံးစည်းဆိုတာကို စပြောခဲ့ပါတယ်။ နောက် ဩဂုတ် ၂၀ ရက်နေ့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို ပီကင်းမှာ ဖိတ်ခေါ်တွေ့ဆုံပြီး မြန်မာ့အရေး ပူးပေါင်းဖြေရှင်းဖို့ သူတော်ကောင်းဆန်ဆန် စကားဆိုခဲ့ပါသေးတယ်။

ငွေမောင်းသံမီဒီယာ

16 Sep, 06:38


https://youtu.be/0IXEhy4XkT8?si=tTB8SyMUeNuBnPde

ငွေမောင်းသံမီဒီယာ

13 Sep, 07:56


မြန်မာကို ချစ်တဲ့ ရှောင်တာနယ် (Opinion)
~~~~~~
မစ္စတာရှောင်တာနယ်လို့ဆိုလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး၊ ဩစတြေးလျ နိုင်ငံသား ဘောဂဗေဒပါမောက္ခ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါးကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသူလို့ နိုင်ငံရေးစိတ်ဝင်စားသူ မြန်မာတွေ သိရှိကြမယ်ထင်တယ်။

ဒါ့ထက်ပိုသိချင်လို့ ဂူဂဲခေါက်ကြည့်လိုက်ရင် ဝီကီပီးဒီးယားက ရှောင်တာနယ်ဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဆင်ခြေဖုံးမှာမွေးပြီး မက်ကွာရီတက္ကသိုလ်ကနေ ဘောဂဗေဒဘွဲ့နဲ့ ပါရဂူဘွဲ့ရရှိခဲ့သူ။မက်ကွာရီတ က္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ စသဖြင့် ကိုယ်သိထားတာထက် နည်းနည်းပိုသိရမယ်။

မစ္စတာရှောင်တာနယ်က အကျဉ်းစံကာလ ရက်ပေါင်း၆၅၀အကြောင်း An Unlikely Prisoner လို့ ခေါင်းစဉ်ပေး စာအုပ်ရေးခဲ့တယ်။အဲဒီစာအုပ်ကို ဆရာအေကေမိုးက မြန်မာလို ဘာသာပြန်။ “သူမတူအကျဉ်း သား”လို့အမည်ပေးခဲ့တယ်။ မြန်မာနိုင်ငံပြင်ပမှာ “သူမတူအကျဉ်းသား”စာအုပ်ထွက်ရှိတာ ၂၀၂၄၊ ဧပြီဖြစ်ကြောင်း ပုံနှိပ်မှတ်တမ်းအရ သိရတယ်။
……………
ထွန်းလင်း ရေးသားတဲ့ “မြန်မာကို ချစ်တဲ့ ရှောင်တာနယ်” အတွေးအမြင် ဆောင်းပါး အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.hrtjmyanmar.org/news/66e1bb13f0f49
#ငွေမောင်းသံ မီဒီယာရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

YouTube - https://youtube.com/@user-hrtjmyanmar?si=Q5Ln_GY5gfTd9-lJ
Telegram - https://t.me/Ngwemaungthan
Website - https://www.hrtjmyanmar.org/

ငွေမောင်းသံမီဒီယာ

13 Sep, 07:52


ဒီဒေသမှာ ပန်းမပွင့်တာကြာပြီ (POEM)
~~~~
ဆာလောင်မှုဒဏ်ကို မခံနိုင်တော့တဲ့နောက်
အကျယ်ကြီး အော်ငိုပစ်လိုက်တယ်
ထမင်းတစ်ခဲလောက် ရမယ်ထင်လို့
ဆောင်းရာသီရောက်ရင် အအေးဒဏ်က နှိပ်စက်ဦးမယ်
အ‌နွေးထည်လေးတော့ လိုချင်မိသား။

ဒီလိုမျှော်လင့်ချက်တွေနဲ့ပဲ
လုံးပါးပါးခဲ့ ကြာလှပေါ့။ရွာအဝင်လမ်းကလေးကနေ
ကျည်ဆန်တွေတဖွဲဖွဲ ရွာထဲဝင်လာတဲ့နေ့က
အ‌မေဟာ သားနဲ့ သမီးလက်ကို ဆွဲ
အဖေဟာ အထုပ်အပိုးတွေ ကျောမှာ လွယ်လို့
ကျည်ဆန်တွေကြားထဲ
အသက်ကလေးတွေ ပိုက်လို့
အိမ်ဝိုင်းကို ထားခဲ့ရတယ်။

ဟိုအရင်က
လယ်ထွန် ထင်းတိုက်
ဦးချိုတမော့မော့ ခလောက်သံတချွင်ချွင်
နွားပြာတစ်ရှဉ်း
ဟင်းဖြစ်သွားပြီး
လှည်းကလေးဟာလည်း ထင်းဖြစ်သွားရှာ
မီးလောင်မြေပေါ် ရွာမတည်ခဲ့ပေမယ့်
ရွာဟာ မီးလောင်မြေဖြစ်ခဲ့ရတယ်။

အသက်က ရှိသေးပေမယ့်
ဘဝက မရှိသလောက် မှေးမှိန်လာ
ကျည်ဆန်က ပစ္စုပ္ပန်ကို လာမှန်တော့
အနာဂတ်တွေမှာ သွေးအလူးလူးပဲ။

မိုးရေရရင် စိုက်လို့ပျိုးလို့ ဝမ်းဝမယ်လို့ ထင်ခဲ့တယ်
အခုတော့ လယ်ဟာ တစပြင်ဖြစ်ခဲ့ရ
အပူပိုင်းဒေသဟာ
မီးမြှိုက်ခံရ
အိမ်တွေမရှိကြတော့တာကို
အိပ်ရာက လန့်နိုးလာတဲ့အချိန်တိုင်း
အထိတ်တလန့်နဲ့ သတိရနေကြ။

မြေပေါ်က ကျည်ဆန်ကို ကြောက်ရသလို
မြေအောက်က မိုင်းကိုလည်း ကြောက်ရတယ်
ဒုက္ခဟာ မြေပေါ်မြေအောက် မရွေးခဲ့ဘူး။

မိုးပေါ်က လေယာဉ်သံက
စာသင်ကျောင်းထဲက စာအံသံကို ဖုံးလွှမ်းသွားတဲ့အခါ
အမေရေ အမေရေ လို့
ကလေးလေးတွေဟာ အော်ခေါ်နေကြရှာပေါ့
ကယ်သူမဲ့တဲ့ လွင်ပြင်ကြီးထဲက
ဟောဒီ့အသံဆိုးဆိုးကြီးဟာ
ဘဝရဲ့ အနာကျင်ရဆုံး မှတ်ဉာဏ်‌တွေဖြစ်တော့မယ်ပေါ့။

ကကြီးရေကမှ မတတ်သေးခင်
ဗုံးသံနဲ့ ယဉ်ပါးလို့
စိတ်အနာတရများ ရကြရှာတော့မယ်
မူလတန်းဖတ်စာအုပ်လေးပေါ်က သွေးစက်တွေဟာ
အသံတစ်သံ ထမြည်လာတယ်
အမေရေ မေမေရေ
သားတို့ သမီးတို့မှာ ဘာအပြစ်ရှိလို့လဲ
သားတို့ သမီးတို့မှာ ဘာအပြစ်တွေများ ရှိခဲ့လို့သလဲ။

ဟိုအရင်က
လသာသာညတွေအောက်
ရယ်မော‌ပျော်ရွှင်သံများ
သေနတ်သံတွေရဲ့အောက် ပျောက်ကွယ်ခဲ့ရ
မိုးမလုံတဲ့ အိမ်ခေါင်မိုးလေးမှာ
ကျည်ဆန်ရာ အပိုထပ်ခဲ့ပေါ့။

အိမ်ရှေ့က အမေရေလောင်းနေကြ
ပန်းခြုံလေးရဲ့နေရာမှာ လက်ပစ်ဗုံးအကြွင်းအကျန်ရောက်လာတော့
အိမ်က ညီအငယ်ဆုံးလေးဟာ
ခြေထောက်မရှိတော့ဘူး
အမေ့ရဲ့ စဥ့်အိုးထဲက ရေဟာ
ယမ်းမီးကို မသတ်နိုင်
လူမစုံတော့တဲ့ မိသားစုဟာ
အကိုင်းအလက်မစုံတဲ့ သစ်ပင်အိုကြီးပဲပေါ့။

မျှော်လင့်ချက်ဆိုတာ နေရောင်အောက်က နှင်းပါ
အချိန်ကြာလာတာနဲ့ လွင့်မျောကွယ်ပျောက်ရတယ်
ဖြစ်နိုင်ရင်တော့ အပူပိုင်း‌ဒေသလေးမှာ ပန်းတွေ ပွင့်ပါစေ
ပွင့်တဲ့ပန်းတိုင်း လန်းပါစေပေါ့။
~~~
လင်းညို
……………
လင်းညိုရေးသားတဲ့ “ဒီဒေသမှာ ပန်းမပွင့်တာကြာပြီ ” ကဗျာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.hrtjmyanmar.org/news/66dadd33ae841

#ငွေမောင်းသံ မီဒီယာရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

YouTube - https://youtube.com/@user-hrtjmyanmar?si=Q5Ln_GY5gfTd9-lJ
Telegram - https://t.me/Ngwemaungthan
Website - https://www.hrtjmyanmar.org/