မြေလတ်အသံ - Myaelatt Athan

@myaelattathan


Sharing Information to the local

မြေလတ်အသံ - Myaelatt Athan

22 Oct, 15:03


“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” - စီပါရွာ ဒေသခံနဲ့ အင်တာဗျူး

မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာက အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်ခဲ့ပါတယ်။ အပိုင်းပိုင်းဖြတ်ထားတဲ့ ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို စစ်ကောင်စီတပ်သားတွေက နေအိမ်ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတာ၊ လူ့ခန္ဓာကိုယ်ကို ဗိုက်ခွဲကာ အူတွေ၊ အသည်းတွေထုတ်ယူတာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ "

အင်တာဗျူး - https://www.myaelattathan.org/articles/စီပါရွာ_ဒေသခံနဲ့_အင်တာဗျူး

မြေလတ်အသံ - Myaelatt Athan

22 Oct, 13:14


သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

မင်းတုန်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်းလမ်းပိုင်းပေါ်ရှိ သဖန်းကိုင်းကျေးရွာကို သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူဖို့ ရှေ့ပြေးလာတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဖောကားအဖြူနဲ့ ရှေ့ပြေးလာတဲ့ အင်အား ၂၅ ဦးပါ ကပစ ၁၂ ကစစ်သားတွေကို အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီလောက်က သဖန်ကိုင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က ကျောက်ကြီးဘက်ကနေ သန်းခေါင်စာရင်းအဖွဲ့နဲ့အတူ သန်းခေါင်စာရင်းကောက်ပြီ ပြန်လာတာ။ နောက်နေ့ဆက်ကောက်ဖို့ နယ်မြေရှင်းလင်းတာ။ အဲ့မှာ ၅ နာရီ ၁၅ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ" လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို_လုံခြုံရေးယူတဲ့စစ်အုပ်စု_တိုက်ခိုက်ခံရလို့သေဆုံးမှုရှိဟုဆို

မြေလတ်အသံ - Myaelatt Athan

22 Oct, 13:02


မြေလတ်ပေးစာ (Podcast)

မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။

- ပခုက္ကူမှာ သန်းခေါင်းစာရင်း ဘယ်လိုကောက်သွားလဲ။

- ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ပိုးစတောလေးရွာက မြေယာမဲ့တောင်သူတွေရဲ့အခက်အခဲ။

- အုတ်တွင်းမြို့၊ ကြွယ်ဂံရွာက တရားမဝင်အရက်ဆိုင်အကြောင်း။

မြေလတ်ပေးစာအစီအစဉ်မှာ စာတွေပေးပို့ချင်ရင်တော့ မြေလတ်အသံရဲ့ Facebook Messenger နဲ့ Telegram - @MLATpaysar မှာ ရေးသားပေးပို့နိုင်ပါတယ်။

#မြေလတ်အသံ
#မြေလတ်ပေးစာ #Podcast #ပခုက္ကူ #သန်းခေါင်စာရင်း #မိုးညို #ပိုးစတောလေး #အုတ်တွင်း #ကြွယ်ဂံရွာ

https://youtu.be/zna4jMPxetk

မြေလတ်အသံ - Myaelatt Athan

22 Oct, 12:59


PDF နယ်မြေကို ကင်းလာထောက်တဲ့ ပျူအဖွဲ့ဝင် ၁ ဦး ဖမ်းခံရ

ဇီးကုန်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ပျူစောထီး ၁ ဦးဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေအနေကို ကင်းထောက်ဖို့လာရင်း အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရတဲ့ ပျူစောထီးဟာ ဘော်ဘင်ရွာက အုပ်ချုပ်ရေးမှုးလည်းဖြစ်သလို ပျုစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ဖိုးလင်းတို့ရဲ့ တပည့် ၁ ဦးဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေ အထိုင်ချထားတဲ့ နေရာကို ကျွဲကျောင်းတဲ့ပုံစံမျိုးနဲ့ ရောက်လာပြီး ကာကွယ်ရေးအဖွဲ့တွေက မသင်္ကာလို့ စစ်မေးဖို့လုပ်တဲ့အချိန်ထွက်ပြေးခဲ့တဲ့အတွက် ဖမ်းဆီးလိုက်ရတယ်လို့ BTZM GBK PDF ဆိုပါတယ်။

“ငါးဖမ်းသလိုလို ကျွဲလိုက်သလိုမျိုးနဲ့ ရောက်လာတာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝတ်စုံတွေ ဝတ်တဲ့အပြင်ကို အခြားသင်တန်းတက်တုန်းကဝတ်တဲ့ဝတ်စုံတွေပါပါတယ်။ သူ့ဖုန်းထဲကနေ သူတို့ပြောတဲ့အချက်အလက်တွေကိုရတယ် PDFတွေရှိတဲ့နေရာ မင်းသေချာလေးလေ့လာပါ၊ လေ့လာပြီးရင် မင်းအတွက်အကုန်လုံး ငါတို့ပြင်ဆင်ပေးမယ် ရှိတဲ့နေရာကို သေချာလေးလေ့လာပြီးတော့—-

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/PDFနယ်မြေကို_ကင်းလာထောက်တဲ့_ပျူအဖွဲ့ဝင်၁ဦး_ဖမ်းခံရ

မြေလတ်အသံ - Myaelatt Athan

22 Oct, 12:28


ထီးလင်းမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ အမျိုသမီးဦး ၁ သေပြီး ပြည်သူ ၄ ဦးဒဏ်ရာရ

ထီးလင်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အိုင်းမကျေးရွာနဲ့ ဂန့်ဂေါ-ထီးလင်း ကားလမ်းမလမ်းဆုံကို အောက်တိုဘာ ၂၂ ရက် ဒီနေ့မွန်းလွဲ ၁ နာရီကျော်လောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ အိုင်းမရွာထဲနဲ့ စာသင်ကျောင်း အနီးတဝိုက်ကို လေကြောင်းဗုံကြဲမှုပြုလုပ်ရာမှာ နေအိမ် ၁ လုံးအပေါ် တိုက်ရိုက်ကျလို့ အသက် (၅၀) ဝန်းကျင်အရွယ် ဒေါ်မာလာထွေးထိမှန် သေဆုံးသွားပြီး ဒေသခံ ၄ ဦးလည်းထိမှန်ဒဏ်ရာရကာ လူနေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လေယာဉ်ကနေ ဗုံးကြဲခဲ့သလို ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ထီးလင်းမှာ_စစ်တပ်လေကြောင်းဗုံးကြဲလို့_အမျိုသမီးဦး၁သေပြီး_ပြည်သူ၄ဦးဒဏ်ရာရ

မြေလတ်အသံ - Myaelatt Athan

22 Oct, 11:56


စီပါရွာသတ်ဖြတ်မှု PDF အချင်းချင်းနယ်မြေလုတာကြောင့်ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်းဟာ PDF တွေ အချင်းချင်းနယ်မြေလုရင်း သတ်ဖြတ်ထားတာဆိုတဲ့ သတင်းအမှား စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

■ သတင်းအမှားပျံ့နှံ့မှု ■

“ ဒီဖြစ်စဉ်မှန်ကို အခုမှ သိပြီဗျ၊ အမှန်က ဘုတလင်ဘက်မှာ သူတို့အချင်းချင်း နယ်မြေလု၊ ခေါင်းဆောင်နေရာလုရင်း သတ်ကြဖြတ်ကြတာလို့ သိရပါတယ်။ တော်တော်ရက်စက်ကြတဲ့ ကောင်တွေပါကွာ (မူရင်းရေးသားချက်အတိုင်း)“ ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

သတင်းစိစစ်ချက် - https://www.myaelattathan.org/articles/စီပါရွာသတ်ဖြတ်မှု_PDFအချင်းချင်းနယ်မြေလုတာကြောင့်ဆိုပြီး_စစ်ကောင်စီထောက်ခံသူတွေ_သတင်းအမှားဖြန့်

မြေလတ်အသံ - Myaelatt Athan

22 Oct, 11:50


ပျူစောထီးဖွဲ့ဖို့လုပ်နေသူ ၂ ဦး ပစ်သတ်ခံရ၊ ဒလန်ဆိုသူ ၁ ဦးကိုလည်း နတ်မောက် PDF ဖမ်းဆီးစစ်ဆေးနေ

နတ်မောက်၊ အောက်တိုဘာလ ၂၂၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာက ပျူစောထီးဖွဲ့ဖို့ဦးဆောင်နေသူ စစ်ကောင်စီသတင်းပေး ၂ ဦး သူတို့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီခန့်မှာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးတင်ထွန်းနဲ့ ဦးကံအောင်တို့ ၂ ဦးကို သူတို့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ နတ်မောက်ဂဠုန် PDF အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"အိမ်တွေကို ဝိုင်းပြီးပိတ်ပြီးမှ ၁ ယောက်ကို ၃ ချက်စီပစ်ခဲ့တယ်။ ရင်ဘတ်တွေခေါင်းတွေကို။ ကိုတင်ထွန်းဆိုသူက ဓားနဲ့ဆွဲလာပြီး ဆဲဆိုတာတွေရှိတယ်။ "လို့ နတ်မောက်ဂဠုန် PDF အဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ပျူစောထီးဖွဲ့ဖို့လုပ်နေသူ_၂ဦးပစ်သတ်ခံရ_ဒလန်ဆိုသူ၁ဦးကိုလည်း_နတ်မောက်PDFဖမ်းဆီးစစ်ဆေးနေ

မြေလတ်အသံ - Myaelatt Athan

22 Oct, 11:30


ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ

ငါန်းဇွန်၊ အောက်တိုဘာ ၂၂ ၊ ၂၀၂၄။

ကျည်ဆန်အင်အား မလုံလောက်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၁ လကျော်ကြာသိမ်းထားတဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ဘက်၊ ငါန်းမြာကြီးရွာကို အောက်တိုဘာ ၂၀ ရက် မနက် ၄ နာရီကျော်လောက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့တယ်လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးဗိုလ်စင်္ကြာတပ်ဖွဲ့မှ ရဲဘော်စမာက ပြောပါတယ်။

ငါန်းမြာကြီးရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၉ ရက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာပါ။

ဒါပေမဲ့ အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေဟာ ငါန်းမြာကြီးကို ပြန်လည်သိမ်းဖို့ ကြိုးစားခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ကျည်ဆန်မလုံလောက်တဲ့အတွက်_၁လကျော်ကြာသိမ်းထားတဲ့_ငါန်းမြာကြီးကိုစစ်ကောင်စီလက်ထဲ_ပြန်ပေးလိုက်ရ

မြေလတ်အသံ - Myaelatt Athan

22 Oct, 09:46


ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

ကြို့ပင်ကောက်၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက လူငယ် ၂၅ ဦးကို စစ်တပ်ကဖမ်းဆီးပြီးနောက် စစ်သင်တန်းကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံရပြီး စစ်သင်တန်းပို့ခံရသူမိသားစုဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကားတွေနဲ့တင်ပြီး ပဲခူးက စစ်ကောင်စီ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိစစ်သင်တန်းကျောင်းတွေကို ပို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

"ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းထားပြီး ကလေးက တညအိပ်လိုက်ရတယ်။ နောက်တရက် မနက် ၉ နာရီ လောက် အတွေ့ခံမယ်ဆိုလို့ ညှိမယ်ပေါ့။ ငွေဖြင့်ငွေ လူစားထိုးမယ်ဆိုလည်း ထိုးမယ်လို့ သူတို့က ပြောလွှတ်လိုက်လို့ အေးရာအေးကြောင်း ပြန်လာကြတယ်။ ညှိလို့ရမယ်ဘဲထင်တာ။ မနက်လောက်ကျတော့ ထသွားတော့ ကလေးတွေကို ကားတွေနဲ့ခေါ်သွားပြီးဆိုတာသိရတာ" လို့——

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ကြို့ပင်ကောက်က_လူငယ်၂၅ဦးစစ်တပ်က_အတင်းအဓမ္မဖမ်းဆီးပြီး_စစ်သင်တန်းပို့

မြေလတ်အသံ - Myaelatt Athan

22 Oct, 08:11


ဆိုင်ကယ်နဲ့လာတဲ့ စစ်သားနဲ့ပျူကို ချုံခိုတိုက်လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်းရ

ရွှေဘို၊ အောက်တိုဘာ ၂၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်ဒီကနေ့မနက် ၇ နာရီလောက်မှာ တည်သီးတောရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးဟာ စခန်းချရာရွာနဲ့ ၁ မိုင်ခန့်ဝေးတဲ့ ညောင်ကိုင်းရွာကနေ ဆိုင်ကယ်စီးပြန်လာချိန် ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ပျူရွာတရွာက တရွာကိုပြန်လာချိန်မှာ ကင်းပုန်းဝပ် တိုက်ခဲ့တာပါ" လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ဆိုင်ကယ်နဲ့လာတဲ့_စစ်သားနဲ့ပျူကိုချုံခိုတိုက်လို့_၂ဦးလုံးသေပြီး_လက်နက်ခဲယမ်းတွေလည်းရ

46,127

subscribers

24,167

photos

189

videos