Hlaing Info

@infohlaing


We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.net

Hlaing Info (English)

Are you looking for a reliable source of news and information in Myanmar? Look no further than 'Hlaing Info'! This Telegram channel, with the username @infohlaing, is dedicated to providing unbiased and accurate news to the people of Myanmar. We believe in the fundamental principles of freedom of speech, freedom of expression, and freedom of thought, and we are committed to upholding these values in all our content.
At 'Hlaing Info', we understand the importance of access to trustworthy information in today's rapidly changing world. That's why we strive to bring you the latest updates on a wide range of topics, including politics, economics, social issues, and more. Whether you are interested in local news or global events, you can count on us to deliver the facts in a clear and concise manner.
Our team of experienced journalists and researchers work tirelessly to ensure that all news articles and reports published on our channel are accurate, verified, and free from bias. We take pride in our commitment to journalistic integrity and ethical reporting practices, and we always put the people's right to information first.
Stay informed and stay connected with 'Hlaing Info' on Telegram! Join our channel today and be part of a community that values truth, transparency, and accountability. Visit our website at www.hlaing.net for more information and updates. Together, let's create a more informed society where everyone has access to the news they need to make informed decisions. Trust 'Hlaing Info' for news you can rely on!

Hlaing Info

22 Oct, 16:15


အနန်းကွင်းဗျူဟာကို KNLA ပူးပေါင်းတပ် ဝိုင်းရံပိတ်ဆို့ထား၊ နေ့စဉ် တိုက်ပွဲငယ်များဖြစ်

◾️တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် စခန်းချေမှုန်းနေ၊ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ လက်နက်ကြီးပစ်ခုခံ


အောက်တိုဘာလ ၂၂ ရက်

ဘုရားသုံးဆူ - သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ စခန်းကို ၀ိုင်းရံပိတ်ဆို့ထားပြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေဟု စခန်းသိမ်းစစ်ဆင်ရေး၌ ပါဝင်သည့် နဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီဗျူဟာကို KNLA ဦးဆောင်သည့် မဟာမိတ်တပ်က ယခုနှစ် နွေရာသီတွင် စတင် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကူတပ်များ အထိနာအောင် တိုက်ခိုက်ထားနိုင်သကဲ့သို့ စခန်းရှိ စစ်ကောင်စီတပ်များလည်း ထိခိုက်မှုရှိသည်ဟု အသိပေးသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 15:30


ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာလ ၂၂ ရက်

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ကော်ကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မန္တလေး - လားရှိုးလမ်းမကြီးအနီး နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ကော်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ၌ အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားပြီး ယနေ့(အောက်တိုဘာ ၂၂ရက်)အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

"စစ်ကြောင်းထိုးလာတယ်။ အဲနေ့တည်းကတိုက်ပွဲက ဖြစ်နေတာ။ အခု ပိုပြင်းထန်လာတယ်။ အနီးနားရွာတွေလည်း ထွက်ပြေးကုန်ကျပြီ"ဟု ပြင်ဦးလွင်ဒေသခံက ပြောသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 15:12


၂၂.၁၀.၂၀၂၄ Japan - လုထားတဲ့ အာဏာကိုထိပါးလို့ အငြိုးထားရက်စက်ကြကြေးဆိုရင် လုယူခံလိုက်ရတဲ့ ပြည်သူ့အငြိုးက မင်းတို့ထက်ပိုတယ် မအလ
မအလအကြမ်းဖက်စစ်အုပ်စုကို နေ့စဉ် ဆန္ဒပြတောင်းဆိုပွဲ ၁၅:၃၀ မှ ၁၆:၃၀

Khin Aung  NLD +818010594589
Myanmar Democracy Activists Group

#HlaingInfo

Hlaing Info

22 Oct, 15:08


ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာ ကို  စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊  အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

အောက်တိုဘာလ ၂၂ ရက်

ဒီနေ့ နေ့လည် ၁ နာရီခွဲခန့်က စစ်ကောင်စီက တိုက်ပွဲတစ်စုံတစ်ရာမရှိတဲ့  မကွေးတို င်း၊ထီး လင်းမြို့နယ် အိုင်းမကျေးရွာနဲ့ ချောင်းပေါက်လမ်းဆုံကို လေယာဉ်နဲ့  ဗုံး ၄ လုံးကြဲ ချခဲ့ ပါတယ်။ ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“အဲဒီအိုင်းမရွာမှာ ဘာမှ ဖြစ်တာမဟုတ်ဘူး၊ ဒီအတိုင်းကိုလာပြီးပစ်ခတ်သွားတာ။ ဗုံး ၄ လုံးချတာတောင်မကျေနပ် ဘူး။ စက်သေနတ်တွေနဲ့လည်း ပစ်သေးတယ်။ ရွာမှာတော့ အိမ် ၈ လုံး ဗုံးထိပြီးပျက်စီးသွားတယ်” လို့ပြောပါ တယ်။

မိတ္ထီလာ ရှမ်းတဲလေး လေတပ်စခန်းကနေ Jet Fighter နဲ့ အိုင်းမရွာပေါ်ကို ၅ ကြိမ်ခန့် ပတ်ပျံခဲ့ပြီး ဗုံး ၄ လုံးကြဲခဲ့သလို  စက်သေနတ်တွေနဲ့လည်း ဆက်တိုက်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 14:35


နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး စစ်တပ်က ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများကို ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်

အောက်တိုဘာလ ၂၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ကျေးရွာရှိ စာသင်ကျောင်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက် ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနကပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်က နောင်ချိုမြို့နယ်၊ ဂန့်ကော် ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂန့်ကော်ကျေးရွာရှိ စာသင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတို့ကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံး ၁၈ လုံးလာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 14:23


KNU ဌာနချုပ်တိုက်ခိုက်ရာမှာအသုံးပြုသည့်တရုတ်နိုင်ငံထုတ်ဒရုန်းပစ္စည်းများ (Photos: Supplied)

အောက်တိုဘာလ ၂၂ ရက်

KNU တပ်မဟာ ၇ ဗဟိုဌာနချုပ်တိုက်ခိုက်ရာမှာအသုံးပြုသည့်ဒရုန်းပစ္စည်းများထုတ်လုပ်သည့် T-MOTOR ကုမ္ပဏီ၏ရုံးချုပ်သည် တရုတ်နိုင်ငံ Nanchang မြို့တွင်တည်ရှိသည်။

အဆိုပါကုမ္ပဏီ၏ထုတ်ကုန်နှင့်နည်းပညာများသည် ရုပ်ရှင်ရိုက်ကူးခြင်း စိုက်ပျိုးရေး ပို့ဆောင်ဆက်သွယ် အရေးပေါ်အခြေအနေ ပိုက်လိုင်းစစ်ဆေးရာတွင်အသုံးတာအပြင် တခြားနေရာတွင်မှာလည်းအသုံး ပြုသည်။

#SLP
#HlaingInfo

Hlaing Info

22 Oct, 14:08


စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းနှင့် အထိုင်စခန်း ၃ ခုကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မည်ဟု ပြည်သူများကို အသိပေး

အောက်တိုဘာလ ၂၂ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းနှင့် အထိုင်စခန်း ၃ ခုကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ဆုတ်လေဦးလမ်းခွဲအနီးတွင် ရှိသော အကြမ်းဖက် စစ်တပ်၏ အထိုင်ချ ကင်းစခန်းငယ်ကို ဒရုန်းဖြင့် ဗုံသီး ၂ လုံးကျဲချ တိုက်ခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်း နှင့် အကြမ်းဖက်စစ်တပ်၏ အထိုင်ချ နေရာများကိုလည်း PDF တပ်ဖွဲ့များက တာဝေးပစ် Rocket များဖြင့် တပြိုင်းတည်း တိုက်ခိုက်ခဲ့ကြောင်း၊

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 13:44


ရွှေပြည်သာမြို့နယ်မှာ ရေဘေးဒုက္ခသည် ၁၀၀၀ ကျော် အထိရှိလာတာကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်ထားရ

အောက်တိုဘာလ ၂၂ ရက်

ရန်ကုန်မြို့မှာ မိုသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြို့နယ်အချိူ့တွေမှာ ရေကြီးရေလျှံတွေဖြစ်ပေါ်နေပါတယ်။

ရွှေပြည်သာမြို့နယ်မှာတော့ ရေဘေးဒုက္ခသည် လူဦး ရေ ၁၀၀၀ကျော်အထိရှိလာတာကြောင့် ကယ်ဆယ် ရေးစခန်း ၁၀နေရာခန့် ဖွင့်ထားရကြောင်း AAMIJမှ စုံစမ်းသိရှိရပါတယ်။

ရွှေပြည်သာမြို့နယ်က ကယ်ဆယ်ရေးစခန်းတွေကတော့ ၂၄ ရပ်ကွက်မှာက ၁ခု၊ ၆ရက်ကွက်မှာ ၁ခု ၊၇ရက်ကွက်မှာ ၁ခု ၊ ၂၀ရက်ကွက်မှာ ၃ခု၊ ၁၉ရက်ကွက်မှာ ၁ခု၊ ၁၇ရက်ကွက်မှာ ၃ခု တို့ဖြစ်ကြပါတယ်။

“ရေကမိုးများပြီးအောက်ကလှိုင်မြစ်ရေကထောက်ပြီးချက်ချင်းရေမကျလို့ပါအထက်ပိုင်းတွေကရေကလည်းအောက်ကိုဆင်းတော့အနိပ်ပိုင်းတွေမှာရှိတဲ့နေအိမ်တွေကနေလို့မရတော့တဲ့အခြေအနေထိဖြစ်ကုန်လို့ပါ ကယ်ဆယ်ရေးစခန်းတွေခတ္တဖွင့်ပြီးထားတာပါ မိုးဆက်မရွာရင်ရေကပြန်ကျနိုင်ပါတယ်အဲ့အခါမိမိတို့နေအိမ်တွေစီပြန်နေလို့ရပါပြီအခြေအနေအဆိုးဝါးကြီးတော့မဟုတ်ပါဘူး ဒီလောက်ပါဘဲဗျ”လက်ရှိရေဘေးကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားတစ်ဦးကတော့ AAMIJကို အခုလိုပြောပြပါတယ်။

ယမန်နေ့ညက စတင်ရေကြီးမှုတွေ ဖြစ်ပေါ်လာပြီး ရွှေပြည်သာမြို့နယ်မှာတော့ ရေကြီးရေလျှံမှုဟာ အဆိုးဆုံးအခြေနေဖြစ်နေပါတယ်။

AAMIJ သတင်းဌာနရဲ့ ရုပ်သံသတင်းများကို YouTube မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/bzYJDZ0G0z8?si=9QP9m2D-nJF44CG9

#aamij
#Yangon

Hlaing Info

22 Oct, 13:39


1. 11. 2024 နေ့ထွက်မယ့် ဘတ် ၆ သန်း ကံထူးရှင် ရွေးချယ်မည့် ပြည်သူ့အောင်နိုင်ရေး ရံပုံငွေ တော်လှန်ရေး ထိုင်းထီများကို ဝယ်ယူအားပေးလို့ရပါပြီရှင့် ...

https://t.me/infohlaing

ထီ 1 စောင်ကို မြန်မာငွေ 15,000 ကျပ်။ ထိုင်းဘတ် 100 ဖြင့် ရောင်းချပေးနေပါသည်။

🎁 ရရှိနိုင်သောထီနံပါတ်များ 🎁

868900
424001
361501
611702

417002
745202
072903
695303
699003

859004
621604
232104
647805

535806
851906
455106
294507
323407

257507
048408
505908
605408

887309
214810
172310
315610

926011
548611
013312
779612
077212

279413
721613
230814
522214

269114
341615
083815
100316

645816
140717
360317
064318
453319

816920
671221
742721
341423

606524
383525
431419

465025
900726
442026
829426
201527

015328
259228
265528
512929
936929

447129
204430
261830
794930
036627

836031
769031
641132
064132
785332

359133
526733
774233
509034

780034
701335
990835
154535
490636

407936
734737
063137
531538

790039
173740
764240
655240

242041
418342
759042
778842
149039

030143
617343
902544
753744
125245

382245
805845
796146
226146
537346
811147

243348
743248
008549
816349
357949

309951
821651
984452
725752
452152

733553
163353
826953
451554
273854

727454
326955
761955
538955
158956

211156
890857
810150
103751
798058

827158
545159
701759
266059
051060

118961
515361
665662
706462
045462

370163
219563
066663
150964
396864

217464
356865
337765
406266

421766
703667
239167
906467
204268

732369
869069
163570
119270
557271

085571
016572
099872
879573
192173

224273
023674
071074
149774
103875

032075
295360
022460

516577
164978
088578

195578
949079
637680

448880
027680
900581
653782

422982
472483
412783
704883
623084

636496
238284
876785
731285

376686
449286
659187
329387
200087

840688
611288
190789
340489
047098

262389
247490
632790
014090
926891

804591
542891
521892
304392
260892

731493
932193
758494
622294
268295

223096
241297
942697
354497 🍃

1. 11. 2024 ရက်နေ့ထွက်မယ့် ထီနံပါတ်များကို ဖော်ပြပါလင့်တွင် မိမိနှစ်သက်ရာ နံပါတ်လေးများ ရွေးချယ်ပြီး၊ မင်မင်တို့ Telegram account များမှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် - ⤵️

🍀 https://hlaing.net/lottery/ 🍀

📱ဆက်သွယ်ဝယ်ယူရန်

- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
+66952714213 ( Viber )

#ThaiLottery
#HlaingInfo

Hlaing Info

22 Oct, 13:28


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင်

အောက်တိုဘာလ ၂၂ ရက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒက သတိပေး ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ်သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 13:00


စက်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလ ၂၂ ရက်

စစ်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း (၃၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁,၀၉၉) ဦး သေဆုံးကာ (၃၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန် မြို့နယ်ပေါင်း (၁၉၉) ခုမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက် တပ်ဖွဲ့ဝင် (၂၉)ဦး ကျဆုံးပြီး (၃၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ တိုက်ပွဲတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး/လက်နက် ပစ်ခတ်မှု၊ ဒရုန်း ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁၂၄) ဦးသေဆုံးပြီး (၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ယခင် သြဂုတ်လတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲထက် ၂၆.၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 12:57


🙏🏻 မေတ္တာရပ်ခံ ကြိုတင် အသိပေးအပ်ခြင်း 🙏🏻

နည်းပညာ နှင့် နိုင်ငံတကာ သတင်းများကို  တစ်နေရာတည်း စုံစုံလင်လင်သိနိုင်ဖို့ iForYou မှ အစဉ်ကြိုးစားလျှက် ရှိပါသည်။

နေ့စဉ် အရှေ့အာရှ နှင့် အရှေ့တောင်အာရှ ရှိနိုင်ငံများမှ သတင်းဌာနကြီးများ၏ အရေးကြီးသတင်းများကို မြန်မာ + အင်္ဂလိပ် နှစ်ဘာသာဖြင့် အတိုချုံးတင်ဆက်ရန် စီစဉ်ထားသော်လည်း နည်းပညာ အခက်အခဲဖြစ်ပေါ်ခဲ့လျှင် အင်္ဂလိပ်ဘာသာ သီးသန့်ဖြင့် တင်ဆက်ပေးမည်ဖြစ်ပြီး၊ ပုံမှန်အဆင်ပြေပြန်ဖြစ်ခဲ့လျှင် ဆက်လက်၍ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ ကြိုတင်အသိပေးအပ်ပါသည်။

iForYou သို့ ခင်မင်ရင်းနှီးစွာ ဆက်သွယ်လိုလျှင် :

https://t.me/i4Uthuta
(သို့)
[email protected]

Hlaing Info

22 Oct, 12:44


ရှမ်း - ကရင်နီပြည်နယ်စပ်တွင် တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာလ ၂၂ ရက်

ရှမ်း - ကရင်နီပြည်နယ်စပ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ နေ့စဥ်ပြုလုပ်ပေးနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းထားသော စစ်ကြောင်းသုံးခုသည် စက်တင်ဘာ ဒုတိယပတ်ကစ၍ ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ဘက်သို့စစ်ကြောင်း ထိုးနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီး နေ့စဥ်နီးပါး ထိတွေ့မှုရှိသည်ဟု ဆိုသည်။

"ပင်လောင်းရဲ့ တောင်ဘက်၊ဖယ်ခုံရဲ့ အနောက်ဘက်ခြမ်း မိုင်းဖြတ်၊ ဆောင်လန် နဲ့ နောင်ဝှိး ရွာတွေမှာ တိုက်ပွဲ ဖြစ်နေတယ်။အခုရက်ပိုင်း စကစဘက်က လေယာဥ်ပစ်ကူယူပြီးမှ စစ်ဆက်ထိုးတာပေါ့။နောက် ပြီး အရှေ့ကနေ ကျားထိုးတက်ခိုင်းတဲ့ PNOတွေ သေတာတွေများတာလည်းပါတယ်"ဟု ဖယ်ခုံမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 12:11


လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့

အောက်တိုဘာလ ၂၂ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် အောက်ရေဖြူ ကျေးရွာသား ကိုမင်းကိုကိုနှင့် အမည်မသိ ပြည်သူ လူငယ် ၁ ဦးကို လည်လှီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို ညင်းမော်ရွာ သင်္ချိုင်း အတွင်း မြေမြှုပ် ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ် စစ်ကြောင်းရွာထဲဝင်လာ၍  ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် ကဒက်ငယ်ထိန်ရွာမှ အသက် ၃၀ အရွယ် ကိုမင်းအောင် (ခေါ်) ကိုကန်းကန်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာအကြားတွင် ပစ်သတ်ခဲ့ကြောင်း၊

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 11:41


လှိုင်မြို့နယ်တွင် ရွှေ ၅ ပိဿာပါသည့် သေတ္တာ ၃ လုံး  သေနတ်ပစ်ဖောက်၍ လုယက်ခံရ

အောက်တိုဘာလ ၂၂ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဆိုင်သိမ်းပြီးပြန် လာသည့်ကားကို သေနတ်ပစ်ဖောက်ပြီး လုယက်ခံရရာ ရွှေသေတ္တာသုံးလုံးပါသွားကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်ဝန်းကျင်ခန့်တွင် ရွှေဆိုင်သိမ်းပြီးပြန်လာစဉ် လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ် (၂) ၊ နေအိမ်ရှေ့အရောက်တွင် သေနတ်ပစ်ဖောက်ပြီး ကားနောက်တွင်ထားသည့် ရွှေသေတ္တာများကို လုယက်ယူဆောင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

"ပိုင်ရှင်အမျိုးသမီးက ဆိုင်သိမ်းပြီး အိမ်ကိုပြန်ရောက်ပြီ။ အိမ်ရှေ့အရောက်မှာ နောက်ကလိုက်လာပြီး လုသွားတာ။ ကားသမားကို သေနတ်နဲ့ချိန်ပြီးပစ်တာမထိလိုက်ဘူး။ ကားနောက်‌ လေကာမှန်ကိုရိုက်ခွဲပြီး ရွှေတွေထည့်ထားတဲ့ သေတ္တာတွေကို ယူသွားတာ။ လူထိခိုက်မှုတော့မရှိဘူး" ဟု ရဲတပ်ဖွဲ့ဝင်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 11:28


🛑 ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၇)ရပ်ကွက် အကြမ်းဖက်အုပ်မှူးဇော်မင်း အပိုင် နှင့် နေရာတချို့ရှိ ဘုန်းကြီးကျောင်းများသို့ အကြမ်းဖက်စခများမှ ဧည့်စာရင်းစစ်ဆေးမှု ရှိနေပြီး ကပ္ပိယပါမချန် ဧည့်စာရင်းတိုင်ကြရကြောင်း သိရပြီး ဘုန်းကြီး အပါးအရေအတွက် စာရင်းပါကောက်ခံကြောင်း သိရသည်။

ဧည့်စာရင်းစစ်ဆေးရာတွင်  အိမ်ငှားများ၊ အလုပ်သမားများသည့် နေအိမ်၊ အဆောင်များကို  အဓိကစစ်ထား စစ်ဆေးတတ်ပြီး ယခုအခါ စစ်ရှောင်များ များပြားသည့်အတွက် ဧည့်စာရင်းစစ်ဆေးခြင်းသည် အကြမ်းဖက်အုပ်မှူးများ၏ငွေဝင်ပေါက် တစ်ခုဖြစ်ကြောင်း သိရသည်။

အမှတ် (၅)ရပ်ကွက် အကြမ်းဖက် ချစ်ထွေးအပိုင်တွင် " ဘာမှမမေးနဲ့ စစ်မှုထမ်းအတွက် " ဟု တစ်အိမ် (၁၀၀၀၀) ကျပ် ရာ/ဆယ်မှူးများမှ လိုက်ကောက်ခံနေကြောင်း သိရှိရသည်။🛑

#📆22.10.2024  Tuesday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

Hlaing Info

22 Oct, 11:06


ရန်ကုန်မြို့ က ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးသတိရှိဖို့ ရွှေလုပ်ငန်းရှင် အသင်းထုတ်ပြန်

အောက်တိုဘာလ ၂၂   ရက်

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာ  ရွှေဆိုင်ပိုင်ရှင်တွေ အနေနဲ့ လုံခြုံရေးသတိရှိဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း ကထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်ပိုင်ရှင်တွေ နဲ့ မိမိတို့ရွှေဆိုင်နေရာ၊နေအိမ်နဲ့ ရွှေငွေ သယ်ဆောင်တဲ့ ကားတွေရဲ့ လုံခြုံရေးကို အထူးသတိထားဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း ကအောက်တိုဘာ ၂၂ မှာ ထုတ်ပြန်ထားပါတယ်။

ရွှေဆိုင်ပိုင်ရှင်တွေ နဲ့  ရွှေဆိုင်တွေ မှာ CCTV များ တပ်ဆင်တဲ့အတိုင်း နေထိုင်တဲ့အိမ်ပတ်ဝန်းကျင် နဲ့ ကားပါကင်နေရာများတွင် CCTV Camera တွေတပ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရွှေငွေ သယ်ဆောင်တဲ့ ကားတွေမှာ  Camera တပ်ဆင်တာ ၊ GPS စနစ်တွေတပ်ဆင်တာ တွေလုပ်ဆောင်ပြီး  ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 11:02


ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

အောက်တိုဘာလ ၂၂ ရက်

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက လူငယ် ၂၅ ဦးကို စစ်တပ်ကဖမ်းဆီးပြီးနောက် စစ်သင်တန်းကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံရပြီး စစ်သင်တန်းပို့ခံရသူမိသားစုဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကားတွေနဲ့တင်ပြီး ပဲခူးက စစ်ကောင်စီ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိစစ်သင်တန်းကျောင်းတွေကို ပို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

"ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းထားပြီး ကလေးက တညအိပ်လိုက်ရတယ်။ နောက်တရက် မနက် ၉ နာရီ လောက် အတွေ့ခံမယ်ဆိုလို့ ညှိမယ်ပေါ့။ ငွေဖြင့်ငွေ လူစားထိုးမယ်ဆိုလည်း ထိုးမယ်လို့ သူတို့က ပြောလွှတ်လိုက်လို့ အေးရာအေးကြောင်း ပြန်လာကြတယ်။ ညှိလို့ရမယ်ဘဲထင်တာ။ မနက်လောက်ကျတော့ ထသွားတော့ ကလေးတွေကို ကားတွေနဲ့ခေါ်သွားပြီးဆိုတာသိရတာ" လို့ ဖမ်းဆီးခံရသူ ၁ ဦးရဲ့ မိသားစုဝင် အမျိုးသမီး ၁ ဦးက ပြောပါတယ်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 10:43


ဇီးကုန်းတွင် PDF တပ်ဖွဲ့များ၏ သတင်းစုံစမ်းနေသော ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိ၊ ချောင်းဦးတွင် စစ်တပ် အထိုင် စခန်းကို ဝင်ရောက် တိုက်ခိုက်

အောက်တိုဘာလ ၂၂ ရက်

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းစုံစမ်းနေသော ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပဲခူးရိုးမ အခြေပြု BTZM GBK PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဘောင်ဘင်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းထောက်လွတ်ထားသော ပျူစောထီး ၁ ဦးကို BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကလည်း ဇီးကုန်းမြို့နယ် ၊ ဘော်ဘင်ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ဒရုန်းဖြင့် ၄ ကြိမ် ဘော်ဘင်တမံ အမှတ်-၁ ဘောင်ပေါ်ကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ည ၈ နာရီခန့်ကလည်း ထိပ်အောင်စိုးမိုးရွာထိပ် မှနေ၍ လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတားထိပ်ရှိ ပြည်သူပိုင် နေအိမ် ၁ လုံးပေါ် ကျရောက်၍ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️

Hlaing Info

22 Oct, 10:33


ကျောက္ကာရွာလှေမြုပ်မှု ကျောင်းသားအရွယ်များ အပါအဝင် အလောင်း ကိုးလောင်းထပ်တွေ့

အောက်တိုဘာလ ၂၂ ရက်

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်မှုဖြစ်စဉ်တွင် အလောင်း ၉ လောင်း ထပ်တွေ့ထားကြောင်း ကူညီကယ်ဆယ်ရေးနေရာသို့ ရောက်နေသူအချို့ထံမှ သိရသည်။
ယနေ့(အောက်တိုဘာ ၂၂) ကယ်ဆယ်ရေးတွင် အလောင်း ၉ လောင်းထပ်တွေ့ရပြီး အများစုမှာ ကျောင်းသူကျောင်းသားများနှင့် ကလေးများဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးနေရာတွင် ရောက်နေသည့် ဦးဇင်းတစ်ပါးဖြစ်သူ အရှင်သုန္ဒရက မိန့်ကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အလောင်း ၁၁ လောင်းတွေ့ထားသည့်အတွက် စုစုပေါင်း အလောင်း ၂၀ ဆယ်ယူရရှိထားကြောင်း ၎င်းကမိန့်သည်။
ထိုကြောင့် ယမန်နေ့အထိစာရင်းအရ ပျောက်ဆုံးနေသူ ၁၇ ဦးရှိရာ ယနေ့တွင် ၉ လောင်းဆယ်ယူနိုင်ခဲ့သည့်အတွက် ပျောက်ဆုံးနေသူ ၈ ဦးခန့်ရှိနေသေးကြောင်း သိရသည်။
စက်လှေပေါ်တွင် မြိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသွားတက်မည့် ကျောင်းသူကျောင်းသားများနှင့် စစ်ဘေးရှောင်အချို့လည်းပါဝင်သည်။
“ကလေးတွေရှိသေးတယ် အခုထိမတွေ့သေးဘူး။ ဘယ်နှစ်ဦးလောက် ကျန်သေးလဲတော့ မသိဘူး။ ဦးဇင်းတို့သိတဲ့ ကလေး သုံးယောက်ကတော့ အခုထိ အလောင်းမရသေးဘူး။ မသိတဲ့ကလေးတွေလည်း ပါဦးမှာလေ”ဟု အရှင်သုန္ဒရက မိန့်ဆိုသည်။
ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် ခရီးသည်တင်စက်လှေသည် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်တွင်ပင် နစ်မြုပ်သွားခြင်းဖြစ်ပြီး လှေပေါ်ပါ ခရီးသည် ၆၀ ကျော်ခန့် ကယ်ဆယ်ထားနိုင်ပြီဟု သိရသည်။
အဆိုပါ လှေပေါ်တွင် ခရီးသည် ၉၀ ဦးခန့် လိုက်ပါသွားပြီး လှေမြုပ်ချိန်တွင် မိုးရွာသွန်းခြင်းမရှိသော်လည်း ရေစီးကြမ်းကာ လှိုင်းရှိနေကြောင်း၊ ကျောက္ကာကျေးရွာမှမိနစ် ၂၀ ခန့် သွားရသည့်နေရာတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း အသက်ရှင်လွတ်မြောက်လာသူများ၏ ပြောဆိုချက်ကို ကိုးကား၍ အရှင်သုန္ဒရက မိန့်သည်။
လက်ရှိတွင် မြိတ်မြို့မှ ပရဟိတအဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေဆဲဖြစ်ပြီး ရေပေါ်၊ရေအောက်တွင် ရှာဖွေနေကြကြောင်း ၎င်းကမိန့်သည်။
“ရေငုပ်တဲ့အဖွဲ့က တစ်ဖွဲ့ရှိတယ်။ အပေါ်မှာ (ရေပေါ်) ကယ်ဆယ်ရေးလုပ်ပေးနေတာက တစ်ဖွဲ့ရှိတယ်။နှစ်ဖွဲ့ရှိတယ်”ဟု ၎င်းက မိန့်သည်။
ကျောက္ကာကျေးရွာသည် ပင်လယ်အတွင်းရှိသည့် ကျွန်းပေါ်တွင်တည်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့ကစကာ တိုက်ပွဲပြင်းထန်နေသည့် မီးလောင်ချောင်းရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။

ဓာတ်ပုံ - အရှင်ဣန္ဒက ကျောက္ကာကျွန်း

#DW
#HlaingInfo