သတင်း (ခ) သာဒင်

@thadin


သတင်း (ခ) သာဒင် မှာ ရေဒီယိုနားထောင် သတင်းတွေဖတ်ရင်း ခေါင်မိုးပြင်ဖို့ ပါဝင်ပေးကြပါ။ ရရှိလာတာတွေကို ခေါင်မိုးပြင်နေသော လူမှုရေးအသင်းများအား ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

သတင်း (ခ) သာဒင်

09 Jul, 12:00


အရင်တုန်းကတော့ လွှတ်တော်ထဲ ခန့်ခန့်ညားညားနဲ့ ကန့်လန့်တွေတိုက် ဗိုလ်ကျချင်တိုင်းကျခဲ့ရာကနေ အခုတော့မအလ ကျေးဇူးနဲ့ မခို့တရို့လေး လမ်းလေးမှာထိုင်လို့

😂😂😂

အမှန်တော့ စစ်တပ်ထဲကသူတွေ မအလ ကိုဖြုတ်ချပြီး
စစ်ပြေငြိမ်းသင့်တာ
နိုင်ငံရေးမှာဘယ်တော့မှမပါတော့ပါဘူး လွတ်ငြိမ်းချမ်းသာခွင့်လေးတော့ ပေးပါပေါ့

#မအလကိုကာကွယ်နေစရာဘာစောင်ကြောင်းမှမရှိ

သတင်း (ခ) သာဒင်

30 Jun, 13:42


မိုးကုတ်ကိုသိမ်းလိုက်ပြီ

ပြောထားတာတော်တော့်လေးကိုကြာနေပြီဖြစ်တဲ့အကြွေးတခု အချိန်မီလေးဆပ် 😁😁

အရင်လိုများများမရသေးလို့ အလှည့်မရောက်သေးတဲ့အဖွဲ့တွေ သည်းခံပေးပါဦးခင်ဗျာ
အားလုံးကအရေးကြီးနေတာကိုနားလည်ပါတယ်
ပို့နိုင်တဲ့အချိန် စကားလာပြောပါ့မယ်
စကားမပြန်တာက ပြန်ပြောဖို့အားအင်မရှိသေးလို့ပါ

ထီလက်မှတ်တွေလည်း ပို့ပေးပါ့မယ်

🙏🙏

သတင်း (ခ) သာဒင်

18 Jun, 16:59


ဒီည ၁၂ နာရီမှာ certificate စပြီး ထုတ်လို့ရပါမယ်

🚨🚨၁၉ ရက်နေ့အတွက် တစ်ပွိုင့်မှ မယူရသေးပဲထုတ်လိုက်ရင် certificate မှာပြတဲ့ရက်အရေအတွက်မှာ ၁၉ ရက်နေ့အတွက် မပါပဲဖြစ်နေမှာပါ။ ရက်အရေအတွက်မှာ ၁၉ရက်နေ့အတွက်ပါ ပါအောင် အနည်းဆုံး ၃/၄ ပွိုင့်ယူပြီးမှထုတ်ပေးပါ။ ပွိုင့်အရေအတွက်ကတော့ ကမ်ပိန်းကာလအတွင်း Certificate ထုတ်တဲ့အချိန်ထိ ယူထားတဲ့ပွိုင့်ကိုပြပေးမှာပါ။

🚨🚨Certificate က တစ်ခါပဲထုတ်လို့ရမှာပါ။ ထုတ်ပြီးရင်ပြန်ပြင်လို့မရလို့ နာမည်ကိုသေသေချာချာလေး မှန်အောင်ဖြည့်ပေးပါ။

🚨🚨Certificateက ၁၉ရက်နေ့ နောက်ပိုင်းမှထုတ်လည်းရပါတယ်။ ရက်အရေအတွက်နဲ့ပွိုင့်ကတော့ ကမ်ပိန်းကာလမှာ ပါဝင်ထားတဲ့အတိုင်းပြပေးမှာပါ။

ကမ်ပိန်းအစောပိုင်းကာလမှာ မပါဝင်ခဲ့ရပဲ ၁၉ရက်နေ့မှ စကလစ်ရင်လည်း certificate ထုတ်လို့ရပါတယ်။

ကိုယ့်ရဲ့ certificate လေးကို ကြွယ်ရင်း အပေါင်းအသင်းတွေကို ဆွယ်ပေးပါဦး😁😁

နောက်ဆုံးရက်ကြမှ ကလစ်ကာ တစ်သောင်းများ ပြည့်များပြည့်လေမလားလို့ပါ

သတင်း (ခ) သာဒင်

17 Jun, 11:16


https://www.facebook.com/share/r/w9j1m8bbpdNpWJ2M/?mibextid=xCPwDs

နားထောင်ကြည့်ပါခင်ဗျာ

သတင်း (ခ) သာဒင်

13 Jun, 06:49


အခုတော့…. ပလစ်ကုန်ကြပါပြီ 😜😜

ကလစ်ကာ တစ်သောင်းပြန်ရောက်လာဖို့ ကမ်ပိန်းလုပ်နေတာ ၅၀၀၀ ပဲပြန်လာတယ်ဗျာ 🥲🥲

သတင်း (ခ) သာဒင်

12 Jun, 11:53


ဒီနေ့ ကလစ်ပြီးပြီလားခင်ဗျာ

၆၀၀၀ ကျော်လောက်ထိရောက်ချင်လို့ Facebook က ပိုစ့်လေးကို Share ကူပေးကြပါဦး

💪💪🫡

သတင်း (ခ) သာဒင်

12 Jun, 00:15


ကမ်ပိန်း ၃ ရက်မြောက်နေ့ပါခင်ဗျာ

နှစ်ရက်အတွင်း
ဝုန်းဆွေဝုန်းမျိုး ၁၁၀၀ လောက် ပြန်ရောက်လာပါတယ်

အနည်းဆုံးတစ်သောင်းလောက်မျှော်လင့်ထားတာမို့ နောက်ထပ် ၅၀၀၀ လောက်တော့လိုပါသေးတယ်ခင်ဗျာ

အဲ့တာကြောင့် ဒီကမ်ပိန်းလေးကိုပါဝင်ပြီး

ကမ်ပိန်းပိုစ့်တွေကို RCS လုပ်ပေး
ကလစ်ကာ တစ်သောင်း မြန်မြန်ရအောင်လို့ App ထဲက ကိုယ်သဘောကျတဲ့သတင်းရဲ့ Share ဆိုတာကိုနှိပ်ပြီး အပေါင်းအသင်းတွေဆီပို့ပေး
ကမ်ပိန်းကာလမှာ App ကိုနေ့စဉ်သုံးပေး
ကမ်ပိန်းပြီးသွားရင်လည်း နေ့စဉ် ဆက်ပြီးသုံးပေးပါလားခင်ဗျာ

✈️ ✈️ ✈️ မအလ က ပြည်တွင်းမှာ VPN တွေပိတ်နေတာမို့ ပြည်ပရောက်အမျိုးတွေအနေနဲ့ အလုပ်သွားချိန်၊ ထမင်းစားနားချိန်လေးတွေမှာ ခဏပဲဖြစ်ဖြစ်ပါဝင်ပေးပါစေချင်ပါတယ်

လူအင်အား တစ်သောင်းကျော်ပြန်ဖြစ်မှသာ ကျနော်တို့လည်း ဂူဂူကို ပြန်ကိုင်တွယ်လို့ကောင်းမှာမို့လို့ပါ

အားလုံးကိုမျှော်နေပါမယ်

သတင်း (ခ) သာဒင်

11 Jun, 15:46


၅၀၀၀ ရောက်ရှိ

၆၀၀၀ တော့ မဖြစ်နိုင်တော့ 😌

အိမ်ရှိလူကုန် ဝုန်းခိုင်းပေးပါ 😊😊

သတင်း (ခ) သာဒင်

11 Jun, 12:15


ကလစ်ကာတစ်သောင်း စုကာနွှဲ ပြည်သူ့မိခင်မွေးနေ့ပွဲ ကမ်ပိန်း ပထမနေ့မှာတော့ ကလစ်ကာ ၅၀၀၀ ကိုနည်းနည်းကျော်ခဲ့ပါပြီခင်ဗျာ

အရင်နေ့ကထက် ၉၀၀ ကျော်ပိုတိုးလာပါတယ်
ဒီနေ့ကမ်ပိန်းဒုတိယနေ့မှာတော့ ဝင်သုံးပေးတဲ့သူဟာ အခုချိန်ထိ ၄၀၀၀ ကျော်ရှိနေပါပြီ။

ဒီနေ့မှာရော မနေ့ကထက် တစ်ထောင်လောက်ပိုတိုးပြီး ၆၀၀၀ လောက်ရောက်နိုင်မလားခင်ဗျာ

RCS လေးတွေ၊ Appထဲကပိုစ့်လေးတွေကို share လေး
တွေနဲ့ရော ကူပေးကြပါဦး

💪💪🫡

သတင်း (ခ) သာဒင်

10 Jun, 11:12


“ကိုယ်နေထိုင်ရာ ကိုယ့်ဒေသ ကိုယ့်အိမ်နားလေးမှာ ဖြစ်မှ မဟုတ်ပါဘူး။ ပြည်ထောင်စုကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်နေဖြစ်နေ အားလုံးခံစားရတဲ့ ဆိုးမွေတွေပဲဆိုတာ ကျွန်မတို့ ပြည်သူတွေ သိကြမြင်ကြစေလိုပါတယ်။”

အမေစုပြောထားဖူးတဲ့စကားလေးပါ

အခုဆို မအလ ဒုက္ခပေးလို့ အားလုံးနီးပါး ဆိုးမွေတွေခံစားနေရပါတယ်။ ဒီဆိုးမွေတွေကြားမှာ ကိုယ်နေသာ သလိုမနေပဲ အတတ်နိုင်ဆုံးပါဝင်ပေးကြမှာသာ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါခင်ဗျာ

ကျနော်တို့ Tha Din App မှာ နေ့စဉ်သုံးပေးတဲ့ ကလစ်ကာဦးရေ တစ်သောင်း ပြည့်ဖို့ ကမ်ပိန်းလေး လုပ်နေပါတယ်ခင်ဗျာ။ ကလစ်ကာတစ်သောင်းပြည့်မှသာ App မှာရှေ့ဆက်လုပ်ရမှာလေးတွေ အဆင်ပြေမှာမို့ပါ။

အခုပြည်တွင်းမှာက မအလ ဒုက္ခပေးလို့ VPN တွေခက်ခက်ခဲခဲ သုံးနေရတဲ့အတွက် ပြည်ပရောက်နေတဲ့သူတွေရဲ့ အင်အားတွေအများကြီးလိုအပ်နေပါတယ်


တလရအောင်မှသာ အားလုံးပျော်ရွှင်ရမှာမို့ များများမသုံးပေးနိုင်ရင်တောင် နေ့စဉ်မပျက်မကွက်လေးတော့ ဝင်သုံးပေးပါလားခင်ဗျာ

( ပုံလေးတွေအသုံးပြုခွင့်ပေးတဲ့ဆရာမနုယဉ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ )

သတင်း (ခ) သာဒင်

10 Jun, 02:02


“ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ " ကမ်ပိန်း

ကိုယ်တို့ ပြည်သူတွေဟာ ကောက်ရိုးမီးလိုမဟုတ်ကြောင်း
နိုင်ငံ့အရေးဟာ ကိုယ့်အရေးအဖြစ် ခံယူထားပြီး လိုချင်တဲ့ပန်းတိုင်ဆီ ဘယ်လိုအခက်အခဲရှိရှိ အရောက်သွားနေကြောင်း အမေ သိရှိဝမ်းမြောက်စေဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလေး လုပ်ဖို့ စိတ်ကူးပုံဖော်ဖြစ်တာပါ။

သာဒင်တို့ အနေနဲ့ တလရအတွက် ထောက်ပို့လုပ်လာတဲ့ ၂ နှစ်ခွဲကျော်ကာလမှာ သိန်း နှစ်သောင်းခွဲ ဝန်းကျင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

Tha Din app စတင်ချိန် က တစ်ရက် ကို ကလစ်ကာ ၃၀၀၀၀ ဝန်းကျင်နဲ့ တစ်လကို ဒေါ်လှ ၂၀၀,၀၀၀ နီးပါး အတူတူ ရှာနိုင်ခဲဲ့ကြတယ်
အခုများမှာတော့ တစ်နေ့ ကို အမာခံ ကလစ်ကာ ၄၀၀၀ လောက်ကပဲ အမြဲ အားဖြည့်ပေးကြရတယ် 😁

App တွေရဲ့ သဘောက လူများများ အသုံးပြုပေးမှ ကြော်ငြာပေးတဲ့ google က မရစ်တာပါ
လူတစ်ယောက် အချိန်အကြာကြီး ကလစ်တာထက် လူများများက ၁၅. မိနစ်လောက် ကလစ်တာက App အတွက် ပိုပြီး ကောင်းတာမို့
ဟိုအရင်အချိန်တုန်းကလို လူအုပ်ကြီးကို ကျွန်တော်တို့ ပြန်အလိုရှိပါတယ်ခင်ဗျာ

ဒါကြောင့် Phase 1 အနေနဲ့ ကမ်ပိန်းတစ်ခုလုပ်ပြီး App နေ့စဉ်သုံးတဲ့ ကလစ်ကာ ၁၀၀၀၀ လောက်ပြန်ရချင်လို့ ရယ်
သွေးမအေးကြောင်း ပြချင်လို့ရယ် ဒီကမ်ပိန်းလုပ်ဖို့ ဖြစ်လာတာပါ။

နေ့စဉ်သုံးတဲ့သူ တစ်သောင်းအထက်ရှိမှသာ ဆက်လက်ပြီး ထိထိရောက်ရောက် ထောက်ပို့နိုင်မှာမို့ နေ့စဉ် ကလစ်ကာ ၁၀၀၀၀ အထက်ရှိဖို့ အင်မတန်အရေးကြီးပါတယ်ခင်ဗျာ

ပြည်တွင်းက VPN တွေကို ပိတ်နေတာမို့ ပြည်ပရောက်နေသူတွေအနေနဲ့ Digital Strike တွေမှာ ပါဝင်ပေးစေချင်ပါတယ်။ အချိန်များများ မပေးနိုင်ရင်တောင် နေ့စဉ် ၃/၄/၅ ပုဒ်လောက် ဖတ်ပေးရင်ကို ရပါပြီ ✌️

ကမ်ပိန်းမှာ ဘယ်လိုပါဝင်ပေးရမလဲဆိုတော့
ကမ်ပိန်းပိုစ့်တွေကို RCS လုပ်ပေး
ကလစ်ကာ တစ်သောင်း မြန်မြန်ရအောင်လို့ App ထဲက ကိုယ်သဘောကျတဲ့သတင်းရဲ့ Share ဆိုတာကိုနှိပ်ပြီး အပေါင်းအသင်းတွေဆီပို့ပေး
ကမ်ပိန်းကာလမှာ App ကိုနေ့စဉ်သုံးပေး
ကမ်ပိန်းပြီးသွားရင်လည်း နေ့စဉ် ဆက်ပြီးသုံးပေး 😁

TD App ဆက်လက်ရှင်သန်ဖို့ဟာ နေ့စဉ်ပါဝင်ပေးနေမယ့် ကလစ်ကာတစ်ဦးချင်းစီပေါ်မှာ အများကြီး မူတည်ပါတယ်
အချစ်ဦးက သာဒင် ပါ ဆိုတဲ့ ကလစ်ကာတွေရဲ့ အား လိုအပ်နေပါတယ်ခင်ဗျာ
သာဒင်ရဲ့ ကမ်ပိန်းမှာ ပါဝင်ရင်း သွေးမအေးကြောင်း ပြသကြရအောင်

ကမ်ပိန်းမှာပါဝင်သူတိုင်း အမေစုပုံနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေး ထုတ်လို့ရမှာပါ
( ကမ်ပိန်းအတွက်ပန်းချီပုံလေးတွေအသုံးပြုခွင့်ပေးတဲ့ ဆရာမနုယဉ်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ )

သတင်း (ခ) သာဒင်

09 Jun, 06:17


LWSR က ပိုစ့်တွေ TD ရဲ့ Entertainment ထဲမှာဖတ်လို့ရပါပြီခင်ဗျာ

ကလစ်ကာတိုးဖို့ အစီအစဉ်လေးတစ်ခု လုပ်ဖို့ရှိလို့ အဲ့ကြရင်လည်း ပါဝင်ပေးကြပါဦးခင်ဗျာ

💪💪🫡

သတင်း (ခ) သာဒင်

03 Jun, 14:51


ဖမ်းဗျာ အားလုံးကိုသာဖမ်းလိုက်တော့

ပြည်ပရောက်နေတဲ့သူတွေလည်း တလရ အတွက် အစွမ်းကုန်ပါဝင်ပေးကြပါ

ဒီကောင်တွေရှိနေရင် ကိုယ့်အလှည့်ရောက်မလာသေးရင်တောင် အသက်ဝဝရှူရမှာမဟုတ်ဘူး

ဒီကမ်ပိန်းလေးကိုလည်း ပါဝင်ပေးပါဦးခင်ဗျာ
တော်တော်လိုနေသေးလို့ပါ

https://www.facebook.com/share/fe51ubbZnzpPHbnp/?mibextid=WC7FNe

သတင်း (ခ) သာဒင်

31 May, 07:12


Version 9.2.1 ဒီနေ့ထွက်ပါမယ်ခင်ဗျာ

IP တူသုံးနေတာ ဘယ်နှစ်ယောက်ရှိလဲ ( ပုံထဲက နံပတ် 1 )
IP Quality ကောင်းမကောင်း ( ပုံထဲက နံပတ် 2 )
ကြော်ငြာ ID ကောင်းမကောင်း ( ပုံထဲက နံပတ် 3 )
ဆိုတာလေးတွေပါပြထားပါတယ်

မကောင်းရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပုံထဲမှာ ဖတ်ပေးပါခင်ဗျာ။

ပြင်သင့်တာ ထည့်သင့်တာတွေ ပြီးသလောက်ရှိပြီဆိုတော့ လူအင်အားများများနဲ့ အရင်လို ပြန် ဝုန်း ရအောင်

ပြည်တွင်းမှာ မအလ က မွှေနေတာဆိုတော့ ပြည်ပရောက်
တွေရဲ့အားအင်တွေလိုအပ်ပါတယ် ခင်ဗျာ

အတူတူဝုန်းပြီး မအလ ကို ဗြုန်းကြပါစို့

💪💪🫡