PSLF/TNLA News

@taangtv2023


This is PSLF/TNLA News Official Channel.

PSLF/TNLA News

22 Oct, 14:18


၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၂၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ အောက်တိုဘာလ (၂၂)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။

ယနေ့ နေလည် (၁၂း၃၀)နာရီအချိန်တွင် နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် (၂)ကြိမ် ဗုံး(၁၈)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA News

21 Oct, 05:23


ယနေ့နံနက် နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ အောက်တိုဘာလ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး (၂)လုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် (၁း၁၀)အချိန် နောင်ချိုမြို့ သပြေရပ်ကွက်တွင် လေကြောင်းမှတစ်ဆင့် ပေါင် (၃၀၀)ဗုံး (၂)လုံးနှင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့အပြင် ယနေ့နံနက် (၈း၃၀)အချိန်တွင် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်စောစောအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး  ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ သီတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA News

19 Oct, 13:04


ယနေ့နေ့လည် နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်သည် ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ

နောင်ချို၊ အောက်တိုဘာလ ၁၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်တွင် စစ်ကောင်စီတပ်သည် ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ယနေ့နေ့လည် (၂း၀၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်း  ပေါင်(၅၀၀)ဗုံး တစ်လုံးနှင့် ပေါင်(၃၀၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါဟတ်ရပ်ကွက်ရှိ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သားအဖ (၃)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သီပေါမြို့အား တအာင်းတပ်မတော်သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး  ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား PSLF/TNLA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်သည်  လေကြောင်းမှတစ်ဆင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန