Khayan Channel

@khayanchannel


Khayan Channel မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။

Khayan Channel

14 Oct, 04:05


ကျွန်တော်တို့ ဆေးဝါးအရေးပေါ်လိုအပ်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် ၁၂.၁၀.၂၀၂၄ ရက်နေ့က အလှူခံခဲ့ရာမှာ အလှူငွေစုစုပေါင်း ၁၁၅၀၀၀ ကျပ်(တစ်သိန်းတစ်သောင်းငါးထောင်) ရရှိခဲ့ပါတယ်။

ရရှိခဲ့တဲ့အလှူငွေအားလုံးကို မနေ့က(၁၃.၁၀.၂၀၂၄)ရက်စွဲဖြင့် အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။

လိုအပ်တဲ့အလှူငွေထပ် ပိုမိုလှူဒါန်းပေးခဲ့တဲ့ ပြည်သူများအားလုံးကို လေးစားစွာကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။❤️

ယခုလိုစည်းလုံးမှုရှိနေရွှေ့ ပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာ ရှိနေမှာပါ။

#KhayanChannel
#KhayanMedia

Khayan Channel

12 Oct, 06:33


အကူအညီတောင်းခံခြင်း

ကျွန်တော်တို့ခရမ်းချန်နယ်ထံ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က အကူအညီလာတောင်းပါတယ်ခင်ဗျာ။ အဲဒီ့တပ်ဖွဲ့က ရဲဘော်တွေရဲ့ကျန်းမာရေးအခြေအနေဆိုးရွာနေတယ်လို့သိရပါတယ်။

အဆိုပါတပ်ဖွဲ့မှာလည်း ဆေးဝါးလုံလုံလောက်လောက်မရှိဘဲ ဆေးတွေဝယ်ယူဖို့ အလှူငွေတစ်ချို့လိုအပ်နေပါတယ်။

လိုအပ်တဲ့အလှူငွေကလည်း ၅ သောင်းလောက်ဆို အဆင်ပြေတယ်လို့ပြောပါတယ်ခင်ဗျာ။ ဒါ့ကြောင့် လှူဒါန်းပေးကြပါအုံးခင်ဗျာ။

လှူဒါန်းလိုသူတွေအနေနဲ့ @KYAC1 ကို ဆက်သွယ်ပေးပါခင်ဗျာ။ လှူဒါန်းပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။🙏

@KYAC1

Khayan Channel

30 Sep, 11:22


ခရမ်းမြို့ ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်ဆေးမှုကြမ်းတမ်းနေ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်တပ်စွဲနေရာယူထားတဲ့ ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ စစ်တပ်က အစစ်အဆေးကြမ်းတမ်းနေတယ်လို့ သိရပါတယ်။

မှတ်ပုံတင်စစ်ဆေးတာအပြင် ဘယ်ကလာတာ၊ ဘယ်ကိုသွားမှာ၊ ခရမ်းမြို့ကိုဘာအတွက်လာတာလဲ၊ ဖုန်းဖွင့်စစ်ဆေးတာတွေ၊ ပါလာသမျှပစ္စည်းအကုန်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဂိတ်အတွင်းဖြတ်သန်းသွားလာသူများက ဆိုပါတယ်။

"ဒေးပေါက်ဂိတ်က အစစ်အဆေးတော်တော်ကြမ်းနေတယ်၊ အကုန်စစ်တာ၊ မေးခွန်းတွေမေးတာလည်းစုံနေရောပဲ၊ ပါလာတဲ့ အိတ်တွေ ပစ္စည်းတွေကအစ တစ်ခုချင်းအကုန်စစ်တယ်'' လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

YBS နဲ့ Texi ယာဥ်တွေပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ အိတ်တွေ၊ စာရွက်စာတမ်းတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း စစ်ဆေးသည့်အပြင် ကုန်တင်ယာဥ်တွေပေါ်က ပါလာသမျှကုန်တွေကိုလည်း စစ်တပ်က တစ်ခုချင်းဖွင့်ဖောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဂိတ်အတွင်းက စစ်သားတစ်ချို့က "မင်းတို့ အိတ်တွေ၊ ဖုန်းတွေ၊ ထီးတွေကိုနောက်ယူမလာကြနဲ့၊ ယူလာရင် ငါတို့ကစစ်မှာ'' လို့ ပြောဆိုကြောင်း ဂိတ်အတွင်းဖြတ်သန်းသွားလာကြတဲ့ ပြည်သူတွေထံက သိရပါတယ်။

ဓာတ်ပုံ - ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်။

#KhayanChannel
#KhayanMedia

Khayan Channel

27 Sep, 03:45


27.9.2024 (Info News) :
ခရမ်းတွင် ယမန့်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က သန်းခေါင်စာရင်းစစ်ဆေးမှုများပြုလုပ်ရန် မြို့နယ် လ.ဝ.ကရုံးက သန်းခေါင်စာရင်းစစ်ဆေးမှုအဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ခရမ်းမြို့တွင် သန်းခေါင်စာရင်းများ လိုက်လံကောက်ခံမည်ဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်အရ သိရသည်။

#KhayanChannel
#KhayanMedia

Khayan Channel

25 Sep, 02:00


ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ရဲလင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ကျဆုံး

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော်ရဲလင်း(ခ)စပ်ဖြဲသည် စစ်အာဏာရှင်တော်လှန်ရေးတာဝန်များထမ်းဆောင်နေရင်း စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း PDF Khayan က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၃ ရက်နေ့ကလည်း KNU ထိန်းချုပ်နယ်မြေအတွင်းသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြရာ PDF Khayan တပ်ဖွဲ့ဝင် (၃) ဦးသည် တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသည်။

ဓာတ်ပုံ - PDF Khayan

#KhayanChannel
#KhayanMedia

Khayan Channel

24 Sep, 09:21


သုံးခွတွင် စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

သုံးခွမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူရာတွင် စစ်သင်တန်း လိုက်မည်ဟု မိမိသဘောဆန္ဒအရ နာမည်စာရင်းပေး၍ စစ်ကောင်စီထံမှ သိန်း ၈၀ ရယူကာ လာခေါ်ချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။

ယခုစက်တင်ဘာလအတွင်း စစ်ကောင်စီက စစ်မှု ထမ်းရန် သင်တန်းသားသစ်ခေါ်ယူရာ သုံးခွမြို့နယ်မှ ကျေးရွာသားတစ်ဦးသည် မိမိသဘောဆန္ဒဖြင့် နာမည်စာရင်းပေးပြီး ငွေကျပ် သိန်း ၈၀ ကိုရယူခဲ့ကြောင်း သိရသည်။

ထိုသို့ရယူပြီးနောက် တန်ကြေးအသင့်တင့်ရှိ ဆိုင်ကယ်ဝယ်စီး၍ ပိုသည့် ငွေများကိုယူကာ စစ်ကောင်စီက စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

"သိန်း ၃၀ တန် ဆိုင်ကယ်ကိုဝယ်တယ်၊ အုပ်ကြီးတွေက ရပ်ရွာထဲကနေ လိုက်ကောက်ပေးထားတာ သိန်း ၁၀၀ လောက်ရတယ်။ သိန်း ၈၀ ကို အဲဒီကောင်ကယူပြီး အရက် အကောင်းစားတွေဘာတွေ ဝိုင်းဖွဲ့သောက် သွားသေးတယ်။ သူ့အမေကိုလည်း နည်းနည်းငွေပေးခဲ့တယ်ပြောတယ်။ စစ်မှုထမ်းဖို့ လာလည်းခေါ်ရော ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတယ်" ဟု သုံးခွ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီခန့် ရပ်ရွာအုပ်ချုပ်ရေးမှူးများက အဆိုပါ ထွက်ပြေးသွားသူကို စစ်မှုထမ်းရန် မဲပေါက်သည့် သူကိုယ်စား အစားထိုးစာရင်းသွင်းခဲ့ခြင်းဖြစ်ပြီး မဲပေါက်သူအချို့ နှင့် ရပ်ရွာထဲမှ ငွေကြေး လိုက်လံကောက်ယူကာ ၎င်းအား သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူခံရသူ လူငယ်အများစုသည် ရှေ့တန်းသို့ ပို့လွှတ် ခံရမည်စိုး၍ သိန်းရာဂဏန်းနီးပါးဖြင့် လူစားထိုးမည့်သူကို ရှာဖွေ ပေးရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးများကလည်း မဲနှိုက်ပြီး သင်တန်းသားသစ် ခေါ်ယူရာတွင် လူစုလူဝေး ပြုလုပ်ရသည့်အတွက် ၎င်းတို့အသက်အန္တရာယ်ကို ထိခိုက်မည်စိုးရိမ်သောကြောင့် မိမိသဘောဆန္ဒအရ စစ် မှူထမ်းစာရင်းပေးသူများကို အထူးလိုလားကာ ရပ်ရွာထဲမှ ငွေကြေးကောက်ခံ၍ လူစားထိုးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

သုံးခွမြို့နယ်မှ ထွက်ပြေးသွားသည့် အမျိုးသားသည် ရပ်ရွာအတွင်း အလုပ်အကိုင်မရှိဘဲ မူးယစ် သောက်စားနေကာ ယခုစစ်မှုထမ်းဥပဒေဖြင့် မဲနှိုက်ရန်အကြောင်းကြားလာချိန်တွင် တာဝန်ထမ်း ဆောင်မည်ဟု စာရင်းပေး၍ ငွေများလိမ်လည်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

(ဧရာဝတီတိုင်းမ်မှ ကောက်နုတ်တင်ပြထားသည်။)

#KhayanChannel
#KhayanMedia

Khayan Channel

24 Sep, 04:45


ခရမ်းတွင် စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရသူတွေထဲက ကျဆုံးသွားသူတွေကို စစ်ကောင်စီက ထောက်ပံ့ကြေးပေး

◽️ အဆိုပါထောက်ပံ့ကြေးကို ပြည်သူတွေဆီက တောင်းခံ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ခရမ်းမြို့နယ်တွင် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ရှေ့တန်းမှာကျဆုံးသွားသူတွေကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးကြောင်း သိရပါတယ်။

အဆိုပါပေးအပ်မယ့်ထောက်ပံ့ကြေးကိုလည်း ၎င်းတို့ကပေးမှာမဟုတ်ဘဲ ပြည်သူတွေဆီက တောင်းခံပြီးပေးမှာဖြစ်တယ်လို့ သိရပါတယ်။

"ခရမ်းက စစ်မှုထမ်းပါသွားပြီး ကျသွားသူတွေကို သူတို့က ထောက်ပံ့ကြေးပေးမယ်ပြောတယ်၊ အဲ့ဒီထောက်ပံ့ကြေးကိုလည်း ပြည်သူတွေဆီက ကောက်မယ်လို့သိရတယ်၊ တစ်အိမ်ထောင် နှစ်သောင်း၊ တစ်သောင်းပေးရတယ်'' ဟု ပြည်သူတစ်ဦးက ပြောပါတယ်။

ခရမ်းမြို့မှာ စစ်မှုထမ်းဖို့ ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့ကြပြီး စစ်ကောင်စီဘက်က ကျဆုံးပြီးအတော်အတန်ကြာမှာ မိသားစုဝင်တွေဆီကို အသိပေးခဲ့ကြတာဖြစ်ပါတယ်။

ခရမ်းမြို့နယ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားသူတွေကို သန်လျင်ရေတပ်စခန်းကိုပို့ခဲ့ကြပြီး စစ်သင်တန်းတစ်လပေးကာ ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်နေကြတယ်လို့ သိရပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

23 Sep, 02:31


Breaking: ခရမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ကြည်းတပ်သားအများအပြား တပ်လျှော့ခံရ၊ ရဲနဲ့ရေတပ်သားများသာကျန်ရှိတော့

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့(ကြည်း)တပ်သားအများအပြား ယနေ့မနက်အစောပိုင်းမှာ တပ်လျှော့ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်သားတွေကို စစ်ကားကြီးတွေနဲ့ခေါ်ဆောင်သွားကြပြီး ဘယ်ကိုခေါ်ဆောင်သွားကြသလဲဆိုတာ မသိရှိရပါဘူး။

စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့သတင်းတွေအရ ခရမ်းမြို့မှာ တပ်လျှော့ချလိုက်တာဖြစ်ပြီး ရှေ့တန်းမှာ အင်အားလိုလို့ ရုတ်တရက်ခေါ်ဆောင်သွားကြတာလို့သိရပါတယ်။ ခရမ်းမြို့နယ်မှာ ယခင်က ကြည်းတပ်သား ၁၅၀ ခန့်ရှိပြီး လက်ရှိမှာ ၃ ပုံ ၂ ပုံကျော်လောက်က တပ်လျှော့ခံလိုက်ရတာလို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ခရမ်းမြို့နယ်မှာ ရဲနဲ့ရေတပ်သားများသာကျန်ရှိတော့ပြီး ရဲတပ်သား ၅၀ ကျော်၊ ရေတပ်သား ၄၀ ခန့်နဲ့ ကြည်းတပ်သား ၃၀ ခန့်လောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ခရမ်းရဲစခန်းရှေ့ (ပုံအဟောင်း)။

#KhayanChannel
#KhayanMedia

Khayan Channel

21 Sep, 01:57


ခရမ်းမြို့က ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ပါသွားသူတွေထဲက ၃ ဦး ရှေ့တန်းစစ်မြေပြင်မှာကျဆုံး၊ တစ်ဦးမှာ ကမာမတ်ကဖြစ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ခရမ်းမြို့နယ်က ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားစစ်မှု့ထမ်းအပတ်စဥ် (၁) ပါသွားသူတွေထဲက ၃ ဦးဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်တို့မှာ ကျဆုံးသွားကြတယ်လို့ သိရပါတယ်။

"ပထမဆုံးစစ်မှု့ထမ်းအပတ်စဥ်-၁ ပါသွားသူတွေက ၃ ဦးကျသွားတာ၊ ရခိုင်နဲ့ရှမ်းမြောက်တို့ဘက်မှာကျသွားတာ၊ ကျသွားတာကနည်းနည်းကြာပြီ ခရမ်းကဗိုလ်ကြီးက လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ မိသားစုဝင်တွေကိုအကြောင်းကြားတာ'' ဟု တပ်တွင်းသတင်းရင်းမြစ်အရ သိရပါတယ်။

အဆိုပါကျဆုံးသူတွေထဲက တစ်ဦးကတော့ ခရမ်းမြို့ ကမာမတ်ကျေးရွာကဖြစ်ပြီး အသက် ၁၉ နှစ်ကျော်သာရှိသေးကာ မိမိသဘောဆန္ဒအလျှောက် စစ်မှု့ထမ်းဖို့ လိုက်သွားခဲ့တာဖြစ်တယ်လို့သိရပြီး စစ်သင်တန်းတတ်ပြီးတစ်လအကြာ ယခုလို တိုက်ပွဲအတွင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကျန်နှစ်ဦးရဲ့ နေရပ်လိပ်စာအတိအကျကိုတော့ မသိရှိရသေးပါဘူး။

ခရမ်းမြို့နယ်မှာ စစ်မှု့ထမ်းဖို့ အပတ်စဥ် (၁)ကနေ အပတ်စဥ် (၃) အထိ ခေါ်ဆောင်ခံခဲ့ရသူ (၁၅၀) ကျော်ရှိနေပြီး အဲ့ဒီအထဲက တစ်ချို့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေမှာ ကျဆုံးမှုတွေရှိနေတယ်လို့ သတင်းရရှိထားပါတယ်။

ဓာတ်ပုံ - ကမာမတ်ကျေးရွာတွင် စစ်မှု့ထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခြင်းခံခဲ့ရသူ၏ နာရေးဖိတ်စာ။

#KhayanChannel
#KhayanMedia

Khayan Channel

15 Sep, 05:43


ခရမ်းမြို့က ရာအိမ်မှူးနဲ့အုပ်ချုပ်ရေးမှူးတချို့ စစ်သင်တန်းသွားတတ်ရ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတချို့ ယနေ့စစ်သင်တန်းတတ်ရောက်ဖို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။

ယနေ့စက်တင်ဘာလ ၁၅ ရက်နေ့မှာ ခရမ်းမြို့က ရပ်ကွက်အသီးသီးနဲ့ကျေးရွာတစ်ချို့က စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတချို့တို့ကို စစ်သင်တန်းတစ်လတတ်ရောက်ဖို့ စစ်တပ်က ခေါ်ဆောင်သွားခဲ့ကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လတွေက ခရမ်းမြို့နယ်မှာ စစ်မှု့ထမ်းဖို့ လူငယ်တွေကိုလစဥ်ခေါ်ဆောင်နေလျက်ရှိပြီး တစ်လကို လူငယ် ၁၀ ဦးအထိခေါ်ယူကာ ယနေ့အချိန်အထိ ခရမ်းမြို့မှာ စစ်မှု့ထမ်းဖို့ခေါ်ဆောင်ခံခဲ့ရသူ ၅၀ ကျော်ရှိနေတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

14 Sep, 06:51


ခရမ်းမြို့ပေါ်ရပ်ကွက်များတွင် လူ ၅ ဦးကနေ ၈ ဦးအထိ ကင်းစောင့်ခိုင်း၊ ကင်းမစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ အုပ်ကြီးတွေပြော

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်အများစုမှာ တစ်ရပ်ကွက်လျှင် လူ ၅ ဦးကနေ ၈ ဦးအထိ ရပ်ကွက်ကင်းများစောင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက အသက်အရွယ်မရွေး ကင်းစောင့်ခိုင်းနေကြပြီး ကင်းမစောင့်ချင်ပါက ပိုက်ဆံပေးရမယ်လို့ပြောဆိုကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်က(စက်တင်ဘာလ ၁၀ ရက်နေ့)ကတည်းကစတင်ပြီး ခရမ်းမြို့ပေါ်ရပ်ကွက်တွေမှာ အဆိုပါကင်းစောင့်ရမယ့်ကိစ္စကို စကစခန့်အုပ်ချုပ်ရေးမှူးတွေက တစ်ပြိုင်တည်းလုပ်ဆောင်လာကြတာဖြစ်ပါတယ်။

တစ်ချို့ရပ်ကွက်တွေမှာ ကင်းတဲများပြုလုပ်ထားကြပြီး စကစခန့်အုပ်ချုပ်ရေးမှူးတွေက ကင်းတဲတွေကို စစ်ကောင်စီတပ်ရဲ့ ဘန်ကာ၊ စောင့်ကြည့်ကင်းတဲပုံစံမျိုး သဲအိတ်တွေနဲ့ ဆောက်လုပ်ထားကြောင်း သိရပါတယ်။

" တစ်ရပ်ကွက်ကို ၅ ယောက် ၈ ယောက်အဖွဲ့ဖွဲ့ပြီး တစ်ညကိုတစ်ဖွဲ့စောင့်ခိုင်းတယ်၊ မစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ပြောတယ်၊ ကင်းမစောင့်ရရင် တစ်ဦးကိုတစ်သောင်းနှုန်းကောက်တယ်။ ကင်းတဲတွေကိုလည်း စစ်တပ်ကင်းတဲပုံစံမျိုးဆောက်ထားတယ် သဲအိတ်အထပ်ထပ်နဲ့ဆောက်ထားတာ၊ ကင်းစောင့်ခိုင်းတဲ့သူတွေကို စစ်တပ်စောင့်နေတဲ့ပုံစံလုပ်ထားတာ'' ဟု ခရမ်းမြို့ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ခရမ်းမြို့ကျေးရွာတွေမှာရော ဘယ်လိုအခြေအနေရှိနေပါသလဲ၊ တခြားသော အကြောင်းအရာတွေ ထူးခြားမှုရှိနေပါသလဲ ခရမ်းချန်နယ် ဖေ့ဘုတ်စ်မက်ဆင်ဂျာကနေတဆင့် ပေးပို့နိုင်ပါတယ်။

ဓာတ်ပုံ - စစ်တပ်ကင်းဂိတ်(ခရမ်းမြို့)။

#KhayanChannel
#KhayanMedia

Khayan Channel

17 Aug, 11:23


ငါးပါးမှောက်ခြင်း
____

ဒုက္ခတရားတွေ ရှု့မှတ်ပြီး
ဒီလူတွေမှာ မမြဲခြင်းတွေသာ ကျောထောက်နောက်ခံရှိရဲ့၊

နိုင်ငံဟာ
ဟောင်းနွမ်းခါစ ပိတ်စ​ကလေးနဲ့
လူငယ်တွေ အနာဂတ်ကို ချုပ်တယ်
အပ်ချည်မှ...
သွေးစိမ်းရှင်ရှင်များပြေးထွက်လို့
ချုပ်ရိုးများဟာ မလှမပ၊

သေနတ်နဲ့ဗုံးသံကို နှိုးစက်အဖြစ်ထားတယ်
စစ်ပွဲအတွင်း ဖက်ကြမ်းရှိသမျှဖွာတယ်
ကျည်ဆံများ...
ခေါင်းပေါ်ဖြတ်တယ်
ပစ္စုပ္ပန်ပေါ် ဖြတ်တယ်
အနာဂတ်ပေါ် ဖြတ်တယ်
အရွယ်သုံးပါးလုံးမှာ...
ပါဏာတိပါတာ ကို
နူတ်နဲ့ကျိန်ပြီး အလုပ်နဲ့လိမ်ရတယ်၊

ကမ္ဘာ မပြိုခင်
ဘဝတွေ ပြိုကျ
အနာပေါ်အနာနဲ့ ဖိသတ်ခံရ
တို့တိုင်း တို့ပြည်ကြီးမှာပဲ
တို့တတွေမှောက်တာ ငါးပါး မက။

ကိန်း ခရမ်း

#KhayanChannel
#KhayanMedia