Myat Tun Oo

@myattoo


Political Commentator and supporter of NLD

Myat Tun Oo

10 Aug, 22:01


မန္တလေး ရွှေတွင်းမှပြောသော ပြည်တွင်းအား

မအလခန့် မန်းဝန်ကြီးချုပ် ဦးမောင်ကိုကို အမေရိကန်နဲ့ အနောက်အုပ်စုက စီးပွါးရေးပိတ်၊ ဗီဇာပိတ်တာကို ဦးမောင်ကိုက သတင်းထဲပါလို့သာ သိခဲ့ပြီး ခွေးဟောင်သံလောက်တောင် မောင်ကိုက ထမကြည့်ခဲ့ပါ။ စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါပေါ့။ သူ့ရွှေက အမေးိကန်မသွားလို့ အေးဆေးဖြစ်ခဲ့ပါတယ်။ သတသ်းအနေနဲ့ နားထောင်လို့ ကောင်းခဲ့ပါတယ်။
ဒါပေမယ့် မန္တလေး PDF က သူ့ရွှေတွင်းသိမ်းအပြီးမှာ လပခတိုင်းမှူးထံဖုန်းဆက်ပြီး ပြန်သိမ်းခိုင်းတာ၊ မအရဲ့ PSO ထံ ဖုန်းခေါ်ပြီး ကူခိုင်း ကယ်ခိုင်းတာ၊ ဘောမမီဒီယာတွေကို ပိုက်ဆံပေးပြီး ပြန်တိုက်ခိုင်းဖို့ လော်ခိုင်းတာတွေနဲ့ အလုပ်ရှုတ်သွားခဲ့ပါတယ်။ အိပ်မပျော်မှာက သေချာပါတယ်။
ဒါကဘာကိုပြသလဲဆိုတော့ ပြည်တွင်းအားက ပြည်တွင်းမှာသာရှိတယ်ဆိုတာပါ။ ပြည်သူက NUG အောက်က PDF ကို မှန်မှန်လေး ဆက်ထောက်ပံ့ပေးပါ။ ကျည်ဆန်က မိုးပေါ်ကကျလာတာမဟုတ်တာသိရင် ရပါပြီ။

https://www.myattunoo.com/post/မန-တလ-ရ-တ-င-မ-ပ-သ-ပ-ည-တ-င-အ

Myat Tun Oo

10 Aug, 00:25


In early 2023, the junta started losing some of their bases but nothing changed the map. After October 2023, everything has changed. Everyone in the junta’s army started worrying about their safety and the safety of their family members. The fall of the Northeastern command in Lashio showed that there is no-will to fight inside the army. If you study all of the battles from October 2023, the army simply didn’t fight and gave up too easily. Why? The final straw is that their commander-in-chief decided to take the position of President, and they know that there will be no end insight to the fighting because of that. He puts his officers behind the eight ball. They know people hate him and they have to fight the whole country. In addition, the junta’s propaganda war backfires. In order to raise the nationalist sentiment, the junta tried to paint the operation by three brotherhood alliance as foreign invasion from China. As a result, the junta troops simply think that China fire power is far too superior to them, and they decided not to fight. They are opportunist far and foremost and they are not prepared to give up their lives for him. There are few fighters who really fought back but most simply gave up and run away.
You may ask me why they are not surrendering on masse? As I mentioned before, these officers are in better position than when they were graduated, and they don’t want to give up their position and wealth very easily. On the other hand, they know that they are losing, and they will surrender when they meet the formidable fire power. That is why you will see why the junta’s army is giving too much resistance in Arakan, Sagaing, Kachin, Karen and Kayah (Karenni) states where they think they can win.
In conclusion, the morale among high-ranking officers inside the junta’s army is rock bottom but they will only surrender easily when we have overwhelming fire power. If your firepower is small, they will give you a good fight. They are opportunist and they know when to surrender. However, they are opportunist from day one, and they won’t easily surrender when they see there is still an opportunity to make money. This is the same for their boss Senior General Min Aung Hlaing. He knows well that he is losing ground, but he will only surrender when you show him the fire power. The firepower is the only language  he and his officers understand.
https://www.myattunoo.com/post/understanding-the-morale-of-high-ranking-myanmar-army-officers

Myat Tun Oo

10 Aug, 00:25


Understanding the morale of High-ranking Myanmar army officers
Myanmar army officers who are serving as colonels graduated after 1992. They enlisted in the army after the coup in 1988. If I am being honest, most young graduates who enlisted to attend the military academy which is the equivalent to West Point in Myanmar  are opportunists. They enlisted because they can become a director general in civilian departments without waiting too long to become an officer. For example, it took more than twenty years for an officer in an immigration department which is equivalent to UK border agency or the homeland security department in US to become a director general. However, a military officer can become a director general in this department when they become either major or a colonel depends on their connections.
If you study a current spoke person for the junta, Major-General Zaw Min Tun or ex-presidential spoke person under Daw Aung San Suu Kyi, Major Zaw Htay, they are from the countryside with nothing and enlisted in the military and become a director general with reasonable social status. Although they are not billionaires now, their current status is a lot better than where they come from. When the civilian government was in power, they missed their oppurtinity because the civilian government banned the transfer of high ranking military personnel from the military to the civilian departments. In addition, the military spending was under strict scrutiny although it was not under the total civilian control. Therefore, they all missed their opportunities, and they did what they can to undermine the civilian government under Daw Aung San Suu Kyi. The biggest of all is the Rohingya crisis where the junta and its allies in Arakan National Party, the nationalist monks and former military officers in various civilian departments collaborated to undermine the moral authority of Daw Aung San Suu Kyi. Some of the army officers and cronies funded major news paper like Eleven News, Peoples Journal, Popular journal and Akonthi which is now NP news. They waged the propaganda war against the civilian government. At the same time, the civilian government was under intense criticism from the liberals and NGOs under the influence of the West.
Nearly 90% of military personnel and ex-military personnel celebrated the coup initially. The military had anticipated the demonstrations and had plans to crack down and over played their hands. However, people didn’t give up and took up arms to resist the coup. No one thought they will be successful and that it will be all over in few months.
However, the writing is on the wall. The military failed to squash any rebellion in the countryside where a majority of Burmese people live. Their weapons are very rudimentary at the time compared to what the army has. The report to the junta was that we have done clearance operations and all was fine. On the ground, they are losing their control. It is similar to what happened to the US in Vietnam and Afghanistan. The junta army posts are surrounded, and they need proper security to go out of their own camp. It is similar to the scene from the movie ‘The Covenant’ but happening in Sagaing and most part of Burma.
In the junta army is like the medieval era army. The general is not only the powerful person, but his wife can give orders to the lower ranking officers’ wife and their children. It is like absolute monarchy. In addition, they are in the caste system and higher caste belongs to one group and lower caste has to obey the orders whatever it may be. The junta’s army is based on the doctrine of fascist army in 1945 but never actually changed since then where the world around them has changed beyond recognition. The junta’s army is in the under-siege mentality since the coup. After the coup, only soldiers, privates and captains have defected to the National Unity Government. There are few majors but less than ten. Some will ask whether they can get asylum in Australia before they even consider for any defection.

Myat Tun Oo

09 Aug, 15:21


တရုတ်ကိစ္စဘာ ထူးမလဲ?
မအလဟာ တရုတ်ကိုယ်စားလှယ်နဲ့ DASSK ကို ပေးတွေ့ရပါမယ်။ ယခုအထိ ပေးမတွေ့သေးပါ။ ရာပြည့် DASSK နဲ့ တွေ့တာက တရုတ်ကို ဟန်အနေနဲ့သာ အသံထုတ်တာပါ။ အစ်မကြီးနေကောင်းလား၊ ဘာလိုလဲ ပြီးရင် PDF ကို လက်နက်ချဖို့သာ ပြောခိုင်းတာပါ။ ဟိုကလဲ သူ့ရပ်တည်ချက်အတိုင်း မပြောပါဘူး။ သူမက သတင်းစာဖတ်ရင်း မဲလုံးပြောတာနဲ့ မအလမိန့်ခွန်းကိုဖတ်ရင် တိုင်းပြည်ဘာဖြစ်နေလဲဆိုတော ပြောင်းပြန်ကောက်ရင် ရပါပြီ။ သူမ ဒီလောက်မညံ့ပါ။
တရုတ်က မအလကို လုပ်ခိုင်းတာက အမေရိကန်ပြောတဲ့ ဒီမိုတွေတောင်းတဲ့ ဖယ်ဒရယ်စနစ်မဟုတ်ဘဲ လက်ရှိ ၂၀၀၈ ထဲကနေ လူတွေလက်ခံတဲ့ ကြားဖြတ်အစိုးရကနေ ၂၀၀၈ အတိုင်း ရွေးကောက်ပွဲလုပ်ပေးရပါမယ်။ ထိုအတွက် မအလဟာ DASSK၊ လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်၊ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးရပါမယ်။ မအလက တပ်ချုပ်နေရာကနေ ဆင်းပေးရပါမယ်။ မအလက ဆင်းပေးမယ်လို့ သင်တို့ထင်ပါသလား?
မအလမဆင်းပေးရင် ဘာဖြစ်မလဲ? မဆင်းပေးရင် ဆက်တိုက်တာခံရပါမယ်၊ ဘာဆက်ဖြစ်မလဲက စောင့်ကြည့်ရမှာပါ။ မြန်မာ့အရေးက ပါးစပ်နဲ့စိုးရိမ်ကြောင်းပြောတာထက် လက်နက်နဲ့ဖိအားပေးမှ အာရှစံနဲ့ အဆင်ပြေပါတယ်။
မူဆယ်က မအလသိက္ခာအတွက် အရေးကြီးနေပါပြီ။ မအလက ပြန်သိမ်းမယ်လို့ ကြွေးကြော်အပြီးမှာ မူဆယ်ကျခဲ့ရင် မအလနဲ့ ဝီဝီတို့အဖွဲ့တွေ၊ ဘောမအုပ်စုတွေ ထိပ်တိုက်တွေ့မှာပါ။ မအလအတွက် ထိုအချိန်မှာ အပြင်ရန်ထက် အတွင်းရန်က တအားကြီးသွားမှာပါ။
စာရေးသူရေးခဲ့သလို လားရှိုးအပြီး မြစ်ကြီးနား၊ အမ်းတိုင်းစစ်ဌာနချုပ်တွေရဲ့ ကျဆုံးခြင်းက မအလအတွက် အဖြေဖြစ်နိုင်သလို မန္တလေး (သို့) တောင်ကြီးကျခဲ့ရင်လဲ မအလဟာ ပါတော်မူ(သို့) မုန့်ဟင်းခါးဖြစ်ဖို့ သေချာပါတယ်။
မေမြို့မိုးက ရွာမလို မရွာမလိုဖြစ်နေတာကလဲ သူပြန်သွားရင် ရွာ မရွာ သိမှာပါ။ အငိုမျက်လုံး အပြုံးမျက်နှာနဲ့အဘကိုပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပါစို့။ပြည်သူက NUG PDF ကိုသာ ဆက်ကူပါ။ သူတို့က ဖယ်ဒရယ်ဒိမိုကရေစီကို အာမခံနိုင်ပါ။

https://www.myattunoo.com/post/တရ-တ-က-စ-စဘ-ထ-မလ

Myat Tun Oo

07 Aug, 01:51


ထိုအတူပါပဲ မြောက်ကိုရီးယားမှာလဲ ဖက်ထီးက ကွန်မြူနစ်ပါတီရဲ့လူကြီးပါ။ သူက သူ့စစ်ဦးစီးချုပ်ကို ခန့်တာ ဖြုတ်တာတွေ လုပ်ပါတယ်။ ကွန်မြူနစ်သဘောအရ ဖက်တီးကင်က စစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌပါ။
ထိုအတူပါပဲ တရုတ်မှာလည်း လက်ရှိသမ္မတရှီက စစ်ကော်မရှင်ရဲ့ ဥက္ကဌပါ။ ဒုဥက္ကဋ္ဌက ကာကွယ်ရေးဝန်ကြီးပါ။ စစ်ဦးစီးအရာရှိက သူတို့အောက်မှာပါ။ သူကလဲ သူတက်အပြီး စစ်တပ်ကလူများကို လာဘ်စားမှုနဲ့ဖြုတ်ခဲ့ပြီး သူ့ကာဝန်ကိုလဲ ပြန်ဖြုတ်ခဲ့ပါတယ်။
မအလတပ်ထဲမှာက မအလက မိမိကိုယ်ကို သမ္မတကြေညာချိန်မှာ စိတ်ဓာတ်က အဝီစိကို ထိုးကျသွားကြပါပြီ။ ဘယ်သူမှ တိုက်ချင်ခိုက်ချင်စိတ်မရှိတော့ပါ။ ကျော်မျိုးမင်းတို့၊ ကျော်စိုးဦးတို့၊ အောင်မင်းတို့၊ သဇင်ဦးတို့က ပြည်သူမဟုတ်ပါ။

မိန့်ခွန်း
အကယ်၍ မအလကသာ ပြည်သူတင်မြှောက်သူဆိုရင် ယူကရိန်းသမ္မတလို မိန့်ခွန်းပြောပြီး ပြည်သူကလဲ ဝန်းရံမှာပါ။ အမေရိကန်နဲ့ အနောက်အုပ်စုကလဲ ယူကရိန်းလို ကူညီမှာပါ။ ယခုတော့ သူပြောတာက ပြည်သူအတွက် ဘာမှမထူးဘဲ သူ့ကိုသာ ဒေါသပိုဖြစ်ာလူမုန်းများစေပြီး တပ်ထဲမှာလဲ စိတ်ဓာတ်ပိုကျစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ခြေမှုန်းမယ်သာ ပြောနေလို့ပါ။

အပေါ်ကရေးခဲ့တာတွေက ဘာကြောင့်စစ်ရှုံးရလဲဆိုတာကို မြင်သာအောင် ရေးပြတာပါ။ အဓိကကတော့ ပြည်သူမပါလို့ ပြည်သူ့ထံက အဓမ္မ အာဏာသိမ်းလို့ စစ်ရှုံးတာပါ။ ပြည်သူသာအဓိကပါ။

https://www.myattunoo.com/post/ရမခမ-မအလဘ-က-င-စစ-ရ-သလ

Myat Tun Oo

07 Aug, 01:51


ရမခမှာ မအလဘာကြောင့်စစ်ရှုံးသလဲ

ဒီနေရာမှာ စစ်ရှုံးခြင်းရဲ့ အဓိက အခြေခံက နိုင်ငံရေးပါ။ မအာလာဟာ ပြည်သူ့အစိုးရကို ဖြုတ်ချခဲ့လို့ ဆန္ဒပြပွဲတွေကနေ PDF ပေါ်လာခဲ့တာပါ။ ဒါက လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေခဲ့ပါတယ်။ ယခုရေးရာမှာ နိုင်ငံရေးကိုရှောင်ပြီး စစ်သားအနေနဲ့သာလျှင် အဓိကရေးသွားမှာပါ။ တစ်ရာရာခိုင်နှုန်းတော့ နိုင်ငံရေးကို ရှောင်ရေးလို့မရပါ။ ရှောင်နိုင်သမျှ ရှောင်ရေးပါမယ်။
ပထမဦးဆုံး စစ်မှာ အလစ်အငိုက်အတိုက်ခံရလို့ စစ်ရှုံးတာ ရှိတတ်ပါတယ်။ ဒါပေမဲ့ လောက်ကိုင်ကသာ အလစ်အငိုက် ခံခဲ့ရတာပါ။ လားရှိုးဟာ လာတိုက်ခံရမယ်ဆိုတာ လူတိုင်းသိနေတဲ့အရာပါ။ မအလကလည်း ဒါအတွက်ကို ပြင်ဆင်ခဲ့ပါတယ်။

စစ်ဆင်ရေးအထူးအဖွဲ့မှူးခန့်အပ်မှု
မအလဟာ လောက်ကိုင်စစ်ရှုံးရာမှာတာဝန်ရှိသူတွေထဲကလည်းတစ်ယောက်ဖြစ်တဲ့ ရမခတိုင်းမှူးနိုင်နိုင်ဦးကိုအထူးအဖွဲ့မှူး ပေးလိုက်တာက အဘအကွက်လှသလို ဘယ်သူမှ နားမလည်နိုင်ခဲ့ပါ။ အခုအချိန်မှာ ဒါက အကွက်လှတာမဟုတ်ဘဲ ကိုယ့်သေသွင်းကိုယ် တူးခဲ့တယ်ဆိုတာ လူတိုင်းလက်ခံမှာပါ။။ ဘယ်သူကများ စစ်ရှုံးသူတိုင်းမှူးကို နေဝင်းလက်ထက် ဘရွှေလက်ထက်မှာ ရာထူးတိုးပေးမှာပါလဲ။

မဟာဗျူဟာအမှား
မအလကို ဝ နယ်မြေကနေ ကိုးကန့်၊ TNLA နဲ့ AA ကို လက်နက်တွေထောက်ပံ့နေကြောင်း ရိက္ခာတွေထောက်ပံ့နေကြောင်း စရဖ ထောက်လှမ်းရေးနဲ့ အမေရိကန်က ပြောထားပြီးသားပါ။ စရဖကိုမယုံရင်တောင်မှ အမေရိကန်က အသေအချာ သတင်းပေးပြီးသားပါ။ အမေရိကန်က ဝကို တရုတ်က ဘယ်လိုကူညီတယ်ကအစ မအလကို ပြောပေးတာပါ။ သူ့မှာ ဒီသတင်းအချက်အလက်တွေ အကုန်ရှိခဲ့ပါတယ်။ မအလကိုလည်း ကြည်း၊ ရေ၊ လေ ညှိကွပ် မောင်မောင်အေး၊ ဒုချုပ်စိုးဝင်း၊ ရာပြည့်၊ မြထွန်းဦးတို့လို အကြီးပိုင်းတွေက စစ်ကို စစ်နဲ့တူအောင်တိုက်လိုရင် ဝဒေသက လက်နက်စက်ရုံတွေကို ဝအထွက်တံတာ’တွေကို ဖြတ်တောက်ဗုံးကြဲ ဖျက်ဆီးဖို့ တင်ပြခဲ့ကြပါတယ်။ ဒါကို မအလက ပယ်ချခဲ့ပါတယ်။
မအလဟာ သူယုံကြည်ရသူကို ဝထံလွှတ်ပြီး နယ်အချို့ကို အလျှော်အစားလုပ်ပြီး ကိုးကန့်ကို ဟန့်တားဖို့ ရှမ်းမြောက်က sspp ကို မြို့အချို့ပေးပြီးတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင်သာ အားစိုက်ခဲ့ပါတယ်။ ဒါတွေဟာ ယခုအချိန်မှာ မဟာဗျူဟာအမှားဆိုတာ အားလုံးသိမှာပါ။ မအလဟာ လောက်ကိုင်စစ်ပွဲမှာလည်း ထိုအချိန်က ဝကိုတိုက်ရန် တင်ပြမှုကို ပယ်ချခဲ့ပါတယ်။ အဆိုပါ မဟာဗျူဟာအမှားအတွက် မအလာမှာသာ တာဝန်ရှိပါတယ်။

နည်းဗျူဟာအမှားများ
ရန်သူဟာ ခံစစ်ကုန်းကိုလာတိုက်ရင် ဗျူဟာအရ စစ်ကူလိုက် ပြန်တိုက်ရတာဟာ စစ်ရဲ့အခြေခံပါ။ ဒါပေမဲ့ လားရှိုးက ခံစစ်ကုန်းတွေကို လာတိုက်ချိန်မှာ ဘာမှ အင်အားနဲ့ တန်ပြန်တိုက်နိုင်ခြင်း မရှိခဲ့ပါ။ စနစ်တကျ ပြင်ဆင်ထားတာလည်း မရှိခဲ့ပါ။ တပ်အားလုံးဟာလည်း စိတ်ဓာတ်ကျပြီး စစ်ပန်းနေကြပါပြီ။
အမှားဆုံကတော့ စစ်ဌာနချုပ်ထဲက တပ်ထိပ်ပိုင်း သုံးလေးယောက်ရဲ့ မိန်းမတွေလောက်ကိုသာ နေပြည်တော်ရွှေ့ခဲ့ပြီး အခြား အောက်ခြေအဆင့် တပ်မိသားစုဝင်တွေကို စစ်ဖြစ်ရာနေရာကနေ မရွှေ့ပေးဘဲ အသေခံတိုက်ခိုက်ခိုင်းခဲ့တာက သူတို့က တကယ်အသေခံတိုက်နိုင်ရင်တောင် သူတို့ရဲ့ လူမမယ် ကလေးငယ်တွေကိုပါ အသေခိုင်းခဲ့တာဟာ မအလရဲ့ ရက်စက်ယုတ်မာမှုကို ပြသခဲ့ပါတယ်။
ဒါဟာ ပထမလောက်ကိုင်မှာ အလစ်အငိုက် အမှားဆိုပြီး ဆင်ခြေပေးလို့ရပေမယ့် ရခိုင်မှာ ယခု လားရှိုးမှာအထိဖြစ်လာတာက မအလနဲ့ သူအောက်ခြေ တပ်မှူးတွေရဲ့ နည်းဗျူဟာအမှားဆိုတာ အင်မတန်မှ ထင်ရှားနေခဲ့ပါတယ်။

စစ်ကူပစ်ကူ
စစ်ဖြစ်ရင် စစ်ကူပေးရတာ သဘာဝပါ။ ဒါပေမဲ့ မိမိတပ်က စစ်ကူတက်မယ့်လမ်းကြောင်းဟာ လုံခြုံရပါတယ်။ ကိုးကန့်က တူမီးနဲ့တိုက်နေတာမဟုတ်ပါ။ ဒါကို စစ်ကားတန်းနဲ့ သွားပြီး စစ်ကူပို့ခိုင်းတဲ့ ရွှေဉာဏ်ကိုက ရွှေချထားဖို့ကောင်းပါတယ်။ ဒီစစ်ကားတန်းကို ဖြတ်မတိုင်ရင် ကိုးကန့်က ဘယ်သူ့ကို တိုက်ရမှာပါလဲ။ ကျောက်မဲကိုစစ်ကူပို့ရာမှာ ရှမ်းကနေကားဖြတ်လို့ရပေမယ့် ဝ ကတော့ လွယ်လွယ်နဲ့ ပေးမဖြတ်နိုင်တာ အစကတည်းက သိဖို့ကောင်းပါတယ်။

ဆက်သွယ်ရေး
ဆက်သွယ်မှုစနစ် ဖြတ်တောက်ခံရတာ ကျိုးပေါက်တာကလဲ မိမိတပ်ကို ယုံကြည်မှုမရှိလို့ တပ်ချုပ်ကို ယုံကြည်မှုမရှိလို့ ဖြစ်တာပါ။ နောက်ကိစ္စကတော့ တပ်ထဲမှာလဲ တရုတ်စက်၊ သူတို့ကလဲ တရုတ်စက်သုံးပါတယ်။ တရုတ်စက်မကြိုက်ရင် ရုရှားစက် ဝယ်သုံးပါ။

နောက်ဆုံးကတော့နိုင်ငံရေးပါ
ယခုစစ်ပွဲမှာ တာဝန်ရှိဆုံးက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ စစ်ဆင်ရေးအထူးအဖွဲ့မှူးကို သူကဖြုတ်လို့ရပေမယ့် သူ့ကို လက်ရှိဥပဒေအရ ဘယ်သူကမှ ဖြုတ်မရပါ။ ဒါကပဲ အခြားဒီမိုကရေစီပြောင်းတာမပြောင်းတာထား သူ့ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်ရှုံးနေသူကို ဖြုတ်ချလို့မရတာက ဖွဲ့စည်းပုံအားနည်းချက်ပါ။ သူက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာကို ထိုင်ကြည့်နေရတာပါ။

ဘောမတွေအားကျတဲ့ ရုရှားမှာ ပူတင်က နိုင်ငံရေးသမားပါ။ သူ့ရဲ့တပ် ယူကရိန်းမှာ အစပိုင်း စစ်ရှုံးချိန်မှာ သူကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးအရာရှိချုပ်တို့ကြောင့်လို့ သူသိချိန်မှာ အဆိုပါသူများကို ရာထူးကနေ ပူတင်က ဖယ်ရှားလိုက်ပါတယ်။ အစပိုင်း သူ့ကို ထိုသူတွေကြောင့် စစ်ရှုံးတယ်ပြောသူကို လုပ်ကြံခဲ့ပေမယ့် ထိုသူ့စကားကို နားထောင်ခဲ့ပါတယ်။

Myat Tun Oo

06 Aug, 13:54


မအလတပ်တွင်း ဒုဗိုလ်မှူးကြီးအထက် အရာရှိများ စိတ်ဓာတ်အခြေအနေ
မအလတပ်ရဲ့ ယခုအချိန်မှာ ဗိုလ်မှူးချုပ်အဆင့် ရာထူးရှိသူများဟာ ၁၉၉၄ နောက်ပိုင်းမှာမ တပ်ထဲဝင်လာသူများပါ။ သူတို့ဟာ နဝတ၊ နအဖကောင်းစားချိန် စစ်ထဲဝင်လာသူများပါ။ အချို့က စစ်တိုက်လိုလို့ဆိုပေမယ့် အများစုက အရပ်ဖက်ပြောင်း ညွှန်ချုပ်လုပ်လိုသူများပါ။ သူတို့ဟာ DASSK အစိုးရ အာဏာရလာချိန်မှာ သူတို့ရွှေထီးဆောင်းချိန်ကို ပြန်လွမ်းပြီး နည်းမျိုးစုံနဲ့ ကန့်လန့်တိုက်ခဲ့ကြပါတယ်။
အာဏာသိမ်းအပြီး တော်လှန်ရေးစချိန်မှာ ဘက်ပြောင်းခဲ့တာက အောက်ခြေ တပ်သား၊ တပ်ကြပ်အများစုဖြစ်ပြီး ဗိုလ်ကြီးနဲ့ ဗိုလ်မှူးက လက်ချိုးရေတွက်လို့ ရခဲ့ပါတယ်၊ အင်တာဗျူးတွေ နားထောင်ရင် တပ်သားလေးတွေစကားက ပြည်သူနဲ့ ပိုနီးစပ်တာတွေ့ရမှာပါ။ ဗိုလ်ကြီးရဲ့ အင်တာဗျူးကလဲ ဗိုလ်မှူးထက် ပြည်သူနဲ့ ပိုနီးစပ်ပါတယ်။
ထိုအချိန်အထိက ဒဏ်ရာရသူ၊ တိုက်ပွဲမှာသေသူ အများစုဟာ အောက်ခြေအဆင့်သာဖြစ်ခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့်က လက်ဆယ်ချောင်း မပြည့်ခဲ့ပါ။ ၂၀၂၃ အောက်တိုဘာနောက်ပိုင်းမှာတော့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေ တဖြေးဖြေးချင်း ကျလာချိန်၊ အဖမ်းခံရချိန်၊ သေလား ရှင်လားမသိိ ပျောက်ဆုံးချိန်မှာတော့ အဆိုပါ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေဟာ ငါတို့အလှည့် နီးလာပြီဆိုပြီး ရာထူးတိုးပေးရင်တောင် ရှေ့တန်းပို့ရင် ထွက်ပြေးဖို့ ပြင်လာနေကြပါပြီ။ သူတို့ဟာ အောက်ခြေလိုမဟုတ်ဘဲ အင်တာနက်သုံးနိုင်သူ၊ သုံးတတ်သူတွေပါ။ အချို့ကလဲ ယခုအချိန်မှာ ဘာတိုက်တိုက် သူတို့ရှုံးမယ်ဆိုတာ သိလာနေကြပါပြီ။ သူတို့ဟာ သူတို့လိုချင်တဲ့ အခွင့်အရေးမရတဲ့အပြင် အခမသင့်ရင် သေသွားနိုင်တယ်ဆိုတာကိုလဲ သူတို့သိနေကြပါပြီ။
အချို့ကလဲ ထွက်ပေါက်ပိတ်သလို ခံစားနေရပါပြီ။ မအလထံက အာဏာပြန်သိမ်းဖို့ ကြိုးစားရာမှာလဲ မအလရဲ့လုံခြုံရေးကို မကျော်နိုင်သေးပါ။
ယခင်က ငါတို့ဘက်ပြောင်းရင် ဩဇီပို့မှာလားဆိုပြီး အခွင့်ထူးခံ မေးခဲ့သူများဟာ ယခုအချိန်မှာ မသေရင် တော်ပါပြီ ဖြစ်လာနေကြပါပြီ။
ဒါဆိုရင် ဒီလူတွေက အစုလိုက်အပြုံလိုက် လက်နက်မချသေးတာလဲ? သူတို့စစ်ထဲစဝင်ကထဲက တိုင်းပြည်အတွက်ထက် စစ်တပ်ထဲမှာ အခွင့်အရေးပိုရမယ်ထင်ပြီးတောကနေ ဇော်မဲလုံးလို စစ်ထဲဝင်လာသူ အများစုပါ။ ဇော်မဲလုံးဘဝ၊ သေသွားတဲ့ ဇော်ဌေးဘဝကို ပြန်လေ့လာပါ။ သူတို့ဟာ အညာတောကနေ ဆယ်တန်းအောင်ပြီး လက်ဗလာကနေ ယခုလို ကောင်းစားလာတာပါ။ ထို့အတူ စစ်ဆေး၊ အင်ဂျင်နီယာတပ်ဘွဲ့ရသူများဟာလဲ သာမန် ဆယ်တန်းအမှတ်ထက်နည်းပြီး ဆရာဝန်ဖြစ်၊ အင်ဂျင်နီယာဖြစ်သူများပါ။ ဒါကြောင့် သူတို့လက်ရှိဘဝဟာ သူတို့လာခဲ့တဲ့ ဘဝထက် အများကြီး ကောင်းနေပါသေးတယ်။ ဒါပေမယ့် သေမှာကိုတော့ လူတိုင်း ကြောက်ကြပါတယ်။ ယခု ရခိုင်၊ ကချင်၊ ရှမ်းမြောက်မှာဖြစ်နေတာတွေက သူတို့ကို သွေးပျက်စေပါတယ်။
ဥပမာတစ်ခုက ယခုအချိန် ဗိုလ်မှူးကြီးဖြစ်နေသူတစ်ယောက် သူ့မိန်းမက ဆရာဝန် လင်ခိုးတာနဲ့ နေပြည်တော်မှာ စိန်ဝယ်၊ ဘာဝယ်နဲ့ သာယာနေသူပါ။ ယခင်က အမေစုမကောင်းကြောင်း ရေးသူ၊ ပြောသူပါ။ ယခုအချိန်မှာတော့ မအလမကောင်းကြောင်းပြောနေပြီး သူ့ယောင်္ကျားကိုလဲ ရှေ့တန်းထွက်ခိုင်းရင်၊ လာတိုက်ရင် လက်နက်ချဖို့ ပြောနေပါပြီ။ သူက အသေခံတိုက်ဖို့ မပြောတော့ပါ။ သူ့ယောင်္ကျားကလဲ နဂိုထဲက အချောင်သမားမိုလို့ အနေချောင်တဲ့နေရာ လိုက်ယူနေပေမယ့် တိုင်းပြည်တစ်ခုလုံးထိလာချိန်မှာ သူ့နေရာလဲ မထင်မှတ်ဘဲ တိုက်ပွဲက ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် သူတို့က မအလပြုတ်အောင် မကြံစည်သေးပါ။
စာရေးသူပြောခဲ့သလို မအလပြုတ်အောင်က ရခိုင် အနောက်ပိုင်းတိုင်းက အမ်း၊ မြောက်ပိုင်းတိုင်း ကချင်၊ အရှေ့မြောက်တိုင်း လားရှိုးတို့ ကျရပါမယ်။ သူတို့ဟာ သေခါနီးရင်တော့ ကြောက်ကြပါတယ်။ မန္တလေးကျရင်တော့ မအလဟာ အသေထွက်(သို့) ပါတော်မူမှာပါ။ ဒါပေမယ့် ဒါက ဖယ်ဒရယ် ဒီမိုကရေစီလားဆိုတာက PDF အားကောင်းတဲ့အပေါ်မှာသာ မူတည်ပါမယ်။
ပြည်သူက မိမိတိုက်စရာရှိတာဆက်တိုက် လုပ်စရာရှိတာ ဆက်လုပ်ပါ။ ဒီလ PRF လှူတာက ယခင်လထက် နည်းပါတယ်။ ဘာမှမလှူဘဲနဲ့ ကိုးကန့်လို တိုက်လိုလို့မရပါ။ AA လိုတိုက်လိုရင် ကိုးကန့်လို တိုက်လိုရင် လက်နက်ဝယ်ဖို့ ငွေလိုပါတယ်။ လက်နက်က မအလက လှူနေတယ်လို့ဆိုရင်တောင် နေထိုင်စားသောက်ဖို့ လိုပါသေးတယ်။ အဆင့်မြင့်ဆက်သွယ်ရေးစက်တွေအတွက် လိုပါသေးတယ်။ ဒါကြောင့် သူတို့ပြိုတာမြန်အောင် PRF ကတဆင့် NUG PDF ကို ဆက်ထောက်ပံ့ပါလို့သာ တိုက်တွန်းပါရစေ။

https://www.myattunoo.com/post/မအလတပ-တ-င-ဒ-ဗ-လ-မ-က-အထက-အရ-ရ-မ-စ-တ-ဓ-တ-အခ-အန

Myat Tun Oo

03 Aug, 11:08


ဒီမိုဆိုသူထဲက ယခင်ကမင်းသမီး ဂျပန်က ဟန်နီထွန်းဆိုသူက သူစောင့်ရှောက်ထားတဲ့ လူနာသေပြီ ဒါကြောင့် ဒါက MNDAA ကာသတ်တာဆိုပြီး လော်ပါတယ်။ သူက သူပြောတာမဟုတ်ကြောင့် အဆိုပါလူနှစ်ယောက် ရှင်နေတာကို ပြရမယ်ဆိုပြီး ပြောပါတယ်။ ဟန်နီထွန်းဟာ အခင်းဖြစ်နေရာမှာ ရှိမနေပါ။ သူမက သူစောင့်ရှောက်ထားသူပုံကို မတင်ပြထားပါ။ အဆိုပါလူက အမှန်တကယ်သေခဲ့ရင်တောင် MNDAA သတ်တယ်လို့ပြောဖို့ ဟန်နီထွန်းမှာ အထောက်အထားလိုပါတယ်။ သူမက သေသွားတာကို အထောက်အထားနဲ့ ပြရပါမယ်။ စစ်ဆေးဆရာဝန်တွေ၊စစ်သူနာပြုအချို့ဟာ လူနာတွေကို တစားခံလုပ်ပြီး MNDAA ကို ပြန်ပစ်ခဲ့ပါတယ်။ အဆိုပါနေရာကနေ လက်နက်ကြီး အထိုင်ချပါတယ်။ ဒရုံးပစ်စက်ရှိပါတယ်။ အဆိုပါ လက်နက်ကြီးနေရာကို မပစ်ရင် MNDAA က ကန်တော့ရုံသာရှိပါတယ်။ မအလက စစ်ဆေးရုံမှာ လက်နက်ကြီးအထိုင်ချရင် anti drone ချရင် ပစ်ခတ်ရှင်းလင်းရမှာပါ။ အဆိုပါစစ်ဆေးရုံမှာ တက်နေသူက မတော်တဆထိပြီးသေတာ ရှိနိုင်ပါတယ်။ အမေရိကန်တပ်တောင် အရပ်သားသေပါတယ်။ ဒီနေရာမှာ မအလတပ်လို အကြမ်းဖက်သမား ဘင်လာဒင်တို့လို အရပ်သားပြည်သူကို အများကြီးသေစေလိုတဲ့ ဆန္ဒနဲ့ ပစ်ခတ်တာ မဟုတ်ပါ။ MNDAA က မအလတပ်ရဲ့ တရားဝင် စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ရင်း တကယ်လို့ ဟန်နီထွန်းပြောတာက အမှန်ဆိုရင်တောင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိခိုက်တာ(collateral damage) ပါ။ ဒါနဲ့ ဟန်နီထွန်းလူတွေက စစ်တပ်ကဖွင့်ထားတဲ့ဆေးရုံမှာ ဘာသွားလုပ်နေတာဘာလဲ? ဘောမ ဖွတ် မဟုတ်ခဲ့ရင်ပေါ့။ ပြည်သူက မအလတပ်ကို သပိတ်မှောက်တယ်ဆိုတာ မိမိအသက်သေလဲ သူပေးတာမယူ ကျွေးတာမစားဘဲ သူဆေးကုတာမခံဘဲ အသေခံသပိတ်မှောက်ရပါတယ်။
စာရေးသူဟာ MNDAA၊ BPLA နဲ့ NUG ဘာမှ မဆိုင်လို့ ဒီကိစ္စကို လစ်လျူရှူလိုက်လို့ရပါတယ်။ BPLA က စာရေးသူကြိုက်သူမဟုတ်ပါ။ သူက ရမခမကျချိန် နာမည်ရလိုပြီး ကျတယ်ပြောခဲ့သူပါ။ ဒါပေမယ့် မတူတာကို စစ်လော်ဘီနဲ့ ဟန်နီထွန်းကပြောနေလို့ မနေနိုင်လို့ ဝင်ရေးတာပါ။ MNDAA က သူ့တပ်သားတွေ ပြစ်မှုကျူးလွန်တာရှိရင် အရေးယူမှာပါ။ BPLA ကလဲ MNDAA အောက်မိုလို့ လိုအပ်ရင် အရေးယူမှာပါ။ ဒီနေရာမှာ ခွေးကို မတော်တဆ ကားနဲ့ တိုက်မိတာနဲ့ ခွေးကို တမင်တိုက်သတ်တာ အမှုမတူပါ။ ခွေးသေတာက တူပါတယ်။ လားရှိုးစစ်ဆေးရုံကခွေးတွေ သေခဲ့ရင်တောင် မတော်တဆ တိုက်မိတာပါ။ အချို့ပြည်သူတွေကလဲ စစ်ဖြစ်လို့ ဒုက္ခရောက်တာကို တင်ပြတာ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ဖြစ်နေတာပါ။ စစ်မဖြစ်လဲ ဧရာဝတီမှာ ငတ်လို့ စသေနေပါပြီ။ အားလုံး အာရုံထားရမှာက စစ်အမြန်ပြီးဖို့သာပါ။

https://www.myattunoo.com/post/လ-ရ-စစ-ဆ-ရ-မ-ပ-သ-စစ-သ-တပ-မတ-စစ-ဆ-ဆရ-ဝန-က-စစ-ရ-ပစ-မ-တ-လ

Myat Tun Oo

03 Aug, 11:08


လားရှိုး စစ်ဆေးရုံမှပြောသောစစ် (သို့) တပ်မတော်စစ်ဆေးဆရာဝန်က စစ်ရေးပစ်မှတ်လား
ယခုအချိန်က စစ်ဖြစ်နေတယ်ဆိုတာ လူမှန်ရင်သိမှာပါ။ စစ်ဖြစ်ရင် လူသေပါတယ်။ ယခုအမေရိကန်ရဲ့ တပည့်အရင်း အစ္စရေးနဲ့ ဟားမတ်က ၂၀၂၃ နိုဝင်ဘာထဲက စစ်ဖြစ်ရာမှာ အစ္စရေး ၁၂၀၀ ကျော်သေပြီး ပါလက်စတိုင်း ၃၅၀၀၀ ကျော်သေပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ဆဒမ်ဟူစိန်ကိုဖြုတ်ခဲ့တဲ့ အီရတ်မှာ လူပေါင်း နှစ်သိန်းကျော်က စစ်လက်နက်ကြောင့် တိုက်ရိုက်သေခဲ့ပြီး သုံးသိန်းကျော်က စစ်နဲ့ဆက်စပ်တဲ့ ပစ်မှတ်တွေကိုတိုက်ရာမှာ သေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာလဲ လူသေခဲ့ပါတယ်။ လူမသေတဲ့စစ်မရှိပါ။
ဒါကြောင့် အမေစုက စစ်ကိုရှောင်လိုလို့ ငြိမ်းချမ်းရေးနည်းကို ရွေးခဲ့တာပါ။ မအလက အကြမ်းဖက်နည်းနဲ့ ၂၀၀၈ ခြေဥကို မလိုက်နာဘဲ အာဏာသိမ်းခဲ့လို့ ဒီစစ်ဖြစ်ခဲ့တာ ဘယ်တော့မှ မမေ့ပါနဲ့။
မအလဟာ အာဏာသိမ်းအပြီးမှာ NUG အောက်က အရပ်ဘက်ဆေးရုံတွေကို ဗုံးကြဲတာ၊ လူစုရာနေရာတွေကို ဗုံးကြဲတာ အားလုံးသိမှာပါ။ ဒါတင်မကသေးဘဲ AA သိမ်းထားတဲ့ ဆေးရုံတွေ၊ ကိုးကန့်ဆေးရုံတွေ၊ ကရင်နီကဆေးရုံတွေ၊ KIA အောက်က ဆေးရုံတွေကို ဗုံးကြဲတာက မအလတပ်က တမင်လုပ်ခဲ့တာပါ။ AA ဆိုရင် ခင်ဗျားတို့တပ်သားတွေ ဆေးရုံတက်နေလို့ ဗုံးကြဲတာဆိုပြီးတောင် မအလတပ်က ဗြောင်ပြောခဲ့ပါသေးတယ်။ ဘူးလက်ဘာပြောလဲ အားလုံးသိမှာပါ။
ဒီနေရာမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးက သူနဲ့ အကြမ်းဖက်သမားကို ဘာကွာလဲဆိုတာ ဥပမာနဲ့ ပြောလေ့ရှိပါတယ်။ သူပေးတဲ့ ဥပမာက သူတို့က အရပ်သား သေစေလိုတဲ့ ဆန္ဒနဲ့မဟုတ်ဘဲ အရပ်သားက မတော်တဆ သေတာပါဆိုပြီး ပြောပါတယ်။ အကြမ်းဖက်သမားတွေက အရပ်သားကို တမင်သေစေလိုတဲ့ ဆန္ဒနဲ့ အရပ်သားလူစုရာနေရာကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုပြီး ဥပမာပေးပါတယ်။ ၉/၁၁ လို တိုက်တာမျိုးက အကြမ်းဖက်မှုလို့ သတ်မှတ်ပါတယ်။ မအလက ဆေးရုံတွေကို ဆေးရုံမှန်းသိလျက် အရပ်သားပစ်မှတ်မှန်းသိလျှက်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် မအလတပ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတင်မဟုတ်ဘဲ အကြမ်းဖက်မှုပါ။
မအလဟာ လားရှိုးက စစ်ဆေးရုံမှာ ခံစစ်ပြင်ခဲ့ပါတယ်။ စစ်ဆေးရုံက စစ်ဌာနချုပ်အနားက ဗျူဟာအရ အရေးပါတဲ့နေရာပါ။ ဒါကြောင့် လာရှိုးစစ်ဆေးရုံက မအလက ခံစစ်ပြင်လို့ စစ်ရေးပစ်မှတ်ပါ။ သူက အရပ်သားဆေးရုံ မဟုတ်ပါဘူး။ စစ်ဆရာဝန်တွေ၊ စစ်ဆေးတပ်သားတွေ၊ သူနာပြုတွေကို သေနတ်ကိုင်ခိုင်းပြီး စစ်သားအနေနဲ့ မအလတပ်က တိုက်ခိုင်းလို့ သူတို့ဟာ စစ်ရေးပစ်မှတ်တွေပါ။ နောက် စစ်ဆေးရုံမှာ ဒဏ်ရာရ စစ်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ပြည်သူတွေကို နှိပ်စက်တဲ့ စရဖတွေ၊ ပျူစောထီးတွေ၊ စစ်သားမိသားစုတွေသာ ၉၉% တက်ပါတယ်။ မအလတပ်ဟာ တက္ကသိုလ်မှာ တပ်စွဲတာ၊ ဘုန်းကြီးကျောင်းမှာတပ်စွဲတာ၊ စာသင်ကျောင်းမှာ တပ်စွဲတာတွေ လုပ်ခဲ့ပြီးပါပြီ။ လားရှိုးစစ်ဆေးရုံက စစ်ရေးပစ်မှတ်မဟုတ်ရင် ဘာပစ်မှတ်ပါလဲ? သူက အဆိုပါအဆောက်အအုံထဲက ပစ်နေရင် မပစ်ဘဲ ကန်တော့ရမှာပါလား? ဒါကြောင့် လားရှိုးစစ်ဆေးရုံကို လားရှိုး ရမခတိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ မအလတို့က ခံစစ်အတွက်သုံးခဲ့လို့ ဖြစ်သမျှသူတို့မှာ တာဝန်ရှိပါတယ်။
ဒါဆို လားရှိုးစစ်ဆေးရုံမှာ ဘာတွေဖြစ်ခဲ့လဲ? စာရေးသူဟာ MNDAA ရဲ့ လော်ဘီမဟုတ်ပါ။ ဒါကြောင့် သူမှားရင်လဲ မှားတယ်ပြောမှာပါ။ စစ်ဆေးရုံကျအပြီးမှာ မအလလော်ဘီ ရာပြည့်ပိုင် တစ်ပူး၊ people media ဘောစိုးဦး၊ NP News က ကျောင်မျိုးမင်း၊ စစ်တပ်ပိုင် ပေါ်ပြူလာနယူးတို့က MNDAA က သတ်တယ်ဆိုပြီး လော်ကြပါတယ်။ သူတို့တွေပြောတာကို စာဖတ်သူတို့ယုံရင် ဒီစာကို ဆက်မဖတ်ပါနဲ့။ ဒီလူတွေက NLD အစိုးရကို အပုတ်ချခဲ့သူများ မအလဘောမခဲ့သူများဆိုတာ စာရေးသူ ၂၀၁၈ စ လော်ဘီလုပ်ကထဲက ရေးခဲ့ပြီးသားပါ။ တစ်ပူးက ဝေဖြိုးဆို ဘိန်းမှုနဲ့ စရဖက အဝေမတည့်လို့ ဆွဲစိလိုက်ပါပြီ။ သူဘိန်းလုပ်တာကို ယခင်က ကွီးဖြိုးကို ဝေဖန်လို့ စရဖက လွှတ်ထားပေးခဲ့တာပါ။

Myat Tun Oo

02 Aug, 15:07


မေးခွန်းက ဒုတိယလှိုင်း ဘယ်မှာရပ်မလဲဆိုတာပါ။ မအလက သက်တမ်းမတိုးဘဲ တရုတ်စကားအတိုင်း သိန်းစိန်ကို အာဏာအပ်ပြီး ကိုကိုကြီး(သို့) စိုင်းအိုက်ပေါင်းကို ဝန်ကြီးချုပ်ခန့်၊ စန္ဒာမင်း၊ အေးမောင်ကို ဝန်ကြီးခန့်ခဲ့ရင် ဒီမိုတွေ တွေဝေသွားနိုင်ပါတယ်။ တရုတ်ဖိအားကလဲ မြောက်ပိုင်းသုံးဖွဲ့ထံ ပြင်းလာမှာပါ။ ဒါပေမယ့် မအလက သက်တမ်းတိုးလိုက်လို့ တွေ့ဆုံရေးနည်း၊ ရွေးကောက်ပွဲနည်းက အသုံးမဝင်တော့ပါ။ မအလက တရုတ်ကို လီ-ဘဲလို့ ပြောလိုက်တာပါ။ ဒီနေရာမှာ တရုတ်မကြိုက်တဲ့ နေရာမှာတော့ မအလဟာ ဒီမိုတွေနဲ့ သဘောထားတူပါတယ်။
မေးခွန်းက မြောက်ပိုင်းသုံးဖွဲ့ထဲက TNLA နဲ့ရင်းနှီးတဲ့ NUG လက်အောက်ခံ MDY PDF က မန္တလေးအထိ ဆင်းလာမှာလား ‌မြောက်ပိုင်းက ကူမှာလားဆိုတာပါ။
တရုတ်ဟာ သူ့စက်ရုံတွေ NUG အောက်ရောက်လာလို့ NUG ရဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတွေကို အသိအမှတ်ပြု စကားပြောလာနေရပါပြီ။ ဘယ်သူမှ ဒေါ်လာသန်း ၈၅၀တန် စီမံကိန်းကို မပျက်လိုပါ။ NUG ဟာ ကမ္ဘာမှာ ဝင်ဆန့်လို့ မြောက်ပိုင်းသုံးဖွဲ့လို တရုတ်ဖိအားပေးဖို့ မလွယ်ပါ။ ယခုအချိန်အထိတော့ မအလဟာ ရှမ်းမြောက်မှာလဲ စစ်ရှုံးတယ်ဆိုတာကို လက်မခံဘဲ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့သာ ပြောထားပါတယ်။ အောက်ခြေက တင်ပြရာမှာလဲ စခန်းကျတာမပါဘဲ ကျခဲ့တဲ့စခန်းကို ပြန်သိမ်းတာ၊ ပြည်သူတွေက ကြိုဆိုတာ၊ နယ်မြေရှင်းလင်းတယ်လို့သာ အစီရင်ခံ တင်ပြထားပါတယ်။ ဒါတွေဟာလဲ ပုဂံမင်းထံတင်ပြတာနဲ့ အင်မတန်တူပါတယ်။ မတူတာက ပုဂံမင်းမှာ အင်တာနက်၊ Facebook မရှိဘဲ မအလမှာ အင်တာနက်၊ Facebook၊ X တွေကြားက ပျော်ပျော်ကြီး အလိမ်ခံနေတာပါ။ ဟိုဘုန်းကြီးကိစ္စက မအလကို အောက်က ဘယ်လိုသတင်းပို့ လိမ်တယ်ဆိုတာက ထင်ရှားတဲ့ဥပမာပါ။ DASSK တောင် NLD CEC တွေ သူ့ကိုပြောရဲသူတွေနဲ့ မအလတပ်က ပေးမတွေ့ချိန်က သတင်းအမှားရခဲ့ပါသေးတယ်။

ဘာဆက်ဖြစ်မလဲ?
မေးခွန်းက ရမခ၊ အမ်းနဲ့ မြောက်ပိုင်းတိုင်းကျရင် မအလကိုယ်တိုင် အဖမ်းခံ၊ လုပ်ကြံခံ၊ ရာထူးကနေ အထုတ်ခံရနိုင်တာပါ။ သူ့ကိုထောက်ခံသူများကတောင် သူ့ကိုဖြုတ်ဖို့၊ နည်းပြလဲဖို့ ပေါ်တင်ပြောလာနေပါပြီ။ ဒါကတပ်ထဲမှာလဲ ဗိုလ်ချုပ်အဆင့်အထိ ပြောလာနေပါပြီ။ ဒါပေမယ့် သူ့ကိုဖြုတ်ပြီး ဘယ်သူတက်တက် ပြည်သူ့အစိုးရကို အာဏာပြန်မပေးရင် ဒီစစ်ပွဲက ဆက်ဖြစ်နေမှာပါ။ ရွေးစရာနည်းလမ်း သုံးခုသာရှိပါတယ်။

ပထမနည်းလမ်း
မအလကိုဖမ်း/မုန့်ဟင်းခါးကျွေးပြီး ပြည်သူ့အစိုးရကို အာဏာပြန်အပ်တာပါ။ ဒါက အချို့လူ့အခွင့်အရေးအဖွဲ့တွေ၊ အမေရိကန်ထောက်ပံ့ခံအဖွဲ့တွေ မကြိုက်နိုင်ပါ။ DASSK ပြန်တက်လဲ ချလိုသူက ဆက်ချနေနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ သွေးထွက်မှု အနည်းဆုံးပါ။ သူမရဲ့ အစိုးရမှာ ကချင်ဒုသမ္မတ၊ UWSA ဒုသမ္မတ၊ ကိုးကန့်ဒုသမ္မတ၊ TNLA ဒုသမ္မတ၊ KNU ကလဲ ပါလိုရင် ဒုသမ္မတ အနေနဲ့ပါရမှာပါ။ ရခိုင်က သီးခြားလွတ်လပ်တဲ့နိုင်ငံမိုလို့ မြန်မာနိုင်ငံထဲ မပါလောက်ပါ။ ဒါက အစ်ကိုထွန်းနဲ့ အစ်ကိုထွန်းခင်တို့ အရင်ညှိရမှာပါ။ ဒါက တော်လှန်ရေးမှာ ရှေ့ဆုံးကပါသူကို နေရာပေးတာပါ။ လူမျိုးများပြီး ရူးကြောင်ကြောင်လုပ်နေတဲ့ပါတီနဲ့ လက်နက်ကိုင်တွေကတော့ ပြည်သူ့ သဘောအတိုင်းပါ။ တိုက်ချိန်မပါ ထိုင်ခုံပါလိုရင်လဲ သူတို့ရဲ့ မျက်နှာပြောင်မှုပါ။

ဒုတိယနည်းလမ်း
မအလက အဆုံးစွန်အထိ မိုက်တာပါ။ ဒါဆိုရင် ဟိုင်ဂင်ကနေ စစ်ပွဲ ခဏရပ်ပြီး ‌၆ လနေမှ တတိယလှိုင်း ပြန်စမလားဆိုတာပါ။ ဒါဆိုရင် ပွဲက ရှည်မှာပါ။ ဒါပေမယ့် မအလမဆင်းရင် တရုတ်က တစ်ရစ်ခြင်း ကျပ်မှာပါ။ စာရေးသူတို့ ဒီမိုတွေက ဒါကိုအခွင့်အရေး ယူနိုင်အောင် ပြင်ဆင်ထားရုံပါ။

တတိယနည်းလမ်း
မအလက အာဏာမစွန့်တာကို တရုတ်အပါအဝင် အားလုံးသိလို့ ဟိုင်ဂင်လဲမဖြစ်ဘဲ နေပြည်တော်အထိ စစ်မရပ်ဘဲ ရှေ့ဆက်သွားတာပါ။ ဒါက ပိုမြန်မှာပါ။ ဒါပေမယ့် ဘယ်သူက မြန်မာပြည်မှာ အုပ်ချုပ်မလဲဆိုတဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။

ဘယ်နည်းလမ်းသွားသွား ပြည်သူရော၊ တရုတ်ရောက ဇတ်မျောကို မစောင့်နိုင်ပါ။ ပြည်သူကလဲ စစ်ပြေးရတာ၊ စီးပွားရေးအရနာတာ များလှပါပြီ။ တရုတ်ကလဲ စစ်ပွဲရှည်လေ သူ့စီးပွါးရေးက အရှုံးပေါ်လေပါ။

ဘယ်နည်းကြည့်ကြည့် မအလအတွက် မဟန်ပါ။ ဒါကြောင့် မအလက ဘရွှေတို့က ပြန်အာဏာသိမ်းမရအောင် အကျယ်ချုပ်သဘောမျိုးထားပြီး ဘရွှေနဲ့နီးစပ်တဲ့ ရေချုပ်မိုးအောင်ကို ကြိုဖြုတ်ထားတာ၊ အခြားဩဇာခံ မခံမသေချာတဲ့ တပ်မမှူးတွေ၊ တိုင်းမှူးတွေကို ပြောင်းတာ ဖြုတ်တာ ထောင်ချတာ ခဏခဏ လုပ်နေတာပါ။ စစ်တပ်ထဲမှာ သူတို့စားရမလားလို့ အာဏာသိမ်းတာကို ထောက်ခံခဲ့သူ သူခိုးများဟာ ယခုအချိန်မှာ မခိုးရဘဲ သေရမလိုဖြစ်လာနေလို့လဲ အချင်းချင်း ပြဿနာစတက်လာနေတာပါ။ ယခင်က ဖိအားဟာ တပ်ရင်းမှူး၊ ဗျူဟာမှူးလောက်မှာသာရှိခဲ့ပြီး ယခုက တပ်မမှူး၊ တိုင်းမှူးအထက်အထိ ရောက်လာနေပါပြီ။

အကျဉ်းချုပ်ရရင် မအလဟာ ပါတော်မူမလား အသေထွက်လား နှစ်လမ်းသာ ရှိပါတယ်လို့သာ ပြောပါရစေ။ မြန်ချင်ရင်တော့ ပြည်သူက NUG အောက်က PDF ကိုသာ ဆက်ပြီး များများ လှူပေးပါ။

https://www.myattunoo.com/post/ရမခ-က-အပ-အဘ-ပ-တ-မ-မလ

Myat Tun Oo

02 Aug, 15:07


ရမခ ကျအပြီး အဘ ပါတော်မူမလား

ရမခဟာ ဇူလိုင် ၂၅ က ကျတယ်လို့ ကြေညာပေမယ့် ဒီနေ့မှသာ ရမခတိုင်းကို အတွင်းအထိ ဝင်သိမ်းနိုင်တာပါ။ ရမခတိုင်းဟာ ဧကများစွာကျယ်တာ မမေ့ပါနဲ့။ စစ်ကူကလဲ ရှမ်းတောင်ကနေ လာနေပါတယ်။

မအလအဖြစ်မှန်ကို ဘယ်လောက်သိလဲမေးရင် အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေကို အမှတ်ရစေမှာပါ။ ပထမ အင်္ဂလိပ် မြန်မာစစ်မှာ ဗန္ဓုလက ရခိုင်နယ်စပ်မှာ တကယ်စစ်နိုင်ခဲ့ပေမယ့် ရန်ကုန်ကို အင်္ဂလိပ်ဝင်လာချိန်မှာ စစ်ရှုံးခဲ့ပါတယ်။ အင်္ဂလိပ်ကို စစ်ရှုံးတာကို ဘုရင်ထံ အစပိုင်းမှာ ပြန်မရောခဲ့ပါ။ ဘုန်းတော်ဘွဲ့တွေနဲ့သာ အချိန်ကုန်ခဲ့တာပါ။ ထို့အတူ တော်လှန်ရေးအစပိုင်း စစ်ကိုင်း၊ ကရင်၊ ကရင်နီဘက်မှာ မအလတပ် ခံခဲ့ရပေမယ့် ဘုန်းတော်ကြောင့် ရန်သူတွေကို နှိမ်နင်းနိုင်ကြောင်းသာ တင်ပြခဲ့ကြပါတယ်။ အချို့ ရန်ကုန်မှာ ညွန့်ဝင်းဆွေ၊ မန္တလေးမှာ ကိုကိုဦးတို့က NLD မိသားစုဝင်တွေကို သွေးသောက်နာမည်နဲ့သတ်တာ၊ ယူဂျီတွေကို နှိမ်နင်းနိုင်တာရှိပေမယ့် ဒါတွေဟာ စစ်ပွဲတွေမဟုတ်ပါ။ ထို့အတူ ၁၀၂၇ ပထမပိုင်းမှာလဲ မြို့အလိုက်ကျပေမယ့် မအလထံက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ် ဘာညာဆိုပြီးသာ တင်ပြခဲ့ကြတာပါ။ နောက်ပိုင်း လောက်ကိုင်မကျခင် 'ဝ' အထွက်တံတားကို ဗုံးမကျဲခိုင်းတာက မအလရဲ့ ဗျူဟာအမှားပါ။ ဒါကြောင့် ပထမဟိုင်ဂင်တက်တဲ့ မအလအဖွဲ့ရဲ့လေသံက လွှတ်တော်ထဲကလေသံလို မာခဲ့ပါတယ်။ လောက်ကိုင်လက်နက်ချချိန်မှသာ မအလရဲ့ သက်တော်စောင့်တပ်မှူးကိုလွှတ်ပြီး သဘောတူခဲ့တာပါ။ ဒီကောင့်လေသံက အပိုးကျိုးပါတယ်။

၁၀၂၇ ဒုတိယလှိုင်း
ဒါက အင်္ဂလိပ်-မြန်မာ ဒုတိယစစ်နဲ့ သွားတူပါတယ်။ ပုဂံမင်းဟာ အင်္ဂလိပ်အားသာတာကို သိပါတယ်။ သူ့ရန်ကုန်မြို့တော်ဝန်က တောင်းပန်ပေမယ့် အင်္ဂလိပ်က တိုက်ချင်လို့ တိုက်ပါတယ်။ ပုဂံမင်း စစ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲဖြစ်ချိန်မှာ ပုဂံမင်းက သူ့တပ်က ကုလားဖြူတွေကို နိုင်နေပြီလို့သာ ထင်ခဲ့ပါတယ်။ ပုဂံမင်းက သူ့တပ်ဟာ ပြင်ဆင်မှုတွေလုပ်ထားလို့ အင်္ဂလိပ်တပ်ကို နိုင်မယ်လို့ ထင်ထားခဲ့ပါတယ်။
မအလဟာ အမေရိကန်ထံက တရုတ်ဟာ 'ဝ' ကတဆင့် ကျားဖြန့်ကိစ္စ လက်နက်ထောက်ပံ့တာကို သိပြီးသားပါ။ တရုတ်က မအလတပ်ကို ကျားဖြန့်ကိစ္စမှာ တိုက်ရခက်မယ်ထင်ပြီး လက်နက်တွေကို ပို‌ပေးခဲ့မိပုံရပါတယ်။ မအလတပ်ဟာ ဟန်သာရှိပြီး အဆန်မရှိလို့ ဟိုကောင်တွေက အဆိုပါလက်နက်နဲ့ မန္တလေးတောင် သိမ်းနိုင်မယ့် အခြေအနေပါ။  ဒါပေမယ့် မအလဟာ သူ့အောက်က ကြည်း၊ရေ၊လေ ညှိကွပ် မောင်မောင်အေးနဲ့ ဒုချုပ်စိုးဝင်းတို့ရဲ့ ဝ နယ်ကို ဗုံးကျဲဖို့၊ ဝနယ်က အထွက် တံတားတွေကို ဖျက်ဆီးဖို့ဆို‌တဲ့ စစ်ရေးအစီအမံတွေကို နားမထောင် ပယ်ချခဲ့ပါတယ်။ ယခုအထိပါ။ ဒါကြောင့် လောက်ကိုင်သာကျဲနေတာပါ။  မအလဟာ အချိန်ဆွဲပြီး သူစုထားတဲ့ လူသစ်တွေနဲ့ ရှမ်း‌မြောက်ကအစ တစ်တိုင်းပြည်လုံကို ပြန်သိမ်းနိုင်မယ်လို့ ထင်ခဲ့ပုံပါ။ ဟိုက လက်ဦးသွားပါပြီ။

ခေတ်သစ်က ရှမ်းမြောက်ကျပြီတင်ချိန် ဇူလိုင် ၂၅၊ ဆောင်းခတင်ချိန်က ရမခဌာနချုပ် မကျသေးပါ။ ဆိုက်ဝါးအရ လုပ်သွားတာပါ။ နောက် ဆောင်းခကလဲ နိုင်ငံရေးအရ ကြေညာတာပါ။ ပဏာဝင်ယူတာ‌ပေါ့။ ထိုအချိန်မှာ မြေပြင်ကအဖွဲ့နဲ့ အဆက်ပြတ်သလို တိုင်းမှူးနဲ့ ဒုတိုင်းမှူးကလဲ အဆက်ပြတ်သွားခဲ့ပါတယ်။ ဒါကတော့ မအလတပ်ရဲ့ ဆက်သွယ်ရေးကွန်ယက်ကို ကိုးကန့်က နည်းပညာသာလွန်လို့ ဖြတ်တောက်ထားတာလား မတော်တဆ တိုက်ဆိုင်စွာပြတ်သွားတာလား မသိပါ။ ထိုနေ့ခင်းမှာ အဆက်အသွယ်ပြန်ရချိန်မှာ ရမခ မကျသေးတာ စာရေးသူသိပါပြီ။ ဒါပေမယ့် စာရေးသူတို့က လူအဆဲခံပြီ ထွက်မရှင်းပါ။ အချို့ကိစ္စက ပါးနပ်ရပါတယ်။ ဘုရားရှင်ဟောသလို မှန်ပေမယ့် အကျိုးမရှိတဲ့စကားကို မပြောပါ။
မအလဟာ ယာယီသမ္မတရာထူးယူချိန်မှာ အားလုံးရဲ့ အထူးသဖြင့် တရုတ်ရဲ့ မျှော်လင့်ချက်ကို လက်ခလယ်ထောင်ပြလိုက်တာပါ။ တရုတ်တောင်းဆိုတာဟာ ဒီမိုတွေ မျှော်လင့်တာထက် အများကြီး ကွာပါတယ်။ ဒါတောင် မအလက မလုပ်ပါ။ ဒါကြောင့် ရမခထိုးစစ်ဟာ ဆက်ပြင်းလာနေပြီး ဒီနေ့ MNDAA က ရမခအထဲဝင်ရှင်းနေပြီး ရှမ်းတောင်က စစ်ကူမရောက်ရင် ဩဂုတ် ၈ ရက်နောက်ဆုံးပါ။  ဒီနေ့တောင် အပြီးကျနိုင်ပါတယ်။
ဒီအချိန်မှာ အောက်ခြေသတင်းက အစပိုင်းမှာ ရမခ မကျသေးတာ မှန်ပေမယ့် အခြားစခန်းကျချိန် ဇောမဲလုံးက သေချာမရှင်းနိုင်ချိန်၊ မအလမိမိကိုယ်ကို သမ္မတခန့်ချိန်မှာ ဗိုလ်ကြီး၊ ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကြီးအဆင့်က စစ်မတိုက်ဘဲ ထွက်ပြေးကုန်ကြပါတယ်။ အထက်ကိုတော့ ဘုန်းတော်ကြောင့် စစ်ကူတွေပို့ပြီး နယ်မြေရှင်းလင်းရေးကို အောင်မြင်စွာလုပ်ဆောင်နေပါသည်လို့ သတင်းပို့ထားပါတယ်။

ဒီစစ်ပွဲကလဲ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်လို စစ်ဖြစ်ရင် ရှူံးနိုင်တယ်ဆိုတာ မအလသိလျှက်နဲ့ မတားနိုင်ဘဲ စစ်ရှူံးရမှာပါ။

Myat Tun Oo

22 Jul, 22:20


ဝမ်ဆွေ့ဝမ်ဆွေ့ မအလ
မအလရဲ့ အကွက်တွေက အလွန်မြင့်ပါတယ်။ ဒါကြောင့်လဲ မအလရှိတာနဲ့တင် တော်လှန်ရေးကအောင်ဖို့သေချာနေတာပါ။ မအလဟာ ဇတ်ရှိန်မြှင့်တာ၊ မထင်မှတ်တာတွေ လုပ်တာကိုက ထူးခြားနေတာပါ။ မအလဟာ ယခုဆို ယာယီသမ္မတလုပ်လိုက်ပါပြီ။ ဥပဒေနဲ့ညီလားဆိုတော့ အာဏာသိမ်းကထဲက မညီတာပါ။ ယခုလို ထလုပ်တော့ သူ့ကိုဘောမမယ့် ကိုကိုကြီးတို့တောင် မရခက်သွားနိုင်ပါတယ်။ ဒုသမ္မတမြင့်ဆွေက ရာထူးလွှဲပေးလို့ရတယ်ဆိုရင် မအလအစား ခွေးကိုလွှဲပေးရင် ဘယ်လိုလုပ်ပါ့မလဲ? မြင့်ဆွေက အခြားရောဂါတွေနဲ့အတူ မှတ်ဉာဏ်လဲမကောင်းဘဲ စားရမှန်းမသိ သောက်ရမှန်းမသိဖြစ်နေတာပါ။ သူက စိတ်ဖိစီးလို့လဲ ရောဂါက ဆိုးသွားပုံရတယ်လို့ ပါရဂူတွေက မှတ်ချက်ပြုပါတယ်။ သူ့ဆေးမှတ်တမ်းအရ Dementia with Lewy Bodies လို့ စင်ကာပူဆေးမှတ်တမ်းတွေက ရေးထားပါတယ်။ ဒါကြောင့် မြင့်ဆွေမှာ ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်မရှိပါ(lack of mental capacity ) လို့ စင်ကာပူက ဆရာဝန်က မှတ်ချက်ပေးထားသူပါ။ ဒါကြောင့် သူ့မှာ စိတ်ရောဂါအရ တာဝန်လွှဲတာ ဘာမှမလုပ်နိုင်ပါ။
မအလဟာ တရုတ်ပြောသလို လိုက်လုပ်ခဲ့ရင်တောင် ဒီမိုတွေကြားထဲ EAO တွေကြားထဲ ရန်တွေဖြစ်၊ သဘောထားတွေကွဲနဲ့ ဇတ်တွေရှုတ်မှာပါ။ တရုတ်ကလဲ ဟုတ်နိုးနိုး အာဆီယံကလဲ ဟုတ်နိုးနိုး ဇတ်ပွဲရှည်သွားမှာပါ။ ယခုလို မအလက ပြတ်ပြတ်သားသား သမ္မတလဲသူ၊ တပ်ချုပ်လဲသူဆိုတာက တပ်ထဲမှာတောင် အင်မတန်အံ့အားသင့်သွားစေပါတယ်။ ဘာကြောင့် ဒီလိုလုပ်လဲ?
မအလကို သတင်းပို့သူများက ကရင်နီမှာ မြို့တော်ကို ထိန်းချုပ်ပြီး ရှမ်းတောင်ကို ပြန်ထိန်းနေပြီလို့ တင်ပြထားပါတယ်။ မန္တလေးမှာ စဉ့်ကူးကိုပြန်ရပြီး မိုးကုတ်ကို တန်ပြန်ထိုးစစ်ဆင်နေသလို ကျောက်မဲမှာလဲ ထိုးစစ်ဆင်လို့ TNLA က ထွက်ပြေးနေရတယ်လို့ တင်ပြထားပါတယ်။ ဒါ့အပြင် လားရှိုးမှာလဲ ဆက်မတက်နိုင်အောင် ကာစစ်က အောင်မြင်တယ်လို့ ဆိုပါတယ်။ အောင်ဇေယျကလဲ မြဝတီမကျအောင် လုပ်နိုင်ခဲ့တယ်ဆိုပြီး အောင်ပွဲအနေနဲ့ တင်ပြပါတယ်။ ဒါတင်လားဆိုတော့ မောင်းတောမှာလဲ AA ထိုးစစ်ကို ARSA နဲ့ ဟန့်တားနိုင်ခဲ့ပြီး တန်ပြန်ထိုးစစ်တောင် ပြန်စနိုင်မယ်လို့ ဆိုပါတယ်။ ကချင်မှာကလဲ KIA ထံက နယ်မြေတွေကို လူသစ်တွေ၊ ရှမ်းနီနဲ့ပေါင်းပြီး ထိုးစစ်စနေပြီလို့ တင်ပြထားပါတယ်။ ရခိုင်က သံတွဲကိုလဲ ထိုးစစ်ပြန်ထိုးပြီး လူသစ်တွေနဲ့ သိမ်းပိုက်တော့မယ်လို့ ဆိုပါတယ်။ ဒါတွေက ဒီမိုတွေသိတာနဲ့ ပြောင်းပြန်ဖြစ်နိုင်ပေမယ့် မအလအတွက်ကတော့ သူ့တပ်ဟာ တပ်သားသစ်တွေနဲ့ နိုင်နေတယ်လို့ သုံးသပ်ပြီး တရုတ်ပြောတာကို လက်ခလယ်ထောင်ပြပြီး ပြန်ချမယ့်လမ်းကို ရွေးလိုက်တာပါ။
ဒီလုပ်ရပ်လေးက အင်မတန်ကို အကွက်လှပပြီး မအလနိုင်ရင်နိုင် မနိုင်ရင်တော့ ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ပါလို့ ပြောပါရစေ။ ပြည်သူက တိုက်ပွဲတွေ ပိုဖြစ်လာနိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးရောက်လာနိုင်လို့ ပြင်ထားကြပါ။ သူ့အခက်မှာ NUG PDF က နယ်မြေရယူနိုင်ဖို့ PRF ကို သာ တွန်းလှူပေးပါ။ မြင့်ဆွေပြီး ရူးဖို့က မအလအလှည့်ပါ။

https://www.myattunoo.com/post/ဝမ-ဆ-ဝမ-ဆ-မအလ

Myat Tun Oo

21 Jul, 22:15


သူကတော့ NUG ကို အသိအမှတ်ပြု ပြတ်ပြတ်သားသား ထောက်ခံတဲ့ တစ်ခုတည်းသော မိတ်ဆွေစစ်စစ် နိုင်ငံပါ။ သူက ကုလမှာလဲ မြန်မာပြည်သူတွေအတွက် ပြတ်ပြတ်သားသား ရပ်တည်ပြောကြားပေးတဲ့နိုင်ငံပါ။

ဒါတွေဟာ ခါးသီးတဲ့ အမှန်တရားပါ။ ဒါဆိုရင် တော်လှန်ရေးက ဘယ်လိုလဲ? မြန်မာ့တော်လှန်ရေးဟာ အထက်ပါအခက်အခဲတွေကြားက ယခုအချိန်အထိ ခရီးရောက်လာတာဟာ ကြီးမားတဲ့ အောင်မြင်မှုပါ။ စာရေးသူတို့ဟာ တရုတ်ထံက တိုက်ရိုက်အကူအညီမရလို့ အမေရိကန်ထံက အကူအညီမရလို့ သူတို့ရပ်ခိုင်းလဲ ရပ်စရာမလိုပါဘူး။ ဒါပေမယ့် သူတို့လိုအပ်ချက် အခက်ဖြစ်ချိန်မှာ မိမိအကျိုးအတွက် အဆင်ပြေအောင် အခွင့်အရေးကို အသုံးချသွားဖို့သာ လိုပါတယ်။ ယခုအချိန်မှာ မအလဟာ တရုတ်ဖိအား၊ တပ်တွင်းအနီးကပ် ဒုဗိုလ်ချုပ်ကြီးတွေရဲ့ ဖိအားတွေကို ခံနေရပါတယ်။ စီးပွါးရေးကတော့ မအလ ကိုယ့်ဂိုးကိုယ်သွင်းတာပါ။ သမ္မတဘိုင်ဒင်ကတော့ ဖိအားကြောင့် နုတ်ထွက်သွားခဲ့ပါပြီ။ မအလက ဇူလိုင်လကုန်မှာ ဆက်မိုက်ပြီး ဘယ်လိုချမလဲ ဖိအားပေးခံမလား စောင့်ကြည့်ပြီး ပြည်သူက NUG အောက်က PDF ကို ထောက်ပံ့ပြီးသာ ပွဲလာရင် ကနိုင်အောင် ပြင်ထားပေးပါ။ မအလအခက် ပြည်သူအချက် ဖြစ်နိုင်ပါစေ။

https://www.myattunoo.com/post/ခ-သ-သ-အမ-န-တရ-inconvenient-truth

Myat Tun Oo

21 Jul, 22:15


သူက မြန်မာကို တရုတ်က လွှမ်းမိုးမှာ ကြောက်သလို နာဂကိစ္စ မအလတပ်က နာဂသူပုန်ကို ကူညီမှာ ကြောက်ပါတယ်။ သူက မအလစစ်တပ်ကို လက်နက်ရောင်း၊ လေယာဉ်ဆီရောင်းပါတယ်။ မအလတပ်ကို ဒရုံးတွေ၊ နည်းပညာတွေ၊ ဘဏ်ကိစ္စတွေ အကူအညီပေးနေပါတယ်။ သူက တရုတ်နဲ့တန်းတူ မအလကို ကူညီပြီး ဒီမိုတွေရော EROs တွေကိုပါ ဘာမှ မကူညီပါ။ သူ့ကို စာရေးသူတို့နဲ့ စကားပြောအောင် လုပ်နိုင်တာက AA က သူ့ရင်းနှီးမြုပ်နှံမှုကို ဒုက္ခပေးတာနဲ့ အိန္ဒိယက နာဂသူပုန်ကို မြန်မာထဲက NUG က လက်နက်တပ်ပေးလိုက်ရင် အိန္ဒိယက သူ့မူဝါဒကို ပြန်စဉ်းစားလာနိုင်ပါတယ်။ သူက DASSK နဲ့တွေ့ဖို့ NLD ပါတီ CEC တွေနဲ့တွေ့ဖို့ ဘာမှ မကြိုးစားခဲ့ပါ။ သူက ဘဘဦးတင်ဥိး စျာပနမှာတော့ လာတက်ခဲ့ပါတယ်။ အဆိုးဆုံးရန်သူပါ။

တရုတ်
တရုတ်ဟာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံပါ။ ဒီမိုရော၊ ဘောမရော အမုန်းဆုံးနိုင်ငံပါ။ သူက ဒီမိုနိုင်ငံမဟုတ်လို့ စာရေးသူတို့ မျှော်လင့်ချက်က အမေရိကန်နဲ့ ဥရောပလောက် မများခဲ့ပါ။ နေတိုးက R2P ဖြစ်နျုင်ပေမယ့် တရုတ်ထံက R2P က မဖြစ်နိုင်ပါ။ သူကလဲ ဒီမိုတွေကို ထင်ထားတဲ့အတိုင်း မကူညီခဲ့ပါ။ သူက ဒီမိုတွေရော ရိုဟင်ဂျာရောကို နိုင်ငံရေးခိုလှုံခွင့်မပေးပါ။ NUG နဲ့ တိုက်ရိုက်မဆက်ဆံပါ။ NLD ပါတီနဲ့တော့ ဆက်ဆံပါတယ်။ သူက မြန်မာ့အရေးမှာ ဝင်မစွက်လို့ ပါးစပ်က အော်ပါတယ်။ ဒါပေမယ့် ဘောမရော၊ ဒီမိုတွေရောက ဝင်စွက်တယ်လို့ ထင်ပါတယ်။ ဘောမက တရုတ်ဟာ မြောက်သုံးကောင်ကို ကူတယ်လို့ စွပ်စွဲပြီး ဒီမိုတွေကလဲ တရုတ်ဟာ မအလကို ကူညီတယ်လို့ စွပ်စွဲပါတယ်။
အမေရိကန်ထောက်လှမ်းရေးအရ တရုတ်ဟာ ‘ဝ’က တဆင့် မြောက်ပိုင်းသုံးဖွဲ့ထဲက တစ်ဖွဲ့ကို တိုက်ရိုက်ထောက်ပံ့သလို မအလတပ်ကိုလဲ အင်တာနက်ပိတ်ဖို့ software ရောင်းတာ၊ လေယာဉ်ဆီရောင်းတာ လက်နက်ရောင်းတာ အခြားစစ်ဘက်နဲ့ ပတ်သတ်သမျှကိုလဲ ဝယ်သမျှရောင်းနေပါတယ်။ NUG ကို မရောင်းပေမယ့် အခြားအဖွဲ့နှစ်ဖက်စလုံးကို ရောင်းနေပါတယ်။ ဘယ်သူက စစ်မြေပြင်မှာ နိုင်နေလဲဆိုတာက ပြည်သူသာ သိမှာပါ။
တရုတ်ဟာ မအလတပ်ကို သက်ဆိုးရှည်တာ မြင်လိုပုံရပေမယ့် မအလကို မမြင်လိုတာ ထင်ရှားပါတယ်။ မအလဟာ တရုတ်ကတွေ့လိုတဲ့ DASSK နဲ့ ပေးမတွေ့တာ ကျားဖြန့်ကို အစပိုင်းက မနှိမ်နင်းပေးခဲ့တာက တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။ တရုတ်ဟာ မအလကို ဇူလိုင်လကုန်အထိ စောင့်ကြည့်နေပုံရပြီး မအလက သူပြောတာမလုပ်ရင် ရှမ်းမြောက်က တိုက်ပွဲတွေက သူပြောတာလုပ်ချိန်အထိ ပြင်းထန်လာနိုင်ပါတယ်။ တရုတ်ဟာ မြင့်ဆွေရဲ့ ကျန်းမာရေးကို စင်ကာပူကနေတဆင့် ကြိုသိခဲ့ပုံရပါတယ်။ ဒါကြောင့်လဲ စင်ကာပူကနေတဆင့် သူက မအလကို ဘာလုပ်ရမယ်ဆိုတာ သူသိန်းစိန်ကိုပြောခဲ့တာကို သိန်းစိန်မပြောရဲမှာစိုးလို့ ထပ်အော်ခဲ့ပုံပါ။
တရုတ်ဟာ DASSK နဲ့တွေ့ဖို့ ဝန်ကြီးအဆင့်ကြိုးစားတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့အတူ ဘဘဦးတင်ဦးရဲ့ နောက်ဆုံးခရီးကို သံရုံးအဆင့် တက်ခဲ့သူပါ။
မအလက လောလောဆယ်အထိတော့ တရုတ်ပြောတာ လုပ်မည့်ပုံမရှိပါ။ လူသစ်တွေနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့သာ ပြင်နေပါတယ်။ ဇူလိုင်လကုန်ရင် ဘယ်သူက နောက်ဆုတ်မလဲ ကြည့်ရမှာပါ။

လာအို
သူက ကွန်မြူနစ်ပါ။ မအလကိုသာ ကြိုက်သူပါ။ သူက တရုတ်တပည့်ပါ။ ဒိမိုကို မကူပေမယ့် မအလကိုလဲတရုတ်ပြောသလောက်သာ ကူမှာပါ။

ထိုင်း
သူက အမေရိကန် တပည့်ပါ။ ထိုင်းမှာ စစ်တပ်က အာဏာရှိသူပါ။ မအလကို အားကျသူများပါ။ မြန်မာပြည်မှာ ဒီမိုစစ်စစ်ရရင် ထိုင်းပြည်သူကလဲ သူ့စစ်တပ်ကို တွန်းလှန်မှာပါ။ လောလောဆယ်မှာ ထိုင်းစစ်တပ်နဲ့ စီးပွါးရေးသမားတွေက မအလဘက်ကပါ။ အမေရိကန်ကိုလဲ သိပ်မလွန်ဆန်နိုင်လို့ ခြေလှမ်နှစ်ဘက် နင်းထားပါတယ်။ ဒီမိုတွေကို ဝင်မဖမ်းပေမယ့် လိပ်စာအတိအကျ မအလတပ်ကပေးရင်တော့ ဝင်ဖမ်းပါတယ်။

ဘင်္ဂလားဒေ့ရှ်
အပေါ်ယံကြည့်ရင် သူက ဒီမိုလိုလိုပါ။ သူ့ကို ဒုက္ခသည်တွေပေးတဲ့ မအလကို မကြိုက်သင့်ပါ။ ဒါပေမယ့် သူကလဲ မအလထံ ရိုတွေပြန်လက်ခံဖို့ ညှိနေခဲ့ပါတယ်။ သူက မအလရဲ့ ရိုအစီအစဉ်ကို လက်ခံပေမယ့် အာရပ်နိုင်ငံတွေက လက်မခံလို့ ဌေးအောင်ရဲ့ ရိုနိုင်ငံသားပေး ICJ အမှုသိမ်းဇတ်က မအောင်မြင်ခဲ့တာပါ။

အာဆီယံ

စင်ကာပူ
စင်ကာပူဟာ မအလကို အာဏာသိမ်းအစပိုင်းမှာ သိပ်မကျပ်ခဲ့ပါ။ နောက်ပိုင်းမှာ ဝိုင်းပြောလာလို့ ဘဏ်တွေကန့်သတ်တာ၊ လက်နက်ရောင်းတာကို ကန့်သတ်တာတွေ လုပ်လာခဲ့ပါတယ်။ သူက NUG နဲ့ ဆက်ဆံမှုရှိပြီး သူ့နိုင်ငံခြားရေးဝန်ကြီးက DASSK ကို အလွန်လေးစားသူဖြစ်ပါတယ်။ သူက စင်ကာပူနိုင်ငံခြားရေးမူဝါဒကို အတိုင်းအတာတစ်ခုအထိ ကိုင်ထားပါတယ်။ စင်ကာပူဟာ ဒုသမ္မတမြင့်ဆွေရဲ့ ဆေးမှတ်တမ်းကို သိထားသူဖြစ်လို့ သူတို့လိုတာကို တရုတ်နဲ့ ပြောဆိုနိုင်ပါတယ်။

အင်ဒိုနီးရှား၊ မလေးရှား
သူတို့က ဒီမိုတွေကို ထောက်ခံသလို ရိုဟင်ဂျာကိုလဲ ထောက်ခံသူပါ။ မအလကို အာဆီယံစည်းကမ်းနဲ့ လိုက်နာအောင်ဖိအားပေးသူ နိုင်ငံအချို့ထဲမှာ ပါပါတယ်။ NUG နဲ့လဲ ဆက်ဆံပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ပြည်နယ်တစ်ခုကတော့ မိမိနဲ့ဘာသာတူ ရိုဟင်ဂျာတွေရဲ့ လှေငယ်ကို ကမ်းအကပ်မခံဘဲ အတင်းဆန္ဒပြ ပြန်လွှတ်ခဲ့တာကတော့ ဝမ်းနည်းစရာပါ။

အရှေ့တီမော

Myat Tun Oo

21 Jul, 22:15


ခါးသီးသော အမှန်တရား (Inconvenient truth)

ယခုရေးမှာက မြန်မာပြည်အပေါ် အနောက်အုပ်စု၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေရဲ့ သဘောထားတွေပါ။ အချို့ကိစ္စတွေက ကြားရတာ နားခါးနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူအားလုံး သိသင့်တယ်ထင်လို့ ရေးပြပါမယ်။ မှားတယ်ထင်ရင် ထောက်ပြပါ။

ပထမဆုံးက ပြည်သူအားလုံးက မိတ်ဆွေလို့ထင်တဲ့ နိုင်ငံများနဲ့ စပါမယ်

အမေရိကန်
သူက မြန်မာပြည်သူများ အမျှော်လင့်ဆုံးတိုင်းပြည်ပါ။ ဘိုင်ဒင်က DASSK ကို ရိုဟင်ဂျာအရေး ကိုင်တွယ်ပုံကို ဝေဖန်ခဲ့သူပါ။ ဒါကြောင့် သူကများ DASSK ထက် လူ့အခွင့်အရေးကို ပိုပြီး လေးစားမလား မအလကို အပြင်းအထန် အရေးယူမလားဆိုပြီးပါ။ အမေရိကန် သံအမတ်တွေဟာ DASSK ကို Eric Fonder ရေးတဲ့ “The Second Founding” လို့ခေါ်တဲ့ ဒုတိယနိုင်ငံတော်တည်ထောင်ခြင်း စာအုပ်ကိုလဲ လက်ဆောင်ပေးခဲ့ကြသူများပါ။
ယခုအချိန်မှာ အမေရိကန်ဟာ မြန်မာပြည်က ထင်ရှားသူအချို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပါတယ်။ စီးပွါးရေးပိတ်ဆို့မှုအချို့ လုပ်ခဲ့ပါတယ်။ ဒါတွေက ဆီးရီးယားက ဒုက္ခသည်လက်ခံတဲ့အချိုးနဲ့ကြည့်ရင် ၁း ၁၀၀၀ လောက်သာရှိပါတယ်။ သူလက်ခံခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်က ဒီမိုတွေထက်များပါတယ်။ စီးပွါးရေးပိတ်ဆို့တာက အမေရိကန်အနေနဲ့ ဒီမိုကိစ္စမဟုတ်ရင်လဲ ရိုကိစ္စနဲ့ ပိတ်ဆို့ရမှာပါ။ ဘာလို့လဲဆိုတော့ အမေရိကန်ရဲ့ ဒိမိုကရတ်ပါတီက အမတ်တွေက ဒီကိစ္စကို မဲအတွက်စိတ်ဝင်စားသူများပါ။ ယခုဘိုင်ဒင်က အစ္စရေး-ပါလက်စတိုင်းမှာ ပါလက်စတိုင်းဘက်မလိုက်လို့ သူ့မူစလင်ထောက်ခံတဲ့အမတ်တွေရဲ့ ဝေဖန်တာ ခံနေရပါတယ်။
အမေရိကန်ဟာ ရိက္ခာ၊ ဆေးဝါးအကူအညီကို ရခိုင်မြောက်ကိုသာ ကုလကတဆင့် အဓိကပေးခဲ့ပြီး ပြည်သူ့အစိုးရ NUG ကို ဘာလက်နက်မှ မပေးခဲ့ပါ။ သံတမန်ကိစ္စမှာလဲ ဗင်နီဇွဲလားကိစ္စလို အမေရိကန်က ဗမာ သံရုံးကို NUG ထံ မပေးခဲ့ပါ။ အမေရိကန်က soft power လို့ခေါ်တဲ့ အကူအညီကို NGO အချို့နဲ့ သတင်းဌာနတွေကိုပေးပြီး NUG နဲ့ EROs မူဝါဒက တရုတ်ဘက်ယိမ်းရင် မကောင်းပြောဖို့ ထိန်းထားခဲ့သလို ပြည်သူတွေရဲ့ အမြင်ကိုလဲ သူ့အကောင်းမြင်အောင် ထိန်းထားနိုင်ပါတယ်။

အင်္ဂလိပ်
သူက မြန်မာကို အုပ်ချုပ်ခဲ့သူပါ။ သူက ဒီမိုဒုက္ခသည်ကို ရိုဟင်ဂျာလောက်တောင် လက်မခံပါ။ ဒါကြောင့် NUG ရဲ့ ဘယ်ဝန်ကြီးမှ အင်္ဂလန်မှာ ဒုက္ခသည်မရပါ။ ဒေါက်တာဆာဆာ အခြေအနေမသိပါ။ NUG ကိုလဲ တစ်ပြားမှ မကူသလို ပြည်သူကိုလဲ မကူပါ။ သူကူသမျှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းပါ။ ကရင်နီ၊ ကရင်နဲ့ ချင်းဒေသအချို့ ရ မရ စာရေးသူ မသေချာပါ။ ရခဲ့ရင်တောင် ၁း ၁၀၀၀၀၀ ပါ။ စစ်ကိုင်း၊ မကွေး သုညပါ။
ဒါဆိုရင် အင်္ဂလန်က ICJ မှာ တရားစွဲတာပါတာရော? သူ့မှာ မူစလင်လူဦးရေများပါတယ်။ သူတို့က လက်ရှိအစိုးရက အစ္စရေးကိစ္စမှာ ပါလက်စတိုင်းဘက်ကမပါလို့ ဒေါသထွက်နေပါတယ်။ လေဘာအစိုးရဟာ မူစလင်မဲအပေါ် အချို့ဒေသတွေမှာ မူတည်ပါတယ်။ ဒါကြောင့် အစ္စရေးကိစ္စမှာ အစ္စရေးကို အာမခံရဲလို့ မြန်မာကိစ္စ ရိုဟင်ဂျာဘက်ကနေ ဝင်ပါ တရားစွဲတာပါ။ လူမြင်ကောင်းအောင်ပေါ့။

ဥရောပ
သူက DASSK လက်ထက် အထည်ချုပ်ကို ရိုကိစ္စ သူပြောတာမလုပ််ရင် စီးပွါးရေးပိတ်ဆို့မယ်ဆိုပြီး ခဏခဏ ခြိမ်းခြောက်ခဲ့သူပါ။ မအလလက်ထက် မအလက လက်ခလယ်ထောင်ပြချိန် သူသတ်မှတ်ထားတဲ့ လူ့အခွင့်အရေးတွေအားလုံးကို ချိုးဖောက်ချိန်မှာ ဘာမှ မလုပ်ရဲပါ။ သူ့မှာ မြန်မာပြည်က ထင်ရှားသူ သတင်းသမား မရကျော်သူကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့က ရိုကိုပေးဖို့ စစ်တာထက် ပိုကြာပါတယ်။ ဥရောပက ဒိန်းမတ်၊ နယ်သာလန်နိုင်ငံတွေက ICJ မှာ အင်္ဂလန်လိုဘဲ မြန်မာကို တရားစွဲရာမှာ ဂမ်ဘီယာဘက်ကပါခဲ့ပါတယ်။
ဒါက ပြည်သူတွေအတွက်မဟုတ်ဘဲ ဒိန်းမတ်က ကာတွန်းကိစ္စနဲ့ မူစလင်ကမ္ဘာမှာ ၂၀၀၅ ကစလို့ ပြဿနာတက်ခဲ့ပြီး သူ့ပုံရိပ် မူစလင်ကမ္ဘာမှာတက်အောင် ရိုကိစ္စနဲ့ ကြိုးစားပြတာပါ။ နယ်သာလန်ကလဲ လက်ယာစွန် မူစလင်ဆန့်ကျင်ရေး Geert Wilders ဦးဆောင်တဲ့ မဘသပါတီက အာဏာရနေပြီး သူကလဲ မူစလင်ကမ္ဘာမှာ သူ့ပုံရိပ်တက်အောင် ICJ အမှုမှာပါပြီး ပဏာဝင်ယူတာပါ။
ဥရောပ သမဂ္ဂဟာ NUG အောက်က PDF ကို တစ်ပြားမှ မကူညီပါ။ NUG က သူ့သံရုံးတွေကို ဥရောပမှာ သု့ပိုက်ဆံနဲ့ သူဖွင့်ရတာပါ။ ဘဘဦးတင်ဦး စျာပနတောင် မတက်ခဲ့ပါ။
ဥရောပနိုင်ငံများဟာ တောင်အာဖရိကက အစ္စရေးကို ICJ မှာ တရားဆွဲတဲ့အမှုမှာ မပါရဲလို့ သူ့နိုင်ငံထဲက မဲဆန္ဒရှင် မူစလင်တွေကို မျက်နှာပြကောင်းအောင် မြန်မာအမှုမှာ ဝင်ပါတာပါ။ ဝင်ဆွမ်းကြီးလောင်းတာပါ။

ရုရှား
သူက မအလအားကိုးသူပါ။ မအလကို စစ်ရေးအရ ဗျူဟာအရ အဓိက အနီးကပ်ကူညီပေးသူပါ။ ပိုက်ဆံနဲ့ ဘာမဆို ရောင်းပါတယ်။ အနုမြူဆောက်ဖို့ ကူနေပါတယ်။ ဒီမိုတွေက ဘာမှမကူပါ။ သူက မအလဘက်က လိုက်နေပါတယ်။ ဒါပေမယ့် စာရေးသူတို့ အာဏာရလဲ သူ့ထံက လက်နက်ဆက်ဝယ်ရနိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံများ

အိန္ဒိယ

Myat Tun Oo

18 Jul, 13:34


Open letter to USAID administrator Samantha Power

First of all, I would like to thank you for providing some aids to Burma via UN agency and NGOs. However, I would like to raise my concern and the concern of Myanmar citizens. I would like to argue that your aid is discriminatory in nature based on race and religion and promoting inter-communal tensions rather than promoting democracy and human rights in Burma.
You may want to ask me why I am questioning the ethic of your agency. Where is the evidence? After 2015, you provided help to all parts of the country until 2021. Your distribution of aid is more to Rohingya than other parts of the country. However, you might be able to justify that Rohingya will need more help because they have to flee from the persecution of the junta.
After the coup in February 2021, it is fair to say that more Burmese people are internally displaced without shelter, food, and any medicine. There are more Burmese in displaced camps than Rohingya. There are other ethnic groups who are fleeing away from the military’s persecution as well. Kachin, Karenni, Rakhine, Chin, Karen and Shan are also displaced internally without food, medicine, shelter and any healthcare. If you look at the proportion of your aid distribution, there is no money going to proper Burma at all and your aid is more towards Muslim and Ronhingya. You do not provide aid to Christian Minority groups living inside Burma either.
In the past, your argument was that our National Unity government of Burma is not in control of territory and therefore, you have to provide aids to the areas, which are safe. However, the Arakan Army is now in control of an airport in Rakhine state, and they are in need of help. You should provide help to Rakhine and Chin people who are in need of humanitarian assistance together with Rohingya. In Burma, there are many ethnic groups exist and their houses are burnt and persecuted the same way as Rohingya. Their situation is even worse than Rohingya as they have no country to run to and UN, US, and EU are not helping them like Rohingya.
At the end of day, you can do what you want with your own money. However, don’t show any moral high ground by proving discriminatory aid in Burma to one group disproportionately than others based on religion and ethnicity. US constitution values equality and I hope you will promote it by proving aids to all ethnic groups irrespective of their ethnicity and religion.

https://www.myattunoo.com/post/open-letter-to-usaid-administrator-samantha-power

Myat Tun Oo

10 Jul, 15:24


တိုက်ဆိုင်လိုက်တာများကွာ
၁၉ ဇွန် ၁၉၄၅ အမေ့မွေးနေ့
တရုတ်ကိုယ်စားလှယ် DASSK နဲ့ ထပ် တွေ့ခွင့်တောင်း ဇွန် ၁၈
မြောက်ပိုင်းထိုးစစ်ပြန်စ ဇွန် ၂၅
သိန်းစိန် တရုတ်ပြည်သွား ဇွန် ၂၇
ဒုချုပ် တရုတ်ပြည်သွား ဇူလိုင် ၇
အားလုံးက တိုက်ဆိုင်တာပါ။
စာရေးသူက အဘ၏ မီးနီဖြတ်မောင်းသော တရုတ်ဆိုပြီး ရေးခဲ့ပါတယ်။
“https://www.myattunoo.com/post/အဘ-မ-န-ဖ-တ-မ-င-သ-တရ-တ”
အချို့က မကြိုက်ပါဘူး။ အချို့ကလဲ တရုတ်မကောင်းကြောင်းလေး ရေးစေချင်ပါတယ်။ ရေးမှာပါ။
ယခု CNA က မအလဆင်းဖို့ တရုတ်ကပြောတယ်ဆိုပြီး ဖွလာပါပြီ။ စင်ကာပူက တရုတ်နဲ့ ယခင်က နီးစပ်ခဲ့ပါတယ်။ တွန့်ရှောင်ဖိန်က သူပြောလိုတာတွေကို စင်ကာပူ လီကွမ်ယူကတဆင့် အမေရိကန်ကိုပြောခဲ့တဲ့ အထောက်အထားတွေ သမိုင်းမှာ ရှိပါတယ်။
အမေရိကန်က မအလရေတပ်ကကောင်ကို ဘာပြောလဲ သိသင့်သလောက်သိပါပြီ။ တင်သင့် မသင့် စဉ်းစားနေပါတယ်။ စာဖတ်သူတွေထင်သလို အမေရိကန်က ဒီမိုမပေးရင် ဝင်တိုက်မယ်ပြောတာတော့ မဟုတ်ပါ။ DASSK နဲ့ တွေလိုတယ် လွှတ်ပေးပါပြောတာ မဟုတ်ပါ။ မထင်ထားတာလေးတွေ ပါနေပါတယ်။
အားလုံးကတော့ တိုက်ဆိုင်နေပါတယ်။
မယုံသူများလဲ ရှိနိုင်ပါတယ်။ စာရေးသူနဲ့ CNA အဆက်အသွယ်မရှိပါ။
တရုတ်အနေနဲ့ မအလကို ထောက်ပံ့ရင် ပြည်သူက ဒဏ်ခတ်တာခံရမှာဖြစ်ပြီး တရုတ်ကလဲ မအလက ခိုင်းတာလုပ်ပြီး ကြားလူကို အာဏာလွှဲ၊ သူ့လူကို DASSK နဲ့ ပေးတွေ့ပြီး သိသိသာသာ အားလုံးနဲ့ တွေ့ဆုံ ပြောင်းလဲမှသာ ကူနိုင်မှာပါ။ မဟုတ်ဘဲ လက်နက်ကူရင် တရူတ်လောက်မိုက်သူ ရှိမည်မထင်ပါ။ ဒါက နေပြည်တော်က ဂျင်းဖြစ်မလား ရုရှားက ကူနေတာ အသံမထွက်ဘဲ တရုတ်ကူမယ်ပြောတာက စာရေးသူသိတာနဲ့ လွဲနေပါတယ်။ ပြည်သူပါသူသာ နိုင်တယ်ဆိုတာ တရုတ်ပြည်တွင်းစစ်သမိုင်းအရ တရုတ်ကသိမှာပါ။ ပြည်သူမပါရင် ပြည်သူက မကြည်ဖြူရင် ဘာမှမအောင်နိုင်ပါ။

Myat Tun Oo

10 Jul, 12:35


အလုံးစုံ ပျက်သုဉ်းရေးလုပ်နေသူ မအလ
ဘဏ်တွေကို ယုံကြည်ချက်ကျအောင် ပုံမှန်မှာ အတော်လုပ်ယူရမှာပါ။ မအလအကွက်ကလှတော့ NUG က ဘာမှ လုပ်စရာမလိုဘဲ လူတွေ တန်းစီသွားကြပါတယ်။ စျေးကွက်ကို အမိန့်ပေးလို့ရရင် ကွန်မြူနစ်စနစ်က ပြိုစရာအကြောင်းမရှိပါ။ မအလလုပ်နေတာ အလုံးစုံ ပျက်သုဉ်းရေးပါ။ မအလလုပ်ကွက်ကြောင့် တော်လှန်ရေးအောင်ဖို့က နီးလာတာ ငြင်းမရတော့ပါ။ ယခင်က မြို့ပေါ်မှာ တော်မခိုလိုလို့ ကျန်ခဲ့သူက မီးမလာ၊ ဆီ ဆန်စျေးကြီးပြီး စစ်ထဲဆွဲခေါ်ခံရနိုင်သလို သူဌေးလဲ အဖမ်းခံရနိုင်လို့ မြို့ပေါ်မှာနေလဲ တောထဲရောက်သလိုဖြစ်အောင် မအလက လုပ်ထားနိုင်ပါပြီ။ ‘BC’ မသိသူတွေကျန်နိုင်သေးပေမယ့် ယခင်က BC မသိခဲ့တဲ့ ဘောမတွေလဲမေမြို့နားရောကချိန်မှာ BC သိလာခဲ့ကြပါပြီ။ မသိသေးသူတွေလဲ နောက်သိမှာပါ။

Myat Tun Oo

04 Jul, 23:15


အမေရိကန်က ကရင်လေးမှပြောသော 'ပ'သုံးလုံး
'ပ' သုံးလုံးက တော်လှန်ရေးမှာ အသက်ပေးရတာများသလို အပြောခံရတာလဲ အများဆုံးပါ။ ဘောမများကစလို့ တတိယခွေးအုပ်စုအထိ 'ပ' သုံးလုံးကို အပြစ်ပြောကြပါတယ်။ ဒီနေရာမှာ ပ သုံးလုံးဟာ လုပ်ချင်တိုင်း ထလုပ်လို့ ဖွဲ့ချင်တိုင်း ထ ဖွဲ့လို့မရပါ။ ဥပမာ ရန်ကုန်ထဲမှာ 'ပ' သုံးလုံးလုပ်မလားဆိုရင် အဖမ်းမခံချင်သူက ငါလုပ်မယ်ဆိုပြီး ထွက်လာမှာ မဟုတ်ပါ။ ဒီနေရာမှာ 'ပ' သုံးလုံးကို ခုခံပေးမှာမဟုတ်ဘဲ ကမ္ဘာမှာလဲ 'ပ' သုံးလုံးလိုအဖွဲ့တွေ ဘာတွေဖြစ်နေသလဲဆိုတာ ပြည်သူတွေ နားလည်အောင် ခေတ်သစ်နားလည်အောင် ‌ဥပမာနဲ့ ပြောပြမှာပါ။
ဒီနေရာမှာ ယောနယ်၊ နဂါးနယ်နဲ့ နယ်အချို့မှာ ဗကပ လက်နက်ကိုင် ကျောင်းသားအဖွဲ့များ ရှိပါတယ်။ သူတို့က 'ပ' သုံးလုံးကို ပုံဖျက်မှ သူတို့အုပ်ချုပ်နိုင်မှာမိုလို့ လုပ်တာရှိပါတယ်။ အချို့က 'ပ' သုံးလုံးပြဿနာလဲ ရှိနိုင်ပါတယ်။ စာရေးသူ ပြောလိုတာက တစ်ပါတီအာဏာရှင် အုပ်ချုပ်တာမဟုတ်ရင် ဒီမိုကရေစီမှာ အသံကြားရမယ်ဆိုတာ ပြည်သူများကို သိစေချင်တာပါ။ မြောက်ကိုရီးယားဆိုရင် ပ သုံးလုံးပြဿနာမရှိပါ။
ယခု နယူးယောက်က ကရင်လေးကို ရဲတွေသတ်လိုက်တာက အားလုံးမျက်မြင်ပါ။ NUG အောက်က 'ပ' သုံးလုံးကတော့ ဒီလိုအရွယ်ကလေးကို မလုပ်ဖူးပါ။ မအလခွေးတပ်ကတော့ လုပ်ပါတယ်။ ဒီနေရာမှာ ရခိုင်က AA ကို ရိုဟင်ငျာအတွက် စာထုတ်တဲ့ အရပ်ဖက်အဖွဲ့ ရာကျော်က ကရင်လေးအတွက် စာမထုတ်တာက ထူးဆန်းနေပါတယ်။
ထို့အတူ အမေရိကန်မှာ ရဲလက်ချက်ကြောင့် လူမဲအသတ်ခံခဲ့ရပြီး လူမဲမှာလဲ အသက်နဲ့ပါဆိုတဲ့ Black Lives Matter လို့ခေါ်တဲ့ လှုပ်ရှားမှု ပေါ်လာခဲ့တာပါ။ အင်္ဂလန်မှာလဲ ရဲတွေက လူမဲအမှုကို ပေါ့လျော့စွာ ကိုင်တွယ်တာ၊ မလိုလားအပ်ဘဲ ဖမ်းတာတွေရှိခဲ့၊ ရှိနေဆဲပါ။ ရဲတွေက ခိုးမှု၊ ဓားမြမှုမလိုက်ဘဲ အခြောက်လို့ ပြောသူကို ဖမ်းဖို့လောက်သာ စိတ်ဝင်စားလို့ ပြဿနာတက်တာ၊ ရှေ့နေချုပ်က လူသတ်မှုကို တရားမစွဲဘဲ ထရမ့်ကို တရားစွဲတာ၊ ထိုင်းရဲ၊ မလေးရှားရဲတွေဆိုရင် မြန်မာဆိုပိုပြီး ဒုက္ခပေးတာ အားလုံးသတင်းတွေမှာ ကြားနေ တွေ့နေရမှာပါ။ ဒါက 'ပ' သုံးလုံးထဲက ရဲလိုအဖွဲ့တွေရဲ့ပြဿနာပါ။ ဒီနေရာမှာ ပြောလိုတာက ကမ္ဘာ့ဒီမိုဘိုးအေနိုင်ငံတွေမှာလဲ 'ပ' သုံးလုံးနဲ့တူတဲ့ အုပ်ချုပ်ရေး လုံခြုံရေးအဖွဲ့တွေရဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာပါ။ NUG ရဲ့ အဖွဲ့တွေ 'ပ' သုံးလုံးအဖွဲ့တွေက နယူးယောက်က ရဲတွေလို၊ လန်ဒန်ကရဲတွေလို လွတ်လွတ်လပ်လပ် ဆောင်ရွက်နေရတာ မဟုတ်ဘူးဆိုတာ ပြည်သူများ မမေ့သင့်ပါ။ သူတို့မှာ မအလရန်ကြောက်ရ၊ လေယာဉ်ရန်ကြောက်ရ၊ နဂါးလို စားဖားတွေကြောက်ရ၊ အချောင်အာဏာအတွက် NUG အပုတ်ချလိုတဲ့ သတောင်းစား တတိယအုပ်စုတွေကြောက်ရ အနောက်အုပ်စု လစာ စား NGO ကြောက်ရနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေရတာပါ။
ဒီမိုစနစ်မှာ ပြဿနာဆိုတာ ရှိမှာပါ။ ပြည်သူများအနေနဲ့က အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ ထိုင်းနဲ့ မလေးရှားမှာလဲ ဒီလိုပြဿနာရှိတယ်ဆိုတာကိုသိထားရင် ပြဿနာရှင်းရတာ ပိုအဆင်ပြေမှာပါ။ “ပ’ သုံးလုံးကို နားလည်မှုပေးနိုင်မှာပါ။ သတိနဲ့ NUG ကို ဝန်းရံပြီး အာဏာရူးခွေးနဲ့ သတောင်းစားများရန်က ရှောင်နိုင်ပါစေ။ NUG ကလဲ ပြည်သူ့အသံ နားထောင်နေမယ်လို ယုံကြည်ပါတယ်။ ခေတ်သစ်နဲ့ လက်ဝါးရိုက် တစ်ဖက်သတ်တင်တဲ့ ‘ပ’ သုံးလုံးအပုတ်ချသတင်းက မှန်တယ်ဆိုရင်တောင် NUG ရဲ့ ‘ပ’ သုံးလုံးက နယူးယောက်က ကရင်လေးကိုသတ်တဲ့ ‘ပ’ သုံးလုံးလောက်မဆိုးသေးပါလို့ ပြောပါရစေ။

https://www.myattunoo.com/post/အမ-ရ-ကန-က-ကရင-လ-မ-ပ-သ-ပ-သ-လ

Myat Tun Oo

03 Jul, 17:39


အဘအတွက် အဆုံးအဖြတ်အချိန်များ
မအလဟာ လူသစ်စုနေချိန် ရှမ်းမြောက်အပစ်ရပ်ချိန်မှာ စစ်ကိုင်းကို ထိုးစစ်ဆင်အပြီး ရှမ်းတောင် ကယားဘက်ကို တန်ပြန်ထိုးစစ် ဆင်ခဲ့ပါတယ်။ အလုံးစုံမအောင်မြင်ပေမယ့် သူစစ်ရှုံးနေတဲ့ အခြားဒေသတွေထက်စာရင် သူ့တပ်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ထို့အတူ အောင်ဇေယျက ရှေ့မတိုးနိုင်ပေမယ့် မြဝတီကိုတော့ ဟန်မပျက် ထိန်းပြနိုင်ခဲ့ပါတယ်။ ကရင်ဘက်မှာ သူ့ထံကို ထိုးစစ်အကြီးမလာတော့တာ အားလုံးသတိထားမိမှာပါ။ ထိုအချိန်မှာ မအလရဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့က လူသစ်တွေနဲ့ ရှမ်းမြောက်မှာ ထိုးစစ်ဆင်ဖို့ပြင်ထားခဲ့ပါတယ်။
ဒါကြောင့် MNDAA, TNLA တို့ဟာ သူ့မတိုက်လဲ မအလက သူတို့ကို အချိန်တန်ရင် သွားတိုက်မှာပါ။ ရှမ်းမြောက်လားရှိုးမှာလဲ ထိုးစစ်အတွက် လက်နက်အင်အားဖြည့်ထားသလို ဒရုံးနဲ့လဲ ၂၄နာရီ စောင့်ကြည့်နေခဲ့ပါတယ်။ ကယားထိုးစစ်မှာ ဒရုံးကအောင်မြင်ခဲ့လို့ အဆိုပါနည်းပညာကို ယူသုံးခဲ့ပါတယ်။ ယခုရှမ်းမြောက်မှာက အလစ်အငိုက်မဟုတ်ဘဲ ဝ UWSA တပ်တွေ ရွှေ့ပြောင်းတာကို ကြိုသိခဲ့ပါတယ်။ ဗုံးကြဲပြီး လက်ဦးမှုရယူတိုက်မလားဆိုတာကို မအလက ပေးမတိုက်ခဲ့ပါ။ ဒီသတင်းကို ဘောမသတင်းတွေမှာမတက်ခင် စရဖက ကြိုသိခဲ့ပြီး မအလက အရေးမယူလို့ ဖိအားပေးတဲ့သဘောနဲ့ ဘောမတွေထံကို သတင်းပို့ခဲ့တာပါ။
ယခုစစ်ပွဲတွေကဘာထူးမလဲ? ယခု ရခိုင်က သံတွဲ၊ အမ်းနဲ့ ရှမ်းမြောက်က လားရှိုး၊ နောင်ချိုတို့က မအလရဲ့ ကံကြမ္မာအထိ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ စနစ်ပျက် မပျက် မသိပေမယ့် မအလပြုတ် မပြုတ်လောက်အထိတော့ ဆုံးဖြတ်သွားနိုင်လို့ပါ။ ယခု မအလဟာ ရှိသမျှ ပုံအောပြီး လားရှိုး၊ သံတွဲ၊ အမ်း၊ နောင်ချိုကို ခံတိုက်နေပါတယ်။ မောင်းတောမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက မအလတပ်နဲ့ ဝိုင်းကူတိုက်ပေးလို့ AA ထင်သလောက်မြန်မြန် မသိမ်းနိုင်တာကို မအလက သဘောကျနေပါတယ်။ သူတို့တွေက တိုက်ရည်ခိုက်ရည်ရှိလို့ မအလက သံတွဲအထိ ခေါ်သုံးဖို့လဲ စဉ်းစားနေပါတယ်။ AA က မောင်းတောကို မသိမ်းနိုင်ခဲ့ရင် မအလတပ်က ရိုဟင်ဂျာတွေနဲ့ မြောက်ဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ သူတို့ကို BGF လို ခန့်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့အထိ သဘောတူထားပါတယ်။ အဆိုပါနယ်တွေမှာ ရိုဟင်ဂျာတွေက သူတို့ဖာသာ အုပ်ချုပ်လို့ရမှာပါ။ သူတို့က မအလဘက်က တိုက်ပေးရမှာပါ။ ဒါပေမယ့် ရခိုင်အတွင်းအထိ ခေါ်လာခဲ့ရင် မဘသနဲ့ ပြဿနာတက်နိုင်လို့သာ မခေါ်သေးတာပါ။ ရှမ်းမြောက်မှာလဲ ပုံအောပြီး ခုခံထားပါတယ်။ ဒါဆိုရင် ဘာဆက်ဖြစ်မလဲ?
မအလက သံတွဲ၊ အမ်း၊ လားရှိုး၊ နောင်ချိုမကျအောင် ထိန်းနိုင်ခဲ့ရင် တပ်ထဲမှာ နာမည်ရလာပြီး အတင့်ရဲလာတဲ့ မအလတပ်ဟာ လူသစ်တွေနဲ့ ထိုးစစ်ပြန်ဆင်လာပါမယ်။ အကယ်၍ သံတွဲ၊ အမ်း၊ လားရှိုး၊ နောင်ချိုကျခဲ့ရင် မအလဟာ တရုတ်ကတဆင့် အပစ်ရပ်ဖို့ ထပ်လုပ်ပြီး အချိန်ထပ်ဆွဲလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ မအလကိုယ်တိုင် ရာထူးကဆင်းပးရတာ တပ်ထဲမှာ မအလကို ဖြုတ်ချတာအထိ ဖြစ်လာနိုင်နေပါတယ်။ မအလပြုတ်တာဟာ ဒီမိုကရေစီရတာမဟုတ်ပေမယ့် အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်ပါမယ်။ ဒါမှမဟုတ် မအလက သေသည်အထိ သီပေါမင်းလို ကိုယ့်တပ်ကိုယုံပြီး ခံချသွားတာလဲ ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ စစ်သဘောအရ စိတ်ဓာတ်၊ လူအင်အား၊ လက်နက်တွေလိုပြီး လက်နက်ကောင်းဖို့က ငွေလိုပါတယ်။ ပြည်သူက မိမိရလာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ NUG အောက်က PDF ကို ယခုထက်ပိုအားကောင်းအောင် ထောက်ပံ့ပေးကြပါ။ အခြားတပ်တော်တွေနဲ့ ပိုက်ဆံမဖြုန်းပါနဲ့။ တပ်တော်တွေက ဘာမှမသိမ်းပြနိုင်ဘဲ မန္တလေး PDF လို NUG အောက်က PDF ကသာ မြို့သိမ်းနိုင်တာပါ။ ပြည်သူတွေ မအလအခက် ပြည်သူအချက်ဖြစ်နိုင်အောင် NUG အောက်က PDF ကို ဆထက်တစ်ပိုးတိုး ထောက်ပံ့ကြပါ။ ပန်းတိုင်က နီးနေပြီး ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေထဲ မြန်မာ့တော်လှန်ရေးက ပြည်တွင်းအားသာ အဓိကထားနေလို့ ပြည်သူက ကြည်ဖြူစွာ ကူညီနိုင်ပါစေ။

https://www.myattunoo.com/post/အဘအတ-က-အဆ-အဖ-တ-အခ-န-မ