ချစ်သင့်လွင်ပြင် 🤍

@ch_by_poem


ကဗျာများသာ စိတ်ဖြေရာ
လူငယ်ဆိုတာ အနာဂတ်။

အရည်အချင်းရှိတဲ့
ကလောင်သစ်များကို အားပေးပါ

ချစ်သင့်လွင်ပြင် 🤍

22 Oct, 15:34


Live stream started

ချစ်သင့်လွင်ပြင် 🤍

22 Oct, 15:13


ချစ်လျှက်နဲ့ဝေးတဲ့ ဆက်ဆံရေးတွေ
ဒီကမ္ဘာမှာ တကယ်ရှိတယ်...ထို့အတူ

"အကြောင်းပြချက်မခိုင်လုံပဲ လမ်းခွဲဖို့
ရွေးချယ်လိုက်ရတဲ့အခါ ကျနော်တို့ဟာ
ပုံမှန်ထက် အဆပေါင်းများစွာ
ပိုနာကျင်ရပါတယ်"...။


                - လရောင်မှိုင်း

ချစ်သင့်လွင်ပြင် 🤍

22 Oct, 14:47


တချို့က ငါ့ကို ဒီလောက်တောင်ဖြစ်ရသလားတဲ့။ မဟုတ်ဘူး။ ငါဖြစ်ချင်တာက ဒီထက်မကပါဘူး။

-ဖော်ဝေး

ချစ်သင့်လွင်ပြင် 🤍

22 Oct, 14:46


အာလုံးပဲ မဂ်လာပါခဗျာ ဆရာခုChannel လေး Subscribers 3Kပြည့်တဲ့ည(9:00)Pm မှာ

ဖုန်းဘေ Telenor-Mpt-Mytel-Ooredoo စုစုပေါင်း 👉70000 ကျပ်

Kpay + 200000 Kyats & Wave +200000 kyats တစ်ဦးစီ
မဲဖောက်ပေးမယ် မြန်မြန်ကံစမ်းချင်သူများ Channel လေးကိူ Join ထားပေးနော် 👇👇👇👇👇

👉https://t.me/sayarmoe895
👉https://t.me/sayarmoe895
👉https://t.me/sayarmoe895

အသဲများများပေးပြိး Share ထားသူများရမည်😍😍😍

ချစ်သင့်လွင်ပြင် 🤍

22 Oct, 14:27


အသံလေးများကြားရင်
ဖန်ကလေးများအက်ကွဲသလို
လေပြေလေးတိုးဝင်လာသလို
သစ်ရွက်ခြောက်လေးဝဲသလို
ရင်ခုန်တတ်စကလေးလေးပေါ့။

မင်းနဲ့တွေ့ရရင်ရေဓာတ်ပြည့်တယ်
သွေးလည်ပတ်မှုကောင်းလာတယ်
နှလုံးခုန်နှုန်းတွေလဲမြန်လာတယ်
ဒီတစ်ခါသေချာတယ်အချစ်ရယ်
ဖိတ်စာကြိုရိုက်ထားလိုက်ပါ့မယ်။

#နယ်သာပို

ချစ်သင့်လွင်ပြင် 🤍

22 Oct, 13:52


ဆရာမလေးသို့

အချစ်ကျောင်းသားလေးမောင်ပါ
ဆရာမကတော့မှားမှားမှန်မှန်
စိတ်ဆိုးစိတ်ကောက်ပေါ့
အလိုမကျရင် နှုတ်ခမ်းလေးဆူပြီး
အော်ငေါက်နိုင်ပါတယ်
ဒီကျောင်းသားက ဆရာမလေး စိတ်ကျေနပ်တဲ့အထိ
အချစ်ကဗျာတွေအလွတ်ရွတ်ပြပါမယ်။

နေညို။။။

ချစ်သင့်လွင်ပြင် 🤍

22 Oct, 13:29


အမှန်တရား အမှန်တရားဆိုပြီး
တကယ်မတရားတာကျ
အမှားတစ်ရံဖြစ်လို့နေမလား။

တိုးတက်လာသော မျက်မှောက်ခေတ်မှာ
ကိုယ်ကျင့်တရားများ ပြောင်းပြန်စီးလေတော့
ဒါဟာကျောက်ခေတ်များလား။

ဒီရုပ်၀တ္ထုသဘော လောကကြီးများ
တရားလိုက်တာ ငွေများရှိရင်
မစင်တောင် ဂုဏ်ရှိသတဲ့။

စင်ကြယ်အောင် တိုက်ချွတ်ဖို့ရာ
ဘုရားကယ်ပါ သိကြားကယ်ပါနဲ့
လည်ကာ လည်တာ သံသရာ
အော် မလွတ်မြောက်နိုင်သေးပါ။

စိတ်ကူးယဉ်ခြင်းများရဲ့ အလွန်မှာ
အိပ်မက်တွေ ကြိုးပြတ်လဲနေတော့
အလင်းဆိုင်တွေလည်း အရောင်မှိန်လှပေါ့။

ချောင်ကျကျစားပွဲဝိုင်းတစ်ခုမှာ
အမှန်တရားရယ် မင်းငိုက်မျဉ်းလို့နေမလား။

#ထက်အရုဏ်

ချစ်သင့်လွင်ပြင် 🤍

22 Oct, 13:25


အရှက်တရားဟာ၊
ပျက်ပြားနေလေတော့။

ကလောင်သားဟာ၊
လောက်စား ခံရမှာပေါ့။

ပေါ်ပင်ကို အတော်ခင်တဲ့
ကလောင်ရှင် လေးရယ်။ ။။

-သစ်လွင့်

ချစ်သင့်လွင်ပြင် 🤍

22 Oct, 13:24


သူငယ်ချင်း
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့အထိ
ဝေးကွာသွားခဲ့ပြီး

မထားခဲ့ခင်အချိန်မှာတောင်
ပျော်ရွင်အောင်‌စကားတွေ
ပြောခဲ့ပေးလို့ကျေးဇူးပါ

အမြဲစိတ်ဆိုးနေတဲ့ငါ့ကို
မင်း‌ပြန်လာမချော့နိုင်တော့ဘူး
မင်းအတွက် သူငယ်ချင်းကောင်း
မဖြစ်ခဲ့တဲ့အတွက် ငါနောင်တရမိတယ်...

21.10.24
good bye, My Friend 💐
ကောင်းရာမွန်ရာရောက်ပါစေ။

#အုံနာတင်ခွင့်ပြုပါ
#𝐏𝐚𝐧

ချစ်သင့်လွင်ပြင် 🤍

22 Oct, 12:58


အချစ်ခရီးအစအဆုံး မမဝေကို ဖေးကူပေးခြင်သလို
ဘဝအတက်အကျတိုင်း မမဝေနား ရှိနေချင်ပါတယ်
နေ့ပဲစံရစံရ၊ညပဲခံရခံရ
မောင်ဟာ မမဝေသာ ပိုင်သည့်ချစ်ပြိတ္တာပါ
အချစ်နဲ့တွေ့ရင် မောင်အဲ့သလို ရူးသွပ်ပါတယ်
တစ်ခါကငိုဖူးခဲ့တယ်ဆိုတာ မမဝေအချစ်ကိုမရသေးလို့ပါ

နေညို။။။။။

ချစ်သင့်လွင်ပြင် 🤍

22 Oct, 11:45


ဒီဘ၀မှာတော့
မမ မရှိလို့မဖြစ်။
မမ မရှိလို့မဖြစ်။
မမ မရှိလို့မဖြစ်။

-မြတ်သိင်္ဂ

ချစ်သင့်လွင်ပြင် 🤍

22 Oct, 08:47


ဆန်းပြားတယ်ဆိုတာက
အလွမ်းသမားတွေရဲ့ လုပ်ရပ်မဟုတ်ဘူး
အထမ်းသမားတွေတောင် ဆန်းပြားနေတဲ့ခေတ်မှာ
ရိုးရှင်းပြနေရင် လွမ်းနေရအုံးမှာပဲ
ဒါကြောင့်မို့ ပရိရယ် လေးတော့ နည်းနည်းထားပြတက်ရမယ်။

-လွန်းနောင်

ချစ်သင့်လွင်ပြင် 🤍

22 Oct, 07:45


တိတ်ဆိတ်မှုဆိုတာကလည်း
အချစ်ရဲ့သင်္ကေတပါပဲ
ရပ်သင့်ချိန်မှာအလိုက်တသိ
ရပ်တန့်ပေးတာကလည်း မေတ္တာပါပဲ။

နေညို။။။။။

ချစ်သင့်လွင်ပြင် 🤍

22 Oct, 06:54


မမ
လူနှစ်ယောက်ချစ်ကြတယ်ဆိုတာကလေ
လိပ်ပြာလေးတွေ အတူတူဖြတ်သန်းကြရသလိုဘဲ။
တိမ်စိုင်ကင်းတဲ့ ကောင်းကင်ပြာမှာ
အသည်းနုနုလေကို ရှူပြီး ပျံ၀ဲကြတာလေမမရဲ့။

မမကိုလိပ်ပြာလေးလို့ တင်စားရမယ်။
မမက အချွဲသန်တယ်။
တဇွတ်ထိုးလည်း အရမ်းဆန်တယ်။
အခုလည်း မမဟာမမဖြစ်သလို
မောင်ဟာလည်း မောင်ပါဘဲ။

မောင်တို့နှစ်ယောက် ဝေးသွားကြတဲ့နေ့ကို မှတ်မိသေးလား မမ။
ဒီတိမ်စိုင်တွေက အလွှာတွေထပ်နေအောင်ထူပြီး ကောင်းကင်က ငိုသံတွေနဲ့လေ။
ကြယ်လေးတွေ ပြေးလွှားခုန်ပေါက်နေတဲ့ညဆို မမကိုလွမ်းတယ်။
လရောင်တွေ ခြံရံထားတဲ့ လျှောက်လမ်းလေးမှာလည်း မမကိုလွမ်းတယ်။

ဘာတွေလုပ်နေလဲဆိုတဲ့ တယောက်ယောက်ရဲ့အမေးကို ရှာလေတွေ့လေ
ဖွေလေဝေးလေဆိုတဲ့ တရားသူကြီးက
ဖြေပေးပါလိမ့်မယ်။
မိုးသောက်ယံ ကကြိုးများ စီရီထားတဲ့
ဆောင်းတွင်းမနက်တွေမှာ မမကိုရှာတယ်။
ဗိုလ်တစ်ထောင်ဆိပ်ကမ်းရဲ့ အယားပြေ
ခြေဆန့်ရာလေးမှာ မမကိုရှာတယ်။
ယင်းမာဖိနပ်ဖြူ ခုံမြင့်မြင့်ပေါ်မှာလည်း
မမကိုရှာတယ်။
မောင်ရှာတယ်။
မောင်ရှာနေခဲ့တယ်။
မောင်ရှာနေတော့မယ်။

မောင်က မမ မကြိုက်တဲ့
စံပယ်ဖြူလေးပါဘဲ။
မမပစ်ချခဲ့တဲ့ လျှာထိုးဥိီးထုပ်လေး။
မမကို မကာကွယ်နိုင်တဲ့
ရိုးတံရှည် ထီးဖြူလေး။
အခုတော့ မမဟာ မမဖြစ်သလို
မောင်ကလည်း မောင်ပါဘဲ။

-မြတ်သိင်္ဂ

ချစ်သင့်လွင်ပြင် 🤍

22 Oct, 06:32


ဆေးလိပ်က အဆုတ်
အရက်က အသည်း
ကော်ဖီက နှလုံး
အချစ်ကတော့
ဘ၀တစ်ခုလုံး။

#ထက်အရုဏ်

44,179

subscribers

2,272

photos

595

videos