သိုင်းလောက @wuxiathinelawka Channel on Telegram

သိုင်းလောက

@wuxiathinelawka


သိုင်းစာစဥ်များတင်ဆက်မည်။

သိုင်းလောက (Burmese)

သိုင်းလောက သည် အကြောင်းဆုံး အကြံပေးကြောင့် ဗိုလ်ကြီးသည်။ အကြားသိုင်းလောက အသစ်ထဲမှာ ထိမ်းစားသော နားလည်မေးမြန်းမှုအတွက် သိုင်းလောက channel သည် လူများကို အကျုပ်ချက် ပေးနိုင်ရန် ဖန်တီးနိုင်သည်။ သိုင်းလောက မှ သိုင်းစာစဥ်များကို အကြံပေးရန် မျှဝေပါ။

သိုင်းလောက

12 Nov, 02:38


📗 ကယ်တင်ရှင်သိုင်းသမား

✒️ ဘုန်းကြွယ်

📚 ၃ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZGmyU0ZIfON5xnN5cV5qvcvzP2qbRyB1MKk

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

12 Nov, 02:38


📗 ကယ်တင်ရှင်သိုင်းသမား

သိုင်းလောကမှာ ထင်ရာစိုင်းနေကြတဲ့ "သားရဲခုနစ်ကောင်" လို့ အမည်ရတဲ့ သိုင်းသမား ၇ ယောက်ဟာ "မြသေလာတောအုပ်" ထဲက "ကျောက်စိမ်းရာဇာသိုင်းကျမ်း" ကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ကြပါတယ်။

"ကျောက်စိမ်းရာဇာသိုင်းကျမ်း" မှာ "ကျောက်စိမ်းလက်ဝါးသိုင်း"၊ "ကျောက်စိမ်း ဓါးသိုင်း"၊ "ကျောက်စိမ်း လက်ချောင်းသိုင်း" စသဖြင့် ကျင့်စဥ်အသီးသီး ပါဝင်ပြီး "သားရဲခုနစ်ကောင်" ထဲမှာ အငယ်ဆုံးဖြစ်တဲ့ တောကြောင်ရိုင်း "ချင်ထိုက်" က "ကျောက်စိမ်းအမြုတေ အတွင်းအားကျင့်စဥ်" ကိုဝေပုံကျ ရခဲ့ပါတယ်။

"ချင်ထိုက်" ဟာ "ကျောက်စိမ်းအမြုတေ အတွင်းအားကျင့်စဥ်" ရဲ့ အစွမ်းကြောင့် သူတို့ရဲ့ လုပ်ရပ်အမှားတွေကို သိမြင်လာတဲ့အတွက် လူကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် သူက အစ်ကိုတော် လူဆိုးကြီးတွေရဲ့ လက်ထဲ "ကျောက်စိမ်းရာဇာသိုင်းကျမ်း" ကို ရယူထွက်ပြေးခဲ့သလို ခွန်းလွန်ဂိုဏ်းက သိုင်းသမားကြီး "ကိုက်အိကိုင်း" နဲ့ပူးပေါင်းကာ လူငယ်မျိုးဆက်သစ်တွေကို ပညာဖြန့်ဖြူးပေးဖို့ စီစဥ်ခဲ့ပါတယ်။

ကြယ်ဖြူဓါးဂေဟာပိုင်ရှင် "ချန်စီခိုင်" ရဲ့သမီး "ချန်မိုင်မိုင်" ဟာ လက်ထပ်လိုသူတွေ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပေမယ့် သူမ သဘောကျနှစ်ခြိုက်နေသူက အမည်မသိတဲ့ ဝတ်စုံဖြူသိုင်းသမားတစ်ယောက် ဖြစ်ပါတယ်။

ဝတ်စုံဖြူသိုင်းသမားဟာ သူမ ဒုက္ခကြုံတွေ့နေချိန်တိုင်းမှာ ရောက်ရှိလာပြီး ကယ်တင်ပေးတတ်တာကြောင့် "ချန်မိုင်မိုင်" က ကယ်တင်ရှင်သိုင်းသမားလို့ သူမဘာသာ အမည်ပေးထားခဲ့ပါတယ်။

"ချန်မိုင်မိုင်" ကို ချစ်ကြိုက်နေကြတဲ့ လူငယ်တွေထဲမှာ အစ်ကိုဝမ်းကွဲဖြစ်သူ "ချန်တိတ်ယောင်" လည်း အပါအဝင်ဖြစ်ပြီး ရိုးသားဖြောင့်မတ်သူဖြစ်တာကြောင့် ခွန်းလွန် သိုင်းသမား "ကိုက်အိကိုင်း" နဲ့ တောကြောင်ရိုင်း "ချင်ထိုက်" တို့က "ကျောက်စိမ်းရာဇာ" သိုင်းပညာကို သင်ကြားဖို့ ရွေးချယ်ခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ "သားရဲခုနစ်ကောင်" အဖွဲ့က အစ်ကိုတော်တွေဟာ ညီငယ် "ချင်ထိုက်" ကို ခြေရာခံမိသွားခဲ့ပြီး "ကျောက်စိမ်းရာဇာသိုင်းကျမ်း" ကို ပြန်ရဖို့ "ကြယ်ဖြူဓါးဂေဟာ" ကို အသုံးချလာတဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

10 Nov, 02:51


📗 သိုင်းလုလင်၏အားမာန်

✒️ တက္ကသိုလ်နေလင်းအောင်

📚 ၃  အုပ်တွဲ

https://u.pcloud.link/publink/show?code=kZO4xO0ZIOUBGXnfYDun2m8UjxJI9LQhPuDk

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

10 Nov, 02:51


📗 သိုင်းလုလင်၏ အားမာန်

"ပေါင်တင်မြို့" က ထိုက်ကျိတင်းဂိုဏ်းချုပ် "ကြံမင်" ရဲ့သား "ထင်ရှောင်" ဟာ တစ်မြို့တည်းနေထိုင်သူဖြစ်တဲ့ ဂန္ဓမာဂိုဏ်းချုပ် "ကျန်းရိရှန်" ရဲ့ မြေးမလေး "ဖုန်းချို" ကို တစ်ဖက်သတ် ချစ်နေသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖခင်ဖြစ်သူက "ထင်ရှောင်" ကို မန်ချူးအရာရှိတစ်ဦးရဲ့ သမီးနဲ့ လက်ထပ်ဖို့ စီစဥ်နေတာကြောင့် "ဖုန်းချို" ရဲ့ ကဲ့ရဲ့မှုကိုခံရပြီး "ထင်ရှောင်" လည်း ရှက်ရှက်နဲ့ အိမ်က ထွက်ပြေးလာခဲ့ပါတယ်။ 

လမ်းခရီးမှာ မန်ချူးတွေက သူ့ကို သူပုန်အဖြစ် စွပ်စွဲဖမ်းဆီးခဲ့တဲ့အတွက် "ဟိုထွမ်" အဖွဲ့ ခေါင်းဆောင် "ဝမ်ကြူး" က ဝင်ရောက်ကယ်တင်ပေးရင်း သူတို့နှစ်ဦး ခင်မင်ရင်းနှီးသွားခဲ့ပါတယ်။

"ဟိုထွမ်" အဖွဲ့ဟာ မန်ချူးတွေတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး "ဝမ်ကြူး" ကတော့ ဂန္ဓမာဂိုဏ်းချုပ် "ကျန်းရိရှန်" ရဲ့တပည့်ကြီး ဖြစ်ပါတယ်။

"ဝမ်ကြူး" ရဲ့ တော်လှန်ရေး ဆောင်ရွက်မှုတွေကြောင့် "ကျန်းရိရှန်" နဲ့ "ဖုန်းချို" တို့ပါ မန်ချူးတွေရဲ့ရန်က လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

"ထင်ရှောင်" ကတော့ ထိုက်ကျိဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ "ထိုက်ကျိချင်" ဂိုဏ်းက သိုင်းပညာတွေကို သူ့ရဲ့ "ထိုက်ကျိတင်း" ဂိုဏ်းက သိုင်းပညာတွေနဲ့ပေါင်းစပ်နိုင်ဖို့ စိတ်အားထက်သန်နေသူ ဖြစ်တာကြောင့် "ဟိုထွမ်" အဖွဲ့ထဲ မဝင်ဘဲ "ထိုက်ကျိချင်" ဂိုဏ်းရှိရာ "ချင်ကျားကို" ကျေးရွာကို ထွက်ခွာလာခဲ့ပါတယ်။

ဒါပေမဲ့ "ထိုက်ကျိချင်" ဂိုဏ်းက သူ့ကို သိုင်းပညာ သင်ကြားပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် သိုင်းပညာ လာရောက် ခိုးယူ သင်ကြားသူအဖြစ်ပါ စွပ်စွဲခဲ့တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ... ။

👉 Facebook Link 👈

သိုင်းလောက

08 Nov, 03:01


📗 ဓါးလုလင်နှင့် မေတ္တာရှင်

✒️ မိုးကျော်သူ

📚 ၄ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZrlRO0ZF3KRqQG5pYB2AHOyvNC5s4fYL3yV

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

08 Nov, 03:01


📗 ဓါးလုလင်နှင့် မေတ္တာရှင်

မင်မင်းဆက်၊ ကျုံကျင်ဘုရင်လက်ထက်မှာ နယ်စား "မုရန်ရဲ" က မန်ချူးတွေနဲ့ပေါင်းပြီး သစ္စာဖောက်ခဲ့တဲ့အတွက် တပ်မှူး "ကျန်းစုစင်း" ဟာ စမ်းကျင်နယ် က ထိပ်သီးသိုင်းသမား "ဝမ်းမု" နဲ့ ပူးပေါင်းနှိမ်နင်းခဲ့ပါတယ်။

အဲဒီနောက် "ဝမ်းမု" ကို "စမ်းကျင်နယ်စား" အဖြစ် ခန့်အပ်ပြီး ချီးမြှောက်ခဲ့ပေမယ့် "ဝမ်းမု" ကလည်း မန်ချူးတွေနဲ့ ပူးပေါင်းကာ နေပြည်တော်ကို သိမ်းပိုက်ဖို့ ကြံစည်လာပြန်တာကြောင့် တပ်မှူး "ကျန်းစုစင်း" လည်း လက်ရွေးစင် တပည့် သိုင်းဘီလူး ၃ ယောက်နဲ့အတူ "ဝမ်းမု" ကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တပ်မှူး "ကျန်းစုစင်း" ကျဆုံးသွားခဲ့ရပြီး တပည့်တွေကိုလည်း "ဝမ်းမု" က ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းပစ်ဖို့ ကြိုးစားခဲ့တာကြောင့် "ကျန်းစုစင်း" ရဲ့ သစ္စာခံတပည့်တွေဟာ နေရာအနှံ့ ထွက်ပြေးကြရပါတယ်။

အဲဒီအချိန်မှာ တပ်မှူး "ကျန်းစုစင်း" ရဲ့ တပည့် တတိယ သိုင်းဘီလူး "တုမုရန်" ဟာ ဘက်ပြောင်းပြီး နယ်စား "ဝမ်းမု" ကို သစ္စာခံသွားတဲ့အပြင် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို လိုက်လံရှင်းလင်းခဲ့တဲ့အတွက်  သိုင်းလောကသားအများက "တုမုရန်" ကို အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

တပ်မှူး "ကျန်းစုစင်း" ရဲ့ တပည့် ၃ ဦးအနက် ပထမ သိုင်းဘီလူး "ဝမ်းအင်ရှဲ" ကျဆုံးသွားသလို ဒုတိယ သိုင်းဘီလူး "စစ်ထန်စစ်" ဟာ ခြေရာဖျောက်ရှောင်တိမ်းသွားခဲ့တဲ့အတွက် တတိယ သိုင်းဘီလူး "တုမုရန်" ဟာ သိုင်းလောကမှာ တစ်စထက် တစ်စ သြဇာကြီးမားလာပါတော့တယ်။

နှစ်ပေါင်း ၂၀ ကျော် အကြာမှာတော့ လူငယ်လေး "ချူးရှန်" ဟာ ဆရာဖြစ်သူ "ပျားဒေဝီ" ရဲ့ စေခိုင်းချက်အရ "တုမုရန်" ကို လုပ်ကြံဖို့ သိုင်းလောကထဲ ဆင်းလာရင်း အရှေ့ကျွန်း သခင်မလေး "အိလန်" ရဲ့ တစ်ဖက်သတ် ချစ်ကြိုက်ခြင်းကို ခံရပါတယ်။

အဲဒီအခါ "အိလန်" ကို တစ်ဖက်သတ်ချစ်ကြိုက်နေတဲ့ ဝူတန်ဂိုဏ်း အုပ်ချုပ်ရေးမှူး "စန့်ကွမ်းထင်း" က တိုက်ခိုက်တာကြောင့် "ချူးရှန်" ဒဏ်ရာရသွားခဲ့ပြီး  "တုမုရန်" ရဲ့ သမီး "စင်းစင်း" က ကယ်တင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရန်သူရဲ့သမီးကို မေတ္တာရှိလာတဲ့ "ချူးရှန်"၊ "ချူးရှန်" ကို မေတ္တာရှိနေတဲ့ "အိလန်"၊ "အိလန်" ကို မေတ္တာရှိနေတဲ့ "စန့်ကွမ်းထင်း" တို့ လူငယ်တသိုက်ရဲ့ မေတ္တာရေး အရှုပ်အထွေးတွေနဲ့အတူ ချူးရှန် ရဲ့ မိခင် "ချယ်ရီ"၊ ချူးရှန် ရဲ့ဆရာ "ပျားဒေဝီ"၊ စင်းစင်း ရဲ့ မိခင် "ပိုးကျူး" နဲ့ သစ္စာဖောက်ကြီး "တုမုရန်" တို့ လူကြီးတသိုက်ရဲ့မေတ္တာရေး အရှုပ်အထွေးတွေ ရောယှက်လာပြီး ... ။

("မိုးကျော်သူ" ရဲ့ "ဓါးလုလင်နှင့် မေတ္တာရှင်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်ဟာ "ရဲမင်းဟိန်း" ရဲ့ "မီးဓါး နေဓါး နက္ခတ်ဓါး"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

"ဓါးလုလင်နှင့် မေတ္တာရှင်" ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "မီးဓါး နေဓါး နက္ခတ်ဓါး" ကို ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်)

👉 Facebook Link 👈

သိုင်းလောက

06 Nov, 02:01


📗 မစ္ဆရိယအမှား

✒️ ဝဏ္ဏအောင်

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZ08RO0ZyMT5ygRdXpV0QnCJOYbQqFGcl2Rk

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

06 Nov, 02:01


📗 မစ္ဆရိယအမှား

"လီထင်း" နဲ့ "ကျင်းစန်း" တို့ဟာ မိုးကြိုးလက်ဝါး သိုင်းသမား "ရှောင်ကောင်း" ရဲ့ ဆရာတူတပည့်တွေဖြစ်ကြပြီး သိုင်းပညာပြည့်စုံလာတဲ့အတွက် သိုင်းလောကထဲ သုံးနှစ် ဆင်းခွင့်ရခဲ့ပါတယ်။

"ကျင်းစန်း" ရဲ့ ပထမဆုံး သိုင်းလောက အတွေ့ အကြုံကတော့ "တြိဂံရွှေပြား" အတွက် ဇာတ်မြှုပ်နေရာက ပြန်လည်ထွက်ပေါ်လာပြီး ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်နေသူ သွေးမြေခွေး "ကြုံရှမ်း" နဲ့ ကြုံဆုံမိခဲ့တာပဲ ဖြစ်ပါတယ်။

သွေးမြေခွေး "ကြုံရှမ်း" ဟာ သိုင်းသမားဆိုးကြီးတစ်ဦးဖြစ်မှန်း "ကျင်းစန်း" သိရှိသွားပေမယ့် "ကြုံရှမ်း" ရဲ့ မြေးမလေး "ကြုံလင်း" ကိုပါ သိုင်းလောကသားတွေက လက်စတုံးသုတ်သင်ဖို့ ကြိုးစားနေတာကိုတော့ "ကျင်းစန်း" သဘောမကျနိုင်ပါဘူး။

ဒါကြောင့် "ကြုံလင်း" ကို ဝင်ရောက် ကယ်တင်ဖို့ ကြိုးစားခဲ့ရာမှာတော့ သိုင်းလောကသားတွေနဲ့ အထင်မှားစရာတွေ ဖြစ်ခဲ့ရတဲ့အပြင် သွေးမြေခွေး "ကြုံရှမ်း" ရဲ့လက်ချက်နဲ့ ဒဏ်ရာပါ ရရှိသွားခဲ့ပါတယ်။

ပညာလောဘကြီးပြီး ကောက်ကျစ်တဲ့စိတ်ထားရှိသူ "လီထင်း" ကတော့ သွေးမြေခွေး "ကြုံရှမ်း" ရဲ့သိုင်းပညာကို အထင်ကြီးသွားတဲ့အတွက် ဆရာတင်ခဲ့တဲ့အပြင် ဆရာရင်းဖြစ်သူ "ရှောင်ရှမ်း" ကိုလည်း ပြန်လည် သစ္စာဖောက်ခဲ့ပါတယ်။

ဒဏ်ရာအပြင်းအထန်ရနေတဲ့ "ကျင်းစန်း" ကို ဖခင်ရဲ့ မိတ်ဆွေဖြစ်သူ ရုပ်ဆိုးအဖွားအို "မင်းဟွာ" က ကယ်တင်ပေးခဲ့တဲ့အတွက် အသက်ချမ်းသာရာရခဲ့ပြီး အတိတ်ကာလက "သွေးမြေခွေး" နဲ့ "တြိဂံရွှေပြား ၇ ခု" အရှုပ်တော်ပုံမှာ ဖခင်ဖြစ်သူကိုယ်တိုင် ပါဝင်ပတ်သက်နေခဲ့တာကို သိလိုက်ရတဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

04 Nov, 02:00


📗 ရှောင်လင်ကျောင်းမှ သိုင်းဗေဒါ

✒️ အောင်ကောင်းမြတ်

📚 စတုတ္ထပိုင်း

https://u.pcloud.link/publink/show?code=kZDtEX5Z2g2bPu7zSHV1Qf6a90TLF83lJJsy

#ကိုယ်တိုင်ရေးရာသိုင်းကမ္ဘာ

သိုင်းလောက

04 Nov, 01:59


📗 ရှောင်လင်ကျောင်းမှ သိုင်းဗေဒါ

"ရှောင်ယောင်"၊ "ကြွယ်ယန်"၊ "ကြွယ်စင်း" နဲ့ "ဟောင်ရန်" တို့ဟာ ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးရဲ့ စျာပနကို သွားရောက်ကြရင်း လမ်းခရီးမှာ ထူးခြားတဲ့ အစိမ်းရောင်ဝတ် မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။

အဲဒီမိန်းကလေးကတော့ "ရှောင်ယောင်" ရဲ့ ရင်ထဲမှာ "နတ်မိမယ်လေး" အဖြစ် တစ်ဖက်သတ် စွဲလမ်းနေခဲ့ရတဲ့ "သွေးအေးသခင်မ" ခေါ် "လုံမိန်ချင်း" ပါပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်က သိုင်းလောကကို တုန်လှုပ်စေခဲ့ပြီး သိုင်းလောကသားများစွာရဲ့ အသက်ကို နှုတ်ယူခဲ့သူ "သွေးအေးသခင်မ" ဟာ သူချစ်ရတဲ့ "နတ်မိမယ်လေး" ဖြစ်နေတဲ့အခါ "ရှောင်ယောင်" တစ်ယောက် မချိတင်ကဲ ခံစားခဲ့ရပေမယ့် လူငယ်ပီပီ နှလုံးသားရဲ့ ခေါ်ဆောင်ရာနောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအချိန်မှာ သိုင်းလောကထဲမှာတော့ ကြီးမားတဲ့ ဘေးအန္တရာယ်ဆိုးကြီးတစ်ခု ကျရောက်လာခဲ့ပြန်ပါတယ်။

"ကောင်းယွဲ့ဂိုဏ်း" နဲ့ "ချူမိသားစု" တို့ဟာ "မိစ္ဆာဓားသမား" လို့ ကင်ပွန်းတပ်ထားတဲ့ အမည်မသိ လူငယ်တစ်ယောက်ရဲ့ လက်ချက်နဲ့ ပြိုကွဲပျက်စီးသွားခဲ့သလို "ချန်ချင်းဂိုဏ်း" ကိုလည်း "သွေးအေးသခင်မ" က တိုက်ခိုက်သွားခဲ့ပါတယ်။

ဒါကြောင့် အဖြူရောင်သိုင်းဂိုဏ်းကြီးတွေဟာ "မိစ္ဆာနှိမ်နင်းရေးအဖွဲ့" ကို စုပေါင်းဖွဲစည်းပြီး "မိစ္ဆာဓါးသမား" နဲ့ "သွေးအေးသခင်မ" တို့ကို နှိမ်နင်းဖို့ ကြိုးစားကြပြန်ပါတယ်။

"ရှောင်ယောင်" ကတော့ "နတ်မိမယ်လေး" အဖြစ် စွဲလမ်းရသူ "သွေးအေးသခင်မ" တစ်ယောက် လမ်းကြောင်းမှန်ပေါ် ရောက်လာစေဖို့ ကြားဝင် ကြိုးစားရင်း သူကိုယ်တိုင်ပါ "မိစ္ဆာနှိမ်နင်းရေးအဖွဲ့" နဲ့ ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

02 Nov, 01:52


📗 မိုးနဂါးဓါး

✒️ တက္ကသိုလ်နေလင်းအောင်

📚 ၈ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZybYv0ZLgsSJBCIAsS0h3UnPMPuNbEYcRnV

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

02 Nov, 01:52


📗 မိုးနဂါးဓါး

တရုတ်ပြည်ကို မန်ချူးတွေ ကျူးကျော်ဝင်ရောက်လာပြီး မြောက်ပိုင်းဒေသကို သိမ်းပိုက်ထားချိန်မှာ တောင်ပိုင်းဒေသမှာတော့ မျိုးချစ်သစ္စာခံတွေကို စုစည်းပြီး ဟန်တရုတ်ဘုရင် "ဟုဝမ်း" က အုပ်ချုပ်နေခဲ့ပါတယ်။

ဒါပေမဲ့ ဘုရင့်သွေး အနည်းငယ်သာ ပါတဲ့ "ဟုဝမ်း" ရဲ့ လက်အောက်မှာ အရည်အချင်းမရှိတဲ့ မှူးမတ်တွေသာ ပြည့်နှက်နေခဲ့ပြီး အမတ်ကြီး "စုဘူးဝှက်"၊ မင်းသမီး "စွေ့ရမ်း" တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေဟာ အမတ်ကြီး "ကျန်းဝင်း" တို့လို ကိုယ်ကျိုးရှာသမားတွေရဲ့ ချုပ်ကိုင်မှုအောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

"မိုးနဂါးတောင်" မှာ အခြေချနေတဲ့ မျိုးချစ်တစ်ဦးဖြစ်သူ "ဗိုလ်မှူးကြီးကြူး" ကတော့ ပီကင်းနေပြည်တော် ကျဆုံးသွားပြီးနောက် အရွယ်မရောက်သေးတဲ့ ဧကရာဇ်သား​တော်  မင်းသားလေးကို မန်ချူးတွေမသိအောင် လျှို့ဝှက်စောင့်ရှောက်ထားခဲ့သူ ဖြစ်ပါတယ်။

သူဟာ တချိန်မှာ မင်းသားလေးရဲ့ ဦးဆောင်မှုနဲ့အတူ မန်ချူးတွေကို ပြန်လည်တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်မျှော်မှန်းထားတာကြောင့် မင်းသားလေး အသက် ၂၀ ပြည့်ချိန်မှာ မျိုးချစ်အမတ်ကြီး "စုဘူးဝှက်" ထံကို လူယုံတော် "မောက်ချမ်း" ကို စေလွှတ်ပြီး သတင်းစကားပါးခဲ့ပါတယ်။

ဒါပေမဲ့ ဒီအကြောင်းကို နယ်ချဲ့ မန်ချူးတွေသာမက အာဏာရူးနေတဲ့ ဘုရင် "ဟုဝမ်း" နဲ့ အမတ်ကြီး "ကျန်းဝင်း"၊ မန်ချူးအလိုတော်ရိ "စီးတိန့်ကု" စတဲ့ လူအများထံ သတင်းပေါက်ကြားသွားခဲ့တဲ့အတွက် အခက်အခဲ အနှောင့်အယှက်တွေ ပေါ်ပေါက်လာပြီး "မောက်ချမ်း" လည်း သေဆုံးသွားပါတော့တယ်။

"မောက်ချမ်း" မသေဆုံးမီမှာ မျိုးချစ်မလေး "ချန်းနီ" နဲ့ ဆုံတွေ့ခဲ့ပြီး သူ့ရဲ့တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားခဲ့တာကြောင့် "ချန်းနီ" လည်း အမတ်ကြီး "စုဘူးဝှက်" နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားရပါတယ်။

အဲဒီအချိန်မှာ မျိုးချစ်လူငယ်သိုင်းသမားတစ်ဦးဖြစ်တဲ့ မိုးနဂါးဓါးသမား "လျှံယင်းချုံ" ဟာ မန်ချူးအလိုတော်ရိ "စီးတိန့်ကု" ရဲ့ လက်ချက်ကြောင့် ဖမ်းဆီး သေဒဏ်ပေးခံရတဲ့အပြင် သူ့ရဲ့ ချစ်သူ "ဝေဝေ" ကိုလည်း "စီးတိန့်ကု" က အဓမ္မ ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါပေမဲ့ "လျှံယင်းချုံ" ဟာ ကွပ်မျက်ခံရကာနီးဆဲဆဲမှာ အမတ်ကြီး "စုဘူးဝှက်" ရဲ့ အကူအညီနဲ့ လွတ်မြောက်သွားခဲ့သလို အမတ်ကြီး ယုံကြည်ရတဲ့ လူယုံတစ်ဦးလည်း ဖြစ်လာခဲ့ပြီး မင်းသမီး "စွေ့ရမ်း"၊ မျိုးချစ်မလေး "ချန်းနီ" တို့နဲ့အတူ မင်းသားလေးကို နန်းတင်ရေးကိစ္စမှာ ပါဝင်လာတဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

30 Oct, 04:10


📗 မိစ္ဆာဓိပတိအန္တရာယ်

✒️ ဇော်ဝင်းနိုင်

📚 ၁၀ အုပ်တွဲ [၅ အုပ်တွဲ]

https://u.pcloud.link/publink/show?code=kZD8jX5ZfkbOj83TquQBsczgpSz7QhVJRsh7

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

30 Oct, 04:10


📗 မိစ္ဆာဓိပတိအန္တရာယ်

နဂါးကိုးကောင် သိုင်းဆရာကြီး "ဝမ်ဖုစုံ" ဟာ "သိုင်းလောကအဓိပတိ" ရာထူးကို နှစ် ၂၀ ကြာ ရယူခဲ့ပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် သားဖြစ်သူ "ချုံးအံ့" ကို သိုင်းအဓိပတိရွေးချယ်ပွဲ တာဝန်ခံအဖြစ် တာဝန်ပေးခဲ့ပေမယ့် "ချုံးအံ့" တစ်ယောက် သိုင်းလောကကနေ ပျောက်ဆုံးသွားခဲ့တဲ့အပြင် လက်မရွံ့ဓါး "ဝမ်ကျွင်းချွန်" ကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ဒီအတွက် အမှုမှန်ကို ရှာဖွေဖော်ထုတ်ဖို့ တပည့်ဖြစ်သူ "ကျင်းနီ" ကို သိုင်းဆရာကြီး "ဝမ်ဖုစုံ" က တာဝန်ပေးခဲ့တဲ့အတွက် "ကျင်းနီ" လည်း သိုင်းလောကထဲ ဆင်းလာခဲ့ပါတယ်။

တကယ်တော့ "ကျင်းနီ" ဟာ မျိုးရိုးဇစ်မြစ် မသိရတဲ့ မိဘမဲ့လူငယ်တစ်ယောက်ဖြစ်ပြီး မရဏမိစ္ဆာ "ပလွေနီ" တစ်ချောင်းနဲ့ အဆိပ်နိုင် "မြဖားရုပ်" တစ်ရုပ် တို့ကသာ သူ့ဘဝရဲ့ သဲလွန်စအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် "ကျင်းနီ" ဟာ သိုင်းလောကထဲဆင်းရင်း သူ့ဘဝရဲ့ နောက်ကြောင်းရာဇဝင်ကိုပါ စုံစမ်းကြည့်တဲ့ အခါမှာတော့ သူဟာ တချိန်က သိုင်းလောကရဲ့ ဒုစရိုက်ရာဇာကြီးဖြစ်တဲ့ "မိစ္ဆာဓိပတိကြီး" နဲ့ တစ်စုံတစ်ရာ ပတ်သက်နေတာကို သိလာရသလို သိုင်းလောကသားတွေကလည်း သူ့ကို မိစ္ဆာမျိုးဆက်အဖြစ် စွပ်စွဲကာ ရှင်းလင်းသုတ်သင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ဒါပေမဲ့ "ကြိုးကြာပျံ အဖိုးအို"၊ "အသည်းဆွေး မယ်တော်ကြီး"၊ "ဖန်ချောင်ယွင်"၊ ရွှေမြင်းပျံ ဝါစန်းအဖွဲ့ခေါင်းဆောင် "ရှုလွမ်"၊ နဂါးကျားပျံရဲတိုက်က တပည့်မလေး "ဖန်ချောင်ယွင်" စတဲ့ သိုင်းလောကသားတွေက "ကျင်းနီ" ဘက်က ရပ်တည်ကူညီပေးခဲ့ကြပါတယ်။

"ကျင်းနီ" ဟာ ပညာသင်ဘက် အစ်ကိုကြီးဖြစ်သူ "ချုံးအံ့" ကို ရှာတွေ့ခဲ့ပေမယ့် "ချုံးအံ့" ကတော့ စိတ်ပြောင်းဆေး အတိုက်ခံထားရတဲ့အတွက် သူ့ကို မမှတ်မိတော့ဘဲ အရူးတစ်ယောက်သဖွယ် ဖြစ်နေတဲ့အပြင် လူသတ်မှုများစွာရဲ့ တရားခံအဖြစ်ပါ စွပ်စွဲခံနေရတာကို တွေ့လိုက်ရပါတယ်။

ဒီလိုနဲ့ အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ သိုင်းလောကသားတွေဟာ "ချုံးအံ့" ကို လူသတ်တရားခံအဖြစ် စွပ်စွဲ ကွပ်မျက်ပစ်ဖို့သာမက "ကျင်းနီ" ကိုလည်း မိစ္ဆာမျိုးဆက်အဖြစ် စွပ်စွဲသတ်ဖြတ်ဖို့ ဝိုင်းဝန်း ဖိအားပေးလာတဲ့အခါ နဂါးကိုးကောင် သိုင်းဆရာကြီး "ဝမ်ဖုစုံ" က သားဖြစ်သူ နဲ့ တပည့်ဖြစ်သူရဲ့ အသက်တွေကို သူ့ရဲ့ အသက်နဲ့လဲကာ ကာကွယ်ပေးခဲ့ပြီး ... ။

👉 Facebook Link 👈

သိုင်းလောက

27 Oct, 02:36


📗 ကျိန်စာသင့်သောဓါး

✒️ နန္ဒကျော်သူ

📚 ၃ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZHcfX5ZfFnR4vxWcghm6PxHDngb40Mb7REy

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

27 Oct, 02:35


📗 ကျိန်စာသင့်သောဓါး

"မီးလျှံဓါး" ဟာ သံမဏိနဲ့ ရွှေပေါင်းစပ်ပြုလုပ်ထားတဲ့ဆင်စွယ်ရိုးတပ် ဓါးတစ်လက်ဖြစ်ပြီး အလွန်အဖိုးထိုက်တဲ့ ရတနာမြေပုံတစ်ခု ထည့်သွင်းထားတယ်လို့ သိုင်းလောကမှာ သတင်းကြီးနေခဲ့ပါတယ်။

တစ်ရက်မှာတော့ စင်းကျန်မြို့စားကြီးဂေဟာမှာ "မီးလျှံဓါး" ရှိနေတယ်ဆိုတဲ့ သတင်းနဲ့အတူ သိုင်းလောဘသားတွေဟာ စင်းကျန်းမြို့ကို ရောက်ရှိလာပြီး တိုက်ခိုက်လုယက်ဖို့ ကြိုးစားကြပါတယ်။

မြို့စားဂေဟာ တာဝန်ခံသိုင်းသမား "ကွင်းရှောင်" နဲ့သိုင်းလောကမိတ်ဆွေတွေ ဖြစ်ကြတဲ့ "ချိန်ဝေကောင်း"၊ "တိတုံစန်း" တို့က ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ မြို့စားကြီးသာ အမည်မသိ ရန်သူရဲ့ လက်ချက်နဲ့ အဆိပ်သင့်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မြို့စားကြီးရဲ့ မွေးစားသမီး "ချင်ဝေရှမ်း"၊  မြို့စားဂေဟာမှာ အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်နေတဲ့ စာမရီသိုင်းသမားရဲ့တပည့်မလေး "ရှာလန်း"၊ မြို့စားဂေဟာထဲမှာ လျှို့ဝှက်နေထိုင်နေတဲ့ "အလံရှစ်လက်အဖွဲ့" ခေါင်းဆောင် "ခရမ်းရောင်မိန်းကလေး" တို့ပါ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

ဒါကြောင့် မီးလျှံဓါး ပြသနာကို ဖန်တီးပြီး သိုင်းလောကကို စိုးမိုးဖို့ ကြံရွယ်နေတဲ့ ချိန်ယန်ယိအဖွဲ့ ကို ဖော်ထုတ်လာနိုင်ခဲ့ပြီး ... ။

("နန္ဒကျော်သူ" ရဲ့ "ကျိန်စာသင့်သောဓါး"၊ ၃ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "သိုးပန်းချီနှင့်သိုင်းဒေဝီ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်၊ မိုးကျော်သူပဲ ဘာသာပြန်ဆိုထားတဲ့  "မြူနှင်းတိုက်ပွဲ"၊ ၄ အုပ်တွဲ စာစဥ်၊ "တက္ကသိုလ် နေလင်းအောင်" ရဲ့ "ဓါးတစ်ရာ ကြွေပန်းချီ"၊ ၄ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အခြေခံဇာတ်လမ်းကျောရိုး တူညီပါတယ်။

"ကျိန်စာသင့်သောဓါး" ကို ၂၀၁၀ ပြည့်နှစ်၊ "သိုးပန်းချီနှင့်သိုင်းဒေဝီ" ကို ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ်၊ "မြူနှင်းတိုက်ပွဲ" ကို ၂၀၀၃ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး "ဓါးတစ်ရာ ကြွေပန်းချီ" ကိုတော့ ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်​ဝေခဲ့ပါတယ်။)

👉 Facebook Link 👈

သိုင်းလောက

22 Oct, 00:36


📗 မိုးစက်လေနှင် သိုင်းဘုရင်

✒️ ဝဏ္ဏအောင်

📚 ၃ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZm8xO0ZUJ5JQkgEkGJBXn8KPxALE5645nc7

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

22 Oct, 00:36


📗 မိုးစက်လေနှင် သိုင်းဘုရင်

လီမျိုးနွယ်ကျေးရွာ ခေါင်းဆောင် "လီပဖုံး" လုပ်ကြံခံရပြီး "မိုးဓါး" လည်း ပျောက်ဆုံးသွားတဲ့အတွက် သမီးဖြစ်သူ "လီရှန်းရဲ့" ဟာ ဖခင်ကို လုပ်ကြံသွားသူ "ကျန်းစန်း" ကို လက်စားချေဖို့အတွက် လိုက်လံရှာဖွေခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့ ရည်ရွယ်ချက်တွေ မပြည့်မြောက်နိုင်သေးခင်မှာပဲ ဓါးပြကြီး မြေခွေး "ကျူးစု" ရဲ့ ဇနီး အဆိပ်ပင့်ကူ "မေနန်း" က ဖမ်းဆီးသွားတဲ့အတွက် အိမ်အကူအဖြစ်နဲ့ လုပ်ကိုင် နေထိုင်ခဲ့ရပါတယ်။

"အဆိပ်ပင့်ကူ" ဟာ စိတ်နေစိတ်ထား ခက်ထန်ထူးခြားသူဖြစ်ပေမယ့် "လီရှန်းရဲ့" ကိုတော့ ညီမသဖွယ် သဘောထားကာ သိုင်းပညာတွေ မျှဝေသင်ကြားပေးခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက် ကာလအတန်ကြာ အဆင်ပြေနေခဲ့ပေမယ့် "လီရှန်းရဲ့" ရဲ့ ဦးလေး "လီချုံးယန်" ရဲ့လက်ချက်ကြောင့် ဓါးပြကြီး "ကျူးစု" သေဆုံးသွားချိန်မှာတော့ "လီရှန်းရဲ့" လည်း ထွက်ပြေးရပါတော့တယ်။

သူဌေးကြီး "ချီစန်း" ရဲ့သား "ချီရှောင်" ကတော့ ခွန်းလွန်တောင်မှာ သိုင်းပညာသင်ကြားခဲ့ပြီးနောက် နေအိမ်ရှိရာ ပီကင်းမြို့ကို ပြန်လာရင်း မိန်းကလေး "လီရှန်းရဲ့" ကို တွေ့မြင် စိတ်ဝင်စားခဲ့ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ မုဆိုးမလေး "မေနန်း" ကလည်း "ချီရှောင်" ကို ချစ်ကြိုက်မိသွားတဲ့အတွက် ကာမအဆိပ်ဆေးခတ် ရယူဖို့ကြံစည်ခဲ့တဲ့အတွက် "လီရှန်းရဲ့" က ကယ်တင်ပေးရင်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပေါ်ပေါက်လာခဲ့ပါတယ်။

ဒါပေမဲ့ "ချီရှောင်" ရဲ့ ဖခင် သူဌေးကြီး "ချီစန်း" ဆိုတာဟာ လီမျိုးနွယ်ကျေးရွာ ခေါင်းဆောင် "လီပဖုံး" ကို လုပ်ကြံသွားတဲ့ "ကျန်းစန်း" ဖြစ်ကြောင်း သူတို့အားလုံး သိလာကြချိန်မှာတော့ ... ။

👉 Facebook Link 👈

သိုင်းလောက

20 Oct, 02:51


📗 ကျောက်နီနဂါး

✒️ နန္ဒကျော်သူ

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZWrzO0ZYjqmkNgaJ2bwf5Hpxbb44HkF7BYV

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

20 Oct, 02:50


📗 ကျောက်နီနဂါး

"ကျောက်နီနဂါးရုပ်တု" ဆိုတာဟာ သိုင်းလောကသားတွေ လိုချင်မက်မောကြတဲ့ ရတနာပစ္စည်းတစ်ခုဖြစ်ပါတယ်။

"ကျောက်နီနဂါးရုပ်တု" မှာ အဖို၊ အမနဲ့ သားပေါက် ရယ်လို့ ၃ ခုရှိပြီး ပေါင်းစည်းမိသွားခဲ့ရင် အလွန်အစွမ်းထက်တဲ့ သိုင်းကျမ်းတစ်ခု ရရှိမှာ ဖြစ်ပါတယ်။

သိုင်းသမား "ထိဖုံး"၊ ခုံတုံဂိုဏ်းချုပ် "လင်းလွေကျိုင်း"နဲ့ ကြုံစုဂိုဏ်းချုပ် "ရှမ်းထင်းလီ" တို့ဟာ "ကျောက်နီနဂါးရုပ်တု" တစ်ခုစီကို ပိုင်ဆိုင်ထားကြပြီး ရုပ်တု သုံးခု ပြည့်စုံဖို့အတွက် အပြိုင်အဆိုင်ကြိုးစားရင်း သေဆုံးသွားခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဒီပြသနာတွေဟာ "ထိဖုံး" ရဲ့သား "ထိချီ" နဲ့ "လင်းလွေကျိုင်း" ရဲ့သမီး "လင်းလျှံ" တို့နှစ်ဦးရဲ့ အပေါ်ကို ပုခုံးပြောင်းတာဝန်အဖြစ် ကျရောက်လာခဲ့ပြီး ... ။
👉 Facebook Link 👈

သိုင်းလောက

18 Oct, 00:50


📗 မိုးကြိုးလှံနှင့် ငရဲသခင်

✒️ နန္ဒကျော်သူ

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZsOzO0Z2P0JzqDoow7VnfS2apvtxybmYvC7

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

18 Oct, 00:50


📗 မိုးကြိုးလှံနှင့် ငရဲသခင်

သိုင်းလောကရဲ့ ဒုစရိုက်ရာဇာကြီး "ငရဲသခင်" ဟာ "ချင်မိသားစု" ရဲ့ အဖိုးတန်လက်နက်တစ်ခုဖြစ်တဲ့ "မိုးကြိုးလှံ" ကို ရယူဖို့ အနိုင်အထက် ပြုကျင့်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ ချင်မိသားစုဝင်တွေဖြစ်တဲ့ "ချင်စွိမွန်" နဲ့ "ချင်စွိဝူ" တို့နှစ်ယောက်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး "မိုးကြိုးလှံ" ဟာလည်း "ချင်စွိဝူ" နဲ့အတူ ပါသွားခဲ့ပါတယ်။

တကယ်တော့ "မိုးကြိုးလှံ" ဟာ "အဖိုနဲ့ အမ" ရယ်လို့ တစ်စုံရှိတာဖြစ်ပြီး လှံနှစ်ချောင်း ပေါင်းစပ်နိုင်ခဲ့ရင် အစွမ်းထက်တဲ့ သိုင်းကွက် ခြောက်ကွက်ကို ရရှိမှာ ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ "ချင်စွိမွန်" ဟာ "ငရဲမင်း" ရဲ့လက်က ထွက်ပြေးရင်း လှံရဲတိုက် သခင်မလေး "ရိကြမ်း" နဲ့ တွေ့ဆုံရင်းနှီးကာ ချစ်ကြိုးသွယ်မိခဲ့ပါတယ်။

ဒါပေမဲ့ လှံရဲတိုက်သခင် "ကို့ကြမ်းရှူ" ဟာ "ငရဲမင်း" ရဲ့ လက်ပါးစေတစ်ယောက် ဖြစ်နေခဲ့တာကြောင့် သမီးဖြစ်သူနဲ့ သဘောမတူဘဲ "ချင်စွိမွန်" ကို အဆိပ်အရက်တိုက်၊ မျက်နှာကို ဓါးနဲ့မွှန်းပြီး တောင်ပေါ်က ပစ်ချခဲ့ပါတယ်။

ညီဖြစ်သူ "ချင်စွိဝူ" ကတော့ "မိုးကြိုးလှံ အဖို" နဲ့အတူ ထွက်ပြေးရင်း အန္တရာယ်တွေကြားမှာ မိန်းကလေး "ကျောက်ဝှေ့လန်" နဲ့ ဆုံစည်းမိခဲ့ပါတယ်။

ကံကောင်းချင်တော့ "ကျောက်မိသားစု" ဟာ "မိုးကြိုးလှံ အမ" ကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး လှံနှစ်ချောင်းကို ပေါင်းစည်းမိပြီးတဲ့ အခါမှာတော့ ...။

👉 Facebook Link 👈

သိုင်းလောက

16 Oct, 02:04


📗 နဂါးနိုင်သိုင်းသမားနှင့် ခရမ်းရောင်ဓါး

✒️ မောင်နှင်းဆွေ

📚 ၄ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZaDcO0Zs8zBI0KsHUusV4cxUtvpluWEMWgX

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

16 Oct, 02:03


📗 နဂါးနိုင်သိုင်းသမားနှင့် ခရမ်းရောင်ဓါး

ချန်းမြေ့စံအိမ်ရှင် "စွန်းကျုံးချင်" ဟာ တချိန်က ရန်ငြိုးရှိခဲ့တဲ့ ဓါးပြညီနောင်ရဲ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပေမယ့် သုံးနှစ်အရွယ် သားကလေး "စွန်းယိဖုန်" ကိုတော့ ဘုန်းတော်ကြီး "ဖုခုန်း" က ကယ်တင်စောင့်ရှောက်ကာ သိုင်းပညာသင်ကြားပေးခဲ့ပါတယ်။

"စွန်းယိဖုန်" ဟာ ၁၅ နှစ်တိုင်တိုင် သိုင်းပညာသင်ကြားခဲ့ပြီး ဘုန်းတော်ကြီး "ဖုခုန်း" ရဲ့ မိတ်ဆွေဖြစ်သူ သီလရှင် "စင်းစု" ရဲ့တပည့်မလေး "လင်ဝူယောင်" ကတော့ သူ့ဘဝအတွက် ပထမဆုံး မိတ်ဆွေနဲ့ စေ့စပ်ကြောင်းလမ်းသူ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ သိုင်းလောက ပထမဆုံးခရီးမှာတော့ "မိုးကြိုးဂိုဏ်း" ရဲ့ သိမ်းသွင်းမှုကို လက်မခံတဲ့အတွက် ဒုက္ခရောက်နေကြရတဲ့ "မေနုလွန်" နဲ့ "မေလီကျင့်" သားအဖကို ဝင်ရောက် ကူညီရင်း မိုးကြိုးဂိုဏ်းချုပ် ရဲ့ ပညာသင်ဘက်ညီမလေး "လျံယုယု" နဲ့ ရင်းနှီး ခင်မင်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း "လျံယုယု" ရဲ့ ပညာသင်ဘက်အစ်ကို "မုရှာ" ကို ငဲ့ညှာတိုက်ခိုက်ရင်း "စွန်းယိဖုန်" တစ်ယောက် ချောက်ထဲပြုတ်ကျသွားခဲ့ရတဲ့အခါ "လျံယုယု" ကလည်း လိုက်ပါ ခုန်ဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ယောက်စလုံး မသေကြဘဲ ချစ်ခြင်းမေတ္တာတွေသာ ပိုမိုတိုးပွားလာခဲ့ကြပြီး "စွန်းယိဖုန်" ရဲ့ မိဘသွေးကြွေးဆပ် သိုင်းလောကခရီးမှာ "လင်ဝူယောင်"၊ "လျံယုယု" တို့နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း ပေါ်ပေါက်လာခဲ့ပြီးနောက် ... ။

👉 Facebook Link 👈

သိုင်းလောက

14 Oct, 01:41


📗 ပန်းအလှဧကရီ သိုင်းဒေဝီ

✒️ ဇာနည်ဘွား (စက်မှု)

📚 ၄ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZmDE10ZBn2XL23TCxJrAyh99VQQQQI2uHKk

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

14 Oct, 01:41


📗 ပန်းအလှဧကရီ သိုင်းဒေဝီ

ဘုရင် "ကျက်ကျင်း" ဟာ ပြည်သူတွေ ချစ်ခင်လေးစားကြတဲ့ အမတ်ကြီး "ရီချန်း" ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အတွက် နန်းတွင်းအမှုထမ်းဟောင်းတွေနဲ့ သိုင်းလောကသား အများအပြားက ဘုရင်ကို မကျေနပ်ကြပါဘူး။

အမတ်ကြီး "ရီချန်း" ရဲ့ သမီး "ချန်ကျူး" ဟာ သိုင်းဆရာကြီး "ကျန်းတန်း" နဲ့ ဇနီး "ရွှင်လွေ" တို့ရဲ့ တပည့်ဖြစ်သလို သိုင်းလောကသားတွေနဲ့ ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တိုင်းပြည်ဟာ ကျူးကျော်သူပေါင်းစုံရဲ့ ရန်က ကာကွယ်နေရတဲ့အချိန်ဖြစ်တာကြောင့် ဘုရင်ဆိုးကို လက်စားချေမယ့် ကိုယ်ရေးကိုယ်တာကိစ္စကို "ချန်ကျူး" က လျစ်လျူရှုထားခဲ့ပါတယ်။

ဒါပေမဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် "ရန်ကျုံး" နဲ့ စစ်သေနာပတိ "ထုန်စွန်း" တို့က အမတ်ကြီး "ရီချန်း" ကို လေးစားကြည်ညိုသူ မှန်သမျှကို လိုက်လံဖော်ထုတ် ဖမ်းဆီးနေတဲ့အတွက် "ချန်ကျူး" ကလည်း တတ်နိုင်သမျှ ဝင်ရောက်ဖြေရှင်းပေးနေရပါတယ်။

မျိုးချစ်တပ်ဖွဲ့ ခေါင်းဆောင် "ရက်ကျုန်လို" ရဲ့ တူဖြစ်သူ "ချန်လင်း"၊ စစ်​သေနာပတိချုပ်ဟောင်း "ကျန်းဖုန်း" ရဲ့ သား "ကျားလေး"၊ ထိုင်ဝမ်နယ်က အရာရှိကြီး ထယ်ရှန်ရဲ့သား "ကျင်စင်း" စတဲ့ လူငယ်လေးတွေဟာလည်း "ချန်ကျူး" ကို ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ "ချန်ကျူး" ဟာ မျိုးချစ်တပ်ဖွဲ့ ခေါင်းဆောင် "ရက်ကျုန်လို" ရဲ့ တပ်တွေနဲ့အတူ ဘုရင့်တပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် မျိုးချစ်အဖွဲ့ထဲမှာလည်း အာဏာလုပွဲတွေ၊ အကွဲအပြဲတွေ ပေါ်ပေါက်လာတဲ့အခါ ...။

👉 Facebook Link 👈

သိုင်းလောက

11 Oct, 02:45


📗 အလှည့်

✒️ ဝဏ္ဏအောင်

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZRrHO0ZKyTkC4RACILzOG3gutCsd4fxHMxV

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

11 Oct, 02:44


📗 အလှည့်

"ကျင်းဖုန်း" နဲ့ "ရှောင်ရှမ်း" တို့ဟာ အလွန်ရင်းနှီးခင်မင်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်း အလွန်ကွဲပြားကြပါတယ်။

"ကျင်းဖုန်း" က အလောင်းအစား ဝါသနာပါပြီး ရက်စက် ဉာဏ်များသလောက် "ရှောင်ရှမ်း" ကတော့ ရိုးသား အေးဆေးသူဖြစ်ပါတယ်။

တစ်ချိန်မှာတော့ "ကျင်းဖုန်း" တစ်ယောက် သူလုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ကြိုးပေးကွပ်မျက်ခံရတော့မယ့်ဆဲဆဲမှာ "ရှောင်ရှမ်း" က ထောင်ဖောက်ကယ်တင်ပေးခဲ့တဲ့အတွက် နှစ်ယောက်စလုံးဟာ ဝရမ်းပြေးအဖြစ်နဲ့ နယ်ခြားဒေသကို ထွက်ပြေးခဲ့ကြရပါတယ်။

နယ်ခြားဒေသ အရောက်မှာတော့ ဒုစရိုက်မှုတွေ ထူပြောလွန်းလှတဲ့ "တောင်ကြားမြို့" ကို "ကျင်းဖုန်း" က ရွေးချယ်ခဲ့ပြီး "ရှောင်ရှမ်း" ကတော့ အလွန်ခေါင်လှတဲ့ "ဖူရန်းနယ်" မှာပဲ စိုက်ပျိုးရေးအလုပ်နဲ့ အသက်မွေးဖို့ လမ်းခွဲထွက်ခွာသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ "ကျင်းဖုန်း" ဟာ တောင်ကြားမြို့ရဲ့ ဒုစရိုက်အရှင်သခင် "ဝမ်းကျုံးစန်း" ကို လုပ်ကြံပြီး အရှင်သခင်သစ်အဖြစ် ကြီးစိုးနေချိန်မှာ "ရှောင်ရှမ်း" ကတော့ စိုက်ပျိုးရေးသမားတစ်ယောက်အဖြစ်သာ အေးချမ်းစွာနေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ "ရှောင်ရှမ်း" ရဲ့ချစ်သူ မိန်းမလှလေး "ရှင်ချိန်ရီ" ကို တောင်ကြားမြို့သခင်က ထိပါးဖို့ ကြိုးစားလာတဲ့အခါ "ကျင်းဖုန်း" နဲ့ "ရှောင်ရှမ်း" တို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ... ။

👉 Facebook Link 👈

သိုင်းလောက

08 Oct, 03:44


📗 အကျည်းတန်အလင်္ကာ

✒️ တက္ကသိုလ်နေလင်းအောင်

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZk3HO0ZdXGiMm5KxdphAakO3hJX8BywLWMV

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

08 Oct, 03:44


📗 အကျည်းတန် အလင်္ကာ

ဓါးတစ်ချက် "ခန်းချောင်" ဟာ မွေးစားဖခင်ဖြစ်သူ နေလကျေးရွာပိုင်ရှင် "တုကုဟန်" ကို လုပ်ကြံသတ်ဖြတ်ပြီး သိုင်းကျမ်းနဲ့ မြေပုံကို ယူဆောင်ထွက်ပြေးသွားတယ်လို့ အစွပ်စွဲခံရတဲ့အတွက် သိုင်းလောကရဲ့ ရာဇဝတ်ကောင်သဖွယ် ဖြစ်နေရပါတယ်။

တစ်ရက်မှာတော့ သိုင်းကျမ်းနဲ့ မြေပုံကို လိုချင်နေတဲ့ "ဟင်္သာမောင်နှံ" ရဲ့ တိုက်ခိုက်မှုကြောင့် "ခန်းချောင်" တစ်ယောက် ဒဏ်ရာရခဲ့ပြီး မိန်းမလှလေး "ယွဲ့ဝါကျင်း" ရဲ့ ကယ်တင်ပေးမှုကို ခံခဲ့ရပါတယ်။

တကယ်တော့ "ယွဲ့ဝါကျင်း" ဟာ "နေလကျေးရွာ" ကို တိုက်ခိုက်ဖျက်ဆီးပြီး သူ့အပေါ် သတင်းမှားတွေ ထုတ်လွှင့်ခဲ့တဲ့ အမည်မသိ "ကြေးဝါရောင် မျက်နှာဖုံးပိုင်ရှင်" နဲ့ ပတ်သက်နေလိမ့်မယ်လို့ "ခန်းချောင်" သိထားခဲ့ပါတယ်။

ဒါပေမဲ့ သူက "ယွဲ့ဝါကျင်း" ကတဆင့် အမည်မသိ "ကြေးဝါရောင် မျက်နှာဖုံးပိုင်ရှင်" ကို ဖော်ထုတ်ချင်တဲ့အတွက် "ယွဲ့ဝါကျင်း" ကို မသတ်ဖြတ်ဘဲ အသက်ရှင်ခွင့် ပေးခဲ့ပါတယ်။

မကြာခင်မှာတော့ မိန်းမလှလေး "ယွဲ့ဝါကျင်း" ကိုယ်တိုင်ဟာလည်း အဆိပ်နဲ့ ထိန်းချုပ်စေခိုင်းခံနေရသူ ဖြစ်တဲ့အပြင် သူ့ရဲ့ဘဝကို ရှင်လျက်နဲ့ သေသူဖြစ်အောင် ပြုလုပ်ချင်နေတဲ့ မိန်းကလေးတစ်ဦးက နောက်ကွယ်က ကြိုးကိုင်နေတာကို သိလိုက်ရတဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

06 Oct, 02:18


📗 အထီးကျန်ကလဲ့စား

✒️ မိုးကျော်သူ

📚 ၂ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZsfHO0ZiwuRT3TvVQXh7S7Lv5Egx4tRwJrX

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

06 Oct, 02:17


📗 အထီးကျန် ကလဲ့စား

စေတနာသိုင်းသမား "ယင်းချူး" နဲ့ တဇွတ်ထိုး တစောက်ကန်း "ဝူလျောင်" တို့ဟာ သွေးသောက်ညီအစ်ကို ဖွဲ့ထားကြသူတွေ ဖြစ်ပြီး "ယင်းချူး" က သိုင်းလောကမှာပဲ ကျင်လည်ကျက်စားပေမယ့် "ဝူလျောင်" ကတော့ နန်းတွင်းသိုင်းသမားအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

တစ်ကြိမ်မှာတော့ "ဝူလျောင်" ဟာ မြွေပွေး "ကျောင်းစိန်" အမည်ရှိ ဒုစရိုက်သမားတစ်ဦးကို နှိမ်နင်းဖို့ ထောင်ထဲမှာ အကျဥ်းကျနေတဲ့ "နဂါးငါးဖော်" အမည်ရှိ လူဆိုး ငါးယောက်ကို ထုတ်ယူ အသုံးချခဲ့ပါတယ်။

ဒါပေမဲ့ "နဂါးငါးဖော်" က "ဝူလျောင်" ကို သစ္စာဖောက်သွားခဲ့တဲ့အတွက် မြွေပွေး "ကျောင်းစိန်" ကို ဖမ်းမမိတဲ့အပြင် "ဝူလျောင်" လည်း သေဒဏ်အပြစ်ပေးခံခဲ့ရပြီး သားဖြစ်သူ "ဝူထင်းနန်"ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သက်ခြွေဓါး "ဝူထင်းနန်" တစ်ယောက် ဇာတ်မြှုပ်နေထိုင်နေကြတဲ့ "နဂါးငါးဖော်" ကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံ လက်စားချေရင်း ... ။

👉 Facebook Link 👈

သိုင်းလောက

04 Oct, 01:40


📗 သိုင်းပညာဆိုသည်မှာ

✒️ ကျော်စိုးဝင်း

📚 လုံးချင်း

👉 MediaFire Link 👈

https://www.mediafire.com/download/j4ltt1f6ycx0x4d

👉 Pcloud Link 👈

https://u.pcloud.link/publink/show?code=kZsAXA0ZeYxs7RoVFm0C6nHWCk00H8eKa0hX

#ကိုယ်တိုင်ရေးရာသိုင်းကမ္ဘာ

သိုင်းလောက

04 Oct, 01:39


📗 သိုင်းပညာဆိုသည်မှာ

သိုင်းလောကရဲ့ ပြိုင်ဘက်ကင်းသိုင်းသမား "ဝေ့ကျန်းကျိန်း" ဟာ ပြည်မမှာနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် "အစိမ်းရောင်မြို့တော်" ကို တည်ထောင်ကာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပေမယ့် သိုင်းပညာလာရောက်စိန်ခေါ်ကြသူတွေနဲ့ မကြာခဏ ယှဥ်ပြိုင်နေခဲ့ရပါတယ်။

ယှဥ်ပြိုင်ခဲ့ဖူးသမျှလူတွေအထဲမှာ "အစိမ်းရောင်မြို့တော်" မှာ မထင်မရှားနေထိုင်နေတဲ့ လူငယ်လေး "ကျင်းလုံ" ဟာ သိုင်းပညာအထူးချွန်ဆုံးနဲ့ စိတ်ထားအကောင်းမွန်ဆုံးဖြစ်တာကြောင့် သမီးဖြစ်သူ "ဝေ့ဝေ့" ၊ သားမက်လောင်းဖြစ်သူ "ရဲ့ပင်း" တို့နဲ့တန်းတူ "ကျင်းလုံ" ကို "ဝေ့ကျန်းကျိန်း" က အလေးထားချစ်ခင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သိုင်းလောကမှာ ပြည်မဒေသက အဆင့်မြင့်သိုင်းသမားတွေ နဲ့အတူ တိဗက်ဒေသက သိုင်းသမားတွေ၊ ရုပ်ဖျက်ပညာရှင်တွေ၊ အဆိပ်ပညာရှင်တွေ ပူးပေါင်းပါဝင်တဲ့ "မရဏသေမင်းဂိုဏ်း" ပေါ်ပေါက်လာပြီး သိုင်းလောက ကို စိုးမိုးဖို့ကြိုးစားလာတဲ့အတွက် "ရှောင်လင်"၊ "ဝူတန်" စတဲ့အဖြူရောင်ဂိုဏ်ကြီးတွေ ခေါင်းချင်းဆိုင် လာခဲ့ရပါတယ်။

သိုင်းလောကကြီး အန္တရာယ်ကျရောက်မယ့်အရေးက ကာကွယ်ပေးနိုင်မယ့်သူအဖြစ် "လူထူးဆန်း ၇ ဖော်" ရဲ့တပည့်ဖြစ်သူ "ကျင်းလုံ" ကို  အားလုံးကယုံကြည်ထားကြပေမယ့် တိုက်ခိုက်မှုကို မလိုလားဘဲ သိုသိပ်လျှို့ဝှက်နေထိုင်တတ်တာကြောင့် "ကျင်းလုံ" ကို ရှာမတွေ့ဖြစ်နေခဲ့ကြပါတယ်။

တကယ်တော့ "ကျင်းလုံ" ဟာ ဆရာ ၇ ယောက်ရဲ့ စေခိုင်းချက်တစ်ခုကြောင့် သိုင်းလောကထဲ ဆင်းလာခဲ့ရတာဖြစ်ပြီး သူ့မျက်စိရှေ့ရောက်လာတဲ့ ပြသနာတိုင်းမှာ အမှန်တရားဘက်က ရပ်တည်ကူညီပေးလေ့ရှိပေမယ့် အမြဲရုပ်ဖျက်ထားခဲ့တာကြောင့် သိုင်းလောကသားတွေက သူ့ကို သတိမပြုမိကြတာလည်း ဖြစ်ပါတယ်။

"ကျင်းလုံ" ဟာ "ဆုံဆည်းရာ" စားသောက်ဆိုင်မှာ စားပွဲထိုး "အားလီ" အဖြစ် ဇာတ်မြှုပ်နေထိုင်ရင်း ဆိုင်ရှင် သူဌေးကြီး ဝူ (ခေါ် ) တောမြေခွေး "ကျဲ့ကျိန်း" နဲ့ မွေးစားသမီး "လိန်လိန်" နဲ့ သံယောဇဉ် ငြိတွယ်ပြီး သိုင်းပညာတချို့ သင်ပေးခဲ့တာကြောင့် လက်ရှိသိုင်းလောကမှာ "လိန်လိန်" ဟာ သိုင်းပညာအကောင်းဆုံးဖြစ်လာသလို "ကျင်းလုံ" ကို ခြေရာခံရှာဖွေပေးနိုင်မယ့်သူအဖြစ်လည်း သိုင်းလောကသားတွေက အားကိုးလာကြပါတယ်။

တဖြည်းဖြည်းနဲ့ "မရဏသေမင်းဂိုဏ်းချုပ်" ဟာ ဒုက္ခိတသိုင်းသမား "လွေတုဖုံး" ရဲ့ တပည့်ဖြစ်သူ "တုံလွေ" ဖြစ်မှန်း သိုင်းလောကသားတွေ စုံစမ်းသိရှိလာကြပေမယ့် "တုံလွေ" က နာမည်ကြီး အဖြူရောင်သိုင်းသမားတစ်ဦးအဖြစ် ကာလကြာရှည် ဟန်ဆောင်နေထိုင်နေတဲ့အတွက် "တုံလွေ" အစစ်ကို ဘယ်သူမှ မသိကြဘဲဖြစ်နေပြန်ပါတယ်။

နောက်ဆုံးမှာ သိုးရေခြုံဝံပုလွေ "တုံလွေ" က ​ "အစိမ်းရောင်မြို့တော်" သခင် "ဝေ့ကျန်းကျိန်း" ကို "မရဏသေမင်းဂိုဏ်းချုပ်" အဖြစ် သိုင်းလောကမှာ အထင်မှားလာကြစေဖို့ ဆရာဖြစ်သူ "လွေတုဖုံး" နဲ့ ပူးပေါင်းစီစဥ်ထားတာကို "ကျင်းလုံ" က ဖော်ထုတ်ပေးခဲ့တဲ့အခါ ... ။

👉 Facebook Link 👈

သိုင်းလောက

02 Oct, 02:56


📗 မုန်တိုင်းဓါးသမား၁၇ယောက်

✒️ မိုးကျော်သူ

📚 ၄ အုပ်တွဲ

https://u.pcloud.link/publink/show?code=kZzC7O0Z8LC07WHDDvL4CwJOw5rP3ulOhBTy

#နိစ္စဓူဝသိုင်းလောက

သိုင်းလောက

02 Oct, 02:56


📗 မုန်တိုင်းဓါးသမား ၁၇ ယောက်

သိုင်းလောကမှာ ကျော်ကြားနေတဲ့ ကြေးစားလူသတ်သမား ၁၇ ယောက်ကို သုတ်သင်ရှင်းလင်းဖို့အတွက် "နန်းကုန်း"၊ "အိုယန်" နဲ့ "စုမာ" သိုင်းမိသားစု ၃ စုက ပူးပေါင်းစီစဥ်ခဲ့ကြပါတယ်။

သိုင်းမိသားစု ၃ စုဟာ သရဲခုတ်ဓါး "တန့်ကျန်းဝမ်" အပါအဝင် ကြေးစားလူသတ်သမား ၁၃ ယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပေမယ့် လှံတံသိုင်းသမား "ယင်းအိဟို"၊ စာပေသရဲ "ဆင့်ကွေလူ"၊ မယ်ယက္ခ "တဲ့လိုဆတ်" နဲ့ အမည်မသိခေါင်းဆောင်ကို ဖော်ထုတ်ရှင်းလင်းရာမှာတော့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ စတင်ရင်ဆိုင်ရပါတော့တယ်။

လူငယ်လေး "ယဲ့ကူးဟုန်" ကတော့ ဓါးတစ်ထောင်တောင်ကုန်းပိုင်ရှင် "ကုန်းစွန်းမုဝေ့" ရဲ့ အားထားရတဲ့ တပည့်တစ်ဦးဖြစ်ပေမယ့် မိဘမဲ့တစ်ဦးဖြစ်တာကြောင့် တရားဝင်တပည့်အဖြစ် ထုတ်ဖော်ပြောဆိုခွင့် မရှိသလို သိုင်းပညာကိုလည်း အသုံးပြုခွင့် မရှိပါဘူး။

တစ်ရက်မှာတော့ သိုင်းမိသားစု ၃ စုဟာ ကြေးစားလူသတ်သမားတွေ အသုံးပြုတဲ့ ခိုစာက တဆင့် တစ်စုံတစ်ယောက်က "ယဲ့ကူးဟုန်" ကို လုပ်ကြံဖို့ ခိုင်းစေခဲ့တာကို သိလိုက်ရပါတယ်။

ဒါကြောင့် "ယဲ့ကူးဟုန်" ကို သတိပေးဖိုနဲ့ ကြေးစားလူသတ်သမားတွေကို လက်ရဖမ်းဖို့ သွားခဲ့ကြပေမယ့် အတိုက်ခိုက်ခံခဲ့ရပြီး နန်းကုန်းမိသားစုက မိန်းကလေး "နန်းကုန်းစု" တစ်ယောက်သာ လွတ်မြောက်သွားခဲ့ပါတယ်။

"နန်းကုန်းစု" ဟာ ဓါးတောင်ကုန်းကို အရောက်သွားခဲ့ပြီး လုပ်ကြံမှုတွေရဲ့ကြားက "ယဲ့ကူးဟုန်" ကို နန်းကုန်းမိသားစုဂေဟာကို အရောက်ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆရာဖြစ်သူရဲ့ တားမြစ်ချက်ကြောင့် သိုင်းပညာမတတ်ဟန်ဆောင်ထားရတဲ့ "ယဲ့ကူးဟုန်" တစ်ယောက် အဖြစ်မှန်ကို ဖော်ထုတ်ခြင်း ခံလိုက်ရတဲ့အပြင် ကြေးစားလူသတ်သမားအဖြစ်ပါ စွပ်စွဲခံရပြီးနောက်မှာတော့ ... ။

👉 Facebook Link 👈