Últimas Postagens de Western News (@thewesternnews) no Telegram

Postagens do Canal Western News

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 Inscritos
12,863 Fotos
505 Vídeos
Última Atualização 28.02.2025 17:35

O conteúdo mais recente compartilhado por Western News no Telegram


■ မြောက်ဦးနှင့် ကျောက်တော်ကြား မကြာခဏ ဓါးပြတိုက်၊ လုယက်ခံနေရသော ခရီးသည်များ လုံခြုံမှု ပိုမဲ့လာနေ

Western News| ဖေဖော်ဝါရီ ၂၀

#WesternNews #WN #AA #မြောက်ဦး #ကျောက်တော် #ကားလမ်း #အုပ်စုဖွဲ့ဓါးပြတိုက် #လုယက်မှု #တရားဥပဒေစိုးမိုးရေး

YouTube: https://youtu.be/-Q8hGuCSzyk
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ စစ်တပ်နှင့် ရဲ နေ့တိုင်း ဧည့်စာရင်း ဝင်စစ်မှုကြောင့် စစ်တွေမြို့ က စစ်ရှောင်များ စိုးရိမ်မှု မြင့်တက်လာ

Western News| ဖေဖော်ဝါရီ ၂၀

#WesternNews #WN #စစ်တွေမြို့ #ဘုန်းတော်ကြီးကျောင်း #စစ်ရှောင်ပြည်သူ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ဧည့်စာရင်းဝင်စစ်

YouTube: https://youtu.be/3vJ--8chvr8
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ဆွေးနွေးညှိနှိုင်းမှုအပြီး TNLA ထိန်းချုပ် နောင်ချိုမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

(အရပ်သား ၃ ဦးသေဆုံးသွားပြီး ၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်)

Western News| ဖေဖော်ဝါရီ ၂၀

စစ်ကောင်စီနှင့် ရှမ်းမြောက် တအောင်းတပ် TNLA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည‌ ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများမှာ နောင်ချိုမြို့ ဘူတာရပ်ကွက်က အရပ်သားပြည်သူများ ဖြစ်ကြောင်း သိရသည်။


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ တွေ့ဆုံတွေးနွေး ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသော်လည်း ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ သဘောတူဆုံးဖြတ်ချက်များ မရရှိခဲ့ကြပေ။

စစ်ကောင်စီသည် ဆွေးနွေးပွဲ ပြုလုပ်နေချိန်အတွင်းမှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်မှုများကို ပြုလုပ်နေခဲ့သည်။

ဆွေးနွေးပွဲတွင် TNLA ဘက်က တောင်းဆိုမှုမှာ နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင် ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရန်၊ ထိုးစစ်နှင့်အတူ ဒရုန်း, လက်နက်ကြီး, ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ခြင်း၊ နှစ်ဖက်ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ လွတ်လပ်စွာ သယ်ယူခွင့်ရရှိရေးတို့ကို တောင်းဆိုခဲ့သည်။

သို့သော်လည်း အဆိုပါ ချက်များမှာ သဘောတူညီမှုမရရှိဘဲ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က တောင်းဆိုချက်များကို မသိရသေးပေ။

ဖေဖော်ဝါရီလ ၆ ရက်နေ့က လည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု TNLA က အသိပေးထားသည်။

#WesternNews #WN #စစ်ကောင်စီ #မြန်မာစစ်တပ် #တအောင်းတပ် #TNLA #ဆွေးနွေးမှုမအောင်မြင် #လေကြောင်းဗုံးကြဲတိုက်ခိုက် #နောင်ချိုမြို့ #အရပ်သားများ #ထိခိုက်သေဆုံး #လေကြောင်းရန်ကာကွယ်ရေးလိုအပ်

ပုံစာ- ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့လယ်ခေါင်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ အနည်းဆုံး အရပ်သား ၁၁ ဦးသေဆုံးခဲ့စဉ်

စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရသည်။

အဆိုပါ ကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရောင်းစားနေပြီး ကျေးရွာအချို့တွင်လည်း တပ်စခန်းများ အခိုက်အမာချကာ နေထိုင်ကြကြောင်းလည်း သိရသည်။

#WesternNews #WN #စစ်ကောင်စီ #စစ်တပ် #ပါဒလိပ် #နေအိမ်များ #ရောင်းစား #ထင်း #စစ်တွေမြို့

■ စစ်တွေ ပါဒလိပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောင်းစားနေ

Western News| ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှာ ရှိသော နေအိမ်များအားလုံးကို စစ်ကောင်စီတပ်ရင်းများက ဖြိုဖျက်ခိုင်းပြီး ထင်းအဖြစ် ရောင်းစားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက စစ်ကောင်စီတပ်က စစ်တွေမြို့အနီး ကျေးရွာ ၂၀ ကျော်ကို နှင်ထုတ်ရှင်းလင်းရေး ပြုလုပ်သည့် အထဲတွင် ပါဒလိပ်ကျေးရွာလည်း ပါဝင်ခဲ့ပြီး လက်ရှိ နေအိမ်များကို ရောင်းချနေကြောင်း ဆိုသည်။

ပါဒလိပ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က စစ်တွေမြို့နယ်က မွတ်ဆလင်များကို ရောင်းချထားခြင်းဖြစ်ပြီး ၎င်းတို့က ယင်းအိမ်များကို ဖြိုဖျက်ကာ ထင်းအဖြစ် ရောင်းချနေခြင်းဖြစ်သည်။

"ပါဒလိပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပါဒလိပ်ရွာက နေအိမ်တွေကို မွတ်ဆလင်တွေကို ရောင်းစားထားတယ်။ ပါဒလိပ်မှာက လူတွေမရှိတော့ဘူး။ ဟိုပြေးဒီပြေးနဲ့ အများစုကတော့ စစ်တွေမြို့ထဲမှာ စစ်ဘေးရှောင်ဖြစ်နေကြတယ်။ စစ်တပ်က နှင်ထုတ်ထားတာပေါ့။ ရွာမှာ လူတွေမရှိတာ တော်တော်ကြာပါပြီ" ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပါဒလိပ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခမရ ၃၄၄ တပ်ရင်းနှင့် ခလရ ၂၃၂ တပ်ရင်း စသည့် အနည်းဆုံး တပ်ရင်း ၃ ခုထက် မနည်းရှိ နေခြင်းဖြစ်သည်။

ပါဒလိပ်ကျေးရွာသားများကို စစ်ကောင်စီက နှင်ထုတ်ထားပြီး အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်များ နေထိုင်ပြီးနောက် ၎င်းတို့နှင့် နီးစပ်သည့် မွတ်ဆလင်များအား နေအိမ်များကို ရောင်းချထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာမှ နေအိမ်များကို ဝယ်ယူထားသော မွတ်ဆလင်များမှာ ဖြိုဖျက်ပြီး စစ်တွေမြို့အတွင်း သွားရောက်ကာ ထင်းအဖြစ် ရောင်းချနေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောဆိုသည်။

"မွတ်ဆလင်တွေက အဲဒီနေအိမ်တွေကို ဖြိုဖျက်ပြီးတော့ ထင်းအဖြစ် ပြောင်းလဲပြီးတော့ စစ်တွေမြို့ထဲမှာ ရောင်းစားပါတယ်။ စစ်တွေမှာ ထမင်းချက်ဖို့ လောင်စာ အရမ်းရှားတယ်လေ။ လျှပ်စစ်မီးကလည်း မရဘူး။ အရင်က လျှပ်စစ်မီးနဲ့ ချက်စားတဲ့သူတွေလည်း အခု ထင်းနဲ့ပဲ ချက်စားရတာဆိုတော့ လောင်စာက အရမ်းလိုအပ်ကြတယ်" ဟု ပြောသည်။

ပါဒလိပ်ကျေးရွာတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ နေအိမ် ၇၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေ ၃၃၀၀ ကျော်ရှိကြောင်း သိရသည်။

အတည်မပြုရသေးသော သတင်းများအရ ပါဒလိပ်ကျေးရွာမှ နေအိမ်များကို ထင်းအဖြစ်ရောင်းချရာမှာ စစ်ကောင်စီတပ်ရင်းများက နေအိမ်အားလုံးနီးပါးကို ငွေကျပ်သိန်း ၃၀၀၀ ဖြင့် ရောင်းချထားကြောင်းလည်း သိရသည်။

စစ်တွေမြို့တွင် လျှပ်စီးမီး ပြတ်တောက်နေသည်မှာ တစ်နှစ်ကျော်ကြာလာသည်အမျှ ထင်းဝယ်လိုအားသည် ယခင်ကထက် ၃ ဆအအထိ မြင့်တက်လျှက်ရှိနေပြီး ထင်းနှင့် မီးသွေးသည် စစ်တွေမြို့ခံအတွက် အလိုအပ်ဆုံးသော လောင်စာတစ်ခု ဖြစ်လာနေကြောင်း သိရသည်။

ယင်းအထဲတွင် စစ်တွေမြို့ဒုက္ခသည်စခန်းဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများက ထင်း ဝယ်လိုအား မြင့်မားလာပြီး အခြားသော မြို့ခံများမှာလည်း မွတ်ဆလင်များမှ ရောင်းသော ထင်းကို အားကိုးနေရကြောင်း သိရသည်။

စစ်ရှောင်များအား လက်ခံထားသည့် ဘုန်းတော်ကြီးတစ်ပါးက "ချက်ဖို့ပြုတ်ဖို့က လျှပ်စစ်မီးနဲ့ မနိုင်ဘူး။ ဒီလောက် လူအများအကြီးကို နေ့စဉ် အိုးကြီးကြီးတွေနဲ့ ချက်ကျွေးနေရတယ်။ ထင်းနဲ့ပဲ ချက်ရတာပေါ့။ ထင်းတွေကလည်း ဈေးကြီးတယ်။ လက်တောင် တစ်တောင်ကျော်လောက်ရှိတဲ့ ထင်းပေါက် ၃ ပေါက်ကို ကျပ် ၁ ထောင်ပေးရတယ်။ ထမင်းတစ်ခါချက်ဖို့ ထင်းအနည်းဆုံး ၃, ၄ စည်းလောက်က ကုန်တာပဲ။ တစ်ရက်မှာ ထင်းပေါက် ရာနှင့်ချီ ကုန်ပါတယ်" ဟု ပြောသည်။

စစ်တွေမြို့၏ ထင်းလိုအပ်ချက်ကို မွတ်ဆလင်များက အဓိက ရောင်းပေးပြီး အခြားသော အရပ်သားပြည်သူများမှာလည်း မည်သည့်နေရာက ရရှိသည်ကိုမသိရသော်လည်း ပျဉ်အိမ်တံခါးမကြီးများကို ထင်းအဖြစ်အသုံးပြုနိုင်ရန် လာရောက်ရောင်းချမှုရှိကြောင်းလည်း အဆိုပါ ဘုန်းတော်ကြီးက ဆိုသည်။

ရွာသားများ အတင်းအဓမ္မနှင်ထုတ်ခံရသော ဗျိုင်းဖြူကျေးရွာမှာဆိုလျှင် နေအိမ်အများစု ဖြိုဖျက်ခံထားရကြောင်း နေအိမ်ပိုင်ရှင်များက ပြောဆိုထားကြသည်။

"ပြီးခဲ့တဲ့ ၂ လလောက်က ရွာကို ခိုးကြောင်ခိုးဝှက်သွားပြီး ကြည့်တာ။ နေအိမ်တွေ တော်တော်များများက ခေါင်မိုးတွေမရှိတော့ဘူး။ ထရံတွေမရှိတော့ဘူး။ အိမ်တိုင်တွေ မရှိတော့ဘူး။ ကျနော်တို့ စုံစမ်းကြည့်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မွတ်ဆလင်တွေကို ရောင်းစားထားတယ်လို့ သိရတယ်။ စစ်တွေမြို့မှာ အသုံးပြုနေတဲ့ ထင်းတွေက ကျနော်တို့ အိမ်တွေ ဖြစ်ပါတယ်။ တော်တော်လေးကို ရင်နာစရာကောင်းပါတယ်။ အိမ်ကလည်း ပြေးရ၊ အိမ်လည်း ရောင်းစားခံထားရ ကျနော်တို့ဘဝက တော်တော်လေးကို ရူးချင်စရာ ကောင်းပါတယ်" ဟု ဗျိုင်းဖြူရွာသားတစ်ဦးက ပြောသည်။

■ ဧရာဝတီတိုင်းမှာ စစ်ရှောင်နေတဲ့ ရခိုင်ပြည်သူတွေကို AA ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီး

Western News| ဖေဖော်ဝါရီ ၁၉

#WesternNews #WN #စစ်ကောင်စီ #ဖမ်းဆီးခံရ #စစ်မှုထမ်း #အရပ်သားပြည်သူ # ဧရာဝတီတိုင်း

YouTube: https://youtu.be/chRTPrqZlwc
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ အပစ်ရပ် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားတဲ့ TNLAနှင့် စစ်ကောင်စီ နောက်တစ်ကြိမ် ဆွေးနွေးမည်

Western News| ဖေဖော်ဝါရီ ၁၉

#WesternNews #WN #TNLA #စစ်ကောင်စီ #အကြား #အပစ်ရပ်ရေး #ဆွေးနွေးပွဲ #မအောင်မြင် #ပြီးဆုံး

YouTube: https://youtu.be/iQ1nl_CCkjc
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ TNLAနှင့် စစ်ကောင်စီတပ်များ အကြား အပစ်ရပ် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံး

Western News| ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် စစ်ကောင်စီနှင့် တအာင်း TNLA တပ်တို့အကြား အပစ်ရပ် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားကြောင်း TNLA က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ၁၇ ရက်တိုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြိုရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် သဘောတူညီချက် ရရှိခြင်း မရှိဘဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဘက်မှ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကို ယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

တအာင်း TNLA က အချက် သုံးချက်ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးညှိနှိင်းရန် ခက်ခဲသဖြင့် ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

TNLA က နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊

နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် နှစ်ဖက်ညှိနှိင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲအစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံကြရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေနွေးပွဲကို တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း တအာင်း TNLA တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိရှိရသည်။

#WesternNews #WN #TNLA #စစ်ကောင်စီ #အကြား #အပစ်ရပ်ရေး #ဆွေးနွေးပွဲ #မအောင်မြင် #ပြီးဆုံး

■ AA က သိမ်းပိုက်ထားတဲ့ စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးများနဲ့ ပစ်ခတ်နေ

Western News| ဖေဖော်ဝါရီ ၇

#WesternNews #WN #အမ်းမြို့ #ရခိုင်ရိုးမ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒေသခံများထိခိုက် #AA

YouTube: https://youtube.com/shorts/mu7-902g9Y4
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ဂွမြို့နယ် ကန့်ကော်တောင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အဆောက်အအုံများပျက်စီးသွား

Western News| ဖေဖော်ဝါရီ ၇

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ ကန့်ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ခြင်းမရှိဘဲ အဆောက်အအုံများ ပျက်စီးသွားကြောင်း ဂွမြို့နယ် ဒေသခံတစ်ဦးက Western News ကို ပြောသည်။

"ဖေဖော်ဝါရီလ ၄ ရက်မှာ ကန့်ကော်တောင်လို့ ခေါ်တဲ့ ကွက်သစ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားပါတယ်။ လေးငါးခြောက်ဆောင်လောက် ပျက်စီးသွားပါတယ်။ လူတော့ အထိအခိုက် မရှိဘူး" ဟု ပြောသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့များဖြစ်ပြီး စစ်ရှောင်ပြည်သူများမှာ နေရပ်သို့ ပြန်လည် ဝင်ရောက်နေသည့် အချိန်ကာလအတွင်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း AA ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက် သေဆုံးမှု မြင့်တက်လာခဲ့သည်။

သံတွဲဒေသခံတစ်ဦးက "တိုက်ပွဲမရှိတော့ရင် စစ်ကောင်စီအနေနဲ့ ဘာပစ်ခတ်မှုမှ မလုပ်စေချင်တော့ဘူး။ ပြည်သူတွေ ထိခိုက်နစ်နာရပါတယ်" ဟု ပြောသည်။

ယခု ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောတို့တွင် ၅ ဦးထက်မနည်း သေဆုံးမှုရှိကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ တစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၉၆ ဦးထက်မနည်းရှိကြောင်း Western News ၏ မှတ်တမ်းစုစည်းချက်အရ သိရသည်။

ပုံစာ - ၂၀၂၅ ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော အဆောက်အအုံများအား တွေ့ရစဉ်။ (ဓါတ်ပုံ - Dwayarwaddy Community-Based News Agency)

#WesternNews #WN #ဂွမြို့နယ် #ကျိန္တလီမြို့ #ကန့်ကော်တောင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အဆောက်အအုံများပျက်စီး